I Tempted my BFF's Dad (Compl...

By Its_just_Thu

1.1M 120K 14.2K

Things can't be normal anymore when I tempted my BFF's Dad who is 19 years older than me? Can he resist me o... More

ITMBD - Ep 1 ๐Ÿšจ๐Ÿ”ž
ITMBD - Ep 2
ITMBD - Ep 3 ๐Ÿšจ๐Ÿ”ž
ITMBD - Ep 4 ๐Ÿšจ
ITMBD - Ep 5
ITMBD - Ep 6
ITMBD - Ep 7
ITMBD - Ep 8 ๐Ÿšจ๐Ÿ”ž
ITMBD - Ep 9
ITMBD - Ep 10
ITMBD - Ep 11
ITMBD - Ep 12
ITMBD - Ep 13 ๐Ÿ”ž๐Ÿšจ
ITMBD - Ep 14โš ๏ธ๐Ÿšจ
ITMBD - Ep 15
ITMBD - Ep 16
ITMBD - Ep 17
ITMBD - Ep 18
ITMBD - Ep 19
ITMBD - Ep 20
ITMBD - Ep 21๐Ÿ”ž๐Ÿšจ
ITMBD - Ep 22
ITMBD - Ep 23
ITMBD - Ep 24
ITMBD - Ep 25
ITMBD - Ep 26
ITMBD - Ep 27
ITMBD - Ep 28
ITMBD - Ep 29
ITMBD - Ep 30
ITMBD - Ep 31
ITMBD - Ep 32 ๐Ÿ”ž๐Ÿšจ
ITMBD Ep 33
ITMBD - Ep 34
ITMBD - Ep 35
ITMBD - Ep 36
ITMBD - Ep 37
ITMBD - Ep 38
ITMBD - Ep 39
ITMBD - Ep 40
ITMBD - Ep 41 ๐Ÿ”ž๐Ÿšจ
ITMBD - Ep 42
ITMBD - Ep 43
ITMBD - Ep 44
ITMBD - Ep 45
ITMBD - Ep 46
ITMBD - Ep 47
ITMBD - Ep 49
ITMBD - Ep 50
ITMBD - Ep 51
ITMBD - Ep 52
ITMBD - Ep 53
ITMBD - Ep 54
ITMBD - Ep 55~Final
Thank You Daddy & Honey โค๏ธ๐Ÿ’š
ITMBD -Extra 1 ๐Ÿšจ๐Ÿ”ž
ITMBD - Extra 2 and Goobye ๐Ÿšจ๐Ÿ”ž
Book Annoucement ๐Ÿšจ

ITMBD - Ep 48

13.2K 1.8K 204
By Its_just_Thu

I Tempted my BFF’s Dad ep 48

“ကိုကို … ကိုကို”

Operation တစ္ခုျပီးလို႔ theatre အဝတ္အစားေတြခၽြတ္ ကိုယ္လက္သန္႔စင္ျပီးလို႔ ကိုယ့္နားေနခန္းထဲျပန္ဝင္မလို႔ ၾကံရြယ္ရုံရွိေသး ဟိုက္ခြမ္းက ေခၽြးသံတရ႔ႊဲရဲႊနဲ႔ အသည္းအသန္ေျပးလာတာကိုေတြ႔လိုက္ရသည္။

လက္ေတြမွာလဲ ေသြးေတြနဲ႔ပါလား .. ဘယ္လိုျဖစ္လာရတာပါလိမ့္။

“ခြမ္း .. ဟိုက္ခြမ္း .. ဘာျဖစ္တာလဲ”

“က်န္႔….က်န္ေကာ..”

စကားကိုဆုံးေအာင္မေျပာႏုိင္ပဲ ရင္ဘတ္ဖိကာအသက္ရွုေနေသာ ဟိုက္ခြမ္းရယ္။

တစြန္းတစၾကားလိုက္ရတဲ႔ က်န္႔ေကာဆိုတဲ႔စကားေၾကာင့္ ကိုယ့္ရဲ႕တစ္ဦးတည္းေသာ သူငယ္ခ်င္း ေရွာင္းက်န္႔ကို စိတ္ပူသြားမိသည္။

ေရွာင္းက်န္႔ တစ္ခုခုျဖစ္လာတာလား။

တေလာကလဲ ေရွာင္းက်န္႔ accident ေတြ တစ္ခုျပီးတစ္ခုျဖစ္ကာ ကံေကာင္းလို႔ ဘာမွဆုိးဆုိးဝါးဝါးထိခိုက္ဒဏ္ရာမရတာ အခုလဲထပ္ျဖစ္ျပန္ျပီလားမသိ။

“က်န္႔ေကာေလ car accident ျဖစ္လုိ႔”

“ဘယ္လို .. ဘယ္လိုျဖစ္တာလဲ အခုဘယ္မွာလဲ”

“ေအာက္မွာ အေရးေပၚခန္းထဲသယ္သြားၾကျပီ ကၽြန္ေတာ္ ကိုကို႔ကိုလာေခၚတာ”

“ကိုယ္ အခုလိုက္ခဲ႔မယ္ သြားရေအာင္ .. ဘယ္လိုျဖစ္တာလဲ”

ေမာေနတဲ႔ ဟိုက္ခြမ္းလက္ကို ဆြဲကာ ဓာတ္ေလွကားဆီေလွ်ာက္သြားလုိက္သည္။

က်ိဳးခ်န္ရဲ႕နားေနခန္းက ၅ လႊာမွာမုိ႔ အေရးေပၚဌာနရွိတဲ႔ ေျမညီထပ္ကို ျပန္ဆင္းရအုံးမွာပဲ။

“ကၽြန္ေတာ္နဲ႔ က်န္႔ေကာနဲ႔ site ကိုသြားၾကည့္တာ .. ပုံမွန္ဆို ကားတစ္စီးတည္းနဲ႔အတူသြားေနၾကဗ်ာ .. ဒီေန႔က်မွ က်န္႔ေကာက အျပန္က် ဟိုတယ္တစ္ခုမွာအစည္းအေဝးသြားတက္ရမွာဆုိျပီး ကားတစ္စီးဆီ သီးသန္႔သြားၾကတာ .. ျမိဳ႕ထဲကို ျပန္ဝင္ခါနီးမွာ က်န္႔ေကာကားက ဘရိတ္မမိတာလား ဘာလားမသိပဲနဲ႔ တစ္ဖက္ကကားကိုေရွာင္ရင္း လမ္းေဘးက သစ္ပင္နဲ႔တုိက္မိတာ”

“ျဖစ္ရမယ္ကြာ ေရွာင္းက်န္႔ကလဲ ကားကိုေသခ်ာစစ္မထားဘူးလားမသိဘူး”

“ကၽြန္ေတာ္ေတာ့ အဲလိုမထင္ဘူး ကိုကို .. အခုရက္ပိုင္း က်န္႔ေကာ မေတာ္တဆထိခိုက္တာေတြအရမ္းမ်ားတယ္လို႔ ခံစားရတယ္ .. ျပီးေတာ့ ဘရိတ္မမိတာကို ထားလိုက္အုံး တစ္ဖက္ကကားက က်န္႔ေကာ ကားကို အရွိန္နဲ႔ဝင္ေအာင္းမလိုျဖစ္တာ ေသြးရိုးသားရုိးျဖစ္ႏိုင္ပါ့မလား ဟိုဘက္လမ္းနဲ႔ ဒီဘက္လမ္းတျခားစီကိုဗ်ာ”

“အဲဒါဆုိ အဲဒီေနာက္ကြယ္မွာ တစ္ခုခုရွိေနတယ္လို႔ မင္းထင္တယ္ဆုိတဲ႔သေဘာလား”

“အဲဒီလိုျဖစ္ဖုိ႔မ်ားတယ္ .. ယာဥ္တုိက္မႈက နည္းနည္းၾကီးေတာ့ ယာဥ္ထိန္းရဲေတြေရာ ရဲတခ်ိဳ႕ေရာ ေရာက္လာၾကတယ္ .. အဲဒီကိစၥက သာမာန္ accident လားဆုိတာကို ကၽြန္ေတာ္ရေအာင္ စုံစမ္းမယ္”

“အင္း … စိတ္ကိုနည္းနည္းေလွ်ာ့ထား စိတ္လိုက္မာန္ပါလဲမလုပ္မိေစနဲ႔အံုးေနာ္ တစ္ခုခုသိရရင္ ကိုယ့္ကိုေျပာအုံး”

“စိတ္ခ်ကိုကို”

“ဒါနဲ႔ ေဟာက္ရႊမ္းကိုေရာ ေျပာထားလား”

“ကၽြန္ေတာ္ဖုန္းဆက္ထားတယ္ ကိုကို .. သူလိုက္လာလိမ့္မယ္ .. ျပီးရင္ ကၽြန္ေတာ္ ခုနကကိစၥေတြသြားလုပ္မွာမုိ႔ ကိုကို က်န္႔ေကာကို တစ္ခ်က္ေစာင့္ၾကည့္ေပးထားအုံးေနာ္”

“စိတ္ခ်ပါကြာ”

ဓာတ္ေလွကား ေျမညီထပ္ကိုေရာက္သြားေတာ့ က်ိဳးခ်န္တို႔စကားစျပတ္သြားရသလိုအေျပးအလႊားနဲ႔ အေရးေပၚခန္းကိုလိုက္သြားၾကသည္။

ေသြးေတြရဲႊေနေသာ ေရွာင္းက်န္႔ကိုျမင္ရတဲ႔ျမင္ကြင္းဟာ က်ိဳးခ်န္ကို စိတ္မသက္မသာခံစားရေစသည္။

