Zawgyi
စကားပင္မဆံုးေသး....ခြန္းျမတ္ထြဋ္မွ အလကၤာ၏ မ်က္ႏွာအနီးသို႔ကပ္ကာ ႏႈတ္ခမ္းႏွစ္စံုအားထိသည္ဆိုရံု
ေလး ထပ္တူက်ေစလိုက္ေတာ့သည္ ။ ၿပီးလ်ွင္သူမဟုတ္သည့္အတိုင္းပင္ ျပံဳးစစမ်က္ႏွာေပးႏွင့္ လက္ႏွစ္ဖက္အားေနာက္ပစ္လ်က္ပင္ ဟိုၾကည့္ဒီၾကည့္ လုပ္ေန
ေသးသည္ ။ အလကၤာသည္လည္း ခႏၱီပါရမီႏွင့္ျပည့္စံု
သူပီပီ...
" ခြန္း....ျမတ္....ထြဋ္ ''
အသံနက္ႀကီးႏွင့္ကုန္းေအာ္ကာ ေျခဖ်ားေထာက္၍
လည္ပင္းထညစ္ေတာ့သည္ ။ ေက်ာင္းဝင္းအလည္တည့္တည့္တြင္ ဝင္ဆြဲေသာဆရာ ၊ ဆရာမမ်ား ၊ေက်ာင္းသားမ်ားႏွင့္ ဆူညံစည္ကားသြားေတာ့သည္ ။ သစ္ပင္
ေနာက္ကြယ္မွ ေခ်ာင္းၾကည့္ေနသည့္စိုင္းေဇယ်ာခမ္းက
လည္း အေနာက္မွေသာ္တာျမဴ အားလွည့္ကာသတင္း
ပို႔ေနေသးသည္ ။
" ေတာသားေလးႏွစ္ေယာက္ေတာ့ အခ်စ္စမ္းေနၾကၿပီ
ျမဴ ေလးေရ ''
.....................................................................
" ကိုကို ဘာလို႔ကြၽန္ေတာ့္ကို လည္ပင္းထညစ္တာလဲ''
" ဘာလို႔ ေက်ာင္းဝင္းအလည္တည့္တည့္ႀကီးမွာ ဖင္
လာယားေသးလဲ ''
" အဲ့တာဆို ဘာလို႔ကိုကိုက ခ်စ္စရာေကာင္းေနေသး
လဲ ''
" ......''
ပထမဆံုးေက်ာင္းခ်ိန္မစခင္ပင္ ေက်ာင္းဝင္အလည္တြင္ ရန္ျဖစ္ၾကသည္ဆိုသည့္ အခ်က္ႏွင့္ ေက်ာင္းအိမ္သာမ်ားအား ႏွစ္ေယာက္သား ဒိုင္ခံေဆးေနရသည္ ။ ရန္ျဖစ္သည္ဆိုသည္ထက္ ခြန္းျမတ္ထြဋ္ဘက္မွဆိုလ်ွင္ ခုခံသည္က ပိုမွန္မည္ ။ အလကၤာမွ လည္ပင္းထညစ္ေသာအခ်ိန္တြင္ ခြန္းျမတ္ထြဋ္မွ လက္ေလးအားကိုင္ရံုသာတားေနသည္ရိွေသး
ေက်ာင္းအုပ္ႀကီးမွေရာက္လာကာ ရန္ျဖစ္ေနၾကသည္ဟု သတ္မွတ္လိုက္ျခင္းျဖစ္သည္ ။
" မင္းေၾကာင့္ပဲ...အမွန္ဆို အခုခ်ိန္ငါေအးေဆးေလး
စာသင္ေနရမွာ စာေတြလြတ္ကုန္ရင္ေတာ့ ေသၿပီ
သာမွတ္ ''
ေႂကြခြက္မ်ားအား ဘရက္ျဖင့္အားပါပါတိုက္ေနရင္း
အလကၤာမွ မေက်မခ်မ္းေျပာေနသည္ ။
" ပထမဆံုးေန႔ပဲဟာ...ဘာစာမွ မလြတ္ေလာက္ပါဘူး
ဗ်ာ လြတ္ရင္လည္း ကြၽန္ေတာ္ Note ေတြလိုက္ငွါးေပး
မယ္ ကိုကိုဘာမွစိတ္မပူနဲ႔ ''
