လွန်းကို အိမ်ပြန်ခေါ်လာခဲ့ပြီးနောက်..
''လွန်း
ဒီည ကိုယ့်အိမ်မှာပဲ အိပ်တော့နော် ...
ညနက်နေပြီ လွန်းကိုပြန်ပို့ပေးဖို့က..''
''ရပါတယ်ကိုပိုင်.. လွန်း အဆင်ပြေပါတယ်..''
''ဒါဆိုရင် ကိုယ်တို့.. အိမ်ထဲဝင်ကြမယ်နော်
လွန်း ..အဆင်ပြေရဲ့လား..''
ကားပေါ်ကဆင်းဆင်းချင်းပဲ ခေါင်းကမိုက်ခနဲ မူးဝေသွါးတာကြောင့် ပိုင်မှူး လွန်းကို
ဘေးကထိန်းပေးရင်း...
လွန်းကို..ပွေ့ခေါ်သွားတော့တယ်.
''လွန်းဘာဖြစ်လို့လဲ..ခေါင်းက ရရဲ့လားဟင်
ကိုယ် ဆရာဝန်ဆီဖုန်းဆက်ခေါ်ပေးရမလား။''
''ရတယ်..ကိုပိုင်မှူး လွန်းတခါတရံအဲ့လိုဖြစ်နေကျ..ခဏနေ သက်သာသွားလိမ့်မယ်။''
''ကိုယ်စိတ်ပူတယ် လွန်း..''
''တောင်းပန်ပါတယ်.. ဒီနေ့ လွန်းကြောင့်
ကိုပိုင်မှူး ပင်ပန်းရပြီ။''
ပြောပြောဆိုဆို.. အိမ်အပေါ်ထပ်ရောက်တဲ့ထိ လွန်းကိုပွေ့ခေါ်သွားတဲ့ ပိုင်မှူး။
''စောစောနားတော့နော်.. လွန်း။''
''အင်းပါ..''
အိပ်ယာထက်ချပေးခဲ့တဲ့ သူ့ကို
လွန်းမတားရက်တော့ပါ။
ဒါပေမဲ့ လွန်းဆီမှ.. ''ကိုပိုင်မှူး''
အခန်းဝဆီမှ လွန်းကိုပြန်လှည့်ကြည့်မိသူ
''လွန်း ဘာပြောမလို့လဲ..''
''လွန်းတစ်ယောက်တည်းမအိပ်ရဲဘူး။''
''ဘာဖြစ်လို့လဲ လွန်းရယ် ဘာကြောက်စရာရှိလို့လဲ..ကိုယ့်ကိုပြောနော်။''
''လွန်း...စစ်မဟာကိုကြောက်တယ်
ပြီးတော့ ဒီနေ့ ဝမ်းနည်းနေသလိုပဲ လွန်းရဲ့စိတ်ထဲ မကြာခင်တစ်ခုခုဖြစ်တော့မယ်လို့
ထင်နေမိတယ်။''
''ကိုယ်ရှိတယ်. မကြောက်နဲ့နော်..
ကိုအင်ကျီလဲလိုက်အုံးမယ်.. ပြီးရင်ပြန်လာခဲ့မယ် ဟုတ်ပြီလား။''
''အင်း..မြန်မြန်ပြန်ခဲ့နော်..''
သူတို့နှစ်ယောက်စကားပြောနေတာကို
ကြည့်နေတဲ့ သူကတော့ စစ်မဟာ။
ပိုင်မှူး နဲ့ လွန်းတို့ပြန်သွားတဲ့အချိန်တည်းက စစ်မဟာ သူတို့နှစ်ယောက်နောက်က လိုက်လာခဲ့တာ ဘယ်သူမှမသိခဲ့။
'ကိုယ်မင်းကိုစွဲလမ်းနေပြီ လွန်းခေတ်..
