Silent Crying book(1) (Compl...
Par Rockeain
265K 9.5K 345
ကျွန်တော့်ရဲ့ရှိုက်သံတွေကိုမုန်းတယ် အသံတိတ်နေခဲ့တဲ့ ရင်ခုန်သံကိုလည်းမုန်းတယ်..ခင်ဗျားကြီးကြောင့် ကျွန်တော့်ဘဝ... Plus
ep(1)💔
ep(2)💔
ep(3)💔
ep(4)💔
ep(5)💔
ep(6)💔
ep(7)💔
ep(8)💔
ep(9)💔
ep(10)💔
ep(11)💔
ep(12)💔
ep(13)💔
ep(14)💔🔞
ep(15)💔
ep(16)💔
ep(18)💔
ep(19)💔
ep(20)💔
ep(21)💔
ep(22)💔
ep(23)💔
ep(24)💔
ep(25)💔
ep(26)💔
ep(27)💔🔞
ep(28)💔
ep(29)💔
ep(30)💔
ep(31)🔞
ep(32)🔞
ep(33)💔
ep(34)💔
ep(35)💔
ep(36)💔
ep(37)🔞
ep(38)💔
ep(39)💔
ep(40)💔
ep(41)🔞
ep(42)💔
ep(43)💔
ep(44)💔
ep(45)💔
ep(46)💔
ep(47)💔
ep(48)final
extra 😁
book(2)par(1)
par(2)
par(3)
par(4)
par(5)
par(6)
par(7)
ep(17)💔
4.1K 186 0
Par Rockeain
ယောကျာ်းချင်းလက်ထပ်မဲ့ကိစ္စကို လုံးဝသဘောမတူတဲ့ ဒေါ်မေထား..
''မဖြစ်နိုင်ဘူးကိုကျော်နိုင်..သားကို အဲ့ဒီအရိုင်းအစိုင်းကောင်နဲ့ ထားတော့ လုံးဝသဘောမတူနိုင်ဘူး။''
''ဘယ်လိုလုပ်ရမလဲ..မိန်းမရယ် သားက
သူနဲ့ညတောင်အတူအိပ်ခဲ့ပြီးပြီ..
အို..ဒါတွေထားဂရုမစိုက်ဘူး..
သားနဲ့တော့ မပေးစါးနိုင်ဘူးရှင်..''
''ကျွန်မကတော့ ဒီလက်ထပ်ပေးမဲ့အရေးကို
လုံးဝဆို လုံဝသဘောမတူနိုင်ဘူး။''
''ရှင်လည်း..သဘောတူပေးစရာ ဘာအကြောင်းမှမရှိဘူး..သားကို အိမ်ပြန်ခေါ်ထားကြမယ်လေ နော်.. နော်လို့။''
''ဒီကိစ္စကို သားကိုယ်တိုင်ပဲ ဆုံးဖြတ်ပါစေ
ထား။ နစ်နာရတာ ကိုယ်တို့ရဲ့သားပါကွာ
သားပဲဆုံးဖြတ်ပါစေ။''
''အဟင့်..အဟင့်..ကျွန်မတော့ ရင်ကျိုးရပြီ
သားရယ် မာမီရင်တွေ ကွဲရပါပြီနော့်။''
အဖေနဲ့အမေ ပြောနေတဲ့ စကားတွေကို လှေကားအတတ်အဆင်းမှာ နားထောင်နေမိတဲ့ သုတ..
'ဟင်..ကိုကိုက ယောကျာ်းသားတစ်ယောက်နဲ့ ညအတူအိပ်ခဲ့တယ်။'
မျက်လုံးအပြူးသားနဲ့ သုတအတွေးတွေနယ်ချဲ့လျှက်။
လွန်းကို ထားထားတဲ့အိပ်ခန်းထဲ.. စစ်မဟာရှိနေပေမဲ့ ဉီးလေးဖြစ်သူ ဒေါက်တာ
စိုးငယ်ရောက်လာပြန်တယ်..
''မဟာ..ဒီနေ့ ဒီကောင်လေးကို ဆေးရုံတင်မှရလိမ့်မယ်။''
''ဦးငယ် ဒီလိုလုပ်မှဖြစ်မှာလား..ကျွန်တော်
လွန်းကိုဆေးရုံမတင်ချင်ဘူး။''
''မတင်လို့မရဘူးမဟာ..သူမေ့နေတာ ၁၂ရက်မကတော့ဘူး..အခြေအနေတွေက
မင်းထင်သလိုမဟုတ်ဘူး..ဒီထက်ဆိုးသွားတာမင်းမြင်ချင်လို့လား ပြောလေ။''
မျက်ဝန်းမှမျက်ရည်တွေက လွန်းရဲ့လက်ခုံထက် တစ်စက်ချင်းကျဆင်းပြီးတဲ့နောက်..
