သဏ္ဍာန်ဆန်း

By Saung_Nay_Chi

2.9M 318K 11.9K

(U&Z) သူဟာ အဆုံးမရှိတဲ့ လွတ်​လပ်​ခြင်း​တွေနဲ့ ငါတို့ရဲ့ မနက်ဖြန်တိုင်းကို ပျော်ရွှင်စေတဲ့ သူ ...။ သူက သိပ်ကို... More

Author's note
intro
P_1 (U)
P_2 (U)
P_3 (U)
P_4 (U)
P_5 (U)
P_6 (U)
P_7 (U)
P_8 (U)
P_9 (U)
P_10 (U)
P_11 (U)
P_12 (U)
P_13 (U)
P_14 (U)
P_15 (U)
P_16 (U)
P_17 (U)
P_18 (U)
P_19 (U)
P_20 (U)
Trekking photo
P_21 (U)
P_22 (U)
Paintball game photo
P_23 (U)
P_24 (U)
P_25 (U)
P_26 (U)
P_27 (U)
P_28 (U)
P_29 (U)
P_30 (U)
P_32 (U)
P_33 (U)
P_34 (U)
P_35 (U)
P_36 (U)
P_37 (U)
P_38 (U)
P_39 (U)
P_40 (U)
P_41 (U)
P_42 (U)
ဥတ္တရအလင်းတန်း (Northern Light)
P_43 (U)
P_44_Ending (U)
thank you all my lovely reader
(Extra _ 1) U
(Extra _ 2) U
(Extra _ 3) U
လင်းရဝေ ❤ သုတဟန်
💛 Book Cover 💛
P_1 (Z)
P_2 (Z)
P_3 (Z)
P_4 (Z)
P_5 (Z)
P_6 (Z)
P_7 (Z)
P_8 (Z)
P_9 (Z)
P_10 (Z)
P_11 (Z)
P_12 (Z)
P_13 (Z)
P_14 (Z)
P_15 (Z)
P_16 (Z)
P_17 (Z)
P_18 (Z)
P_19 (Z)
P_20 (Z)
P_21 (Z)
P_22 (Z)
P_23 (Z)
P_24 (Z)
P_25 (Z)
P_26 (Z)
P_27 (Z)
P_28 (Z)
P_29 (Z)
P_30 (Z)
P_31 (Z)
P_32 (Z)
P_33 (Z)
P_34 (Z)
P_35 (Z)
P_36 (Z)
P_37 (Z)
P_38 (Z)
P_39 (Z)
P_40 (Z)
P_41 (Z)
P_42 (Z)
P_43 (Z)
P_44_Ending (Z)
(Extra_1) Z
(Extra_2) Z
(Extra_3) Z
(Extra_4) U
(Extra_4) Z
💛Happy New Year (မိုင်းဆန်း) Unicode💛
💛 Happy New Year (မိုင်းဆန်း) Zawgyi💛
New fic 💛
(Resell ပြဿနာ)
"သဏ္ဍာန်" နဲ့ "သဏ္ဌာန်"
"သဏ္ဌာန်ဆန်း" sec ver book details

P_31 (U)

38.5K 4.8K 198
By Saung_Nay_Chi

စီနီယာတစ်ယောက်နဲ့ ဂျူနီယာတစ်ယောက်။
မေဂျာတူပေမယ့် အတန်းတော့ ကွဲပါ၏။ တချိန်လုံး တတွဲတွဲလုပ်နေလို့ မရကြပေမယ့် တကူးတကတော့ တွေ့ဖြစ်ကြသည်။
အထူးသဖြင့် နေ့လည်စာ စားချိန်တွေဆိုရင် ပုံမှန်ဆုံဖြစ်ကြလေသည်။ အခုလည်း သဏ္ဍာန်ဆန်းနဲ့ သုတဟန်တို့ ကန်တင်းမှာ နှစ်ယောက်ထဲ နေ့လည်စာ စားနေကြတာဖြစ်သည်။

"စီနီယာ လင်းရဝေ ကျွန်တော့်ဆီ မနေ့ကရောက်လာသေးတယ် ..."

"ငါတို့တတွဲတွဲ လုပ်နေတာ သုံးရက်လောက်ရှိပြီဆိုတော့ သူတို့လည်း ဒါကို သတိထားမိနေပြီ ...မင်းကိုသူ ဘာလာပြောသေးလဲ ..."

"ဘာလို့ သဏ္ဍာန်ဆန်းနဲ့ တတွဲတွဲ လုပ်နေတာလဲတဲ့ ...မင်းကြောင့် ထိခိုက်သွားတဲ့ နှစ်ယောက်အတွက် စိတ်မကောင်းပါဘူး အားနာမိပါတယ် ဆိုပြီးတော့ ဒါက ဘာသဘောလဲတဲ့ ...သူတို့နှစ်ယောက်ကြားမှာ ဝင်နှောက်ယှက်နေတာလားတဲ့ ...ပြောတာတော့ အများကြီးပဲ ...ကျွန်တော့်ကို လာသတိပေးသွားတာ ..."

"မင်း ဘာပြန်ပြောလိုက်လဲ ..."

"စီနီယာ ပြောခိုင်းထားသလိုပဲ ပြန်ပြောလိုက်တယ်လေ ...ကျွန်တော့်အမှားအတွက် တောင်းပန်ရင်း စီနီယာ သဏ္ဍာန်ဆန်းနဲ့ သူငယ်ချင်းတွေ ဖြစ်သွားကြတာပါလို့ ...အဲ့ဒါကြောင့် ဆုံဖြစ် တွဲဖြစ်ကြတာပါလို့ ..."

