အပိုင်း (က)
"မောင်တို့ လက်ထပ်ကြရအောင်လေနော်"
Jaemin ပွေ့ဖက်ကာ ပြောတော့မှ ပိုပြီး ငိုရှိုက်လာတဲ့ Renjun ပါပင်။ Jaemin စောင်ကို ဖယ်ပြီး သူ့ရင်ခွင်ထဲ ဆွဲသွင်းခံလိုက်တော့ အလိုက်သင့် ပါလာသည်။
"မောင် တောင်းပန်ပါတယ် မောင် သေချာမသိခဲ့ပဲ အပြစ်တင်ခဲ့မိလို့ တောင်းပန်ပါတယ် မငိုပါနဲ့တော့ တိတ်ပါ မောင် တောင်းပန်ပါတယ် အူကြူးရယ် တောင်းပန်ပါတယ်"
Renjun ရှိုက်သံလေးတွေ တိတ်သွားပြီး အိပ်ပျော် သွားခဲ့သည်။ သို့ပင်ငြား အိပ်နေရင်းမှ တစ်ချက် တစ်ချက် ထ ထ ရှိုက်သေးသည်။
Jaemin, Renjun ခေါင်းလေးကို အသာအယာ ပွတ်ပေးရင်း ငေးကြည့်မိသည်။
နဂို လူကောင်သေးတဲ့ သူက အလုပ်တွေ ပင်ပန်းပြီး စိတ်ဖိစီးမှု များတဲ့အတွက် ပိန်သွားလိုက်သည်မှာ အဆမတန်။ အရင်ကထက် ဝိတ်တွေလည်း ကျသွားသည့်အတွက် Jaemin ဖက်လိုက်တာနဲ့ စွေ့ကနဲပင် အလွယ်တကူ ချီနိုင်သည်။
Renjun ပြန်နိုးလာတော့ ည ၇ နာရီ ရှိတော့မည်။ ငိုထားရသည်ကြောင့်ရော ဖျားနေသည်ကြောင့်ရော ခေါင်းက နဂိုထက် ပိုကိုက်နေသည်။ Renjun ခေါင်းကို ဖိကိုင်ပြီး အိပ်ရာမှ အသာအယာ ထလိုက်သည်။
ရေချိုးခန်းဆီ လျှောက်နေရင်း နီးကပ်လာတဲ့အခါ မွှေးပျံ့လာတဲ့ ရေချိုးဆပ်ပြာ အနံ့မွှေးမွှေးလေးကြောင့် အထဲမှာ Jaemin ရေချိုးနေမှန်း သိလိုက်ရသည်။ အိပ်ရာပေါ်ထိ ပြန်မလျှောက်ချင်မို့ အနီးအနားမှာပဲ ထိုင်စောင့်နေလိုက်သည်။
Jaemin ရေချိုးပြီး ထွက်လာတော့ အပေါက်ဝနားမှာ ထိုင်နေတဲ့ Renjun ကို တွေ့လေသည်။
သူ့ကို ငေးကြည့်ပြီး မတ်တပ်ထရပ်ဖို့ ပြင်နေတဲ့ Renjun ကို Jaemin လည်း ကူပြီး ထူပေးလိုက်သည်။
"ရေချိုးတာက ကြာလိုက်တာ"
"အာ ဆောရီး အိမ်သာသွားချင်လို့လား"
"အင်း ဖယ်"
"အင်း သွား သွား"
Jaemin လည်း Renjun ကို ဖယ်ပေးလိုက်ပြီး အဝတ်အစားလဲလိုက်သည်။ Renjun အိမ်သာက ထွက်လာပြီး ကုတင်ပေါ် ထိုင်တော့ သူ့ဘေးနားကပ်ကာ Jaemin ထိုင်လိုက်သည်။ ခေါင်းကို ဖိကိုင်ထားသည့် အမူအရာတွေ့တော့
"ခေါင်းကိုက်နေလို့လား"
"အင်း"
"မောင် နှိပ်ပေးရမလား"
"ရပါတယ် မလုပ်နဲ့"
Jaemin , Renjun ခေါင်းကို ကိုင်ကာ အသာအယာ နှိပ်ပေးရင်း စကားလည်း ပြောလိုက်သည်။
"ဆောရီးပါ မောင် တကယ် တောင်းပန်ပါတယ် အူကြူးရယ် မောင် ..."