ကိုယ် ဟန်လဲမဆောင်နိုင်သလို မင်းရှေ့ရောက်ရင် အမြဲခုန်နေခဲ့တဲ့ ဒီနှလုံးသားကို
လိမ်ညာလို့မရခဲ့ဘူး။မင်းကိုပဲ ပိုင်ဆိုင်ချင်မိတာ ကိုယ့်ဘက်က အတ္တကြီးသွားရင်လဲမတတ်နိုင်ဘူး ကိုယ်မင်းကိုရဖို့အတွက်ဆို
ဘာမဆိုလုပ်ရမှာပဲ။'
ပိုင်မှူး.. လွန်းအခန်းထဲက ထွက်သွားတဲ့နောက်..ကုတင်ပေါ် လှဲပစ်လိုက်တဲ့ လွန်း..
'ငါ့ခေါင်းတွေ ဘာလို့ကိုက်နေရပါလိမ့်။'
''ကျွတ်ကျွတ်.. ကျွတ်..အားးးး..မူးသထက်မူးလာလိုက်တာအရမ်းပဲ''
မျက်လုံးထဲ ဝိုးတဝါးပုံရိပ်တစ်ခုဝင်ရောက်လာပေမဲ့ လွန်းအတွက်ဘာဆိုဘာမှမသိတော့ နှာခေါင်းနားကပ်လာတဲ့လက်တစ်စုံနဲ့အတူ
သူ့မျက်လုံးတွေ ပိတ်သွားမိခဲ့တယ်။
စစ်မဟာရဲ့မေ့ဆေးပုဝါနဲ့အတူ လွန်းတစ်ယောက် အမှောင်ယံတွေထဲ အလယ်ရောက်သွားခဲ့ပြီလေ။
ပိုင်မှူး. အဝတ်လဲနေရင်း ဖုန်းဝင်တာကြောင့်.. ''hello.. အေးပြော နှိုင်းမခ..''
''Boss..မနက်ဖြန် နိုင်ငံခြားရုံးချုပ်က ကိုယ်စားလှယ်က bossနဲ့တွေ့ချင်လို့တဲ့..
အဲ့ဒါ..မနက်ဖြန်လာတွေ့ပေးနိုင်မလား။
သူလဲ မအားတဲ့ကြားက bossနဲ့လာတွေ့ရမှာ အဆင်ပြေပါ့မလား။''
''ငါသိပြီ နှိုင်းမခ.. ဒါပဲမဟုတ်လား။''
''Boss..မနက် ၁၀ နာရီ နော်..''
''အေး..သိပြီကွာ..ငါဖုန်းချလိုက်ပြီ။''
အဝတ်လဲပြီး လွန်းဆီသွားတော့ လွန်းကိုမတွေ့..''ဟင် လွန်းဘယ်ရောက်သွားပါလိမ့်။''
''လွန်းရေ..လွန်း''
''ဘယ်မှာလဲကွာ..ကိုယ့်ကိုစိတ်ကောက်ပြီးပုန်းနေတာလား..လွန်း..လွန်းရေ။''
အိမ်အပေါ်ထပ်က အခန်းတွေ ရေချိုးခန်း
အိမ်အောက်ထပ်..ခြံထဲ ရေကူးကန် အဲ့ဒီနေရာတွေ အစုံရှာတာတောင် လွန်းကိုမတွေ့..''ဟာ ဒုက္ခပါပဲ.. လွန်းဘယ်တွေထွက်သွားပြန်တာလဲကွာ။''
''ဟာ..ဟုတ်ပြီ..ငါ cctv တွေပြန်ကြည့်ရမယ်။''
ပိုင်မှူး.. သူ့အိပ်ခန်းဘေးက ခုံပေါ်ရှိ cctv
မှတ်တမ်းတွေကို ပြန်ကြည့်တော့..