လင်းရဝေတို့ သုံးယောက်က ဆန်းဆီလည်း ရောက်လာပါသေးသည်။

"ဆန်း မင်းအဲ့ဒီ့ကောင်လေးနဲ့ ဘာလို့ ခဏခဏတွဲနေတာလဲ ..."

"ခင်ဖို့ကောင်းလို့ တွဲနေတာပေါ့ ..."

ကောင်းသစ်လွင်ရဲ့ မေးခွန်းကို ဆန်းက မထိတထိ ပြန်ဖြေလိုက်သည်။

"နင်လိုလူက ဘယ်တုန်းက လူတွေကို လွယ်လွယ်ခင်တတ်သွားတာလဲ ...အခုမှတွေ့တာ မကြာသေးတဲ့ လူတစ်‌ယောက်ကိုလေ ..."

နီနီက မယုံသင်္ကာနှင့် ပြောလာခဲ့သည်။

"ငါခင်ချင်လို့ ခင်တာ... ငါတွဲချင်လို့ တွဲနေတာ ...အဲ့ဒါ ငါ့သဘောပဲ ..."

"သူက မင်းကို ကြိုက်နေပါတယ်ဆိုပြီး ပြောထားဖူးတဲ့သူနော် ...အဲ့လိုလူနဲ့ တတွဲတွဲ လုပ်နေတာက သူ့ကိုမျှော်လင့်ချက် ပေးသလို ဖြစ်မနေနိုင်ဘူးလား ဆန်း ..."

လင်းရဝေစကားကို ဆန်းက ခေါင်းခါပြလိုက်ပြီး ...

"အဲ့ဒါတွေ ငါမသိဘူး ...ဂရုလည်းမစိုက်ဘူး ...ငါ့အပေါ် ကောင်းတဲ့သူမို့လို့ ငါတွဲနေတာ... ဒီလောက်ပဲ ...သူငါ့ကို မျှော်လင့်နေတယ်ဆိုရင်လည်း ငါစိတ်ဝင်စားလာတဲ့ တစ်နေ့ကျရင် သူ့ကို ပြန်လက်ခံချင် လက်ခံဖြစ်မှာပေါ့ ..."

"သဏ္ဍာန်ဆန်း မင်း အဲ့လိုလုပ်လို့မရဘူးလေ ..."

"ဘာလို့ လုပ်လို့မရသလဲ ...ငါ့ခံစားချက်တွေက ငါ့အပိုင်ပဲ ဘယ်သူ့ကိုပဲဖြစ်ဖြစ် ပေးခွင့်ရှိတယ် ..."

ဆန်းက တမင်ဒီစကားတွေကို ပြောခဲ့သည်။ မိုင်းရဲ့ နားတွေဟာ ဒီသုံးယောက်ပဲ မဟုတ်လား။ သူ့ကို စောင့်ကြည့်ဖို့ လွှတ်ထားတဲ့ သူတွေပဲလေ။

"နင့်ကိုယ်နင် လိမ်မနေနဲ့ ဆန်း... နင် မိုင်းကို ချစ်နေပြီဆိုတာ ငါတို့အားလုံးသိတယ် ..."

"နင်တို့ သိပေမယ့် သူမသိဘူး ...သူမသိလို့ ငါ့ကို ဒီလိုပစ်ထားတာပေါ့ ..."

ဆန်း ပြန်အော်ပြောလိုက်မိပါသည်။ သွေးအေးတတ်တဲ့လူက ဒီကိစ္စနဲ့ ပတ်သက်ရင် စိတ်ဆတ်နေခဲ့ပြီမို့။

"ငါတို့တောင်သိတာ ...သူမသိဘဲ နေမလား ဆန်းရယ် ..."

"အဲ့ဒါဆို ဘာလုပ်တာလဲ ...ငါ့ကို ကစားနေတာလား ...ငါက အဲ့ဒီ့လောက်တောင် လွယ်နေလို့လား ..."

"မဟုတ်ဘူးလေကွာ ...အခုက မိုင်းမှာ ကိစ္စလေးတွေ ရှိနေလို့ပါ ..."

"ဘာကိစ္စလဲ ...ဘာကိစ္စပဲဖြစ်ဖြစ် ငါ့ကို အသိပေးသင့်တယ် မဟုတ်ဘူးလား ...ပြောတော့ ချစ်တယ်ဆို ဘာချစ်တာလဲ ..."

"ချစ်လို့ မင်းကို မပြော ..."

ကောင်းသစ်လွင် စကားက တဝက်နဲ့တင် ရပ်သွားခဲ့ပြီး ...

"ဒီကိစ္စက မိုင်းပဲ တိတိကျကျ ဖြေရှင်းပြနိုင်လိမ့်မယ် ...ငါတို့က ကြားကနေ ဝင်ဖြေလို့ မရဘူး ဆန်း ..."

"မျက်နှာချင်းဆိုင် တွေ့ဖို့တောင် ခက်ခဲနေတဲ့ သူဆီကနေ ဘယ်ဖြေရှင်းချက်ကို ငါက မျှော်နေရဦးမှာလဲ ..."

"မိုင်းက မင်းကို သိပ်ချစ်တယ် သူဘယ်တော့မှ မင်းကိုလက်လွှတ်မှာ မဟုတ်ဘူး ငါတို့ပြောနိုင်တာက ဒီလောက်ပဲ ...ပြီးတော့ သုတဟန်နဲ့ မင်းသိပ်မတွဲပါနဲ့ ဆန်း ...မိုင်းသိရင် ဘာတွေ ဖြစ်မလဲဆိုတာ မင်းမသိလို့လား ..."

"ဘာမှ မဖြစ်ပါဘူး ...မဖြစ်လို့ပဲ သူငြိမ်နေတာပေါ့ ..."

