ရှင်သန်ရာ မျှော်လင့်ရင်ခွင်ဆီ...
By AnnaXiao105
423K 28.3K 1.1K
WangYiBo [&] XiaoZhan More
Intro
Part-1
Part-2
Part -3
Part-4
Part-5
Part-6
Part-7
Part-8
Part-9
Part-10
Part-11
Part-12
Part-13
Part-14
Part-15
Part-16
Part-18
Part-19
Part-20
Part-21
Part-22
Part-23
Part-24
Part-25
Part-26
Part-27
Part-28
Part-29
Part-30
Part-31(final)
Part-17
9.9K 783 43
By AnnaXiao105
Zawgyi
  "Uncleကတော့ ကိုယ့်သဘောအတိုင်းပြောရရင် လုံးဝသဘောမတူဘူး၊ ဒါပေမယ့် မင်းက နှစ်ရှည်လများ မျှော်လင့်ခဲ့တဲ့သူ၊ တိုက်တွန်းစရာ စေတနာကောင်းမရှိတာမှန်ပေမယ့် စိတ်လိုက်မာန်ပါမလုပ်ဖို့တော့ Uncleက သတိပေးချင်တယ်"
  "ဟုတ်ကဲ့ Uncle"
  "ယွီပင်းနဲ့သား လက်ထပ်မယ်ဆိုတာ"
  "ကလေးက Daddyဘယ်သူလဲမေးတော့ သား ဘယ်လိုဖြေခဲ့သလဲ"
  "အဲဒီလိုလဲ မဟုတ်ဘူး၊ ကျွန်တော် သူ့အသံကိုတောင် မကြားချင်ဘူး၊ အဲဒါ အမှန်ပါပဲ၊ ဒါပေမယ့် သားရဲ့သွေးကို ဖောက်ထုတ်မပစ်ရက်တာပါ"
  "အေးလေ...အခု မြေးလေးက သူ့Daddyဘယ်သူဆိုတာ သိသွားပြီ၊ သားက ယွီပင်းနဲ့လက်ထပ်လိုက်ရင်..."
  "ယွီကောကို သားသားချစ်လာမှာပါ Uncle၊ သားသားလေးလဲ ယွီကောကို သဘောကျနေပါပြီ"
  "ကောင်းပြီ၊ ကလေးက ကလေးဆိုတော့ သားပြောချင်သလို ပြောလို့ရတယ်၊ အရွယ်ရောက်လာရင် ဒီလိုစိတ် ဖြစ်နေပါ့မလား၊ ဒါမှမဟုတ် ဒီအချိန်မှာပဲ သူ့Daddyက သားကို စည်းရုံးသွားနိုင်ရင်ကော"
  "သားပြောသလို အလွယ်တကူ ပြီးသွားမယ်လို့ Uncleမထင်ဘူး"
  "အဲဒီနာမည် နောက်ထပ်လာမပြောနဲ့၊ သွား ခုထွက်သွား"
  "Hello"
  "မဟုတ်ဘူး၊ သူ ဒီအချိန်မအိပ်တတ်ပါဘူး၊ ကျွန်တော် သိတယ်၊ ကျန့်ကျန့်က ည10:00မကျော်ဘဲ မအိပ်တတ်ဘူး၊ ခဏလေးခေါ်ပေးပါ"
  "ဝမ်ရီပေါ် မင်းရပ်တန်းက ရပ်သင့်ပြီလို့ Uncleထင်တယ်၊ မင်းနဲ့ရှောင်ကျန့် ပတ်သက်ခဲ့ဖူးတယ်ဆိုတာ ကလေးတစ်ယောက် အခိုင်အမာ ရှိခဲ့ပေမယ့် ဒါဟာ အိပ်မက်သာသာပဲ ဖြစ်ခဲ့တာပါ၊ မင်းဘက်က လုပ်ပိုင်ခွင့်၊ ကြိုးစားခွင့် ဘာမှမရှိတော့ဘူး၊ အဲဒါကို မင်းနားလည်ရင် အေးဆေးနေပါတော့"