"အင်းပါ ထားလိုက်ပါတော့"
Jaemin လည်း Renjun ကိုယ်လေးကို အနောက်ကနေ ပွေ့ဖက်လိုက်သည်။
"မောင့်ကို ခွင့်လွှတ်ပေးပါ အူကြူးရယ် .. မင်း ဒေါသထွက်လွန်းရင် တစ်ခုခုလုပ်လိုက်ပါ ဒါပေမယ့် ကိုယ့်ကို လမ်းခွဲတာနဲ့ ကိုယ့်အနားက ထွက်သွားဖို့တော့ မလုပ်ပါနဲ့ မောင် တောင်းပန်ပါတယ် မောင့်မှာ မင်း တစ်ယောက်တည်း ရှိတာပါကွာ"
"နောက် ငါ ရှင်းပြရင် သေချာ လက်ခံပေးပါ Jaemin ။ ရှင်းပြတာ နားထောင်ပြီးမှ မင်း ကြိုက်ရာ ဆုံးဖြတ်ပါ။ ခုနက ကိစ္စအတွက် ငါ မတောင်းပန်ချင်ဘူး။ မင်းကို ခွင့်လွှတ်ပေးထားပြီးသား ဆိုပေမယ့် နောက်တစ်ခါ ထပ်မဖြစ်စေဖို့တော့ သတိထားပေးပါ Jaemin"
"အင်း မောင် သတိထားပါ့မယ်။ မောင့်ကို ခွင့်လွှတ်ပေးလို့လည်း ကျေးဇူးတင်ပါတယ်။"
အပိုင်း (ခ)
မီးရောင်စုံ ကြားထဲ ကနေကြသူများ။ ထ်ုကနေသူများထဲတွင် မိမိကိုယ်တိုင် အပါအဝင်ဖြစ်သည်။ စည်းချက်နဲ့အတူ ခန္ဓာကိုယ်ကို လှုပ်ရှားနေစဉ် ခါးကို လာရောက် ပွေ့ဖက်တဲ့ အထိအတွေ့ကြောင့် Injun ရုတ်တရက် လန့်သွားမိသည်။ နောက်လှည့်ကြည့်တော့ သူ့၏ နှစ်ယောက်မရှိပါသော Lee Jeno ပင်။
"Jeno ???"
"အင်း ဒီမှာ ဘာလုပ်နေတာလဲ"
"ငါ့သူငယ်ချင်းတစ်ယောက် မွေးနေ့မလို့ ခေါ်လို့လာတာလေ"
"အော် အဲ့လိုလား ထားတော့ လာ လိုက်ခဲ့"
"ဘယ်ကို ... ဖြေးဖြေးဆွဲစမ်းပါ လက်နာတယ်"
လူအုပ်ကြီးကြားထဲ တိုးထွက်ပြီးတဲ့နောက် ဝိုင်းတစ်နေရာကို ရှာပြီး ဝင်ထိုင်လိုက်သည့် Jeno။ Injun ကို ဆုပ်ကိုင်ထားသည့် လက်ကတော့ ခုထိ မဖြုတ်သေး။ Injun လည်း Jeno တွဲထားသည့် လက်ကို နောက်လက်တစ်ဖက်ဖြင့် ဆွဲခွာဖို့ လုပ်လိုက်သည်။
"ဖြုတ်ဖို့ မကြိုးစားနဲ့ Injun"
"ဘာလို့လဲ ငါ လက်နာနေပြီလေ"
"ကိုယ့်ကို ဒီလာတာ ဘာမှလည်း မပြောဘူး"
"အဲ့ အဲ့တာကလေ"
"အင်း ပြော"
"ဟို သူငယ်ချင်း..."
