သံယောဇဉ်နှောင်ကြိုး

By OwantSung

1.6M 150K 6.7K

နိုင်ဦးစေတန်(နိုင္ဦးေစတန္) ချစ်ခြင်းမေတ္တာရဲ့ ကျယ်ပြန့်ပုံကို လေ့လာလို့ မကုန်နိုင်ဘူး ခ်စ္ျခင္းေမတၱာရဲ႕ က်ယ္ျ... More

အပိုင္း ၁/အပိုင်း ၁
အပိုင္း ၂/အပိုင်း ၂
အပိုင္း ၃/အပိုင်း ၃
အပိုင္း ၄/အပိုင်း ၄
အပိုင်း ၅/အပိုင္း ၅
အပိုင္း ၆/အပိုင်း ၆
အပိုင္း ၇/အပိုင်း ၇
အပိုင္း၈/အပိုင်း ၈
အပိုင္း၉/အပိုင်း ၉
အပိုင္း ၁၀/အပိုင်း ၁၀
အပိုင္း ၁၁/အပိုင်း ၁၁
အပိုင်း ၁၃/အပိုင္း ၁၃
အပိုင်း ၁၄/အပိုင္း ၁၄
အပိုင်း ၁၅/အပိုင္း ၁၅
အပိုင်း ၁၆/အပိုင္း ၁၆
အပိုင်း ၁၇/အပိုင္း ၁၇
အပိုင်း ၁၈/အပိုင္း ၁၈
အပိုင်း ၁၉/အပိုင္း ၁၉
အပိုင်း ၂၀/အပိုင္း ၂၀
အပိုင်း ၂၁/အပိုင္း ၂၁
အပိုင်း ၂၂/အပိုင္း ၂၂
အပိုင်း ၂၃/အပိုင္း ၂၃
အပိုင်း ၂၄/အပိုင္း ၂၄
အပိုင်း ၂၅/အပိုင္း၂၅
အပိုင်း ၂၆/အပိုင္း ၂၆
အပိုင်း ၂၇/အပိုင္း ၂၇
အပိုင်း ၂၈/အပိုင္း ၂၈
အပိုင်း ၂၉/အပိုင္း ၂၉
အပိုင်း ၃၀/အပိုင္း ၃၀
အပိုင်း ၃၁/အပိုင္း ၃၁
အပိုင်း ၃၂/အပိုင္း ၃၂
အပိုင်း ၃၃/အပိုင္း ၃၃
အပိုင်း ၃၄/အပိုင္း ၃၄
အပိုင်း ၃၅/အပိုင္း ၃၅
အပိုင်း ၃၆/အပိုင္း ၃၆
အပိုင္း ၃၇/အပိုင်း ၃၇
အပိုင်း ၃၈/အပိုင္း ၃၈
အပိုင်း ၃၉/အပိုင္း ၃၉
အပိုင်း ၄၀/အပိုင္း၄၀
အပိုင်း ၄၁/အပိုင္း ၄၁
အပိုင်း ၄၂/အပိုင္း ၄၂
အပိုင်း ၄၃
အပိုင်း ၄၄
အပိုင်း ၄၅
Extra 1

အပိုင်း ၁၂/အပိုင္း ၁၂

32.1K 3.3K 219
By OwantSung

Unicode

မနက်မိုးလင်းထဲက အောက်ထပ်က ဂလုံဂလွမ်းဆိုတဲ့
ဆူညံသံပေါင်းစုံကြောင့် နိုင်ဦးစေတနါ လုံးဝဆက်အိပ်လို့မရတော့ပေ။ညထဲက တော်တော်နဲ့အိပ်မပျော်ပဲ မနက်မိုးလင်းမှ အိပ်ပျော်သွားရသည်မို့ ဒီမနက်အလုပ်တောင် သွားဖို့ စိတ်ကူးမရှိ။

မျက်နှာတောင်မသစ်နိုင်ပဲ အောက်ထပ်ကို ပြေးဆင်းလာခဲ့သည်။

"ဂလွမ်းးးးး"

"နှောင်ကြိုးး မင်းဘယ်လိုလုပ်နေတာလဲ ဆူညံနေတာပဲ။ နည်းနည်းပါးပါး လူလိုသိအုံး။"

ဒယ်အိုးကို ရေဆေးဖို့ ဘေစင်ထဲပစ်ထည့်လိုက်သံက
နားစည်ပါကွဲလောက်သည်။

"ဘာကိုလူလိုသိရမှာလဲ ဒီဗိုက်ကြီးနဲ့ သွက်သွက်လက်လက်သွားနိုင်လာနိုင်မယ်ထင်နေလို့လား။ မိုးလင်းရင် ခင်များတို့စားဖို့ လုပ်ပေးနေတာပဲ
ကျေးဇူးတင်"

ခါးပေါ်လက်နှစ်ဖက်ပစ်တင်ပြီး အသံအကျယ်ကြီးနဲ့
ကုန်းအော်လိုက်သူကြောင့် နိုင်ဦးစေတန် နောက်ကိုတွန့်သွားရသည်။

"ကျေးဇူးတင်ရအောင် ငါက မင်းကို ပိုက်ဆံပေးပြီး
ခိုင်းတာလေ။ မင်းအလကားလုပ်ပေးတာမဟုတ်ဘူး။
ငါ့ကိုပြန်အော်မနေနဲ့ ငါကမင်းအလုပ်ရှင်"

"ဪ ဒါကျတော့ အလုပ်ရှင်တဲ့။ ခင်များလုပ်ချင်ရင်တော့ အလုပ်ရှင်လို့မပြောဘူး
ဘယ်အလုပ်ရှင်က ဘယ်အလုပ်သမားကို ဒီလိုလုပ်တာ
တွေ့ဖူးလဲ"

