Unicode
မောင့်ကိုချစ်နေလို့လည်း စိတ်ဆိုးစရာရှိ
ဆိုးရမှာပဲ။ချော့ဖို့က မောင့်တာဝန်ပါ။
**********
အနောက်ကနေသိုင်းဖက်ပြီး တောင်းပန်
လာတဲ့မောင့်ကို ခွင့်မလွှတ်ချင်ပါ။
လူကို အသားလွတ်ကြီး ပျော်နေလားတဲ့။
သိပ်ပျော်နေတယ်လို့ ပြန်ဖြေတာကို
ကြားချင်လို့များလား။ငါ့မွေးနေ့မှန်း
ဘယ်လိုသိသလဲဆိုတာ စိတ်ဆိုးပြေ
မှပဲမေးမယ်။အခုတော့ချော့စမ်းမောင်ရေ။
"လွှတ် ငါ မင်းနဲ့စကားမပြောတော့ဘူး"
မောင့်လက်တွေကို အတင်းဖယ်ပြီးပြော
ပစ်တော့ မောင်က ပိုတိုးဖက်သည်။
"တောင်းပန်ပါတယ် ကိုကိုရယ်။
ကျွန်တော် တောင်းပန်ပါတယ်။
ကျေးဇူးပြုပြီး အဲဒီ မင်းဆိုပြီးမခေါ်ပါနဲ့"
"မသိဘူးကွာ လွှတ်၊မင်းနဲ့ဘာမှမပြောချင်ဘူး"
"အဲ့လိုမလုပ်ပါနဲ့ ကိုကိုရာ။နေရှင်းနဲ့ကိုကိုက
စကားတွေပြောပြီး ပျော်နေကြတာလေ။
ကျွန်တော်ကဘေးလူလိုပဲ။
သဝန်တိုတယ်။ကျွန်တော်မဟုတ်တဲ့
အခြားသူရှေ့မှာ ရယ်မပြပါနဲ့လားဟင်"
ဗုဒ္ဓေါမောင်က ငါ့ကိုသဝန်တိုတယ်လို့
ပြောလိုက်တာမဟုတ်လား။
ဝမ်းသာအားရပြန်မေးမိတော့ မောင်က
ရိုက်ချတတ်သည်။
"သဝန်တိုတယ်ဟုတ်လား"
"အင်း ဟုတ်တယ်..ကျွန်တော့် အစ်ကို
ဖြစ်နေလို့ သဝန်တိုတယ်"
"အင်း အစ်ကို..မောင့်အတွက်ငါက အစ်ကို"
ကိုကိုကအသံတိတ်တော့ ထပ်ငိုတာလည်း
ဖြစ်သည်။မောင့်လက်ပေါ် ပူနွေးနွေးဖြစ်
တော့ လက်ပေါ်မှာ ကိုကို့ရဲ့ မျက်ရည်စက်
တို့တင်ကျန်ရစ်သည်။ကိုကို့ခန္ဓာကိုယ်ကို
မောင်နဲ့မျက်နှာချင်းဆိုင်သို့ဆွဲလှည့်ဖြစ်
ကိုကိုကငိုသည်။ထုံးစမ်အတိုင်းအံကိုကြိတ်လို့၊
နှုတ်ခမ်းကလည်း တစ်သိမ့်သိမ့်တုန်ရှာသည်။
"မငိုပါနဲ့ကိုကိုရယ် ကျွန်တော်မှားပါတယ်။
နောက်ဆို အဲ့လိုတွေမပြောတော့ပါဘူးနော်။
မငိုပါနဲ့တော့။မွေးနေ့မှာမငိုပါနဲ့၊ခုနကလိုပျော်ပျော်လေးပဲနေပေးနော်"
မောင် စကားသံရဲ့အဆုံးမှာ အသံတို့က
တိမ်ဝင်သွားသည်။မောင်ကိုယ်တိုင်လည်း
မျက်ရည်ဝဲလာတာပင်ဖြစ်မည်။
မောင့်ကို ဘာမှပြန်မပြောဘဲ ကိုကိုက
မျက်နှာလွှဲသည်။ကိုကို့လက်ကို ကိုင်လာရင်း
မောင်က ကိုကို့အရှေ့မှာဒူးတစ်ဖက်ကို
ထောက်ထိုင်သည်။မောင်ဘာလုပ်နေသလဲ
ဆိုတာ ကိုကိုလည်း နားမလည်။
"ဘာလုပ်တာလဲ"
"မွေးနေ့မှာ ပျော်ရွှင်နေပါ။
ကျွန်တော့်ကိုစိတ်မဆိုးပါနဲ့..နော်"
အဖြူရောင်ဘူးကိုဖွင့်သည်။
အထဲမှာ အညိုရောင်ကတ္တီပါ ကြိုးနှင့်
