ရှင်သန်ရာ မျှော်လင့်ရင်ခွင်ဆီ...
Par AnnaXiao105
423K 28.3K 1.1K
WangYiBo [&] XiaoZhan Plus
Intro
Part-1
Part-2
Part -3
Part-4
Part-5
Part-6
Part-7
Part-8
Part-9
Part-10
Part-11
Part-13
Part-14
Part-15
Part-16
Part-17
Part-18
Part-19
Part-20
Part-21
Part-22
Part-23
Part-24
Part-25
Part-26
Part-27
Part-28
Part-29
Part-30
Part-31(final)
Part-12
10.8K 870 31
Par AnnaXiao105
Zawgyi
  "မြင်တယ်လေ"
  "အားလုံး ဒီမှာ စုပြုံညပ်နေတာကိုကွာ"
  "ဟုတ်တယ်လေ...ဘေးမှာကားတွေ ဒီလိုပဲ ဖောကိထွက်ကုန်ကြတာ မမြင်ဘူးလား၊ လုပ်ကွာ၊ ကမန်းကတန်းကြီးပွဲတက်ရရင် ချွေးပြန်ကုန်လိမ့်မယ်"
  "ကျွတ်"
  "လေသံက ရင့်လှချည်လား လင်းရှ၊ ကိုယ်က မင်းရဲ့Driverမဟုတ်ဘူး"
  "Driver မောင်းပို့မယ့်ဟာ Youကလက်မခံတာလေ၊ သတို့သားကိုယ်တိုင် ကားမောင်းထွက်လာသတဲ့၊ လူမြင်လို့မှ မကောင်း"
  "လူမြင်မကောင်းရအောင် ကိုယ်က သူခိုးဂျပိုးရုပ်နဲ့မောင်းနေလို့လား"
  "မသိဘူးကွာ...ဒီချိန်မှာ ရန်လာမဖြစ်နဲ့၊ မှန်ပြန်တင်လိုက်"
  "အဲဒီလို ဖြစ်သွားလား"
  "ဒါဆိုရင်တော့ မားက မွေးလိုက်ကတည်းက အရွဲ့အတိုင်း မွေးထားလိုက်တာ ဖြစ်မယ်၊ မင်းနဲ့ကျမှ မဟုတ်ဘူး၊ အစကတည်းက ကိုယ်ဒီလိုပဲ"
  "လင်းရှ"
  စိတ်ကညစ်ရသည့်အထဲ ကားပေါ်မှာ ကြိတ်ရန်ဖြစ်နေရသည့်အဖြစ်ကြောင့် ရီပေါ်မျက်နှာက သိသာစွာ တင်းလာ၏။
  ဟိုမှာနေရင်း သူနဲ့ရှောင်ကျန့် နေခဲ့ကြသည့် တိုက်ကလေးမှာ ရှောင်ကျန့် ရှိနေသလား၊ မရှိဘူးလားဆိုတာ မိတ်ဆွေတစ်ယောက်ကို လှမ်းဖုန်းဆက်၍ စုံစမ်းခဲ့သေးသည်။
  "တိုက်က ပိတ်ထားတယ်၊ လူတွေ ပြောင်းသွားပြီတဲ့"
  "ဟင်..."
