Because of him

By ChitChit936

168K 14.8K 1K

Xiao Zhan..က်ေနာ္ေကြးခဲ့တာလဲ သူ႔ေၾကာင့္ က်ေနာ္ျပန္ေျဖာင့္သြားတာလဲ သူ႔ေၾကာင့္ က်ေနာ္ျပန္ေကြးသြားတာလဲ သူ႔ေၾကာင္... More

1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
18
final part

17

5.9K 548 27
By ChitChit936

Zawgyi

ကြ်ီခနဲျမည္သံနဲ႔အတူ ပြင့္သြားတဲ့ျခံတံခါးႀကီး။
အထဲကေန လႈပ္စိလႈပ္စိေျပးလာတဲ့ ပိန္သြယ္သြယ္အရိပ္ေလးကုိ အသည္းတယားယားနဲ႔ၾကည့္ၿပီး လက္လွမ္းျပတုန္း႐ွိေသး  ​ေဘးကကပ္ပါလာတဲ့ ပုလံုးလံုးအရိပ္ျကီး​ကုိျမင္လိုက္​ေတာ့ ေ႐ွာင္က်န္႔ခမ်ာ ေအာ္ငုိခ်င္စိတ္က ရင္ဝထိ လိႈက္လိႈက္လွဲလွဲ..

တကယ္.. တကယ္ကုိ ေယာကၡထီးကုိပါ ခိုးေျပးရေတာ့မွာပဲ..

ပ်ိဳ ျမစ္သြက္လက္တဲ့လူငယ္ေလးပီပီ ခ်စ္ရေသာေကာင္ေလးက အနားကုိအရင္ေရာက္လာတယ္။ လက္ထဲမွာ အထုပ္အပိုးႏွစ္ခုနဲ႔ ​ေခြၽးတို႔ဆို႔နင့္ကာ သနားစဖြယ္​ေလးျဖစ္​ေနတာမို႔ ကားေပၚကေန အလ်င္အျမန္ဆင္းၿပီး အထုတ္အပိုးအကုန္လံုး လက္လႊဲယူလိုက္တယ္။

ထို႔ျပင္ မအားတဲ့ၾကားကေန မ်က္ႏွာျဖဴ ဥဥထက္က ေခြၽးစက္တို႔ကုိပါ မွီရာလွမ္းသုတ္ေပးမိေတာ့ ခ်ီးက်ဴ းသလို ေက်နပ္ျပံဳးေလးျပံဳးျပလာတာေၾကာင့္ လက္႐ွိျပသနာေတြကုိေတာင္ ေမ့သြားသေယာင္..

"ေဟ့ေကာင္ေလး ငါ့ဆီကအထုတ္ေတြေရာယူေပးဦးေလကြာ.. !"

အဟင့္အဟင့္! မေျပာနဲ႔ မၾကားခ်င္ဘူး အဲ့အသံႀကီးမၾကားခ်င္ဘူးလို႔... ျဖစ္ႏိုင္ရင္ ဦးေလးကုိဂုတ္ေပၚေကာက္ထမ္းၿပီး အိမ္ထဲေသာ့ပိတ္ထားခဲ့ခ်င္တာ ႐ွင္းလား??

မၾကားခ်င္ေယာင္ေဆာင္ၿပီး ေတာင့္ေတာင့္ႀကီးရပ္ေနမိေတာ့ နားထဲကုိဝင္လာတဲ့ စိမ့္စမ္းေရလိုအသံေလး...

"ဟုတ္သား ကုိကုိရယ္ ဟိုမွာ ပါးပါးက ေလးေနေရာေပါ့.."

႐ုိး႐ုိးေျပာလဲရရဲ႕သားနဲ႔ မ်က္ေတာင္႐ွည္႐ွည္တို႔ကုိ ပုတ္ခတ္ပုတ္ခတ္လုပ္၊ ေအာက္ႏႈတ္ခမ္း​ေလးတစ္ခုတည္းေထာ္လို႔ ေျပာလာတဲ့ေကာင္ေလး။လက္ေတြကလဲအၿငိမ္မေန ေ႐ွာင္က်န္႔အကႌ်စကုိ ဆြဲလႈပ္ေနေသးတာ!

အလိုေလး! ဘယ္လိုေတာင္ခ်စ္ဖို႔ေကာင္းရတာ!
ဒီလို႐ႈတိုင္းဝ ျမင္သူေငး ခ်စ္စရာေလးကုိ ခုလိုအရြယ္ေရာက္တဲ့အထိ ျပဳစုပ်ိဳးေထာင္ေပးထားတဲ့ ေက်းဇူး႐ွင္ႀကီးဆိုေတာ့လဲ...
အဟင္း... ႐ွိေစေတာ့...

"အင္းပါ baby ရဲ႕ ပါးပါးက ကုိယ့္ပါးပါးပဲဟာ လုပ္ေပးရမွာေပါ့ "

လက္ထဲက အထုပ္ျကီးႏွစ္ခုကုိ ကားေနာက္ခန္းထဲပစ္ထည့္လို႔ ေယာကၡထီးႀကီးဆီ အလ်င္စလိုေျပးသြားရျပန္တယ္။

ဘုရား ဘုရား ဒီဘုိးေတာ္က ဘယ့္ႏွယ့္ေၾကာင့္  (၅) ထုပ္ေတာင္သယ္လာရတာ ! !

ငါခိုးေျပးမွာ သူ႔သားကုိပါေနာ္ ! တကယ့္ကာယကံ႐ွင္ေတာင္ႏွစ္ထုပ္ပဲသယ္လာတာ သူကတစ္အိမ္လံုးမ်ားသယ္လာသလား?

ေ႐ွာင္က်န္႔ ေခါင္းကုိသာ တဗ်င္းဗ်င္းကုတ္ဖဲ့မိေတာ့သည္။ ဒီကိစၥႀကီးကုိ ဘယ္လိုေျဖ႐ွင္းရပါ့
တျခားသူေတြဖုန္းဆက္ေမးရေအာင္လဲ သူတို႔ကမိန္းမပဲခိုးဖူးၾကမွာ! ကုိယ့္လို တစ္မူထူးၿပီး ေယာကၡထီးကုိပါ ခိုးေျပးဖူးမွာမဟုတ္..

"ဟို  အန္ကယ္ အထုပ္​ေတြကမမ်ားလြန္းဘူးလား က်ေနာ္တို႔က ခိုးရာလိုက္ၾကမွာေနာ္ အိမ္ေျပာင္းမွာမွမဟုတ္တာ.."

ေျပာၿပီးမွ ကုိယ့္ႏႈတ္ခမ္းကုိ အံႀကိတ္ကုိက္လိုက္မိသည္။ အမွန္ဆို ဒီစကားေတြက ရိေပၚကုိေျပာေနရမွာ​ေလ။ အခုေတာ့ သူ႔ဖေအကုိေျပာေနရတာ.

ငါ့လခြီးတဲ့မွ... ဘာအေျခအေနႀကီးလဲကြာ!!

"ပစၥည္းဆိုတာ ပိုယူလာလို႔ အလကားမျဖစ္ဘူးကြ ငါ့အဝတ္အစားက နည္းနည္းေလး က်န္တာက စာရြက္စာတမ္းေတြနဲ႔ပိုင္ဆိုင္မႈေတြ"

ေ႐ွာင္က်န္႔ဟာ ကုိယ္တိုင္ပင္ မသိလိုက္ပါပဲ ျပံဳးမိသြားတယ္။ ကုိယ့္အျဖစ္က ဥစၥာေျခာက္ေယာကၡထီးနဲ႔ ခ်စ္တီးကုိလင္ေတာ္ရမဲ့အျဖစ္!!!

ခ်စ္တီးကုိလင္ေတာ္ရတာက လွပေသာေရစက္တစ္ခုဆို ဥစၥာေျခာက္ေယာကၡထီး​ေတာ္ရတာကေရာ ဘယ္လိုဝဋ္ေႂကြးမ်ိဳးပါလိမ့္

ဒါနဲ႔ ဒီေယာကၡထီးကေရာ ဘယ္လိုေယာကၡထီးလဲ သားလင္ေနာက္လိုက္တာကုိ မတားတဲ့အျပင္ သူပါလိုက္လာသတဲ့..။ မတားတာေတာ့ သေဘာတူၿပီးသားလက္ထပ္ပြဲမို႔ထားပါေတာ့... ဒါမဲ့ သူပါလိုက္လာစရာလိုလို႔လား??

ၿပီးေတာ့ အေရးႀကီးဆံုးက သူလိုက္လာရင္ ကုိယ္က ရိေပၚနဲ႔လုပ္ရမဲ့အေရးႀကီးကိစၥေတြ ဘယ္လိုလုပ္ရေတာ့မွာလဲ..

"အန္ကယ္က တကယ္လိုက္မွာလား က်န္းမာေရးမေကာင္းဘူးဆိုရင္လဲ က်ေနာ့္အိမ္ကုိသြားၿပီး ပါးတို့နဲ့အတူသြားေနလို႔ရတယ္ေလ ပါးနဲ့မားကလဲ ခမည္းခမက္ေလာင္းကုိ ေသခ်ာဂ႐ုစိုက္ေပးမွာပါ"

"လ်ွာရွည္လုိက္တာကြာ ငါ့သားကုိစိတ္မခ်လို႔ေပါ့  ဒီမွာ ငါ့ဆီကဟာေတြ အရင္ယူကူပါဦး"

"အာ ဟုတ္ ဟုတ္ကဲ့.... အထုပ္ေသးေတြ က်ေနာ္သယ္ခဲ့မယ္ ႀကီးတာေတြ ဦးပဲသယ္ခဲ့ေတာ့ေနာ္ "

ညႇိလို႔မွမရတာ ယုတ္မာ႐ုံေပါ့!
ေ႐ွာင္က်န္႔တို႔က အျမင္မၾကည္ေတာ့ဘူးဆိုရင္ ​ေသာက္က်င့္က ခပ္ယုတ္ယုတ္ပဲ

ခပ္တည္တည္နဲ႔ အထုပ္ပိစိေလး (၃) လံုးယူၿပီး ထြက္သြားတဲ့သားမက္ေတာ္ေမာင္ေၾကာင့္ ဝမ္ပါးပါးဟာဆြံ႔အတာထက္ကုိပိုပါသည္။

သူ ခိုးေျပးမွာ ငါ့သားကုိပါေနာ္! ဘယ္ဖေအက ကုိယ့္သားကုိခိုးေျပးဖို႔ ခုလိုေရမီးအစံုလုပ္ေပးလို႔လဲ? ဒီကမၻာေပၚမွာ ငါ့ထက္အလိုက္သိတဲ့ ေယာကၡထီး႐ွိပါဦးမလား သားမက္ေကာင္ရဲ႕..