"အင်း"
"သူငယ်ချင်းက သူ့မွေးနေ့ကို ပထမက မလုပ်ဘူးဆိုပြီး ညနေလောက်မှ ပြန်လုပ်မယ်ဆိုပြီး အိမ်ကို လာခေါ်လို့ လိုက်လာရတာနဲ့ မပြောဖြစ်တာ"
ထိုစဉ် အလိုက်မသိလေသော အပေါင်းအပါများက dancing floor ထဲ ကနေရင်းမှ Injun တို့ ဝိုင်းနားသို့ ရောက်လာလေသည်။ ရောက်ပြန်တော့လည်း ပါးစပ်က အငြိမ်မနေ။
"Jeno ပါလား ? ငါတို့ကို ပြောတော့ မင်းမအားဘူးဆို !! ငါတို့က သူသောက်ချင်တာ အဖော်လိုက်ပေးမယ့် မင်း မအားဘူးဆိုလို့ လိုက်ခဲ့ကြတာ။ ဒါနဲ့ Injun မင်း တိုက်မယ်ဆိုလို့ ငါတို့ လိုက်လာတာ သိတယ်နော်။ ငါတို့ အပီသောက်လို့ ရတယ်မလား"
သူငယ်ချင်းဖြစ်သူ စကားကြောင့် Injun , Jeno ကို မသိမသာ ခိုးကြည့်မိသည်။ သူ့ကို စိုက်ကြည့်နေတဲ့ မျက်ဝန်းတစ်စုံကို တည့်တည့် စိုက်ကြည့်မိပြီး လန့်သွားရသူမှာ သူကိုယ်တိုင်ပင်။ Jeno ကတော့ သူ့သူငယ်ချင်းတွေကို စကားကို ပြုံးပြီး နားထောင်ရင်းသာ အလိုက်သင့် ခေါင်းညိတ်လေသည်။
Injun လည်း Jenoလက်ကို ဖြုတ်ပြီး ဘေးမှ ထရပ်ကာ သူ့သူငယ်ချင်းတွေကို တခြားဝိုင်း ဆွဲခေါ်သွားလေသည်။ ပြီးတော့ သူ့သူငယ်ချင်းတွေကို ဘာတွေ ရှင်းပြလိုက်လဲမသိ ။ Jeno ကို မသိမသာ ခိုးကြည့်လာတော့ မျက်ဝန်းတွေထဲ Injun ကို အားနာနေကြသလို။
Injun , Jeno ဘေး ဝင်ထိုင်တော့ Jeno လက်ထဲ ဝီစကီတစ်ခွက်ကို တွေ့ရသည်။ သူခိုးထွက်လာတိုင်း မိနေသည်မို့ စိတ်ထဲ အဆင်မပြေနေပါဘူးနော်။ Lee Jeno က ကျန်တဲ့အချိန်တွေဆို ချစ်ဖို့ကောင်းတယ်၊ အလိုလိုက်တယ်၊ အခုလို အချိန်ဆိုရင်တော့ ...။
Injun တွေးမိပြီး ပိုလန့်လာရသည်။ မရှင်းပြ၊ မဝန်ခံဘဲ နေလျှင် မပြီးသည်မို့ ဖွင့်ပြောပြီး တောင်းပန်ဖို့အတွက် ပြင်လိုက်သည်။
"ကဲ ပြောဖို့ အရှိန်ယူနေတာ အရှိန်ရပြီလား"
ခပ်တည်တည်နဲ့ ပြောလာတဲ့ Jeno ကြောင့် Injun ချွေးတွေ ပိုထွက်လာမိသည်။
