Unicode
ကားပြတင်းပေါက်မှန်ကနေတစ်ဆင့် တဖွဲဖွဲ
ကျဆင်းနေတဲ့မိုးရေစက်တွေကို ငေးကြည့်နေမိတယ်
မေ့ပြစ်ချင်စရာ အမှတ်တရတွေကို
အခုထိတိုင်တွေးမိနေတုန်းပဲ
မေ့ပြစ်ချင်ပေမဲ့ မမေ့နိုင်တဲ့အခါ
အမုန်းဆိုတဲ့ အရာကိုခေါင်းစဥ်တပ်မိရင်း
မင်းကို အရမ်းမုန်းနေတုန်းပဲ
"တစ်ခါလောက် ထပ်တွေ့ချင်မိတယ်
ငါ့ကို စွန့်ပစ်ခဲ့ပြီး အရမ်းကိုပျော်ရွှင်နေရလား
သိချင်မိတယ်"
ကိုယ့်အတွက်သူက အရာရာဖြစ်ခဲ့ပေမဲ့
ကိုယ်က သူ့အတွက်ဘာမှမဟုတ်တဲ့အခါ
တကယ်ကိုခံပြင်းမိတယ်
"စိတ်ပျက်ဖို့ကောင်းအောင်ရွာနေတော့တာပဲ"
တော်တော်နဲ့တိတ်မှာမဟုတ်တဲ့မိုးကြောင့်
စိတ်ပျက်လက်ပျက်ရေရွတ်မိတယ်
မိုးရွာထဲကားမမောင်းချင်လို့ လမ်းဘေးထိုးရပ်ထားမိပေမဲ့ ပိုပိုသည်းလာတဲ့မိုးကြောင့်ဆက်မစောင့်ဖို့ဆုံးဖြတ်လိုက်ရတာပေါ့
ဒီလောက်စိတ်ရှုပ်စရာကောင်းတဲ့ မိုးဆိုတာ
ကြီးကို ကျွန်တော်အရမ်းသဘောကျခဲ့ဖူးတယ်ထင်တယ်
တစ်ယောက်သောသူကြောင့် လေ
ဘယ်လောက်တောင်ရူးလိုက်သလဲ
……………………........................................
မိုးမင်းကြီးက ကျောင်းသားတွေကိုပဲ ကျီစယ်
လေသလား မသိပေမဲ့ တစ်နေ့လုံးနေသာခဲ့ပြီး
ကျောင်းလွှတ်ချိန်ရောက်မှ သည်းသည်းမဲမဲ
ကိုရွာနေတော့တာ
"မေမေပွစိပွစိ ပြောလွန်းလို့ ထီးယူလာမိတာ
မှန်သွားတာပဲ"
မိုးရွာနေတာကြောင့် ထီးမပါတဲ့ကျောင်းသား
တွေအပြေးအလွှားထွက်ပြေးကုန်တာကြောင့်
အခြေနေကနဲနဲရုတ်ရုတ်သဲသဲဖြစ်သွားပြီးမှ
ပြန်ငြိမ်သက်သွားရော
ထီးလေးဆောင်းရင်း ထွက်လာတဲ့အချိန်
ကျောင်းဝင်းထဲ သစ်ပင် အောက်မှာ မိုးခိုနေပုံ
ရတဲ့ကလေးလေး တစ်ယောက်ကိုတွေ့မိတယ်
"အိမ်ကိုပြေးသွားရင်ပြီးရောကို မိုးကစဲမှာ
လဲမဟုတ်ပဲ အအေးမိကုန်တော့မှာပဲ"
ကျောပြင်လေးကိုပဲတွေ့ရပေမဲ့ အနည်းငယ်
စိုစွတ်နေတဲ့ သူ့အဝတ်အစားတွေကြောင့်
ငတုံးကောင်လေး ဆိုပြီး တွေးမိသေးတယ်
"မိုးက တိတ်မှာမဟုတ်ဘူး အိမ်ကိုပြေးသွား
လိုက်ပါလား မဟုတ်ရင် ဖျားလိမ့်မယ်"
ကျွန်တော့်စကားကြောင့် ထိုကောင်လေး
က ကျွန်တော့်ကို လှည့်ကြည့်လာတဲ့အခါ
ကျွန်တော့်နှလုံးသားလေးပါ လှုပ်ခါသွားရတယ်
မြင်မြင်ချင်း ချစ်မိတယ်ဆိုတာကို
ကျွန်တော်ခံစားလိုက်ရတာမဟုတ်လား
မိုးရေတွေစိုစွတ်နေတဲ့ ကောင်လေးက
တကယ်ကို ကျားပေါက်လေးနဲ့တူတယ်လေ
"ကျွန်တော့်မှာ ရေစိုလို့ မဖြစ်တဲ့စာအုပ်တွေရှိလို့"
ကျောပိုးအိတ်လေးကို ပိုက်ထားရင်း
ပြန်ဖြေလာတဲ့ ထိုကောင်လေးကြောင့်
ကျွန်တော့်လက်ထဲက ထီးကို ထိုကောင်လေး
လက်ထဲရက်ရက်ရောရော ထည့်ပေးလိုက်မိတယ်
"hyungရဲ့ ထီးကိုယူသွား..."