နာရီတစ်လုံး။နာရီပေးရခြင်းရည်ရွယ်ချက်က
စက္ကန့်တိုင်းမှာ ကိုကိုက မောင့်ကိုသတိရနေ
စေချင်တာပင်။
"ကျွန်တော်ပတ်ပေးမယ်နော် ကိုကို"
ကိုကို့ဘက်မှ စကားသံတို့ထွက်မလာသေး။
မောင်ကလက်ဆောင်ပါပေးလာတော့
ကိုကို့မှာဘာပြောရမှန်းလည်းမသိ။
"မောင်သိလားဟင် ငါ့မိဘပေးခဲ့တဲ့နောက်ဆုံး
လက်ဆောင်က နာရီတစ်လုံးလေ"
"ကျွန်တော့်ပေးတဲ့ နာရီကိုပတ်ထားရမယ်နော်။
ကိုကို့မိဘတွေ ပေးထားတဲ့နာရီကိုလည်း
တစ်လှည့်ဝတ်ပေါ့"
ဘယ်ဘက်လက်ကောက်ဝတ်ပေါ်မှာ
မောင် ကိုယ်တိုင်ဝတ်ပေးသည့် နာရီက
ထင်ထင်ရှားရှားရှိသည်။မောင်က ခဏဆို
သလို ကိုကို့ ပါးကိုနမ်းလိုက်တာလည်း
ဖြစ်သည်။မောင့်စိတ်ကို ဘယ်လိုမှန်းစရ
မလဲဆိုတာ မသိ။အစ်ကိုဆိုတဲ့ အကြောင်း
ပြချက်နဲ့တော့ မောင်နမ်းမှာလည်း မဟုတ်
လောက်။
"စိတ်မဆိုးနဲ့တော့ ကိုကို"
"ဟင့်အင်း စိတ်ဆိုးနေသေးတယ်"
မောင်က သက်ပြင်းချကာ ခေါင်းတညိတ်
ညိတ်ဖြစ်သည်။အသည်းယားအောင်လုပ်ပြ
နေသလိုပင်။လူမှာဖြင့် စိတ်ဆိုးပြေမိသွား
မှာလည်း စိုးရသည်။
"အင်း ဟုတ်ပြီ။စိတ်ဆိုးနေသေးလည်းရတယ်။ဒါပေမဲ့ စကားလေးတော့ပြန်ပြောပေးနော်"
"အင်း ဘုရားလိုက်ပို့ပေး။မူယာဘုရားမှာစောင့်
နေလိမ့်မယ်"
မူယာ့နာမည် ပါလာတော့ မောင့်က
မျက်မှောင်ကြုတ်သည်။မျက်နှာက ခပ်တည်
တည်ဖြစ်လာရင်း ကိုကို့ကိုလည်း စိုက်ကြည့်
လာသည်။
"ဘာလဲ လိုက်မပို့ချင်တာလား"
"မဟုတ်ပါဘူးဗျာ။ခဏစောင့်နော်
အဝတ်စားလဲလိုက်ဦးမယ်"
"ပြီးရော အောက်ထပ်မှာစောင့်နေမယ်"
ကိုကိုက အခန်းပြင်ထွက်သွားတာနဲ့
အဝတ်စားလဲဖို့လုပ်ရသည်။
ကိုကိုနဲ့အတူတူနှစ်ယောက်ထဲ ဘုရားသွားဖို့
မောင်က အရင်ရက်တွေထဲက တွေးထားပြီး
သား။ဒါကို မူယာပါ ပါလာတော့ မကျေနပ်တာ
ထက် သဝန်တိုမိတာဖြစ်သည်။
"မူယာ..မူယာ အဲဒီ မူယာမာယာ(မူရာမာယာ)
ကြီးပဲ"
************
"ကိုကို..နေရှင်းရော"
"ပြန်သွားပြီ။အိမ်မှာဘာအရေးကြီးကိစ္စရှိလို့
ဆိုလားပဲ"
မောင့်ကိုမကြည့်ပဲ အပြင်ဘက်သို့ကြည့်ကာ
ပြောနေတော့ မောင်မကြိုက်။
"ကျွန်တော့်ကိုကြည့်ကိုကို"
"အင်း"
ငါမကြည့်ဘူးဆိုတာ မင်းကိုကြည့်မိရင်
အကြည့်ပြန် ခွာလို့မရမှာစိုးတာ။
ပုဆိုးဝတ်ထားတော့လည်း ခန့်တာပဲ။
မင်းမှမဟုတ်ဘူး ငါလည်း သဝန်တိုတယ်။
"ကျွန်တော့်လက်ကိုကိုက်လိုက်"
အတင်းပင် အရှေ့ကို လက်ထိုးပေးလာ