သံေယာဇဥ္တြယ္ရတဲ႔သူငယ္ခ်င္းမ်ားမ်ားစားစားမရွိတာ
ေျကာင့္ ေရွာင္းက်န္႔ကို က်ိဳးခ်န္က အေတာ္သံေယာဇဥ္ၾကီးပါသည္။

ကိုယ့္လိုသူငယ္ခ်င္းေတာင္ ဒီလိုခံစားရရင္ သူ႔သားနဲ႔ သူ႔ေကာင္ေလးဆုိ ဘယ္လိုေနမလဲမသိေခ်။

“ေဒါက္တာ အေျခအေနဘယ္လိုရွိလဲ သူက ကၽြန္ေတာ့္အခ်စ္ဆုံးသူငယ္ခ်င္းပါ”

အေရးေပၚဌာနရဲ႕ တာဝန္က်ဆရာဝန္ကို ခပ္တုိးတုိးေမးလိုက္သည္။

ေရွာင္းက်န္႔က သိပ္ျပီး သတိလည္ပုံမရေတာ့တာမုိ႔ သူ႔ကိုေတာ့ စကားသြားမေျပာေတာ့။

“ေသြးထြက္မ်ားေနတယ္ လူနာက .. သတိလဲ သိပ္မလည္ခ်င္ေတာ့ဘူး ဦးေခါင္းကိုထိခိုက္ထားတာမ်ားတာမုိ႔ ေအာ္ပေရးရွင္းဝင္ဖို႔လိုမယ္ထင္တယ္ အခုေသြးေပါင္တုိ႔ဘာတုိ႔လိုအပ္တာေတြ စစ္ေဆးေနပါတယ္”

“လိုအပ္တာရွိရင္ ကၽြန္ေတာ့္ကိုေျပာပါ ကၽြန္ေတာ္ဒီမွာပဲရွိေနမယ္”

“ဦးဦးခ်န္”

တာဝန္က်ဆရာဝန္နဲ႔စကားေျပာေနတုန္း အေရးေပၚခန္းထဲ ဝရုန္းသုန္းကာ ဝင္လာတာက ေဟာက္ရႊမ္း။

မ်က္ရည္ေတြလဲရႊဲလို႔။

သူ႔ခမ်ာ ဘယ္ေလာက္ေတာင္စိတ္ပူရွာမလဲ။

မိသားစုဝင္ေတြ တစ္ေယာက္ျပီးတစ္ေယာက္ စြန္႔ခြာသြားတဲ႔ဒဏ္ကို အလူးအလဲခံစားဖူးတဲ႔ကေလးတစ္ေယာက္ပဲ။

အခုမွ ျပန္ဆုံရတဲ႔အေဖက အခုလိုျဖစ္တယ္ဆိုေတာ့ သူလဲပူပန္ရွာမွာ။

ေဟာက္ရႊမ္းေနာက္မွာေတာ့ ခပ္ရုိ႕ရို႕ေလးရပ္ေနတာ သူ႔ေကာင္ေလးထင္ပါရဲ႕။

“ေဟာက္ရႊမ္း”

“ဦးဦးခ်န္ ပါပါးအေျခအေနဘယ္လိုရွိလဲ”

“စိတ္မပူနဲ႔ ေဟာက္ရႊမ္း အသက္အႏာၱရယ္ေတာ့ မစိုးရိမ္ရဘူး ေအာ္ပေရးရွင္းေတာ့ဝင္ရမယ္ထင္တယ္”

“ဘာလုိ႔ ကၽြန္ေတာ့္မိဘေတြက်မွ ဒီလုိျဖစ္ေနရတာလဲ တကယ္မသိေတာ့ဘူး ကၽြန္ေတာ္သာအစားျဖစ္လိုက္ခ်င္တယ္”

“အဲလိုေတြမေျပာပါနဲ႔ ေမာင္ကလဲ”

အေနာက္က သူ႔ေကာင္ေလးျဖစ္သူက ေဟာက္ရႊမ္းပုခုံးကို ခပ္ဖြဖြဖက္လုိ႔ႏွစ္သိမ့္ေပးတယ္။

ေတာ္ေသးတာေပါ့ အနားမွာ အဲလိုေကာင္ေလးတစ္ေယာက္ရွိလို႔၊ မဟုတ္ရင္ ေဟာက္ရႊမ္းတစ္ေယာက္ ငိုလို႔ဆုံးမွာမဟုတ္ေခ်။

“ေဒါက္တာဝမ္ … ကၽြန္ေတာ္တုိ႔ သူ႔ကို ေအာ္ပေရးရွင္းလုပ္ဖို႔ေခၚသြားေတာ့မယ္ .. သူက ေသြးထြက္အရမ္းမ်ားေနတယ္ ေသြးတစ္ပုလင္းေလာက္အဆင္သင့္ရံထားတာပိုေကာင္းမယ္ထင္တယ္”

တာဝန္က်ဆရာဝန္စကားေၾကာင့္ ေသြးဌာနကို ဆက္သြယ္ျပီး တူတဲ႔ေသြးအမ်ိဳးအစားရွိလား လွမ္းေမဖို႔ စဥ္းစားေနတုန္း ေဟာက္ရႊမ္းက ဝင္ေျပာလာေလသည္။

“ကၽြန္ေတာ္လွဴမယ္ ကၽြန္ေတာ္သူ႔သားပါ ကၽြန္ေတာ့္အေဖလိုတဲ႔ေသြး ကၽြန္ေတာ္ေပးပါရေစ”

DNA စစ္ခဲ႔တုန္းက ေရွာင္းက်န္႔နဲ႔ ေဟာက္ရႊမ္းက ေသြးအမ်ိဳးအစားတူတာကို က်ိဳးခ်န္မွတ္မိေနတာမုိ႔ တျခားေသြးမရွာေတာ့ပဲ ေဟာက္ရႊမ္းဆီကပဲ ယူလိုက္ဖုိ႔ဆုံးျဖတ္လိုက္သည္။

သူလဲ သူ႔အေဖအတြက္ တစ္ခုခုေတာ့ လုပ္ေပးခ်င္ရွာပဲ။

“ဟုတ္ျပီ ေဟာက္ရႊမ္း အဲဒါဆို ေသြးလွဴဖို႔ ဦးနဲ႔လိုက္ခဲ႔လိုက္ .. ေဒါက္တာ … သူ႔ကိုအေကာင္းဆုံးခြဲစိတ္ေပးဖို႔အပ္ပါတယ္ေနာ္ ကၽြန္ေတာ္တုိ႔ျပီးေတာ့မွ operation theatre ဘက္ လိုက္ခဲ႔ပါမယ္”

“ဟုတ္ကဲ႔ ေဒါက္တာဝမ္”

Xxxxxxxxxxxxxxx

ဆက္တုိက္ေခၚေနေပမယ့္ ေျဖသူမယ့္ေနတဲ႔ ဖုန္းေနတဲ႔ဖုန္းက ရိေပၚကို စိုးရိမ္ပူပန္စိတ္ေတြေပးေနေလသည္။

ဒီရက္ပိုင္း daddy ကို စိတ္မခ်ႏိုင္မႈေတြမ်ားေနတဲ႔အခ်ိန္မို႔ ဖုန္းေခၚလို႔ ပထမဆုံး call မွာ daddy ဘက္က ဖုန္းမေျဖရင္ ရိေပၚ ေတာင္စဥ္ေရမရေတြလုိက္ေတြးေနမိတာ။

daddy ကေတာ့ မေတြးပါနဲ႔ဆုိေပမယ့္ ရိေပၚကလဲ မပူပန္ပဲ မေနႏုိင္ျပန္ဘူး။

အစည္းအေဝးတစ္ခုရွိတာသိလို႔ အဲဒီအစည္းအေဝးျပီးခ်ိန္ေလာက္ကို မွန္းျပီး ဖုန္းဆက္တာေတာင္ daddy က ဖုန္းမေျဖတဲ႔အခါ ရိေပၚစိတ္ပူတာမလြန္ဘူးမဟုတ္လား။

“ဟုတ္ကဲ႔အမိန္႔ရွိပါ”

ေဟာ ဖုန္းေျဖျပီ။ ဒါေပမယ့္ daddy မဟုတ္ပါလား။

တခါမွမၾကားဖူးတဲ႔သူစိမ္းအသံမုိ႔ ရိေပၚ နံပါတ္မွားဆက္မိတာလားလို႔ ဖုန္းကိုျပန္ၾကည့္မိသည္။

~One and Only Daddy~ ဆိုတဲ႔ နာမည္က daddy ဖုန္း screen ေပၚမွာအထင္းသားမုိ႔ ရိေပၚ ဖုန္းမွားဆက္တာလဲမဟုတ္ပါဘူး။

“ဟလို အခုေျပာေနတာဘယ္သူလဲ ဒါက ေရွာင္ေရွာင္းက်န္႔ရဲ႕ ဖုန္းမဟုတ္ဘူးလား ခင္ဗ်”

“ေအာ္ ခ်ာတိတ္ဆက္တာ ဒီဖုန္းရွင္ကိုထင္တယ္ ဒီဖုန္းပိုင္ရွင္က car accident ျဖစထားလို႔ အခုေဆးရုံကိုေခၚသြားၾကျပီ .. အခု ကၽြန္ေတာ္တုိ႔က accident ျဖစ္တဲ႔ေနရာကေန ကားကို သယ္ဖို႔လုပ္ေနရင္း ျပဳတ္က်ေနတဲ႔ ဖုန္းက အသံျမည္ေနလို႔ ကိုင္လိုက္တာပါ”