မ်က္ႏွာပိုးမေသႏိုင္ေသာ ခြန္းျမတ္ထြဋ္မွလည္း ေရပံုး
အားကိုင္လ်က္ အလကၤာစိတ္ေတာ္မညိွဳးေစရန္ အသည္းအသန္ႀကိဳးစားေန႐ွာသည္ ။
" ဘယ္သူက ဘာေျပာေနလို႔လဲ ''
" ဟားဟား...ဟုတ္ပါတယ္ အဲ့တာဆို ဒါၿပီးရင္ကြၽန္ေတာ္တို႔ လယ္ဦးမွာ မုန္႔ေရျပားသြားစားၾကမလား ''
" အိမ္သာေဆးၿပီးၿပီးခ်င္းႀကီးကို မစားဘူးလို႔ ထင္လား
ဟီးဟီး မင္းေကြၽးမွာမလား ''
" ဒါေပါ့....ဒီေန႔ညေနအတြက္ေတာ့ ကြၽန္ေတာ္က
ကိုကို႔ရဲ႕ သၾကားဒက္ဒီပဲ ''
" ေတာသားေလးကေတာ့ ပိုက္ဆံမရိွဘဲ ဖင္ယားျပန္
ၿပီကြာ ''
မၾကာမီပင္ သန္႔စင္ခန္းေလးအတြင္းတြင္ ရယ္ေမာသံ
မ်ားႏွင့္ ဆူညံသြားေတာ့သည္ ။ တစ္ေယာက္ႏွင့္
တစ္ေယာက္စေနာက္က်ီစယ္ကာ အခ်စ္စမ္းေနၾက
ေသာ
ေကာင္ေလးႏွစ္ေယာက္သည္ ေလာကဓံ၏အနိမ့္အျမင့္ ၊ အတက္အက်အား မေတြ႔ၾကံဳရေသးသည့္ႏွယ္ ။
....................................................................
" အလကၤာ....''
" အမေလး...လန္႔တာဗ်ာ ေမေမကလည္း ''
အိမ္ထဲဝင္ရန္ၾကံကာရိွေသး....အိမ္ေ႐ွ႕တြင္ ခါးေထာက္ကာ ရပ္ေနသည့္ေမေမ့ေၾကာင့္ေျခလွမ္းမ်ား တန္႔သြားရသည္ ။
" ပထမဆံုးေန႔မွာ ဘာကိစၥ ခြန္းျမတ္ထြဋ္ကို လည္ပင္း
သြားညစ္တာလဲ....သတင္းေတြကိုေမႊးေနေရာပဲ
ေက်ာင္းေတာင္မတက္ရေသးဘူး နင့္သတင္းေတြက
အရင္
ေရာက္လာၿပီ မိဘမ်က္ႏွာကို အီးနဲ႔ပန္းတဲ့ကေလး ''
" မိဘမ်က္ႏွာကို အိုးမဲသုတ္တဲ့ကေလး ေလာက္ေတာ့
လုပ္ပါေမေမရာ ''
အလကၤာမွ စိတ္ပ်က္ပ်က္ျဖင့္ အမွားထားေပးလိုက္သည္ ။
" ဟဲ့...နင္က ငါ့မ်က္ႏွာကိုအိုးမဲနဲ႔သုတ္တာမွ မဟုတ္တာ ပထမဆံုးေန႔မွာ ျပသနာ႐ွာလို႔ အိမ္သာေဆး
ရတာေလ ေတြးၾကည့္လိုက္ရံုနဲ႔တင္ နံတယ္ ''
" ...... ''
အေနာက္မွ ခြန္းျမတ္ထြဋ္ကေတာ့ ပါးစပ္ႀကီးပိတ္ကာ
အသံမထြက္ေအာင္ ႀကိတ္ရယ္ေနသည္ ။
" အခုက...ဘယ္သြားမလို႔လဲ ''
" ေအာ္ ခြန္းျမတ္ထြဋ္ေပါ့...သားကမစားခ်င္ပါဘူးဆို
တာကို အတင္းပဲမုန္႔ေရပါးသြားစားရေအာင္ လုပ္ေန
လို႔ လိုက္သြားေပးရဦးမယ္ ''
" သြားမေနနဲ႔ေတာ့ ငါေျပာင္းဖူးျပဳတ္ထားတယ္ ''
" မရဘူး....''
