ရှင်သန်ရာ မျှော်လင့်ရင်ခွင်ဆီ...

By AnnaXiao105

423K 28.3K 1.1K

WangYiBo [&] XiaoZhan More

Intro
Part-1
Part-2
Part -3
Part-4
Part-5
Part-6
Part-7
Part-8
Part-10
Part-11
Part-12
Part-13
Part-14
Part-15
Part-16
Part-17
Part-18
Part-19
Part-20
Part-21
Part-22
Part-23
Part-24
Part-25
Part-26
Part-27
Part-28
Part-29
Part-30
Part-31(final)

Part-9

11.6K 926 74
By AnnaXiao105

႐ွင္သန္ရာေမ်ွာ္လင့္ရင္ခြင္ဆီ Ep-9

Zawgyi

  "Hello...ဘယ္သူ"

  "ကိုကို"

  "ဟင္...ကို..."

  "မေခၚနဲ႔၊ မင္း ကိုယ့္ကို ဘာမွမေျပာနဲ႔၊ ကိုယ္ေျပာတာကို နားေထာင္၊ နားေထာင္ၿပီးတဲ့စကားကို အသက္နဲ႔လဲ ကာကြယ္"

  ေ႐ွာင္က်န္႔ မ်က္လံုးေလးျပဴးလ်က္ မ်က္ဝန္းတို႔သည္ ယြီလင္းဆီ မေရာက္ေပမယ့္ မလံုမလဲေဝ့ၾကည့္ေနတာကို သိသည္။

  ဝမ္ ဘာေတြေျပာေနသလဲ။ ရင္ထဲမွာ နာသည္။ မုန္း၏။ သို႔ေသာ္ ေ႐ွာင္က်န္႔ကို ဘာမွ ျပန္ေမးမရခဲ့ေပ။

  "သူ...ဘာေတြ ေျပာေနမွန္းမသိဘူး"

  ဟု မေရမရာျပန္ေျဖေတာ့ ေဒါသကို ဘယ္လိုမွ ထိန္းမရႏိုင္၊ အိမ္မွာသာဆို သင္း နာၿပီ။ ထိုေန႔ ေန႔လည္မွာ ဖုန္းထပ္ေရာက္လာေတာ့.....

  "ယြီလင္း မင္း ခဏထြက္ခဲ့ပါ၊ မင္းကို ေျပာသြားခ်င္လို႔"

  "ဟင္..."

  ဖုန္းကိုင္လိုက္သည္ႏွင့္ ယြီလင္း နားေထာင္ၿပီး ေၾကာင္ေတာင္ေတာင္ျဖစ္သြားသည္။

  "႐ွင္ လာျပန္ၿပီလား၊ ႐ွင္ေတာ္ေတာ္လူပါးဝေနပါလား ဟင္၊ ဒီနားမွာ ေ႐ွာင္က်န္႔ကို ရဖို႔ လွည့္ပတ္ၿပီး ေျမေခြးေခ်ာင္းေခ်ာင္းေနတာလား"

  "လူလို ရပ္ေနတာပါ၊ အဲဒီလို မင္းေစာ္ကားမွာကိုသိလို႔ ခိုးေၾကာင္ခိုးဝွက္ ေခၚထုတ္မသြားဘဲ ေနတာ၊ ရတယ္၊ မင္း ဆင္းမလာခ်င္ရင္ လွမ္းၾကည့္လိုက္ေလ၊ က်န္႔က်န္႔က ကိုယ့္ေဘးမွာ"

  "ဘာ!..."

  ယြီလင္း ဝုန္းခနဲ ထရပ္လိုက္မိသည္။ အေပၚထပ္ဧည့္ခန္းကေန ေတာက္ေလ်ွာက္ေျပးဆင္းခဲ့မိ၏။ ေအာက္ထပ္ဧည့္ခန္းက ေခါင္းရင္းဘက္မွာ ကပ္ထားတာမို႔ ျခံေ႐ွ႕တည့္တည့္ကို မျမင္ရပါ။

  ထို႔ေၾကာင့္ တံခါးဝမွ ျခံထဲသို႔ ေရာက္လာသည္။ ဝမ္က ဖုန္းကိုင္လ်က္ ျပံဳးေနသည္။ ပီေကဝါးရင္း ျပံဳးေနျခင္းက မဲ့ရြဲ႔ေလွာင္ေျပာင္ေနသလိုပင္။ သူ ေက်ာကပ္ရပ္ေနေသာ တံခါးအတြင္းမွာ ေ႐ွာင္က်န္႔က ထိုင္ေနၿပီ။

  "ေ႐ွာင္က်န္႔၊ ေ႐ွာင္က်န္႔ နင္ အခု ဆင္းခဲ့စမ္း၊ ေစ့စပ္ထားတာ လူသိ႐ွင္ၾကားေနာ္၊ လူႀကီးေတြကို မ်က္ႏွာပ်က္ေအာင္ မလုပ္နဲ႔၊၊

  ေ႐ွာင္က်န္႔က ေခါင္းမညိတ္၊ ေခါင္းမခါဘဲ အားတင္းထားသည့္ မ်က္ႏွာေလးႏွင့္ ေငးၾကည့္ေနသည္။

  "ေစ့စပ္တာ လက္ထပ္တာမွ မဟုတ္တာ၊ သူ႔မွာ ေရြးခ်ယ္ခြင့္႐ွိေသးတယ္ ယြီလင္း၊ အခု သူ႔ကို ကိုယ္ေခၚသြားေတာ့မယ္၊ မင္းေ႐ွ႕မွာေနာ္၊ ကိုယ္က မ်က္ႏွာမပူတတ္ဘူး၊ မင္းလဲ မ်က္ႏွာမပူတတ္ရင္ ေဆးရံုမွာ ေၾကာ္ျငာလိုက္ပါ၊ ငါ့အိမ္က ငါ့ေမာင္အရင္းကို ဝမ္ရီေပၚ ခိုးသြားၿပီ လို႔"

  "ေတာက္!..."

  "ေဒါသနည္းနည္းေလ်ွာ့ဦး၊ ေျပာစရာ က်န္ေသးတယ္၊ ကိုယ္က ေလာဘႀကီးတဲ့ မိန္းမေတြကို မုန္းတယ္၊ ေယာက်ာ္းတစ္ေယာက္ကို ေခ်ာမွ၊ ေထာမွ ေရြးခ်င္တာမ်ိဳး၊ ဒါေတြ ျပည့္စံုေတာ့လဲ အရည္အခ်င္း ျပည့္ဝေစခ်င္တာမ်ိဳး"

  ရီေပၚက ဖုန္းကို ေဘာင္းဘီအိပ္ထဲ ျပန္ထည့္ၿပီး ကားကို မွီရာကေန တံေတာင္ႏွင့္ေထာက္၍ ယြီလင္းနဲ႔နီးေအာင္ ကိုယ္ကို မတ္သည္။

  "ကိုယ္က မလိုခ်င္ရင္ေပးခ်င္တယ္၊ ေတာင္းတာမႀကိဳက္ဘူး၊ ကိုယ္လူေတာ္လူတတ္ႀကီးျဖစ္ေနလဲ လူေတာ္လူတတ္လိုခ်င္တဲ့ မိန္းမေ႐ွ႕မွာ အသံုးမက်တဲ့ေကာင္ ျဖစ္ျပလိုက္ခ်င္တာ မင္းနဲ႔ကိုယ့္ရဲ႕ ခ်ည္ေႏွာင္မႈကို အစကတည္းက ကိုယ့္ဘက္က ျဖဳတ္ခ်ပစ္ခဲ့ၿပီးသား၊ ငါ့ရံ႕ႏွစ္ေကာင္ဖမ္းတယ္လို႔ မင္းေျပာရဲရင္ ေျပာေပါ့၊ နာစရာေတာ့ မ႐ွိပါဘူး၊ ကိုယ္က ႏွစ္ေကာင္ သံုးေကာင္ တစ္ခါတည္းဖမ္းတတ္တဲ့ အက်င့္လဲ႐ွိတာပဲ၊ ေျပာျပတာ"

  ဆိုၿပီး သူ ကားေပၚတက္သြားသည္။ တစ္ခ်က္မွ ျပန္မၾကည့္ဘဲ ေမာင္းထြက္သြားေလသည္။

  ယြီလင္း မ်က္ရည္ေတြ ေဝ့တက္လာ၏။ ဘာျဖစ္လို႔ ေဝ့သည့္ မ်က္ရည္မွန္းလည္း မသိ။ သူမဘဝက ဘာလဲ၊ သူ ယုတ္မာတာ၊ ကိုယ္ယုတ္သလို ျဖစ္ေနခဲ့သည္။ သူမ႐ွက္တတ္တာကို ကိုယ္က မေဖာ္ရဲတဲ့ အျဖစ္လား။