"ပါးပါး သားသယ္ေပးမယ္ ေပး "

လက္ထဲကအထုပ္ႏွစ္ခုလံုးကုိ လာဆြဲသယ္သြားတဲ့သားေလးကုိမ်က္စိတဆံုးလိုက္ၾကည့္လို႔ သားမက္ေၾကာင့္စိတ္ထိခိုက္ေနတဲ့ဝမ္ပါးတစ္ေယာက္ ျပန္လည္ျပံဳးရႊင္လာတယ္။

ကြာတယ္ ။ သားနဲ႔သားမက္ ဆီနဲ႔ေရလိုပဲ။ အရမ္းကြာတယ္။

ေ႐ွာင္က်န္႔ကားေနာက္ဖံုးပိတ္ၿပီးျပန္အထြက္ ျမင္လိုက္ရတဲ့ျမင္ကြင္းေၾကာင့္ ရင္ထဲမွာနင္႔ခနဲ။
ခ်စ္ရေသာရိေပၚရယ္ေလ သူ႔တစ္ကုိယ္စာေလာက္႐ွိတဲ့အထုပ္ႀကီးေတြကုိ မႏိုင္မနင္းသယ္လာေလရဲ႕။ အေလးခ်ိန္ႀကီးေတြပိၿပီး ခါးေတြနာကုန္ရင္ဘယ္လိုလုပ္မလဲ။

အေဖဆိုတဲ့အာဏာနဲ႔ သူမ်ားခ်စ္သူႏုႏုထြတ္ထြတ္ေလးကုိ ခိုင္းစားေနျပန္ၿပီ။

"ကိုယ္သယ္မွာေပါ့ ကေလးရာ ဒီေလာက္ေလးတာေတြသယ္ေနတာ တစ္ကုိယ္လံုးကုိက္ခဲကုန္မွာေပါ့ ေျပာရခက္လိုက္တာ"

အထုပ္ေတြလက္လႊဲယူရင္း ေျပာမိေတာ့လဲ အေနာက္ကေန ကုပ္ကုပ္ေလးလိုက္လာကာ လက္ေတြကုိခါေနေလရဲ႕။ လက္ဖဝါးဥဥေလးေတြေတာ့ ေသြးျခည္ဥကုန္ၿပီလားမသိဘူး။

"က်ေနာ္ကလူငယ္ဆိုေတာ့ ဒီေလာက္နဲ႔ ျပသနာမ႐ွိပါဘူးဗ်ာ ပါးပါးက် လူႀကီးေလ မတူဘူး ၿပီးေတာ့ ခုရက္ပိုင္း ပါးပါးက က်န္းမာေရးသိပ္မေကာင္းပါဘူးဆို "

သူ႔ပါးပါးကျဖင့္ ကားေပၚမွာအခန္႔သားေရာက္ေနၿပီကုိ။

နာလို႔အခ်င္းခ်င္းပြတ္သပ္ေနတဲ့လက္ကေလးေတြကုိ ဆြဲယူၾကည့္လိုက္ေတာ့ နီရဲေနတာမွျမင္မေကာင္း။ ေ႐ွာင္က်န္႔ ေသာက္က်င့္ယုတ္မိတဲ့ကုိယ့္ကုိကုိယ္သာ က်ိန္ဆဲမိေတာ့တယ္။

ေသြးလဲမထြက္ အမာရြတ္လဲမက်န္တဲ့ သာမန္အရာထင္တာေလးေပမဲ့ ကုိယ္ျမတ္ႏိုးတဲ့အရာေလးေပၚ ျခစ္ရာေလးတစ္ခုေတာင္ အစြန္းထင္းမခံႏိုင္ေတာ့ တကယ့္ကုိပူေလာင္စရာပင္။

ရိေပၚ မိမိလက္ကုိၾကည့္ရင္း ခက္ထန္ထန္မ်က္ႏွာထားျဖစ္ေနတဲ့လူျကီးေျကာင့္ ...

"ကုိကုိရာ က်ေနာ့္ကုိအဲ့ေလာက္ႏုႏုယြယြႀကီးမဆက္ဆံစမ္းပါနဲ႔ က်ေနာ္ကေယာက္်ားတစ္ေယာက္ဆိုတာလဲ သတိရေပးဦး ေနာ္"

အဆံုးသတ္မွာ ေခ်ာ့ေျပာသလို ေလသံေလးထိန္း၍ ေျပာလိုက္ေတာ့မွ တည္တင္းေနတဲ့မ်က္ႏွာႀကီးက ေျပေလ်ာ့ေတာ့သည္။

" ဒီလိုမွေပါ့ ခင္မ်ားရယ္ ! ကဲ အခု က်ေနာ့္ကုိခိုးေျပးဖို႔အဆင္သင့္ျဖစ္ၿပီလား "

"ကုိယ့္ဘက္ကေတာ့ အျမဲအဆင္သင့္ပဲ မင္းေရာ ကုိယ့္ေနာက္ကုိလိုက္ရဲရဲ့လား "

ကမ္းေပးတဲ့လက္ကုိဖမ္းဆုပ္လ်က္ အျပံဳးေတြၾကားကေန စကားတစ္ခြန္းကုိ ပီပီသသေျပာတယ္။

"ကုိကုိနဲ႔ဆို ဘယ္ဆီပဲျဖစ္ျဖစ္" တဲ့...

..........................................................................

ကားေမာင္းတာၾကာလာ၍ ခရီးတစ္ေထာက္နားရင္း ကားကုိလမ္းေဘးထိုးရပ္ထားၾကသည္။ အခ်ိန္ကလဲ ည(1)နာရီနီးပါး႐ွိေနၿပီျဖစ္ရာ  ေမွာင္ရိပ္တို႔ကႀကီးစိုးလ်က္ တခ်က္ခ်က္ ျဖတ္သြားေသာ ကားမီးတို႔သာ႐ွိသည္။

ေမွာင္လဲကိစၥမ႐ွိပါဘူး။ အေမႊစိန္ေလးစိတ္ခ်မ္းသာဖို႔ကအေရးႀကီးတယ္။ ႏွစ္ဖက္မိဘသေဘာတူရဲ႕သားနဲ႔ ခိုးေျပးရတဲ့အရသာက ဘယ္ေလာက္မိုက္လဲ။

ရိေပၚနဲ႔သာဆို ဘယ္အရာကုိမဆိုရင္ဆိုင္ဖို့ အျမဲတမ္းအဆင္သင့္ျဖစ္ေနမွာဆိုေပမဲ့ ေနာက္ခန္းက ခေလာခလူးေနတဲ့ ေယာကၡထီးမ်က္ႏွာႀကီး မွန္ထဲကေန ျမင္ရျပန္ေတာ့ ဒီတစ္ညတာအတြက္ ရင္ေလးရျပန္တယ္။

တရားဝင္မေတာ္ရေသးတဲ့ ေယာကၡထီးဟာ တကယ့္ကုိ မီးက်ီခဲႀကီးလိုပါပဲ ပူေလာင္လိုက္ေလျခင္း။

ပခံုးေပၚေခါင္းေလးမွီးၿပီး အိပ္ေနတဲ့ကေလးက်ေတာ့လဲ အေနာက္ခန္းက သူ႔အေဖနဲ႔တစ္စက္မွမတူ မ်က္ႏွာေလးကေအးခ်မ္းလို႔။

ဆံပင္ေတြကုိသပ္တင္ေပးရင္း ဝင္းခနဲေပၚလာတဲ့နဖူးက်ယ္ေလးထံ နမ္းမည္အလုပ္...

*ring*

႐ုတ္တရက္ထျမည္လာတဲ့ဖုန္းသံက်ယ္ႀကီးေၾကာင့္ ရိေပၚက မ်က္ခြံတို႔လႈပ္လႈပ္႐ွား႐ွားျဖစ္ၿပီး ႏိုးလာတယ္။

ခုထိေနာက္မဆုတ္ရေသးတဲ့ ေ႐ွာင္က်န္႔မ်က္ႏွာကုိျမင္ေတာ့ အိပ္ခ်င္မူးတူးနဲ႔  ဟီးခနဲရယ္ျပၿပီး ႏႈတ္ခမ္းေသးေသးေလးစူထြက္လို႔ ေရွာင္က်န္႔မ်က္ႏွာအႏွံ႔နမ္းလာေလရဲ႕။ အဆံုးသတ္မွာေတာ့ ထံုးစံမပ်က္ ႏႈတ္ခမ္းခ်င္းေတ့လို႔ ဘူးမႈတ္သံေလးကမပါမျဖစ္!

"ကားဆက္ေမာင္းဖို႔အတြက္ အားေဆးေပးတာ အခုေတာ့ ဖုန္းကုိင္လိုက္ဦး"

ႀကီးမားလြန္းတဲ့အျပံဳးဟု အမည္တပ္ရတဲ့အထိ ေ႐ွာင္က်န္႔ပါးစပ္ကနားရြက္တက္ခ်ိတ္​ေတာ့မလိုျဖစ္သြားတယ္။ ရိေပၚက တျခားခ်စ္သူရည္းစားေတြလို တစ္ခါနမ္းဖို႔အေရး တစ္သက္လံုးစာထိုင္႐ွက္ေနမဲ့ေကာင္ေလးမ်ိဳးမဟုတ္ဘူး။

စိတ္ေကာင္းေလးဝင္တာနဲ႔ ခုလိုမ်ိဳး ေ႐ွာင္က်န္႔မ်က္ႏွာေနရာလပ္မက်န္ သူ႔ႏႈတ္ခမ္းေလးနဲ႔ လိုက္တို႔ထိေနတတ္တယ္။ ballon kiss ဆိုတာလဲ မပါမျဖစ္ေပါ့။

"ဖုန္းကုိင္ဖို႔အားမ႐ွိေတာ့ျပန္ဘူး "

လက္တစ္ဖက္ကုိေပ်ာ့တိေပ်ာ့ဖက္ေထာင္ျပကာ ေျပာလိုက္ေတာ့ ျပန္ရလာတာက မ်က္ေစာင္းနင့္နင့္ေလးတစ္ခ်က္။

"ရတယ္ေလ ခင္မ်ားအားမ႐ွိလဲ က်ေနာ္႐ွိတာပဲ က်ေနာ္ကအိပ္ထားေတာ့ အားေတြအျပည့္ပဲ က်ေနာ္ပဲကုိင္လိုက္မယ္.."

ဇိုးကနဲဇက္ခနဲနဲ႔ ဖုန္းကုိလွမ္းယူၿပီး ေ႐ွာင္က်န္႔ကုိ လ်ွာထုတ္ေျပာင္ျပသြားသည္။ ငလည္ေလး။

လုပ္ထားဦးေပါ့ ခ်စ္တီးေလးရာ ဒီေန႔ေတာ့ ကားေနာက္ခန္းက သူေတာ္ေကာင္းႀကီးကုိ အားနာလို႔ အေလ်ွာ့ေပးလိုက္မယ္! ေနာက္ရက္က်ရင္ေတာ့လား?

"ဟယ္လို ဘယ္သူလဲ
ေအာ္ က်ိဳးခ်န္ ေခြးသေတာင္းစားေလး! မင္းက ငါ့ကုိကုိဆီ ဘာကိစၥဖုန္းဆက္တာတုန္း! "

စူးထြက္ေနတဲ့ေအာ္သံေၾကာင့္ က်ိဳးခ်န္ ဖုန္းကုိနားကခြာလိုက္ရတယ္။ ေသခ်င္းဆိုးက ဒီအခ်ိန္ထိ အိမ္မျပန္ႏိုင္ေသးပဲ သူ႔လူႀကီးနဲ႔ဘာလုပ္ေနတာလဲ။

ေျပာမဲ့ကိစၥကုိေမ့ၿပီး စိုးရိမ္ပူပန္သြားမိတာက အႏွီမႏူးမနပ္သူငယ္ခ်င္းေကာင္ကုိ!
ဘယ္ေလာက္ပဲ လက္ထပ္ခါနီးဆိုဆို အတတ္ႏိုင္ဆံုး လြန္လြန္ၾကဴ းၾကဴ းမျဖစ္ၾကရင္ အေကာင္းဆံုးပဲမလား?

ေယာက္်ားေလးခ်င္းမို႔ ဘာမွနစ္နာစရာမ႐ွိဘူးဆိုတာကလဲ ေသာက္ပိုေတြ!
ေယာက္်ားေလးလဲလူေလ! အသားလဲနာတတ္တယ္ အသည္းႏွလံုးလဲ႐ွိတယ္!