ခြန္းျမတ္ထြဋ္မွ ေခါင္းညိမ့္ျပေနေသာ္လည္း အလကၤာမွ အိမ္ေပါက္ဝမွ ခုနစ္ခ်ီသံျဖင့္ကုန္းေအာ္သည္ ။
" မရဘူးတဲ့....ခြန္းျမတ္ထြဋ္ကေျပာတယ္ ဟုတ္တယ္မလား မုန္႔ေရပါးပဲစားခ်င္တာမလား ''
ေဘးမွ ဆိုင္ကယ္ေသာ့ေလးကိုင္ကာ ရပ္ေနေသာ
ခြန္းျမတ္ထြဋ္အား အလကၤာမွ မ်က္စိျဖင့္အၾကည့္မ်ား
ပစ္လႊတ္ကာ အသနားခံေနသည္ ။
" ရတယ္ အိမ္က ေျပာင္းဖူးျပဳတ္ပဲစားလိုက္ေတာ့မယ္ ကိုက္ုိ''
ဒီ....အလိုက္ကန္းဆိုးမသိတဲ့ ေတာသားကေတာ့
" ေကာင္းတယ္ ေကာင္းတယ္...သားခြန္းျမတ္ အိမ္မွာပဲစားၾက အျပင္မွာဆို ပိုက္ဆံလည္းကုန္တယ္ အခ်ိန္လည္းကုန္တယ္ ကိုယ့္အိမ္မွာကိုယ္ ေအးေအးေဆးေဆးနဲ႔ ႀကိဳက္တာယူစားၾက ''
" ဟုတ္ ေမေမ ''
မင္းေမႀကီးကို ဟုတ္
" ကိုကို....ကြၽန္ေတာ့္ကို ေစာင့္ပါဦး ''
လြယ္အိတ္အား ဧည့္ခန္းစားပြဲေပၚတြင္ ပစ္ခ်ကာ အလကၤာတစ္ေယာက္ မီးဖိုထဲသို႔ အက်ီလက္ေခါက္ရင္း
ေျခေဆာင့္ခ်ကာ တဒုန္းဒုန္းႏွင့္ ဝင္သြားတာေၾကာင့္
အေနာက္မွ ခြန္းျမတ္ထြဋ္မွလည္း ေျပးလိုက္လာခဲ့သည္ ။
" မရဘူး လက္စားေခ်ျပမယ္...ဒီေျပာင္းဖူးေတြမကုန္မခ်င္း မထဘူးကြာ တစ္အိမ္လံုး ဘယ္သူမွမစားရဘူးမွတ္ အေခ်ာေလးအေၾကာင္းေကာင္းေကာင္း သိေစရမယ္ ''
ေျပာင္းဖူးအိုးအား လူေ႐ွ႕တြင္ခ်ကာ ပါးစပ္ထဲတြင္
ေနရာလြတ္မက်န္ေအာင္ ျပည့္သြားသည္အထိတစ္ကိုက္ၿပီး တစ္ကိုက္အတန္းလိုက္ စားေနေတာ့သည္ ။
ခြန္းျမတ္ထြဋ္လည္း တစ္ဖူးယူရန္လက္လွမ္းလိုက္ရာ
အလကၤာမွ လက္အားျဖတ္ကနဲ႐ိုက္ခ်လိုက္၍ ထိုင္သာ
ၾကည့္ေနရသည္ ။
" နည္းနည္းေလာက္...''