  ႐ွက္စရာေကာင္းလိုက္တာ။ ကိုယ္က ခ်စ္တဲ့သူ၊ ကိုယ့္ကို ခ်စ္တယ္လို႔ ေျပာၿပီး နမ္းခဲ့ဖူးသူ၊ ဒါေပမယ့္ ကိုယ့္ကိုေတာ့ (2)ခြန္းတည္းေျပာခဲ့တာတဲ့။ ေ႐ွာင္က်န္႔ကို (3)ခြန္းႏွင့္ အႏိုင္ပိုင္းၿပီး သိမ္းယူသြားသည္။ ကိုယ့္မွာ အေၾကာက္အကန္ ခြဲထားျပန္လ်ွင္လည္း သူ႔ကို မက္ေမာေန၍ သဝန္တိုသည့္အျဖစ္မ်ိဳးႏွင့္ ေနာက္ထပ္အ႐ွက္ကြဲရဦးမည္၊ သူက ဒီလိုျဖစ္ေအာင္ သက္သက္ ေခၚျပသြားတာ.....။

  ထိုစဥ္ ကိုင္ထားဆဲဖုန္းက ျမည္လာ၏။ သူပဲဆိုတာ ခ်က္ခ်င္းသိလိုက္သည္။ နားမွာ ကပ္လိုက္သည္ႏွင့္.....

  "မင္းတို႔မိသားစု ကိုယ္နဲ႔က်န္႔က်န္႔ မကြဲကြဲေအာင္ ႀကိဳးစားခဲ့တာမို႔လား၊ မင္းရဲ႕ မားျဖစ္ေစခ်င္ေနတာ ကိုယ့္ဘက္က မျဖစ္ႏိုင္ဘူး၊ အဲဒါ စိတ္မေကာင္းပါဘူး၊ မင္းတို႔ေျပာသလို က်န္႔က်န္႔က ကံဆိုးတဲ့သူပဲ၊ လြတ္လြတ္ကြၽတ္ကြၽတ္ ေပးထြက္လိုက္ေစခ်င္တယ္၊ ဒါပါပဲ က်န္႔က်န္႔ ဘယ္ေရာက္သြားမွန္းမသိဘူးလို႔ သတ္မွတ္ေပးလိုက္ရင္ အားလုံး ၿငိမ္းခ်မ္းသြားႏိုင္တယ္"

  ေျပာခ်င္တာေျပာၿပီး ဖုန္းခ်သြားသည္။ သူ ေျပာတာ ဘာလဲ။ ယြီလင္းတိုင္းမိသားစုကပဲ သူ႔ကို မဟားတရားလိုခ်င္မက္ေမာေနၾကသလိုလို၊ တစ္ခ်ိဳ႕တစ္ေလေသာ စိတ္ကူးတို႔႐ွိခဲ့မိသျဖင့္ ႐ွက္ရြံ႔စြာ ခံစားမိခဲ့သည္။

  ယြီလင္း မက္ေမာခဲ့တာ သူ႔အခ်စ္ကိုပါ။ အရည္အခ်င္းေတြ၊ စည္းစိမ္ဥစၥာေတြေၾကာင့္လည္း မဟုတ္။ မားနဲ႔ပါးကလည္း ယြီလင္း စိတ္ဝင္စားေနတာကို ငဲ့တာပဲျဖစ္၏။ ဒါကိုသူက သူသိေနတာကိုေျပာၿပီး ၿခိမ္းေျခာက္သြားသည္။

  ေ႐ွာင္က်န္႔ကို ဝမ္ရီေပၚ မရမက ခိုးယူသြားသည္ ဘာညာမ်ား ယြီလင္းတို႔က ျပႆနာ႐ွာမိလ်ွင္ သူက "သူ႔သမီးကိုမႀကိဳက္လို႔ သက္သက္ ညစ္တာ" လို႔မ်ား တံု႔ျပန္ကလဲ့စားေခ်ဦးမလားမသိ။ သို႔ဆိုလ်ွင္ သူနဲ႔ယြီလင္း တြဲေနခဲ့တာ၊ အိမ္မွာ မားနဲ႔ပါးကိုယ္တိုင္ ဝင္ထြက္ရင္းႏွီးခြင့္ေပးထားတာ အားလံုးေၾကာင့္ သိေနၾကေသာ ပတ္ဝန္းက်င္က သူ ေျပာသလိုပဲ ထင္ေတာ့မည္။

  ဒါဆို ဝမ္ရီေပၚနဲ႔ ေ႐ွာင္က်န္႔ ပါသြားတယ္ဆိုတာ လူ မသိေစမွသာ.....။

❤💚❤💚❤💚

  "မင္း...ဘယ္ေတြေလ်ွာက္သြားေနတာလဲ ရီေပၚ၊ ကိုယ့္ပါး ေနထိုင္မေကာင္းတာေကာ သိရဲ႕လား"

  အိမ္ထဲ ဝင္လိုက္သည္ႏွင့္ ဦးဝမ္ေလာ့ကြမ္က မ်က္ေမွာင္ကုတ္ႏွင့္ လွမ္းဆူသည္။

  "မင္းလဲ ေနမေကာင္းဘဲနဲ႔ သားအဖႏွစ္ေယာက္ကို ၾကည့္ေပးဖို႔ ဆရာဝန္ကလာေတာ့ မင္းကမ႐ွိဘူး၊ ေျပာပါဦး၊ နလံမထႏိုင္ေသးဘဲ ဘယ္ေလ်ွာက္သြားေနတာလဲ"

  "ထေနပါၿပီ ပါး"

  "ဘာၾက!..."

  "နလံထတာေလ၊ ပါးက လူႀကီးဆိုေတာ့ အ႐ွိန္က်န္ေနတာပါ၊ ကြၽန္ေတာ္က ေကာင္းသြားၿပီ"

  စကားေျပာတာ သူ႔မ်က္ႏွာကို မၾကည့္။ စိတ္႐ႈပ္သလို မ်က္ခံုးတြန္႔လ်က္ ေ႐ွ႕မွာဝင္ထိုက္လိုက္ေသာ ရီေပၚမ်က္ႏွာကို ဦးဝမ္ေလာ့ကြမ္ ေသခ်ာၾကည့္၏။

  ရီေပၚဟာ လူပံုကသာ မာေက်ာေက်ာပံုစံႏွင့္ ငယ္ငယ္ကတည္းက ခုထိ မေျပာင္းလဲစြာ ဖ်ားတတ္ျခင္းကေတာ့ စိတ္မေကာင္းစရာပါ။ ငယ္ငယ္ကေတာ့ ဖ်ားၿပီဆို အႀကီးအက်ယ္၊ လဲၿပီဆို တစ္ပတ္ဆယ္ရက္ေလာက္ ၾကာတတ္သည္။ ခုက်ေတာ့ ဖ်ားတာက ဝတၱရားေက်ေပမယ့္ လူက လူမမာလိုမေနေတာ့ေပ။ ကိုပူလ်က္ႏွင့္ ဟိုသြားမယ္၊ ဒီသြားမယ္ လုပ္လိုလုပ္။ ႏွစ္ရက္ေလာက္ အိပ္ရာထဲမွာ ေနရၿပီဆို ညည္းညဴ႐ႈံ့မဲ့လ်က္။ ဘယ္လိုမွ နလန္မထူနိုင္ေအာင္ ကိုက္ခဲနာက်င္ေနတာေတာင္ ေခါင္းမွာ ပလာစတာကပ္၍ ထြက္သည္။ ေဆးေသာက္ၿပီးၿပီ ပါးလို႔ ညာၿပီးထြက္၏။

  သားအဖဆံုျဖစ္ၾကတာလည္း တစ္ေယာက္ဖ်ားနာမွပဲ ျဖစ္ကာ ခုက်ေတာ့ ႏွစ္ေယာက္စလုံး ဖ်ားေနၾကသည္။ ရီေပၚက တာဝန္ေက်သည့္အဖ်ားမို႔ မထားဆန္းေသာ္လည္း သူ႔မွာ ဖ်ားလည္းဖ်ားခဲ့သည္၊ မ်ားျပားစြာ ျပန္႔ပြားထားသည့္ စီးပြားေရးလုပ္ငန္းမ်ားႏွင့္မို႔ လူမမာႀကီးလုပ္ေနဖို႔ကလည္း မျဖစ္ႏိုင္။

  သားျဖစ္သူကိုလည္း ဘယ္တုန္းကမွ လာၾကည့္ပါလား၊ လုပ္ပါလားႏွင့္ မျဖစ္မေန ေခၚသြင္းခဲ့တာမ်ိဳးမ႐ွိေတာ့ ခုက်မွ သားကို "သားေရ၊ အလုပ္ေတြကိတစ္လွည့္ဝင္ၾကည့္ဦး" ဟု ခိုင္းလို႔မရေပ။ ရီေပၚကလည္း စိတ္ဝင္စားပံုမျပ။ ပါးေသသြားရင္ အလုပ္ေတြ ဘယ္လိုလုပ္မလဲဟု ေတြးမိပံုလည္းမရ။ ခက္တာက ရီေပၚ၏ စိတ္ကိုက ထူးဆန္းခဲ့တာ။

  ဒီေကာင့္ကို သူ႔ဆႏၵမပါဘဲ ဘာမွ ခိုင္းလို႔မရေပ။ ဒါေပမယ့္.....

