18
အေနာက္နန္းေဆာင္.....
ခါတိုင္းဆိုတိတ္ဆိတ္ကာေနေသာအေနာက္
နန္းေဆာင္သည္ယခုအခါတြင္မူမိဖုရားေခါင္
ေၾကာင့္ဆူညံေနသည္။
မိဖုရားေခါင္ေ႐ွာင္ေ႐ွာင္းက်န္႔ကေလးေထာင့္စားပြဲ
ေ႐ွ႕တြင္ရပ္ကာလက္ထဲမွာလဲ ေလလံတင္ရာတြင္
အတည္ျပဳ သည့္တုတ္ေလးကိုကိုင္ထားသည္။
" ေရႊသား တစ္ေသာင္း "
" ေရႊသား တစ္ေသာင္းခြဲ "
" အ့ဲထက္ပိုေပးမ့ဲသူရိွေသးလား .... ? "
" ေရႊသားႏွစ္ေသာင္း "
" ေရႊသားႏွစ္ေသာင္းတစ္ႀကိမ္ ေရႊသားႏွစ္ေသာင္း
ႏွစ္ႀကိမ္ ေရႊသားသံုးေသာင္း သံုးႀကိမ္ ဒုန္း ဒုန္း
ယခုဆိုရင္ အ႐ွင္နဲ႔တညတာအတူအိပ္စက္ခြင့္ရ
မ့ဲသူက မိဖုရားငယ္ အန္းဇီယန္ပဲျဖစ္ပါတယ္ "
" ဟာ...သြားပါၿပီ "
ေလလံတံုးေခါက္သံအဆံုးကိုယ္လုပ္ေတာ္ခ်ိဳ႕ရဲ႕.
ညီးညဴ သံကထြက္လာသည္။
ဟုတ္သည္ေလအမွန္ဆိုရင္ ဒီတိုင္းျပည္မွာ
စစ္ေသနာပတိခ်ဳပ္အိမ္ေတာ္ၿပီးရင္အမတ္ႀကီးအန္း
ရဲ႕အိမ္ေတာ္ကပိုက္ဆံအရိွဆံုးေလ
ဘုရင္လား ... ? အလကားငါ့ေယာက်ာ္းကဖြတ္
ငါ့ေယာက်ာ္းကဘုရင္ဆိုၿပီးအာဏာပဲရိွတာ
ပိုက္ဆံကမရိွဘူး
ငါ့ေယာက်ာ္းက႐ုပ္ေလးလွတာနဲ႔ညီလာခံတက္ၿပီး
စစ္တိုက္ဖို႔ကလႊဲၿပီးဘာမွသံုးစားမရဘူး
" အဲ့တာဆိုမိဖုရားငယ္ အန္းဇီယန္ ေရခ်ိဳးၿပီးျပင္ဆင္
ထားပါ ညေနက်ရင္ ငါကိုယ္တိုုင္မင္းကို အ႐ွင့္ရဲ႕
နန္းေဆာင္ကိုပို႔ေပးမယ္ "
အခုက်မွ အႏွီေမ်ာက္အိုမရဲ႕မ်က္ႏွာကျပံဳးၿဖီးကာ
ပ်ားရည္အိုးထဲက်သြားသလိုမ်ိဳးျဖစ္သြားၿပီး
" အ့ဲတာဆို မိဖုရားမယ္မယ္ကိုပဲအပူကပ္ရပါေတာ့
မယ္ "
" ေအာ္ ထမင္းကိုအ႐ွင္နဲ႔မွပဲအတူတူစားေတာ့ေနာ္
ဟုတ္ၿပီလား "
" ဟုတ္က့ဲ မိဖုရားမယ္မယ္ "
အန္းဇီယန္ေပးေသာေရႊသားနွစ္ေသာင္းလက္
မွတ္ကိုရင္ဘက္ထဲထည့္ကာအေနာက္နန္းေဆာင္
ကေနေျမႇာက္ႂကြေျမႇာက္ႄကြနဲ႔ထြက္သြားသည္။
" သခင္ေလး သခင္ေလး တကယ္အိပ္ခိုင္းမွာလား
အ႐ွင္နဲ႔ "
" အိပ္ခိုင္းမွာေပါ့ ဘာျဖစ္လို႔လဲ မိန္စုရဲ႕ "
" ဒါေပမ့ဲ.... "
" ေတာ္....တိတ္ သြားလုပ္စရာရိွတာသြားလုပ္ "
မိန္စုထြက္သြားေတာ့ေက်ာက္စားပြဲေပၚမွာတင္ထား
ေသာအခ်ိဳမုန္႔မ်ားကိုယူကာစားရင္းျပံဳးလိုက္သည္။
( ငါေျပာတဲ့အထဲမွာအ႐ွင္နဲ႔တစ္ညအတူအိပ္ရမယ္
လို႔ပဲပါတာ အ႐ွင္နဲ႔႐ွလူးရမယ္ဆိုတဲ့စကားတစ္ခြန္း
မွမပါဘူး ....ဟင္းဟင္း ယံုစမ္းပါငါလူလည္ )
ေ႐ွာင္းက်န္႔ပတ္ဝန္းက်င္ကိုတစ္ပါတ္လည္ေအာင္
ၾကည့္ၿပီးေတာ့မိန္စုလစ္တံုးစားဖိုေဆာင္ကိုခိုးထြက္
ခ့ဲသည္။
စားဖိုေဆာင္ကလူေတြကသူလာေတာ့ထံုးစံ
အတိုင္းမီးသတ္သူသတ္ အနၱာရယ္ရိွေစတဲ့ပစၥည္း.