  သေချာပါသည်။ သူ...ရှောင်ကျန့်.....။
  အမျိုးသမီး၏အသံက နာကြည်သံနှင့် သိပ်မကျယ်သော်လည်း ပီသစွာ ကြားနေရ၏။ ပြီးတော့ သူမမှာ ကိုယ်ဝန်အရင့်အမာနှင့် မျက်နှာမှာလည်း မျက်ရည်တွေ စိုစွတ်နေ၏။ ရှောင်ကျန့်ကို သူမ ကျကျနန ရင်ဖွင့်နေခြင်းဖြစ်သည်။
  "သိပ်ကို ပွေရှုပ်တဲ့သူ၊ ကျဲမှာ ဟိုတုန်းကတည်းက သူ ရှုပ်ပွေတာကို သိသိနဲ့ပေါင်းခဲ့ရတာ၊ ဒီလောက်သည်းခံခဲ့တာကို သူ အခု လုပ်သွားတာကြည့်၊ ကျဲ ကိုယ်ဝန်(3)လကတည်းက ထားပစ်ခဲ့တာ"
  "ကျဲရယ်၊ သူသွားတာ လပိုင်းပဲ ရှိသေးတဲ့ဥစ္စာ၊ ကျွန်တော်ဆိုရင်လဲ သူ ထွက်သွားတာ သားလေး(1)သက်ပဲ၊ သားက အခု(5)နှစ်ပြည့်ဖို့ (3)လပဲ လိုတော့တာ၊ ဒါတောင်မှ မျှော်နေတုန်းပဲ"
  "ကျဲ"
  "ဗိုက်...ဗိုက်နာလာပြီ မောင်လေးရယ်၊ ကျဲ...ကျဲ မရတော့ဘူး ထင်တယ်၊ မောင်လေးကို အားနာနေပါပြီ၊ ကျဲ ဒီကပဲ ဟိုဘက်ကနေ ကားပြောင်းစီးတော့မယ်"
  "လင်းရှ"
  တစ်ဖက်ကားပေါ်က ယောကျာ်းလေးကို စူးစိုက်ငေးကြည့်ရင်း ကြက်သေသေသွားခဲ့သော သူ့မျက်လုံးတွေ၊ အဲဒီတစ်ယောက် ဆင်းသွားတဲ့အထိ လိုက်ငေးနေတာကို လင်းရှက အံကြိတ်၍ တိတ်ဆိတ်စွာ ကြည့်နေခဲ့တာဖြစ်သည်။
  "ဘာ!..ဘာပြောတယ်"
  ဘယ်လိုမှ မယုံနိုင်။ အဲဒီလောက်ထိ လုံးဝမထင်မှတ်ခဲ့ဘဲ ဘယ်လိုပတ်သက်ခဲ့ဖူးတာ သူပြောလာရင် ခွင့်မလွှတ်နိုင်ကြောင်းနှင့် အပြတ်အသတ်ဖဲ့ဖို့ စုဆောင်းထားသော စကားတွေဟာ ဟင်ခနဲ ပွင့်ထွက်သွားသည့် ပါးစပ်တွင်းမှ ဒလဟော ပြန်လည်ပြိုဆင်းကုန်ကြပြီလား။
  "မင်းရဲ့နစ်နာမှုအတွက် ကိုယ် တောင်းပန်ပါတယ်၊ ဒါပေမယ့် သူက ပိုနစ်နာခဲ့တဲ့သူ၊ သူ ကျေနပ်ဖို့ ကိုယ်သွားရလိမ့်မယ်၊ Sorry"
  "Sorry"
Ep-13
Coming Soon😁😁
ဝေဖန်ပေးကြပါဦး
ရှင်သန်ရာမျှော်လင့်ရင်ခွင်ဆီ Ep-12
Unicode
  "ဘာဖြစ်နေတာလဲ ဝမ်၊ ရှေ့မှာ ယာဉ်တိုက်မှုဖြစ်နေတာ မမြင်ဘူးလား"
  "မြင်တယ်လေ"
  "မြင်ရင် ဘေးကကွေးတက်ရအောင် လမ်းတောင်းပါလား မင်္ဂလာအချိန်က ကျတော့မှာ၊ ကားကြောပိတ်နေတာကြီးကို ဒီအတိုင်း ထိုင်စောင့်မလို့လား"
  "အားလုံး ဒီမွာ စုပြုံညပ်နေတာကိုကွာ"
  "ဟုတ်တယ်လေ...ဘေးမှာကားတွေ ဒီလိုပဲ ဖောကိထွက်ကုန်ကြတာ မမြင်ဘူးလား၊ လုပ္ကြာ၊ ကမန်းကတန်းကြီးပွဲတက်ရရင် ချွေးပြန်ကုန်လိမ့်မယ်"
  ရတနာတွေ ပြိုးပြက်လက်နေကာ အလှဆုံးမျက်နှာလေး ညိုးနေတာကို ရီပေါ်က ခဏကြာအောင် ငဲ့ကြည့်၏။ ပြီးတော့ လည်ပင်းက Necktieကို စိတ်ကျဉ်းကျပ်သလို တမင်ဆုပ်ကိုင်၍ ဟိုဘက္ဆြဲ ဒီဘက္ဆြဲ လုပ်ပစ်လိုက်သည်။ ပြီးမှ ကူရှင်မှာ အရုပ်ကြိုးပြတ်လို မွီခ်လိုက္ကာ ဘေးကမှန်ကို ချလိုက်၏။
  "မတတ်နိုင်ဘူးကွာ၊ တရွေ့ရွေ့ ရှေ့တိုးလိုက်၊ စောင့်နေလိုက်၊ ဟိုကားကိုလက်ပြ၊ ဒီကားကို တောင်းပန်လိုက်နဲ့ မလုပ်ချင်ဘူး၊ 1:00ကျော်ကျော် စောထွက်လာတာပဲ၊ မှီပါတယ်"
  "ကျွတ်"
  လင်းရှက သူ့ဘက်ကို ကိုယ်တစ်ခြမ်းစောင်းလေး လှည့်လာကာ.....
