ရှင်သန်ရာ မျှော်လင့်ရင်ခွင်ဆီ...
נכתב על ידי AnnaXiao105
423K 28.3K 1.1K
WangYiBo [&] XiaoZhan עוד
Intro
Part-1
Part-2
Part -3
Part-4
Part-6
Part-7
Part-8
Part-9
Part-10
Part-11
Part-12
Part-13
Part-14
Part-15
Part-16
Part-17
Part-18
Part-19
Part-20
Part-21
Part-22
Part-23
Part-24
Part-25
Part-26
Part-27
Part-28
Part-29
Part-30
Part-31(final)
Part-5
12.4K 1K 24
נכתב על ידי AnnaXiao105
Zawgyi
  "ဘယ်ထိလိုက်မှာလဲ"
  "အိမ်ထိလေ"
  "အိမ်ထိ ပို့ဖို့အားတယ်"
  "ဟွန်း....."
  "ဘာကြည့်တာလဲ"
  "လှလို့"
  "သွားပါ...ဘယ်တော့ပြန်ချစ်မှာလဲ မေးချင်လို့များ"
  "အံမယ်"
  "ကားနဲ့လေ"
  "ကားနဲ့လိုက်တာလဲ လိုက်တာတူတူပဲ"
  "ဘာဖြစ်သွားတာလဲ"
  "ဘာမှမဖြစ်ဘူး ဆက်မောင်း"
  "ကိုယ်က စိတ်ကောက်ရင် မချော့တတ်ဘူး တော်ကြာ မချော့တတ်တာကို ကြံဖန်စိတ်ကောက်နေမှာစိုးလို့"
  "မချော့တတ်ဘူးဆိုတာ ရှိလား၊ စိတ်ဆိုးနေလား မဆိုးပါနဲ့ကွာ ဆိုတာမျိုး၊ ငိုမနေပါနဲ့ ကိုယ်တောင်းပန်ပါတယ်၊ တိတ်ပါ ဆိုတာမျိုးရော ဒါလေးတောင် မပြောတတ်ဘူးလား၊ ဟွန်း...ငိုနေရင် တိတ်ပါလို့ပြောတတ်ရမှာပေါ့၊ ဝမ် စကားပြောတာ သိပ်မုန်းဖို့ကောင်းတာပဲ"
  "ဟုတ်လား အင်း...တူလာပြီ"
  "ဘာတူတာလဲ"
  "ဟိုတစ်ယောက်နဲ့"
  "ဘာ!....."
  "ကိုယ့်ညီမတစ်ယောက်နဲ့လေ၊ သူကတော့ အထက်တန်းနောက်ဆုံးနှစ်ကျောင်းသူပဲ ရှိသေးတာ၊ ယွီလင်းက ဆရာဝန်ဖြစ်နေပြီ၊ စိတ်မကောက်ရဘူး"
  "ပြန်မောင်း"
  "ဟုတ်ကဲ့"
  "မရွဲ့နဲ့"
  "ရွဲ့စရာလား"
  "ဝမ်"
  "ဟင်...ဒီမှာ နားထောင်နေတယ် ကြိုက်တာ ပြောလို့ရတယ် ခဏခဏ ခေါ်နေရတာ ပင်ပန်းမှာစိုးလို့ပါ"
  "အိမ်ကို ဝင်ရမယ်၊ မပြန်ရဘူး"
  "အမိန့်ပေးနေတာလား"
  "ဝမ်နော်"
  "ဝမ်"
  ယွီလင်း အလှကို သူသဘောကျသည်။ ဒါပေမယ့် ဆရာဝန်တစ်ယောက်ကို သဘောကျမိတာ မှားပြီဟု တွေးမိ၏။ သူ့မအတွက် အချစ်ဆိုတာ နုနုရွရွလေးဟု မြင်ပေါ်မပေါ်ဘဲ ဘဝအတွက် ဇယားဆွဲပြီးသားထဲမှာ အံဝင်ဂွင်ကျဖြစ်ဖို့သာ ရည်ရွယ်ပုံရှိသည်။
  "ဟင်..."
  "ပျင်းနေပြီလား ဝမ်"
  "ဟင်...ဪ...ရပါတယ်"
  "ဘာကိုလဲ ဝမ်"
  "ဪ...သူက သပ်သပ်"
  "ဟင်"
  "လွှတ်...လွှတ်"
  "ဘာလုပ်တာလဲ လွှတ်လေ"
  "ခဏလေး...မင်းက ဒီအိမ်မှာနေတာလား"
  "အင်း"
  သူ့လက်တွေကို တစ်ချောင်းချင်း ဖဲ့ထုတ်ပစ်တော့မလောက် ကောင်လေး ကြိုးစားနေသဖြင့် သူ ပို၍ ဖိဆုပ်ထားလိုက်ကာ.....
