အပိုင်း (က)
ဒီနေ့ဟာ Jaemin အတွက် ဝမ်းနည်းစရာကောင်းတဲ့နေ့လေးပေါ့။
အမေ ဖြစ်သူရဲ့ ဆုံးသွားတာ ၁၇ နှစ်မြောက် ဖြစ်သလို အဖေ့၏အဖိုး ဖြစ်သူ ဆုံးတဲ့ ၅နှစ်မြောက်လည်း ဖြစ်သည်။
Jaemin တစ်ယောက် မှာထားတဲ့ ပန်းစည်းလေးကို ကြည့်ရင်း ပန်းကလေးတွေ သိပ်ချစ်တတ်တဲ့ သူမအကြောင်းကို တွေးမိသည်။
၃နှစ်အရွယ်တည်းက ဆုံးသွားခဲ့သည်မို့ အမှတ်တရ များများစားစား မရှိပေမယ့် ရှိနေခဲ့တုန်းက အမှတ်တရတွေဟာလည်း ခုချိန်ထိတိုင် မှုန်ဝါးဝါး သိပ်မရှိဘဲ လတ်ဆတ်ဆဲ။
သူမဟာ Jaemin မှတ်မိသလောက် အရွယ်လေးမှာတောင် ပန်းပင်တော်တော်များများ စိုက်ပျိုးခဲ့သလို ပန်းဆိုင်လေးလည်း ဖွင့်ခဲ့ဖူးသည်။ သို့သော် သူမ ပန်းတွေကို ချစ်မှန်း သေချာမသိခဲ့။
Jaemin သိတတ်တဲ့ အရွယ်မှာ သူမရဲ့ ဒိုင်ယာရီ စာအုပ်လေး တစ်အုပ်ကို ရှာတွေ့လို့ ဖတ်မိရင်းမှ သူမဟာ ပန်းတွေကို ချစ်မြတ်နိုးသူ ဖြစ်ကြောင်း သေချာ သိခဲ့ရသည်။
ပန်းကလေးတွေ သိပ်ချစ်တတ်တဲ့ သူမ အတွက် Statice ပန်းစည်းလေး ဝယ်ခဲ့သည်။
ဒီပန်းလေးရဲ့ အဓိပ္ပါယ်ဟာ *လွမ်းဆွတ်တမ်းတခြင်း*တဲ့။
တဖြေးဖြေး နီးလာတဲ့ သူမ အနားယူရာလေး ...
ကားကို သတ်မှတ်နေရာရပ်လိုက်ပြီး စက်သတ်ကာ ကားပေါ်က ဆင်းလိုက်သည်။ Jaemin, Renjun ကို ပန်းစည်းလေး ကိုင်ခိုင်းလိုက်ပြီး ကားနောက်မှာ သိမ်းထားတဲ့ ပစ္စည်းအချိူ့ကို ထုတ်ယူလိုက်သည်။
"လာ မောင့်နောက်လိုက်ခဲ့"
စကားတစ်ခွန်းကို ပြောပြီးတာနဲ့ သူ့ရှေ့က ပစ္စည်းသယ်လို့ သွားတဲ့ Jaemin နောက်ကို RenJun တပ်ကြပ်မကွာ လိုက်ခဲ့လိုက်သည်။
Jaemin အုတ်ဂူလေး တစ်ခုရှေ့မှာ ရပ်လိုက်သည် သူသယ်ထားတဲ့ ပစ္စည်းဘူးလေးထဲက အချို့ကို ထုတ်ယူကာ အုတ်ဂူလေးရှေ့ ခင်းကျင်းလိုက်သည်။
"အူကြူး ဒါက မောင့်အဖိုးလေ .. ဘေးက မောင့်အဖွားပေါ့"
Jaemin ကန်တော့ပြီးတဲ့နောက် Renjunကို မိတ်ဆက်ပေးသည်မို့ ခေါင်းလေးငုံ့ကာ ကိုယ့်ကိုကိုယ်မိတ်ဆက်လိုက်သည်။
"အဖိုး .. ဒါ သား ကောင်လေး .. အဖိုးရဲ့ မြေးသမက်လေးပေါ့ .. ချစ်ဖို့ကောင်းတယ်ဟုတ် .. အဖိုးနဲ့ သေချာပေါက် ဆုံဖြစ်ရင် အဖိုး သူ့ကို သိပ်ချစ်မှာ "
