ချစ်ရပါသောမောင် (ခ်စ္ရပါေသာေမ...

By Lily_Han02

1.3M 109K 3.5K

❣︎𝐴𝑟𝑡 𝑏𝑦 𝑆𝑢𝑦𝑖❣︎ ❦{Own Creation}❦ Unicode&Zawgyi မောင်ပေးတဲ့ အနွေးဓာတ်တွေကို ဖမ်းဆုပ်ထားရင်း နွေးထွေ... More

Chapter-1
Chapter-2
Chapter-3
Chapter-4
Chapter-5
Chapter-6
Chapter-7
Chapter-8
Chapter-9
Chapter-10
Chapter-11
Chapter-13
Chapter-14
Chapter-15
Chapter-16
Chapter-17
Chapter-18
Chapter-19
Chapter-20
Chapter-21
Chapter-22
Chapter-23
Chapter-24
Chapter-25
Chapter-26
Chapter-27
Chapter-28
Chapter-29
Chapter-30
Chapter-31
Chapter-32
Chapter-33
Chapter-34
Chapter-35
Chapter-36
Chapter-37
Chapter-38
Chapter-39
Chapter-40
Chapter-41
Chapter-42
Chapter-43
Chapter-44
Chapter-45
Chapter-46
Chapter-47
Chapter-48
Chapter-49
Chapter-50
Chapter-51
Chapter-52
Chapter-53
Chapter-54
Chapter-55
Chapter-56
Chapter-57
Chapter-58(Finale)
Extra-1
Extra-2
Extra-3
Extra-4
Extra-5
Final Extra
Special Extra-1(Surprise!!)
Special Extra-2
Final Special Extra-3
Hello><

Chapter-12

21.1K 2.1K 57
By Lily_Han02

Unicode

မောင့်အလာကို ကိုကိုစောင့်နေရတာလည်း
ဖြစ်သည်။အရင်နေ့တွေက နောက်မကျ
သလောက် မောင်က ဒီနေ့တော့ နောက်ကျ
သည်။နာရီကိုတကြည့်ကြည့်လည်းလုပ်ဖြစ်
နေရင်း မောင့်ကားကိုလည်း မျှော်ရသည်။
ဖုန်းခေါ်တော့လည်း မကိုင်ပြန်လို့ စိတ်ပူသည်။

"ဘာလို့ကြာနေတာလဲ.."

ကိုကိုပြောတုန်းပင်ရှိသေး ဘေး၌ရပ်လာ
သည်က မောင့်ရဲ့ကား။ခပ်မြန်မြန်ကားပေါ်
တက်မိတော့ ခါးပတ်ကို အရင်ဦးဆုံးပတ်
မိသည်။မောင့်ကို မကြည့်ဖြစ်သေးဘဲ
စကားလည်း တပြောပြော။

"ဒီနေ့မှ ဘာလို့နောက်ကျနေတာလဲမောင်"

မောင့်ဆီမှ ဖြေသံတို့ထွက်မလာ။
အသံတိတ်နေတော့ ကိုကိုကပဲ လှည့်ကြည့်
ရင်း ထပ်မေးဖြစ်သည်။

"မောင် ဘာဖြစ်နေတာလဲ"

မောင်က မျက်နှာကို တံခါးဘက်သို့
လှည့်ထားရင်း ကိုကို့ကိုလည်း ပြန်ပင်
ဖြေမလာခဲ့။ကိုကိုမေးနေတော့လည်း
တုတ်တုတ်မျှ မလှုပ်။မောင့်လက်ဆီသို့
အကြည့်ရောက်တော့ လက်ဆစ်မှာလည်း
ပေါက်ပြဲကာ သွေးတို့ပင်ထွက်လျက်။
ကိုကိုက စိုးရိမ်တကြီးနှင့်မောင့်လက်ကို
လှမ်းယူကြည့်တော့ ငြင်းချင်သေးသည်။

"ငြိမ်ငြိမ်နေစမ်း သော်ယံမောင်"

"ဒါ ဘာဖြစ်လာတာလဲ။မင်း ရန်ဖြစ်လာတာ
လား။အဲ့မျက်နှာကို ငါ့ဘက်လည်းလှည့်ဦး
သော်ယံမောင်"

"ကိုကိုကလည်း မောင်လို့ပဲခေါ်၊
သော်ယံမောင်လို့ မခေါ်နဲ့"

လေသံမာမာနှင့် သော်ယံမောင်လို့ ခေါ်တော့
သဘောမကျဖြစ်ကာ လှည့်ကြည့်လာသည်။
မောင်က ကိုကို့ဘက်သို့ မျက်နှာလှည့်လာရင်း
ပြောတော့ ကိုကို့မှာ မျက်နှာပျက်တာသိသိ
သာသာ။မောင့်မျက်နှာပေါ်မှ အညိုအမည်း
တို့စွဲနေသည့် ဒဏ်ရာဒဏ်ချက်တို့နှင့်
နှုတ်ခမ်းထောင့်စွန်း၌ပေါက်လို့ သွေးထွက်
နေတာလည်းတွေ့သည်။ကိုကို့မှာ ဘာမှလည်း ထပ်မပြောနိုင်။မောင့်မှာ ဒဏ်ရာဒဏ်ချက်
တွေနဲ့မို့ ဝမ်းနည်းစိတ်က လှိုက်ခနဲ
လှိုက်တက်လာတာလည်းဖြစ်သည်။
ဒါ ဖေဖေတို့ဆုံးပြီးကတည်းက ဝမ်းနည်း
လွယ်လာတတ်တဲ့စိတ်ပဲ။