  "ကျန့်ကျန့် ဟုတ်လား"
  "နာမည်ပြော"
  "ရှောင်ကျန့်"
  "လှသားပဲ"
  "လွှတ်တော့"
  "ယွီလင်းနဲ့ ဘာတော်လဲ"
  "မောင်နှမ"
  "ဪ"
  "မရုန်းနဲ့ လွှတ်မယ်"
  "ကိုယ့်ကို ခင်လား"
  "ဟင်...ဟင့်အင်း"
  ကြောင်တောင်တောင်လေး ပြူးကြည့်ပြီး ကပျာကယာ ခေါင်းခါတော့ ရီပေါ် ပြုံးလိုက်သည်။
  "ဒီမှာပဲနေတာလား"
  သူ ရင်တွေ ပူနေပြီ.....
Ep-6
Coming Soon
ရှင်သန်ရာမျှော်လင့်ရင်ခွင်ဆီ Ep-5
Unicode
  "ဘယ်ထိလိုက်မှာလဲ"
  "အိမ်ထိလေ"
  "ဒါနဲ့ ဒီနေ့ မအားဘူးဆို"
  "အိမ္ထိ ပို့ဖို့အားတယ်"
  "ဟွန်း....."
  ရှောင်လင်းယွီက မျက်စောင်းလေးရွယ်ပြီး မထိုးဘဲ နှာလေးရှုံ့၏။ အလွန်ချစ်စရာကောင်းသည့် အမူအရာလေးပဲ ဖြစ်သည်။ ဆရာဝန်မကြီးပုံစံ ဆင်ယင်ထားသော်လည်း ဆယ်ကျော်သက် မိန်းမလှလေးတစ်ယောက်လို သူမက နုသစ်လှပနေ၏။
  သူ အပြင်မှာရောက်နေတာမြင်မှ ပြန်ဝင်သွားပြီး သေချာပြန်ပြင်ပြီးမှ ထွက်လာတာမို့ အလုပ်ပြန်နှင့်မတူ။ မျက်နှာလေးမှာ နွမ်းနယ်ချွေးစိုနေတာမရှိသလို ဆံပင်တွေ မသေမသပ်လည်း မဖြစ်။
  "ဘာကြည့်တာလဲ"
  "လှလို့"
  "သြားပါ...ဘယ်တော့ပြန်ချစ်မှာလဲ မေးချင်လို့များ"
  ကားမောင်းရင်း ရီပေါ်က ရယ်လိုက်သည်။
  "တစ်ခါပဲ မေးမယ် နှစ်ခါမမေးဘူး"
  "အံမယ်"
  "ဟုတ်တယ် တမျှော်မျှော်နဲ့ လည်ပင်းရှည်နေရတာ ဝါသနာမပါဘူး"
  "ဒါဆို ဘာလို့ တကောက်ကောက်လိုက်နေသေးလဲ"
  "ကားနဲ့လေ"
  "ကားနဲ့လိုက်တာလဲ လိုက္တာတူတူပဲ"
  "ဆေးရုံကို လာကြိုတယ် ပြန်ပို့ပေးတယ် လင်းယွီသွားလေရာ ပါနေတာမှမဟုတ်တာ"
  ရှောင်လင်းယွီ နှုတ်ခမ်းစူချင်နေပြီ။
  "ဟယ် ချောလိုက်တာ" ဟု မြင်တဲ့မိန်းကလေးတိုင်း မပြောဘဲ မနေနိုင်အောင် ကြည့်ကောင်းတဲ့ ဒီရုပ်၊ ဒီပုံစံကို သူမလည်း သဘောကျသည်ပေါ့။ ဒါပေမယ့် ကိုယ္က ရည်းစားထားရမယ့်အရွယ်လား။ သူ့ကို ပြန်ချစ်ဖို့ဟာ အိမ်ထောင်ဘက်ရွေးချယ်ဖို့ပဲ ဖြစ်ရမည်မို့ စဉ်းစားဦးမည်။ ပြီးတော့ သူ ဒီလောက်ချောနေတာကို မယုံရဲ။
