သဏ္ဍာန်ဆန်း

By Saung_Nay_Chi

2.8M 311K 11.7K

(U&Z) သူဟာ အဆုံးမရှိတဲ့ လွတ်​လပ်​ခြင်း​တွေနဲ့ ငါတို့ရဲ့ မနက်ဖြန်တိုင်းကို ပျော်ရွှင်စေတဲ့ သူ ...။ သူက သိပ်ကို... More

Author's note
intro
P_1 (U)
P_2 (U)
P_3 (U)
P_4 (U)
P_5 (U)
P_6 (U)
P_7 (U)
P_8 (U)
P_9 (U)
P_10 (U)
P_11 (U)
P_12 (U)
P_13 (U)
P_14 (U)
P_15 (U)
P_16 (U)
P_17 (U)
P_18 (U)
P_19 (U)
P_20 (U)
Trekking photo
P_21 (U)
P_22 (U)
Paintball game photo
P_23 (U)
P_24 (U)
P_25 (U)
P_26 (U)
P_28 (U)
P_29 (U)
P_30 (U)
P_31 (U)
P_32 (U)
P_33 (U)
P_34 (U)
P_35 (U)
P_36 (U)
P_37 (U)
P_38 (U)
P_39 (U)
P_40 (U)
P_41 (U)
P_42 (U)
ဥတ္တရအလင်းတန်း (Northern Light)
P_43 (U)
P_44_Ending (U)
thank you all my lovely reader
(Extra _ 1) U
(Extra _ 2) U
(Extra _ 3) U
လင်းရဝေ ❤ သုတဟန်
💛 Book Cover 💛
P_1 (Z)
P_2 (Z)
P_3 (Z)
P_4 (Z)
P_5 (Z)
P_6 (Z)
P_7 (Z)
P_8 (Z)
P_9 (Z)
P_10 (Z)
P_11 (Z)
P_12 (Z)
P_13 (Z)
P_14 (Z)
P_15 (Z)
P_16 (Z)
P_17 (Z)
P_18 (Z)
P_19 (Z)
P_20 (Z)
P_21 (Z)
P_22 (Z)
P_23 (Z)
P_24 (Z)
P_25 (Z)
P_26 (Z)
P_27 (Z)
P_28 (Z)
P_29 (Z)
P_30 (Z)
P_31 (Z)
P_32 (Z)
P_33 (Z)
P_34 (Z)
P_35 (Z)
P_36 (Z)
P_37 (Z)
P_38 (Z)
P_39 (Z)
P_40 (Z)
P_41 (Z)
P_42 (Z)
P_43 (Z)
P_44_Ending (Z)
(Extra_1) Z
(Extra_2) Z
(Extra_3) Z
(Extra_4) U
(Extra_4) Z
💛Happy New Year (မိုင်းဆန်း) Unicode💛
💛 Happy New Year (မိုင်းဆန်း) Zawgyi💛
New fic 💛
(Resell ပြဿနာ)
"သဏ္ဍာန်" နဲ့ "သဏ္ဌာန်"
"သဏ္ဌာန်ဆန်း" sec ver book details

P_27 (U)

39.4K 4.7K 184
By Saung_Nay_Chi

စကားအရသာ Date တယ်လို့ ပြောတာပါ။ တကယ်က ကြည်ကြည်နူးနူး ချစ်ရည်လူးနေတဲ့ စုံတွဲနဲ့တူတဲ့ အပြုအမူဆိုတာ တစ်ခုမှကို မရှိ။ ရုပ်ရှင်ရုံမှာ ကြည့်ဖို့ ဇာတ်ကား ရွေးကြပြန်တော့လည်း သူက ဒါကြိုက်တယ်၊ ငါက ဒါကြိုက်တယ်နဲ့ စကားများရသေးသည်။

မိုင်းက အက်ရှင်ပါတဲ့ ဇာတ်ကားတွေ ကြည့်ချင်ပြီး ဆန်းကတော့ ခပ်အေးအေးနဲ့ ငြိမ့်ငြိမ့်လေး ဆွဲခေါ်သွားတဲ့ ဇာတ်ကားမျိုးတွေကို ကြည့်ချင်သူ။ နောက်ဆုံး မိုင်းကပဲ အကုန်လိုက်လျော ပေးလိုက်ပါသည်။ ဆန်းကြည့်ချင်တဲ့ ဇာတ်ကားကိုသာ ရွေးချယ်လိုက်ပါ၏။
မုန့်ဝယ်တော့လည်း အကြိုက်မတူလို့ တစ်ယောက်တစ်မျိုး လျောက်ဝယ်ရင်း အမယ်ကများသွားသည်။ ရုပ်ရှင်ကြည့်ဖို့ လာတာလား မုန့်စားဖို့လာသလား ဆိုတာတောင် မသဲကွဲတော့။

ရုပ်ရှင်ပြဖို့ အချိန်လိုနေသေးတာမို့ အပြင်က ထိုင်ခုံတွေမှာ ခဏထိုင်စောင့်နေကြတဲ့ နှစ်ယောက်။ bubble tea တစ်ယောက်တစ်ဘူးနဲ့ အရသာခံနေရင်း ဖြတ်သွားဖြတ်လာ လူတွေကို လိုက်ငေး ကြည့်နေမိကြလေသည်။
တချို့လူတွေကလည်း သူတို့ကို ပြန်ငေးသွားကြသည်သာ။ အထူးသဖြင့် မိန်းခလေးတွေပါပဲ။ သူတို့‌အာရုံဟာ ဆီဇာနေရဇ္ဇရဲ့ ဆီမှာ အပြည့်အဝ။
တခြားနေရာမှာ ထိုင်နေကြတဲ့ သူတွေရော ဖြတ်သွားတဲ့သူတွေပါ မကျန်။