၂ ဖူးအကုန္ေရာက္ေသာအခါ စားစရာမရိွ ၊ စားပြဲေပၚမွ
ေရေႏြးၾကမ္းေလးတစ္ခြက္ ငွဲ႔ေသာက္ေနေသာခြန္းျမတ္ထြဋ္ထံ အလကၤာမွ ေတာင္းေသာက္ေတာ့သည္ ။
" အသစ္ယူေသာက္ေလ ကိုကို ''
အလကၤာေသာက္ခ်င္ေနမွန္းသိ၍ ခြန္းျမတ္ထြဋ္မွစပ္ၿဖီးၿဖီးျဖင့္ စလိုက္သည္ ။
" နည္းနည္းတိုက္ပါဆို ''
အေႂကြး႐ွင္ေလသံျဖင့္ စားပြဲအားထုကာ ၿခိမ္းေျခာက္၍
ထပ္ေတာင္းလားသည္ ။
" အဲ့လို္မေတာင္းရဘူးဗ်ာ နည္းနည္းခ်ိဳခ်ိဳသာသာ
ေလးေျပာၾကည့္လား ''
" ေက်းဇူးျပဳ၍ ေဟာဒီက ေရေႏြးၾကမ္းေလးကို တစ္ငံု
ေလာက္ ေသာက္သံုးခြင့္ရမလားဗ် ''
" အဟမ္း...ေသာက္လိုက္ အစကတည္းက ကိုကို႔အတြက္ ငွဲ႔ထားတာ ''
" သိတယ္ ''
ေရေႏြးခြက္အား တစ္ႀကိဳက္တည္းေမာ့ကာ ခြန္းျမတ္ထြဋ္အား မၾကည့္ဘဲ ေျပာလာသည္ ။
" ဘယ္လို ဘယ္လို ကြၽန္ေတာ့္ကိုလည္း နည္းနည္းေလာက္႐ွင္းျပပါဦး ''
" တံုးလိုက္တာကြာ မင္းမွမေသာက္တာ ငါ့အတြက္ပဲေပါ့ ''
" ၿပီးေတာ့ ငါဆိုရင္လည္း အဲ့လ္ုိလုပ္ေပးထားမွာပဲ ''
လက္ေခ်ာင္းေလးမ်ားအား အၿငိမ္မထားဘဲတစ္ေခ်ာင္း
ႏွင့္ တစ္ေခ်ာင္းရစ္ပတ္ကာေဆာ့ကစားရင္း ဂနာမၿငိမ္
ေျပာေနေသာ အလကၤာ၏ပံုစံေၾကာင့္ အနည္းငယ္
႐ွက္စိတ္သန္းေနသည္ဆိုတာကို ခြန္းျမတ္ထြဋ္ သိလိုက္ေတာ့သည္ ။ သူ႔ေ႐ွ႕တြင္ေကာင္ေလး၏ ပံုစံအား
ႏွစ္ႏွစ္တာ၏ ေန႔ရက္တိုင္း ၊ နာရီတိုင္း အတူရိွခဲ့သည့္တိုင္ သူအခုထိေသခ်ာနားမလည္ႏိုင္ေသး...။ အပ်င္းႀကီးၿပီး ကေလးဆန္တဲ့ေကာင္ေလးလား ၊ မ်က္ႏွာ႐ွစ္ေခါက္ခ်ိဳးနဲ႔ စာေတာ္တဲ့ေက်ာင္းသားေလးလား ၊ ေပါက္ကရ
ေလးဆယ္ေျပာကာ မ်က္ႏွာေျပာင္တတ္တဲ့ေကာင္ေလးလား.....အင္း ဘယ္လိုပဲျဖစ္ေနပါေစ မေျပာင္းလဲ
သြားတာကေတာ့ အလကၤာလြန္းဆ္ုိတာ ကြၽန္ေတာ့္ရဲ႕
ျမတ္ႏိုးရာအျဖစ္တည္ရိွေနတဲ့ ျဖစ္တည္မႈနဲ႔ေကာင္ေလးတစ္ေယာက္ ။
➡➡➡➡➡➡➡➡➡➡➡➡➡➡➡➡➡➡➡➡➡➡
လိုအပ္ခ်က္ေတြအမ်ားႀကီးကို ျပန္လည္ Edit ရန္အတြက္ ေဝဖန္အၾကံျပဳခ်က္မ်ားကို Message Box ကေန
အခ်ိန္မေရြးေပးပို႔ထားႏိုင္ပါတယ္ ရီဒါေလးတို႔ေရ...
