မုန်းရဲ့အလင်းရောင်

De ShayyLinkar

479K 28.9K 1K

သူငယ်ချင်းဆိုတဲ့ အဖြူရောင်အလွှာလေးကိုငါအရောင်တွေစွန်းထင်စေမိပီအလင်း မုန်း(မုန်းမာန်) သူငယ်ချင်းဆိုတဲ့တံတိုင်း... Mai multe

Part 1 (U+Z)
Part 2 (U+Z)
Part 3 (U+Z)
Part 4 (U+Z)
Part 5 (U+Z)
Part 6 (U+Z)
Part 7 (U+Z)
Part 8 (U+Z)
Part 9 (U+Z)
Part 10 (U+Z)
Part 11 (U+Z)
Part 12(U+Z)
Part 13 (U+Z)
Apologize
Part 14 (U+Z)
Part 15 (U+Z)
Part 16 (U+Z)
Part 17 (U+Z)
Part 18 (U+Z)
Part 19 (U+Z)
Part 20 (U+Z)
Part 21 (U+Z)
Part 22 (U+Z)
Part 23 (U+Z)
Part 23 (Zawgyi)
Part 24 (U+Z)
Part 25 (U+Z)
Part 26 (U+Z)
Part 27 (U+Z)
Part 28 (U+Z)
Part 29 (U+Z)
Part 30 (U+Z)
Part 31 (U+Z)
Part 32 (U+Z)
Part 33 (U+Z)
Part 34 (U+Z)
Part 35 (U+Z) Waning
New Fic
Part 36 (U+Z)
Part 37 (U+Z) Waning
Part 38 (U+Z)
Part 39 (U+Z)
Part 40 (U+Z)
Part 41 (U+Z)
ကျေးဇူးတင်လွှာ & ရည်ရွယ်ချက်
Extra 1 (U+Z)

Part 42 (U+Z) The End

18.5K 629 26
De ShayyLinkar

#Unicode

ဘာလိုလိုနဲ့ပဲ မုန်းရင်ခုန်စွာနဲ့ စောင့်မျှော်နေခဲ့တဲ့ တနင်္လာနေ့ကို ရောက်လို့လာပါပြီ။ ဒီနေ့ မုန်းအလုပ်ရကြောင်း မရကြောင်းကို အကြောင်းပြန်မှာမို့ ဖေဖေ့အနားမှာ တစ်ချိန်လုံးထိုင်နေပြီး အလုပ်လည်းမလုပ်နိုင်ဘဲ Laptop ကြီးကို စိုက်ကြည့်ရင်း ဖင်တောင်မကြွရဲလောက်အောင်ကို ဖြစ်နေရပါတယ်။ ဈေးလည်းမရောင်းနိုင်သလို ဘာအစားမှလည်း မစားနိုင်နဲ့ ရေတောင်မသောက်နိုင်ဘဲ ဖြစ်နေရတယ်။ အဆိုးဆုံးကတော့ ဖင်တောင် မကြွနိုင်ပါဘူး။ နောက်ဆုံးတော့ ကျွန်တော့်ကိုကြည့်ပြီး ဖေဖေလည်း စိတ်မရှည် ဖြစ်သွားပုံရတယ်။

“ဟိတ်ကောင် ဖင်လေးဘာလေးလည်း ကြွပါအုံးကွာ။ အချိန်တန်ရင် သိရမှာပေါ့။ ငါဆိုင်ကိုလာပြီး ကျက်သရေမရှိ မင်္ဂလာမရှိ မျောက်မှိုင် မှိုင်မနေနဲ့ကွာ လာဒ်တိတ်တယ်”

“နေပါဦး ဖေဖေရာ။ ကျွန်တော် ခုချိန် ဘာမှ လုပ်နိုင်ဦးမှာ မဟုတ်ဘူး။ ခဏလေးပါဗျာ”

ကျွန်တော့်မှာ Mail ဝင်လာရင် မသိမှာဆိုးလို့ Mail ထဲကို ဝင်ပြီး Reload လုပ်ရတာအမော။

“ဟေ့ကောင် မင်းLaptop ကို ဒီတိုင်းထားခဲ့ပြီး အလုပ်သွားလုပ် သွား။ မင်း Laptop ကို ဘယ်သူမှ မကိုင်စေရဘူး။ သွားကွာ ငါ့အနားကနေ။ မင်းကိုကြည့်ရတာ စိတ်မချမ်းသာလို့”

“ဖေဖေကလည်းဗျာ”

ဖေဖေ့ကို ဘာမှပြန်ပြောမနေတော့ဘဲ ဖုန်းရောင်းတဲ့နေရာမှာ ငူငူကြီးနဲ့ ငုတ်တုတ်သွားထိုင်နေလိုက်တယ်။ ကျွန်တော်တစ်မနက်လုံး စောင့်နေတာကိုတောင် Mail ဝင်မလာပုံထောက်ရင် အလုပ်မရတာ သေချာနေလောက်ပါပြီ။ တကယ်ဆို အလုပ်မခန့်ဘူးဆိုလည်း Sorryဆိုတာလောက်လေးတော့ အကြောင်းပြန်သင့်ပါတယ်။ ခုတော့ Sorry လေးတောင် အကြောင်းပြန်မလာဘူး။ ညနေလေးနာရီထိုးလောက်ကြတော့ စိတ်ကမနေနိုင်တာမို့ Mail စစ်ကြည့်လိုက်မိတယ်။ တွေ့လိုက်ရပါပြီ Mail အသစ်တစ်‌စောင်။ ရင်တွေခုန်ပြီး တုန်ယင်နေတဲ့လက်ကလေးနဲ့ ကလစ်တစ်ချက် ထောက်လိုက်တယ်။ ပွင်လာတဲ့ Mail ကို ‌မရဲတရဲကြည့်လိုက်တော့ Congratulations တဲ့။ ဘုရား ဘုရား လုံးဝမယုံနိုင်တာမို့ မျက်လုံးလေးနှစ်ဖက်ကို လက်လေးနဲ့ ပွတ်သပ်ပြီး သေချာအောင် ပြန်ကြည့်လိုက်တော့ Congratulations ပါတဲ့။

ဝမ်းသာအားရ အကျယ်ကြီးအော်ပြီး ထခုန်လိုက်တော့ ဆိုင်ထဲမှာ ရှိသမျှလူတွေအကုန်လုံးက ကျွန်တော့်ကို မျက်လုံးလေးတွေပြူးပြီး ငေးကြည့်လာကြတယ်။ ကျွန်တော် ဖေဖေ့မျက်နှာကို သေချာကြည့်ပြီး ပြောလိုက်တယ်။

“ဖေဖေ ကျွန်တော် အင်တာဗျူးအောင်သွားပြီ။ တစ်လကို ဒေါ်လာ ၃၀၀၀ (မြန်မာငွေ သိန်းသုံးဆယ်ကျော်) ရမှာတဲ့ဖေဖေ။ ဖေဖေ့ကတိကို ဖေဖေတည်ပေးပါ။ ဒီလကုန် အလုပ်စဝင်ရမယ်ဖေဖေ။ လကုန်ဖို့ နှစ်ပတ်ပဲလိုတော့တာမို့ စင်္ကာပူကိုလိုက်ပို့ဖို့ ပြင်ဆင်ပေးထားပါဖေဖေ”

မုန်းတစ်ယောက် အပျော်တွေလွန်ပြီး ခြေထောက်နဲ့မြေကြီးတောင် မထိတော့ပါဘူး။ အရင်ဆုံး နွေ့ကိုဖုန်းဆက်ရမယ်။ ဆိုင်မှာထားတဲ့ အထိုင်ဖုန်းနဲ့ နွေ့ကိုဖုန်းခေါ်လိုက်တော့ ဖေဖေကအနားမှာ လာရပ်နေပါတယ်။ ရပ်ပေါ့ နွေ့ကိုဆက်တာ။ အလင်းကိုဆက်တာမှ မဟုတ်တာ။ နွေ့ကိုပြောလိုက်တာနဲ့ အလင်းဆီကို သတင်းက ချက်ချင်းရောက်မှာပါဖေဖေ။ သားကိုယ်တိုင် အလင်းကို ဖုန်းဆက်စရာ မလိုပါဘူးဗျာ။ ဖေဖေအရမ်းညံ့တာပဲ ဟဲဟဲ။

“ဟဲလို နွေ”

“အေး မုန်းပြောလေ။ ဘာပြောမလို့လဲ”

“ငါစင်္ကာပူမှာ လျှောက်ထားတဲ့အလုပ် ရသွားပြီ။ အင်တာဗျူးအောင်တယ်။ အဲ့ဒါ လကုန်တာနဲ့ ငါစင်္ကာပူကို သွားရတော့မယ်လို့ နင်တို့ကို လှမ်းကြွားတာ”

“ဟမ် နင်ဘွဲ့မယူတော့ဘူးလားမုန်းရဲ့”

“မယူတော့ပါဘူးဟာ။ ဘွဲ့ကို အဝေးရောက်ပဲ ယူတော့မယ်။ ဘွဲ့ဓာတ်ပုံကိုတော့ ရန်ကုန်ရောက်မှ ဖေဖေနဲ့မေမေ့ကိုခေါ်ပြီး ဓာတ်ပုံသွားရိုက်လိုက်တော့မယ်”

“အေးပါဟယ်။ အလုပ်ရတယ်ဆိုလို့ ဝမ်းသာပါတယ်။ ဒါပေမဲ့ နင်နဲ့ခွဲရမယ်ဆိုတော့ ငါတကယ်စိတ်မကောင်းဘူးဟာ”

“စိတ်မကောင်းမဖြစ်ပါနဲ့ဟာ။ ငါနင့်တို့ကို ဆက်သွယ်မှာပေါ့ဟ”

“အေးပါ မုန်းရယ်။ ငါ့သူငယ်ချင်းလေး အလုပ်ရပြီဆိုလို့ ဝမ်းသာပါတယ်”

“နင့်ကို အရင်ဆုံး လှမ်းပြောပြတာ။ ငါ မေ‌မေ့ကို ဖုန်းဆက်လိုက်ဦးမယ်။ ဒါပဲနော်”

“အေး‌အေး ဒါပဲနော် မုန်းလေး”

ငါ့ကို အရင်ဆုံး ပြောပြတာတဲ့လား။ ငါ့ကို အရင်ဆုံး ပြောပြချင်လို့ မဟုတ်ဘဲ အလင်းကို အရင်ဆုံး ပြောပြချင်တာမို့လား လူလည်လေး။ သူ့ကိုကို့ကို အရင်ဆုံးအသိပေးချင်လို့ နွေ့ကိုအရင်ဆုံးပြောပြသွားတာ။ မုန်းရဲ့အမှာစကားကိုပါးဖို့ အလင်းဆီဖုန်းခေါ်လိုက်တယ်။

“ဟဲလို နွေ”

“အလင်း မုန်းလေးက စင်္ကာပူမှာလျှောက်ထားတဲ့အလုပ် အင်တာဗျူးအောင်သွားပြီတဲ့”

“တကယ်လားနွေ။ ငါ့ကလေးပေါက်က တော်လိုက်တာဟာ”

“အင်း မုန်းက တကယ်တော်တယ်။ ပြီးတော့ ခုလကုန်သွားရမယ်လို့ပြောတယ်”

“တကယ်လားနွေ ခုလကုန် တကယ်လား။ မြန်လိုက်တာ။ လကုန်ဖို့ နှစ်ပတ်ပဲ လိုတော့တာလေ”

“အေး တော်တော်မြန်တယ်ဟာ။ ငါလည်း သူအလုပ်ရလို့ ဝမ်းသာပေမယ့် ငါတို့နဲ့ခွဲသွားတော့မယ်ဆိုတော့ စိတ်ထဲတောင် မကောင်းဘူးဟာ”

“ငါကတော့ ပျော်နေတယ် နွေ။ ဒီမှာနေတာ မတွေ့ရတဲ့အပြင် အဆက်အသွယ်လည်းမရှိ အသံလေးတောင်မကြားရတာ။ မုန်း စင်္ကာပူ မြန်မြန်သွားမှ အသံလေးကြားပြီး ရုပ်လေးပါမြင်ရမှာ။ ငါ့အသဲလေး ပိန်လား ဝလား ဘယ်လိုအနေအထားလဲတောင် မမှန်းတတ်တော့ဘူးဟာ။ လွမ်းတယ် အရမ်းပဲ”

“အေးပါအလင်းရယ် နင်တို့နှစ်ယောက် အမြန်ဆုံး နီးနိုင်ပါစေဟာ”

“ပေးတဲ့ဆုနဲ့ပြည့်ပါရစေနွေ”

ကလေးပေါက် အလုပ်ရသွားပြီတဲ့။ တကယ်ကို တော်လွန်းတဲ့ ကျွန်တော့်ရဲ့ကလေးပေါက်။ ဖြစ်ချင်လာပြီဆို မရ ရအောင် လုပ်တတ်လွန်းလို့ အချစ်တွေပိုရပါတယ်။ ကိုယ်တို့တွေ နီးရမယ့်ရက်ကို ရေတွက်ရင်း စောင့်နေပါ့မယ် ခလေးငယ်။

***********

စင်္ကာပူသွားဖို့အတွက် ရန်ကုန်ကို ဖေဖေနဲ့မေမေရယ် မုန်းရယ် ချီတက်ခဲ့ကြပါတယ်။ မုန်းမနက်ဖြန်ဆို သွားရတော့မယ်လေ။

“မေမေ”

“ရှင့်”

“သားမသွားခင်လေး အလင်းနဲ့ ခဏလောက်ဖြစ်ဖြစ် တွေ့ချင်တယ် မေမေရာ။ ကူညီပေးပါနော်”

“မေမေ ဘယ်လိုကူညီပေးရမလဲ”

“ဒီလိုလုပ် မေမေနေမကောင်းလို့ ဆေးခန်းသွားပြဦးမယ်လို့ ဖေဖေ့ကိုပြောလိုက်”

“သားအဖေက လိုက်ပို့တော့ ဘယ်လိုလုပ်မလဲ”

“မလိုက်ပို့လောက်ပါဘူး မေမေရာ။ သူ့အလုပ်နဲ့သူတောင် ရှုပ်နေတာကို။ ပြီးတော့ သားကိုမေမေ့ဖုန်းလေး ခဏငှား”

“ရော့”

မေမေ့ဖုန်းကိုယူပြီး အလင်းကို ဖုန်းခေါ်လိုက်တယ်။

“ဟဲလို အလင်း”

“မုန်း”

“ငါမနက်ဖြန် သွားရတော့မှာ။ ငါမင်းနဲ့ ခဏလောက်ဖြစ်ဖြစ် တွေ့ချင်တယ်။ အဲ့ဒါကြောင့် မင်းအသိ ဆေးခန်းလေးဘာလေး ငါတို့နားမှာရှိလား”

“အင်းရှိတယ်။ တီချယ်ဆုဆေးခန်း”

“အဲ့ဆေးခန်းလိပ်စာကိုပေး။ မင်းက ဆရာမကို အကျိုးအကြောင်းပြောပြီး ဆရာမဆေးခန်းထဲမှာ စောင့်နေပေး။ ငါနဲ့မေမေ ဆေးခန်းလာပြမလို့”

“အင်း လိပ်စာပို့ပေးမယ်”

ဟူးးးးး ရင်တွေခုန်လိုက်တာ။ ချစ်သူနဲ့ ခိုးတွေ့ရတာ ဒီလောက်ရင်ခုန်ရမှန်း မသိခဲ့ဘူး။ ဒါ့ကြောင့် ရှေးလူကြီးတွေက ကောက်ရိုးပုံမှာ ခိုးတွေ့ကြ‌တာနေမှာ။

“မေမေ သွားရအောင်”

“သားအဖေကိုပြောဦးလေ”

“ဟုတ်မေမေ။ သားအနောက်ကသာ မေမေလိုက်ခဲ့ပေး”

“သားအရှေ့ကသွား မေမေနောက်ကလိုက်ခဲ့မယ်”

အိမ်ရှေ့မှာ ဖုန်းတစ်လုံးနဲ့ အလုပ်ရှုပ်နေတဲ့ဖေဖေ့အနားကို သွားလိုက်တယ်။

“ဖေဖေ မေမေနေမကောင်းလို့ ကျွန်တော်ဆေးခန်းလိုက်ပို့မလို့”

“မြန်မြန်သွားပြီး မြန်မြန်ပြန်။ အိမ်က Driverကိုခေါ်သွား။ မင်းတို့သားအမိနှစ်ယောက်တည်း မသွားနဲ့”

“စိတ်မချရင် ဖေဖေလိုက်ပို့ပေးလေ”

“ဖြစ်နိုင်ရင် လိုက်ပို့ပေးတယ်။ မအားလို့”

သိနေတယ်လေ အဲ့လိုမျိုးလေးပဲ ကြားချင်တာပါဖေဖေ ဟဲဟဲ။

“ဆေးခန်းဆိုလည်း ဆေးခန်းပဲသွားနော်။ ဟိုဝင်ဒီထွက် လုပ်မနေနဲ့”

“စိတ်ချဖေဖေ သားလည်း လင်နောက်မလိုက်ပါဘူး။ ခုနေလိုက်လို့ မဖြစ်သေးလို့ မလိုက်သေးဘူးဖေဖေ။ ပိုက်ဆံစုပြီးမှ လိုက်မှာ”