"ကိုကို မငိုနဲ့လေ"

"မင်းမျက်နှာကိုလည်း မှန်ထဲပြန်ကြည့်ဦး။
ဘာလို့ရန်ဖြစ်တာလဲ။ဟမ် သော်ယံမောင်
ငါမေးနေတယ်လေ"

"ရန်ဖြစ်လာတာ။ဒါ အသေးအဖွဲလေးပါကိုကိုရာ"

မောင်က ပြောတယ် ဒါကအသေးအဖွဲ။
ဒီလူက ငိုမိတော့ ဆန်းဆန်းပြားပြားများ
ဖြစ်သွားသလား။ဒီလောက် ဒဏ်ရာတွေရလာ
တာတောင် အသေးအဖွဲလေးပါလို့ ပြောနေ
သေးတော့ သော်ယံမောင့်ခေါင်းကို ခပ်နာနာ
ခေါက်ချပစ်သည်။

"အဲ့မှာ အသေးအဖွဲလို့ပြောချင်ဦး"

"နာလိုက်တာ ကိုကိုကလည်း။
ကျွန်တော်ပြောတာကိုယုံ။အရင်ကဆို
ခေါင်းကွဲရင်ကွဲ၊မကွဲရင် လက်ကျိုးပဲ ဟဲဟဲ။
ဒီတစ်ပွဲမှာ ကျွန်တော်ကပဲ ဟိုဘက်ကအကောင်
တွေကို ဆေးရုံရောက်အောင်ပါချလာခဲ့တာ
တော်တယ်မလားဟင် ကိုကို"

"ကိုကို..ကျွန်တော် တော်တယ်မလားလို့"

သူ့ကိုယ်သူဂုဏ်ယူနေတော့ မောင့်ကိုလည်း
ဘာပြန်ပြောရမှန်းပင် မသိတော့။မောင်က တကယ့်အဆိုးလေးမှန်း အခုမှသိသည်။
အရင်က ဘယ်လောက်တောင် ဆိုးခဲ့သေးလဲ
ဆိုတာလည်း ခန့်မှန်းမိသည်။

"မောင်က ခဏခဏရန်ဖြစ်တတ်တာလား"

"ဖြစ်တာပေါ့ သူတို့ကရန်လာစတာကို
ကျွန်တော်က ငြိမ်ခံရမှာလား။အိမ်ရောက်ရင် သေချာပြောပြမယ်။အချုပ်ထဲမှာတစ်ညအိပ်
ခဲ့ရတဲ့ အကြောင်းရော"

"အေး..အေးပါကွာ"

ကိုကို့မှာ အိမ်ပြန်ရောက်တဲ့အထိ မောင့်မျက်နှာ
ကိုပဲ ကြည့်လာမိသည်။ငါကသာစိတ်ပူနေတာ
မောင်ကတော့ ပွဲတော်တက်ခဲ့ရသလိုမျိုး
ပျော်နေတာဖြစ်သည်။ဘယ်လို ကောင်လေး
ကိုများ ချစ်မိခဲ့ပါလိမ့်။အင်းလေ မောင်က
ချစ်လည်း ချစ်ချင်စရာလေးကို။

အိမ်ကိုရောက်တော့ မောင့်ဒဏ်ရာတွေကို
လည်း ဆေးထည့်ပေးရသည်။နာလို့ အော်ရှာ
တော့ သနားလည်း သနားမိ၊စိတ်လည်း ဆိုးမိသည်။

"အား.. အရမ်းကြီးမလုပ်နဲ့လေ နာတယ်"

"နာရင် အောင့်သာခံ။ဖြစ်တုန်းကဖြစ်ပြီးတော့
ခံလိုက်"

"ကိုကိုနော်..ကျွန်တော့်ကို မသနားဘူးလားဟင်"

"သနားတာက သနားတယ်။ပြီးရင် မောင့်ကို
အပြစ်ပေးမှာ ရန်ဖြစ်လာလို့။ဒေါ်ဒေါ်တို့သာ
သိရင် ဘယ်လောက်စိတ်ပူလိုက်မလဲ။
တကယ်ကို လိမ္မာမနေဘူး။ဆေးရုံရောက်
အောင်ပါ ချခဲ့တယ်ဆိုပဲ၊ဂုဏ်တောင်ယူ
နေသေးတယ်။အံ့ဩပကွာ"

ကိုကိုကဆူတော့ မောင်က တပြုံးပြုံးနှင့်
ထိုင်ကြည့်သည်။ဆက်ပဲဆူရမလို ရပ်ပဲရပ်
ရမလိုနှင့် ကိုကို့မှာ အိုးတိုးအမ်းတမ်း ရှက်မိ
တာလည်းဖြစ်သည်။

"ကိုကို"

"ဘာလဲ"

