သဏ္ဍာန်ဆန်း

By Saung_Nay_Chi

2.8M 312K 11.7K

(U&Z) သူဟာ အဆုံးမရှိတဲ့ လွတ်​လပ်​ခြင်း​တွေနဲ့ ငါတို့ရဲ့ မနက်ဖြန်တိုင်းကို ပျော်ရွှင်စေတဲ့ သူ ...။ သူက သိပ်ကို... More

Author's note
intro
P_1 (U)
P_2 (U)
P_3 (U)
P_4 (U)
P_5 (U)
P_6 (U)
P_7 (U)
P_8 (U)
P_9 (U)
P_10 (U)
P_11 (U)
P_12 (U)
P_13 (U)
P_14 (U)
P_15 (U)
P_16 (U)
P_17 (U)
P_18 (U)
P_19 (U)
P_20 (U)
Trekking photo
P_21 (U)
P_22 (U)
Paintball game photo
P_23 (U)
P_24 (U)
P_26 (U)
P_27 (U)
P_28 (U)
P_29 (U)
P_30 (U)
P_31 (U)
P_32 (U)
P_33 (U)
P_34 (U)
P_35 (U)
P_36 (U)
P_37 (U)
P_38 (U)
P_39 (U)
P_40 (U)
P_41 (U)
P_42 (U)
ဥတ္တရအလင်းတန်း (Northern Light)
P_43 (U)
P_44_Ending (U)
thank you all my lovely reader
(Extra _ 1) U
(Extra _ 2) U
(Extra _ 3) U
လင်းရဝေ ❤ သုတဟန်
💛 Book Cover 💛
P_1 (Z)
P_2 (Z)
P_3 (Z)
P_4 (Z)
P_5 (Z)
P_6 (Z)
P_7 (Z)
P_8 (Z)
P_9 (Z)
P_10 (Z)
P_11 (Z)
P_12 (Z)
P_13 (Z)
P_14 (Z)
P_15 (Z)
P_16 (Z)
P_17 (Z)
P_18 (Z)
P_19 (Z)
P_20 (Z)
P_21 (Z)
P_22 (Z)
P_23 (Z)
P_24 (Z)
P_25 (Z)
P_26 (Z)
P_27 (Z)
P_28 (Z)
P_29 (Z)
P_30 (Z)
P_31 (Z)
P_32 (Z)
P_33 (Z)
P_34 (Z)
P_35 (Z)
P_36 (Z)
P_37 (Z)
P_38 (Z)
P_39 (Z)
P_40 (Z)
P_41 (Z)
P_42 (Z)
P_43 (Z)
P_44_Ending (Z)
(Extra_1) Z
(Extra_2) Z
(Extra_3) Z
(Extra_4) U
(Extra_4) Z
💛Happy New Year (မိုင်းဆန်း) Unicode💛
💛 Happy New Year (မိုင်းဆန်း) Zawgyi💛
New fic 💛
(Resell ပြဿနာ)
"သဏ္ဍာန်" နဲ့ "သဏ္ဌာန်"
"သဏ္ဌာန်ဆန်း" sec ver book details

P_25 (U)

41.1K 5.1K 285
By Saung_Nay_Chi

"မိုင်း ရပြီ လာစားတော့ ..."

ဧည့်ခန်းထဲမှာ TVထိုင်ကြည့်နေတဲ့ မိုင်းကို ထမင်းစားခန်း ရှေ့မှာလာရပ်ပြီး လှမ်းခေါ်နေသော ဆန်း။

"ဘာစားရမှာလဲ ..."

"မင်းပဲ ဗိုက်ဆာလို့ တစ်ခုခု လုပ်ပေးပါဆို ...အခုရပြီလေ လာစားတော့ ..."

ညနေပိုင်း ကျောင်းကနေ ပြန်လာတော့ လမ်းမှာပဲ ‌ညနေစာကို ဆိုင်တစ်ခုမှာ နှစ်ယောက်သား ဝင်စားဖြစ်ခဲ့ကြသည်။ ည8နာရီ လောက်ကျတော့မှ မိုင်းက ဗိုက်ဆာတယ်ဆိုပြီး ထပ်ပြောလာတာမို့ အခန်းထဲမှာ စာလုပ်နေရင်းနဲ့ သူထလုပ်ပေးရပြန်၏။ သခင်လေးကတော့ ဧည့်ခန်းထဲမှာ TVကြည့်ရင်း စောင့်နေလေရဲ့။

"သိတယ်လေ တစ်ခုခုစားဖို့ ခေါ်တာကို ...ငါပြောတာက ဘာစားရမှာလဲလို့ မေးနေတာ ...မင်းကို တစ်ခုခုချက်ပေးပါလို့ ပြောလိုက်တဲ့ အချိန်နဲ့ ရပြီလို့ မင်းလာခေါ်တဲ့အချိန်က ဘယ်နှမိနစ်မှ မကြာဘူးလေ ...ဒီအချိန် နည်းနည်းလေး အတွင်းမှာ မင်းဘာကို ချက်လိုက်တာလဲ ..."