“မင်းးးးးး”

ဖေဖေ့ကိုပြောပြီး အပြင်ကို ပြေးထွက်လာခဲ့လိုက်တယ်။ ဖေဖေကတော့ ဒေါသတွေ တပွေ့တပိုက်နဲ့ ကျန်ခဲ့လေရဲ့။ မေမေကတော့ အလိုက်သိတတ်စွာနဲ့ မုန်းနောက်ကနေ ထပ်ချပ်မကွာ လိုက်လာခဲ့ပေးတယ်။ သိပ်ကိုချစ်ဖို့ကောင်းတဲ့ မေမေရယ်ပါ။

အလင်းလိပ်စာပို့ပေးတဲ့ ဆေးခန်းကိုရောက်တော့ အလင်းကို ရှာကြည့်လိုက်တယ်။ မေမေ့ကို ဆရာမက သွေးပေါင်တိုင်းပေးနေတဲ့ အချိန်မှာ အလင်းက မုန်းလက်ကိုလာဆွဲပြီး ဆေးခန်းရဲ့နောက်က အခန်းငယ်လေးထဲကို ခေါ်သွားတယ်။

အခန်းထဲကိုရောက်တော့ မုန်းရဲ့ နှုတ်ခမ်းကို တရှိုက်မက်မက် နမ်းလိုက်တယ်။ ကျွန်တော် ဒီနှုတ်ခမ်းလေးကို အမြဲလွမ်းနေခဲ့တာပါ။ ကျွန်တော့်ရဲ့ ပူရှိန်းလေးကို ကျွန်တော်လွမ်းနေခဲ့တာ။ အနမ်းမိုးတွေ သည်းထံစွာရွာချပြီးတဲ့ နောက်မှာ‌တော့ ကျွန်တော့်ကလေးငယ်ကို အသက်ရှုခွင့်ပေးလိုက်တယ်။

“ကိုကို့ကို မုန်းအရမ်းလွမ်းနေခဲ့တာ”

အပြောလေးနဲ့အတူ နှုတ်ခမ်းကို ချိုမြိန်စွာ လာနမ်းတဲ့ ကလေးပေါက်လေးပါ။

“ကိုကိုရောပဲ မုန်းပေါက်ရယ်။ အရမ်းလွမ်းနေခဲ့တာ”

နဖူးလေးကို အနမ်းပေးပြီး တစ်ဆက်တည်းမှာပဲ ပါးလေးကိုပါ အားရပါးရ မွှေးကြူလိုက်တယ်။ ကျွန်တော်မြတ်နိုးတဲ့ ဒီပါးလေးတွေကို ဘယ်ချိန်ထိခွဲရမယ်မှန်း မသိဘူးလေ။

ကျွန်တော့်ကလေးလေးက မတွေ့ရတာ အရမ်းကြာနေပြီမို့လို့လား မသိဘူး အသားတွေ အရင်ကထက် ပိုဖြူလာတယ်။ မျက်နှာလေးသွယ်ပြီး လူလည်း နည်းနည်းပိန်သွားတယ်။ ဆံပင်လေးကတော့ ဂုတ်တောင်ကျော်နေပါပြီ။ မုန်းလေးက ဆံပင်အရှည်လေးနဲ့ သိပ်လိုက်တာပဲ။ အရမ်းချစ်ဖို့ကောင်းတယ်။

“မုန်းလေး ဆံပင်တွေ ဂုတ်တောင်ကျော်နေပြီ။ မညှပ်နဲ့ အရှည်ပဲထား။ မုန်းရဲ့ဆံပင်‌လေးတွေကို ကိုကို အရမ်းမြတ်နိုးတာမို့ လုံးဝမညှပ်ရဘူးနော်”

“ဟုတ် လုံးဝမညှပ်ဘူးကိုကို။ မုန်း အရှည်ထားလိုက်တော့မယ်”

“ချစ်လိုက်တာ အသဲပေါက်လေးကို။ ကိုကိုအရမ်းလွမ်းနေခဲ့ရတာ။ ဒီကလေးလေးကို”

“ကိုကိုနဲ့မုန်း အကြာကြီးခွဲရမှာ။ မုန်း ခွဲတောင် မခွဲချင်ဘူး”

“ကိုကိုရောပဲ။ ဒါနဲ့ ဘယ်နှစ်နှစ်နေမယ်လို့ ဆုံးဖြတ်ထားလဲ အသဲ”

“သုံးနှစ်ကိုကို”

“ဒါဆို ကိုကိုဆရာဝန်ဖြစ်ပြီးတော့မှ ပြန်လာမှာပေါ့”

“အင်း”

“ကိုကိုမျှော်နေမယ်နော် ကလေးပေါက်လေး”

“ဟုတ်ကဲ့ကိုကို။ မေမေပါလာတာမို့ မုန်းပြန်‌တော့မယ်။ ဟိုရောက်ရင် အမြဲဆက်သွယ်ပါ့မယ်ကိုကို”

“အင်း အသဲပေါက်လေး”

ပြန်ခါနီးတော့ နှုတ်ဆက်အနမ်းလေး ပေးဖြစ်ပြန်တယ်။ ဒီတစ်ခါလည်း အနမ်းကရှည်ကြာပါတယ်။ ဘယ်လောက်ကြာအောင် နမ်းလိုက်မိသလဲဆိုရင် မုန်းရဲ့နှုတ်ခမ်းလေးတွေ ဖူးယောင်လာတဲ့အထိပါပဲ။ ဆက်နမ်းရင် ဒီနေရာမှာ မိုးချုပ်သွားနိုင်တာမို့ မလွှတ်ချင်လွှတ်ချင်နဲ့ လွှတ်ပေးလိုက်ရတယ်။

“ကိုကို မုန်းသွားတော့မယ်နော်”

“ဟိုရောက်ရင် ကျန်းမာရေး ဂရုစိုက်နော်။ ဖေဖေနဲ့မေမေပြန်သွားတာနဲ့ ကိုကို့ကို နေ့တိုင်းဆက်သွယ်ပေးပါနော်“

“ဟုတ်ကိုကို။ ကိုကိုလည်း ကျန်းမာရေးကို ဂရုစိုက်ပါ။ အရမ်းကြီးချောအောင် မနေပါနဲ့။ မုန်းစိတ်မချဘူးကိုကို။ ခုတောင် မတွေ့ရတာကြာလို့လားမသိဘူး အရမ်းချောနေတယ်။ မုန်းမရှိတဲ့အချိန်မှာ ချောအောင်မနေပါနဲ့”

“ဟုတ်ကဲ့ပါဗျာ”

“မုန်းသွားပြီကိုကို”

“တာ့တာ မုန်း”

မုန်းထွက်သွားတော့မှ အလင်းတားထားသမျှ မျက်ရည်တွေက မရပ်တန့်နိုင်အောင် ဖိတ်စင်လာခဲ့တယ်။ ကျွန်တော် ဒီလောက်ချစ်ဖို့ကောင်းလွန်းတဲ့ ကလေးလေးကို သုံးနှစ်ကြီးတောင် ခွဲရတော့မှာတဲ့ဗျာ။ ကျွန်တော်တော့ ရူးလောက်အောင်ကို လွမ်းနေရတော့မယ်ထင်ပါတယ်။

ဆေးခန်းကပြန်လာတဲ့လမ်းတစ်လျှောက် မေမေ့ရင်ခွင်ထဲကိုဝင်ပြီး ရှိုက်ကြီးတငင် ငိုခဲ့မိတယ်။ ကျွန်တော် အလင်းနဲ့ မခွဲနိုင်ဘူး။ ဒါပေမဲ့ မုန်းတို့ဘဝရှေ့ရေးအတွက် ခွဲရတော့မှာပေါ့။ မတတ်နိုင်ဘူးလေ။

မုန်း စင်္ကာပူကိုသွားတဲ့နေ့က အလင်းကလွဲရင် ကျန်တဲ့သူအားလုံးက လေဆိပ်ကို လာနှုတ်ဆက်ကြတယ်။ နွေ၊ ရှားနဲ့မေသူကတော့ လွမ်းနေမယ့်အကြောင်းတွေပြောပြီး ရှိုက်ကြီးတငင်ကို ငိုခဲ့ကြတာပါ။ နွေယံလေးကလည်း အားသစ်နဲ့ အတူတူလိုက်လာခဲ့ပြီး ကျွန်တော့်ကို ဖက်ပြီးငိုရှာတယ်။ အားသစ်နဲ့သုတကတော့ မငိုပေမယ့် စိတ်မကောင်းဖြစ်‌နေတဲ့ ရုပ်လေးတွေနဲ့ပါ။ ဖေဖေလူဆိုးကြီးကြောင့် အလင်းကတော့ ကျွန်တော့်ကို လာရောက်နှုတ်ဆက်ခွင့် မရဘူးလေ။

မုန်း စင်္ကာပူရောက်ပြီး နောက်တစ်နေ့မှာပဲ အလုပ်စ’ဆင်းရတယ်။ ဖေဖေက မုန်းကို ပထမဆုံး အလုပ်ဆင်းရတဲ့နေ့မှာ ရုံးကို လိုက်ပို့ပေးတယ်။ တကယ်ဟုတ်မဟုတ် သိချင်လို့နေမှာပါ။ မုန်းကို သူလည်း မယုံကြည်တော့ဘူးလေ။ အဲ့တော့ အလုပ်တကယ်ရ/မရကို အတည်လိုက်ပြုတယ်ဆိုပါတော့။ မုန်းတကယ်အလုပ်ရတယ်ဆိုတာ သိတော့ ဖေဖေမင်းအတွက် ဂုဏ်ယူပါတယ်တဲ့။ မုန်း စင်္ကာပူရောက်ပြီး နှစ်ပတ်အကြာမှာ ဖေဖေနဲ့မေမေပြန်သွားခဲ့တယ်။ မပြန်ခင်မှာ ဖေဖေကမှာသွားသေးတယ်။

“မုန်း ငါမင်းကို တစ်နေ့ Video Call သုံးခါ ခေါ်မှာနော်။ မင်းအဒေါ်တွေကိုလည်း နေ့တိုင်းဖုန်းဆက်မေးမှာ။ ဒီနိုင်ငံ‌ကနေ မင်းအကောင်ကို ခိုးတွေ့ဖို့ ပြန်လာမယ် မကြံနဲ့။ ငါမင်းကို မျက်လုံးဒေါက်ထောက်ကြည့်နေမှာ။ မင်းအကောင်ကို ဒီကိုလာခိုင်းပြီး ခိုးတွေ့ဖို့လည်း မစဉ်းစားနဲ့ ကြားလား”

“ခိုးလည်း မတွေ့ဘူး။ ပေါ်တင်လည်း မတွေ့ဘူး။ စိတ်ချဖေဖေ။ ကျွန်တော်မြန်မာပြည်ကို ပြန်လာတဲ့နေ့က ဖေဖေကျွန်တော့်ကို လုံးဝဆက်သွယ်လို့ မရတဲ့နေ့ပဲ။ ကျွန်တော့်ကို ဆက်သွယ်လို့ မရဘူးဆိုတာနဲ့ ကျွန်တော် မြန်မာပြည်ကို အပြီးပြန်လာပြီလို့ မှတ်လိုက်တော့ဖေဖေ။ ကျွန်‌တော် မြန်မာပြည်ပြန်လာလည်း အလင်းနဲ့မခွဲမခွာ အတူနေနိုင်မယ့်အချိန် နှစ်ယောက်တစ်ဘဝ ထူထောင်နိုင်မယ့် အချိန်ကြမှ အလင်းအနားမှာ အမြဲနေဖို့ပြန်လာမှာ”

“ . . . “

“ပြီးတော့ သူများရဲ့အဖိုးတန်သားသမီးကို အကောင်လို့ မခေါ်ပါနဲ့ဖေဖေ။ ဖေဖေခေါ်နေတဲ့ အဲ့ဒီအကောင်ဆိုတာ မကြာခင်မှာ ‌ဆရာဝန်ဖြစ်တော့မယ်သူပါ။ လူတကာက တရိုတသေ ဒေါက်တာအလင်းရောင်လို့ အခေါ်ခံရတော့မယ်သူပါဖေဖေ။ ဒါ့ကြောင့် အကောင်လို့မခေါ်ပါနဲ့”

“မင်းအကောင်ကို မင်းပဲအထင်ကြီးနေလိုက်မုန်း။ ငါကတော့ သားမွေးထားပြီး သားမက်မလိုချင်ဘူး ချွေးမပဲလိုချင်တာ”

“စိတ်ချဖေဖေ။ ကျွန်တော်ကလည်း ယောင်္ကျားယူပြီး ခလေးမွေးမှာမို့ ဖေဖေသားမက်ပဲရမှာလို့ တထစ်ချတွေးပြီး မြေးချီဖို့ ပြင်ထားပါဖေဖေ”

“မုန်းမာန်”

“ကဲ ကိုမာန်ထက် သားနဲ့ရန်ဖြစ်မယ်ဆို ရှင်ကျန်ခဲ့လိုက်။ ကျွန်မပြန်တော့မယ်”

ထိုနေ့က မုန်းအပြောတွေကြောင့် ဖေဖေသွေးတက်ပြီး မြန်မာပြည်ကို ပြန်သွားခဲ့ရတယ်။ မုန်းကို ပြန်ခေါ်သွာပြီး အိမ်‌မှာလှောင်ပိတ်ထားဖို့ မဖြစ်နိုင်တော့တာကို သိတာမို့ အလုပ်ရှာလို့ရရင် အလုပ်လုပ်ခွင့်ပြုမယ်လို့ ပေးထားတဲ့ သူ့ကတိနဲ့သူ မုန်းကိုထားမခဲ့ချင်ဘဲ ထားခဲ့ရပါတော့တယ်။

*************

မုန်း ပထမဆုံး အလုပ်စ’ဆင်းတဲ့နေ့မှာ ပထမဆုံးခင်မိတာက ကိုရီးယားသူမလေးနဲ့ပါ။ သူလေးကလည်း Fujoshi မလေး။ သူ့နာမည်က ယူမီတဲ့။ သူလည်းမုန်းလိုပဲ ပထမဆုံး အလုပ်စ’ဆင်းတဲ့ ဝန်ထမ်းအသစ်လေးပါပဲ။ မုန်းတို့ တစ်ယောက်ကိုတစ်ယောက် အားပေးရင်းနဲ့ အလုပ်လုပ်ခဲ့ကြတယ်။ နှစ်ယောက်လုံးက အမြဲတပူးပူး တတွဲတွဲနဲ့ မခွဲခဲ့ကြသလို တစ်ယောက်ကိုတစ်ယောက်လည်း အရမ်းချစ်ကြတယ်။ ပထမဆုံး အလုပ်တူတူဆင်းရတဲ့ ရွယ်တူသူငယ်ချင်းတွေမို့ ထင်ပါတယ်။ အရမ်းခင်တဲ့ အချစ်ဆုံးသူငယ်ချင်းတွေ ဖြစ်ခဲ့တယ်။ ယူမီက ပထမဆုံး စ’ခင်တဲ့နေမှာပဲ မုန်းကို ချစ်သူရှိလားလို့မေးလာခဲ့လို့ အလင်းပုံကိုပြပြီး ဒါငါ့ချစ်သူလို့ ပြောပြလိုက်တော့ ယူ့semeကြီးက အရမ်းချောတာပဲတဲ့။ ယူတို့နှစ်ယောက် သိပ်ကိုလိုက်ဖက်တယ်ပြောလို့ မုန်းမှာ ဘဝင်တွေ မြင်ခဲ့ရပါသေးတယ်။

နောက်ပိုင်း အလင်းနဲ့ video call ပြောဖြစ်တဲ့အခါ ယူမီနဲ့အလင်းကို မိတ်ဆက်ပေးဖြစ်ခဲ့တယ်။ အဲ့နောက်ပိုင်းတော့ မုန်းနဲ့အလင်း Video Call ပြောတဲ့အခါတိုင်းလိုလို ယူမီပါ စကားဝင်ပြောတာမို့ အလင်းနဲ့ယူမီလည်း တော်တော်ခင်နေကြပါပြီ။ ကျန်တဲ့ သူငယ်ချင်းအားလုံးနဲ့လည်း socialကောင်းလွန်းတဲ့ ယူမီ့ကို ခင်ကြတယ်။ သူငယ်ချင်းအားလုံးထဲမှာမှ ယူမီ့အချစ်တော်လေးက နွေယံပါ။ တစ်ခါက သုတနဲ့မုန်း Vidoe Call ခေါ်ပြီး စကားပြောဖြစ်တော့ နွေယံက သုတအနားမှာရှိနေတာမို့ ယူမီက ဘယ်သူလေးလဲမေးတော့ သုတရဲ့Ukeလေးလို့ ဖြေလိုက်တဲ့ အချိန်ကစပြီး နွေယံက ယူမီ့ရဲ့အချစ်တော်လေးဖြစ်ခဲ့တယ်။

စင်္ကာပူကို ရောက်ပြီးကတည်းက မုန်းနဲ့အလင်း မနက်တိုင်း ဖုန်းပြောဖြစ်ကြတယ်။ ညတိုင်း Video Call ခေါ်ပြီး စကားပြောဖြစ်ခဲ့တယ်။ သတိရရင် သတိရသလို Video Call ပြောဖြစ်ခဲ့ကြတယ်။ ဖေဖေက မုန်းတို့ကို လူချင်းပဲ ခွဲလို့ရခဲ့တာပါ။