''ဆေးရုံတင်ဆိုတော့လည်း တင်ရတော့မှာပေါ့ ဒါတွေက ကျွန်တော်ကြောင့်ဖြစ်ရတာ
မို့... အပြစ်အရှိဆုံးက ကျွန်တော်ပဲ။''
''မင်းအဆင်သင့်ပြင်ထား..ခဏနေ ငါအရေးပေါ်ကားလွှတ်လိုက်မယ်။''
''ကောင်းပြီ..ဦးငယ်..''
လွန်းကိုဆေးရုံတင်တဲ့ရက်က စစ်မဟာ
ဆရာဝန်ကြီးတွေနဲ့ ပိုက်ဆံဘယ်လောက်ကုန်ကုန် အမြန်ဆုံးသတိရအောင် ကုသခိုင်းပြန်ရော..
''ဒီမှာ..ကောင်လေး..လူနာကဆေးအရမ်းများပြီး..ခုလိုဖြစ်သွားရတာပဲ။
နောက်ထပ်တစ်ခါ ဒီလိုထပ်မဖြစ်ပါစေနဲ့
ဒီတခါဆိုရင် အသက်ပါဆုံးရှုံးသွားလိမ့်မယ်။
အခုတော့ ဆရာတို့ဘက်ကလည်း အစွမ်းကုန်ကြိုးစားကုသပေးထါးတယ်။
မကြာခင်တော့ လူနာသတိရကောင်းရနိုင်တယ် စိတ်ရှည်ရှည်နဲ့စောင့်ပေးပါ။''
လွန်းဆေးရုံတင်တဲ့သတင်းကြားကြားခြင်းပဲ ဒေါ်မေထား ဆေးရုံကြီးကိုလိုက်လာပါတော့တယ်။
''သုတ..သားငယ် သားအကိုရဲ့အခြေအနေ
မာမီသိချင်တယ် မြန်မြန်ရှာပေးစမ်းပါ.ဘယ်အခန်းမှာလဲဆိုတာ။''
''ဟုတ်ကဲ့...မာမီ သားရှာပေးပါ့မယ် မာမီဒီမှာ ခဏစောင့်နော်။''
သုတ ဆေးကောင်တာမှာ စားရင်းကိုင်
Nurse မလေးဆီမှ လွန်းခေတ်ဆိုတဲ့လူနာရဲ့အခန်း နံပါတ်ကိုရှာဖွေခိုင်းပြီး..
ခဏအကြာတော့.. 'မောင်လေး လွန်းခေတ်ဆိုတဲ့လူနာရဲ့အခန်းနံပါတ်က..×××××..''
''ဟုတ်ကဲ့..ကျေးဇူးပဲနော်..
ခွင့်ပြုပါအုံး..''
''မာမီ..ကိုကိုက အပေါ်ကအခန်းမှာ..သားနဲ့လိုက်ခဲ့နော်။''
သားမိနှစ်ယောက် လွန်းရှိရာ အခန်းလေးဆီသို့ မပြေးရုံတစ်မယ်..ခြေလှမ်းခဲ့မိပြန်တယ်။
အခန်းတံခါးဖွင့်တာနဲ့..ကုတင်ပေါ် အသက်ရှူပိုက်တွေ ဆေးသွင်းထားတဲ့လက်ကဒဏ်ရာတွေ ဒါတွေကိုမြင်ပြီး
ဒေါ်မေထား..စစ်မဟာကို သူမလက်နဲ့ထုရိုက်ပါလေးရော..
''မင်းကြောင့် ငါ့သားလေးခုလိုဖြစ်ရတာ..
မင်းကြောင့်..ငါ့သားလေးခုလိုဖြစ်ရတာ..
မင်းက မကောင်းဆိုးဝါးကောင်ပဲ။
ထွက်သွား... ငါတောင်မင်းကိုဒီလောက်မုန်းတာ ငါ့သားလေးဆိုရင် မင်းပေါ်ဒီထက်မကမုန်းမှာပဲ..သိထား။''
''မာမီ..တော်ပါတော့ဗျာ..ကိုကိုကြားသွားပါအုံးမယ်။''
''ကျွန်တော်တောင်းပန်ပါတယ် အန်တီ..မရည်ရွယ်ပါဘူး။''
''ဘာမရည်ရွယ်ပါဘူး.ဟုတ်လား..
မင်းမရည်ရွယ်ပေလို့ပဲ..ရည်ရွယ်ခဲ့ရင်ငါ့သားလေးအသက်တောင်ရှိပါ့မလားမသိဘူး။
အို ဘာမှမရှင်းပြနဲ့ မင်းထွက်သွားပါ..