"မင်းအသံကျယ်ကြီးနဲ့ အော်မပြောနဲ့ သူများတွေကြားကုန်မယ်"

ဘေးပတ်၀န်းကျင်တစ်ခွင်ကို ပတ်လည်လိုက်ကြည့်ပြီး
ခပ်တိုးတိုးခပ်ကျိတ်ကျိတ်သတိပေးရသည်။

"ကြားပါစေ ဒီဗိုက်ကလည်း ခင်များ....အု...အု"

ပြောကာမှပိုဆိုးကာ အသံကျယ်ကြီးနဲ့အော်ပြောနေသူရဲ့ ပါးစပ်ကို လက်ဖဝါးနဲ့ ပြေးပိတ်ရသည်။ဒီကောင်လေးကို သူတကယ်မနိုင်။

"တောင်းပန်ပါတယ်အဖေလေး‌ရယ် တိုးတိုးပြောပါ"

"အဲ့တာဆို အိမ်မှုကိစ္စတွေကို ခင်များတို့နှစ်ယောက်လုံးဝိုင်းလုပ် ကျွန်တော်
တစ်ယောက်ထဲ မလုပ်နိုင်တော့ဘူး "

မျက်လုံးပြူးသွားသူက နိုင်ဦးစေတန်။သူ့အလုပ်သမားက သူ့ကိုပြန်ခိုင်းနေတာ။အရင်လို သူဌေးတောင်မခေါ်နိုင်တော့ဘူး ခင်များဖြစ်နေပြီ။

"ခင်များ မလုပ်ချင်ဘူးဆိုလည်း ရတယ် ကျွန်တော့
ကလေးအတွက် တိုက်ခန်းကိုပေး အလုပ်ထွက်မယ်"

တိုက်ခန်းကို အခုချိန်ထိမပေးသေးတာ မပေးချင်လို့
မဟုတ်ပါ။ ဒီကောင်လေးကို ဗိုက်ကြီးနဲ့ အဝေးမှာ တစ်ယောက်ထဲ စိတ်မချနိုင်ပါ။
ဒါ‌ကြောင့်ကလေးမွေးပြီးမှ ပေးမယ်လို့ သူ
စိတ်ကူးထားခဲ့တာပင်။

"အတော်ပဲ ဆောင်းဦး မင်းငါ့ကို ကူညီရမယ် ထမင်းဟင်းချက်ဖို့ ငါကိုယ်ဝန်လရင့်လာလို့ရှိရင် မလုပ်နိုင်တော့ဘူး"

မီးဖိုခန်းထဲ တစ်လှမ်းခြင်း ဝင်လာတဲ့ ဆောင်းဦးစေတန်ကို တွေ့တော့
အကူအညီလှမ်းတောင်းတဲ့သဘောပြောလိုက်‌သည်။ တစ်ချက်သာလှည့်ကြည့်ပြီး ရေခဲသေတ္တာဖွင့်ကာ ရေခဲရေထုတ်သောက်နေသည်။

"ကြားလားလို့"

"ငါပြန်တော့မှာ "

"ဘာလို့ပြန်မှာလဲ"
"ဘာလို့ပြန်မှာလဲ"

တစ်ပြိုင်နက်ထဲ ထွက်‌ပေါ်လာသည့် စကားသံနှစ်ခုကို
ကျောခိုင်းထွက်ခွာသွားသူရဲ့ လက်ကို နှောင်ကြိုး
အလျင်အမြန်ဖမ်းဆွဲလိုက်လေသည်။

"တကယ်ကြီး ပြန်မလို့လား။ ဘာလို့လဲ သူဌေးနဲ့ ရန်ဖြစ်လို့လား။ တူ၀ရီးချင်းပဲဟာကို မပြန်ပါနဲ့‌နော်
မင်းပြောတော့ ငါကလေးမွေးပြီးမှ ပြန်မှာဆို
မင်းမရှိရင် ငါတစ်ယောက်ထဲ ဖြစ်နေမှာပေါ့လို့"

နည်းလမ်းမျိုးစုံသုံးပြီး မပြန်ဖို့ပြောပေမဲ့ တုတ်တုတ်မျှမလှုပ်သူကြောင့် စိတ်မကောင်းဖြစ်ရသည်။အနည်းဆုံးတော့ သူရှိနေရင်
အားတစ်ခုတော့ ဖြစ်မှာသေချာသည်။

"သူဌေး မပြန်ဖို့ဝိုင်းပြောပေး‌အုံးလေဗျာ"

ကျောချင်းခိုင်းပြီး မတ်တပ်ရပ်နေသူနှစ်ဦးကြား
ဗျာများနေသူက နှောင်ကြိုးတစ်‌ေယာက်ထဲ။

"ငါ့မိဘတွေကို ရှက်စရာကောင်းတဲ့လူလို့သတ်မှတ်ထားတဲ့ သူနဲ့
ငါဘယ်လို နေရမလဲ။ ငါတို့ကသာ တစ်ဦးတည်းသော
မိသားစုဆိုပြီး ရေခြားမြေခြားကနေ လာခဲ့ပေမဲ့
ငါတို့ပေါ် ဒီလို သတ်မှတ်လိမ့်မယ်လို့ မထင်ခဲ့ဘူး"

ဘာစကားမှ ခွန်းတုံ့ပြန်မလာတဲ့ နိုင်ဦးစေတန်အနားကို နှောင်ကြိုးတိုးကပ်သွားပြီး......