ဖေဖေက မုန်းတို့နှစ်ယောက်ကို အဆက်အသွယ်လည်း ဖြတ်လို့မရခဲ့သလို မုန်းတို့အချစ်တွေကိုလည်း ဝေးသွားအောင် မလုပ်နိုင်ခဲ့ပါဘူး။ မုန်းဘယ်နေရာမှာ ရှိနေတယ်ဆိုတာကို ဖေဖေအတည်ပြုနိုင်ဖို့ ဖေဖေ့ကို တစ်နေ့ကို Video Callသုံးခါ ခေါ်ပေးရတယ်။

မုန်းနဲ့အတူနေတဲ့အဒေါ်က ဖေဖေ့ညီမဝမ်းကွဲဆိုပေမယ့် နိုင်ငံခြားမှာ အနေကြာနေတဲ့သူမို့ မုန်းနဲ့အလင်းရဲ့ချစ်ခြင်းကို နားလည်ပေးခဲ့တယ်။ ဒေါ်လေးက မုန်းတို့အကြောင်းကိုလည်း ဖေဖေ့ကို ဘာမှပြန်မပြောခဲ့ဘူးလေ။ အဲ့‌ဒါကြောင့် မုန်းနဲ့အလင်း ဖုန်းပြောတာ Video Callပြောတာကို ဒေါ်လေးရှေ့မှာလည်း လွတ်လွတ်လပ်လပ် ပွင့်ပွင့်လင်းလင်း ပြောလို့ရခဲ့တယ်။ ဖေဖေကတော့ သူ့ညီမကိုယုံပြီး ထားခဲ့တာမို့ စိတ်ချနေမှာပေါ့။ တစ်ခါတလေကြတော့လည်း ဖေဖေက သိပ်ကိုသနားဖို့ကောင်းပါတယ်။ ဖေဖေ့ကိုသနားမိပေမယ့် အလင်းနဲ့လည်း မခွဲနိုင်ဘူးလေ။ တောင်းပန်ပါတယ်ဖေဖေ။

မုန်း စင်္ကာပူရောက်ပြီး နှစ်နှစ်မြောက်တဲ့အချိန်မှာ Project တစ်ခုအတွက် ယူမီနဲ့အတူ ကိုရီယားကိုသွားဖို့ အကြောင်းဖန်လာခဲ့တယ်။

“ဟဲလို ကိုကို”

“ဗျာ့”

“မုန်းနောက်လထဲမှာ ကိုရီးယားကိုသွားရမှာမို့ မုန်းကို ကိုရီးယားမှာ လာတွေ့ပေးပါ။ မုန်းကိုချစ်ရင်”

ပြောတာလေးကိုက မုန်းကိုချစ်ရင်တဲ့ စကားတတ်လေး။ မလာပေးရင်သူ့ကို မချစ်လို့ပေါ့။

“ဟုတ်ကဲ့ပါဗျာ လာခဲ့ပါ့မယ်။ ကိုကို ရက်အကြာကြီးတော့ နေလို့မရဘူး ကလေးပေါက်။ အလွန်ဆုံးနေလို့ရရင် နှစ်ရက်ပဲ နေလို့ရမှာ”

“ရတယ်ကိုကို။ ကိုကို့မျက်နှာလေးကို တစ်နာရီလောက် တွေ့ခွင့်ရရင်တောင်ဖြစ်တယ်”

“ဟုတ်ပါပြီဗျာ။ လာခဲ့ပါ့မယ်”

အလင်းက ကျောင်းပြီးလို့ ဆရာဝန်ဖြစ်တာ သိပ်မကြာသေးပါဘူး။ ကလောမှာတာဝန်ကျတာမို့ ကိုရီယားကိုသွားဖို့ ရန်ကုန်ကို တစ်ရက်ကြိုသွားမှ အဆင်ပြေမှာပါ။ ဆေးရုံအုပ်ကြီးကို တစ်လအကြိုကတည်းက ခွင့်တင်ပြီး ကိုရီးယားကိုသွားဖို့ စီစဉ်ရတယ်။ ကလောမှာ ကိုယ်ပိုင်ဆေးခန်းလေးလည်း ဖွင့်ထားသလို ပုဂ္ဂလိက ဆေးရုံတွေမှာလည်း အချိန်ပိုင်း ထိုင်ပေးဖြစ်တာမို့ အာလုံးကို ကြိုပြီးခွင့်တိုင်ထားရသလို လူနာတွေကိုလည်း ဘယ်နေ့တော့ ခရီးသွားရမှာမို့ အဲ့ရက်တွေ ဆေးခန်းပိတ်ပါမယ်ဆိုပြီး ကြိုတင်ပြောပြထားရတယ်။

မုန်းလေးကို သွားတွေ့ဖို့ စုဆောင်းထားသမျှပိုက်ဆံလေးတွေကို ထုတ်သုံးရတော့မှာပဲ မတတ်နိုင်ဘူးလေ။ အရမ်းလွမ်းနေပြီကိုး။

ကိုရီးယားကို မုန်းကိုတွေ့ဖို့သွားတဲ့နေ့က ကျွန်တော့်အတွက် ရင်အခုန်ရဆုံးနေ့ပါပဲ။ မုန်းနဲ့အပြင်မှာမတွေ့ရတာ နှစ်နှစ်တောင်ရှိခဲ့ပြီမို့လား။ လေဆိပ်မှာ ကျွန်တော့်ကိုလာကြိုတဲ့ မုန်းလေးက ဆံပင်းလေးကို စုစည်းထားပြီး ထိပ်ပေါ်တည့်တည့်မှာ ဆံထုံးလေး ထုံးထားတယ်။ အရင်လို ကလေးဆန်တဲ့ အငွေ့အသက်တွေ မရှိတော့ဘဲ လူကြီးဆန်စွာနဲ့ ရင်ကျက်တည်ငြိမ်ပြီး အရင်ကထက် ပိုချောလာတယ်။ အစကတည်းက အလင်းထက် အနည်းငယ်ပုပေမယ့် အရပ်ရှည်တဲ့အထဲမှာပါတဲ့မုန်းက လေ့ကျင့်ခန်းတွေ လုပ်ထားလို့နဲ့တူပါရဲ့ ခန္ဓာကိုယ်အချိုးအစားက အရင်ကလို သေးသေးလေးမဟုတ်ဘဲ ယောင်္ကျားပီပီသသ ဖြစ်လို့နေပါပြီ။ ကျွန်တော့်ကလေးပေါက်က လွန်ခဲ့တဲ့နှစ်နှစ်ကျော်က ကျွန်တော်ချစ်ခဲ့ရတဲ့ ကလေးပေါက်လေးနဲ့မတူဘဲ ရင့်ကျက်တည်ငြိမ်တဲ့ ယောင်္ကျားတစ်ယောက် ဖြစ်လို့နေပါပြီ။ ဒါပေမဲ့ ကျွန်တော့်မျက်လုံးထဲမှာတော့ မုန်းက ကျွန်တော်အရမ်းချစ်ရတဲ့ ကျွန်တော့်ရဲ့ကလေးပေါက်လေးပါပဲ။

“ကိုကို့”

ခေါ်သံလေးနဲ့အတူ ‌အပြေးလေးလာပြီး ဖက်လာတဲ့ ကလေးငယ်။ ကျွန်တော်နဲ့တွေ့ရင် အရင်လို ကလေးဆန်နေတုန်းပါပဲလား။

“မွစ် ကိုကို့ကို မုန်းအရမ်းလွမ်းနေတာ မွစ် မွစ် မွစ်”

“ကိုကိုရောပဲ ပြွစ်”

မုန်းရဲ့နှုတ်ခမ်းလေးကို အနမ်းပေးလိုက်တော့ အနောက်မှာပါလာတဲ့ယူမီက ပြုံးပြုံးလေးကြည့်နေတာမို့ ကျွန်တော် နည်းနည်းတော့ ရှက်သွားတယ်။ အရမ်းလွမ်းနေခဲ့တာမို့ အနားမှာလူတွေရှိတာကို မေ့နေခဲ့တယ်။

“ကိုကို့ ဆေးရုံကို အရင်သွား‌ရအောင်”

“ဟင်ဘာလို့လဲ”

“Medical Checkup လုပ်ဖို့”

“ခုမှရောက်တာကို ခလေးပေါက်ကလည်း ချက်ချင်းကြီးလား”

“မရဘူး ခုဆို ခုပဲ”

ထိုနေ့က ခလေးပေါက်ရဲ့ ဆန္ဒအတိုင်း Medical Checkup လုပ်ခဲ့ရတယ်။

“မုန်း Medical Checkup က သုတ်ပိုးလိုလို့လား”

“မသိဘူး လိုလိုမလိုလို ဆရာဝန်ကတောင်းရင် ပေးခဲ့လိုက်ပေါ့။ ကိုကိုကဆရာဝန်ဆိုပြီး အရမ်းမေးတာပဲ”

“အော် အေးပါကွာ အသဲပေါက်ရာ”

ခလေးပေါက်ရဲ့ဆန္ဒအတိုင်း အားလုံးလိုက်လုပ်ပေးခဲ့ပြီးမှပဲ ဟိုတယ်ပြန်ပြီး အနားယူရတယ်။ ယူမီက သူတို့အိမ်ကိုလိုက်နေဖို့ ပြောပေမယ့် အားနာတာကြောင့် ဟိုတယ်မှာပဲ တည်းဖြစ်ခဲ့တယ်။

“လာပါဦး ကလေးပေါက်ရယ်။ ကိုကိုတစ်နေကုန် မနမ်းရသေးဘူး”

“ကျေးဇူးပါကိုကို မုန်းဆန္ဒအတိုင်း အကုန်လုံးကို မညည်းမညူ လိုက်လုပ်ပေးလို့”

“ရပါတယ်ဗျာ။ ကိုကို့ကျန်းမာရေးအတွက် ကလေးပေါက်က ပိုက်ဆံအကုန်ခံပြီး စစ်ပေးတာကို ကိုကိုက ကျေးဇူးတင်နေရတာပါ”

“အရမ်းချစ်တယ်”

“ကိုကိုရောပဲ”

မုန်းရဲ့နှုတ်ခမ်းလေးကို နှစ်နှစ်စာအလွမ်းပေးရင်း ထိုနေ့ညက မုန်းတိုင်းထန်ခဲ့ကြတယ်။ အလွမ်းတွေကို အတိုးချတယ်ဆိုပါတော့ဗျာ။

မနက်မိုးလင်းတော့ ဆံပင်အရှည်လေးကို ဖြန့်ချထာပြီး နောက်ခိုင်းထိုင်နေတဲ့ မုန်းကိုတွေ့လိုက်ရတာကြောင့် အိပ်ချင်မူးတူးနဲ့ ကြည့်လိုက်မိတော့ ဘယ်ကကောင်မလေး ငါ့အခန်းထဲကို ဝင်လာတာလဲဆိုပြီး လန့်သွား‌‌တာပဲ။ မနေ့က မုန်းကိုတွေ့ခဲ့ရတာ ဆံထုံးနဲ့ဆိုတော့ သတိမထားမိခဲ့ဘူးလေ။

“ဘယ်. . .ဘယ်သူလဲ”

“နေပါဦး ခင်ဗျားကြီးက ကျုပ်ကို ဘယ်သူလို့ထင်နေတာလဲ ဦးအလင်းရောင်”

“ဟင် . . . မုန်း”

“ဟုတ်တယ် မုန်း”

“ဆံပင်က ခါတိုင်းထုံးထားနေကြဆို‌တော့ အဲ့လောက်ရှည်နေမှန်း မသိဘူးလေကွာ။ အိမ်ချင်မူးတူးနဲ့ ရုပ်တရက်ကြီး မြင်လိုက်ရတော့ မိန်းခလေးမှတ်လို့ လန့်သွားတာပဲ”

“မိန်းခလေးထင်ပြီး ရင်ခုန်သွားတယ်မို့လား”

“ရင်မခုန်ရပါဘူးဗျာ ရင်တုန်သွားတာပါ”

“မယုံပါဘူးနော်”

“ယုံပေးပါဗျာ။ ကိုကို့ဆီလာပါဦး အသဲရာ ဖက်ထားချင်လို့”

“မျက်နှာမသစ်ရသေးဘဲနဲ့ ညစ်ပတ်ကြီး”

“ဘာလဲ မုန်းက ကိုကို့ကို ရွံလို့လား”

“မရွံရပါဘူးဗျာ ပြွစ်”

ချစ်မွှေးလေးက မရွံဘူးပြောပြီး နှုတ်ခမ်းကို လာနမ်းပါတယ်။ Morning Kiss ကနေ အစပျိုးလိုက်တာ ဂျိန်းပလိမ်းဒိန်းတဲ့ အဆင့်ကို ရောက်သွားခဲ့ရပြန်ပါတယ်။

“ခင်ဗျားကြီး ညစ်ပတ်ကြီး”

“ဘာညစ်ပတ်မိလို့လဲဗျာ”

“လူကို နှစ်နှစ်စာများ အတိုးချပြီး သတ်နေတာလားမသိဘူး။ ညရော မနက်ရောပဲ ခင်ဗျားကြီး လွန်လွန်းတယ် တကယ်”

“မလွန်ပါဘူးဗျာ။ ကျုပ်ဖြင့် နည်းတောင် နည်းနေသလားလို့”

“သွား လူရုပ်မာကြီး ရေချိုးတော့။ မုန်းပါ ရေချိုးပြီးသားကို ရေပြန်ချိုးရတော့မယ်”

“တူတူချိုးမယ်လေ”

“မချိုးဘူးဗျာ။ တူတူချိုးရင် ဒီနေ့ ဂျယ်ဂျူကျွန်းကို ရောက်မှာမဟုတ်တော့ဘူး။ ခင်ဗျား အရင်ချိူး”

“ဟုတ်ပါပြီဗျာ။ ကျွန်တော်မျိုး ရေအရင်ချိုးလိုက်ပါ့မယ်”

“အမြန်လုပ်”

နှစ်ယောက်သား ရေမိုးချိုးပြင်ဆင်ပြီးသွားတော့ ယူမီက လာခေါ်ပေးပါတယ်။ အဲ့ဒီနောက်မှာတော့ ယူမီရဲ့ကျေးဇူးနဲ့ ဂျယ်ဂျူကျွန်းကို သွားခဲ့ကြတယ်။

ဂျယ်ဂျူရဲ့အလှအပတွေကို အပြည့်အဝခံစားခဲ့ပြီးတော့ ဂျယ်ဂျူမှာ မုန်းနဲ့အတူ အမှတ်တရတွေအများကြီး ဖန်တီးဖြစ်ခဲ့ကြတယ်။ ကျေးဇူးတင်ပါတယ်ကလေးငယ်။ အမှတ်တရကောင်းတွေ ဖန်တီးပေးခဲ့လို့။

ဒီလိုနဲ့ကိုရီးယားမှာ နှစ်ရက်ဆိုပြီး သုံးရက်နေဖြစ်သွားခဲ့တယ်။ ကလေးပေါက်က အလင်းကိုရီးယားမှာနေတဲ့ သုံးရက်အတွင်းကို နေရာစုံလိုက်ပို့ပေးခဲ့တယ်။ သိပ်ကိုချစ်ဖို့ကောင်းပါတယ်ဗျာ။

မခွဲချင်ပေမယ့်လည်း တာဝန်ကိုယ်ဆီရှိနေခဲ့တာမို့ အလင်းပြန်လာခဲ့ရတယ်။ နောက်တစ်နှစ်ဆို ကျွန်တော်တို့ ပြန်လည်ဆုံစည်းရမှာပါ။

*************

မုန်းတို့ ကိုရီးယားက ပြန်လာပြီးတဲ့နောက်မှာတော့ မုန်းနဲ့ယူမီ တာဝန်ယူထားရတဲ့ အလုပ်ကိစ္စကြောင့် ကိုရီးယားနဲ့ စင်္ကာပူကို သွားလိုက်ပြန်လိုက်နဲ့ ကိုရီးယားကို အခေါက်အခါခါ ရောက်ဖြစ်ခဲ့ရတယ်။ ကိုရီးယားမှာ တာဝန်ယူထားရတဲ့ Project ကို တစ်နှစ်ခွဲအကြာမှာ အဆုံးသတ်နိုင်ခဲ့တယ်။ အလင်းကို သုံးနှစ်ပြည့်ရင် ပြန်လာမယ်လို့ ကတိပေးခဲ့ပေမယ့် သုံးနှစ်ကျော် လေးနှစ်ပြည့်ခါနီးမှ ပြန်ဖြစ်ခဲ့တော့တယ်။

“မုန်း ပြန်မလာသေးဘူးလားကွာ။ ကိုကိုလွမ်းနေပြီ။ မုန်းပြောတော့သုံးနှစ်ဆို အခု လေးနှစ်တောင်ပြည့်တော့မယ်။ ပြန်လာခဲ့တော့လေကွာ။ ကိုကိုမုန်းကို တင့်တောင်းတင့်တယ် ထားနိုင်နေပါပြီကွာ။ ပြန်လာခဲ့တော့နော်။ ပိုက်ဆံတွေလည်း ထပ်မရှာနဲ့တော့နော်။ ပိုက်ဆံတွေမလိုဘူး မုန်းပြန်လာရင်ရပြီ”

