Unicode
လေတဖြူးဖြူးတိုက်ခတ်နေတဲ့အတွက်
ချမ်းစေ့စေ့ဖြစ်နေရမယ့်အစား ကျွန်တော့်ရင်
ထဲမှာတော့ ပူလောင်နေမိတယ်
ကျွန်တော့်ရှေ့က ကောင်လေးက
ကျွန်တော့်ကို မျက်နှာလွှဲရင်း ကျွန်တော့်
အကြည့်တွေကိုရှောင်နေဆဲပဲ
"တစ်ခါလောက် ဆွဲထားပေးလို့မရဘူးလား "
သူသာ "မသွားပါနဲ့ hyung "ဆိုပြီး တစ်ခွန်း
လောက်ပဲပြောပေးရင်တောင် ကျွန်တော်
အားလုံးကို ငြင်းဆန်ပြီး သူ့အနားမှာပဲ
နေမိမှာ
"တောင်းပန်ပါတယ် ကျွန်တော်က hyungကို
ပြန်မချစ်နိုင်လို့"
"ပြန်ချစ်ဖို့ပြောနေတာ မဟုတ်ဘူးလေ
ဟွမ်းနုံးရာ hyungကို မသွားပါနဲ့လို့ပဲ တားပေးလို့မရဘူးလား "
အငြင်းခံရတာ မနာကျင်ပဲတော့မနေဘူးလေ
သူက ပြန်မချစ်နိုင်ရင်တောင် ကျွန်တော်ကပဲ
ချစ်နေရရင်ဖြစ်တာပဲဆိုတဲ့အတွေးနဲ့ ကိုယ့်ကိုကိုယ်နှစ်သိမ့်ခဲ့တာ
"တစ်ခါလောက်လေးပဲ တားပေးပါ "
အရာအားလုံးကိုစွန့်လွှတ်ပြီး
ကျွန်တော့်ကို မရွေးချယ်တဲ့သူဆီမှာပဲ
ပေကပ်နေဖို့ထိ ရူးနှမ်းခဲ့တာ
"ကျွန်တော်hyungရဲ့ဘဝထဲဝင်မစွက်ဖက်
ချင်ဘူး "
ဒီစကားလေး တစ်ခွန်းပြော
ပေးဖို့တောင် သူ့အတွက်အရမ်းကို
ဝန်လေးနေခဲ့တာလား
ကျွန်တော်က သူ့အတွက်ဘာမှမဟုတ်ဘူး
လား
"hyung တောင်းဆိုတာ အရမ်းကိုခက်ခဲနေလို့လား"
"တောင်းပန်ပါတယ်"
တောင်းပန်စကားဆိုရင်း လှည့်ထွက်သွား
တဲ့သူ့ကို လက်မလွှတ်နိုင်စွာ သူ့လက်ကို
လှမ်းဆွဲထားမိတယ်
"hyungကတောင်းပန်ပါတယ် တစ်ခါလောက်လေး လှည့်ကြည့်ပေးလို့မရဘူးလား"
လူတစ်ယောက်ကို ဘာလို့အဲလောက်ချစ်မိသွားလဲမသိပေမဲ့ သူမရှိတဲ့ နေ့ရက်တွေကိုမတွေးကြည့်ရဲလောက်အောင် ကြောက်တယ်
သူမရှိလို့မဖြစ်ဘူး ဆိုတဲ့အထိ
ကျွန်တော်သူ့ကိုချစ်ခဲ့တာ
ကျွန်တော်လက်ကိုဆွဲဖယ်လိုက်ပြီး
တစ်ချက်လေးတောင်လှည့်မကြည့်ပဲ ကျော
ခိုင်းသွားတဲ့သူ
"hyung ကို လေဆိပ်မှာ လာနှုတ်ဆက်ပေး
မယ်မဟုတ်လား ဒီလောက်တော့ လုပ်ပေး
နိုင်တယ်မဟုတ်လား"
ကျွန်တော်အော်ပြောလိုက်တာမို့ ခပ်လှမ်းလှမ်းရောက်သွားပြီဖြစ်တဲ့ဟွမ်းနုံးရဲ့ခြေလှမ်းတွေကရပ်တန့်သွားတယ်
"hyungကစောင့်နေမှာမို့လို့
ကျိန်းသေ လာခဲ့ရမယ်နော်"
ကျွန်တော့်စကားကိုကြားတယ်ဆိုပေမဲ့
တုံ့ပြန်မှုတစုံတစ်ရာ ရောက်မလာပဲ
ရပ်တန့်နေတဲ့ခြေလှမ်းတွေကနေ ကျွန်တော်နဲ့ဝေးရာတဖြည်းဖြည်းထွက်ခွာသွားတော့တယ်
...................................................................