"သူဌေးကပဲ ပြန်တောင်းပန်လိုက်ပါဗျာ သူဘယ်စိတ်ကောင်းပါ့မလဲ သူ့ခမျာ သူ့ဦးငယ်ကို
ချစ်လို့ ဒီအထိ ရောက်လာခဲ့တာလေ နော် နော်လို့"

" ငါတောင်းပန်တယ် ဒါပေမဲ့ ငါစိတ်တော့မပြေသေးဘူး မင်းကို မပြန်စချင်လို့
ဘာပဲဖြစ်ဖြစ် မင်းက ငါ့သွေးသား ငါ့တူပဲ"

တောင်းပန်တဲ့သူကလည်း ဘောက်ဆတ်ဆတ်ပြောပြီး
အပေါ်ပြန်တက်သွားသည်။ကြားထဲက နှောင်ကြိုးကပဲ
စကားကိုကြည့်ကောင်းအောင် ဘာသာပြန်ပေးရသည်။
မြန်မာစကားကို မြန်မာလို အဆင်ချောအောင်
ဘာသာပြန်ပေးရသည်မှာ မလွယ်ကူလှ‌ပေ။

"အဟမ်း မင်းကလည်း စိတ်လျှော့လိုက်ပါ။ သူက မင်းကို ချစ်ပါတယ် ဒါပေမဲ့ ရုတ်တရက်‌ဆိုတော့
စိတ်မထိန်း...."

စကားတောင်ပြီးပြတ်အောင်မပြောရသေးဘူး
နောက်တစ်ယောက်ကပါ အပေါ်ပြန်တက်သွားပြန်သည်။ဟင်းးး ပြန်မခေါ်ချင်လည်း နေကျတော့ဟေး ဒီလောက်ပြန်ပြီး
တည့်အောင် လုပ်ပေးနေတာကို ။

အခန်းထဲရောက်တော့ ကုတင်ပေါ်ပစ်လှဲချပြီး စိတ်ကို တတ်နိုင်သမျှ လျှော့ချထားလိုက်သည်။မျက်လုံးထောင့်ကနေ ၀င်လာတဲ့ ဖုန်းအလင်းရောင်ကြောင့် ဖုန်းကို လှမ်းယူပြီးကြည့်လိုက်သည်။

ရွှန်းလဲ့ခေါ်ထားတဲ့ missed callပေါင်းများစွာပင်။
တစ်ခါမှ ဖုန်းတွေအဲ့လောက်မခေါ်ဖူးတဲ့ ရွှန်းလဲ့ကြောင့်
စိုးရိမ်မှု ရေချိန်က အဆမတန် မြှင့်တက်သွားရသည် ။
တစ်ဆက်တည်းမှာပဲ ထပ်၀င်လာတဲ့ ဖုန်းcallကြောင့်
အမြန်ကိုင်လိုက်သည်။

"ရွှန်းလဲ့ ဘာဖြစ်လို့လဲ"

"မောင် ရွှန်းလဲ့တို့ ဘာဆက်လုပ်သင့်လဲ"

"ဘာဖြစ်လို့လဲ ရွှန်းလဲ့ရဲ့ အဆုံးမရှိ အစမရှိ"

"ရွှန်းလဲ့မှာ ကိုယ်ဝန်ရှိနေပြီမောင် နှစ်လကျော်ပြီ
periodမဖြစ်တာ အဲ့တာနဲ့ စိတ်ထဲစနိုးစနောင့်ဖြစ်လို့
စစ်ကြည့်လိုက်တာ ကိုယ်ဝန်တဲ့"

အချိန်တန်ရင် လက်ထပ်ကြမဲ့သူတွေမို့ ရွှန်းလဲ့သည်လည်း ကလေးရှိနေတာကို ရုပ်ရှင်ထဲကလို
မငိုမယိုပြသလို ကိုယ်တိုင်ကလည်း ငါလူဖြစ်ပြီကွဆိုပြီး ခုန်ပေါက်မနေ။

"ဒါဆို ကိုယ်တို့လက်ထပ်ကြတာပေါ့ ရွှန်းလဲ့ အလုပ်က
ခွင့်တင်လို့ကောရပါ့မလား "

ခွင့်တင်လို့မရရင်လည်း ထွက်လို့တော့မပြောရက်။
ဒီလိုနေရာတစ်ခုရဖို့ သူဘယ်လောက်ကြိုးစားခဲ့လဲဆိုတာ ကိုယ်အသိဆုံးပင်။ကိုယ့်အလုပ်မှာဝင်လုပ်ပါ
ဆိုတော့လည်း မာနမင်းသမီးက ရည်းစားက သူဌေးမို့
ဖျာခင်းပြီးသားပေါ်တက်မထိုင်ချင်ဘူးဆိုပြီး
ငြင်းသည်။

"အလုပ်ဝင်တာ မကြာသေးဘူး ခွင့်တင်တယ်ဆိုတော့
ဘယ်ကောင်းပါ့မလဲမောင်ရဲ့ ကလေးမီးဖွားရင်လည်း
မီးဖွားခွင့် ‌ပေးရအုံးမှာလေ"

"ဒါဆို ဘယ်လိုလုပ်မလဲ ရွှန်းလဲ့"

"ရွှန်းလဲ့ ပြန်လာရင်ကောင်းမလားလို့မောင်ရဲ့ ကိုယ်ဝန်ကြောင့်လားမသိဘူး အမြဲတမ်းအားငယ်နေတယ် တစ်ခုခုအဆင်မပြေ
တာနဲ့ အရင်လိုမသန်မာတော့ပဲ ငိုပဲငိုချင်နေတယ်
မောင်နဲ့လည်း လက်မထပ်ရသေးပဲ ကလေးတန်းရတော့ သိမ်ငယ်သလိုပဲ"

ရေခြားမြေခြားမှာ ကိုယ့်ကိုယ်ဝန်ကိုလွယ်ပြီး
အမျိုးသမီးတစ်ယောက်ထဲ ရပ်တည်နေရတာ ပင်ပန်း
နေတယ် ထင်ပါရဲ့ ။

