12

7.6K 710 50
                                    

Zawgyi

္ဋရိပေါ် မိမိရှေ့က ပါးစပ်အဟောင်းသားနဲ့လူနှစ်ယောက်ကိုကြည့်ပြီး စိတ်လေလာတယ်။ ဘယ့်နှယ့် သူတို့တောင်းထားတဲ့အဖြေကို မြန်မြန်ရွေးချယ်ပေးမယ်လို့ပြောလိုက်တာကို မပျော်တဲ့အပြင် အူကြောင်ကြောင်တွေလုပ်နေတယ်။

မြန်လိုက်တာ ရိပေါ်ကအဖြေပေးတော့မယ်တဲ့လား။ မနေ့တနေ့ကအထိ သူ့ကိုယ်သူ ရေမရောတဲ့အဖြောင့်ကြီးပါလို့ ထိုင်အော်နေတဲ့ရိပေါ်ကလေ။ ဒီချစ်တီးပေါက်စ ဆေးမှားသောက်ထားတာလား။ ဒါမှမဟုတ် ဘာတွေကြံနေပြန်ပြီလဲမသိဘူး။

"ကိုယ်ပြိုင်ဖို့မလို​တော့ဘူးမလား yii-chan နဲ့ ရှောင်ကျန့်တို့်က အတူ..."

kento က ခပ်ဆွေးဆွေးပြောရင်း စကားစကိုဖျက်ပစ်လိုက်သည်။ ရီပေါ်နားမလည်ပါ kento ဘာကိုပြောချင်နေတာလဲ ? သူတို့နှစ်ယောက်လုံးက ရိပေါ့်ကိုအဖြေတောင်းထားကြတာလေ။ နှစ်ယောက်လုံးမှာတန်းတူအခွင့်အရေးရှိတာပဲဟာ ဘာလို့ပြိုင်ဖို့မလိုတော့ဘူးလို့ ပြောရတာလဲ?

ပြီးတော့ ကျနော်နဲ့ ရှောင်ကျန့်တို့က အတူ? ဘာဖြစ်လို့လဲ။

"Kento ကလဲပြိုင်ဖို့လိုတာပေါ့ ခင်များပဲကျနော့်ဆီကအဖြေလိုချင်တယ်ဆို "

Kento သက်ပြင်းမောကိုသာချမိတယ်။ ရှောင်ကျန့်နဲ့အဆင့်တွေအကုန်ကျော်ပြီးတာတောင် ကျနော်ကသူ့ဆီက အဖြေရဖို့မျှော်လင့်ခွင့်ရှိဦးမယ်လို့ထင်နေတာလား။

မမျှော်လင့်ဘူး yii-chan!  မင်းကိုအရင်က ရှောင်ကျန့်ဆီကဖြတ်လမ်းနည်းနဲ့လုယူခဲ့တယ်ဆိုတာ မင်းတို့နှစ်ယောက်က ဘာမှမဟုတ်ကြသေးလို့ပဲ။

တစ်ယောက်နဲ့တစ်ယောက်တောင်မသိသေးတဲ့မင်းတို့ကို ထပ်ပြီးအဆင့်တွေမတက်နိုင်အောင်လုပ်ခဲ့တာ ဆိုင်သူမရှိသေးတဲ့မင်းကိုပိုင်ဆိုင်ချင်လို့ပဲ။

အခု မင်းမှာဆိုင်သူရှိသွားပြီပဲ ! သုံးနှစ်ကြာစောင့်ဆိုင်းခဲ့တဲ့ကိုယ်တောင် ပါးကိုတစ်ခါမှမနမ်းဖူးပေမဲ့ ရှောင်ကျန့်ကတော့ မင်းရဲ့အရာအားလုံးကိုပိုင်ဆိုင်ခွင့်ရခဲ့ပြီမလား။ ဒီလောက်ဆို ကိုယ်နားလည်သင့်ပြီပေါ့။

Because of himWhere stories live. Discover now