ထာဝရသူငယ်ချင်း (B.F.F) (Z+U){...

Bởi KhinwaddyKhaing

57.2K 4.5K 276

* အနီးဆုံးမှာရှိနေလျက်နဲ့ ငါတို့ဝေးနေတာ ဘာကြောင့်လဲဆိုတော့ သူငယ်ချင်းတွေဖြစ်နေလို့... * တစ်ယောက်ရဲ့ ခံစားချက... Xem Thêm

Introduction
1:lovely friend
2:စတင်ခြင်း
3:ချည်
4: မင်းမှမင်း
5: မင်းအတွက်ဆိုရင်
6:လူရှုပ်ကလေး
7: အတူတူဆိုရင်
8: သုံးယောက်
9: အသစ်
10:Love and Friend
11: Love story
12: Missing boy
13: Silence
14: ဥပေက္ခာ
15: Near and far
16: Trip (1)
17: Trip (2)
18: နိဂုံး၏အစ
19: Love💘
20: No!!
21:Venus(The god of the love❣)
22:Love is Life👨‍❤️‍💋‍👨
23:အချစ်မီး🔥
24:Forwards (OR) Backwards??

25:Love-target🎎(ဇာတ်သိမ်းပိုင်း)

4.3K 213 51
Bởi KhinwaddyKhaing

(Unicode)

ရွာသွန်းနေသော မိုးရေစက်များနှင့်အပြိုင် မျက်ဝန်းအိမ်အတွင်းမှ မျက်ရည်တို့တွင်တွင်စီးဆင်းလာကာ တစ်ချက်တစ်ချက် သဲ့သဲ့ကလေးရှိုက်နေမိသော ငိုသံလေးရှိရာဆီသို့ တစ်လှိမ့်ချင်းစီ​ ကားလေးတစ်စီးမောင်းဝင်လာလေသည်။

"ကို..ကိုကိုကြီး.... "
ကားထဲမှ ထွက်လာသော ကိုကိုကြီးကိုတွေ့တော့ ဝမ်းသာမိသလို၊အားကိုးရာတစ်ခုရသလိုလည်း ခံစားလိုက်ရ၍ ပြေးဖက်မိသည်အထိပင်။
"ညီသွေးရယ်.....ညီလေး....."
ကရုဏာသက်သော မျက်လုံးများဖြင့်ကြည့်ကာ ကိုကိုကြီးမျက်ဝန်းအတွင်းမှလည်း မျက်ရည်စတစ်ချို့။

"ညီသွေးကို..ခွင့်လွှတ်ပါ..ကိုကိုကြီးရယ်....."
"ခွင့်လွှတ်ပါတယ်...ညီသွေးရယ်...ကိုကိုကြီးညီလေးဘာလုပ်လုပ်...ခွင့်လွှတ်နားလည်ပေးပြီးသားပါကွာ.."

ကိုကိုကြီးရင်ခွင်ထဲသို့ခေါင်းလေးတိုးကာ ကလေးလေးတစ်ယောက်နှယ် သူအားရပါးရငိုချပစ်လိုက်မိတော့သည်။ခေါင်းလေးပွတ်ပေးကာ နှစ်သိမ့်ပေးနေသော ကိုကိုကြီးကြောင့် သူပို၍ပင်အပြစ်သားတစ်ယောက်လိုခံစားရသည်။

"ကိုကိုကြီး...သူ..သူလေ...ညီသွေးကို....."
"ကိုကိုကြီး..အားလုံးသိပြီးပါပြီ....."

သူအံ့အားသင့်သွားမိသည်။ ကိုကိုကြီးက သိပြီးပြီတဲ့..ဘာကိုသိတာလဲ...ဘယ်အကြောင်းအရာတွေကို..ကိုကိုကြီးသိတာလဲ....
"ဘာကို..ဘယ်လို..သိပြီးတာလဲ..ကိုကိုကြီး?.."
"ဒီနေရာမှာ..ညီသွေးကို..လာခေါ်ဖို့အတွက်..ဖုန်းဆက်ပြောတာ..လင်းအံ့လေ...ညီသွေးတစ်ယောက်တည်းရှိလို့..မြန်မြန်သွားခေါ်ဖို့ပါ..မှာလိုက်သေးတာ..."

ဟင်..သူ့ဘက်ကခါးခါးသီးသီး..ငြင်းထုတ်ခြင်းခံလိုက်ရတဲ့...ကိုက.. အခုချိန်ထိသူ့အပေါ်..စိတ်ပူစိုးရိမ်နေသေးတာပဲ...ကို့ကို..ရိုင်းရိုင်းစိုင်းစိုင်း..ရက်ရက်စက်စက်ပြောခဲ့မိတဲ့...ကျွန်တော့်လိုလူကို...ကိုမုန်းလို့မရမှန်း..ကျွန်တော်သိနေသလို...ကိုလည်း..ကျွန်တော်စိတ်ဆိုးလို့သာ..ပြောလိုက်မှန်း..သိရင်အရမ်းကောင်းမှာပဲ.....

"သူပြန်မလာတာ..သုံးရက်ရှိပြီ..ကိုကိုကြီး..သူကျွန်တော့်ကို..တကယ်မုန်းသွားပြီလား..မသိဘူး...သူကျွန်တော့်ကိုနားလည်မပေးဘူးဗျာ...တကယ်ဆို..ကျွန်တော်စိတ်ဆိုးနေတုန်း...ခဏလက်လွတ်စပယ်..ပြောလိုက်တာကို..သူအတည်မယူသင့်ဘူးလေ...သူ...သူ..ကျွန်တော့်ကိုတစ်ယောက်တည်းထားခဲ့ရက်တယ်ဗျာ..."
ကလေးငယ်တစ်ယောက်က ရင်ထဲရှိဝေဒနာများကို အကုန်ဖွင့်ဟနေသလို ညီသွေးပြောသမျှကို သူနားထောင်ပေးနေမိသည်။ အမှန်ဆို သူတွေးထားတာက လင်းအံ့နဲ့ညီသွေးကို အတူတကွ ပျော်ပျော်ရွင်ရွင် မြင်ရလိမ့်မည် ဟုထင်သော်လည်း လက်တွေ့နှင့်တခြားစီဖြစ်နေ၍ သူကိုယ်တိုင်လည်း အံ့သြစိတ်မကောင်းဖြစ်ရသည်။

ဒီကလေးနှစ်ယောက်ရဲ့ရှေ့မှာ ရပ်တည်ပေးဖို့အတွက် သူဆုံးဖြတ်ပြီးသားပင်။အခုတော့ မျက်ရည်အရွှဲသားဖြင့် ဖြစ်ကြောင်းကုန်စင်ရှင်းပြနေသော ညီသွေးနှင့် ဘယ်ရောက်လို့ဘယ်ပေါက်မှန်းမသိ ကိုယ်ရောင်ဖျောက်နေသော လင်းအံ့။ သူဘယ်လိုလုပ်ပေးရမလဲ။
"စိတ်မကောင်းမဖြစ်ပါနဲ့..ညီသွေးရယ်...ညီသွေးတို့ကြားထဲက..ပြဿနာကို..ကိုကိုကြီးမသိပေမယ့်...လင်းအံ့ ကညီသွေးကိုတကယ်ချစ်တာ..ညီသွေးကလည်း..တကယ့်ရင်ဘတ်ကြီးနဲ့ချစ်တာကိုတော့..ကိုသိပါတယ်..အခုဟာကလည်း..ခဏတဖြုတ်..နားလည်မှုလွဲတာပါ..သူလည်းသွေးပူတုန်းမို့လို့ပါ...ခေါင်းအေးသွားတဲ့အခါကျရင်..သူညီသွေးဆီကိုပဲ..ပြန်လာမှာပါ...."

ကို..ကဘယ်တော့ပြန်လာမှာလဲ?...ကိုနဲ့သာပြန်တွေ့ရရင်..ကျွန်တော့်အပြစ်တွေအားလုံးအတွက်..ကို့ကိုအနူးအညွတ်တောင်းပန်မှာပါ...ကိုကျွန်တော့်ကြောင့်..နောက်ထပ်စိတ်မဆင်းရဲစေရဘူးလို့လည်း..ကတိပေးမှာပါ...ကျွန်တော့်နားကနေလည်း..ကို့ကိုတစ်ဖဝါးမှနောက်တစ်ခါ..ထွက်သွားခွင့်ပေးမှာမဟုတ်တော့ဘူး...ကျွန်တော့်ရဲ့အသွေးအသားတွေအားလုံးကိုလည်း..ကို့ဆီမှာပဲ..ပုံအပ်လိုက်တော့မှာပါ..ကျွန်တော်နောက်ထပ်မငြင်းဆန်တော့ပါဘူး..ကိုရယ်.....

"ကိုကိုကြီး...သူ့ကို..ညီသွေးဆီအမြန်ဆုံးခေါ်လာပေးပါနော်...သူ့ကိုရှာပေးပါနော်...တွေ့အောင်ရှာပေးပါ..ကျွန်တော့်အပြစ်တွေအတွက်..သူ့ကိုတွေ့ရမှဖြစ်မှာမို့လို့ပါ..သူပေးတဲ့အပြစ်ကိုလည်း..ကျွန်တော်ခံယူဖို့အသင့်ပါပဲ...ကတိပေးပါ...ကိုကိုကြီး... "
"ပေးပါတယ်..ညီသွေးရယ်...လင်းအံ့ ကိုမတွေ့တွေ့အောင်..ကိုကိုကြီးရှာပေးမယ်နော်...အခုတော့အိမ်ပြန်ရအောင်နော်..ဖေဖေမေမေတို့ စိတ်ပူနေပြီ...."

ကိုရယ်...အမြန်ဆုံးကျွန်တော့်ရင်ခွင်ထဲ..ပြန်လာခဲ့ပါဗျာ...ကျွန်တော်နောင်တတွေလည်းရနေပါပြီ.......

&&&&&&&&

ချမ်းအေးလှသော ကလော၏ရာသီဥတုကို အံတုရင်း ရင်ဘတ်ထဲမှ အပူမီးတစ်ချို့ကို ငြိမ်းအေးစေရန်အလို့ငှာ ဝိုင်ပြင်းပြင်းကို တစ်ခွက်ပြီး တစ်ခွက်မော့သောက်နေမိသည်။ဘယ်နေရာကြည့်ကြည့် မြင်နေရသော သူ့မျက်နှာလေး၊ပျော်ရွှင်ခဲ့သော အခိုက်အတန့်များကလည်း သူ့ရင်ဘတ်ကိုဆူးနက်နက်ဖြင့် ထိုးနေသလို၊နားထဲတွင်လည်း ထပ်ချည်းတလဲလဲ ကြားနေမိသည်က'ဖယ်...ဖယ်..လွှတ်ဗျာ..လွှတ်' ဟူသည့် ရင့်သီးခက်ထန်သော စကားလုံးများပင်။ထို့ကြောင့်လည်း သူ့ရင်ထဲမှ အပူမီးများကိုငြိမ်းသက်ရန် မည်သူမျှမတတ်နိုင်ချေ။

သူ ကလောရှိ အဘွားအိမ်ရောက်နေသည်မှာ တစ်ပတ်ပင်ရှိနေပြီ။ ဘွားဘွားအပါအဝင် မည်သူမျှ သူ့အကြောင်းကို စေ့စေ့စပ်စပ်မမေးကြချေ။သူ့အပြုအမူ၊အပြောအဆိုကိုကြည့်၍ မမေးသည်လည်းဖြစ်ကောင်းဖြစ်နိုင်သည်။မည်သို့ပင်ဖြစ်စေ သူကိုယ်တိုင်သည်လည်း ကြုံတွေ့ခဲ့ရသည်များကို ထုတ်မပြောဖြစ်ပဲ တစ်ယောက်တည်းသာကြိတ်ခံစားနေမိသည်။ သို့ဖြစ်၍လည်း သူ့ဒဏ်ရာကပို၍ ခံစားနေရသည်ထင်။ ရင်ဖွင့်ဖော်မရှိသလို၊နှစ်သိမ့်ပေးမည့်သူလည်း မရှိချေ။ မေမေနှင့်ဖေဖေတို့ကိုတော့ သူကလောစရောက်သည့်နေ့ကတည်းက ဖုန်းဆက်ကာ ကြည့်ကောင်းအောင် ပြောထားသည်။ သွေးသစ်အိမ်ပြန်ရောက်နေပြီ ဟုလည်း လွန်ခဲ့သော နှစ်ရက်ခန့်ကပင် ကြယ်စင်ဖုန်းဆက်ပြော၍ သိထားသည်။

မှန်ကန်သည်ဟုထင်ကာ ရွေးချယ်ခဲ့မိသော လမ်းတစ်ခုအတွက်လည်း ရှေ့ဆက်တိုးရန် သူအတော်ပင် တွေဝေနေမိသည်။ သူ့ကိုမချစ်လို့ လမ်းခွဲဖို့တောင်းဆိုခဲ့သော၊ပစ်ပစ်ခါခါ ငြင်းဆန်ခဲ့သော ချစ်သူကိုမျှမုန်းမရအောင် ချစ်နေမိသည့် သူ့ကိုယ်သူပင် အရေခွံစုပ်ပစ်ချင်မိသည်။သူတို့နှစ်ယောက်ကြားထဲ ရောက်ရှိလာခဲ့သော တတိယလူကိုကား တွေ့ရာသင်္ချိုင်း ဓားမဆိုင်းပင် သတ်ပစ်ချင်နေမိသည်။

သူမရှိတော့သော ထိုပတ်ဝန်းကျင်တွင် ကျင်လည်ကျက်စားလာမည့် ကျားအရေးကိုတွေးကာ သွေးသစ်ကိုအမြန်ဆုံးပင် ကိုထွန်းသစ်စလက်ထဲ အပ်လိုက်ရသည်။သူ့အပေါ် မချစ်တော့သော်လည်း သူကလေးကိုပစ်ထားပြီး မေ့ထားနိုင်ရလောက်အောင် သူ့နှလုံးသားက ကျန်းမာရေးမကောင်းချေ။

"လူလေး...ခြံထဲမှာဧည့်သည်ရောက်နေတယ်...လူလေးနဲ့တွေ့ချင်လို့တဲ့...."

စိတ်ပျက်လက်ပျက်ဖြင့် ထိုင်ကာဝိုင်သောက်နေသော သူ့ထံသို့ ဦးလေးသိန်းက ဧည့်သည်ရောက်နေကြောင်းလာပြော၍ အနည်းငယ်မျှ အံ့သြသွားရသည်။သူ့ဧည့်သည်ဟုပြော၍ ပိုပြီးအံ့အားသင့်ရသည်။ ထို့ကြောင့် ဦးလေးသိန်းကို မျက်မှောင်ကြုတ်ကာ
"ကျွန်တော့်ဧည့်သည်?..ဟုတ်လို့လားဗျာ..ကျွန်တော့်အသိမှမရှိပဲ..ဘယ်ကဧည့်သည်ကလာရမှာလဲ...."
သူ့အမေးကြောင့် ဦးလေးသိန်း ခေါင်းကုတ်ကာ
"အဲ့ဒါတော့...ဦးလေးလည်းမသိဘူး..ထွက်တွေ့လိုက်ရင်..သိမှာပေါ့..လူလေးရဲ့...တွေ့လိုက်ပါလား...ခြံထဲမှာစောင့်နေတယ်..."
သူခေါင်းအသာအယာညိမ့်ပြလိုက်တော့သည်။

သူခြံရှေ့ထွက်လာတော့ သူ့ဧည့်သည်ဆိုသူက ကျောပေးကာ ရပ်နေသည်။နောက်မှကြည့်ရုံဖြင့်လည်း ဘယ်သူမှန်းမသဲကွဲချေ။ ထို့ကြောင့်တစ်လှမ်းချင်းရှေ့တိုးကာ သူကြည့်မိတော့ ထိုလူကလည်း သူ့ဘက်လှည့်အကြည့်...
"..ခွပ်......"
"အ....."
မထင်မှတ်သော လက်သီးပြင်းပြင်းတစ်ချက်က ထိုလူထံသို့ ရောက်ရှိသွားလေသည်။ထိုလူကလည်း မမျှော်လင့်ထား၍ထင် နောက်ပြန်လန်ကာပင် ထိုင်လျက်ကျသွားသည်။

သူ့ဒေါသများက တော်တော်နှင့်အတောမသတ်နိုင်သေးပဲ လဲကျသွားသော ထိုလူ့အပေါ်မှ တစ်ချက်ပြီးတစ်ချက် မနားတမ်းတရစပ် ပစ်ထိုးလိုက်မိသည်။
"အ...အင့်...အု...အွတ်...." အာမေဋိတ် ပေါင်းစုံအသံများထွက်လာသည်အထိပင်။

"မလုပ်နဲ့လေ...လူလေး...လူလေး..ရပ်လိုက်လေ..."
ဧည့်သည်အတွက် သောက်စရာတစ်ခုခုသွားစီစဥ်သော ဦးလေးသိန်းရောက်လာကာ အပြေးပင် ဝင်ရောက် တားဆီးရတော့သည်။

တော်သေးသည်က အိမ်တွင်အဘွားမရှိချေ။ဒေါ်လေးနှင့် အပြင်ခဏသွားနေသည်။

ဒေါသတကြီးဖြင့် သူဆုပ်ကိုင်ထားမိသော ထိုလူ၏ အင်္ကျီကော်လံသည်ပင် သူ့လက်ထဲတွင်တွန့်ကြေနေပေပြီ။
"ဖယ်ပါ..ဦးလေးသိန်းရာ..သူ့ကိုကျွန်တော်ဒီနေ့သတ်မှာ....ဖယ်ဗျာ...."
"မလုပ်ပါနဲ့...လူလေးရယ်..မကျေနပ်တာရှိရင်..ပါးစပ်နဲ့ပြောပါ..လက်မပါပါနဲ့ကွာ..လွှတ်လိုက်ပါနော်...ဦးလေးသိန်းတောင်းပန်ပါတယ်..."