"တကယ်ကို နှလုံးသားမရှိတဲ့လူပဲ"
အခန်းတံခါးကို ဒုန်းခနဲဆောင့်ပိတ်မိရင်း
လည်ပင်းက နက်တိုင်ကိုဖြည်ကာ ရေရွတ်မိတယ်
လက်ကောက်ဝတ်က ဓားဒဏ်ရာတွေကို
ကြည့်မိတဲ့ အချိန် သူ့ရဲ့စကားက နားထဲ
ကြားယောင်လာမိတယ်
"ကျွန်တော်မရှိရင် အသက်မရှင်နိုင်ပါဘူး
ဆိုတဲ့သူက အခုလို ကျန်းကျန်းမာမာရှိနေလို့
ဝမ်းသာမိတယ်" တဲ့လေ
ကျွန်တော့်ကိုသေ သွားဖို့ထိ
ေ မျှာ်လင့်နေခဲ့တာလား
ကျွန်တော်ဆိုတဲ့အရူးကတော့ သူကြောင့်
လက်ကောက်ဝတ်ကိုလှီးမိသေးတယ်
ကျွန်တော်ကပဲ ချစ်ခဲ့ရပြီး
ကျွန်တော်ကပဲ နာကျင်ရတယ်
လောကကြီးက မတရားလိုက်တာ
ခံပြင်းမိတယ်
...........................................................
ဘယ်သူမှမရှိသေးတဲ့အခန်းထဲ တစ်ယောက်တည်းထိုင်နေရတာ နဲနဲတော့
ကြောင်စီစီဖြစ်မိတယ်
"ဘာလို့အခုထိမလာသေးတာလဲ အချိန်မလေးစားလိုက်တာ"
ပထမဆုံးအလုပ်စဆင်းရတဲ့ရက်မှာ
ဘာအလုပ်မှမရှိပဲ အထက်လူကြီးကိုပဲ
ထိုင်စောင့်နေရတယ်လေ
ကျွီခနဲပွင့်လာတဲ့ အခန်းတံခါးကြောင့် တံခါး
ဆီအကြည့်ရောက်သွားမိတော့ ကျွန်တော်
စောင့်နေတဲ့သူ ရောက်လာခဲ့ပြီလေ
"စောရောက်သားပဲ ငါ့အတွက်ကော်ဖီ တခွက်
လောက်ဖျော်ခဲ့ပေး"
အခန်းထဲ ခြေလှမ်းစလှမ်းပြီးတာနဲ့ စခိုင်း
တော့တာပဲ
"အချိန်၅မီနစ်ပေးမယ်"
"ဗျာ...ကျွန်တော် ဒီနေ့မှအလုပ်စဆင်းတာလေဘယ်နေရာမှာ ဘာရှိလဲဆိုတာတောင်မသိသေးဘူး "
"ဘာတွေပြန်ပြောနေတာလဲ ခိုင်းတဲ့အတိုင်း
ပဲလုပ်စမ်းပါ"
ဘာတွေဒီလောက်အာဏာလာပြနေတာလဲ
ဒေါသထွက်လွန်းလို့ ဆောင့်ကန်မိတော့
မှာပဲ ဒီလူတော့
"ကျွန်တော်ကမလုပ်ပေးဘူးလို့ပြောနေတာ
မဟုတ်ဘူးလေ...."