"ငါ ညနေက သောက်ချင်စိတ် ပေါက်လာလို့ မင်းကို ပြောရင် မင်းက အအေးတို့ နို့တို့ပဲ သောက်ခိုင်းမှာမို့လို့ ငါခိုးထွက်လာတာ"
"ဒါပဲလား"
"အင်း"
" နံပါတ် တစ် တစ်လ တစ်ခါပဲ သောက်ပါ့မယ် ဆိုတဲ့ စကားကို နားမထောင်ဘူး နှစ် ဒီလိုနေရာတွေသွားရင် ကိုယ့်ကို အသိပေးပါ့မယ် ဆိုတဲ့ စကားလည်း နားမထောင်ဘူး သုံး ကိုယ့်ဘာကိုယ် သောက်ချင်တာကို သူငယ်ချင်းမွေးနေ့မို့ ခေါ်တာပါ ဆိုပြီး လိမ်တယ်"
Jeno ပြောတော့ Injun ခေါင်းညိတ်ပြလေသည်။
"အဲ့တော့ မင်းကို ကိုယ် အပြစ်ပေးရမှာပေါ့"
"နေဦး အပြစ်ပေးခံရမယ့်အတူတူတော့ ငါ အရက်မသောက်ရသေးတာ သောက်ဦးမယ် ခုက မသောက်ရသေးဘဲ dancing floor အရင်ဆင်းတုန်း ရှိသေးတာ မသောက်လိုက်ရဘဲ အပြစ်တော့ မယူနိုင်ဘူး"
Injun လည်း နှုတ်ခမ်း တထော်ထော် ပြောပြီးတဲ့နောက် Jeno လက်ထဲက ခွက်ကို ယူပြီး မော့သောက်လိုက်သည်။ Jeno လည်း အမူးသမားလေးကို ဆက်မပြောဘဲ လွှတ်ထားလိုက်သည်။
Injun သုံး/လေးခွက်လောက် သောက်ပြီးတဲ့နောက်မှာတော့ ရေချိန်ကိုက်သွားခဲ့ပါပြီ။ Jeno လည်း Injun သူငယ်ချင်းတွေကို နှုတ်ဆက်ပြီး ပိုက်ဆံရှင်းကာ အိမ်ပြန်ခဲ့လိုက်သည်။
Injun မင်း အပြစ်ကို ဒီလို အကွက်နဲ့ ကျော်ပစ်လို့ မရပါဘူး !!!
အပိုင်း (ဂ)
မနက်မိုးလင်းလာတော့ Jeno ကို အရွဲ့တိုက်ပြီး သောက်ခဲ့တဲ့ အရက်ပြင်းပြင်းကြောင့် ခေါင်းက ထိုးကိုက်နေမိသည်။ ထိုင်မလို့ ကြိုးစားရင်းမှ တစ်ကိုယ်လုံး ကိုက်ခဲနေသည်မို့ Injun အနောက်ကို ပြန်လဲကျပြီး အိပ်လိုက်ရသည်အထိ။
ဘာကိုမှ မတွေးနိုင်သေးဘဲ ဘေးနား ဝေ့ဝဲကြည့်တော့ Lee Jeno ကို မတွေ့။ ထိုးကိုက်နေတဲ့ ခေါင်းထဲကို ဝင်ရောက်လာသော အတွေးတွေကြောင့် Injun မျက်နှာပူလာမိသလို Jeno ကို ရိုက်ချင်စိတ် ပေါက်သည်အထိ။
Jeno အခန်းထဲ ဝင်လာသည်တောင် မတွေ့ဘဲ သူ့အတွေးတွေနဲ့သာ အလုပ်ရှုပ်နေသည့် Injun ဘေးကို Jeno သွားထိုင်လိုက်သည်။
"မှတ်မိတယ်မလား ညက ..."