ကြားထဲမှ အတင်းဝင်တောင်းပန်နေသော ဦးလေးသိန်းကြောင့်ပင် ဥက္ကာတစ်ယောက်အသက်ရှူ၍ရသွားတော့သည်။ သူ့မကျေနပ်ချက်များ မပြေပျောက်သေးသော်လည်း ဦးလေးသိန်းကြောင့် သူလွှတ်လိုက်မိတော့သည်။
"ဟူး....." ဟူသော သက်ပြင်းတစ်ချက်ချကာ နှုတ်ခမ်းထောင့်မှ သွေးစတစ်ချို့ကို ဥက္ကာ
သုတ်ပစ်လိုက်မိသည်။

ထို့နောက်
"ဟားဟား......" ဟူ၍ မထီမဲ့မြင်ရယ်သံဖြင့် သူ့ဒေါသကိုထပ်ဆွပေးနေသည်။ သို့သော် သူထပ်၍တော့ မထိုးဖြစ်တော့ချေ။

"ဘယ်လိုလဲ...လင်းအံ့... မင်းနဲ့သွေးသစ်က..အခုချိန်ထိ...သူငယ်ချင်းပဲလား???...ဟင်...ဟားဟား..."
ဒီလောက်အထိုးခံထားရတာတောင် အပြုံးမပျက်ပဲမေးနေပုံက အသေသတ်ဖို့ပါ တောင်းခံနေသလို။မင်းသေရမယ်..ဒါပေမယ့်..အမှန်တရားကိုသိပြီးမှ..သေရမယ်...မင်းသိရမယ်....
"အေး..ဟုတ်တယ်ကွာ...သွေးသစ်နဲ့ငါက..သူငယ်ချင်းမဟုတ်ဘူး...သွေးသစ်ကငါ့ချစ်သူ..ငါ့ဘဝမှာပထမဆုံးသော..အချစ်ဆိုတာကိုစခံစားခဲ့ဖူးတဲ့သူ...ဘယ်သူ့ကိုမျှ..ထပ်ချစ်လို့မရတော့အောင်...ရင်ထဲမှာပြည့်နှက်နေအောင်..ချစ်ရတဲ့..ချစ်ဦးသူ..ငါ့ရဲ့အချစ်ဆုံးသူ...မင်းဘာလုပ်ချင်လဲ?..မင်းဘာသိချင်သေးလဲ?..ဟင်..ဟေ့ကောင်!!!.."
စကားသံနှင့်အတူ နောက်ထပ် လက်သီးတစ်လုံးထိုးရန် ချိန်ရွယ်လိုက်စဥ်
"ဒါဆို..မင်းက..gay..ပေါ့..ဟုတ်လား..ဟေ့ကောင်..ဟင်..ဖြေပါဦး..."
ချိန်ရွယ်ထားသော သူ့လက်သီးပင် ပြေလျော့သွားရသည်။ အံကြိတ်လက်သီးဆုပ်ကာ သူပြန်ဖြေလိုက်သည်က
"ဟုတ်တယ်...ငါက gay...သွေးသစ်ကို..$ရမ်းချစ်တဲ့..အချစ်ရူး..gayတစ်ယောက်ကွာ..ဟုတ်တယ်...မင်းသိချင်တာ..ဒါပဲလား.!!!!!...."

သူ့ထံမှထိုအဖြေစကားကို ကြားရတော့ ဥက္ကာတစ်ယောက်မှာ ဉာဏ်စမ်းတစ်ခုကိုအဖြေသိသွားသော လူတစ်ယောက်လို ပြုံးလိုက်ကာ လက်ခုပ်ကိုလည်းသဘောကျစွာ တီးလိုက်ပြီး
"ဟေး....ငါလိုချင်တာဒါပဲကွ...မင်းဆီကအဲ့ဒီအဖြေစကားသိရဖို့အတွက်..ငါဘယ်လောက်တောင်ကြိုးစားခဲ့ရလဲ..ဟားဟား..နောက်ဆုံးတော့..မင်းပါးစပ်ကကိုယ်တိုင်ဖွင့်ပြောပြီပေါ့ကွာ...မင်းကငါထင်ထားတာထက်တောင်..သွေးသစ်ကိုပိုချစ်သေးတာပဲ..."

နှစ်ခြိုက်သဘောကျစွာ ပြုံးရယ်ပြီးပြောနေသော ဥက္ကာကို ကျွန်တော်နားမလည်သည်မှာတော့ ငြင်းမရချေ။ ရူးသွားပြီလား..?..ငါထိုးလိုက်တာခေါင်းထိသွားလို့များ..ဂေါက်သွားပြီလား...ဒါမှမဟုတ်..ဘာတွေထပ်ပြီးကြံစည်နေပြန်တာလဲ?...
"မင်းဘာတွေပြောနေတာလဲ?...."

ဥက္ကာက ကျွန်တော့်အမေးကိုမဖြေသေးပဲရင်းရင်းနှီးနှီး ပုခုံးကိုလာဖက်ပြီးမှ
"လင်းအံ့... gay ဖြစ်ရတာရှက်စရာမဟုတ်ဘူးကွ..လူသားထဲကလူတစ်ယောက်ပေမယ့်..သူများထက်ထူးခြားနေတာ..ဂုဏ်ယူလိုက်ပါကွာ..မင်းငါ့ကိုတစ်ချိန်တုန်းက..ရင့်ရင့်သီးသီး..ပြောခဲ့တာမှတ်မိလား...အဲ့အချိန်ကတည်းက..မင်းပြောခဲ့တဲ့အပြောတွေအတွက်..တစ်နေ့ပြန်ခံစားစေရမယ်လို့..ငါအငြိူးထားခဲ့တာကွ...မင်းနဲ့သွေးသစ်ကိုစတွေ့ကတည်းက...သူငယ်ချင်းထက်ပိုနေတဲ့ဆက်ဆံရေးဆိုတာကို..ငါမသိပဲနေပါ့မလားကွာ..ဒါပေမယ့်ငါမေးလိုက်တိုင်းမင်းရော..မင်းဟာလေးကပါ..သူငယ်ချင်းတွေပါလို့.. ဖြေနေတော့..ငါလည်းဟုတ်မဟုတ်..စမ်းသပ်ကြည့်ရတာပေါ့ကွာ..မင်းတို့ကြားထဲကို..မီးစလေးတစ်ခုပဲပစ်ထည့်ပေးလိုက်တာပါ..သူ့ဘာသူထလောင်သွားတာတော့..ငါမရည်ရွယ်ပါဘူး..ခုလောက်ထိဖြစ်သွားတဲ့အတွက်လည်း..ငါတကယ့်ကိုစိတ်မကောင်းပါဘူးကွာ...ဒါပေမယ့်အနှစ်နှစ်အလငြိူးထားရတဲ့...ငါ့ရဲ့ကလဲ့စားအတွက်တော့..sorry ကွာ..."

ဥက္ကာပြောသောစကားများကို တဖြည်းဖြည်းနားလည်စပြုလာပေပြီ။
"ဒါ..ဒါဆို..မင်းက..သွေးသစ်ကို..တကယ်မချစ်ဘူးပေါ့နော်...တမင်လုပ်ခဲ့တာပေါ့..ဟုတ်လား?.."ကျွန်တော်အသိချင်ဆုံး မေးခွန်းကို ဟန်မဆောင်နိုင်ပဲနှင့် မေးချလိုက်မိတော့သည်။

"ကျားကိုက်ပါတယ်ဆိုမှ..အပေါက်ကလေးနဲ့လားလို့..မေးသလိုဖြစ်နေပါပြီ..ဒီမှာလင်းအံ့..အဲ့လောက်မတွန့်တိုပါနဲ့ကွာ..မင်းပစ္စည်းကိုငါမထိပါဘူး..ပိုင်ရှင်ကြီးနဲ့ကို..ငါငရဲကြီးမှာကြောက်တယ်ကွ..ပြီးတော့ဝဋ်လည်မှာလည်းကြောက်တယ်...."

ဝဋ်လည်မှာကြောက်တယ်ဆိုတာက...ဥက္ကာမှာလည်း..
"မင်းဆိုလိုတာက...မင်းမှာလည်း....???.."
"မင်းကငါ့ကိုပစ္စည်းမဲ့လူတန်းစားများထင်နေလား...ငါ့မှာလည်းပိုင်ရှင်နဲ့ပါကွ...ငါ့ပိုင်ရှင်ဘယ်သူလဲသိရင်..မင်းပိုတောင်အံ့သြသွားမှာ..."
"ဘယ်သူလဲ?..ဘယ်သူမို့လို့..ငါကအံ့သြရမှာလဲ?.."

ကျွန်တော့်ကိုနောက်လှည့်ကာ ခြံဝကိုကျောပေးခိုင်းထားပြီး ဥက္ကာတစ်စုံတစ်ယောက်ကို သွားခေါ်နေချေပြီ။နားထဲတွင်ကြားနေရသည်က ခြေသံနှစ်ခု ကျွန်တော်နှင့်တဖြည်းဖြည်းနီးလာပြီ။
"လှည့်ကြည့်လို့ရပြီ..လင်းအံ့.... "

ကျွန်တော်ကိုယ့်မျက်လုံးကိုပင် မယုံနိုင်အောင်ဖြစ်သွားပြီး အံ့သြလွန်းလို့ မိမိရင်ဘတ်ကိုမနည်းပင်ဖိထားရသည်။နှုတ်မှလည်း စကားတစ်ခွန်းမျှ ထွက်မလာပဲ စွံ့အနေမိပြီး အရုပ်တစ်ခုလိုတောင့်တောင့်ကြီးရပ်ကြည့်နေမိသည်။
"ဟေ့ကောင်..သတိထားဦး..အံ့သြလွန်းလို့လည်း..သေသွားဦးမယ်..." ဥက္ကာစကားသံကြားမှ ဟထားမိသော ပါးစပ်ကိုပြန်စိကာ နာမည်တစ်ခုကိုခေါ်လိုက်မိသည်က
"ကို...ကိုလွင်!!!!....."

ရယ်ကျဲကျဲဖြင့် ကျွန်တော့်ကိုစိုက်ကြည့်နေသည်က ကိုလွင်။ဘယ်လိုကနေ..ဘယ်လို..ကိုလွင်က..ဥက္ကာရဲ့ပိုင်ရှင်ဖြစ်သွားတာလဲ.?..အိုး..ကျွန်တော်လိုက်မမှီတော့ချေ။
"မင်းကိုငါပြောသားပဲ..မင်းအံ့သြသွားမှာပါလို့...အမှန်တော့..မင်းတို့ခြံကိုငါစရောက်လာရတာကလည်း..ကိုလွင်ကြောင့်ပဲ..ကိုလွင့်ကိုမင်းတို့နဲ့စတွေ့တဲ့နေ့က..စျေးချိုမှာပဲ..စဆုံခဲ့တာ..စတွေ့ကတည်းက..ချစ်မိခဲ့တာလို့ပြောရမှာပေါ့...အဲ့လိုလူတစ်ယောက်ကို..သစ်ခွခြံတစ်ခုရှေ့မှာ..မထင်မှတ်ပဲ.. သုံးခေါက်လောက်တွေ့လိုက်ရလို့...ငါအဲ့ခြံထဲရောက်လာတာ..ငါတကယ်ဓာတ်ပုံရိုက်ယူချင်တာက..သစ်ခွပန်းမဟုတ်ဘူးကွ..ကိုလွင့်ရဲ့ပုံတူလေး...ဒါကြောင့်လည်း...အဲ့နေ့ကမင်းကိုငါပြောခဲ့တယ်လေ..ဒီခြံကိုနောက်လည်းလာမှာလို့...အဲ့လိုနေ့တိုင်းလာနေရတဲ့အကြောင်းက..သွေးသစ်ကြောင့်မဟုတ်ဘူးကွ...ငါ့ရဲ့တစ်ဦးတည်းသော ချစ်ရဆုံးသူကြောင့်ပဲ.."

ဒါဆို..တစ်ချိန်လုံး..ကျွန်တော်အထင်လွဲခဲ့တာပေါ့...ဥက္ကာရဲ့အကြောင်းအရင်းက..ကိုလွင်တဲ့လား..တကယ့်ကိုမထင်ထားတာပင်...သူပြောတာလည်းဟုတ်သလိုပင်..အဲ့ခြံထဲမှာ..သွေးသစ်တစ်ယောက်တည်းမှ..မဟုတ်တာ..တစ်ချိန်လုံးကိုလွင်လည်းရှိနေတာပဲ...ဟူး..ငါတော်တော်ရုပ်ပျက်သွားတာပဲ.......

အခုမှပဲ ကျွန်တော့်ရင်ထဲမှ အစိုင်အခဲကြီးလည်း အရည်ပျော်သွားကာ သဘောကျစွာရယ်ပြုံးမိတော့သည်။
"ခွပ်...!.."
"အင့်..." မမျှော်လင့်ပဲ ကိုလွင့်လက်သီးတစ်ချက်က ကျွန်တော့်မေးစေ့ကိုလာမှန်လေသည်။ ဘာလဲဟ?...

"မင်းကွာ...ငါ့လူကို..အဲ့လောက်ထိတောင်ထိုးရလား...ငါမကျေနပ်လွန်းလို့..မင်းကိုတစ်ချက်ပြန်ထိုးလိုက်တာ...မင်းဖြစ်နေလို့ပေါ့ကွာ..တစ်ခြားတစ်ယောက်သာဆိုရင်..သွားတွေဗုဒ္ဓဂါယာရောက်လောက်ပြီ....ရရဲ့လား..ကာကာ..."

ကာကာတဲ့လား...အင်းလေ..ကျွန်တော်လည်း..ဥက္ကာအပေါ်နည်းနည်းလွန်သွားတာပဲ..ကိုလွင့်လိုလူကတစ်ချက်ပဲ..ပြန်ထိုးတာကိုက..တော်တော်ကြီးကံကောင်းနေပြီလေ....

သွေး...သွေးသစ်..ကလေးရေ..ကိုတို့ကြားမှာ..အရာရာအဆင်ပြေသွားပါပြီကွာ...မင်းကိုပစ်ထားခဲ့မိတဲ့ကို့ကို..မင်းမေ့များမေ့သွားပြီလား...မမေ့ပါနဲ့ဦးကွာ...ကိုမင်း​ဆီအမြန်ဆုံး..ခရီးနှင်လာပြီ...ကို့ကိုအချစ်တွေနဲ့ပဲကြိုပါလားကွာ.............

&&&&&&&&

ကျွန်တော်နေ့ချင်းပင် လေယာဥ်ဖြင့် ရန်ကုန်ကိုအရောက်ပြန်လာခဲ့တော့သည်။တစ်လမ်းလုံးလည်း သူကလေးအကြောင်းကိုသာ တွေးလာမိသည်။သူ့ကိုတွေ့လျှင်..သွေးသစ်ဘယ်လိုတုံ့ပြန်မည်လဲ?..'ပြန်တော့..ကို့မျက်နှာကိုမမြင်ချင်ဘူး..'လို့ပြောမှာလား..ဒါမှမဟုတ်..'ကျွန်တော့်ကိုမေ့လိုက်တော့...ကို့ကိုမချစ်တော့ဘူး..'လို့ပဲ ငြင်းလိုက်မှာလား..အတွေးထဲကအတိုင်း သူကလေးငြင်းလိုက်လို့ကတော့.. သူကလေးရှေ့ဒူးထောက်ကာ..ကျေနပ်သည်အထိတောင်းပန်ရမည်...နောက်ဘယ်တော့မှ..မထားခဲ့တော့ဘူးလို့လည်း..ကတိပေးမည်...သွေးရေ....ကို့ကိုလက်ခံပါ့မလား.....