"အချိန်က ဒီတိုင်းရပ်နေတာမဟုတ်ဘူးနော်"
ကျွန်တော့်စကားတောင်မဆုံးသေးဘူး
လက်ကနာရီကိုကြည့်ရင်း ပြောလာတဲ့သူ
ကြောင့် ဒေါသတွေမြိုသိပ်ကာ ပြေးထွက်လာရတယ်
ဟိုပြေးလိုက် ဒီပြေးလိုက် နဲ့ပြေးလွှားနေရတယ်တကယ် ကျွန်တော်က တောက်တိုမယ်ရလား
"သေချင်တာပဲ"
ကော်ဖီဖျော်ပြီးတဲ့အချိန် လက်ကနာရီကိုကြည့်ရင်းစိတ်ပျက်စွာရေရွတ်မိတယ်
အချိန်မှီရောက်အောင်ဆိုပြီး ပြေးလာမိတဲ့
အခါ ပြည့်လျှံနေတဲ့ ခွက်ထဲကကော်ဖီပူပူ
တွေက လက်ပေါ်ဖိတ်စင်ကျလာတော့တာ
အပူဒဏ်ကို ဂရုမစိုက်အားပဲ အပြေးအလွှား
လာမိပြီး အချိန်မှီရောက်မှ သက်ပြင်းချနိုင်
တော့တယ်
"တုံးလိုက်တာ"
ကျွန်တော်လုပ်ခဲ့သမျှ မှတ်ချက်အနေနဲ့ ရ
လိုက်တာ ဒီစကားတခွန်းရယ်
မယုံကြည်နိုင်သလိုမော့ကြည့်မိတဲ့ အခါ
သူမေးဆတ်ပြတဲ့ဆီ အကြည့်ရောက်သွား
မိတော့ တကယ်ဒေါသထွက်မိသွားတယ်
ဒီအခန်းထဲမှာပဲ ဖျော်လို့ရနေတာကို
ကျွန်တော်က အရူးလိုပဲပြေးလွှားနေမိတယ်
မဟုတ်လား လက်တောင် အပူလောင်ခံပြီးလေ
"ဒီတိုင်းပြောပြလိုက်တော့ ဘာဖြစ်သွား မှာ မို့လို့လဲ"
ဘာကိုဒေါသထွက်လို့ ထွက်မှန်းမသိဒေါသ
ထွက်လာတဲ့အခါ သူ့ဆီအပြစ်ပုံချကာ အော်
လိုက်မိတယ်
"အစောကြီး ရောက်နေပြီး ဒီအခန်းထဲ ဘာရှိလို့ ရှိတယ်ဆိုတာတောင်မသိတာက မင်းအသုံးမကျတာမဟုတ်ဘူးလား ဘယ်သူ့ကိုလာဒေါသထွက်နေတာလဲ "
ကျွန်တော့်ဆီကအော်ခံ ရတော့သူလဲဒေါသ
ထွက်သွားတယ်ထင်တယ် ကျွန်တော့်ကို
ပြန်အော်ပြီး ထိုင်ရာကနေ ထထွက်သွားတော့တာပဲ
စားပွဲပေါ် တင်ပေးထားတဲ့ ကော်ဖီခွက်လေး
ကိုလျစ်လျူရှူရင်းပေါ့
"ဖျော်ခိုင်းထားပြီးရင်လဲ သောက်မှပေါ့"
ကျွန်တော့်စကားကြောင့်တံခါးဝဆီဦးတည်
နေတဲ့သူ့ခြေလှမ်းတွေရပ်တန့်သွားပြီး
စားပွဲဆီပြန်ေ လျှာက်လာကာ ကော်ဖီခွက်ကို
လှမ်းယူလိုက်တယ်ဆိုပေမဲ့
ဘယ်ထင်မိမလဲ ကျွန်တော်အပြေးအလွှား
ဖျော်လာခဲ့ရတဲ့ကော်ဖီခွက်က တန်ဖိုးမဲ့စွာ
အမှိုက်ပုံးထဲ ရောက်သွားမယ်ဆိုတာကိုလေ
"ငါ့ဘာသာငါ သောက်ပဲသောက်သောက်
