"အဓိကက မင္းေကာင္မေလးရဖို႔"
"No"
"Why?"
"ဘဝမွာအေရးႀကီးဆံုးကမိဘပဲ"
"ဟား"
သၾကၤန္ပိတ္ရက္အတြက္ အထုပ္အပိုးေတြျပင္ရင္း
စြမ္းညီေပါက္ေပါက္ေဖာက္သမ်ွ ခံေနရေသာ
လင္းသူရိန္ပါပင္။
"ေခြးေကာင္ မင္းငါ့အားမက်ဘူးလား"
လင္းသူရိန္ျပံဳးလိုက္ၿပီးမွ
"ေနပါေစကြာ တစ္ေယာက္ထဲလည္း
အဆင္ေျပတာပဲ"
"ေအး သမိုင္းဝင္အက္ဖ္ေအျဖစ္ေအာင္
ႀကိဳးစားေနလိုက္ေတာ့"
"မင္းသာ ေကာင္မေလးနဲ႔အဆင္ေျပေအာင္ေနစမ္း
ပါကြာ"
"ငါ့ေကာင္မေလးကလိမၼာတယ္ကြ"
"ေအးေအး"
Third year ထိေရာက္လာေပမဲ့ လင္းသူရိန္က
အေနေအးသေလာက္ စြမ္းညီကေတာ့ေစာ္ၾကည္ဘဲ
ျဖစ္ခဲ့သည္။
ဒါေၾကာင့္လည္း king ကေရခဲတံုးႀကီးဆိုၿပီး
တစ္ေက်ာင္းလံုးသမုတ္ခဲ့ၾကတာပင္။
ဖုန္းျမည္လာေသာေၾကာင့္ အထုပ္ေတြေနရာတက်
ထားရင္း စားပဲြဆီေလ်ွာက္သြားလိုက္သည္။
"ဟယ္လို ဟုတ္ေမေမေျပာ"
".........."
"သန္ဖက္ခါလာမွာ အင္း"
"........."
"ဟုတ္ကဲ့ ေမေမ"
"........"
"ဟုတ္ဟုတ္"
ဒီအရြယ္ထိေရာက္ေနေပမဲ့ ေမေမ့အျမင္မွာ
ကိုယ္က ကေလးလိုပါပင္။လမ္းခရီးအတြက္
စိုးရိမ္ေပး ပူပန္ေပးနဲ႔ မသိနားမလည္တဲ့ကေလး
လည္းမဟုတ္။ညီသာဆို ဘယ္ေလာက္ဂ႐ုစိုက္ခံ
ရမည္မသိ။
"တကယ္ဆို မင္းမွာညမတစ္ေယာက္ရိွသင့္တာ"
"မင္းဖြန္ေၾကာင္ဖို႔အတြက္လား"
"မဟုတ္ပါဘူးကြာ"
"မင္းအေၾကာင္းငါသိပါတယ္"
"သိလည္းၿပီးေရာ ဒါနဲ႔ဟ္ိုေရာက္ရင္ဖုန္းေလးဘာေလး
ဆက္ဦး ငါ့ကိုပစ္မထားနဲ႔"
"မင္းလား ငါ့ကိုသတိရမွာ ေကာင္မေလးနဲ႔ပဲအီစီကလီေနလိုက္"
"တစ္ကန္႔စီပါကြာ ဘာလဲ မင္းကၿငိဳျငင္တာလား"
"႐ုပ္ၾကမ္းႀကီးနဲ႔ နဲြ႔မေနပါနဲ႔"
"ေခြးေကာင္"
စြမ္းညီက ေခါင္းအံုးနဲ႔ပစ္ေပါက္လိုက္ေသာေၾကာင့္
လင္းသူရိန္လွမ္းဖမ္းကာ ရယ္ေနလိုက္သည္။
**********
"သားငယ္ မၿပီးေသးဘူးလား"
"ဟုတ္ လာၿပီေမေမ"
ဒီေန႔ကိုႀကီးျပန္ေရာက္မွာမို႔ သြားႀကိဳဖို႔ျပင္ေနတာပင္။
ကိုႀကီးက ကေလးလည္းမဟုတ္ဘဲ ဘယ္လိုေတာင္
စိတ္ပူေနတာလည္းမသိ။
သူတို႔သားအမိႏွစ္ေယာက္ ေျခက်င္သာသြားျဖစ္ၾကသည္။
ေမေမလည္းအိမ္မွာပဲအေနမ်ားေတာ့ လႈပ္လႈပ္႐ွား႐ွား
ေလးျဖစ္သြားေအာင္ပါ။ ေဖေဖကေတာ့ထံုးစံအတိုင္း
ရံုးမွာပင္။
ကားမဝင္ေသးတာမို႔ ခံုတန္းေလးေတြမွာထိုင္ရင္း
