ေနာက္ေန႔ေရာက္ေတာ့ သက္တန္႔ငယ္ေက်ာင္းစလာတယ္..ကန္တင္းမွာ အေအးလာဝယ္တဲ့သက္တန္႔ကို မိုးကမာၻက...
" သက္တန္႔!! နင္ဒီေန႔ေက်ာင္းျပန္လာၿပီေနာ္..နင္သက္သာရဲ႕လား အဆင္ေျပရဲ႕လား "
မင္းဆက္ပိုင္က..
" ဟုတ္တယ္ ငါတို႔မင္းကိုစိတ္ပူေနတာ "
" sorry ပါ..ငါမင္းတို႔နဲ႔ မခင္ခ်င္ေတာ့ပါဘူး "
" ဟမ္! "
" ဟမ္! "
" မင္းဘာေျပာတာလဲ သက္တန္႔ "
" ငါမင္းတို႔နဲ႔ သူငယ္ခ်င္းမျဖစ္ခ်င္ေတာ့ဘူးလို႔ "
" ဘာျဖစ္တာလဲ သက္တန္႔ရ..ငါ မိုးကမာၻေလ..နင့္သူငယ္ခ်င္းပါဟ "
" ေက်းဇူးျပဳၿပီး ငါ့ကိုတစ္ေယာက္ထဲလႊတ္ထားေပးၾကပါ "
အေအးဗူးကိုင္ကာထြက္သြားေသာသက္တန္႔ငယ္ကို မိုးေရာ ပိုင္ပါ နားမလည္ႏိုင္ပါ..သံုးရက္အတြင္းေျပာင္းလဲသြားလိုက္တာမ်ား...
" သူဘာျဖစ္သြားတာလဲ မင္းဆက္ "
" ငါလည္းဘယ္သိပါ့မလဲဟာ "
စာေမးပြဲနီးကပ္လာတာေၾကာင့္ ေက်ာင္းသားေတြအားလံုးစာကိုအာရံုစိုက္လာၾကတယ္..အာရံုစိုက္တယ္ဆိုတဲ့သေဘာက..
၁။ စာအုပ္မကိုင္ရေသးသူမ်ားယခုမွစာအုပ္စကိုင္ၾကျခင္း..
၂။ သူမ်ားဆီက မိတၱဴေတြအေျပးဆြဲၾကျခင္း...
၃။ ေပ်ာက္သြားေသာစာအုပ္မ်ား ဘယ္မွာထားမိမွန္းမသိေသာစာအုပ္မ်ားကို အသည္းအသန္ျပန္႐ွာေနၾကျခင္း..
စသျဖင့္ေက်ာင္းသားေတြအားလံုး အလုပ္႐ႈပ္ေနၾကတာေပါ့ေလ..ဒီၾကားထဲ ထိပ္ဆံုးက ေလျပည္ညႇင္း..
သူမ်ားေတြဆီကမိတၱဴေတြလိုက္ဆြဲကာ ၿငိမ္ၿငိမ္ကိုမေနေသာေက်ာင္းရဲ႕ The whole king ႀကီး..
ေမ်ွာ္လင့္မထားေသာစာေမးပြဲႀကီးေျဖဆိုၿပီးသည့္ေနာက္မွာေတာ့ Uni မ်ားပိတ္သြားသည္...
Cafe တစ္ခု၌ ကမာၻေျမနဲ႔ ေလျပည္ညႇင္းတို႔ ေတြ႔ၾကသည္..