ဒီခ်စ္တီးဆိုပိုဆိုးေသး ပိုက္ဆံသာ ဘယ္လိုကြက္ေက်ာ္႐ုိက္ရမလဲ သိတာ က်န္တဲ့ေနရာအကုန္ innocent ေနေရာ!!

High boss ႀကီးကုိ မယုံတာမဟုတ္ေပမဲ့ ရိေပၚက အခ်စ္ေရးမွာ သိပ္ႏံုအတာကုိ က်ိဳးခ်န္သာအသိဆံုး! ေတာ္ၾကာ လိုခ်င္တာရလို႔ ပစ္ထားခဲ့မွ ဒူးနဲ႔မ်က္ရည္သုတ္ေနရတဲ့အျဖစ္မ်ိဳး တစ္ဦးတည္းေသာသူငယ္ခ်င္းခ်စ္တီးေလးကုိ မၾကံဳေစခ်င္ပါ။

-ငယြေကာင္ မင္းဘယ္မွာလဲ အခု ငါ့ကုိတည္ေနရာပို႔စမ္း ငါ အေဖ့ဆီဖုန္းဆက္ၿပီးကားႀကိဳခိုင္းလိမ့္မယ္ ခ်က္ခ်င္းျပန္လာခဲ့ ဦးေလးဝမ္ေရာ မင္းကုိစိတ္ပူေနမွာ နားမလည္ဘူးလား လဒူရဲ႕"

အူထြက္သြားတဲ့နားထင္ကုိ လက္ညိဳးနဲ႔ဖိႏွိပ္ရင္း
ရီေပၚျပံဳးလိုက္မိသည္။ တမင္ suprise လုပ္မလို႔ ဒီေကာင့္ကုိ မေျပာပဲလုပ္ခဲ့တာေလ! အေမွာင္ေကာင္ႀကီး ခုေတာ့ ငါ့ကုိစိတ္ပူေနလိုက္တာ!

ေမွာင္လြန္းတဲ့ေကာင္ကုိ နဲနဲကလိၿပီးမွ ဖုန္းခ်လိုက္မယ္! ေနာက္ရက္မွ ငါလင္ေနာက္လိုက္သြားတဲ့အေၾကာင္းသိၿပီး SURPRISE ေတြျဖစ္စမ္း!

"ဟင့္ က်ိဳးခ်န္ ငါေလ ငါ့ဘဝေတာ့သြားၿပီထင္ပါတယ္ကြာ ဟင့္ ငါေတာ့ ေရတိမ္နစ္ၿပီထင္ပါရဲ႕  အမေလး အရပ္ကတို႔ေရ က်ေနာ့္ဘဝေတာ့ပ်က္ပါၿပီ အူးဝါး"

ဝမ္းေခါင္းသံႀကီးနဲ႔ ျပဲလန္ေအာင္ငုိသံလုပ္ေျပာလိုက္ေတာ့ ေဘးကကုိကုိက *ေမႊျပန္ၿပီလား*ဆိုတဲ့အၾကည့္နဲ႔ ၾကည့္လာေလတယ္။

သို႔ေသာ္ ရိေပၚတို႔ကေတာ့ ဂ႐ုကုိမစိုက္!

- ဟင္ ရိေပၚ မင္း ခုနကမွ ငါ့ကုိရန္ေတြ႔ေနတာ အေကာင္းႀကီးေလ ခုခ်က္ခ်င္း ဘဝပ်က္သြားၿပီလား ဟာကြာ မင္းဘဲႀကီးက အဲ့ေလာက္ေတာင္သြက္ရလား"

"အြန္း အဲ့လိုပဲျဖစ္သြားတယ္ ဟင့္ "

မ်က္ရည္ေလးစမ္းတမ္းနဲ႔ ေျပာလိုက္ ပါးစပ္ကုိလက္နဲ႔အုပ္ၿပီး ခိုးရယ္လိုက္လုပ္ေနတဲ့ ေကာင္ေလးကုိၾကည့္ၿပီး ေ႐ွာင္က်န္႔လက္သာေျမႇာက္လိုက္ရတယ္။ ခ်စ္တီးတို႔ေမႊၿပီဆိုလဲ ဘယ္သူမွလိုက္မမွီဘူး။

-ဘာ အဲ့လိုပဲျဖစ္သြားတယ္လဲ ငလူးေကာင္ရဲ႕ ဒီအခ်ိန္ထိ မင္းဟာႀကီးေနာက္ ဘာလုိ႔လိုက္သြားလဲ ခု မင္းေဘးမွာ အဲ့ boss စုတ္ ႐ွိရင္ ဖုန္းေပးလိုက္စမ္း ​ေတာက္!! တာဝန္မယူလို႔ကေတာ့ ငါနဲ႔ကုိေတြ႔မယ္ "

ၿငိမ္မေနႏိုင္ေတာ့ပံုရတဲ့ ေ႐ွာင္က်န္႔တစ္ေယာက္ အနားတိုးလာၿပီး ရိေပၚရဲ႕နားရြက္ကားကားေလးကုိ လက္သည္းနဲ့ဖိေခ်လာတယ္။

ဒါကုိပဲ ထိုကေလးက အခြင့္ေကာင္းယူကာ

" အီးဟီး က်ိဳးခ်န္ေရ ငါ့ကုိကယ္ပါဦး ငါ့နားကပ္လာျပန္ၿပီ အ ခင္မ်ား ဟင့္ က်ေနာ့္ကုိလႊတ္ ျဗဲ က်ိဳးခ်န္... "

အပီအျပင္သ႐ုပ္ေဆာင္ၿပီး ဖုန္းကုိအျမန္ခ်လိုက္သည္။ ဖုန္းမခ်ခင္ က်ိဳးခ်န္ရဲ႕ စိုးရိမ္တႀကီးတေၾကာ္ေၾကာ္ေအာ္ေခၚသံကုိ ၾကားလိုက္ရတာေၾကာင့္ ရိေပၚ ဗိုက္ကုိႏွိပ္ၿပီး တခြီးခြီးရယ္ေနမိတယ္။

က်ိဳးခ်န္မွာေတာ့ အေရးႀကီးတဲ့႐ွယ္ယာ႐ွင္ကိစၥေတြလဲမေျပာလိုက္ရ သူငယ္ခ်င္းရဲ႕ဂ်င္းထည့္တာပါခံရၿပီး ႏွမအခိုးခံလိုက္ရသလို ဗ်ာမ်ားရေတာ့သည္။

"ခြိ ကုိကုိရာ က်ိဳးခ်န္ရဲ႕ေအာ္သံကုိ ၾကားလိုက္ရမွာ ျပဲလန္ေနတ.."

ခါးနဲ႔ထိုင္ခံုၾကား လ်ိႈဝင္ေပြ့ဖက္လာတဲ့လက္တစ္ဖက္နဲ႔ ႏႈတ္ခမ္းကုိထိကပ္လာတဲ့ ေနာက္ႏႈတ္ခမ္းပါးတစ္စံုေၾကာင့္ ေျပာမဲ့ဝါက်ေတြက ျပတ္တိျပတ္ေတာင္း။

ခဏတာေၾကာင္သြားေသာ္လည္း ေနာက္ခန္းမွာအေဖတစ္ေယာက္လံုး႐ွိေနမွန္းသတိဝင္လာတာနဲ႔ ရိေပၚက အားေနတဲ့လက္ေတြနဲ႔ ေ႐ွာင္က်န္႔ရင္ဘတ္ကုိတြန္းထုတ္ေတာ့တယ္။

သို႔ေသာ္ ထိုေက်ာက္႐ုပ္တုႀကီးက တခ်က္ပင္မလႈပ္သြားတဲ့အျပင္ ခါးကုိပိုလို႔တိုးဖက္လာေလရဲ႕။

ရိေပၚက ပံုမွန္အေျခအေနမ်ိဳးဆို လူလယ္ေခါင္မွာ public kiss ေပးဖို႔အထိ မလုပ္ရဲတာမ႐ွိေပမဲ့ အေဖနဲ႔တစ္ကားတည္းစီးၿပီး ခ်စ္သူနဲ႔အၾကင္နာဖလွယ္ဖို႔အထိေတာ့ သတၱိလဲမ႐ွိသလို လြန္စြာမွ႐ွက္ရြ႔ံပါသည္။

ပါးပါးေတြ႔သြားရင္ ငါ့မ်က္ခြက္ႀကီး ဘယ္နားသြားထိုးထားရမလဲ?

".....ေတာ္-ရပ္- ဆက္--လုပ္.."

စကားသံတိုးညွင္းညွင္းေတြကုိ တစ္ေယာက္ေသာသူရဲ႕လ်ွာဖ်ားေႏြးေႏြးက ေႏွာင့္ယွက္ေနတာမို႔ ဘယ္လိုမွအဆက္အစပ္မ႐ွိ။

မူးေမ့ခ်င္စိတ္ျဖစ္လာတာ အသက္႐ႈၾကပ္လာလို႔လား ႐ွက္စိတ္ေၾကာင့္လား ??

ေ-ာက္ကုိကုိကေရာ နမ္းလို႔မၿပီးေတာ့ဘူးလား?
ေ႐ွာင္က်န္႔ရဲ႕စံႏႈန္းအတိုင္းဆိုရင္ေတာ့ နာရီဝက္ဆိုတာက အနည္းဆံုးပင္!
အားးး.... ငါ႐ူးခ်င္လာၿပီ

သိပ္မျကာခင္ပဲ ခြာသြားတဲ့ႏႈတ္ခမ္းႏွစ္ခုေၾကာင့္ ရိေပၚစံုမွိတ္ထားတဲ့မ်က္လံုးေတြဖြင့္ၿပီး အသက္ကုိဝဝ႐ႈႏိုင္ေတာ့တယ္။

"ထူးဆန္းတယ္ေနာ္ ဒီႏႈတ္ခမ္းေတြက ေပါက္ကရေတြေျပာလဲ ခ်ိဳေနတာပဲ ဆဲဆိုေနလဲခ်ဳိေနတာပဲ  ႏႈတ္ခမ္းခ်ိဳေအာင္ ထိုးလို႔ရတဲ့ေဆးေတြဘာေတြမ်ား႐ွိလား "

စိုစြတ္စြတ္ျဖစ္ေနတဲ့ ရိေပၚႏႈတ္ခမ္းဖူးအိအိကုိ လက္မနဲ႔ဖိသုတ္​ေပးလ်က္ မမွိတ္မသုန္စိုက္ၾကည့္ေနတဲ့ေ႐ွာင္က်န္႔။

ရိေပၚ အရင္အတိုင္းသာဆို လက္ခလယ္ႏွစ္ေခ်ာင္းေထာင္ျပၿပီး အပိုအေနနဲ႔ ေဘာင္းဘီပါခြၽတ္ျပလိုက္တယ္။

ဒါမဲ့ လက္ရဲဇက္ရဲႀကီးအေၾကာင္းသိေနေတာ့လဲ သြားအကဲမစမ္းရဲ! ေတာ္ၾကာ စကားေနာက္တ
ရားပါၿပီး တကယ္ ဘဝပ်က္ေနမွ!

ေ႐ွာင္က်န္႔က ခုထိ ဂနာမၿငိမ္ပဲ ေနာက္လွည့္ၾကည့္ခ်င္ေနတဲ့ ရိေပၚမ်က္လံုးေတြကုိ ရိပ္မိဟန္နဲ႔

"မင္းပါးပါးက မ်က္လံုးစြပ္ႀကီးဝတ္ၿပီးအိပ္ေနတာ နမ္းေနတဲ့တစ္ခ်ိန္လံုးလဲ မင္းပါးပါးရဲ႕ေဟာက္သံႀကီး နားထဲမွာဟိန္းလို႔ စိတ္မပူနဲ႔ ကုိယ္က မပိုင္ပဲ မဆင္မျခင္မလုပ္တတ္ဘူး မင္းသာ ပတ္ဝန္းက်င္ကုိမစူးစမ္းတတ္တာ "

မ်က္ခံုးတစ္ဖက္ပင့္ၿပီး ၿပီတီတီေျပာလာပံုက ဆယ္ေပါင္တူနဲ႔ပိတ္ထုခ်င္စရာ!!