လွှင့်ပဲပစ်ပစ် အဲဒါမင်းအလုပ်မဟုတ်ဘူး"
အမှိုက်ပုံးထဲ ထည့်ပြီးထွက်သွားတဲ့သူ့ကြောင့်
ဘာစကားမှပြန်မပြောနိုင်အောင် ဖြစ်နေမိတယ်
ကျွန်တော့်က အပူလောင်ခံပြီး လုပ်ပေးခဲ့တာ
ပေမဲ့ သူ့အတွက် အမှိုက်ပုံးထဲထည့်ရလောက်
အောင်ပဲ တန်ဖိုးရှိတယ် ဆိုတဲ့ အမှန်တရားက
တကယ်ကို ဒေါသထွက်ရတယ်
"ဒီလူနဲ့တော့ ငါဘယ်လိုများဆက်နေရပါ့မလား"
စိတ်မကောင်းဖြစ်မိတဲ့စိတ်လေးကို ခေါင်းခါ
မိရင်း ဖယ်ထုတ်လိုက်ကာ စိတ်ပျက်စွာညီးညူနေမိတယ်
"Ravn oppa~~"
စူးခနဲကြားလိုက်ရတဲ့အသံအပြင် ဘယ်လို
ရောက်လာမှန်းမသိတဲ့ ကောင်မလေးတစ်ယောက်
"Oppa~ "
ငါ့နှယ်နော် ဘယ်လိုအရူးတွေနဲ့လာတွေ့နေမှန်းကို
မသိဘူး နေကာမျက်မှန်ကြီး တပ်ပြီး အော်
နေတော့တာပဲ ရှိမရှိ မကြည့်တတ်ဘူးလား
မသိဘူး
မဟုတ်ရင် မျက်လုံးများမမြင်ရတာလားပဲ
"အာ..ဘယ်သူလဲမသိဘူး"
ကျွန်တော့်အတွေးတောင်မဆုံးသေးဘူး
ဒိုင်းခနဲ ကျွန်တော့်ဆီရောက်လာတဲ့အကြည့်
ကြောင့် လန့်ပါလန့်သွားမိတယ်
"Oppaရော"
"ကျွန်တော်လဲ မသိဘူး ခုနလေးကမှထွက်သွားတာ"
"ရှင်က ဘယ်သူလဲ"
"ကျွန်တော်ကsecretaryပါ"
ကျွန်တော်က လေးစားသမှုနဲ့ မတ်တပ်ရပ်ပြီး
နှုတ်ဆက်တဲ့အခါ မျက်မှန်ကိုတောင်ချွတ်ပြီး
မျက်မှောင်ကျုံ့ကာ
တကိုယ်လုံးကို စုန်ဆန်ကြည့်နေတော့ တာ
"တော်ပါသေးတယ် ဘော်ဒီလှလှsexyကျကျ
ကောင်မလေးမဟုတ်လို့ secretaryအသစ်ခန့်ထားတယ်ဆိုတော့ စိတ်ပူနေတာ"
ငါဘယ်လိုလူတွေနဲ့တွေ့နေရတာပါလိမ့်နော်
"အာ...ဟုတ်ကဲ့"
ဘာပြန်ပြောရမှန်းမသိတာမို့ အလိုက်ထိုက်
ပြန်ပြောပေးလိုက်တဲ့အခါ ထိုကောင်မလေး
ကမျက်မှန်ကို ပြန်တပ်ရင်း
"အခုလို အရပ်ကပုပုယောက်ျားလေးဆိုတော့
စိတ်ချရတာပေါ့ "
ဘယ်နှစ်လက်မမှန်းမသိတဲ့ဒေါက်အမြင့်ကြီး
ကိုစီးထားပြီး ကျွန်တော့်ကိုပုတယ်ဆိုပြီး
ငုံ့ကြည့်သေးတာ
တကယ် ဒေါသထွက်လိုက်တာ အဲဒီအရပ်ပုပု
ယောက်ျားလေးကိုပဲ ခင်ဗျားလေးရဲ့Oppaက
အရမ်းတွေချစ်ခဲ့တာ ကိုသိများသိရင် တုံ့ခနဲ
လဲကျသွားမလားပဲ
"Oppa~~ "