တစ္ဖက္လူက စကားေတြအမ်ားၾကီးေျပာေနေပမယ့္ နားထဲမွာ car accident ျဖစ္လို႔ ေဆးရုံေရာက္ေနတယ္ဆိုတဲ႔စကားသာ နားထဲတြင္ပဲ႔တင္ထပ္ေနသည္။

ေန႔လည္ကထမင္းစားတုန္းက ရိေပၚလက္နဲ႔ ဖန္ခြက္တုိက္မိျပိး ဖန္ခြက္က်ကြဲတာ ဒါေၾကာင့္လား။

ဖုန္း screenguard က အက္ရာေလးက ရိေပၚလက္မွာ ရွမိသြားတာ ဒါေၾကာင့္လား။

ဒီလို အတိတ္နမိတ္ေတြကို မယုံၾကည္တတ္တဲ႔သူမုိ႔ အဲဒါေတြကို အမႈမဲ႔ အမွတ္မဲ႔သေဘာထားခဲ႔မိတာ။

အခုေတာ့ တကယ္ပဲ မေကာင္းတာျဖစ္လာခဲ႔ျပီလား။

လက္အတုန္တုန္နဲ႔ ခြမ္းေကာဆီ အျမန္ဖုန္းဆက္ရသည္။

daddy ဘယ္ေဆးရုံေရာက္ေနတယ္ ဘာျဖစ္သြားတယ္ဆုိတာ ခြမ္းေကာေတာ့ သိေလာက္ပါရဲ႕။

“ဟလို ခြမ္းေကာ”

“အင္း ရိေပၚ တိတိေလး .. ေကာမအားေသးလို႔ ေနာက္မွ…”

“ခြမ္းေကာ!!!!”

တမင္သတ္သတ္ daddy accident ျဖစ္တာကို ရိေပၚစိတ္ပူမွာစိုးလို႔ ေပးမသိဘူးဆုိတာကို ရိပ္မိသြားတာမုိ႔ ေဆာင့္ေအာ္ပစ္လိုက္သည္။

သူက ကေလးမုိ႔ သူ႔ကိုစိတ္မပူေစခ်င္လို႔ အဲဒီလိုစကားေတြနဲ႔ သူ႔ကို ဘာကိစၥမွေပးမသိတာေတြကို လုံးဝမေက်နပ္ႏုိင္ေတာ့ဘူး။

အသက္ငယ္ေသးတယ္ဆုိေပမယ့္ သူက daddy ရဲ႕ ေကာင္ေလးေလ။

daddy နဲ႔ပက္သက္သမွ်ေတြကို သိသင့္တာပဲမဟုတ္ဘူးလား။

“တိတိ .. ညီေလး”

“ကၽြန္ေတာ္သိျပီးျပီ daddy ကားတိုက္တာကို ကၽြန္ေတာ္သိျပိးျပီမုိ႔ အခု ကၽြန္ေတာ့္ကို အကုန္ေျပာျပပါေတာ့”

“ေကာက တိတိေလး အရမ္း shock ရသြားမွာစိုးလို႔ ညေလာက္မွေအးေဆးေျပာျပမလို႔ပါ”

“မရဘူး အခုေျပာ .. ကၽြန္ေတာ္အရမ္းရင္ပူေနျပီ”

ခြမ္းေကာ ေျပာသမွ်ေတြ နားေထာင္ရင္း ရိေပၚမ်က္ရည္ေတြေတာက္ေလွ်ာက္ၾကေနမိသည္။

ဘာလို႔ daddy က်မွ အခုလိုေတြျဖစ္ရတာလဲ။

ဘယ္သူကမ်ား daddy လို သူ႔အလုပ္သူလုပ္ျပီး ေအးေအးေဆးေဆးေနတဲ႔သူကို ထိခိုက္ေစခ်င္ေနၾကတာလဲ။

daddy ကိုေသြးေတြနဲ႔ လဲက်ေနမယ့္ျမင္ကြင္းကို ရိေပၚ အျပင္မွာျမင္ရရင္ ရင္တစ္ခုလုံးစုတ္ျပတ္သြားမွာမ်ားလားပဲ။

မသိေတာ့ဘူး အခုခ်ိန္မွာ ပါးေတြမားေတြမသိေတာ့ဘူး။

daddy ဆီကိုမေရာက္ေရာက္ေအာင္ သြားဖို႔ပဲ ရိေပၚစိတ္ထဲမွာရွိေတာ့သည္။

ပိုက္ဆံအိတ္အေသးေလးကို ေဘာင္းဘီအိတ္ထဲ ထုိးထည့္ကာ ေအာက္ထပ္ဆင္းလာခဲ႔ေတာ့ မားနဲ႔ တည့္တည့္တုိးသည္။

“သား ရိေပၚ .. ဘယ္သြားမလုိ႔လဲ”

“မား … မား ကၽြန္ေတာ့္ခ်စ္သူ .. daddy ေဆးရုံေရာက္ေနတယ္ ကားေမွာက္တာတဲ႔ ကၽြန္ေတာ္သူ႔ဆီ သြားပါရေစ ကၽြန္ေတာ္ေတာင္းပန္ပါတယ္ မားရယ္”

“သားငယ္ေလးရယ္ မင္းအေဖအေၾကာင္းသိသားနဲ႔ မသြားပါနဲ႔ေနာ္ မားကလဲ ျပန္ေတာင္းပန္ပါတယ္ကြယ္”

“မား ကၽြန္ေတာ္ဘယ္လိုမွ ပါးကိုနားလည္မေပးႏိုင္ေတာ့ဘူး လူလူခ်င္းခ်စ္တာပဲ ေယာက်ာ္းမိန္းမဆုိျပီး ခြဲျခားထားသင့္လို႔လား .. အရင္ေခတ္ကလို လိင္တူခ်စ္သူေတြကို ႏွိမ့္ခ်ဆက္ဆံတဲ႔ေခတ္လဲ မဟုတ္ေတာ့ဘူး အကုန္လုံးက ဒီလိုလိင္တူခ်စ္သူေတြကို အားေပးျပီး ပုံမွန္တန္းတူ ဆက္ဆံေနတဲ႔ေခတ္က်မွ ပါးက ဘာလို႔အခုေလာက္ၾကီး ကၽြန္ေတာ္တို႔ကို ခါးသီးေနရတာလဲ”

“မား ေျပာျပပါ့မယ္ သားရယ္ .. အဲဒါေၾကာင့္ မားေျပာတာကို ခဏေလးနားေထာင္ပါေနာ္”

“မားေျပာျပီးရင္ ကၽြန္ေတာ္သြားမွာေနာ္”

“မားေျပာတာကိုနားေထာင္ျပီးမွ သားသြားမယ္လို႔ ဆုံးျဖတ္တယ္ဆုိ မား မတားပါဘူး”

ရိေပၚျငိမ္ကာ ဆိုဖာေပၚတြင္ဝင္ထိုင္လိုက္သည္။ မားက ရိေပၚေဘးကုိဝင္ထိုင္ကာ ရိေပၚလက္တစ္ဖက္ကို ကိုင္လို႔ထားသည္။

“တကယ္ေတာ့ မင္းတုိ႔အေဖက တစ္ဦးတည္းေသာသားမဟုတ္ခဲ႔ဘူး သားငယ္ .. အရင္တုန္းက မင္းတုိ႔အေဖမွာ သူအရမ္းခ်စ္ရတဲ႔ ညီမေလးတစ္ေယာက္ရွိခဲ႔တယ္ … နာမည္က ဝမ္ခ်င္းရီတဲ႔ .. သားအေဖရယ္ အေဖရယ္ ေနာက္ စန္႔ခ်ီဆိုတဲ႔သူငယ္ခ်င္းရယ္က ေက်ာင္းတုန္းကအခ်စ္ဆုံးသူငယ္ခ်င္းေတြေပါ့သားရယ္ .. သားအေဖက ခ်င္းရီကိုခ်စ္သလို စန္႔ခ်ီကိုလဲ အရမ္းခ်စ္တယ္ .. စန္႔ခ်ီကရည္းစားမ်ားတယ္ အဲဒါကိုသိလဲ မင္းတုိ႔အေဖက စိတ္မကုန္ပဲ သူရွုပ္သမွ် ရွင္းေပးရင္း သူငယ္ခ်င္းလုိေပါင္းေနဆဲပဲ .. တစ္ေန႔က်ေတာ့ စန္႔ခ်ီနဲ႔ ညီမေလးခ်င္းရီ ၾကိဳက္ေနတယ္ဆုိတဲ႔သတင္းကို မင္းအေဖက ျပန္သိသြားတယ္ အဲဒီတုန္းက သူ႔မွာ ရူးမတတ္ပဲ ညီမေလးကိုခ်စ္သလို စန္႔ခ်ီကိုလဲခ်စ္ေပမယ့္ စန္႔ခ်ီက ရည္းစားသိပ္မ်ားဖူးတာမုိ႔ သူ႔ညီမေလးကို အတည္ၾကံမပါ့မလားဆိုတာ သူအရမ္းစိတ္ပူခဲ႔ရတယ္”

“စန္႔ခ်ီဆိုတာ တစ္ေန႔တုန္းက မားေျပာဖူးတဲ႔နာမည္မဟုတ္လား”