  "အဲဒီတံခါးက ဘာဖြစ်လို့ ချပစ်လိုက်ရတာလဲ၊ ဒါ မင်္ဂလာကားနော်၊ Coffeeထွက်သောက်ဖို့ မောင်းလာတဲ့ကားမဟုတ်ဘူး၊ ပြန်တင်လိုက်"
  ရီပေါ်က ပခုံးနှစ်ဖက်ကို စုကျုံ့၍ အေးစက်စက် ပြန်ကြည့်သည်။
  "လေသံက ရင့်လှချည်လား လင်းရှ၊ ကိုယ္က မင်းရဲ့Driverမဟုတ္ဘူး"
  "Driver မောငးာပို့မယ့်ဟာ Youကလက်မခံတာလေ၊ သတို့သားကိုယ်တိုင် ကားမောင်းထွက်လာသတဲ့၊ လူမြင်လို့မှ မကောင်း"
  "လူမြင်မကောင်းရအောင် ကိုယ္က သူခိုးဂျပိုးရုပ်နဲ့မောင်းနေလို့လား"
  "မသိဘူးကြာ...ဒီချိန်မှာ ရန်လာမဖြစ်နဲ့၊ မှန်ပြန်တင်လိုက်"
  "မတင်နိုင်ဘူး၊ အပြင်က လေကို ကိုယ်လိုချင်လို့"
  "ဝမ်...You တို့ကို ရွဲ့တာလား"
  "အဲဒီလို ဖြစ်သွားလား"
  ဝမ္က ရယ်သည်။ မဲ့သည်မဟုတ်ဘဲ မျက်ခုံးပင့်၍ လှည့်ကြည့်ပြန်သည်။
  "ဒါဆိုရင်တော့ မားက မွေးလိုက်ကတည်းက အရွဲ့အတိုင်း မွေးထားလိုက်တာ ဖြစ်မယ်၊ မင်းနဲ့ကျမှ မဟုတ္ဘူး၊ အစကတည်းက ကိုယ္ဒီလိုပဲ"
  "တို့နဲ့ဆိုရင် You ဒီလိုပြောလို့မရဘူး၊ တို့က Youအတွက် တခြားသူမှမဟုတ်တော့တာ၊ ဒါပြင်ဆိုရင် ပြင်ပေးရမှာပဲ"
  "လင်းရှ"
  စိတ်ကညစ်ရသည့်အထဲ ကားပေါ်မှာ ကြိတ်ရန်ဖြစ်နေရသည့်အဖြစ်ကြောင့် ရီပေါ်မျက်နှာက သိသာစြာ တင်းလာ၏။
  Koreaမွာ ပါးဆေးကုပြီး အပန်းဖြေဖို့၊ စီးပွားရေးဗဟုသုတတွေလေ့လာဖို့ စသဖြင့် သူလည်း ကျေနပ်နေခဲ့ပြီး ကြာသွားလိုက်တာ(2)နှစ်။ ပါးပြန်မယ်ဆိုတော့လည်း သူ မပြန်ချင်သေးသည်မို့ နေခဲ့လိုက်သည်။ စီးပွားရေးဆိုတာကိုလည်း အဲဒီအချိန်မှာပဲ စိတ်ဝင်စားလာခဲ့သည်။ တိုးတက်ဖို့၊ ကြီးပွားဖို့တွေ ခေါင်းထဲ ရောက်နေပြီဖြစ်သည်။ ပါးကလည်း ဝမ်းသာအားရ နေခဲ့ဖို့ ခွင့်ပြုသည်။
  အဲဒီတုန်းမှာ လူကြီး(2)ယောက်ပြန်ပြီး သူနဲ့လင်းရှ ဟိုမွာ ကျန်ခဲ့ကြ၏။ အတူကျန်ခဲ့တယ်ဆိုပေမယ့် သပ်သပ်စီပါ။ သူက သူ့အတန်းသူတက်၊ ကိုယ္က စီးပွားရေးလောကထဲ ဟိုဝင်ပါ၊ ဒီဝင်ပါ၊ မကြာခဏတွေ့ဆုံကြ၊ အတူစားသောက်ဖြစ် သွားလာဖြစ်တာပဲ ရှိသည်။