အကူအညိီေတာင္းပါရေစ 💟
Thanks For Reading
Love u all 💙
Unicode
စကားပင်မဆုံးသေး....ခွန်းမြတ်ထွဋ်မှ အလင်္ကာ၏ မျက်နှာအနီးသို့ကပ်ကာ နှုတ်ခမ်းနှစ်စုံအားထိသည်ဆိုရုံ
လေး ထပ်တူကျစေလိုက်တော့သည် ။ ပြီးလျှင်သူမဟုတ်သည့်အတိုင်းပင် ပြုံးစစမျက်နှာပေးနှင့် လက်နှစ်ဖက်အားနောက်ပစ်လျက်ပင် ဟိုကြည့်ဒီကြည့် လုပ်နေ
သေးသည် ။ အလင်္ကာသည်လည်း ခန္တီပါရမီနှင့်ပြည့်စုံ
သူပီပီ...
" ခွန်း....မြတ်....ထွဋ် ''
အသံနက်ကြီးနှင့်ကုန်းအော်ကာ ခြေဖျားထောက်၍
လည်ပင်းထညစ်တော့သည် ။ ကျောင်းဝင်းအလည်တည့်တည့်တွင် ဝင်ဆွဲသောဆရာ ၊ ဆရာမများ ၊ကျောင်းသားများနှင့် ဆူညံစည်ကားသွားတော့သည် ။ သစ်ပင်
နောက်ကွယ်မှ ချောင်းကြည့်နေသည့်စိုင်းဇေယျာခမ်းက
လည်း အနောက်မှသော်တာမြူ အားလှည့်ကာသတင်း
ပို့နေသေးသည် ။
" တောသားလေးနှစ်ယောက်တော့ အချစ်စမ်းနေကြပြီ
မြူ လေးရေ ''
.....................................................................
" ကိုကို ဘာလို့ကျွန်တော့်ကို လည်ပင်းထညစ်တာလဲ''
" ဘာလို့ ကျောင်းဝင်းအလည်တည့်တည့်ကြီးမှာ ဖင်
လာယားသေးလဲ ''
" အဲ့တာဆို ဘာလို့ကိုကိုက ချစ်စရာကောင်းနေသေး
လဲ ''
" ......''
