ဦး 💜 ( Completed )

بواسطة November_venus

376K 36.7K 920

zhanyi ❤💚 المزيد

1
2
3
4
5
💜
6
7
8
9
10
11
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
Chapter - 29
30
31
32
33
34
35
36
37
38
39
40 Final

12

8K 903 25
بواسطة November_venus

ဦး 💜

Chapter - 12



" ..........."









" ..........."









......................

"ရိပေါ် စာတွေရပြီလား.."
















.......................

ညနေ ၅ နာရီ


"သူဌေး..."


" အင်းပြော ဝမ်ချင်း..."




" ဟုတ်ကဲ့ပါ သူဌေး..."

.................











...........
...............

#Novembervenus
AyeNyein

ဖတ်လို့ရကြပြီလားဟင် 💜

ဦး 💜

Chapter - 12

ရှောင်းကျန့် စာရင်းစစ်ရင်း ကျန်းချန်ကို ခဏမော့ကြည့်မိတော့ သူ့ကို မျက်တောင်မခက် ထိုင်ကြည့်နေတဲ့ ကျန်းချန်..။ရှောင်းကျန့် နှုတ်ခမ်းလေးများ ပြုံးလိုက်မိသည် မနက် သူ ရုံးရောက်ကတည်းက ရောက်လာတဲ့ ကျန်းချန် ဘာမပြော ညာမပြောနဲ့ သူ့ကို ငုတ်တုတ်ကြီး ထိုင်ကြည့်နေတာလေ ။ မေးလို့လည်း မရ ပြုလို့ လည်း မရ ဘာစိတ်ကူးတွေ ပေါက်နေတာလည်း မသိ..။ နောက်ဆုံး မနေနိုင်တော့တဲ့ ရှောင်းကျန့်ကသာ နေရာမှ ထပြီး ကျန်းချန် ထိုင်နေတဲ့ ခုံလေးဘေးနား သွားဝင်ထိုင်လိုက်သည်...။

" ကျန်းချန် မင်း ဘာဖြစ်နေတာလဲ "

" ..........."

" ကျန်းချန် မင်းကို ငါ​မေး နေတယ်လေ.. ။ ငါ့ကိုမှ မင်းမပြောပြရင် ဘယ်သူ့ကို သွားပြောပြချင်သေးတာလဲ... ။ သူငယ်ချင်း အချင်းချင်း မင်းဘာဖြစ်တယ်ဆိုတာ ငါသိထားလို့ မရဘူးလား..."

မနေ့ညနေက ကိစ္စနဲ့ ပတ်သက်ပြီး ရှောင်းကျန့်ကို အခဲ မကြေတဲ့ ကျန်းချန်..။ တစ်ညလုံးလည်း သူအိပ်လို့ မရခဲ့ဘူး..။ မျက်စိထဲ မြင်မိနေတာက ဝမ်ရိပေါ် ဆိုတဲ့ ကောင်လေးလက်ကို ဆွဲပြီး ထွက်သွားတဲ့ ရှောင်းကျန့်...ဘာလို့ သူ့ကို ထားရစ်ခဲ့လိုက်သလို ခံစားမူမျိုးလဲ မသိဘူး..။ ဒါကြောင့် အရှင်းမေးဖို့ ရှောင်းကျန့် company ကို အစောကြီး ရောက်လာခဲ့တဲ့ ကျန်းချန်..။ ခု ရှောင်းကျန့်က စကားစလာပြီ သူမေးကြည့်ရမည် ယောကျာ်း လေးတွေကို သဘောကျသွားပြီလားဆိုတာ ။ အကယ်လို့ ရှောင်းကျန့်ကသာ ကောင်လေးတွေကို သဘောကျကြောင်း ဝင်ခံခဲ့ရင် ရှောင်းကျန့်ကို သူ သဘောကျနေကြောင်း ရှောင်းကျန့်ကို အရင်ကတည်းက ချစ်ခဲ့မိနေကြောင်း ဖွင့်ပြောပြရမည်... ။ ကျန်းချန် ရှောင်းကျန့် မျက်နှာကို လှည့်ကြည့်လိုက်သည် ။ သူပြောလာမယ့် စကားကို စိတ်ဝင်စားစွာ မျက်နှာလေးနဲ့ နားထောင်နေတဲ့ ရှောင်းကျန့် ဘယ်လိုတွေတောင် ကြည့်လို့ကောင်းနေတာလဲ ချစ်ရသူရယ်.....။

"ရှောင်းကျန့် ငါ မင်းကို မေးစရာ တစ်ခုရှိတယ် "

" အင်း းးးးး မေး တစ်ခုမကဘူး မင်းသိချင်တာ အကုန်မေး ငါ အကုန်ဖြေပေးမယ် "

ရှောင်းကျန့် စကားကို နားထောင်ပြီး ခေါင်းလေးငြိမ့်ပြတဲ့ ကျန်းချန်...။

"ငါ မေးတာ မင်းအကုန် မညာပဲ ဖြေရမယ်နော်.."