  "ငါက ကြားနေပေးလို့ ရမလား ဝမ်ရီပေါ်၊ ဒီကလေးကို ကိုယ်ဝန်နဲ့ မင်းပစ်ထားခဲ့တာ တစ်ကောင်ကြွက်ဘဝနဲ့ ကလေးသာသာပဲ ရှိသေးတာ၊ ငါသာ ကျောထောက်နောက်ခံမရှိခဲ့ရင် ဒီကလေးရဲ့ဘဝကို မင်းတွေးကြည့်"
  "ကျွန်တော် ပစ်ထားခဲ့သလို ဖြစ်သွားတာပါ၊ ထားခဲ့တာ မဟုတ်ပါဘူး"
  "ဘယ်လိုကွ၊ နေဦး၊ မင်းက သုံးလို့မကုန်နိုင်တဲ့ ဘဏ်ကငွေတွေကို စာအုပ်တစ်အုပ်နဲ့ ပုံပေးထားခဲ့တဲ့အဖြစ်ကို ရည်ရွယ်ပြောတာလား၊ လောကမှာ ငွေရှိတိုင်း ချောမောစွာ ပြိးဆုံးသွားနိုင်သလား၊ အဟွန်း...သိပြီ၊ မင်းက ဒီလိုတွက်ပြီး တစ်လောကလုံးကို ထင်တိုင်းကျဲပစ်ခဲ့တာကိုး၊ ဒီမှာ ဝမ်ရီပေါ် ငါတို့က မင်းလောက်တော့ မချမ်းသာဘူးထင်တယ်၊ ဒါပေမယ့် မဆင်းရဲဘူးကွ၊ မင်းထားခဲ့တာတွေ ကိုင်ပြီး ငါ့တူက ဝမ်းမြောက်ကျေနပ်ကျန်ခဲ့ပြီလို့ ထင်နေသလား၊ ဒါတွေ မင်းပေးမှ ကိုင်ဖူးသုံးဖူးတယ် ထင်နေသလား"
  "ဘယ်သူက ယုံမှာလဲ"
  "မပြောနဲ့တော့ Uncle၊ ဒီလောက် စကားလက်ခံပြောဖို့ မတန်ဘူး"
  "Uncleက..."
Ep-18
Coming Soon❤💚
ဆက်ခါးသွားပါ့မယ်😁😁
ရှင်သန်ရာမျှော်လင့်ရင်ခွင်ဆီ Ep-17
Unicode
  "Uncleကေတာ့ ကိုယ့်သဘောအတိုင်းပြောရရင် လုံးဝသဘောမတူဘူး၊ ဒါပေမယ့် မင်းက နှစ်ရှည်လများ မျှော်လင့်ခဲ့တဲ့သူ၊ တိုက်တွန်းစရာ စေတနာကောင်းမရှိတာမှန်ပေမယ့် စိတ်လိုက်မာန်ပါမလုပ်ဖို့တော့ Uncleက သတိပေးချင်တယ်"
  "ဟုတ်ကဲ့ Uncle"
  "ယွီပင်းနဲ့သား လက္ထပ္မယ္ဆိုတာ"
  ရှောင်ကျန့်က ခေါင်းခါ၍ နေရာမှ ထရပ်သည်။ ရပ်ပြီးမှ မွေ့ရာပေါ်မှာ အိပ်မောကျနေသည့် သားလေးကို ပြန်ငဲ့ကြည့်သည်။ ဦးရှောင်ဝေကလည်း ကေလးကို ဂရုဏာမျက်ဝန်းမျာင်းနှင့် လိုက်ငုံ့ကြည့်ကာ ရှောင်ကျန့်၏ မှန်တင်ခုံရှေ့မှာ ဝင်ထိုင်သည်။
  တူဝရီးနှစ်ယောက် တကူးတက တွေ့ဆုံစကားပြောဖို့ရာ ဒီရက်ပိုင်းမှာ ရှောင်ကျန့်ပဲ ဒေါသတွေထွက်၊ အခန်းအောင်းလျက်၊ အပြင်ထွက်ချင်ပြီဆို ဖုန်းဆက်လိုက်၊ ပြန်ချလိုက်။ ဒီနေ့တော့ မပြောမဖြစ် ပြောရမှာမို့ ဦးရှောင်ဝေက ရှောင်ကျန့်ရှိသည့်နေရာ လာရ၏။
  "ကေလးက Daddyဘယ်သူလဲမေးတော့ သား ဘယ်လိုဖြေခဲ့သလဲ"
  ရှောင်ကျန့် ရုတ်တရက်မဖြေနိုင်ဘဲ ငိုနေပြီးမှ.....