ဆီဇာနေရဇ္ဇတို့ကတော့ ခြေချိတ်ထိုင်နေပြီး ထိုင်ခုံနောက်မှီကိုလည်း သက်သောင့်သက်သာ မှီနေလျက်။ လက်တစ်ဖက်က ထိုင်ခုံလက်တန်းပေါ်မှာ တင်ထား၍ လက်ချောင်းတွေကို တတောက်တောက်ခေါက်နေ၏။ နောက်လက်တစ်ဖက်ကတော့ bubble tea ဘူးလေးကို ကိုင်ထားပြီး စုပ်သောက်နေသည်။

သူ့ပုံစံက လုံးဝအေးဆေး။ ဒါပေမယ့် သူနေတတ်သလို နေနေတဲ့ ဒီဇိုင်းကိုက သူများငေးချင်စရာကောင်းလောက်အောင် မိမိုက်နေတာမျိုး။
သူ့လိုလူနဲ့ အတွဲလိုက်ကြီး ထိုင်နေမိတော့ ကိုယ်ပါ အာရုံစိုက်ခံနေရသည်။ လူတွေရဲ့အကြည့်ကို တော်ရုံ ဂရုမစိုက်တတ်သော ဆန်းလိုလူတောင်မှ ခဏခဏ အကြည့်ခံနေရတော့ မနေတတ်တော့ပေ။

ရိုးရိုး အကြည့်ခံရရုံနဲ့ ကိစ္စမရှိ။ အခုဟာက သူတို့ကို အတွဲတွေလို မြင်ပြီး တီးတိုးပြောနေတာတွေပါ ရှိနေတာမျိုး။ ထင်ရင်လည်း ထင်ချင်စရာ။
ဒီမနက် ဆန်းက ရိုးရိုးရှပ်အင်္ကျီ အဖြူလက်ရှည်နဲ့ ဂျင်းဘောင်းဘီရှည်ကို ဝတ်ခဲ့သည်။ ဒါကိုမြင်ပြီး မိုင်းကပါ စတိုင်အတူတူ အရောင်အတူတူ လိုက်ဝတ်လာပြန်သည်။

ဘာလို့တူအောင် လိုက်ဝတ်သလဲ မေးတော့လည်း ဒီနေ့ Dateမှာ မို့လို့ ဝတ်တာတဲ့လေ။ အဝတ်အစား ပြန်လဲခိုင်းတော့လည်း ပြောစကားက နားမထောင်။ ကိုယ်လဲမယ်ဆိုတော့လည်း လက်မခံဘဲ ပြဿနာရှာနေသော မိုင်း။
တစ်ရက်လောက်လေးပဲ Dateတာမို့ သဏ္ဍာန်ဆန်းကပဲ အလျော့ပေး လိုက်ရပါတော့သည်။
တစ်ရက်လောက်တော့ ရှိစေတော့။ အနိုင်ယူခွင့် ပေးလိုက်ပါမည်။

"ရုပ်ရှင်က ဘယ်ချိန်ပြမှာလဲ ကြာလိုက်တာ ပြပါဦး လက်မှတ် ..."

အနေခက်ခြင်းကြောင့် စောင့်နေရတဲ့ အချိန်တွေကိုတောင် စိတ်ကမရှည်ချင်တော့တာမို့ မိုင်းဆီက ရုပ်ရှင်လက်မှတ်ကို ယူကြည့်လိုက်မိတဲ့အဖြစ်။

"ဟင် ဒါက စုံတွဲခုံကြီးပဲ ..."

မိုင်းကို ကြည့်လိုက်တော့ သူ့မျက်နှာက ပြုံးနေလျက်။ မျက်ခုံးတဖက်လည်း ပင့်ပြလိုက်သေးသည်။ လက်မှတ်ကို ငါသွားဝယ်ပေးမယ်ဆိုပြီး မိုင်းတစ်ယောက်ထဲ ထွက်သွားထဲက မလွှတ်လိုက်သင့်တာပါ။
အခုတော့ သူ့သဘော သူလုပ်ချင်ရာကို လုပ်လာခဲ့သည်ပဲ။

"မင်း တမင်လုပ်တာမို့လား ..."

"ဘာဖြစ်လို့လဲ ...Date ပါတယ်ဆိုမှ couple ခုံဝယ်မိတာ ငါမှားလို့လား ..."

မဟုတ်တာလုပ်လာပြီး သူကပဲ မှန်နေသလိုလို။ ပြောပုံက နားရင်းအုပ်ချင်စရာ။

"couple ခုံထိုင်ရအောင် မင်းနဲ့ငါက ဘာလဲ ...ဘာမှမဆိုင်သေးဘူး ... သွား လက်မှတ်ကို ပြန်လဲလိုက် ..."

"မလဲဘူး လဲလို့မရတော့ဘူး ..."

"ဘာလို့ မရတာလဲ ..."

"ရုံအပြည့် လက်မှတ်တွေ ရောင်းကုန်သွားပြီတဲ့ ..."

"မင်း ပြောတဲ့စကားကို ငါက ယုံရမှာလား ..."

ပြောလည်းပြော လူကလည်း ထရပ်လိုက်ပြီး သူကိုယ်တိုင် သွားလဲတော့မလို လုပ်နေသည်။ ထိုင်နေရာကနေ မိုင်းက ဆန်းလက်ကို ပြန်ဆွဲထားလိုက်ပြီး ...

"မင်းကလည်းကွာ ..."

‌သူ့ကိုမော့ကြည့်နေပြီး မိုင်းက ခေါင်းခါပြနေပါသည်။ မလုပ်ပါနဲ့ဆိုတဲ့ သဘော။

"တခါတလေလေးပဲဟာ ဘာဖြစ်သွားမှာမို့လဲ ...မလဲပါနဲ့ကွာ နော် ..."