လူတစ်ယောက် နောက်ကျေားပေးထါးလျှက် လွန်းကို ပွေ့ခေါ်သွားတာ ဒါပဲသူမြင်ရတယ် အဲ့ဒီလူရဲ့ မျက်နှာကိုတော့ မမြင်လိုက်ရ။
''တောက်စ်..ကျေားကြီးပဲ မြင်တော့ ငါက
ဘယ်လိုရှာရမလဲ..ဟာကွာ.ငါခဏလေး
ဖုန်းပြောရုံရှိသေးတယ် လွန်းကို ခေါ်သွားတယ်ဆိုတော့ ငါတို့ရဲ့အခြေအနေတွေကို
ဒီလူ စောင့်ကြည့်နေတာများလား။''
ပိုင်မှူးရဲ့ ခေါင်းမီးတောက်နေေလရဲ့ ''မဖြစ်ဘူး ငါရဲစခန်း..''
အိပ်ယာပေါ်မှာ မြင်လိုက်ရတဲ့စာလေးတစ်စောင်..
''ဟိတ်လူ.. ခင်ဗျားရဲကိုတိုင်ရင် သူ့ရဲ့အသက်ကို အာမမခံနိုင်ဘူးနော်..
ခင်ဗျားရဲ့အကြောင်းတွေသတင်းတွေကို
ကျုပ်စောင့်ကြည့်နေတယ်ဆိုတာ မမေ့နဲ့။''
စာကိုဖတ်ပြီး.. ဒေါသပုန်ထပြန်တဲ့ ပိုင်မှူး..
''လွန်း. မင်းကိုဘယ်သူက ဖမ်းခေါ်သွားတာလဲကွာ..ကိုယ်မင်းကို အဆုံးရှုံးမခံနိုင်ဘူး။''
ကြမ်းပြင်ပေါ်.. ဒူးထောက်ကျကာ မျက်ဝန်းမှ မျက်ရည်ကြည်တွေ စီးဆင်းလာတဲ့ ပိုင်မှူး...
စစ်မဟာကတော့ လွန်းရဲ့ပါးပြင်နုနုလေးကိုနမ်းရှိုက်ရင်း ''ချစ်တယ်.. လွန်းကကိုယ့်အတွက်ပဲဖြစ်ရမယ်။လွန်းကို ချစ်လွန်းလို့
ကိုယ်အခုလို လုပ်လိုက်ရတာပါ။
လွန်းကိုပိုင်ဆိုင်ရမယ်ဆိုရင် လူသတ်ရမယ်ဆိုရင်တောင် ကိုယ်သတ်ဖို့ဝန်မလေးဘူး။''
''အဟက်...အဲ့ဒီလိုပြောရင် ရူးနေလားလို့ ကိုယ့်ကိုပြောမှာ ကိုယ်သိတယ်။
လွန်းကိုယ့်ကိုမုန်းသွားရင်တောင် ကိုယ့်ရဲ့အနားမှာ လွန်းရှိနေရင်ရပြီ ထွက်သွားခွင့်လဲမပေးနိုင်သလို တခြားသူနဲ့အတူရှိနေရင်
ကိုယ့်ရဲ့ရင်ထဲ မိုးကြိုးအစင်တစ်ရာပစ်လိုက်သလို ခံစားသွားရတာဆို လွန်းယုံပါ့မလား။''
မေ့နေတဲ့ ကောင်လေးရဲ့မျက်နှာကို ကြည့်ပြီး ရင်ထဲက စကားတွေကို ဖွင့်ထုတ်ဝန်ခံနေတဲ့ စစ်မဟာ။
''ငါရူးသွားပြီ ထင်တယ် လွန်းကြောင့်..''
mp Rockeain
🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿
Zaygyi
လြန္းကို အိမ္ျပန္ေခၚလာခဲ့ၿပီးေနာက္..
''လြန္း
ဒီည ကိုယ့္အိမ္မွာပဲ အိပ္ေတာ့ေနာ္ ...
ညနက္ေနၿပီ လြန္းကိုျပန္ပို႔ေပးဖို႔က..''