ဗိုက်ဆာနေတာ မှန်ပေမယ့် ဘာဖြစ်ဖြစ် ပါးစပ်ထဲ ထည့်ချင်တာမျိုးတော့ မဟုတ်။ အဲ့ဒါကြောင့် အရံသင့်စားလို့ရတဲ့ မုန့်တွေကို‌တောင် သူယူမစားပေ။ ချက်ပြုတ်ထားတဲ့ တစ်ခုခုကို ဖွယ်ဖွယ်ရာရာလေး စားချင်လို့ ဆန်းကို ခိုင်းမိတာပါ။ ခန့်မှန်းခြေ ဆယ်မိနစ် လောက်လေးနဲ့ ချက်ပြီးသွားတယ်ဆိုတော့ မြန်ဆန်မှုကိုပဲ အသိအမှတ် ပြုရတော့လေမလား။

"ခေါက်ဆွဲပြုတ်လေ ..."

"ဟမ် ...ခေါက်ဆွဲပြုတ် ..."

"အေးလေ မင်းပဲ တစ်ခုခုဆို ..."

"တစ်ခုခု ချက်ပေးခိုင်းတာလေကွာ ...ခေါက်ဆွဲပြုတ်လောက်ကတော့ ငါ့ဘာသာပဲ ထလုပ်တော့မှာပေါ့ ...မင်းကို ‌ခိုင်းနေမလား ..."

"ဘာဖြစ်ဖြစ် စားလို့ရရင် ပြီး‌ရောပေါ့ ..."

"ငါက ဖွယ်ဖွယ်ရာရာလေး ချက်ပြုတ်ထားတာကို စားချင်တာ ...ခေါက်ဆွဲပြုတ် မဟုတ်ဘူး ..."

"ဒီမှာ ဟေ့ကောင် ...မင်းကို ဘုရင့်ပွဲတော်အုပ်လိုမျိုး ငါမချက်ပေးနိုင်ဘူး ...ချက်လည်း မချက်တတ်ဘူး ...အားလည်း မအားဘူး ...ငါစာလုပ်နေတယ် ..."

"ငါက မင်းအလုပ်ရှင်နော် ..."

"အဲ့ဒါ ဘာဖြစ်လဲ မကျေနပ်ရင်လည်း အလုပ်သာဖြုတ်လိုက် ..."

မိုင်း မလုပ်ရဲဘူးဆိုတာ သိသိနဲ့ ဆန်းက အဲ့ဒီ့စကားကို ပြောလိုက်သည်။

"ငါမလုပ်နိုင်မှန်း သိလို့ သက်သက်မဲ့ အနိုင်ယူနေတာလား သဏ္ဍာန်ဆန်း ..."

"ထင်ချင်သလို ထင် ...မင်းစားမှာလား မစားဘူးလား ...မစားရင် ငါတစ်ယောက်ထဲ စားလိုက်မှာ ..."

သူလည်း အနည်းငယ် ပြန်ဆာနေပြီမို့ ခေါက်ဆွဲပြုတ်ထားတာက နှစ်ပန်းကန်။

"အခုမှတော့ စားရတော့မှာပေါ့ ...ယူလာခဲ့ ဒီကို ..."

မကျေမနပ်နဲ့ မိုင်း မျက်နှာက မသာမယာ။ ဆန်းလည်း ထမင်းစားခန်းထဲက ခေါက်ဆွဲပန်းကန် နှစ်လုံးကို လင်ဗန်းတချပ်နဲ့ တင်ပြီး ဧည့်ခန်းထဲကို သယ်လာလိုက်သည်။

"ရော့ ..."

ဧည့်ခန်းစားပွဲပေါ်မှာ တင်ပေးလာတဲ့ ခေါက်ဆွဲပြုတ်ပန်းကန်ကို ကြည့်လိုက်တော့ အသားပြားတွေ အသီးအရွက်တွေနဲ့ ကြက်ဥတွေလည်း ပါသေးသည်။ အခြေအနေက သိပ်မဆိုးလှပေ။ အမြင်အရတော့ စားချင်စဖွယ်ပါပဲ။

ဧည့်ခန်းစားပွဲက နိမ့်နေတာမို့ ဆိုဖာခုံပေါ်ကနေ ထိုင်ပြီးစားပါက ကုန်းကွပြီး စားနေရနိုင်သည်။ ဒါကြောင့် ဆန်းက အောက်ကြမ်းပြင်မှာ ဒီတိုင်း ထိုင်ချလိုက်ပြီး စားပွဲနဲ့ နီးနီးကပ်ကပ် ထိုင်စားရန် လုပ်လိုက်ပါ၏။
မိုင်းလည်း ဆိုဖာခုံရှည်ပေါ်မှာ ထိုင်နေရာကနေ ဆန်းလိုပဲ အောက်မှာ ဆင်းထိုင်လိုက်လေသည်။

"မဆိုးပါဘူး ကောင်းသားပဲ ..."

တစ်ဇွန်းစားကြည့်ပြီး အသိအမှတ် ပြုပေးနေသော မိုင်း။ ဆန်းက တစ်ချက် ပြုံးလိုက်ပါသေးသည်။ စောစောကပဲ မစားချင်ဘူးလို့ ပြောနေပြီး အခုကျတော့ ခေါင်းပင် ပြန်မော့မလာတော့ပေ။ ခေါက်ဆွဲပန်းကန်ထဲ ခေါင်းစိုက်ပြီး အသံတိတ်စားနေလေရဲ့။

"မင်း ထမင်းဟင်း မချက်တတ်ဘူးလား ဆန်း ..."

"နည်းနည်းပါးပါးတော့ ချက်တတ်တယ်လေ ဘာလို့လဲ ..."