"ကျွန်တော့်ကိုလား"
"အင်းပေါ့ ဒီမှာ ဒီကOppaတစ်ယောက်ပဲရှိတာကို"
တကယ်ရှင်ချင်တယ် ဘယ်လိုဖြစ်လို့
ကျွန်တော့်ကိုOppaဆိုပြီး ကျွန်တော့်ဆီကပ်လာရတာလဲ
"ဒီတိုင်းပြောပါလား ဘာလို့ကျွန်တော့်ဆီ
တိုးလာတာလဲ"
မိန်းကလေးတွေဒီလောက်ကြောက်ဖို့ကောင်း
မှန်းမသိခဲ့ဘူး
ပထမဆုံးအလုပ်စတက်တဲ့နေ့နဲ့တင်
သေချင်စော်နံနေပြီ
တွန်းထုတ်လိုက်ရမလား တွေးမိပေမဲ့
တကယ်တမ်းကျမလုပ်ရဲပြန်ဘူး
သူမလက်တဖက်က ကျွန်တော့်ပုခုံးကို ကိုင်
လာပြီး ကျွန်တော့်နားနားတိုးကပ်ကာ
ပြောလာတာက
"Oppa ကလဲ ညီမအတွက်Ravn Oppaကို
စောင့်ကြည့်ပေးမယ်မဟုတ်လားဟင်" တဲ့
"ဟုတ်ကဲ့ လုပ်ပေးမှာမို့လို့ ဖယ်ပါတော့"
ကျွန်တော့် ပခုံးပေါ်က သူမလက်ကို ဖယ်ပစ်
မလို့လုပ်လိုက်တဲ့အချိန် သူမလက်က အရင်
ဖယ်ခွာသွားပြီး ကျွန်တော်က ထိုင်ခုံပေါ်
ပြုတ်ကျသွားရတယ်
တစုံတစ်ယောက်က ကျွန်တော့်ပုခုံးပေါ်ကသူ
မလက်ကို ဆွဲလိုက်ပြီး ကျွန်တော့်ကိုကျ တွန်းချပစ်လိုက်တာလေ
"ပထမဆုံး နေ့ကတည်းက ပြသာနာရှာ
တော့တာပဲ"
ကောင်မလေးရဲ့လက်ကို ကိုင်ရင်း ကျွန်တော့်ကိုမနှစ်မြို့စွာကြည့်လာတဲ့အကြည့်တွေ
နဲနဲတော့အောင့်သက်သက်ခံစားရတယ်
"maryပြောပြမယ်နော် အထင်မလွဲပါနဲ့"
"အင်း ဟုတ်ပါပြီ
အကိုသူနဲ့အရင်ပြောကြည့်အုံးမယ် "
ပျာယာခတ်စွာရှင်းပြနေတဲ့ကောင်မလေးကို
အကိုသိတယ်ဆိုပြီး ခေါင်းညိတ်ပြနေသေးတာ
သောက်ကျိုးနည်း ငါ့ရှေ့ ဘာလုပ်ပြနေကြ
တာလဲ တကယ်စိတ်ပျက်လွန်းလို့သေတော့မယ်
"ဘာလဲ ငါ့ကိုဘာပြောစေချင်တာလဲ"
ကျွန်တော့်ဘက်ပြန်ကြည့်လာတာမို့လို့
စိတ်ပေါက်ပေါက်နဲ့ ပြန်ပြောလိုက်မိတယ်
"ကိုကိုရဲ့ secretaryကလဲ လေးစားမှုမရှိလိုက်တာနော်"
"maryခဏလောက် အပြင်ထွက်နေပေးမလား"
အဲဒီမြေခွေးမလေးက သူ့oppaစကားတော့
နားထောင်တာပဲ သမင်မလေးပုံဖမ်းပြီး
ခေါင်းလေး ငုံ့ပြီး ထွက်သွားတော့တာပဲ
"ခုနက ဘာဖြစ်နေကြတာလဲ ငါ့ကိုပြော"
"ခုနက မိန်းကလေးကိုသွားမေးလေ"
"ကျစ်...မေးေနတောပဲ ဖြေစမ်းပါ!!"