ပထမဆုံးကျောင်းချိန်မစခင်ပင် ကျောင်းဝင်အလည်တွင် ရန်ဖြစ်ကြသည်ဆိုသည့် အချက်နှင့် ကျောင်းအိမ်သာများအား နှစ်ယောက်သား ဒိုင်ခံဆေးနေရသည် ။ ရန်ဖြစ်သည်ဆိုသည်ထက် ခွန်းမြတ်ထွဋ်ဘက်မှဆိုလျှင် ခုခံသည်က ပိုမှန်မည် ။ အလင်္ကာမှ လည်ပင်းထညစ်သောအချိန်တွင် ခွန်းမြတ်ထွဋ်မှ လက်လေးအားကိုင်ရုံသာတားနေသည်ရှိသေး
ကျောင်းအုပ်ကြီးမှရောက်လာကာ ရန်ဖြစ်နေကြသည်ဟု သတ်မှတ်လိုက်ခြင်းဖြစ်သည် ။
" မင်းကြောင့်ပဲ...အမှန်ဆို အခုချိန်ငါအေးဆေးလေး
စာသင်နေရမှာ စာတွေလွတ်ကုန်ရင်တော့ သေပြီ
သာမှတ် ''
ကြွေခွက်များအား ဘရက်ဖြင့်အားပါပါတိုက်နေရင်း
အလင်္ကာမှ မကျေမချမ်းပြောနေသည် ။
" ပထမဆုံးနေ့ပဲဟာ...ဘာစာမှ မလွတ်လောက်ပါဘူး
ဗျာ လွတ်ရင်လည်း ကျွန်တော် Note တွေလိုက်ငှါးပေး
မယ် ကိုကိုဘာမှစိတ်မပူနဲ့ ''
မျက်နှာပိုးမသေနိုင်သော ခွန်းမြတ်ထွဋ်မှလည်း ရေပုံး
အားကိုင်လျက် အလင်္ကာစိတ်တော်မညှိုးစေရန် အသည်းအသန်ကြိုးစားနေရှာသည် ။
" ဘယ်သူက ဘာပြောနေလို့လဲ ''
" ဟားဟား...ဟုတ်ပါတယ် အဲ့တာဆို ဒါပြီးရင်ကျွန်တော်တို့ လယ်ဦးမှာ မုန့်ရေပြားသွားစားကြမလား ''
" အိမ်သာဆေးပြီးပြီးချင်းကြီးကို မစားဘူးလို့ ထင်လား
ဟီးဟီး မင်းကျွေးမှာမလား ''
" ဒါပေါ့....ဒီနေ့ညနေအတွက်တော့ ကျွန်တော်က
ကိုကို့ရဲ့ သကြားဒက်ဒီပဲ ''
" တောသားလေးကတော့ ပိုက်ဆံမရှိဘဲ ဖင်ယားပြန်
ပြီကွာ ''
မကြာမီပင် သန့်စင်ခန်းလေးအတွင်းတွင် ရယ်မောသံ
များနှင့် ဆူညံသွားတော့သည် ။ တစ်ယောက်နှင့်
တစ်ယောက်စနောက်ကျီစယ်ကာ အချစ်စမ်းနေကြ
သော
ကောင်လေးနှစ်ယောက်သည် လောကဓံ၏အနိမ့်အမြင့် ၊ အတက်အကျအား မတွေ့ကြုံရသေးသည့်နှယ် ။
....................................................................
" အလင်္ကာ....''
" အမလေး...လန့်တာဗျာ မေမေကလည်း ''
အိမ်ထဲဝင်ရန်ကြံကာရှိသေး....အိမ်ရှေ့တွင် ခါးထောက်ကာ ရပ်နေသည့်မေမေ့ကြောင့်ခြေလှမ်းများ တန့်သွားရသည် ။
" ပထမဆုံးနေ့မှာ ဘာကိစ္စ ခွန်းမြတ်ထွဋ်ကို လည်ပင်း
သွားညစ်တာလဲ....သတင်းတွေကိုမွှေးနေရောပဲ
ကျောင်းတောင်မတက်ရသေးဘူး နင့်သတင်းတွေက
အရင်
ရောက်လာပြီ မိဘမျက်နှာကို အီးနဲ့ပန်းတဲ့ကလေး ''
" မိဘမျက်နှာကို အိုးမဲသုတ်တဲ့ကလေး လောက်တော့
လုပ်ပါမေမေရာ ''
အလင်္ကာမှ စိတ်ပျက်ပျက်ဖြင့် အမှားထားပေးလိုက်သည် ။
" ဟဲ့...နင်က ငါ့မျက်နှာကိုအိုးမဲနဲ့သုတ်တာမှ မဟုတ်တာ ပထမဆုံးနေ့မှာ ပြသနာရှာလို့ အိမ်သာဆေး
ရတာလေ တွေးကြည့်လိုက်ရုံနဲ့တင် နံတယ် ''
" ...... ''
အနောက်မှ ခွန်းမြတ်ထွဋ်ကတော့ ပါးစပ်ကြီးပိတ်ကာ
အသံမထွက်အောင် ကြိတ်ရယ်နေသည် ။
" အခုက...ဘယ်သွားမလို့လဲ ''
" အော် ခွန်းမြတ်ထွဋ်ပေါ့...သားကမစားချင်ပါဘူးဆို
တာကို အတင်းပဲမုန့်ရေပါးသွားစားရအောင် လုပ်နေ
လို့ လိုက်သွားပေးရဦးမယ် ''
" သွားမနေနဲ့တော့ ငါပြောင်းဖူးပြုတ်ထားတယ် ''
" မရဘူး....''
