Bunny Empress ( Completed)
By Elsa_Brown9
709K 64.3K 2K
" ချီးပဲ သူများတွေ Time Travellဖြစ်ရင် အိမ်ရှေ့စံတို့သခင်လေး တို့လေ ငါ့ကျမှ ယုန်တဲ့လား " More
intro
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
chapter 34
Chapter 35
Chapter 36
Chapter 37 Final
Attetion
New Fic
Chapter 11
17.7K 1.8K 30
By Elsa_Brown9
11
" အင်း.....ကျွတ်စ် .....ကျွတ်စ်..."
လေး
ကိုတွေ့ရသည်။
ခမျာသွေးတက်တော့မှာ
ပြီးဆောက်ရမဲ့ကိန်း
လာလှုပ်ပြီးခေါ်နေသဖြင့်ရန်ထတွေ့မယ်အလုပ်
ရသွားတယ်
ကိုပုတ်ခတ်ပုတ်ခတ်လုပ်ပြတော့ ဝမ်ကိုကိုလေး
အားဟ ရှောင်းကျန့်ပါ အိမ်မှာမုန့်ဖိုးမရရင်အဲ့လို
လုပ်ပြီးတောင်းနေကြငါရဲ့ ချစ်စရာကောင်းမှုတစ်
သိန်းမှာကြွေကြစမ်း  !!!.....
   လို့....ဗြဲ.... "
ပြောင်စပ်စပ်မျက်နှာကနေချက်ချင်းမဲ့ကာငိုချ
နေမိသည်။
ပေါက်အသက်ရှုသံမှန်မှန်နဲ့အိပ်ပျော်သွားတော့မှ
လိုက်သည်။
  ရတာကအရင်.... "
____________________________
" ဒုန်း.... !! "
__________________________
" ဝူကုန်းကုန်း "
" ရှိပါတယ် အရှင် "
  မှာမလား "
" ဟုတ်ပါတယ် အရှင် အဲ့ဒီ့အတွက်နန်းတွင်းကလူ
  စည်းကမ်းတင်းကျပ်တဲ့လုယောင်ကိုလွှတ်ပေးလိုက်
  ပါ "
" ဟုတ်ကဲ့အရှင် "
သူတစ်ဦးဖြစ်သည်။
  လေးနဲ့ငါနဲ့ညှား..."
" အမ်....ဖလီး....အဲ့တာကဘာကိုပြောတာလဲ "
  ပြောလဲ ဥာဏ်လေးတစ်ထွာလောက်နဲ့ဘာမှနား
  လည်မှာမဟုတ်ဘူး "
  မိဖုရား "
" အယ်...ဒါ...ဒါက... "
မကြောက်တဲ့သူမရှိ။
အဲ့တာကိုဒီလောက်တောက်လောက်ရှိတဲ့မိဖုရား
ခြင်္သေ့မှန်းသိအောင်ဟိန်းသံတော့ပေးရမယ်မလား
တိုင်ကသာစကားစသည်။
" အဲ့တာဘာလုပ်နေတာလဲမိဖုရား "
( အဖွားရယ်အသက်ကြီးနေတော့မျက်လုံးကမှုန်နေ
  ပြီလား )
" ဖြန်း... !! ဖြန်း... !! "
  စတမ်းပေါ့...."
____________________________________
Unicode
11
" အင်း.....ကျွတ်စ် .....ကျွတ်စ်..."