“ဟုတ္တယ္သား မားဆက္ေျပာျပမယ္ .. စန္႔ခ်ီအေၾကာင္းကို သားအေဖက သိေတာ့ ခ်င္းရီနဲ႔သေဘာမတူဘူးတဲ႔ … အဲဒီမွာခ်င္းရီက ဆႏၵျပေတာ့တာပဲ ထမင္းမစား အခန္းထဲကလဲမထြက္နဲ႔ေပါ့ .. ေနာက္ဆုံးေတာ့ သူ႔ညီမေလး က်န္းမာေရး ထိခိုက္မွာစိုးတဲ႔စိတ္နဲ႔ သူက စန္႔ခ်ီကိုၾကည္ျဖဴေပးလိုက္တယ္ စန္႔ခ်ီကလဲ အစပိုင္းမွာေတာ့ အေတာ္လိမ္မာျပီးေျပာင္းလဲသြားတာ .. ခ်င္းရီကိုလဲ ဂရုစိုက္တယ္ .. အဲဒီေတာ့ သားအေဖလဲ စိတ္ခ်သြားတာေပါ့ .. ပထမတုန္းက စဥ္းစားထားတာက မားတုိ႔အရင္လက္ထပ္မယ္ ေနာက္တစ္ႏွစ္က်ရင္ ခ်င္းရီနဲ႔စန္႔ခ်ီကို လက္ထပ္ေပးမယ္ေပ့ါေလ .. အဲလိုနဲ႔ မားတုိ႔လက္ထပ္ျပီးသိပ္မၾကာဘူး စန္႔ခ်ီက ေဗြေဖာက္လာတယ္ ခ်င္းရီကို ဂရုမစိုက္ေတာ့ဘူး ေတြ႔တုိင္းျပႆနာေလးေတြတက္ ရန္ေတြျဖစ္ေပါ့ေလ ဒါေပမယ့္ ခ်င္းရီကေတာ့ အရမ္းခ်စ္တာမုိ႔ စန္႔ခ်ီကိုသည္းခံတယ္ သူ႔အကိုကို ဘာမွမေျပာပဲ တုိးတုိးက်ိတ္က်ိတ္ပဲ ငိုတာေပါ့ .. အဲလိုနဲ႔ သားအေဖက နည္းနည္းရိပ္မိလာေတာ့ စန္႔ခ်ီနဲ႔ခ်င္းရီကို လက္ထပ္ပြဲလုပ္ေပးဖို႔စီစဥ္လာတယ္ စန္႔ခ်ီကမျငင္းဘူး … ပြဲေတြဘာေတြစီစဥ္ျပီး ဖိတ္စာေတြဘာေတြေဝျပီး လက္ထပ္ဖို႔ ၂ ရက္အလိုက်မွ သူ႔ခ်စ္သူကိုေနာက္ကိုလိုက္သြားတယ္ေလ”

“ဟာ … လူမဆန္လိုက္တာ … ဒါနဲ႔ သူအဲလိုလုပ္တာနဲ႔ ပါးက ေဂးေတြကိုမုန္းတာက ဘယ္လိုသက္ဆုိင္တာလဲ မား”

“သက္ဆုိင္တာေပါ့ကြယ္ … စန္႔ခ်ီရဲ႕ခ်စ္သူအသစ္ဆုိတာ ေယာက်ာ္းတစ္ေယာက္ေလ”

“ဟာာ….”

ရိေပၚ ဘာဆက္ေျပာရမယ္မွန္းမသိေအာင္ ေၾကာင္အသြားမိသည္။

ဒီလို ဇာတ္လမ္းေတြက ရုပ္ရွင္ေတြထဲမွာသာရွိတယ္ထင္ထားတာ။

အခုလို လက္ေတြ႔ဘဝမွာလဲျဖစ္ႏုိင္တာပဲလား။

“အဲဒါထက္ဆုိးတာက အဲဒီအခ်ိန္မွာ ခ်င္းရီဆီမွာ ကိုယ္ဝန္ ၃ လရွိေနတာပဲသား .. သားအေဖ သူ႔ခ်စ္သူနဲ႔ထြက္ေျပးသြားျပီဆုိတာ သိေတာ့ ငိုလိုက္တာေလ … မားတုိ႔မွာ ရင္ထဲေတာင္ မခ်ိဘူး။ အဲဒါနဲ႔ သားအေဖက သိသိခ်င္း စန္႔ခ်ီကိုသြားရွာျပီး သူ႔ညီမေလးကို လက္ထပ္ေပးဖို႔ ဒူးေထာက္ျပီးေတာင္းဆုိခဲ႔တာ .. အဲဒီမွာ စန္႔ခ်ီက ဘာျပန္ေျပာလဲဆုိေတာ့ သူအခုမွ အခ်စ္ကိုရွာေတြ႔သြားတာပါတဲ႔ေလ .. သားအေဖကလဲ ေယာက်ာ္းေလးခ်င္းဆိုေတာ့ စိတ္ခဏကစားတာေနမွာပါ ဘာညာေပါ့ ေျဖာင္းဖ်ခဲ႔တယ္ … သူကျပန္ေျပာတာက ေယာက်ာ္းခ်င္းခ်စ္တာလဲအခ်စ္ပဲ မင္းမႏွိမ္နဲ႔တဲ႔ မင္းသားေတြအလွည့္က်မွ အေျခာက္ေလးေတြျဖစ္ေနမယ္ဆုိျပီးေျပာခဲ႔တာ .. အဲဒါေၾကာင့္ သားအေဖက ေယာက်ာ္းခ်င္းခ်စ္တာကို အရမ္းမုန္းခဲ႔တယ္ .. အဆုိးဆုံးကေတာ့ သားရယ္ … ခ်င္းရီက ရင္ဆုိင္ဖို႔နည္းလမ္းကိုမေတြးပဲ သူ႔ကိုယ္သူသတ္ေသသြားခဲ႔တယ္ အဲဒီေတာ့ သားအေဖရဲ႕ ေယာက်ာ္းခ်င္းခ်စ္တဲ႔သူေတြကိုမုန္းတဲ႔အမုန္းက အတုိင္းအဆမဲ႔ျဖစ္သြားေတာ့တာေပါ့”

ပါးဘက္ကၾကည့္ေတာ့လဲ သူ႔အလြန္ခ်ည္းပဲေတာ့ဟုတ္မေန။

တကယ္ဆုိ လြန္ခဲ႔တာ စန္႔ခ်ီဆိုတဲ႔ဦးေလးပဲေပါ့။

သူသာ ေယာက်ာ္းေလးခ်င္းပဲ ၾကိဳက္ႏွစ္သက္သူဆုိလဲ အမ်ိဳးေကာင္းသမီးတစ္ေယာက္ကို မဖ်က္ဆီးသင့္ဘူးေလ။

အခုဟာက သူကေယာက်ာ္းေလးလဲ အလြတ္မေပး မိန္းကေလးလဲအလြတ္မေပး ေလွနံႏွစ္ဖက္ နင္းခဲ႔တာကိုး။

“အဲဒီဦးေလးစန္႔ခ်ီကေတာ္ေတာ္လြန္တာပဲ မိန္းကေလးေရာ ေယာက်ာ္းေလးေရာ အလြတ္မေပးပဲနဲ႔ .. ေတာက္စ္ ကြာ .. သူလုပ္လို႔ ကၽြန္ေတာ္တုိ႔က ကၽြန္ေတာ္တုိ႔အေဒၚဆိုတာကို ျမင္ေတြ႔ခြင့္မရခဲ႔တာေပါ့”

“ဟုတ္တာေပါ့ သားရယ္ .. ျပီးေတာ့ အဲဒီစန္႔ခ်ီေၾကာင့္ပဲ အခုသားရဲ႕ခ်စ္သူဆုိတာကို သားရဲ႕ပါပါးက ပိုမုန္းေနတာ သားရဲ႕ခ်စ္သူက ေယာက်ာ္းေလးေရာ မိန္းကေလးေရာ သေဘာက်တဲ႔ bisexual ဆိုလို႔ေလ”

အက်ိဳးနဲ႔အေၾကာင္းက ဆက္စပ္လိုက္ေတာ့ ဒီလိုပါလား။

ပါပါးကိုလဲ သနားမိျပီး နားလည္ရသလို daddy ကလဲ အရင္လိုမဟုတ္ပဲ ေျပာင္းလဲေနျပီျဖစ္တာမုိ႔ သူ႔ကိုလဲ အျပစ္မျမင္ရက္။

ထင္ထားတာထက္ ပိုျပီး ကိုင္တြယ္ေျဖရွင္းရခက္ေတာ့မယ္ထင္ပါရဲ႕။

“ဒါေပမယ့္ daddy က အရင္လိုမဟုတ္ေတာ့ပါဘူး ကၽြန္ေတာ့္ကိုပဲခ်စ္တာပါ”

“ခ်စ္တယ္ဆုိတာ သားထင္သေလာက္မရုိးရွုင္းဘူး သားရဲ႕”

“မားရယ္ .. ဒါေပမယ့္ အခုေလ daddy က ကားတိုက္ထားျပီးေဆးရုံေရာက္ေနတယ္ ျပီးေတာ့ အခုတေလာ အဲလိုမေတာ္တဆေတြလဲဆက္တုိက္ျဖစ္ေနတယ္ အဲဒါေတြက ပါးနဲ႔ေတာ့မသက္ဆုိင္ဘူးမဟုတ္လားဟင္ .. မား .. မသက္ဆုိင္ဘူးလိ႔ုေျပာေပးပါ”

ရိေပၚစကားကို မားကျပန္မေျဖႏုိင္ပဲ မ်က္ရည္ေတြသာက်ျပေနေတာ့ ရိေပၚရင္ထဲ ဆို႕နစ္လို႔လာသလိုပင္။