  "သူ့Daddyကိုပဲ ပြောလိုက်တာပါ"
  "ဒါကို ပြောတာပေါ့၊ သူ့Daddy ဘယ်သူပါလို့ သား လွှဲမဖြေနိုင်ဘူး"
  "သားသားကို သနားလို့ပါ Uncle၊ တလွဲခင်တွယ်ပြီး တစ်သက်လုံး တစ်ဖက်သတ် ပေးဆပ်သွားရမှာစိုးလို့ပါ"
  "သားဆန္ဒက ကလေးကိုတော့ သူ့Daddyနဲ့သူ့သား ဖြစ်စေချင်တာပါ"
  "အဲဒီလိုလဲ မဟုတ္ဘူး၊ ကျွန်တော် သူ့အသံကိုတောင် မကြားချင်ဘူး၊ အဲဒါ အမှန်ပါပဲ၊ ဒါပေမယ့် သားရဲ့သွေးကို ဖောက်ထုတ်မပစ်ရက်တာပါ"
  "အေးလေ...အခု မြေးလေးက သူ့Daddyဘယ္သူဆိုတာ သိသွားပြီ၊ သားက ယွီပင်းနဲ့လက်ထပ်လိုက်ရင်..."
  ရှောင်ကျန့်က ဦးရှောင်ဝေ ဘာဆက်ပြောမည်ကို သိသည်။ ထို့ကြောင့် စကားကို မဆုံးသေးဘဲ ဖြတ်တောက်ပစ်၏။
  "ယွီကောကို သားသားခ်စ္လာမွာပါ Uncle၊ သားသားလေးလဲ ယွီကောကို သဘောကျနေပါပြီ"
  "ကောင်းပြီ၊ ကေလးက ကလေးဆိုတော့ သားပြောချင်သလို ပြောလို့ရတယ်၊ အရွယ်ရောက်လာရင် ဒီလိုစိတ် ဖြစ်နေပါ့မလား၊ ဒါမှမဟုတ် ဒီအချိန်မှာပဲ သူ့Daddyက သားကို စည်းရုံးသွားနိုင်ရင်ကော"
  "သားနဲ့သူ လုံးဝ မတွေ့ရဘူး"
  ဦးရှောင်ဝေက မလွယ်ပါဘူး ဟု ပြောနေသကဲ့သို့ ခေါင်းကိုခပ်လေးလေး ခါယမ်း၍.....