"အချုပ်ခန်းထဲ နေခဲ့ရတဲ့အကြောင်းပြောပြမယ်။
ဒါပေမဲ့ တစ်ခုတော့ရှိတယ်၊ကျွန်တော်ရန်ဖြစ်
တယ်ဆိုတာ သူတို့ဘက်ကရန်လာစလို့။
ကျွန်တော့်ဘက်က ရန်သွားစတာမဟုတ်ဘူးနော်"

"မောင့်ဘက်က မစလည်း မောင်ကရှောင်ထွက်
တတ်ရမယ်လေကွာ"

​"ဟုတ်ပါပြီဗျာ။ကျွန်တော်ပြောပြမယ်နော်"

"နေဦး။မောင်က အချုပ်ခန်းထဲက
အကြောင်းကို တော်တော်လေးပြောပြချင်
တာမလား။ဒါကြောင့် မတ်တတ်လေးအရင်
ရပ်လိုက်"

"ဟင် ဒီတိုင်းထိုင်ပြီးပြောလည်းရတယ်လေ
ကိုကိုရဲ့"

"ရပ်မှာလား မရပ်ဘူးလား"

ကိုကိုက မျက်နှာတည်နှင့်ပြောတော့
မောင့်မှာ မတ်တတ်ရပ်ရှာသည်။
ကိုကိုက မျက်နှာတည်ထားတော့ မောင့်မှာ
မနေတတ်။မျက်နှာတည်တည်ကြီးနဲ့ကျတော့
လည်း ကိုကိုက ခန့်ချောကြီး။
မောင်က သူ့အတွေးနဲ့သူ ထရယ်ပစ်တော့
ကိုကို အသံစူးစူးကထွက်သည်။

"ဘာရယ်စရာပါလို့လဲ"

"မဟုတ်ပါဘူး ကိုကိုရယ်။
ကျွန်တော်မတ်တတ်ရပ် ပြီးပြီနော်
ပြောပြလို့ရပြီလား"

"မရသေးဘူး လက်ပိုက်ဖို့ကျန်သေးတယ်၊
အဲ့လက်ပိုက်ပြီးရင်စပြောတော့"

"ကိုကိုနောက်နေတာလားဟင်"

ကိုကိုက မျက်မှောင်ကြုတ်ကြည့်လာတော့
မောင့်မှာမျက်နှာပိုးသတ်ရသည်။

"ငါက နောက်နေတဲ့ပုံပေါ်နေသလား"

"ဟင့်အင်း ဟင့်အင်း မပေါ်ပါဘူးဗျာ။
မတ်တတ်ရပ်ပြီး ဒီလိုလေးလက်ပိုက်
လိုက်ပြီနော်။မျက်နှာလေးကိုပြုံးပါဦး
ကိုကိုရဲ့"

မောင်က အသည်းယားအောင်လုပ်ပြနေတော့
မောင့်ကိုကြည့်ရင်း ကိုကိုရယ်ချင်လာသည်။
မရယ်မိအောင်ထိန်းတော့ နှုတ်ခမ်းကိုလည်း
ကိုက်ထားရသည်။တကယ်ကို ဘယ်လို
ကောင်လေးမှန်း မသိ။

"ကိုကိုရယ် ကျွန်တော့်ကို ဒေါသမထွက်
ပါနဲ့နော်။မျက်နှာလေးက ရဲတက်လာပြီ"

​ကိုကို ဒေါသထွက်နေတာတော့ မဟုတ်။
ရယ်ချင်လို့ မနည်းအောင့်ထားရတာပင်ဖြစ်မည်။

"ကဲပါကွာ အချုပ်ခန်းအကြောင်းလေး
ကြွားစမ်းပါဦး"

"ဟုတ်ကဲ့ဗျ"

သူ့အကြောင်းကြွားရမယ်ဆိုတော့ မျက်နှာက
ခပ်မြူးမြူး။

"အဲ့နေ့က ရန်ပွဲက အကြီးအကျယ်ပဲ။
ချိန်းပြီးတော့ ချကြတာဗျ။နေရှင်းအပါအဝင်
တခြားသူငယ်ချင်းတွေနဲ့ဆို ဆယ်ယောက်
လောက်ရှိမယ်။သူတို့ဘက်ကလည်း
အဲ့လောက်ပဲ။one by oneချကြတာ
ပျော်စရာကြီးသိလား"

"ငါကဘယ်သိမှာလဲ"

ရုပ်တည်နဲ့ ကိုကိုက ပြန်ပြောလာတော့
မောင့်မှာ အရှိန်တောင်ပျက်သည်။

"ဟုတ်တာပေါ့ ဘယ်သိမှာလည်းနော့်။
ဆက်ပြောမယ် အဲ့မှာချရင်းနဲ့ ကျွန်တော့်
အလှည့်လည်းရောက်ရော အဲ့ဘက်က
အကောင်က ထွက်ပြေးတာကိုကိုရယ်။
ရိုးရိုးတန်းတန်း ထွက်ပြေးတာမဟုတ်ဘူး
ပါးစပ်ကလည်းအော်သေးတာ ကျွန်တော်
အော်ပြမယ်။
'ကယ်ကြပါဦးရှင့် အယ် မဟုတ်ပါဘူး
ကယ်ကြပါဦး..သားကို သော်ယံမောင်
လိုက်ရိုက်နေလို့ ကယ်ကြပါဦးဗျာ'တဲ့။
ဟားဟား ကျွန်တော့်မှာလိုက်ထိုးရတာတောင်
သူပြောတာကြောင့် ကြိမ်တုတ်ပဲပြေးဝယ်ပြီး
ရိုက်ရမလိုလိုနဲ့"