"ပြန်လာလေရွှန်းလဲ့ရဲ့ မောင်လာခေါ်ရမလား။ ‌
ရွှန်းလဲ့ ပြန်လာတာနဲ့ မဂ်လာပွဲကို အကြီးကြီးလုပ်
ပေးမယ် ကိုယ့်မိန်မလေးဘာမှသိမ်ငယ်စရာ မလိုဘူး"

ခပ်တိုးတိုးရယ်သံလေးကြားမှ သက်ပြင်းဖွဖွချနိုင်သည်။မကြာခင် ရွှန်းလဲ့ ပြန်လာတော့မယ် နှောင်ကြိုးရဲ့ ကိုယ်ဝန်ကရော။
ရွှန်းလဲ့ကိုယ်ဝန်ရှိတော့ ကြီးကြီးကျယ်ကျယ် မဂ်လာဆောင်ပြီး လက်ထပ်ယူပေမဲ့ ဒီကောင်လေး
ကိုယ်ဝန်ရှိတော့ ပိုက်ဆံပေးပြီး ဖျက်ချခိုင်းသည်။
သူတကယ်မကောင်းတဲ့လူဆိုပေမဲ့ ရွှန်းလဲ့ကိုပယ်ပြီး
ဒီကောင်လေးကိုလည်း တာဝန်ယူဖို့ဆိုတာလည်း
သူမလုပ်နိုင်။

ရွှန်းလဲ့မှာလည်းကိုယ်ဝန်ရှိနေပြီ။ဒီကောင်လေးမှာကလည်း ကိုယ်ဝန်။သူတကယ်ရူးချင်နေပြီ။
ဒီကောင်လေးကိုတော့ သူလက်ထပ်မယူနိုင်ပေ။
ယောကျာ်းချင်းကြီး
ယူဖို့ဆိုတာ မဖြစ်နိုင်ပါ။ ပို‌ဆိုးတာက သူ့ဗိုက်ထဲက
ကလေးက ကိုယ့်ကလေးဆိုတာ လူသိခံလို့ မဖြစ်။
ဒီသတင်းသာ အပြင်ပေါက်ကြားသွားရင် သူ့imgae
ထိုးဆင်းသွားနိုင်သည်။

နှောင်ကြိုးကိုယ်ဝန်ကိစ္စကို အမြန်ဖုံးဖိမှတော်ကာကျမည်။

"မောင် အဲ့တာ ရွှန်းလဲ့ ပြန်လာရင် pre wedding
ရိုက်တာ အရင်လုပ်ကြတာပေါ့။ ဘာပဲဖြစ်ဖြစ် ကိုယ်ဝန်ရှိတာလည်း ကောင်းပါတယ်။ အဲ့တာမှ
မောင်နဲ့ အမြန်ဆုံးလက်ထပ်ဖြစ်မှာ ဒီအတိုင်း‌ဆို
ဟိုနှစ် သည်နှစ်နဲ့ ရွေ့လို့ဆုံးမှာမဟုတ်ဘူး"

"ဟုတ်ပါပြီဗျာ ကိုယ်လည်းပြင်စရာရှိတာ ပြင်ထားမယ်
ကိုယ့်မိန်းမလေးက ကိုယ့်ကလေးကိုပဲ ဂရုစိုက်ပေးထား"

အခန်းတံခါးခေါက်မဲ့ နှောင်ကြိုးလက်တွေ လေထဲတွင်
တန့်သွားရသည်။ကိုယ်ဝန်တဲ့လား မကြာခင်ပြန်လာပြီး
လက်ထပ်ကြတော့မှာတဲ့။ဒီလိုနေ့ရက်တွေ ရောက်လာမယ်ဆိုတာ သိပေမဲ့လည်း ဒီလို ဗြုန်းစားကြီး ဖြစ်လာမယ်လို့မထင်ထားဘူး။

ငါ့ကလေးက ရွှန်းလဲ့မွေးမဲ့ ကလေးပဲဖြစ်ရမယ်လို့
ပြောတဲ့အတိုင်း သူ့ကလေးလေးကျတော့ ဂရုစိုက်ပေးလိုက်တာ။ကိုယ့်ကိုကျတော့ ဆေးတောင်ပုံမှန်သောက်ဖို့တောင် သတိပေးဖော်မရ။
သတိမရပေးလည်း ဘာမှမဖြစ်ဘူး ကိုယ်ကအမှတ်ထားပြီးကို သောက်တယ်။

ဖေဖေ့ကလေးလေးအတွက် ဖေဖေရှိတယ်နော်။
ဝမ်းမနည်းရဘူးနော် သိလား ကလေးလေး။အဲ့လူက
လူကောင်းမဟုတ်ဘူး အဲ့လိုလူက ကလေးလေးဖေဖေ
မဖြစ်တာ ကလေးလေးကံကောင်းတာ။ဖေဖေက
ဖေဖေ့ကလေးလေးကို သူတို့ကလေးလေးကို ချစ်တာထက် အများကြီးပိုချစ်ပေးမှာ။

နာမည်လှလှလေးလည်း ပေးမယ်။အသားဖြူဖြူလေး၊အရပ်ရှည်ရှည် ခန္ဓာကိုယ်လှလှနဲ့ ဉာဏ်ကောင်းတဲ့ ကလေးလေး
အဖြစ်မွေးပေးမှာမို့ စိတ်မကောင်းမဖြစ်ရဘူးနော်။

(Helloအားလုံးကို တောင်းဆိုစရာရှိပါတယ်နော် ဒီpartမှာ အရေးအသားပေါ့သွားရင် ကိုယ်တောင်းပန်ပါတယ်နော် နောက်ပြီး ရွှန်းလဲ့ ကိုယ်ဝန်ကိစ္စ ကိုယ် မင်းတို့မုန်းမဲ့ ဇာတ်ကောင်မျိုး
မဖန်တီးပါဘူး ကျေးဇူးပြုပြီး မမုန်းပါနဲ့ ကိုယ်ဒီနေ့ ဒီpartကိုရေးဖို့ တော်တော်အားယူရပါတယ်
ခေါင်းတွေလည်း ကိုက်နေပြီမို့ပါ)