တကယ္ပဲ ဒါေတြကို ပါးကၾကိဳးကိုင္ေနတာလား။

လူတစ္ေယာက္ရဲ႕ အသက္တစ္ေခ်ာင္းကို ရန္ရွာဖုိ႔အထိ ပါးက ဘာလို႔ မုန္းေနတာလဲ။

အတိတ္ကကိစၥေတြေၾကာင့္ ပါးက ရိေပၚကို ေယာက်ာ္းတစ္ေယာက္နဲ႔ သေဘာမတူႏိုင္ဘူးဆုိရင္ေတာင္ ဘာလို႔ daddy အသက္ကိုထိခိုက္ဖို႔ေလာက္ထိ လုပ္ရတာလဲ။

“ဘာလို႔ .. ဘာလုိ႔ ပါးက daddy ကိုအဲေလာက္ထိလုပ္ရတာလဲ .. ဟင္မား”

“ဘာလုိ႔လဲသိခ်င္လား ဝမ္ရိေပၚ …”

“ပါး”

အိမ္တံခါးဝမွာရပ္ေနတဲ႔ ပါး။

ဘယ္တုန္းကတည္းကေရာက္တယ္ ရိေပၚမသိပါ။

ပါးက တစ္လွမ္းခ်င္း ေအးစက္စြာနဲ႔ပဲ ဧည့္ခန္းထဲကို ဝင္လာကာ ရိေပၚမ်က္ႏွာကိုေစ့ေစ့ၾကည့္ကာ တစ္ခြန္းခ်င္းေျပာေလသည္။

“ဘာလို႔လဲဆုိေတာ့ အဲဒီေရွာင္ေရွာင္းက်န္႔ဆိုတဲ႔ေကာင္ရဲ႕ အေဖက စန္႔ခ်ီဆုိတဲ႔ေကာင္ကို ငါ့ညီမဘဝထဲက ဆြဲထုတ္သြားတဲ႔လူမုိ႔လို႔ပဲ”

“ဗ်ာ!!!!”

Ep 49 to be continued

ျဖည္းျဖည္းဆဲပါ .. ကၽြန္မကို ျဖည္းျဖည္းဆဲပါ။

Unicode

I Tempted my BFF’s Dad ep 48

“ကိုကို … ကိုကို”

Operation တစ်ခုပြီးလို့ theatre အဝတ်အစားတွေချွတ် ကိုယ်လက်သန့်စင်ပြီးလို့ ကိုယ့်နားနေခန်းထဲပြန်ဝင်မလို့ ကြံရွယ်ရုံရှိသေး ဟိုက်ခွမ်းက ချွေးသံတရ့ွှဲရွဲှနဲ့ အသည်းအသန်ပြေးလာတာကိုတွေ့လိုက်ရသည်။

လက်တွေမှာလဲ သွေးတွေနဲ့ပါလား .. ဘယ်လိုဖြစ်လာရတာပါလိမ့်။

“ခွမ်း .. ဟိုက်ခွမ်း .. ဘာဖြစ်တာလဲ”

“ကျန့်….ကျန်ကော..”

စကားကိုဆုံးအောင်မပြောနိုင်ပဲ ရင်ဘတ်ဖိကာအသက်ရှုနေသော ဟိုက်ခွမ်းရယ်။

တစွန်းတစကြားလိုက်ရတဲ့ ကျန့်ကောဆိုတဲ့စကားကြောင့် ကိုယ့်ရဲ့တစ်ဦးတည်းသော သူငယ်ချင်း ရှောင်းကျန့်ကို စိတ်ပူသွားမိသည်။

ရှောင်းကျန့် တစ်ခုခုဖြစ်လာတာလား။

တလောကလဲ ရှောင်းကျန့် accident တွေ တစ်ခုပြီးတစ်ခုဖြစ်ကာ ကံကောင်းလို့ ဘာမှဆိုးဆိုးဝါးဝါးထိခိုက်ဒဏ်ရာမရတာ အခုလဲထပ်ဖြစ်ပြန်ပြီလားမသိ။

“ကျန့်ကောလေ car accident ဖြစ်လို့”

“ဘယ်လို .. ဘယ်လိုဖြစ်တာလဲ အခုဘယ်မှာလဲ”

“အောက်မှာ အရေးပေါ်ခန်းထဲသယ်သွားကြပြီ ကျွန်တော် ကိုကို့ကိုလာခေါ်တာ”

“ကိုယ် အခုလိုက်ခဲ့မယ် သွားရအောင် .. ဘယ်လိုဖြစ်တာလဲ”

မောနေတဲ့ ဟိုက်ခွမ်းလက်ကို ဆွဲကာ ဓာတ်လှေကားဆီလျှောက်သွားလိုက်သည်။

ကျိုးချန်ရဲ့နားနေခန်းက ၅ လွှာမှာမို့ အရေးပေါ်ဌာနရှိတဲ့ မြေညီထပ်ကို ပြန်ဆင်းရအုံးမှာပဲ။

“ကျွန်တော်နဲ့ ကျန့်ကောနဲ့ site ကိုသွားကြည့်တာ .. ပုံမှန်ဆို ကားတစ်စီးတည်းနဲ့အတူသွားနေကြဗျာ .. ဒီနေ့ကျမှ ကျန့်ကောက အပြန်ကျ ဟိုတယ်တစ်ခုမှာအစည်းအဝေးသွားတက်ရမှာဆိုပြီး ကားတစ်စီးဆီ သီးသန့်သွားကြတာ .. မြို့ထဲကို ပြန်ဝင်ခါနီးမှာ ကျန့်ကောကားက ဘရိတ်မမိတာလား ဘာလားမသိပဲနဲ့ တစ်ဖက်ကကားကိုရှောင်ရင်း လမ်းဘေးက သစ်ပင်နဲ့တိုက်မိတာ”

“ဖြစ်ရမယ်ကွာ ရှောင်းကျန့်ကလဲ ကားကိုသေချာစစ်မထားဘူးလားမသိဘူး”

“ကျွန်တော်တော့ အဲလိုမထင်ဘူး ကိုကို .. အခုရက်ပိုင်း ကျန့်ကော မတော်တဆထိခိုက်တာတွေအရမ်းများတယ်လို့ ခံစားရတယ် .. ပြီးတော့ ဘရိတ်မမိတာကို ထားလိုက်အုံး တစ်ဖက်ကကားက ကျန့်ကော ကားကို အရှိန်နဲ့ဝင်အောင်းမလိုဖြစ်တာ သွေးရိုးသားရိုးဖြစ်နိုင်ပါ့မလား ဟိုဘက်လမ်းနဲ့ ဒီဘက်လမ်းတခြားစီကိုဗျာ”

“အဲဒါဆို အဲဒီနောက်ကွယ်မှာ တစ်ခုခုရှိနေတယ်လို့ မင်းထင်တယ်ဆိုတဲ့သဘောလား”

“အဲဒီလိုဖြစ်ဖို့များတယ် .. ယာဉ်တိုက်မှုက နည်းနည်းကြီးတော့ ယာဉ်ထိန်းရဲတွေရော ရဲတချို့ရော ရောက်လာကြတယ် .. အဲဒီကိစ္စက သာမာန် accident လားဆိုတာကို ကျွန်တော်ရအောင် စုံစမ်းမယ်”

“အင်း … စိတ်ကိုနည်းနည်းလျှော့ထား စိတ်လိုက်မာန်ပါလဲမလုပ်မိစေနဲ့အုံးနော် တစ်ခုခုသိရရင် ကိုယ့်ကိုပြောအုံး”

“စိတ်ချကိုကို”

“ဒါနဲ့ ဟောက်ရွှမ်းကိုရော ပြောထားလား”

“ကျွန်တော်ဖုန်းဆက်ထားတယ် ကိုကို .. သူလိုက်လာလိမ့်မယ် .. ပြီးရင် ကျွန်တော် ခုနကကိစ္စတွေသွားလုပ်မှာမို့ ကိုကို ကျန့်ကောကို တစ်ချက်စောင့်ကြည့်ပေးထားအုံးနော်”

“စိတ်ချပါကွာ”

ဓာတ်လှေကား မြေညီထပ်ကိုရောက်သွားတော့ ကျိုးချန်တို့စကားစပြတ်သွားရသလိုအပြေးအလွှားနဲ့ အရေးပေါ်ခန်းကိုလိုက်သွားကြသည်။

သွေးတွေရွဲှနေသော ရှောင်းကျန့်ကိုမြင်ရတဲ့မြင်ကွင်းဟာ ကျိုးချန်ကို စိတ်မသက်မသာခံစားရစေသည်။

သံယောဇဉ်တွယ်ရတဲ့သူငယ်ချင်းများများစားစားမရှိတာ
ကြောင့် ရှောင်းကျန့်ကို ကျိုးချန်က အတော်သံယောဇဉ်ကြီးပါသည်။

ကိုယ့်လိုသူငယ်ချင်းတောင် ဒီလိုခံစားရရင် သူ့သားနဲ့ သူ့ကောင်လေးဆို ဘယ်လိုနေမလဲမသိချေ။

“ဒေါက်တာ အခြေအနေဘယ်လိုရှိလဲ သူက ကျွန်တော့်အချစ်ဆုံးသူငယ်ချင်းပါ”

အရေးပေါ်ဌာနရဲ့ တာဝန်ကျဆရာဝန်ကို ခပ်တိုးတိုးမေးလိုက်သည်။

ရှောင်းကျန့်က သိပ်ပြီး သတိလည်ပုံမရတော့တာမို့ သူ့ကိုတော့ စကားသွားမပြောတော့။

“သွေးထွက်များနေတယ် လူနာက .. သတိလဲ သိပ်မလည်ချင်တော့ဘူး ဦးခေါင်းကိုထိခိုက်ထားတာများတာမို့ အော်ပရေးရှင်းဝင်ဖို့လိုမယ်ထင်တယ် အခုသွေးပေါင်တို့ဘာတို့လိုအပ်တာတွေ စစ်ဆေးနေပါတယ်”