Renjun သူ့ဘေးက အုတ်ဂူကို ငေးစိုက်ကြည့်လို့ စကားပြောနေတဲ့ Jaemin ကို တွေတွေလေး ငေးကြည့်မိသည်။
*ငိုချင်ပေမယ့် ပြုံးထားတယ် ... ပင်ပန်းပေမယ့် အဆင်ပြေချင်ယောင်ဆောင်တယ် ... သူ့နှုတ်ခမ်းက အပြုံးတွေကို ကြည့်ရင် အဆင်ပြေတယ် ထင်ကောင်းပေမယ့် သူ့ရဲ့ မျက်ဝန်းအစုံမှာတော့ ဝမ်းနည်းကြေကွဲခြင်းတွေ ပြည့်နှက်လို့*
"အဖိုး အဖွား သား အသက်ပြည့်ပြီ ဒီ့တော့ သားတို့ ခုကစပြီး နောက်ဆို တူတူ သောက်လို့ရပြီနော်"
Jaemin စကားတွေပြော ဆိုဂျူ တစ်ခွက် နှစ်ခွက် သောက်ပြီးတော့ လက်မှာ ပတ်ထားတဲ့ နာရီကို ကြည့်လိုက်သည်။ ထိုမှတဆင့် ဘေးမှာ ရှိနေတဲ့ Renjun ကို ကြည့်လိုက်သည်။
"မောင်တို့ သွားရအောင်လေ တော်ကြာ မင်းကို မတွေ့စေချင်တဲ့သူတွေ တွေ့သွားမှာစိုးလို့"
"အင်း"
အပိုင်း (ခ)
Jaemin လည်း သူမ သိပ်ကြိုက်တဲ့ ပန်းစည်းလေးကို ယူပြီး သူမ တည်ရှိရာသို့ ...
Jaemin ပန်းတွေ သိပ်ချစ်တတ်တဲ့ အမေဖြစ်သူရဲ့ အုတ်ဂူရှေ့လေးမှာ ပန်းစည်းလေးကို အသာအယာချလိုက်ကာ ကန်တော့လိုက်သည်။
Renjun ကတော့ မည်သို့ လုပ်ရမည် မသိသူမို့ ခုနက လုပ်ခဲ့သလို ခေါင်းလေးငုံ့ကာသာ အရိုအသေပေးလိုက်သည်။
ကန်တော့ပြီးလို့ ထိုင်နေတဲ့ Jaemin ဘေးကို Renjun ဝင်ထိုင်လိုက်သည်။ အူတ်ဂူမှာ ကပ်ထားတဲ့ ဓာတ်ပုံအရဆို *Jaemin ဟာ အမေဖြစ်သူနဲ့ တော်တော်တူတယ် ရှည်လျားတဲ့ မျက်တောင်လေးတွေ နှုတ်ခမ်း အစရှိသဖြင့် ပေါ့*
"ယောက္ခမရှေ့လာပြီး သားဖြစ်သူကို ငေးကြည့်နေတယ်ပေါ့"
ခပ်တိုးတိုး စကားသံဟာ နားထဲ ပျံ့လွင့်လာမှ အတွေးတွေက ပြန်လည် နိုးလာခဲ့သည်။
"အာ ... Jaemin ကလည်း"
"မဟုတ်လို့လား"
"တော်တော့ကွာ"
"အင်းပါ .. အမေ ဒါ သားကောင်လေးလေ သူ့နာမည်က Huang Renjun တဲ့ သားထက် အသက်က လပိုင်းကြီးတယ် ဒါပေမယ့် သားထက်တော့ လူကောင်သေးတယ်"
"ရား မောင် မိတ်ဆက်ပေးတဲ့ပုံကလည်း .. ဟုတ်ကဲ့ ကျွန်တော်က Renjun ပါ ... တွေ့
တာ ဝမ်းသာပါတယ် အမေ (시어머니)"
ဘေးနားက သူ့ကို ကြည့်လိုက် အုတ်ဂူလေးမှာ ကပ်ထားတဲ့ ဓာတ်ပုံလေးကို ကြည့်လိုက်နဲ့ စကားတွေ တစ်တွတ်တွတ် ပြောနေတဲ့ Jaemin။