"အဲ့ဒါဆို ငါတို့ အိမ်မှာပဲ ထမင်းချက်စားကြရအောင်လေ ...အပြင်မှာပဲ အမြဲဝယ်စားနေရတော့ ငြီးငွေ့လာပြီ ..."

မနက်ခင်းစာကို ကျောင်းမသွားခင် အိမ်မှာတစ်ခုခု လုပ်ပြီး စားဖြစ်ကြသည်။ ပေါင်မုန့်မီးကင်၊ ကြက်ဥကြော်၊ Sandwich ဒါပဲပတ်လည်ရိုက်ပြီး လုပ်တတ်တာလေးသာ စားဖြစ်ကြတာပါ။ တခါတလေတော့ ကျောင်းသွားရင်း ဝယ်စားလိုက်ကြပါသည်။
နေ့လည်စာက ကျောင်းမှာစားပြီး ညနေစာကျတော့ အိမ်အပြန် လမ်းမှာပဲ စားလာကြ၏။ ဒီအိမ်မှာက အဆာပြေလောက်ပဲ ချက်စားဖြစ်ပြီး ထမင်းဟင်းရယ်လို့ တကူးတက မချက်ဖြစ်ပေ။

"ငါတို့က အိမ်မှာ မိုးလင်းမိုးချုပ် အမြဲရှိနေတာမှ မဟုတ်တာ ..."

"ရှိတဲ့အချိန်လေး ချက်စားကြမယ်လေကွာ ..."

"ငါချက်ရမှာလား ..."

"အင်းလေ ...ငါမှမချက်တတ်တာ ..."

ချက်တတ်လိမ့်မယ်လို့လည်း မျှော်လင့်မထားပါ။ ရွှေပေါ်မြတင် ပိုးလိုဥထားတဲ့ ဒိတ်ဒိတ်ကြဲသူဌေးသားက ထမင်းဟင်း ချက်တတ်နေလျင် Amazing ဖြစ်နေရဦးမည်။

"ငါအိမ်ထမင်း အိမ်ဟင်း စားချင်လို့ပါကွာ နော် ...အထူးသဖြင့် မင်းချက်ထားတာလေး စားချင်တယ် ...နော် ဆန်း နော် နော် ...ချက်စားရအောင် ..."

တောင်းဆိုနေပုံက သနားစရာ ကလေးငယ်လေးလို။ တမင် ဆန်းကို ခိုင်းစားချင်နေတာမျိုး မဟုတ်ဘဲ ဆန်းလုပ်ပေးသမျှကို အလိုရှိနေတဲ့ မိုင်း။ ဒါကို ဆန်းကလည်း သဘောပေါက်နားလည်ပြီး ခေါင်းညိတ်လိုက်လျော ပေးလိုက်ပါသည်။ သူ့အတွက်လည်း အပန်းမကြီးတာမို့။

"အင်း အင်း နောက်ရက်ကျ freezer ထဲမှာ ဟင်းချက်စရာတွေ ဝယ်ထည့်ထားလိုက် ...ပြီးတော့ ဆန်ပါဝယ် ..."

"အေးပါ ..."

လိုချင်တာ ရသွားတော့ မျက်နှာကတစ်မျိုး။ ပြုံးလို့ရွှင်လို့။

"ဆန်း ..."

"ဟင် ..."

"ဒီလိုကျတော့ ငါတို့က လင်မယားတွေလိုပဲနော် ..."

"အဟွတ် အဟွတ် ..."

မိုင်းစကားကြောင့် ခေါက်ဆွဲစားရင်း သီးသွားရတဲ့ သဏ္ဍာန်ဆန်း။

"မင်းရရဲ့လား သီးသွားတာ ...ဖြေးဖြေးစားလေ ဘာလို့လောနေတာလဲ ...ငါမင်းဆီက လုမစားပါဘူး ငါဝပါပြီကွ ...ရော့ ရော့ ရေသောက်လိုက်ဦး ..."

မိုင်းကမ်းပေးလာတဲ့ ရေကို ဆန်းက ကောက်မော့သောက်လိုက်ပြီးမှ ...

"မင်းလုစားမှာစိုးလို့ မြန်မြန်စားပြီး သီးသွားတာမဟုတ်ဘူး ...မင်းစကားကြောင့် သီးသွားတာ ..."

"ငါဘာပြောလိုက်မိလို့လဲ ...အာ ...လင်မယားလို့ ပြောလိုက်လို့လား ...အဟက် ..."

မိုင်းက အခုမှ သဘောပေါက်သွားပြီး ရယ်နေပါသည်။

"ဟုတ်တယ်လေ တစ်အိမ်ထဲ အတူနေတယ် ...မနက်ကနေ မိုးချုပ်ထိ နေ့တိုင်းမြင်တွေ့နေရတယ် ...အခု ထမင်းဟင်းလည်း အတူတူ ချက်စားကြတော့မှာ ...အဲ့ဒါ ညားကာစ လင်မယားတွေနဲ့ တူတာပေါ့ ...ငါပြောတာ မဟုတ်လို့လား ..."

"ဘာ လင်မယားလဲ ...အဲ့လောက်တောင် နှိုင်းစရာ ရှားနေလို့လား ...တစ်အိမ်ထဲနေတိုင်း ထမင်းဟင်း ချက်စားကြတိုင်း လင်မယား ဖြစ်ရရောလား ...မိသားစုလို့ ညီအစ်ကိုလို့ ပြောရင်တောင် နည်းနည်းကြားလို့ ကောင်းဦးမယ် ..."