ပြန်သည်။ဒါ ဘာသဘောမှန်းလည်း မသိပါ။
"ဘာလို့ကိုက်ရမှာလဲ"
"စိတ်ဆိုးပြေအောင်လို့လေ။ဒါနဲ့ မကိုက်ခင်
အင်္ကျီလက်လေးခေါက်တင်ပေးနော်..ရော့"
လက်နှစ်ဖက်ကို ဆန့်တန်းပေးလာရင်း
အင်္ကျီလက်ကို ခေါက်ခိုင်းလာတော့
ရယ်လည်း ရယ်ချင်လာသည်။
ချော့နေတာလား၊ကလေးဆန်တာပဲလား
လည်း မတွေးမိတော့။ရယ်ပြုံးမိချင်တော့
မနည်း အောင့်အီးထားရတာလည်း ဖြစ်သည်။
"အေးပါကွာ အေးပါ"
************
ဘုရားပေါ်ရောက်တော့ မူယာစောင့်နေသည့်
နေရာဆီကို သွားရသည်။ခပ်လှမ်းလှမ်းမှာ
မြင်နေရတဲ့ ခင်မူယာ။မြန်မာဝတ်စုံနဲ့
နောက်ပြီး မိတ်ကပ်အစား သနပ်ခါးလူးထား
တာလည်းဖြစ်သည်။ယဉ်ယဉ်လေးနှင့်လှတာ
လည်း အမှန်။အဲဒီမှာ မောင့်ရဲ့စိုးရိမ်စိတ်က
ဆောင့်တက်လာတော့တာပဲ။ခင်မူယာ့အပေါ်
ကိုကိုစိတ်ဝင်စားသွားမှာကိုပင် မောင်ကြောက် သည်။
"မူယာ စောင့်နေတာကြာပြီလား"
"မကြာသေးဘူး၊ခုနကပဲရောက်တာ"
ကိုကို့လက်ဖဝါးသို့ မောင်က သူ့လက်ဖြင့်
ယှက်ကာ ဆုပ်ကိုင်ထားမိသည်။
ဒါ ခင်မူယာအရှေ့မှာ သက်သက်လုပ်ပြ
နေတာ။ကွက်ခနဲမျက်နှာပျက်သွားတဲ့
မူယာကြောင့် မောင်က အောင်နိုင်သူလိုမျိုး
ပြုံးသည်။
"လပြည့်နေ့ဆိုတော့ ဘုရားပေါ်မှာလူများ
တယ် သုထက်၊မိုးကလည်းရွာမယ်ထင်တယ်၊
ခပ်သွက်သွက်ဘုရားဖူးကြတာပေါ့"
"အင်း သွားကြမယ်လေ"
မူယာပြုံးပြီးပဲ ခေါင်းညိတ်ပြဖြစ်သည်။
ဒီလို မထိတထိလေးပြုံးတာတောင် မူယာက
လှတော့ ကိုကို့လက်ကိုဆွဲပြီး အရှေ့ကနေ
ထွက်လာမိတာ ကပျာကယာ။
"မောင်၊မောင်ခဏနေဦးလေကွာ
မူယာ့ကိုစောင့်ဦး"
တချို့သောချစ်ခြင်းတွေက ဖွင့်ဟဝန်ခံပစ်
လိုက်ဖို့ရာ မီးစိမ်းလေးလည်း လင်းမလာပါ။
စည်းဘောင်တွေခတ်ထားတော့ ရှေ့ဆက်
လည်းတိုးမရ။
ဒီလိုပဲ ငါ့ခံစားချက်ကို မျိုသိပ်ထားနေရတာ။
သုထက်က သူငယ်ချင်းဆိုတဲ့ တံတိုင်းကို
တည်ဆောက်ထားခဲ့တာ။သူ့ရဲ့မောင်ဆိုတဲ့
လူအတွက်နဲ့ကျတော့ အပြုံးအရယ်သိပ်မရှိတဲ့
လူက ပြုံးရယ်နေလိုက်တာ။
ကိုကိုတို့ဘုရားဖူးပြီးတော့ ကားဆီပြန်အလာမှာ
မိုးကရွာချလာသည်။ကားဆီသို့ ပြေးရတော့
သည်။ကားပေါ်ရောက်တော့ မောင်က
ရေစိုနေဆဲဖြစ်တဲ့ သူ့ကိုယ်သူအရင်မသုတ်ဘဲ
ကိုကို့ကို လာသုတ်ပေးနေပြန်သည်။
"တော်သေးတာပေါ့ ခေါင်းကသိပ်စိုမသွားလို့။
ဒါနဲ့စိတ်ဆိုးမပြေသေးဘူးလားဟင်။
အရင်လိုပဲ ကျွန်တော့်ကိုစကားတွေပြောပါ..