ချွဲ‌ပြီး တောင်းဆို‌နေတဲ့ မိုင်း။ တခါတလေ ဂျစ်ကန်ကန် နိုင်သလောက် တခါတလေကျတော့လည်း ကလေးပေါက်စလို လာလာချွဲတတ်၏။ ဒီတစ်ယောက်ဟာ ဆန်းနဲ့ကျမှ ကာရိုက်တာ မျိုးစုံနဲ့ သရုပ်ဆောင် တစ်ယောက်လိုပါပဲ။

"အေး တစ်ခါပဲရမယ် ..."

"အင်းပါ တစ်ခါပဲ ..."

တရားဝင် ချစ်သူတွေ ဖြစ်သွားရင် ဒါမျိုးက တောင်းဆိုနေစရာ မလိုအောင် ရှိလာတော့မှာပဲလေ။ မိုင်းက အနာဂတ်ကို ကြိုတွေးပြီး တစ်ယောက်ထဲ ကြိတ်ပြုံးနေ‌ခဲ့မိ၏။

နှစ်ယောက်သား ညှိပြီးသွားတော့ ပြန်ထိုင်နေကြစဉ် အရှေ့ကနေ စုံတွဲတတွဲ ‌ဖြတ်လျောက်သွားတာကို မိုင်းက အကြည့်ရောက်သွားခဲ့လေသည်။
မိန်းခလေးက အတော်လေး ခပ်ဟော့ဟော့ ဝတ်စားထားပြီး ရုပ်ရည်ကလည်း အတော်လှပါသည်။ ပြီးတော့ ဘော်ဒီကလည်း အတော်လေး မိုက်လှ၏။ ဘယ်ယောင်္ကျားလေးမဆို ကြည့်မိကြမှာ အမှန်ပင်။ ပုရိသ ယောင်္ကျားလေးတွေကို ဆွဲဆောင်နိုင်လွန်းတဲ့ ကောက်ကြောင်းတွေမို့။

မျက်စိတဆုံး ပုံပျက်ပန်းပျက် သရေတမြှားမြှား လိုက်ငေးကြည့်နေတာမျိုးတော့ မဟုတ်။ ဒါပေမယ့် ကြိတ်ပြီး ခိုးကြည့်တာမျိုးလည်း မဟုတ်ပေ။
မိုင်းကြည့်တဲ့ ပုံစံက bubble tea သောက်ရင်း တစ်ချက်ဝေ့ကြည့်လိုက်တာမျိုး။ ကြည့်ပြီးတော့မှ အနားက ဆန်းကို သတိရသွားမိသည်။ သူကလည်း လှည့်အကြည့် ဆန်းကလည်း မိုင်းကိုထိုင်ကြည့်နေတာနဲ့ သွားတိုးလေ၏။
အဲ့ဒီ့ဘော်ဒီ အမိုက်စားနဲ့ ကောင်မလေးကို မိုင်းလိုက်ကြည့်မိထဲက ဆန်းက မြင်သွားတဲ့ပုံပါပဲ။ ငါသိတယ်ဆိုတဲ့ အကြည့်နဲ့။ မိုင်းကလည်း ဆန်းအထင်လွဲမှာစိုး၍ ...

"ငါ သူ့ဘော်ဒီကို လိုက်ကြည့်တာ မဟုတ်ဘူးနော်  ဆန်း ..."

"ဘယ်သူက ဘာပြောနေလို့လဲ ...မင်းဘာသာ ကြည့်ချင်ရာ ကြည့်ပေါ့ ...ငါ့လာရှင်းပြနေဖို့ မလိုပါဘူး ..."

မလိုဘူးလို့ ပြောတဲ့ပုံစံကိုက မဲ့ပြုံးတစ်ချက်နဲ့။ သူခိုးလူမိသွားတာကို လှောင်ပြောင်လိုက်သလိုမျိုး။

"မင်း အဲ့လို မပြုံးနဲ့ ..."

"ငါ ဘယ်လို ပြုံးနေလို့လဲ ..."

ဆန်းက ဆက်၍ ပြုံးနေပြန်သေးသည်။ သူအဲ့ဒီ့လို ပြုံးလေ မိုင်းကပို၍ ရှက်ရမ်းရမ်းလာလေပါပဲ။

"မင်းအပြုံးကို ငါသိတယ် ...ငါအဲ့ဒီ့လိုမျိုး အရသာခံပြီး လိုက်ငေးမိတာမျိုး မဟုတ်ဘူး ..."

"ဒီလောက်လှတဲ့ ကောင်မလေးကို ‌ဘယ်ယောင်္ကျားလေးမဆို လိုက်ကြည့်မိမှာပဲလေ ...အဲ့ဒါဘာဖြစ်လဲ ကြည့်ရင် ကြည့်တယ်ပေါ့ ...လာငြင်းမနေနဲ့ မင်းက ဂေးမှမဟုတ်တာ ကောင်မလေးတွေရဲ့ ကောက်ကြောင်းတွေကို ခုထိ စိတ်ဝင်စားနေသေးတယ်လို့ မင်းပြောခဲ့ဖူးတာပဲလေ ..."

"စိတ်ဝင်စားတာ မှန်ပေမယ့် မင်းတစ်ယောက်လုံး အနားမှာ ရှိနေတဲ့ဟာကို ငါက ဘယ်ကောင်မလေးတွေဆီကို စိတ်ရောက်ရဦးမှာလဲ ..."

"အဲ့ဒါဆို ဘာလို့လိုက်ကြည့်သေးလဲ ..."

"ကြည့်တာက လှလို့လိုက်ကြည့်တာမှ မဟုတ်တာ ...သူတို့လက်ချိတ်ပြီး တွဲသွားတာကို အားကျလို့ လိုက်ကြည့်တာလေ ...ငါ့မှာ တစ်ယောက်လုံး အနားမှာ ရှိနေတဲ့ဟာကို အဲ့လိုလုပ်ခွင့် မရှိလို့ လောင်နေတာ ...နားလည်ပြီလား ..."