ခေါင်းတစ်ခုလုံးတူနဲ့အထုခံရသလိုမျိုးထုံကျင်
နေသောကြောင့်နားထင်ကိုလက်နဲ့ဖိထားလိုက်
ရင်းကျန်လက်တစ်ဖက်ဆီကနွေးနွေးအိအိလေးနဲ့
တင်းတင်းကျပ်ကျပ်အကိုင်ခံထားရသဖြင့်ကြည့်
လိုက်တော့ မိဖုရားခေါင်အသစ်စက်စက်ငမွှေထိုး
လေး
ကုတင်အောက်ကနေသူ့ရဲ့လက်တစ်ဖက်လေး
ကိုကိုင်ပြီးအိပ်နေသည်။
တခြမ်းစောင်းအိပ်နေသောကြောင့်နှုတ်ခမ်း
လေးကအနည်းငယ်ဆူထွက်ပြီးရဲနေသည်။
ပါးဖောင်းဖောင်းလေးနဲ့မျက်လွှာချထားသဖြင့်
ရှာ်လျားပြီးကော့ညွှတ်နေသောမျက်တောင်များ
ကိုတွေ့ရသည်။
ဒီတိုင်းလေးပဲအိပ်နေပါလားကွာမင်းနိုးလာရင်ငါ့
ခမျာသွေးတက်တော့မှာ
နန်းတော်ထဲရောက်တာတစ်လမပြည့်သေးဘူး
စားဖိုဆောင်ကမီးလောင်သွားပြီ
တနှစ်လောက်သာဆိုရင်ငါ့နန်းတော်ကိုနေရာရွှေ့
ပြီးဆောက်ရမ့ဲကိန်း
" ရှောင်းကျန့်....ရှောင်းကျန့်...ထ.. ထစမ်း..."
ဂိမ်းဆော့နေတုံးတစ်ယောက်ယောက်ကပုခုံးကို
လာလုှပ်ပြီးခေါ်နေသဖြင့်ရန်ထတွေ့မယ်အလုပ်
သလွန်ပေါ်ကနေမျက်ထောင့်နီကြီးနဲ့စိုက်ကြည့်
နေသောသူကြောင့်လက်ရှိအခြေအနေကိုသတိ
ရသွားတယ်
" အဟီး.....ဝမ်ကိုကိုလေး သတိရလာပြီလားဟင်
   အိုက်ယား ဝမ်ကိုကိုလေးကအသည်းနုတယ်နော်
   ဒီလိုလေးခေါ်တာကိုမေ့လဲသွားတယ် ခ်ခ်.... "
" နေပါဦး ဘာကိစ္စကြောင့်ငါကမေ့လဲရမှာလဲ "
" ဟင် ဝမ်ကိုကိုလေးလို့ခေါ်လိုက်လို့ရင်ထဲထိသွား
  ပြီးမေ့လဲသွားတာမဟုတ်ဘူးလားဟင် "
Ageyo တွေထုတ်ပြပြီးမျက်တောင်လေးတွေ
ကိုပုတ်ခတ်ပုတ်ခတ်လုပ်ပြတော့ ဝမ်ကိိုကိုလေး
ရဲ့နားရွက်တွေကနီရဲလာသည်။
အားဟ ရှောင်းကျန့်ပါ အိမ်မှာမုန့်ဖိုးမရရင်အ့ဲလို
လုပ်ပြီးတောင်းနေကြငါရဲ့ ချစ်စရာကောင်းမုှတစ်
သိန်းမှာကြွေကြစမ်း  !!!.....
" တိတ်စမ်း... !! ပေါက်ကရပြောတာတွေရပ် ဒီနေ့
  မင်းလုပ်လိုက်တဲ့အပြစ်ကိုသိလား "
" အဟင့်....အီးဟီး....ရွှတ် ကျန့်ကျန့်ကအိမ်မှာဆို
   ခြေမွှေးမီးမလောင်လက်မွှေးမီးမလောင်နေရတာ
   လေ ဝမ်ကိုကိုလေး အားပြတ်နေမှာဆိုးလို့ကြက်
   ပေါင်းလေးလုပ်ပေးလျင်တာကျန့်ကျန့်အပြစ်လား
   လို့....ဗြဲ.... "
ပြောင်စပ်စပ်မျက်နှာကနေချက်ချင်းမ့ဲကာငိုချ
သောမိဖုရားကြောင့်ရိပေါ်လဲချက်ချင်းချီလိုက်ပြီး
ရင်ခွင်ထဲထည့်ကာကျောကုန်းလေးကိုပွတ်ပေး
နေမိသည်။
( အမ်...မ...မဟုတ်ဘူးလေ နေပါဦး ငါသူ့ကိုဆူရဦး
  မှာလေ ချော့ရမှာမဟုတ်ဘူး )
သို့သော်လဲသစ္စာမရှိသောလက်တွေကလျော့ကြ
မသွားပဲ ကျောကုန်းကိုပွတ်ပေးလျက်သာရှိသည်။
အတော်ကြာသောအခါ ရင်ခွင်ထဲကအကောင်
ပေါက်အသက်ရုှသံမှန်မှန်နဲ့အိပ်ပျော်သွားတော့မှ
မွေ့ယာပေါ်ဖြည်းဖြည်းလေးချကာစောင်ပါခြုံပေး
လိုက်သည်။
" အော်....ငါ့နှယ်ဆူတောင်မဆူရသေးဘူးချော့နေ
  ရတာကအရင်.... "
____________________________
" တကယ်လားအားချင်း အရှင်ကသူ့ကိုအပြစ်မပေး
  တဲ့အပြင် ချော့ပါချော့နေရတယ်ပေါ့ဟုတ်လား "
"ဟုတ်ပါတယ် မိဖုရားငယ် အရှင့်နန်းဆောင်ကသူ
  တွေပြောနေကြတာကိုကြားခဲ့တာပါ.... "
" ဒုန်း.... !! "
ခုံကိုလက်သီးဆုပ်ကာခပ်ပြင်းပြင်းထုလိုက်သည်....