"ေအာ္ ဆရာႀကီးရယ္ သိပါၿပီ ရွက္လြန္းလို့ ပူထူၿပီးေဟာက္သံေတာင္ မၾကားႏိုင္တဲ့ က်ေနာ္ကပဲ ႏံုခ်ာလြန္းေနတာပါ ရၿပီလား"

"စိတ္ဆိုးတာလား ကုိယ္ေျပာတာ အဲ့သေဘာမဟုတ္ဘူးေလကြာ ဒီတိုင္း မင္း.."

"ဘာမွ လာမေျပာနဲ႔ ကားရပ္ထားတာၾကာလွၿပီ ဆက္ေမာင္းမယ္ဆိုေမာင္း မေမာင္းရင္ က်ေနာ္ဆင္းမယ္ "

ဂြၽတ္ဆတ္ဆတ္ေျပာခ်လိုက္တဲ့ရိေပၚက စိတ္ဆိုးမာန္ဆိုးပံုစံျဖစ္ေနေသာ္လည္း တကယ္တမ္းေတာ့ စိတ္ဆိုးေနတာမဟုတ္ သူမလုပ္ဖူးတဲ့အရာေတြထဲမွာ ေ႐ွာင္းလူႀကီးကုိ အႀကီးအက်ယ္စိတ္မေကာက္ဖူးတာလဲပါသည္။

ဒါ​ေၾကာင့္ ထိုလူႀကီးကုိ ေနမထိထိုင္မသာျဖစ္ေအာင္ ကလိလိုက္ျခင္း!

ျပန္လည္ခရီးဆက္လာတဲ့လမ္းတ​ေလ်ွာက္ ေ႐ွာင္က်န္႔ရဲ႕သက္ျပင္း႐ွည္ခ်သံေတြက ကားထဲမွာေနရာယူထားတယ္။ ခ်စ္သူျဖစ္ၿပီးတည္းက တစ္ခါမွအခုလိုစိတ္ခုစရာမၾကံဳခဲ့ဖူးေတာ့ ေ႐ွာင္က်န္႔ရင္ထဲ မြန္းၾကပ္ၾကပ္။

တစ္လမ္းလံုး ေဘးကေကာင္​ေလးကုိ အရိပ္တၾကည့္ၾကည့္နဲ႔ ခိုးၾကည့္ခဲ့ေပမဲ့ ဟိုက တစ္ခ်က္ပင္လွည့္မလာ။

စိတ္ညစ္သြားတဲ့ေ႐ွာင္က်န႔္ ကားကုိပဲအာ႐ုံစိုက္ေမာင္းရေတာ့တယ္။ ေတာ္ၾကာ တည္းမဲ့ေနရာမေရာက္ခင္ မသာေပၚေနမွ!!

သံုးထပ္တိုက္ဟီးဟီးႀကီးေ႐ွ႕၌ ထိုးရပ္သြားတဲ့ကားႀကီး..

"အန္ကယ္ အန္ကယ္ "

"ဟင္ ေဟ ေရာက္ၿပီလား "

"ဟုတ္ ေရာက္တာ နာရီဝက္ေလာက္႐ွိၿပီ အန္ကယ့္ကုိႏိႈးေနတာ ခုမွႏိုးလာတာ "

"ေအးကြ ငါလဲ ခုရက္ပိုင္း က်န္းမာေရးသိပ္မေကာင္း​ေတာ့ လန္းဆန္းမေနပဲ အိပ္ပဲအိပ္ေနေတာ့တာ "

လုပ္စားေနလိုက္ အဲ့ဒီ က်န္းမာေရးနဲ႔ပဲ!

"ဒါက က်ေနာ့္မိတ္ေဆြအိမ္ေလ သူတို႔ကႏိုင္ငံျခားမွာ chongqing မွာက်ေနာ့္အပန္းေျဖအိမ္႐ွိေပမဲ့ ရိေပၚက ခရီးအရမ္းေဝးရင္ အန္ကယ္ပင္ပန္းလိမ့္မယ္ဆိုလို႔ ဒီကုိပဲခိုးလာခဲ့တာ! "

"ေအးပါ သိတတ္တဲ့အတြက္ ငါေက်နပ္ပါတယ္ အခုေတာ့ ရိေပၚကုိခ်ီလာခဲ့လိုက္ အဲ့ကေလးက သူအိပ္ေမာက်ေနခ်ိန္ သြားႏိႈးရင္ အရမ္းစိတ္ဆိုးတာ ငါ့သားအေၾကာင္းငါသိတယ္ မင္းကုိငါးရက္ေလာက္ အဲ့ကိစၥကုိပဲထိုင္ရစ္ေနလိမ့္မယ္ ဒါနဲ႔ မင္း ခ်ီေတာ့ခ်ီႏိုင္တယ္မလား"

အံမယ္ ေသခ်ာၾကည့္လိုက္ေသး!
ဒါ ေ႐ွာင္က်န္႔ကုိအထင္ေသးတာ!
ဘာကုိၾကည့္ၿပီး သံသယျဖစ္တာလဲ?
သူ႔သားလို ဗလပိစိေတြ မ႐ွိလို႔လား?

အဲ့လို ထင္ရင္မွားသြားမွာေပါ့! ေ႐ွာင္က်န္႔ခႏၶာကုိယ္ရဲ႕ အ႐ုိးဖြဲ႔စည္းပံုက အရမ္းအားေကာင္းတာ! ရိေပၚလို သြယ္သြယ္လ်လ်ကုိယ္လံုးေလးကေတာ့ ေဆြ႔ခနဲေကာက္ေပြ႔ေနက်!

"ထားပါ ခ်ီႏိုင္မဲ့ပံုလဲမေပၚပါဘူး ငါပဲခ်ီလိုက္ပါ့မယ္ "

မ်ားသြားၿပီ! သက္ေသျပတဲ့အေနနဲ႔ သူ႔ပုလံုးခႏၶာကုိယ္ႀကီးေကာက္ထမ္းၿပီး ေပက်င္းထိအေရာက္ပို႔စနစ္နဲ႔ လႊင့္ပစ္ေပးလိုက္ရမလား

"ဟို ရပါတယ္ အန္ကယ္ ခါးနာေနဦးမယ္ က်ေနာ္က ရိေပၚကုိခဏခဏ ခ်ီၿပီး အိပ္ရာေပၚတင္ေနက်ပါ"

မ်က္လံုးျပဴ းသြားတဲ့ဝမ္ပါးပါးရဲ႕အေတြးေတြ စၾကာဝဠာ အျပင္ဘက္မေရာက္ခင္ ေ႐ွာင္က်န္႔ အျမန္ေျဖ႐ွင္းခ်က္ေပးရတယ္။

"အာ က်ေနာ္ ေျပာခ်င္တာ ရိေပၚက site ထဲလိုက္လာရင္ ဂိမ္းေဆာ့ၿပီးတာနဲ႔ အခုလိုပဲ အိပ္ေပ်ာ္သြားတတ္တယ္ေလ အဲ့အခါက် က်ေနာ္ကခ်ီၿပီးေတာ့ သူ႔အတြက္ထားထားတဲ့ ေမြ႔ရာေပၚတင္ေပးတာကုိပါ"

သက္ျပင္းႀကီးခ်ၿပီး အိမ္ထဲဝင္သြားတဲ့ဝမ္ပါး။
ေ႐ွာင္က်န္႔ကေတာ့ ကားထဲက အိပ္ေပ်ာ္ေနတဲ့ ေကာက္စိန္ေလးကုိ တယုတယေပြ႔ပိုက္လို႔ မႏိုးေစေအာင္ ေျခလွမ္းဖြဖြလွမ္းဝင္ခဲ့ရတယ္။

.............

ကြၽန္းကုတင္ႀကီးေပၚက အျဖစ္အပ်က္ကုိၾကည့္ၿပီး ေ႐ွာင္က်န္႔မ်က္ႏွာက မႈံယိုေနတဲ့ဆင္ႀကီးလုိ အံု႔ဆိုင္းလို႔။

အက်ိဳးမေပးတဲ့ေယာကၡထီးရယ္ေလ ေ႐ွာင္က်န္႔ရဲ႕ခ်စ္သူေလးကုိ ခြလံုးလိုဖက္ ေစာင္ေတြအထက္ထပ္ျခံဳေပးၿပီး ရင္ခြင္ထဲဖိသိပ္ထားေလရဲ႕။

အိပ္ေမာက်ေနပံုရတဲ့ ကေလးမွာလဲ ပူအိုက္တဲ့ရာသီႀကီးမွာ ေကာက္ညႇင္းထုပ္ထုပ္ခံထားရတာေၾကာင့္ မ်က္ႏွာတစ္ခုလံုးေခြၽးေတြပင္စို႔ေနၿပီ။

ကားေပၚက အဖုအထစ္ကုိ အိပ္ရာေပၚေရာက္မွ ေကာက္စိန္ေလးကုိ ရင္ခြင္ထဲထည့္ၿပီး ၾကင္ျင္နာနာေခ်ာ့ျမဴ မယ္ဆိုတဲ့အေတြးေတြကလဲ အမိႈက္ေတာင္းထဲကုိေရာက္!

ရိေပၚကုိအပိုင္သိမ္းထားတာတင္ အားမရေသး! ေစာင္တစ္ထည္နဲ႔ေခါင္းအံုးတစ္လံုးကုိပါ ပစ္ေပးၿပီး တျခားေနရာသြားအိပ္တဲ့။

လြန္တယ္!
ေသာက္ရမ္းကုိလြန္တယ္!!
အႀကီးႀကီးကုိလြန္တယ္!!!
မဟားတရားႀကီးကုိလြန္တယ္ကြာ!!!!

ေခါင္းအံုးတစ္လံုးနဲ႔ေစာင္တစ္ထည္ ရင္ခြင္ထဲပိုက္ထားတဲ့ေ႐ွာင္က်န္႔က ဆူပုတ္ေနတဲ့မ်က္ႏွာနဲ႔ ဝမ္ပါးကုိ ေပေစာင္းေစာင္းၾကည့္တယ္။ ၾကမ္းျပင္မွာ ခုထိျမဲျမံေနတဲ့ေျခေထာက္ေတြက အခန္းထဲကထြက္ဖို႔ စိတ္ကူး႐ွိပံုမရ။

"သြားေလ ဘာၾကည့္ေနတာလဲ "

ေ႐ွာင္က်န္႔ မ်က္လံုးကုိေတာင္ၾကည့္ေျမာက္ၾကည့္လုပ္ၿပီး

"က်ေနာ္က တစ္ေယာက္တည္းမအိပ္တတ္ဘူး သရဲေၾကာက္တတ္တယ္ "

ဘယ္လိုပဲျဖစ္ျဖစ္ ဒီလိုညမ်ိဳးမွာ ကုိယ့္ခ်စ္သူနဲ႔ကုိယ္ တစ္ခန္းထဲေတာ့ အတူအိပ္ခ်င္တာေပါ့ ဘိုးေတာ္ရဲ႕....