  "သားပြောသလို အလြယ္တကူ ပြီးသွားမယ်လို့ Uncleမထင်ဘူး"
  "အဲဒါက စဉ်းစားနေသမျှ ဒီလိုပဲ မရေမရာတွေ အများကြီး ထွက်နေမှာပဲ Uncle၊ ယွီကောနဲ့ ကျွန်တော် လက်ထပ်မယ်၊ လက်ထပ်ဖို့ပဲ Uncleစီစဉ်ပေးပါ၊ ယွီကောနဲ့ ကျွန်တော် အားလုံး ဆွေးနွေးပြီးပြီ"
  "သားက အသုံးချပစ်လိုက်တာပဲ၊ အမြဲတမ်းခေါင်းခါပြနေခဲ့ပြီးမှ ချက်ချင်းကြီး လက်ထပ်ဖို့လုပ်တာ သူ့အတွက် နောက်ပိုင်းမှာ ဒဏ်ရာတွေဖြစ်သွားနိုင်တယ်၊ ဒါဟာ အိမ်ထောင်ရေးပြိုကွဲနိုင်စရာ အကြောင်းတွေပဲ သား၊ ဒီလူနဲ့ တစ်ခါကျန်ခဲ့ရတယ်၊ နောက်လူနဲ့ ထပ်ပြီး ပြိုကွဲရဦးမယ်ဆိုရင် သားရဲ့ဘဝက သွားပြီပေါ့"
  "အသုံးချတာမဟုတ်ပေမယ့် ဒီလိုပဲဖြစ်သွားမှာမို့လို့ ကျွန်တော် သူ့ကို ပွင့်ပွင့်လင်းလင်း ခွင့်တောင်းပြီးပါပြီ၊ ယွီကောက ကျေနပ်တယ်၊ ကျွန်တော်လဲ သူ့ကိုပဲ သစ္စာရှိရှိနဲ့ ဝတ္တရားကျေနိုင်အောင် ကြိုးစားသွားမှာပါ"
  ရှောင်ကျန့်မျက်ဝန်းမှာ မျက်ရည်တွေ ပြိုးပြက်လင်းလက်လာ၏။ စီးကျမလာအောင် မျက်တောင်ရှည်တို့ တဖျတ်ဖျတ်ခတ်ရင်း နှုတ်ခမ်းလေးကို ဖိတ်ကိုက်ထားမိသည်။
  ဝမ်ရီပေါ် သဘာဝမကျတာတွေကို သိပါ၏။ ဒါပေမယ့် ရှောင်ကျန့်ကိုသာ စိတ်ချမ်းသာစေမည်ဆိုလျှင်၊ ရှောင်ကျန့်လေးသာ ပျော်ရွှင်သာယာသွားမည်ဆိုလျှင် လူကြီးအမြင်နှင့် ပိတ်ပင်တားဆီဖို့တွေ၊ ခွဲထုတ်ပစ်ချင်တာတွေ၊ သူ ဘာမှလုပ်မှာမဟုတ်ဘဲ ကြည့်နေလိုက်တော့မည်။
  ဝမ်ရီပေါ်ကိုလည်း လက်ခံစေချင်၍မဟုတ်။ ယွီပင်းကိုလည်း လက်မထပ်စေလို၍မဟုတ်ဘဲ အလျင်စလို ဆုံးဖြတ်မှားသွားမှာစိုးလို့ သတိပေးနေရခြင်းဖြစ်သည်။ ပြီးတော့ ဒီကိစ္စမျိုးဟာ တိုးပြီးသည့်ခြေလှမ်း ပြန်ဆုတ်ပစ်လိုက်ဖို့လွယ်သလို ဘွာခတ်ပစ်လို့ရသည့် ကိစ္စမျိုးမဟုတ်။
  "Uncle၊ ဘာပြောချင်လို့လဲဟင်၊ အဲဒီလူအကြောင်းကလွဲပြီး ကျွန်တော့်ကို Uncle အကြံပေးပါ၊ ပြောပါ Uncle၊ ကျွန်တော် နားထောင်မှာပါ"
  ဦးရှောင်ဝေ ခေါင်းညိတ်ခေါင်းခါနှင့် မအီမလည်ဖြစ်နေသည့်အဖြစ်ကို ရှောင်ကျန့်က မရမကမေးလာသဖြင့်.....