  "ေကာင္းသြားၿပီဆိုရင္လဲ ေျပာစရာ႐ွိတယ္၊ နားေထာင္ဦး"

  ဦးေလာ့ကြမ္က စကားျပန္စေတာ့ ရီေပၚက ဖ်တ္ခနဲ ေမာ့ၾကည့္၍.....

  "ခဏေနဦး ပါး၊ အခု ေခါင္းေတြေနာက္လာလို႔ ျပန္လာတာ၊ ခဏနားဦးမယ္၊ ၿပီးမွ ပါးနဲ႔ ကြၽန္ေတာ္..."

  "မရဘူးကြ၊ မင္း...အနားယူတာကို ထိုင္ေစာင့္ေျပာရေအာင္ ငါကလဲ လူေကာင္းမဟုတ္ဘူး"

  "ဒါဆို ထိုင္မေစာင့္နဲ႔ေလ၊ ပါးလဲ နားေပါ့"

  "ရီေပၚ...မင္း ဘယ္လိုျဖစ္ေနတာလဲ"

  "နားခ်င္လို႔"

  ရီေပၚ မ်က္ႏွာကိုၾကည့္၍ ဦးေလာ့ကြမ္ မ်က္ႏွာလည္း နည္းနည္းေတာ့ေျပသြား၏။ ရီေပၚ တကယ္ပဲ မ်က္ႏွာညိွဳးေနတာကို အကဲခတ္မိသြား၍ပင္။ သူလည္း ေနမေကာင္းပါဘူး၊ ဒါေပမယ့္ ေျပာဖို႔က ႐ွိေနသည့္မို႔.....

  "ပါးကို မင္း သတိထားမိရဲ့လား ရီေပၚ၊ ခုတေလာ မင္းရဲ႕ ပါး မူးမူးေနတယ္"

   "ပါးက မေသာက္တတ္ဘဲ ဘာလို႔မူးတာလဲ"

   "ကေလးကလား မေမးနဲ႔ကြာ၊ ေရာဂါျဖစ္ခ်င္လို႔ မူးတာေပါ့၊ မင္းကို အဲဒါသိေစခ်င္တာ"

  သူ ၾကည့္လိုက္ေတာ့လည္း ပါးက ေနမေကာင္းဘူးသာ ေျပာသည္။ အိပ္ရာမွာလွဲေနတာ ဘယ္ခါမွမ႐ွိ။ ေဆးထိုးခံတာေတာင္ ဆရာဝန္ ေဆးအပ္ႏုတ္လိုက္တာနဲ႔ ပါးက ထထိုင္ၿပီးၿပီ။

  "မင္းက ေနမေကာင္းဘူးဆိုၿပီး မာမာခ်ာခ်ာႀကီးပါလားလို႔ ေတြးေနတာလား"

  "အဟြန္း....ပါးေတာ္တယ္"

  "အံမာ...ပါးကို သူက"

  ဦးေလာ့ကြမ္က Sofaေပၚကေနထ၍ Computerခံုေ႐ွ႕က Fileတစ္အုပ္ကို ယူလိုက္သည္။ ၿပီးမွ ရီေပၚႏွင့္ေဘးခ်င္းကပ္မွာ လာထိုင္လိူက္သည္။

  "ဒီထဲက လယ္ဂ်ာေတြဟာ ကိုေက်ာက္လံုနဲ႔ပါး အခုေဆာက္မယ့္ Condoတိုက္အတြက္ စရိတ္တစ္ဝက္အထိ စာရင္းအကုန္ပဲ၊ အဲဒါေတြ မင္း ဒီညၾကည့္၊ ဒါမွမဟုတ္ ေနေကာင္းရင္ကြာ"

  "ဘာလုပ္ဖို႔လဲ ပါး"

  "ဟား...မင္းေတာ္ေတာ္ခက္ၿပီ ရီေပၚ"

  ပါးကလည္း ခက္ေနသည္။ သူ႔မွာလည္း ညပ္ေနသည္။ ကိုယ့္ျပႆနာကိုေတာင္ ဘယ္လို႐ွင္းရမွန္း မသိေသးဘဲ.....

  "လင္း႐ွရဲ႕ပါးနဲ႔ ပါးတို႔ ဘာလုပ္ၾကတာလဲ"

  "ခမည္းခမက္ေလာင္းေတြပဲကြ၊ အစကတည္းက သိဖူးေျပာဖူးတဲ့ လူေတြဆိုေတာ့ အခု ပူးေပါင္းလိုက္ၾကတဲ့သေဘာပဲ၊ မင္းကေရာ ကိုယ္နဲ႔ေစ့စပ္ထားတဲ့ မိန္းကေလးရယ္လို႔ ဘယ္ႏွေခါက္သြားဖူးလဲ"

  "သြားပါတယ္"

  "ဘယ္ကိုလဲ"

  "လင္း႐ွဆီကို ကြၽန္ေတာ္ သြားပါတယ္ ပါး၊ သူနဲ႔ကြၽန္ေတာ္ကလည္း ေလေပးသိပ္တည့္တာ မဟုတ္ဘူး၊ စကားစတာနဲ႔ ရန္ျဖစ္ရတာ"

  "ရီေပၚ အဲဒီမိန္းကေလးကို လိုခ်င္လွခ်ည္ရဲ႕လို႔ လက္ညိဳးထိုးခဲ့တာ မင္းေနာ္၊ ပါးက ပါဝါေတြသံုးၿပီး ေစ့စပ္ခိုင္းတာမဟုတ္ဘူး"

  "ဟုတ္ပါတယ္"

  "အခု သေဘာမက်ျပန္ဘူးလား"

  "က်ပါတယ္"

  "မင္း...ဘာျဖစ္ေနတာလဲ"

  "ေခါင္းမၾကည္လို႔ပါဆို"

  "ကဲ...ဒါျဖင့္လဲ သြားနားကြာ၊ သြား...မေျပာေတာ့ဘူး၊ အဲဒါကိုေတာ့ ယူသြား၊ ၾကည့္ခ်င္တဲ့စိတ္ကူး႐ွိရင္ေတာ့ လွန္ၾကည့္ေပါ့၊ ကိုေက်ာက္လံုက ေျပာတယ္၊ သူ ေအာင္ျမင္ေနတဲ့ Constructionေတြကို မင္းကို လႊဲေပးခ်င္တယ္ တဲ့၊ သူက ပိုဆိုးတယ္၊ ရင္က်ပ္သမား"

  ရီေပၚက မ်က္ႏွာမေမာ့ဘဲႏွင့္ ထရပ္သည္။

  "ဘာျဖစ္သြားတာလဲ"

  "ပါးပဲ...သြားနားဆို"

  "မဟုတ္ဘူး၊ မင္းပံုစံက ေျပာင္းလဲသြားသလိုပဲ၊ ဘာလဲ၊ ေက်ာက္လင္း႐ွကို သေဘာမက်တာ ေတြ႔လာလို႔လား"
 
  ရီေပၚက ေခါင္းခါလိုက္၏။

  "ရီေပၚေနာ္ ခ်စ္သူေတြဘာေတြ ထပ္ေတြ႔ေနရင္လဲ ေျပာ၊ မအီမလည္နဲ႔ ေယာက်ာ္းျဖစ္ၿပီးေတာ့၊ မင္းကို ဘယ္သူကမွ ႐ိုက္ႏွက္ေပးစားသြားမွာ မဟုတ္ဘူး၊ မလြန္မကြၽံခင္ ျပန္ဆုတ္ရင္ ျပႆနာ မ႐ွိဘူး"