"မရဘူးကြာ ဘာပဲျဖစ္ေနေန ငါ့သားနဲ႔အတူအိပ္ဖို႔ေတာ့မစဥ္းစားနဲ႔ လက္မထပ္ရေသးပဲ ငါ့သားကုိအႏုၾကမ္းစီးခြင့္မေပးႏိုင္ဘူး"

ေအာ္ ဒဲ့ႀကီးကုိေျပာခ်တာဟ!
အခုပံုစံနဲ႔လဲ အၾကမ္းသာဖက္ပစ္ခ်င္ေတာ့တယ္!

သို႔ေပမဲ့ ဒါက မိဘတစ္ေယာက္ရဲ႕စိုးရိမ္မႈဆိုေတာ့ ေ႐ွာင္က်န္႔နားလည္ေပးလိုက္ပါသည္။ တကယ္ဆို ေ႐ွာင္က်န္႔လဲ ရင္ခြင္ထဲထည့္အိပ္မယ္ဆိုတဲ့ စိတ္ကူးကလြဲ၍ ပိုမ႐ွိခဲ့ပါ။ တရားဝင္လက္မထပ္ရေသးပဲ အျဖဴ ထည္ေလးကုိ ညစ္ညမ္းေအာင္လုပ္ခ်င္စိတ္ စိုးစဥ္းမ်ွပင္ မေတြးဖူး။

ေနာက္ဆံုးေတာ့ ငိုမဲ့မဲ့မ်က္ႏွာေလးနဲ႔ ေ႐ွာင္က်န္႔ကပဲ အခန္းျပင္ကုိ ေစာင္နဲ႔ေခါင္းအံုးေလးပိုက္လို႔ လွည့္ၾကည့္လွည့္ၾကည့္နဲ႔ ထြက္သြားရေတာ့တယ္။

........................................................................

Some plot credit to - ဆရာအၾကည္ေတာ္

.......................................................................

Unicode

ကျွီခနဲမြည်သံနဲ့အတူ ပွင့်သွားတဲ့ခြံတံခါးကြီး။
အထဲကနေ လှုပ်စိလှုပ်စိပြေးလာတဲ့ ပိန်သွယ်သွယ်အရိပ်လေးကို အသည်းတယားယားနဲ့ကြည့်ပြီး လက်လှမ်းပြတုန်းရှိသေး  ​ဘေးကကပ်ပါလာတဲ့ ပုလုံးလုံးအရိပ်ကြီး​ကိုမြင်လိုက်​တော့ ရှောင်ကျန့်ခမျာ အော်ငိုချင်စိတ်က ရင်ဝထိ လှိုက်လှိုက်လှဲလှဲ..

တကယ်.. တကယ်ကို ယောက္ခထီးကိုပါ ခိုးပြေးရတော့မှာပဲ..

ပျို မြစ်သွက်လက်တဲ့လူငယ်လေးပီပီ ချစ်ရသောကောင်လေးက အနားကိုအရင်ရောက်လာတယ်။ လက်ထဲမှာ အထုပ်အပိုးနှစ်ခုနဲ့ ​ချွေးတို့ဆို့နင့်ကာ သနားစဖွယ်​လေးဖြစ်​နေတာမို့ ကားပေါ်ကနေ အလျင်အမြန်ဆင်းပြီး အထုတ်အပိုးအကုန်လုံး လက်လွှဲယူလိုက်တယ်။

ထို့ပြင် မအားတဲ့ကြားကနေ မျက်နှာဖြူ ဥဥထက်က ချွေးစက်တို့ကိုပါ မှီရာလှမ်းသုတ်ပေးမိတော့ ချီးကျူ းသလို ကျေနပ်ပြုံးလေးပြုံးပြလာတာကြောင့် လက်ရှိပြသနာတွေကိုတောင် မေ့သွားသယောင်..

"ဟေ့ကောင်လေး ငါ့ဆီကအထုတ်တွေရောယူပေးဦးလေကွာ.. !"

အဟင့်အဟင့်! မပြောနဲ့ မကြားချင်ဘူး အဲ့အသံကြီးမကြားချင်ဘူးလို့... ဖြစ်နိုင်ရင် ဦးလေးကိုဂုတ်ပေါ်ကောက်ထမ်းပြီး အိမ်ထဲသော့ပိတ်ထားခဲ့ချင်တာ ရှင်းလား??

မကြားချင်ယောင်ဆောင်ပြီး တောင့်တောင့်ကြီးရပ်နေမိတော့ နားထဲကိုဝင်လာတဲ့ စိမ့်စမ်းရေလိုအသံလေး...

"ဟုတ်သား ကိုကိုရယ် ဟိုမှာ ပါးပါးက လေးနေရောပေါ့.."

ရိုးရိုးပြောလဲရရဲ့သားနဲ့ မျက်တောင်ရှည်ရှည်တို့ကို ပုတ်ခတ်ပုတ်ခတ်လုပ်၊ အောက်နှုတ်ခမ်း​လေးတစ်ခုတည်းထော်လို့ ပြောလာတဲ့ကောင်လေး။လက်တွေကလဲအငြိမ်မနေ ရှောင်ကျန့်အင်္ကီျစကို ဆွဲလှုပ်နေသေးတာ!

အလိုလေး! ဘယ်လိုတောင်ချစ်ဖို့ကောင်းရတာ!
ဒီလိုရှုတိုင်းဝ မြင်သူငေး ချစ်စရာလေးကို ခုလိုအရွယ်ရောက်တဲ့အထိ ပြုစုပျိုးထောင်ပေးထားတဲ့ ကျေးဇူးရှင်ကြီးဆိုတော့လဲ...
အဟင်း... ရှိစေတော့...

"အင်းပါ baby ရဲ့ ပါးပါးက ကိုယ့်ပါးပါးပဲဟာ လုပ်ပေးရမှာပေါ့ "

လက်ထဲက အထုပ်ကြီးနှစ်ခုကို ကားနောက်ခန်းထဲပစ်ထည့်လို့ ယောက္ခထီးကြီးဆီ အလျင်စလိုပြေးသွားရပြန်တယ်။

ဘုရား ဘုရား ဒီဘိုးတော်က ဘယ့်နှယ့်ကြောင့်  (၅) ထုပ်တောင်သယ်လာရတာ ! !

ငါခိုးပြေးမှာ သူ့သားကိုပါနော် ! တကယ့်ကာယကံရှင်တောင်နှစ်ထုပ်ပဲသယ်လာတာ သူကတစ်အိမ်လုံးများသယ်လာသလား?

ရှောင်ကျန့် ခေါင်းကိုသာ တဗျင်းဗျင်းကုတ်ဖဲ့မိတော့သည်။ ဒီကိစ္စကြီးကို ဘယ်လိုဖြေရှင်းရပါ့
တခြားသူတွေဖုန်းဆက်မေးရအောင်လဲ သူတို့ကမိန်းမပဲခိုးဖူးကြမှာ! ကိုယ့်လို တစ်မူထူးပြီး ယောက္ခထီးကိုပါ ခိုးပြေးဖူးမှာမဟုတ်..

"ဟို  အန်ကယ် အထုပ်​တွေကမများလွန်းဘူးလား ကျနော်တို့က ခိုးရာလိုက်ကြမှာနော် အိမ်ပြောင်းမှာမှမဟုတ်တာ.."

ပြောပြီးမှ ကိုယ့်နှုတ်ခမ်းကို အံကြိတ်ကိုက်လိုက်မိသည်။ အမှန်ဆို ဒီစကားတွေက ရိပေါ်ကိုပြောနေရမှာ​လေ။ အခုတော့ သူ့ဖအေကိုပြောနေရတာ.

ငါ့လခွီးတဲ့မှ... ဘာအခြေအနေကြီးလဲကွာ!!

"ပစ္စည်းဆိုတာ ပိုယူလာလို့ အလကားမဖြစ်ဘူးကွ ငါ့အဝတ်အစားက နည်းနည်းလေး ကျန်တာက စာရွက်စာတမ်းတွေနဲ့ပိုင်ဆိုင်မှုတွေ"

ရှောင်ကျန့်ဟာ ကိုယ်တိုင်ပင် မသိလိုက်ပါပဲ ပြုံးမိသွားတယ်။ ကိုယ့်အဖြစ်က ဥစ္စာခြောက်ယောက္ခထီးနဲ့ ချစ်တီးကိုလင်တော်ရမဲ့အဖြစ်!!!

ချစ်တီးကိုလင်တော်ရတာက လှပသောရေစက်တစ်ခုဆို ဥစ္စာခြောက်ယောက္ခထီး​တော်ရတာကရော ဘယ်လိုဝဋ်ကြွေးမျိုးပါလိမ့်

ဒါနဲ့ ဒီယောက္ခထီးကရော ဘယ်လိုယောက္ခထီးလဲ သားလင်နောက်လိုက်တာကို မတားတဲ့အပြင် သူပါလိုက်လာသတဲ့..။ မတားတာတော့ သဘောတူပြီးသားလက်ထပ်ပွဲမို့ထားပါတော့... ဒါမဲ့ သူပါလိုက်လာစရာလိုလို့လား??

ပြီးတော့ အရေးကြီးဆုံးက သူလိုက်လာရင် ကိုယ်က ရိပေါ်နဲ့လုပ်ရမဲ့အရေးကြီးကိစ္စတွေ ဘယ်လိုလုပ်ရတော့မှာလဲ..

"အန်ကယ်က တကယ်လိုက်မှာလား ကျန်းမာရေးမကောင်းဘူးဆိုရင်လဲ ကျနော့်အိမ်ကိုသွားပြီး ပါးတို့နဲ့အတူသွားနေလို့ရတယ်လေ ပါးနဲ့မားကလဲ ခမည်းခမက်လောင်းကို သေချာဂရုစိုက်ပေးမှာပါ"

"လျှာရှည်လိုက်တာကွာ ငါ့သားကိုစိတ်မချလို့ပေါ့  ဒီမှာ ငါ့ဆီကဟာတွေ အရင်ယူကူပါဦး"

"အာ ဟုတ် ဟုတ်ကဲ့.... အထုပ်သေးတွေ ကျနော်သယ်ခဲ့မယ် ကြီးတာတွေ ဦးပဲသယ်ခဲ့တော့နော် "

ညှိလို့မှမရတာ ယုတ်မာရုံပေါ့!
ရှောင်ကျန့်တို့က အမြင်မကြည်တော့ဘူးဆိုရင် ​သောက်ကျင့်က ခပ်ယုတ်ယုတ်ပဲ

ခပ်တည်တည်နဲ့ အထုပ်ပိစိလေး (၃) လုံးယူပြီး ထွက်သွားတဲ့သားမက်တော်မောင်ကြောင့် ဝမ်ပါးပါးဟာဆွံ့အတာထက်ကိုပိုပါသည်။

သူ ခိုးပြေးမှာ ငါ့သားကိုပါနော်! ဘယ်ဖအေက ကိုယ့်သားကိုခိုးပြေးဖို့ ခုလိုရေမီးအစုံလုပ်ပေးလို့လဲ? ဒီကမ်ဘာပေါ်မှာ ငါ့ထက်အလိုက်သိတဲ့ ယောက္ခထီးရှိပါဦးမလား သားမက်ကောင်ရဲ့..