  တရုတ်ပြည် ပြန်ရောက်လာကြတော့ (2)ယောက်အတူ ဒီလောက်နေထိုင်သွားလာပြီးမှ ဒီတိုင်းဆက်နေကြဖို့ မဖြစ်တော့ဘူး ဆိုသောခေါင်းစဉ်နှင့် လက်ထပ်ရက်ချက်ချင်းသတ်မှတ်ကြ၏။ အစကတည်းက သူ လိုလိုချင်ချင် ပူဆာခဲ့တာမို့ ပါးက သူ့အစွမ်းအစနဲ့သူ Hotelမွာ Dateရအောင်ယူသည်။ သူဖြစ်နေတာကျတော့ "ငါ့သား Okလား" လို့တောင် ငဲ့ကြည့်မေးဖော်မရ။
  ဟိုမှာအတူနေကြကတည်းက ကိုယ်ကယောကျာ်းလေးမို့ နေရာတကာ မပြိုင်ချင်ဘဲ လျှော့ပေါ့ဆက်ဆံပေးခဲ့ရသည်။ ဒါပေမယ့် (2)ယောက်အတူ နိုင်ငံ(1)ခုတည်းမှာ ရှိနေကြတာ ဆန်းလို့လား။ လက်ထပ်ကြဖို့ ဆုံးဖြတ်ကြတာတောင် ကိုယ္က လိုလိုချင်ချင် ခေါင်းညိတ်ရပြီး သူမက ဆက်ဆံပုံတင်စီးစွာဖြင့် မလိုချင်လိုချင် ခေါင်းညိတ်တာမျိုး လိုချင်တဲ့သူ။
  ဘာပဲဖြစ်ဖြစ် ကိုယ္က လူပျိုမဟုတ်။ မိန်းမမရှိဘဲ ရှုပ်ခဲ့၊ ဗရုတ်ကျခဲ့တာက တစ်မျိုးဖြစ်၏။ မိန်းမယူလိုက်ဖို့ကျတော့ သူ့မှာ ရှိခဲ့ဖူးတာကို ဖုံးကွယ်ရတော့မှာမို့ စိတ်ကမလုံချင်။
  တစ်သက်လုံး သူ လူဆိုးလုပ်ခဲ့သည်။ ဒါပေမယ့် ကိုယ့်အပြစ်ဆိုတာမျိုး ဝန်ခံမိစေမည့် တိုက်ရိုက်မေးခွန်းမျိုးကို သူ ဘယ်တော့မှ တည့်တည့်မဖြေခဲ့ပေ။ ဒါဟာ ဗြောင်လိမ်တတ်လောက်အောင် သူ မယုတ်မာချင်၍ ဖြစ်သည်။
  မုသား ပါချင်ပါမည်။ ဟုတ်တယ် မဟုတ္ဘူးကို ပွင့်လင်းစွာ ဖွင့်ဟ၍ လိမ်ရမှာကိုတော့ လုံးဝရှောင်ခဲ့၏။ ခုလည်း ဘယ္သူမွ မေမးဘဲ ကိုယ့်မှာ ဇာတ်လမ်းရှိနေခဲ့သည့်အဖြစ်က ကိုယ်ပဲ သိနေခြင်းကြောင့် စိတ္က မကြည်လင်။ ထိုအခါ ဟိုတုန်းက တပ်မက်ခဲ့ဖူးသော လင်းရှကိုလည်း စိတ်မရှည်ချင်။ ရင်ခုန်ကြည်နူးဖို့လည်း မေ့နေခဲ့၏။ ရှောင်ကျန့်ကို သူ့ရင်ထဲမှာ 24:00ကျော်အောင် လုံးလုံးလျားလျား မေ့ထားနိုင်ခဲ့တယ်ဆိုတာ မရှိ။ အကြောင်းတိုက်ဆိုင်တိုင်း၊ တစ်နည်းပြောရလျှင် လင်းရှအပေါ်မှာ ပွေ့ဖက်နမ်းရှိုက်ဖို့ အခွင့်အရေးနှင့် အားထုတ်ကြည့်မိသည့်အခါတိုင်းမှာ ရှောင်ကျန့်ကို သတိရသည်။