  ရီေပၚက ဘာမွမေျပာေတာ့ဘဲ ပါး ယူသြားခိုင္းသည့္ Fileကိုေကာက္ယူ၍ ထြက္လာခဲ့သည္။ မလြန္မကြၽံခင္ေျပာဟု ပါးက ေမးေနၿပီ။ သူ ဘာေျပာရမလဲ။

  တစ္သက္လံုးက မ႐ွိခဲ့ဖူးသည့္ မိန္းမယူဖို႔ လက္ထပ္ဖို႔ စိတ္ကူးေတြး သူ ကူးခဲ့သည္။ စိတ္ကူးရံုမဟုတ္ဘဲ တစ္ထိုင္တည္း ဆံုးျဖတ္ တစ္ခါတည္းပဲ ေစ့စပ္ခဲ့ၿပီးၿပီ။ ခုက်မွ သူ႔စိတ္ထဲမွာ ကသိကေအာက္ႀကီး ဘာျဖစ္လို႔ ျဖစ္ေနတာလဲ။

  ေ႐ွာင္က်န္႔ကို သူ ခ်စ္သလား။ ခ်စ္လို႔ လက္ထပ္ခဲ့တာလား။ မေသခ်ာပါ။ မခ်စ္ခဲ့ဘူးဆိုသည့္ အေျဖကိုေတာ့ သူမေတြးဖူးခဲ့ေပ။ အဘယ္ေၾကာင့္ဆိုေသာ္ ေ႐ွာင္က်န္႔အေပၚ အိပ္မက္ခဲ့မိသည့္စိတ္မ်ိဳး သူ ဘယ္မိန္းကေလးအေပၚမွာမွ မျဖစ္ခဲ့ဖူးတာ ေသခ်ာေန၏။

  အမ်ားသူငါလိုပဲ ေ႐ွာင္က်န္႔ဟာ သူ႔ေရွ႕မွာ အလဲလဲအကြဲကြဲၫႊတ္က် ၿပိဳဆင္းေပးခဲ့ေသာ ပန္းကေလးပဲျဖစ္၏။ ဒါေပမယ့္ အျခားမိန္းကေလးေတြကိုသာ အထင္မႀကီးႏိုင္သည့္ မ်က္လံုးႏွင့္ ၾကည့္မိခဲ့သည္။ ခ်စ္လိုက္၊ မုန္းလိုက္၊ လမ္းခြဲတယ္ဆိုတာ လမ္းဆံုတစ္ခါမွ မိတ္ေဆြတစ္ေယာက္ႏွင့္ ႏႈတ္ဆက္ၿပီး လမ္းခြဲထြက္ရတာထက္ ပိုမို ခံစားခဲ့ရတာမ႐ွိ။

  ေ႐ွာင္က်န္႔ကို သူ လြယ္လြယ္ကူကူပဲ ခ်စ္ခြင့္ရခဲ့တာပါ။ ဒါေပမယ့္ ဆံုး႐ႈံးမခံႏိုင္ဘဲ ျဖစ္ေနသည္။ အထူးသျဖင့္ ယြီလင္းၾကည့္ေသာ မ်က္လံုးမ်ားကို မခံႏိုင္။ "ငါမမွားဘူး" ဆိုသည့္ မာန သူ႔မွာ႐ွိေနသည္။

  "ဟူး..."

  ေမြ႔ရာေပၚမွာ ေျခပစ္လက္ပစ္ လွဲခ်လိုက္မိသည္။ ေ႐ွာင္က်န္႔ကို သူ ပိုင္ဆိုင္ေသာ Beijingႏွင့္မေဝးသည့္ေနရာမွာ ထားပစ္ခဲ့သည္။ မိန္းမယူေတာ့မယ္ဆိုသည့္ စိတ္ကူးကို ဘယ္လိုမွ မကူးမိခဲ့သမ်ွ "ငါ ေယာက်ာ္း ခိုးခဲ့ၿပီ" ဟု စိတ္ဒုန္းဒုန္းခ်ၾကည့္တာ ရင္ထဲမွာ ပူေနသည္။

  ေ႐ွာင္က်န္႔နဲ႔သူ ေသတပန္သက္တစ္ဆံုး ေပါင္းရေတာ့မွာျဖစ္သည္။ ေ႐ွာင္က်န္႔ကို ျမတ္ျမတ္ႏိုးႏိုးခ်စ္ႏိုင္မွ ဒါက ျဖစ္ႏိုင္မည္။

  ေ႐ွာင္က်န္႔ကို ငါ ခ်စ္ေနခဲ့သလား၊ ခုက်မွ ေတြေဝေနတာ ငါ တရားရဲ႕လား၊၊ စိတ္တို႔ဟာ လူေကာင္းျဖစ္သြားလိုက္၊ လူဆိုးျဖစ္ခ်င္လာလိုက္၊ တရားျခင္း၊ မတရားျခင္းႏွစ္ဖက္မွ မထိန္းႏိုင္၊ မယိမ္းႏိုင္ျဖစ္ေနခဲ့ေလသည္။

  ပါးဟာ ဒီအျဖစ္ကို သူ ဖြင့္ေျပာလည္း အျပင္းအထန္ အျပစ္ဆိုမွာေတာ့ မဟုတ္ေပ။ ဒါကို သူသိသည္။ ေက်ာက္လင္း႐ွႏွင့္ ေစ့စပ္ထားတာမွန္ေသာ္လည္း လက္ထပ္ၿပီးတာမဟုတ္။ ဒီအျဖစ္ကို ပါးနားလည္ဖို႔ေတြ ႐ွိသည္။ ၿပီးေတာ့ ပါးဟာ သူ႔အေပၚမွာ တည္တည္တံ့တံ့ပဲ ေနေပမယ့္ စိတ္ေကာင္း႐ွိသူျဖစ္သည္။ သူစိမ္းေတြအေပၚေကာ၊ အလုပ္သမားဝန္ထမ္းေတြအေပၚမွာ ေျပာစမွတ္တြင္ေလာက္ေအာင္ ညႇာတာခဲ့၏။

  သူကေရာ ဘာျဖစ္တာလဲ။ လင္း႐ွကိုလည္း လိုခ်င္ခဲ့သည္။ ပါးကို ေစ့စပ္ခိုင္းခဲ့တုန္းက လိုခ်င္စိတ္နဲ႔ျဖစ္ၿပီး ေ႐ွာင္က်န္႔ကိုက်ေတာ့ ဇြတ္တရြတ္ ခိုးယူခဲ့မိတာ။

  ဖုန္းဆက္ေျပာတုန္းက ေ႐ွာင္က်န္႔ခမ်ာ ေၾကာက္ေၾကာက္လန္႔လန္႔နဲ႔ပါ။

  "ေျပာတာကို နားေထာင္၊ မင္းကို ကိုယ္လာေခၚမယ္၊ ဘယ္သူမွ မသိေအာင္မဟုတ္ဘူး၊ ယြီလင္းကို အသိေပးၿပီး ေခၚမွာ၊ သူတို႔ ျဖစ္ေစခ်င္သလို မင္း ဘယ္သူနဲ႔မွ မျဖစ္ရဘူး၊ ကိုယ္နဲ႔ကြဲေစခ်င္တာကို ရေအာင္ ယူမွာ၊ နားလည္လား၊ ယြီလင္းကို ကိုယ္ဖုန္းဆက္လို႔ ျခံေ႐ွ႕မွာ ကိုယ္ေရာက္ေနၿပီဆိုတာ ၾကားတာနဲ႔ ရေအာင္ထြက္ခဲ့"

  ေ႐ွာင္က်န္႔ တကယ္ထြက္လာ႐ွာသည္။ ဒါေပမယ့္ သူနဲ႔ပါလာေတာ့ ဝမ္းပမ္းတနည္း ငိုခဲ့၏။

  "ဘာျဖစ္လို႔ ငိုတာလဲ၊ မလိုက္ခ်င္လို႔လား"

  သူေမးေတာ့ ေခါင္းေလးခါျပ၏။

  "လိုက္ခ်င္လို႔ လိုက္ခဲ့တာပါ၊ ဒါ...ဒါေပမယ့္ ကိုကိုက က်ဲနဲ႔စကားမ်ားလို႔ ကြၽန္ေတာ့္ကို ရြဲ႔ၿပီးေခၚလာတာမို႔လားဟင္၊ ကြၽန္ေတာ္ ေၾကာက္တယ္၊ ကိုကို ကြၽန္ေတာ့္ကို ထားခဲ့ရင္ ကြၽန္ေတာ့္မွာ ေနစရာမ႐ွိဘူး ကိုကို"

  ေ႐ွာင္က်န္႔ကို သူ သနားသြားမိသည္။ တကယ္ေတာ့ ေ႐ွာင္က်န္႔ဆိုတာ သူ႔အေပၚမွာ ဘာမွမေမ်ွာ္လင့္ခဲ့႐ွာ။ လာဆိုလာသည္။ သြာဆိုေတာ့လည္း သူ႔ခမ်ာ ငိုေနရံုအျပင္ ဘာမွ ပူျပင္းေလာင္ၿမိဳက္ေစႏိုင္မွာ မဟုတ္။ ထို႔ေၾကာင့္ ေ႐ွာင္က်န္႔ကို သူ မပစ္ႏိုင္ပါ။

  ခ်စ္ဖို႔ ဆိုတာကေတာ့.....