''ရပါတယ္ကိုပိုင္.. လြန္း အဆင္ေျပပါတယ္..''
''ဒါဆိုရင္ ကိုယ္တို႔.. အိမ္ထဲဝင္ၾကမယ္ေနာ္
လြန္း ..အဆင္ေျပရဲ႕လား..''
ကားေပၚကဆင္းဆင္းခ်င္းပဲ ေခါင္းကမိုက္ခနဲ မူးေဝသြါးတာေၾကာင့္ ပိုင္မႉး လြန္းကို
ေဘးကထိန္းေပးရင္း...
လြန္းကို..ေပြ႕ေခၚသြားေတာ့တယ္.
''လြန္းဘာျဖစ္လို႔လဲ..ေခါင္းက ရရဲ႕လားဟင္
ကိုယ္ ဆရာဝန္ဆီဖုန္းဆက္ေခၚေပးရမလား။''
''ရတယ္..ကိုပိုင္မႉး လြန္းတခါတရံအဲ့လိုျဖစ္ေနက်..ခဏေန သက္သာသြားလိမ့္မယ္။''
''ကိုယ္စိတ္ပူတယ္ လြန္း..''
''ေတာင္းပန္ပါတယ္.. ဒီေန႕ လြန္းေၾကာင့္
ကိုပိုင္မႉး ပင္ပန္းရၿပီ။''
ေျပာေျပာဆိုဆို.. အိမ္အေပၚထပ္ေရာက္တဲ့ထိ လြန္းကိုေပြ႕ေခၚသြားတဲ့ ပိုင္မႉး။
''ေစာေစာနားေတာ့ေနာ္.. လြန္း။''
''အင္းပါ..''
အိပ္ယာထက္ခ်ေပးခဲ့တဲ့ သူ႕ကို
လြန္းမတားရက္ေတာ့ပါ။
ဒါေပမဲ့ လြန္းဆီမွ.. ''ကိုပိုင္မႉး''
အခန္းဝဆီမွ လြန္းကိုျပန္လွည့္ၾကည့္မိသူ
''လြန္း ဘာေျပာမလို႔လဲ..''
''လြန္းတစ္ေယာက္တည္းမအိပ္ရဲဘူး။''
''ဘာျဖစ္လို႔လဲ လြန္းရယ္ ဘာေၾကာက္စရာရွိလို႔လဲ..ကိုယ့္ကိုေျပာေနာ္။''
''လြန္း...စစ္မဟာကိုေၾကာက္တယ္
ၿပီးေတာ့ ဒီေန႕ ဝမ္းနည္းေနသလိုပဲ လြန္းရဲ႕စိတ္ထဲ မၾကာခင္တစ္ခုခုျဖစ္ေတာ့မယ္လို႔
ထင္ေနမိတယ္။''
''ကိုယ္ရွိတယ္. မေၾကာက္နဲ႕ေနာ္..
ကိုအင္က်ီလဲလိုက္အုံးမယ္.. ၿပီးရင္ျပန္လာခဲ့မယ္ ဟုတ္ၿပီလား။''
''အင္း..ျမန္ျမန္ျပန္ခဲ့ေနာ္..''
သူတို႔ႏွစ္ေယာက္စကားေျပာေနတာကို
ၾကည့္ေနတဲ့ သူကေတာ့ စစ္မဟာ။
ပိုင္မႉး နဲ႕ လြန္းတို႔ျပန္သြားတဲ့အခ်ိန္တည္းက စစ္မဟာ သူတို႔ႏွစ္ေယာက္ေနာက္က လိုက္လာခဲ့တာ ဘယ္သူမွမသိခဲ့။
'ကိုယ္မင္းကိုစြဲလမ္းေနၿပီ လြန္းေခတ္..