အိမ်ရောက်တော့ မေမေကဝမ်းသာမျက်ရည်များဖြင့်ကြိုရှာသည်။ကြယ်စင်ကတော့ ပြုံးပျော်လို့။ဖေဖေ့ဆီမှလည်း မထင်မှတ်ထားသော "သား..မင်းကိုဖေဖေနားလည်တယ်...သားဘာလုပ်လုပ်..ဖေဖေသားရှေ့မှာ..ရပ်တည်ပေးနေမှာ...ဖေဖေ့သားကြီးက..ဘာဖြစ်ဖြစ်..ဖေဖေ့သားကြီးပါပဲကွာ..." ဟုပြော၍ ကျွန်တော် ဝမ်းသာမျက်ရည်များပင်ကျရသည်။ ဖေဖေကိုလူကြမ်းကြီးတစ်ယောက်လိုထင်မှတ်မိခဲ့သော်လည်း တကယ်တော့ ကျွန်တော့်ဘဝရဲ့ဒါရိုက်တာကြီးပင်။ တောင်းပန်ပါတယ်..ဖေဖေရယ်..သားဖေဖေ့ကိုအရမ်းချစ်ပါတယ်.....

မိသားစုတွေ့ဆုံပြီးတော့ ကျွန်တော့်စိတ်များက သူကလေးဆီသို့သာ။အလိုက်သိသော ညီမလေးက ကျွန်တော့်အထုပ်အပိုးများကိုထားခဲ့ရန်နှင့် သူကလေးအိမ်သို့သွားရန် မျက်စပစ်ကာ အချက်ပြလိုက်၍ ကျွန်တော်လည်း လျင်မြန်သွက်လက်သော ခြေလှမ်းများဖြင့် သူကလေးအိမ်သို့လှမ်းလာခဲ့မိတော့သည်။

အိမ်ရှေ့ရောက်တော့ တစ်အိမ်လုံးတိတ်ဆိတ်ကာ ငြိမ်သက်နေသည်။ ထိုအချိန်အိမ်ထဲမှ အကူအန်တီကြီးထွက်လာ၍ ကျွန်တော်အမြန်ပင်မေးချင်သော သူကလေးအကြောင်းကိုမေးချလိုက်သည်။
"အန်တီ..သွေးသစ်ရော..သွေးသစ်အိမ်မှာမရှိဘူးလားဟင်... "

အန်တီကြီးက စိုးရိမ်သော မျက်လုံးများဖြင့်
"မနက်ကပဲ..ဆေးရုံသွားကြပြီလေ...heart attack ဖြစ်လို့....မင်းလိုက်သွားလိုက်ပါလား!!.."
"ဗျာ!!!...ဆေးရုံ....သွေးသစ်က..ဆေးရုံကို..အခြေအနေတော်တော်ဆိုးလို့လား..အန်တီ.."
"အန်တီလည်းသေသေချာချာတော့မသိဘူး...ဘာမျှအကြောင်းမကြားလို့တောင်..စိတ်ပူနေတာ..စိုးရိမ်ရလို့များလားလို့...."

ကျွန်တော့်ခြေလှမ်းများကား လမ်းအပြင်သို့မည်သို့မည်ပုံရောက်သွားမှန်းပင်မသိတော့။ Taxi ကိုအမြန်ငှားလိုက်ကာ ဆေးရုံသို့လိုက်လာခဲ့တော့သည်။

သွေးသစ်ရာ..ကိုမင်းဆီပြန်လာမှာပေါ့ကွာ...မင်းဘာမှမဖြစ်ရဘူး..မင်းကို ကိုအသက်လောက်ချစ်တာပါကွာ...မင်းကိုအဆုံးရှုံးမခံနိုင်ဘူး...မင်းဆီ ကိုလာပြီလေကွာ...

ဆေးရုံသို့ရောက်ရောက်ချင်းပင် ကျွန်တော်သိချင်သော သူကလေးအကြောင်းကို သိရရန် reception counterတွင်မေးလိုက်ရတော့ သူနာပြုမလေးက စာရင်းများကို တစ်ခုပြီးတစ်ခုစစ်ကာ
"အကိုပြောတဲ့နာမည်နဲ့..လူနာမရှိဘူးအကို...နာမည်မှားတာများလား...ဒီနေ့ဆေးရုံရောက်လာတဲ့သူထဲမှာ..အဲ့လိုနာမည်တူတောင်မရှိဘူးအကို..."
ပြောပြောဆိုဆိုပင် သူနာပြုမလေးက
နောက်ထပ်သူနာပြုတစ်ယောက်ကို မေးလိုက်တော့

"သြော်..အကိုသိချင်တာ..heart attack ဖြစ်လို့..မနက်ကမှဆေးရုံရောက်လာတဲ့..ကောင်လေးထင်တယ်...?"
"ဟုတ်ပါတယ်...."

ထိုသူနာပြုမလေး မျက်နှာပျက်သွားသည်ကို ကျွန်တော်သတိထားမိလိုက်သည်။ သူဘာများဖြစ်လို့လဲ?..ဘာမှမဖြစ်ပါစေနဲ့... ဘုရား..ဘုရား...
"စိတ်မကောင်းပါဘူးအကို..အကိုပြောတဲ့လူနာက..နေ့လည်ကပဲ...ဆုံးသွားပါပြီ...ဆေးရုံရောက်တော့..သူ့အခြေအနေက..နောက်ဆုံးအဆင့်ရောက်နေလို့...မကယ်လိုက်နိုင်ဘူးအကိုရယ်...."

"ဗျ...ဗျာ....သူဆုံးပြီ..ဟုတ်လား..."
"တကယ့်ကို..စိတ်မကောင်းပါဘူးရှင်..."

မယုံ​ကြည် နိုင်လွန်း၍ မျက်ရည်ပင်ထွက်မလာချေ။ဘာမှန်းမသိသော ခံစားချက်ကြီးတစ်ခုကို ရင်ထဲမှာနင့်နေအောင်ခံစားနေရပြီး သူမရှိတော့ဘူးဟူသော အသိက ကျွန်တော့်ကို အရုပ်ကြိုးပျက်ဖြစ်သွားစေသည်။ ထို reception counterမှဝေးရာသို့ လေးလံသော ခြေလှမ်းများဖြင့်.......

မဖြစ်နိုင်ဘူး....လုံးဝမဖြစ်နိုင်ဘူး...သွေးသစ်ကငါ့ကိုတစ်ယောက်တည်း..ပစ်ထားခဲ့မှာမဟုတ်ဘူး...မင်းမရှိပဲ..ငါဘယ်လိုအသက်ရှင်မှာလဲကွာ...ငါမင်းကိုတမင်ပစ်ထားခဲ့တာမဟုတ်ပါဘူးကွာ...မင်းကိုချစ်လွန်းလို့ပါကွာ...ငါမင်းနဲ့ဒီတစ်သက်ဘယ်တော့မှမခွဲတော့ဘူးလို့ပြောမလို့လေကွာ...မင်းအရင်ဆုံးငါ့ကိုဘာလို့ခွဲသွားရတာလဲကွာ...မဖြစ်နိုင်ဘူး...ဟာကွာ...မင်းကိုမှဘာလို့သေမင်းကခေါ်သွားရတာလဲကွာ...ငါ့ကိုပါတစ်ခါတည်းခေါ်သွားပါလားကွာ...မင်းမရှိတော့တဲ့..ကျန်တဲ့အချိန်တွေကို..ကိုဘယ်လိုအင်အားမျိုးနဲ့..ဖြတ်သန်းရမှာလဲ....ရက်စက်လိုက်တာ..ကွာ...

ရင်ထဲတွင် ဘယ်လိုမျှ မခံစားနိုင်တော့သည့်အဆုံး သူအော်ဟစ်လိုက်မိတော့သည်။
"သွေးသစ်!!...သွေးသစ်ရေ...သွေးသစ်ရေ!!!!!"
"ဗျာ......."

ဟင်..ဒါသွေးသစ်အသံပဲ...ဟုတ်လို့လား..သွေးသစ်ကဆုံးပြီဆို...ငါနားကြားလွဲတာဖြစ်မှာပါ...ငါကြားချင်ရာတွေကြားနေတာဖြစ်မယ်....
"သွေးသစ်ရေ!!...သွေးသစ်....သွေးသစ်!!!.. "
"ဘာလို့အဲ့လောက်အော်နေတာလဲ?......မရှက်ဘူးလား..."

ဒုတိယအကြိမ်သွေးသစ်အသံကိုကြားလိုက်ရ၍ မယုံမရဲဖြင့် လှည့်ကြည့်လိုက်တော့ နှုတ်ခမ်းစူကာ ဒေါသထွက်နေသော သွေးသစ်ကိုတွေ့လိုက်ရသည်။ အံ့သြသွားသည်ဆိုတာထက် ဝမ်းသာမိသွားသည်။သူကလေး ဘာမျှမဖြစ်ပဲ.. အကောင်းအတိုင်း.. ကျွန်တော့်မျက်စိရှေ့မှာ.. မတ်တပ်ရပ်နေသည်..ဆိုတော့...သူကလေးမသေဘူးပေါ့...
"သွေး...သွေး...သွေးသစ်...မင်းမသေဘူးနော်...မင်းမသေဘူးနော်!!!"
"ကျွန်တော်ကဘာလို့သေရမှာလဲ?...ဘာတွေပြောနေတာလဲ...."

သူကလေးပြောချင်ရာသာပြောတော့ သူကလေးကိုကျွန်တော့်ရင်ခွင်ထဲဆွဲသွင်းလိုက်မိတော့သည်။ပြီးတော့ ရှိုက်ကြီးတငင်ငိုနေမိသည်က ဒီတစ်ခါသူပင်။
"မင်းဘာမှမဖြစ်ဘူးနော်...မင်းငါ့အနားကဘယ်ကိုမျှ..မသွားရဘူး.....ဘယ်ကိုမျှသွားခွင့်မပြုနိုင်ဘူးကွာ.."
ကျွန်တော့်စကားကိုကြားတော့ သူကလေးက ကျွန်တော့်ရင်ခွင်ထဲမှ ရုန်းထွက်ကာ မကျေနပ်သောလေသံဖြင့်
"နေစမ်းပါဦး... ဘယ်သူကထွက်သွားလို့...ဘယ်သူကကျန်ခဲ့ရတာလဲ..စဥ်းစဥ်းစားစားလည်းပြောပါဦး.."
"ကို..တောင်းပန်ပါတယ်ကွာ...အားလုံးကကို့အပြစ်တွေပါ...ကလေးမကျေနပ်ရင်..ကိုဘာလုပ်ပေးရမလဲပြော...ကို့ကိုကြိုက်တဲ့အပြစ်ပေး..ကိုခံမယ်.."

"ကျွန်တော်ပေးမယ့်အပြစ်က....နောက်ဘယ်တော့မှ..ထားမသွားပါဘူးဆိုတဲ့ကတိ....ကျွန်တော့်ဘေးမှာအမြဲနေပေးပါ့မယ်ဆိုတဲ့..ကတိ..."
"ပေးတယ်...ကို..တကယ်ကတိပေးတယ်..."

သူကလေးက သဘောကျစွာ သွားတက်ကလေးများပေါ်အောင်ပင် ပြုံးပြလေတော့သည်။ကျွန်တော်တို့အချင်းကတိကဝတ်များပြုဖြစ်ကြပြီးမှ သွေးသစ်က
"ဒါနဲ့..နေပါဦး..စောစောက..ကိုဘာလို့အော်ကြီးဟစ်ကျယ်ငိုနေတာလဲ..ပြီးတော့ကျွန်တော်မသေဘူးနော်လို့ရော..ဘာလို့ပြောတာလဲ.."
သူကလေးအား အကြောင်းစုံသေသေချာချာပြောပြလိုက်တော့ သူကလေးက ရယ်ကာ
"ဖြစ်ရမယ်ကိုရယ်...heart attack ဖြစ်တာကျွန်တော်မဟုတ်ဘူးဗျ..မေမေ..မေမေကကျွန်တော့်ကိုတခြားမိန်းကလေးတစ်ယောက်နှင့်..နေရာချထားပေးဖို့ပြောတာကို...ကျွန်တော်က..ကိုကလွဲပြီး..ဘယ်သူ့ကိုမျှ.. လက်မထပ်နိုင်ဘူးလို့ပြောလိုက်လို့..ရုတ်တရက် ရှော့ခ် ဖြစ်သွားတာ...အခုတော့စိတ်ပူစရာမရှိတော့ပါဘူး...အားလုံးအဆင်ပြေသွားပြီ..."
"မသိဘူးလေဗျာ..ခင်ဗျားလေးအိမ်က..လူကအဲ့လိုကြီးပြောလိုက်တာကို...ကိုလည်းဘယ်သိမလဲ..ဟိုတစ်ခါကလိုများ...ကိုနဲ့ဝေးရလို့ဖြစ်သွားပြီလားလို့စိတ်ပူသွားတာပဲ...."
"ကိုကရော..ဘယ်သူဖြစ်တာလဲလို့..သေသေချာချာမေးခဲ့လို့လား..ပြောပါဦး..ဟိုတစ်ခါကလိုဖြစ်မှာမပူပါနဲ့ကိုရယ်...ကိုကျွန်တော့်ဆီအခုလို..အပြေးလာမှာကို..ကျွန်တော်ကသိပြီးသားလေ..နေ့လည်ကပဲ..ကိုဥက္ကာ ဖုန်းဆက်လို့..အားလုံးသိနှင့်ပြီးပြီ.....ဟင်း... "

ထိုနေ့က သွေးသစ်က သူ့မေမေရှိရာအခန်းသို့ ကျွန်တော့်ကိုပါ တစ်ပါတည်းခေါ်သွားသည်။ သူကလေးမေမေက ပထမတော့သိပ်သဘောမကျဟန်ရှိသော်လည်း နောက်တော့လည်း စိတ်ကိုဒုန်းဒုန်းချကာ ကျွန်တော့်ထံမှ ကတိတစ်ခုတောင်းလေသည်။
"အန်တီ့သားကို..မင်းတစ်ဘဝလုံး..စိတ်ချမ်းသာအောင်ထားပါ့မယ်လို့..ကတိပေးနိုင်လား?.."
"ဟုတ်ကဲ့... ကျွန်တော်ပေးပါတယ်..အန်တီ.."

ကျွန်တော့်အဖြေကြောင့် သူကလေးမေမေ မျက်မှောင်ကြုံ့လိုက်ကာ
"မင်းက..သွေးသစ်ရဲ့..လက်တွဲဖော်မဟုတ်လား?..ဒါဆိုဘာလို့မေမေလို့မခေါ်ပဲ..အန်တီလို့ခေါ်နေသေးတာလဲ?.."
"ဗျာ...ဒါ..ဒါဆို..ကျွန်တော်တို့ကိုသဘောတူလိုက်ပြီပေါ့နော်...အန်တီ..အဲ..မေမေ.."