ခွန်းမြတ်ထွဋ်မှ ခေါင်းညိမ့်ပြနေသော်လည်း အလင်္ကာမှ အိမ်ပေါက်ဝမှ ခုနစ်ချီသံဖြင့်ကုန်းအော်သည် ။
" မရဘူးတဲ့....ခွန်းမြတ်ထွဋ်ကပြောတယ် ဟုတ်တယ်မလား မုန့်ရေပါးပဲစားချင်တာမလား ''
ဘေးမှ ဆိုင်ကယ်သော့လေးကိုင်ကာ ရပ်နေသော
ခွန်းမြတ်ထွဋ်အား အလင်္ကာမှ မျက်စိဖြင့်အကြည့်များ
ပစ်လွှတ်ကာ အသနားခံနေသည် ။
" ရတယ် အိမ်က ပြောင်းဖူးပြုတ်ပဲစားလိုက်တော့မယ် ကိုကို''
ဒီ....အလိုက်ကန်းဆိုးမသိတဲ့ တောသားကတော့
" ကောင်းတယ် ကောင်းတယ်...သားခွန်းမြတ် အိမ်မှာပဲစားကြ အပြင်မှာဆို ပိုက်ဆံလည်းကုန်တယ် အချိန်လည်းကုန်တယ် ကိုယ့်အိမ်မှာကိုယ် အေးအေးဆေးဆေးနဲ့ ကြိုက်တာယူစားကြ ''
" ဟုတ် မေမေ ''
မင်းမေကြီးကို ဟုတ်
" ကိုကို....ကျွန်တော့်ကို စောင့်ပါဦး ''
လွယ်အိတ်အား ဧည့်ခန်းစားပွဲပေါ်တွင် ပစ်ချကာ အလင်္ကာတစ်ယောက် မီးဖိုထဲသို့ အကျီလက်ခေါက်ရင်း
ခြေဆောင့်ချကာ တဒုန်းဒုန်းနှင့် ဝင်သွားတာကြောင့်
အနောက်မှ ခွန်းမြတ်ထွဋ်မှလည်း ပြေးလိုက်လာခဲ့သည် ။
" မရဘူး လက်စားချေပြမယ်...ဒီပြောင်းဖူးတွေမကုန်မချင်း မထဘူးကွာ တစ်အိမ်လုံး ဘယ်သူမှမစားရဘူးမှတ် အချောလေးအကြောင်းကောင်းကောင်း သိစေရမယ် ''
ပြောင်းဖူးအိုးအား လူရှေ့တွင်ချကာ ပါးစပ်ထဲတွင်
နေရာလွတ်မကျန်အောင် ပြည့်သွားသည်အထိတစ်ကိုက်ပြီး တစ်ကိုက်အတန်းလိုက် စားနေတော့သည် ။
ခွန်းမြတ်ထွဋ်လည်း တစ်ဖူးယူရန်လက်လှမ်းလိုက်ရာ
အလင်္ကာမှ လက်အားဖြတ်ကနဲရိုက်ချလိုက်၍ ထိုင်သာ
ကြည့်နေရသည် ။
" နည်းနည်းလောက်...''