“နောက်လထဲ ပြန်လာတော့မှာပါဗျာ။ ကိုကို့အတွက် မုန်းလက်ဆောင်ပြင်ထားတယ်။ နှစ်ခုတောင်။ လက်ဆောင်ကိုမြင်လိုက်တာနဲ့ ကိုကိုအရမ်းကြိုက်သွားမယ်လို့ အာမခံတယ်။ ပြီးတော့ အရမ်းလည်းပျော်မှာ”

“ဘာမို့လို့လဲ မုန်းလေးရဲ့”

“ပြန်လာရင် သိရမှာပေါ့ဗျာ”

“မြန်မြန်ပြန်လာ‌တော့ ဘာလက်ဆောင်လဲတွေးပြီး ခုကတည်းက ကိုကိုရင်တွေခုန်နေပြီ”

“ဟုတ်ပါပြီဗျာ။ မုန်းပြန်လာရင်သာ ကိုကိုလာကြိုပါ”

“လာကြိုမှာစိတ်ချ။ ဒါနဲ့ မုန်းပြန်လာရင် ကိုကိုနဲ့ကလောမှာ လိုက်နေမှာမို့လား”

“အင်းပေါ့ ကိုကိုနဲ့ လိုက်မနေလို့ ဘယ်သူနဲ့လိုက်နေရမှာလဲ။ ဖေဖေတို့မသိအောင် ပြန်လာမှာပါဆို။ ပြန်လာရင် စင်္ကာပူကနေ ပြန်လာမှာမဟုတ်ဘူး။ ကိုရီးယားကနေပြန်လာမှာ”

“ဟင် ဘာလို့လဲ”

“အကြောင်းရှိလို့ပေါ့ဗျာ”

“ဟုတ်ကဲ့ပါဗျာ”

မုန်းရဲ့ထူးခြားတဲ့လက်ဆောင်ကို မျှော်ရင်းနဲ့ တစ်လပြည့်မယ့်အချိန်ကို ရင်ခုန်စွာနဲ့ စောင့်နေခဲ့ရတယ်။

မုန်းပြောတဲ့ တစ်လပြည့်တဲ့အချိန်မှာတော့ ပေးထားတဲ့ကတိအတိုင်း မုန်းပြန်လာခဲ့ပါတယ်။ ဒီတစ်ခါတော့ ကျွန်တော့်ချစ်သူလေးက ကတိတည်ခဲ့ပါတယ်။ သုံးနှစ်လို့ပြောပြီး သုံးနှစ်ကျော် လေးနှစ်ပြည့်မှ ပြန်လာခဲ့တဲ့ ကလေးပေါက်ပါ။

ဒီနေ့ မုန်းပြန်လာမှာမို့ အလင်းလာကြိုတာပါ။ လေဆိပ်မှာ မုန်းကို ရင်ခုန်စွာနဲ့ စောင့်ဆိုင်းနေရပါတယ်ဗျာ။ ဒီနေ့က ကျွန်တော့်အတွက် ရင်အခုန်ရဆုံးနေ့ပါ။ ဒီနေ့ကစပြီး ကျွန်တော်တို့နှစ်ယောက်ရဲ့ ကိုယ်ပိုင်ဘဝလေးကို စတင်ထူထောင်ပြီး ကျွန်တော်တို့နှစ်ယောက် တစ်ယောက်လက်ကိုတစ်ယောက်တွဲရင်း အိုမင်းတဲ့အထိ အတူနေဖို့ စတင်ရမယ့်နေ့ပါ။ ဒီနေ့လေးက ကျွန်တော်လေးနှစ်တာ စောင့်မျှော်ခဲ့ရတဲ့ မုန်းကို တရားဝင်ပိုင်ဆိုင်ခွင့်ရမယ့်နေ့ မုန်းနဲ့အတူ ဘဝတစ်ခုကို ထူထောင်မယ့်နေ့လေးပါ။ ကျွန်တော့်ဘဝထဲကို ကလေးပေါက် အပြီးအပိုင် ဝင်လာမယ့်နေ့ပါ။ ဒါ့ကြောင့် ကျွန်တော် ရင်တွေ အရမ်းခုန်နေပါတယ်။ တနည်းပြောရရင် ကျွန်တော်ဒီနေ့ မုန်းကိုခိုးပြေးမယ့်နေ့ပေါ့။ ကျွန်တော်တို့နှစ်ယောက် လက်ထပ်မယ့်နေ့ဆိုလည်း မမှားဘူးပေါ့ဗျာ။

မုန်းလေယာဉ်ပေါ်ကဆင်းတော့ ကောင်မလေးတွေက မုန်းကိုကြည့်ပြီး ချောလိုက်တာလို့ ပြောကြတဲ့အသံကို ဆူညံနေအောင် ကြားခဲ့ရပါတယ်။

“ဟယ်ချောလိုက်တာဟယ်။ တရုတ်သိုင်းကားထဲက ရှောင်ကောကောလေးကြနေတာပဲ”

“အေးဟယ် ချစ်ဖို့ကောင်းလိုက်တာဆိုတာ”

ခါးအထိရှည်နေတဲ့ဆံပင်ကြီးကို ‌အပေါ်တစ်ဝက်လေးပဲစည်းထားပြီး ဖြန့်ချထားတာမို့ သူတို့လေးတွေပြောတဲ့ တရုတ်သိုင်းကားထဲက ရှောင်ကောကောနဲ့ တူနေတာတော့ အမှန်ပါပဲ။ ဖြူဖွေးလွန်းတဲ့ အသားအရေနဲ့အတူ ဖြောင့်စင်းနက်မှောင်တဲ့ ဆံနွယ်ရှည်တွေကြောင့် မုန်းက လူအများကြားမှာ ထင်းထွက်နေပါတယ်။

ဘာကြောင့် ဆံပင်အရှည်ထားတာလဲလို့ မုန်းကိုမေးလာရင် ဖြေရမှာက တစ်ခုတည်းပါ။ ကျွန်တော့်ကိုကိုက ကျွန်တော်ဆံပင်အရှည်လေးနဲ့ သိပ်ချောတယ်လို့ပြောလို့ မညှပ်ဘဲ ဒီတိုင်းထားခဲ့တာပါ။ အရင်က ဆံထုံးထုံးနေကြပေမယ့် ဒီနေ့တော့ ဘာစိတ်ကူးပေါက်ပြီး ဖြန့်ချထားမိမှန်း ကိုယ်ကိုယ်တိုင်တောင် မသိပါဘူး။

လေယာဉ်ပေါ်ကဆင်းတော့ ဧည့်ကြိုနေရာမှာ မုန်းကိုကြိုဆိုနေမယ့် အလင်းကို မျက်လုံးလေးဝေ့ပြီး ရှာလိုက်တယ်။ တွေ့ရပါပြီ ကျွန်တော်ချစ်ရတဲ့အလင်း။ မုန်းကိုမြင်တော့ မုန်းအနားကိုပြေးလာပြီး မုန်းလက်မှာကိုင်ထားတဲ့အရာကို အံ့ဩတကြီး ပြူးကြည့်နေပါတယ်။

“မုန်းဒါလေးတွေက”

“လူလေးတွေလေ”

“ဟင် ဘယ်သူ့ရဲ့လူလေးတွေလဲ”

“ကျွန်တော့်နဲ့ခင်ဗျားရဲ့ လူလေးတွေ”

“ဟင် မုန်းကိုယ့်ကို မနောက်နဲ့နော်။ ဘယ်သူ့ကလေးတွေကို ကူတွန်းပေးလာတာလဲ”

“ဟောဗျာ ကျုပ်က ဘယ်သူ့ကလေးတွေကို ကူတွန်းပေးရမှာလဲ။ ဒီလူလေးနှစ်ယောက်လုံးက မုန်းနဲ့ကိုကိုရဲ့သားနဲ့သမီးပဲ”

“ဟင် ဘယ်လိုကြီးလဲ”

“ကဲပါဗျာ လာပါ။ မုန်းတို့ အခု ကလောကို ဘာနဲ့သွားမှာလဲ”

“လေယာဉ်နဲ့လေ”

“အင်း ခုလေယာဉ်ကိုစောင့်ရမှာပေါ့ အဲ့လိုလား”

“အင်းဟုတ်တယ်။ မုန်းပြန်ရောက်မယ့်အချိန်နဲ့ ဒီကထွက်မယ့်အချိန်ကို မှန်းပြီးဖြတ်ထားတာ။ ခဏနေရင် ကလောကို ထွက်မယ့်လေယာဉ်ကို စီးရ‌တော့မှာ”

“အဲ့ဒါဆို လေဆိပ်က ကော်ဖီဆိုင်တစ်ခုခုမှာ မုန့်စားရင်း လေယာဉ်စောင့်ရအောင်လေ။ ကော်ဖီဆိုင်ရောက်ရင် ကိုကို့ကို အကြောင်းစုံ ပြောပြမယ်။ ခုတော့ ဒီလူလေးနှစ်ယောက်ရဲ့ တွန်းလှည်းကို ကိုကိုတွန်းလာခဲ့ပေး”

အလင်းကို ရယ်ပြပြီး အရှေ့ကထွက်သွားတဲ့ မုန်းရဲ့နောက်ကို အလင်းအူကြောင်ကြောင်နဲ့ ကလေးတွန်းလှည်းလေးတွန်းရင်း လိုက်ခဲ့ရတယ်။

ကော်ဖီဆိုရောက်တော့ မုန်းပေါက်က စတင်ရှင်းပြလာတယ်။

“ကိုကို ကိုရီးယားကို လာတုန်းကကွာ ကိုကို့သုတ်ပိုးကို ယူတာမှတ်မိတယ်မို့လား”

“အင်း”

“အဲ့ဒါ မုန်းကလေးယူဖို့အကြံနဲ့ ဆရာဝန်တွေနဲ့တိုင်ပင်ပြီး ကိုကို့ဆီက ယူခဲ့တာ”

“ဟမ် အဲ့လိုလုပ်လို့ရလို့လား”

“ကိုကို့ကို မုန်းပေးတဲ့စာရွက်စာတမ်းတွေကို ကိုကိုသေချာမဖတ်ဘဲ လက်မှတ်ထိုးခဲ့တယ်လေ။ ကိုကို့လက်မှတ်တွေ ပါနေတာပဲဟာ ကာယကံရှင်က ကြည်ကြည်ဖြူဖြူပေးတာ မရဘဲနေမလား”

“မုန်းကိုယုံလို့လေ”

“အင်းပါ ဟုတ်ပါပြီဗျာ။ ဆက်ပြောမယ်နော်။ ယူမီနဲ့တိုင်ပင်ပြီး အမျိူသမီးတစ်ယောက်ဆီက မမျိုးဥအလှူခံခဲ့တယ်ကွာ။ လှူမယ့်သူရတော့ အငှားကိုယ်ဝန်ဆောင်သည်ကို ရှာခဲ့တယ်။ အငှားကိုယ်ဝန်ဆောင်ရတာနဲ့ ကိုကိုနဲ့မုန်းရဲ့သုတ်ပိုးနဲ့ အလှူခံထားတဲ့မမျိုးဥကို ပေါင်းစပ်ပြီးတော့ အငှားကိုယ်ဝန်ဆောင်ရဲ့ဗိုက်ထဲကို ထည်ခဲ့တာ”

“ဒါဆို ဒီကလေးနှစ်ယောက်က ကိုကိုနဲ့မုန်းရဲ့ သွေးသားပေါ့”

“Yes အမေတစ်ယောက်တည်းက လာတာမို့ မောင်နှစ်မအရင်းတွေပဲ။ ဘယ်သူက ကိုကို့ခလေး ဘယ်သူက မုန်းခလေးလည်းတော့ မုန်းလည်း မသိဘူး။ မုန်း DNA မစစ်ခဲ့ဘူး”

“စစ်စရာမလိုပါဘူးမုန်းရာ။ နှစ်ယောက်လုံးက မုန်းနဲ့ကိုကိုရဲ့ ကလေးပဲဟာ။ ခုလို တန်ဖိုးကြီးလက်ဆောင်ကို ယူလာပေးခဲ့တဲ့မုန်းကို ကိုကိုက ကျေးဇူးအများကြီးတင်ပါတယ်။ ကိုကို့မုန်းလေး ပင်ပန်းခဲ့မှာပေါ့”

“မုန်းက မပင်ပန်းပါဘူး။ ကိုကိုကျေးဇူးတင်ချင်ရင် ယူမီနဲ့ ယူမီ့မေမေတို့ကို ကျေးဇူးတင်။ အစအဆုံးကို ယူမီ့မေမေက ကူညီပေးခဲ့တာ။ မုန်းမြန်မာပြည်ကိုပြန်လာမှ ဒီကလေးလေးတွေကို ကိုရီးယားကနေ ဝင်ခေါ်လာခဲ့တာ”

“ကျေးဇူးတင်ပါတယ် ကိုကို့ကလေးပေါက်ရယ်။ မုန်းယူလာပေးတဲ့ လက်ဆောင်လေးတွေက ကိုကို့အတွက် တန်ဖိုးမဖြတ်နိုင်တဲ့ အရာလေးတွေပါ။ မေမေသာသိရင် အရမ်းပျော်နေတော့မှာပဲ”

“ကိုကိုပျော်တယ်ဆိုလို့ မုန်းကျေနပ်ပါတယ်ဗျာ။ တစ်ခုပြောစရာရှိတယ်။ ကိုကိုမုန်းကို တစ်သက်လုံး ရှာကျွေးတော့။ ဒီလူလေးနှစ်ယောက်ကိုရဖို့ မုန်းရှာထားသမျှ ပိုက်ဆံအကုန်လုံးနီးပါးကို သုံးခဲ့ရတာ။ ဒီလူလေးတွေကြောင့် မုန်းမှာ ပိုက်ဆံသိပ်မကျန်တော့ဘူး”

“ဟုတ်ပါပြီဗျာ။ ဒီလူလေးတွေကိုရော ဒီလူလေးတွေရဲ့ ဖေဖေကိုရော တစ်ဘဝလုံးစာ တာဝန်ယူပါတယ်ဗျာ”

ထိုနေ့က အလင်းရဲ့ ကလောကိုပြန်တဲ့ အိမ်ပြန်တဲ့ခရီးလမ်းလေးက မုန်းရယ်၊ သားသား မီးမီးလေးတွေရယ်နဲ့အတူ ပြီးပြည့်စုံခဲ့ပါတယ်။ သားသား မီးမီးလေးတွေနဲ့အတူ မုန်းနဲ့အလင်းရဲ့အနာဂတ်ခရီးလမ်းက လှပပြည့်စုံနေမှာ အသေအချာပါပဲ။

*****************************

#Zawgyi

ဘာဘာလိုလိုနဲ႔ပဲ မုန္းရင္ခုန္စြာနဲ႔ ေစာင့္ေမၽွာ္ေနခဲ့တဲ့ တနလၤာေန႔ကို ေရာက္လို႔လာပါၿပီ။ ဒီေန႔ မုန္းအလုပ္ရေၾကာင္း မရေၾကာင္းကို အေၾကာင္းျပန္မွာမို႔ ေဖေဖ့အနားမွာ တစ္ခ်ိန္လုံးထိုင္ေနၿပီး အလုပ္လည္းမလုပ္နိုင္ဘဲ Laptop ႀကီးကို စိုက္ၾကည့္ရင္း ဖင္ေတာင္မႂကြရဲေလာက္ေအာင္ကို ျဖစ္ေနရပါတယ္။ ေဈးလည္းမေရာင္းနိုင္သလို ဘာအစားမွလည္း မစားနိုင္နဲ႔ ေရေတာင္မေသာက္နိုင္ဘဲ ျဖစ္ေနရတယ္။ အဆိုးဆုံးကေတာ့ ဖင္ေတာင္ မႂကြနိုင္ပါဘူး။ ေနာက္ဆုံးေတာ့ ကၽြန္ေတာ့္ကိုၾကည့္ၿပီး ေဖေဖလည္း စိတ္မရွည္ ျဖစ္သြားပုံရတယ္။

"ဟိတ္ေကာင္ ဖင္ေလးဘာေလးလည္း ႂကြပါအုံးကြာ။ အခ်ိန္တန္ရင္ သိရမွာေပါ့။ ငါဆိုင္ကိုလာၿပီး က်က္သေရမရွိ မဂၤလာမရွိ ေမ်ာက္မွိုင္ မွိုင္မေနနဲ႔ကြာ လာဒ္တိတ္တယ္"

"ေနပါဦး ေဖေဖရာ။ ကၽြန္ေတာ္ ခုခ်ိန္ ဘာမွ လုပ္နိုင္ဦးမွာ မဟုတ္ဘူး။ ခဏေလးပါဗ်ာ"

ကၽြန္ေတာ့္မွာ Mail ဝင္လာရင္ မသိမွာဆိုးလို႔ Mail ထဲကို ဝင္ၿပီး Reload လုပ္ရတာအေမာ။

"ေဟ့ေကာင္ မင္းLaptop ကို ဒီတိုင္းထားခဲ့ၿပီး အလုပ္သြားလုပ္ သြား။ မင္း Laptop ကို ဘယ္သူမွ မကိုင္ေစရဘူး။ သြားကြာ ငါ့အနားကေန။ မင္းကိုၾကည့္ရတာ စိတ္မခ်မ္းသာလို႔"