  ရှောင်ကျန့်၏ ပါးကလေးတွေ၊ မျက်တောင်ကော့ကော့လေးတွေ၊ မှဲ့နက်ကလေးကို မေ့မရနိုင်။ ရောင်စုံပြေပြေလေးတင်လျက် လွေနေသာ လင်းရှမျက်နှာမှာ ရှောင်ကျန့်က အပြစ်မဲ့စွာ တိုးဝင်လာသည့်အခါ သာယာမှုတွေအားလုံး ဆုတ်ကွယ်ကုန်တတ်၏။
  ဟိုမှာနေရင်း သူနဲ့ရှောင်ကျန့် နေခဲ့ကြသည့် တိုက္ကေလးမွာ ရှောင်ကျန့် ရှိနေသလား၊ မရှိဘူးလားဆိုတာ မိတ်ဆွေတစ်ယောက်ကို လှမ်းဖုန်းဆက်၍ စုံစမ်းခဲ့သေးသည်။
  "တိုက္က ပိတ်ထားတယ်၊ လူတွေ ပြောင်းသွားပြီတဲ့"
  ထိုသတင်းပြန်လာခဲ့သည်မို့ ရှောင်ကျန့် သူ့ကိုနာကြည်းသွားပြီမှန်း သိလိုက်သည်။ အဲဒီတုန်းကလည်း သူ သိပ်တော့ မခံစားမိခဲ့ပါ၊ တစ်ပြည်တစ်နိုင်ငံမှာ အမြင်သစ်၊ စိတ်ကူးသစ်များနှင့် ရှောင်ကျန့်ကို သတိရတိုင်း နာနာကျင်ကျင်ဖြစ်ရတာမျိုးတော့ မရှိခဲ့ပေ။
  ဘယ်တုန်းကမှ မခံစားခဲ့ဖူးသည့်ဝေဒနာက ယောကျာ်းတစ်ယောက်ကို သတိရခြင်းသာ။ ထို့ပြင် ရှောင်ကျန့်ကော နောက်ထပ် အိမ်ထောင်မကျနိုင်ဘူးလား ဆိုသော အေတြးဖ်တ္ခနဲ ဝင်လိုက်ဖူးသည်။ ရင်ထဲမှာ အပူကြောတစ်ချက် ဖြတ်ပြေးသွားသလို ဖျင်းခနဲ တစ်ချက်ဖြစ်၏။ ဒါကို နောက်ထပ်မတွေးမိအောင် နေသည်။ ဒီလို ရှောင်ကျန့် မလုပ္ဘူးဆိုတာ ဘာဖြစ်လို့ အပိုင်တွက်နေမိမှန်းမသိပေ။
  လက်ထပ်ဖို့ သတို့သားအဖြစ် ဒီကားပေါ်မှာ ထိုင်ခဲ့ရသည့်အချိန်ရောက်တော့ ပူလောင်သည့်အရှိန်က ပိုလာသည်။ လင်းရှရဲ့မာနတွေကို လက်မခံချင်ဖြစ်လာ၏။ အရှုံးပေးရအောင် ကိုယ္ကေရာ ဘာလဲ။ လင်းရှကို စကားပြောဖို့ခေါ်လိုက်ပြီးမှ မျက်နှာလွှဲပစ်လိုက်မိသည်။
  စိတ်ပျက်ခြင်းဖြင့် မျက်လုံးတို့က ကပ်လျက်ကားပေါ်သို့ ရောက်သွားသည်။
  "ဟင်..."