  ဆေးရုံက ဆရာဝန်အချင်းချင်း အမျိုးသမီးချင်းမှာ သူချောတာကို လက်တို့ပြကြ၊ ကြိတ်ပြုံးကြဖြစ်နေကြတာ လင်းယွီ မြင်သည်။ ခင်တဲ့သူတွေက "ဘယ်တော့စားရမှာလဲ" ၊ "မင်းနဲ့လိုက်တယ် ရွေးလိုက်တော့" စသဖြင့် စနောက်ကြတာတွေ ရှိခဲ့ပြီ။
  ဒီအဖြစ်တွေထဲမှာ ယွီလင်းလည်း သူ့ကို ရွေးတော့မည်ဟု ဆုံးဖြတ်ပြီးသား။ ဆုံးဖြတ်ပြီးသော်လည်း သူ့ကို အဖြေပေးဖို့ကျတော့ စိတ်တိုင်းမကျတာတွေ ရှိနေခဲ့ပြန်သည်။ တကယ္ဆို ယောကျာ်းလေးတစ်ယောက်က မိန်းကလေးတစ်ယောက်ကို မြတ်နိုးပိုးပန်းကြတာ အချိန်မှန်ရောက်လာရုံပဲလား။
  သူ့ကို ညေနက်မွ မြင်ရသည်။ ပို့ပေးပြီး အိမ်ထဲဝင်ပါဦးဆိုတာတောင် ဝင်ချင်မှဝင်ပြီး ဒီပြင်အချိန်တွေမှာ သူ့မျက်နှာကို မမြင်ရပါ။ ပြီးတော့ ဖုန်းဆက်ဖော်မရတာ အဆိုးဆုံးဖြစ်သည်။ သူနဲ့ ပတ်သက်ပြီး မားကိုယ်တိုင်က တားဆီးတင်းကြပ်ထားတာ ဘာမှမရှိ။ အိမ်မှာ လြတ္လပ္စြာ ဝင်ထွက်လို့ရသည်။ သူ ပို့မယ် ကြိုမယ်ဆိုလို့ အိမ်ကကားကိုတောင် ရုတ်သိမ်းပေးခဲ့တာပဲ။
  ဒါနဲ့တောင် သူ့ပုံစံက ကိုယ့်အပေါ် ဂရုတစိုက်ပျာပျာသလဲ သိပ်မရှိတာကို စိတ္က ခံစားမိနေသည်။ ပြီးတော့ စကားပြောတိုင်း အနိုင်လုတာမဟုတ်သည့်တိုင် အရှုံးမပေးတတ်ပေ။ ချစ်ပါတယ်လို့ပြောပြီး အဖြေတောင်းတော့ လေသံက ပြန်ချစ်ဖွယ်မရှိ။
  ယွီလင်းမျက်နှာလေး တင်းသယောင်ဖြစ်လျက် နှုတ်ဆိတ်သွားတာကို ရီပေါ်သိသည်။ ကားကို လမ်းဘေးတစ်နေရာသို့ ဆွဲချလိုက်ပြီး.....
  "ဘာဖြစ်သွားတာလဲ"
  ယွီလင်းက လှည့်မကြည့်ပါ။ မျက်ဝန်းလေးကသာ သူ့ဘက်သို့ ခပ်စောင်းစောင်း ရွှေ့လျက်.....
  "ဘာမွမျဖစ္ဘူး ဆက်မောင်း"
  "ကိုယ္က စိတ်ကောက်ရင် မေခ်ာ့တတ္ဘူး တော်ကြာ မေခ်ာ့တတ္တာကို ကြံဖန်စိတ်ကောက်နေမှာစိုးလို့"
  ယွီလင်းက ဖ်တ္ခနဲ လှည့်ကြည့်သည်။ ဒီတစ်ခါ မျက်စောင်း တကယ်ထိုးပစ်၍.....
  "မေခ်ာ့တတ္ဘူးဆိုတာ ရှိလား၊ စိတ်ဆိုးနေလား မဆိုးပါနဲ့ကွာ ဆိုတာမျိုး၊ ငိုမနေပါနဲ့ ကိုယ်တောင်းပန်ပါတယ်၊ တိတ်ပါ ဆိုတာမျိုးရော ဒါလေးတောင် မပြောတတ်ဘူးလား၊ ဟွန်း...ငိုနေရင် တိတ်ပါလို့ပြောတတ်ရမှာပေါ့၊ ဝမ် စကားပြောတာ သိပ်မုန်းဖို့ကောင်းတာပဲ"
  "ဟုတ္လား အင်း...တူလာပြီ"
  "ဘာတူတာလဲ"
  "ဟိုတစ်ယောက်နဲ့"
  "ဘာ!....."