ဒီအခန်းထဲက လေထုတခုတည်းအသက်ရှူနေရတာ ငါမုန်းလွန်းလို့။''
စစ်မဟာ လွန်းရဲ့လက်ကလေးကို အသာအယာဖြုတ်ချခဲ့ပြီး..''ကိုယ်ပြန်လာခဲ့မယ် ကလေး ခုတော့ ကလေးရဲ့မာမီကကိုယ့်ကိုအရမ်းစိတ်ဆိုးနေတယ်ထင်တယ်။''
လွန်းကို ထားပြီး အခန်းပြင်ဘက်မျက်ရည်တွေနဲ့ ထွက်သွားတဲ့ သူ။
'ဘာတွေပဲဖြစ်လာဖြစ်လာပါ လွန်းဆိုတဲ့ ကလေးက ကိုယ့်အတွက်ပဲဖြစ်ရမှာ..အဲ့ဒီတော့ ကိုယ့်ဘက်က စိတ်ရှည်သည်းခံပြီး
အောက့်ကျို့ရမှာပဲ။
ကိုယ့်မာနတွေခုချိန်မှာ အောက်ဆုံးရောက်နေပါစေ ကလေးအတွက်ပဲ အဲ့ဒီမာနတရားတွေကို မြေပေါ်ချနင်းလိုက်တော့မယ်။
ကိုယ် ကလေးနဲ့ပက်သက်ရင် ခုချိန်မှာ ဘာမှအကောင်းအဆိုးမမြင်နိုင်သေးဘူး။
ကိုယ်နောင်တမရပါဘူး..ကလေးရယ်..
ကလေးနဲ့ဘဝတစ်ခု အတူတူဖြတ်သန်းချင်သေးလို့ ကိုယ်သတိရနေပြီကွာ ပြန်နိုးထပါတော့ ကလေး။'
''ကလေး...ကလေးမရှိရင် ကိုယ်လည်းလောကထဲဆက်မရှင်သန်ချင်ဘူးကွာ..
ပြန်လာပါတော့..ကိုယ်အရမ်းလွမ်းပြီးသတိရနေပြီကွာ..လွန်းဆိုတဲ့ကလေးလေး
ကိုယ့်အနားပြန်လာချိန်ရောက်ပြီနော်။''
အရူးတစ်ယောက်လို ဆေးရုံရဲ့ခေါင်မိုးထက်မှ အသံကျယ်ကျယ်ဟစ်အော်နေပြန်တဲ့ စစ်မဟာ။
သူရဲ့ရင်ထဲ တင်းကြပ်တဲ့ နာကျင်ခြင်းတွေနဲ့မို့ ခဏတာစိတ်ထွက်ပေါက်အဖြစ် အော်ဟစ်လိုက်ကာမှ အနည်းငယ်သက်သာသွားသလို။
''ကိုယ်မင်းကိုချစ်တယ် ကလေး..မင်းမရှိလို့မရဘူးနော်. အားးးးးပြန်လာပေးပါကွာ။''
အဲ့ဒီနေ့ ညမှာပဲ ကုတင်ပေါ်က လူနာလေး
လက်ကလေးများ အသာအယာလှုပ်ရှားလာခဲ့မိ..တိတ်ဆိတ်နေတဲ့ သူ့အခန်းလေးထဲမှာ ဘယ်သူမှ သူသတိရလာတာမမြင်
အားလုံးက မောပန်းပြီးအိပ်ပျော်နေကြလို့ပဲ။
သတိရလာပြီနော် ကလေးနဲ့ ကိုကိုနဲ့
ဘယ်လိုနှစ်ပါးသွားမလဲဆိုတာ မျှော်ပါ😁
mp Rockeain
🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿
Zaygyi
သားပဲဆုံးဖြတ်ပါစေ။''
''ကောင်းပြီ..ဦးငယ်..''
ခွင့်ပြုပါအုံး..''
အောက့်ကျို့ရမှာပဲ။
mp Rockeain
Continuer la Lecture
Vous Aimerez Aussi
125K 17.4K 30
ရိုးရိုးအချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ
56.2K 156 1
YiZhan ( 18+)🚨 ရှောင်ဟန်❤️ပိုင်ယွီ (yizhanကြည့်သီးသန့်မဟုတ်ပါ ဇတ်ကောင်၄ယောက် ၂တွဲမျှရေးတာပါ မကြိုက်ရင်ကျော်သွားပါနော် )
253K 9.1K 39
ဖီးနစ်ငှက်တစ်ကောင်ရဲ့ ရင်ကွဲမတတ်အော်ဟစ်သံဟာ လောင်ကျွမ်းအံ့ဆဲဆဲ အတောင်ပံတွေနဲ့အတူ ပျောက်ကွယ်ပျက်စီးသွားတော့မယ့်အချိန်မှာ ငါဟာ မင်းနဲ့နောက်တစ်ကြိမ်...
1.4M 59.3K 70
ငါလား.... စိတ်ချ...... နိဗ္ဗာန်ရောက်ရင်လည်း မင်းကိုပဲ ချစ်နေအုံးမှာ.......... သုနေတင်ထွဋ် ကမ္ဘာပျက်သလို လေပြင်းမိုးသံတွေထ...