Zawgyi

မနက္မိုးလင္းထဲက ေအာက္ထပ္က ဂလုံဂလြမ္းဆိုတဲ့
ဆူညံသံေပါင္းစုံေၾကာင့္ နိုင္ဦးေစတနါ လုံးဝဆက္အိပ္လို႔မရေတာ့ေပ။ညထဲက ေတာ္ေတာ္နဲ႕အိပ္မေပ်ာ္ပဲ မနက္မိုးလင္းမွ အိပ္ေပ်ာ္သြားရသည္မို႔ ဒီမနက္အလုပ္ေတာင္ သြားဖို႔ စိတ္ကူးမရွိ။

မ်က္ႏွာေတာင္မသစ္နိုင္ပဲ ေအာက္ထပ္ကို ေျပးဆင္းလာခဲ့သည္။

"ဂလြမ္းးးးး"

"ေႏွာင္ႀကိဳးး မင္းဘယ္လိုလုပ္ေနတာလဲ ဆူညံေနတာပဲ။ နည္းနည္းပါးပါး လူလိုသိအုံး။"

ဒယ္အိုးကို ေရေဆးဖို႔ ေဘစင္ထဲပစ္ထည့္လိုက္သံက
နားစည္ပါကြဲေလာက္သည္။

"ဘာကိုလူလိုသိရမွာလဲ ဒီဗိုက္ႀကီးနဲ႕ သြက္သြက္လက္လက္သြားနိုင္လာနိုင္မယ္ထင္ေနလို႔လား။ မိုးလင္းရင္ ခင္မ်ားတို႔စားဖို႔ လုပ္ေပးေနတာပဲ
ေက်းဇူးတင္"

ခါးေပၚလက္ႏွစ္ဖက္ပစ္တင္ၿပီး အသံအက်ယ္ႀကီးနဲ႕
ကုန္းေအာ္လိုက္သူေၾကာင့္ နိုင္ဦးေစတန္ ေနာက္ကိုတြန႔္သြားရသည္။

"ေက်းဇူးတင္ရေအာင္ ငါက မင္းကို ပိုက္ဆံေပးၿပီး
ခိုင္းတာေလ။ မင္းအလကားလုပ္ေပးတာမဟုတ္ဘူး။
ငါ့ကိုျပန္ေအာ္မေနနဲ႕ ငါကမင္းအလုပ္ရွင္"

"ဪ ဒါက်ေတာ့ အလုပ္ရွင္တဲ့။ ခင္မ်ားလုပ္ခ်င္ရင္ေတာ့ အလုပ္ရွင္လို႔မေျပာဘူး
ဘယ္အလုပ္ရွင္က ဘယ္အလုပ္သမားကို ဒီလိုလုပ္တာ
ေတြ႕ဖူးလဲ"

"မင္းအသံက်ယ္ႀကီးနဲ႕ ေအာ္မေျပာနဲ႕ သူမ်ားေတြၾကားကုန္မယ္"

ေဘးပတ္၀န္းက်င္တစ္ခြင္ကို ပတ္လည္လိုက္ၾကည့္ၿပီး
ခပ္တိုးတိုးခပ္က်ိတ္က်ိတ္သတိေပးရသည္။

"ၾကားပါေစ ဒီဗိုက္ကလည္း ခင္မ်ား....အု...အု"

ေျပာကာမွပိုဆိုးကာ အသံက်ယ္ႀကီးနဲ႕ေအာ္ေျပာေနသူရဲ႕ ပါးစပ္ကို လက္ဖဝါးနဲ႕ ေျပးပိတ္ရသည္။ဒီေကာင္ေလးကို သူတကယ္မနိုင္။

"ေတာင္းပန္ပါတယ္အေဖေလး‌ရယ္ တိုးတိုးေျပာပါ"

"အဲ့တာဆို အိမ္မႈကိစၥေတြကို ခင္မ်ားတို႔ႏွစ္ေယာက္လုံးဝိုင္းလုပ္ ကြၽန္ေတာ္
တစ္ေယာက္ထဲ မလုပ္နိုင္ေတာ့ဘူး "

မ်က္လုံးျပဴးသြားသူက နိုင္ဦးေစတန္။သူ႕အလုပ္သမားက သူ႕ကိုျပန္ခိုင္းေနတာ။အရင္လို သူေဌးေတာင္မေခၚနိုင္ေတာ့ဘူး ခင္မ်ားျဖစ္ေနၿပီ။

"ခင္မ်ား မလုပ္ခ်င္ဘူးဆိုလည္း ရတယ္ ကြၽန္ေတာ့
ကေလးအတြက္ တိုက္ခန္းကိုေပး အလုပ္ထြက္မယ္"

တိုက္ခန္းကို အခုခ်ိန္ထိမေပးေသးတာ မေပးခ်င္လို႔
မဟုတ္ပါ။ ဒီေကာင္ေလးကို ဗိုက္ႀကီးနဲ႕ အေဝးမွာ တစ္ေယာက္ထဲ စိတ္မခ်နိဳင္ပါ။
ဒါ‌ေၾကာင့္ကေလးေမြးၿပီးမွ ေပးမယ္လို႔ သူ
စိတ္ကူးထားခဲ့တာပင္။

"အေတာ္ပဲ ေဆာင္းဦး မင္းငါ့ကို ကူညီရမယ္ ထမင္းဟင္းခ်က္ဖို႔ ငါကိုယ္ဝန္လရင့္လာလို႔ရွိရင္ မလုပ္နိုင္ေတာ့ဘူး"