"ဘယ်မိသားစု ဘယ်ညီအစ်ကိုက လည်ပင်းတွေ နှုတ်ခမ်းတွေ နမ်းလို့လဲ ကဲပြော ...ငါတို့က သွေးသားရင်းတွေမှ မဟုတ်တာ ...ဒီလောက်ထိ ပတ်သက်မှုတွေ ရှိနေတာကို လင်မယားလို့ မပြောလို့ ဘယ်လိုပြောရမလဲ ..."

"ပတ်သက်တယ် ...ဘာပတ်သက်တာလဲ ...ငါတို့က သူငယ်ချင်းတွေလေ ဘာပတ်သက်လို့လဲ ..."

"သူငယ်ချင်းအချင်းချင်း လည်ပင်းတွေ နှုတ်ခမ်းတွေ နမ်းတဲ့ ပတ်သက်မှုမျိုး ရှိတတ်လို့လား ..."

"မင်းစကားပြောတိုင်း အဲ့ဒီ့နမ်းတဲ့ အကြောင်းတွေ ထည့်ထည့်မပြောစမ်းပါနဲ့ ငါထလုပ်မိလိမ့်မယ် ..."

"ငါမဟုတ်တာ ပြောနေလို့လား ငါတို့တကယ် လုပ်ခဲ့ ...အင့် ..."

ပြောလက်စ စကားဟာ ပါးစပ်ထဲ ဝင်လာတဲ့ ကြက်ဥ တစိတ်ကြောင့် ရပ်သွားရပါသည်။ ဆန်းက သူ့ပါးစပ်ထဲကို အတင်းထိုး၍ ခွံလိုက်တာမို့။

"အပေါက်ကိုပိတ်ထား ...အစားကို ကုန်အောင်စား ...စကားကို ကုန်အောင်မပြောနဲ့ ..."

"စကားကို ကုန်အောင် ပြောတော့ ဘာဖြစ်လို့လဲ ..."

"တာဝန်အပြည့်ယူနိုင်မှ စကားဆိုတာ ကုန်အောင်ပြောသင့်တယ် ..."

"တာဝန် ...ငါက ဘာကို တာဝန်ယူရမှာလဲ ...မင်းကိုလား ...လင်မယားလို့ ပြောမိတဲ့အတွက် မင်းကို လက်ထပ်ရမယ်လို့ ပြောချင်တာလား ..."

"ဟင်း ..."

ဆန်းက စိတ်မရှည်စွာ သက်ပြင်းတစ်ချက် ချလိုက်ပြီး...

"ငါ့ကို လက်ထပ်ရမယ်လို့ ပြောနေတာ မဟုတ်ဘူး ...မင်းကို ပြန်တွေးကြည့်ခိုင်းနေတာ ..."

"ဘာတွေးရမှာလဲ ..."

"မင်းမိသားစု အသိုင်းအဝိုင်းနဲ့ မင်းနေထိုင်တဲ့ lifestyle ထဲကို ယောင်္ကျားလေး တစ်ယောက်နဲ့ လက်ထပ်ပြီး မင်းဝင်ရဲလို့လား ...မင်းရင်ဆိုင်ရမှာတွေကို ဘာတစ်ခုမှ ကြိုမတွေးထားဘဲနဲ့ ငါ့ကိုလင်မယားလို မဆက်ဆံနဲ့ ...ပြောလိုက်တဲ့ စကားရဲ့ တာဝန်ယူမှု တာဝန်ခံမှုဆိုတာရှိတယ် ...ပြောချင်တာက ငါနဲ့လက်ထပ်ဖို့အထိ မစဉ်းစားထားဘူးဆိုရင် လင်မယား အဆင့်အထိလည်း တွေးမနေနဲ့ ..."

ဆန်းပြောသွားတာတွေက တစ်ခုမှ မမှားပါ။ သူတကယ်ပဲ အဆုံးထိ ကြိုမတွေးထားမိသေး။ သူလိုချင်တာက ဆန်းရဲ့အချစ်။ ဆန်းနဲ့ ချစ်သူတွေလို နေချင်သည်။ ဆန်းကို အနားမှာထားပြီး သူ့အပိုင်လို သိမ်းထားချင်၏။
ဒီ လိုချင်တပ်မက်မှုတွေဟာ တကယ်တော့ ကလေးဆန်လှပါသည်။ ဆန်းကတော့ လူကြီးဆန်ဆန် အဆုံးထိ စဉ်းစားကြံဆပြီး ပြောနေ၏။
တွေဝေသွားတဲ့ သူ့ကိုကြည့်ပြီး ဆန်းက ဆက်ပြောလာခဲ့သည်။

"မင်းက ငါ့ကိုချစ်ပြီး ငါနဲ့ပဲ တွဲချင်နေတာ ...ငါ့ကိုလက်ထပ်ဖို့အထိ မရည်ရွယ်ထားဘူးမို့လား ..."

"တောင်းပန်ပါတယ် ငါအဲ့အထိ မတွေးထားခဲ့မိဘူး ...မင်းကို တန်ဖိုးမထားဘဲ အပျော်တွဲချင်သလို ဖြစ်သွားမိတယ်... ငါအခုချိန်ကနေစပြီး တွေးပါ့မယ် ...မင်းကို လက်ထပ်ဖို့အတွက် ..."