"သူငြိမ်နေတာ မဟုတ်ဘူး သူမသိသေးတာ ...ငါတို့က တမင်သူ့ကို ဘာမှပြန်မပြောပြသေးတာ ..."

သူ့အဖေကိစ္စနဲ့တင် စိတ်ရှုပ်နေရသူကို သုတဟန်နဲ့ တွဲ‌နေတဲ့ အကြောင်းကိုပါ သတင်းပို့ဖို့ သူတို့မလုပ်ရဲကြ။ မိုင်းအကြောင်း သူတို့သာ အသိဆုံးပါ။ ပြီးတော့ ဆန်းကလည်း အခုကျမှ ဘာတွေ ဖြစ်နေသည်မသိ။ စိတ်ဆတ်ပြီး သူတို့ကိုတောင် စကားကောင်းကောင်း ပြန်မပြောတော့ပေ။
ခက်သည်။ မိုင်းကလည်း မိုင်း။ ဆန်းကလည်း ဆန်း။

"စီနီယာ ကျွန်တော်တို့ တတွဲတွဲလုပ်နေတာ သုံးရက်လောက်ရှိနေပြီ ဘာမှသိပ်မထူးသလိုပဲနော် ..."

"ဘာကိုမထူးတာလဲ ..."

"ကျွန်တော်ထင်တာက စီနီယာ ဆီဇာနေရဇ္ဇ ကျွန်တော့်ဆီကို ရောက်လာပြီး ပြဿနာရှာမယ်ထင်နေတာ ...ဒါပေမယ့် သူအခုထိ လုံးဝရောက်မလာဘူးလေ ..."

"မိုင်းက မင်းကို အဲ့လို ပြဿနာလာရှာလိမ့်မယ်လို့ ဘာလို့ထင်နေတာလဲ ...ဒီကျောင်းမှာ မိုင်းရဲ့ imageက လူချစ်လူခင်များပြီး သဘောထားကြီးတဲ့ typeမျိုးပဲလေ ..."

"မဟုတ်ဘူးလေ စီနီယာရဲ့ ...ဘယ်လောက်ပဲ သဘောထားကြီးပါစေဦး သူချစ်နေတဲ့သူနဲ့ လာပတ်သက်နေတဲ့ ကျွန်တော့်ကို အကောင်းမြင်နိုင်ပါ့မလား ...အရင်ကဆို သူက ကျွန်တော့်ကို စကားတွေနဲ့တောင် သတိပေးဖူးသေးတယ် ...
စီနီယာ့အနားကို မကပ်ဖို့ပေါ့ ...အဲ့တုန်းက စီနီယာ့ရဲ့ ဖုန်းနံပါတ်လေး တောင်းမိတာပဲရှိသေးတာ...အခုလိုမျိုး တွဲသွားတွဲလာတောင် မလုပ်ဖူး‌သေးဘူးလေ..."

"သူတကယ် ပြဿနာလာရှာရင် မင်းဘယ်လိုလုပ်မလဲ မင်းသူ့ကို မကြောက်ဘူးလား ..."

"ဟင့်အင်း မကြောက်ပါဘူး ...ဒါပေမယ့် စိုးရိမ်တာတော့ ရှိတယ် ...ကျွန်တော်က ကူညီဖို့ လုပ်နေတာဆိုပေမယ့် အကူအညီမဖြစ်မှာကိုပဲ စိုးရိမ်မိတာ ..."

"မင်းသူ့အကြောင်း မသိသေးလို့ပါ ...သူက ဘယ်လောက်တောင် ကြောက်ဖို့ကောင်းလဲဆိုတာကို..."

ဆန်းက စကားပြောရင်းနဲ့ တစ်နေရာကို အမှတ်တမဲ့ အကြည့်ရောက်သွားမိလေသည်။

"စီနီယာ ဆီဇာနေရဇ္ဇက အဲ့လောက်တောင် ကြောက်ဖို့ကောင်းလို့လား ...သူက အရမ်းသဘောကောင်းတဲ့သူလို့ သတင်းတွေ ကြားဖူး..."

သုတဟန် စကားက ပြောလက်စမှာတင် ရပ်သွားရသည်။ အကြောင်းက ဆန်းသည် သူ့ရဲ့ ပန်းကန်ထဲကို ဟင်းတချို့ ခပ်ထည့်ပေးလာသည်မို့။

"မအံ့ဩနဲ့ တည်တည်ငြိမ်ငြိမ်နေ ...ကန်တင်းထဲမှာ မိုင်းရောက်နေပြီ ..."

"ဟင် ဘယ်မှာလဲ ..."

"လိုက်မရှာနဲ့ ပုံမှန်အတိုင်းပဲနေ ..."

ခေါင်းကိုလှည့်ပြီး လိုက်ရှာဖို့ ပြင်နေမိတဲ့ သုတဟန်က ဆန်းရဲ့ စကားကြောင့် မလှည့်ဖြစ်တော့ပေ။

"မိုင်းက အရမ်းလည်တယ် ...မင်း သရုပ်ဆောင်မယ်ဆိုရင် ပီပြင်မှရမယ် ..."

"ဟုတ် ..."