ထီးကိုသူ့လက်ထဲ အတင်းထည့်ပေးမိတဲ့အခါ
အူကြောင်ကြောင်လေးပြန်ကြည့်လာတဲ့ သူကြောင့် တကယ် အသည်းယားမိတယ်
"hyung ရဲ့နာမည်က Ravn..... "
နာမည်ပြောပြီး ပြေးထွက်လာမိပြီး
မိုးရေထဲ ကျွန်တော် အရမ်းပျော် နေ မိတယ်
မျက်လုံးမှိတ်ကာ မျက်နှာကိုမော့ ထားမိရင်း
မိုးစက်တွေတပေါက်ပေါက်ကျလာတာကို
အရမ်းသဘောကျနေခဲ့တာ
နောက်တနေ့ကျ ဖျားသွားရတဲ့အထိ ပဲ
ကျွန်တော့်ရဲ့ အချစ်ဦးနဲ့ အဲလိုမိုးတွေရွာနေတဲ့
အချိန်မှာ တွေ့ဆုံခဲ့တာ.....
"ဒါဘာတွေလဲ"
စိတ်ရှုပ်ဖို့ကောင်းအောင် အလုပ်စားပွဲမှာ
အထပ်လိုက်မြင်လိုက်ရတဲ့ ေ လျှာက်လွှာ
တွေကြောင့် စိတ်ရှုပ်သွားရတယ်
"အတွင်းရေးမှူးနေရာအတွက်ေ လျှာက်လွှာ
တွေပါ"
"ကျစ်...ဒါလေးကိုတောင် ငါကလုပ်နေရအုံးမှာလား အသုံးမကျလိုက်တာ"
"ကျွန်တော်က သူဌေး စိတ်တိုင်း ကျဖြစ်အောင်လို့ပါ"
"တော်ပြီ ...ဒါတွေပြန်ယူသွားစမ်း"
စားပွဲပေါ်က လှေ ျာက်လွှာတွေကို ဖယ်ချ
ပစ်လိုက်မိပြီး အမှတ်မထင် အကြည့်
ရောက်သွားမိချိန် မြင်လိုက်ရတဲ့ အရာက
ကျွန်တော့်ကိုအံ့သြသွားစေတယ်
Yeo Hwanwoong ဆိုတဲ့နာမည်နဲ့ ေ လျှာက်လွှာလေးအပြင် ပိုသေချာသွားစေတာက သူ့ရဲ့ဓာတ်ပုံလေးကိုပါတွေ့လိုက်ရတာမို့လို့
ဝမ်းသာလား ဝမ်းနည်းလား မသိပေမဲ့
ကျွန်တော် ဟားခနဲအော်ရယ်မိသွားတယ်
ကျိန်းသေပေါက် ငါတို့ထပ်တွေ့မယ့်နေ့ဆိုတာ
ရှိလာခဲ့တာပဲ
"ဟုတ်ပြီ ငါကိုယ်တိုင်ရွေးတာပေါ့"
အနည်းဆုံးတော့ ငါ့လိုလူကို လက်လွှတ်မိတာနှောင်တရသင့်တယ် မဟုတ်လား
တစ်ချက်ကလေးတောင်လှည့်မကြည့်ခဲ့တာ
မှားသွားခဲ့တယ်ဆိုတဲ့အတွေးဝင်စေချင်တယ်
........................................................................