ထိုအခိုက်အတန့်လေးမှစလို့ တစ်သက်လုံး သူကလေးအနားမှ ကျွန်တော်ဘယ်ကိုမျှ ထွက်သွားတော့မည်မဟုတ်ချေ။

&&&&&&&&

မင်္ဂလာဧည့်ခံပွဲတစ်ခု..။ဧည့်ခံပွဲဆိုသည်ထက် ကျွန်တော်တို့နှစ်ယောက်ကို သဘောတူအားပေးသော ဆွေမျိုးမိတ်သင်္ဂဟအချို့နှင့် သူငယ်ချင်းအချို့တို့ဖြင့်သာ ပြုလုပ်သော မင်္ဂလာဦးဆွမ်းကျွေးပွဲတစ်ခုပင်။ မည်သို့ပင်ဖြစ်စေ ရှေးထုံးမပယ်ချင်သော နှစ်ဖက်မိဘများ၏ ဆန္ဒအရပြုလုပ်သော မင်္ဂလာဦးဆွမ်းကျွေးဖြစ်ပေမယ့် အများအမြင်တွင် တမူထူးခြားနေသည်မှာတော့ အမှန်ပင်။

နေခန့်၊အိမ့်မှူးသွယ်၊ဝဏ္ဏဇော်နှင့် မင်းပြည့်တို့က လူအင်အားဖြည့်ကာ အစစအရာရာကူညီပေးကြသည်။လာရောက်ကျသော ဧည့်သည်တစ်ချို့၏ ဆုတောင်းစကားများကလည်း နားထဲတွင်ကန့်လန့်ကြီးဖြစ်နေသေးသည်။ "ဒီလင်ဒီမယား..အဲ..မဟုတ်ပါဘူး...ဒီလင်နဲ့ဒီလင်..အိုအောင်မင်းအောင်ပေါင်းနိုင်ကြပါစေကွယ်...."ကြားရသည့်အတိုင်းပင် ဘယ်သူက မရယ်ပဲနေနိုင်မည်နည်း။ သို့သော် ဒါကရယ်စရာတော့မဟုတ်ချေ။သူ့အဓိပ္ပါယ်နှင့်သူတော့ ပြည့်စုံနေသည်မှာအမှန်ပင်။

ဧည့်သည်အများပြန်သွား၍ လူရှင်းသော အချိန်ရောက်ကာမှ ရောက်လာသည်က ဥက္ကာနှင့်ကိုလွင်။
ကျွန်တော်တို့ မင်္ဂလာပွဲက အခြားလူတွေလို သတို့သားလက်ကိုသတို့သမီးကတွဲကာ လမ်းလျှောက်ဧည့်ခံရမည့်အစား တစ်ယောက်တစ်နေရာစီ လှည့်လည်ဧည့်ခံနေရသလို လက်ချင်းချိတ်ဖို့နေနေသာသာ နီးနီးကပ်ကပ်ပင်မရှိပဲ သူကလေးဘယ်ရောက်နေမှန်းပင် ကျွန်တော်မသိ။
"ဟေ့ကောင်..လင်းအံ့...မင်းသတို့သားရော..မတွေ့ပါလား..ဘယ်ရောက်နေတာလဲ..ငါလာမှာမို့..ပုန်းခိုင်းထားတာလား?..."
"မင်းဘိုးအေ!!!..သတို့သားလား...လက်တွဲဖော်ပါကွ...မင်းလာလို့..ပုန်းခိုင်းဖို့နေနေသာသာ..ငါတောင်သူဘယ်ရောက်နေမှန်းမသိဘူး..."
"ကောင်းပါ့ကွာ..မင်းတို့လို..ငါတို့လည်း..မကြာမီ လာမည်...မျှော်နော်..ဟေ့ကောင်.."
"အေးအေး..မင်းသာ..ကိုလွင့်ဆီက..လက်ထပ်ခွင့်ကိုအရင်တောင်းဦး..ပြောပြောကမစောနဲ့.."
"ဟားဟားဟား.........."

ထိုသို့ပြုံးပျော်မှု၊ကြည်နူးမှုများပြည့်နှက်နေသော မင်္ဂလာပွဲလေးသို့ ကားလေးတစ်စီးဆိုက်ရောက်လာလေသည်။ ကားပေါ်မှ ဆင်းလာသူကိုတွေ့လိုက်ရတော့ သွေးသစ် မျက်လုံးများပြူးသွားရသည်။
"ချစ်..ချစ်ရိပ်ချို....."

ချစ်ရိပ်ချိုက တစ်ခြားသို့မသွားပဲ သွေးသစ်ရှိရာသို့ တန်းတန်းမတ်မတ် တစ်လှမ်းချင်းလျှောက်လာလေသည်။သွေးသစ် နှလုံးခုန်သံများမြန်လာရသည်။ သူမ..ဘာသဘောနဲ့..ငါ့ဆီကို..လာနေတာလဲ...ပွဲလာဖျက်တာတော့မဟုတ်ပါဘူးနော်....ဟူး...

သူ့ရှေ့ရောက်တော့ ချစ်ရိပ်ချိုက သူ့ကိုစူးစူးရဲရဲကြည့်ကာ ပြုံးလိုက်ပြီး လက်ကမ်းကာ
"Congratulations...သွေးသစ်...!!!.."

သူ မရဲတရဲဖြင့် သူမလက်ကို​ပြန်လည် ဆုပ်ကိုင်လိုက်တော့
"နင်ကလည်းဟာ..ငါ့တွေ့တာများ..သရဲဘီလူးတွေ့သလိုပဲ..ငါပွဲဖျက်ဖို့လာတာမဟုတ်ပါဘူးနော်...လာပြီးဂုဏ်ပြုတာပါ..."
ထိုအချိန် ကို ကလည်း ကျွန်တော့်တို့အနားရောက်လာသည်။ ကို့ကိုတွေ့တော့ ချစ်ရိပ်ချိုက
"မတွေ့တာတောင်ကြာပြီနော်..ကိုလင်း...သွေးသစ်ကချစ်ရိပ်ကို..အရမ်းကြောက်နေတာ..နှစ်သိမ့်ပေးလိုက်ပါဦး..ကိုလင်းရယ်...."

ကိုက ကျွန်တော့်ခေါင်းလေးကိုပွတ်ကာ ပြုံးပြနေသည်။တစ်ချိန်တည်းမှာပင် ချစ်ရိပ်ချို၏ ကားအတွင်းမှ မိန်းကလေးတစ်ဦးလည်းထွက်လာလေသည်။
"ဆု...ဆု..နင်ကဘယ်လိုဖြစ်လို့..ချစ်ရိပ်ကားနဲ့ပါလာတာလဲ?..."
နားမလည်နိုင်သော အကြည့်များဖြင့် ဇဝေဇဝါဖြစ်နေသော ကျွန်တော့်ကို ဆုကလည်း အပြုံးချိုချိုဖြင့်ပင်။
"Sorryပဲသွေးသစ်ရယ်..ငါတို့နောက်ကျသွားလို့..."

ထိုအခါချစ်ရိပ်ချိုက
"ဒီမယ်..ကိုသွေးသစ်..ရှင်တို့နှစ်ယောက်ကို..ကျွန်မမခွဲတော့ပါဘူးနော်..ရှင်တို့ရဲ့အချစ်တွေကို..နားလည်သွားပါပြီ..အခုဆို..ကျွန်မလည်းရှင်တို့လိုဘဝတူ..Lgbt တစ်ယောက်ပါပဲနော်...."
"ဘယ်လို!!...ဘဝတူ...??"

ဆုက ကျွန်တော့်ပုခုံးကိုပုတ်ကာ
"ဟုတ်တယ်..သွေးသစ်...ငါနဲ့ချစ်ရိပ်ချိုက..ချစ်သူဖြစ်တာ..တစ်လတောင်ရှိသွားပြီ...အခုလို lgbt တွေရဲ့အချစ်က..ဘယ်လောက်ခက်ခဲကြောင်း၊ဘယ်လောက်လေးနက်ကြောင်းကို...ငါတို့ကိုယ်တိုင်လည်းခံစားရလို့..သိနေပါပြီနော်...လောလောဆယ်တော့..ချိုလေး ဖေဖေကငါတို့ကိုသဘောမတူသေးဘူးဟ..ဒါကြောင့်နင်တို့လိုဖြစ်အောင်..ငါတို့တိုက်ပွဲဝင်ရဦးမှာ..."
"ဗိုက်ဆာနေပြီ...ဆုရေ..သွားစားစို့..."
"အင်း...ချို့..သဘောလေ...."

သူမတို့နှစ်ယောက်ကိုကြည့်ပြီး ကိုနှင့်ကျွန်တော် မျက်လုံးချင်းဆုံကာ ပြုံးပြမိကြသည်အထိပင်။

&&&&&&&&

တိတ်ဆိတ်အေးချမ်းလှသော ညတစ်ညက သူတို့နှစ်ယောက်အတွက်တော့ အဓိပ္ပာယ်ပြည့်စုံလှသော မင်္ဂလာဦးညပင်။
"ကိုရေ...မချမ်းဘူးလား...ရေမြန်မြန်ချိုး..."

ဟွန့်..အခုမှမြန်မြန်ချိုးခိုင်းနေတယ်...အတူတူချိုးမယ်ဆိုတုန်းကတော့..လာမချိုးပဲ....

သူကလေးကတော့ ဒီနေ့ Channelတစ်ခုက ဇာတ်လမ်းတွဲက ဇာတ်သိမ်းပိုင်းဖြစ်၍ TV ရှေ့မှ မျက်လုံးမခွာပဲ အော်နေသည်ပင်။
"ပြီးပါပြီဗျာ....သွေးရော..မချိုးဘူးလား..အေးတယ်..မြန်မြန်သွားချိုးတော့..."

သူဘာပြောပြောTV မှမျက်လုံးမခွာပဲဖြစ်နေသော သူကလေးကို ကြည့်ပြီး တစ်ချိန်လုံးသူကလေးကြည့်ခြင်းကိုခံနေရသည့် ထို TV ကိုမနာလိုပင် ဖြစ်ချင်လာသည်။
"သွေး..သွေး...."
"ဘာလဲ..ကိုရာ..ဒီမှာကြည့်နေတယ်လေ..ဘာလို့နှောင့်ယှက်နေတာလဲ...ကောင်းခန်းရောက်နေပြီ..."
"ကိုတို့ရဲ့ကောင်းခန်းကရော...ဘယ်တော့ရောက်မှာလဲ....??.."

ထိုအခါမှ ရှက်ကိုးရှက်ကန်းဖြစ်ကာ
"ကိုနော်..ညစ်တီးညစ်ပတ်နဲ့..ဘာတွေပြောနေတာလဲ"

ကျွန်တော်လည်း 'ဘာလဲ' ဟူ၍ ပုခုံးနှစ်ဖက်တွန့်ပြလိုက်တော့
"တော်ပြီ...ရေသွားချိုးတော့မယ်...မကြည့်တော့ဘူး..ကောင်းခန်းကို..."

ထိုင်ရာမှထသွားတော့ သူကလေး၏ခါးကိုနောက်မှသိုင်းဖက်လိုက်တော့
"ကိုနော်...အနိုင်မကျင့်နဲ့....ကလေးကို..."
"အနိုင်မကျင့်ပါဘူးဗျာ...ဒီလူကြီးက..ကလေးကိုချစ်လို့ပါဗျာ...ချစ်လို့ပါ...."

"အို့...လူကြီးနော်...ဟိတ်...အတင်းကြီးမလုပ်နဲ့လေ...အို..ဇွတ်ပဲ...ဒီလူကြီးနဲ့တော့...."
"ဒီတစ်ခါတော့...အားရပါးရချစ်ပါရစေတော့ဗျာ..."

ည၏ပျိုမြစ်နုနယ်ခြင်းတို့ကား တဖြည်းဖြည်းနက်ရှိုင်းလာကာ ပျောက်ကွယ်လုနီးပါးရောက်လာတော့သည်။
"တစ်ခါတည်းပဲ...ချစ်မှာလား...ကို...?"
"တစ်သက်လုံးကို...ချစ်နေမှာပေါ့......"

အချစ်တစ်ခုကို အစပြုသော ထိုညကား လှုပ်လှုပ်ရှားရှား အသက်ဝင်နေပေတော့သည်။

(ပြီးပါပြီ)

************************************
အစမှအဆုံးအထိ စိတ်ရှည်လက်ရှည်ဖတ်ပေးသော တစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအများကြီးတင်ပါတယ်။နောက်ရေးမယ့် fic လေးနဲ့လည်း မိတ်ဆက်ပေးခဲ့ပါရစေနော်......

"Next fic Intro"

*ဘဝမှာနာကျင်မှုတွေ ခက်ခဲမှုတွေကိုရင်ဆိုင်ခဲ့ရပြီးနောက် အရာရာကို အလျှော့ပေးကာ စိတ်အားငယ်တတ်သော နာမည်ကျော် အဆိုတော်လေး 'Shine'။

*သူ့ဘဝမှာ အားအကိုးရဆုံးနှင့် သူ့ရှေ့မှာအမြဲ မားမားမတ်မတ်ရပ်တည်ပေးတတ်တဲ့ အချစ်ရဆုံး ချစ်သူကောင်မလေး 'ရွှေမဏိ'။

*ကံကြမ္မာကြီးက ချစ်သူနှစ်ယောက်ကို မမျှော်လင့်ပဲ ရက်ရက်စက်စက် ခွဲလိုက်တဲ့နောက် မထင်မှတ်ပဲ shine ရဲ့အနားကို ရောက်လာတဲ့ တိုက်ကွမ်ဒိုချန်ပီယံ မန်နေဂျာလေး 'ခွန်းတုံ့ညီ' ။

အပြိုင်အဆိုင်၊အတိုက်အခိုက်အန္တရာယ်တွေရဲ့ကြားက ဖြစ်ပေါ်လာတဲ့ အဆိုတော်ကောင်လေးနဲ့မန်နေဂျာလေး တို့ရဲ့ အချစ်ဇာတ်လမ်းလေးကို
"ချစ်ခြင်း၏တမန်တော်" ဟူသည့် fic လေးထဲမှာ စောင့်ပြီးဖတ်ကြရအောင်နော်။

&&&&&&&&&&&&&&&&&&&&&&&&

Thank you everyone 😘😘😘

&&&&&&&&&&&&&&&&&&&&&&&&

(Zawgyi)

႐ြာသြန္းေနေသာ မိုးေရစက္မ်ားႏွင့္အၿပိဳင္ မ်က္ဝန္းအိမ္အတြင္းမွ မ်က္ရည္တို႔တြင္တြင္စီးဆင္းလာကာ တစ္ခ်က္တစ္ခ်က္ သဲ့သဲ့ကေလးရွိုက္ေနမိေသာ ငိုသံေလးရွိရာဆီသို႔ တစ္လွိမ့္ခ်င္းစီ​ ကားေလးတစ္စီးေမာင္းဝင္လာေလသည္။

"ကို..ကိုကိုႀကီး.... "
ကားထဲမွ ထြက္လာေသာ ကိုကိုႀကီးကိုေတြ႕ေတာ့ ဝမ္းသာမိသလို၊အားကိုးရာတစ္ခုရသလိုလည္း ခံစားလိုက္ရ၍ ေျပးဖက္မိသည္အထိပင္။
"ညီေသြးရယ္.....ညီေလး....."
က႐ုဏာသက္ေသာ မ်က္လုံးမ်ားျဖင့္ၾကည့္ကာ ကိုကိုႀကီးမ်က္ဝန္းအတြင္းမွလည္း မ်က္ရည္စတစ္ခ်ိဳ႕။

"ညီေသြးကို..ခြင့္လႊတ္ပါ..ကိုကိုႀကီးရယ္....."
"ခြင့္လႊတ္ပါတယ္...ညီေသြးရယ္...ကိုကိုႀကီးညီေလးဘာလုပ္လုပ္...ခြင့္လႊတ္နားလည္ေပးၿပီးသားပါကြာ.."

ကိုကိုႀကီးရင္ခြင္ထဲသို႔ေခါင္းေလးတိုးကာ ကေလးေလးတစ္ေယာက္ႏွယ္ သူအားရပါးရငိုခ်ပစ္လိုက္မိေတာ့သည္။ေခါင္းေလးပြတ္ေပးကာ ႏွစ္သိမ့္ေပးေနေသာ ကိုကိုႀကီးေၾကာင့္ သူပို၍ပင္အျပစ္သားတစ္ေယာက္လိုခံစားရသည္။

"ကိုကိုႀကီး...သူ..သူေလ...ညီေသြးကို....."
"ကိုကိုႀကီး..အားလုံးသိၿပီးပါၿပီ....."

သူအံ့အားသင့္သြားမိသည္။ ကိုကိုႀကီးက သိၿပီးၿပီတဲ့..ဘာကိုသိတာလဲ...ဘယ္အေၾကာင္းအရာေတြကို..ကိုကိုႀကီးသိတာလဲ....
"ဘာကို..ဘယ္လို..သိၿပီးတာလဲ..ကိုကိုႀကီး?.."
"ဒီေနရာမွာ..ညီေသြးကို..လာေခၚဖို႔အတြက္..ဖုန္းဆက္ေျပာတာ..လင္းအံ့ေလ...ညီေသြးတစ္ေယာက္တည္းရွိလို႔..ျမန္ျမန္သြားေခၚဖို႔ပါ..မွာလိုက္ေသးတာ..."

ဟင္..သူ႕ဘက္ကခါးခါးသီးသီး..ျငင္းထုတ္ျခင္းခံလိုက္ရတဲ့...ကိုက.. အခုခ်ိန္ထိသူ႕အေပၚ..စိတ္ပူစိုးရိမ္ေနေသးတာပဲ...ကို႔ကို..ရိုင္းရိုင္းစိုင္းစိုင္း..ရက္ရက္စက္စက္ေျပာခဲ့မိတဲ့...ကြၽန္ေတာ့္လိုလူကို...ကိုမုန္းလို႔မရမွန္း..ကြၽန္ေတာ္သိေနသလို...ကိုလည္း..ကြၽန္ေတာ္စိတ္ဆိုးလို႔သာ..ေျပာလိုက္မွန္း..သိရင္အရမ္းေကာင္းမွာပဲ.....