ကိုကိုနော်"
ကလေးတွေလို ရင်ခွင်ထဲအတင်းတိုးဝင်ပြီးချွဲ
တော့ ဒီလူမှာလည်း မနေနိုင်ပါ။
"မောင်"
"ဗျာ"
အဲဒီ ဗျာတစ်လုံးမှာ ငါကျရှုံးတော့တာပဲ။
မောင် မင်းက သိပ်တတ်တယ်။
"ဒါနဲ့ ငါ့မွေးနေ့ကိုဘယ်လိုသိတာလဲဟင်"
"မထင်မှတ်ပဲသိတာ.."
"ငါ ကလေ အခြားလူတစ်ယောက်ကို
ချစ်နေမိရင် ရော.."
ဆက်မေးလာတဲ့အမေးကြောင့် မောင့်
မျက်နှာက ခပ်တည်တည်။ကိုကိုပြောမှ
မောင်တွေးမိသည်။မိုးတွေသည်းကြီးမည်း
ကြီးရွာနေတာကို ကားထဲကနေ မောင်ငြိမ်ငြိမ်
လေးထိုင်ကြည့်နေမိသည်။
အခြားလူတစ်ယောက်ကို ချစ်နေမိရင်
ရောတဲ့။ဘာကြောင့်များအဲ့စကားကို ပြန်ကြား
ယောင်နေရတာလဲ။ဘာကြောင့်များ စိုးရိမ်
နေရတာလဲ။အချစ်မှာ ကန့်သတ်ချက်တွေရှိသလား၊နေရှင်းကတော့ မရှိဘူးလို့ပြောတာပဲ။
ဒီအချက်က မောင်အသိချင်ဆုံးအချက်။
တော်တော်လေးကြာမှမောင့်ဆီမှစကားသံတို့
ထွက်လာသည်။
"အဲ့ရွာနေတဲ့မိုးလိုပဲဖြစ်နေလိမ့်မယ်"
"ဟင် ဘာအဓိပ္ပာယ်လဲမောင်"
"ကိုကိုက တခြားလူကိုချစ်မိခဲ့တဲ့တစ်နေ့နေ့
ကို ရောက်ရင်သိမှာပေါ့။မောင်လည်း
မပြောပြတတ်ဘူး"
ကိုကိုမကြားနိုင်အောင် သက်ပြင်းကိုအသာချ
လို့ အိမ်သို့သာ ကားကိုဦးတည်မောင်းဖြစ်ခဲ့သည်။
'အင်း တစ်နေ့နေ့ပေါ့။ကျွန်တော်ခံစားနေရတာ
ကို ဘာဆိုတာသိရဖို့လိုအပ်တယ်'
တွေဝေမနေဘဲ ခံစားချက်အတိုင်းဖွင့်ဟ
ကြည့်ပါလား မောင်။ပင်ပန်းတယ်မလား၊
အင်းမောင့်အတွက် အချိန်တွေကအများ
ကြီး ရှိပါသေးတယ်။မောင့်အတွက်အဖြေ
တော့ထွက်လာမှာပါ။
တစ်ခုပါပဲမောင် မင်းလက်ခံနိုင်ပါစေလို့
မျှော်လင့်မိတယ်။ချစ်ခြင်းမေတ္တာက
ရိုးရှင်းတယ်ထင်ရပေမဲ့ ဆန်းကြယ်နေတတ်
ပြန်တာပဲ။အချစ်မှာ ပညတ်ချက်တွေမရှိ
ပါဘူး။ကိုယ်နဲ့မျိုးတူယောကျာ်းတစ်ယောက်
ကို ချစ်မိတာလည်း အဲ့တာဟာ အချစ်ပါပဲ။
လူအချို့က အယူသီးတယ်။
ယောက်ျားလေးချင်းချစ်မိတော့ ဒီနိုင်ငံမှာ
အများစုပြောပြောနေကြတာက အတိတ်
ဘဝက ဝဋ်ကြွေးတဲ့။
(4.8.2020)Lily_Han🍀
Zawgyi
ေမာင့္ကိုခ်စ္ေနလို႔လည္း စိတ္ဆိုးစရာရွိ
ဆိုးရမွာပဲ။ေခ်ာ့ဖို႔က ေမာင့္တာဝန္ပါ။
**********
အေနာက္ကေနသိုင္းဖက္ၿပီး ေတာင္းပန္
လာတဲ့ေမာင့္ကို ခြင့္မလႊတ္ခ်င္ပါ။
လူကို အသားလြတ္ႀကီး ေပ်ာ္ေနလားတဲ့။
သိပ္ေပ်ာ္ေနတယ္လို႔ ျပန္ေျဖတာကို
ၾကားခ်င္လို႔မ်ားလား။ငါ့ေမြးေန႔မွန္း