ေစာင့္ျဖစ္သည္။ပါတိတ္နီညိဳေရာင္ဝမ္းဆက္ႏွင့္
ေဒၚရတီမွာ သားႏွစ္ေယာက္ေမေမႏွင့္မတူဘဲ
အပ်ိဳကေလးတစ္ေယာက္ႏွယ္ လွေသြးႂကြယ္ေနသည္။
ပါးျပင္ဆီမွ ခ်ိဳင့္ခြက္ငယ္ေလးကို သားႏွစ္ေယာက္ထံသို႔
လည္းအေမြေပးထားပါေသးသည္။
"ဟိုမွာ ကိုႀကီးလာၿပီ"
ကားေပၚမွဆင္းကာ သူတို႔ရိွရာသို႔ေလ်ွာက္လာေသာ
လင္းသူရိန္ေၾကာင့္ ႏွစ္ေယာက္သားခံုတန္းေလးဆီမွ
ထလိုက္ၾကသည္။
လင္းသူရိန္က ေဒၚရတီ့ကိုခပ္ဖြဖြဖက္ကာ ခ်ဲြေနေလ
ေတာ့သည္။႐ွင္းဆက္ကေလး ႏွာေကာက္ပါၿပီ။
ႏႈတ္ခမ္းေလးဆူကာ အလြမ္းသယ္ေနေသာ
ႏွစ္ေယာက္ကိုၾကည့္ရင္း
"ကဲ ဒီေန႔ဖက္လို႔ ၿပီးဦးမွာလား"
လင္းသူရိန္ကေဒၚရတ့ီပခံုးကိုဖက္ထားရင္းမွ
ႏွာေခါင္းေလးကိုတစ္ခ်က္ပြတ္ၿပီး ျပံဳးလိုက္ကာ
"ဒီအနီးအနားမွာ မနာလိုတဲ့အေငြ႔အသက္ေတြ
ရေနသလိုပဲ ေမေမ"
"ဟုတ္တယ္ ဟုတ္တယ္"
ေဒၚရတီကလည္းမခ်ိဳမခ်ဥ္ျပံဳးရင္း သားျဖစ္သူ
စကားကိုေထာက္ခံသည္။႐ွင္းဆက္မ်က္ႏွာပိုၿပီး
စူပုပ္ပုပ္ကေလးျဖစ္သြားရကာ
"သား အရင္သြားေတာ့မယ္ ေနာက္ကလိုက္လာ
ၾကေတာ့ဗ်ာ"
အနားမွထြက္သြားေသာ ႐ွင္းဆက္ကိုၾကည့္ၿပီး
"ေမေမ့သားငယ္ကေတာ့ဗ်ာ ခုထိကေလးစိတ္
မေပ်ာက္ေသးဘူး"
"ကေလးပဲကို သားႀကီးရဲ႕ ဘာလဲ သားကေတာ့
လူႀကီးစိတ္ေပါက္ေနၿပီေပါ့ ဟုတ္သလား"
"အာ မဟုတ္ပါဘူး သားလည္းကေလးပဲ"
"ဟြန္းေနာ္ ေမေမ့သားကလူႀကီးလုပ္ခ်င္ေနၿပီ
ထင္တယ္"
"ကေလးပါဆို"
ရယ္ရယ္ေမာေမာႏွင့္ပင္ အိမ္သို႔ျပန္လာခဲ့ၾကသည္။
အိမ္ေရာက္ေတာ့ ႐ွင္းဆက္ကဧည့္ခန္းထဲငုတ္လို႔
ထိုင္ေနသည္။ မ်က္ႏွာစူပုပ္ပုပ္ႏွင့္ TV
ၾကည့္ေနရင္းလိုင္းေတြတစ္ခု
ၿပီးတစ္ခုေျပာင္းကာ စိတ္တိုင္းမက်ျဖစ္ေနသည္ထင္။
ပါးစပ္ကလည္းပြစိပြစိႏွင့္။
"သားႀကီး ေရမိုးခ်ိဳးလိုက္ဦး"
"ဟုတ္ကဲ့"
"အန္တီေရ ႐ွင္းဆက္ရိွလား"
လဝန္းငယ္တို႔ေမာင္ႏွမရယ္ ျမတ္လဲ့လဲ့ခ်ိဳေရာ
ထက္ျမက္စိုးတို႔ပါေရာက္လာၾကသည္။
"လူစံုတက္စံုပါလား ကေလးတို႔ ေဟာ ဟိုမွာ
သားငယ္ရယ္ စိတ္ေကာက္ေနေလရဲ႕"
ျပံဳးၿပီးေျပာလိုက္တဲ့ ႐ွင္းဆက္ေမေမေၾကာင့္
လဝန္းငယ္လည္း ျပံဳးစိစိျဖစ္သြားရကာ
"ဟဲ့ ေကာက္စိန္ေလး"
"မင္းစိတ္ေကာက္ေနတယ္ ဟုတ္စ"
ထက္ျမက္စိုးကပါဝင္ေျပာေတာ့
"ေကာက္စရာလား ဘယ္ကေကာက္ရမွာလဲ