"သူျပန္မလာတာ..သုံးရက္ရွိၿပီ..ကိုကိုႀကီး..သူကြၽန္ေတာ့္ကို..တကယ္မုန္းသြားၿပီလား..မသိဘူး...သူကြၽန္ေတာ့္ကိုနားလည္မေပးဘူးဗ်ာ...တကယ္ဆို..ကြၽန္ေတာ္စိတ္ဆိုးေနတုန္း...ခဏလက္လြတ္စပယ္..ေျပာလိုက္တာကို..သူအတည္မယူသင့္ဘူးေလ...သူ...သူ..ကြၽန္ေတာ့္ကိုတစ္ေယာက္တည္းထားခဲ့ရက္တယ္ဗ်ာ..."
ကေလးငယ္တစ္ေယာက္က ရင္ထဲရွိေဝဒနာမ်ားကို အကုန္ဖြင့္ဟေနသလို ညီေသြးေျပာသမွ်ကို သူနားေထာင္ေပးေနမိသည္။ အမွန္ဆို သူေတြးထားတာက လင္းအံ့နဲ႕ညီေသြးကို အတူတကြ ေပ်ာ္ေပ်ာ္႐ြင္႐ြင္ ျမင္ရလိမ့္မည္ ဟုထင္ေသာ္လည္း လက္ေတြ႕ႏွင့္တျခားစီျဖစ္ေန၍ သူကိုယ္တိုင္လည္း အံ့ၾသစိတ္မေကာင္းျဖစ္ရသည္။

ဒီကေလးႏွစ္ေယာက္ရဲ႕ေရွ႕မွာ ရပ္တည္ေပးဖို႔အတြက္ သူဆုံးျဖတ္ၿပီးသားပင္။အခုေတာ့ မ်က္ရည္အ႐ႊဲသားျဖင့္ ျဖစ္ေၾကာင္းကုန္စင္ရွင္းျပေနေသာ ညီေသြးႏွင့္ ဘယ္ေရာက္လို႔ဘယ္ေပါက္မွန္းမသိ ကိုယ္ေရာင္ေဖ်ာက္ေနေသာ လင္းအံ့။ သူဘယ္လိုလုပ္ေပးရမလဲ။
"စိတ္မေကာင္းမျဖစ္ပါနဲ႕..ညီေသြးရယ္...ညီေသြးတို႔ၾကားထဲက..ျပႆနာကို..ကိုကိုႀကီးမသိေပမယ့္...လင္းအံ့ ကညီေသြးကိုတကယ္ခ်စ္တာ..ညီေသြးကလည္း..တကယ့္ရင္ဘတ္ႀကီးနဲ႕ခ်စ္တာကိုေတာ့..ကိုသိပါတယ္..အခုဟာကလည္း..ခဏတျဖဳတ္..နားလည္မႈလြဲတာပါ..သူလည္းေသြးပူတုန္းမို႔လို႔ပါ...ေခါင္းေအးသြားတဲ့အခါက်ရင္..သူညီေသြးဆီကိုပဲ..ျပန္လာမွာပါ...."

ကို..ကဘယ္ေတာ့ျပန္လာမွာလဲ?...ကိုနဲ႕သာျပန္ေတြ႕ရရင္..ကြၽန္ေတာ့္အျပစ္ေတြအားလုံးအတြက္..ကို႔ကိုအႏူးအၫြတ္ေတာင္းပန္မွာပါ...ကိုကြၽန္ေတာ့္ေၾကာင့္..ေနာက္ထပ္စိတ္မဆင္းရဲေစရဘူးလို႔လည္း..ကတိေပးမွာပါ...ကြၽန္ေတာ့္နားကေနလည္း..ကို႔ကိုတစ္ဖဝါးမွေနာက္တစ္ခါ..ထြက္သြားခြင့္ေပးမွာမဟုတ္ေတာ့ဘူး...ကြၽန္ေတာ့္ရဲ႕အေသြးအသားေတြအားလုံးကိုလည္း..ကို႔ဆီမွာပဲ..ပုံအပ္လိုက္ေတာ့မွာပါ..ကြၽန္ေတာ္ေနာက္ထပ္မျငင္းဆန္ေတာ့ပါဘူး..ကိုရယ္.....

"ကိုကိုႀကီး...သူ႕ကို..ညီေသြးဆီအျမန္ဆုံးေခၚလာေပးပါေနာ္...သူ႕ကိုရွာေပးပါေနာ္...ေတြ႕ေအာင္ရွာေပးပါ..ကြၽန္ေတာ့္အျပစ္ေတြအတြက္..သူ႕ကိုေတြ႕ရမွျဖစ္မွာမို႔လို႔ပါ..သူေပးတဲ့အျပစ္ကိုလည္း..ကြၽန္ေတာ္ခံယူဖို႔အသင့္ပါပဲ...ကတိေပးပါ...ကိုကိုႀကီး... "
"ေပးပါတယ္..ညီေသြးရယ္...လင္းအံ့ ကိုမေတြ႕ေတြ႕ေအာင္..ကိုကိုႀကီးရွာေပးမယ္ေနာ္...အခုေတာ့အိမ္ျပန္ရေအာင္ေနာ္..ေဖေဖေမေမတို႔ စိတ္ပူေနၿပီ...."

ကိုရယ္...အျမန္ဆုံးကြၽန္ေတာ့္ရင္ခြင္ထဲ..ျပန္လာခဲ့ပါဗ်ာ...ကြၽန္ေတာ္ေနာင္တေတြလည္းရေနပါၿပီ.......

&&&&&&&&

ခ်မ္းေအးလွေသာ ကေလာ၏ရာသီဥတုကို အံတုရင္း ရင္ဘတ္ထဲမွ အပူမီးတစ္ခ်ိဳ႕ကို ၿငိမ္းေအးေစရန္အလို႔ငွာ ဝိုင္ျပင္းျပင္းကို တစ္ခြက္ၿပီး တစ္ခြက္ေမာ့ေသာက္ေနမိသည္။ဘယ္ေနရာၾကည့္ၾကည့္ ျမင္ေနရေသာ သူ႕မ်က္ႏွာေလး၊ေပ်ာ္႐ႊင္ခဲ့ေသာ အခိုက္အတန့္မ်ားကလည္း သူ႕ရင္ဘတ္ကိုဆူးနက္နက္ျဖင့္ ထိုးေနသလို၊နားထဲတြင္လည္း ထပ္ခ်ည္းတလဲလဲ ၾကားေနမိသည္က'ဖယ္...ဖယ္..လႊတ္ဗ်ာ..လႊတ္' ဟူသည့္ ရင့္သီးခက္ထန္ေသာ စကားလုံးမ်ားပင္။ထို႔ေၾကာင့္လည္း သူ႕ရင္ထဲမွ အပူမီးမ်ားကိုၿငိမ္းသက္ရန္ မည္သူမွ်မတတ္နိုင္ေခ်။

သူ ကေလာရွိ အဘြားအိမ္ေရာက္ေနသည္မွာ တစ္ပတ္ပင္ရွိေနၿပီ။ ဘြားဘြားအပါအဝင္ မည္သူမွ် သူ႕အေၾကာင္းကို ေစ့ေစ့စပ္စပ္မေမးၾကေခ်။သူ႕အျပဳအမူ၊အေျပာအဆိုကိုၾကည့္၍ မေမးသည္လည္းျဖစ္ေကာင္းျဖစ္နိုင္သည္။မည္သို႔ပင္ျဖစ္ေစ သူကိုယ္တိုင္သည္လည္း ႀကဳံေတြ႕ခဲ့ရသည္မ်ားကို ထုတ္မေျပာျဖစ္ပဲ တစ္ေယာက္တည္းသာႀကိတ္ခံစားေနမိသည္။ သို႔ျဖစ္၍လည္း သူ႕ဒဏ္ရာကပို၍ ခံစားေနရသည္ထင္။ ရင္ဖြင့္ေဖာ္မရွိသလို၊ႏွစ္သိမ့္ေပးမည့္သူလည္း မရွိေခ်။ ေမေမႏွင့္ေဖေဖတို႔ကိုေတာ့ သူကေလာစေရာက္သည့္ေန႕ကတည္းက ဖုန္းဆက္ကာ ၾကည့္ေကာင္းေအာင္ ေျပာထားသည္။ ေသြးသစ္အိမ္ျပန္ေရာက္ေနၿပီ ဟုလည္း လြန္ခဲ့ေသာ ႏွစ္ရက္ခန့္ကပင္ ၾကယ္စင္ဖုန္းဆက္ေျပာ၍ သိထားသည္။

မွန္ကန္သည္ဟုထင္ကာ ေ႐ြးခ်ယ္ခဲ့မိေသာ လမ္းတစ္ခုအတြက္လည္း ေရွ႕ဆက္တိုးရန္ သူအေတာ္ပင္ ေတြေဝေနမိသည္။ သူ႕ကိုမခ်စ္လို႔ လမ္းခြဲဖို႔ေတာင္းဆိုခဲ့ေသာ၊ပစ္ပစ္ခါခါ ျငင္းဆန္ခဲ့ေသာ ခ်စ္သူကိုမွ်မုန္းမရေအာင္ ခ်စ္ေနမိသည့္ သူ႕ကိုယ္သူပင္ အေရခြံစုပ္ပစ္ခ်င္မိသည္။သူတို႔ႏွစ္ေယာက္ၾကားထဲ ေရာက္ရွိလာခဲ့ေသာ တတိယလူကိုကား ေတြ႕ရာသခၤ်ိဳင္း ဓားမဆိုင္းပင္ သတ္ပစ္ခ်င္ေနမိသည္။

သူမရွိေတာ့ေသာ ထိုပတ္ဝန္းက်င္တြင္ က်င္လည္က်က္စားလာမည့္ က်ားအေရးကိုေတြးကာ ေသြးသစ္ကိုအျမန္ဆုံးပင္ ကိုထြန္းသစ္စလက္ထဲ အပ္လိုက္ရသည္။သူ႕အေပၚ မခ်စ္ေတာ့ေသာ္လည္း သူကေလးကိုပစ္ထားၿပီး ေမ့ထားနိုင္ရေလာက္ေအာင္ သူ႕ႏွလုံးသားက က်န္းမာေရးမေကာင္းေခ်။

"လူေလး...ၿခံထဲမွာဧည့္သည္ေရာက္ေနတယ္...လူေလးနဲ႕ေတြ႕ခ်င္လို႔တဲ့...."

စိတ္ပ်က္လက္ပ်က္ျဖင့္ ထိုင္ကာဝိုင္ေသာက္ေနေသာ သူ႕ထံသို႔ ဦးေလးသိန္းက ဧည့္သည္ေရာက္ေနေၾကာင္းလာေျပာ၍ အနည္းငယ္မွ် အံ့ၾသသြားရသည္။သူ႕ဧည့္သည္ဟုေျပာ၍ ပိုၿပီးအံ့အားသင့္ရသည္။ ထို႔ေၾကာင့္ ဦးေလးသိန္းကို မ်က္ေမွာင္ၾကဳတ္ကာ
"ကြၽန္ေတာ့္ဧည့္သည္?..ဟုတ္လို႔လားဗ်ာ..ကြၽန္ေတာ့္အသိမွမရွိပဲ..ဘယ္ကဧည့္သည္ကလာရမွာလဲ...."
သူ႕အေမးေၾကာင့္ ဦးေလးသိန္း ေခါင္းကုတ္ကာ
"အဲ့ဒါေတာ့...ဦးေလးလည္းမသိဘူး..ထြက္ေတြ႕လိုက္ရင္..သိမွာေပါ့..လူေလးရဲ႕...ေတြ႕လိုက္ပါလား...ၿခံထဲမွာေစာင့္ေနတယ္..."
သူေခါင္းအသာအယာညိမ့္ျပလိုက္ေတာ့သည္။

သူၿခံေရွ႕ထြက္လာေတာ့ သူ႕ဧည့္သည္ဆိုသူက ေက်ာေပးကာ ရပ္ေနသည္။ေနာက္မွၾကည့္႐ုံျဖင့္လည္း ဘယ္သူမွန္းမသဲကြဲေခ်။ ထို႔ေၾကာင့္တစ္လွမ္းခ်င္းေရွ႕တိုးကာ သူၾကည့္မိေတာ့ ထိုလူကလည္း သူ႕ဘက္လွည့္အၾကည့္...
"..ခြပ္......"
"အ....."
မထင္မွတ္ေသာ လက္သီးျပင္းျပင္းတစ္ခ်က္က ထိုလူထံသို႔ ေရာက္ရွိသြားေလသည္။ထိုလူကလည္း မေမွ်ာ္လင့္ထား၍ထင္ ေနာက္ျပန္လန္ကာပင္ ထိုင္လ်က္က်သြားသည္။

သူ႕ေဒါသမ်ားက ေတာ္ေတာ္ႏွင့္အေတာမသတ္နိုင္ေသးပဲ လဲက်သြားေသာ ထိုလူ႕အေပၚမွ တစ္ခ်က္ၿပီးတစ္ခ်က္ မနားတမ္းတရစပ္ ပစ္ထိုးလိုက္မိသည္။
"အ...အင့္...အု...အြတ္...." အာေမဋိတ္ ေပါင္းစုံအသံမ်ားထြက္လာသည္အထိပင္။

"မလုပ္နဲ႕ေလ...လူေလး...လူေလး..ရပ္လိုက္ေလ..."
ဧည့္သည္အတြက္ ေသာက္စရာတစ္ခုခုသြားစီစဥ္ေသာ ဦးေလးသိန္းေရာက္လာကာ အေျပးပင္ ဝင္ေရာက္ တားဆီးရေတာ့သည္။

ေတာ္ေသးသည္က အိမ္တြင္အဘြားမရွိေခ်။ေဒၚေလးႏွင့္ အျပင္ခဏသြားေနသည္။

ေဒါသတႀကီးျဖင့္ သူဆုပ္ကိုင္ထားမိေသာ ထိုလူ၏ အကၤ်ီေကာ္လံသည္ပင္ သူ႕လက္ထဲတြင္တြန့္ေၾကေနေပၿပီ။
"ဖယ္ပါ..ဦးေလးသိန္းရာ..သူ႕ကိုကြၽန္ေတာ္ဒီေန႕သတ္မွာ....ဖယ္ဗ်ာ...."
"မလုပ္ပါနဲ႕...လူေလးရယ္..မေက်နပ္တာရွိရင္..ပါးစပ္နဲ႕ေျပာပါ..လက္မပါပါနဲ႕ကြာ..လႊတ္လိုက္ပါေနာ္...ဦးေလးသိန္းေတာင္းပန္ပါတယ္..."