Ep-10
Coming Soon❤💚
ဆက္ခါးၿပီးေနာက္မွခ်ိဳေပးရမလား❤
ခါးၿပီးခါးေပးရမလား 💔
ခ်ိဳၿပီးရင္ခါး ခါးၿပီးရင္ခ်ိဳ💘
ဘယ္လိုပံုစံလုပ္ေပးရမလဲ😁
ေဝဖန္ေပးၾကပါဦး
မနက္4:00လာတင္ေပးတာ😁

ရှင်သန်ရာမျှော်လင့်ရင်ခွင်ဆီ Ep-9

Unicode

  "Hello...ဘယ္သူ"

  "ကိုကို"

  "ဟင်...ကို..."

  "မခေါ်နဲ့၊ မင်း ကိုယ့်ကို ဘာမှမပြောနဲ့၊ ကိုယ်ပြောတာကို နားထောင်၊ နားထောင်ပြီးတဲ့စကားကို အသက်နဲ့လဲ ကာကွယ်"

  ရှောင်ကျန့် မျက်လုံးလေးပြူးလျက် မျက်ဝန်းတို့သည် ယွီလင်းဆီ မရောက်ပေမယ့် မလုံမလဲဝေ့ကြည့်နေတာကို သိသည်။

  ဝမ် ဘာတွေပြောနေသလဲ။ ရင်ထဲမှာ နာသည်။ မုန်း၏။ သို့သော် ရှောင်ကျန့်ကို ဘာမွ ပြန်မေးမရခဲ့ပေ။

  "သူ...ဘာတွေ ပြောနေမှန်းမသိဘူး"

  ဟု မရေမရာပြန်ဖြေတော့ ဒေါသကို ဘယ္လိုမွ ထိန်းမရနိုင်၊ အိမ်မှာသာဆို သင်း နာပြီ။ ထိုနေ့ နေ့လည်မှာ ဖုန်းထပ်ရောက်လာတော့.....

  "ယွီလင်း မင်း ခဏထွက်ခဲ့ပါ၊ မင်းကို ပြောသွားချင်လို့"

  "ဟင်..."

  ဖုန်းကိုင်လိုက်သည်နှင့် ယွီလင်း နားထောင်ပြီး ကြောင်တောင်တောင်ဖြစ်သွားသည်။

  "ရှင် လာပြန်ပြီလား၊ ရှင်တော်တော်လူပါးဝနေပါလား ဟင်၊ ဒီနားမွာ ရှောင်ကျန့်ကို ရဖို့ လှည့်ပတ်ပြီး မြေခွေးချောင်းချောင်းနေတာလား"

  "လူလို ရပ်နေတာပါ၊ အဲဒီလို မင်းစော်ကားမှာကိုသိလို့ ခိုးကြောင်ခိုးဝှက် ခေါ်ထုတ်မသွားဘဲ နေတာ၊ ရတယ်၊ မင်း ဆင်းမလာချင်ရင် လှမ်းကြည့်လိုက်လေ၊ ကျန့်ကျန့်က ကိုယ့်ဘေးမှာ"

  "ဘာ!..."

  ယွီလင်း ဝုန်းခနဲ ထရပ်လိုက်မိသည်။ အပေါ်ထပ်ဧည့်ခန်းကနေ တောက်လျှောက်ပြေးဆင်းခဲ့မိ၏။ အောက်ထပ်ဧည့်ခန်းက ခေါင်းရင်းဘက်မှာ ကပ်ထားတာမို့ ခြံရှေ့တည့်တည့်ကို မမြင်ရပါ။

  ထို့ကြောင့် တံခါးဝမွ ခြံထဲသို့ ရောက်လာသည်။ ဝမ္က ဖုန်းကိုင်လျက် ပြုံးနေသည်။ ပီကေဝါးရင်း ပြုံးနေခြင်းက မဲ့ရွဲ့လှောင်ပြောင်နေသလိုပင်။ သူ ကျောကပ်ရပ်နေသော တံခါးအတွင်းမှာ ရှောင်ကျန့်က ထိုင်နေပြီ။

  "ရှောင်ကျန့်၊ ရှောင်ကျန့် နင် အခု ဆင်းခဲ့စမ်း၊ စေ့စပ်ထားတာ လူသိရှင်ကြားနော်၊ လူကြီးတွေကို မျက်နှာပျက်အောင် မလုပ်နဲ့၊၊

  ရှောင်ကျန့်က ခေါင်းမညိတ်၊ ခေါင်းမခါဘဲ အားတင်းထားသည့် မျက်နှာလေးနှင့် ငေးကြည့်နေသည်။

  "စေ့စပ်တာ လက္ထပ္တာမွ မဟုတ္တာ၊ သူ့မှာ ရွေးချယ်ခွင့်ရှိသေးတယ် ယွီလင်း၊ အခု သူ့ကို ကိုယ်ခေါ်သွားတော့မယ်၊ မင်းရှေ့မှာနော်၊ ကိုယ္က မျက်နှာမပူတတ်ဘူး၊ မင်းလဲ မျက်နှာမပူတတ်ရင် ဆေးရုံမှာ ကြော်ငြာလိုက်ပါ၊ ငါ့အိမ္က ငါ့မောင်အရင်းကို ဝမ်ရီပေါ် ခိုးသွားပြီ လို့"

  "တောက်!..."

  "ဒေါသနည်းနည်းလျှော့ဦး၊ ပြောစရာ ကျန်သေးတယ်၊ ကိုယ္က လောဘကြီးတဲ့ မိန်းမတွေကို မုန်းတယ်၊ ယောကျာ်းတစ်ယောက်ကို ချောမှ၊ ထောမှ ရွေးချင်တာမျိုး၊ ဒါတွေ ပြည့်စုံတော့လဲ အရည်အချင်း ပြည့်ဝစေချင်တာမျိုး"

  ရီပေါ်က ဖုန်းကို ဘောင်းဘီအိပ်ထဲ ပြန်ထည့်ပြီး ကားကို မွီရာကေန တံတောင်နှင့်ထောက်၍ ယွီလင်းနဲ့နီးအောင် ကိုယ္ကို မတ်သည်။

  "ကိုယ္က မလိုချင်ရင်ပေးချင်တယ်၊ တောင်းတာမကြိုက်ဘူး၊ ကိုယ်လူတော်လူတတ်ကြီးဖြစ်နေလဲ လူတော်လူတတ်လိုချင်တဲ့ မိန်းမရှေ့မှာ အသုံးမကျတဲ့ကောင် ဖြစ်ပြလိုက်ချင်တာ မင်းနဲ့ကိုယ့်ရဲ့ ချည်နှောင်မှုကို အစကတည်းက ကိုယ့်ဘက်က ဖြုတ်ချပစ်ခဲ့ပြီးသား၊ ငါ့ရံ့နှစ်ကောင်ဖမ်းတယ်လို့ မင်းပြောရဲရင် ပြောပေါ့၊ နာစရာတော့ မရှိပါဘူး၊ ကိုယ္က နှစ်ကောင် သုံးကောင် တစ်ခါတည်းဖမ်းတတ်တဲ့ အကျင့်လဲရှိတာပဲ၊ ပြောပြတာ"

  ဆိုပြီး သူ ကားပေါ်တက်သွားသည်။ တစ်ချက်မှ ပြန်မကြည့်ဘဲ မောင်းထွက်သွားလေသည်။

  ယွီလင်း မျက်ရည်တွေ ဝေ့တက်လာ၏။ ဘာဖြစ်လို့ ဝေ့သည့် မျက်ရည်မှန်းလည်း မသိ။ သူမဘဝက ဘာလဲ၊ သူ ယုတ်မာတာ၊ ကိုယ်ယုတ်သလို ဖြစ်နေခဲ့သည်။ သူမရှက်တတ်တာကို ကိုယ္က မဖော်ရဲတဲ့ အျဖစ္လား။