"အာ မဟုတ်သေးဘူးလေ ငါပြောတာကို မင်းက သဘောမပေါက်တာပဲ ...ငါ့ကို တကယ် လက်ထပ်ခိုင်းနေတာ မဟုတ်ဘူးလေ ...မင်းကို အဆုံးထိ တွေးကြည့်ဖူးလားလို့ စဉ်းစားခိုင်းရုံပဲ ငါပြောတာက ..."

"အင်းလေ အခု ငါစဉ်းစားပြီ ...မင်းနဲ့တွဲရုံတင် မဟုတ်တော့ဘူး ...မင်းကိုငါ လက်ထပ်မယ် ...လက်ထပ်ဖို့ထိ ရည်ရွယ်လိုက်ပြီ ဆန်းလေး..."

"မဟုတ်သေးဘူးလေ ..."

"ဟုတ်တယ်လေ ...ငါမင်းကို လက်ထပ်ရမယ် ဟုတ်တယ် ...လက်ထပ်ရမယ် ..."

စကားကို လက်လွတ်စပယ် မပြောဖို့ သင်ကြားရုံပဲရှိသေးသည်။ လမ်းကြောင်းလွဲကာ လက်ထပ်ချင်စိတ်ပေါက်သွားအောင် ပြောလိုက်မိသလို ဖြစ်သွားလေပြီ။ သဏ္ဍာန်ဆန်းရေ မင်းကတော့ အားပေးအားမြှောက် တအားလုပ်မိတာပဲ။ သေလိုက်ပါတော့လားကွာ ...။

"မင်း အဆင့်တွေ ကျော်တွေးနေတာပဲ ...ငါတို့အခု ချစ်သူတွေတောင် မဖြစ်သေးဘူးလေ ...ဘာလို့ လက်ထပ်ဖို့အထိတွေ လိုက်တွေးနေတာလဲ ...အရူးရဲ့ ..."

"ချစ်သူအဆင့်တွေကို ကျော်ပြီး တခါထဲ လက်ထပ်လိုက်လို့လည်း ရတာပဲ ဘာဖြစ်လဲ ...အဓိကက မင်းနဲ့ငါ အတူတူ နေရဖို့ပဲ ...အဆုံးသတ်မှာ ပေါင်းဖက်ကြလေသတည်းဆိုပြီးတော့ ဖြစ်ကို ဖြစ်ရမှာ ..."

မိုင်းပုံစံက တကယ်ပဲ စိတ်အား ထက်သန်နေတဲ့ ပုံပါပဲ။

"မိုင်း မင်းစိတ်ကူးတွေ ယဉ်မနေနဲ့ ...ငါဆိုတဲ့ကောင်က ဆုံးရှုံးစရာတွေ မရှိဘူး ငဲ့ညှာစရာတွေလည်း မရှိဘူး ...ငါဘာလုပ်လုပ် အားလုံးလုပ်လို့ရတယ် ...မင်းကတော့ ငါ့လိုမှ မဟုတ်တာ ...KS groupရဲ့ အမွေဆက်ခံသူလေ ...မင်းရင်ဆိုင်ရမှာတွေက သေးသေးလေးတွေ မဟုတ်ဘူး ..."

"ငါသိပါတယ် မလွယ်ကူမှန်း ...ဒါပေမယ့် မင်းသာ စကားတစ်ခွန်းပဲပြောပြီး ခေါင်းတစ်ချက်ပဲ ညိတ်လိုက် ..."

မိုင်းက ဆန်းရဲ့ မျက်ဝန်းတွေကို ငေးကြည့်ရင်း ဆိုလာသည်။

"ငါ့ကိုချစ်တယ်လို့ ပြောပြီး ငါ့ကိုလက်ထပ်မယ်လို့ ခေါင်းညိတ်လိုက် ...ငါအားလုံးကို ရင်ဆိုင်ကြည့်မယ် ..."

ပေါ့ပျက်ပျက် ရွှတ်နောက်နောက် ဟာသလုပ်နေတာမျိုးမဟုတ်။ အလေးအနက်ထားပြီး ‌တည်ကြည်စွာ ပြောနေတဲ့ စကားတွေပါ။ မိုင်းဟာ တကယ်ပဲ သူ့အပေါ်မှာ မေတ္တာသက်ဝင်မှုတွေ လွန်လွန်ကဲကဲနှင့်။

"ငါအစားလည်း ကုန်သွားပြီ ...စကားလည်း ကုန်သွားပြီ ...မင်းကိုငါ တာဝန် အပြည့်ယူမယ် ဆန်းလေး..."

စားပွဲပေါ်တင်ထားတဲ့ ဆန်းရဲ့ လက်ဖျားလေးတွေကို ဆွဲယူလိုက်ပြီးနောက် ‌သူပြောနေပါသည်။ အကြည့်တွေကလည်း ရီဝေစွာဖြင့်။

"မင်းငါ့ကို အလေးအနက် အရမ်းထားလွန်းလေ ...ငါ့အတွက်လည်း ဝန်ပိလေပဲ မိုင်း...အဆုံးထိ ဒီကောင့်ကို ငါပြန်မချစ်နိုင်ရင် ငါဘယ်လိုလုပ်ရမလဲ ...ဒီကောင်ရော ဘယ်လိုလုပ်မလဲ ...အဲ့လိုအတွေးတွေနဲ့ ငါလည်း စိတ်မသက်သာဘူး ...မင်းထိခိုက် ခံစားရမှာလည်း ငါ လုံးဝမလိုချင်ဘူး ..."