ကျန်းချန်ရဲ့ စကားကို ရှောင်းကျန့် ခေါင်းလေးငြိမ့်ပြလိုက်သည်...။

" မင်း ကောင်လေးတွေကို စိတ်ဝင်စားလာတာလား.."

" ..........."

ကျန်းချန်ရဲ့ စကားကို ချက်ချင်း နားမလည်သလို ဖြစ်သွားတဲ့ ရှောင်းကျန့် မျက်လုံးလေး အပြူးသားနဲ့ ကျန်းချန်ကို ပြန်ကြည့်လာခဲ့သည် ။ ကျန်းချန် ခေါင်းလေးခါလိုက်သည်
ငါလိုချင်တာ မင်းရဲ့ ရိုးသားမူ မဟုတ်ဖူး ရှောင်းကျန့် မင်းကိုယ်တိုင် မင်းနှုတ်ခမ်းဖျားက ဝန်ခံလာတာကို လိုချင်တာ...။

" ဒီလိုကွာ ရှောင်းကျန့် မင်း ရဲ့ပြိုင်ဘက် ဝမ်ချောင်းလို ယောကျာ်းလေးတွေကို သဘောကျတက်လာပြီလားလို့..."

ထိုမှ ကျန်းချန်ရဲ့ မေးခွန်းကို နားလည်မိလိုက်တဲ့ ရှောင်းကျန့် ခေါင်းလေးမော့ကာ တစ်ဟားဟား ရယ်သည်..။

"ဟားဟားဟား ကျန်းချန်ငါ မင်း ရူးနေပြီလား...။
ငါမင်းကို ဒီလောက်ထိ ရှင်းပြနေတာ ငါ ယောကျာ်း လေးချင်း စိတ်မဝင်စားဘူးလို့ ဘာလို့ အဲ့ စကားကို ခဏ ခဏ ဘာမေးနေရတာလဲ...."

ရှောင်းကျန့် စကားကို ပြန်မဖြေပဲ ရှောင်းကျန့် မျက်နှာကို ပဲ ငေးကြည့်နေတဲ့ ကျန်းချန်...။ ရှောင်းကျန့် မျက်နှာက ညာနေတဲ့ ရုပ်လည်း မပေါ်ဘူး...။

"ဟေ့ ကျန်းချန် သိချင်တာရှိရင် ဆက်မေးဦးလေ..."

ရှောင်းကျန့်ရဲ့ စကားကို ခေါင်းလေးခါတဲ့ ကျန်းချန် ထိုင်ရာလေးက ထရပ်လိုက်ပြီး

" ရှောင်းကျန့် ငါပြန်တော့မယ်... "

......................

"ရိပေါ် စာတွေရပြီလား.."

ကန်တင်းမှာ မုန့်စားနေရင်းတန်းလန်း ထမေးတဲ့
ယွီးပင်း ရဲ့ စကားကို ခေါင်းလေးငြိမ့်ပြတဲ့ ဝမ်ရိပေါ်....။
ဦးက သူ့ကို လိုအပ်တာဖြည့်စီးပေးပြီး အချိန်တိုင်း စာပဲလုပ်စေတယ်လေ...။

"ယွီးပင်း လူတစ်ယောက်ကို မြင်ရင် ရင်ခုန်မိနေတာတို့
တွေ့ချင်နေမိတာတို့ သူ့ကိုပဲ သတိရနေမိတာတို့ကိုဆိုရင် ဘယ်လို အဓိပ္ပာယ် ဖွင့်ဆိုရမလဲ.."