မီးဖိုခန္းထဲ တစ္လွမ္းျခင္း ဝင္လာတဲ့ ေဆာင္းဦးေစတန္ကို ေတြ႕ေတာ့
အကူအညီလွမ္းေတာင္းတဲ့သေဘာေျပာလိုက္‌သည္။ တစ္ခ်က္သာလွည့္ၾကည့္ၿပီး ေရခဲေသတၱာဖြင့္ကာ ေရခဲေရထုတ္ေသာက္ေနသည္။

"ၾကားလားလို႔"

"ငါျပန္ေတာ့မွာ "

"ဘာလို႔ျပန္မွာလဲ"
"ဘာလို႔ျပန္မွာလဲ"

တစ္ၿပိဳင္နက္ထဲ ထြက္‌ေပၚလာသည့္ စကားသံႏွစ္ခုကို
ေက်ာခိုင္းထြက္ခြာသြားသူရဲ႕ လက္ကို ေႏွာင္ႀကိဳး
အလ်င္အျမန္ဖမ္းဆြဲလိုက္ေလသည္။

"တကယ္ႀကီး ျပန္မလို႔လား။ ဘာလို႔လဲ သူေဌးနဲ႕ ရန္ျဖစ္လို႔လား။ တူ၀ရီးခ်င္းပဲဟာကို မျပန္ပါနဲ႕‌ေနာ္
မင္းေျပာေတာ့ ငါကေလးေမြးၿပီးမွ ျပန္မွာဆို
မင္းမရွိရင္ ငါတစ္ေယာက္ထဲ ျဖစ္ေနမွာေပါ့လို႔"

နည္းလမ္းမ်ိဳးစုံသုံးၿပီး မျပန္ဖို႔ေျပာေပမဲ့ တုတ္တုတ္မွ်မလႈပ္သူေၾကာင့္ စိတ္မေကာင္းျဖစ္ရသည္။အနည္းဆုံးေတာ့ သူရွိေနရင္
အားတစ္ခုေတာ့ ျဖစ္မွာေသခ်ာသည္။

"သူေဌး မျပန္ဖို႔ဝိုင္းေျပာေပး‌အုံးေလဗ်ာ"

ေက်ာခ်င္းခိုင္းၿပီး မတ္တပ္ရပ္ေနသူႏွစ္ဦးၾကား
ဗ်ာမ်ားေနသူက ေႏွာင္ႀကိဳးတစ္‌ေယာက္ထဲ။

"ငါ့မိဘေတြကို ရွက္စရာေကာင္းတဲ့လူလို႔သတ္မွတ္ထားတဲ့ သူနဲ႕
ငါဘယ္လို ေနရမလဲ။ ငါတို႔ကသာ တစ္ဦးတည္းေသာ
မိသားစုဆိုၿပီး ေရျခားေျမျခားကေန လာခဲ့ေပမဲ့
ငါတို႔ေပၚ ဒီလို သတ္မွတ္လိမ့္မယ္လို႔ မထင္ခဲ့ဘူး"

ဘာစကားမွ ခြန္းတုံ႕ျပန္မလာတဲ့ နိုင္ဦးေစတန္အနားကို ေႏွာင္ႀကိဳးတိုးကပ္သြားၿပီး......

"သူေဌးကပဲ ျပန္ေတာင္းပန္လိုက္ပါဗ်ာ သူဘယ္စိတ္ေကာင္းပါ့မလဲ သူ႕ခမ်ာ သူ႕ဦးငယ္ကို
ခ်စ္လို႔ ဒီအထိ ေရာက္လာခဲ့တာေလ ေနာ္ ေနာ္လို႔"

" ငါေတာင္းပန္တယ္ ဒါေပမဲ့ ငါစိတ္ေတာ့မေျပေသးဘူး မင္းကို မျပန္စခ်င္လို႔
ဘာပဲျဖစ္ျဖစ္ မင္းက ငါ့ေသြးသား ငါ့တူပဲ"

ေတာင္းပန္တဲ့သူကလည္း ေဘာက္ဆတ္ဆတ္ေျပာၿပီး
အေပၚျပန္တက္သြားသည္။ၾကားထဲက ေႏွာင္ႀကိဳးကပဲ
စကားကိုၾကည့္ေကာင္းေအာင္ ဘာသာျပန္ေပးရသည္။
ျမန္မာစကားကို ျမန္မာလို အဆင္ေခ်ာေအာင္
ဘာသာျပန္ေပးရသည္မွာ မလြယ္ကူလွ‌ေပ။

"အဟမ္း မင္းကလည္း စိတ္ေလွ်ာ့လိုက္ပါ။ သူက မင္းကို ခ်စ္ပါတယ္ ဒါေပမဲ့ ႐ုတ္တရက္‌ဆိုေတာ့
စိတ္မထိန္း...."

စကားေတာင္ၿပီးျပတ္ေအာင္မေျပာရေသးဘူး
ေနာက္တစ္ေယာက္ကပါ အေပၚျပန္တက္သြားျပန္သည္။ဟင္းးး ျပန္မေခၚခ်င္လည္း ေနက်ေတာ့ေဟး ဒီေလာက္ျပန္ၿပီး
တည့္ေအာင္ လုပ္ေပးေနတာကို ။

အခန္းထဲေရာက္ေတာ့ ကုတင္ေပၚပစ္လွဲခ်ၿပီး စိတ္ကို တတ္နိုင္သမွ် ေလွ်ာ့ခ်ထားလိုက္သည္။မ်က္လုံးေထာင့္ကေန ၀င္လာတဲ့ ဖုန္းအလင္းေရာင္ေၾကာင့္ ဖုန္းကို လွမ္းယူၿပီးၾကည့္လိုက္သည္။