“လိုအပ်တာရှိရင် ကျွန်တော့်ကိုပြောပါ ကျွန်တော်ဒီမှာပဲရှိနေမယ်”

“ဦးဦးချန်”

တာဝန်ကျဆရာဝန်နဲ့စကားပြောနေတုန်း အရေးပေါ်ခန်းထဲ ဝရုန်းသုန်းကာ ဝင်လာတာက ဟောက်ရွှမ်း။

မျက်ရည်တွေလဲရွှဲလို့။

သူ့ခမျာ ဘယ်လောက်တောင်စိတ်ပူရှာမလဲ။

မိသားစုဝင်တွေ တစ်ယောက်ပြီးတစ်ယောက် စွန့်ခွာသွားတဲ့ဒဏ်ကို အလူးအလဲခံစားဖူးတဲ့ကလေးတစ်ယောက်ပဲ။

အခုမှ ပြန်ဆုံရတဲ့အဖေက အခုလိုဖြစ်တယ်ဆိုတော့ သူလဲပူပန်ရှာမှာ။

ဟောက်ရွှမ်းနောက်မှာတော့ ခပ်ရို့ရို့လေးရပ်နေတာ သူ့ကောင်လေးထင်ပါရဲ့။

“ဟောက်ရွှမ်း”

“ဦးဦးချန် ပါပါးအခြေအနေဘယ်လိုရှိလဲ”

“စိတ်မပူနဲ့ ဟောက်ရွှမ်း အသက်အန္တာရယ်တော့ မစိုးရိမ်ရဘူး အော်ပရေးရှင်းတော့ဝင်ရမယ်ထင်တယ်”

“ဘာလို့ ကျွန်တော့်မိဘတွေကျမှ ဒီလိုဖြစ်နေရတာလဲ တကယ်မသိတော့ဘူး ကျွန်တော်သာအစားဖြစ်လိုက်ချင်တယ်”

“အဲလိုတွေမပြောပါနဲ့ မောင်ကလဲ”

အနောက်က သူ့ကောင်လေးဖြစ်သူက ဟောက်ရွှမ်းပုခုံးကို ခပ်ဖွဖွဖက်လို့နှစ်သိမ့်ပေးတယ်။

တော်သေးတာပေါ့ အနားမှာ အဲလိုကောင်လေးတစ်ယောက်ရှိလို့၊ မဟုတ်ရင် ဟောက်ရွှမ်းတစ်ယောက် ငိုလို့ဆုံးမှာမဟုတ်ချေ။

“ဒေါက်တာဝမ် … ကျွန်တော်တို့ သူ့ကို အော်ပရေးရှင်းလုပ်ဖို့ခေါ်သွားတော့မယ် .. သူက သွေးထွက်အရမ်းများနေတယ် သွေးတစ်ပုလင်းလောက်အဆင်သင့်ရံထားတာပိုကောင်းမယ်ထင်တယ်”

တာဝန်ကျဆရာဝန်စကားကြောင့် သွေးဌာနကို ဆက်သွယ်ပြီး တူတဲ့သွေးအမျိုးအစားရှိလား လှမ်းမေဖို့ စဉ်းစားနေတုန်း ဟောက်ရွှမ်းက ဝင်ပြောလာလေသည်။

“ကျွန်တော်လှူမယ် ကျွန်တော်သူ့သားပါ ကျွန်တော့်အဖေလိုတဲ့သွေး ကျွန်တော်ပေးပါရစေ”

DNA စစ်ခဲ့တုန်းက ရှောင်းကျန့်နဲ့ ဟောက်ရွှမ်းက သွေးအမျိုးအစားတူတာကို ကျိုးချန်မှတ်မိနေတာမို့ တခြားသွေးမရှာတော့ပဲ ဟောက်ရွှမ်းဆီကပဲ ယူလိုက်ဖို့ဆုံးဖြတ်လိုက်သည်။

သူလဲ သူ့အဖေအတွက် တစ်ခုခုတော့ လုပ်ပေးချင်ရှာပဲ။

“ဟုတ်ပြီ ဟောက်ရွှမ်း အဲဒါဆို သွေးလှူဖို့ ဦးနဲ့လိုက်ခဲ့လိုက် .. ဒေါက်တာ … သူ့ကိုအကောင်းဆုံးခွဲစိတ်ပေးဖို့အပ်ပါတယ်နော် ကျွန်တော်တို့ပြီးတော့မှ operation theatre ဘက် လိုက်ခဲ့ပါမယ်”

“ဟုတ်ကဲ့ ဒေါက်တာဝမ်”

Xxxxxxxxxxxxxxx

ဆက်တိုက်ခေါ်နေပေမယ့် ဖြေသူမယ့်နေတဲ့ ဖုန်းနေတဲ့ဖုန်းက ရိပေါ်ကို စိုးရိမ်ပူပန်စိတ်တွေပေးနေလေသည်။

ဒီရက်ပိုင်း daddy ကို စိတ်မချနိုင်မှုတွေများနေတဲ့အချိန်မို့ ဖုန်းခေါ်လို့ ပထမဆုံး call မှာ daddy ဘက်က ဖုန်းမဖြေရင် ရိပေါ် တောင်စဉ်ရေမရတွေလိုက်တွေးနေမိတာ။

daddy ကတော့ မတွေးပါနဲ့ဆိုပေမယ့် ရိပေါ်ကလဲ မပူပန်ပဲ မနေနိုင်ပြန်ဘူး။

အစည်းအဝေးတစ်ခုရှိတာသိလို့ အဲဒီအစည်းအဝေးပြီးချိန်လောက်ကို မှန်းပြီး ဖုန်းဆက်တာတောင် daddy က ဖုန်းမဖြေတဲ့အခါ ရိပေါ်စိတ်ပူတာမလွန်ဘူးမဟုတ်လား။

“ဟုတ်ကဲ့အမိန့်ရှိပါ”

ဟော ဖုန်းဖြေပြီ။ ဒါပေမယ့် daddy မဟုတ်ပါလား။

တခါမှမကြားဖူးတဲ့သူစိမ်းအသံမို့ ရိပေါ် နံပါတ်မှားဆက်မိတာလားလို့ ဖုန်းကိုပြန်ကြည့်မိသည်။

~One and Only Daddy~ ဆိုတဲ့ နာမည်က daddy ဖုန်း screen ပေါ်မှာအထင်းသားမို့ ရိပေါ် ဖုန်းမှားဆက်တာလဲမဟုတ်ပါဘူး။

“ဟလို အခုပြောနေတာဘယ်သူလဲ ဒါက ရှောင်ရှောင်းကျန့်ရဲ့ ဖုန်းမဟုတ်ဘူးလား ခင်ဗျ”

“အော် ချာတိတ်ဆက်တာ ဒီဖုန်းရှင်ကိုထင်တယ် ဒီဖုန်းပိုင်ရှင်က car accident ဖြစထားလို့ အခုဆေးရုံကိုခေါ်သွားကြပြီ .. အခု ကျွန်တော်တို့က accident ဖြစ်တဲ့နေရာကနေ ကားကို သယ်ဖို့လုပ်နေရင်း ပြုတ်ကျနေတဲ့ ဖုန်းက အသံမြည်နေလို့ ကိုင်လိုက်တာပါ”

တစ်ဖက်လူက စကားတွေအများကြီးပြောနေပေမယ့် နားထဲမှာ car accident ဖြစ်လို့ ဆေးရုံရောက်နေတယ်ဆိုတဲ့စကားသာ နားထဲတွင်ပဲ့တင်ထပ်နေသည်။

နေ့လည်ကထမင်းစားတုန်းက ရိပေါ်လက်နဲ့ ဖန်ခွက်တိုက်မိပြိး ဖန်ခွက်ကျကွဲတာ ဒါကြောင့်လား။

ဖုန်း screenguard က အက်ရာလေးက ရိပေါ်လက်မှာ ရှမိသွားတာ ဒါကြောင့်လား။

ဒီလို အတိတ်နမိတ်တွေကို မယုံကြည်တတ်တဲ့သူမို့ အဲဒါတွေကို အမှုမဲ့ အမှတ်မဲ့သဘောထားခဲ့မိတာ။

အခုတော့ တကယ်ပဲ မကောင်းတာဖြစ်လာခဲ့ပြီလား။

လက်အတုန်တုန်နဲ့ ခွမ်းကောဆီ အမြန်ဖုန်းဆက်ရသည်။

daddy ဘယ်ဆေးရုံရောက်နေတယ် ဘာဖြစ်သွားတယ်ဆိုတာ ခွမ်းကောတော့ သိလောက်ပါရဲ့။

“ဟလို ခွမ်းကော”

“အင်း ရိပေါ် တိတိလေး .. ကောမအားသေးလို့ နောက်မှ…”

“ခွမ်းကော!!!!”