"ဪ တော်တော်ပျော်နေတယ်ထင်တယ်"

"ဒါပေါ့ကိုကိုရ ပျော်စရာကြီး။
ကျန်သေးတယ်။သူကလေ ရဲစခန်းထဲကို
အော်ပြီးပြေးဝင်သွားတာ။
ကျွန်တော်ကလည်းမသိဘဲ လိုက်ဝင်ပြီး
တွေ့တာနဲ့တစ်ခါတည်း အားရပါးရထိုးတော့
တာပေါ့။ပြီးလည်းပြီးရော ရဲတွေလာဆွဲမှ
ရဲစခန်းမှန်းသိတယ်။အနောက်က လိုက်လာ
တဲ့သူတွေကလည်း ရဲစခန်းမှန်းမသိဘူး။
ကျွန်တော်နဲ့အဲ့ကောင် ငြိမ်ငြိမ်လေးနေနေပြီး
သူတို့ရန်ပွဲကိုကြည့်လိုက်ရသေးတယ်။
နောက်တော့ အုပ်စုလိုက်ကြီး အချုပ်ခန်းထဲပျော်ပျော်ပါးပါးကြီးဝင်လိုက်ရရော"

ကိုကို့မှာ ပါးစပ်အဟောင်းသားနှင့် မောင့်ကို
ကြည့်ရှာသည်။မောင်ကတော့ အားရပါးရ
ဆက်ပြောပြနေတုန်းပင်။

"အချုပ်ခန်းထဲမှာ အိမ်ကလာပို့ကြတဲ့
ထမင်းချိုင့်တွေနဲ့ နှစ်ဖက်လုံး စည်းစည်း
လုံးလုံးစားခဲ့ရတာ။စားကောင်းလိုက်တာ
ပြောမနေနဲ့ အအေးတွေကို ဘီယာလို့
သဘောထားပြီးသောက်ကြတာ အမလေး
ကိုကိုရာ သိပ်ပျော်ဖို့ကောင်းတာ"

"အေးပေါ့ကွာ သိပ်ပျော်ရမှာပေါ့။
အဲ့တာကြောင့် ဒီတိုင်းနောက်ထပ်တစ်နာရီ
မတ်တတ်ရပ်နေ။မရပ်ဘဲ နေလို့ကတော့
ငါ့ကိုလာမခေါ်နဲ့ ဒါပဲ"

​ပြောပြီးတာနဲ့ အပေါ်ထပ်ကိုတန်းတက်သွား
တဲ့ကိုကို။အနောက်ကနေ မောင်လှမ်းခေါ်နေတာ
တောင်လှည့်ကြည့်မသွား။

"ကိုကို၊ကိုကိုရေ မရက်စက်နဲ့လေ။ကျွန်တော်
ကလေးလည်းမဟုတ်ပဲနဲ့၊မတ်တတ်ရပ်ပြီး
လက်ပိုက်ထားရတယ်လို့..ကိုကိုရေ ကိုကို"

"ကိုကိုက ရက်စက်လိုက်တာ"

ပျော်စရာကြီးမို့လို့ ကိုကိုပါပျော်ရအောင်
ပြောပြတာကို။စေတနာလို့သဘောမထားဘဲ
ကိုကိုက အပြစ်လည်းပေးသွားသည်။
ကိုကိုမို့လို့နော်..မခေါ်ဘဲ မနေနိုင်လို့ စကား
နားထောင်မှာ။ချစ်ဖို့ကောင်းလွန်းလို့ ကိုကို
စိတ်ချမ်းသာပါစေတော့ဆိုပြီး ကျွန်တော်က
မတ်တတ်ရပ်လက်ပိုက် ပေးနေမှာဗျ။

(6.8.2020)Lily_Han🍀

Zawgyi

ေမာင့္အလာကို ကိုကိုေစာင့္ေနရတာ
လည္း ျဖစ္သည္။အရင္ေန႔ေတြက
​ေနာက္မက်သေလာက္ ေမာင္က ဒီေန႔ေတာ့
ေနာက္က်သည္။နာရီကိုတၾကည့္ၾကည့္
လည္းလုပ္ျဖစ္​ေနရင္း ေမာင့္ကားကို
လည္း ေမၽွာ္ရသည္။
ဖုန္းေခၚေတာ့လည္း မကိုင္ျပန္လို႔
စိတ္ပူသည္။

"ဘာလို႔ၾကာေနတာလဲ.."