"အမေ့အတွက် ဒီတစ်ခေါက် Static ပန်း ဝယ်လာတယ် .. သဘောကျမယ်လို့ မျှော်လင့်ပါတယ် .. ကျွန်တော် ဘာဝယ်ပေးရမလဲ မသိလို့ တစ်ပတ်လောက် သေချာရှာလိုက်ရတယ် သိလား .. Google ခေါက်လိုက် အသိဆိုင်က အန်တီကို မေးလိုက်နဲ့ ... ပန်းတွေ အများကြီး သိလိုက်ရပေမယ့် ဒီတစ်ခေါက်တော့ ဒီပန်းစည်းလေး ဝယ်ပေးချင်လို့ .. အဓိပ္ပာယ်က အများကြီး ရှိပေမယ့် ကျွန်တော် ဆိုလိုချင်တဲ့ အဓိပ္ပာယ်ကိုတော့ အမေ သိတယ်မလား .. အဲ့ အဓိပ္ပာယ်လေးအတိုင်းပဲ ကျွန်တော် အမေ့ကို အရမ်း သတိရတယ်"
နောက်ဆုံး စကားလေးကို ပြောပြီး ခေါင်းလေးငုံ့သွားတဲ့ Jaemin ရဲ့ လက်ကို Renjun ဆုပ်ကိုင်လိုက်သည်။
Renjun ရင်ခွင်သေးသေးလေးထဲ ဝင်လို့ ငိုနေတဲ့ Jaemin ဟာ ကလေးလေး တစ်ယောက်လို ငိုရှိုက်နေသည်။ ကျောပြင်လေးကို ခပ်ဖွဖွလေး ပုတ်ပေးရင်း သူအဆင်ပြေစေဖို့ အနည်းငယ် မျှော်လင့်မိသည်။
ရုန်းထွက်ဖို့ ပြင်နေတဲ့ Jaemin ကို Renjun တိုးဖက်ပြီး ဆံနွယ်လေးကို ခိုးနမ်းလိုက်သေးသည်။
"စိတ်ထဲ မတင်းထားပါနဲ့ ငိုချင်ရင် လွတ်လွတ်လပ်လပ် ငိုပါ .. ခုရက်ပိုင်းလည်း အရမ်းပင်ပန်းခဲ့ရတယ်မလား .. ပြီးတော့ မင်း အရမ်းလည်း လွမ်းနေမိတယ်မလား .. သူများတွေရှေ့မှာ ဟန်ဆောင်ပြုံးနေပေမယ့် ငါ့ရှေ့မှာတော့ စိတ်ထဲကအတိုင်း နေပေးပါ"
"အင်း ကျေးဇူးပါ အူကြူး"
"ကျေးဇူးတင်စရာမလိုပါဘူး ငါက မင်းချစ်သူပဲလေ ဒါပေမယ့် ငါ ဒီစကားလေးကို မင်းပြောရင် သဘောကျတာလည်း မငြင်းချင်ဘူး"
"အူကြူးပဲ အမျိုးမျိုး"
"ဟီး"
ဒီလိုနဲ့ Jaemin တို့ နှစ်ယောက်လည်း နေ့လည်စာ စားချိန်ကျော်လောက်မှ ပြန်လာခဲ့ကြသည်။
အပိုင်း (ဂ)
Injun တို့ ကျောင်းက အရင်ဖွင့်သည်မို့ ကျောင်းတက်နေရပြီဖြစ်သည်။
မနက်ခင်း ဖုန်းသံကြောင့် Injun အိပ်ပျော်နေရာမှ နိုးလာခဲ့သည် မျကိလုံးမပွင့်ဘဲ ဖုန်းကို လက်ဖြင့် စမ်းကာ လှမ်းယူလိုက်သည်။
(Injun ahh)
"အင်း Nono ပြော"
(ကျောင်းသွားရမယ်မလား ကိုယ်လာခေါ်မယ်လေ)
"ဒီနေ့ ကျောင်းမသွားဘူး Nono"
(ဘာဖြစ်လို့လဲ မဟုတ်မှလွဲရော ဖျားနေတာလား)
"အင်း"
(ဆေးသောက်ထားလား တစ်ခုခုရော စားထားလား)
"မသောက်ရသေးဘူး ခုမှ မင်းဖုန်းဆက်လို့ နိုးတာ"
(အဲ့လိုလား ကိုယ်အခု လာခဲ့မယ် မင်းစားဖို့ တစ်ခုခု လုပိခဲ့မယ် ဆေးလည်း ဝယ်ခဲ့မှာမ်ု့ ပြန်အိပ်နေလိုက်လေ)