"အဲ့ဒါ ငါ့ကို နည်းနည်းလေး စိတ်ဝင်စားနေလို့ မဟုတ်ဘူးလား ..."

"ဟင် ဘယ်လို ..."

"မင်းတကယ် စိတ်မဝင်စားတဲ့ သူအတွက် မင်းခံစားနေရမှာ မဟုတ်ဘူးလေ ...ငါထိခိုက်တာတွေ မထိခိုက်တာတွေ မင်းတွေးပူနေစရာမှ မလိုတာ ...ငါ့အတွက် ခံစားချက်တွေ ရှိလာလို့သာ မင်းဒီလို စိုးရိမ်ပေးနေတာ ...
ကိုယ့်ကိုယ်ကိုယ်လည်း ပြန်သုံးသပ်ပြီး မေးကြည့်လိုက်ပါဦး ...မိုင်းဆိုတဲ့ကောင်ကို တကယ်ပဲ စိတ်မဝင်စားတာ အမှန်ဟုတ်ပါ့မလားလို့ ..."

တွေဝေခြင်းတွေကို ဆန်းရဲ့ မျက်ဝန်းတွေထဲမှာ ပထမဆုံး သူမြင်လိုက်ရပါ၏။ သေချာပါတယ်။ ဒီကောင်လေး မရေမ‌ရာတွေ ဖြစ်နေတာပါ။ လူတစ်ယောက်ကို မေတ္တာသက်ဝင်ဖို့ အတွေ့အကြုံ မရှိသေးတာကြောင့် လမ်းပျောက်နေရ သူလိုမျိုး။

"... ... ... ... ..."

ဘောင်းဘီ အိတ်ကပ်ထဲ ထည့်ထားတဲ့ ဆန်းရဲ့ဖုန်းလေးဟာ အဲ့ဒီ့အချိန်မှာမှ ထ၍ မြည်လာခဲ့ပါသည်။ ဖုန်းတီးလုံး အသံလေးကြောင့် အကြည့်တွေကို လွှဲလိုက်မိကြ၏။ အကိုင်ခံထားရတဲ့ လက်ကို ပြန်ရုတ်လိုက်ပြီး ဖုန်းဖြေဖို့ သူကြိုးစားလိုက်သည်။
သူ့ထံ ခေါ်ဆိုလာခဲ့တဲ့ ဖုန်းနံပါတ်ဟာ စိမ်းသက်တဲ့ နံပါတ်တစ်ခု ဖြစ်နေခဲ့သည်။

"ဟဲလို ..."

"... ... ... ... ..."

"ဟုတ်ပါတယ် ကျွန်တော် သဏ္ဍာန်ဆန်းပါ ..."

"... ... ... ... ..."

"ခင်ဗျာ ..."

တဖက်က ဘာတွေ ပြော‌လိုက်သည်မသိ။ ဆန်း ရဲ့ မျက်နှာလေးဟာ ရုတ်တရက် အံ့ဩထိပ်လန့်သွားပြီး တုန်လှုပ်သွားတဲ့ အမူအရာတွေနဲ့ပါ။

"... ... ... ... ..."

"ကျွန်တော် လာဖို့ မလာဖို့ မသေချာပါဘူး ...ကျွန်တော် စဉ်းစားလိုက်ပါဦးမယ် ..."

"... ... ... ... ..."

"ကောင်းပါပြီ ..."

ဖုန်းကိုချလိုက်တော့မှ ဆန်းရဲ့ လက်တွေ အနည်းငယ် တုန်ယင်နေတာကိုပါ မိုင်းက သတိထားမိသွားပါသည်။

"ဘယ်သူဆက်တာလဲ ..."

ဆန်းက ချက်ချင်းမဖြေဘဲ သူ့ကို ကြည့်နေပါသည်။

"ဘယ်သူဆက်တာလဲလို့ ..."

"ငါ့အမေရဲ့ ယောင်္ကျား ..."

"ဘာ ...သူက ဘာလို့ဆက်တာလဲ ...မင်းအမေနဲ့ မင်း အဆက်အသွယ်မရှိတာ ကြာပြီမို့လား ..."

သူသိထား ရသလောက်ကတော့ ဆန်းအမေနဲ့ ဆန်းက အဆက်အသွယ် မရှိခဲ့တာ ကြာလှပါပြီ။ ဂေဟာမှာ စွန့်ပစ်သွားပြီးထဲက နှစ်ပေါင်းများစွာ မတွေ့ဖြစ် ကြတော့ဘူးတဲ့လေ။ ဒါဆို ယောင်္ကျားဖြစ်သူက ဘာလို့ ဆက်သွယ်လာသည်လဲ။

"မင်းဖုန်းနံပါတ် သူက ဘယ်လိုရတာလဲ ..."

"ဂေဟာက ကျောင်းအုပ်ကို မေးပြီး ငါ့ဆီဆက်သွယ်လာတာ ..."

"ဘာလို့လဲ အခုကျမှ ဘာလို့ ရုတ်တရက်ကြီး ..."

"ငါ့အမေ ကျန်းမာရေးမကောင်းဘူးတဲ့ ..."