"ေဖေဖကလည္းဗ်ာ"

ေဖေဖ့ကို ဘာမွျပန္ေျပာမေနေတာ့ဘဲ ဖုန္းေရာင္းတဲ့ေနရာမွာ ငူငူႀကီးနဲ႔ ငုတ္တုတ္သြားထိုင္ေနလိုက္တယ္။ ကၽြန္ေတာ္တစ္မနက္လုံး ေစာင့္ေနတာကိုေတာင္ Mail ဝင္မလာပုံေထာက္ရင္ အလုပ္မရတာ ေသခ်ာေနေလာက္ပါၿပီ။ တကယ္ဆို အလုပ္မခန႔္ဘူးဆိုလည္း Sorryဆိုတာေလာက္ေလးေတာ့ အေၾကာင္းျပန္သင့္ပါတယ္။ ခုေတာ့ Sorry ေလးေတာင္ အေၾကာင္းျပန္မလာဘူး။ ညေနေလးနာရီထိုးေလာက္ၾကေတာ့ စိတ္ကမေနနိုင္တာမို႔ Mail စစ္ၾကည့္လိုက္မိတယ္။ ေတြ႕လိုက္ရပါၿပီ Mail အသစ္တစ္‌ေစာင္။ ရင္ေတြခုန္ၿပီး တုန္ယင္ေနတဲ့လက္ကေလးနဲ႔ ကလစ္တစ္ခ်က္ ေထာက္လိုက္တယ္။ ပြင္လာတဲ့ Mail ကို ‌မရဲတရဲၾကည့္လိုက္ေတာ့ Congratulations တဲ့။ ဘုရား ဘုရား လုံးဝမယုံနိုင္တာမို႔ မ်က္လုံးေလးႏွစ္ဖက္ကို လက္ေလးနဲ႔ ပြတ္သပ္ၿပီး ေသခ်ာေအာင္ ျပန္ၾကည့္လိုက္ေတာ့ Congratulations ပါတဲ့။

ဝမ္းသာအားရ အက်ယ္ႀကီးေအာ္ၿပီး ထခုန္လိုက္ေတာ့ ဆိုင္ထဲမွာ ရွိသမၽွလူေတြအကုန္လုံးက ကၽြန္ေတာ့္ကို မ်က္လုံးေလးေတြျပဴးၿပီး ေငးၾကည့္လာၾကတယ္။ ကၽြန္ေတာ္ ေဖေဖ့မ်က္ႏွာကို ေသခ်ာၾကည့္ၿပီး ေျပာလိုက္တယ္။

"ေဖေဖ ကၽြန္ေတာ္ အင္တာဗ်ဴးေအာင္သြားၿပီ။ တစ္လကို ေဒၚလာ ၃၀၀၀ (ျမန္မာေငြ သိန္းသုံးဆယ္ေက်ာ္) ရမွာတဲ့ေဖေဖ။ ေဖေဖ့ကတိကို ေဖေဖတည္ေပးပါ။ ဒီလကုန္ အလုပ္စဝင္ရမယ္ေဖေဖ။ လကုန္ဖို႔ ႏွစ္ပတ္ပဲလိုေတာ့တာမို႔ စကၤာပူကိုလိုက္ပို႔ဖို႔ ျပင္ဆင္ေပးထားပါေဖေဖ"

မုန္းတစ္ေယာက္ အေပ်ာ္ေတြလြန္ၿပီး ေျခေထာက္နဲ႔ေျမႀကီးေတာင္ မထိေတာ့ပါဘူး။ အရင္ဆုံး ေႏြ႕ကိုဖုန္းဆက္ရမယ္။ ဆိုင္မွာထားတဲ့ အထိုင္ဖုန္းနဲ႔ ေႏြ႕ကိုဖုန္းေခၚလိုက္ေတာ့ ေဖေဖကအနားမွာ လာရပ္ေနပါတယ္။ ရပ္ေပါ့ ေႏြ႕ကိုဆက္တာ။ အလင္းကိုဆက္တာမွ မဟုတ္တာ။ ေႏြ႕ကိုေျပာလိုက္တာနဲ႔ အလင္းဆီကို သတင္းက ခ်က္ခ်င္းေရာက္မွာပါေဖေဖ။ သားကိုယ္တိုင္ အလင္းကို ဖုန္းဆက္စရာ မလိုပါဘူးဗ်ာ။ ေဖေဖအရမ္းညံ့တာပဲ ဟဲဟဲ။

"ဟဲလို ေႏြ"

"ေအး မုန္းေျပာေလ။ ဘာေျပာမလို႔လဲ"

"ငါစကၤာပူမွာ ေလၽွာက္ထားတဲ့အလုပ္ ရသြားၿပီ။ အင္တာဗ်ဴးေအာင္တယ္။ အဲ့ဒါ လကုန္တာနဲ႔ ငါစကၤာပူကို သြားရေတာ့မယ္လို႔ နင္တို႔ကို လွမ္းႂကြားတာ"

"ဟမ္ နင္ဘြဲ႕မယူေတာ့ဘူးလားမုန္းရဲ့"

"မယူေတာ့ပါဘူးဟာ။ ဘြဲ႕ကို အေဝးေရာက္ပဲ ယူေတာ့မယ္။ ဘြဲ႕ဓာတ္ပုံကိုေတာ့ ရန္ကုန္ေရာက္မွ ေဖေဖနဲ႔ေမေမ့ကိုေခၚၿပီး ဓာတ္ပုံသြားရိုက္လိုက္ေတာ့မယ္"

"ေအးပါဟယ္။ အလုပ္ရတယ္ဆိုလို႔ ဝမ္းသာပါတယ္။ ဒါေပမဲ့ နင္နဲ႔ခြဲရမယ္ဆိုေတာ့ ငါတကယ္စိတ္မေကာင္းဘူးဟာ"

"စိတ္မေကာင္းမျဖစ္ပါနဲ႔ဟာ။ ငါနင့္တို႔ကို ဆက္သြယ္မွာေပါ့ဟ"

"ေအးပါ မုန္းရယ္။ ငါ့သူငယ္ခ်င္းေလး အလုပ္ရၿပီဆိုလို႔ ဝမ္းသာပါတယ္"

"နင့္ကို အရင္ဆုံး လွမ္းေျပာျပတာ။ ငါ ေမ‌ေမ့ကို ဖုန္းဆက္လိုက္ဦးမယ္။ ဒါပဲေနာ္"

"ေအး‌ေအး ဒါပဲေနာ္ မုန္းေလး"

ငါ့ကို အရင္ဆုံး ေျပာျပတာတဲ့လား။ ငါ့ကို အရင္ဆုံး ေျပာျပခ်င္လို႔ မဟုတ္ဘဲ အလင္းကို အရင္ဆုံး ေျပာျပခ်င္တာမို႔လား လူလည္ေလး။ သူ႔ကိုကို႔ကို အရင္ဆုံးအသိေပးခ်င္လို႔ ေႏြ႕ကိုအရင္ဆုံးေျပာျပသြားတာ။ မုန္းရဲ့အမွာစကားကိုပါးဖို႔ အလင္းဆီဖုန္းေခၚလိုက္တယ္။

"ဟဲလို ေႏြ"

"အလင္း မုန္းေလးက စကၤာပူမွာေလၽွာက္ထားတဲ့အလုပ္ အင္တာဗ်ဴးေအာင္သြားၿပီတဲ့"

"တကယ္လားေႏြ။ ငါ့ကေလးေပါက္က ေတာ္လိုက္တာဟာ"

"အင္း မုန္းက တကယ္ေတာ္တယ္။ ၿပီးေတာ့ ခုလကုန္သြားရမယ္လို႔ေျပာတယ္"

"တကယ္လားေႏြ ခုလကုန္ တကယ္လား။ ျမန္လိုက္တာ။ လကုန္ဖို႔ ႏွစ္ပတ္ပဲ လိုေတာ့တာေလ"

"ေအး ေတာ္ေတာ္ျမန္တယ္ဟာ။ ငါလည္း သူအလုပ္ရလို႔ ဝမ္းသာေပမယ့္ ငါတို႔နဲ႔ခြဲသြားေတာ့မယ္ဆိုေတာ့ စိတ္ထဲေတာင္ မေကာင္းဘူးဟာ"

"ငါကေတာ့ ေပ်ာ္ေနတယ္ ေႏြ။ ဒီမွာေနတာ မေတြ႕ရတဲ့အျပင္ အဆက္အသြယ္လည္းမရွိ အသံေလးေတာင္မၾကားရတာ။ မုန္း စကၤာပူ ျမန္ျမန္သြားမွ အသံေလးၾကားၿပီး ႐ုပ္ေလးပါျမင္ရမွာ။ ငါ့အသဲေလး ပိန္လား ဝလား ဘယ္လိုအေနအထားလဲေတာင္ မမွန္းတတ္ေတာ့ဘူးဟာ။ လြမ္းတယ္ အရမ္းပဲ"

"ေအးပါအလင္းရယ္ နင္တို႔ႏွစ္ေယာက္ အျမန္ဆုံး နီးနိုင္ပါေစဟာ"

"ေပးတဲ့ဆုနဲ႔ျပည့္ပါရေစေႏြ"

ကေလးေပါက္ အလုပ္ရသြားၿပီတဲ့။ တကယ္ကို ေတာ္လြန္းတဲ့ ကၽြန္ေတာ့္ရဲ့ကေလးေပါက္။ ျဖစ္ခ်င္လာၿပီဆို မရ ရေအာင္ လုပ္တတ္လြန္းလို႔ အခ်စ္ေတြပိုရပါတယ္။ ကိုယ္တို႔ေတြ နီးရမယ့္ရက္ကို ေရတြက္ရင္း ေစာင့္ေနပါ့မယ္ ခေလးငယ္။

***********

စကၤာပူသြားဖို႔အတြက္ ရန္ကုန္ကို ေဖေဖနဲ႔ေမေမရယ္ မုန္းရယ္ ခ်ီတက္ခဲ့ၾကပါတယ္။ မုန္းမနက္ျဖန္ဆို သြားရေတာ့မယ္ေလ။

"ေမေမ"

"ရွင့္"

"သားမသြားခင္ေလး အလင္းနဲ႔ ခဏေလာက္ျဖစ္ျဖစ္ ေတြ႕ခ်င္တယ္ ေမေမရာ။ ကူညီေပးပါေနာ္"

"ေမေမ ဘယ္လိုကူညီေပးရမလဲ"

"ဒီလိုလုပ္ ေမေမေနမေကာင္းလို႔ ေဆးခန္းသြားျပဦးမယ္လို႔ ေဖေဖ့ကိုေျပာလိုက္"

"သားအေဖက လိုက္ပို႔ေတာ့ ဘယ္လိုလုပ္မလဲ"

"မလိုက္ပို႔ေလာက္ပါဘူး ေမေမရာ။ သူ႔အလုပ္နဲ႔သူေတာင္ ရႈပ္ေနတာကို။ ၿပီးေတာ့ သားကိုေမေမ့ဖုန္းေလး ခဏငွား"

"ေရာ့"

ေမေမ့ဖုန္းကိုယူၿပီး အလင္းကို ဖုန္းေခၚလိုက္တယ္။

"ဟဲလို အလင္း"

"မုန္း"

"ငါမနက္ျဖန္ သြားရေတာ့မွာ။ ငါမင္းနဲ႔ ခဏေလာက္ျဖစ္ျဖစ္ ေတြ႕ခ်င္တယ္။ အဲ့ဒါေၾကာင့္ မင္းအသိ ေဆးခန္းေလးဘာေလး ငါတို႔နားမွာရွိလား"

"အင္းရွိတယ္။ တီခ်ယ္ဆုေဆးခန္း"

"အဲ့ေဆးခန္းလိပ္စာကိုေပး။ မင္းက ဆရာမကို အက်ိဳးအေၾကာင္းေျပာၿပီး ဆရာမေဆးခန္းထဲမွာ ေစာင့္ေနေပး။ ငါနဲ႔ေမေမ ေဆးခန္းလာျပမလို႔"

"အင္း လိပ္စာပို႔ေပးမယ္"

ဟူးးးးး ရင္ေတြခုန္လိုက္တာ။ ခ်စ္သူနဲ႔ ခိုးေတြ႕ရတာ ဒီေလာက္ရင္ခုန္ရမွန္း မသိခဲ့ဘူး။ ဒါ့ေၾကာင့္ ေရွးလူႀကီးေတြက ေကာက္ရိုးပုံမွာ ခိုးေတြ႕ၾက‌တာေနမွာ။

"ေမေမ သြားရေအာင္"

"သားအေဖကိုေျပာဦးေလ"

"ဟုတ္ေမေမ။ သားအေနာက္ကသာ ေမေမလိုက္ခဲ့ေပး"

"သားအေရွ႕ကသြား ေမေမေနာက္ကလိုက္ခဲ့မယ္"

အိမ္ေရွ႕မွာ ဖုန္းတစ္လုံးနဲ႔ အလုပ္ရႈပ္ေနတဲ့ေဖေဖ့အနားကို သြားလိုက္တယ္။

"ေဖေဖ ေမေမေနမေကာင္းလို႔ ကၽြန္ေတာ္ေဆးခန္းလိုက္ပို႔မလို႔"

"ျမန္ျမန္သြားၿပီး ျမန္ျမန္ျပန္။ အိမ္က Driverကိုေခၚသြား။ မင္းတို႔သားအမိႏွစ္ေယာက္တည္း မသြားနဲ႔"

"စိတ္မခ်ရင္ ေဖေဖလိုက္ပို႔ေပးေလ"

"ျဖစ္နိုင္ရင္ လိုက္ပို႔ေပးတယ္။ မအားလို႔"

သိေနတယ္ေလ အဲ့လိုမ်ိဳးေလးပဲ ၾကားခ်င္တာပါေဖေဖ ဟဲဟဲ။

"ေဆးခန္းဆိုလည္း ေဆးခန္းပဲသြားေနာ္။ ဟိုဝင္ဒီထြက္ လုပ္မေနနဲ႔"

"စိတ္ခ်ေဖေဖ သားလည္း လင္ေနာက္မလိုက္ပါဘူး။ ခုေနလိုက္လို႔ မျဖစ္ေသးလို႔ မလိုက္ေသးဘူးေဖေဖ။ ပိုက္ဆံစုၿပီးမွ လိုက္မွာ"

"မင္းးးးးး"

ေဖေဖ့ကိုေျပာၿပီး အျပင္ကို ေျပးထြက္လာခဲ့လိုက္တယ္။ ေဖေဖကေတာ့ ေဒါသေတြ တေပြ႕တပိုက္နဲ႔ က်န္ခဲ့ေလရဲ့။ ေမေမကေတာ့ အလိုက္သိတတ္စြာနဲ႔ မုန္းေနာက္ကေန ထပ္ခ်ပ္မကြာ လိုက္လာခဲ့ေပးတယ္။ သိပ္ကိုခ်စ္ဖို႔ေကာင္းတဲ့ ေမေမရယ္ပါ။

အလင္းလိပ္စာပို႔ေပးတဲ့ ေဆးခန္းကိုေရာက္ေတာ့ အလင္းကို ရွာၾကည့္လိုက္တယ္။ ေမေမ့ကို ဆရာမက ေသြးေပါင္တိုင္းေပးေနတဲ့ အခ်ိန္မွာ အလင္းက မုန္းလက္ကိုလာဆြဲၿပီး ေဆးခန္းရဲ့ေနာက္က အခန္းငယ္ေလးထဲကို ေခၚသြားတယ္။

အခန္းထဲကိုေရာက္ေတာ့ မုန္းရဲ့ ႏႈတ္ခမ္းကို တရွိုက္မက္မက္ နမ္းလိုက္တယ္။ ကၽြန္ေတာ္ ဒီႏႈတ္ခမ္းေလးကို အျမဲလြမ္းေနခဲ့တာပါ။ ကၽြန္ေတာ့္ရဲ့ ပူရွိန္းေလးကို ကၽြန္ေတာ္လြမ္းေနခဲ့တာ။ အနမ္းမိုးေတြ သည္းထံစြာရြာခ်ၿပီးတဲ့ ေနာက္မွာ‌ေတာ့ ကၽြန္ေတာ့္ကေလးငယ္ကို အသက္ရႈခြင့္ေပးလိုက္တယ္။

"ကိုကို႔ကို မုန္းအရမ္းလြမ္းေနခဲ့တာ"

အေျပာေလးနဲ႔အတူ ႏႈတ္ခမ္းကို ခ်ိဳၿမိန္စြာ လာနမ္းတဲ့ ကေလးေပါက္ေလးပါ။

"ကိုကိုေရာပဲ မုန္းေပါက္ရယ္။ အရမ္းလြမ္းေနခဲ့တာ"

နဖူးေလးကို အနမ္းေပးၿပီး တစ္ဆက္တည္းမွာပဲ ပါးေလးကိုပါ အားရပါးရ ေမႊးၾကဴလိုက္တယ္။ ကၽြန္ေတာ္ျမတ္နိုးတဲ့ ဒီပါးေလးေတြကို ဘယ္ခ်ိန္ထိခြဲရမယ္မွန္း မသိဘူးေလ။