႐ႊန္းလဲ့ေခၚထားတဲ့ missed callေပါင္းမ်ားစြာပင္။
တစ္ခါမွ ဖုန္းေတြအဲ့ေလာက္မေခၚဖူးတဲ့ ႐ႊန္းလဲ့ေၾကာင့္
စိုးရိမ္မႈ ေရခ်ိန္က အဆမတန္ ျမႇင့္တက္သြားရသည္ ။
တစ္ဆက္တည္းမွာပဲ ထပ္၀င္လာတဲ့ ဖုန္းcallေၾကာင့္
အျမန္ကိုင္လိုက္သည္။

"႐ႊန္းလဲ့ ဘာျဖစ္လို႔လဲ"

"ေမာင္ ႐ႊန္းလဲ့တို႔ ဘာဆက္လုပ္သင့္လဲ"

"ဘာျဖစ္လို႔လဲ ႐ႊန္းလဲ့ရဲ႕ အဆုံးမရွိ အစမရွိ"

"႐ႊန္းလဲ့မွာ ကိုယ္ဝန္ရွိေနၿပီေမာင္ ႏွစ္လေက်ာ္ၿပီ
periodမျဖစ္တာ အဲ့တာနဲ႕ စိတ္ထဲစနိုးစေနာင့္ျဖစ္လို႔
စစ္ၾကည့္လိုက္တာ ကိုယ္ဝန္တဲ့"

အခ်ိန္တန္ရင္ လက္ထပ္ၾကမဲ့သူေတြမို႔ ႐ႊန္းလဲ့သည္လည္း ကေလးရွိေနတာကို ႐ုပ္ရွင္ထဲကလို
မငိုမယိုျပသလို ကိုယ္တိုင္ကလည္း ငါလူျဖစ္ၿပီကြဆိုၿပီး ခုန္ေပါက္မေန။

"ဒါဆို ကိုယ္တို႔လက္ထပ္ၾကတာေပါ့ ႐ႊန္းလဲ့ အလုပ္က
ခြင့္တင္လို႔ေကာရပါ့မလား "

ခြင့္တင္လို႔မရရင္လည္း ထြက္လို႔ေတာ့မေျပာရက္။
ဒီလိုေနရာတစ္ခုရဖို႔ သူဘယ္ေလာက္ႀကိဳးစားခဲ့လဲဆိုတာ ကိုယ္အသိဆုံးပင္။ကိုယ့္အလုပ္မွာဝင္လုပ္ပါ
ဆိုေတာ့လည္း မာနမင္းသမီးက ရည္းစားက သူေဌးမို႔
ဖ်ာခင္းၿပီးသားေပၚတက္မထိုင္ခ်င္ဘူးဆိုၿပီး
ျငင္းသည္။

"အလုပ္ဝင္တာ မၾကာေသးဘူး ခြင့္တင္တယ္ဆိုေတာ့
ဘယ္ေကာင္းပါ့မလဲေမာင္ရဲ႕ ကေလးမီးဖြားရင္လည္း
မီးဖြားခြင့္ ‌ေပးရအုံးမွာေလ"

"ဒါဆို ဘယ္လိုလုပ္မလဲ ႐ႊန္းလဲ့"

"႐ႊန္းလဲ့ ျပန္လာရင္ေကာင္းမလားလို႔ေမာင္ရဲ႕ ကိုယ္ဝန္ေၾကာင့္လားမသိဘူး အၿမဲတမ္းအားငယ္ေနတယ္ တစ္ခုခုအဆင္မေျပ
တာနဲ႕ အရင္လိုမသန္မာေတာ့ပဲ ငိုပဲငိုခ်င္ေနတယ္
ေမာင္နဲ႕လည္း လက္မထပ္ရေသးပဲ ကေလးတန္းရေတာ့ သိမ္ငယ္သလိုပဲ"

ေရျခားေျမျခားမွာ ကိုယ့္ကိုယ္ဝန္ကိုလြယ္ၿပီး
အမ်ိဳးသမီးတစ္ေယာက္ထဲ ရပ္တည္ေနရတာ ပင္ပန္း
ေနတယ္ ထင္ပါရဲ႕ ။

"ျပန္လာေလ႐ႊန္းလဲ့ရဲ႕ ေမာင္လာေခၚရမလား။ ‌
႐ႊန္းလဲ့ ျပန္လာတာနဲ႕ မဂ္လာပြဲကို အႀကီးႀကီးလုပ္
ေပးမယ္ ကိုယ့္မိန္မေလးဘာမွသိမ္ငယ္စရာ မလိုဘူး"

ခပ္တိုးတိုးရယ္သံေလးၾကားမွ သက္ျပင္းဖြဖြခ်နိဳင္သည္။မၾကာခင္ ႐ႊန္းလဲ့ ျပန္လာေတာ့မယ္ ေႏွာင္ႀကိဳးရဲ႕ ကိုယ္ဝန္ကေရာ။
႐ႊန္းလဲ့ကိုယ္ဝန္ရွိေတာ့ ႀကီးႀကီးက်ယ္က်ယ္ မဂ္လာေဆာင္ၿပီး လက္ထပ္ယူေပမဲ့ ဒီေကာင္ေလး
ကိုယ္ဝန္ရွိေတာ့ ပိုက္ဆံေပးၿပီး ဖ်က္ခ်ခိဳင္းသည္။
သူတကယ္မေကာင္းတဲ့လူဆိုေပမဲ့ ႐ႊန္းလဲ့ကိုပယ္ၿပီး
ဒီေကာင္ေလးကိုလည္း တာဝန္ယူဖို႔ဆိုတာလည္း
သူမလုပ္နိုင္။