"ဆင်ခြေကတော့ မဆိုးပါဘူး ..."

ဆန်းက မချိုမချဉ် မျက်နှာလေးနဲ့ bubble teaကို စုပ်သောက်နေလေသည်။

"ဆင်ခြေမဟုတ်ဘူး တကယ်ပြောနေတာကွ ...မင်းကို ချစ်မိသွားထဲက ဘယ်ကောင်မလေးကိုမှ ရင်မခုန်တော့တာ ဘယ်လောက်ပဲလှလှ ..."

"အဲ့တော့ ယုံပေးရမယ်ပေါ့ ..."

ရွဲ့သလိုလိုပြောနေတဲ့ မထိတထိမျက်နှာ အမူအရာအား မိုင်းက အမြင်ကတ်နေပြီမို့ ပြန်မဖြေဘဲ မျက်နှာတည်တည်နဲ့ ပြန်ကြည့်နေလေသည်။

"အေးလေ ယုံပေးရတာပေါ့ ...တမိုး‌အောက်တစ်ယောက် ဆီဇာနေရဇ္ဇ ဆိုတဲ့ကောင်က ငါနဲ့ကျမှ ကွေးသွားတာ ဆိုတော့လည်း ...အဟက် ..."

လှောင်တာလား...။တကယ်ပဲ စနောက်နေတာလား...။ ဘာမှန်း မသေချာသော်လည်း မိုင်းကတော့ စိတ်တိုသွားလေပြီ။
ဆန်းကို ပုခုံးလှမ်းဖက်လိုက်ပြီး လက်ကိုကွေး၍ လည်ပင်းကို သိုင်းချုပ်လာခဲ့၏။

"ဘာလုပ်တာလဲ အာ ဒီကောင် ..."

ချုပ်ထားတဲ့ လက်တွေကို ပြန်ဖယ်ချရင်း ရန်ဖြစ်နေကြသော နှစ်ယောက်။ လူတွေရဲ့ အကြည့်တွေကို ခဏတော့ မေ့သွားကြသည်သာ။

"မင်းက ကျေနပ်နေတယ်ပေါ့ ဟုတ်လား ...မင်းနဲ့ကျမှ ကွေးသွားတယ်ဆိုပြီး ငါ့ကို လှောင်တယ်ပေါ့ ဟုတ်လား သဏ္ဍာန်ဆန်း ဟမ် ...ဟမ်..."

အားသုံးခြင်းကြောင့် တော်ရုံနဲ့ မလွတ်မြောက်နိုင်ပေ။

"ငါဘယ်မှာလှောင်လို့လဲ ငါကစတာ ..."

သူ့လက်တွေကြားကနေ ခေါင်းလေးပြန်ငဲ့ပြီး ကြည့်နေတဲ့ ဆန်းက မျက်နှာလေးပင် ရှုံ့မဲ့လို့။

"နာတယ် မိုင်း ...ငါ့ကို လွှတ်ပေး ..."

တကယ်နာလို့ ပြောနေတဲ့ မျက်နှာလေးမို့ မိုင်းလည်း လက်ကို ဖြေလျော့ပေးလိုက်လေသည်။
ပြီးတော့ ပုံပျက်သွားတဲ့ ဆန်းရဲ့ ဆံပင်လေးတွေကို မိုင်းက လက်လေးနဲ့ ဖွဖွလေး ပြန်ပြင်ပေးနေမိ၏။

"မလုပ်နဲ့ ရတယ် ..."

သူ့လက်တွေကို ပုတ်ထုတ်လိုက်ပြီး ခေါင်းကို ဆတ်ခနဲခါ၍ ဆံပင်တွေကို နေရာတကျ ဖြစ်စေလိုက်တဲ့ သဏ္ဍာန်ဆန်း။
သူလုပ်သမျှ လိုက်ငေးကြည့်နေတဲ့ မိုင်းက ...

"ပြီးစလွယ် နိုင်လိုက်တာ ..."

"မင်းလိုမှ မဟုတ်တာ ငါက ဘာတွေ ပြင်ဆင်ခြယ်သနေရဦးမှာလဲ ..."

"ငါကရော ဘာတွေ ပြင်ဆင်ခြယ်သနေလို့လဲ ..."

"ကိုယ့်အကြောင်း ကိုယ်သိမှာပေါ့ ...ခေါင်းရော မျက်နှာရော တစ်ကိုယ်လုံးပါ သုံးတဲ့ အလှပြင်ပစ္စည်းတွေက နည်းသလား ...မင်းအခန်းထဲမှာ စုံစိနေအောင်ရှိတာ ငါမမြင်ဘူး ထင်နေလို့လား ..."

တကယ်လည်း မိုင်းအခန်းထဲမှာ အပြည့်ရှိပါသည်။ မိန်းခလေးတွေလို မိတ်ကပ်မလိမ်း နှုတ်ခမ်းနီ မဆိုးတာကလွဲရင် အသားအရေ ထိန်းသိမ်းတဲ့ ပစ္စည်းတွေကအစ ရှိသည်။

"ဒီမှာ သဏ္ဍာန်ဆန်း ...ငါမပြင်မဆင်နဲ့ အိပ်ယာထ မျက်နှာကောက်သစ်ပြီး ခေါင်းမဖီးဘဲ ထွက်လာမိရင်တောင်မှ ကောင်မလေးတွေ လည်ပြန်လှည့်ကြည့်သွားကြတာပဲ ...ငါက မပြင်ဆင်လည်း အဲ့လောက်ထိ ချောတယ်ဆိုတာ မင်းသိထားသင့်တယ် ..."

ကွန်ဖီးဒန့်လယ်ဗယ် သိပ်မြင့်နေတဲ့ ဒီတစ်ယောက်အား ဆန်းက တမင်နှုတ်ခမ်းမဲ့ပြလိုက်လေသည်။

"ချစ်စရာလေး ..."