  ယွီလင်းမျက်နှာ ပ်က္က်သြားကာ မထင်မှတ်လောက်အောင် တင်းမာသွား၏။ "ကိုယ်သဘောကျလို့ စေ့စပ်တော့ဖို့ သေချာပြီးနေတဲ့ ကျောက်လင်းရှနဲ့လေ" လို့များ ပြောချလိုက်လျှင် ယွီလင်း ခုချက်ချင်း ကားပေါ်က ဆင်းသွားနိုင်၏။
  ရီပေါ်က ပြောချင်လျက်မပြောဘဲ မျိုသိပ်လိုက်ရသဖြင့် ရယ်ချင်ပက်ကျိဖြစ်သွားသည့် နှုတ်ခမ်းပေါ်ကအပြုံးကို လက်စမသတ်နိုင်။ ယွီလင်းစိတ်တိုသွားတာကို အားနာမိ၍ မျက်နှာပိုးသတ်ဖို့ ကြိုးစားရင်း မချိုမချဉ်ဖြစ်နေကာ.....
  "ကိုယ့်ညီမတစ်ယောက်နဲ့လေ၊ သူကေတာ့ အထက်တန်းနောက်ဆုံးနှစ်ကျောင်းသူပဲ ရှိသေးတာ၊ ယွီလင်းက ဆရာဝန်ဖြစ်နေပြီ၊ စိတ်မကောက်ရဘူး"
  အလျှောက်ကောင်းသွားပုံရသည်။ ယွီလင်း ကျေနပ်သွား၏။ မျက်နှာလေး နည်းနည်းလျော့ကျသွားကာ တမင်စိတ်ကောက်ပြနေသော ပုံလေး ပြန်ပေါ်လာ၏။
  "ပြန်မောင်း"
  "ဟုတ်ကဲ့"
  "မရွဲ့နဲ့"
  "ရွဲ့စရာလား"
  ပုံစံကရယ်တော့မလို၊ ပြုံးတော့မလို။ အဲဒီမျက်ဝန်းတွေကပဲ ညို့ယူသလိုဖြစ်နေတာ သူမသိဘူးလား။ မချိုမချဉ်မျက်နှာက မျက်ခုံးခပ်တွန့်တွန့်နှင့် မျက်ဝန်းတို့မှာ စူးစူးရဲရဲဖြစ်နေရင်း ရီဝေသွားလိုက်၊ စိုက္ခနဲ ကြည့်လိုက်။ နှုတ်ခမ်း၊ မထူမပါးတို့က အေးစက်စက် ပြုံးနေသလိုလို၊ သရော်လှောင်ပြောင်နေသလိုလို၊ အမြဲတမ်း စိန်ခေါ်ချင်နေသည့် အပြုံးများ ခိုတွဲလျက်.....။
  "ဝမ်"
  "ဟင်...ဒီမွာ နားထောင်နေတယ် ကြိုက်တာ ပြောလို့ရတယ် ခဏခဏ ခေါ်နေရတာ ပင်ပန်းမှာစိုးလို့ပါ"
  မကျေနပ်သောမြားတစ်စင်းက နှလုံးသားဆီ ပြေးစိုက်သွားပြန်သည်။ ယွီလင်းက အကြာကြီးလှည့်ကြည့်နေပြီးမှ.....