ဘာကိစၥေကာက္ရမွာလဲ မင္းတို႔ကေကာ
ဘာလာလုပ္ၾကတာလဲ"
"သၾကၤန္အဖိတ္ေန႔ ေရသြားလႉၾကမလို႔
႐ွင္းဆက္ရ"
မိုးသားငယ္က ဝင္ေျပာလိုက္သည္။
ျမတ္လဲ့လဲ့ခ်ိဳက မ်က္လံုးေတာက္ေတာက္ႀကီးႏွင့္
"နင့္သူငယ္ခ်င္း ျမတ္မင္းမေဟာ္ပါေခၚေလ အဟီး"
"လဲ့လဲ့"
"႐ွန္"
အသံစူးစူးႀကီးနဲ႔ ေဆာင့္ေခၚခ်လိုက္တဲ့႐ွင္းဆက္ေၾကာင့္
ျမတ္လဲ့လဲ့ခ်ိဳဆီမွထူးသံလို အာေမဋိတ္သံလိုလိုထြက္သြား
ရသည္။
"နင္ကလည္း ဒါေလးေျပာတာကို"
လဝန္းငယ္က မၾကည္ၾကည့္နဲ႔ဝင္ေျပာျပန္သည္။
"နင္တို႔အေၾကာင္း မသိဘူးမွတ္ေနလား"
"ကဲပါ သြားဖို႔စီစဥ္ၾကမလို႔ မင္းလိုက္မွာမလား"
ထက္ျမက္စိုးအေမးေၾကာင့္
"ေမေမ သားေရလႉဖို႔လိုက္သြားလို႔ရလား"
"ေအး သားငယ္ သြားေလ"
"အိုေခ လိုက္မယ္"
ေမေမ့ခြင့္ျပဳခ်က္ရၿပီမို႔ သြားမည့္ေနရာ အခ်ိန္ တို႔ကို
တိုင္ပင္ၾကသည္။
"ဟယ္ နင့္ကိုႀကီးေရာက္ေနတာလား"
ေရခ်ိဳးၿပီး အေပၚထပ္မွဆင္းလာေသာကိုႀကီးကို
လဝန္းငယ္ကျမင္၍ေမးလိုက္ျခင္း။
"ေအး"
ညီ့သူငယ္ခ်င္းေတြတစုတေဝးႏွင့္ တစ္ခုခုသြားဖို႔
တိုင္ပင္ေနၾကသည္ထင္ပါရဲ႕။လင္းသူရိန္က
အနားသို႔ေလ်ွာက္လာကာ
"ဘယ္သြားၾကမလို႔လဲ"
"ေရသြားလႉၾကမလို႔ ကိုႀကီး"
"ကိုႀကီးပါလိုက္ခဲ့ေလ"
ဒီတစ္ခါ ျမတ္လဲ့လဲ့ခ်ိဳကပါဝင္ေျပာေလသည္။
မိုးသားငယ္နဲ႔ထက္ျမက္စိုးတို႔ကေတာ့ အေျခအေန
ကိုၾကည့္ေနသည္။ဘာပဲျဖစ္ျဖစ္ လူမ်ားေတာ့ပိုေပ်ာ္
ဖို႔ေကာင္းတာပဲေလ။
"အိုေခေလ"
လဝန္းငယ္ကသိသိသာသာကိုျပံဳးရႊင္သြားၿပီး
ျမတ္လဲ့လဲ့ခ်ိဳကိုပါျပံဳးစစႏွင့္ငဲ့ၾကည့္ေနေလသည္။
~~သၾကၤန္အဖိတ္ေန႔ မနက္~~
"ေဟာ ညီကျမန္ခ်က္ ေစာႏိုးေနတာလား"
မနက္စာဝိုင္းမွာထိုင္ကာcoffeeေသာက္ေနေသာ
႐ွင္းဆက္က ေခါင္းေလးညိတ္ကာ ျပံဳးလိုက္သည္။
"သားငယ္က သြားဖို႔လာဖို႔ဆို တက္ႂကြေနတာ
ေလ"
"ေဖႀကီးကလည္း သားကအျမဲတမ္းအရာရာမွာ
ဖ်တ္ဖ်တ္လတ္လတ္ပါေနာ္"
"အံမယ္ ဗ႐ုတ္သုတ္ခလုပ္မွာဆိုပိုတက္ႂကြတာေနာ္
႐ွင္ေလးက"
"ေမေမေနာ္ သားစိတ္ေကာက္ပလိုက္မွာ"
"ေကာက္ေတာ္မမူပါနဲ႔႐ွင္ ေခ်ာ့မႏိုင္လို႔ပါ"
ေမေမ့စကားေၾကာင့္ ေဖေဖေရာ ကိုႀကီးပါရယ္လိုက္
ၾကၿပီး ႐ွင္းဆက္လည္းျပံဳးခ်င္ခ်င္ျဖစ္သြားသည္။
