ITMBD - Ep 49

12.3K 1.8K 188
                                    

I Tempted my BFF’s Dad ep 49

ကိုယ့်နားကိုယ်မယုံနိုင်ဘူးဆိုတဲ့အချိန်က အခုလိုအချိန်ပဲပေါ့။ ကံဇာတ်ဆရာကြီးရာ လုပ်ရက်လိုက်တာလို့ မမြင်နိုင်တဲ့ကံတရားကို အပြစ်တင်ရလေမလား၊ ဒါမှမဟုတ် ကိုယ့်အလှည့်ကျမှ ကြုံလိုက်ရတဲ့ တိုက်ဆိုင်မှုတွေပဲ ရိုးမယ်ဖွဲ့ရမလား။

ကြံ့ခိုင်သန်မာပါတယ် ဒီ ၁၈ နှစ်သားက အခုလိုအဖြစ်အပျက်ကို ဘယ်လိုကိုင်တွယ်ဖြေရှင်းရမလဲဆိုတာ နည်းလမ်းမရှာနိုင်သေးဘူး။

အဖေ့ကို အပြစ်တင်ရှုံ့ချရအောင်ကလဲ daddy ကိုအသက်အန္တာရယ်ထိခိုက်စေတဲ့ကိစ္စကတော့ နည်းလမ်းမမှန်ပေမယ့် သူ့အလှည့်တုန်းက ညီမလေးကိုဆုံးရှုံးရတာ၊ အရှက်ရခဲ့တာ၊ လူမမည်သေးတဲ့ တူလေးလားတူမလေးလားမသိတဲ့ ကလေးတစ်ယောက်ရဲ့အသက်ကို ဆုံးရှုံးလိုက်ရတာ၊ အဆိုးဆုံးက အယုံကြည်ရဆုံးအခင်မင်ရဆုံးသူငယ်ချင်းရဲ့ သစ္စာဖောက်ခြင်းကို ခံလိုက်ရတာ ဒါတွေအကုန်လုံးဟာ သူ့အတွက် မတရားခြင်းတွေပဲပေါ့။

ဒီလောက်ထိ ကံတရားက တိုက်ဆိုင်မနေရင် ရိပေါ် ပါးကိုအပြစ်တင်ကာ ဒီနေရာကနေ ချက်ချင်းထွက်သွားဖြစ်လိမ့်မည်မှာမှန်သော်လည်း အခုတော့ ကိုယ့်အဖေရဲ့စိတ်ဒဏ်ရာ အတိမ်အနက်ကိုလဲ နားလည်နေသေးသည်။

တစ်ဖက်မှာလဲ အဖေလူယုတ်မာရဲ့ သွေးသားမှန်သော်လည်း သူကိုယ်တိုင်တောင်မှ မေတ္တာငတ်မွတ်ပြီး မိဘတွေ ပစ်ချသွားတာခံရတဲ့ daddy က အပြစ်လုံးဝရှိမနေခဲ့။

ဟား ရိပေါ် ဘာဆက်လုပ်ရမှာလဲ။

“ပါး … ပါးခံစားရတာတွေ ပါးအတွက် မတရားတာတွေ သားနားလည်ပါတယ် ဒါပေမယ့် ဘာလို့ daddy အသက်ကိုပါ သေစေချင်တဲ့အထိ ပါးလုပ်ပစ်ခဲ့တာလဲ”

“ငါသူ့ကို မသေစေချင်ပါဘူး .. ငါလူမိုက်ခေါင်းဆောင် သွေးအေးလူသတ်သမားလဲမဟုတ်ဘူးရိပေါ် .. ငါသူ့ကိုမင်းအနားမှာ မရှိစေချင်ရုံပါပဲ .. သူငါ့ကိုလာတွေ့တယ် မင်းနဲ့ သဘောတူပေးဖို့တောင်းဆိုတယ် ငါကလဲ လက်မခံနိုင်ကြောင်းပြောတယ် အဲဒါကို သူကလက်မခံဘူး ဒါကြောင့် မင်းအနားမှာဆက်ရှိနေမယ်ဆိုရင် သူဘာတွေကြုံရနိုင်လဲဆိုတာ ငါသင်ခန်းစာပေးချင်ရုံလောက်ပဲ”

I Tempted my BFF's Dad (Completed)Where stories live. Discover now