  ရှက်စရာကောင်းလိုက်တာ။ ကိုယ္က ချစ်တဲ့သူ၊ ကိုယ့်ကို ချစ်တယ်လို့ ပြောပြီး နမ်းခဲ့ဖူးသူ၊ ဒါပေမယ့် ကိုယ့်ကိုတော့ (2)ခွန်းတည်းပြောခဲ့တာတဲ့။ ရှောင်ကျန့်ကို (3)ခွန်းနှင့် အနိုင်ပိုင်းပြီး သိမ်းယူသွားသည်။ ကိုယ့်မှာ အကြောက်အကန် ခွဲထားပြန်လျှင်လည်း သူ့ကို မက်မောနေ၍ သဝန်တိုသည့်အဖြစ်မျိုးနှင့် နောက်ထပ်အရှက်ကွဲရဦးမည်၊ သူက ဒီလိုဖြစ်အောင် သက်သက် ခေါ်ပြသွားတာ.....။

  ထိုစဉ် ကိုင်ထားဆဲဖုန်းက မြည်လာ၏။ သူပဲဆိုတာ ချက်ချင်းသိလိုက်သည်။ နားမွာ ကပ်လိုက်သည်နှင့်.....

  "မင်းတို့မိသားစု ကိုယ်နဲ့ကျန့်ကျန့် မကွဲကွဲအောင် ကြိုးစားခဲ့တာမို့လား၊ မင်းရဲ့ မားဖြစ်စေချင်နေတာ ကိုယ့်ဘက်က မဖြစ်နိုင်ဘူး၊ အဲဒါ စိတ်မကောင်းပါဘူး၊ မင်းတို့ပြောသလို ကျန့်ကျန့်က ကံဆိုးတဲ့သူပဲ၊ လွတ်လွတ်ကျွတ်ကျွတ် ပေးထွက်လိုက်စေချင်တယ်၊ ဒါပါပဲ ကျန့်ကျန့် ဘယ်ရောက်သွားမှန်းမသိဘူးလို့ သတ်မှတ်ပေးလိုက်ရင် အားလုံး ငြိမ်းချမ်းသွားနိုင်တယ်"

  ပြောချင်တာပြောပြီး ဖုန်းချသွားသည်။ သူ ပြောတာ ဘာလဲ။ ယွီလင်းတိုင်းမိသားစုကပဲ သူ့ကို မဟားတရားလိုချင်မက်မောနေကြသလိုလို၊ တစ်ချို့တစ်လေသော စိတ်ကူးတို့ရှိခဲ့မိသဖြင့် ရှက်ရွံ့စွာ ခံစားမိခဲ့သည်။

  ယွီလင်း မက်မောခဲ့တာ သူ့အချစ်ကိုပါ။ အရည်အချင်းတွေ၊ စည်းစိမ်ဥစ္စာတွေကြောင့်လည်း မဟုတ်။ မားနဲ့ပါးကလည်း ယွီလင်း စိတ်ဝင်စားနေတာကို ငဲ့တာပဲဖြစ်၏။ ဒါကိုသူက သူသိနေတာကိုပြောပြီး ခြိမ်းခြောက်သွားသည်။

  ရှောင်ကျန့်ကို ဝမ်ရီပေါ် မရမက ခိုးယူသွားသည် ဘာညာမ်ား ယွီလင်းတို့က ပြဿနာရှာမိလျှင် သူက "သူ့သမီးကိုမကြိုက်လို့ သက်သက် ညစ္တာ" လို့များ တုံ့ပြန်ကလဲ့စားချေဦးမလားမသိ။ သို့ဆိုလျှင် သူနဲ့ယွီလင်း တွဲနေခဲ့တာ၊ အိမ်မှာ မားနဲ့ပါးကိုယ်တိုင် ဝင်ထွက်ရင်းနှီးခွင့်ပေးထားတာ အားလုံးကြောင့် သိနေကြသော ပတ်ဝန်းကျင်က သူ ပြောသလိုပဲ ထင်တော့မည်။

  ဒါဆို ဝမ်ရီပေါ်နဲ့ ရှောင်ကျန့် ပါသြားတယ္ဆိုတာ လူ မသိစေမှသာ.....။

  "မင်း...ဘယ်တွေလျှောက်သွားနေတာလဲ ရီပေါ်၊ ကိုယ့်ပါး နေထိုင်မကောင်းတာကော သိရဲ့လား"

  အိမ်ထဲ ဝင်လိုက်သည်နှင့် ဦးဝမ်လော့ကွမ်က မျက်မှောင်ကုတ်နှင့် လှမ်းဆူသည်။

  "မင်းလဲ နေမကောင်းဘဲနဲ့ သားအဖနှစ်ယောက်ကို ကြည့်ပေးဖို့ ဆရာဝန်ကလာတော့ မင်းကမရှိဘူး၊ ပြောပါဦး၊ နလံမထနိုင်သေးဘဲ ဘယ်လျှောက်သွားနေတာလဲ"

  "ထနေပါပြီ ပါး"

  "ဘာကြ!..."

  "နလံထတာလေ၊ ပါးက လူကြီးဆိုတော့ အရှိန်ကျန်နေတာပါ၊ ကျွန်တော်က ကောင်းသွားပြီ"

  စကားပြောတာ သူ့မျက်နှာကို မကြည့်။ စိတ်ရှုပ်သလို မျက်ခုံးတွန့်လျက် ရှေ့မှာဝင်ထိုက်လိုက်သော ရီပေါ်မျက်နှာကို ဦးဝမ်လော့ကွမ် သေချာကြည့်၏။

  ရီပေါ်ဟာ လူပုံကသာ မာကျောကျောပုံစံနှင့် ငယ်ငယ်ကတည်းက ခုထိ မပြောင်းလဲစွာ ဖျားတတ်ခြင်းကတော့ စိတ်မကောင်းစရာပါ။ ငယ္ငယ္ကေတာ့ ဖျားပြီဆို အကြီးအကျယ်၊ လဲပြီဆို တစ်ပတ်ဆယ်ရက်လောက် ကြာတတ်သည်။ ခုကျတော့ ဖ်ားတာက ဝတ္တရားကျေပေမယ့် လူက လူမမာလိုမနေတော့ပေ။ ကိုပူလျက်နှင့် ဟိုသွားမယ်၊ ဒီသွားမယ် လုပ်လိုလုပ်။ နှစ်ရက်လောက် အိပ်ရာထဲမှာ နေရပြီဆို ညည်းညူရှုံ့မဲ့လျက်။ ဘယ္လိုမွ နလန်မထူနိုင်အောင် ကိုက်ခဲနာကျင်နေတာတောင် ခေါင်းမှာ ပလာစတာကပ်၍ ထွက်သည်။ ဆေးသောက်ပြီးပြီ ပါးလို့ ညာပြီးထွက်၏။

  သားအဖဆုံဖြစ်ကြတာလည်း တစ်ယောက်ဖျားနာမှပဲ ဖြစ်ကာ ခုကျတော့ နှစ်ယောက်စလုံး ဖျားနေကြသည်။ ရီပေါ်က တာဝန်ကျေသည့်အဖျားမို့ မထားဆန်းသော်လည်း သူ့မှာ ဖျားလည်းဖျားခဲ့သည်၊ များပြားစွာ ပြန့်ပွားထားသည့် စီးပွားရေးလုပ်ငန်းများနှင့်မို့ လူမမာကြီးလုပ်နေဖို့ကလည်း မဖြစ်နိုင်။

  သားဖြစ်သူကိုလည်း ဘယ်တုန်းကမှ လာကြည့်ပါလား၊ လုပ်ပါလားနှင့် မျဖစ္မေန ခေါ်သွင်းခဲ့တာမျိုးမရှိတော့ ခုက်မွ သားကို "သားရေ၊ အလုပ်တွေကိတစ်လှည့်ဝင်ကြည့်ဦး" ဟု ခိုင်းလို့မရပေ။ ရီပေါ်ကလည်း စိတ်ဝင်စားပုံမပြ။ ပါးသေသွားရင် အလုပ်တွေ ဘယ္လိုလုပ္မလဲဟု တွေးမိပုံလည်းမရ။ ခက္တာက ရီပေါ်၏ စိတ္ကိုက ထူးဆန်းခဲ့တာ။

  ဒီကောင့်ကို သူ့ဆန္ဒမပါဘဲ ဘာမွ ခိုင်းလို့မရပေ။ ဒါပေမယ့်.....