တမင်သတ်သတ် daddy accident ဖြစ်တာကို ရိပေါ်စိတ်ပူမှာစိုးလို့ ပေးမသိဘူးဆိုတာကို ရိပ်မိသွားတာမို့ ဆောင့်အော်ပစ်လိုက်သည်။

သူက ကလေးမို့ သူ့ကိုစိတ်မပူစေချင်လို့ အဲဒီလိုစကားတွေနဲ့ သူ့ကို ဘာကိစ္စမှပေးမသိတာတွေကို လုံးဝမကျေနပ်နိုင်တော့ဘူး။

အသက်ငယ်သေးတယ်ဆိုပေမယ့် သူက daddy ရဲ့ ကောင်လေးလေ။

daddy နဲ့ပက်သက်သမျှတွေကို သိသင့်တာပဲမဟုတ်ဘူးလား။

“တိတိ .. ညီလေး”

“ကျွန်တော်သိပြီးပြီ daddy ကားတိုက်တာကို ကျွန်တော်သိပြိးပြီမို့ အခု ကျွန်တော့်ကို အကုန်ပြောပြပါတော့”

“ကောက တိတိလေး အရမ်း shock ရသွားမှာစိုးလို့ ညလောက်မှအေးဆေးပြောပြမလို့ပါ”

“မရဘူး အခုပြော .. ကျွန်တော်အရမ်းရင်ပူနေပြီ”

ခွမ်းကော ပြောသမျှတွေ နားထောင်ရင်း ရိပေါ်မျက်ရည်တွေတောက်လျှောက်ကြနေမိသည်။

ဘာလို့ daddy ကျမှ အခုလိုတွေဖြစ်ရတာလဲ။

ဘယ်သူကများ daddy လို သူ့အလုပ်သူလုပ်ပြီး အေးအေးဆေးဆေးနေတဲ့သူကို ထိခိုက်စေချင်နေကြတာလဲ။

daddy ကိုသွေးတွေနဲ့ လဲကျနေမယ့်မြင်ကွင်းကို ရိပေါ် အပြင်မှာမြင်ရရင် ရင်တစ်ခုလုံးစုတ်ပြတ်သွားမှာများလားပဲ။

မသိတော့ဘူး အခုချိန်မှာ ပါးတွေမားတွေမသိတော့ဘူး။

daddy ဆီကိုမရောက်ရောက်အောင် သွားဖို့ပဲ ရိပေါ်စိတ်ထဲမှာရှိတော့သည်။

ပိုက်ဆံအိတ်အသေးလေးကို ဘောင်းဘီအိတ်ထဲ ထိုးထည့်ကာ အောက်ထပ်ဆင်းလာခဲ့တော့ မားနဲ့ တည့်တည့်တိုးသည်။

“သား ရိပေါ် .. ဘယ်သွားမလို့လဲ”

“မား … မား ကျွန်တော့်ချစ်သူ .. daddy ဆေးရုံရောက်နေတယ် ကားမှောက်တာတဲ့ ကျွန်တော်သူ့ဆီ သွားပါရစေ ကျွန်တော်တောင်းပန်ပါတယ် မားရယ်”

“သားငယ်လေးရယ် မင်းအဖေအကြောင်းသိသားနဲ့ မသွားပါနဲ့နော် မားကလဲ ပြန်တောင်းပန်ပါတယ်ကွယ်”

“မား ကျွန်တော်ဘယ်လိုမှ ပါးကိုနားလည်မပေးနိုင်တော့ဘူး လူလူချင်းချစ်တာပဲ ယောကျာ်းမိန်းမဆိုပြီး ခွဲခြားထားသင့်လို့လား .. အရင်ခေတ်ကလို လိင်တူချစ်သူတွေကို နှိမ့်ချဆက်ဆံတဲ့ခေတ်လဲ မဟုတ်တော့ဘူး အကုန်လုံးက ဒီလိုလိင်တူချစ်သူတွေကို အားပေးပြီး ပုံမှန်တန်းတူ ဆက်ဆံနေတဲ့ခေတ်ကျမှ ပါးက ဘာလို့အခုလောက်ကြီး ကျွန်တော်တို့ကို ခါးသီးနေရတာလဲ”

“မား ပြောပြပါ့မယ် သားရယ် .. အဲဒါကြောင့် မားပြောတာကို ခဏလေးနားထောင်ပါနော်”

“မားပြောပြီးရင် ကျွန်တော်သွားမှာနော်”

“မားပြောတာကိုနားထောင်ပြီးမှ သားသွားမယ်လို့ ဆုံးဖြတ်တယ်ဆို မား မတားပါဘူး”

ရိပေါ်ငြိမ်ကာ ဆိုဖာပေါ်တွင်ဝင်ထိုင်လိုက်သည်။ မားက ရိပေါ်ဘေးကိုဝင်ထိုင်ကာ ရိပေါ်လက်တစ်ဖက်ကို ကိုင်လို့ထားသည်။

“တကယ်တော့ မင်းတို့အဖေက တစ်ဦးတည်းသောသားမဟုတ်ခဲ့ဘူး သားငယ် .. အရင်တုန်းက မင်းတို့အဖေမှာ သူအရမ်းချစ်ရတဲ့ ညီမလေးတစ်ယောက်ရှိခဲ့တယ် … နာမည်က ဝမ်ချင်းရီတဲ့ .. သားအဖေရယ် အဖေရယ် နောက် စန့်ချီဆိုတဲ့သူငယ်ချင်းရယ်က ကျောင်းတုန်းကအချစ်ဆုံးသူငယ်ချင်းတွေပေါ့သားရယ် .. သားအဖေက ချင်းရီကိုချစ်သလို စန့်ချီကိုလဲ အရမ်းချစ်တယ် .. စန့်ချီကရည်းစားများတယ် အဲဒါကိုသိလဲ မင်းတို့အဖေက စိတ်မကုန်ပဲ သူရှုပ်သမျှ ရှင်းပေးရင်း သူငယ်ချင်းလိုပေါင်းနေဆဲပဲ .. တစ်နေ့ကျတော့ စန့်ချီနဲ့ ညီမလေးချင်းရီ ကြိုက်နေတယ်ဆိုတဲ့သတင်းကို မင်းအဖေက ပြန်သိသွားတယ် အဲဒီတုန်းက သူ့မှာ ရူးမတတ်ပဲ ညီမလေးကိုချစ်သလို စန့်ချီကိုလဲချစ်ပေမယ့် စန့်ချီက ရည်းစားသိပ်များဖူးတာမို့ သူ့ညီမလေးကို အတည်ကြံမပါ့မလားဆိုတာ သူအရမ်းစိတ်ပူခဲ့ရတယ်”

“စန့်ချီဆိုတာ တစ်နေ့တုန်းက မားပြောဖူးတဲ့နာမည်မဟုတ်လား”

“ဟုတ်တယ်သား မားဆက်ပြောပြမယ် .. စန့်ချီအကြောင်းကို သားအဖေက သိတော့ ချင်းရီနဲ့သဘောမတူဘူးတဲ့ … အဲဒီမှာချင်းရီက ဆန္ဒပြတော့တာပဲ ထမင်းမစား အခန်းထဲကလဲမထွက်နဲ့ပေါ့ .. နောက်ဆုံးတော့ သူ့ညီမလေး ကျန်းမာရေး ထိခိုက်မှာစိုးတဲ့စိတ်နဲ့ သူက စန့်ချီကိုကြည်ဖြူပေးလိုက်တယ် စန့်ချီကလဲ အစပိုင်းမှာတော့ အတော်လိမ်မာပြီးပြောင်းလဲသွားတာ .. ချင်းရီကိုလဲ ဂရုစိုက်တယ် .. အဲဒီတော့ သားအဖေလဲ စိတ်ချသွားတာပေါ့ .. ပထမတုန်းက စဉ်းစားထားတာက မားတို့အရင်လက်ထပ်မယ် နောက်တစ်နှစ်ကျရင် ချင်းရီနဲ့စန့်ချီကို လက်ထပ်ပေးမယ်ပေ့ါလေ .. အဲလိုနဲ့ မားတို့လက်ထပ်ပြီးသိပ်မကြာဘူး စန့်ချီက ဗွေဖောက်လာတယ် ချင်းရီကို ဂရုမစိုက်တော့ဘူး တွေ့တိုင်းပြဿနာလေးတွေတက် ရန်တွေဖြစ်ပေါ့လေ ဒါပေမယ့် ချင်းရီကတော့ အရမ်းချစ်တာမို့ စန့်ချီကိုသည်းခံတယ် သူ့အကိုကို ဘာမှမပြောပဲ တိုးတိုးကျိတ်ကျိတ်ပဲ ငိုတာပေါ့ .. အဲလိုနဲ့ သားအဖေက နည်းနည်းရိပ်မိလာတော့ စန့်ချီနဲ့ချင်းရီကို လက်ထပ်ပွဲလုပ်ပေးဖို့စီစဉ်လာတယ် စန့်ချီကမငြင်းဘူး … ပွဲတွေဘာတွေစီစဉ်ပြီး ဖိတ်စာတွေဘာတွေဝေပြီး လက်ထပ်ဖို့ ၂ ရက်အလိုကျမှ သူ့ချစ်သူကိုနောက်ကိုလိုက်သွားတယ်လေ”

“ဟာ … လူမဆန်လိုက်တာ … ဒါနဲ့ သူအဲလိုလုပ်တာနဲ့ ပါးက ဂေးတွေကိုမုန်းတာက ဘယ်လိုသက်ဆိုင်တာလဲ မား”

“သက်ဆိုင်တာပေါ့ကွယ် … စန့်ချီရဲ့ချစ်သူအသစ်ဆိုတာ ယောကျာ်းတစ်ယောက်လေ”

“ဟာာ….”