သဏ္ဍာန်ဆန်းရဲ့ အမူအရာကို တစိမ့်စိမ့်ထိုင်ကြည့်ပြီး ချစ်စရာလေးလို့ပြောကာ ပါးတစ်ဖက်ကိုလည်း ဆွဲညှစ်လိုက်သေးသည်။ ဒီလိုပြုမူလိုက်တဲ့ မိုင်းကို သဏ္ဍာန်ဆန်းလိုလူက ကြည်ဖြူလက်ခံမယ် ထင်နေမလား။
ချက်ချင်းပဲ မိုင်းရဲ့ လည်ပင်းဂုတ်စပ်ကို လက်ဝါးနဲ့ ဖြတ်ရိုက်လိုက်လေသည်။ အားသိပ်မပါပေမယ့် ခပ်ဆတ်ဆတ်လေးတော့ ဖြစ်၏။

"သဏ္ဍာန်ဆန်း ..."

သူ့ဂုတ်ကို လက်နဲ့ဖိပွတ်ရင်း ပြန်အော်နေသောမိုင်း။

"ဘာလဲ မင်းအရင် ငါ့ကို လာလုပ်တာလေ ..."

"ငါက ချစ်လို့ အသဲယားလို့ လုပ်တာလေ ..."

"ငါမကြိုက်ဘူးလေ ..."

"မင်းမကြိုက်ပေမယ့် ငါကြိုက်တယ်လေ ..."

"မင်းကြိုက်ရင် မင်းပါး မင်းပြန်ဆွဲနေလိုက် ...ငါ့လာမလုပ်နဲ့ ...လူကြားထဲလည်း မရှောင်ဘူးနော် ငါထထိုးမှာ ..."

"ငါ့မှာလည်း လက်ပါတာပဲ ပြန်ထိုးမှာပေါ့ ..."

နှစ်ယောက်သား ဘေးချင်းကပ် ကြိတ်၍ ရန်ဖြစ်နေကြရသည်။ ရန်စောင်ပြီး တစ်ယောက်ကို တစ်ယောက် ကြည့်နေတဲ့ ပုံစံတွေကိုက Date တဲ့အတွဲတွေနဲ့ လားလားမှ မသက်ဆိုင်။
သူတို့နှစ်ယောက်ကို သတိထားမိတဲ့သူတွေ တော်တော်များများ ရှိနေကြသည်။ အားလုံးထဲမှာမှ တစုံတယောက်သည် ခပ်ဝေးဝေး တစ်နေရာ အကွယ်ကနေ သူတို့ကို ရပ်ကြည့်နေခဲ့ပါ၏။
သူဟာ သံသယတွေအချို့နဲ့ သူတို့ရဲ့ အပြုအမူ ဆက်ဆံပုံတွေကို အချိန်အတန်ကြာ ရပ်ကြည့်ငေးမောနေခဲ့တာပဲ ဖြစ်သည်။

"ဟယ် အဲ့ဒီ့အတွဲလေးက အရမ်းချစ်စရာ ကောင်းတာပဲဟယ် ကြည့်ပါဦး ..."

"အေးလေ ဟုတ်ပ ...နှစ်ယောက်လုံး ချောချောလေးတွေ တအားလိုက်တယ် ..."

"ကျီစယ်နေကြသလား မသိဘူး ကြည့်ပါဦး ...ဟိုတစ်ယောက်က တော်တော်ချစ်မယ့်ပုံပဲ ...ပါးလေးကို ဆွဲနေလိုက်တာများ ...ခစ် ခစ် ..."

သူ့ဘေးကနေ ဖြတ်လျောက်သွားတဲ့ မိန်းခလေးနှစ်ယောက်က သဏ္ဍာန်ဆန်းနဲ့ ဆီဇာနေရဇ္ဇကို ကြည့်ပြီး ပြောနေတာပဲဖြစ်သည်။ ဒီမြင်ကွင်းကို မြင်မိတဲ့ ဘယ်သူမဆို ဒီလိုထင်မိကြမှာ အမှန်ပင်။ ဒီလိုလူမြင်ကွင်းမှာ ဆင်တူဝတ်စုံဝတ်ထားတဲ့ ယောင်္ကျားလေးနှစ်ယောက်ရဲ့ ကျီစယ်စနောက်နေမှုကို ဘယ်သူကမှ သူငယ်ချင်းလို့ မြင်ကြမှာ မဟုတ်။

ဒါဆို သူတို့က ဘာတွေလဲ ...။
ခိုးချောင်ခိုးဝှက် ရပ်ကြည့်နေတဲ့ တစုံတယောက်ရဲ့ သံသယဟာ ပို၍ ကြီးထွားသွားခဲ့ရလေပြီ။

****  *****  *****  *****  *****

Date ပြီးနောက်ပိုင်း အချိန်တစ်ပတ်ကျော် နှစ်ပတ်အတွင်းမှာ ကောလဟလတစ်ခုသည် H.V University ရဲ့ Business Administration major တွင် ပျံ့နှံ့လာခဲ့လေသည်။ ကောလဟလတို့မည်သည် တိကျသေချာမှု သက်သေတစုံတရာမရှိဘဲ တိတ်တဆိတ် ပျံ့လွင့်နေ‌လေ့ရှိသည်။
ကာယကံရှင်တွေကတော့ နောက်ဆုံးမှ သိကြရတာမျိုးပေါ့ ...။

"ဘာ ...ငါနဲ့ မိုင်းက တွဲနေကြတာ ..."