  "ကောင်းသွားပြီဆိုရင်လဲ ပြောစရာရှိတယ်၊ နားထောင်ဦး"

  ဦးလော့ကွမ်က စကားပြန်စတော့ ရီပေါ်က ဖ်တ္ခနဲ မော့ကြည့်၍.....

  "ခဏေနဦး ပါး၊ အခု ခေါင်းတွေနောက်လာလို့ ပြန်လာတာ၊ ခဏနားဦးမယ်၊ ပြီးမှ ပါးနဲ့ ကျွန်တော်..."

  "မရဘူးကြ၊ မင်း...အနားယူတာကို ထိုင်စောင့်ပြောရအောင် ငါကလဲ လူကောင်းမဟုတ်ဘူး"

  "ဒါဆို ထိုင်မစောင့်နဲ့လေ၊ ပါးလဲ နားပေါ့"

  "ရီပေါ်...မင်း ဘယ်လိုဖြစ်နေတာလဲ"

  "နားချင်လို့"

  ရီပေါ် မျက်နှာကိုကြည့်၍ ဦးလော့ကွမ် မျက်နှာလည်း နည်းနည်းတော့ပြေသွား၏။ ရီပေါ် တကယ်ပဲ မျက်နှာညှိုးနေတာကို အကဲခတ်မိသွား၍ပင်။ သူလည်း နေမကောင်းပါဘူး၊ ဒါပေမယ့် ပြောဖို့က ရှိနေသည့်မို့.....

  "ပါးကို မင်း သတိထားမိရဲ့လား ရီပေါ်၊ ခုတေလာ မင်းရဲ့ ပါး မူးမူးနေတယ်"

   "ပါးက မသောက်တတ်ဘဲ ဘာလို့မူးတာလဲ"

   "ကေလးကလား မမေးနဲ့ကွာ၊ ရောဂါဖြစ်ချင်လို့ မူးတာပေါ့၊ မင်းကို အဲဒါသိစေချင်တာ"

  သူ ကြည့်လိုက်တော့လည်း ပါးက နေမကောင်းဘူးသာ ပြောသည်။ အိပ်ရာမှာလှဲနေတာ ဘယ်ခါမှမရှိ။ ဆေးထိုးခံတာတောင် ဆရာဝန် ဆေးအပ်နုတ်လိုက်တာနဲ့ ပါးက ထထိုင်ပြီးပြီ။

  "မင်းက နေမကောင်းဘူးဆိုပြီး မာမာချာချာကြီးပါလားလို့ တွေးနေတာလား"

  "အဟွန်း....ပါးတော်တယ်"

  "အံမာ...ပါးကို သူက"

  ဦးလော့ကွမ်က Sofaပေါ်ကနေထ၍ Computerခုံရှေ့က Fileတစ်အုပ်ကို ယူလိုက်သည်။ ပြီးမှ ရီပေါ်နှင့်ဘေးချင်းကပ်မှာ လာထိုင်လိူက်သည်။

  "ဒီထဲက လယ်ဂျာတွေဟာ ကိုကျောက်လုံနဲ့ပါး အခုဆောက်မယ့် Condoတိုက်အတွက် စရိတ်တစ်ဝက်အထိ စာရင်းအကုန်ပဲ၊ အဲဒါတွေ မင်း ဒီညကြည့်၊ ဒါမှမဟုတ် နေကောင်းရင်ကွာ"

  "ဘာလုပ်ဖို့လဲ ပါး"

  "ဟား...မင်းတော်တော်ခက်ပြီ ရီပေါ်"

  ပါးကလည်း ခက်နေသည်။ သူ့မှာလည်း ညပ်နေသည်။ ကိုယ့်ပြဿနာကိုတောင် ဘယ်လိုရှင်းရမှန်း မသိသေးဘဲ.....

  "လင်းရှရဲ့ပါးနဲ့ ပါးတို့ ဘာလုပ်ကြတာလဲ"

  "ခမည်းခမက်လောင်းတွေပဲကွ၊ အစကတည်းက သိဖူးပြောဖူးတဲ့ လူတွေဆိုတော့ အခု ပူးပေါင်းလိုက်ကြတဲ့သဘောပဲ၊ မင်းကရော ကိုယ်နဲ့စေ့စပ်ထားတဲ့ မိန်းကလေးရယ်လို့ ဘယ်နှခေါက်သွားဖူးလဲ"

  "သွားပါတယ်"

  "ဘယ္ကိုလဲ"

  "လင်းရှဆီကို ကျွန်တော် သွားပါတယ် ပါး၊ သူနဲ့ကျွန်တော်ကလည်း လေပေးသိပ်တည့်တာ မဟုတ္ဘူး၊ စကားစတာနဲ့ ရန်ဖြစ်ရတာ"

  "ရီပေါ် အဲဒီမိန်းကလေးကို လိုချင်လှချည်ရဲ့လို့ လက်ညိုးထိုးခဲ့တာ မင်းနော်၊ ပါးက ပါဝါတွေသုံးပြီး စေ့စပ်ခိုင်းတာမဟုတ်ဘူး"

  "ဟုတ်ပါတယ်"

  "အခု သေဘာမက်ျပန္ဘူးလား"

  "ကျပါတယ်"

  "မင်း...ဘာဖြစ်နေတာလဲ"

  "ခေါင်းမကြည်လို့ပါဆို"

  "ကဲ...ဒါဖြင့်လဲ သြားနားကြာ၊ သြား...မပြောတော့ဘူး၊ အဲဒါကိုတော့ ယူသြား၊ ကြည့်ချင်တဲ့စိတ်ကူးရှိရင်တော့ လှန်ကြည့်ပေါ့၊ ကိုကျောက်လုံက ပြောတယ်၊ သူ အောင်မြင်နေတဲ့ Constructionတွေကို မင်းကို လွှဲပေးချင်တယ် တဲ့၊ သူက ပိုဆိုးတယ်၊ ရင်ကျပ်သမား"

  ရီပေါ်က မျက်နှာမမော့ဘဲနှင့် ထရပ်သည်။

  "ဘာဖြစ်သွားတာလဲ"

  "ပါးပဲ...သြားနားဆို"

  "မဟုတ္ဘူး၊ မင်းပုံစံက ပြောင်းလဲသွားသလိုပဲ၊ ဘာလဲ၊ ကျောက်လင်းရှကို သေဘာမက်တာ တွေ့လာလို့လား"
 
  ရီပေါ်က ခေါင်းခါလိုက်၏။

  "ရီပေါ်နော် ချစ်သူတွေဘာတွေ ထပ်တွေ့နေရင်လဲ ပြော၊ မအီမလည်နဲ့ ယောကျာ်းဖြစ်ပြီးတော့၊ မင်းကို ဘယ္သူကမွ ရိုက်နှက်ပေးစားသွားမှာ မဟုတ္ဘူး၊ မလွန်မကျွံခင် ပြန်ဆုတ်ရင် ပြဿနာ မရှိဘူး"

  ရီပေါ်က ဘာမှမပြောတော့ဘဲ ပါး ယူသွားခိုင်းသည့် Fileကိုကောက်ယူ၍ ထွက်လာခဲ့သည်။ မလွန်မကျွံခင်ပြောဟု ပါးက မေးနေပြီ။ သူ ဘာပြောရမလဲ။

  တစ်သက်လုံးက မရှိခဲ့ဖူးသည့် မိန်းမယူဖို့ လက်ထပ်ဖို့ စိတ်ကူးတွေး သူ ကူးခဲ့သည်။ စိတ်ကူးရုံမဟုတ်ဘဲ တစ်ထိုင်တည်း ဆုံးဖြတ် တစ်ခါတည်းပဲ စေ့စပ်ခဲ့ပြီးပြီ။ ခုက်မွ သူ့စိတ်ထဲမှာ ကသိကအောက်ကြီး ဘာဖြစ်လို့ ဖြစ်နေတာလဲ။

  ရှောင်ကျန့်ကို သူ ခ်စ္သလား။ ချစ်လို့ လက်ထပ်ခဲ့တာလား။ မေသခ်ာပါ။ မချစ်ခဲ့ဘူးဆိုသည့် အဖြေကိုတော့ သူမတွေးဖူးခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် ရှောင်ကျန့်အပေါ် အိပ်မက်ခဲ့မိသည့်စိတ်မျိုး သူ ဘယ်မိန်းကလေးအပေါ်မှာမှ မဖြစ်ခဲ့ဖူးတာ သေချာနေ၏။