  "အိမ္ကို ဝင်ရမယ်၊ မပြန်ရဘူး"
  "အမိန့်ပေးနေတာလား"
  "ဝမ်နော်"
  "ဘာလဲ...ဟုတ်ရင် ဟုတ်တယ်ပြောလေ ဒီက နာခံမလို့"
  "ဝမ်"
  "ဟော...ခေါ်ပြန်ပြီ၊ ယွီလင်းကို ကိုယ်ကြည့်နေတာ လမ်းကိုတောင်မကြည့်သေးဘူး"
  "ဝမ် ဘယ်လိုလူလဲဟင်၊ ယွီလင်း ခံစားရတယ် သိလား၊ တစ်ခါတစ်လေ နီးနီးလေးမှာ ရှိနေသလိုလို၊ တစ်ခါတစ်ခါကျတော့ ဝမ်ကယွီလင်းနဲ့ ဘာမှမဆိုင်သလိုနဲ့ ယွီလင်းကို ချစ်တယ်လို့ ပြောခဲ့တာ ရင်ထဲက ပါလို့ပြောတာ ဟုတ်ရဲ့လား"
  "ယွီလင်းက ဘယ်လိုထင်လို့လဲ"
  မေးပုံက...။ယွီလင်း မျက်နှာလေးမကြည်ပါ။ ကားက ခြံဝမှာရပ်နေပြီဖြစ်၏။ ခြံစောင့်တံခါးဖွင့်လိုက်တော့ ပေါ်တီကိုအောက် ရောက်လာသည်။ ထုံးစံအတိုင်းပဲ ဒေါ်ကျန့်မိန်လီ အိမ်ပြန်မရောက်သေးပါ။
  ရီပေါ် ဒီအိမ္ကို တစ်ခါ ဝင်လာဖူးသည်။ သူ့ကို ထိုင်ခိုင်းပြီး ယွီလင်းက စားစရာတစ်မျိုး လာချပေး၏။ ပြီးတော့ ရေချိုးလိုက်ဦးမယ် ခဏဆိုပြီး ဝင်သွားလိုက်တာ ဒေါ်မိန်လီ ဆိုင်သိမ်းပြီး ပြန်ရောက်လာသည်အထိ ထွက်မလာ။ ထွက်လာတော့ အဖြူရောင်ကိုယ်ကျပ်ဝတ်စုံနှင့် တော်တော်လေးပြင်ဆင်ထားသဖြင့် သူမ အရမ်းလှနေသည်။
  အပြင်ခဏလိုက်ခဲ့ပါလားဆိုတော့ မလိုက်ချင်။ ဒါဆို ထိုင်စောင့်ခိုင်းထားတာ ဘာလုပ်ဖို့လဲ။ သူ့မှာ နာရီဝက်ကျော်ကျော် စောင့်လိုက်ရတာကိုနှမြောသွား၏။
  ယွီလင်း အလွကို သူသဘောကျသည်။ ဒါပေမယ့် ဆရာဝန်တစ်ယောက်ကို သေဘာက်မိတာ မှားပြီဟု တွေးမိ၏။ သူ့မအတွက် အခ်စ္ဆိုတာ နုနုရွရွလေးဟု မြင်ပေါ်မပေါ်ဘဲ ဘဝအတွက် ဇယားဆွဲပြီးသားထဲမှာ အံဝင်ဂွင်ကျဖြစ်ဖို့သာ ရည်ရွယ်ပုံရှိသည်။
  သူလိုချင်တဲ့ အခ်စ္က ဤသို့မဟုတ်ပါ။ အချစ်ဖြင့် ပျော်ရွှင်ရခြင်း၊ အချစ်တို့ဖြင့် လွတ်လပ်ခြင်း၊ သူ အချစ်၏ ဒဿနများစွာကို သတိမရချင်။ အချစ်ဟာ ချစ်ဖို့ပဲဖြစ်၏။
  Sofaမှာထိုင်လိုက်တော့ မြင်ဖူးပြီးသားဖြစ်သည့် ဓာတ်ပုံတွေဆီကို မျက်လုံးက ထပ်ရောက်သည်။ ယွီလင်း ဘွဲ့ရဓာတ်ပုံနှင့် အလှပုံများက နံရံတစ်ဖက်မှာအပြည့်။ တစ်ဖက်မှာ ပန်းချီကားနှစ်ချပ်ကိုကြေးဘောင်သွင်း၍ တခမ်းတနားထားကာ ဧည့်ခန်းတစ်ခန်းလုံး အဖိုးတန်ပရိဘောဂများနှင့် ပြည့်နေ၏။
  ဘာလုပ်တာလဲတော့ မသိပါ။ Computerတွေ (3)လုံးတောင် ထားသည်။ ပြီးတော့ TVက Sizeစုံ(3)လုံး။ အားလုံးက အောက်စက်များနှင့် ဝမ်းဆက်ပဲဖြစ်၏။ ဘာလုပ္တာလဲ၊ ကလေးတွေးသလို တွေးကြည့်မိတာက ကြွားတတ်တာပဲ ဖြစ်နိုင်သည်။ ကိုယ့်အတွေးကိုယ်ပြုံးမိလိုက်စဉ် မျက်လုံးတို့က ရည်ရွယ်ချက်မရှိပါဘဲ ဟိုဒီဝေ့ကြည့်မိ၏။
  "ဟင်..."