ေတြသိမ္းလို႔သိမ္းနဲ႔႐ုွပ္ယွက္ခတ္သြားသည္။
" အ့ဲေလာက္မေၾကာက္ၾကပါနဲ႔ငါဒီကိုလာတာဘာ
ပစၥည္းမွမကိုင္ဘူး စိတ္ခ် "
" ဟုတ္...ဟုတ္က့ဲမိဖုရားမယ္မယ္ "
စားေတာ္ကဲကေျပာသာေျပာေနရေသာ္လဲ
ေခြၽးေတြကစို႔ေနၿပီျဖစ္သည္။
ဟင္းခ်က္တဲ့ေနရာမွာတစ္ေန႔လံုးေနလို႔ေခြၽးမက်ေပ
ပ့ဲမိဖုရားမယ္မယ္ကိုျမင္တာနဲ႔လူကကတုန္ကယင္
ျဖစ္လာၿပီးေခြၽးေတြျပန္လာသည္။
" စားေတာ္ကဲ ဒီကုိခဏ "
မိဖုရားမယ္မယ္အနားကိုေရာက္သြားေသာအခါ
မယ္မယ္က သူ႔ပုခံုးကိုဖတ္ထားၿပီးလက္ထဲကို
ေရႊသားတစ္တံုးလာထည့္ေပးသည္။
" မယ္..မယ္မယ္...ဒါ...ဒါက..."
" ဟဲဟဲ....ေရာ့ဒီမွာ ဒီေဆးက ကာမအားတိုးေဆး
ဒီညေနအ႐ွင္နဲမိဖုရားငယ္စားမ့ဲဟင္းခ်ိဳထဲထည့္
လိုက္ "
" ဟုတ္...ဟုတ္မွလဲလုပ္ပါဦးေတာ္ၾကာအ႐ွင္သိ
လို႔အကုန္ဇက္ေတြျပတ္ကုန္မယ္ "
သူ႔ခမ်ာ ေၾကာက္ေၾကာက္လန္႔လန္႔နဲ႔ျငင္းရသည္....
" လုပ္မွာလားမလုပ္ဘူးလား "
ခ်က္ခ်င္းပင္ရီေနရာကာရုပ္တည္နဲ႔တစ္လံုးခ်င္း
စီကိုအံႀကိတ္ေျပာလာေသာမိဖုုရားေၾကာင့္
ေက်ာ႐ိုးထဲကစိမ့္ေနေအာင္ေအးသြားသလို
ခံစားရသည္။
" ဟုတ္...လုပ္...လုပ္ပါ့မယ္ "
အ႐ွင့္ကိုေၾကာက္ေသာ္လဲယခုအခါတြင္ေတာ့
နီးရာဓားကိုပိုေၾကာက္ရေသာေၾကာင့္ေခါင္းညိမ့္
ကာလက္ခံရသည္။
စားဖိုေဆာင္ထဲကထြက္လာေသာအခါ ေ႐ွာင္းက်န္႔
ရီခ်င္သည့္စိတ္ကိုလႊတ္ခ်ၿပီးတဟားဟားနဲေအာ္ရီ
သည္။
တကယ္ေတာ့သူေပးလိုက္တဲ့ေဆးကအိပ္ေဆး
ေတြျဖစ္သည္။
အိပ္ေဆးေတြလိုေျပာလိုက္ရင္ျပသနာတက္မွာ
မလိုလားေသာေၾကာင့္မိဖုရားငယ္နဲ႔အိပ္ေဆာင္
ဝင္ရန္အတြက္ကာမအားတိုးေဆးဟုလိမ္ေျပာကာ.