  "ယွီပင်းနဲ့ လက်ထပ်ဖို့ကို အလျင်စလို မဆုံးဖြတ်သင့်ဘူးလို့ Uncleထင်တယ်"
  "အဲဒါကလွဲရင် ကြိုက်သလိုအမိန့်ပေးပါ Uncleရယ်၊ မင်္ဂလာကိစ္စက မြန်လေကောင်းလေဖြစ်ရမှာပါ၊ ဝမ်ရီပေါ်ဆိုတဲ့လူ သူ့ရဲ့ ယုံကြည်ချက်နဲ့ ခြေလှမ်းတွေက ကျွန်တော် လက်ထပ်ပစ်လိုက်မှ ရပ်တန့်သွားမှာ"
  ရှောင်ကျန့်အသံက နာကြည်းမှုကြောင့် တုန်ခါနေသည်။ သူ့ရှေ့မှာ ဒီကိစ္စကိုပဲ ထည့်ထည့်ပြောနေသူဟာ ဦးလေးဖြစ်သော ဦးရှောင်ဝေသာ မဟုတ်ခဲ့လျှင် ပြင်းပြင်းထန်ထန် ရှုတ်ချတုံ့ပြန်လိုက်ချင်သည်။
  "အဲဒီနာမည် နောက်ထပ်လာမပြောနဲ့၊ သြား ခုထြက္သြား"
  ဟု စိတ်ရှိလက်ရှိ အော်ထုတ်ပစ်လိုက်မိသည်။ ဦးလေးဖြစ်သူ ခွင့်လွှတ်နေနိုင်သည်က မနေ့ကတစ်နေ့ကအထိ ထိုယောကျာ်းကို ရှောင်ကျန့် တမ်းတမျှော်လင့်နေခဲ့တာကို သိ၍ဖြစ်သည်။
  ဒါကို သူ နားလည်ပါတယ်။ သို့သော် အချစ်ကြီးလျှင် အမျက်ကြီးသည်ဆိုတာလည်း Uncle မမေ့သင့်ဘူးထင်သည်။ သိပ်ချစ်ခဲ့ဖူးတာကိုပဲ မွတ္ထားသလား။ ခါးခါးသီးသီးဘ မုန်းသွားနိုင်တယ်ဆိုတာကျတော့ မေတြးမိဘူးတဲ့လား။
  ထိုစဉ် နှစ်ယောက်စလုံး တိတ္ဆိတ္သြားဆဲ ဖုန်းက ထမြည်လာသည်။ ဦးရှောင်ဝေကပဲ လှမ်းကိုင်လိုက်ကာ.....
  "Hello"
  "Uncle...ကျွန်တော် ကျန့်ကျန့်နဲ့ စကားပြောပါရစေ"
  ဦးရှောင်ဝေ၏မျက်ဝန်းတွေ သူ့ထံ ရောက်လာကတည်းက ရှောင်ကျန့်က သိနေသည်။ ဦးရှောင်ဝေက ဘာမွမေမးဘဲ သူ့ဘာသာပဲပြန်၍.....
  "သူတို့သားအဖ အိပ်နေကြပြီကွယ်"
  "မဟုတ္ဘူး၊ သူ ဒီအချိန်မအိပ်တတ်ပါဘူး၊ ကျွန်တော် သိတယ်၊ ကျန့်ကျန့်က ည10:00မေက်ာ္ဘဲ မအိပ္တတ္ဘူး၊ ခဏလေးခေါ်ပေးပါ"
  "ဝမ်ရီပေါ် မင်းရပ်တန်းက ရပ်သင့်ပြီလို့ Uncleထင်တယ်၊ မင်းနဲ့ရှောင်ကျန့် ပတ်သက်ခဲ့ဖူးတယ်ဆိုတာ ကလေးတစ်ယောက် အခိုင်အမာ ရှိခဲ့ပေမယ့် ဒါဟာ အိပ္မက္သာသာပဲ ဖြစ်ခဲ့တာပါ၊ မင်းဘက်က လုပ်ပိုင်ခွင့်၊ ကြိုးစားခွင့် ဘာမှမရှိတော့ဘူး၊ အဲဒါကို မင်းနားလည်ရင် အေးဆေးနေပါတော့"
  "မတတ်နိုင်ဘူး Uncle၊ ကျွန်တော်က လူကောင်းပါလို့ ကိုယ့်ကိုယ်ကို မပြောပါဘူး၊ ဒါပေမယ့် ကျွန်တော် ကြိုးစားခွင့်ရှိတယ်၊ တားဆီးလို့ ရတယ်၊ အစကတည်းက Uncleကို ကြားနေပေးဖို့ ကျွန်တော် ပြောခဲ့ဖူးပါတယ်"