  မျက်နှာလေးတစ်ခု လွစ္ခနဲ ပြန်ပျောက်သွား၏။ ရီပေါ်၏မျက်လုံးတို့က လှုပ်ခတ်ကျန်ခဲ့သော ခန်းဆီးစလေးကို စူးစိုက်ကြည့်နေမိဆဲ။ ထိုအခါ လက်ချောင်းကလေးတွေ အရင်ပြန်ပေါ်လာ၏။
  ခန်းဆီးစကို ခိုးကြောင်းခိုးဝှက်ကလေး ဆုပ်ကိုင်လိုက်ခြင်းဖြစ်သည်။ ရီပေါ် နှုတ်ခမ်းအစုံ တွန့်ခနဲ ဖြစ်သွား၏။ ထိုလက်ကလေးနှင့် နံရံစပ်ကြားကို စိုက်ကြည့်၍ နောက်ထပ်ပြန်ပေါ်လာမည့် မျက်နှာကလေးကို အမိဖမ်းဖို့ ကြိုးစားသည်။
  လက်သည်းရှည်မရှိဘဲ ဖြူနုနီရဲနေသော လက်ချောင်းသွယ်သွယ် ပြည့်ပြည့်ကလေးတွေက အဆစ်အကြော ဖုထစ်နေတာမရှိဘဲ မိန်းမငယ်လေးတစ်ယောက်၏လက်ဆိုတာလည်း သိသာစေသည်။ လက်ကလေးကြောင့်ပဲ လူကိုမြင်ချင်လာအောင် ထိုလက္ကေလးက လွေန၏။ သူထင်သည့်အတိုင်း တက်တက်စင်အောင်လွဲ ခန်းစီးစလေး ရုပ်ဖယ်သွားကာ မျက်ဝန်းလေးတစ်စုံတည်း အရင်ပေါ်လာ၏။
  သူကြည့်နေတော့ လွစ္ခနဲ ပြန်ဝင်သွား၏။ နောက်ထပ် ပေါ်လာဖို့ မရှိတော့ဘူးဆိုတာ သေချာသွား၏။ လူမိသွားပြီမို့ ခုလောက်ဆို ခန်းဆီးစနောက်ကွယ်မှာ ရင်ဘတ်လေးဖိ၍ ဖုတ်လှိုက်ဖုတ်လှိုက် ဖြစ်နေနိုင်သည်။
  မျက်ဝန်းလေးက ခိုးကြောင်ခိုးဝှက်မို့ ပြူးနေတာလား။ ဒီတိုင်းပဲလားတော့ မသိ။ မျက်တောင်နက်လေးတွေထင်းနေတာ ရွှန်းရွှန်းပပလက်၏။ သေချာမမြင်လိုက်ရပေမယ့် မျက်လုံးလေးလှသားပဲဟုတွေးမိသည်။ ယောကျာ်းလေးတစ်ယောက်က မိန်းကလေးတွေထက် ပို၍ လှပနေသည်။
  အိမ်မှာလူတွေ ဘယ်နှယောက်ရှိနေသလဲ။ ယွီလင်းပြောတော့ သားအမိ(3)ယောက်တည်းနေကြသည်တဲ့။ အိမ်ဖော်တောင် အိမ်တော်စိုးကြီးနှင့် ယွီလင်းထက်ကြီးတဲ့အမ(2)ယောက်ပဲ ရှိတာ Driverတောင်မထားဘူးဆိုပဲ။
  "ပျင်းနေပြီလား ဝမ်"
  "ဟင်...ဪ...ရပါတယ်"
  ယွီလင်းထွက်လာပုံက ရေချိုးခန်းဝင်ဖို့ ဆံပင်တွေ သိမ်းတင်ထားပြီး ပလပ်စတစ်ကာလေးနှင့် အုပ္ထား၏။ အလွန်ရှည်လျားထူထဲသော တဘက်နှင့် ကိုယ်မှာလုံးပတ်ကာ ပခုံးပေါ်မှာ ပဝါတစ်ထည်ခြုံထား၏။
  "ယွီလင်းပြောတော့ ယွီလင်းတို့မိသားစု(3)ယောက်နဲ့ အိမ်ဖော်(2)ယောက်ပဲရှိတာဆို"
  ယွီလင်းက လှည့်ထွက်တော့မလို ဖြစ်သွားပြီးမှ ပြန်လှည့်ကြည့်၍
  "ဘာကိုလဲ ဝမ်"
  "ခုနက ကောင်လေးတစ်ယောက်ကိုတွေ့လိုက်တယ်"