" Hey ကမာၻ ဒီရက္ပိုင္းအဆင္ေျပရဲ႕လား "
" A ငါအျပင္သင္တန္းေတြတက္ေနတုန္းပဲ..ငါအလုပ္ဝင္ရင္လစာေကာင္းေအာင္လို႔ေလ "
" ငါလည္း free သင္တန္းေတြလိုက္တက္ေနတယ္..ဒါနဲ႔ ေျပာပါဦး မင္းေကာင္ေလးနဲ႔ "
" အဆင္ေျပဖို႔ေနေနသာသာ ေက်ာင္းပိတ္ထဲကမေတြ႔ရေတာ့ပါဘူးကြာ.. "
" ငါလည္း မင္းတို႔ႏွစ္ေယာက္ကို ဘယ္လိုလုပ္ေပးရမွန္းကိုမသိေတာ့ဘူး "
" လိုက္ေလေဝးေလပဲ စိတ္ပ်က္လိုက္တာ..ငါ့ေမးေနေသးတယ္..မင္းကေရာ "
" ငါတို႔ကေတာ့ ခ်စ္လိုက္သတ္လိုက္ပါပဲ "
" သူမ်ားေတြၾကားရင္ အခုပဲ မင္းနဲ႔မင္းဆက္က ခ်စ္သူေတြလို႔ထင္သြားၾကေတာ့မွာပဲ...အပိုေတြ... "
" ေက်ာင္းျပန္ဖြင့္ရင္ေတာ့ အားလံုးကို အဆင္ေျပေျပေတြ႔ရပါေစပဲဆုေတာင္းတယ္.. "
" Aကြာ "
တစ္ဖက္မွာေတာ့
" သက္တန္႔ငယ္ မင္းေက်ာင္းေကာင္းေကာင္းဆက္တက္ခ်င္တယ္ဆိုရင္ေတာ့ ကမာၻေျမနဲ႔ ေဝေဝးေနပါ "
" ဟုတ္ကဲ့ "
ေခါင္းညိတ္လိုက္တဲ့ေကာင္ငယ္ေလးက အသက္မပါေသာမ်က္ဝန္းေတြနဲ႔...
ေက်ာင္းေတြျပန္ဖြင့္ေတာ့လည္း သက္တန္႔ငယ္က ကမာၻေျမတို႔ကို ေ႐ွာင္ေနခဲ့တယ္..
" ကမာၻေျမ မင္းေက်ာင္းတက္တာတစ္လေလာက္႐ွိေနၿပီ..သက္တန္႔နဲ႔စကားမေျပာေသးဘူးလား "
အေျဖျပန္မလာေသာကမာၻေျမက တစ္ခုခုကိုေတြးေတာေနသေယာင္...
" ဟဲ့ ကမာၻေျမ! နားကန္းေနလား "
" ဟမ္ မင္းဘာေျပာလိုက္တာလဲ "
" မင္းဘာေတြစဥ္းစားေနတာလဲ "
" ဘာမွမဟုတ္ပါဘူး ငါအတန္းတက္လိုက္ဦးမယ္ "
" Aa ေျဖးေျဖးသြား "
တစ္စစီကြဲေနတဲ့ဖန္လံုးေလးကိုျပန္ဆက္ဖို႔ တိတ္ဆိတ္တဲ့စာၾကည့္တိုက္ကို သက္တန္႔ငယ္ေရာက္လာခဲ့တယ္..အိတ္ေသးေသးေလးကို စားပြဲေပၚသြန္ခ်လိုက္ေတာ့ ဖန္စေလးေတြ ဟိုတစ္စဒီတစ္စထြက္လာခဲ့တယ္..ေသးေသးပိစိဖန္စေလးေတြျဖစ္ပါေစ ရေအာင္ဆက္မယ္လို႔ဆံုးျဖတ္ထားတာေၾကာင့္ ေကာ္သံုးေခ်ာင္းကအဆင္သင့္ဝယ္ထားၿပီးသား..
ေလျပည္ညႇင္းကို အတန္းတက္မယ္ေျပာၿပီး ေရာက္လာတာကစာၾကည့္တိုက္..ဝတၳဳစာအုပ္ဘက္ကိုသြားလိုက္ကာ ဘာရယ္မဟုတ္ စာအုပ္ေတြေရြးေနမိသည္..
တစ္ဝက္ေလာက္ဆက္အၿပီးမွာေတာ့ သက္တန္႔ငယ္ျပံဳးလိုက္သည္.. တကယ္လည္းဆက္လို႔ရတာေၾကာင့္ သူအားေတြပိုတက္လာသည္..ကံၾကမၼာကပဲမ်က္ႏွာသာေပးတာလား..ျမႇားနတ္ေမာင္ကပဲ တမင္သက္သက္ဖန္တီးခဲ့တာလားမသိ...သူ႔နားကိုစိန္ပန္းပြင့္မေရာက္လာခင္အထိ သူေပ်ာ္ေနခဲ့ပါသည္..