အစမရှိ အဆုံးမရှိ ထမေးလာတဲ့ ဝမ်ရိပေါ်ကြောင့် ခဏတော့ ကြောင်သွားပြီး ပြီးမှ သဘောပေါက်စွာ ခေါင်းလေးငြိမ့် ရယ်လိုက်မိတဲ့ ယွီးပင်း.....။

" ငါ့ရဲ့ သူငယ်ချင်း စာဂျပိုး ဘဝသမားလေးတောင် ချစ်တက်လာပြီပဲ....။ ပြော ဘယ်မေဂျာကလဲ ဘယ် year လည်း ချောလား လှလား ဆံပင်ရှည်လား ဆံပင်တိုလား အရပ်ရှည်လား ရင်ခွင်မှီအရပ်လား....။ အသက်ကြီးလား အသက်ငယ်လား မမလား ညီမလေးလား....ရွယ်တူပဲလားပြော ငါရအောင်ကို အောင်သွယ်ပေးမယ်...."

ယွီးမင်း စကားကို သေချာနားထောင်ပြီး တစ်ခုချင်း ပြန်ဖြေတဲ့ ဝမ်ရိပေါ်....။

"ဘယ်မေဂျာကမှ မဟုတ်ဖူး လုပ်ငန်းရှင် တစ်ယောက်...။
ဘယ် year ကမှ မဟုတ်ဖူး အပြင်လူ ပြီးတော့ ချောတယ် အရမ်းကြည့်ကောင်းတယ် ပြီးတော့ ဆံပင်ကတိုတိုလေး....။
အရပ်က ငါ့ထက်ပိုရှည်တယ်..။ အသက်ကလည်း ငါ့ထက် ထက်ဝက်လောက်ကြီးတယ်.. ။ ပြီးတော့ အသက်ကြီးတယ်ဆိုပြီး မမလို့လည်း ခေါ်လို့မရဘူး..."

ဝမ်ရိပေါ် ရဲ့ စကားကို ခေါင်းလေးငြိမ့်ပြတဲ့ ယွီးပင်း... ။
အမေနဲ့ သားအရွယ်ကို မမလို့ခေါ်လိုက်ရင် ဟာသတွေ ဖြစ်ကုန်မှာပေါ့... ။

"အေးဟုတ်တယ် အန်တီလို့ ခေါ်လိုက်..."

ယွီးပင်း ရဲ့ စကားအဆုံး အုန်းခနဲ့ ထုခံလိုက်ရတဲ့ ကျောကလေး....။ ယွီးပင်း မျက်ရည်လေးများပင် ဝဲသွားမိသည်...။

" ခွေးကောင် ရိပေါ် သေမလို့ အရမ်းထုရလား..."

ယွီးပင်းရဲ့ မေတ္တာပို့ စကားတွေကို မကြားသလိုပြုတဲ့ ဝမ်ရိပေါ် ကျောပိုးအိတ် လေးသာကောက်လွယ်ပြီး စာသင်ခန်းတွေဘက် ပြန်လာလိုက်တော့သည်...။

" ဟေ့ ခွေးကောင် ရိပေါ် ငါ့ကို စောင့်ဦး..."

ဝရုန်းသုန်းကားနဲ့ အပြေးလိုက်ရတဲ့ ယွီးပင်း ရိပေါ် နောက်နားရောက်မှ ကျောပေါ် ခုန်တက်ပစ်လိုက်သည်..။

" မင်းကြောင့် ငါ့ကျောနာသွားပြီ ဒါကြောင့် အခန်းထဲထိ ကျောပိုးသွား ဒါပဲ ရိပေါ်..."

ဝမ်ရိပေါ် ဘယ်လောက်ခါချ ခါချ ကျောပေါ်မှာ တွယ်ကပ်ပြီး ပါသွားတဲ့ ယွီးပင်း.. ။ နှစ်ယောက်လုံးကတော့ ကိုယ့်အဖြစ် သူ့အဖြစ်ကို သဘောကျစွာ ရယ်မောနေမိကြသည်...။

.......................

ညနေ ၅ နာရီ

ရှောင်းကျန့် ရုံးဆင်းရန် ပြင်လိုက်သည်..။

"သူဌေး..."

ရုံးခန်းထဲ ဝင်လာပြီး ခေါ်လာတဲ့ ဝမ်ချင်း...။

" အင်းပြော ဝမ်ချင်း..."

" မနက်ဖန် မြို့ပြင်က မြေနေရာအတွက် သွားကြည့်ဖို့ရှိနေပါတယ် ။ သူဌေး မေ့နေမှာဆိုးလို့ လာသတိပေးတာပါ..."

ရှောင်းကျန့် ခေါင်းလေးငြိမ့်ပြလိုက်ရင်း

" အင်း ဝမ်ချင်း အဲ့ဒါဆို ကိုယ် ရုံးဆင်းတော့မယ် မင်းလည်း လုပ်စရာမရှိရင် ပြန်လိုက်တော့..."