"ရား မင်း တော်တော့"
"Wae ? ဘာလို့လဲ"
"မင်း .. တော်ပြီကွာ"
Injun လည်း ဆက်မပြောတော့ဘဲ တစ်ဖက်ကို လှည့်သွားလေသည်။
"ဝေ့ စိတ်ဆိုးသွားတာလား? အဟမ်း ရေချိုးရအောင်လေ"
"ရား Jeno ငါ ထဖို့တောင် အနိုင်နိုင်ကို မင်း"
"ဆောရီး ဆောရီး ညက ကိုယ်နည်းနည်း လွန်းသွားတယ် ဒါပေမယ့် မင်းလည်း"
"တော်လိုက်တော့ နောက် ဘယ်တော့မီ မသောက်တော့ဘူး"
"လိမ်မာတယ် ဒါပေမယ့် ညက ကိုယ်တစ်ယောက်တည်း မဟုတ်ဘူးနော်"
"မင်း ပါးစပ်ပိတ်ပြီး ငါ့ကို ရေချိုးခန်းထဲ လိုက်ပို့ပေးတော့"
"လိုက်ပို့ပေးယုံပဲလား ? Service အနေနဲ့ ချိုးပါချိုးပေးမယ်လေ"
"အေး မင်းသာ ချိုးပေးမယ်ဆို ငါ မျက်လုံးတောင် ဖွင့်လို့ရတော့မယ် မထင်ဘူး"
"အဲ့လိုလား"
"မင်းကိုမင်း သိပေါ့ စားဘဲကြီးရဲ့"
"ဒီ စားဘဲကြီးက ဟော့ဒီက တရုတ်ကောင်လေး တစ်ယောက်တည်းကိုပဲ စားတာပါ"
"မင်းက ဘယ်နှစ်ယောက် စားချင်သေးလို့လဲ"
"ဟင့်အင်း မစားချင်ပါဘူး ဒီတရုတ်လေးကို ကြောက်တယ် ပြီးတော့ ချစ်တယ်"
အပိုင်း (ဃ)
ညက အယွလွန်တဲ့ အတွဲကြောင့် အိပ်မရတာကြောင့် မနက်ပိုင်း Jaemin နဲ့ date လုပ်ချိန်မှာ Renjun အိပ်ငိုက်လာရသည်။ စကားပြောရင်း ခဏ ခဏ သမ်းနေသော Injun ကို ကြည့်ရင်း ဘေးနားက Jaemin ပါ အိပ်ချင်လာသည်။
"အူကြူး ညက မအိပ်ဖြစ်ဘူးလား"
"ဟင် ဘာလို့လဲ"
"အိမ်ကို မောင် လာခေါ်တည်းက အိပ်ရေးမဝတဲ့ ရုပ်လေးနဲ့ ခုလည်း တစ်ချိန်လုံး သမ်းနေတယ်လေ"
"အင်း ဟိုအတွဲကြောင့် ကောင်းကောင်း မအိပ်ခဲ့ရဘူး"
"ဟမ်"
"Injun hyung တို့လား"
"အင်းလေ သူတို့အတွဲပေါ့ ဘယ်အတွဲ ရှိရဦးမှာလဲ"
"ဘာဖြစ်လို့လဲ ရန်ဖြစ်ကြပြန်တာလား"
"ရန်ဖြစ်ရင်တောင် ခဏလေးပဲ နားငြီးမှာ အခုက ရန်ဖြစ်တာ မဟုတ်ဘူး"
"ရန်မဖြစ်တော့ မဟုတ်မှလွဲရော"
Renjun လည်း Jaemin ပြောမလာခင် ရှက်ရှက်နှင့်သာ အရင် သွယ်ဝိုက်ပြောလိုက်သည်။
"သိပြီမလား သိရင်တော်တော့"
"တကယ်ကြီးလား"
"အင်း"
"ဝှါး Jeno hyung က မိုက်လိုက်တာ"
"ရား ဒီကိစ္စကို တော်ပြီး ကားကို အေးဆေးမောင်းတော့ မောင် လျှောက်မတွေးဘဲ နေလိုက်တော့နော်"
"မောင့် အူကြူးလေးက ရှက်နေတာလား။ မရှက်ပါနဲ့ မောင်က အူကြူးကို"
"Na Jaemin shii"