"ပါးပါး သားသယ်ပေးမယ် ပေး "

လက်ထဲကအထုပ်နှစ်ခုလုံးကို လာဆွဲသယ်သွားတဲ့သားလေးကိုမျက်စိတဆုံးလိုက်ကြည့်လို့ သားမက်ကြောင့်စိတ်ထိခိုက်နေတဲ့ဝမ်ပါးတစ်ယောက် ပြန်လည်ပြုံးရွှင်လာတယ်။

ကွာတယ် ။ သားနဲ့သားမက် ဆီနဲ့ရေလိုပဲ။ အရမ်းကွာတယ်။

ရှောင်ကျန့်ကားနောက်ဖုံးပိတ်ပြီးပြန်အထွက် မြင်လိုက်ရတဲ့မြင်ကွင်းကြောင့် ရင်ထဲမှာနင့်ခနဲ။
ချစ်ရသောရိပေါ်ရယ်လေ သူ့တစ်ကိုယ်စာလောက်ရှိတဲ့အထုပ်ကြီးတွေကို မနိုင်မနင်းသယ်လာလေရဲ့။ အလေးချိန်ကြီးတွေပိပြီး ခါးတွေနာကုန်ရင်ဘယ်လိုလုပ်မလဲ။

အဖေဆိုတဲ့အာဏာနဲ့ သူများချစ်သူနုနုထွတ်ထွတ်လေးကို ခိုင်းစားနေပြန်ပြီ။

"ကိုယ်သယ်မှာပေါ့ ကလေးရာ ဒီလောက်လေးတာတွေသယ်နေတာ တစ်ကိုယ်လုံးကိုက်ခဲကုန်မှာပေါ့ ပြောရခက်လိုက်တာ"

အထုပ်တွေလက်လွှဲယူရင်း ပြောမိတော့လဲ အနောက်ကနေ ကုပ်ကုပ်လေးလိုက်လာကာ လက်တွေကိုခါနေလေရဲ့။ လက်ဖဝါးဥဥလေးတွေတော့ သွေးခြည်ဥကုန်ပြီလားမသိဘူး။

"ကျနော်ကလူငယ်ဆိုတော့ ဒီလောက်နဲ့ ပြသနာမရှိပါဘူးဗျာ ပါးပါးကျ လူကြီးလေ မတူဘူး ပြီးတော့ ခုရက်ပိုင်း ပါးပါးက ကျန်းမာရေးသိပ်မကောင်းပါဘူးဆို "

သူ့ပါးပါးကဖြင့် ကားပေါ်မှာအခန့်သားရောက်နေပြီကို။

နာလို့အချင်းချင်းပွတ်သပ်နေတဲ့လက်ကလေးတွေကို ဆွဲယူကြည့်လိုက်တော့ နီရဲနေတာမှမြင်မကောင်း။ ရှောင်ကျန့် သောက်ကျင့်ယုတ်မိတဲ့ကိုယ့်ကိုကိုယ်သာ ကျိန်ဆဲမိတော့တယ်။

သွေးလဲမထွက် အမာရွတ်လဲမကျန်တဲ့ သာမန်အရာထင်တာလေးပေမဲ့ ကိုယ်မြတ်နိုးတဲ့အရာလေးပေါ် ခြစ်ရာလေးတစ်ခုတောင် အစွန်းထင်းမခံနိုင်တော့ တကယ့်ကိုပူလောင်စရာပင်။

ရိပေါ် မိမိလက်ကိုကြည့်ရင်း ခက်ထန်ထန်မျက်နှာထားဖြစ်နေတဲ့လူကြီးကြောင့် ...

"ကိုကိုရာ ကျနော့်ကိုအဲ့လောက်နုနုယွယွကြီးမဆက်ဆံစမ်းပါနဲ့ ကျနော်ကယောက်ျားတစ်ယောက်ဆိုတာလဲ သတိရပေးဦး နော်"

အဆုံးသတ်မှာ ချော့ပြောသလို လေသံလေးထိန်း၍ ပြောလိုက်တော့မှ တည်တင်းနေတဲ့မျက်နှာကြီးက ပြေလျော့တော့သည်။

" ဒီလိုမှပေါ့ ခင်များရယ် ! ကဲ အခု ကျနော့်ကိုခိုးပြေးဖို့အဆင်သင့်ဖြစ်ပြီလား "

"ကိုယ့်ဘက်ကတော့ အမြဲအဆင်သင့်ပဲ မင်းရော ကိုယ့်နောက်ကိုလိုက်ရဲရဲ့လား "

ကမ်းပေးတဲ့လက်ကိုဖမ်းဆုပ်လျက် အပြုံးတွေကြားကနေ စကားတစ်ခွန်းကို ပီပီသသပြောတယ်။

"ကိုကိုနဲ့ဆို ဘယ်ဆီပဲဖြစ်ဖြစ်" တဲ့...

..........................................................................

ကားမောင်းတာကြာလာ၍ ခရီးတစ်ထောက်နားရင်း ကားကိုလမ်းဘေးထိုးရပ်ထားကြသည်။ အချိန်ကလဲ ည(1)နာရီနီးပါးရှိနေပြီဖြစ်ရာ  မှောင်ရိပ်တို့ကကြီးစိုးလျက် တချက်ချက် ဖြတ်သွားသော ကားမီးတို့သာရှိသည်။

မှောင်လဲကိစ္စမရှိပါဘူး။ အမွှေစိန်လေးစိတ်ချမ်းသာဖို့ကအရေးကြီးတယ်။ နှစ်ဖက်မိဘသဘောတူရဲ့သားနဲ့ ခိုးပြေးရတဲ့အရသာက ဘယ်လောက်မိုက်လဲ။

ရိပေါ်နဲ့သာဆို ဘယ်အရာကိုမဆိုရင်ဆိုင်ဖို့ အမြဲတမ်းအဆင်သင့်ဖြစ်နေမှာဆိုပေမဲ့ နောက်ခန်းက ခလောခလူးနေတဲ့ ယောက္ခထီးမျက်နှာကြီး မှန်ထဲကနေ မြင်ရပြန်တော့ ဒီတစ်ညတာအတွက် ရင်လေးရပြန်တယ်။

တရားဝင်မတော်ရသေးတဲ့ ယောက္ခထီးဟာ တကယ့်ကို မီးကျီခဲကြီးလိုပါပဲ ပူလောင်လိုက်လေခြင်း။

ပခုံးပေါ်ခေါင်းလေးမှီးပြီး အိပ်နေတဲ့ကလေးကျတော့လဲ အနောက်ခန်းက သူ့အဖေနဲ့တစ်စက်မှမတူ မျက်နှာလေးကအေးချမ်းလို့။

ဆံပင်တွေကိုသပ်တင်ပေးရင်း ဝင်းခနဲပေါ်လာတဲ့နဖူးကျယ်လေးထံ နမ်းမည်အလုပ်...

*ring*

ရုတ်တရက်ထမြည်လာတဲ့ဖုန်းသံကျယ်ကြီးကြောင့် ရိပေါ်က မျက်ခွံတို့လှုပ်လှုပ်ရှားရှားဖြစ်ပြီး နိုးလာတယ်။

ခုထိနောက်မဆုတ်ရသေးတဲ့ ရှောင်ကျန့်မျက်နှာကိုမြင်တော့ အိပ်ချင်မူးတူးနဲ့  ဟီးခနဲရယ်ပြပြီး နှုတ်ခမ်းသေးသေးလေးစူထွက်လို့ ရှောင်ကျန့်မျက်နှာအနှံ့နမ်းလာလေရဲ့။ အဆုံးသတ်မှာတော့ ထုံးစံမပျက် နှုတ်ခမ်းချင်းတေ့လို့ ဘူးမှုတ်သံလေးကမပါမဖြစ်!

"ကားဆက်မောင်းဖို့အတွက် အားဆေးပေးတာ အခုတော့ ဖုန်းကိုင်လိုက်ဦး"

ကြီးမားလွန်းတဲ့အပြုံးဟု အမည်တပ်ရတဲ့အထိ ရှောင်ကျန့်ပါးစပ်ကနားရွက်တက်ချိတ်​တော့မလိုဖြစ်သွားတယ်။ ရိပေါ်က တခြားချစ်သူရည်းစားတွေလို တစ်ခါနမ်းဖို့အရေး တစ်သက်လုံးစာထိုင်ရှက်နေမဲ့ကောင်လေးမျိုးမဟုတ်ဘူး။

စိတ်ကောင်းလေးဝင်တာနဲ့ ခုလိုမျိုး ရှောင်ကျန့်မျက်နှာနေရာလပ်မကျန် သူ့နှုတ်ခမ်းလေးနဲ့ လိုက်တို့ထိနေတတ်တယ်။ ballon kiss ဆိုတာလဲ မပါမဖြစ်ပေါ့။

"ဖုန်းကိုင်ဖို့အားမရှိတော့ပြန်ဘူး "

လက်တစ်ဖက်ကိုပျော့တိပျော့ဖက်ထောင်ပြကာ ပြောလိုက်တော့ ပြန်ရလာတာက မျက်စောင်းနင့်နင့်လေးတစ်ချက်။

"ရတယ်လေ ခင်များအားမရှိလဲ ကျနော်ရှိတာပဲ ကျနော်ကအိပ်ထားတော့ အားတွေအပြည့်ပဲ ကျနော်ပဲကိုင်လိုက်မယ်.."

ဇိုးကနဲဇက်ခနဲနဲ့ ဖုန်းကိုလှမ်းယူပြီး ရှောင်ကျန့်ကို လျှာထုတ်ပြောင်ပြသွားသည်။ ငလည်လေး။

လုပ်ထားဦးပေါ့ ချစ်တီးလေးရာ ဒီနေ့တော့ ကားနောက်ခန်းက သူတော်ကောင်းကြီးကို အားနာလို့ အလျှော့ပေးလိုက်မယ်! နောက်ရက်ကျရင်တော့လား?

"ဟယ်လို ဘယ်သူလဲ
အော် ကျိုးချန် ခွေးသတောင်းစားလေး! မင်းက ငါ့ကိုကိုဆီ ဘာကိစ္စဖုန်းဆက်တာတုန်း! "

စူးထွက်နေတဲ့အော်သံကြောင့် ကျိုးချန် ဖုန်းကိုနားကခွာလိုက်ရတယ်။ သေချင်းဆိုးက ဒီအချိန်ထိ အိမ်မပြန်နိုင်သေးပဲ သူ့လူကြီးနဲ့ဘာလုပ်နေတာလဲ။

ပြောမဲ့ကိစ္စကိုမေ့ပြီး စိုးရိမ်ပူပန်သွားမိတာက အနှီမနူးမနပ်သူငယ်ချင်းကောင်ကို!
ဘယ်လောက်ပဲ လက်ထပ်ခါနီးဆိုဆို အတတ်နိုင်ဆုံး လွန်လွန်ကြူ းကြူ းမဖြစ်ကြရင် အကောင်းဆုံးပဲမလား?

ယောက်ျားလေးချင်းမို့ ဘာမှနစ်နာစရာမရှိဘူးဆိုတာကလဲ သောက်ပိုတွေ!
ယောက်ျားလေးလဲလူလေ! အသားလဲနာတတ်တယ် အသည်းနှလုံးလဲရှိတယ်!

ဒီချစ်တီးဆိုပိုဆိုးသေး ပိုက်ဆံသာ ဘယ်လိုကွက်ကျော်ရိုက်ရမလဲ သိတာ ကျန်တဲ့နေရာအကုန် innocent နေရော!!

High boss ကြီးကို မယုံတာမဟုတ်ပေမဲ့ ရိပေါ်က အချစ်ရေးမှာ သိပ်နုံအတာကို ကျိုးချန်သာအသိဆုံး! တော်ကြာ လိုချင်တာရလို့ ပစ်ထားခဲ့မှ ဒူးနဲ့မျက်ရည်သုတ်နေရတဲ့အဖြစ်မျိုး တစ်ဦးတည်းသောသူငယ်ချင်းချစ်တီးလေးကို မကြုံစေချင်ပါ။

-ငယွကောင် မင်းဘယ်မှာလဲ အခု ငါ့ကိုတည်နေရာပို့စမ်း ငါ အဖေ့ဆီဖုန်းဆက်ပြီးကားကြိုခိုင်းလိမ့်မယ် ချက်ချင်းပြန်လာခဲ့ ဦးလေးဝမ်ရော မင်းကိုစိတ်ပူနေမှာ နားမလည်ဘူးလား လဒူရဲ့"

အူထွက်သွားတဲ့နားထင်ကို လက်ညိုးနဲ့ဖိနှိပ်ရင်း
ရီပေါ်ပြုံးလိုက်မိသည်။ တမင် suprise လုပ်မလို့ ဒီကောင့်ကို မပြောပဲလုပ်ခဲ့တာလေ! အမှောင်ကောင်ကြီး ခုတော့ ငါ့ကိုစိတ်ပူနေလိုက်တာ!