ၾကားထဲမွ အတင္းဝင္ေတာင္းပန္ေနေသာ ဦးေလးသိန္းေၾကာင့္ပင္ ဥကၠာတစ္ေယာက္အသက္ရႉ၍ရသြားေတာ့သည္။ သူ႕မေက်နပ္ခ်က္မ်ား မေျပေပ်ာက္ေသးေသာ္လည္း ဦးေလးသိန္းေၾကာင့္ သူလႊတ္လိုက္မိေတာ့သည္။
"ဟူး....." ဟူေသာ သက္ျပင္းတစ္ခ်က္ခ်ကာ ႏႈတ္ခမ္းေထာင့္မွ ေသြးစတစ္ခ်ိဳ႕ကို ဥကၠာ
သုတ္ပစ္လိုက္မိသည္။

ထို႔ေနာက္
"ဟားဟား......" ဟူ၍ မထီမဲ့ျမင္ရယ္သံျဖင့္ သူ႕ေဒါသကိုထပ္ဆြေပးေနသည္။ သို႔ေသာ္ သူထပ္၍ေတာ့ မထိုးျဖစ္ေတာ့ေခ်။

"ဘယ္လိုလဲ...လင္းအံ့... မင္းနဲ႕ေသြးသစ္က..အခုခ်ိန္ထိ...သူငယ္ခ်င္းပဲလား???...ဟင္...ဟားဟား..."
ဒီေလာက္အထိုးခံထားရတာေတာင္ အၿပဳံးမပ်က္ပဲေမးေနပုံက အေသသတ္ဖို႔ပါ ေတာင္းခံေနသလို။မင္းေသရမယ္..ဒါေပမယ့္..အမွန္တရားကိုသိၿပီးမွ..ေသရမယ္...မင္းသိရမယ္....
"ေအး..ဟုတ္တယ္ကြာ...ေသြးသစ္နဲ႕ငါက..သူငယ္ခ်င္းမဟုတ္ဘူး...ေသြးသစ္ကငါ့ခ်စ္သူ..ငါ့ဘဝမွာပထမဆုံးေသာ..အခ်စ္ဆိုတာကိုစခံစားခဲ့ဖူးတဲ့သူ...ဘယ္သူ႕ကိုမွ်..ထပ္ခ်စ္လို႔မရေတာ့ေအာင္...ရင္ထဲမွာျပည့္ႏွက္ေနေအာင္..ခ်စ္ရတဲ့..ခ်စ္ဦးသူ..ငါ့ရဲ႕အခ်စ္ဆုံးသူ...မင္းဘာလုပ္ခ်င္လဲ?..မင္းဘာသိခ်င္ေသးလဲ?..ဟင္..ေဟ့ေကာင္!!!.."
စကားသံႏွင့္အတူ ေနာက္ထပ္ လက္သီးတစ္လုံးထိုးရန္ ခ်ိန္႐ြယ္လိုက္စဥ္
"ဒါဆို..မင္းက..gay..ေပါ့..ဟုတ္လား..ေဟ့ေကာင္..ဟင္..ေျဖပါဦး..."
ခ်ိန္႐ြယ္ထားေသာ သူ႕လက္သီးပင္ ေျပေလ်ာ့သြားရသည္။ အံႀကိတ္လက္သီးဆုပ္ကာ သူျပန္ေျဖလိုက္သည္က
"ဟုတ္တယ္...ငါက gay...ေသြးသစ္ကို..$ရမ္းခ်စ္တဲ့..အခ်စ္႐ူး..gayတစ္ေယာက္ကြာ..ဟုတ္တယ္...မင္းသိခ်င္တာ..ဒါပဲလား.!!!!!...."

သူ႕ထံမွထိုအေျဖစကားကို ၾကားရေတာ့ ဥကၠာတစ္ေယာက္မွာ ဉာဏ္စမ္းတစ္ခုကိုအေျဖသိသြားေသာ လူတစ္ေယာက္လို ၿပဳံးလိုက္ကာ လက္ခုပ္ကိုလည္းသေဘာက်စြာ တီးလိုက္ၿပီး
"ေဟး....ငါလိုခ်င္တာဒါပဲကြ...မင္းဆီကအဲ့ဒီအေျဖစကားသိရဖို႔အတြက္..ငါဘယ္ေလာက္ေတာင္ႀကိဳးစားခဲ့ရလဲ..ဟားဟား..ေနာက္ဆုံးေတာ့..မင္းပါးစပ္ကကိုယ္တိုင္ဖြင့္ေျပာၿပီေပါ့ကြာ...မင္းကငါထင္ထားတာထက္ေတာင္..ေသြးသစ္ကိုပိုခ်စ္ေသးတာပဲ..."

ႏွစ္ၿခိဳက္သေဘာက်စြာ ၿပဳံးရယ္ၿပီးေျပာေနေသာ ဥကၠာကို ကြၽန္ေတာ္နားမလည္သည္မွာေတာ့ ျငင္းမရေခ်။ ႐ူးသြားၿပီလား..?..ငါထိုးလိုက္တာေခါင္းထိသြားလို႔မ်ား..ေဂါက္သြားၿပီလား...ဒါမွမဟုတ္..ဘာေတြထပ္ၿပီးႀကံစည္ေနျပန္တာလဲ?...
"မင္းဘာေတြေျပာေနတာလဲ?...."

ဥကၠာက ကြၽန္ေတာ့္အေမးကိုမေျဖေသးပဲရင္းရင္းႏွီးႏွီး ပုခုံးကိုလာဖက္ၿပီးမွ
"လင္းအံ့... gay ျဖစ္ရတာရွက္စရာမဟုတ္ဘူးကြ..လူသားထဲကလူတစ္ေယာက္ေပမယ့္..သူမ်ားထက္ထူးျခားေနတာ..ဂုဏ္ယူလိုက္ပါကြာ..မင္းငါ့ကိုတစ္ခ်ိန္တုန္းက..ရင့္ရင့္သီးသီး..ေျပာခဲ့တာမွတ္မိလား...အဲ့အခ်ိန္ကတည္းက..မင္းေျပာခဲ့တဲ့အေျပာေတြအတြက္..တစ္ေန႕ျပန္ခံစားေစရမယ္လို႔..ငါအၿငိဴးထားခဲ့တာကြ...မင္းနဲ႕ေသြးသစ္ကိုစေတြ႕ကတည္းက...သူငယ္ခ်င္းထက္ပိုေနတဲ့ဆက္ဆံေရးဆိုတာကို..ငါမသိပဲေနပါ့မလားကြာ..ဒါေပမယ့္ငါေမးလိုက္တိုင္းမင္းေရာ..မင္းဟာေလးကပါ..သူငယ္ခ်င္းေတြပါလို႔.. ေျဖေနေတာ့..ငါလည္းဟုတ္မဟုတ္..စမ္းသပ္ၾကည့္ရတာေပါ့ကြာ..မင္းတို႔ၾကားထဲကို..မီးစေလးတစ္ခုပဲပစ္ထည့္ေပးလိုက္တာပါ..သူ႕ဘာသူထေလာင္သြားတာေတာ့..ငါမရည္႐ြယ္ပါဘူး..ခုေလာက္ထိျဖစ္သြားတဲ့အတြက္လည္း..ငါတကယ့္ကိုစိတ္မေကာင္းပါဘူးကြာ...ဒါေပမယ့္အႏွစ္ႏွစ္အလၿငိဴးထားရတဲ့...ငါ့ရဲ႕ကလဲ့စားအတြက္ေတာ့..sorry ကြာ..."

ဥကၠာေျပာေသာစကားမ်ားကို တျဖည္းျဖည္းနားလည္စျပဳလာေပၿပီ။
"ဒါ..ဒါဆို..မင္းက..ေသြးသစ္ကို..တကယ္မခ်စ္ဘူးေပါ့ေနာ္...တမင္လုပ္ခဲ့တာေပါ့..ဟုတ္လား?.."ကြၽန္ေတာ္အသိခ်င္ဆုံး ေမးခြန္းကို ဟန္မေဆာင္နိုင္ပဲႏွင့္ ေမးခ်လိဳက္မိေတာ့သည္။

"က်ားကိုက္ပါတယ္ဆိုမွ..အေပါက္ကေလးနဲ႕လားလို႔..ေမးသလိုျဖစ္ေနပါၿပီ..ဒီမွာလင္းအံ့..အဲ့ေလာက္မတြန့္တိုပါနဲ႕ကြာ..မင္းပစၥည္းကိုငါမထိပါဘူး..ပိုင္ရွင္ႀကီးနဲ႕ကို..ငါငရဲႀကီးမွာေၾကာက္တယ္ကြ..ၿပီးေတာ့ဝဋ္လည္မွာလည္းေၾကာက္တယ္...."

ဝဋ္လည္မွာေၾကာက္တယ္ဆိုတာက...ဥကၠာမွာလည္း..
"မင္းဆိုလိုတာက...မင္းမွာလည္း....???.."
"မင္းကငါ့ကိုပစၥည္းမဲ့လူတန္းစားမ်ားထင္ေနလား...ငါ့မွာလည္းပိုင္ရွင္နဲ႕ပါကြ...ငါ့ပိုင္ရွင္ဘယ္သူလဲသိရင္..မင္းပိုေတာင္အံ့ၾသသြားမွာ..."
"ဘယ္သူလဲ?..ဘယ္သူမို႔လို႔..ငါကအံ့ၾသရမွာလဲ?.."

ကြၽန္ေတာ့္ကိုေနာက္လွည့္ကာ ၿခံဝကိုေက်ာေပးခိုင္းထားၿပီး ဥကၠာတစ္စုံတစ္ေယာက္ကို သြားေခၚေနေခ်ၿပီ။နားထဲတြင္ၾကားေနရသည္က ေျခသံႏွစ္ခု ကြၽန္ေတာ္ႏွင့္တျဖည္းျဖည္းနီးလာၿပီ။
"လွည့္ၾကည့္လို႔ရၿပီ..လင္းအံ့.... "

ကြၽန္ေတာ္ကိုယ့္မ်က္လုံးကိုပင္ မယုံနိုင္ေအာင္ျဖစ္သြားၿပီး အံ့ၾသလြန္းလို႔ မိမိရင္ဘတ္ကိုမနည္းပင္ဖိထားရသည္။ႏႈတ္မွလည္း စကားတစ္ခြန္းမွ် ထြက္မလာပဲ စြံ႕အေနမိၿပီး အ႐ုပ္တစ္ခုလိုေတာင့္ေတာင့္ႀကီးရပ္ၾကည့္ေနမိသည္။
"ေဟ့ေကာင္..သတိထားဦး..အံ့ၾသလြန္းလို႔လည္း..ေသသြားဦးမယ္..." ဥကၠာစကားသံၾကားမွ ဟထားမိေသာ ပါးစပ္ကိုျပန္စိကာ နာမည္တစ္ခုကိုေခၚလိုက္မိသည္က
"ကို...ကိုလြင္!!!!....."

ရယ္က်ဲက်ဲျဖင့္ ကြၽန္ေတာ့္ကိုစိုက္ၾကည့္ေနသည္က ကိုလြင္။ဘယ္လိုကေန..ဘယ္လို..ကိုလြင္က..ဥကၠာရဲ႕ပိုင္ရွင္ျဖစ္သြားတာလဲ.?..အိုး..ကြၽန္ေတာ္လိုက္မမွီေတာ့ေခ်။
"မင္းကိုငါေျပာသားပဲ..မင္းအံ့ၾသသြားမွာပါလို႔...အမွန္ေတာ့..မင္းတို႔ၿခံကိုငါစေရာက္လာရတာကလည္း..ကိုလြင္ေၾကာင့္ပဲ..ကိုလြင့္ကိုမင္းတို႔နဲ႕စေတြ႕တဲ့ေန႕က..ေစ်းခ်ိဳမွာပဲ..စဆုံခဲ့တာ..စေတြ႕ကတည္းက..ခ်စ္မိခဲ့တာလို႔ေျပာရမွာေပါ့...အဲ့လိုလူတစ္ေယာက္ကို..သစ္ခြၿခံတစ္ခုေရွ႕မွာ..မထင္မွတ္ပဲ.. သုံးေခါက္ေလာက္ေတြ႕လိုက္ရလို႔...ငါအဲ့ၿခံထဲေရာက္လာတာ..ငါတကယ္ဓာတ္ပုံရိုက္ယူခ်င္တာက..သစ္ခြပန္းမဟုတ္ဘူးကြ..ကိုလြင့္ရဲ႕ပုံတူေလး...ဒါေၾကာင့္လည္း...အဲ့ေန႕ကမင္းကိုငါေျပာခဲ့တယ္ေလ..ဒီၿခံကိုေနာက္လည္းလာမွာလို႔...အဲ့လိုေန႕တိုင္းလာေနရတဲ့အေၾကာင္းက..ေသြးသစ္ေၾကာင့္မဟုတ္ဘူးကြ...ငါ့ရဲ႕တစ္ဦးတည္းေသာ ခ်စ္ရဆုံးသူေၾကာင့္ပဲ.."

ဒါဆို..တစ္ခ်ိန္လုံး..ကြၽန္ေတာ္အထင္လြဲခဲ့တာေပါ့...ဥကၠာရဲ႕အေၾကာင္းအရင္းက..ကိုလြင္တဲ့လား..တကယ့္ကိုမထင္ထားတာပင္...သူေျပာတာလည္းဟုတ္သလိုပင္..အဲ့ၿခံထဲမွာ..ေသြးသစ္တစ္ေယာက္တည္းမွ..မဟုတ္တာ..တစ္ခ်ိန္လုံးကိုလြင္လည္းရွိေနတာပဲ...ဟူး..ငါေတာ္ေတာ္႐ုပ္ပ်က္သြားတာပဲ.......

အခုမွပဲ ကြၽန္ေတာ့္ရင္ထဲမွ အစိုင္အခဲႀကီးလည္း အရည္ေပ်ာ္သြားကာ သေဘာက်စြာရယ္ၿပဳံးမိေတာ့သည္။
"ခြပ္...!.."
"အင့္..." မေမွ်ာ္လင့္ပဲ ကိုလြင့္လက္သီးတစ္ခ်က္က ကြၽန္ေတာ့္ေမးေစ့ကိုလာမွန္ေလသည္။ ဘာလဲဟ?...

"မင္းကြာ...ငါ့လူကို..အဲ့ေလာက္ထိေတာင္ထိုးရလား...ငါမေက်နပ္လြန္းလို႔..မင္းကိုတစ္ခ်က္ျပန္ထိုးလိုက္တာ...မင္းျဖစ္ေနလို႔ေပါ့ကြာ..တစ္ျခားတစ္ေယာက္သာဆိုရင္..သြားေတြဗုဒၶဂါယာေရာက္ေလာက္ၿပီ....ရရဲ႕လား..ကာကာ..."

ကာကာတဲ့လား...အင္းေလ..ကြၽန္ေတာ္လည္း..ဥကၠာအေပၚနည္းနည္းလြန္သြားတာပဲ..ကိုလြင့္လိုလူကတစ္ခ်က္ပဲ..ျပန္ထိုးတာကိုက..ေတာ္ေတာ္ႀကီးကံေကာင္းေနၿပီေလ....

ေသြး...ေသြးသစ္..ကေလးေရ..ကိုတို႔ၾကားမွာ..အရာရာအဆင္ေျပသြားပါၿပီကြာ...မင္းကိုပစ္ထားခဲ့မိတဲ့ကို႔ကို..မင္းေမ့မ်ားေမ့သြားၿပီလား...မေမ့ပါနဲ႕ဦးကြာ...ကိုမင္း​ဆီအျမန္ဆုံး..ခရီးႏွင္လာၿပီ...ကို႔ကိုအခ်စ္ေတြနဲ႕ပဲႀကိဳပါလားကြာ.............

&&&&&&&&

ကြၽန္ေတာ္ေန႕ခ်င္းပင္ ေလယာဥ္ျဖင့္ ရန္ကုန္ကိုအေရာက္ျပန္လာခဲ့ေတာ့သည္။တစ္လမ္းလုံးလည္း သူကေလးအေၾကာင္းကိုသာ ေတြးလာမိသည္။သူ႕ကိုေတြ႕လွ်င္..ေသြးသစ္ဘယ္လိုတုံ႕ျပန္မည္လဲ?..'ျပန္ေတာ့..ကို႔မ်က္ႏွာကိုမျမင္ခ်င္ဘူး..'လို႔ေျပာမွာလား..ဒါမွမဟုတ္..'ကြၽန္ေတာ့္ကိုေမ့လိုက္ေတာ့...ကို႔ကိုမခ်စ္ေတာ့ဘူး..'လို႔ပဲ ျငင္းလိုက္မွာလား..အေတြးထဲကအတိုင္း သူကေလးျငင္းလိုက္လို႔ကေတာ့.. သူကေလးေရွ႕ဒူးေထာက္ကာ..ေက်နပ္သည္အထိေတာင္းပန္ရမည္...ေနာက္ဘယ္ေတာ့မွ..မထားခဲ့ေတာ့ဘူးလို႔လည္း..ကတိေပးမည္...ေသြးေရ....ကို႔ကိုလက္ခံပါ့မလား.....

အိမ္ေရာက္ေတာ့ ေမေမကဝမ္းသာမ်က္ရည္မ်ားျဖင့္ႀကိဳရွာသည္။ၾကယ္စင္ကေတာ့ ၿပဳံးေပ်ာ္လို႔။ေဖေဖ့ဆီမွလည္း မထင္မွတ္ထားေသာ "သား..မင္းကိုေဖေဖနားလည္တယ္...သားဘာလုပ္လုပ္..ေဖေဖသားေရွ႕မွာ..ရပ္တည္ေပးေနမွာ...ေဖေဖ့သားႀကီးက..ဘာျဖစ္ျဖစ္..ေဖေဖ့သားႀကီးပါပဲကြာ..." ဟုေျပာ၍ ကြၽန္ေတာ္ ဝမ္းသာမ်က္ရည္မ်ားပင္က်ရသည္။ ေဖေဖကိုလူၾကမ္းႀကီးတစ္ေယာက္လိုထင္မွတ္မိခဲ့ေသာ္လည္း တကယ္ေတာ့ ကြၽန္ေတာ့္ဘဝရဲ႕ဒါရိုက္တာႀကီးပင္။ ေတာင္းပန္ပါတယ္..ေဖေဖရယ္..သားေဖေဖ့ကိုအရမ္းခ်စ္ပါတယ္.....