"အာ ရပါတယ် အလုပ်တွေ ရှုပ်နေမယ်"
(မရှုပ်ပါဘူး ဒါဆို ဒါပဲနော် ပြန်အိပ်နေ ကြားလား)
"အင်းပါ"
Injun လည်း ဖုန်းချပြီးတဲ့နောက် တစ်ဖက်လှည့်ကာ ပြန်အိပ်နေလိုက်သည်။ မျက်လုံးလည်း မဖွင့်ချင်သလို ဖွင့်လည်းမဖွင့်နိုင် တစ်ကိုယ်လုံးလည်း နာကျင်ကိုက်ခဲနေသည်။
Jeno လည်း PW ဖွင့်ကာ Injun တို့အိမ်ထဲ ဝင်ခဲ့လိုက်သည် Renjun ကတော့ Jaemin နဲ့အတူ အလုပ်ကိစ္စ ခရီးသွားနေသည်။
Jeno အိမ်ထဲရောက်တော့ တံခါးကို သေချာပြန်ပိတ်ပြီး အမေ ကြိုပေးလိုက်တဲ့ ဆန်ပြုတ်ကို ပန်းကန်ထဲ ထည့်လိုက်သည်။ဂပြီးတော့ ကွေကာအုပ်တစ်ခွက် ဖျော်ကာ ဝင်ဝယ်လာသော ဆေးထုပ်ကို ယူပြီး Injun အခန်းထဲ ဝင်လာခဲ့လိုက်သည်။
Jeno အခန်းထဲရောက်တာနဲ့ စားပွဲလေးပေါ် ဆန်ပြုတ် ကွေကာအုပ် နဲ့ ဆေးထည့်လာသော ဗန်းကို ဖြေးညှင်းစွာ ချလိုက်သည်။ အခန်းထဲ ဝေ့ဝဲကြည့်ရင်း Injun ဗီရိုကို တွေ့တော့ ဗီရိုကို ဖွင့်ကာ လက်ကိုင်ပုဝါတစ်ထည် ထုတ်လိုက်သည်။
ရေချိုးခန်းထဲဝင်ကာ ဇလုံထဲ ရေထည့်လိုက်သည်။ အခန်းထဲ ပြန်ရောက်တော့ စားပွဲရဲ့ လွတ်နေတဲ့ နေရာလေးကို ဇလုံတင်လိုက်ပြီး ရေထဲသို့ လက်ကိုင်ပုဝါကို နှစ်လိုက်သည်။
ခေါင်းအုံးကို မျက်နှာကို ဖုံးဖိလို့ အိပ်နေတဲ့ Injun ဘေး ဝင်ထိုင်လိုက်ရင်း ဖုံးထားသည့် မျက်နှာလေးမှ ခေါင်းအုံးကို ဖယ်ကာ ကိုယ်ပူတိုင်းကြည့်လိိုက်သည်။ ထိုအခါမှ Injun လည်း နိုးလာခဲ့သည်။
"Jeno ? ရောက်တာကြာပြီလား"
"အင်း ဆယ်မိနစ်ကျော်လောက်တော့ ကြာပြီ ခဏလောက် ထပါလား ဆေးသောက် ပြီးမှ ပြန်အိပ်လေ"
"အင်း"
"ကိုယ်ပြောသားပဲ မိုးရေထဲ အကြာကြီး မဆော့ပါနဲ့ဆို"
Jeno သူ့ကိုယ်ကို လာမှီနေတဲ့ Injun ခေါင်းလေးကို အသာအယာ ပွတ်ပေးရင်း ပြောလိုက်သည်။
"တစ်ခါတစ်လေ ဆော့တာကို"
"ခုတော့ ဖျားနေပြီမလား ကျောင်းရော ခွင့်တိုင်ပြီးပြီလား"
"အင်း ခုနက ဖုန်းလှမ်းဆက်ထားပြီးပြီ"
"မျက်နှာသစ်ဦးမလား"
"အင်း"
Injun လည်း ရေချိုးခန်းထဲ ဝင်ကာ မျက်နှာသစ်ပြီးနောက် ကုတင်ပေါ် ပြန်ထိုင်လိုက်သည်။ ချွေးတွေ ရေတွေ စိုနေတဲ့ အကျီကို လဲပြီးတဲ့နောက် Jeno ခွံ့ကျွေးသည့် ဆန်ပြုတ်ကိုစားကာ ဆေးသောက်ပြီး ပြန်လဲအိပ်လိုက်သည်။