ဆန်းတို့ရှိနေတဲ့ နေရာနဲ့ မိုင်းရှိနေတဲ့ နေရာက အတော်လှမ်းပါ၏။ မိုင်းက သူတစ်ယောက်ထဲတော့ မဟုတ်ပါ။ လင်းရဝေနဲ့ ကောင်းသစ်လွင်ကိုပါ ခေါ်ပြီး နေ့လည်စာ လာစားပုံရသည်။ နီနီ့ကိုတော့ မမြင်မိပေ။
နောက်ဆုံးတော့ မျက်စိရှေ့ကို ရောက်လာတာ ဒီလိုပုံစံမျိုးနဲ့လား။ အခုထိ သူ့ဆီတိုက်ရိုက် ရောက်လာဖို့ မကြိုးစားဘူးပေါ့။ ရတယ်လေ။ မင်း ဘယ်အချိန်ထိ အဝေးမှာ နေနေနိုင်မလဲ ကြည့်ရသေးတာပေါ့ မိုင်းရယ်။

"သုတဟန် မင်းနှုတ်ခမ်းထောင့်မှာ ပေနေပြီ ..."

"ဗျာ ...ဟုတ်လား ...ဘယ်နားမှာလဲ စီနီယာ ..."

"နေနေ ငါသုတ်ပေးမယ် ..."

ဘာမှပေမနေသော သုတဟန် နှုတ်ခမ်းကို ဆန်းက တစ်ရှူးစက္ကူနဲ့ တမင် သုတ်ပေးလိုက်လေသည်။

"ကျေးဇူးပါပဲ စီနီယာ ..."

ဆန်းက သုတဟန်ကို ခေါင်းညိတ်ပြလိုက်ပြီး အချိုဆုံး အပြုံးနဲ့ ပြုံးပြလိုက်ပါ၏။ ဒီအဖြစ်ကို မိုင်းမြင်နိုင်ပါသည်။ သူတချိန်လုံး ကြည့်နေမယ်ဆိုတာကို သိနေတာမို့ တမင် အသုံးချလိုက်ခြင်းသာ။ သိပ်မကြာလိုက်ပေ။ ချက်ချင်းပါပဲ။
ဆန်းရဲ့ ဖုန်းလေးဟာ မြည်လာခဲ့သည်။ သူ့ကို ဖုန်းခေါ်လာသူက မိုင်းပါပဲ။ အခုတော့ မနေနိုင် မထိုင်နိုင် ဖုန်းပင်ခေါ်နေလေပြီ။ သူရှိရာကို လျောက်လာရင် ဖြစ်ပေမယ့် ဖုန်းလှမ်းခေါ်သည်တဲ့။ ဒီတစ်ယောက်ဟာ ဘာတွေ ခက်ခဲနေတာမို့လဲ ...။

"ဟဲလို..."

"မင်း ဘာလုပ်နေတာလဲ အဲ့ဒါ ..."

"ဘာကိုလဲ ..."

"အဲ့ဒီ့ကောင်နဲ့ ဘာလို့ ရှိနေတာလဲ ..."

"ဘယ်ကောင်လဲ ...ဘာတွေပြောနေတာလဲ ..."

"ငါကန်တင်းထဲမှာ ရောက်နေတယ် မင်းတို့ကို ငါမြင်တယ် ..."

အခုကျမှ ဆန်းက လိုက်ရှာချင်ယောင် ဆောင်လိုက်ပြီး မြင်သွားတဲ့ပုံနဲ့ ...

"အော် တွေ့ပြီ ...အဲ့တော့ ဘာဖြစ်လဲ ...နေ့လည်စာ စားနေတာလေ မင်းမမြင်ဘူးလား ..."

"အတူတွဲစားမယ့် အဖော်က အဲ့လောက်တောင် ရှားနေသလား ...ကြည်သာနဲ့ စားလို့မရဘူးလား ...ကြည်သာရော ဘယ်မလဲ ...ရဝေတို့ ကောင်းတို့ကိုလည်း ခေါ်လို့ရတာပဲ ...နီနီလည်း ရှိတယ် ...မင်းနဲ့ နေ့လည်စာ စားဖို့အတွက် ဒီလောက် လူတွေအများကြီးထဲမှာမှ ဘာလို့ဒီကောင်နဲ့လဲ ..."

"ငါ့ဘာသာ ဘယ်သူနဲ့စားစား မင်းနဲ့ ဘာဆိုင်လဲ ...ဘယ်သူနဲ့စားပါ ဘယ်ဝါနဲ့စားပါ ဆိုပြီး ငါ့ကို အမိန့်လာမပေးနဲ့ ..."

"ပေးတော့ဘာဖြစ်လဲကွာ ...မင်းက ငါ့အပိုင်ပဲ ...ငါ့အပိုင်ကို ဘယ်ကောင်မှ လာကျူးကျော်လို့မရဘူး ...ငါမကြိုက်ဘူး ..."

"မကြိုက်ရင်လည်း လဲသေလိုက် ..."

"သဏ္ဍာန်ဆန်း ..."

"မင်းကရော ဘာလို့ ဖုန်းနဲ့ငါ့ကို ပြောနေရတာလဲ ...မင်းမကြိုက်ရင် ဒီနေရာကို လာပြီးပြောလိုက်လေ ..."

"ငါမလာဘူး ...မင်းလည်း အဲ့ဒီ့ကောင်နဲ့ အတူရှိမနေနဲ့ ငါမကြိုက်ဘူး ..."

"မလာရင်လည်း မင်းသဘောပဲ ...ငါကတော့ သူနဲ့ရှိနေရတာ သဘောကျတယ် ...သူက တကယ်ခင်ဖို့ ကောင်းတယ် ..."

ဆန်းဆီကနေ တကယ်ခင်ဖို့ ကောင်းတယ်လို့ ပြောလာတဲ့ စကားက မိုင်းအတွက် ခြိမ်းခြောက်ခံလိုက်ရသလိုပင်။ လူတိုင်းကို အလွယ်တကူ မခင်မင်တတ်တဲ့ ဆန်းလိုလူက သုတဟန်ကို ခင်သည်တဲ့။ ဒါက စိုးရိမ်ရပါသည်။

"အဲ့ဒီ့ကောင်က မင်းကို ကြိုက်နေတာလေ ...မင်းသူနဲ့ ရောနေလို့ ရမလား ...အဲ့ဒီ့ကောင်နဲ့ မတွဲနဲ့ သဏ္ဍာန်ဆန်း ..."