ထည့္ခိုင္းရသည္။
" ဝမ္ကိုကိုေလးေရ.... !! "
" အင္း ငေမႊထိုးလာၿပီ "
အနယ္အရပ္ရပ္ကပို႔လာေသာသဝဏ္လႊာေတြကို
ဖတ္ေနေသာေၾကာင့္ငေမႊထိုးမိဖုရားကိုမၾကည့္
အားေသးေသာေၾကာင့္ဒီတိုင္းသာပစ္ထားလိုက္ရ
သည္.။
" ဘာလဲ .... ကိုကိုေလးက်န႔္က်န္႔ကိုဂ႐ုမစိုက္
တာလား "
" ငါဘာလုပ္ေနလဲ "
" စာဖတ္ေနတယ္ေလ "
" ေအး ....စာဖတ္ေနတာကိုျမင္ရဲ႕သားနဲ႔မင္းကို
ဂ႐ုမစိုက္ဘူးလို႔ဘာလို႔ေျပာေနေသးလဲ "
" ကြၽတ္စ္....ကြၽတ္စ္ "
ေ႐ွာင္းက်န္႔ေခါင္းခါကာစိတ္ေလတယ္ဆိုေသာ
အၾကည့္နဲ႔အ႐ူးဘုရင္ကိုၾကည့္လိုက္သည္။
အမွန္ဆို မဟုတ္ပါဘူးသဲတုန္းရယ္ ကိုယ့္မွာ
မင္းတစ္ေယာက္ထဲကိုပဲဂ႐ုစိုက္တာပါဆိုၿပီး
သဝဏ္လႊာႀကီးကိုဘုန္းခနဲပစ္ခ်ၿပီးသူ႔ကိုအလို
လိုက္ရမွာမဟုတ္ဘူးလား
အ့ဲလိုမ်ိဳး မRo တတ္တာေတာင္ အေနာက္နန္း
ေဆာင္ကေမ်ာက္မေတြကဘာကိုၾကည့္ႀကိဳက္ၾက
သလဲမသိပါဘူး
အခ်ိန္အေတာ္ၾကာသြားေသာအခါ သဝဏ္လႊာ
ေတြအကုန္ဖတ္ၿပီးသြားေသာေၾကာင့္ေဘးကို
ၾကည့္လိုက္ေတာ့မ်က္ေတာင္မခတ္ပဲစားပြဲေပၚ
ေမးေထာက္ကာၾကည့္ေနတဲ့မိဖုရားေၾကာင့္
လန္႔သြားသည္။
" ငေမႊထိုး .... ငေမႊထိုး .... ငေမႊထိုး ... !! "
" ဟမ္....ဟင္... ဘာ...ဘာလဲ "
ကိုယ္ကေတာ့ၿငိမ္ေနပါတယ္ေအာက္ေမ့တာ
ဒင္းကမ်က္လံုးဖြင့္ၿပီးေတာ့ကိုအပီအျပင္ကိုအိပ္
ေပ်ာ္ေနတာ
" မ်က္လံုးဖြင့္ၿပီးေတာ့ဘယ္လိုေတာင္အိပ္ေနႏိုင္
ရတာလား "
" ဒါကေက်ာင္းမွာစာသင္ေနရင္းအိပ္တာအက်င့္ပါ
ေနလို႔. အီး .....ဝါး .... "
ပါးစပ္ကိုျဖဲကာအားရပါးရသန္းေနေသာမိဖုရားကို
ၾကည့္ၿပီးေစာက္ျမင္ကပ္တဲ့စိတ္ေတြကႏွစ္ဆတိုး
လာသည္။
" ကဲဆိုစမ္းပါဦး လာရင္းကိစၥ "
" ေအာ္...ဟီး...ေမ့ေတာ့မို႔ ေယာက်ာ္းတို႔စားမ့ဲ
ဟင္းခ်ိဳထဲမွာအိပ္ေဆးထည့္ထားတယ္လို႔မစား
မိေစနဲ႔လို႔လာေျပာတာ ဟီး... "
" ေအာ္.... ေအး ေမ့လက္စနဲ႔ အ့ဲဒီ့မိဖုရားငယ္နဲ႔
အိပ္ေဆာင္ဝင္ခိုင္းမ့ဲအၾကံပါေမ့လိုက္ပါလား "
" အ့ဲတာကခြၽင္းခ်က္ ေရာ့ဒီမွာ ေလလံကေနရခ့ဲတဲ့
ေရႊသားႏွစ္ေသာင္း "
ႏွစ္ေသာင္းတန္ေရႊသားလက္မွတ္ကိုၾကည့္ၿပီးေတာ့.
