Stranger From Hell { complete...

By SuNwe5

17.1K 1.7K 206

သာမာန်မျက်လုံးနဲ့မမြင်ရတဲ့ အရာတွေကို မြင်တဲ့ ကောင်လေး တစ်ယောက် အတိတ်ကအချိန်တွေထဲရောက်ပြီး သူကူညီနေတဲ့ ဝိဥာဉ်လ... More

intro
Ep 1🔥
Ep 2👻👻
Ep 3☠
Ep 4🐰🐹
Ep 5⌚⌚
ep 7🤡
ep 8🍒
ep 9🤗🤗
ep 10💘💘
ep 11💧
ep 12🤝🤝
ep 13💛
ep 14✨
ep 15👑
ep 16💛
ep 17🖤
ep 18🎈
ep - 19 ( final )

Ep 6🍜🍜

662 95 7
By SuNwe5

Yoongi ပလ္လင်ပေါ်က ဆင်းပြီးသူ့စီ လမ်းလျှောက်
လာတာနဲ့ အမှုထမ်းတွေအကုန် ခေါင်းငုံ့ထားသည်.
Jin ကတော့ အခုထိ ဘာတွေဖြစ်နေလဲ နားမလည်နိုင်
သေးပါ..ခေါင်းငုံ့ပြီး အရိုအသေပေးရမှန်းလဲမသိသေး

Jin ဘေးဘီဝဲကြည့်တော့ ရိုးရာဝတ်စုံဝတ်ထဲထားတဲ့
Jungkook....
ဟိုကတော့ သူ့ကို မှတ်မိတဲ့ပုံမပေါ်
ဘာလုပ်လို့လုပ်ရမှန်းမသိတဲ့အဆုံး ကြည့်ထားတဲ့ကိုရီး
ယားကားတွေထဲက လိုဥာဏ်များရန်ဆုံးဖြတ်လိုက်
သည်.ရုပ်ခံလေးရှိတော့ ဘာပြောပြော အဆင်ပြေမှာ
ပါ.ကို့ကိုယ်ကို တော့ အားပေးလိုက်သည်.

"အဟမ်း...''

သူ့အား မျက်တောင်မခတ်ကြည့်နေသော မင်းကြီးဆိုသူ
ကို ချောင်းဟန့်ကာ အသံပေးလိုက်သည်.

"မင်း ဘယ်ကလာတာလဲ''

မင်းကြီး အမေးကို ဘယ်လိုဖြေသင့်လဲ..အနာဂတ်က
လို့ပြောရမှာလား.မဖြစ်သေးပါဘူး.တော်ကြာခိုင်းစား
နေဦ မယ်.

"ကောင်းကင်ပေါ်က''

မတတ်နိုင်ဘူး..ဖောရှောရိုက်ရမှာပဲ.ယုံချင်ယုံမယုံချင်နေ
ဆောတီးပဲ မင်းကြီးရေ...

"ကောင်းကင်ပေါ်က ဆိုဘာလို့ ဒီအိုးထဲရောက်နေတာ
လဲ''

ဒီမင်းကြီးဟာ တော်တော်ရစ်ပါလား.ရုပ်ရှင်ထဲမှာဆို ဘာပြောပြောယုံပြီး နောက်ဆုံး မင်းကြီးတောင်ဖြစ်သွား
တာကို...မထူးတော့တဲ့အတူ ကို့ဇာတ်ကို နိုင်အောင်က
ရမှာပဲ seokjin ရေ

"ဘာလို့လဲဆိုတော့......ကောင်းကင်မင်းကြီးမကြိုက်တဲ့
အပြစ်လုပ်မိလို့ ဒီနိုင်ငံကို နယ်နှင်ဒဏ် ပေးလိုက်တာပါ
မင်းကြီး''

အဲ့မယ် ဟုတ်လှချည်လား..
.seokjin သူပြောချင်ရာ
ပြောပြီး ခေါင်းငုံကာ ပြုံးနေသည်.မင်းကြီးယုံအောင်
တော့ အပီလိမ်ရမည်.