ကိုကိုေျပာတုန္းပင္ရွိေသး ေဘး၌ရပ္လာ
သည္က ေမာင့္ရဲ့ကား။ခပ္ျမန္ျမန္ကားေပၚ
တက္မိေတာ့ ခါးပတ္ကို အရင္ဦးဆုံးပတ္
မိသည္။ေမာင့္ကို မၾကည့္ျဖစ္ေသးဘဲ
စကားလည္း တေျပာေျပာ။

"ဒီေန႔မွ ဘာလို႔ေနာက္က်ေနတာလဲေမာင္"

ေမာင့္ဆီမွ ေျဖသံတို႔ထြက္မလာ။
အသံတိတ္ေနေတာ့ ကိုကိုကပဲ လွည့္
ၾကည့္ရင္း ထပ္ေမးျဖစ္သည္။

"ေမာင္ ဘာျဖစ္ေနတာလဲ"

ေမာင္က မ်က္ႏွာကို တံခါးဘက္သို႔
လွည့္ထားရင္း ကိုကို႔ကိုလည္း ျပန္ပင္
ေျဖမလာခဲ့။ကိုကိုေမးေနေတာ့လည္း
တုတ္တုတ္မၽွ မလွုပ္။ေမာင့္လက္ဆီသို႔
အၾကည့္ေရာက္ေတာ့ လက္ဆစ္မွာလည္း
ေပါက္ျပဲကာ ေသြးတို႔ပင္ထြက္လ်က္။
ကိုကိုက စိုးရိမ္တႀကီးႏွင့္ေမာင့္လက္ကို
လွမ္းယူၾကည့္ေတာ့ ျငင္းခ်င္ေသး
သည္။

"ၿငိမ္ၿငိမ္ေနစမ္း ေသာ္ယံေမာင္"

"ဒါ ဘာျဖစ္လာတာလဲ။မင္း ရန္ျဖစ္လာတာ
လား။အဲ့မ်က္ႏွာကို ငါ့ဘက္လည္းလွည့္ဦး
ေသာ္ယံေမာင္"

"ကိုကိုကလည္း ေမာင္လို႔ပဲေခၚ၊
ေသာ္ယံေမာင္လို႔ မေခၚနဲ႔"

ေလသံမာမာႏွင့္ ေသာ္ယံေမာင္လို႔
ေခၚေတာ့ သေဘာမက်ျဖစ္ကာ လွည့္ၾကည့္
လာသည္။
ေမာင္က ကိုကို႔ဘက္သို႔ မ်က္ႏွာလွည့္လာရင္း
ေျပာေတာ့ ကိုကို႔မွာ မ်က္ႏွာပ်က္တာသိသိ
သာသာ။ေမာင့္မ်က္ႏွာေပၚမွ အညိဳ
အမည္းတို႔စြဲေနသည့္ ဒဏ္ရာဒဏ္ခ်က္တို႔ႏွင့္
ႏွုတ္ခမ္းေထာင့္စြန္း၌ေပါက္လို႔
ေသြးထြက္​ေနတာလည္းေတြ႕သည္။ကိုကို႔မွာ ဘာမွလည္း ထပ္မေျပာနိုင္။
​ေမာင့္မွာ ဒဏ္ရာဒဏ္ခ်က္​ေတြနဲ႔မို႔
ဝမ္းနည္းစိတ္က လွိုက္ခနဲ လွိုက္တက္လာတာလည္း
​ျဖစ္သည္။ဒါ ေဖေဖတို႔ဆုံးၿပီးကတည္းက ဝမ္းနည္းလြယ္လာတတ္တဲ့စိတ္ပဲ။

"ကိုကို မငိုနဲ႔ေလ"

"မင္းမ်က္ႏွာကိုလည္း မွန္ထဲျပန္ၾကည့္ဦး။
ဘာလို႔ရန္ျဖစ္တာလဲ။ဟမ္ ေသာ္ယံေမာင္
ငါေမးေနတယ္ေလ"

"ရန္ျဖစ္လာတာ။ဒါ အေသးအဖြဲေလးပါကိုကိုရာ"

ေမာင္က ေျပာတယ္ ဒါကအေသးအဖြဲ။
ဒီလူက ငိုမိေတာ့ ဆန္းဆန္းျပားျပားမ်ား
ျဖစ္သြားသလား။ဒီေလာက္ ဒဏ္ရာေတြရလာ
တာေတာင္ အေသးအဖြဲေလးပါလို႔
ေျပာေန​ေသးေတာ့ ေသာ္ယံေမာင့္
​ေခါင္းကို ခပ္နာနာ​ေခါက္ခ်ပစ္သည္။

"အဲ့မွာ အေသးအဖြဲလို႔ေျပာခ်င္ဦး"

"နာလိုက္တာ ကိုကိုကလည္း။
ကၽြန္ေတာ္ေျပာတာကိုယုံ။အရင္ကဆို
ေခါင္းကြဲရင္ကြဲ၊မကြဲရင္ လက္က်ိဳးပဲ ဟဲဟဲ။
ဒီတစ္ပြဲမွာ ကၽြန္ေတာ္ကပဲ ဟိုဘက္
ကအေကာင္ ​ေတြကို ေဆး႐ုံေရာက္
​ေအာင္ပါခ်လာခဲ့တာ ​ေတာ္တယ္မလားဟင္
ကိုကို"

"ကိုကို..ကၽြန္ေတာ္ ေတာ္တယ္မလားလို႔"