ရိေပၚမိမိကိုယ္ကိုဂုဏ္ဆာခ်င္သြားသည္။
( ေရႊသားႏွစ္ေသာင္းေတာင္တန္တဲ့ငါပါလား ဒါ
ေတာင္တစ္ညထဲ )
________________________________
Unicode
18
အနောက်နန်းဆောင်.....
ခါတိုင်းဆိုတိတ်ဆိတ်ကာနေသောအနောက်
နန်းဆောင်သည်ယခုအခါတွင်မူမိဖုရားခေါင်
ကြောင့်ဆူညံနေသည်။
မိဖုရားခေါင်ရှောင်ရှောင်းကျန့်ကလေးထောင့်စားပွဲ
ရှေ့တွင်ရပ်ကာလက်ထဲမှာလဲ လေလံတင်ရာတွင်
အတည်ပြု သည့်တုတ်လေးကိုကိုင်ထားသည်။
" ရွှေသား တစ်သောင်း "
" ရွှေသား တစ်သောင်းခွဲ "
" အ့ဲထက်ပိုပေးမ့ဲသူရှိသေးလား .... ? "
" ရွှေသားနှစ်သောင်း "
" ရွှေသားနှစ်သောင်းတစ်ကြိမ် ရွှေသားနှစ်သောင်း
နှစ်ကြိမ် ရွှေသားသုံးသောင်း သုံးကြိမ် ဒုန်း ဒုန်း
ယခုဆိုရင် အရှင်နဲ့တညတာအတူအိပ်စက်ခွင့်ရ
မ့ဲသူက မိဖုရားငယ် အန်းဇီယန်ပဲဖြစ်ပါတယ် "
" ဟာ...သွားပါပြီ "
လေလံတုံးခေါက်သံအဆုံးကိုယ်လုပ်တော်ချို့ရဲ့.
ညီးညူ သံကထွက်လာသည်။
ဟုတ်သည်လေအမှန်ဆိုရင် ဒီတိုင်းပြည်မှာ
စစ်သေနာပတိချုပ်အိမ်တော်ပြီးရင်အမတ်ကြီးအန်း
ရဲ့အိမ်တော်ကပိုက်ဆံအရှိဆုံးလေ
ဘုရင်လား ... ? အလကားငါ့ယောကျာ်းကဖွတ်
ငါ့ယောကျာ်းကဘုရင်ဆိုပြီးအာဏာပဲရှိတာ
ပိုက်ဆံကမရှိဘူး
ငါ့ယောကျာ်းကရုပ်လေးလှတာနဲ့ညီလာခံတက်ပြီး
စစ်တိုက်ဖို့ကလွှဲပြီးဘာမှသုံးစားမရဘူး
" အဲ့တာဆိုမိဖုရားငယ် အန်းဇီယန် ရေချိုးပြီးပြင်ဆင်
ထားပါ ညနေကျရင် ငါကိုယ်တိုင်မင်းကို အရှင့်ရဲ့
နန်းဆောင်ကိုပို့ပေးမယ် "
အခုကျမှ အနှီမျောက်အိုမရဲ့မျက်နှာကပြုံးဖြီးကာ
ပျားရည်အိုးထဲကျသွားသလိုမျိုးဖြစ်သွားပြီး
" အ့ဲတာဆို မိဖုရားမယ်မယ်ကိုပဲအပူကပ်ရပါတော့
မယ် "
" အော် ထမင်းကိုအရှင်နဲ့မှပဲအတူတူစားတော့နော်
ဟုတ်ပြီလား "
" ဟုတ်က့ဲ မိဖုရားမယ်မယ် "
အန်းဇီယန်ပေးသောရွှေသားနှစ်သောင်းလက်
မှတ်ကိုရင်ဘက်ထဲထည့်ကာအနောက်နန်းဆောင်
ကနေမြှောက်ကြွမြှောက်ကြွနဲ့ထွက်သွားသည်။
" သခင်လေး သခင်လေး တကယ်အိပ်ခိုင်းမှာလား
အရှင်နဲ့ "
" အိပ်ခိုင်းမှာပေါ့ ဘာဖြစ်လို့လဲ မိန်စုရဲ့ "
" ဒါပေမ့ဲ.... "
" တော်....တိတ် သွားလုပ်စရာရှိတာသွားလုပ် "
မိန်စုထွက်သွားတော့ကျောက်စားပွဲပေါ်မှာတင်ထား
သောအချိုမုန့်များကိုယူကာစားရင်းပြုံးလိုက်သည်။
( ငါပြောတဲ့အထဲမှာအရှင်နဲ့တစ်ညအတူအိပ်ရမယ်
လို့ပဲပါတာ အရှင်နဲ့ရှလူးရမယ်ဆိုတဲ့စကားတစ်ခွန်း
မှမပါဘူး ....ဟင်းဟင်း ယုံစမ်းပါငါလူလည် )
ရှောင်းကျန့်ပတ်ဝန်းကျင်ကိုတစ်ပါတ်လည်အောင်
ကြည့်ပြီးတော့မိန်စုလစ်တုံးစားဖိုဆောင်ကိုခိုးထွက်
ခ့ဲသည်။
စားဖိုဆောင်ကလူတွေကသူလာတော့ထုံးစံ
အတိုင်းမီးသတ်သူသတ် အန္တာရယ်ရှိစေတဲ့ပစ္စည်း.