မိုင်းရဲ့အသံက အံကြိတ်သံနှင့်။

"မင်း သူများကို အဲ့ဒီ့ကောင်လို့ ခေါ်မနေနဲ့ ...သူ့မှာ နာမည်ရှိတယ် ...သုတဟန်တဲ့ ..."

"မသိဘူး ငါသူ့နာမည်ကို မှတ်ထားဖို့အထိ စိတ်မဝင်စားဘူး ...ငါစိတ်ဝင်စားတာ မင်း ...အခုချက်ချင်း မင်း သူ့အနားကနေ ခွာလိုက်တော့ ..."

"ငါ့သဘောပဲ ...အခုလောလောဆယ် ငါစိတ်ဝင်စားနေတာက သူ့ကို...သူက တကယ် ခင်ဖို့ကောင်းသလို စိတ်ဝင်စားဖို့လည်း ကောင်းတယ် ..."

ဆန်းက ပြောပြီးတာနဲ့ ဖုန်းကိုချသွားလေသည်။ မိုင်းတစ်ယောက် အတော်လေး စိတ်တိုသွားပုံရသည်။ စားပွဲခုံကို လက်သီးဆုပ်နဲ့ တချက် ထုချလိုက်တဲ့ အသံက သဏ္ဍာန်ဆန်းရှိနေတဲ့ အဝေးကနေတောင် ခပ်သဲ့သဲ့ကြားလိုက်ရပါ၏။
အနီးနားက လူတွေကတော့ မိုင်းဆီ အာရုံရောက်သွားကြလေတော့သည်။
မိုင်းက ရာဇအိန္ဒြေ မဆည်နိုင်လောက်အောင် မျက်စိမျက်နှာပျက်‌နေခဲ့ပြီ။ ဒေါသတွေရဲ့ အတိမ်အနက်ဟာ သူ့မျက်နှာမှာ ထင်ဟပ်လျက်။ ပတ်ဝန်းကျင်ကိုလည်း ဂရုမစိုက်နိုင်တော့။ ရဝေနဲ့ ကောင်းက အခြေအနေကို ထိန်းသိမ်းဖို့အတွက် မိုင်းကို ဆွဲခေါ်၍ ကန်တင်းထဲကနေ ထွက်သွားကြလေသည်။

"စီနီယာ ဆီဇာနေရဇ္ဇ ဆက်တာလား ..."

"အင်း ဟုတ်တယ် ..."

သူဖုန်းပြောပြီးတော့မှ တချိန်လုံးငြိမ်နေတဲ့ သုတဟန်က မေးလာ‌လေသည်။ သဏ္ဍာန်ဆန်း ပြောနေတဲ့ စကားတွေကို နားထောင်လိုက်တာနဲ့ ဘယ်သူမှန်း အလိုလို သိနိုင်တာပါပဲ။

"သူဘာပြောလဲ ..."

"သူစိတ်တိုနေပြီ ..."

"သူက ဘာလို့ ဒီကိုမလာဘဲ ဖုန်းခေါ်တာလဲ ...ကန်တင်းမှာ ရှိနေကြတာပဲကို ..."

"ငါလည်း မသိဘူး ..."

ဒီလောက်ပဲ ဆန်းက ပြန်ဖြေလိုက်ပါသည်။
အမှန်က ဒီထက် မကတာတွေ အများကြီး ရှိနေနိုင်ပါလိမ့်မည်။

****  *****  *****  *****  *****

"မင်းတို့ အခုမှ ဘာလို့ ဒီအကြောင်းတွေ ငါ့ကို ပြောပြတာလဲ ...သူတို့နှစ်ယောက် စတွဲနေထဲက ငါ့ကို အသိပေးသင့်တယ် ..."

တတွဲတွဲလုပ်နေတာ သုံးရက်လောက် ရှိပြီတဲ့ ဒါပေမယ့် သူမသိခဲ့။ ဒီရက်တွေမှာ ဆန်းကို အဝေးကနေ လိုက်ကြည့်နေခဲ့သေးပေမယ့် အမြဲတော့မဟုတ်။ သူကြည့်တဲ့ အချိန်တွေမှာတော့ သုတဟန်ဆိုတဲ့တစ်ယောက်ကို ဆန်းအနားမှာ မမြင်ခဲ့ဖူးပေ။
ကန်တင်းမှာ အတွဲလိုက်မြင်ခဲ့ပြီး သူစိတ်တွေ တိုခဲ့ရသည်။ အခုအပြင်ရောက်လာတော့မှ သူငယ်ချင်းတွေက သူ့ကို သတင်းပို့တာပါ။ ဒီရက်ပိုင်း ဆန်းနဲ့ သုတဟန် တတွဲတွဲလုပ်နေတဲ့ အကြောင်း။

"ငါတို့လည်း မင်းပိုစိတ်ရှုပ်မှာစိုးလို့ မပြောမိတာပါ ...ဆန်းကို သတိပေးပေမယ့် ဆန်းက ငါတို့စကားကို လက်မခံဘူး ...သုတဟန်မှ သုတဟန်ဖြစ်နေတာ ...ပြီးတော့ မင်းကိုလည်း သူစိတ်ဆိုးနေပုံရတယ် ..."