သူ႔ကိုယ္သူဂုဏ္ယူေနေတာ့ ေမာင့္ကိုလည္း
ဘာျပန္ေျပာရမွန္းပင္ မသိေတာ့။
​ေမာင္က တကယ့္အဆိုးေလးမွန္း အခုမွ
သိသည္။အရင္က ဘယ္ေလာက္ေတာင္ ဆိုး
ခဲ့ေသးလဲဆိုတာလည္း ခန႔္မွန္းမိသည္။

"ေမာင္က ခဏခဏရန္ျဖစ္တတ္တာလား"

"ျဖစ္တာေပါ့ သူတို႔ကရန္လာစတာကို
ကၽြန္ေတာ္က ၿငိမ္ခံရမွာလား။အိမ္ေရာက္ရင္ ေသခ်ာေျပာျပမယ္။အခ်ဳပ္ထဲမွာတစ္ညအိပ္
ခဲ့ရတဲ့ အေၾကာင္းေရာ"

"ေအး..ေအးပါကြာ"

ကိုကို႔မွာ အိမ္ျပန္ေရာက္တဲ့အထိ ေမာင့္မ်က္ႏွာကိုပဲ ၾကည့္လာမိသည္။
ငါကသာစိတ္ပူေနတာ
ေမာင္ကေတာ့ ပြဲေတာ္တက္ခဲ့ရသလိုမ်ိဳး
ေပ်ာ္ေနတာျဖစ္သည္။ဘယ္လို ေကာင္ေလး
ကိုမ်ား ခ်စ္မိခဲ့ပါလိမ့္။အင္းေလ ေမာင္က
ခ်စ္လည္း ခ်စ္ခ်င္စရာေလးကို။

အိမ္ကိုေရာက္ေတာ့ ေမာင့္ဒဏ္ရာေတြကို
လည္း ေဆးထည့္ေပးရသည္။နာလို႔ ေအာ္ရွာ​ေတာ့ သနားလည္း သနားမိ၊
စိတ္လည္း ဆိုးမိသည္။

"အား.. အရမ္းႀကီးမလုပ္နဲ႔ေလ နာတယ္"

"နာရင္ ေအာင့္သာခံ။ျဖစ္တုန္းကျဖစ္ၿပီး
​ေတာ့ ခံလိုက္"

"ကိုကိုေနာ္..ကၽြန္ေတာ့္ကို မသနား
ဘူးလားဟင္"

"သနားတာက သနားတယ္။
ၿပီးရင္ ေမာင့္ကိုအျပစ္ေပးမွာ ရန္ျဖစ္လာလို႔။ေဒၚေဒၚတို႔သာ သိရင္ ဘယ္ေလာက္
စိတ္ပူလိုက္မလဲ။တကယ္ကို လိမၼာမေနဘူး။
​ေဆး႐ုံေရာက္​ေအာင္ပါ ခ်ခဲ့တယ္ဆိုပဲ၊
ဂုဏ္ေတာင္ယူ​ေနေသးတယ္။အံ့ဩပကြာ"

ကိုကိုကဆူေတာ့ ေမာင္က တျပဳံးျပဳံးႏွင့္
ထိုင္ၾကည့္သည္။ဆက္ပဲဆူရမလို ရပ္ပဲရပ္
ရမလိုႏွင့္ ကိုကို႔မွာ အိုးတိုးအမ္းတမ္း
ရွက္မိတာလည္းျဖစ္သည္။

"ကိုကို"

"ဘာလဲ"

"အခ်ဳပ္ခန္းထဲ ေနခဲ့ရတဲ့အေၾကာင္းေျပာ
ျပမယ္။ဒါေပမဲ့ တစ္ခုေတာ့ရွိတယ္၊ကၽြန္
​ေတာ္ရန္ျဖစ္တယ္ဆိုတာ သူတို႔ဘက္ကရန္လာစလို႔။
ကၽြန္ေတာ့္ဘက္က ရန္သြားစတာမဟုတ္ဘူးေနာ္"

"ေမာင့္ဘက္က မစလည္း ေမာင္ကေရွာင္ထြက္
တတ္ရမယ္ေလကြာ"

​"ဟုတ္ပါၿပီဗ်ာ။ကၽြန္ေတာ္ေျပာျပမယ္
​ေနာ္"

"ေနဦး။ေမာင္က အခ်ဳပ္ခန္းထဲက
အေၾကာင္းကို ေတာ္ေတာ္ေလးေျပာျပခ်င္တာမလား။ဒါေၾကာင့္ မတ္တတ္ေလးအရင္ရပ္လိုက္"

"ဟင္ ဒီတိုင္းထိုင္ၿပီးေျပာလည္းရတယ္
​ေလ ကိုကိုရဲ့"

"ရပ္မွာလား မရပ္ဘူးလား"

ကိုကိုက မ်က္ႏွာတည္ႏွင့္ေျပာေတာ့
ေမာင့္မွာ မတ္တတ္ရပ္ရွာသည္။
ကိုကိုက မ်က္ႏွာတည္ထားေတာ့ ေမာင့္မွာ
မေနတတ္။မ်က္ႏွာတည္တည္ႀကီးနဲ႔က်ေတာ့
လည္း ကိုကိုက ခန႔္ေခ်ာႀကီး။
ေမာင္က သူ႔အေတြးနဲ႔သူ ထရယ္ပစ္ေတာ့
ကိုကို အသံစူးစူးကထြက္သည္။