တွေသိမ်းလို့သိမ်းနဲ့ရုှပ်ယှက်ခတ်သွားသည်။
" အ့ဲလောက်မကြောက်ကြပါနဲ့ငါဒီကိုလာတာဘာ
ပစ္စည်းမှမကိုင်ဘူး စိတ်ချ "
" ဟုတ်...ဟုတ်က့ဲမိဖုရားမယ်မယ် "
စားတော်ကဲကပြောသာပြောနေရသော်လဲ
ချွေးတွေကစို့နေပြီဖြစ်သည်။
ဟင်းချက်တဲ့နေရာမှာတစ်နေ့လုံးနေလို့ချွေးမကျပေ
ပ့ဲမိဖုရားမယ်မယ်ကိုမြင်တာနဲ့လူကကတုန်ကယင်
ဖြစ်လာပြီးချွေးတွေပြန်လာသည်။
" စားတော်ကဲ ဒီကိုခဏ "
မိဖုရားမယ်မယ်အနားကိုရောက်သွားသောအခါ
မယ်မယ်က သူ့ပုခုံးကိုဖတ်ထားပြီးလက်ထဲကို
ရွှေသားတစ်တုံးလာထည့်ပေးသည်။
" မယ်..မယ်မယ်...ဒါ...ဒါက..."
" ဟဲဟဲ....ရော့ဒီမှာ ဒီဆေးက ကာမအားတိုးဆေး
ဒီညနေအရှင်နဲမိဖုရားငယ်စားမ့ဲဟင်းချိုထဲထည့်
လိုက် "
" ဟုတ်...ဟုတ်မှလဲလုပ်ပါဦးတော်ကြာအရှင်သိ
လို့အကုန်ဇက်တွေပြတ်ကုန်မယ် "
သူ့ခမျာ ကြောက်ကြောက်လန့်လန့်နဲ့ငြင်းရသည်....
" လုပ်မှာလားမလုပ်ဘူးလား "
ချက်ချင်းပင်ရီနေရာကာရုပ်တည်နဲ့တစ်လုံးချင်း
စီကိုအံကြိတ်ပြောလာသောမိဖုရားကြောင့်
ကျောရိုးထဲကစိမ့်နေအောင်အေးသွားသလို
ခံစားရသည်။
" ဟုတ်...လုပ်...လုပ်ပါ့မယ် "
အရှင့်ကိုကြောက်သော်လဲယခုအခါတွင်တော့
နီးရာဓားကိုပိုကြောက်ရသောကြောင့်ခေါင်းညိမ့်
ကာလက်ခံရသည်။
စားဖိုဆောင်ထဲကထွက်လာသောအခါ ရှောင်းကျန့်
ရီချင်သည့်စိတ်ကိုလွှတ်ချပြီးတဟားဟားနဲအော်ရီ
သည်။
တကယ်တော့သူပေးလိုက်တဲ့ဆေးကအိပ်ဆေး
တွေဖြစ်သည်။
အိပ်ဆေးတွေလိုပြောလိုက်ရင်ပြသနာတက်မှာ
မလိုလားသောကြောင့်မိဖုရားငယ်နဲ့အိပ်ဆောင်
ဝင်ရန်အတွက်ကာမအားတိုးဆေးဟုလိမ်ပြောကာ.