အဲ့ဒီ့စကားတစ်ခွန်းကို ဆန်းက အားယူပြီး ဖြေလိုက်ပါသည်။

"အခုဆေးရုံမှာ နောက်ဆုံးအခြေအနေ ဖြစ်‌နေတယ်တဲ့ ...အမေက ငါ့ကို တွေ့ချင်တယ်လို့ ပြောနေတယ် ..."

"မင်းသွားတွေ့မှာလား ..."

"မသေချာဘူး ..."

ကိုယ့်ကို မလိုချင်လို့ စွန့်ပစ်သွားတဲ့ မိခင်ဖြစ်သူအပေါ်ကို ဆန်း ဘယ်လိုခံစားချက် ဖြစ်နေနိုင်မလဲဆိုတာ သူနည်းနည်းတော့ ခန့်မှန်းမိပါ၏။
သွားတွေ့သင့် မတွေ့သင့် တွေဝေခြင်းသည် ဖြစ်သင့်ပါသည်။

"ငါဘာလုပ်ရမလဲ မိုင်း သွားတွေ့သင့်လား မတွေ့သင့်ဘူးလား ..."

ပထမဆုံးအကြိမ် သဏ္ဍာန်ဆန်းဆီမှ အကြံဉာဏ်တောင်းခြင်းပါပဲ။ ဘယ်တော့မဆို သူ့ဆုံးဖြတ်ချက်အတိုင်း သူလုပ်တတ်တဲ့ သဏ္ဍာန်ဆန်းဆိုတဲ့ ကောင်လေးဟာ ဒီကိစ္စမှာတော့ ဆုံးဖြတ်ချက်ချဖို့ ဝေခွဲရ ခက်နေပုံရသည်။

"ငါပြောရင် မင်းတကယ် လုပ်မှာမို့လို့လား ..."

"အင်း လုပ်မယ် ...ငါအခု ဘာမှ မတွေးနိုင်တော့ဘူး ...ငါ ...ငါ..."

နာကျည်းချက်တွေ မုန်းတီးခြင်းတွေက မိခင်ဖြစ်သူရဲ့ နောက်ဆုံးအချိန်ဆိုတာကို သိလိုက်ရပြီးနောက်မှာ တစစီ ပြိုကွဲသွားတဲ့ တိမ်တွေလိုမျိုး။
အစုအဖွဲ့ မဟုတ်တော့ဘဲ ပျံ့လွင့်သွားကြလျက်။

"မင်းသွားသင့်တယ် မင်းသွားလိုက်ပါ ...ဘယ်လောက်ပဲ နာကျည်းနေပါစေဦး ...လူတစ်ယောက်ရဲ့ နောက်ဆုံးထွက်သက်ပဲလေ ...သူမင်းကို တွေ့ချင်နေတယ် ...အဲ့ဒီ့တချက်နဲ့တင် မင်းသွားတွေ့သင့်တယ် ...သူက မင်းကို သတိတရ ရှိနေသေးတဲ့ ပုံပဲလေ ..."

"အင်း ...မင်းစကားကို ငါနားထောင်မယ်... ငါမနက်ဖြန် သွားတွေ့လိုက်ပါ့မယ်...ဒါပေမယ့် မင်းငါနဲ့ လိုက်ခဲ့ပေးလို့ရမလား ..."

သူဘာကို ရင်ဆိုင်ဖို့ ကြောက်နေသလဲဆိုတာ မိုင်း ကောင်းကောင်း နားလည်ပါသည်။ ဒါကြောင့် ...

"အင်းပါ ငါတို့အတူတူ သွားကြတာပေါ့ ...မင်းအနားမှာ ငါရှိနေပေးပါ့မယ် ..."

"ကျေးဇူးပါပဲ မိုင်း ..."

သူ ခေါင်းကို ဖြေးညင်းစွာ ခါရမ်းပြလိုက်ပြီး ခပ်ပါးပါး‌လေး ပြုံးပြလိုက်ပါသည်။ ပြီးတော့ ဆန်းရဲ့ ခေါင်းလေးကို ခပ်ဖွဖွ ပွတ်ပေးရင်း ...

"မလိုပါဘူး ငါက မင်းအတွက်ဆို အရာအားလုံး လုပ်ပေးချင်နေတဲ့ကောင်ပါ ..."

ဆန်းက ဒီတစ်ခါတော့ မိုင်းလုပ်သမျှ ခေါင်းလေးငုံ့၍ ငြိမ်နေပါသည်။ သူ့မျက်ဝန်းတွေကို မိုင်းမမြင်ရပါ။ သူဝမ်းနည်းနေမလား။ သူမျက်ရည်ဝဲနေမလား။ မိုင်း မသိနိုင်ပေ။

လိုအပ်ချိန်တိုင်း အနားမှာ ရှိနေပေးမယ့်သူ ...။
မျှော်လင့်ချက်တွေကို လမ်းပြပေးမယ့်သူ ...။
နာကျင်ခြင်းတွေကို ဝေမျှပေးမယ့်သူ ...။
ဒဏ်ရာဟောင်းတွေကို နှစ်သိမ့်ပေးမယ့်သူ ...။
သူဟာ ဒီလိုမျိုး ငါ့ကို ချစ်မြတ်နိုးတဲ့သူ ...။