"ဘာရယ္စရာပါလို႔လဲ"

"မဟုတ္ပါဘူး ကိုကိုရယ္။
ကၽြန္ေတာ္မတ္တတ္ရပ္ ၿပီးၿပီေနာ္
ေျပာျပလို႔ရၿပီလား"

"မရေသးဘူး လက္ပိုက္ဖို႔က်န္ေသးတယ္၊
အဲ့လက္ပိုက္ၿပီးရင္စေျပာေတာ့"

"ကိုကိုေနာက္ေနတာလားဟင္"

ကိုကိုက မ်က္ေမွာင္ၾကဳတ္ၾကည့္လာေတာ့
ေမာင့္မွာမ်က္ႏွာပိုးသတ္ရသည္။

"ငါက ေနာက္ေနတဲ့ပုံေပၚေနသလား"

"ဟင့္အင္း ဟင့္အင္း မေပၚပါဘူးဗ်ာ။
မတ္တတ္ရပ္ၿပီး ဒီလိုေလးလက္ပိုက္
လိုက္ၿပီေနာ္။မ်က္ႏွာေလးကိုျပဳံးပါဦး
ကိုကိုရဲ့"

ေမာင္က အသည္းယားေအာင္လုပ္ျပေနေတာ့
ေမာင့္ကိုၾကည့္ရင္း ကိုကိုရယ္ခ်င္လာသည္။
မရယ္မိေအာင္ထိန္းေတာ့ ႏွုတ္ခမ္းကိုလည္း
ကိုက္ထားရသည္။တကယ္ကို ဘယ္လို
ေကာင္ေလးမွန္း မသိ။

"ကိုကိုရယ္ ကၽြန္ေတာ့္ကို ေဒါသမထြက္
ပါနဲ႔ေနာ္။မ်က္ႏွာေလးက ရဲတက္လာၿပီ"

​ကိုကို ေဒါသထြက္ေနတာေတာ့ မဟုတ္။
ရယ္ခ်င္လို႔ မနည္းေအာင့္ထားရတာပင္ျဖစ္မည္။

"ကဲပါကြာ အခ်ဳပ္ခန္းအေၾကာင္းေလး
ႂကြားစမ္းပါဦး"

"ဟုတ္ကဲ့ဗ်"

သူ႔အေၾကာင္းႂကြားရမယ္ဆိုေတာ့ မ်က္ႏွာကခပ္ျမဴးျမဴး။

"အဲ့ေန႔က ရန္ပြဲက အႀကီးအက်ယ္ပဲ။
ခ်ိန္းၿပီးေတာ့ ခ်ၾကတာဗ်။ေနရွင္း
အပါအဝင္တျခားသူငယ္ခ်င္းေတြနဲ႔ဆို
ဆယ္ေယာက္​ေလာက္ရွိမယ္။
သူတို႔ဘက္ကလည္း အဲ့ေလာက္ပဲ။
one by oneခ်ၾကတာ ​ေပ်ာ္စရာႀကီးသိလား"

"ငါကဘယ္သိမွာလဲ"

႐ုပ္တည္နဲ႔ ကိုကိုက ျပန္ေျပာလာေတာ့
ေမာင့္မွာ အရွိန္ေတာင္ပ်က္သည္။

"ဟုတ္တာေပါ့ ဘယ္သိမွာလည္းေနာ့္။
ဆက္ေျပာမယ္ အဲ့မွာခ်ရင္းနဲ႔
ကၽြန္ေတာ့္ အလွည့္လည္းေရာက္
​ေရာ အဲ့ဘက္ကအေကာင္က ထြက္ေျပးတာ
ကိုကိုရယ္။ရိုးရိုးတန္းတန္း ထြက္ေျပး
တာမဟုတ္ဘူး ပါးစပ္ကလည္းေအာ္ေသးတာ ကၽြန္ေတာ္ ​ေအာ္ျပမယ္။
'ကယ္ၾကပါဦးရွင့္ အယ္ မဟုတ္ပါဘူး
ကယ္ၾကပါဦး..သားကို ေသာ္ယံေမာင္
လိုက္ရိုက္ေနလို႔ ကယ္ၾကပါဦးဗ်ာ'တဲ့။
ဟားဟား ကၽြန္ေတာ့္မွာလိုက္ထိုးရတာ
​ေတာင္ သူေျပာတာေၾကာင့္ ႀကိမ္တုတ္ပဲေျပးဝယ္ၿပီးရိုက္ရမလိုလိုနဲ႔"

"ဪ ေတာ္ေတာ္ေပ်ာ္ေနတယ္ထင္တယ္"