ပြောစရာရှိတယ်ဆိုပြီး ကြည်သာက ဆန်းကို ကျောင်းခေါင်မိုးထပ်ထိ ဆွဲခေါ်လာတာ ဖြစ်သည်။ ဒီရောက်တော့ ကြားလိုက်ရတဲ့ စကားက ထင်မထားသော။

"ဟုတ်တယ် ကျောင်းကလူတွေ တော်တော်များများ အဲ့ဒီ့လိုပဲ ပြောနေကြတယ် ...မင်းနဲ့မိုင်း တွဲနေကြတယ်ဆိုတဲ့ ကောလဟလတွေ ထွက်နေတာ..."

ဆန်းပုံစံက တခုခုကို စဉ်းစားနေပြီး ခေါင်းကုပ်နေလေရဲ့။

"ငါလည်း သူများတွေဆီကနေ ကြားလာတာ ...ငါနဲ့မင်း ရင်းနှီးနေတော့ သူတို့က ငါ့ကိုလာမေးနေကြတယ်...ဒါတကယ်လား ဆိုပြီးတော့ ..."

"မင်း ဘာပြန်ပြောလိုက်လဲ ..."

"မဟုတ်ဘူးလို့ ပြောတာပေါ့ကွ ...သူငယ်ချင်းတွေ အရမ်းခင်ကြတာပါလို့ ..."

"ဒီသတင်းတွေက ဘယ်ကနေ ဘယ်လို ထွက်လာရတာလဲ ကျွတ်စ် ..."

"ငါတစ်ခုလောက် ပြောလို့ရမလား ဆန်း ..."

ဆန်းက ဘာပြောမလို့လဲဆိုတဲ့ သဘောနဲ့ သူ့ကို မေးဆတ်ပြလာ၏။

"မင်းနဲ့မိုင်း ကြားမှာ တခုခုရှိတယ်ဆိုတာ ငါလည်း ရိပ်မိနေတာကြာပြီ ..."

ကြည်သာက ပြောရမှာ အားနာနေသလိုမျိုး။ သဏ္ဍာန်ဆန်းရဲ့ အရိပ်အကဲကိုလည်း ကြည့်နေရသေးသည်။ သူပြောလိုက်တော့ ဆန်းက မလုံမလဲ အမူအရာနဲ့ ငြိမ်ပြီးသူ့ကို ပြန်ကြည့်နေပါ၏။

"မင်းက အဲ့ဒါကို ဘယ်လိုသိတာလဲ ..."

"Trip သွားကြတုန်းက ငါရိမ်မိလိုက်တာ ...မိုင်းက မင်းကို တအားဂရုစိုက်ပြီး တအားကပ်တယ် ...ပြီးတော့ မင်းနဲ့အတူရှိဖို့ ငါနဲ့နေရာလဲအိပ်တာရော ...အဲ့ဒီ့မှာပိုပြီး ငါရိပ်မိသွားတာ ...ဘယ်လောက်ပဲ ခင်လွန်းလို့ ဖြစ်ပါစေဦး ဒါက သူငယ်ချင်းဆိုတာကို ကျော်လွန်နေသလိုပဲလေ ..."

"ဒါပေမယ့် ငါတို့နှစ်ယောက်က တကယ်တွဲနေတာတော့ မဟုတ်ဘူး ..."

"ငါသိပါတယ် တကယ်မတွဲဘူးဆိုတာ ...မိုင်းကပဲ မင်းကို စိတ်ဝင်စားနေတာ မဟုတ်လား ..."

ဘယ်သူက ဘယ်သူ့ကို သဘောကျနေသည်လဲ ဆိုတာက အသိသာကြီးပဲ မဟုတ်လား။
ဆန်းဆီကနေ ဘာအဖြေမှ မထွက်လာသော်လည်း ဆိတ်ဆိတ်‌နေခြင်းက ဝန်ခံခြင်းပဲလေ။

"ဒီကိစ္စ ဘယ်လိုလုပ်မလဲ ...ကောလဟလဆိုပေမယ့် မင်းတို့ကို ထောက်ခံတဲ့ သူတွေလည်း ရှိသလို နောက်ကွယ်မှာ အတင်းပြောတဲ့ သူတွေလည်း ရှိတယ်...အဲ့ဒီ့ဒဏ်တွေကို မင်းခံနိုင်ရဲ့လား ..."

ကြည်သာကိုယ်တိုင်က ဒီအုပ်စုတွေနဲ့ ဆန်းဘက်ကပါ။ တကယ်တွဲသည်ဖြစ်စေ။ မတွဲသည် ဖြစ်စေ။ ကြည်သာကတော့ ထောက်ခံသူအနေနဲ့သာ။

"ငါက အစထဲက ပတ်ဝန်းကျင်ရဲ့ အမြင်တွေကို ဂရုစိုက်ခဲ့ဖူးတဲ့ ကောင်မှမဟုတ်တာ ..."

"မင်းအကြောင်းတော့ ငါသိတယ် ...ဒါဆို မိုင်းကရော ..."

ဆန်း ပြန်မဖြေနိုင်ပေ။ မိုင်းက သူ့လိုမှ မဟုတ်တာ။ နာမည်ကျော် ကျောင်းသားတစ်ယောက်ရဲ့ imageက အနည်းငယ်တော့ ထိခိုက်သွားနိုင်ပါမည်။

"ငါမသိဘူး သူဒီကိစ္စကို သိရင် ဘယ်လိုတုံ့ပြန်မလဲဆိုတာ ..."

ရင်ဆိုင်မှာလား ...။
ထွက်ပြေးမှာလား ...။
ဒါက သူ့ရဲ့သဘောပါပဲ...။

****  *****  *****  *****  *****

"အဲ့ဒီ့ကိစ္စကို မင်းဘယ်လိုလုပ်မှာလဲ မိုင်း ..."

"ဘာကို ဘယ်လိုလုပ်ရမှာလဲ ...ကောလဟလထွက်တော့လည်း ဘာဖြစ်လဲ ထွက်ပါစေ ...
ဆန်းက ငါ့အပိုင်ဖြစ်ကြောင်း တကူးတက ကြေညာနေစရာတောင် မလိုတော့ဘူး ..."