"ဟီး မောင်က ဘာပြောမှာမို့လို့ အူကြူးက အဲ့လိုတွေ ကြည့်နေရတာလဲ မောင့်ပြောချင်တာက မောင့်အူကြူးလေး အိပ်ချင်ရင် တစ်နေရာမှာ ရပ်ပြီး အိပ်လို့ ရအောင် လုပ်ပေးရမလားလို့ မေးမလို့ပါ"
"အပိုတွေ .. ခုသွားမယ့်နေရာသာ သွားစမ်းပါ"
"အိုကေ အိုကေ သွားရမှာ ဝေးသေးတယ်။ အိပ်ပြီး လီုက်ခဲ့"
"အင်းအင်း"
Jaemin ကို ဖြေပြီးတာနဲ့ ထိုင်ခုံကို နောက်ဘက် လှဲချကာ Renjun အိပ်လိုက်သည်။ အိပ်ပျော်နေတဲ့ Renjun ကို Jaemin ခိုးခိုးကြည့်ရင်း ပြုံးမိသည်။ အရွယ်ရောက်ပြီးသား ယောကျာ်းတစ်ယောက်ပေမယ့် ဒီလို ကိစ္စ အသေးအဖွဲလေး ပြောမိရင်တောင် အရှက်သည်းလွန်းလှသော ကောင်လေးဖြစ်ကြောင်းကို တွေးမိပြန်တော့ အသည်းယားစွာဖက်နမ်းချင်စိတ်က တဖွားဖွား။
အနည်းငယ်ကြာတော့ Jaemin ရွေးချယ်ထားသည့် နေရာလေးတစ်ခုကို ရောက်ခါနီးပြီမို့ Renjun ကို နှိုးလိုက်သည်။
"အူကြူး ထတော့"
"ဟင်း"
Renjun ပျင်းကြောဆန့်လိုက်ပြီး အပြင်ကို လှမ်းကြည့်လိုက်သည်။ အံ့သြနေတဲ့ ကောင်လေးကို Jaemin ပြုံးကာ ကြည့်လိုက်ပြီး ထိုခြံထဲသို့ ကားကို မောင်းလိုက်သည်။ ကားရပ်လိုက်တာနဲ့ Renjun , Jaemin ကိုတောင် မစောင့်ဘဲ ကားပေါ်က ပြေးဆင်းသွားသည်။
သဘောတကျ အရှေ့ကို ငေးကြည့်နေတဲ့ Renjunရဲ့ ခါးကို Jaemin ဖက်လိုက်သည်။ သူဖက်တာနဲ့ ရင်ခွင်ကို မှီလာတဲ့ Renjun။
"သဘောကျလား"
"အရမ်းသဘောကျတယ်"
"အူကြူးအတွက် မောင် လက်ဆောင်ပေးတာ"
"ဝှါး ... ကျေးဇူးတင်ပါတယ် Jaemin"
အပိုင်း (င)
Jaemin, Renjun ကို လက်ဆောင်ပေးတာက ခြံလေးတစ်ကွက်။ ဒီခြံလေးဟာ မြို့ပြင်နား မရောက်ခင်နားမှာ တည်ရှိနေသည်။ ခြံက ကျယ်သလို ခြံထဲမှာလည်း ပန်းအချို့ စိုက်ပျိုးထားသည်။ Renjun ဒီခြံကလေးရှေ့က ဖြတ်သွားတိုင်း သဘောကျကြောင်း ပြောလေ့ရှိသည်။
သူ ဒီခြံလေးကို ဝယ်ပြီး သူ့စိတ်ကြိုက် ဒီဇိုင်းကို Injun hyung ကို ဆွဲခိုင်းပြီး ဆောက်လုပ်ခိုင်းမည် ဆိုတဲ့အကြောင်း Jaemin ကို တစ်တွတ်တွတ် ပြောပြလေ့ရှိသည်။ ဒါကြောင့်မို့ မနက်ဖြန် သူတို့နှစ်ယောက်ရဲ့ အမှတ်တရနေ့ မတိုင်ခင် လက်ဆောင်ပေးခြင်းဖြစ်သည်။
'Jaemin မင်း ပိုက်ဆံတွေ အများကြီး ကုန်သွားမှာပဲ'
'ကုန်ပါစေပေါ့ အူကြူးအတွက်ပဲကို'
'ကျေးဇူး အများကြီး တင်ပါတယ် မောင်။ အိမ်ဆောက်လို့ ကုန်ကျစရိတ်ကိုတော့ ငါပဲ ခံမှာနော်'