၂ ဖူးအကုန်ရောက်သောအခါ စားစရာမရှိ ၊ စားပွဲပေါ်မှ
ရေနွေးကြမ်းလေးတစ်ခွက် ငှဲ့သောက်နေသောခွန်းမြတ်ထွဋ်ထံ အလင်္ကာမှ တောင်းသောက်တော့သည် ။
" အသစ်ယူသောက်လေ ကိုကို ''
အလင်္ကာသောက်ချင်နေမှန်းသိ၍ ခွန်းမြတ်ထွဋ်မှစပ်ဖြီးဖြီးဖြင့် စလိုက်သည် ။
" နည်းနည်းတိုက်ပါဆို ''
အကြွေးရှင်လေသံဖြင့် စားပွဲအားထုကာ ခြိမ်းခြောက်၍
ထပ်တောင်းလားသည် ။
" အဲ့လိုမတောင်းရဘူးဗျာ နည်းနည်းချိုချိုသာသာ
လေးပြောကြည့်လား ''
" ကျေးဇူးပြု၍ ဟောဒီက ရေနွေးကြမ်းလေးကို တစ်ငုံ
လောက် သောက်သုံးခွင့်ရမလားဗျ ''
" အဟမ်း...သောက်လိုက် အစကတည်းက ကိုကို့အတွက် ငှဲ့ထားတာ ''
" သိတယ် ''
ရေနွေးခွက်အား တစ်ကြိုက်တည်းမော့ကာ ခွန်းမြတ်ထွဋ်အား မကြည့်ဘဲ ပြောလာသည် ။
" ဘယ်လို ဘယ်လို ကျွန်တော့်ကိုလည်း နည်းနည်းလောက်ရှင်းပြပါဦး ''
" တုံးလိုက်တာကွာ မင်းမှမသောက်တာ ငါ့အတွက်ပဲပေါ့ ''
" ပြီးတော့ ငါဆိုရင်လည်း အဲ့လိုလုပ်ပေးထားမှာပဲ ''
လက်ချောင်းလေးများအား အငြိမ်မထားဘဲတစ်ချောင်း
နှင့် တစ်ချောင်းရစ်ပတ်ကာဆော့ကစားရင်း ဂနာမငြိမ်
ပြောနေသော အလင်္ကာ၏ပုံစံကြောင့် အနည်းငယ်
ရှက်စိတ်သန်းနေသည်ဆိုတာကို ခွန်းမြတ်ထွဋ် သိလိုက်တော့သည် ။ သူ့ရှေ့တွင်ကောင်လေး၏ ပုံစံအား
နှစ်နှစ်တာ၏ နေ့ရက်တိုင်း ၊ နာရီတိုင်း အတူရှိခဲ့သည့်တိုင် သူအခုထိသေချာနားမလည်နိုင်သေး...။ အပျင်းကြီးပြီး ကလေးဆန်တဲ့ကောင်လေးလား ၊ မျက်နှာရှစ်ခေါက်ချိုးနဲ့ စာတော်တဲ့ကျောင်းသားလေးလား ၊ ပေါက်ကရ
လေးဆယ်ပြောကာ မျက်နှာပြောင်တတ်တဲ့ကောင်လေးလား.....အင်း ဘယ်လိုပဲဖြစ်နေပါစေ မပြောင်းလဲ
သွားတာကတော့ အလင်္ကာလွန်းဆိုတာ ကျွန်တော့်ရဲ့
မြတ်နိုးရာအဖြစ်တည်ရှိနေတဲ့ ဖြစ်တည်မှုနဲ့ကောင်လေးတစ်ယောက် ။
➡➡➡➡➡➡➡➡➡➡➡➡➡➡➡➡➡➡➡➡➡➡
လိုအပ်ချက်တွေအများကြီးကို ပြန်လည် Edit ရန်အတွက် ဝေဖန်အကြံပြုချက်များကို Message Box ကနေ
အချိန်မရွေးပေးပို့ထားနိုင်ပါတယ် ရီဒါလေးတို့ရေ...
အကူအညီတောင်းပါရစေ 💟
Thanks For Reading
Love u all 💙