မိသားစုေတြ႕ဆုံၿပီးေတာ့ ကြၽန္ေတာ့္စိတ္မ်ားက သူကေလးဆီသို႔သာ။အလိုက္သိေသာ ညီမေလးက ကြၽန္ေတာ့္အထုပ္အပိုးမ်ားကိုထားခဲ့ရန္ႏွင့္ သူကေလးအိမ္သို႔သြားရန္ မ်က္စပစ္ကာ အခ်က္ျပလိုက္၍ ကြၽန္ေတာ္လည္း လ်င္ျမန္သြက္လက္ေသာ ေျခလွမ္းမ်ားျဖင့္ သူကေလးအိမ္သို႔လွမ္းလာခဲ့မိေတာ့သည္။

အိမ္ေရွ႕ေရာက္ေတာ့ တစ္အိမ္လုံးတိတ္ဆိတ္ကာ ၿငိမ္သက္ေနသည္။ ထိုအခ်ိန္အိမ္ထဲမွ အကူအန္တီႀကီးထြက္လာ၍ ကြၽန္ေတာ္အျမန္ပင္ေမးခ်င္ေသာ သူကေလးအေၾကာင္းကိုေမးခ်လိဳက္သည္။
"အန္တီ..ေသြးသစ္ေရာ..ေသြးသစ္အိမ္မွာမရွိဘူးလားဟင္... "

အန္တီႀကီးက စိုးရိမ္ေသာ မ်က္လုံးမ်ားျဖင့္
"မနက္ကပဲ..ေဆး႐ုံသြားၾကၿပီေလ...heart attack ျဖစ္လို႔....မင္းလိုက္သြားလိုက္ပါလား!!.."
"ဗ်ာ!!!...ေဆး႐ုံ....ေသြးသစ္က..ေဆး႐ုံကို..အေျခအေနေတာ္ေတာ္ဆိုးလို႔လား..အန္တီ.."
"အန္တီလည္းေသေသခ်ာခ်ာေတာ့မသိဘူး...ဘာမွ်အေၾကာင္းမၾကားလို႔ေတာင္..စိတ္ပူေနတာ..စိုးရိမ္ရလို႔မ်ားလားလို႔...."

ကြၽန္ေတာ့္ေျခလွမ္းမ်ားကား လမ္းအျပင္သို႔မည္သို႔မည္ပုံေရာက္သြားမွန္းပင္မသိေတာ့။ Taxi ကိုအျမန္ငွားလိုက္ကာ ေဆး႐ုံသို႔လိုက္လာခဲ့ေတာ့သည္။

ေသြးသစ္ရာ..ကိုမင္းဆီျပန္လာမွာေပါ့ကြာ...မင္းဘာမွမျဖစ္ရဘူး..မင္းကို ကိုအသက္ေလာက္ခ်စ္တာပါကြာ...မင္းကိုအဆုံးရႈံးမခံနိုင္ဘူး...မင္းဆီ ကိုလာၿပီေလကြာ...

ေဆး႐ုံသို႔ေရာက္ေရာက္ခ်င္းပင္ ကြၽန္ေတာ္သိခ်င္ေသာ သူကေလးအေၾကာင္းကို သိရရန္ reception counterတြင္ေမးလိုက္ရေတာ့ သူနာျပဳမေလးက စာရင္းမ်ားကို တစ္ခုၿပီးတစ္ခုစစ္ကာ
"အကိုေျပာတဲ့နာမည္နဲ႕..လူနာမရွိဘူးအကို...နာမည္မွားတာမ်ားလား...ဒီေန႕ေဆး႐ုံေရာက္လာတဲ့သူထဲမွာ..အဲ့လိုနာမည္တူေတာင္မရွိဘူးအကို..."
ေျပာေျပာဆိုဆိုပင္ သူနာျပဳမေလးက
ေနာက္ထပ္သူနာျပဳတစ္ေယာက္ကို ေမးလိုက္ေတာ့

"ေၾသာ္..အကိုသိခ်င္တာ..heart attack ျဖစ္လို႔..မနက္ကမွေဆး႐ုံေရာက္လာတဲ့..ေကာင္ေလးထင္တယ္...?"
"ဟုတ္ပါတယ္...."

ထိုသူနာျပဳမေလး မ်က္ႏွာပ်က္သြားသည္ကို ကြၽန္ေတာ္သတိထားမိလိုက္သည္။ သူဘာမ်ားျဖစ္လို႔လဲ?..ဘာမွမျဖစ္ပါေစနဲ႕... ဘုရား..ဘုရား...
"စိတ္မေကာင္းပါဘူးအကို..အကိုေျပာတဲ့လူနာက..ေန႕လည္ကပဲ...ဆုံးသြားပါၿပီ...ေဆး႐ုံေရာက္ေတာ့..သူ႕အေျခအေနက..ေနာက္ဆုံးအဆင့္ေရာက္ေနလို႔...မကယ္လိုက္နိုင္ဘူးအကိုရယ္...."

"ဗ်...ဗ်ာ....သူဆုံးၿပီ..ဟုတ္လား..."
"တကယ့္ကို..စိတ္မေကာင္းပါဘူးရွင္..."

မယုံ​ၾကည္ နိုင္လြန္း၍ မ်က္ရည္ပင္ထြက္မလာေခ်။ဘာမွန္းမသိေသာ ခံစားခ်က္ႀကီးတစ္ခုကို ရင္ထဲမွာနင့္ေနေအာင္ခံစားေနရၿပီး သူမရွိေတာ့ဘူးဟူေသာ အသိက ကြၽန္ေတာ့္ကို အ႐ုပ္ႀကိဳးပ်က္ျဖစ္သြားေစသည္။ ထို reception counterမွေဝးရာသို႔ ေလးလံေသာ ေျခလွမ္းမ်ားျဖင့္.......

မျဖစ္နိုင္ဘူး....လုံးဝမျဖစ္နိုင္ဘူး...ေသြးသစ္ကငါ့ကိုတစ္ေယာက္တည္း..ပစ္ထားခဲ့မွာမဟုတ္ဘူး...မင္းမရွိပဲ..ငါဘယ္လိုအသက္ရွင္မွာလဲကြာ...ငါမင္းကိုတမင္ပစ္ထားခဲ့တာမဟုတ္ပါဘူးကြာ...မင္းကိုခ်စ္လြန္းလို႔ပါကြာ...ငါမင္းနဲ႕ဒီတစ္သက္ဘယ္ေတာ့မွမခြဲေတာ့ဘူးလို႔ေျပာမလို႔ေလကြာ...မင္းအရင္ဆုံးငါ့ကိုဘာလို႔ခြဲသြားရတာလဲကြာ...မျဖစ္နိုင္ဘူး...ဟာကြာ...မင္းကိုမွဘာလို႔ေသမင္းကေခၚသြားရတာလဲကြာ...ငါ့ကိုပါတစ္ခါတည္းေခၚသြားပါလားကြာ...မင္းမရွိေတာ့တဲ့..က်န္တဲ့အခ်ိန္ေတြကို..ကိုဘယ္လိုအင္အားမ်ိဳးနဲ႕..ျဖတ္သန္းရမွာလဲ....ရက္စက္လိုက္တာ..ကြာ...

ရင္ထဲတြင္ ဘယ္လိုမွ် မခံစားနိုင္ေတာ့သည့္အဆုံး သူေအာ္ဟစ္လိုက္မိေတာ့သည္။
"ေသြးသစ္!!...ေသြးသစ္ေရ...ေသြးသစ္ေရ!!!!!"
"ဗ်ာ......."

ဟင္..ဒါေသြးသစ္အသံပဲ...ဟုတ္လို႔လား..ေသြးသစ္ကဆုံးၿပီဆို...ငါနားၾကားလြဲတာျဖစ္မွာပါ...ငါၾကားခ်င္ရာေတြၾကားေနတာျဖစ္မယ္....
"ေသြးသစ္ေရ!!...ေသြးသစ္....ေသြးသစ္!!!.. "
"ဘာလို႔အဲ့ေလာက္ေအာ္ေနတာလဲ?......မရွက္ဘူးလား..."

ဒုတိယအႀကိမ္ေသြးသစ္အသံကိုၾကားလိုက္ရ၍ မယုံမရဲျဖင့္ လွည့္ၾကည့္လိုက္ေတာ့ ႏႈတ္ခမ္းစူကာ ေဒါသထြက္ေနေသာ ေသြးသစ္ကိုေတြ႕လိုက္ရသည္။ အံ့ၾသသြားသည္ဆိုတာထက္ ဝမ္းသာမိသြားသည္။သူကေလး ဘာမွ်မျဖစ္ပဲ.. အေကာင္းအတိုင္း.. ကြၽန္ေတာ့္မ်က္စိေရွ႕မွာ.. မတ္တပ္ရပ္ေနသည္..ဆိုေတာ့...သူကေလးမေသဘူးေပါ့...
"ေသြး...ေသြး...ေသြးသစ္...မင္းမေသဘူးေနာ္...မင္းမေသဘူးေနာ္!!!"
"ကြၽန္ေတာ္ကဘာလို႔ေသရမွာလဲ?...ဘာေတြေျပာေနတာလဲ...."

သူကေလးေျပာခ်င္ရာသာေျပာေတာ့ သူကေလးကိုကြၽန္ေတာ့္ရင္ခြင္ထဲဆြဲသြင္းလိုက္မိေတာ့သည္။ၿပီးေတာ့ ရွိုက္ႀကီးတငင္ငိုေနမိသည္က ဒီတစ္ခါသူပင္။
"မင္းဘာမွမျဖစ္ဘူးေနာ္...မင္းငါ့အနားကဘယ္ကိုမွ်..မသြားရဘူး.....ဘယ္ကိုမွ်သြားခြင့္မျပဳနိုင္ဘူးကြာ.."
ကြၽန္ေတာ့္စကားကိုၾကားေတာ့ သူကေလးက ကြၽန္ေတာ့္ရင္ခြင္ထဲမွ ႐ုန္းထြက္ကာ မေက်နပ္ေသာေလသံျဖင့္
"ေနစမ္းပါဦး... ဘယ္သူကထြက္သြားလို႔...ဘယ္သူကက်န္ခဲ့ရတာလဲ..စဥ္းစဥ္းစားစားလည္းေျပာပါဦး.."
"ကို..ေတာင္းပန္ပါတယ္ကြာ...အားလုံးကကို႔အျပစ္ေတြပါ...ကေလးမေက်နပ္ရင္..ကိုဘာလုပ္ေပးရမလဲေျပာ...ကို႔ကိုႀကိဳက္တဲ့အျပစ္ေပး..ကိုခံမယ္.."

"ကြၽန္ေတာ္ေပးမယ့္အျပစ္က....ေနာက္ဘယ္ေတာ့မွ..ထားမသြားပါဘူးဆိုတဲ့ကတိ....ကြၽန္ေတာ့္ေဘးမွာအၿမဲေနေပးပါ့မယ္ဆိုတဲ့..ကတိ..."
"ေပးတယ္...ကို..တကယ္ကတိေပးတယ္..."

သူကေလးက သေဘာက်စြာ သြားတက္ကေလးမ်ားေပၚေအာင္ပင္ ၿပဳံးျပေလေတာ့သည္။ကြၽန္ေတာ္တို႔အခ်င္းကတိကဝတ္မ်ားျပဳျဖစ္ၾကၿပီးမွ ေသြးသစ္က
"ဒါနဲ႕..ေနပါဦး..ေစာေစာက..ကိုဘာလို႔ေအာ္ႀကီးဟစ္က်ယ္ငိုေနတာလဲ..ၿပီးေတာ့ကြၽန္ေတာ္မေသဘူးေနာ္လို႔ေရာ..ဘာလို႔ေျပာတာလဲ.."
သူကေလးအား အေၾကာင္းစုံေသေသခ်ာခ်ာေျပာျပလိုက္ေတာ့ သူကေလးက ရယ္ကာ
"ျဖစ္ရမယ္ကိုရယ္...heart attack ျဖစ္တာကြၽန္ေတာ္မဟုတ္ဘူးဗ်..ေမေမ..ေမေမကကြၽန္ေတာ့္ကိုတျခားမိန္းကေလးတစ္ေယာက္ႏွင့္..ေနရာခ်ထားေပးဖို႔ေျပာတာကို...ကြၽန္ေတာ္က..ကိုကလြဲၿပီး..ဘယ္သူ႕ကိုမွ်.. လက္မထပ္နိုင္ဘူးလို႔ေျပာလိုက္လို႔..႐ုတ္တရက္ ေရွာ့ခ္ ျဖစ္သြားတာ...အခုေတာ့စိတ္ပူစရာမရွိေတာ့ပါဘူး...အားလုံးအဆင္ေျပသြားၿပီ..."
"မသိဘူးေလဗ်ာ..ခင္ဗ်ားေလးအိမ္က..လူကအဲ့လိုႀကီးေျပာလိုက္တာကို...ကိုလည္းဘယ္သိမလဲ..ဟိုတစ္ခါကလိုမ်ား...ကိုနဲ႕ေဝးရလို႔ျဖစ္သြားၿပီလားလို႔စိတ္ပူသြားတာပဲ...."
"ကိုကေရာ..ဘယ္သူျဖစ္တာလဲလို႔..ေသေသခ်ာခ်ာေမးခဲ့လို႔လား..ေျပာပါဦး..ဟိုတစ္ခါကလိုျဖစ္မွာမပူပါနဲ႕ကိုရယ္...ကိုကြၽန္ေတာ့္ဆီအခုလို..အေျပးလာမွာကို..ကြၽန္ေတာ္ကသိၿပီးသားေလ..ေန႕လည္ကပဲ..ကိုဥကၠာ ဖုန္းဆက္လို႔..အားလုံးသိႏွင့္ၿပီးၿပီ.....ဟင္း... "

ထိုေန႕က ေသြးသစ္က သူ႕ေမေမရွိရာအခန္းသို႔ ကြၽန္ေတာ့္ကိုပါ တစ္ပါတည္းေခၚသြားသည္။ သူကေလးေမေမက ပထမေတာ့သိပ္သေဘာမက်ဟန္ရွိေသာ္လည္း ေနာက္ေတာ့လည္း စိတ္ကိုဒုန္းဒုန္းခ်ကာ ကြၽန္ေတာ့္ထံမွ ကတိတစ္ခုေတာင္းေလသည္။
"အန္တီ့သားကို..မင္းတစ္ဘဝလုံး..စိတ္ခ်မ္းသာေအာင္ထားပါ့မယ္လို႔..ကတိေပးနိုင္လား?.."
"ဟုတ္ကဲ့... ကြၽန္ေတာ္ေပးပါတယ္..အန္တီ.."

ကြၽန္ေတာ့္အေျဖေၾကာင့္ သူကေလးေမေမ မ်က္ေမွာင္ႀကဳံ႕လိုက္ကာ
"မင္းက..ေသြးသစ္ရဲ႕..လက္တြဲေဖာ္မဟုတ္လား?..ဒါဆိုဘာလို႔ေမေမလို႔မေခၚပဲ..အန္တီလို႔ေခၚေနေသးတာလဲ?.."
"ဗ်ာ...ဒါ..ဒါဆို..ကြၽန္ေတာ္တို႔ကိုသေဘာတူလိုက္ၿပီေပါ့ေနာ္...အန္တီ..အဲ..ေမေမ.."