မှောင်လွန်းတဲ့ကောင်ကို နဲနဲကလိပြီးမှ ဖုန်းချလိုက်မယ်! နောက်ရက်မှ ငါလင်နောက်လိုက်သွားတဲ့အကြောင်းသိပြီး SURPRISE တွေဖြစ်စမ်း!

"ဟင့် ကျိုးချန် ငါလေ ငါ့ဘဝတော့သွားပြီထင်ပါတယ်ကွာ ဟင့် ငါတော့ ရေတိမ်နစ်ပြီထင်ပါရဲ့  အမလေး အရပ်ကတို့ရေ ကျနော့်ဘဝတော့ပျက်ပါပြီ အူးဝါး"

ဝမ်းခေါင်းသံကြီးနဲ့ ပြဲလန်အောင်ငိုသံလုပ်ပြောလိုက်တော့ ဘေးကကိုကိုက *မွှေပြန်ပြီလား*ဆိုတဲ့အကြည့်နဲ့ ကြည့်လာလေတယ်။

သို့သော် ရိပေါ်တို့ကတော့ ဂရုကိုမစိုက်!

- ဟင် ရိပေါ် မင်း ခုနကမှ ငါ့ကိုရန်တွေ့နေတာ အကောင်းကြီးလေ ခုချက်ချင်း ဘဝပျက်သွားပြီလား ဟာကွာ မင်းဘဲကြီးက အဲ့လောက်တောင်သွက်ရလား"

"အွန်း အဲ့လိုပဲဖြစ်သွားတယ် ဟင့် "

မျက်ရည်လေးစမ်းတမ်းနဲ့ ပြောလိုက် ပါးစပ်ကိုလက်နဲ့အုပ်ပြီး ခိုးရယ်လိုက်လုပ်နေတဲ့ ကောင်လေးကိုကြည့်ပြီး ရှောင်ကျန့်လက်သာမြှောက်လိုက်ရတယ်။ ချစ်တီးတို့မွှေပြီဆိုလဲ ဘယ်သူမှလိုက်မမှီဘူး။

-ဘာ အဲ့လိုပဲဖြစ်သွားတယ်လဲ ငလူးကောင်ရဲ့ ဒီအချိန်ထိ မင်းဟာကြီးနောက် ဘာလို့လိုက်သွားလဲ ခု မင်းဘေးမှာ အဲ့ boss စုတ် ရှိရင် ဖုန်းပေးလိုက်စမ်း ​တောက်!! တာဝန်မယူလို့ကတော့ ငါနဲ့ကိုတွေ့မယ် "

ငြိမ်မနေနိုင်တော့ပုံရတဲ့ ရှောင်ကျန့်တစ်ယောက် အနားတိုးလာပြီး ရိပေါ်ရဲ့နားရွက်ကားကားလေးကို လက်သည်းနဲ့ဖိချေလာတယ်။

ဒါကိုပဲ ထိုကလေးက အခွင့်ကောင်းယူကာ

" အီးဟီး ကျိုးချန်ရေ ငါ့ကိုကယ်ပါဦး ငါ့နားကပ်လာပြန်ပြီ အ ခင်များ ဟင့် ကျနော့်ကိုလွှတ် ဗြဲ ကျိုးချန်... "

အပီအပြင်သရုပ်ဆောင်ပြီး ဖုန်းကိုအမြန်ချလိုက်သည်။ ဖုန်းမချခင် ကျိုးချန်ရဲ့ စိုးရိမ်တကြီးတကြော်ကြော်အော်ခေါ်သံကို ကြားလိုက်ရတာကြောင့် ရိပေါ် ဗိုက်ကိုနှိပ်ပြီး တခွီးခွီးရယ်နေမိတယ်။

ကျိုးချန်မှာတော့ အရေးကြီးတဲ့ရှယ်ယာရှင်ကိစ္စတွေလဲမပြောလိုက်ရ သူငယ်ချင်းရဲ့ဂျင်းထည့်တာပါခံရပြီး နှမအခိုးခံလိုက်ရသလို ဗျာများရတော့သည်။

"ခွိ ကိုကိုရာ ကျိုးချန်ရဲ့အော်သံကို ကြားလိုက်ရမှာ ပြဲလန်နေတ.."

ခါးနဲ့ထိုင်ခုံကြား လျှိုဝင်ပွေ့ဖက်လာတဲ့လက်တစ်ဖက်နဲ့ နှုတ်ခမ်းကိုထိကပ်လာတဲ့ နောက်နှုတ်ခမ်းပါးတစ်စုံကြောင့် ပြောမဲ့ဝါကျတွေက ပြတ်တိပြတ်တောင်း။

ခဏတာကြောင်သွားသော်လည်း နောက်ခန်းမှာအဖေတစ်ယောက်လုံးရှိနေမှန်းသတိဝင်လာတာနဲ့ ရိပေါ်က အားနေတဲ့လက်တွေနဲ့ ရှောင်ကျန့်ရင်ဘတ်ကိုတွန်းထုတ်တော့တယ်။

သို့သော် ထိုကျောက်ရုပ်တုကြီးက တချက်ပင်မလှုပ်သွားတဲ့အပြင် ခါးကိုပိုလို့တိုးဖက်လာလေရဲ့။

ရိပေါ်က ပုံမှန်အခြေအနေမျိုးဆို လူလယ်ခေါင်မှာ public kiss ပေးဖို့အထိ မလုပ်ရဲတာမရှိပေမဲ့ အဖေနဲ့တစ်ကားတည်းစီးပြီး ချစ်သူနဲ့အကြင်နာဖလှယ်ဖို့အထိတော့ သတ္တိလဲမရှိသလို လွန်စွာမှရှက်ရွ့ံပါသည်။

ပါးပါးတွေ့သွားရင် ငါ့မျက်ခွက်ကြီး ဘယ်နားသွားထိုးထားရမလဲ?

".....တော်-ရပ်- ဆက်--လုပ်.."

စကားသံတိုးညှင်းညှင်းတွေကို တစ်ယောက်သောသူရဲ့လျှာဖျားနွေးနွေးက နှောင့်ယှက်နေတာမို့ ဘယ်လိုမှအဆက်အစပ်မရှိ။

မူးမေ့ချင်စိတ်ဖြစ်လာတာ အသက်ရှုကြပ်လာလို့လား ရှက်စိတ်ကြောင့်လား ??

ေ-ာက်ကိုကိုကရော နမ်းလို့မပြီးတော့ဘူးလား?
ရှောင်ကျန့်ရဲ့စံနှုန်းအတိုင်းဆိုရင်တော့ နာရီဝက်ဆိုတာက အနည်းဆုံးပင်!
အားးး.... ငါရူးချင်လာပြီ

သိပ်မကြာခင်ပဲ ခွာသွားတဲ့နှုတ်ခမ်းနှစ်ခုကြောင့် ရိပေါ်စုံမှိတ်ထားတဲ့မျက်လုံးတွေဖွင့်ပြီး အသက်ကိုဝဝရှုနိုင်တော့တယ်။

"ထူးဆန်းတယ်နော် ဒီနှုတ်ခမ်းတွေက ပေါက်ကရတွေပြောလဲ ချိုနေတာပဲ ဆဲဆိုနေလဲချိုနေတာပဲ  နှုတ်ခမ်းချိုအောင် ထိုးလို့ရတဲ့ဆေးတွေဘာတွေများရှိလား "

စိုစွတ်စွတ်ဖြစ်နေတဲ့ ရိပေါ်နှုတ်ခမ်းဖူးအိအိကို လက်မနဲ့ဖိသုတ်​ပေးလျက် မမှိတ်မသုန်စိုက်ကြည့်နေတဲ့ရှောင်ကျန့်။

ရိပေါ် အရင်အတိုင်းသာဆို လက်ခလယ်နှစ်ချောင်းထောင်ပြပြီး အပိုအနေနဲ့ ဘောင်းဘီပါချွတ်ပြလိုက်တယ်။

ဒါမဲ့ လက်ရဲဇက်ရဲကြီးအကြောင်းသိနေတော့လဲ သွားအကဲမစမ်းရဲ! တော်ကြာ စကားနောက်တ
ရားပါပြီး တကယ် ဘဝပျက်နေမှ!

ရှောင်ကျန့်က ခုထိ ဂနာမငြိမ်ပဲ နောက်လှည့်ကြည့်ချင်နေတဲ့ ရိပေါ်မျက်လုံးတွေကို ရိပ်မိဟန်နဲ့

"မင်းပါးပါးက မျက်လုံးစွပ်ကြီးဝတ်ပြီးအိပ်နေတာ နမ်းနေတဲ့တစ်ချိန်လုံးလဲ မင်းပါးပါးရဲ့ဟောက်သံကြီး နားထဲမှာဟိန်းလို့ စိတ်မပူနဲ့ ကိုယ်က မပိုင်ပဲ မဆင်မခြင်မလုပ်တတ်ဘူး မင်းသာ ပတ်ဝန်းကျင်ကိုမစူးစမ်းတတ်တာ "

မျက်ခုံးတစ်ဖက်ပင့်ပြီး ပြီတီတီပြောလာပုံက ဆယ်ပေါင်တူနဲ့ပိတ်ထုချင်စရာ!!

"အော် ဆရာကြီးရယ် သိပါပြီ ရှက်လွန်းလို့ ပူထူပြီးဟောက်သံတောင် မကြားနိုင်တဲ့ ကျနော်ကပဲ နုံချာလွန်းနေတာပါ ရပြီလား"

"စိတ်ဆိုးတာလား ကိုယ်ပြောတာ အဲ့သဘောမဟုတ်ဘူးလေကွာ ဒီတိုင်း မင်း.."

"ဘာမှ လာမပြောနဲ့ ကားရပ်ထားတာကြာလှပြီ ဆက်မောင်းမယ်ဆိုမောင်း မမောင်းရင် ကျနော်ဆင်းမယ် "

ဂျွတ်ဆတ်ဆတ်ပြောချလိုက်တဲ့ရိပေါ်က စိတ်ဆိုးမာန်ဆိုးပုံစံဖြစ်နေသော်လည်း တကယ်တမ်းတော့ စိတ်ဆိုးနေတာမဟုတ် သူမလုပ်ဖူးတဲ့အရာတွေထဲမှာ ရှောင်းလူကြီးကို အကြီးအကျယ်စိတ်မကောက်ဖူးတာလဲပါသည်။

ဒါ​ကြောင့် ထိုလူကြီးကို နေမထိထိုင်မသာဖြစ်အောင် ကလိလိုက်ခြင်း!