Jeno ကတော့ သူ့ဘေးမှာ ထိုင်ပြီး ရေစိုဝတ်ကို ရေထဲနှစ်လိုက် ရေညှစ်လိုက် နဖူးပေါ် ကပ်ပေးလိုက်နှင့် အလုပ်ရှုပ်နေလေသည်။
အပိုင်း (ဃ)
နှစ်ခြိုက်စွာ အိပ်ပျော်နေတဲ့ Injun ကို အိပ်ခန်းထဲ ထားခဲ့ပြီး မီးဖိုချောင်ထဲ ဘာချက်ထားပေးရမလဲ ဆိုပြီး ပြာယာခတ်နေလေသည်။ ထိုအချိန် Jeno အတွက် ကယ်တင်ရှင်အဖြစ် Renjun ရောက်လာခြင်းက ကံကောင်းမှု တစ်ခုဟု ဆိုရမည်။
ကြက်သား နည်းနည်း ဝယ်လာခဲ့ပေမယ့် ကြက် စွပ်ပြုတ် လုပ်ပေးဖို့ မည်သို့ မည်ပုံ လုပ်ရမည် မသိ ဖုန်းထဲက ရှာကာ ကြည့်ပြီး လုပ်မယ်ဆိုတော့လည်း မလုပ်တတ်။
Renjun ရောက်လာတော့ အကျိုးအကြောင်း ရှင်းပြလိုက်တာနဲ့ မီးဖိုချောင်ထဲ သူချထားသည့် ကြက်သားကို ရေဆေး ခုတ်ထစ်ကာ လိုအပ်သည့် ဟင်းချက်ပစ္စည်းများနှင့် နယ်ကာ ရေထည့်လို့ ချက်ထားလိုက်သည်။
Jeno ထိုင်နေတဲ့ စားပွဲရှေ့ကို ရေဆေးပြီး ရောက်လာတဲ့ RenJunကို လက်သုတ်ဖို့အတွက် Jeno လက်သုတ်ပုဝါ လှမ်းပေးလိုက်သည်။ Renjun လည်း လက်သုတ်ရင်း ထိုင်ခုံတစ်ခုံ၌ ထိုင်လေသည်။
"ကျေးဇူးပဲ Renjun ရေ မင်းသာ ရောက်မလာရင် ငါဘယ်လိုလုပ်ရမလဲ မသိဘဲ အဲ့ဒါတွေ ရေခဲသေတ္တာထဲ ပြန်ထည့်ထားမိမှာ"
"အင်း ရပါတယ် ဒါနဲ့ အငယ်က ဘယ်လိုဖြစ်တာလဲ"
"ဟိုတစ်နေ့က သူ့သူငယ်ချင်းတွေနဲ့ မိုးရေထဲ ဘောလုံးကန်တာ အချိန်ကြာသွားလို့ နေမယ်"
"အဲ့ကလေး မိုးရေထဲ အကြာကြီး နေပြန်ပြီပေါ့"
"အင်း ငါလည်း ပြောပါသေးတယ်"
"အေး ငါသိပါတယ် အဲ့ကလေးက မိုးရေထဲ ဆော့ရပြီဆို တော်ရုံ မရပ်တော့ဘူး ဟိုနေ့ကလည်း မိုးအရမ်းသည်းတာကို"
"အင်းဆို ငါ ခုနက ဆေးတိုက်ရင်း ဆူလိုက်သေးတယ်"
"မင်းက သူ့ကို ဆူမယ်တဲ့လား Jeno ရယ်"
Renjun က Jeno ကို ကြည့်ရင်း မဲ့ကာ ပြောလိုက်သည်။
"ဆူပါတယ် မင်းကလည်း"
"တော်စမ်းပါကွာ ဒါနဲ့ မင်းရော နေ့လည်စာ ဘာစားပြီးပြီလဲ"
"ဟင့်အင်း ခဏနေမှ တစ်ခုခု မှာစားမလားလို့"
"မှာ မနေနဲ့တော့ ရေခဲသေတ္တာထဲမှာ ဟိုတစ်လောက ဝယ်ထားတဲ့ အသား နည်းနည်း ကျန်သေးတယ် ပြီးတော့ ဟင်းသီးဟင်းရွက်တွေလည်း ရှိသေးတယ် ဆိုတော့ ထမင်းပေါင်း လုပ်လိုက်မယ်"
"မင်းလည်း ပင်ပန်းနေဦးမယ် Renjun"