ကိုယ္ ဟန္လဲမေဆာင္နိုင္သလို မင္းေရွ႕ေရာက္ရင္ အၿမဲခုန္ေနခဲ့တဲ့ ဒီႏွလုံးသားကို
လိမ္ညာလို႔မရခဲ့ဘူး။မင္းကိုပဲ ပိုင္ဆိုင္ခ်င္မိတာ ကိုယ့္ဘက္က အတၱႀကီးသြားရင္လဲမတတ္နိုင္ဘူး ကိုယ္မင္းကိုရဖို႔အတြက္ဆို
ဘာမဆိုလုပ္ရမွာပဲ။'
ပိုင္မႉး.. လြန္းအခန္းထဲက ထြက္သြားတဲ့ေနာက္..ကုတင္ေပၚ လွဲပစ္လိုက္တဲ့ လြန္း..
'ငါ့ေခါင္းေတြ ဘာလို႔ကိုက္ေနရပါလိမ့္။'
''ကြၽတ္ကြၽတ္.. ကြၽတ္..အားးးး..မူးသထက္မူးလာလိုက္တာအရမ္းပဲ''
မ်က္လုံးထဲ ဝိုးတဝါးပုံရိပ္တစ္ခုဝင္ေရာက္လာေပမဲ့ လြန္းအတြက္ဘာဆိုဘာမွမသိေတာ့ ႏွာေခါင္းနားကပ္လာတဲ့လက္တစ္စုံနဲ႕အတူ
သူ႕မ်က္လုံးေတြ ပိတ္သြားမိခဲ့တယ္။
စစ္မဟာရဲ႕ေမ့ေဆးပုဝါနဲ႕အတူ လြန္းတစ္ေယာက္ အေမွာင္ယံေတြထဲ အလယ္ေရာက္သြားခဲ့ၿပီေလ။
ပိုင္မႉး. အဝတ္လဲေနရင္း ဖုန္းဝင္တာေၾကာင့္.. ''hello.. ေအးေျပာ ႏွိုင္းမခ..''
''Boss..မနက္ျဖန္ နိုင္ငံျခား႐ုံးခ်ဳပ္က ကိုယ္စားလွယ္က bossနဲ႕ေတြ႕ခ်င္လို႔တဲ့..
အဲ့ဒါ..မနက္ျဖန္လာေတြ႕ေပးနိုင္မလား။
သူလဲ မအားတဲ့ၾကားက bossနဲ႕လာေတြ႕ရမွာ အဆင္ေျပပါ့မလား။''
''ငါသိၿပီ ႏွိုင္းမခ.. ဒါပဲမဟုတ္လား။''
''Boss..မနက္ ၁၀ နာရီ ေနာ္..''
''ေအး..သိၿပီကြာ..ငါဖုန္းခ်လိဳက္ၿပီ။''
အဝတ္လဲၿပီး လြန္းဆီသြားေတာ့ လြန္းကိုမေတြ႕..''ဟင္ လြန္းဘယ္ေရာက္သြားပါလိမ့္။''
''လြန္းေရ..လြန္း''
''ဘယ္မွာလဲကြာ..ကိုယ့္ကိုစိတ္ေကာက္ၿပီးပုန္းေနတာလား..လြန္း..လြန္းေရ။''
အိမ္အေပၚထပ္က အခန္းေတြ ေရခ်ိဳးခန္း
အိမ္ေအာက္ထပ္..ၿခံထဲ ေရကူးကန္ အဲ့ဒီေနရာေတြ အစုံရွာတာေတာင္ လြန္းကိုမေတြ႕..''ဟာ ဒုကၡပါပဲ.. လြန္းဘယ္ေတြထြက္သြားျပန္တာလဲကြာ။''
''ဟာ..ဟုတ္ၿပီ..ငါ cctv ေတြျပန္ၾကည့္ရမယ္။''
ပိုင္မႉး.. သူ႕အိပ္ခန္းေဘးက ခုံေပၚရွိ cctv
မွတ္တမ္းေတြကို ျပန္ၾကည့္ေတာ့..