  အမ်ားသူငါလိုပဲ ရှောင်ကျန့်ဟာ သူ့ရှေ့မှာ အလဲလဲအကွဲကွဲညွှတ်ကျ ပြိုဆင်းပေးခဲ့သော ပန်းကလေးပဲဖြစ်၏။ ဒါပေမယ့် အခြားမိန်းကလေးတွေကိုသာ အထင်မကြီးနိုင်သည့် မျက်လုံးနှင့် ကြည့်မိခဲ့သည်။ ချစ်လိုက်၊ မုန်းလိုက်၊ လမ်းခွဲတယ်ဆိုတာ လမ်းဆုံတစ်ခါမှ မိတ်ဆွေတစ်ယောက်နှင့် နှုတ်ဆက်ပြီး လမ်းခွဲထွက်ရတာထက် ပိုမို ခံစားခဲ့ရတာမရှိ။

  ရှောင်ကျန့်ကို သူ လြယ္လြယ္ကူကူပဲ ချစ်ခွင့်ရခဲ့တာပါ။ ဒါပေမယ့် ဆုံးရှုံးမခံနိုင်ဘဲ ဖြစ်နေသည်။ အထူးသဖြင့် ယွီလင်းကြည့်သော မျက်လုံးများကို မခံနိုင်။ "ငါမမွားဘူး" ဆိုသည့် မာန သူ့မှာရှိနေသည်။

  "ဟူး..."

  မွေ့ရာပေါ်မှာ ခြေပစ်လက်ပစ် လှဲချလိုက်မိသည်။ ရှောင်ကျန့်ကို သူ ပိုင်ဆိုင်သော Beijingနှင့်မဝေးသည့်နေရာမှာ ထားပစ်ခဲ့သည်။ မိန်းမယူတော့မယ်ဆိုသည့် စိတ္ကူးကို ဘယ္လိုမွ မကူးမိခဲ့သမ်ွ "ငါ ယောကျာ်း ခိုးခဲ့ပြီ" ဟု စိတ်ဒုန်းဒုန်းချကြည့်တာ ရင်ထဲမှာ ပူနေသည်။

  ရှောင်ကျန့်နဲ့သူ သေတပန်သက်တစ်ဆုံး ပေါင်းရတော့မှာဖြစ်သည်။ ရှောင်ကျန့်ကို မြတ်မြတ်နိုးနိုးချစ်နိုင်မှ ဒါက ဖြစ်နိုင်မည်။

  ရှောင်ကျန့်ကို ငါ ချစ်နေခဲ့သလား၊ ခုက်မွ တွေဝေနေတာ ငါ တရားရဲ့လား၊၊ စိတ်တို့ဟာ လူကောင်းဖြစ်သွားလိုက်၊ လူဆိုးဖြစ်ချင်လာလိုက်၊ တရားခြင်း၊ မတရားခြင်းနှစ်ဖက်မှ မထိန်းနိုင်၊ မယိမ်းနိုင်ဖြစ်နေခဲ့လေသည်။

  ပါးဟာ ဒီအျဖစ္ကို သူ ဖွင့်ပြောလည်း အပြင်းအထန် အပြစ်ဆိုမှာတော့ မဟုတ်ပေ။ ဒါကို သူသိသည်။ ကျောက်လင်းရှနှင့် စေ့စပ်ထားတာမှန်သော်လည်း လက်ထပ်ပြီးတာမဟုတ်။ ဒီအျဖစ္ကို ပါးနားလည်ဖို့တွေ ရှိသည်။ ပြီးတော့ ပါးဟာ သူ့အပေါ်မှာ တည်တည်တံ့တံ့ပဲ နေပေမယ့် စိတ်ကောင်းရှိသူဖြစ်သည်။ သူစိမ်းတွေအပေါ်ကော၊ အလုပ်သမားဝန်ထမ်းတွေအပေါ်မှာ ပြောစမှတ်တွင်လောက်အောင် ညှာတာခဲ့၏။

  သူကေရာ ဘာဖြစ်တာလဲ။ လင်းရှကိုလည်း လိုချင်ခဲ့သည်။ ပါးကို စေ့စပ်ခိုင်းခဲ့တုန်းက လိုချင်စိတ်နဲ့ဖြစ်ပြီး ရှောင်ကျန့်ကိုကျတော့ ဇွတ်တရွတ် ခိုးယူခဲ့မိတာ။

  ဖုန်းဆက်ပြောတုန်းက ရှောင်ကျန့်ခမျာ ကြောက်ကြောက်လန့်လန့်နဲ့ပါ။

  "ပြောတာကို နားထောင်၊ မင်းကို ကိုယ်လာခေါ်မယ်၊ ဘယ္သူမွ မသိအောင်မဟုတ်ဘူး၊ ယွီလင်းကို အသိပေးပြီး ခေါ်မှာ၊ သူတို့ ဖြစ်စေချင်သလို မင်း ဘယ်သူနဲ့မှ မဖြစ်ရဘူး၊ ကိုယ်နဲ့ကွဲစေချင်တာကို ရအောင် ယူမွာ၊ နားလည်လား၊ ယွီလင်းကို ကိုယ်ဖုန်းဆက်လို့ ခြံရှေ့မှာ ကိုယ်ရောက်နေပြီဆိုတာ ကြားတာနဲ့ ရအောင်ထွက်ခဲ့"

  ရှောင်ကျန့် တကယ်ထွက်လာရှာသည်။ ဒါပေမယ့် သူနဲ့ပါလာတော့ ဝမ်းပမ်းတနည်း ငိုခဲ့၏။

  "ဘာဖြစ်လို့ ငိုတာလဲ၊ မလိုက်ချင်လို့လား"

  သူမေးတော့ ခေါင်းလေးခါပြ၏။

  "လိုက်ချင်လို့ လိုက်ခဲ့တာပါ၊ ဒါ...ဒါပေမယ့် ကိုကိုက ကျဲနဲ့စကားများလို့ ကျွန်တော့်ကို ရွဲ့ပြီးခေါ်လာတာမို့လားဟင်၊ ကျွန်တော် ကြောက်တယ်၊ ကိုကို ကျွန်တော့်ကို ထားခဲ့ရင် ကျွန်တော့်မှာ နေစရာမရှိဘူး ကိုကို"

  ရှောင်ကျန့်ကို သူ သနားသွားမိသည်။ တကယ်တော့ ရှောင်ကျန့်ဆိုတာ သူ့အပေါ်မှာ ဘာမှမမျှော်လင့်ခဲ့ရှာ။ လာဆိုလာသည်။ သွာဆိုတော့လည်း သူ့ခမျာ ငိုနေရုံအပြင် ဘာမွ ပူပြင်းလောင်မြိုက်စေနိုင်မှာ မဟုတ်။ ထို့ကြောင့် ရှောင်ကျန့်ကို သူ မပစ်နိုင်ပါ။

  ချစ်ဖို့ ဆိုတာကေတာ့.....

Ep-10
Coming Soon❤💚
ဆက်ခါးပြီးနောက်မှချိုပေးရမလား❤
ခါးပြီးခါးပေးရမလား 💔
ချိုပြီးရင်ခါး ခါးပြီးရင်ချို💘
ဘယ်လိုပုံစံလုပ်ပေးရမလဲ😁
ဝေဖန်ပေးကြပါဦး
မနက္4:00လာတင္ေပးတာ😁

Continue Reading

You'll Also Like

202K 18K 28
Chance 🐰မထင်မှတ်ထားသော အခွင့်​အရေး 🐰ရဲ့ S2ပါနော် ခေါင်းစဥ်ကို တအားစဥ်းစားပစ်တာ😂😂
261K 46.1K 58
ඩේ අම්මු.... නා උන්නෙයි කාදිලික්කිරේන් ❤ (පරිනත අන්තර්ගතයකි...)
113K 4.9K 46
တစ္ခ်ိန္ က ကြၽန္ေတာ္ကိုယ္တိုင္ ေစာင့္ေရွာက္ခဲ့ တယ့္ကေလးက....ဆယ္ႏွစ္အၾကာမွာ ကြၽန္ေတာ့္ကို အပိုင္လိုခ်င္တယ္တယ့္...... တစ်ချိန် က ကျွန်တော်ကိုယ်တိုင် စေ...
445K 62.6K 78
🌻 " අනුක් අයියේ " "...................." " අනුක් අයියේ " බස් එකේ ජනේලෙන් එපිට බලාගෙන උන්න මන් ගැස්සුනෙ එයාගෙ සුළැගිල්ල මගේ සුළැගිල්ල වටේ එතෙනකොට...