မိုင်းက အေးဆေးလွန်းလှပါသည်။ တကယ်ကို ဘာမှဂရုစိုက်ပါ။ သူက ဒီကောလဟလကိုတောင် သဘောကျပြီး ပျော်နေတဲ့ ပုံမျိုး။
သတင်းလာပေးတဲ့ သူငယ်ချင်း သုံးယောက်တောင်မှ မအံ့ဩဘဲ မနေနိုင်။

"မင်း image ထိခိုက်မှာကို စိတ်မပူတော့ဘူးလား ..."

"မပူတော့ဘူး ဘာဖြစ်ဖြစ် ..."

သဏ္ဍာန်ဆန်းဟာ ဆီဇာနေရဇ္ဇလိုလူကို ဒီလိုမျိုး ပြောင်းလဲသွားစေတာလား။ အမြွှာနှစ်ယောက်နဲ့ လင်းရဝေမှာ ဆန်းကို ဂုဏ်ပြုရမလိုတောင် ဖြစ်သွားရသည်။ ခက်ခဲတာကိုမှ လုပ်နိုင်သွားတာမို့။

"ဒါပေမယ့် ဒီကောလဟလက ဘယ်ကနေစပြီး ထွက်လာတာလဲ ...ကောင်းတဲ့သတင်း လွှင့်ခြင်းလား... မကောင်းတာဖြစ်ဖို့ တမင်တွန်းပို့လိုက်တာလားဆိုတာ ခန့်မှန်းရခက်တယ် ..."

ကောင်းသစ်လွင်က သတင်းလွှင့်သူကို သိချင်နေလေသည်။ ကောင်းရဲ့စကားကြောင့် လင်းရဝေစိတ်ထဲမှာ တစ်ယောက်ယောက်ကို သတိရသွားမိပေမယ့် ပါးစပ်ကနေတော့ ထုတ်မပြောဖြစ်ပေ။ မသေချာ မရေရာသေးတာမို့။

"ဒါပေမယ့် ဒီနိုင်ငံက LGBT ထောက်ခံသူ60%နဲ့လေ ...ဒီသတင်းလောက်ကို လူတွေက မကောင်းတဲ့အမြင်နဲ့ ကဲ့ရဲ့နေမှာမှ မဟုတ်တာ ..."

လင်းရဝေပြောတာလည်း မမှားပါ။

"ဟုတ်တယ် အခုဆိုရင် နင်တို့ကို ထောက်ခံတဲ့သူတွေတောင် ရှိနေပြီ ...တကယ့်အတွဲတွေသာ ဖြစ်ခဲ့ရင် ဝိုင်းချစ်ပေးကြမယ့် သူတွေက အများကြီးပဲ ..."

နီနီသစ်လွင်ကလည်း သတင်းတွေရဲ့ ဝေဖန်မှုတွေကိုပါ သိလာပြီး ပြောပြနေသည်။

"အဲ့ဒါဆို ပြီးပြီပေါ့ ...သဘောမကျတဲ့ တစ်ယောက်နှစ်ယောက်အတွက် ငါတို့က ဘာကို ဂရုစိုက်နေရဦးမှာလဲ ..."

"ဒါပေမယ့် ဆန်းကရော မင်းလို တွေးပါ့မလား ..."

"သဏ္ဍာန်ဆန်း အကြောင်းငါသိတယ် ...လူတွေရဲ့အမြင်ကို ဂရုစိုက်နေမယ့် သူမျိုးမဟုတ်ဘူး ...သူနေချင်သလို နေမယ့်သူမျိုး ..."

သူဟာ သဏ္ဍာန်ဆန်း အ‌ကြောင်းကို ဒီလိုမျိုး နားလည်နေခဲ့ပါသည်။
ကိုယ်က ချစ်နေရတာမို့၊ ကိုယ်က မြတ်နိုးရတာမို့ ၊ သူနဲ့ပတ်သက်သမျှ အရာအားလုံးကို နားလည်နိုင်ပါ၏။

****  *****  *****  *****  *****

KS groupရဲ့ ဥက္ကဌကြီး ဦးဆီဇာမင်းထင်ရဲ့ အတွင်းရေးမှူးမလေးက သူ့ရုံးခန်းထဲကို ဝင်လာပြီး ...

"ဥက္ကဌကြီး ..."

"အင်း...ဘာကိစ္စရှိလို့လဲ ..."

"ကိုနိုင်သူရ ဆီကနေ သတင်းတစ်ခု ဝင်လာပါတယ် ...အဲ့ဒါ ဥက္ကဌကြီးကို အစီရင်ခံ တင်ပြမလို့ပါ..."

ကိုနိုင်သူရဆိုတာက KS groupရဲ့ ဝန်ထမ်းတွေထဲက တစ်ယောက်ပါပဲ။ သူ့တာဝန်က ဥက္ကဌကြီးရဲ့ သားဖြစ်သူကို စောင့်ကြည့်ပြီး သတင်းပေးရတဲ့ လူယုံတော်တစ်ယောက်ဖြစ်သည်။ အိမ်မကပ်တော့သော သားဖြစ်သူရဲ့ ခြေလှမ်းတွေကို အသေးစိတ် သိရဖို့အတွက် လူလွှတ်၍ စောင့်ကြည့်ခိုင်းထားတာပါ။

"ဘာတဲ့လဲ တစ်ခုခုထူးခြားတာ ရှိလို့ ငါ့ဆီကို တင်ပြတာ ဖြစ်မှာပေါ့ ..."

"ဟုတ်ကဲ့ ...ထူးခြားပါတယ် ...အဲ့ အဲ့ဒါက ..."