  သူ ရင်တွေ ဒိန်းခနဲ ဆောင့်ခုန်သွား၏။ ကိုယ္က မတ္ခနဲ ဖြစ်လျက် သေချာလှည့်ကြည့်မိ၏။
  သေချာပါသည်။ သူ...ရှောင်ကျန့်.....။
  ဆံပင်တွေကို သန့်ပြန့်ဖြီးထားလျက် ကူရှင်မှာ ပခုံးတစောင်းမှီထားသည်။ ဒီဘက္ကို ကျောခိုင်းထားကာ ဟိုဘက္က အမျိုးသမီးတစ်ယောက်နှင့် စကားပြောနေ၏။
  "ကိုယ့်ကို ကလေးတစ်ယောက်နဲ့ ထားပစ်ခဲ့တယ် မောင်လေးရယ်၊ ကျဲက ဒီလိုလူကို မျှော်လင့်နေတော့ ဘာဖြစ်လာမှာလဲ"
  အမျိုးသမီး၏အသံက နာကြည်သံနှင့် သိပ်မကျယ်သော်လည်း ပီသစြာ ကြားနေရ၏။ ပြီးတော့ သူမမွာ ကိုယ်ဝန်အရင့်အမာနှင့် မျက်နှာမှာလည်း မျက်ရည်တွေ စိုစွတ်နေ၏။ ရှောင်ကျန့်ကို သူမ က်က်နန ရင်ဖွင့်နေခြင်းဖြစ်သည်။
  "သိပ္ကို ပွေရှုပ်တဲ့သူ၊ ကျဲမှာ ဟိုတုန်းကတည်းက သူ ရှုပ်ပွေတာကို သိသိနဲ့ပေါင်းခဲ့ရတာ၊ ဒီလောက်သည်းခံခဲ့တာကို သူ အခု လုပ်သွားတာကြည့်၊ ကျဲ ကိုယ်ဝန်(3)လကတည်းက ထားပစ်ခဲ့တာ"
  "ကျဲရယ်၊ သူသြားတာ လပိုင်းပဲ ရှိသေးတဲ့ဥစ္စာ၊ ကျွန်တော်ဆိုရင်လဲ သူ ထြက္သြားတာ သားလေး(1)သက်ပဲ၊ သားက အခု(5)နှစ်ပြည့်ဖို့ (3)လပဲ လိုတော့တာ၊ ဒါတောင်မှ မျှော်နေတုန်းပဲ"
  "မောင်လေးက မသိလို့ပါ၊ အရက်သမားမိန်းမက အရက်သမားမဟုတ်ဘူးဆိုရင် ဖဲပဲရိုက်ရိုက်၊ မယားငယ်ပဲနေနေ ငါသည်းခံနိုင်ပါတယ်လို့ ပြောတာပဲ၊ ဟော...ဖဲသမားမိန်းမကျတော့ ငါ့ယောကျာ်း ဖဲသာမရိုက်ဘူးဆိုရင် အရက်ပုလင်းထောင်ပြီး မိုးအလင်းထားပေးလိုက်ဦးမယ်လို့ ညည်းမယ်၊ ရှုပ်တဲ့ပွေတဲ့သူနဲ့တွေ့ရင် ငါ့အပေါ်မှာသာ သစ္စာရှိစမ်းပါ၊ က်န္တာ ဘယ်လောက်ပဲဆိုးမလဲ၊ ကမ်းကုန်အောင် ငါသည်းခံမယ် တဲ့၊ အဲဒါပဲ မောင်လေးရယ်၊ ဘယ္သူမဆို ကိုယ္သာ အပူတတ်ဆုံး၊ ကိုယ့်သောကလောက် ဘယ္သူမွ မပိုဘူးလို့ ထင်ကြတာပဲ၊ မောင်လေးက မောင်လေးယောကျာ်းကို ခွင့်လွှတ်နိုင်စရာ ရှိလို့ပါ။ အိမ်ထောင်ရေးဘဝမှာ ဖောက်ပြန်တာ အဆိုးဆုံးပဲ"
  "သူလဲ အဲဒီလိုလူလို့ ပြောနေကြတာပဲ"
  ရှောင်ကျန့်အသံလေးက အားနည်းစွာ ထိုးဖောက်လာရှာသည်။ မျက်နှာလေးငုံ့ကျသွားတာကိုလည်း သူ စိုက်ကြည့်နေမိ၏။ ဝမ်ရီပေါ်ဆိုသော သူ့တစ်ကိုယ်လုံးမှာ မီးပြားတစ္စ ဘယ်နေရာမှာ ပြုတ်ကျဝင်ရောက်သွားမှန်းမသိ။ ထိုမီးပွားကြောင့် လူက အရည်ပျော်ချင်လာသည်။ စကားသံ မထွက်ဘဲ စတီယာတိုင်ကို ဆုပ်ကိုင်ထားမိရင်း တဒိုင်းဒိုင်းဆောင့် ခါနေသော ရင်ဘတ်ထဲမှာ သူ့ကို မနာမချင်း ရိုက်ပုတ်နေတော့မည့် ကျောက်ဆောင်ကမ်းပါးဆီ ပြေးရိုက်သော လှိုင်းလုံးများလို။
  "နေပါဦး မောင်လေးက သေချာမစုံစမ်းဘူးလား၊ သူက နောက်မိန်းမယူသွားတာလား၊ ဘယ်ရောက်သွားမှန်းမသိလို့လား"
  ရှောင်ကျန့် ချက်ချင်းမဖြေနိုင်ရှာပါ။ ပြီးမှ.....