အငယ္ဆိုေတာ့ နည္းနည္းဆိုးခ်င္ေသာ႐ွင္းဆက္
ရယ္ပါ။
**မေဟာ္စံအိမ္**
စံအိမ္ေတာ္ရ္ိွ အလုပ္သမားအားလံုး လႈပ္႐ွားတက္ႂကြ
ေနၾကသည္။မေဟာ္စံအိမ္ဧ။္ ဘိုးဘြားလက္ထက္
ကတည္းက ၾကည္ညိဳကိုးကြယ္ခဲ့ေသာ ဆရာေတာ္
ဘုရားဧ။္ေက်ာင္းတြင္ ဆြမ္းေကြၽးျခင္းအလႉျပဳလုပ္
မည့္ေန႔ရက္ျဖစ္ေသာေၾကာင့္ပါပင္။
"မိလံုးေရ"
"ဘုရား လာပါၿပီႀကီးႀကီး"
"ေမေမ့ကို သြားေခၚ"
"ဟုတ္ကဲ့ ႀကီးႀကီး"
မိလံုးအေပၚထပ္သို႔တက္လာေသာအခါ
ျမတ္မင္းမေဟာ္ႏွင့္ေတြ႕ေလသည္။
"အေမႀကီးကိုလာေခၚတာလား"
"ဟုတ္ကဲ့ အစ္ကိုေလး"
"ကြၽန္ေတာ္ေခၚလာခဲ့မယ္"
မိလံုးေခါင္းေလးငံု႔ကာ ေအာက္ျပန္ဆင္းသြား
ေတာ့မွ အခန္းတံခါးကိုအသာေခါက္လိုက္သည္။
"အေမႀကီး"
"ေအး ေျမး ဝင္ခဲ့ကြယ္"
အထဲဝင္ၿပီး အေမႀကီးကိုအသာတဲြယူကာ
ေအာက္ထပ္သို႔ဆင္းလာခဲ့သည္။
"ကဲ လူစံုၿပီဆိုေတာ့ စထြက္ၾကတာေပါ့"
ဦးသူရမေဟာ္ ေျပာလိုက္သည္ႏွင့္ အိမ္ေတာ္ေ႐ွ႕
အဆင္သင့္ရိွေနေသာ ကားေပၚတက္လိုက္ၾက
သည္။
မေဟာ္ေမာင္ႏွမက ေနာက္ခန္းမွာထိုင္ၾကၿပီး
လူႀကီးေတြကေ႐ွ႕ခန္းမွာထိုင္ၾကေလသည္။
"ကိုကို ညမေလးလွလား"
ေစာသီရိမေဟာ္သည္ ငယ္စဥ္ကခ်စ္စရာေကာင္း
သလို အပ်ိဳျဖန္းကေလးျဖစ္လာခ်ိန္တြင္လည္း
ပိုးဥကေလးလို ျဖဴစင္ဝင္းမြတ္ကာလွပေလသည္။
ပန္းႏုေရာင္အက်ီၤမွာ ပြင့္ခ်ိတ္ေလးေတြႏွင့္ထဘီကို
ယဥ္ယဥ္ကေလးဝတ္ထားေသာေၾကာင့္အလွေပၚ
အယဥ္ဆင့္ကာ လွခ်င္တိုင္းလွေနေတာ့သည္။
ျမတ္မင္းမေဟာ္က ညမျဖစ္သူကိုတစ္ခ်က္ငဲ့
ၾကည့္ကာ ေခါင္းညိတ္ျပၿပီး
"လွတာေပါ့ ကိုကို႔ညမေလးက"
"အဟိ"
ေက်ေက်နပ္နပ္ႏွင့္ျပံဳးရယ္လိုက္ေသာအခါ
မွိတ္က်သြားသည့္မ်က္ဝန္းေတြကိုယွက္ျဖာ
ဖံုးကြယ္လိုက္တဲ့ မ်က္ေတာင္႐ွည္ ေကာ့ေကာ့
ႀကီးေတြေၾကာင့္ မ်က္ႏွာႏုနယ္နယ္ေလးဟာ
ျပစ္ခ်က္မရိွေအာင္ ျပည့္စံုေနျပန္ေလသည္။
မေဟာ္စံအိမ္ေတာ္မွ ကားႀကီးသည္ဘုန္းေတာ္ႀကီး
ေက်ာင္းရိွရာသို႔ဦးတည္လ်က္သြားေနေလသည္။
ဘာလိုလိုႏွင့္ မနက္ျဖန္တြင္သၾကၤန္က်ေရာက္မည္
ျဖစ္ၿပီး ႏွစ္ေဟာင္းကိုႏႈတ္ဆက္ကာ ႏွစ္သစ္ကို
ႀကိဳရျပန္ဦးမည္။လူေတြကေရာႏွစ္ေဟာင္းမွအညစ္
အေၾကးမ်ားကို စြန္႔ပယ္ၿပီး ႏွစ္သစ္ကိုေကာင္းမြန္စြာ
ႀကိဳဆိုႏိုင္ၾကမည္လား....။
To be continued....