ဘယ္လိုသိသလဲဆိုတာ စိတ္ဆိုးေျပ
မွပဲေမးမယ္။အခုေတာ့ေခ်ာ့စမ္းေမာင္ေရ။
"လႊတ္ ငါ မင္းနဲ႔စကားမေျပာေတာ့ဘူး"
ေမာင့္လက္ေတြကို အတင္းဖယ္ၿပီးေျပာ
ပစ္ေတာ့ ေမာင္က ပိုတိုးဖက္သည္။
"ေတာင္းပန္ပါတယ္ ကိုကိုရယ္။
ကၽြန္ေတာ္ ေတာင္းပန္ပါတယ္။
ေက်းဇူးျပဳၿပီး အဲဒီ မင္းဆိုၿပီးမေခၚပါနဲ႔"
"မသိဘူးကြာ လႊတ္၊မင္းနဲ႔ဘာမွမေျပာခ်င္ဘူး"
"အဲ့လိုမလုပ္ပါနဲ႔ ကိုကိုရာ။ေနရွင္းနဲ႔ကိုကို
က စကားေတြေျပာၿပီး ေပ်ာ္ေနၾကတာေလ။ကၽြန္ေတာ္ကေဘးလူလိုပဲ။
သဝန္တိုတယ္။ကၽြန္ေတာ္မဟုတ္တဲ့
အျခားသူေရွ႕မွာ ရယ္မျပပါနဲ႔လားဟင္"
ဗုေဒၶါေမာင္က ငါ့ကိုသဝန္တိုတယ္လို႔
ေျပာလိုက္တာမဟုတ္လား။
ဝမ္းသာအားရျပန္ေမးမိေတာ့ ေမာင္က
ရိုက္ခ်တတ္သည္။
"သဝန္တိုတယ္ဟုတ္လား"
"အင္း ဟုတ္တယ္..ကၽြန္ေတာ့္ အစ္ကို
ျဖစ္ေနလို႔ သဝန္တိုတယ္"
"အင္း အစ္ကို..ေမာင့္အတြက္ငါက အစ္ကို"
ကိုကိုကအသံတိတ္ေတာ့ ထပ္ငိုတာလည္း
ျဖစ္သည္။ေမာင့္လက္ေပၚ ပူေႏြးေႏြးျဖစ္
ေတာ့ လက္ေပၚမွာ ကိုကို႔ရဲ့ မ်က္ရည္စက္
တို႔တင္က်န္ရစ္သည္။ကိုကို႔ခႏၶာကိုယ္ကို
ေမာင္နဲ႔မ်က္ႏွာခ်င္းဆိုင္သို႔ဆြဲလွည့္ျဖစ္
ကိုကိုကငိုသည္။ထုံးစမ္အတိုင္းအံကိုႀကိတ္လို႔၊
ႏွုတ္ခမ္းကလည္း တစ္သိမ့္သိမ့္တုန္ရွာသည္။
"မငိုပါနဲ႔ကိုကိုရယ္ ကၽြန္ေတာ္မွားပါတယ္။
ေနာက္ဆို အဲ့လိုေတြမေျပာေတာ့ပါဘူးေနာ္။
မငိုပါနဲ႔ေတာ့။ေမြးေန႔မွာမငိုပါနဲ႔၊ခုနကလိုေပ်ာ္ေပ်ာ္ေလးပဲေနေပးေနာ္"
ေမာင္ စကားသံရဲ့အဆုံးမွာ အသံတို႔က
တိမ္ဝင္သြားသည္။ေမာင္ကိုယ္တိုင္လည္း
မ်က္ရည္ဝဲလာတာပင္ျဖစ္မည္။
ေမာင့္ကို ဘာမွျပန္မေျပာဘဲ ကိုကိုက
မ်က္ႏွာလႊဲသည္။ကိုကို႔လက္ကို ကိုင္လာရင္း
ေမာင္က ကိုကို႔အေရွ႕မွာဒူးတစ္ဖက္ကို
ေထာက္ထိုင္သည္။ေမာင္ဘာလုပ္ေနသလဲ
ဆိုတာ ကိုကိုလည္း နားမလည္။
"ဘာလုပ္တာလဲ"
"ေမြးေန႔မွာ ေပ်ာ္ရႊင္ေနပါ။
ကၽြန္ေတာ့္ကိုစိတ္မဆိုးပါနဲ႔..ေနာ္"
အျဖဴေရာင္ဘူးကိုဖြင့္သည္။
အထဲမွာ အညိဳေရာင္ကတၱီပါ ႀကိဳးႏွင့္
နာရီတစ္လုံး။နာရီေပးရျခင္းရည္ရြယ္ခ်က္က
စကၠန႔္တိုင္းမွာ ကိုကိုက ေမာင့္ကိုသတိရေန
ေစခ်င္တာပင္။
"ကၽြန္ေတာ္ပတ္ေပးမယ္ေနာ္ ကိုကို"
ကိုကို႔ဘက္မွ စကားသံတို႔ထြက္မလာေသး။
ေမာင္ကလက္ေဆာင္ပါေပးလာေတာ့
ကိုကို႔မွာဘာေျပာရမွန္းလည္းမသိ။
"ေမာင္သိလားဟင္ ငါ့မိဘေပးခဲ့တဲ့ေနာက္ဆုံး