( ထင်းခွေမကြုံရင်ရေခပ်တော့ကြုံမှာပေါ့ အရှင်ကိုယ်
  တိုင်အပြစ်ပေးမယ့်နေ့ကိုရောက်လာစေရမယ် )
__________________________
" ဝူကုန်းကုန်း "
" ရှိပါတယ် အရှင် "
" မကြာခင်မယ်တော်ကြီးရဲ့မွေးနေ့ပဲရောက်တော့
  မှာမလား "
" ဟုတ်ပါတယ် အရှင် အ့ဲဒီ့အတွက်နန်းတွင်းကလူ
  တွေလဲအကုန်စီစဉ်နေကြပါတယ် "
ဖတ်နေတဲ့သဝဏ်လွှာကိုချလိုက်ပြီးရိပေါ်
လူယုတ်မာပြုံး ပြုံးလိုက်သည် ။
" မိဖုရားခေါင်ကိုအမူအကျင့်တွေသင်ပေးဖို့အတွက်
  စည်းကမ်းတင်းကျပ်တဲ့့လုယောင်ကိုလွှတ်ပေးလိုက်
  ပါ "
" ဟုတ်က့ဲအရှင် "
လုယောင်ဆိုတာကနန်းတော်ကျင့်ဝတ်စည်းကမ်း
တွေသင်ပေးတဲ့နေရာမှာအလွန်တင်းကျပ်တဲ့
သူတစ်ဦးဖြစ်သည်။
ငါ့စားဖိုဆောင်ကိုမီးမြှိုက်ပစ်တဲ့အကောင်ပေါက်
မင်းကိုလဲပြန်ပြီးတစ်ခုခုလုပ်ပစ်ရမယ်
" ဟတ်.....ဟတ်ချိုး ဘုရားအမြတ်တနိုးထား bo di
  လေးနဲ့ငါနဲ့ညှား..."
" သခင်လေးစားချင်ရင်အထဲမှာစားလေအပြင်မှာ
  မစားပါနဲ့လား အအေးပတ်နေဦးမယ် "
စားဖိုဆောင်ကဓားပြတိုက်လာတဲ့မုန့်တွေကို
ပါးစပ်ထဲပစ်ထည့်ကာဒူးတစ်ဖက်ထောင်ပြီး
ထိုင်နေသောမိဖုရားခေါင်
" အိုက်ယား...နင်ဘာသိလို့လဲမိန်စု အခုလိုမျိုးနေ
  ရောင်ခြည်လေးခံပြီးမုန့်စားတာကမှ feel ပဲ "
" အမ်....ဖလီး....အ့ဲတာကဘာကိုပြောတာလဲ "
" အော်...တုံးရန်ကောငါ့အပျိုတော်ရယ် နင်တို့ကို
  ပြောလဲ ဉာဏ်လေးတစ်ထွာလောက်နဲ့ဘာမှနား
  လည်မှာမဟုတ်ဘူး "
လက်တစ်ဖက်ကမုန့်ကိုကိုင်ကာတစ်ဖက်ကတစ်
ထွာလုပ်ပြနေသော မိဖုရားခေါင်ကိုအပျိုတော်
တွေကကြည့်ကာတခွီခွီနဲ့ရီနေကြသည်။
" အကြီးအကဲလုယောင် ရောက်လာပါတယ်
  မိဖုရား "
ကုန်းကုန်းနဲ့အတူဘေးနားမှာအရောင်ရင့်ရင့်ကို
ဝတ်ထားပြီးရုပ်တည်ကြီးနဲ့လာရပ်နေတဲ့သူကို
တစ်ချက်သာကြည့်ပြီးမုန့်ပြန်စားနေသည်။
" အယ်...ဒါ...ဒါက... "
လုယောင်သူ့ကိုဂရုမစိုက်ပဲမုန့်ပြန်စားနေသော
မိဖုရားကိုကြည့်ကာအချဉ်ပေါက်သွားသည်။
