အပိုင်း ၁၃/အပိုင္း ၁၃

31.5K 3.4K 129
                                    

Unicode

နှောင်ကြိုး ချက်နေပြုတ်နေတဲ့ အနားကို မယောင်မလည်နဲ့ ဟိုဟိုသည်သည်သွားလုပ်နေတာ
အချိန်အတော်ကြာနေပြီ။သူ့ကိုတစ်ချက်တောင်အဖက်မလုပ်သူကြောင့် ဘယ်ကနေဘယ်လို စပြောရမလဲဆိုတာ စဉ်းစားလို့တောင် မရပေ။

"ဘာလုပ်နေတာလဲ ဒီမှာ"

ရုတ်တရက်အနောက်ကို လှည့်ပြီး မေးလာတဲ့
နှောင်ကြိုးကြောင့် အနည်းငယ်လန့်သွားရသည်။

"ငါ...ငါပြောစရာရှိလို့"

"ဘာလဲ ပြော အလုပ်မအားရတဲ့ကြားထဲ သူကတစ်မျိုး"

"ငါ ရွှန်းလဲ့နဲ့ လက်ထပ်တော့မယ်"

ပန်းကန်ဆေးနေတဲ့ လက်အစုံက ချက်ချင်းအားအင်မရှိတော့သည့်နှယ်။ သူ့ကိုဖွင့်ပြောအုံးမယ်တောင် မထင်ထားသေးဘူး။

"ယူလေ ခင်များတို့က အချိန်တန်ရင် ယူကြမဲ့သူ
တွေပဲကို အခုပဲယူယူ နောက်မှပဲယူယူ"

"အဲ့တာ ဟို မင်းကလေးအတွက် ပေးမယ်ဆိုတဲ့ တိုက်ခန်းကို ငါရှေ့နေကိုဆက်သွယ်ထားပြီးပြီ
တစ်ရက်နှစ်ရက်နေရင် သူအိမ်ကို လာလိမ့်မယ်
မင်းကိုလွဲပေးမယ်"

ဆေးပြီးသားပန်းကန်တွေကို အဝတ်ခြောက်နဲ့ သေချာပြောင်အောင် ပွတ်တိုက်နေလိုက်သည်။
ကလေးအတွက် တိုက်ခန်းလွှဲပေးတယ်ဆိုတာ
တနည်းနည်းနဲ့ သူ့ကိုသွယ်ဝိုက်ပြီးနှင်ထုတ်တာပဲ မဟုတ်လား။အရင်က တဂျီဂျီတောင်းတုန်းကတောင်
ဟို‌ရွေ့သည်ရွေ့လုပ်နေတဲ့သူက အခုတော့ မတောင်းပါပဲနဲ့ အတင်းထိုးပေးနေပါရောလား။

ကလေးလေး ဖေဖေတို့ အိုးသစ်အိမ်သစ်မှာနေရတော့မယ်ထင်တယ် စိတ်မကောင်းမဖြစ်ရဘူးနော်။

"နောက်ပြီး ငါ့လုပ်ငန်းမှာ မင်းရင်းနှီးထားတဲ့ငွေရဲ့ အမြတ်အစွန်းကိုလည်း လတိုင်းငါလာပေးမယ်
ပြီးတော့ ငါမင်းကို သီးသန့်လတိုင်း ထောက်ပံ့ကြေး
ပေးချင်တယ်"

မဝံ့မရဲနဲ့ထောက်ပံ့ကြေးပေးချင်တယ်ဆိုတဲ့
စကားကို တိုးတိုးဆိုလာသူကြောင့် ရယ်ချင်ပက်ကျိဖြစ်သွားရသည်။အားနာနေတယ် ထင်ပါရဲ့ အေးလေ နောက်ထပ် သူ့ကိုယ်ဝန်ကို
လွယ်ထားရတဲ့သူ ရောက်လာတော့မှာမို့ အရှေ့ကတစ်ယောက် သူ့ကိုယ်ဝန်ကို လွယ်ထားသူကို
နှင်ထုတ်နေရတာကို။

သံယောဇဉ်နှောင်ကြိုးWhere stories live. Discover now