ညဖက် အိပ်မပျော်တာမို့ ဝရန်တာ ဖက်
ထွက်ရင်း ကြယ်တွေကိုမော့ကြည့်နေမိတယ်
မှောင်မဲနေတဲ့ညဖက်ကောင်းကင်ကြီးကတောင်ကြယ်လေးတွေတန်ဆာဆင်ထားတော့ လှနေရောပဲ
"woongie ...baby woongie... "
"ဘာလဲ hyungရာ ကျွန်တော်ကြယ်တွေ
ကြည့်နေတယ်လေ
"ဘာမှမဟုတ်ဘူး ဒီတိုင်းခေါကြည့်တာ"
"hyung ကြည့် ဟိုးက ကြယ်လေး က အရမ်း
လင်းတာပဲ အဲဒါဘာကြယ်များလဲမသိဘူးနော်"
"အင်း hyungလဲမသိဘူး "
"အရမ်းလှတာပဲနော်"
ပြောရင်း hyung ဖက်ကြည့်လိုက်မိတော့
hyungက ကျွန်တော့်ကိုကြည့်နေရင်း
"အင်း အရမ်းလှတယ်" တဲ့
တချိန်လုံးကြည့်နေခဲ့တဲ့လားဆိုတဲ့အတွေး
ကြောင့်မျက်နှာပူလာမိတယ်
"ကျွန်တော်ပြောတာ ကြယ်ကိုလေ"
လက်ညှိုးလေးထိုးပြကာ ပြောမိတော့
"hyungကတော့ woongieကိုပြောတာ"
"အာ...ဒီလောက်နားပြီးပြီဆိုတော့ စာပြန်လုပ်ရအောင်လေ"
hyungရဲ့အကြည့်တွေကြောင့်အနေခက်လာတာမို့
ဒီအခြေနေကနေရုန်းထွက်ဖို့ကြိုးစားမိတယ်
အခန်းထဲစာပြန်ဝင်လုပ်မယ်ဆိုပြီး ထွက်လာ
မိပေမဲ့ ကျွန်တော့်လက်က အားနဲ့ဆွဲခံလိုက်ရပြီးကျွန်တော်က hyungရင်ခွင်ထဲရောက်သွားရတယ်
"woongieရိပ်မိမှာပါ hyungကမင်းကိုချစ်တယ်ဆိုတာ အခုသေချာ ပြောပြချင်တယ် hyung က woongieကို ချစ်တယ်"
"ကျွန်တော်..."
"အခုမဖြေလဲရတယ် ဘယ်အချိန်ထိဖြစ်ဖြစ်
စောင့်နိုင်တာမို့လို့ hyungပျော်ရမယ့်အဖြေဖြစ်ရင်ကောင်းမှာပဲ "
hyungက ကျွန်တော့်ကို ပြောခွင့်မပေးပဲ
တင်းတင်းကျပ်ကျပ်ဖက်ထားခဲ့တယ်
ကျွန်တော်ကောင်းကောင်းမှတ်မိနေသေးတယ်hyungရဲ့ရင်ခွင်က ကျွန်တော့်အတွက်အရမ်းကိုနွေးထွေးခဲ့တာ
"ဟဲ့ကလေး..."
"ဗျာ..အမေ"
အမေအသံကြောင့် ကျွန်တော်အတွေးထဲက ရုန်းထွက်လိုက်မိတယ်
"ဘာတွေဒီလောက်တွေး နေတာလဲ မနက်ဖြန်
အလုပ်အင်တာဗျူးရှိတယ်မဟုတ်လား
ရော့ နို့လေးသောက်ပြီး စောစောအိပ်တော့"
"ဟုတ်ကဲ့ အမေ"
အထက်တန်းကျောင်းတုန်းကအရာတွေက
အခုထိ မနေ့တနေ့ကလိုပဲ
အမှတ်တရဆိုတာ အမှတ်ရနေဖို့အတွက်ဆိုပေမဲ့တချို့အမှတ်တရတွေကျ မေ့ပစ်ချင်မိတယ်
..........................................................................