လက္ထဲကအရာကို႐ုတ္တရက္ဆြဲလုခံလိုက္ရတာေၾကာင့္ သက္တန္႔ငယ္ ေမာ့ၾကည့္လိုက္မိသည္..
" ျပန္ျပင္ေနတာလား "
" ျပန္ေပးပါ "
" ဘာလို႔ဒါကိုျပန္ျပင္ေနတာလဲ "
" က်ေတာ့္ကိုျပန္ေပးပါ "
" မေပးေတာ့ေရာ "
တမံတလင္းေပၚသို႔ပစ္ခ်လိုက္ေသာေလာကတ္သီးေလးက ထပ္ၿပီးအစိတ္စိတ္အႁမႊာႁမႊာျဖစ္သြားသည္..
" မလုပ္ပါနဲ႔!!! "
သက္တန္႔ငယ္ရဲ႕ေအာ္သံအဆံုးမွာ စာၾကည့္တိုက္လူေတြအားလံုးၾကည့္ေနၾကတယ္..
" sorry! လက္ေခ်ာ္သြားလို႔ "
ေဒါက္ဖိနပ္သံတေဒါက္ေဒါက္နဲ႔ထြက္သြားေသာစိန္ပန္းသည္ ေအာင္ႏိုင္သူလိုႏွစ္လိုဖြယ္အျပံဳးနဲ႔..
ထပ္ကြဲသြားတဲ့အစအနေလးေတြကိုလိုက္ေကာက္ေနရင္းမွ စားပြဲေဘးမွာရပ္ေနတဲ့လူတစ္ေယာက္ေၾကာင့္ သက္တန္႔ငယ္ မ်က္လံုးျပဴးသြားသည္..ထိုသူက စားပြဲေပၚမွာက်န္ခဲ့တဲ့ တခ်ိဳ႕ေလာကတ္သီးအပိုင္းအစေတြကိုကိုင္ၾကည့္ေနတယ္..ၿပီးေတာ့ ေအာက္မွာဖန္စေလးေတြေကာက္ေနတဲ့သက္တန္႔ငယ္ကိုျကည့္လိုက္သည္..
သက္တန္႔ငယ္ခ်က္ခ်င္းထကာ ဖန္စေတြနဲ႔စားပြဲခံုေပၚကဟာေတြပါ အိတ္ေသးေသးေလးထဲထည့္ကာ လြယ္အိတ္ယူၿပီးထြက္သြားသည္....
မလုပ္ပါနဲ႔ ဟူေသာ ေအာ္သံေၾကာင့္ ကမာၻေျမထိုအသံၾကားရာကိုလာခဲ့တယ္...တစ္ခုခုေကာက္ေနတဲ့ေကာင္ေလးနဲ႔အတူ စားပြဲေပၚကဖန္စေလးေတြက သူ႔ကိုဆြဲေဆာင္ေနတယ္..ပထမဆုံးေကာက္ကိုင္လိုက္မိတဲ့ဖန္စေလးက Wor ဆိုတဲ့စာသားေလးတစ္ဝက္တစ္ပ်က္..သူေကာက္ေနတဲ့ေကာင္ေလးကိုၾကည့္လုိက္ေတာ့ သက္တန္႔ငယ္က သူ႔ကိုမ်က္လံုးျပဴးကာျပန္ၾကည့္ေနသည္..ထို႔ေနာက္ ထိုေကာင္ေလးက႐ွိသမ်ွဟာေတြအကုန္သိမ္းကာ လြယ္အိတ္ဆြဲၿပီးထြက္သြားတယ္..
ကမာၻေျမလက္ထဲက Wor ဆိုတဲ့အစေလးကိုေတာ့သတိမမူမိစြာေပါ့..
သစ္ပင္ေအာက္ကခံုတန္းမွာထိုင္ေနတဲ့ကမာၻေျမက အခုထိေၾကာင္ေတာင္ေတာင္ျဖစ္ေနတုန္း..အရင္တုန္းက သူသက္တန္႔ကိုထိုေကာင္ေလးနဲ႔လူမွားတယ္ပဲထင္ခဲ့တာ..အခုဒီကိစၥကအမွန္ပဲ...သူ႔ရဲ႕အျဖဴေရာင္ပန္းငယ္ေလးနဲ႔ သက္တန္႔ငယ္က တစ္ေယာက္ထဲပဲတဲ့ေလ..အံ႔ျသမိတယ္..ထိုေကာင္ေလးသူ႔ကိုဘာလို႔ေ႐ွာင္ေနပါလိမ့္..မ်က္ႏွာကဒဏ္ရာႀကီးကေရာ..အစထဲကသူ႔ပိုင္ဆိုင္မႈလို႔သတ္မွတ္ထားတဲ့ေကာင္ေလးေသခ်ာသြားၿပီမို႔လို႔ သက္တန္႔ငယ္ရဲ႕အရာရာတိုင္းကိုသူစိုးရိမ္လာသည္...