လက္ေဆာင္က နာရီတစ္လုံးေလ"
"ကၽြန္ေတာ့္ေပးတဲ့ နာရီကိုပတ္ထားရမယ္
ေနာ္။ကိုကို႔မိဘေတြ ေပးထားတဲ့နာရီကို
လည္းတစ္လွည့္ဝတ္ေပါ့"
ဘယ္ဘက္လက္ေကာက္ဝတ္ေပၚမွာ
ေမာင္ ကိုယ္တိုင္ဝတ္ေပးသည့္ နာရီက
ထင္ထင္ရွားရွားရွိသည္။ေမာင္က ခဏဆို
သလို ကိုကို႔ ပါးကိုနမ္းလိုက္တာလည္း
ျဖစ္သည္။ေမာင့္စိတ္ကို ဘယ္လိုမွန္းစရ
မလဲဆိုတာ မသိ။အစ္ကိုဆိုတဲ့ အေၾကာင္း
ျပခ်က္နဲ႔ေတာ့ ေမာင္နမ္းမွာလည္း မဟုတ္
ေလာက္။
"စိတ္မဆိုးနဲ႔ေတာ့ ကိုကို"
"ဟင့္အင္း စိတ္ဆိုးေနေသးတယ္"
ေမာင္က သက္ျပင္းခ်ကာ ေခါင္းတညိတ္
ညိတ္ျဖစ္သည္။အသည္းယားေအာင္လုပ္ျပ
ေနသလိုပင္။လူမွာျဖင့္ စိတ္ဆိုးေျပမိသြား
မွာလည္း စိုးရသည္။
"အင္း ဟုတ္ၿပီ။စိတ္ဆိုးေနေသးလည္းရတယ္။ဒါေပမဲ့ စကားေလးေတာ့ျပန္ေျပာေပးေနာ္"
"အင္း ဘုရားလိုက္ပို႔ေပး။မူယာဘုရားမွာေစာင့္ေနလိမ့္မယ္"
မူယာ့နာမည္ ပါလာေတာ့ ေမာင့္က
မ်က္ေမွာင္ၾကဳတ္သည္။မ်က္ႏွာက ခပ္တည္
တည္ျဖစ္လာရင္း ကိုကို႔ကိုလည္း စိုက္ၾကည့္
လာသည္။
"ဘာလဲ လိုက္မပို႔ခ်င္တာလား"
"မဟုတ္ပါဘူးဗ်ာ။ခဏေစာင့္ေနာ္
အဝတ္စားလဲလိုက္ဦးမယ္"
"ၿပီးေရာ ေအာက္ထပ္မွာေစာင့္ေနမယ္"
ကိုကိုက အခန္းျပင္ထြက္သြားတာနဲ႔
အဝတ္စားလဲဖို႔လုပ္ရသည္။
ကိုကိုနဲ႔အတူတူႏွစ္ေယာက္ထဲ ဘုရားသြားဖို႔
ေမာင္က အရင္ရက္ေတြထဲက ေတြးထားၿပီး
သား။ဒါကို မူယာပါ ပါလာေတာ့ မေက်နပ္တာ
ထက္ သဝန္တိုမိတာျဖစ္သည္။
"မူယာ..မူယာ အဲဒီ မူယာမာယာ(မူရာမာယာ)
ႀကီးပဲ"
************
"ကိုကို..ေနရွင္းေရာ"
"ျပန္သြားၿပီ။အိမ္မွာဘာအေရးႀကီးကိစၥရွိလို႔
ဆိုလားပဲ"
ေမာင့္ကိုမၾကည့္ပဲ အျပင္ဘက္သို႔ၾကည့္ကာ
ေျပာေနေတာ့ ေမာင္မႀကိဳက္။
"ကၽြန္ေတာ့္ကိုၾကည့္ကိုကို"
"အင္း"
ငါမၾကည့္ဘူးဆိုတာ မင္းကိုၾကည့္မိရင္
အၾကည့္ျပန္ ခြာလို႔မရမွာစိုးတာ။
ပုဆိုးဝတ္ထားေတာ့လည္း ခန႔္တာပဲ။
မင္းမွမဟုတ္ဘူး ငါလည္း သဝန္တိုတယ္။
"ကၽြန္ေတာ့္လက္ကိုကိုက္လိုက္"
အတင္းပင္ အေရွ႕ကို လက္ထိုးေပးလာ
ျပန္သည္။ဒါ ဘာသေဘာမွန္းလည္း မသိပါ။
"ဘာလို႔ကိုက္ရမွာလဲ"
"စိတ္ဆိုးေျပေအာင္လို႔ေလ။ဒါနဲ႔ မကိုက္ခင္
အကၤ်ီလက္ေလးေခါက္တင္ေပးေနာ္..ေရာ့"
လက္ႏွစ္ဖက္ကို ဆန႔္တန္းေပးလာရင္း
အကၤ်ီလက္ကို ေခါက္ခိုင္းလာေတာ့
ရယ္လည္း ရယ္ခ်င္လာသည္။
ေခ်ာ့ေနတာလား၊ကေလးဆန္တာပဲလား
