13

7.9K 948 34
                                    

ဦး 💜

Chapter - 13

စာပြခိုင်းဖို့ မရည်ရွယ်ပါဘူး ။ စာနဲ့ အလှမ်းဝေးနေတဲ့ ဦးကို ဒါပေမယ့် ဒီလိုမှ ခေါ်မထားရင် ဦးက အခန်းထဲဝင်ပြီး ပြန်ထွက်လာမှာ မဟုတ်တော့ဖူးလေ..။ အခုလို စာပြပေးလို့ ခေါ်ထားလိုက်တော့ ဆိုဖာလေးပေါ်မှာ ထိုင်ပြီး ph သုံးကာ စောင့်နေပေးတဲ့ ဦးက ဝမ်ရိပေါ်နားမှာ ရှိနေပေးခဲ့သည်လေ..။

" ဦး "

" အွန်း.. "

ရှောင်းကျန့် ph လေးသုံးနေကာ စောင့်ပေးနေတုန်း ခေါ်လာတဲ့ ကောင်လေး အသံကြောင့် သုံးလက်စ ph လေးကို လက်ကချကာ ထူးလိုက်သည်...။

" ဟို တစ်နေ့က ဦးလေးကြီးက ဦးနဲ့ သိနေတာလား..."

ကောင်လေးရဲ့ အစမရှိ အဆုံးမရှိ မေးလာတဲ့ စကားကြောင့် နားမလည် သလို ခေါင်းလေး ငုံ့ကြည့်မိတဲ့ ရှောင်းကျန့် ။

ဝမ်ရိပေါ်ကတော့ ဦး ပြန်ဖြေလာမယ့် စကားကို ခေါင်းလေးမော့ကြည့်ကာ စောင့်နေမိသည်...။

" ဘယ် ဦးလေးကြီးလဲ ကောင်လေးရဲ့..."

ဦးရဲ့ ပြန်မေးလာတဲ့ မေးခွန်းလေးကြောင့် မျက်နှာလေး မဲ့ရှုံ့မိသွားတဲ့ ဝမ်ရိပေါ် ။ ဦးက အရိပ်ပြလို့ အကောင် မမြင်ဘူး... ။ ဘယ် ဦးလေးကြီး ရှိဦးမှာလဲ ဟိုနေ့က မားကတ်မှာ သူ့ကို ပိုင်ဆိုးပိုင်နင်း လက်လာဆွဲလို့ ဦးကိုယ်တိုင် လာခေါ်ထုတ်ပေးသွားရတာလေ.... အဲ့လူကြီးပေါ့...။ဒါပေမယ့် ဦးက မေ့လိုက်သလိုပဲ အဲ့ကိစ္စကို ။ ဒီတော့ သိချင်တဲ့ ဝမ်ရိပေါ် ကပဲ အစပြန်ဖော်ပြီး ပြန်မေးရတာပေါ့...။

" ဟို ဦးလေးကြီးလေ ကျွန်တော့ကို မားကတ်မှာ လက်လာဆွဲတဲ့ ဦးလေးကြီးနဲ့..."

ထိုမှ ဝမ်ရိပေါ် စကားကို အမှတ်ရသလို ခေါင်းလေးငြိမ့်ပြတဲ့ ရှောင်းကျန့်... ။

ဟိုတစ်နေ့က ဆွဲလားရမ်းလား ဖြစ်ခဲ့တာကို ကောင်လေးက အမှတ်ရပြီး ပြန်မေးနေတာ နေမှာ...။
မပြောပြချင်ပေမယ့် ကောင်လေးသိထားတော့လည်း ပိုအဆင်ပြေတာပေါ့ ။ သူ့ကိုသူ သတိထားကာကွယ်လို့ ရတယ်လေ မဟုတ်လား.... ။

"ဝမ်ချောင်းတဲ့ ကိုယ့်နဲ့ စီးပွားရေး ပြိုင်ဘက်...။
သူကသာ လိုက်ပြိုင်နေတာပါ ကိုယ်ကတော့ စိတ်မဝင်စားပါဘူး..။ စိတ်ထဲတောင် မရှိဘူး ဒါပေမယ့် သူက ကိုယ်လုပ်သမျှ လိုက်လုပ်ပြီး ကိုယ်နဲ့ သက်ဆိုင်တဲ့ အရာမှန်သမျှ လိုက်ဖျက်စီးချင်နေတာ "

ဦး 💜 ( Completed )Where stories live. Discover now