  "ဪ...သူက သပ်သပ်"
  သိပ်ပြောချင်ပုံမရဘဲ ယွီလင်းက ဒါပဲဖြေသည်။ ရီပေါ် စိတ်မဝင်စားပါ။ သူ စိတ်ဝင်စားတာ ဖြူနုနီရဲနေတဲ့ လက်ချောင်းပိုင်ရှင် ကောင်လေး။
  သိပ်မကြာလိုက်ဘဲ ခန်းဆီးစလေး လှုပ်ရှားသွား၏။ ဘွတ်ဖိနပ် တစ်ဖက်စီကိုလက်နှစ်ဖက်နှင့်ကိုင်ပြီး ခပ်ဖွဖွလေးခြေလှမ်း လှမ်းကာ ဟိုဟိုဒီဒီ အရိပ်အကဲကြည့်နေပြီး ထွက်ပြေးဖို့ကြံနေသောကောင်လေးကို ရီပေါ် ခြေဆုံးခေါင်းဆုံး ကြည့်နေ၏။ အရပ္က မနိမ့်မမြင့် တောင့်တောင့်ဖြောင့်ဖြောင့်ကြီး မဟုတ်ပါ။ ကိုယ်လုံးလေးလှသလောက် အရပ်နဲ့ကြည့်ကောင်းသည်။ ပို၍လွတာက ပိန်ပိန်ပါးပါးခါးလေးပင် ဖြစ်လေသည်။
  တစ်အိမ်လုံးမှာ ဝိုင်းဝန်းအလိုလိုက်ခံထားခဲ့ရသဖြင့် ခပ်ဆိုးဆိုးဂျီတိုက်ရင်း ကြီးပြင်းလာခဲ့ရသော ကောင်လေးငယ်လေးလို ကလေးဆန်ဆန် မျက်နှာမျိုးဖြစ်၏။ ပြီးတော့ မိန်းကလေးတွေလိုလိမ်းခြယ်မထားဘဲ ဒီလိုလှနေတဲ့မျက်နှာမျိုး မမြင်ဖူးခဲ့သဖြင့် ရီပေါ် အံ့သြဟန် သေသေချာချာလေးစိုက်ကြည့်မိသည်။ ယုနရြုပလြေးတှပေါတဲ့အကွႌ ကပ်ကပ်လေးနှင့် ကောင်လေး အိမ်အပြင်ဘက် ထွက်ပြေးဖို့ကြိုးစားနေတော့ လက္ကေလးကို ဖ်တ္ခနဲ လှမ်းပြေးဆွဲမိ၏။
  "ဟင်"
  နှုတ်ခမ်းလေးကော မျက်လုံးလေးပါ ဝိုင်းဝိုင်းလည်သွား၏။ နောက်...သူကိုင်ထားသည့် လက္ကေလးတစ္ဖက္က လက်သီးဆုပ်လေးဖြစ်သွားကာ.....
  "လွှတ်...လွှတ်"
  "ဘာလုပ္တာလဲ လွှတ်လေ"
  "ခဏေလး...မင်းက ဒီအိမ်မှာနေတာလား"
  "အင်း"
  သူ့လက်တွေကို တစ်ချောင်းချင်း ဖဲ့ထုတ်ပစ်တော့မလောက် ကောင်လေး ကြိုးစားနေသဖြင့် သူ ပို၍ ဖိဆုပ္ထားလိုက္ကာ.....
  "မင်းက...ယွီလင်းနဲ့ဘာတော်လဲ"
  "ဘာလုပ်မလို့လဲ လက်ကိုလွှတ်ပါ ကျန့်ကျန့်နာလှပြီ"
  "ကျန့်ကျန့် ဟုတ္လား"
  ခေါင်းညိတ်ရင်း ကောင်လေး မျက်ရည်တွေ မျက်ဝန်းအိမ်မှာ ပြည့်နေပြီ။
  "နာမည်ပြော"
  "ရှောင်ကျန့်"
  "လွသားပဲ"
  "လွှတ်တော့"
  "ယွီလင်းနဲ့ ဘာတော်လဲ"
  "မောင်နှမ"
  "ဪ"
  "လွှတ်တော့...လွှတ်ပါတော့...ကျန့်ကျန့် နာလှပြီ"
  "မရုန်းနဲ့ လွှတ်မယ်"
  ကောင်လေး နည်းနည်းငြိမ်သွားပြီးမှ ရီပေါ်က လက်ကိုလျှော့ပေးသည်။ ဒါပေမယ့် လွှတ်ပေးလိုက်တာမဟုတ်ဘဲ.....