ထည့်ခိုင်းရသည်။
" ဝမ်ကိုကိုလေးရေ.... !! "
" အင်း ငမွှေထိုးလာပြီ "
အနယ်အရပ်ရပ်ကပို့လာသောသဝဏ်လွှာတွေကို
ဖတ်နေသောကြောင့်ငမွှေထိုးမိဖုရားကိုမကြည့်
အားသေးသောကြောင့်ဒီတိုင်းသာပစ်ထားလိုက်ရ
သည်.။
" ဘာလဲ .... ကိုကိုလေးကျန့်ကျန့်ကိုဂရုမစိုက်
တာလား "
" ငါဘာလုပ်နေလဲ "
" စာဖတ်နေတယ်လေ "
" အေး ....စာဖတ်နေတာကိုမြင်ရဲ့သားနဲ့မင်းကို
ဂရုမစိုက်ဘူးလို့ဘာလို့ပြောနေသေးလဲ "
" ကျွတ်စ်....ကျွတ်စ် "
ရှောင်းကျန့်ခေါင်းခါကာစိတ်လေတယ်ဆိုသော
အကြည့်နဲ့အရူးဘုရင်ကိုကြည့်လိုက်သည်။
အမှန်ဆို မဟုတ်ပါဘူးသဲတုန်းရယ် ကိုယ့်မှာ
မင်းတစ်ယောက်ထဲကိုပဲဂရုစိုက်တာပါဆိုပြီး
သဝဏ်လွှာကြီးကိုဘုန်းခနဲပစ်ချပြီးသူ့ကိုအလို
လိုက်ရမှာမဟုတ်ဘူးလား
အ့ဲလိုမျိုး မRo တတ်တာတောင် အနောက်နန်း
ဆောင်ကမျောက်မတွေကဘာကိုကြည့်ကြိုက်ကြ
သလဲမသိပါဘူး
အချိန်အတော်ကြာသွားသောအခါ သဝဏ်လွှာ
တွေအကုန်ဖတ်ပြီးသွားသောကြောင့်ဘေးကို
ကြည့်လိုက်တော့မျက်တောင်မခတ်ပဲစားပွဲပေါ်
မေးထောက်ကာကြည့်နေတဲ့မိဖုရားကြောင့်
လန့်သွားသည်။
" ငမွှေထိုး .... ငမွှေထိုး .... ငမွှေထိုး ... !! "
" ဟမ်....ဟင်... ဘာ...ဘာလဲ "
ကိုယ်ကတော့ငြိမ်နေပါတယ်အောက်မေ့တာ
ဒင်းကမျက်လုံးဖွင့်ပြီးတော့ကိုအပီအပြင်ကိုအိပ်
ပျော်နေတာ
" မျက်လုံးဖွင့်ပြီးတော့ဘယ်လိုတောင်အိပ်နေနိုင်
ရတာလား "
" ဒါကကျောင်းမှာစာသင်နေရင်းအိပ်တာအကျင့်ပါ
နေလို့. အီး .....ဝါး .... "
ပါးစပ်ကိုဖြဲကာအားရပါးရသန်းနေသောမိဖုရားကို
ကြည့်ပြီးစောက်မြင်ကပ်တဲ့စိတ်တွေကနှစ်ဆတိုး
လာသည်။
" ကဲဆိုစမ်းပါဦး လာရင်းကိစ္စ "
" အော်...ဟီး...မေ့တော့မို့ ယောကျာ်းတို့စားမ့ဲ
ဟင်းချိုထဲမှာအိပ်ဆေးထည့်ထားတယ်လို့မစား
မိစေနဲ့လို့လာပြောတာ ဟီး... "
" အော်.... အေး မေ့လက်စနဲ့ အ့ဲဒီ့မိဖုရားငယ်နဲ့
အိပ်ဆောင်ဝင်ခိုင်းမ့ဲအကြံပါမေ့လိုက်ပါလား "
" အ့ဲတာကချွင်းချက် ရော့ဒီမှာ လေလံကနေရခ့ဲတဲ့
ရွှေသားနှစ်သောင်း "
နှစ်သောင်းတန်ရွှေသားလက်မှတ်ကိုကြည့်ပြီးတော့.
ရိပေါ်မိမိကိုယ်ကိုဂုဏ်ဆာချင်သွားသည်။
( ရွှေသားနှစ်သောင်းတောင်တန်တဲ့ငါပါလား ဒါ
တောင်တစ်ညထဲ )
________________________________