ဒီလိုကျ အချိန်တွေကုန်တာ ကြာလိုက်တာလို့
တွေးမိလောက်အောင် ကိုယ့်နာမည် ေခါ်လာမယ့် အချိန်ကိုစောင့်နေရတာ အရမ်းကြာလွန်းတယ်
တခြားသူတွေရဲ့ နာမည်ခေါ်သံတွေကြားရပြီးဘေးနားက တစ်ယောက်ပြီးတစ်ယောက်လျော့ သွားတဲ့အခါ ငါ့အလှည့်ရောက်လာတော့မှာပါလားဆိုတဲ့ စိတ်ကြောင့် စိတ်လှုပ်ရှားနေမိတာ
"Yeo Hwanwoong"
ကျွန်တော့်နာမည်ကိုကြားလိုက်တဲ့အချိန်
သက်ပြင်းချမိရင်း လက်သီးဆုပ်မိကာ
”ငါလုပ်နိုင်မှာပါ”လို့သာ အကြိမ်ကြိမ်တွေးနေမိရင်း
အခန်းထဲဝင်သွားတဲ့အချိန် စားပွဲကို တတောက်တောက်ခေါက်နေရင်း တဖက်ကိုမျက်နှာမူထားတဲ့လူတစ်ယောက်ကိုသာ တွေ့ရတယ်
"မဂ်ါလာပါ Yeo Hwanwoongပါ"
ခါးကိုင်းရင်း နှုတ်ဆက် လိုက်တဲ့အချိန်
ထိုသူဆီက စားပွဲကိုခေါက်သံရပ်တန့်သွားပြီး
"ထိုင်ပါ" လို့ပြောလာတဲ့ သူ့အသံကျွန်တော့်
မှတ်ဉာဏ်ကိုဝိုးတဝါးဖြစ်သွားစေပြီး
ကျွန်တော့်ဘက်လှည့်လာတဲ့ သူ့မျက်နှာကို
မြင်တဲ့အချိန် ကျွန်တော် အံ့သြ သွားမိတယ်
"မတွေ့တာ ကြာပြီပဲ ထိုင်ပါ"
ပြုံးပြီးပြောလာတဲ့ သူကြောင့် ကျွန်တော်
ခေါင်းညိတ်ပြရင်း ဝင်ထိုင်လိုက်တယ်
အပြုံးက အမြဲနွေးထွေးတဲ့သူက
အများကြီးပြောင်းလဲသွားတာပဲ
"စိတ်တော့ မကောင်းပေမဲ့ မင်းကအလုပ်မရဖို့ပိုသေချာ သွားပြီထင်တယ်"
မဲ့တဲ့တဲ့ပြုံးရင်းပြောလာတဲ့စကားကြောင့်
နဲနဲတော့ ဒေါသထွက်မိတယ်
ဒါငါ့နေရာဆိုပြီး တမင်အာဏာ လာပြနေတာ
မဟုတ်လား
"မင်းလဲ ငါနဲ့ အတူတူအလုပ်လုပ်ရမှာ
အဆင်မပြေလောက်ဘူး မဟုတ်လား"
မတွေ့ရတဲ့အတော်အတွင်း ဒီhyungကဘာလို့အဲလောက်အမြင် ကပ်စရာကောင်းလာမှန်းမသိဘူး
"ဘာလို့ အဆင်မပြေဖြစ်ရမှာလဲ ဆိုတာ
နားမလည်တော့ဘူး အာ... မဟုတ်မှလွဲရော
ခင်ဗျားက ကျွန်တော့်ကို...."
ကျွန်တော့်စကားတောင် မဆုံးလိုက်ဘူး
ဒုန်းခနဲ ခုံကိုထုသံကိုကြားလိုက်ပြီး ပျက်ယွင်း
သွားတဲ့hyungမျက်နှာကြောင့် ကြိတ်ပြုံးမိတယ်
ခင်ဗျားအရင် ကျွန်တော့်ကိုလာရွဲ့တာလေ
"ရုပ်ကလေးနဲ့မှမလိုက်အောင် ကြောက်ဖို့
ကောင်းတာပဲ အဆုံးထိ စိတ်မကောင်းဖြစ်တာလေးတောင်မခံစားရဘူးလား နှလုံးသားမရှိလိုက်တာ"
"ကျွန်တော် အလုပ်အင်တာဗျူးလာဖြေတာ
ခင်ဗျားဆီကအပြစ်ပြောတာတွေနားထောင်
ဖို့မဟုတ်ဘူး"
ကျွန်တော့်စကားကို သူက စိတ်ပျက်သွား
သလိုဟက်ခနဲ ရယ်တယ် လေ
"ငါ့အပေါ် ဒီလောက်ထိ လုပ်ရက်နိုင်ပြီး
စိတ်မကောင်းလေးတောင်မဖြစ်ပဲ ကောင်း
ကောင်းနေနိုင်တာပဲ"