လည္း မေတြးမိေတာ့။ရယ္ျပဳံးမိခ်င္ေတာ့
မနည္း ေအာင့္အီးထားရတာလည္း ျဖစ္သည္။
"ေအးပါကြာ ေအးပါ"
************
ဘုရားေပၚေရာက္ေတာ့ မူယာေစာင့္
ေနသည့္ ေနရာဆီကို သြားရသည္။
ခပ္လွမ္းလွမ္းမွာ
ျမင္ေနရတဲ့ ခင္မူယာ။ျမန္မာဝတ္စုံနဲ႔
ေနာက္ၿပီး မိတ္ကပ္အစား သနပ္ခါးလူးထား
တာလည္းျဖစ္သည္။ယဥ္ယဥ္ေလးႏွင့္လွတာ
လည္း အမွန္။အဲဒီမွာ ေမာင့္ရဲ့စိုးရိမ္စိတ္က
ေဆာင့္တက္လာေတာ့တာပဲ။ခင္မူယာ့အေပၚ
ကိုကိုစိတ္ဝင္စားသြားမွာကိုပင္ ေမာင္ေၾကာက္ သည္။
"မူယာ ေစာင့္ေနတာၾကာၿပီလား"
"မၾကာေသးဘူး၊ခုနကပဲေရာက္တာ"
ကိုကို႔လက္ဖဝါးသို႔ ေမာင္က သူ႔လက္ျဖင့္
ယွက္ကာ ဆုပ္ကိုင္ထားမိသည္။
ဒါ ခင္မူယာအေရွ႕မွာ သက္သက္လုပ္ျပ
ေနတာ။ကြက္ခနဲမ်က္ႏွာပ်က္သြားတဲ့
မူယာေၾကာင့္ ေမာင္က ေအာင္နိုင္သူလိုမ်ိဳး
ျပဳံးသည္။
"လျပည့္ေန႔ဆိုေတာ့ ဘုရားေပၚမွာလူမ်ား
တယ္ သုထက္၊မိုးကလည္းရြာမယ္ထင္တယ္၊
ခပ္သြက္သြက္ဘုရားဖူးၾကတာေပါ့"
"အင္း သြားၾကမယ္ေလ"
မူယာျပဳံးၿပီးပဲ ေခါင္းညိတ္ျပျဖစ္သည္။
ဒီလို မထိတထိေလးျပဳံးတာေတာင္ မူယာက
လွေတာ့ ကိုကို႔လက္ကိုဆြဲၿပီး အေရွ႕ကေန
ထြက္လာမိတာ ကပ်ာကယာ။
"ေမာင္၊ေမာင္ခဏေနဦးေလကြာ
မူယာ့ကိုေစာင့္ဦး"
တခ်ိဳ႕ေသာခ်စ္ျခင္းေတြက ဖြင့္ဟဝန္ခံပစ္
လိုက္ဖို႔ရာ မီးစိမ္းေလးလည္း လင္းမလာပါ။
စည္းေဘာင္ေတြခတ္ထားေတာ့ ေရွ႕ဆက္
လည္းတိုးမရ။
ဒီလိုပဲ ငါ့ခံစားခ်က္ကို မ်ိဳသိပ္ထားေနရတာ။
သုထက္က သူငယ္ခ်င္းဆိုတဲ့ တံတိုင္းကို
တည္ေဆာက္ထားခဲ့တာ။သူ႔ရဲ့ေမာင္ဆိုတဲ့
လူအတြက္နဲ႔က်ေတာ့ အျပဳံးအရယ္သိပ္မရွိတဲ့
လူက ျပဳံးရယ္ေနလိုက္တာ။
ကိုကိုတို႔ဘုရားဖူးၿပီးေတာ့ ကားဆီျပန္အလာ
မွာ မိုးကရြာခ်လာသည္။ကားဆီသို႔ ေျပးရေတာ့သည္။ကားေပၚေရာက္ေတာ့ ေမာင္က
ေရစိုေနဆဲျဖစ္တဲ့ သူ႔ကိုယ္သူအရင္မသုတ္ဘဲ
ကိုကို႔ကို လာသုတ္ေပးေနျပန္သည္။
"ေတာ္ေသးတာေပါ့ ေခါင္းကသိပ္စို
မသြားလို႔။ဒါနဲ႔စိတ္ဆိုးမေျပေသးဘူးလား
ဟင္။အရင္လိုပဲ ကၽြန္ေတာ့္ကိုစကား
ေတြေျပာပါ..ကိုကိုေနာ္"
ကေလးေတြလို ရင္ခြင္ထဲအတင္းတိုးဝင္ၿပီးခၽြဲ
ေတာ့ ဒီလူမွာလည္း မေနနိုင္ပါ။
"ေမာင္"
"ဗ်ာ"
အဲဒီ ဗ်ာတစ္လုံးမွာ ငါက်ရွုံးေတာ့တာပဲ။
ေမာင္ မင္းက သိပ္တတ္တယ္။
"ဒါနဲ႔ ငါ့ေမြးေန႔ကိုဘယ္လိုသိတာလဲဟင္"
"မထင္မွတ္ပဲသိတာ.."