ရိပေါ် ဘာဆက်ပြောရမယ်မှန်းမသိအောင် ကြောင်အသွားမိသည်။

ဒီလို ဇာတ်လမ်းတွေက ရုပ်ရှင်တွေထဲမှာသာရှိတယ်ထင်ထားတာ။

အခုလို လက်တွေ့ဘဝမှာလဲဖြစ်နိုင်တာပဲလား။

“အဲဒါထက်ဆိုးတာက အဲဒီအချိန်မှာ ချင်းရီဆီမှာ ကိုယ်ဝန် ၃ လရှိနေတာပဲသား .. သားအဖေ သူ့ချစ်သူနဲ့ထွက်ပြေးသွားပြီဆိုတာ သိတော့ ငိုလိုက်တာလေ … မားတို့မှာ ရင်ထဲတောင် မချိဘူး။ အဲဒါနဲ့ သားအဖေက သိသိချင်း စန့်ချီကိုသွားရှာပြီး သူ့ညီမလေးကို လက်ထပ်ပေးဖို့ ဒူးထောက်ပြီးတောင်းဆိုခဲ့တာ .. အဲဒီမှာ စန့်ချီက ဘာပြန်ပြောလဲဆိုတော့ သူအခုမှ အချစ်ကိုရှာတွေ့သွားတာပါတဲ့လေ .. သားအဖေကလဲ ယောကျာ်းလေးချင်းဆိုတော့ စိတ်ခဏကစားတာနေမှာပါ ဘာညာပေါ့ ဖြောင်းဖျခဲ့တယ် … သူကပြန်ပြောတာက ယောကျာ်းချင်းချစ်တာလဲအချစ်ပဲ မင်းမနှိမ်နဲ့တဲ့ မင်းသားတွေအလှည့်ကျမှ အခြောက်လေးတွေဖြစ်နေမယ်ဆိုပြီးပြောခဲ့တာ .. အဲဒါကြောင့် သားအဖေက ယောကျာ်းချင်းချစ်တာကို အရမ်းမုန်းခဲ့တယ် .. အဆိုးဆုံးကတော့ သားရယ် … ချင်းရီက ရင်ဆိုင်ဖို့နည်းလမ်းကိုမတွေးပဲ သူ့ကိုယ်သူသတ်သေသွားခဲ့တယ် အဲဒီတော့ သားအဖေရဲ့ ယောကျာ်းချင်းချစ်တဲ့သူတွေကိုမုန်းတဲ့အမုန်းက အတိုင်းအဆမဲ့ဖြစ်သွားတော့တာပေါ့”

ပါးဘက်ကကြည့်တော့လဲ သူ့အလွန်ချည်းပဲတော့ဟုတ်မနေ။

တကယ်ဆို လွန်ခဲ့တာ စန့်ချီဆိုတဲ့ဦးလေးပဲပေါ့။

သူသာ ယောကျာ်းလေးချင်းပဲ ကြိုက်နှစ်သက်သူဆိုလဲ အမျိုးကောင်းသမီးတစ်ယောက်ကို မဖျက်ဆီးသင့်ဘူးလေ။

အခုဟာက သူကယောကျာ်းလေးလဲ အလွတ်မပေး မိန်းကလေးလဲအလွတ်မပေး လှေနံနှစ်ဖက် နင်းခဲ့တာကိုး။

“အဲဒီဦးလေးစန့်ချီကတော်တော်လွန်တာပဲ မိန်းကလေးရော ယောကျာ်းလေးရော အလွတ်မပေးပဲနဲ့ .. တောက်စ် ကွာ .. သူလုပ်လို့ ကျွန်တော်တို့က ကျွန်တော်တို့အဒေါ်ဆိုတာကို မြင်တွေ့ခွင့်မရခဲ့တာပေါ့”

“ဟုတ်တာပေါ့ သားရယ် .. ပြီးတော့ အဲဒီစန့်ချီကြောင့်ပဲ အခုသားရဲ့ချစ်သူဆိုတာကို သားရဲ့ပါပါးက ပိုမုန်းနေတာ သားရဲ့ချစ်သူက ယောကျာ်းလေးရော မိန်းကလေးရော သဘောကျတဲ့ bisexual ဆိုလို့လေ”

အကျိုးနဲ့အကြောင်းက ဆက်စပ်လိုက်တော့ ဒီလိုပါလား။

ပါပါးကိုလဲ သနားမိပြီး နားလည်ရသလို daddy ကလဲ အရင်လိုမဟုတ်ပဲ ပြောင်းလဲနေပြီဖြစ်တာမို့ သူ့ကိုလဲ အပြစ်မမြင်ရက်။

ထင်ထားတာထက် ပိုပြီး ကိုင်တွယ်ဖြေရှင်းရခက်တော့မယ်ထင်ပါရဲ့။

“ဒါပေမယ့် daddy က အရင်လိုမဟုတ်တော့ပါဘူး ကျွန်တော့်ကိုပဲချစ်တာပါ”

“ချစ်တယ်ဆိုတာ သားထင်သလောက်မရိုးရှုင်းဘူး သားရဲ့”

“မားရယ် .. ဒါပေမယ့် အခုလေ daddy က ကားတိုက်ထားပြီးဆေးရုံရောက်နေတယ် ပြီးတော့ အခုတလော အဲလိုမတော်တဆတွေလဲဆက်တိုက်ဖြစ်နေတယ် အဲဒါတွေက ပါးနဲ့တော့မသက်ဆိုင်ဘူးမဟုတ်လားဟင် .. မား .. မသက်ဆိုင်ဘူးလိ့ုပြောပေးပါ”

ရိပေါ်စကားကို မားကပြန်မဖြေနိုင်ပဲ မျက်ရည်တွေသာကျပြနေတော့ ရိပေါ်ရင်ထဲ ဆို့နစ်လို့လာသလိုပင်။

တကယ်ပဲ ဒါတွေကို ပါးကကြိုးကိုင်နေတာလား။

လူတစ်ယောက်ရဲ့ အသက်တစ်ချောင်းကို ရန်ရှာဖို့အထိ ပါးက ဘာလို့ မုန်းနေတာလဲ။

အတိတ်ကကိစ္စတွေကြောင့် ပါးက ရိပေါ်ကို ယောကျာ်းတစ်ယောက်နဲ့ သဘောမတူနိုင်ဘူးဆိုရင်တောင် ဘာလို့ daddy အသက်ကိုထိခိုက်ဖို့လောက်ထိ လုပ်ရတာလဲ။

“ဘာလို့ .. ဘာလို့ ပါးက daddy ကိုအဲလောက်ထိလုပ်ရတာလဲ .. ဟင်မား”

“ဘာလို့လဲသိချင်လား ဝမ်ရိပေါ် …”

“ပါး”

အိမ်တံခါးဝမှာရပ်နေတဲ့ ပါး။

ဘယ်တုန်းကတည်းကရောက်တယ် ရိပေါ်မသိပါ။

ပါးက တစ်လှမ်းချင်း အေးစက်စွာနဲ့ပဲ ဧည့်ခန်းထဲကို ဝင်လာကာ ရိပေါ်မျက်နှာကိုစေ့စေ့ကြည့်ကာ တစ်ခွန်းချင်းပြောလေသည်။

“ဘာလို့လဲဆိုတော့ အဲဒီရှောင်ရှောင်းကျန့်ဆိုတဲ့ကောင်ရဲ့ အဖေက စန့်ချီဆိုတဲ့ကောင်ကို ငါ့ညီမဘဝထဲက ဆွဲထုတ်သွားတဲ့လူမို့လို့ပဲ”

“ဗျာ!!!!”

Ep 49 to be continued

ဖြည်းဖြည်းဆဲပါ .. ကျွန်မကို ဖြည်းဖြည်းဆဲပါ။

Continue Reading

You'll Also Like

72.3K 6.6K 17
แ€™แ€„แ€นแ€ธแ€”แ€ฒแ‚” แ€กแ€แ€ฐแ€žแ€ฌแ€†แ€ญแ€ฏแ€›แ€„แ€น ...
84.6K 10.6K 49
โ€ขOne of the greatest pain and agony is being in one sided love with someone....โ€ข [M-Preg]
38.8K 3.1K 56
ใ€Š Zawgyi + Unicode ใ€‹ แ€žแ€ถแ€šแ€ฑแ€ฌแ€‡แ€‰แ€บแ€แ€ฝแ€ฑแ€กแ€™แ€ปแ€ฌแ€ธแ€€แ€ผแ€ฎแ€ธแ€‘แ€ฒแ€™แ€พ Baekhyun แ€†แ€ญแ€ฏแ€แ€ฒแ€ท แ€žแ€ถแ€šแ€ฑแ€ฌแ€‡แ€‰แ€บแ€œแ€ฑแ€ธแ€€แ€ญแ€ฏแ€แ€ฑแ€ฌแ€ทแ€–แ€ผแ€…แ€บ แ€แ€ญแ€ฏแ€„แ€บแ€แ€ญแ€ฏแ€„แ€บแ€™แ€ผแ€ฒแ€™แ€ผแ€ฒ แ€›แ€…แ€บแ€แ€ปแ€Šแ€บแ€‘แ€ฌแ€ธแ€œแ€ญแ€ฏแ€€แ€บแ€•แ€ผแ€ฎโ€‹ M-Preg! Start - 30 Jun 202...
83.8K 11.2K 41
Seokjinแ€€ แ€„แ€ซแ€ทแ€กแ€ญแ€™แ€บแ€€แ€€แ€ปแ€ฝแ€”แ€บแ€œแ€ฑ... แ€กแ€ญแ€•แ€บแ€…แ€›แ€ฌแ€œแ€ฐแ€€แ€ฏแ€”แ€บแ€›แ€„แ€บแ€แ€ฑแ€ฌแ€„แ€บ แ€žแ€ฐแ€”แ€ฒแ€ทแ€แ€ฑแ€ฌแ€ทแ€™แ€กแ€ญแ€•แ€บแ€˜แ€ฐแ€ธแŠ แ€€แ€ปแ€ฝแ€”แ€บแ€…แ€ฑแ€ฌแ€บแ€”แ€ถแ€œแ€ญแ€ฏแ€ท...[ABO/kookjin]