"ဟုတ်တယ် မိုင်း ...မင်းက သူ့ကို ပွင့်ပွင့်လင်းလင်း မပြောပြတဲ့ ကိစ္စနဲ့ပတ်သက်ပြီး သူစိတ်ဆိုးနေပြီ ...မင်းက သူ့ကို ကစားနေတယ်လို့ သူကထင်နေတာ ..."

သူငယ်ချင်းတွေ ပြောပြသမျှ နားထောင်ပြီး လူကပို၍ စိတ်ရှုပ်လာရသည်။ ‌ခေါင်းကို လက်နှစ်ဖက်နဲ့ ကုတ်နေပြီး မျက်ခုံးတွေကလည်း တွန့်ကွေးလို့။ အံကြိတ်လိုက် တောက်ခေါက်‌လိုက်နဲ့ လုပ်နေတာကလည်း အခါခါ။ တချက် တချက် လက်သီးကလည်း ဆုပ်ထားသေးသည်။
ဒေါသတွေ ပုံချရမယ့် နေရာက ရှိမနေသေးတာမို့။

"ဒီအရူးလေး ငါ့ကိုအရွဲ့တိုက်နေတာလား ..."

"ဟမ် ဖြစ်နိုင်ပါ့မလား မင်းကလည်း ...ဆန်းလိုလူက အဲ့လိုမျိုးတွေ လုပ်တတ်ပါ့မလား ..."

"အေးလေ အေးတိအေးစက်နဲ့ ရိုးရိုးရှင်းရှင်း နေတတ်တဲ့သူက ဒီလိုတွေ လိုက်လုပ်နေပါ့မလား ..."

သူငယ်ချင်းတွေရဲ့ သုံးသပ်မှုက မှားတော့ မမှားပါ။ ဆန်းက သူ့ကို ဒီလိုမျိုး ပြဿနာတွေ ရှာမှာမဟုတ်လောက်ပါဘူး။
ဆန်းက အနေအေးတယ်။ ဆန်းက သူ့လိုမဟုတ်ဘူး။ လှည့်ကွက်တွေ ဉာဏ်နီဉာဏ်နက်တွေ မသုံးတတ်တဲ့ ရိုးရှင်းသော သူပဲလေ။

****  *****  *****  *****  *****

ညနေပိုင်း အတန်းပြီးတော့ ဆန်းက အိမ်ပြန်ဖို့လုပ်သည်။ သုတဟန်ကလည်း သူနဲ့အတူ လိုက်ပြန်ဖို့ ရောက်လာလေသည်။ ဆန်းက စက်ဘီးလေးတွန်းရင်း နှစ်ယောက်သား အတူတူ ယှဉ်တွဲလျောက်လာခဲ့၏။ ကျောင်းဝင်းထဲက လမ်းမကြီးအတိုင်း အေးအေးဆေးဆေး စကားတွေပြောကာ လျောက်လာမိစဉ် ကားတစ်စီးက အရှိန်နဲ့ သူတို့အနားကို ရောက်လာလေသည်။
ရဲရဲ‌‌တောက်နေတဲ့ အနီရောင် sport carက သုတဟန်ကို တိုက်မိမလိုလို ပွတ်ဆွဲသလိုလို အနေအထားမျိုး ဖြစ်သွားခဲ့သည်။ သုတဟန်လည်း လန့်ပြီး ရှောင်လိုက်ပေမယ့် လဲကျသွားရပါ၏။ ဆန်းလည်း စက်ဘီးကို ပစ်ချပြီး သူ့ကို ပြေးထူရသေးသည်။

"အား ကျွတ် ကျွတ် ..."

"ရရဲ့လား သုတဟန် ..."

"ဟုတ် ဟုတ်ကဲ့ စီနီယာ ..."

လဲကျတဲ့အရှိန်နဲ့ လက်တွေမှာ အနည်းငယ်ပွန်းပဲ့သွားပါသည်။ လမ်းလယ်ကောင်မှာ လျောက်နေကြတာလည်း မဟုတ်။ဘေးကပ်၍ ရှိနေကြတာပါ။ ဒါကို ဒီလိုဖြစ်အောင် လုပ်လိုက်တယ်ဆိုတော့ မတော်တဆ မဖြစ်နိုင်။ တမင်တကာ ရည်ရွယ်နေသကဲ့သို့။

"အလွတ်ကြီးကို ဘယ်လိုတွေ မောင်းလာတာလဲ မသိဘူး ..."

"ဒီကားက ဘာလဲ..."

နှစ်ယောက်လုံး စိတ်တိုပြီး ကားကို လှမ်းအကြည့်။ ကားထဲကနေ ထွက်လာသူက မိုင်းဖြစ်နေပါ၏။

"မိုင်း ..."

မိုင်းက သူတို့နှစ်ယောက် အနားကို လျောက်လာခဲ့ပြီး ...

"အဆင်ပြေရဲ့လား ..."

မေးပုံက စိတ်ပူ၍တော့ မဟုတ်နိုင်။ ကိုယ်ပစ်လိုက်တဲ့ သားကောင်ကို အခြေအနေ ဘယ်လိုရှိလဲ လာလေ့လာသလိုမျိုး။

"မင်း ဘာလုပ်တာလဲ ...အခုမှ ကားမောင်းသင်တဲ့သူ မို့လို့လား ကားကို ဒီလိုမောင်းရအောင် ..."

"ဆောရီး ..."

ပုခုံးတွေကို တွန့်ပြပြီး ပြန်ဖြေပုံက ပမာမခန့်နဲ့။

"ဒီမှာ သူများထိခိုက်သွားပြီ ဘယ်လိုလုပ်မလဲ ..."

"အဲ့ဒီ့အတွက် ဆေးဖိုးလျော်ကြေးပေးရမလား ...ဒါမှမဟုတ် မကျေနပ်လို့ တရားရောစွဲဦးမလား ..."