Yoongi ကတော့ seokjin ကိုအထူးအဆန်းကြည့်
နေဆဲ.သူတင်မဟုတ် တစ်ခန်းလုံးကလူတွေလဲထိုနည်း
တူပင်...

"နတ်သားလား''

"ဟင်''

Yoongi စကားကြောင့် jin ခဏကြောင်သွားသည်.
အစကတော့ ဟုတ်တယ်ပြောချင်ပင်မဲ့ အစွမ်းတွေထုတ်
ပြခိုင်းနေရင် တိုင်ပတ်နေမှာစိုးလို့ အလှဆုံးပြုံးကာ

"မဟုတ်ပါဘူး မင်းကြီး.ကျွန်တော့ကို ဒီနိုင်ငံမှာ ခဏ
တည်းခွင့်ပြု ပါ''

သွား ၃၂ ချောင်းလုံးပေါ်အောင်ရီပြနေသော seokjin
ကို ကြည့်ရင်း yoongi စဉ်းစားမိသည်.ဒီလူသားက
တော့ မလိမ်လောက်ပါဘူး.

"ကောင်းပြီ.မင်းနမည်ဘယ်လိုခေါ်လဲ မောင်မင်း''

"Seokjin..kim seokjin ပါ''

"ကောင်းပြီ.ဒီ kim လူကြီးမင်းကို အခန်းလိုက်ပို့လိုက်
ကြပါ''

ဘာ kim လူကြီးမင်း..ဒီလောက်နုနုလှလှလေးကို kimseokjin တို့ကတော့
အသက်အရွယ်ကို ထိပါးရင်တော့ မင်းကြီးလဲမရဘူး
ရန်တွေ့လွှတ်မှာ..

"မင်းကြီး..jin လို့ခေါ်ပါ.ဘာလို့ kim လူကြီးမင်းလို့
ခေါ်တာလဲ.ကျွန်တော် အဲ့လောက် အသက်မကြီးသေး
ပါဘူး.ကျွန်တော် က ရုပ်ဆိုးဆိုး အသက်ကြီးကြီးရုပ်
ပေါက်နေလို့လား''

နှုတ်ခမ်းတထော်ထော်နဲ့ ရန်တွေ့နေသော seokjin
သည် အသိဝင်မှ မျက်လုံးပြူး မျက်ဆံပြူးနဲ့ သူ့ထော်နေ
တဲ့ နှုတ်ခမ်းအား လက်နဲ့အုပ်ရင်း ဘေးက ကိုယ်လုပ်
တော်တွေအား အခန်းကို ခေါ်သွားခိုင်းကာ

"မင်းကြီး ကျွန်တော်သွားလိုက်ပါဦးမယ်''

ရှိသမျှသွားတွေပေါ်အောင်ဖြဲပြရင်း သူ့အခန်းသို့ သုတ်
ခြေတင်ပြေးလေသည်.
တော်သေးတယ် ခေါင်းဖြတ်မခံရတာ.မင်းကြီးကို ဆရာ
လုပ်ရုံတင်မကဘူး ပြန်တောင်အော်လိုက်သေးတယ်...

Yoongi ကတော့ jin ထွက်သွားပြီးတာတောင် ရပ်
နေတုံးပင်...ထိုကောင်လေးသူ့ကို အော်သွားတာလား
ရန်တွေ့သွားတာလား????
ဘုရင် ဖြစ်ကတည်းက အခုထိ ဘယ်သူမှ မော့မကြည့်ရဲ
သလို လေသံမာမာဖြင့်လဲမပြောရဲ ရန်တွေ့ဖို့ဆို ပိုဆိုး..

"ခမည်းတော်''

ဘေးက သားတော် နှစ်ယောက်အသံကြားမှ သတိပြန်
ဝင်ကာ နှုတ်ခမ်းတွင်လဲ အပြုံးတစ်ခု ချွတ်ဆွဲလိုက်
သည်.