ဒီေနရာမွာ သီရိမေဟာ္ရဲ႕အမည္ေ႐ွ႕ "ေစာ"ထည့္
ေခၚတာျမင္ပါလိမ့္မယ္။ၿပီးေတာ့ "ေစာသိဂီၤ"
သူမနာမည္က "သိဂီၤ" ပါ။ ရခိုင္အမ်ိဳးသမီးေတြရဲ႕
နာမည္ေ႐ွ႕ "ေစာ" ထည့္ေခၚရမယ္လို႔ သိမွတ္ခဲ့ဖူး
တာေၾကာင့္ ထည့္ေရးသားရျခင္းျဖစ္ပါတယ္။
အမွားတစ္စံုတစ္ရာရိွရင္ ေဝဖန္ေထာက္ျပေပးႏိုင္
ပါတယ္။ ဖတ္ေပးတဲ့ တစ္ဦးတစ္ေယာက္ခ်င္းစီ
တိုင္းကို ေက်းဇူးတင္ပါတယ္႐ွင့္။
>>>>>>Unicode<<<<<<
"အဓိကက မင်းကောင်မလေးရဖို့"
"No"
"Why?"
"ဘဝမှာအရေးကြီးဆုံးကမိဘပဲ"
"ဟား"
သင်္ကြန်ပိတ်ရက်အတွက် အထုပ်အပိုးတွေပြင်ရင်း
စွမ်းညီပေါက်ပေါက်ဖောက်သမျှ ခံနေရသော
လင်းသူရိန်ပါပင်။
"ခွေးကောင် မင်းငါ့အားမကျဘူးလား"
လင်းသူရိန်ပြုံးလိုက်ပြီးမှ
"နေပါစေကွာ တစ်ယောက်ထဲလည်း
အဆင်ပြေတာပဲ"
"အေး သမိုင်းဝင်အက်ဖ်အေဖြစ်အောင်
ကြိုးစားနေလိုက်တော့"
"မင်းသာ ကောင်မလေးနဲ့အဆင်ပြေအောင်နေစမ်း
ပါကွာ"
"ငါ့ကောင်မလေးကလိမ္မာတယ်ကွ"
"အေးအေး"
Third year ထိရောက်လာပေမဲ့ လင်းသူရိန်က
အနေအေးသလောက် စွမ်းညီကတော့စော်ကြည်ဘဲ
ဖြစ်ခဲ့သည်။
ဒါကြောင့်လည်း king ကရေခဲတုံးကြီးဆိုပြီး
တစ်ကျောင်းလုံးသမုတ်ခဲ့ကြတာပင်။
ဖုန်းမြည်လာသောကြောင့် အထုပ်တွေနေရာတကျ
ထားရင်း စားပွဲဆီလျေှာက်သွားလိုက်သည်။
"ဟယ်လို ဟုတ်မေမေပြော"
".........."
"သန်ဖက်ခါလာမှာ အင်း"
"........."
"ဟုတ်ကဲ့ မေမေ"
"........"
"ဟုတ်ဟုတ်"
ဒီအရွယ်ထိရောက်နေပေမဲ့ မေမေ့အမြင်မှာ
ကိုယ်က ကလေးလိုပါပင်။လမ်းခရီးအတွက်
စိုးရိမ်ပေး ပူပန်ပေးနဲ့ မသိနားမလည်တဲ့ကလေး
လည်းမဟုတ်။ညီသာဆို ဘယ်လောက်ဂရုစိုက်ခံ
ရမည်မသိ။
"တကယ်ဆို မင်းမှာညမတစ်ယောက်ရိှသင့်တာ"
"မင်းဖွန်ကြောင်ဖို့အတွက်လား"
"မဟုတ်ပါဘူးကွာ"
"မင်းအကြောင်းငါသိပါတယ်"
"သိလည်းပြီးရော ဒါနဲ့ဟ်ိုရောက်ရင်ဖုန်းလေးဘာလေး
ဆက်ဦး ငါ့ကိုပစ်မထားနဲ့"
"မင်းလား ငါ့ကိုသတိရမှာ ကောင်မလေးနဲ့ပဲအီစီကလီနေလိုက်"
"တစ်ကန့်စီပါကွာ ဘာလဲ မင်းကငြိုငြင်တာလား"
"ရုပ်ကြမ်းကြီးနဲ့ နွဲ့မနေပါနဲ့"
"ခွေးကောင်"
စွမ်းညီက ခေါင်းအုံးနဲ့ပစ်ပေါက်လိုက်သောကြောင့်
လင်းသူရိန်လှမ်းဖမ်းကာ ရယ်နေလိုက်သည်။
**********
"သားငယ် မပြီးသေးဘူးလား"
"ဟုတ် လာပြီမေမေ"
ဒီနေ့ကိုကြီးပြန်ရောက်မှာမို့ သွားကြိုဖို့ပြင်နေတာပင်။
ကိုကြီးက ကလေးလည်းမဟုတ်ဘဲ ဘယ်လိုတောင်
စိတ်ပူနေတာလည်းမသိ။