"မဟုတ်တာ ရပါတယ် စီနီယာရဲ့ ...မတော်တဆဖြစ်သွားတာပဲ ...ကျွန်တော်လည်း ဘာမှမဖြစ်ပါဘူး ပွန်းပဲ့ရုံလေးပါပဲ ..."

"အဆင်ပြေတယ်တဲ့ သူက ..."

မိုင်းက ဆန်းမျက်နှာကို လှည့်ကြည့်ပြီး ရွဲ့သလိုလို ပြောလိုက်သည်။ ထိခိုက်သွားတဲ့သူက အဆင်ပြေပေမယ့် တင်းမာနေတဲ့ မျက်နှာထားဖြစ်‌နေသော ဆန်းကို တမင်ရည်ရွယ်ပြီး ပြောလိုက်တာမျိုး။

"မင်း ဒါ တမင်လုပ်တာ မဟုတ်လား ..."

"မင်းက အဲ့လိုထင်တယ် ဆိုတော့လည်း အဲ့လိုပဲပေါ့ ..."

ဆန်းက မိုင်းလက်ကို ဆွဲပြီး သုတဟန်နဲ့ ခြေလှမ်းအနည်းငယ် အကွာကို ခေါ်သွားလေသည်။ ပြီးတော့ နှစ်ယောက်သား ခပ်တိုးတိုး ကြိတ်ကြိတ် စကားပြောဖြစ်ကြ၏။

"သူများကို ထိခိုက်အောင် မလုပ်ရဘူးလို့ မင်းကိုငါ ပြောထားတယ်လေ မိုင်း..."

"မင်းလည်း ငါ့စကားကို နားမထောင်ဘူးလေ ...ငါက ဘာလို့ မင်းစကားကို နားထောင်နေရဦးမှာလဲ... ငါ့သဘောပဲ ...ငါမကြိုက်ရင် ထိခိုက်ခွင့်ရှိတယ်..."

"မင်းသူ့ကို အဲ့လိုမလုပ်ပါနဲ့ ..."

သုတဟန်အတွက် စိုးရိမ်နေပုံရသော သဏ္ဍာန်ဆန်းကိုကြည့်ပြီး မိုင်းပို၍ စိတ်တိုလာရသည်။

"သူ့ကိုဘာလို့ မင်းက စိတ်ပူနေရတာလဲ ...ငါ့ဒေါသကို လာမဆွနဲ့နော် သဏ္ဍာန်ဆန်း ...နောက်တစ်ခါဆိုရင် ငါတကယ် ပွဲချင်းပြီးအောင် တိုက်သတ်ပစ်လိုက်မှာ ..."

"မင်းက လူဆိုးကောင်ပဲ ..."

"ငါက အစထဲက မလိမ္မာဘူးဆိုတာ မင်းသိပြီးသားပဲ ...အဲ့ဒီ့လူဆိုးကောင်ကို ပိုပြီးဆိုးသွမ်းလာအောင်လို့ ဆီလာမလောင်းနဲ့ သဏ္ဍာန်ဆန်း ...
ငါ့ကိုနိုင်တာ မင်းဆိုပေမယ့် ...မင်းကိုနိုင်တာလည်း ငါပဲ ...အဲ့ဒါကို မမေ့နဲ့ ..."

မိုင်းက ပြောပြီး လှည့်ထွက်သွားလေသည်။ မသွားခင်မှာ သုတဟန်ကိုလည်း လက်ညှိုးထိုး၍ စကားလှမ်းပြောသွားပါသေး၏။

"မင်း ...ငါ့ဆန်း အနားကနေ ဝေးဝေးနေ ...နောက်တစ်ခါဆိုရင် မင်းဘာမှ မထိခိုက်ဖို့ ငါအာမ,မခံနိုင်ဘူး ..."

ခြိမ်းခြောက်သလိုလို ပြောသွားတဲ့ စကားတွေ အောက်မှာ သုတဟန်လည်း လန့်သွားမိရသည်။ သူ့လိုပင် ဆန်းသည်လည်း အနည်းငယ် စိုးရိမ်သွားရပါသည်။

"စီနီယာပြောတဲ့ မိုင်းက ကြောက်ဖို့ကောင်းတယ်ဆိုတာ ဒါမျိုးလားဟင် ..."

သူပြန်မဖြေမိ။ ထွက်သွားတဲ့ မိုင်းရဲ့ ကားလေးကို လှမ်းငေးကြည့်နေမိပါသည်။ သူမဖြေပေမယ့်လည်း သုတဟန်က နားလည်သဘောပေါက်နေခဲ့ပါပြီ။ သူဒီလိုတွေ လုပ်နေမိတာ မှန်ရောမှန်ပါ့မလား ...။ သုတဟန်အတွက်လည်း ထိခိုက်မှာကို စိုးရိမ်ရပါ၏။ မိုင်းရဲ့ သဝန်တိုမှုက သေးသေးကွေးကွေး မဟုတ်။ ကိုယ့်ရဲ့သိချင်စိတ် တခုအတွက်နဲ့ သုတဟန် ထိခိုက်သွားခဲ့လျင် သူလည်း အပြစ်မကင်းနိုင်ပါ။ တစ်ယောက်ထဲ အတွေးတွေထဲမှာ ...

"ငါဘာလုပ်သင့်လဲ ရပ်လိုက်သင့်ပြီလား ..."