  "ဘာပဲဖြစ်ဖြစ် သူပြန်လာမှာပါ၊ ကိုကို့ကို ကျွန်တော်က ချစ်တယ်လေ၊ ဘယ်သူတွေ ဘာပြောပြော ကိုကိုပြန်လာမှာပဲဆိုတာ သိတယ်"
  "ဖြစ်ရလေ မောင်လေးရယ်၊ ကျဲကတော့ အခု ဒီလူလာကြည့်၊ ကျဲက လုံးဝလက်မခံနိုင်ဘူး၊ အား!...ပြောရင်းနဲ့"
  "ကျဲ"
  "ဗိုက်...ဗိုက်နာလာပြီ မောင်လေးရယ်၊ ကျဲ...ကျဲ မရေတာ့ဘူး ထင်တယ်၊ မောင်လေးကို အားနာနေပါပြီ၊ ကျဲ ဒီကပဲ ဟိုဘက္ကေန ကားပြောင်းစီးတော့မယ်"
  "ကျဲ...နေဦး၊ ကျွန်တော် လိုက်ပို့မယ်"
  အမျိုးသမီးက တစ္ဖက္ကေန တံခါးဖွင့်ဆင်း၏။ ရှောင်ကျန့်က လိုက်ဆင်းကာ.....
  "ဦးချန်၊ သွားတော့ သိလား၊ သားလေးကို ကြိုပြီး သွားလိုက်တော့"
  နှစ်ယောက်သားဖေးမ၍ ဆင်းသွားကြတော့ သူ ငေးနေမိဆဲ။
  သူ သတိဝင်လာလို့ ကားတံခါးကိုဖွင့်လိုက်မိစဉ် ရှောင်ကျန့်တို့ လမ်းတစ်ဖက်ကို ဖောက်ထွက်သွားပြီး အငှါးကားတစ်စီးလည်း ရသွားပြီဖြစ်၏။ ရီပေါ် ကြွခနဲဖြစ်သွားသည့်ကိုယ်ကို ပြန်ထိုင်ချကာ တစ်ထိုင်တည်းမှာ ခိုင်မာသွားသော ဆုံးဖြတ်ချက်ဖြင့် လင်းရှဘက်ကို လှည့်၏။
  "လင်းရှ"
  "ပြောပါ...Youဘာတွေဖြစ်သွားလဲဆိုတာ မသိပေမယ့် တို့မြင်တယ်"
  တစ်ဖက်ကားပေါ်က ယောကျာ်းလေးကို စူးစိုက်ငေးကြည့်ရင်း ကြက်သေသေသွားခဲ့သော သူ့မျက်လုံးတွေ၊ အဲဒီတစ်ယောက် ဆင်းသွားတဲ့အထိ လိုက်ငေးနေတာကို လင်းရှက အံကြိတ်၍ တိတ္ဆိတ္စြာ ကြည့်နေခဲ့တာဖြစ်သည်။
  "ဟုတ်တယ်...ပြောမလို့၊ အဲဒီကောင်လေးက ရှောင်ကျန့်၊ ကိုယ့်ယောကျာ်းပဲ"
  "ဘာ!..ဘာပြောတယ်"
  ဘယ္လိုမွ မယုံနိုင်။ အဲဒီလောက်ထိ လုံးဝမထင်မှတ်ခဲ့ဘဲ ဘယ်လိုပတ်သက်ခဲ့ဖူးတာ သူပြောလာရင် ခွင့်မလွှတ်နိုင်ကြောင်းနှင့် အပြတ်အသတ်ဖဲ့ဖို့ စုဆောင်းထားသော စကားတွေဟာ ဟင်ခနဲ ပွင့်ထွက်သွားသည့် ပါးစပ်တွင်းမှ ဒလေဟာ ပြန်လည်ပြိုဆင်းကုန်ကြပြီလား။
  "ပြောချင်တာ အဲဒါပဲ လင်းရှ၊ ကိုယ် မင်းအပေါ်မှာ နွေးထွေးလို့မရခဲ့တဲ့ အဖြေက အဲဒါပဲ၊ ကိုယ့်ရင်ထဲမှာ သူရှိနေခဲ့တာ"
  စကားမဆိုနိုင်ဘဲရှိနေသည့် သတို့သမီးဝတ်စုံနှင့် လင်းရှမျက်နှာလေးကို သူ စိတ်မကောင်းစွာကြည့်၍ ကုတ်အကျႌပေါ်မှာ ထိုးထားသည့် ပန်းပွင့်ရင်ထိုးလေးကို ဖြုတ်သည်။ ဒက်ရှ်ဘုတ်ပေါ် တင်လိုက်ပြီး.....