  "ငါက ကြားနေပေးလို့ ရမလား ဝမ်ရီပေါ်၊ ဒီကေလးကို ကိုယ်ဝန်နဲ့ မင်းပစ်ထားခဲ့တာ တစ်ကောင်ကြွက်ဘဝနဲ့ ကေလးသာသာပဲ ရှိသေးတာ၊ ငါသာ ကျောထောက်နောက်ခံမရှိခဲ့ရင် ဒီကလေးရဲ့ဘဝကို မင်းတွေးကြည့်"
  "ကျွန်တော် ပစ္ထားခဲ့သလို ဖြစ်သွားတာပါ၊ ထားခဲ့တာ မဟုတ်ပါဘူး"
  "ဘယ္လိုကြ၊ နေဦး၊ မင်းက သုံးလို့မကုန်နိုင်တဲ့ ဘဏ္ကေငြေတြကို စာအုပ်တစ်အုပ်နဲ့ ပုံပေးထားခဲ့တဲ့အဖြစ်ကို ရည်ရွယ်ပြောတာလား၊ လောကမှာ ငွေရှိတိုင်း ချောမောစွာ ပြိးဆုံးသွားနိုင်သလား၊ အဟွန်း...သိပြီ၊ မင်းက ဒီလိုတွက်ပြီး တစ်လောကလုံးကို ထင်တိုင်းကျဲပစ်ခဲ့တာကိုး၊ ဒီမွာ ဝမ်ရီပေါ် ငါတို့က မင်းလောက်တော့ မချမ်းသာဘူးထင်တယ်၊ ဒါပေမယ့် မဆင်းရဲဘူးကွ၊ မင်းထားခဲ့တာတွေ ကိုင်ပြီး ငါ့တူက ဝမ်းမြောက်ကျေနပ်ကျန်ခဲ့ပြီလို့ ထင်နေသလား၊ ဒါတွေ မင်းပေးမှ ကိုင်ဖူးသုံးဖူးတယ် ထင်နေသလား"
  ဦးရှောင်ဝေ ပြောနေရင်း ဒေါသထွက်ကာ ကလေးဆန်ဆန် စကားနာထိုးနေမိတော့သည်။ တစ္ဖက္က ဝမ်ရီပေါ်၏ ကျွတ်ခနဲ စုတ်သပ်သံပေါ်လာပြီး.....
  "အဲဒါတွေ ရှင်းနေရင် ပိုရှုပ်ကုန်မှာစိုးလို့ ကျွန်တော်တောင် ဘာမှမရှင်းဘဲ ထားခဲ့တာပါ၊ အစပြန်မဖော်ပါနဲ့တော့လို့ ကျွန်တော် တောင်းပန်ပါတယ် Uncle၊ သေချာတာက ကျန့်ကျန့်ကို ကျွန်တော် တကယ်ချစ်ခဲ့တယ် ဆိုတာပါပဲ"
  "ဘယ္သူက ယုံမှာလဲ"
  "သူ ယုံခဲ့ပါတယ်၊ သူနဲ့ကျွန်တော် လုံးဝပြန်မဆုံနိုင်အောင် ဖြစ်သွားခဲ့တာက နာရီပိုင်းလေးအတွင်းမှာပဲလို့ ကျွန်တော် ထင်တယ်၊ တကယ်လို့ ကျန့်ကျန့်ကို ကျွန်တော် ဒီထက်တစ်ရက်လောက် စောပြီး ဆုံစည်းခွင့်ရခဲ့ရင် ခုလိုဖြစ်လာမှမဟုတ်ဘူး၊ အလွန် သာယာလှပတဲ့ဇာတ်ပေါင်းခန်းလေးနဲ့ ပြီးသွားမှာ"
  "အခု မပြီးဘူးလေ၊ မရိုးသားတဲ့သူက အောင်မြင်တယ်ဆိုတာ မရှိဘူး၊ ကောင်းမှုနဲ့မကောင်းမှုဆိုတာ မကောင်းမှုက နောက်ကျန်ခဲ့တာပဲ၊ မင်း ငါ့တူလေးကို မနှောင့်ယှက်ပါနဲ့၊ သူ စိတ်ချမ်းသာယာသလို နေပါစေတော့"
  ဖုန်းချမလို ခွာလိုက်ပြီးမှ ဝမ်ရီပေါ်၏ စကားတွေကြောင့်.....