ဒါဆို အခုသူက သူ႔ရဲ႕အျဖဴေရာင္ပန္းငယ္ေလးကို အခုထိ မကာကြယ္ေပးႏိုင္ေသးဘူးေပါ့..
စိတ္႐ႈပ္စြာဆံပင္ေတြကိုဆြဲဖြပစ္လိုက္တယ္...လက္ထဲကဖန္စေလးကသူ႔လက္ကိုစူးခနဲ..ေရစက္ေလးက ေနာက္က်မွသိခဲ့တဲ့သူ႔ကို အျပစ္ေပးေလသလား...
အိတ္ထဲကဖန္ကြဲစေလးေတြကိုထုတ္ၿပီး စာသားေလးကိုၾကည့္လိုက္ေတာ့ စာသားကအျပည့္မပါေတာ့...
" ငါ့စာသားကဘာလို႔မျပည့္ေတာ့တာလဲ..ငါဘယ္မွာထားခဲ့မိလုိ႔လဲ "
ဖန္စေတြတစ္စခ်င္းဖယ္႐ွာေနရင္းမွ သက္တန္႔ငယ္ တစ္ခုခုကိုသတိရသြားသည္...
" မဟုတ္မွ စာၾကည့္တိုက္မွာမ်ားက်ခဲ့လား "
ေနာက္ေန႔ရေအာင္သြား႐ွာမယ္ဆိုတဲ့စိတ္ေလးနဲ႔ သက္တန္႔ငယ္ အိပ္ရာဝင္လိုက္တယ္..
" ျမႇားနတ္ေမာင္ဟာ
အျဖဴေရာင္ပန္းငယ္ေလးေနာက္မွာ....
ပုန္းကြယ္ေနပါတယ္တဲ့... "
TBC PART - 22 ပါ႐ွင့္....နည္းနည္းေလး ရင္ခုန္စရာအခန္းေလးေတြကိုေရာက္႐ွိေတာ့မွာမို႔လို႔ ေစာင့္ေနေပးၾကပါဦး႐ွင့္...ေက်းဇူးအမ်ားႀကီးတင္ပါတယ္႐ွင့္...😊😊😊😊😊😊😊😊
Unicode
နောက်နေ့ရောက်တော့ သက်တန့်ငယ်ကျောင်းစလာတယ်..ကန်တင်းမှာ အအေးလာဝယ်တဲ့သက်တန့်ကို မိုးကမ္ဘာက...
" သက်တန့်!! နင်ဒီနေ့ကျောင်းပြန်လာပြီနော်..နင်သက်သာရဲ့လား အဆင်ပြေရဲ့လား "
မင်းဆက်ပိုင်က..
" ဟုတ်တယ် ငါတို့မင်းကိုစိတ်ပူနေတာ "
" sorry ပါ..ငါမင်းတို့နဲ့ မခင်ချင်တော့ပါဘူး "
" ဟမ်! "
" ဟမ်! "
" မင်းဘာပြောတာလဲ သက်တန့် "
" ငါမင်းတို့နဲ့ သူငယ်ချင်းမဖြစ်ချင်တော့ဘူးလို့ "
" ဘာဖြစ်တာလဲ သက်တန့်ရ..ငါ မိုးကမ္ဘာလေ..နင့်သူငယ်ချင်းပါဟ "
" ကျေးဇူးပြုပြီး ငါ့ကိုတစ်ယောက်ထဲလွှတ်ထားပေးကြပါ "
အအေးဗူးကိုင်ကာထွက်သွားသောသက်တန့်ငယ်ကို မိုးရော ပိုင်ပါ နားမလည်နိုင်ပါ..သုံးရက်အတွင်းပြောင်းလဲသွားလိုက်တာများ...