သူတို့သားအမိနှစ်ယောက် ခြေကျင်သာသွားဖြစ်ကြသည်။
မေမေလည်းအိမ်မှာပဲအနေများတော့ လွုပ်လွုပ်ရှားရှား
လေးဖြစ်သွားအောင်ပါ။ ဖေဖေကတော့ထုံးစံအတိုင်း
ရုံးမှာပင်။
ကားမဝင်သေးတာမို့ ခုံတန်းလေးတွေမှာထိုင်ရင်း
စောင့်ဖြစ်သည်။ပါတိတ်နီညိုရောင်ဝမ်းဆက်နှင့်
ဒေါ်ရတီမှာ သားနှစ်ယောက်မေမေနှင့်မတူဘဲ
အပျိုကလေးတစ်ယောက်နှယ် လှသွေးကြွယ်နေသည်။
ပါးပြင်ဆီမှ ချိုင့်ခွက်ငယ်လေးကို သားနှစ်ယောက်ထံသို့
လည်းအမွေပေးထားပါသေးသည်။
"ဟိုမှာ ကိုကြီးလာပြီ"
ကားပေါ်မှဆင်းကာ သူတို့ရိှရာသို့လျေှာက်လာသော
လင်းသူရိန်ကြောင့် နှစ်ယောက်သားခုံတန်းလေးဆီမှ
ထလိုက်ကြသည်။
လင်းသူရိန်က ဒေါ်ရတီ့ကိုခပ်ဖွဖွဖက်ကာ ချဲွနေလေ
တော့သည်။ရှင်းဆက်ကလေး နှာကောက်ပါပြီ။
နွုတ်ခမ်းလေးဆူကာ အလွမ်းသယ်နေသော
နှစ်ယောက်ကိုကြည့်ရင်း
"ကဲ ဒီနေ့ဖက်လို့ ပြီးဦးမှာလား"
လင်းသူရိန်ကဒေါ်ရတီ့ပခုံးကိုဖက်ထားရင်းမှ
နှာခေါင်းလေးကိုတစ်ချက်ပွတ်ပြီး ပြုံးလိုက်ကာ
"ဒီအနီးအနားမှာ မနာလိုတဲ့အငွေ့အသက်တွေ
ရနေသလိုပဲ မေမေ"
"ဟုတ်တယ် ဟုတ်တယ်"
ဒေါ်ရတီကလည်းမချိုမချဉ်ပြုံးရင်း သားဖြစ်သူ
စကားကိုထောက်ခံသည်။ရှင်းဆက်မျက်နှာပိုပြီး
စူပုပ်ပုပ်ကလေးဖြစ်သွားရကာ
"သား အရင်သွားတော့မယ် နောက်ကလိုက်လာ
ကြတော့ဗျာ"
အနားမှထွက်သွားသော ရှင်းဆက်ကိုကြည့်ပြီး
"မေမေ့သားငယ်ကတော့ဗျာ ခုထိကလေးစိတ်
မပျောက်သေးဘူး"
"ကလေးပဲကို သားကြီးရဲ့ ဘာလဲ သားကတော့
လူကြီးစိတ်ပေါက်နေပြီပေါ့ ဟုတ်သလား"
"အာ မဟုတ်ပါဘူး သားလည်းကလေးပဲ"
"ဟွန်းနော် မေမေ့သားကလူကြီးလုပ်ချင်နေပြီ
ထင်တယ်"
"ကလေးပါဆို"
ရယ်ရယ်မောမောနှင့်ပင် အိမ်သို့ပြန်လာခဲ့ကြသည်။
အိမ်ရောက်တော့ ရှင်းဆက်ကဧည့်ခန်းထဲငုတ်လို့
ထိုင်နေသည်။ မျက်နှာစူပုပ်ပုပ်နှင့် TV
ကြည့်နေရင်းလိုင်းတွေတစ်ခု
ပြီးတစ်ခုပြောင်းကာ စိတ်တိုင်းမကျဖြစ်နေသည်ထင်။
ပါးစပ်ကလည်းပွစိပွစိနှင့်။
"သားကြီး ရေမိုးချိုးလိုက်ဦး"
"ဟုတ်ကဲ့"
"အန်တီရေ ရှင်းဆက်ရိှလား"
လဝန်းငယ်တို့မောင်နှမရယ် မြတ်လဲ့လဲ့ချိုရော
ထက်မြက်စိုးတို့ပါရောက်လာကြသည်။
"လူစုံတက်စုံပါလား ကလေးတို့ ဟော ဟိုမှာ
သားငယ်ရယ် စိတ်ကောက်နေလေရဲ့"
ပြုံးပြီးပြောလိုက်တဲ့ ရှင်းဆက်မေမေကြောင့်
လဝန်းငယ်လည်း ပြုံးစိစိဖြစ်သွားရကာ
"ဟဲ့ ကောက်စိန်လေး"
"မင်းစိတ်ကောက်နေတယ် ဟုတ်စ"
ထက်မြက်စိုးကပါဝင်ပြောတော့
"ကောက်စရာလား ဘယ်ကကောက်ရမှာလဲ