"အစည်းဝေးပြီးပြီ ပြန်ကြတော့.အိမ်ရှေ့စံနဲ့ မင်းသား
ငယ် က ခမည်းတော်ရဲ့ အခန်းထဲ လိုက်ခဲ့ဦ ''

Yoongi အမိန့်ပေးပြီး ထွက်သွားသည်.Jungkook
နဲ့ jimin လဲ yoongi နောက်မှ ပါသွားသည်.

==========================
Seokjin အခန်းထဲရောက်တော့ အကျီကို အရင်လဲ
လိုက်သည်.

"မဆိုးပါဘူး.ရိုးရာဝတ်စုံနဲ့လဲ ချောမောမှုက မပျောက်
သွားဘူးပဲ''

ထို့နောက် သူ့ဖုန်းအားထုတ်ကာ

"ကျစ်..လိုင်းလဲမရှိဘူး''

အော်ဒီခေတ်မှာ ဖုန်းမလိုဘူးပဲ.ဘယ်လိုပဲအသုံးမဝင်ပါ
စေ ကိုယ်နဲ့မကွာတော့ ဆောင်ထားရမယ်မလား
ဗိုက်ရဲ့ ဆန္ဒ ပြမှုကြောင့် အသင့်စားခေါက်ဆွဲဗူးနဲ့ တော့
ပိုကီ ဘူးကို လွယ်အိတ်ထဲမှ ထုတ်ကာ မီးဖိုဆောင်ရှိရာ
သို့ မှန်းရင်း ထွက်လာလေသည်.

"Jin...''

"ဝါး....joon''

စစ်သူကြီးဝတ်စုံနဲ့ ခန့်ကြားနေသော အချိန်စောင့်မှင်စာ
ကြောင့် seokjin အံ့သြ ရပြန်သည်.

"ရှာလိုက်ရတာ ငါက မင်းခေါင်းဖြတ်ခံနေရပြီထင်တာ''

Namjoon စကားကြောင့် ဝမ်းနည်းရမလားဝမ်းသာ
ရမလာ တွေးနေတုံး

"Jin ငါညပြန်လာမယ်.ပြသနာမရှာထားနဲ့နော်''

တွေ့တာဖြင့် နှစ်ရက်မပြည့်သေးတဲ့ သူထံကထိုစကား
ကြားရတော့ စိတ်ထဲအောင့်သက်သက်..
ဘယ့်နဲ့ လူကိုများ ပြသနာကောင်ထင်နေလားမသိ
စကားလဲမများချင်တော့တာမို့ ခေါင်းငြိမ့်ကာ မီးဖိုဆောင်
သာ လိုက်ရှာနေသည်.

ရေနွေးရှာပုံတော်ဖွင့်နေသော seokjin ကို အိပ်ခန်း
ဆောင်ပြန်ရန် သွားနေသော yoongi,jimin နဲ့
jungkook တို့တွေလေသည်.
ဟို ဟာလေးကတော့ ရေနွေးရှာမတွေ့လို့ နှုတ်ခမ်းဆူ
နေသည်.

"အိမ်ရှေ့စံ ဟိုကောင်လေးကို ခမည်းတော် ဆီခေါ်ခဲ့မလား''

"မှန်လှပါ ခမည်းတော်''

"မင်းသားငယ်က မိဘုရား hokseok ကို သွားခေါ်
ပေး''

"မှန်လှပါ ခမည်းတော်''

ထို့နောက် yoongi အားအရိုအသေပေးရင်း ထိုနေရာ
မှ ထွက်လာကြသည်.

Seokjin ဟိုကြည့်ဒီကြည့်သွားနေတာကြောင့် ရှေ့က
လူနဲ့ တိုက်မိကာ

"အ့..!''

"မင်းအဆင်ပြေရဲ့လား''

ထိုင်ရက်ကျသွားတာ မြင်တာကို အဆင်ပြေရဲ့လားတဲ့.
ရန်တွေ့ရန် မော့ကြည့်လိုက်တော့

"Kook....kooki''

Jungkook ကြောင်ကြည့်နေရင်း သူ့ကို kooki လို့
ခေါ်လိုက်တာလား?