ကၽြန္ေတာ့္ကေလးေလးက မေတြ႕ရတာ အရမ္းၾကာေနၿပီမို႔လို႔လား မသိဘူး အသားေတြ အရင္ကထက္ ပိုျဖဴလာတယ္။ မ်က္ႏွာေလးသြယ္ၿပီး လူလည္း နည္းနည္းပိန္သြားတယ္။ ဆံပင္ေလးကေတာ့ ဂုတ္ေတာင္ေက်ာ္ေနပါၿပီ။ မုန္းေလးက ဆံပင္အရွည္ေလးနဲ႔ သိပ္လိုက္တာပဲ။ အရမ္းခ်စ္ဖို႔ေကာင္းတယ္။

"မုန္းေလး ဆံပင္ေတြ ဂုတ္ေတာင္ေက်ာ္ေနၿပီ။ မညႇပ္နဲ႔ အရွည္ပဲထား။ မုန္းရဲ့ဆံပင္‌ေလးေတြကို ကိုကို အရမ္းျမတ္နိုးတာမို႔ လုံးဝမညႇပ္ရဘူးေနာ္"

"ဟုတ္ လုံးဝမညႇပ္ဘူးကိုကို။ မုန္း အရွည္ထားလိုက္ေတာ့မယ္"

"ခ်စ္လိုက္တာ အသဲေပါက္ေလးကို။ ကိုကိုအရမ္းလြမ္းေနခဲ့ရတာ။ ဒီကေလးေလးကို"

"ကိုကိုနဲ႔မုန္း အၾကာႀကီးခြဲရမွာ။ မုန္း ခြဲေတာင္ မခြဲခ်င္ဘူး"

"ကိုကိုေရာပဲ။ ဒါနဲ႔ ဘယ္ႏွစ္ႏွစ္ေနမယ္လို႔ ဆုံးျဖတ္ထားလဲ အသဲ"

"သုံးႏွစ္ကိုကို"

"ဒါဆို ကိုကိုဆရာဝန္ျဖစ္ၿပီးေတာ့မွ ျပန္လာမွာေပါ့"

"အင္း"

"ကိုကိုေမၽွာ္ေနမယ္ေနာ္ ကေလးေပါက္ေလး"

"ဟုတ္ကဲ့ကိုကို။ ေမေမပါလာတာမို႔ မုန္းျပန္‌ေတာ့မယ္။ ဟိုေရာက္ရင္ အျမဲဆက္သြယ္ပါ့မယ္ကိုကို"

"အင္း အသဲေပါက္ေလး"

ျပန္ခါနီးေတာ့ ႏႈတ္ဆက္အနမ္းေလး ေပးျဖစ္ျပန္တယ္။ ဒီတစ္ခါလည္း အနမ္းကရွည္ၾကာပါတယ္။ ဘယ္ေလာက္ၾကာေအာင္ နမ္းလိုက္မိသလဲဆိုရင္ မုန္းရဲ့ႏႈတ္ခမ္းေလးေတြ ဖူးေယာင္လာတဲ့အထိပါပဲ။ ဆက္နမ္းရင္ ဒီေနရာမွာ မိုးခ်ဳပ္သြားနိုင္တာမို႔ မလႊတ္ခ်င္လႊတ္ခ်င္နဲ႔ လႊတ္ေပးလိုက္ရတယ္။

"ကိုကို မုန္းသြားေတာ့မယ္ေနာ္"

"ဟိုေရာက္ရင္ က်န္းမာေရး ဂ႐ုစိုက္ေနာ္။ ေဖေဖနဲ႔ေမေမျပန္သြားတာနဲ႔ ကိုကို႔ကို ေန႔တိုင္းဆက္သြယ္ေပးပါေနာ္"

"ဟုတ္ကိုကို။ ကိုကိုလည္း က်န္းမာေရးကို ဂ႐ုစိုက္ပါ။ အရမ္းႀကီးေခ်ာေအာင္ မေနပါနဲ႔။ မုန္းစိတ္မခ်ဘူးကိုကို။ ခုေတာင္ မေတြ႕ရတာၾကာလို႔လားမသိဘူး အရမ္းေခ်ာေနတယ္။ မုန္းမရွိတဲ့အခ်ိန္မွာ ေခ်ာေအာင္မေနပါနဲ႔"

"ဟုတ္ကဲ့ပါဗ်ာ"

"မုန္းသြားၿပီကိုကို"

"တာ့တာ မုန္း"

မုန္းထြက္သြားေတာ့မွ အလင္းတားထားသမၽွ မ်က္ရည္ေတြက မရပ္တန႔္နိုင္ေအာင္ ဖိတ္စင္လာခဲ့တယ္။ ကၽြန္ေတာ္ ဒီေလာက္ခ်စ္ဖို႔ေကာင္းလြန္းတဲ့ ကေလးေလးကို သုံးႏွစ္ႀကီးေတာင္ ခြဲရေတာ့မွာတဲ့ဗ်ာ။ ကၽြန္ေတာ္ေတာ့ ႐ူးေလာက္ေအာင္ကို လြမ္းေနရေတာ့မယ္ထင္ပါတယ္။

ေဆးခန္းကျပန္လာတဲ့လမ္းတစ္ေလၽွာက္ ေမေမ့ရင္ခြင္ထဲကိုဝင္ၿပီး ရွိုက္ႀကီးတငင္ ငိုခဲ့မိတယ္။ ကၽြန္ေတာ္ အလင္းနဲ႔ မခြဲနိုင္ဘူး။ ဒါေပမဲ့ မုန္းတို႔ဘဝေရွ႕ေရးအတြက္ ခြဲရေတာ့မွာေပါ့။ မတတ္နိုင္ဘူးေလ။

မုန္း စကၤာပူကိုသြားတဲ့ေန႔က အလင္းကလြဲရင္ က်န္တဲ့သူအားလုံးက ေလဆိပ္ကို လာႏႈတ္ဆက္ၾကတယ္။ ေႏြ၊ ရွားနဲ႔ေမသူကေတာ့ လြမ္းေနမယ့္အေၾကာင္းေတြေျပာၿပီး ရွိုက္ႀကီးတငင္ကို ငိုခဲ့ၾကတာပါ။ ေႏြယံေလးကလည္း အားသစ္နဲ႔ အတူတူလိုက္လာခဲ့ၿပီး ကၽြန္ေတာ့္ကို ဖက္ၿပီးငိုရွာတယ္။ အားသစ္နဲ႔သုတကေတာ့ မငိုေပမယ့္ စိတ္မေကာင္းျဖစ္‌ေနတဲ့ ႐ုပ္ေလးေတြနဲ႔ပါ။ ေဖေဖလူဆိုးႀကီးေၾကာင့္ အလင္းကေတာ့ ကၽြန္ေတာ့္ကို လာေရာက္ႏႈတ္ဆက္ခြင့္ မရဘူးေလ။

မုန္း စကၤာပူေရာက္ၿပီး ေနာက္တစ္ေန႔မွာပဲ အလုပ္စ'ဆင္းရတယ္။ ေဖေဖက မုန္းကို ပထမဆုံး အလုပ္ဆင္းရတဲ့ေန႔မွာ ႐ုံးကို လိုက္ပို႔ေပးတယ္။ တကယ္ဟုတ္မဟုတ္ သိခ်င္လို႔ေနမွာပါ။ မုန္းကို သူလည္း မယုံၾကည္ေတာ့ဘူးေလ။ အဲ့ေတာ့ အလုပ္တကယ္ရ/မရကို အတည္လိုက္ျပဳတယ္ဆိုပါေတာ့။ မုန္းတကယ္အလုပ္ရတယ္ဆိုတာ သိေတာ့ ေဖေဖမင္းအတြက္ ဂုဏ္ယူပါတယ္တဲ့။ မုန္း စကၤာပူေရာက္ၿပီး ႏွစ္ပတ္အၾကာမွာ ေဖေဖနဲ႔ေမေမျပန္သြားခဲ့တယ္။ မျပန္ခင္မွာ ေဖေဖကမွာသြားေသးတယ္။

"မုန္း ငါမင္းကို တစ္ေန႔ Video Call သုံးခါ ေခၚမွာေနာ္။ မင္းအေဒၚေတြကိုလည္း ေန႔တိုင္းဖုန္းဆက္ေမးမွာ။ ဒီနိုင္ငံ‌ကေန မင္းအေကာင္ကို ခိုးေတြ႕ဖို႔ ျပန္လာမယ္ မႀကံနဲ႔။ ငါမင္းကို မ်က္လုံးေဒါက္ေထာက္ၾကည့္ေနမွာ။ မင္းအေကာင္ကို ဒီကိုလာခိုင္းၿပီး ခိုးေတြ႕ဖို႔လည္း မစဥ္းစားနဲ႔ ၾကားလား"

"ခိုးလည္း မေတြ႕ဘူး။ ေပၚတင္လည္း မေတြ႕ဘူး။ စိတ္ခ်ေဖေဖ။ ကၽြန္ေတာ္ျမန္မာျပည္ကို ျပန္လာတဲ့ေန႔က ေဖေဖကၽြန္ေတာ့္ကို လုံးဝဆက္သြယ္လို႔ မရတဲ့ေန႔ပဲ။ ကၽြန္ေတာ့္ကို ဆက္သြယ္လို႔ မရဘူးဆိုတာနဲ႔ ကၽြန္ေတာ္ ျမန္မာျပည္ကို အၿပီးျပန္လာၿပီလို႔ မွတ္လိုက္ေတာ့ေဖေဖ။ ကၽြန္‌ေတာ္ ျမန္မာျပည္ျပန္လာလည္း အလင္းနဲ႔မခြဲမခြာ အတူေနနိုင္မယ့္အခ်ိန္ ႏွစ္ေယာက္တစ္ဘဝ ထူေထာင္နိုင္မယ့္ အခ်ိန္ၾကမွ အလင္းအနားမွာ အျမဲေနဖို႔ျပန္လာမွာ"

" . . . "

"ၿပီးေတာ့ သူမ်ားရဲ့အဖိုးတန္သားသမီးကို အေကာင္လို႔ မေခၚပါနဲ႔ေဖေဖ။ ေဖေဖေခၚေနတဲ့ အဲ့ဒီအေကာင္ဆိုတာ မၾကာခင္မွာ ‌ဆရာဝန္ျဖစ္ေတာ့မယ္သူပါ။ လူတကာက တရိုတေသ ေဒါက္တာအလင္းေရာင္လို႔ အေခၚခံရေတာ့မယ္သူပါေဖေဖ။ ဒါ့ေၾကာင့္ အေကာင္လို႔မေခၚပါနဲ႔"

"မင္းအေကာင္ကို မင္းပဲအထင္ႀကီးေနလိုက္မုန္း။ ငါကေတာ့ သားေမြးထားၿပီး သားမက္မလိုခ်င္ဘူး ေခၽြးမပဲလိုခ်င္တာ"

"စိတ္ခ်ေဖေဖ။ ကၽြန္ေတာ္ကလည္း ေယာကၤ်ားယူၿပီး ခေလးေမြးမွာမို႔ ေဖေဖသားမက္ပဲရမွာလို႔ တထစ္ခ်ေတြးၿပီး ေျမးခ်ီဖို႔ ျပင္ထားပါေဖေဖ"

"မုန္းမာန္"

"ကဲ ကိုမာန္ထက္ သားနဲ႔ရန္ျဖစ္မယ္ဆို ရွင္က်န္ခဲ့လိုက္။ ကၽြန္မျပန္ေတာ့မယ္"

ထိုေန႔က မုန္းအေျပာေတြေၾကာင့္ ေဖေဖေသြးတက္ၿပီး ျမန္မာျပည္ကို ျပန္သြားခဲ့ရတယ္။ မုန္းကို ျပန္ေခၚသြာၿပီး အိမ္‌မွာေလွာင္ပိတ္ထားဖို႔ မျဖစ္နိုင္ေတာ့တာကို သိတာမို႔ အလုပ္ရွာလို႔ရရင္ အလုပ္လုပ္ခြင့္ျပဳမယ္လို႔ ေပးထားတဲ့ သူ႔ကတိနဲ႔သူ မုန္းကိုထားမခဲ့ခ်င္ဘဲ ထားခဲ့ရပါေတာ့တယ္။

*************

မုန္း ပထမဆုံး အလုပ္စ'ဆင္းတဲ့ေန႔မွာ ပထမဆုံးခင္မိတာက ကိုရီးယားသူမေလးနဲ႔ပါ။ သူေလးကလည္း Fujoshi မေလး။ သူ႔နာမည္က ယူမီတဲ့။ သူလည္းမုန္းလိုပဲ ပထမဆုံး အလုပ္စ'ဆင္းတဲ့ ဝန္ထမ္းအသစ္ေလးပါပဲ။ မုန္းတို႔ တစ္ေယာက္ကိုတစ္ေယာက္ အားေပးရင္းနဲ႔ အလုပ္လုပ္ခဲ့ၾကတယ္။ ႏွစ္ေယာက္လုံးက အျမဲတပူးပူး တတြဲတြဲနဲ႔ မခြဲခဲ့ၾကသလို တစ္ေယာက္ကိုတစ္ေယာက္လည္း အရမ္းခ်စ္ၾကတယ္။ ပထမဆုံး အလုပ္တူတူဆင္းရတဲ့ ရြယ္တူသူငယ္ခ်င္းေတြမို႔ ထင္ပါတယ္။ အရမ္းခင္တဲ့ အခ်စ္ဆုံးသူငယ္ခ်င္းေတြ ျဖစ္ခဲ့တယ္။ ယူမီက ပထမဆုံး စ'ခင္တဲ့ေနမွာပဲ မုန္းကို ခ်စ္သူရွိလားလို႔ေမးလာခဲ့လို႔ အလင္းပုံကိုျပၿပီး ဒါငါ့ခ်စ္သူလို႔ ေျပာျပလိုက္ေတာ့ ယူ႔semeႀကီးက အရမ္းေခ်ာတာပဲတဲ့။ ယူတို႔ႏွစ္ေယာက္ သိပ္ကိုလိုက္ဖက္တယ္ေျပာလို႔ မုန္းမွာ ဘဝင္ေတြ ျမင္ခဲ့ရပါေသးတယ္။

ေနာက္ပိုင္း အလင္းနဲ႔ video call ေျပာျဖစ္တဲ့အခါ ယူမီနဲ႔အလင္းကို မိတ္ဆက္ေပးျဖစ္ခဲ့တယ္။ အဲ့ေနာက္ပိုင္းေတာ့ မုန္းနဲ႔အလင္း Video Call ေျပာတဲ့အခါတိုင္းလိုလို ယူမီပါ စကားဝင္ေျပာတာမို႔ အလင္းနဲ႔ယူမီလည္း ေတာ္ေတာ္ခင္ေနၾကပါၿပီ။ က်န္တဲ့ သူငယ္ခ်င္းအားလုံးနဲ႔လည္း socialေကာင္းလြန္းတဲ့ ယူမီ့ကို ခင္ၾကတယ္။ သူငယ္ခ်င္းအားလုံးထဲမွာမွ ယူမီ့အခ်စ္ေတာ္ေလးက ေႏြယံပါ။ တစ္ခါက သုတနဲ႔မုန္း Vidoe Call ေခၚၿပီး စကားေျပာျဖစ္ေတာ့ ေႏြယံက သုတအနားမွာရွိေနတာမို႔ ယူမီက ဘယ္သူေလးလဲေမးေတာ့ သုတရဲ့Ukeေလးလို႔ ေျဖလိုက္တဲ့ အခ်ိန္ကစၿပီး ေႏြယံက ယူမီ့ရဲ့အခ်စ္ေတာ္ေလးျဖစ္ခဲ့တယ္။

စကၤာပူကို ေရာက္ၿပီးကတည္းက မုန္းနဲ႔အလင္း မနက္တိုင္း ဖုန္းေျပာျဖစ္ၾကတယ္။ ညတိုင္း Video Call ေခၚၿပီး စကားေျပာျဖစ္ခဲ့တယ္။ သတိရရင္ သတိရသလို Video Call ေျပာျဖစ္ခဲ့ၾကတယ္။ ေဖေဖက မုန္းတို႔ကို လူခ်င္းပဲ ခြဲလို႔ရခဲ့တာပါ။

ေဖေဖက မုန္းတို႔ႏွစ္ေယာက္ကို အဆက္အသြယ္လည္း ျဖတ္လို႔မရခဲ့သလို မုန္းတို႔အခ်စ္ေတြကိုလည္း ေဝးသြားေအာင္ မလုပ္နိုင္ခဲ့ပါဘူး။ မုန္းဘယ္ေနရာမွာ ရွိေနတယ္ဆိုတာကို ေဖေဖအတည္ျပဳနိုင္ဖို႔ ေဖေဖ့ကို တစ္ေန႔ကို Video Callသုံးခါ ေခၚေပးရတယ္။