  "သူ စိတ်မချမ်းသာဘူးဆိုတာ ကျွန်တော် သိတယ်၊ ကျွန်တော်နဲ့ဝေးနေသမျှ သူ စိတ်ဆင်းရဲနေမှာပဲ၊ တနုံ့နုံ့မုန်းနေတာကိုက မေ့မရအောင် ချစ်နေတာပါ၊ သူ ကျွန်တော့်ကို သိပ်ချစ်ခဲ့တာ"
  ဦးရှောင်ဝေ ဒေါသထောင်းထောင်းထသွားသည်။ အားရှိပါးရှိ လေကို ရှူသွင်း၍ တစ်လုံးတစ်ခဲ ပြောချလိုက်ဖို့ ပြင်လိုက်စဉ် ရှောင်ကျန့်က ဖုန်းကိုဆွဲယူ၍.....
  "မပြောနဲ့တော့ Uncle၊ ဒီလောက် စကားလက်ခံပြောဖို့ မတန္ဘူး"
  ရှောင်ကျန့် ပြောနေတာ စကားမဆုံးသေးပါ။
  "မောင်ရှောင်ဝေ၊ မောင်ရှောင်ဝေ စာကြည့်ခန်းထဲက လက်ကိုင်ဖုန်းမြည်နေတယ်"
  အန်တီယွဲ့ရောက်လာပြီး သတင်းပို့လေသည်။ ဦးရှောင်ဝေ ခြေလှမ်းပြင်လိုက်သည်နှင့် ရှောင်ကျန့်က လက္ကိုဆြဲထားလိုက္ကာ.....
  "ဝင်ပိတ်ထားလိုက်ပါ အန်တီယွဲ့၊ Uncle သွားမကိုင်နဲ့"
  စာကြည့်ခန်းထဲကို ဘယ်သူဝင်တာမှမကြိုက်သော ဦးရှောင်ဝေက ဖုန်းကိုင်ချင်လို့ မဟုတ်ပေမယ့် ခြေလှမ်းပြင်လျက်.....။
  "Uncleက..."
  "ဟင့်အင်း...သူ ဆက်တာပဲနေမှာ၊ Uncle သွားမပြောနဲ့ နောက်လဲ ဘာမှလက်ခံမပြောပါနဲ့၊ တောက်!...ရွံလိုက်တာ"
  ရှောင်ကျန့်သည် ဝမ်ရီပေါ်ဆိုသော အသံကြားတိုင်း မျက်ရည်ဝေ့လျက် အံကြိတ်ထားတတ်ပြီ.....။
Ep-18
Coming Soon❤💚
ဆက်ခါးသွားပါ့မယ်😁😁
Continue Reading
You'll Also Like
63.3K 16.4K 57
💚❤ පෙරවදන් කුමකටද...... පසු වදනින් මුණගැසෙන තුරු.......❤💚 🆃︎🅷︎🅴︎ 🅸︎🅽︎🅵︎🅸︎🅽︎🅸︎🆃︎🆈︎...........❤️‍🔥❤️‍🔥
124K 8.1K 41
ရှန့်ငယ်က ဟန်တိုင်းပြည် ​ရေမြေ့သခင်ရဲ့ အသည်းအသက် အရှင် အရှင့်က အလို...
114K 4.9K 46
တစ်ချိန် က ကျွန်တော်ကိုယ်တိုင် စောင့်ရှောက်ခဲ့ တယ့်ကလေးက....ဆယ်နှစ်အကြာမှာ ကျွန်တော့်ကို အပိုင်လိုချင်တယ်တယ့်...... တစ်ချိန် က ကျွန်တော်ကိုယ်တိုင် စေ...
262K 46.3K 58
ඩේ අම්මු.... නා උන්නෙයි කාදිලික්කිරේන් ❤ (පරිනත අන්තර්ගතයකි...)