"ရတယ် ကိစ္စမရှိပါဘူး မင်းက အရွက်တွေတော့ ဝိုင်းလှီးပေး ဘယ်လိုလှီးရမလဲ ငါပြမယ်"
"ကောင်းပြီလေ"
ထိုအချိန် အရှေ့တံခါးဆီမှ ခေါင်းလောင်းသံ ထွက်ပေါ်လာခဲ့သည်။
"Jaemin ထင်တယ် ငါသွားဖွင့်ပေးလိုက်ဦးမယ် Jeno"
"အင်းအင်း သွား"
Jeno လည်း ရေခဲသေတ္တာထဲမှာ အရွက်တွေ ထုတ်လိုက်သည်။ Renjun ကတော့ Jaemin ကို ခေါ်လာပြီး မီးဖိုခန်းထဲ ပြန်ဝင်လာခဲ့သည်။
"Injun hyung ရော အူကြူး"
"အငယ် ဖျားနေတယ်တဲ့ ခု အိပ်နေတယ် မနိုးသေးဘူး"
"အင်း"
"ရော့ ရေအရင်သောက်ဦး .. ကုတ်ကိုလည်း ချွတ်ထားဦး ပူတယ် ပြီးရင် လက်ဆေးပြီး နေ့လည်စာ ချက်ဖို့အတွက် Jeno နဲ့ အတူတူ ဟင်းရွက် ဝိုင်းကူလှီးပေးနော်"
"အင်းအင်း ဖြေးဖြေးပြောပါကွာ တော်ကြာ မောနေဦးမယ် မောင် ကူပေးပါ့မယ်"
အပိုင်း (င)
Renjun တို့ ချက်ပြုတ်ပြီးခါနီးအချိန်မှာ Injun အိပ်ခန်းထဲက ထွက်လာကာ မီးဖိုခန်းထဲ ဝင်လာခဲ့သည်။
"နိုးလာပြီလား သက်သာရဲ့လား"
Renjun, Injun ကို လှမ်းကြည့်ကာ မေးလိုက်သည်။
"အင်း သက်သာတယ်။ ဘယ်တုန်းက ပြန်ရောက်နေတာလဲ"
"ကြာပြီ Jaeminကတော့ ခုနကမှ"
"ဗိုက်ဆာတယ်"
Injun, Renjun လက်ကို ကိုင်ကာ ပြောလိုက်သည်။
"ကြက်စွပ်ပြုတ်သောက်လေ လုပ်ထားပေးတယ်"
"ဟင့်အင်း ထမင်းပေါင်း လုပ်နေတာမလား အဲ့တာပဲ စားချင်တယ်"
"မစားရပါဘူး ကိုယ်က ပူနေသေးတာကို"
Renjun သူ့ညီလေးကို ကိုယ်ပူစမ်းကာ ပြောလိုက်သည်၊
"ကြကိစွပ်ပြုတ်လည်း သောက်မယ် ဒါလည်း စားမယ်လေနော် ဆေးလည်း သောက်မယ်လေ"
"ငါ ဘယ်လိုဆက်ပြောပြော မင်းက မစားဘဲ နေမှာ မို့လို့လား အများကြီးတော့ မစားရဘူးနော်"
"အင်း"
ပြုံးကာ ပြောလာတဲ့ Injun ကို Renjun ခေါင်းလေး ခပ်ဖွဖွ ပုတ်ပေးရင်း ထိုင်ခုံကို ညွှန်ပြကာ ထိုင်ခိုင်းလိုက်သည်။
"ကဲ သွားထိုင်နေတော့"
"အင်း"
အစက ဆူမလို ဟန်ပန်တွေနဲ့ ပြောနေပြီး နောက်ဆုံးကျ ညီကို အလျော့ပေးလိုက်ပြန်တဲ့ Renjun ကို ကြည့်ရင်း Jeno နဲ့ Jaemin စကားခပ်တိုးတိုးပြောကာ ရယ်မိကြသည်။
"မင်းတို့ နှစ်ယောက်က အလုပ်မလုပ်ရတော့တာနဲ့ ငါတို့ကို ကြည့်ပြီး ရယ်နေကြတာပေါ့"
Jeno နဲ့ Jaemin ကို Injun စိုက်ကြည့်ကာ လက်နှစ်ဖက်ပိုက်လို့ ပြောလိုက်သည်။