"ဒါေပါ့ကိုကိုရ ေပ်ာ္စရာႀကီး။
က်န္ေသးတယ္။သူကေလ ရဲစခန္းထဲကို
ေအာ္ၿပီးေျပးဝင္သြားတာ။
ကၽြန္ေတာ္ကလည္းမသိဘဲ လိုက္ဝင္ၿပီး
ေတြ႕တာနဲ႔တစ္ခါတည္း အားရပါးရထိုး
​ေတာ့တာေပါ့။ၿပီးလည္းၿပီးေရာ
ရဲေတြလာဆြဲမွ ရဲစခန္းမွန္းသိတယ္။
အေနာက္က လိုက္လာတဲ့သူေတြကလည္း
ရဲစခန္းမွန္းမသိဘူး။
ကၽြန္ေတာ္နဲ႔အဲ့ေကာင္ ၿငိမ္ၿငိမ္ေလး
​ေနေနၿပီး သူတို႔ရန္ပြဲကိုၾကည့္လိုက္ရေသး
တယ္။
ေနာက္ေတာ့ အုပ္စုလိုက္ႀကီး အခ်ဳပ္ခန္းထဲေပ်ာ္ေပ်ာ္ပါးပါးႀကီးဝင္လိုက္ရေရာ"

ကိုကို႔မွာ ပါးစပ္အေဟာင္းသားႏွင့္ ေမာင့္
ကိုၾကည့္ရွာသည္။ေမာင္ကေတာ့ အားရပါးရ
ဆက္ေျပာျပေနတုန္းပင္။

"အခ်ဳပ္ခန္းထဲမွာ အိမ္ကလာပို႔ၾကတဲ့
ထမင္းခ်ိဳင့္ေတြနဲ႔ ႏွစ္ဖက္လုံး စည္းစည္း
လုံးလုံးစားခဲ့ရတာ။စားေကာင္းလိုက္တာ
ေျပာမေနနဲ႔ အေအးေတြကို ဘီယာလို႔
သေဘာထားၿပီးေသာက္ၾကတာ အမေလး
ကိုကိုရာ သိပ္ေပ်ာ္ဖို႔ေကာင္းတာ"

"ေအးေပါ့ကြာ သိပ္ေပ်ာ္ရမွာေပါ့။
အဲ့တာေၾကာင့္ ဒီတိုင္းေနာက္ထပ္တစ္နာရီ
မတ္တတ္ရပ္ေန။မရပ္ဘဲ ေနလို႔ကေတာ့
ငါ့ကိုလာမေခၚနဲ႔ ဒါပဲ"

​ေျပာၿပီးတာနဲ႔ အေပၚထပ္ကိုတန္းတက္သြား
တဲ့ကိုကို။အေနာက္ကေန ေမာင္လွမ္းေခၚေနတာ
ေတာင္လွည့္ၾကည့္မသြား။

"ကိုကို၊ကိုကိုေရ မရက္စက္နဲ႔ေလ။
ကၽြန္ေတာ္ကေလးလည္းမဟုတ္ပဲနဲ႔၊
မတ္တတ္ရပ္ၿပီးလက္ပိုက္ထားရတယ္လို႔..ကိုကိုေရ ကိုကို"

"ကိုကိုက ရက္စက္လိုက္တာ"

ေပ်ာ္စရာႀကီးမို႔လို႔ ကိုကိုပါေပ်ာ္
ရေအာင္
ေျပာျပတာကို။ေစတနာလို႔သေဘာ
မထားဘဲကိုကိုက အျပစ္လည္းေပးသြားသည္။
ကိုကိုမို႔လို႔ေနာ္..မေခၚဘဲ မေနနိုင္လို႔ စကား
နားေထာင္မွာ။ခ်စ္ဖို႔ေကာင္းလြန္းလို႔ ကိုကို
စိတ္ခ်မ္းသာပါေစေတာ့ဆိုၿပီး ကၽြန္ေတာ္က
မတ္တတ္ရပ္လက္ပိုက္ ေပးေနမွာဗ်။

(6.8.2020)Lily_Han🍀

Continue Reading

You'll Also Like

198K 7.5K 35
ဖီးနစ်ငှက်တစ်ကောင်ရဲ့ ရင်ကွဲမတတ်အော်ဟစ်သံဟာ လောင်ကျွမ်းအံ့ဆဲဆဲ အတောင်ပံတွေနဲ့အတူ ပျောက်ကွယ်ပျက်စီးသွားတော့မယ့်အချိန်မှာ ငါဟာ မင်းနဲ့နောက်တစ်ကြိမ်...
262K 10.9K 37
ကိုယ်ဟာ ကြိုးဝိုင်းထဲမှာ ကိုယ့်ကိုစိန်ခေါ်လာသမျှကောင်တွေအကုန် ထိုးရဲတယ် သတ်ရဲတယ် ကိုယ်နိုင်မယ်ဆိုတဲ့ယုံကြည်မှုရှိတယ် ကိုယ်မလုပ်ရဲတာဘာမှမရှိဘူးလို့ထင...
412K 26.8K 34
Gong - ထက်ဦးခန့် ,စက္ကမင်းမြတ် Shou - နေခမင်းမြတ်, ဟန်လင်းညို Gong - ထက္ဦးခန္႔ ,စကၠမင္းျမတ္ Shou - ေနခမင္းျမတ္, ဟန္လင္းညိဳ
867K 49K 60
ကုိယ္ကအခုမွစာစေရးတာဆိုေတာ့အမွားေတြပါသြားရင္လည္းခြင့္လႊတ္ႀကပါေနာ္...ဒီFicေလးကုိေပါ့ေပါ့ပါးပါးပုံစံမ်ိဳးေလးပဲေရးသြားမွာပါ...လုံးဝအဆြိဖက္ကုိသြားမွာပါ...