ပြန်လည်ခရီးဆက်လာတဲ့လမ်းတ​လျှောက် ရှောင်ကျန့်ရဲ့သက်ပြင်းရှည်ချသံတွေက ကားထဲမှာနေရာယူထားတယ်။ ချစ်သူဖြစ်ပြီးတည်းက တစ်ခါမှအခုလိုစိတ်ခုစရာမကြုံခဲ့ဖူးတော့ ရှောင်ကျန့်ရင်ထဲ မွန်းကြပ်ကြပ်။

တစ်လမ်းလုံး ဘေးကကောင်​လေးကို အရိပ်တကြည့်ကြည့်နဲ့ ခိုးကြည့်ခဲ့ပေမဲ့ ဟိုက တစ်ချက်ပင်လှည့်မလာ။

စိတ်ညစ်သွားတဲ့ရှောင်ကျန့် ကားကိုပဲအာရုံစိုက်မောင်းရတော့တယ်။ တော်ကြာ တည်းမဲ့နေရာမရောက်ခင် မသာပေါ်နေမှ!!

သုံးထပ်တိုက်ဟီးဟီးကြီးရှေ့၌ ထိုးရပ်သွားတဲ့ကားကြီး..

"အန်ကယ် အန်ကယ် "

"ဟင် ဟေ ရောက်ပြီလား "

"ဟုတ် ရောက်တာ နာရီဝက်လောက်ရှိပြီ အန်ကယ့်ကိုနှိုးနေတာ ခုမှနိုးလာတာ "

"အေးကွ ငါလဲ ခုရက်ပိုင်း ကျန်းမာရေးသိပ်မကောင်း​တော့ လန်းဆန်းမနေပဲ အိပ်ပဲအိပ်နေတော့တာ "

လုပ်စားနေလိုက် အဲ့ဒီ ကျန်းမာရေးနဲ့ပဲ!

"ဒါက ကျနော့်မိတ်ဆွေအိမ်လေ သူတို့ကနိုင်ငံခြားမှာ chongqing မှာကျနော့်အပန်းဖြေအိမ်ရှိပေမဲ့ ရိပေါ်က ခရီးအရမ်းဝေးရင် အန်ကယ်ပင်ပန်းလိမ့်မယ်ဆိုလို့ ဒီကိုပဲခိုးလာခဲ့တာ! "

"အေးပါ သိတတ်တဲ့အတွက် ငါကျေနပ်ပါတယ် အခုတော့ ရိပေါ်ကိုချီလာခဲ့လိုက် အဲ့ကလေးက သူအိပ်မောကျနေချိန် သွားနှိုးရင် အရမ်းစိတ်ဆိုးတာ ငါ့သားအကြောင်းငါသိတယ် မင်းကိုငါးရက်လောက် အဲ့ကိစ္စကိုပဲထိုင်ရစ်နေလိမ့်မယ် ဒါနဲ့ မင်း ချီတော့ချီနိုင်တယ်မလား"

အံမယ် သေချာကြည့်လိုက်သေး!
ဒါ ရှောင်ကျန့်ကိုအထင်သေးတာ!
ဘာကိုကြည့်ပြီး သံသယဖြစ်တာလဲ?
သူ့သားလို ဗလပိစိတွေ မရှိလို့လား?

အဲ့လို ထင်ရင်မှားသွားမှာပေါ့! ရှောင်ကျန့်ခန္ဓာကိုယ်ရဲ့ အရိုးဖွဲ့စည်းပုံက အရမ်းအားကောင်းတာ! ရိပေါ်လို သွယ်သွယ်လျလျကိုယ်လုံးလေးကတော့ ဆွေ့ခနဲကောက်ပွေ့နေကျ!

"ထားပါ ချီနိုင်မဲ့ပုံလဲမပေါ်ပါဘူး ငါပဲချီလိုက်ပါ့မယ် "

များသွားပြီ! သက်သေပြတဲ့အနေနဲ့ သူ့ပုလုံးခန္ဓာကိုယ်ကြီးကောက်ထမ်းပြီး ပေကျင်းထိအရောက်ပို့စနစ်နဲ့ လွှင့်ပစ်ပေးလိုက်ရမလား

"ဟို ရပါတယ် အန်ကယ် ခါးနာနေဦးမယ် ကျနော်က ရိပေါ်ကိုခဏခဏ ချီပြီး အိပ်ရာပေါ်တင်နေကျပါ"

မျက်လုံးပြူ းသွားတဲ့ဝမ်ပါးပါးရဲ့အတွေးတွေ စကြာဝဠာ အပြင်ဘက်မရောက်ခင် ရှောင်ကျန့် အမြန်ဖြေရှင်းချက်ပေးရတယ်။

"အာ ကျနော် ပြောချင်တာ ရိပေါ်က site ထဲလိုက်လာရင် ဂိမ်းဆော့ပြီးတာနဲ့ အခုလိုပဲ အိပ်ပျော်သွားတတ်တယ်လေ အဲ့အခါကျ ကျနော်ကချီပြီးတော့ သူ့အတွက်ထားထားတဲ့ မွေ့ရာပေါ်တင်ပေးတာကိုပါ"

သက်ပြင်းကြီးချပြီး အိမ်ထဲဝင်သွားတဲ့ဝမ်ပါး။
ရှောင်ကျန့်ကတော့ ကားထဲက အိပ်ပျော်နေတဲ့ ကောက်စိန်လေးကို တယုတယပွေ့ပိုက်လို့ မနိုးစေအောင် ခြေလှမ်းဖွဖွလှမ်းဝင်ခဲ့ရတယ်။

.............

ကျွန်းကုတင်ကြီးပေါ်က အဖြစ်အပျက်ကိုကြည့်ပြီး ရှောင်ကျန့်မျက်နှာက မှုံယိုနေတဲ့ဆင်ကြီးလို အုံ့ဆိုင်းလို့။

အကျိုးမပေးတဲ့ယောက္ခထီးရယ်လေ ရှောင်ကျန့်ရဲ့ချစ်သူလေးကို ခွလုံးလိုဖက် စောင်တွေအထက်ထပ်ခြုံပေးပြီး ရင်ခွင်ထဲဖိသိပ်ထားလေရဲ့။

အိပ်မောကျနေပုံရတဲ့ ကလေးမှာလဲ ပူအိုက်တဲ့ရာသီကြီးမှာ ကောက်ညှင်းထုပ်ထုပ်ခံထားရတာကြောင့် မျက်နှာတစ်ခုလုံးချွေးတွေပင်စို့နေပြီ။

ကားပေါ်က အဖုအထစ်ကို အိပ်ရာပေါ်ရောက်မှ ကောက်စိန်လေးကို ရင်ခွင်ထဲထည့်ပြီး ကြင်ြင်နာနာချော့မြူ မယ်ဆိုတဲ့အတွေးတွေကလဲ အမှိုက်တောင်းထဲကိုရောက်!

ရိပေါ်ကိုအပိုင်သိမ်းထားတာတင် အားမရသေး! စောင်တစ်ထည်နဲ့ခေါင်းအုံးတစ်လုံးကိုပါ ပစ်ပေးပြီး တခြားနေရာသွားအိပ်တဲ့။

လွန်တယ်!
သောက်ရမ်းကိုလွန်တယ်!!
အကြီးကြီးကိုလွန်တယ်!!!
မဟားတရားကြီးကိုလွန်တယ်ကွာ!!!!

ခေါင်းအုံးတစ်လုံးနဲ့စောင်တစ်ထည် ရင်ခွင်ထဲပိုက်ထားတဲ့ရှောင်ကျန့်က ဆူပုတ်နေတဲ့မျက်နှာနဲ့ ဝမ်ပါးကို ပေစောင်းစောင်းကြည့်တယ်။ ကြမ်းပြင်မှာ ခုထိမြဲမြံနေတဲ့ခြေထောက်တွေက အခန်းထဲကထွက်ဖို့ စိတ်ကူးရှိပုံမရ။

"သွားလေ ဘာကြည့်နေတာလဲ "

ရှောင်ကျန့် မျက်လုံးကိုတောင်ကြည့်မြောက်ကြည့်လုပ်ပြီး

"ကျနော်က တစ်ယောက်တည်းမအိပ်တတ်ဘူး သရဲကြောက်တတ်တယ် "

ဘယ်လိုပဲဖြစ်ဖြစ် ဒီလိုညမျိုးမှာ ကိုယ့်ချစ်သူနဲ့ကိုယ် တစ်ခန်းထဲတော့ အတူအိပ်ချင်တာပေါ့ ဘိုးတော်ရဲ့....

"မရဘူးကွာ ဘာပဲဖြစ်နေနေ ငါ့သားနဲ့အတူအိပ်ဖို့တော့မစဉ်းစားနဲ့ လက်မထပ်ရသေးပဲ ငါ့သားကိုအနုကြမ်းစီးခွင့်မပေးနိုင်ဘူး"

အော် ဒဲ့ကြီးကိုပြောချတာဟ!
အခုပုံစံနဲ့လဲ အကြမ်းသာဖက်ပစ်ချင်တော့တယ်!

သို့ပေမဲ့ ဒါက မိဘတစ်ယောက်ရဲ့စိုးရိမ်မှုဆိုတော့ ရှောင်ကျန့်နားလည်ပေးလိုက်ပါသည်။ တကယ်ဆို ရှောင်ကျန့်လဲ ရင်ခွင်ထဲထည့်အိပ်မယ်ဆိုတဲ့ စိတ်ကူးကလွဲ၍ ပိုမရှိခဲ့ပါ။ တရားဝင်လက်မထပ်ရသေးပဲ အဖြူ ထည်လေးကို ညစ်ညမ်းအောင်လုပ်ချင်စိတ် စိုးစဉ်းမျှပင် မတွေးဖူး။

နောက်ဆုံးတော့ ငိုမဲ့မဲ့မျက်နှာလေးနဲ့ ရှောင်ကျန့်ကပဲ အခန်းပြင်ကို စောင်နဲ့ခေါင်းအုံးလေးပိုက်လို့ လှည့်ကြည့်လှည့်ကြည့်နဲ့ ထွက်သွားရတော့တယ်။

........................................................................

Some plot credit to - ဆရာအကြည်တော်

.......................................................................

Continue Reading

You'll Also Like

216K 14.6K 44
က်ေနာ္ဒီတစ္ေခါက္ေရးသားမွာက ငိုရတာေတြမ်ားမယ္ထင္တယ္။ ဇာတ္ကားတစ္ခုၾကည့္မိရာက အိုင္ဒီယာရလာတာေလးပါ။ ၿပီးေတာ့ဒီဇာတ္လမ္းကို ေရးဖို႔အတြက္ က်ေနာ့္ကိုအႀကံ ေပးခ...
33.9K 1.3K 15
# အခ်စ္​စစ္​ရင္​ မ​ေဝးဘူးမလား?ငါ့ကို​ေျဖပါ💔 # အဆံုးသတ္​လို႔​ေျပာ​ေပမယ္​့ တစ္​ခါတ​ေလ တစ္​စုံတစ္​ခုအတြက္​ အစ လည္​း ျဖစ္​​ေနႏိုင္​ပါတယ္​ 'ခ'
263K 13.1K 27
ဝမ္ရိေပၚ ငါကအရင္တုန္းကမင္းအနိုင္က်င့္တိုင္းခံခဲ႕ရတဲ႕သူမဟုတ္ေတာ့ဘူးအတံု့အလွည့္ဆိုတာရွိတယ္ဒီတစ္ခါေတာ့မင္းအလွည့္ပဲ (ေရွာင္က်န့္) အရင္တုန္းကေကာအေပၚလုပ္ခဲ...
57.1K 4.1K 27
2021ဆိုတဲ့ခုနှစ်ကြီးကိုပြန်သွားဖို့မကြိုးစားတော့ဘူးမင်းရဲ့အထိန်းတော်အဖြစ်နဲ့ပဲရှင်သန်တော့မယ်...ဆိုးသွမ်းနေတဲ့လန့်ကျန်ဆိုတဲ့မင်းလေးကိုပဲ့ထိန်းရင်းနဲ့...