"ကျွန်တော့်ကို သိလို့လား''

သိတယ်ပြောလဲ သူကမှတ်မိမှာ ကျနေတာပဲ. ခက်တော့တာပဲ seokjin ရေ. အရေးထဲ ဗိုက်ကဆာနေသေး.

"Sorry..လူမှားတာ''

ပြောနေကျ အတိုင်းပြောလိုက်ပင်မဲ့ တစ်ဖက်လူက နားမလည်ဟန်ပြနေတာမို့ စိတ်ကမရှည်တော့..

"ဒီမှာ ရေနွေးဘယ်နားမှာရလဲ သိလား''

Jungkook ထိုလူထူးဆန်းအား ခေါင်းငြိမ့်ပြကာ မီးဖို
ဆောင်သို့ခေါ်လာရင်း လိုချင်သောရေနွေးပေးလိုက်
သည်.
ဘာမှန်းမသိသော ဘူးလေး နှစ်ဘူးထဲရေနွေးထဲရင်း
နှုတ်ခမ်းကလဲ ပြုံးနေသည်.
အတန်ကြာမှ မင်းကြီးခေါ်ခိုင်းတာသတိရပြီး မင်းကြီး
ဆီခေါ်လာတော့ သူ့အနောက်က လူသားမှာ ထိုနှစ်ဘူး
ကို ပိုက်ရင်း ကြောင်စီစီနဲ့ လိုက်လာသည်.

"ဝင်ခွင့်ပြု ပါ ခမည်းတော်''

Jungkook နဲ့ jin ဝင်လာတော့ အခန်းထဲတွင်
Yoongi,jimin နဲ့ hoseok မှလွဲ၍ မည်သူမှမရှိပါ.

"ထိုင်ကြ''

"ဟုတ်''

Yoongi စကားဆုံးသည်နှင့် ထိုင်ချကာ ယူလာသောဘူးလေးအား ဖွင့်ရင်း ဗိုက်ဖြည့်ရန်တွေးလိုက်သည်.
ဗိုက်တော်တော် ဆာနေပြီလေ...

ခေါက်ဆွဲနံ့လေး နဲ့ တော့ပိုကီ အနံ့လေးသည် ကျန်တဲ့
လူသားတွေကို ဆွဲဆောင်နေသည်.
Jin ကတော့ ဂရုမစိုက်စွာ အရသာ မှုန့်ကို ဖောက်ထည့်
ရင်း ထည့်မွှေ နေသည်..
စားဖို့သာ စိတ်ရောက်နေ၍ ကျန်တာတွေ ဂရုမစိုက်မိပါ
.
.
.
.
.
.
.
.
.
.
.
.
.
Tbc...

Thz for reading💜
ကြိုက်ရဲ့လား..

For Unicode











Continue Reading

You'll Also Like

140K 13.1K 23
*•Switch Taekook•* Long After I have given up... My heart still searches for you without my permission...! ©
3.6K 455 8
ကျူးလစ်တွေလောက်မလှပသော်လည်း ထည့်သုံးထားသည့်မေတ္တာတရားတွေတော့ အင်အားကြီးလှ၏ ။ [ 𖧷✞︎𝖧𝖮𝖫𝖣 𝖮𝖭✞︎𖧷 ] 𝖪𝖨𝖬 𝖲𝖤𝖮𝖪𝖩𝖨𝖭 & 𝖪𝖨𝖬 𝖸𝖮𝖮𝖭𝖦𝖨 ...
30.8K 3.2K 7
°° ආදරේ කියන හැගීම අපි තුල ඇති වෙද්දි.. අපි ආදරෙ කරන කෙනා ගැන ඇතිවන ආසාව තමයි රාගය කියන්නේ.. රාගය වැරැද්දක් වෙන්නෙ ඒක හැමෝම ගැන ඇති උනොත්.. හැබැය...
12.8K 2.2K 37
မရင့်ကျက်နိုင်တဲ့အခါ ငါတို့တွေ.....။