"ကောင်းကောင်းမနေနိုင်ရအောင် ကျွန်တော်က လူသတ်ခဲ့တာမှမဟုတ်တာ"
ကျွန်တော် ဘာတွေမှမတွေးနေတော့ပဲ
ပြောချင်တာပြန်ပြောပစ်မိတယ်
ကောင်းကောင်းမွန်မွန်ပြောနေလဲ အလုပ်ရမှာ
မှ မဟုတ်တာ
ထပ်ပြီးတွေ့စရာအကြောင်းလဲမရှိတော့တာ
"မင်းက လူသတ်တာထက် ပိုရက်စက်တာကို
လုပ်ခဲ့တာမဟုတ်ဘူးလား"
တခြားသူတွေကြားရင် ကျွန်တော်ကပဲ
လူယုတ်မာလုံးလုံးကိုဖြစ်လို့
"ကျွန်တော်မရှိရင် အသက်မရှင်နိုင်ပါဘူး
ဆိုတဲ့သူက အခုလို ကျန်းကျန်းမာမာရှိနေသေးတာ ဝမ်းသာစရာပဲ"
"Yeo Hwanwoong!!! "
ကျွန်တော့်ကိုအရင်လာစတာ ဘယ်သူလဲ
သူကစပြီး ဒေါသထွက်ပြီး အော်ပြန်ပြီ
ကျွန်တော်ပြောတာ နဲနဲလွန်သွားလားမသိပေမဲ့သူပြောသမျှ ငြိမ်ကုပ်ခံနေရမှာကတော့
မဟုတ်သေးဘူးလေ
"ထွက်သွား "
"ကျွန်တော်လဲ အရမ်းနေချင်တယ်မထင်နဲ့"
ပြန်ပြောပြီး ထွက်လာဖို့ ခြေလှမ်းယုံရှိသေးတယ်
hyungဆီက စကားကြောင့် လန့်သွားမိတယ်
"မနက်ဖြန်ကစပြီး အလုပ်စဆင်း" တဲ့
ကျွန်တော်တော့ သေပြီ
ဒီလိုတွေထိပြောထားပြီး ဘယ်လိုဆက်ပြီး
မျက်နှာချင်းဆိုင်ရပါ့မလဲ
တကယ် ရူးသွားချင်တော့တာပဲ
Zawgyi
သိချင်မိတယ်
တကယ်ကိုခံပြင်းမိတယ်
........................................
ကိုရွာနေတော့တာ
မှန်သွားတာပဲ
ပြန်ငြိမ်သက်သွားရော
hyung ရဲ့နာမည်က Ravn.....
အရမ်းသဘောကျနေခဲ့တာ
ဒါဘာတွေလဲ
တွေပါ
စားပွဲပေါက လြှောကျလှောတှကေို ဖယ်ချ
ရှိလာခဲ့တာပဲ
........................................................................
woongie ...baby woongie...
ကြည့်နေတယ်လေ
အင်း hyungလဲမသိဘူး
အရမ်းလှတာပဲနော်
အင်း အရမ်းလှတယ် တဲ့
hwanwoongieရိပ်မိမှာပါ hyungကမင်းကိုချစ်တယ်ဆိုတာ အခုသေချာ ပြောပြချင်တယ် hyung က woongieကို ချစ်တယ်
ကျွန်တော်...
ဟဲ့ကလေး...
ဗျာ..အမေ
ဟုတ်ကဲ့ အမေ
အခုထိ မနေ့တနေ့ကလိုပဲ
..........................................................................
တွေးမိလောက်အောင် ကိုယ့်နာမည် ခေါလာမယျ့ အချိန်ကိုစောင့်နေရတာ အရမ်းကြာလွန်းတယ်
တခြားသူတွေရဲ့ နာမည်ခေါသံတွေကြားရပြီး
Yeo Hwanwoong
အမြဲကြီးပြောင်းလဲသွားတာပဲ
မဟုတ်လား
ဖို့မဟုတ်ဘူး
သလိုဟက်ခနဲ ရယ်တယ် လေ
ငါ့အပေါ ဒီလောက်ထိ လုပ်ရက်နိုင်ပြီး
ကောင်းနေနိုင်တာပဲ
မှ မဟုတ်တာ
Yeo Hwanwoong!!! "
မဟုတ်သေးဘူးလေ
ထွက်သွား
ကျွန်တော်တော့ သေပြီ