ထိုအခိုက္အတန့္ေလးမွစလို႔ တစ္သက္လုံး သူကေလးအနားမွ ကြၽန္ေတာ္ဘယ္ကိုမွ် ထြက္သြားေတာ့မည္မဟုတ္ေခ်။

&&&&&&&&

မဂၤလာဧည့္ခံပြဲတစ္ခု..။ဧည့္ခံပြဲဆိုသည္ထက္ ကြၽန္ေတာ္တို႔ႏွစ္ေယာက္ကို သေဘာတူအားေပးေသာ ေဆြမ်ိဳးမိတ္သဂၤဟအခ်ိဳ႕ႏွင့္ သူငယ္ခ်င္းအခ်ိဳ႕တို႔ျဖင့္သာ ျပဳလုပ္ေသာ မဂၤလာဦးဆြမ္းေကြၽးပြဲတစ္ခုပင္။ မည္သို႔ပင္ျဖစ္ေစ ေရွးထုံးမပယ္ခ်င္ေသာ ႏွစ္ဖက္မိဘမ်ား၏ ဆႏၵအရျပဳလုပ္ေသာ မဂၤလာဦးဆြမ္းေကြၽးျဖစ္ေပမယ့္ အမ်ားအျမင္တြင္ တမူထူးျခားေနသည္မွာေတာ့ အမွန္ပင္။

နေခန့်၊အိမ့်မှူးသွယ်၊ဝဏ္ဏဇော်နှင့် မင်းပြည့်တို့က လူအင်အားဖြည့်ကာ အစစအရာရာကူညီပေးကြသည်။လာရောက်ကျသော ဧည့်သည်တစ်ချို့၏ ဆုတောင်းစကားများကလည်း နားထဲတွင်ကန့်လန့်ကြီးဖြစ်နေသေးသည်။ "ဒီလင်ဒီမယား..အဲ..မဟုတ်ပါဘူး...ဒီလင်နဲ့ဒီလင်..အိုအောင်မင်းအောင်ပေါင်းနိုင်ကြပါစေကွယ်...."ကြားရသည့်အတိုင်းပင် ဘယ်သူက မရယ်ပဲနေနိုင်မည်နည်း။ သို့သော် ဒါကရယ်စရာတော့မဟုတ်ချေ။သူ့အဓိပ္ပါယ်နှင့်သူတော့ ပြည့်စုံနေသည်မှာအမှန်ပင်။

ဧည့္သည္အမ်ားျပန္သြား၍ လူရွင္းေသာ အခ်ိန္ေရာက္ကာမွ ေရာက္လာသည္က ဥကၠာႏွင့္ကိုလြင္။
ကြၽန္ေတာ္တို႔ မဂၤလာပြဲက အျခားလူေတြလို သတို႔သားလက္ကိုသတို႔သမီးကတြဲကာ လမ္းေလွ်ာက္ဧည့္ခံရမည့္အစား တစ္ေယာက္တစ္ေနရာစီ လွည့္လည္ဧည့္ခံေနရသလို လက္ခ်င္းခ်ိတ္ဖို႔ေနေနသာသာ နီးနီးကပ္ကပ္ပင္မရွိပဲ သူကေလးဘယ္ေရာက္ေနမွန္းပင္ ကြၽန္ေတာ္မသိ။
"ေဟ့ေကာင္..လင္းအံ့...မင္းသတို႔သားေရာ..မေတြ႕ပါလား..ဘယ္ေရာက္ေနတာလဲ..ငါလာမွာမို႔..ပုန္းခိုင္းထားတာလား?..."
"မင္းဘိုးေအ!!!..သတို႔သားလား...လက္တြဲေဖာ္ပါကြ...မင္းလာလို႔..ပုန္းခိုင္းဖို႔ေနေနသာသာ..ငါေတာင္သူဘယ္ေရာက္ေနမွန္းမသိဘူး..."
"ေကာင္းပါ့ကြာ..မင္းတို႔လို..ငါတို႔လည္း..မၾကာမီ လာမည္...ေမွ်ာ္ေနာ္..ေဟ့ေကာင္.."
"ေအးေအး..မင္းသာ..ကိုလြင့္ဆီက..လက္ထပ္ခြင့္ကိုအရင္ေတာင္းဦး..ေျပာေျပာကမေစာနဲ႕.."
"ဟားဟားဟား.........."

ထိုသို႔ၿပဳံးေပ်ာ္မႈ၊ၾကည္ႏူးမႈမ်ားျပည့္ႏွက္ေနေသာ မဂၤလာပြဲေလးသို႔ ကားေလးတစ္စီးဆိုက္ေရာက္လာေလသည္။ ကားေပၚမွ ဆင္းလာသူကိုေတြ႕လိုက္ရေတာ့ ေသြးသစ္ မ်က္လုံးမ်ားျပဴးသြားရသည္။
"ခ်စ္..ခ်စ္ရိပ္ခ်ိဳ....."

ခ်စ္ရိပ္ခ်ိဳက တစ္ျခားသို႔မသြားပဲ ေသြးသစ္ရွိရာသို႔ တန္းတန္းမတ္မတ္ တစ္လွမ္းခ်င္းေလွ်ာက္လာေလသည္။ေသြးသစ္ ႏွလုံးခုန္သံမ်ားျမန္လာရသည္။ သူမ..ဘာသေဘာနဲ႕..ငါ့ဆီကို..လာေနတာလဲ...ပြဲလာဖ်က္တာေတာ့မဟုတ္ပါဘူးေနာ္....ဟူး...

သူ႕ေရွ႕ေရာက္ေတာ့ ခ်စ္ရိပ္ခ်ိဳက သူ႕ကိုစူးစူးရဲရဲၾကည့္ကာ ၿပဳံးလိုက္ၿပီး လက္ကမ္းကာ
"Congratulations...ေသြးသစ္...!!!.."

သူ မရဲတရဲျဖင့္ သူမလက္ကို​ျပန္လည္ ဆုပ္ကိုင္လိုက္ေတာ့
"နင္ကလည္းဟာ..ငါ့ေတြ႕တာမ်ား..သရဲဘီလူးေတြ႕သလိုပဲ..ငါပြဲဖ်က္ဖို႔လာတာမဟုတ္ပါဘူးေနာ္...လာၿပီးဂုဏ္ျပဳတာပါ..."
ထိုအခ်ိန္ ကို ကလည္း ကြၽန္ေတာ့္တို႔အနားေရာက္လာသည္။ ကို႔ကိုေတြ႕ေတာ့ ခ်စ္ရိပ္ခ်ိဳက
"မေတြ႕တာေတာင္ၾကာၿပီေနာ္..ကိုလင္း...ေသြးသစ္ကခ်စ္ရိပ္ကို..အရမ္းေၾကာက္ေနတာ..ႏွစ္သိမ့္ေပးလိုက္ပါဦး..ကိုလင္းရယ္...."

ကိုက ကြၽန္ေတာ့္ေခါင္းေလးကိုပြတ္ကာ ၿပဳံးျပေနသည္။တစ္ခ်ိန္တည္းမွာပင္ ခ်စ္ရိပ္ခ်ိဳ၏ ကားအတြင္းမွ မိန္းကေလးတစ္ဦးလည္းထြက္လာေလသည္။
"ဆု...ဆု..နင္ကဘယ္လိုျဖစ္လို႔..ခ်စ္ရိပ္ကားနဲ႕ပါလာတာလဲ?..."
နားမလည္နိုင္ေသာ အၾကည့္မ်ားျဖင့္ ဇေဝဇဝါျဖစ္ေနေသာ ကြၽန္ေတာ့္ကို ဆုကလည္း အၿပဳံးခ်ိဳခ်ိဳျဖင့္ပင္။
"Sorryပဲေသြးသစ္ရယ္..ငါတို႔ေနာက္က်သြားလို႔..."

ထိုအခါခ်စ္ရိပ္ခ်ိဳက
"ဒီမယ္..ကိုေသြးသစ္..ရွင္တို႔ႏွစ္ေယာက္ကို..ကြၽန္မမခြဲေတာ့ပါဘူးေနာ္..ရွင္တို႔ရဲ႕အခ်စ္ေတြကို..နားလည္သြားပါၿပီ..အခုဆို..ကြၽန္မလည္းရွင္တို႔လိုဘဝတူ..Lgbt တစ္ေယာက္ပါပဲေနာ္...."
"ဘယ္လို!!...ဘဝတူ...??"

ဆုက ကြၽန္ေတာ့္ပုခုံးကိုပုတ္ကာ
"ဟုတ္တယ္..ေသြးသစ္...ငါနဲ႕ခ်စ္ရိပ္ခ်ိဳက..ခ်စ္သူျဖစ္တာ..တစ္လေတာင္ရွိသြားၿပီ...အခုလို lgbt ေတြရဲ႕အခ်စ္က..ဘယ္ေလာက္ခက္ခဲေၾကာင္း၊ဘယ္ေလာက္ေလးနက္ေၾကာင္းကို...ငါတို႔ကိုယ္တိုင္လည္းခံစားရလို႔..သိေနပါၿပီေနာ္...ေလာေလာဆယ္ေတာ့..ခ်ိဳေလး ေဖေဖကငါတို႔ကိုသေဘာမတူေသးဘူးဟ..ဒါေၾကာင့္နင္တို႔လိုျဖစ္ေအာင္..ငါတို႔တိုက္ပြဲဝင္ရဦးမွာ..."
"ဗိုက္ဆာေနၿပီ...ဆုေရ..သြားစားစို႔..."
"အင္း...ခ်ိဳ႕..သေဘာေလ...."

သူမတို႔ႏွစ္ေယာက္ကိုၾကည့္ၿပီး ကိုႏွင့္ကြၽန္ေတာ္ မ်က္လုံးခ်င္းဆုံကာ ၿပဳံးျပမိၾကသည္အထိပင္။

&&&&&&&&

တိတ္ဆိတ္ေအးခ်မ္းလွေသာ ညတစ္ညက သူတို႔ႏွစ္ေယာက္အတြက္ေတာ့ အဓိပၸာယ္ျပည့္စုံလွေသာ မဂၤလာဦးညပင္။
"ကိုေရ...မခ်မ္းဘူးလား...ေရျမန္ျမန္ခ်ိဳး..."

ဟြန့္..အခုမွျမန္ျမန္ခ်ိဳးခိုင္းေနတယ္...အတူတူခ်ိဳးမယ္ဆိုတုန္းကေတာ့..လာမခ်ိဳးပဲ....

သူကေလးကေတာ့ ဒီေန႕ Channelတစ္ခုက ဇာတ္လမ္းတြဲက ဇာတ္သိမ္းပိုင္းျဖစ္၍ TV ေရွ႕မွ မ်က္လုံးမခြာပဲ ေအာ္ေနသည္ပင္။
"ၿပီးပါၿပီဗ်ာ....ေသြးေရာ..မခ်ိဳးဘူးလား..ေအးတယ္..ျမန္ျမန္သြားခ်ိဳးေတာ့..."

သူဘာေျပာေျပာTV မွမ်က္လုံးမခြာပဲျဖစ္ေနေသာ သူကေလးကို ၾကည့္ၿပီး တစ္ခ်ိန္လုံးသူကေလးၾကည့္ျခင္းကိုခံေနရသည့္ ထို TV ကိုမနာလိုပင္ ျဖစ္ခ်င္လာသည္။
"ေသြး..ေသြး...."
"ဘာလဲ..ကိုရာ..ဒီမွာၾကည့္ေနတယ္ေလ..ဘာလို႔ႏွောင့္ယွက္ေနတာလဲ...ေကာင္းခန္းေရာက္ေနၿပီ..."
"ကိုတို႔ရဲ႕ေကာင္းခန္းကေရာ...ဘယ္ေတာ့ေရာက္မွာလဲ....??.."

ထိုအခါမွ ရွက္ကိုးရွက္ကန္းျဖစ္ကာ
"ကိုေနာ္..ညစ္တီးညစ္ပတ္နဲ႕..ဘာေတြေျပာေနတာလဲ"

ကြၽန္ေတာ္လည္း 'ဘာလဲ' ဟူ၍ ပုခုံးႏွစ္ဖက္တြန့္ျပလိုက္ေတာ့
"ေတာ္ၿပီ...ေရသြားခ်ိဳးေတာ့မယ္...မၾကည့္ေတာ့ဘူး..ေကာင္းခန္းကို..."

ထိုင္ရာမွထသြားေတာ့ သူကေလး၏ခါးကိုေနာက္မွသိုင္းဖက္လိုက္ေတာ့
"ကိုေနာ္...အနိုင္မက်င့္နဲ႕....ကေလးကို..."
"အနိုင္မက်င့္ပါဘူးဗ်ာ...ဒီလူႀကီးက..ကေလးကိုခ်စ္လို႔ပါဗ်ာ...ခ်စ္လို႔ပါ...."

"အို႔...လူႀကီးေနာ္...ဟိတ္...အတင္းႀကီးမလုပ္နဲ႕ေလ...အို..ဇြတ္ပဲ...ဒီလူႀကီးနဲ႕ေတာ့...."
"ဒီတစ္ခါေတာ့...အားရပါးရခ်စ္ပါရေစေတာ့ဗ်ာ..."

ည၏ပ်ိဳျမစ္ႏုနယ္ျခင္းတို႔ကား တျဖည္းျဖည္းနက္ရွိုင္းလာကာ ေပ်ာက္ကြယ္လုနီးပါးေရာက္လာေတာ့သည္။
"တစ္ခါတည္းပဲ...ခ်စ္မွာလား...ကို...?"
"တစ္သက္လုံးကို...ခ်စ္ေနမွာေပါ့......"

အခ်စ္တစ္ခုကို အစျပဳေသာ ထိုညကား လႈပ္လႈပ္ရွားရွား အသက္ဝင္ေနေပေတာ့သည္။

(ၿပီးပါၿပီ)

************************************

အစမွအဆုံးအထိ စိတ္ရွည္လက္ရွည္ဖတ္ေပးေသာ တစ္ေယာက္ခ်င္းစီတိုင္းကို ေက်းဇူးအမ်ားႀကီးတင္ပါတယ္။ေနာက္ေရးမယ့္ fic ေလးနဲ႕လည္း မိတ္ဆက္ေပးခဲ့ပါရေစေနာ္......

"Next fic Intro"

*ဘဝမွာနာက်င္မႈေတြ ခက္ခဲမႈေတြကိုရင္ဆိုင္ခဲ့ရၿပီးေနာက္ အရာရာကို အေလွ်ာ့ေပးကာ စိတ္အားငယ္တတ္ေသာ နာမည္ေက်ာ္ အဆိုေတာ္ေလး 'Shine'။

*သူ႕ဘဝမွာ အားအကိုးရဆုံးႏွင့္ သူ႕ေရွ႕မွာအၿမဲ မားမားမတ္မတ္ရပ္တည္ေပးတတ္တဲ့ အခ်စ္ရဆုံး ခ်စ္သူေကာင္မေလး 'ေ႐ႊမဏိ'။

*ကံၾကမၼာႀကီးက ခ်စ္သူႏွစ္ေယာက္ကို မေမွ်ာ္လင့္ပဲ ရက္ရက္စက္စက္ ခြဲလိုက္တဲ့ေနာက္ မထင္မွတ္ပဲ shine ရဲ႕အနားကို ေရာက္လာတဲ့ တိုက္ကြမ္ဒိုခ်န္ပီယံ မန္ေနဂ်ာေလး 'ခြန္းတုံ႕ညီ' ။

အၿပိဳင္အဆိုင္၊အတိုက္အခိုက္အႏၱရာယ္ေတြရဲ႕ၾကားက ျဖစ္ေပၚလာတဲ့ အဆိုေတာ္ေကာင္ေလးနဲ႕မန္ေနဂ်ာေလး တို႔ရဲ႕ အခ်စ္ဇာတ္လမ္းေလးကို
"ခ်စ္ျခင္း၏တမန္ေတာ္" ဟူသည့္ fic ေလးထဲမွာ ေစာင့္ၿပီးဖတ္ၾကရေအာင္ေနာ္။

&&&&&&&&&&&&&&&&&&&&&&&&

Thank you everyone 😘😘😘

&&&&&&&&&&&&&&&&&&&&&&&&

Đọc tiếp

Bạn Cũng Sẽ Thích

135K 9.5K 35
အကို့ကို ဘာလို့ချစ်​ရသလဲ​မေးကြတဲ့အခါ ကျွန်​တော့်​မှာ​ဖြေစရာ အ​ဖြေမရှိ။ အကိုက ကျွန်​တော့်​အတွက်​အ​ဖြေမရှိတဲ့ ​မေးခွန်းပဲ..... ...
1.1M 100K 142
Authors: Ka Pi Chu, Zhang Pei Wen Xue, Zhen Shai All credits to owner. Translated by Lilac🌺 ❗နာမည်တွေမှားနေပါတယ်၊ အချိန်မအားတာကြောင့်မပြင်ရသေးပါ။ သိ...
50K 4.9K 14
ကိုယ္ေလးစားရတဲ့လူတစ္ေယာက္ကိုခ်စ္မိသြားမယ္လို႔ ေတြးဖူးၾကလား.... စိတ္ကူးနဲ႔တင္ယုတၲိမတန္ခ်င္စရာပါ။ ဒါေပမယ့္အဲ့လိုယုတၲိမတန္တာကကြၽန္ေတာ့္ဆီမွာ တကယ္ျဖစ္လာေ...
1.6M 143K 45
Straight စစ္​စစ္​လို႔ခံယူထားရာက​ေန သူငယ္​ခ်င္​း​ေကာင္​းမႈ​ေၾကာင္​့ Fundanshi ျဖစ္​ရာက ~ ​ေကာင္​​ေလး တစ္​​ေယာက္​ကို ျမင္​ျမင္​ခ်င္​း သ​ေဘာက်မိသြား​ေသာ...