မုန္းနဲ႔အတူေနတဲ့အေဒၚက ေဖေဖ့ညီမဝမ္းကြဲဆိုေပမယ့္ နိုင္ငံျခားမွာ အေနၾကာေနတဲ့သူမို႔ မုန္းနဲ႔အလင္းရဲ့ခ်စ္ျခင္းကို နားလည္ေပးခဲ့တယ္။ ေဒၚေလးက မုန္းတို႔အေၾကာင္းကိုလည္း ေဖေဖ့ကို ဘာမွျပန္မေျပာခဲ့ဘူးေလ။ အဲ့‌ဒါေၾကာင့္ မုန္းနဲ႔အလင္း ဖုန္းေျပာတာ Video Callေျပာတာကို ေဒၚေလးေရွ႕မွာလည္း လြတ္လြတ္လပ္လပ္ ပြင့္ပြင့္လင္းလင္း ေျပာလို႔ရခဲ့တယ္။ ေဖေဖကေတာ့ သူ႔ညီမကိုယုံၿပီး ထားခဲ့တာမို႔ စိတ္ခ်ေနမွာေပါ့။ တစ္ခါတေလၾကေတာ့လည္း ေဖေဖက သိပ္ကိုသနားဖို႔ေကာင္းပါတယ္။ ေဖေဖ့ကိုသနားမိေပမယ့္ အလင္းနဲ႔လည္း မခြဲနိုင္ဘူးေလ။ ေတာင္းပန္ပါတယ္ေဖေဖ။

မုန္း စကၤာပူေရာက္ၿပီး ႏွစ္ႏွစ္ေျမာက္တဲ့အခ်ိန္မွာ Project တစ္ခုအတြက္ ယူမီနဲ႔အတူ ကိုရီယားကိုသြားဖို႔ အေၾကာင္းဖန္လာခဲ့တယ္။

"ဟဲလို ကိုကို"

"ဗ်ာ့"

"မုန္းေနာက္လထဲမွာ ကိုရီးယားကိုသြားရမွာမို႔ မုန္းကို ကိုရီးယားမွာ လာေတြ႕ေပးပါ။ မုန္းကိုခ်စ္ရင္"

ေျပာတာေလးကိုက မုန္းကိုခ်စ္ရင္တဲ့ စကားတတ္ေလး။ မလာေပးရင္သူ႔ကို မခ်စ္လို႔ေပါ့။

"ဟုတ္ကဲ့ပါဗ်ာ လာခဲ့ပါ့မယ္။ ကိုကို ရက္အၾကာႀကီးေတာ့ ေနလို႔မရဘူး ကေလးေပါက္။ အလြန္ဆုံးေနလို႔ရရင္ ႏွစ္ရက္ပဲ ေနလို႔ရမွာ"

"ရတယ္ကိုကို။ ကိုကို႔မ်က္ႏွာေလးကို တစ္နာရီေလာက္ ေတြ႕ခြင့္ရရင္ေတာင္ျဖစ္တယ္"

"ဟုတ္ပါၿပီဗ်ာ။ လာခဲ့ပါ့မယ္"

အလင္းက ေက်ာင္းၿပီးလို႔ ဆရာဝန္ျဖစ္တာ သိပ္မၾကာေသးပါဘူး။ ကေလာမွာတာဝန္က်တာမို႔ ကိုရီယားကိုသြားဖို႔ ရန္ကုန္ကို တစ္ရက္ႀကိဳသြားမွ အဆင္ေျပမွာပါ။ ေဆး႐ုံအုပ္ႀကီးကို တစ္လအႀကိဳကတည္းက ခြင့္တင္ၿပီး ကိုရီးယားကိုသြားဖို႔ စီစဥ္ရတယ္။ ကေလာမွာ ကိုယ္ပိုင္ေဆးခန္းေလးလည္း ဖြင့္ထားသလို ပုဂၢလိက ေဆး႐ုံေတြမွာလည္း အခ်ိန္ပိုင္း ထိုင္ေပးျဖစ္တာမို႔ အာလုံးကို ႀကိဳၿပီးခြင့္တိုင္ထားရသလို လူနာေတြကိုလည္း ဘယ္ေန႔ေတာ့ ခရီးသြားရမွာမို႔ အဲ့ရက္ေတြ ေဆးခန္းပိတ္ပါမယ္ဆိုၿပီး ႀကိဳတင္ေျပာျပထားရတယ္။

မုန္းေလးကို သြားေတြ႕ဖို႔ စုေဆာင္းထားသမၽွပိုက္ဆံေလးေတြကို ထုတ္သုံးရေတာ့မွာပဲ မတတ္နိုင္ဘူးေလ။ အရမ္းလြမ္းေနၿပီကိုး။

ကိုရီးယားကို မုန္းကိုေတြ႕ဖို႔သြားတဲ့ေန႔က ကၽြန္ေတာ့္အတြက္ ရင္အခုန္ရဆုံးေန႔ပါပဲ။ မုန္းနဲ႔အျပင္မွာမေတြ႕ရတာ ႏွစ္ႏွစ္ေတာင္ရွိခဲ့ၿပီမို႔လား။ ေလဆိပ္မွာ ကၽြန္ေတာ့္ကိုလာႀကိဳတဲ့ မုန္းေလးက ဆံပင္းေလးကို စုစည္းထားၿပီး ထိပ္ေပၚတည့္တည့္မွာ ဆံထုံးေလး ထုံးထားတယ္။ အရင္လို ကေလးဆန္တဲ့ အေငြ႕အသက္ေတြ မရွိေတာ့ဘဲ လူႀကီးဆန္စြာနဲ႔ ရင္က်က္တည္ၿငိမ္ၿပီး အရင္ကထက္ ပိုေခ်ာလာတယ္။ အစကတည္းက အလင္းထက္ အနည္းငယ္ပုေပမယ့္ အရပ္ရွည္တဲ့အထဲမွာပါတဲ့မုန္းက ေလ့က်င့္ခန္းေတြ လုပ္ထားလို႔နဲ႔တူပါရဲ့ ခႏၶာကိုယ္အခ်ိဳးအစားက အရင္ကလို ေသးေသးေလးမဟုတ္ဘဲ ေယာကၤ်ားပီပီသသ ျဖစ္လို႔ေနပါၿပီ။ ကၽြန္ေတာ့္ကေလးေပါက္က လြန္ခဲ့တဲ့ႏွစ္ႏွစ္ေက်ာ္က ကၽြန္ေတာ္ခ်စ္ခဲ့ရတဲ့ ကေလးေပါက္ေလးနဲ႔မတူဘဲ ရင့္က်က္တည္ၿငိမ္တဲ့ ေယာကၤ်ားတစ္ေယာက္ ျဖစ္လို႔ေနပါၿပီ။ ဒါေပမဲ့ ကၽြန္ေတာ့္မ်က္လုံးထဲမွာေတာ့ မုန္းက ကၽြန္ေတာ္အရမ္းခ်စ္ရတဲ့ ကၽြန္ေတာ့္ရဲ့ကေလးေပါက္ေလးပါပဲ။

"ကိုကို႔"

ေခၚသံေလးနဲ႔အတူ ‌အေျပးေလးလာၿပီး ဖက္လာတဲ့ ကေလးငယ္။ ကၽြန္ေတာ္နဲ႔ေတြ႕ရင္ အရင္လို ကေလးဆန္ေနတုန္းပါပဲလား။

"မြစ္ ကိုကို႔ကို မုန္းအရမ္းလြမ္းေနတာ မြစ္ မြစ္ မြစ္"

"ကိုကိုေရာပဲ ႁပြစ္"

မုန္းရဲ့ႏႈတ္ခမ္းေလးကို အနမ္းေပးလိုက္ေတာ့ အေနာက္မွာပါလာတဲ့ယူမီက ျပဳံးျပဳံးေလးၾကည့္ေနတာမို႔ ကၽြန္ေတာ္ နည္းနည္းေတာ့ ရွက္သြားတယ္။ အရမ္းလြမ္းေနခဲ့တာမို႔ အနားမွာလူေတြရွိတာကို ေမ့ေနခဲ့တယ္။

"ကိုကို႔ ေဆး႐ုံကို အရင္သြား‌ရေအာင္"

"ဟင္ဘာလို႔လဲ"

"Medical Checkup လုပ္ဖို႔"

"ခုမွေရာက္တာကို ခေလးေပါက္ကလည္း ခ်က္ခ်င္းႀကီးလား"

"မရဘူး ခုဆို ခုပဲ"

ထိုေန႔က ခေလးေပါက္ရဲ့ ဆႏၵအတိုင္း Medical Checkup လုပ္ခဲ့ရတယ္။

"မုန္း Medical Checkup က သုတ္ပိုးလိုလို႔လား"

"မသိဘူး လိုလိုမလိုလို ဆရာဝန္ကေတာင္းရင္ ေပးခဲ့လိုက္ေပါ့။ ကိုကိုကဆရာဝန္ဆိုၿပီး အရမ္းေမးတာပဲ"

"ေအာ္ ေအးပါကြာ အသဲေပါက္ရာ"

ခေလးေပါက္ရဲ့ဆႏၵအတိုင္း အားလုံးလိုက္လုပ္ေပးခဲ့ၿပီးမွပဲ ဟိုတယ္ျပန္ၿပီး အနားယူရတယ္။ ယူမီက သူတို႔အိမ္ကိုလိုက္ေနဖို႔ ေျပာေပမယ့္ အားနာတာေၾကာင့္ ဟိုတယ္မွာပဲ တည္းျဖစ္ခဲ့တယ္။

"လာပါဦး ကေလးေပါက္ရယ္။ ကိုကိုတစ္ေနကုန္ မနမ္းရေသးဘူး"

"ေက်းဇူးပါကိုကို မုန္းဆႏၵအတိုင္း အကုန္လုံးကို မညည္းမညဴ လိုက္လုပ္ေပးလို႔"

"ရပါတယ္ဗ်ာ။ ကိုကို႔က်န္းမာေရးအတြက္ ကေလးေပါက္က ပိုက္ဆံအကုန္ခံၿပီး စစ္ေပးတာကို ကိုကိုက ေက်းဇူးတင္ေနရတာပါ"

"အရမ္းခ်စ္တယ္"

"ကိုကိုေရာပဲ"

မုန္းရဲ့ႏႈတ္ခမ္းေလးကို ႏွစ္ႏွစ္စာအလြမ္းေပးရင္း ထိုေန႔ညက မုန္းတိုင္းထန္ခဲ့ၾကတယ္။ အလြမ္းေတြကို အတိုးခ်တယ္ဆိုပါေတာ့ဗ်ာ။

မနက္မိုးလင္းေတာ့ ဆံပင္အရွည္ေလးကို ျဖန႔္ခ်ထာၿပီး ေနာက္ခိုင္းထိုင္ေနတဲ့ မုန္းကိုေတြ႕လိုက္ရတာေၾကာင့္ အိပ္ခ်င္မူးတူးနဲ႔ ၾကည့္လိုက္မိေတာ့ ဘယ္ကေကာင္မေလး ငါ့အခန္းထဲကို ဝင္လာတာလဲဆိုၿပီး လန႔္သြား‌‌တာပဲ။ မေန႔က မုန္းကိုေတြ႕ခဲ့ရတာ ဆံထုံးနဲ႔ဆိုေတာ့ သတိမထားမိခဲ့ဘူးေလ။

"ဘယ္. . .ဘယ္သူလဲ"

"ေနပါဦး ခင္ဗ်ားႀကီးက က်ဳပ္ကို ဘယ္သူလို႔ထင္ေနတာလဲ ဦးအလင္းေရာင္"

"ဟင္ . . . မုန္း"

"ဟုတ္တယ္ မုန္း"

"ဆံပင္က ခါတိုင္းထုံးထားေနၾကဆို‌ေတာ့ အဲ့ေလာက္ရွည္ေနမွန္း မသိဘူးေလကြာ။ အိမ္ခ်င္မူးတူးနဲ႔ ႐ုပ္တရက္ႀကီး ျမင္လိုက္ရေတာ့ မိန္းခေလးမွတ္လို႔ လန႔္သြားတာပဲ"

"မိန္းခေလးထင္ၿပီး ရင္ခုန္သြားတယ္မို႔လား"

"ရင္မခုန္ရပါဘူးဗ်ာ ရင္တုန္သြားတာပါ"

"မယုံပါဘူးေနာ္"

"ယုံေပးပါဗ်ာ။ ကိုကို႔ဆီလာပါဦး အသဲရာ ဖက္ထားခ်င္လို႔"

"မ်က္ႏွာမသစ္ရေသးဘဲနဲ႔ ညစ္ပတ္ႀကီး"

"ဘာလဲ မုန္းက ကိုကို႔ကို ရြံလို႔လား"

"မရြံရပါဘူးဗ်ာ ႁပြစ္"

ခ်စ္ေမႊးေလးက မရြံဘူးေျပာၿပီး ႏႈတ္ခမ္းကို လာနမ္းပါတယ္။ Morning Kiss ကေန အစပ်ိဳးလိုက္တာ ဂ်ိန္းပလိမ္းဒိန္းတဲ့ အဆင့္ကို ေရာက္သြားခဲ့ရျပန္ပါတယ္။

"ခင္ဗ်ားႀကီး ညစ္ပတ္ႀကီး"

"ဘာညစ္ပတ္မိလို႔လဲဗ်ာ"

"လူကို ႏွစ္ႏွစ္စာမ်ား အတိုးခ်ၿပီး သတ္ေနတာလားမသိဘူး။ ညေရာ မနက္ေရာပဲ ခင္ဗ်ားႀကီး လြန္လြန္းတယ္ တကယ္"

"မလြန္ပါဘူးဗ်ာ။ က်ဳပ္ျဖင့္ နည္းေတာင္ နည္းေနသလားလို႔"

"သြား လူ႐ုပ္မာႀကီး ေရခ်ိဳးေတာ့။ မုန္းပါ ေရခ်ိဳးၿပီးသားကို ေရျပန္ခ်ိဳးရေတာ့မယ္"

"တူတူခ်ိဳးမယ္ေလ"

"မခ်ိဳးဘူးဗ်ာ။ တူတူခ်ိဳးရင္ ဒီေန႔ ဂ်ယ္ဂ်ဴကၽြန္းကို ေရာက္မွာမဟုတ္ေတာ့ဘူး။ ခင္ဗ်ား အရင္ခ်ိဴး"

"ဟုတ္ပါၿပီဗ်ာ။ ကၽြန္ေတာ္မ်ိဳး ေရအရင္ခ်ိဳးလိုက္ပါ့မယ္"

"အျမန္လုပ္"

ႏွစ္ေယာက္သား ေရမိုးခ်ိဳးျပင္ဆင္ၿပီးသြားေတာ့ ယူမီက လာေခၚေပးပါတယ္။ အဲ့ဒီေနာက္မွာေတာ့ ယူမီရဲ့ေက်းဇူးနဲ႔ ဂ်ယ္ဂ်ဴကၽြန္းကို သြားခဲ့ၾကတယ္။

ဂ်ယ္ဂ်ဴရဲ့အလွအပေတြကို အျပည့္အဝခံစားခဲ့ၿပီးေတာ့ ဂ်ယ္ဂ်ဴမွာ မုန္းနဲ႔အတူ အမွတ္တရေတြအမ်ားႀကီး ဖန္တီးျဖစ္ခဲ့ၾကတယ္။ ေက်းဇူးတင္ပါတယ္ကေလးငယ္။ အမွတ္တရေကာင္းေတြ ဖန္တီးေပးခဲ့လို႔။

ဒီလိုနဲ႔ကိုရီးယားမွာ ႏွစ္ရက္ဆိုၿပီး သုံးရက္ေနျဖစ္သြားခဲ့တယ္။ ကေလးေပါက္က အလင္းကိုရီးယားမွာေနတဲ့ သုံးရက္အတြင္းကို ေနရာစုံလိုက္ပို႔ေပးခဲ့တယ္။ သိပ္ကိုခ်စ္ဖို႔ေကာင္းပါတယ္ဗ်ာ။

မခြဲခ်င္ေပမယ့္လည္း တာဝန္ကိုယ္ဆီရွိေနခဲ့တာမို႔ အလင္းျပန္လာခဲ့ရတယ္။ ေနာက္တစ္ႏွစ္ဆို ကၽြန္ေတာ္တို႔ ျပန္လည္ဆုံစည္းရမွာပါ။

*************

မုန္းတို႔ ကိုရီးယားက ျပန္လာၿပီးတဲ့ေနာက္မွာေတာ့ မုန္းနဲ႔ယူမီ တာဝန္ယူထားရတဲ့ အလုပ္ကိစၥေၾကာင့္ ကိုရီးယားနဲ႔ စကၤာပူကို သြားလိုက္ျပန္လိုက္နဲ႔ ကိုရီးယားကို အေခါက္အခါခါ ေရာက္ျဖစ္ခဲ့ရတယ္။ ကိုရီးယားမွာ တာဝန္ယူထားရတဲ့ Project ကို တစ္ႏွစ္ခြဲအၾကာမွာ အဆုံးသတ္နိုင္ခဲ့တယ္။ အလင္းကို သုံးႏွစ္ျပည့္ရင္ ျပန္လာမယ္လို႔ ကတိေပးခဲ့ေပမယ့္ သုံးႏွစ္ေက်ာ္ ေလးႏွစ္ျပည့္ခါနီးမွ ျပန္ျဖစ္ခဲ့ေတာ့တယ္။

"မုန္း ျပန္မလာေသးဘူးလားကြာ။ ကိုကိုလြမ္းေနၿပီ။ မုန္းေျပာေတာ့သုံးႏွစ္ဆို အခု ေလးႏွစ္ေတာင္ျပည့္ေတာ့မယ္။ ျပန္လာခဲ့ေတာ့ေလကြာ။ ကိုကိုမုန္းကို တင့္ေတာင္းတင့္တယ္ ထားနိုင္ေနပါၿပီကြာ။ ျပန္လာခဲ့ေတာ့ေနာ္။ ပိုက္ဆံေတြလည္း ထပ္မရွာနဲ႔ေတာ့ေနာ္။ ပိုက္ဆံေတြမလိုဘူး မုန္းျပန္လာရင္ရၿပီ"