လူတစ္ေယာက္ ေနာက္ေက်ားေပးထါးလွ်က္ လြန္းကို ေပြ႕ေခၚသြားတာ ဒါပဲသူျမင္ရတယ္ အဲ့ဒီလူရဲ႕ မ်က္ႏွာကိုေတာ့ မျမင္လိုက္ရ။
''ေတာက္စ္..ေက်ားႀကီးပဲ ျမင္ေတာ့ ငါက
ဘယ္လိုရွာရမလဲ..ဟာကြာ.ငါခဏေလး
ဖုန္းေျပာ႐ုံရွိေသးတယ္ လြန္းကို ေခၚသြားတယ္ဆိုေတာ့ ငါတို႔ရဲ႕အေျခအေနေတြကို
ဒီလူ ေစာင့္ၾကည့္ေနတာမ်ားလား။''
ပိုင္မႉးရဲ႕ ေခါင္းမီးေတာက္ေနေလရဲ့ ''မျဖစ္ဘူး ငါရဲစခန္း..''
အိပ္ယာေပၚမွာ ျမင္လိုက္ရတဲ့စာေလးတစ္ေစာင္..
''ဟိတ္လူ.. ခင္ဗ်ားရဲကိုတိုင္ရင္ သူ႕ရဲ႕အသက္ကို အာမမခံနိုင္ဘူးေနာ္..
ခင္ဗ်ားရဲ႕အေၾကာင္းေတြသတင္းေတြကို
က်ဳပ္ေစာင့္ၾကည့္ေနတယ္ဆိုတာ မေမ့နဲ႕။''
စာကိုဖတ္ၿပီး.. ေဒါသပုန္ထျပန္တဲ့ ပိုင္မႉး..
''လြန္း. မင္းကိုဘယ္သူက ဖမ္းေခၚသြားတာလဲကြာ..ကိုယ္မင္းကို အဆုံးရႈံးမခံနိုင္ဘူး။''
ၾကမ္းျပင္ေပၚ.. ဒူးေထာက္က်ကာ မ်က္ဝန္းမွ မ်က္ရည္ၾကည္ေတြ စီးဆင္းလာတဲ့ ပိုင္မႉး...
စစ္မဟာကေတာ့ လြန္းရဲ႕ပါးျပင္ႏုႏုေလးကိုနမ္းရွိုက္ရင္း ''ခ်စ္တယ္.. လြန္းကကိုယ့္အတြက္ပဲျဖစ္ရမယ္။လြန္းကို ခ်စ္လြန္းလို႔
ကိုယ္အခုလို လုပ္လိုက္ရတာပါ။
လြန္းကိုပိုင္ဆိုင္ရမယ္ဆိုရင္ လူသတ္ရမယ္ဆိုရင္ေတာင္ ကိုယ္သတ္ဖို႔ဝန္မေလးဘူး။''
''အဟက္...အဲ့ဒီလိုေျပာရင္ ႐ူးေနလားလို႔ ကိုယ့္ကိုေျပာမွာ ကိုယ္သိတယ္။
လြန္းကိုယ့္ကိုမုန္းသြားရင္ေတာင္ ကိုယ့္ရဲ႕အနားမွာ လြန္းရွိေနရင္ရၿပီ ထြက္သြားခြင့္လဲမေပးနိုင္သလို တျခားသူနဲ႕အတူရွိေနရင္
ကိုယ့္ရဲ႕ရင္ထဲ မိုးႀကိဳးအစင္တစ္ရာပစ္လိုက္သလို ခံစားသြားရတာဆို လြန္းယုံပါ့မလား။''
ေမ့ေနတဲ့ ေကာင္ေလးရဲ႕မ်က္ႏွာကို ၾကည့္ၿပီး ရင္ထဲက စကားေတြကို ဖြင့္ထုတ္ဝန္ခံေနတဲ့ စစ္မဟာ။
''ငါ႐ူးသြားၿပီ ထင္တယ္ လြန္းေၾကာင့္..''
mp Rockeain