"မဟုတ်ပါဘူး"
Jeno က ပြုံးနေသည်ကို ရပ်လိုက်ပြီး Injun ကို ကြည့်ကာ ပြောလိုက်သည်။ ဘေးက Jaemin ကတော့ ခုနကလောက် မရယ်တော့ပေမယ့် ပြုံးစိစိ မျက်နှာပေးနဲ့။
"ကဲ ထားလိုက်ပါတော့ ငယ်လေးရယ် ဗိုက်အရမ်းဆာနေရင် ကြက်စွပ်ပြုတ် နည်းနည်းလောက် သောက်ထား အရွက်တွေက နူးဖို့ နည်းနည်းလိုသေးတော့ ဗိုက် အရမ်း ဆာနေမှာစိုးလို့"
Renjun လက်ထဲက သယ်လာတဲ့ ကြက်စွပ်ပြုတ် ပန်းကန်လုံးလေးကို Injun ရှေ့ ချပေးရင်း ကြားဖြတ်ကာ ပြောလိုက်သည်။
"နောက် အပတ် ပိတ်ရက်လောက်ကျရင် ကျွန်တော် ဂျယ်ဂျူးကျွန်းဘက် သွားစရာရှိလို့ လိုက်ကြမလား"
ထမင်းပေါင်း စားနေရင်းမှ Jaemin မေးလိုက်သည်။
"မင်း အတန်းဖျက်ရမှာပေါ့ Jaemin"
Renjun, Jaemin ကို လှမ်းကြည့်ရင်း ပြောလိုက်သည်။
"အင်း ကိစ္စမရှိပါဘူး အဟောင်းတွေပဲ ပြန်ရှင်းပြဦးမှာ လိုက်မလား"
"ငါတို့ရော ပါတာလား"
Injun, Jaemin ကို ကြည့်ရင်း မေးလိုက်တော့ Jeno ကပါ ခေါင်းညိတ်ပြကာ ဟုတ်လား ဆိုပြီး ကြည့်လာသည်။
"အင်း ပါတယ်လေ"
"သွားကြမလား Ge"
"ငယ် သွားချင်လို့လား"
"အင်း"
"ဒါဆိုလည်း သွားကြမယ်လေ"
"Markeu hyung တို့အတွဲနဲ့ Chenji အတွဲကိုရော မခေါ်တော့ဘူးလား Renjun"
Jeno လည်း Renjun ဘက်လှည့်ကာ မေးလိုက်ပြန်သည်။
"Haechan တို့က နောက်နှစ်ပတ်လောက်မှ ပြန်ရောက်မယ်တဲ့ chenjiက တရုတ် သွားလည်တယ်ဆို"
"အာ ဟုတ်သားပဲ ငါမေ့နေတာ"
"အင်း"
"ဒါဆို လိုက်ကြမယ်မလား ကျွန်တော် စီစဥ်စရာရှိတာ စီစဥ်ရအောင်"
Jaemin ရဲ့ အဆုံးသတ် အမေးမှာ ကျန်တဲ့ သုံးယောက်က ခေါင်းလေးညိတ်လို့ လိုက်မည်ဖြစ်ကြောင်း အသိအမှတ်ပြုကြလေတော့သည်။
A/N - Happy Birthday To Our Jaeminnie 🎂 တွေ့ဆုံခွင့်ပေးခဲ့တဲ့ ကံကြမ္မာကို ကျေးဇူးတင်ပါတယ်။ ကျန်းကျန်းမာမာနဲ့ နှစ်တွေ အကြာကြီးထိ အတူတူရှိနေကြချင်ပါတယ်။ တစ်ခါမကသော အကြိမ်ပေါင်းများစွာနဲ့ တွေ့ဆုံချင်ပါတယ်။ အောင်မြင်မှုတွေများစွာကို ဆက်လက် ရရှိပိုင်ဆိုင်နိုင်ပါစေ ကောင်လေးရေ။ အရာအားလုံးအတွက် ကျေးဇူးတင်ပါတယ်။ 사랑해요 제민 ♥
ပန်းအကြောင်းက fb က Flowers ဆိုတဲ့ page လေးကနေ ယူထားတာပါလို့ crd. ပေးပါတယ်နော် 💚