" ဟုတ်ကဲ့ပါ သူဌေး..."

.................

"ဦး ပြန်လာပြီလား..ခဏနော်"

အိမ်ရှေ့ ဧည့်ခန်းက ကြမ်းပြင်မှာ ထိုင်ပြီး စားပွဲပေါ်မှာ မေးလေးတင်ကာ စာလုပ်နေတဲ့ ဝမ်ရိပေါ်...ရှောင်းကျန့်ကို နှုတ်ဆက်ပြီးချက်ချင်း ထကာ ထမင်းစားခန်းဘက် ပြေးထွက်ခဲ့လိုက်သည်...။

" ရော့ ဦးအတွက် ကျွန်တော် ကျောင်းက ပြန်လာလာချင်း ဖျော်ပြီး ရေခဲ သေတာ ( နှစ်လုံးဆင့် ရေးလို့မရလို့ပါ ) ထဲ ထည့်ထားပေးတဲ့ သံပုရာရည် အေးအေးလေး ​သောက်ကြည့်လိုက်..."

ရှောင်းကျန့် လက်ထဲ သံပုရာရည် ခွက်လေး ထည့်ပေးပြီး ရှောင်းကျန့် လက်​လေး ကိုဆွဲကာ ဆိုဖာလေးပေါ်ထိုင်စေလိုက်သည့် ဝမ်ရိပေါ်...။

ရှောင်းကျန့် ဝမ်ရိပေါ် ဆွဲရာ ပါလာပြီး ကောင်လေးအလိုကျ ဆိုဖာလေးပေါ် ထိုင်ချလိုက်သည်...။

"ဖြေးဖြေးသောက် ဦး ပြီးရင် ကျွန်တော့ကို စာရှင်းပြ..."

ဝမ်ရိပေါ် စကားကြောင့် သောက်လက်စ သံပုရာရည်တောင် သီးမတက် ဖြစ်သွားတဲ ရှောင်းကျန့်... ။ ခေါင်းလေးတော့ခါပြီး ရယ်လိုက်မိသေးသည်...။ အကျိုးလိုလို့ ညောင်ရေလောင်းတာ ဒီကောင်လေးက...။ စာရှင်းပြခိုင်စေချင်လို့ သံပုရာရည် ဖျော်တိုက်တာလေ..။

ဝမ်ရိပေါ်ကတော့ ဦး ပြုံးလိုက်တာကို မသိသလို ကြမ်းပြင်ပေါ် ပြန်ထိုင်ချရင်း ဦးခြေထောက်တွေကိုတောင် ပခုံးလေးနဲ့ ဘေးလေးစောင်းကာ မှီချလိုက်သေးသည်....။
ရှောင်းကျန့်က စာလုပ်ရင်းတန်းလန်း သူ့ခြေထောက်တွေကို မှီထိုင်လာတဲ့ ကောင်လေးကြောင့် ခြေထောက်တွေကို မှီလို့ကောင်းအောင် ထောင်ထားပေးလိုက်သည်...။

အိမ်တော်ထိန်း ဦးလေးကြီးကတော့ သူတို့နှစ်ယောက် လုပ်နေပုံကို ကြည့်ပြီး ပြုံးလိုက်မိသည်...။

သူဌေးလေး ရှောင်းကျန့်သည် ဒီကောင်လေး ဝမ်ရိပေါ် ကို အလွန်အလိုလိုက်သည်.....။

...........
...............

#Novembervenus
AyeNyein

ဖတ်လို့ရကြပြီလားဟင် 💜

واصل القراءة

ستعجبك أيضاً

207K 14.3K 46
အဟမ်း....ဟမ်း.....ဝမ်ရိပေါ်ကငါ့အပိုင် ဝမ်သူကြီးသားကိုရဖို့ ဝမ်သူကြီးကိုမဲပေးစို့ Sep 6to Oct 30
27.4K 4.3K 32
"ហង្សមែនទេ?​ត្រឹមតែមួយប៉ប្រិចភ្នែកយើងនឹងធ្វើអោយហង្សមួយនោះបាក់ស្លាប ហើយហង្សដ៍ស្រស់ស្អាតនោះត្រូវស្ថិតក្នុងកម្មសិទ្ធយើងម្នាក់គត់"ជុងហ្គុក "យើងដឹងពីអ្វីទ...
34.2K 2.6K 72
ဖတ်ကြည့်နော်😉😉
175K 26.5K 21
"နွေအရောင်တွေဟာ ဝိုင်လိုပဲ..."