" သူဘာဖြစ်သွားတာလဲ မင်းဆက် "
" ငါလည်းဘယ်သိပါ့မလဲဟာ "
စာမေးပွဲနီးကပ်လာတာကြောင့် ကျောင်းသားတွေအားလုံးစာကိုအာရုံစိုက်လာကြတယ်..အာရုံစိုက်တယ်ဆိုတဲ့သဘောက..
၁။ စာအုပ်မကိုင်ရသေးသူများယခုမှစာအုပ်စကိုင်ကြခြင်း..
၂။ သူများဆီက မိတ္တူတွေအပြေးဆွဲကြခြင်း...
၃။ ပျောက်သွားသောစာအုပ်များ ဘယ်မှာထားမိမှန်းမိသသောစာအုပ်များကို အသည်းအသန်ပြန်ရှာနေကြခြင်း..ယ
စသဖြင့်ကျောင်းသားတွေအားလုံး အလုပ်ရှုပ်နေကြတာပေါ့လေ..ဒီကြားထဲ ထိပ်ဆုံးက လေပြည်ညှင်း..
သူများတွေဆီကမိတ္တူတွေလိုက်ဆွဲကာ ငြိမ်ငြိမ်ကိုမနေသောကျောင်းရဲ့ The whole king ကြီး..
မျှော်လင့်မထားသောစာမေးပွဲကြီးဖြေဆိုပြီးသည့်နောက်မှာတော့ Uni များပိတ်သွားသည်...
Cafe တစ်ခု၌ ကမ္ဘာမြေနဲ့ လေပြည်ညှင်းတို့ တွေ့ကြသည်..
" Hey ကမ္ဘာ ဒီရက်ပိုင်းအဆင်ပြေရဲ့လား "
" A ငါအပြင်သင်တန်းတွေတက်နေတုန်းပဲ..ငါအလုပ်ဝင်ရင်လစာကောင်းအောင်လို့လေ "
" ငါလည်း free သင်တန်းတွေလိုက်တက်နေတယ်..ဒါနဲ့ ပြောပါဦး မင်းကောင်လေးနဲ့ "
" အဆင်ပြေဖို့နေနေသာသာ ကျောင်းပိတ်ထဲကမတွေ့ရတော့ပါဘူးကွာ.. "
" ငါလည်း မင်းတို့နှစ်ယောက်ကို ဘယ်လိုလုပ်ပေးရမှန်းကိုမသိတော့ဘူး "
" လိုက်လေဝေးလေပဲ စိတ်ပျက်လိုက်တာ..ငါ့မေးနေသေးတယ်..မင်းကရော "
" ငါတို့ကတော့ ချစ်လိုက်သတ်လိုက်ပါပဲ "
" သူများတွေကြားရင် အခုပဲ မင်းနဲ့မင်းဆက်က ချစ်သူတွေလို့ထင်သွားကြတော့မှာပဲ...အပိုတွေ... "
" ကျောင်းပြန်ဖွင့်ရင်တော့ အားလုံးကို အဆင်ပြေပြေတွေ့ရပါစေပဲဆုတောင်းတယ်.. "
" Aကွာ "
တစ်ဖက်မှာတော့
" သက်တန့်ငယ် မင်းကျောင်းကောင်းကောင်းဆက်တက်ချင်တယ်ဆိုရင်တော့ ကမ္ဘာမြေနဲ့ ဝေဝေးနေပါ "
" ဟုတ်ကဲ့ "
ခေါင်းညိတ်လိုက်တဲ့ကောင်ငယ်လေးက အသက်မပါသောမျက်ဝန်းတွေနဲ့...
ကျောင်းတွေပြန်ဖွင့်တော့လည်း သက်တန့်ငယ်က ကမ္ဘာမြေတို့ကို ရှောင်နေခဲ့တယ်..
" ကမ္ဘာမြေ မင်းကျောင်းတက်တာတစ်လလောက်ရှိနေပြီ..သက်တန့်နဲ့စကားမပြောသေးဘူးလား "
အဖြေပြန်မလာသောကမ္ဘာမြေက တစ်ခုခုကိုတွေးတောနေသယောင်...