အတွင်းရေးမှူးမလေးက တခုခုကို ပြောဖို့ မရဲတဲ့ပုံစံနဲ့။ ဦးဆီဇာမင်းထင်ကို လှမ်းကြည့်နေလေသည်။

"ဘာလဲ ဘာသတင်းမို့လို့ နင့်ပုံစံက အဲ့ဒီ့လို ဖြစ်နေရတာလဲ ...မြန်မြန်ပြော ငါ့သားဘာဖြစ်လို့လဲ ..."

"ဟို ဟိုလေ အစ်ကိုလေး ဆီဇာနေရဇ္ဇက ...ကျောင်းမှာ ကောင်လေးတစ်ယောက်နဲ့ တွဲနေတယ်လို့ ကောလဟလတွေ ထွက်နေတယ်တဲ့ ..."

မ‌ဖြစ်မနေ ပြောလိုက်ရပေမယ့် ဥက္ကဌဖြစ်သူရဲ့ အရိပ်အကဲကိုလည်း ကြည့်ရပါသေးသည်။ ဦးဆီဇာမင်းထင်က မျက်ခုံးတွေမြင့်တက်သွားပြီး သတင်းကို စဉ်းစားချင့်ချိန်နေလေရဲ့။

"ငါ့သားက ဂေးမှ မဟုတ်တာ ..."

ကိုယ်မွေးထားတဲ့ သားအကြောင်းကို ကိုယ်သာအသိဆုံးပင်။

"ဟုတ်ပါတယ် ...ဒါပေမယ့် ကိုနိုင်သူရက အဲ့ဒီ့သတင်းက ဖြစ်နိုင်ခြေရှိတယ်လို့ သူစုံစမ်းမိတယ်တဲ့ ..."

ဦးဆီဇာမင်းထင်က လက်မှတ်ထိုးဖို့ ရှိနေတဲ့ လုပ်လက်စ အလုပ်တွေကို ခဏရပ်လိုက်ပြီး စားပွဲ‌ပေါ် မှာ လက်ချောင်းတွေကို တတောက်တောက် ခေါက်နေလေသည်။

"နိုင်သူရကို ပြောလိုက် ...ငါ့သားနဲ့ သတင်းထွက်နေတဲ့ အဲ့ဒီ့ကောင်လေး အကြောင်းကို အစအဆုံး သေချာစုံစမ်းပြီးတော့ ငါ့ဆီကို ယူလာခဲ့လို့ ..."

"ဟုတ် ဟုတ်ကဲ့ပါ ဥက္ကဌကြီး ..."

အတွင်းရေးမှူးမလေးက တာဝန်ကို လုပ်ဆောင်ဖို့အတွက် ရုံးခန်းထဲကနေ ထွက်သွားလေတော့သည်။ ဦးဆီဇာမင်းထင်ရဲ့ စိတ်ထဲမှာတော့ တစုံတရာကို တွေးနေမိပါ၏။

"ဆီဇာနေရဇ္ဇ ...မင်း အိမ်မကပ်တော့တာ ဒါကြောင့်လား ...တကယ်ပဲ ကောင်လေးတစ်ယောက်နဲ့ တွဲနေတာလား ..."

ကိုယ်မွေးထားတဲ့သားက ဒီလိုမဖြစ်နိုင်မှန်း သိပေမယ့်လည်း ဆီဇာနေရဇ္ဇရဲ့ စရိုက်က ထင်ရာစိုင်းတတ်တဲ့ လူစားမျိုး ဖြစ်နေသည် မဟုတ်လား ...။
တကယ်ဖြစ်နေမလားဆိုတဲ့ စိုးရိမ်စိတ်ကလည်း အနည်းငယ်တော့ ရှိနေပါ၏။
ဘယ်လောက်ပဲ ထင်ရာစိုင်းတတ်သည်ဆိုဆို။
KS groupကို အမွေဆက်ခံရမည့်သူ တစ်ယောက်က လုပ်ချင်ရာ လုပ်ခွင့်တော့ ရှိနေလို့မဖြစ်။ ဒီကိစ္စကို သူသေချာ ကိုင်တွယ်ရပါမည်။

ချော့၍ ပြောရမည်လား ...။
ခြောက်၍ ပြောရမည်လား ...။
သူ့သားရဲ့ အကြောက်ဆုံးအရာက ဘာဖြစ်နေနိုင်မည်လဲ ...။

သေချာတာကတော့ အားနည်းချက်ကို ချုပ်ကိုင်နိုင်ရမည်။ ဒါမှ အနိုင်ရလိမ့်မည်။
ဒိတ်ဒိတ်ကြဲ စီးပွားရေးသမားတွေရဲ့ လှည့်ကွက် အသုံးချမှုဟာ ထိရောက်နိုင်မှာလား ...။

****  *****  *****  *****  *****

Continue Reading

You'll Also Like

3.6M 361K 38
ခူးဆွတ်ဖို့မလောပါနဲ့ တစ်ချိန်မှာအလိုက်သင့်ကြွေကျပေးပါ့မယ် အဲအချိန်ကျရင်သာ တယုတယနဲ့ကောက်ယူပါ မောင်ရယ်
297K 38.6K 29
Time based 1910s Burma ကို့ ကို ရူးတယ် လို့ပြောလည်း ကို ခံရမှာ ဘဲ သက်ဝေ မင်း မျက်တောင်ဖျားမှာ ငြိနေတဲ့ ကို့ အလွမ်းထုထည် ကိုမှ မင်းမမြင်တာ အိမ်မက်ထဲ...
9.4K 469 17
ငါက​ယောကျာ်း​လေးတစ်​ယောက်​လေ ​မောင် ​ယောကျာ်း​လေးတစ်​ယောက်ကို ချစ်လို့မရဘူး လက်ထပ်လို့်မရဘူးလို့ ငါထင်ခဲ့တာ တကယ်ချစ်မိသွားတဲ့အချိန်မှာ ​ မောင်ကငါ့ကို...