  "ကိုယ့်ကို ခင်လား"
  "ဟင်...ဟင့်အင်း"
  ကြောင်တောင်တောင်လေး ပြူးကြည့်ပြီး ကပ်ာကယာ ခေါင်းခါတော့ ရီပေါ် ပြုံးလိုက်သည်။
  "ဘာလို့ ချောင်းကြည့်တာလဲ"
  "ဟို...အဲဒါ...ဟင့်အင်း...လွှတ်ပါ"
  သူ အတင်းအကျပ် ပြန်ရုန်းလာတော့ ရီပေါ် ခပ်တင်းတင်းပြန်၍ဖိကိုင်ထားလိုက်၏။
  "ဒီမှာပဲနေတာလား"
  "ကျန့်ကျန့်...တောင်းပန်ပါတယ် ခင်ဗျားကို ကြည့်မိလို့ လက်ကိုဆွဲထားတာလားဟင် နောက် မကြည့်တော့ပါဘူး လွှတ်ပေးပါ ကျဲ မြင်သွားရင် ကျန့်ကျန့် အရိုက်ခံရမှာ"
  ပြဿနာပါလား။ သူ မျက်နှာတစ်ချက်ရှုံ့တွသွားပြီး လက္ကေလးကို လွှတ်ပေးလိုက်ရသည်။ ရှောင်ကျန့် အပြင်မထွက်တော့ပဲ အိပ်ခန်းထဲချက်ချင်း ထပြေးသွားပုံက နောက်ထပ်ဆွဲထားလိုက်မှာကို အတော်ကြီးကြောက်ရွံ့သွားသည့်နှယ်.....။
  ရင်ထဲမှာ ဟာတာတာကြီးဖြစ်သွား၏။ ထို့ပြင် ချက်ချင်းသတိရလိုက်သည်က သူ သတိလက်လွတ်ဖိဆုပ်ထားမိသော လက်ကောက်ဝတ်လေးနှစ်ဖက်။ ကောင်လေး နာသွားပြီလား။ မျက်နှာလေး မဲ့ရှုံ့သွားတာကို ပြန်တွေးမိပြီး စိတ်မကောင်းဖြစ်သွားမိ၏။ မတတ်နိုင် ဒါတောင် ပြောစရာတွေ မကုန်သေးဘူး။
  တဆက်တည်းမှာပဲ ယွီလင်းက ဘာကြောင့်မိသားစု(3)ယောက်ပဲရှိတာလို့ ဖြေရတာလဲ။ ဘာလို့ ကောင်လေးက အရိုက်ခံရမှာလဲ။
  သူ ရင်တွေ ပူနေပြီ.....
Ep-6
Coming Soon
ရှည်ရှည်လေးရေးပေးထားတယ်
မကောင်းရင်လဲပြောကြပါ ဝေဖန်ပေးကြပါဦး
အရင်ficလောက်ဖတ်တဲ့သူမရှိတော့ တင်ရတာအားမရှိဘူး🥺
המשך קריאה
You'll Also Like
18.7K 3K 23
"ហង្សមែនទេ?​ត្រឹមតែមួយប៉ប្រិចភ្នែកយើងនឹងធ្វើអោយហង្សមួយនោះបាក់ស្លាប ហើយហង្សដ៍ស្រស់ស្អាតនោះត្រូវស្ថិតក្នុងកម្មសិទ្ធយើងម្នាក់គត់"ជុងហ្គុក "យើងដឹងពីអ្វីទ...
124K 8.1K 41
ရှန့်ငယ်က ဟန်တိုင်းပြည် ​ရေမြေ့သခင်ရဲ့ အသည်းအသက် အရှင် အရှင့်က အလို...
108K 6.4K 44
တကယ်တော့ အချစ်ဆိုတာ စကားလုံးတွေနဲ့ လှပအောင် ပုံဖော်ထားတဲ့ အဆိပ်မီးတောက်လေး တစ်ခုပါဘဲ 🔥
63.5K 16.5K 57
💚❤ පෙරවදන් කුමකටද...... පසු වදනින් මුණගැසෙන තුරු.......❤💚 🆃︎🅷︎🅴︎ 🅸︎🅽︎🅵︎🅸︎🅽︎🅸︎🆃︎🆈︎...........❤️‍🔥❤️‍🔥