" ဟဲ့ ကမ္ဘာမြေ! နားကန်းနေလား "
" ဟမ် မင်းဘာပြောလိုက်တာလဲ "
" မင်းဘာတွေစဉ်းစားနေတာလဲ "
" ဘာမှမဟုတ်ပါဘူး ငါအတန်းတက်လိုက်ဦးမယ် "
" Aa ဖြေးဖြေးသွား "
တစ်စစီကွဲနေတဲ့ဖန်လုံးလေးကိုပြန်ဆက်ဖို့ တိတ်ဆိတ်တဲ့စာကြည့်တိုက်ကို သက်တန့်ငယ်ရောက်လာခဲ့တယ်..အိတ်သေးသေးလေးကို စားပွဲပေါ်သွန်ချလိုက်တော့ ဖန်စလေးတွေ ဟိုတစ်စဒီတစ်စထွက်လာခဲ့တယ်..သေးသေးပိစိဖန်စလေးတွေဖြစ်ပါစေ ရအောင်ဆက်မယ်လို့ဆုံးဖြတ်ထားတာကြောင့် ကော်သုံးချောင်းကအဆင်သင့်ဝယ်ထားပြီးသား..
လေပြည်ညှင်းကို အတန်းတက်မယ်ပြောပြီး ရောက်လာတာကစာကြည့်တိုက်..ဝတ္ထုစာအုပ်ဘက်ကိုသွားလိုက်ကာ ဘာရယ်မဟုတ် စာအုပ်တွေရွေးနေမိသည်..
တစ်ဝက်လောက်ဆက်အပြီးမှာတော့ သက်တန့်ငယ်ပြုံးလိုက်သည်.. တကယ်လည်းဆက်လို့ရတာကြောင့် သူအားတွေပိုတက်လာသည်..ကံကြမ္မာကပဲမျက်နှာသာပေးတာလား..မြှားနတ်မောင်ကပဲ တမင်သက်သက်ဖန်တီးခဲ့တာလားမသိ...သူ့နားကိုစိန်ပန်းပွင့်မရောက်လာခင်အထိ သူပျော်နေခဲ့ပါသည်..
လက်ထဲကအရာကိုရုတ်တရက်ဆွဲလုခံလိုက်ရတာကြောင့် သက်တန့်ငယ် မော့ကြည့်လိုက်မိသည်..
" ပြန်ပြင်နေတာလား "
" ပြန်ပေးပါ "
" ဘာလို့ဒါကိုပြန်ပြင်နေတာလဲ "
" ကျတော့်ကိုပြန်ပေးပါ "
" မပေးတော့ရော "
တမံတလင်းပေါ်သို့ပစ်ချလိုက်သောလောကတ်သီးလေးက ထပ်ပြီးအစိတ်စိတ်အမြွှာမြွှာဖြစ်သွားသည်..
" မလုပ်ပါနဲ့!!! "
သက်တန့်ငယ်ရဲ့အော်သံအဆုံးမှာ စာကြည့်တိုက်လူတွေအားလုံးကြည့်နေကြတယ်..
" sorry! လက်ချော်သွားလို့ "
ဒေါက်ဖိနပ်သံတဒေါက်ဒေါက်နဲ့ထွက်သွားသောစိန်ပန်းသည် အောင်နိုင်သူလိုနှစ်လိုဖွယ်အပြုံးနဲ့..
ထပ်ကွဲသွားတဲ့အစအနလေးတွေကိုလိုက်ကောက်နေရင်းမှ စားပွဲဘေးမှာရပ်နေတဲ့လူတစ်ယောက်ကြောင့် သက်တန့်ငယ် မျက်လုံးပြူးသွားသည်..ထိုသူက စားပွဲပေါ်မှာကျန်ခဲ့တဲ့ တချို့လောကတ်သီးအပိုင်းအစတွေကိုကိုင်ကြည့်နေတယ်..ပြီးတော့ အောက်မှာဖန်စလေးတွေကောက်နေတဲ့သက်တန့်ငယ်ကိုကြည့်လိုက်သည်..
သက်တန့်ငယ်ချက်ချင်းထကာ ဖန်စတွေနဲ့စားပွဲခုံပေါ်ကဟာတွေပါ အိတ်သေးသေးလေးထဲထည့်ကာ လွယ်အိတ်ယူပြီးထွက်သွားသည်....