'အင်းပါ ဟူတ်ပါပြီ'
Jaemin, Renjun ကို နောက်ကနေ ဖက်ရင်း လည်ပင်းလေးကို နမ်းကာ ဖြေလိုက်သည်။
"အူကြူး မောင်တို့ လက်ထပ်ကြရအောင်"
Jaemin ပြောပြီးတာနဲ့ အိတ်ကပ်ထဲက လက်စွပ်လေးကို Renjun လက်သန်းကြွယ်ထံ စွပ်ပေးလိုက်သည်။
"ငါလည်း ဘာမှမပြောရသေးဘူးလေ"
"မပြောလည်း လက်ခံတာကို သိပြီးသား"
"ရိုမန်တစ် မဆန်လိုက်တာ"
"အဲ့လိုလား ပြန်ချွတ်လိုက်လေ ပြန်လုပ်တာပေါ့ ရိုမန်တစ် ဆန်ဆန်လေး"
"တော်ပြီ မချွတ်တော့ဘူး"
"သဘောကျလား"
Jaemin လက်စွပ်ကို ပြုံးပြီး သေချာစိုက်ကြည့်နေသည့် Renjun ကို မေးလိုက်သည်။
"အင်း သဘောကျတာပေါ့"
"တော်သေးတာပေါ့ မောင်က အူကြူး မကြိုက်မှာစိုးတာ"
"ကြိုက်တယ် ကြိုက်တယ်"
"အင်း"
"ဒါနဲ့ လက်ထပ်ဖို့ ကိစ္စက ပါပါး တို့ကို ပြောရဦးမယ်လေ"
"မောင် ပြောပြီးတာ ကြာပေါ့"
"ငါလည်း မသိလိုက်ရပါလား"
"ပါပါးတို့က တရုတ်လိုတော့ မဂ်လာဆောင်ပေးပါတဲ့"
"အင်း"
"မောင် စဉ်းစားထားတာ အကျဉ်းချုံးပဲ လုပ်လိုက်ကြမယ်လေ"
"အင်း ကောင်းတယ် လူအများကြီးနဲ့ မလုပ်ချင်ဘူး။ ဟန်ဆောင် ပန်ဆောင် ချီးကျူးသံတွေလည်း မကြားချင်ဘူး။"
"အင်း အူကြူး ဖြစ်စေချင်သလို လုပ်ပေးမယ်"
"အာ ရပါတယ်။ မောင် အဆင်ပြေသလိုပဲ လုပ်ပါ ငါ့က အဆင်ပြေပြီးသား"
"ဟုတ်ပါပြီခင်ဗျာ ... ဒါဆို မောင်တို့ ပြန်ကြရအောင်လေ"
"အင်း"
Renjun တို့ နေ့လည်စာ စားပြီးတဲ့နောက် အိမ်ပြန်လာကြသည်။ အိမ်ထဲရောက်တာနဲ့ နေ့လည်စာ စားဖ်ု့အတွက် ပြင်ဆင်ပေးနေတဲ့ Jeno နဲ့ ထမင်းစားပွဲမှာ ထိုင်ရင်း တစ်ဗျစ်တောက်တောက် ပြောနေတဲ့ Injun ကို တန်းမြင်ရသည်။
"Jeno မင်းဟာက ထမင်းလား? ဆန်ပြုတ်လား ? ဟင်းကရော ဘာချည်းလဲ?"
Renjun ထမင်းစားခန်းထဲ ဝင်တာနဲ့ မြင်ရတာကို အံ့သြစွာ မေးလိုက်မိသည်။
"Ge တွေ့တယ်မလား"
"Renjun မင်းကလည်းကွာ နဂိုတည်းကမှ ဟိုက စိတ်ဆိုးနေပါတယ်ဆို"
"ငါက ဒီတိုင်းပါ။ ကဲ အငယ်လည်း တော်တော့နော်။ Jeno မင်းလည်း ထိုင်တော့။ ငါ ချက်ပေးမယ်"
"ရတယ် Ge မှာလိုက်တော့မယ်"
"နေပါ Ge တရုတ်ထမင်းကြော် ကြော်ပေးမယ်လေ"
"အင်း အဲ့ဒါဆို မမှာတော့ဘူး"
Jeno က Injun ကို ချော့နေတဲ့အတွက် Renjun လည်း ချက်ဖို့သာ ပြင်လိုက်သည်။ Jaemin ကတော့ Renjun ဘေးနားကပ်ကာ ကူပေးဖို့ လုပ်လိုက်သည်။