"ငါ ကေလ အျခားလူတစ္ေယာက္ကို
ခ်စ္ေနမိရင္ ေရာ.."
ဆက္ေမးလာတဲ့အေမးေၾကာင့္
ေမာင့္မ်က္ႏွာက ခပ္တည္တည္။ကိုကိုေျပာမွ
ေမာင္ေတြးမိသည္။မိုးေတြသည္းႀကီး
မည္းႀကီးရြာေနတာကို ကားထဲကေန
ေမာင္ၿငိမ္ၿငိမ္ ေလးထိုင္ၾကည့္ေနမိသည္။
အျခားလူတစ္ေယာက္ကို ခ်စ္ေနမိရင္
ေရာတဲ့။ဘာေၾကာင့္မ်ားအဲ့စကားကို ျပန္ၾကားေယာင္ေနရတာလဲ။ဘာေၾကာင့္မ်ား
စိုးရိမ္ေနရတာလဲ။အခ်စ္မွာ ကန႔္သတ္ခ်က္ေတြရွိ
သလား၊ေနရွင္းကေတာ့ မရွိဘူးလို႔ေျပာတာပဲ။ဒီအခ်က္က ေမာင္အသိခ်င္ဆုံးအခ်က္။
ေတာ္ေတာ္ေလးၾကာမွေမာင့္ဆီမွ
စကားသံတို႔ထြက္လာသည္။
"အဲ့ရြာေနတဲ့မိုးလိုပဲျဖစ္ေနလိမ့္မယ္"
"ဟင္ ဘာအဓိပၸာယ္လဲေမာင္"
"ကိုကိုက တျခားလူကိုခ်စ္မိခဲ့တဲ့တစ္ေန႔ေန႔
ကို ေရာက္ရင္သိမွာေပါ့။ေမာင္လည္း
မေျပာျပတတ္ဘူး"
ကိုကိုမၾကားနိုင္ေအာင္ သက္ျပင္းကို
အသာခ်လို႔ အိမ္သို႔သာ ကားကိုဦးတည္
ေမာင္းျဖစ္ခဲ့သည္။
'အင္း တစ္ေန႔ေန႔ေပါ့။ကၽြန္ေတာ္ခံစားေနရတာ
ကို ဘာဆိုတာသိရဖို႔လိုအပ္တယ္'
ေတြေဝမေနဘဲ ခံစားခ်က္အတိုင္းဖြင့္ဟ
ၾကည့္ပါလား ေမာင္။ပင္ပန္းတယ္မလား၊
အင္းေမာင့္အတြက္ အခ်ိန္ေတြကအမ်ား
ႀကီး ရွိပါေသးတယ္။ေမာင့္အတြက္အေျဖ
ေတာ့ထြက္လာမွာပါ။
တစ္ခုပါပဲေမာင္ မင္းလက္ခံနိုင္ပါေစလို႔
ေမၽွာ္လင့္မိတယ္။ခ်စ္ျခင္းေမတၱာက
ရိုးရွင္းတယ္ထင္ရေပမဲ့ ဆန္းၾကယ္ေနတတ္
ျပန္တာပဲ။အခ်စ္မွာ ပညတ္ခ်က္ေတြမရွိ
ပါဘူး။ကိုယ္နဲ႔မ်ိဳးတူေယာက်ာ္းတစ္ေယာက္
ကို ခ်စ္မိတာလည္း အဲ့တာဟာ အခ်စ္ပါပဲ။
လူအခ်ိဳ႕က အယူသီးတယ္။
ေယာက္်ားေလးခ်င္းခ်စ္မိေတာ့ ဒီနိုင္ငံမွာ
အမ်ားစုေျပာေျပာေနၾကတာက
အတိတ္ဘဝက ဝဋ္ေႂကြးတဲ့။
(4.8.2020)Lily_Han🍀