ဘာကိစ္စကောက်ရမှာလဲ မင်းတို့ကကော
ဘာလာလုပ်ကြတာလဲ"
"သင်္ကြန်အဖိတ်နေ့ ရေသွားလွူကြမလို့
ရှင်းဆက်ရ"
မိုးသားငယ်က ဝင်ပြောလိုက်သည်။
မြတ်လဲ့လဲ့ချိုက မျက်လုံးတောက်တောက်ကြီးနှင့်
"နင့်သူငယ်ချင်း မြတ်မင်းမဟော်ပါခေါ်လေ အဟီး"
"လဲ့လဲ့"
"ရှန်"
အသံစူးစူးကြီးနဲ့ ဆောင့်ခေါ်ချလိုက်တဲ့ရှင်းဆက်ကြောင့်
မြတ်လဲ့လဲ့ချိုဆီမှထူးသံလို အာမေဋိတ်သံလိုလိုထွက်သွား
ရသည်။
"နင်ကလည်း ဒါလေးပြောတာကို"
လဝန်းငယ်က မကြည်ကြည့်နဲ့ဝင်ပြောပြန်သည်။
"နင်တို့အကြောင်း မသိဘူးမှတ်နေလား"
"ကဲပါ သွားဖို့စီစဉ်ကြမလို့ မင်းလိုက်မှာမလား"
ထက်မြက်စိုးအမေးကြောင့်
"မေမေ သားရေလွူဖို့လိုက်သွားလို့ရလား"
"အေး သားငယ် သွားလေ"
"အိုခေ လိုက်မယ်"
မေမေ့ခွင့်ပြုချက်ရပြီမို့ သွားမည့်နေရာ အချိန် တို့ကို
တိုင်ပင်ကြသည်။
"ဟယ် နင့်ကိုကြီးရောက်နေတာလား"
ရေချိုးပြီး အပေါ်ထပ်မှဆင်းလာသောကိုကြီးကို
လဝန်းငယ်ကမြင်၍မေးလိုက်ခြင်း။
"အေး"
ညီ့သူငယ်ချင်းတွေတစုတဝေးနှင့် တစ်ခုခုသွားဖို့
တိုင်ပင်နေကြသည်ထင်ပါရဲ့။လင်းသူရိန်က
အနားသို့လျေှာက်လာကာ
"ဘယ်သွားကြမလို့လဲ"
"ရေသွားလွူကြမလို့ ကိုကြီး"
"ကိုကြီးပါလိုက်ခဲ့လေ"
ဒီတစ်ခါ မြတ်လဲ့လဲ့ချိုကပါဝင်ပြောလေသည်။
မိုးသားငယ်နဲ့ထက်မြက်စိုးတို့ကတော့ အခြေအနေ
ကိုကြည့်နေသည်။ဘာပဲဖြစ်ဖြစ် လူများတော့ပိုပျော်
ဖို့ကောင်းတာပဲလေ။
"အိုခေလေ"
လဝန်းငယ်ကသိသိသာသာကိုပြုံးရွွင်သွားပြီး
မြတ်လဲ့လဲ့ချိုကိုပါပြုံးစစနှင့်ငဲ့ကြည့်နေလေသည်။
~~သင်္ကြန်အဖိတ်နေ့ မနက်~~
"ဟော ညီကမြန်ချက် စောနိုးနေတာလား"
မနက်စာဝိုင်းမှာထိုင်ကာcoffeeသောက်နေသော
ရှင်းဆက်က ခေါင်းလေးညိတ်ကာ ပြုံးလိုက်သည်။
"သားငယ်က သွားဖို့လာဖို့ဆို တက်ကြွနေတာ
လေ"
"ဖေကြီးကလည်း သားကအမြဲတမ်းအရာရာမှာ
ဖျတ်ဖျတ်လတ်လတ်ပါနော်"
"အံမယ် ဗရုတ်သုတ်ခလုပ်မှာဆိုပိုတက်ကြွတာနော်
ရှင်လေးက"
"မေမေနော် သားစိတ်ကောက်ပလိုက်မှာ"
"ကောက်တော်မမူပါနဲ့ရှင် ချော့မနိုင်လို့ပါ"
မေမေ့စကားကြောင့် ဖေဖေရော ကိုကြီးပါရယ်လိုက်
ကြပြီး ရှင်းဆက်လည်းပြုံးချင်ချင်ဖြစ်သွားသည်။
အငယ်ဆိုတော့ နည်းနည်းဆိုးချင်သောရှင်းဆက်
ရယ်ပါ။
**မဟော်စံအိမ်**
စံအိမ်တော်ရ်ိှ အလုပ်သမားအားလုံး လွုပ်ရှားတက်ကြွ
နေကြသည်။မဟော်စံအိမ်ဧ။် ဘိုးဘွားလက်ထက်
ကတည်းက ကြည်ညိုကိုးကွယ်ခဲ့သော ဆရာတော်