စအော်ပြီ ကျွန်တော်ကဘာလို့ ဒီလာပြီး
အဲလိုတွေအပြောခံနေရတာလဲ
"ကျွန်တော်ပြောရင်ကော ယုံမှာမို့လို့လား
ခင်ဗျားmaryကိုပဲသွားမေး "
"ငါမင်းဆီက ကြားချင်လို့ မင်းကိုမေးနေတာလေ ဘာလို့ မပြောပြနိုင်ရတာလဲ "
ခင်ဗျားကောင်မလေးကစပြီး ကျွန်တော့်နား
ကပ်လာတာလို့ပြောရမှာလား
အဲတော့ယုံမှာမို့လို့လား
ဂါး ငါ့ကို တကယ်စိတ်တိုအောင်
လာလုပ်နေသလိုပဲ
"ဘာကြားချင်တာလဲ ပြော ကျွန်တော့်ကို.
ဘာပြောပေးစေချင်တာလဲ ခင်ဗျားကောင်မလေး
ကအရမ်းလှတော့ ကျွန်တော်ကြွေမိသွားတယ်အဲလိုလား
မဟုတ်ရင် ကျွန်တော်က ခင်ဗျားကောင်မလေး
ကိုဖြားယောင်းမိသွားမိလို့တောင်းပန်ပါတယ် လို့လား
မဟုတ်ရင်...."
"Yeo Hwanwoong!!! ".
အခုလိုပြောတော့လဲ လာဒေါသထွက်ပြနေသေးတယ် ထွက်ပေါ့
အမှန်တိုင်းပြောလဲ ကိုယ်က မတရားစွပ်စွဲတဲ့
သူကြီးပဲ ဖြစ်သွားမှာမဟုတ်လား
သူ့ကောင်မလေးကိုကျော်ပြီး ကျွန်တော့်ကိုလာယုံကြည်ပေးမှာမှမဟုတ်တာ
အမှန်တိုင်းလဲပြောရပြီး လိမ်နေတာလို့ပြောလာမှာတော့ မခံနိုင်ဘူး
အဲဒီအစားအခုလို ရွဲ့ပြောရတာပဲ နေသာထိုင်သာရှိသေးတယ်
........................
Zawgyi
နေမိမှာ
ပြန်မချစ်နိုင်လို့ "
ဝန်လေးနေခဲ့တာလား
လား
"တောင်းပန်ပါတယ် "
လှမ်းဆွဲထားမိတယ်
ခိုင်းသွားတဲ့သူ
နိုင်တယ်မဟုတ်လား "
...................................................................
ကြားယောင်လာမိတယ်
ဝမ်းသာမိတယ် "တဲ့လေ
ခံပြင်းမိတယ်
...........................................................
ကြောင်စီစီဖြစ်မိတယ်
ထိုင်စောင့်နေရတယ်လေ
"အချိန်၅မီနစ်ပေးမယ်"
မှာပဲ ဒီလူတော့
မဟုတ်ဘူးလေ...."
"သေချင်တာပဲ "
တော့တယ်
"တုံးလိုက်တာ "
လိုက်မိတယ်
စားပှဲဆီပွနျေ လျှာက်လာကာ ကော်ဖီခွက်ကို
တကယ်ကို ဒေါသထွက်ရတယ်
"Ravn oppa~~"
"Oppa~ "
မသိဘူး
"အာ..ဘယ်သူလဲမသိဘူး "
"Oppaရော "
"ရှင်က ဘယ်သူလဲ "
မျက်မှောင်ကျုံ့ကာ
"အာ...ဟုတ်ကဲ့ "
စိတ်ချရတာပေါ့ "
ငုံ့ကြည့်သေးတာ
လဲကျသွားမလားပဲ
"Oppa~~ "
"ကျွန်တော့်ကိုလား "
မှန်းမသိခဲ့ဘူး
သေချင်စော်နံနေပြီ
ပြောလာတာက
ပြုတ်ကျသွားရတယ်
တော့တာပဲ "
"အင်း ဟုတ်ပါပြီ
"ကျစ်...မေးနေတောပဲ ဖြေစမ်းပါ!!"
လာလုပ်နေသလိုပဲ
ကိုမြူစွယ်သွားမိလို့တောင်းပန်ပါတယ် လို့လား
မဟုတ်ရင်...."
"Yeo Hwanwoong!!! ".