****  *****  *****  *****  *****

ပိန်းပိတ်အောင် မှောင်နေတဲ့ အနက်ရောင်အခန်းထဲမှာ အလင်းရောင်ဟာ တစ်နေရာထဲမှာပဲ ကွက်၍ရှိနေပါသည်။ အဲ့ဒါက သူနဲ့ ဆန်းတို့ မျက်နှာချင်းဆိုင် ရပ်နေတဲ့ နေရာလေး တစ်ခုမှာပါပဲ။

"ငါ သုတဟန်ကို ချစ်တယ် မိုင်း ..."

သူမကြားချင်ဆုံး စကားကို ဆိုလာလေသော ကောင်လေး။

"မဟုတ်ဘူး မင်းလိမ်နေတာ ...မင်းချစ်တာ ငါ့ကို... ငါသိတယ် မင်းငါ့ကို ချစ်နေတယ်ဆိုတာ ..."

မိုင်းက ဆန်းလက်လေး တစ်ဖက်ကို လှမ်းဆွဲရင်း ပြောလိုက်ပါသည်။

"မင်းကငါ့ကို ကစားနေတာပဲ ...ငါ့အ‌ပေါ်မှာ ပွင့်ပွင့်လင်းလင်း မရှိတဲ့ကောင်ကို ငါမချစ်နိုင်တော့ဘူး ...သုတဟန်က ငါ့အတွက် အမြဲ ရိုးသားတယ် ငါ့ကိုလည်း အရမ်းချစ်တယ် သူ့ကိုပဲ ငါလက်တွဲတော့မှာ ..."

သူဆွဲထားတဲ့ လက်တွေကို ဖြုတ်ချပစ်ပြီး ကျောခိုင်းထွက်သွားတဲ့ ဆန်းကို သူအော်ပြောနေမိပါ၏။

"ဟင့်အင်း မဟုတ်ဘူး မဟုတ်ဘူး ...ဆန်း ..ဆန်းလေး.. ငါ့ကို မထားသွားပါနဲ့ ငါ့ကို မထားခဲ့ပါနဲ့ ...ကျေးဇူးပြုပြီး ငါ့ကို မချစ်တော့ဘူးလို့ မပြောပါနဲ့ ...ဆန်းလေး ..."

အလန့်တကြားနဲ့ နိုးထလာခဲ့တဲ့ အိမ်မက်တွေကြောင့် လူက ပင်ပန်းနွမ်းနယ်လွန်းစွာပါပဲ။ ရင်ဘတ်ထဲက ဝေဒနာက အိမ်မက်ထဲမှာရော အပြင်ဘက်ထိပါ အရှိန်မသေသေးပေ။ နာကျင်မှုကို ခံစားရနေတုန်းပဲ။ မျက်ဝန်း‌အိမ်မှာ အေးစက်စက် ခံစားရမှုကြောင့် လက်နဲ့တို့ထိမိတော့ မျက်ရည်စတွေ ဖြစ်နေခဲ့သည်။ သူငိုမိနေတာလား။ ယောင်္ကျားလေး တစ်ယောက် ထားခဲ့တာ ခံရလို့ သူငိုနေသည်တဲ့လား။ ဘုရားရေ ...ငါဆိုတဲ့ ဆီဇာနေရဇ္ဇကလေ ...။ နှုတ်ခမ်းထောင့် တဖက်ထဲမှာ ကွေးညွတ်၍ ပြုံးလိုက်မိသည်။ ကိုယ့်ကိုယ်ကိုယ် ပြန်လှောင်လိုက်သလိုမျိုး။

"ငါဆိုတဲ့ကောင်က မင်းကို ဒီလောက်ထိတောင် ချစ်မိနေတာတဲ့လား ဆန်းရေ ...အဟား ဟား ဟား ..."

နာနာကျင်ကျင်နဲ့ အော်ရယ်လိုက်သံက သူ့အခန်းထဲမှာ လွှမ်းသွားခဲ့၏။ ညဟာ ဆက်၍ တိတ်ဆိတ်နေခဲ့ပြီး သူကလည်း ထပ်၍ ပြုံးရယ်နေမိတုန်း။ အချစ်က လူကို ရူးသွပ်စေသည်တဲ့။ ဒါက ယုံတမ်းပုံပြင်တွေတော့ မဟုတ်ခဲ့ ...။

****  *****  *****  *****  *****

Continue Reading

You'll Also Like

3.2M 151K 62
Start Date>>>> 1.4.2020 End>>>20.5.2020 ကိုယ့်ဘက်က အချစ်တွေပေးခဲ့လည်း ပြန်ရခဲ့တာက နာကျင်မှုတွေတဲ့လား မင်းအမုန်း​တွေကိုထပ်ပြီးမခံစားနိုင်တော့လို့ ငါထ...
59.8K 3.7K 36
ကလေးဘဝတည်းက ကိုရီးယားရောက်သွားပြီး Idol တစ်ယောက်ရဲ့အရည်အချင်းတွေနဲ့ပြည့်စုံတဲ့ အကပညာရှင် ငွေရောင်ဆံပင်တွေနဲ့ကောင်လေး 👱 မိန်းကလေးတွေရဲ့ စိတ်ကူးထဲကချစ...
916K 86.2K 45
လောကကြီးတစ်ခုလုံး ငါ့ကိုဟားတိုက်ပြီးလှောင်နေပါစေ... မင်းသာငါ့အနားရှိရင် ငါဘယ်အရာကိုမှဂရုမစိုက်ဘူး... ~~~~~ 2020.12.11 2021.6.9
1M 109K 41
သူ့နာမည်က လမင်းခကြွေ.... king အင်ပါယာရဲ့ တစ်ဦးတည်းသော အမွေဆက်ခံမယ့်သူ.. ကျောက်မျတ်ရတနာလောကမှာတော့ဘုရင်တစ်ပါးလိုပဲ... အားလုံးက တင်စားကြတာတော့ သူကငယ်င...