  "မင်းရဲ့နစ်နာမှုအတွက် ကိုယ် တောင်းပန်ပါတယ်၊ ဒါပေမယ့် သူက ပိုနစ္နာခဲ့တဲ့သူ၊ သူ ကျေနပ်ဖို့ ကိုယ်သွားရလိမ့်မယ်၊ Sorry"
  ရီပေါ် မျက်နှာလွှဲပစ်လိုက်ပြီး သွားကြားထဲမှာ ဖိကြိတ်ထားသည့် ပီကေကို အပြင်သို့ ထွေးထုတ်လိုက်သည်။
  "မင်းရဲ့ သတို့သားအဖြစ်က ကိုယ် နှုတ်ထွက်ပါရစေ"
  သူ တံခါးဖွင့်လိုက်ပြီး ခြေထောက်တစ်ဖက် အပြင်မှာ ချလိုက်၏။
  "You...You အဲဒီလို လုပ်လို့ရမလား"
  သူ ချခဲ့သည့် ရင်ထိုးက သူ့ပခုံးစွန်းကို အရှိန်နဲ့ ပစ်မှန်လေသည်။ ရီပေါ် တုံ့ခနဲဖြစ်သွားပြီးမှ အပြင်ထွက်ရပ်လိုက်၏။ ထိုစဉ်မှာ သူ သတိမထားမိခဲ့သည်က နောက်က ကားလေး လမ်းကြောင်းယူပြီး ဖောက်ထွက်သွားပြီဖြစ်သည်။ ရီပေါ်က တံခါးကို သေချာပြန်ပိတ်ပေးကာ.....
  "Sorry"
  နောက်ထပ်ပြော၍ ကျောခိုင်းလိုက်သည်။ သူ ဒီဘက်လှည့်လိုက်တော့ ကားလေးမရှိတော့ပါ။ အနက်ရောင်ခေါင်မိုးစွန်းလေး ထြက္သြားတာကို မြင်လိုက်သဖြင့် သူ ပြေးလိုက်သည်။ မမီနိုင်မှန်းသိလျက်နှင့် သူ တအားပြေးလိုက်ခဲ့တာက ကားနံပါတ္ကို ဖတ်ဖို့။
  ကိုယ် မှားခဲ့တာတွေ အများကြီးပဲ ကျန့်ကျန့်ရယ်.....။
Ep-13
Coming Soon😁😁
ဝေဖန်ပေးကြပါဦး
Continuer la Lecture
Vous Aimerez Aussi
93.6K 9.6K 26
One love story. One True Pair. Or Else???
202K 18K 28
Chance 🐰မထင်မှတ်ထားသော အခွင့်​အရေး 🐰ရဲ့ S2ပါနော် ခေါင်းစဥ်ကို တအားစဥ်းစားပစ်တာ😂😂
263K 46.5K 58
ඩේ අම්මු.... නා උන්නෙයි කාදිලික්කිරේන් ❤ (පරිනත අන්තර්ගතයකි...)
108K 6.4K 44
တကယ်တော့ အချစ်ဆိုတာ စကားလုံးတွေနဲ့ လှပအောင် ပုံဖော်ထားတဲ့ အဆိပ်မီးတောက်လေး တစ်ခုပါဘဲ 🔥