"ေနာက္လထဲ ျပန္လာေတာ့မွာပါဗ်ာ။ ကိုကို႔အတြက္ မုန္းလက္ေဆာင္ျပင္ထားတယ္။ ႏွစ္ခုေတာင္။ လက္ေဆာင္ကိုျမင္လိုက္တာနဲ႔ ကိုကိုအရမ္းႀကိဳက္သြားမယ္လို႔ အာမခံတယ္။ ၿပီးေတာ့ အရမ္းလည္းေပ်ာ္မွာ"

"ဘာမို႔လို႔လဲ မုန္းေလးရဲ့"

"ျပန္လာရင္ သိရမွာေပါ့ဗ်ာ"

"ျမန္ျမန္ျပန္လာ‌ေတာ့ ဘာလက္ေဆာင္လဲေတြးၿပီး ခုကတည္းက ကိုကိုရင္ေတြခုန္ေနၿပီ"

"ဟုတ္ပါၿပီဗ်ာ။ မုန္းျပန္လာရင္သာ ကိုကိုလာႀကိဳပါ"

"လာႀကိဳမွာစိတ္ခ်။ ဒါနဲ႔ မုန္းျပန္လာရင္ ကိုကိုနဲ႔ကေလာမွာ လိုက္ေနမွာမို႔လား"

"အင္းေပါ့ ကိုကိုနဲ႔ လိုက္မေနလို႔ ဘယ္သူနဲ႔လိုက္ေနရမွာလဲ။ ေဖေဖတို႔မသိေအာင္ ျပန္လာမွာပါဆို။ ျပန္လာရင္ စကၤာပူကေန ျပန္လာမွာမဟုတ္ဘူး။ ကိုရီးယားကေနျပန္လာမွာ"

"ဟင္ ဘာလို႔လဲ"

"အေၾကာင္းရွိလို႔ေပါ့ဗ်ာ"

"ဟုတ္ကဲ့ပါဗ်ာ"

မုန္းရဲ့ထူးျခားတဲ့လက္ေဆာင္ကို ေမၽွာ္ရင္းနဲ႔ တစ္လျပည့္မယ့္အခ်ိန္ကို ရင္ခုန္စြာနဲ႔ ေစာင့္ေနခဲ့ရတယ္။

မုန္းေျပာတဲ့ တစ္လျပည့္တဲ့အခ်ိန္မွာေတာ့ ေပးထားတဲ့ကတိအတိုင္း မုန္းျပန္လာခဲ့ပါတယ္။ ဒီတစ္ခါေတာ့ ကၽြန္ေတာ့္ခ်စ္သူေလးက ကတိတည္ခဲ့ပါတယ္။ သုံးႏွစ္လို႔ေျပာၿပီး သုံးႏွစ္ေက်ာ္ ေလးႏွစ္ျပည့္မွ ျပန္လာခဲ့တဲ့ ကေလးေပါက္ပါ။

ဒီေန႔ မုန္းျပန္လာမွာမို႔ အလင္းလာႀကိဳတာပါ။ ေလဆိပ္မွာ မုန္းကို ရင္ခုန္စြာနဲ႔ ေစာင့္ဆိုင္းေနရပါတယ္ဗ်ာ။ ဒီေန႔က ကၽြန္ေတာ့္အတြက္ ရင္အခုန္ရဆုံးေန႔ပါ။ ဒီေန႔ကစၿပီး ကၽြန္ေတာ္တို႔ႏွစ္ေယာက္ရဲ့ ကိုယ္ပိုင္ဘဝေလးကို စတင္ထူေထာင္ၿပီး ကၽြန္ေတာ္တို႔ႏွစ္ေယာက္ တစ္ေယာက္လက္ကိုတစ္ေယာက္တြဲရင္း အိုမင္းတဲ့အထိ အတူေနဖို႔ စတင္ရမယ့္ေန႔ပါ။ ဒီေန႔ေလးက ကၽြန္ေတာ္ေလးႏွစ္တာ ေစာင့္ေမၽွာ္ခဲ့ရတဲ့ မုန္းကို တရားဝင္ပိုင္ဆိုင္ခြင့္ရမယ့္ေန႔ မုန္းနဲ႔အတူ ဘဝတစ္ခုကို ထူေထာင္မယ့္ေန႔ေလးပါ။ ကၽြန္ေတာ့္ဘဝထဲကို ကေလးေပါက္ အၿပီးအပိုင္ ဝင္လာမယ့္ေန႔ပါ။ ဒါ့ေၾကာင့္ ကၽြန္ေတာ္ ရင္ေတြ အရမ္းခုန္ေနပါတယ္။ တနည္းေျပာရရင္ ကၽြန္ေတာ္ဒီေန႔ မုန္းကိုခိုးေျပးမယ့္ေန႔ေပါ့။ ကၽြန္ေတာ္တို႔ႏွစ္ေယာက္ လက္ထပ္မယ့္ေန႔ဆိုလည္း မမွားဘူးေပါ့ဗ်ာ။

မုန္းေလယာဥ္ေပၚကဆင္းေတာ့ ေကာင္မေလးေတြက မုန္းကိုၾကည့္ၿပီး ေခ်ာလိုက္တာလို႔ ေျပာၾကတဲ့အသံကို ဆူညံေနေအာင္ ၾကားခဲ့ရပါတယ္။

"ဟယ္ေခ်ာလိုက္တာဟယ္။ တ႐ုတ္သိုင္းကားထဲက ေရွာင္ေကာေကာေလးၾကေနတာပဲ"

"ေအးဟယ္ ခ်စ္ဖို႔ေကာင္းလိုက္တာဆိုတာ"

ခါးအထိရွည္ေနတဲ့ဆံပင္ႀကီးကို ‌အေပၚတစ္ဝက္ေလးပဲစည္းထားၿပီး ျဖန႔္ခ်ထားတာမို႔ သူတို႔ေလးေတြေျပာတဲ့ တ႐ုတ္သိုင္းကားထဲက ေရွာင္ေကာေကာနဲ႔ တူေနတာေတာ့ အမွန္ပါပဲ။ ျဖဴေဖြးလြန္းတဲ့ အသားအေရနဲ႔အတူ ေျဖာင့္စင္းနက္ေမွာင္တဲ့ ဆံႏြယ္ရွည္ေတြေၾကာင့္ မုန္းက လူအမ်ားၾကားမွာ ထင္းထြက္ေနပါတယ္။

ဘာေၾကာင့္ ဆံပင္အရွည္ထားတာလဲလို႔ မုန္းကိုေမးလာရင္ ေျဖရမွာက တစ္ခုတည္းပါ။ ကၽြန္ေတာ့္ကိုကိုက ကၽြန္ေတာ္ဆံပင္အရွည္ေလးနဲ႔ သိပ္ေခ်ာတယ္လို႔ေျပာလို႔ မညႇပ္ဘဲ ဒီတိုင္းထားခဲ့တာပါ။ အရင္က ဆံထုံးထုံးေနၾကေပမယ့္ ဒီေန႔ေတာ့ ဘာစိတ္ကူးေပါက္ၿပီး ျဖန႔္ခ်ထားမိမွန္း ကိုယ္ကိုယ္တိုင္ေတာင္ မသိပါဘူး။

ေလယာဥ္ေပၚကဆင္းေတာ့ ဧည့္ႀကိဳေနရာမွာ မုန္းကိုႀကိဳဆိုေနမယ့္ အလင္းကို မ်က္လုံးေလးေဝ့ၿပီး ရွာလိုက္တယ္။ ေတြ႕ရပါၿပီ ကၽြန္ေတာ္ခ်စ္ရတဲ့အလင္း။ မုန္းကိုျမင္ေတာ့ မုန္းအနားကိုေျပးလာၿပီး မုန္းလက္မွာကိုင္ထားတဲ့အရာကို အံ့ဩတႀကီး ျပဴးၾကည့္ေနပါတယ္။

"မုန္းဒါေလးေတြက"

"လူေလးေတြေလ"

"ဟင္ ဘယ္သူ႔ရဲ့လူေလးေတြလဲ"

"ကၽြန္ေတာ့္နဲ႔ခင္ဗ်ားရဲ့ လူေလးေတြ"

"ဟင္ မုန္းကိုယ့္ကို မေနာက္နဲ႔ေနာ္။ ဘယ္သူ႔ကေလးေတြကို ကူတြန္းေပးလာတာလဲ"

"ေဟာဗ်ာ က်ဳပ္က ဘယ္သူ႔ကေလးေတြကို ကူတြန္းေပးရမွာလဲ။ ဒီလူေလးႏွစ္ေယာက္လုံးက မုန္းနဲ႔ကိုကိုရဲ့သားနဲ႔သမီးပဲ"

"ဟင္ ဘယ္လိုႀကီးလဲ"

"ကဲပါဗ်ာ လာပါ။ မုန္းတို႔ အခု ကေလာကို ဘာနဲ႔သြားမွာလဲ"

"ေလယာဥ္နဲ႔ေလ"

"အင္း ခုေလယာဥ္ကိုေစာင့္ရမွာေပါ့ အဲ့လိုလား"

"အင္းဟုတ္တယ္။ မုန္းျပန္ေရာက္မယ့္အခ်ိန္နဲ႔ ဒီကထြက္မယ့္အခ်ိန္ကို မွန္းၿပီးျဖတ္ထားတာ။ ခဏေနရင္ ကေလာကို ထြက္မယ့္ေလယာဥ္ကို စီးရ‌ေတာ့မွာ"

"အဲ့ဒါဆို ေလဆိပ္က ေကာ္ဖီဆိုင္တစ္ခုခုမွာ မုန႔္စားရင္း ေလယာဥ္ေစာင့္ရေအာင္ေလ။ ေကာ္ဖီဆိုင္ေရာက္ရင္ ကိုကို႔ကို အေၾကာင္းစုံ ေျပာျပမယ္။ ခုေတာ့ ဒီလူေလးႏွစ္ေယာက္ရဲ့ တြန္းလွည္းကို ကိုကိုတြန္းလာခဲ့ေပး"

အလင္းကို ရယ္ျပၿပီး အေရွ႕ကထြက္သြားတဲ့ မုန္းရဲ့ေနာက္ကို အလင္းအူေၾကာင္ေၾကာင္နဲ႔ ကေလးတြန္းလွည္းေလးတြန္းရင္း လိုက္ခဲ့ရတယ္။

ေကာ္ဖီဆိုေရာက္ေတာ့ မုန္းေပါက္က စတင္ရွင္းျပလာတယ္။

"ကိုကို ကိုရီးယားကို လာတုန္းကကြာ ကိုကို႔သုတ္ပိုးကို ယူတာမွတ္မိတယ္မို႔လား"

"အင္း"

"အဲ့ဒါ မုန္းကေလးယူဖို႔အႀကံနဲ႔ ဆရာဝန္ေတြနဲ႔တိုင္ပင္ၿပီး ကိုကို႔ဆီက ယူခဲ့တာ"

"ဟမ္ အဲ့လိုလုပ္လို႔ရလို႔လား"

"ကိုကို႔ကို မုန္းေပးတဲ့စာရြက္စာတမ္းေတြကို ကိုကိုေသခ်ာမဖတ္ဘဲ လက္မွတ္ထိုးခဲ့တယ္ေလ။ ကိုကို႔လက္မွတ္ေတြ ပါေနတာပဲဟာ ကာယကံရွင္က ၾကည္ၾကည္ျဖဴျဖဴေပးတာ မရဘဲေနမလား"

"မုန္းကိုယုံလို႔ေလ"

"အင္းပါ ဟုတ္ပါၿပီဗ်ာ။ ဆက္ေျပာမယ္ေနာ္။ ယူမီနဲ႔တိုင္ပင္ၿပီး အမ်ိဴသမီးတစ္ေယာက္ဆီက မမ်ိဳးဥအလႉခံခဲ့တယ္ကြာ။ လႉမယ့္သူရေတာ့ အငွားကိုယ္ဝန္ေဆာင္သည္ကို ရွာခဲ့တယ္။ အငွားကိုယ္ဝန္ေဆာင္ရတာနဲ႔ ကိုကိုနဲ႔မုန္းရဲ့သုတ္ပိုးနဲ႔ အလႉခံထားတဲ့မမ်ိဳးဥကို ေပါင္းစပ္ၿပီးေတာ့ အငွားကိုယ္ဝန္ေဆာင္ရဲ့ဗိုက္ထဲကို ထည္ခဲ့တာ"

"ဒါဆို ဒီကေလးႏွစ္ေယာက္က ကိုကိုနဲ႔မုန္းရဲ့ ေသြးသားေပါ့"

"Yes အေမတစ္ေယာက္တည္းက လာတာမို႔ ေမာင္ႏွစ္မအရင္းေတြပဲ။ ဘယ္သူက ကိုကို႔ခေလး ဘယ္သူက မုန္းခေလးလည္းေတာ့ မုန္းလည္း မသိဘူး။ မုန္း DNA မစစ္ခဲ့ဘူး"

"စစ္စရာမလိုပါဘူးမုန္းရာ။ ႏွစ္ေယာက္လုံးက မုန္းနဲ႔ကိုကိုရဲ့ ကေလးပဲဟာ။ ခုလို တန္ဖိုးႀကီးလက္ေဆာင္ကို ယူလာေပးခဲ့တဲ့မုန္းကို ကိုကိုက ေက်းဇူးအမ်ားႀကီးတင္ပါတယ္။ ကိုကို႔မုန္းေလး ပင္ပန္းခဲ့မွာေပါ့"

"မုန္းက မပင္ပန္းပါဘူး။ ကိုကိုေက်းဇူးတင္ခ်င္ရင္ ယူမီနဲ႔ ယူမီ့ေမေမတို႔ကို ေက်းဇူးတင္။ အစအဆုံးကို ယူမီ့ေမေမက ကူညီေပးခဲ့တာ။ မုန္းျမန္မာျပည္ကိုျပန္လာမွ ဒီကေလးေလးေတြကို ကိုရီးယားကေန ဝင္ေခၚလာခဲ့တာ"

"ေက်းဇူးတင္ပါတယ္ ကိုကို႔ကေလးေပါက္ရယ္။ မုန္းယူလာေပးတဲ့ လက္ေဆာင္ေလးေတြက ကိုကို႔အတြက္ တန္ဖိုးမျဖတ္နိုင္တဲ့ အရာေလးေတြပါ။ ေမေမသာသိရင္ အရမ္းေပ်ာ္ေနေတာ့မွာပဲ"

"ကိုကိုေပ်ာ္တယ္ဆိုလို႔ မုန္းေက်နပ္ပါတယ္ဗ်ာ။ တစ္ခုေျပာစရာရွိတယ္။ ကိုကိုမုန္းကို တစ္သက္လုံး ရွာေကၽြးေတာ့။ ဒီလူေလးႏွစ္ေယာက္ကိုရဖို႔ မုန္းရွာထားသမၽွ ပိုက္ဆံအကုန္လုံးနီးပါးကို သုံးခဲ့ရတာ။ ဒီလူေလးေတြေၾကာင့္ မုန္းမွာ ပိုက္ဆံသိပ္မက်န္ေတာ့ဘူး"

"ဟုတ္ပါၿပီဗ်ာ။ ဒီလူေလးေတြကိုေရာ ဒီလူေလးေတြရဲ့ ေဖေဖကိုေရာ တစ္ဘဝလုံးစာ တာဝန္ယူပါတယ္ဗ်ာ"

ထိုေန႔က အလင္းရဲ့ ကေလာကိုျပန္တဲ့ အိမ္ျပန္တဲ့ခရီးလမ္းေလးက မုန္းရယ္၊ သားသား မီးမီးေလးေတြရယ္နဲ႔အတူ ၿပီးျပည့္စုံခဲ့ပါတယ္။ သားသား မီးမီးေလးေတြနဲ႔အတူ မုန္းနဲ႔အလင္းရဲ့အနာဂတ္ခရီးလမ္းက လွပျပည့္စုံေနမွာ အေသအခ်ာပါပဲ။

Continuă lectura

O să-ți placă și

33.4K 755 16
Kim Y/n daughter of a gang leader. A kind hearted girl. Everyone likes her. She is Cute, beautiful, hot etc And Jeon Jungkook. The cold hearted mafia...
61.4K 3.8K 36
Uni အတိတ်ကို အတိတ်မှာပဲ ထားခဲ့လို့ရရင်တောင် စိတ်ကိုအတိတ်မှာ ထားခဲ့လို့မဖြစ်ဘူး.... ပျော်ပြီးသေသွားတဲ့ နာရေးကြော်ငြာမျိုး မောင် ဖတ်ဖူးခဲ့လား...။ ဝမ်းန...
3.5K 152 7
တိမ်တိုက်နွေး + ရှိုင်းရတုနောင် နွေးနဲ့ရှိုင်းတိို့ရဲ့ ကမ္ဘာလေးထဲကိုအလည်လာခဲ့ဖို့ ဖိတ်ခေါ်ပါတယ်ဗျ
3.4M 142K 60
The story of Abeer Singh Rathore and Chandni Sharma continue.............. when Destiny bond two strangers in holy bond accidentally ❣️ Cover credit...