17
" အရှင် ဘဏ္ဍာရေးအမတ်မင်းအခစားဝင်
ကြောင်းပါ "" အင်း.....ဝင်ခိုင်းလိုက် "
ဘဏ္ဍာရေးအမတ်ဆိုသောကြောင့်ရိပေါ်ကိုနှိပ်
ပေးနေတဲ့လက်တွေရပ်သွားတာကိုခံစားမိသဖြင့်
ရိပေါ်ခေါင်းကြိမ်းသွားသည်။(.ငမွှေထိုးဘာတွေမွှေဦးမလဲမသိဘူး )
ဘဏ္ဍာရေးအမတ်ကစီမံခန့်ခွဲရာမှာတိကျသော
ကြောင့်ရိပေါ်အားထားရာဆုံးအမတ်ဖြစ်သည်။အရင်ကဆိုစာရင်းတွေကိုသာရိပေါ်ကိုပို့
ပြီးယခုလိုလူကိုယ်တို်င်ရောက်လာခြင်းမရှိပေယခုမူလူကိုယ်တိုင်ရောက်လာသဖြင့်အရေး
ကြီးကိစ္စရှိတာကိုရိပေါ်သိလိုက်သည်။" အရှင့်ကိုအရိုအသေပေးပါတယ် "
" ထပါ လာတဲ့ကိစ္စကိုပြောမှာအမတ်ကြီး "
လွတ်နေသောနေရာတွင်ဝင်ထိုင်ကာ...
" တောင်ပိုင်းမှာမြေတွေပြိုကုန်လို့ပြည်သူတွေ
ငတ်ပြတ်နေတယ်အရှင် တိုင်းပြည်ရဲ့အခွန်ငွေ
ကလဲမလောက်တော့ဘူး ရှေ့လကမှလမ်းတွေ
တံတားတွေပြင်ဆင်ဖို့နဲ့မိုးခေါင်မှုကြောင့်ဒုက္ခ
ရောက်နေတဲ့ပြည်သူတွေအတွက် ထုတ်ပေးလိုက်
လို့ လက်ကျန်ငွေကသိပ်မရှိတော့ဘူးအရှင် "ရှောင်းကျန့်နှိပ်နေတဲ့လက်တွေကိုရပ်တန့်ကာ....
" အခွန်တိုးကောက်ရင်ရော အမတ်ကြီး "
" မဖြစ်နိုင်ပါဘူး မိဖုရား ပြည်သူတွေရှေ့လကမိုး
ခေါင်ထားတဲ့အတွက် သူတို့စားဝတ်နေရေးတောင်
အနိုင်နိုင်ပါ "" ငါကရောပြည်သူတွေဆီကကောက်မယ်လို့ပြော
မိလို့လား "မျက်ခုံးနှစ်ဖက်ကိုထိလုမတတ်ကြုံ့ကာပြောနေ
သောမိဖုရားကြောင့်ဘဏ္ဍာရေးအမတ်ကြီးနဖူး
တွင်ချွေးတွေစို့နေသည်.။" ဒါ...ဒါဆိုမိဖုရားမယ်မယ်ကဘယ်လိုလုပ်ချင်
တာလဲ "ရှောင်းကျန့်စာရွက်တစ်ရွက်ကိုယူကာတစ်ခုခုကို
ရေးခြစ်လိုက်ပြီး" သာမန်ပြည်သူတွေကိုတော့အခွန်လျော့ကောက်
ပြီးမင်းမှုထမ်းထဲကရာထူးကြီးတဲ့သူတွေရယ်ကုန်
သည်ကြီးတွေရယ်ပြီးတော့မြို့မျက်နှာဖုံးတွေရယ်နဲ့
မြို့တော်ရဲ့ချမ်းသာတဲ့သူတွေမှာရှိတဲ့စည်းစိမ်တွေ
ကရိုက်သတ်လို့မှမကုန်တာကို အမတ်တွေကမသိ
တာလားမသိခြင်ထောင် ထောင်.. Sorryမသိချင်
ယောင်ဆောင်နေကြတာလား.... ! "
YOU ARE READING
Bunny Empress ( Completed)
Fanfiction" ချီးပဲ သူများတွေ Time Travellဖြစ်ရင် အိမ်ရှေ့စံတို့သခင်လေး တို့လေ ငါ့ကျမှ ယုန်တဲ့လား "