မလုပ်ပါနဲ့ ဟူသော အော်သံကြောင့် ကမ္ဘာမြေထိုအသံကြားရာကိုလာခဲ့တယ်...တစ်ခုခုကောက်နေတဲ့ကောင်လေးနဲ့အတူ စားပွဲပေါ်ကဖန်စလေးတွေက သူ့ကိုဆွဲဆောင်နေတယ်..ပထမဆုံးကောက်ကိုင်လိုက်မိတဲ့ဖန်စလေးက Wor ဆိုတဲ့စာသားလေးတစ်ဝက်တစ်ပျက်..သူကောက်နေတဲ့ကောင်လေးကိုကြည့်လိုက်တော့ သက်တန့်ငယ်က သူ့ကိုမျက်လုံးပြူးကာပြန်ကြည့်နေသည်..ထို့နောက် ထိုကောင်လေးကရှိသမျှဟာတွေအကုန်သိမ်းကာ လွယ်အိတ်ဆွဲပြီးထွက်သွားတယ်..
ကမ္ဘာမြေလက်ထဲက Wor ဆိုတဲ့အစလေးကိုတော့သတိမမူမိစွာပေါ့..
သစ်ပင်အောက်ကခုံတန်းမှာထိုင်နေတဲ့ကမ္ဘာမြေက အခုထိကြောင်တောင်တောင်ဖြစ်နေတုန်း..အရင်တုန်းက သူသက်တန့်ကိုထိုကောင်လေးနဲ့လူမှားတယ်ပဲထင်ခဲ့တာ..အခုဒီကိစ္စကအမှန်ပဲ...သူ့ရဲ့အဖြူရောင်ပန်းငယ်လေးနဲ့ သက်တန့်ငယ်က တစ်ယောက်ထဲပဲတဲ့လေ..အံ့သြမိတယ်..ထိုကောင်လေးသူ့ကိုဘာလို့ရှောင်နေပါလိမ့်..မျက်နှာကဒဏ်ရာကြီးကရော..အစထဲကသူ့ပိုင်ဆိုင်မှုလို့သတ်မှတ်ထားတဲ့ကောင်လေးသေချာသွားပြီမို့လို့ သက်တန့်ငယ်ရဲ့အရာရာတိုင်းကိုသူစိုးရိမ်လာသည်...
ဒါဆို အခုသူက သူ့ရဲ့အဖြူရောင်ပန်းငယ်လေးကို အခုထိ မကာကွယ်ပေးနိုင်သေးဘူးပေါ့..
စိတ်ရှုပ်စွာဆံပင်တွေကိုဆွဲဖွပစ်လိုက်တယ်...လက်ထဲကဖန်စလေးကသူ့လက်ကိုစူးခနဲ..ရေစက်လေးက နောက်ကျမှသိခဲ့တဲ့သူ့ကို အပြစ်ပေးလေသလား...
အိတ်ထဲကဖန်ကွဲစလေးတွေကိုထုတ်ပြီး စာသားလေးကိုကြည့်လိုက်တော့ စာသားကအပြည့်မပါတော့...
" ငါ့စာသားကဘာလို့မပြည့်တော့တာလဲ..ငါဘယ်မှာထားခဲ့မိလို့လဲ "
ဖန်စတွေတစ်စချင်းဖယ်ရှာနေရင်းမှ သက်တန့်ငယ် တစ်ခုခုကိုသတိရသွားသည်...
" မဟုတ်မှ စာကြည့်တိုက်မှာများကျခဲ့လား "
နောက်နေ့ရအောင်သွားရှာမယ်ဆိုတဲ့စိတ်လေးနဲ့ သက်တန့်ငယ် အိပ်ရာဝင်လိုက်တယ်..
" မြှားနတ်မောင်ဟာ
အဖြူရောင်ပန်းငယ်လေးနောက်မှာ....
ပုန်းကွယ်နေပါတယ်တဲ့... "
TBC PART - 22 ပါရှင့်....နည်းနည်းလေး ရင်ခုန်စရာအခန်းလေးတွေကိုရောက်ရှိတော့မှာမို့လို့ စောင့်နေပေးကြပါဦးရှင့်...ကျေးဇူးအများကြီးတင်ပါတယ်ရှင့်...😊😊😊😊😊😊😊😊