နန်းတော်ကလူတွေအကုန်လုံးကလုယောင်ဆို
မကြောက်တဲ့သူမရှိ။
အ့ဲတာကိုဒီလောက်တောက်လောက်ရှိတဲ့မိဖုရား
ခေါင်ကအရေးတောင်မစိုက်ပေ။အ့ဲတာကြောင့်
ခြငေ်္သ့မှန်းသိအောင်ဟိန်းသံတော့ပေးရမယ်မလား
တစ်ခုခုပြောဖို့လုပ်နေသောကုန်းကုန်းကို
မျက်စပစ်ပြကာအပြင်ကိုထွက်ခိုင်းပြီးသူကိုယ်
တိုင်ကသာစကားစသည်။
" အ့ဲတာဘာလုပ်နေတာလဲမိဖုရား "
( အဖွားရယ်အသက်ကြီးနေတော့မျက်လုံးကမုှန်နေ
  ပြီလား )
" မုန့်စားနေတာလေ မတွေ့ရဘူးလား စားဦးမလား "
လုယောင်ယူလာသောကြက်မွှေးတံမြက်စည်းနဲ့
မိဖုရားခေါင်ကိုလွှဲရိုက်သည်။
" ဖြန်း... !! ဖြန်း... !! "
" အ့... !! အဘွားကြီးရူးနေလို့လာရိုက်တာလား "
အသားနာသွားသောကြောင့်စိတ်တိုပြီးကြက်မွှေး
တံမြက်စည်းကိုလုယူကာဘေးကိုပစ်ထုတ်သည်။
ပြန်ရိုက်ရင်လဲငယ်သူကအနိုင်ကျင့်မည်ဟု
ထင်မည်ဆိုသောကြောင့်မရိုက်ဖြစ်ပေ။
" ကျွန်မက မိဖုရားမယ်မယ်ကို နန်းတွင်းရဲ့အမူ
  အကျင့်တွေသင်ပေးရမယ့်သူပါ မလိမ္မာတာရှိရင်
  အရှင်ကရိုက်ပြီးဆုံးမနိုင်တယ်လို့ပြောပါတယ် "
" အဟင်း....အဟင်း....ဘုရင်စုတ်အလှည့်ကျမနွဲ့
  စတမ်းပေါ့...."
____________________________________
Continue Reading
You'll Also Like
179K 18.5K 31
Both Zawgyi & Unicode {Zawgyi} တက္ကသိုလ်​ပထမနှစ်​​ကျောင်းသားတစ်​​ယောက်ဖြစ်​တဲ့ရိ​ပေါ်ရဲ့စူးစမ်းချင်​​သောစိတ်​​ကြောင့်​မှားယွင်းစွာSystemတစ်​ခုအတွင်​...
EGOISM By 🌼
Fanfiction
292K 35.4K 42
17.7K 2.9K 22
"ហង្សមែនទេ?​ត្រឹមតែមួយប៉ប្រិចភ្នែកយើងនឹងធ្វើអោយហង្សមួយនោះបាក់ស្លាប ហើយហង្សដ៍ស្រស់ស្អាតនោះត្រូវស្ថិតក្នុងកម្មសិទ្ធយើងម្នាក់គត់"ជុងហ្គុក "យើងដឹងពីអ្វីទ...
2.5K 282 12
Name/Title - "Dreams Do Comes True" Main character - Lan Xichen x Jiang Cheng (လန်ရှီးချန်xကျန်းချန်) Type - Own-creation, Kuancheng, Fan-fic, BL,Rom...