ဘုရားဧ။်ကျောင်းတွင် ဆွမ်းကျွေးခြင်းအလွူပြုလုပ်
မည့်နေ့ရက်ဖြစ်သောကြောင့်ပါပင်။
"မိလုံးရေ"
"ဘုရား လာပါပြီကြီးကြီး"
"မေမေ့ကို သွားခေါ်"
"ဟုတ်ကဲ့ ကြီးကြီး"
မိလုံးအပေါ်ထပ်သို့တက်လာသောအခါ
မြတ်မင်းမဟော်နှင့်တွေ့လေသည်။
"အမေကြီးကိုလာခေါ်တာလား"
"ဟုတ်ကဲ့ အစ်ကိုလေး"
"ကျွန်တော်ခေါ်လာခဲ့မယ်"
မိလုံးခေါင်းလေးငုံ့ကာ အောက်ပြန်ဆင်းသွား
တော့မှ အခန်းတံခါးကိုအသာခေါက်လိုက်သည်။
"အမေကြီး"
"အေး မြေး ဝင်ခဲ့ကွယ်"
အထဲဝင်ပြီး အမေကြီးကိုအသာတွဲယူကာ
အောက်ထပ်သို့ဆင်းလာခဲ့သည်။
"ကဲ လူစုံပြီဆိုတော့ စထွက်ကြတာပေါ့"
ဦးသူရမဟော် ပြောလိုက်သည်နှင့် အိမ်တော်ရေှ့
အဆင်သင့်ရိှနေသော ကားပေါ်တက်လိုက်ကြ
သည်။
မဟော်မောင်နှမက နောက်ခန်းမှာထိုင်ကြပြီး
လူကြီးတွေကရေှ့ခန်းမှာထိုင်ကြလေသည်။
"ကိုကို ညမလေးလှလား"
စောသီရိမဟော်သည် ငယ်စဉ်ကချစ်စရာကောင်း
သလို အပျိုဖြန်းကလေးဖြစ်လာချိန်တွင်လည်း
ပိုးဥကလေးလို ဖြူစင်ဝင်းမွတ်ကာလှပလေသည်။
ပန်းနုရောင်အကျီင်္မှာ ပွင့်ချိတ်လေးတွေနှင့်ထဘီကို
ယဉ်ယဉ်ကလေးဝတ်ထားသောကြောင့်အလှပေါ်
အယဉ်ဆင့်ကာ လှချင်တိုင်းလှနေတော့သည်။
မြတ်မင်းမဟော်က ညမဖြစ်သူကိုတစ်ချက်ငဲ့
ကြည့်ကာ ခေါင်းညိတ်ပြပြီး
"လှတာပေါ့ ကိုကို့ညမလေးက"
"အဟိ"
ကျေကျေနပ်နပ်နှင့်ပြုံးရယ်လိုက်သောအခါ
မှိတ်ကျသွားသည့်မျက်ဝန်းတွေကိုယှက်ဖြာ
ဖုံးကွယ်လိုက်တဲ့ မျက်တောင်ရှည် ကော့ကော့
ကြီးတွေကြောင့် မျက်နှာနုနယ်နယ်လေးဟာ
ပြစ်ချက်မရိှအောင် ပြည့်စုံနေပြန်လေသည်။
မဟော်စံအိမ်တော်မှ ကားကြီးသည်ဘုန်းတော်ကြီး
ကျောင်းရိှရာသို့ဦးတည်လျက်သွားနေလေသည်။
ဘာလိုလိုနှင့် မနက်ဖြန်တွင်သင်္ကြန်ကျရောက်မည်
ဖြစ်ပြီး နှစ်ဟောင်းကိုနွုတ်ဆက်ကာ နှစ်သစ်ကို
ကြိုရပြန်ဦးမည်။လူတွေကရောနှစ်ဟောင်းမှအညစ်
အကြေးများကို စွန့်ပယ်ပြီး နှစ်သစ်ကိုကောင်းမွန်စွာ
ကြိုဆိုနိုင်ကြမည်လား....။
To be continued....
ဒီနေရာမှာ သီရိမဟော်ရဲ့အမည်ရေှ့ "စော"ထည့်
ခေါ်တာမြင်ပါလိမ့်မယ်။ပြီးတော့ "စောသိဂီင်္"
သူမနာမည်က "သိဂီင်္" ပါ။ ရခိုင်အမျိုးသမီးတွေရဲ့
နာမည်ရေှ့ "စော" ထည့်ခေါ်ရမယ်လို့ သိမှတ်ခဲ့ဖူး
တာကြောင့် ထည့်ရေးသားရခြင်းဖြစ်ပါတယ်။
အမှားတစ်စုံတစ်ရာရိှရင် ဝေဖန်ထောက်ပြပေးနိုင်
ပါတယ်။ ဖတ်ပေးတဲ့ တစ်ဦးတစ်ယောက်ချင်းစီ
တိုင်းကို ကျေးဇူးတင်ပါတယ်ရှင့်။