႐ႊန္းလဲ့မွာလည္းကိုယ္ဝန္ရွိေနၿပီ။ဒီေကာင္ေလးမွာကလည္း ကိုယ္ဝန္။သူတကယ္႐ူးခ်င္ေနၿပီ။
ဒီေကာင္ေလးကိုေတာ့ သူလက္ထပ္မယူနိုင္ေပ။
ေယာက်ာ္းခ်င္းႀကီး
ယူဖို႔ဆိုတာ မျဖစ္နိုင္ပါ။ ပို‌ဆိုးတာက သူ႕ဗိုက္ထဲက
ကေလးက ကိုယ့္ကေလးဆိုတာ လူသိခံလို႔ မျဖစ္။
ဒီသတင္းသာ အျပင္ေပါက္ၾကားသြားရင္ သူ႕imgae
ထိုးဆင္းသြားနိုင္သည္။

ေႏွာင္ႀကိဳးကိုယ္ဝန္ကိစၥကို အျမန္ဖုံးဖိမွေတာ္ကာက်မည္။

"ေမာင္ အဲ့တာ ႐ႊန္းလဲ့ ျပန္လာရင္ pre wedding
ရိုက္တာ အရင္လုပ္ၾကတာေပါ့။ ဘာပဲျဖစ္ျဖစ္ ကိုယ္ဝန္ရွိတာလည္း ေကာင္းပါတယ္။ အဲ့တာမွ
ေမာင္နဲ႕ အျမန္ဆုံးလက္ထပ္ျဖစ္မွာ ဒီအတိုင္း‌ဆို
ဟိုႏွစ္ သည္ႏွစ္နဲ႕ ေ႐ြ႕လို႔ဆုံးမွာမဟုတ္ဘူး"

"ဟုတ္ပါၿပီဗ်ာ ကိုယ္လည္းျပင္စရာရွိတာ ျပင္ထားမယ္
ကိုယ့္မိန္းမေလးက ကိုယ့္ကေလးကိုပဲ ဂ႐ုစိုက္ေပးထား"

အခန္းတံခါးေခါက္မဲ့ ေႏွာင္ႀကိဳးလက္ေတြ ေလထဲတြင္
တန႔္သြားရသည္။ကိုယ္ဝန္တဲ့လား မၾကာခင္ျပန္လာၿပီး
လက္ထပ္ၾကေတာ့မွာတဲ့။ဒီလိုေန႕ရက္ေတြ ေရာက္လာမယ္ဆိုတာ သိေပမဲ့လည္း ဒီလို ျဗဳန္းစားႀကီး ျဖစ္လာမယ္လို႔မထင္ထားဘူး။

ငါ့ကေလးက ႐ႊန္းလဲ့ေမြးမဲ့ ကေလးပဲျဖစ္ရမယ္လို႔
ေျပာတဲ့အတိုင္း သူ႕ကေလးေလးက်ေတာ့ ဂ႐ုစိုက္ေပးလိုက္တာ။ကိုယ့္ကိုက်ေတာ့ ေဆးေတာင္ပုံမွန္ေသာက္ဖို႔ေတာင္ သတိေပးေဖာ္မရ။
သတိမရေပးလည္း ဘာမွမျဖစ္ဘူး ကိုယ္ကအမွတ္ထားၿပီးကို ေသာက္တယ္။

ေဖေဖ့ကေလးေလးအတြက္ ေဖေဖရွိတယ္ေနာ္။
ဝမ္းမနည္းရဘူးေနာ္ သိလား ကေလးေလး။အဲ့လူက
လူေကာင္းမဟုတ္ဘူး အဲ့လိုလူက ကေလးေလးေဖေဖ
မျဖစ္တာ ကေလးေလးကံေကာင္းတာ။ေဖေဖက
ေဖေဖ့ကေလးေလးကို သူတို႔ကေလးေလးကို ခ်စ္တာထက္ အမ်ားႀကီးပိုခ်စ္ေပးမွာ။

နာမည္လွလွေလးလည္း ေပးမယ္။အသားျဖဴျဖဴေလး၊အရပ္ရွည္ရွည္ ခႏၶာကိုယ္လွလွနဲ႕ ဉာဏ္ေကာင္းတဲ့ ကေလးေလး
အျဖစ္ေမြးေပးမွာမို႔ စိတ္မေကာင္းမျဖစ္ရဘူးေနာ္။

(Helloအားလုံးကို ေတာင္းဆိုစရာရွိပါတယ္ေနာ္ ဒီpartမွာ အေရးအသားေပါ့သြားရင္ ကိုယ္ေတာင္းပန္ပါတယ္ေနာ္ ေနာက္ၿပီး ႐ႊန္းလဲ့ ကိုယ္ဝန္ကိစၥ ကိုယ္ မင္းတို႔မုန္းမဲ့ ဇာတ္ေကာင္မ်ိဳး
မဖန္တီးပါဘူး ေက်းဇူးျပဳၿပီး မမုန္းပါနဲ႕ ကိုယ္ဒီေန႕ ဒီpartကိုေရးဖို႔ ေတာ္ေတာ္အားယူရပါတယ္
ေခါင္းေတြလည္း ကိုက္ေနၿပီမို႔ပါ)

Continue Reading

You'll Also Like

625K 48.5K 30
စက္ကပိုင် ဆိုးချင်သလောက်ဆိုး ကိုယ်နားလည်ပေးမယ် ကိုယ်အချစ်အပေါ်တော့ မဆိုးစမ်းနဲ့ အချစ် တေဇဦး အရက်သောက်ရင် လူလို့သောက်ပါ ကျွန်တော်လို့ မူးရူးပြီးယောင်...
197K 17.9K 18
ဒီတိုင်းရိုးရှင်းတဲ့ဇာတ်လမ်းလေးပါပဲ...Rick kid type တွေတအားသဘောကျလို့ပါ...။ အပိုင်းတိုတိုလေးနဲ့စိတ်ထွက်ပေါက်ရချင်လို့ရေးတာပါ ဒီတိုင္းရိုးရွင္းတဲ့ဇာတ္...
601K 38.4K 39
ရှိုင်းဆက်အာဏာ💕လွန်းခတ်ပိုင်
330K 8.2K 79
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်