**** ***** ***** ***** *****

ဒီနေ့ ကျောင်းမသွား ဖြစ်တော့ဘဲ ဆေးရုံကို ရောက်လာကြတဲ့ မိုင်းနဲ့ ဆန်း။ ဖုန်းနဲ့ပြောထားတဲ့ ဆေးရုံအခန်း နံပါတ်အတိုင်း သူတို့ဝင်လာဖြစ်ကြသည်။ အခန်းထဲမှာတော့ မိသားစုတွေ ဖြစ်ပုံရသော မျက်နှာစိမ်းတွေက အနည်းငယ်နှင့်။

ပြည့်စုံချမ်းသာတဲ့ ယောင်္ကျားတစ်ယောက်နဲ့ မိသားစုဘဝ တည်ဆောက်ပြီး နေချင်၍ သူ့ကို စွန့်ပစ်ခဲ့သောမိခင်။ အလိုရှိတဲ့အတိုင်း ရယူပိုင်ဆိုင် ထားပြီဆိုရင်လည်း အသက်ရှည်ရှည်နဲ့ ကျန်းမာစွာ နေထိုင်သင့်တယ် မဟုတ်လား။
အခုတော့ အသက်ငါးဆယ်ခန့်ပင် ရှိသေးသည်။ လောကကြီးထဲကနေ နှလုံးရောဂါနဲ့ ထွက်ခွာသွားဖို့ နောက်ဆုံးအချိန်ကို စောင့်မျှော်နေရလေသည်။

ဆေးရုံကုတင်ပေါ်မှာ မိခင်ဖြစ်သူဟာ ရောဂါဒဏ်ကို အလူးအလဲ ခံစားရင်း သူ့ကို ခပ်ယဲ့ယဲ့လေး ငေးကြည့်နေလေသည်။ ငယ်စဉ်က သူ့မှတ်ဉာဏ်ထဲနဲ့ အိမ်မက်တွေထဲမှာ မိခင်ဟာ နုပျိုနေပါသေးသည်။
အခုကတော့ မမှတ်မိနိုင်လောက်အောင်ပင် အိုစာသွားခဲ့လေပြီ။

"သား သားလေး သဏ္ဍာန်ဆန်း ..."

သူ့လက်တွေကို ခပ်တင်းတင်း ဆုပ်ကိုင်ရင်း မျက်ရည်တွေနဲ့ ခေါ်နေတဲ့ နာမည်လေးတစ်ခု။

"သားကို အမေ စွန့်ပစ်ခဲ့မိတဲ့အတွက် အမေတောင်းပန်ပါတယ် ...တောင်းပန်ပါတယ် ငါ့သားလေး ..."

လူတစ်ယောက်ရဲ့ နောက်ဆုံးအချိန်မှာ နောင်တတွေနဲ့ တောင်းပန်နေခြင်းလား။ ဒါမှမဟုတ် နောက်ဆုံးအချိန်မို့ နှုတ်ဆက် တောင်းပန်နေခြင်းလား။ အတိအကျသိဖို့ အတွက်လည်း သူမကြိုးစားမိတော့ပါ။
အခုချိန်မှာ ဒါတွေက မလိုအပ်တော့ဘူးလေ။

"တောင်းပန်ပါတယ် တောင်းပန်ပါတယ် ငါ့သားလေး ..."

မိခင်ဖြစ်တဲ့သူဟာ တောင်းပန်ပါတယ်ဆိုတဲ့ စကားတွေကိုသာ ထပ်ခါထပ်ခါပြောရင်း သိပ်မကြာခင်မှာပဲ ကွယ်လွန်သွားခဲ့ပါတယ်။
ဒီဆေးရုံအခန်းထဲကို သူခြေချ ဝင်လာပြီးနောက်ပိုင်း မိခင်အနားမှာ ရှိနေတဲ့ ‌နာရီတွေအတွင်းမှာ စကားတစ်ခွန်းပဲ သူပြောခဲ့ပါသည်။
အဲ့ဒါက " မေမေ့ကို ကျွန်တော် ခွင့်လွှတ်ပါတယ် ..."ဟူ၍။

မိခင်ရဲ့ ခန္ဓာအလောင်းကို ရပ်ကြည့်ရင်းနဲ့ စိတ်ထဲမှာ တီးတိုးရေရွတ်မိပါသည်။
"မေမေ ကောင်းရာအရပ်မှာ ငြိမ်းချမ်းစွာ အနားယူပါတော့ ..."။

မိခင်ကွယ်လွန်ချိန်ပြီးတာနဲ့ သူအဲ့ဒီ့အခန်းထဲကနေ ထွက်လာခဲ့မိပါသည်။ ဘယ်သူနဲ့မှ စကားမပြောဖြစ်တော့ပေ။ မေမေ့ရဲ့ မိသားစုတွေသည်လည်း ဝမ်းနည်းပူဆွေးစွာနဲ့ ကျန်ရစ်နေခဲ့ကြလေသည်။
မိုင်းကတော့ သူ့ဘေးမှာ တချိန်လုံး ရှိနေပြီး သူလာရင်လာ။ သူသွားရင်သွား။ သူ့ကိုသာ ငေးကြည့်နေခဲ့ပြီး ဘာစကားမှမဆိုပေ။

ဆေးရုံအခန်းထဲကနေ မိုင်းရဲ့ကားထဲကို ရောက်တဲ့အထိ သူအသံ တိတ်နေခဲ့ပြီး မျက်ရည်လည်း မကျမိ။

"ဆန်း ..."

"ဟင် ..."

"ဘာလို့တင်းထားတာလဲ ...ငိုချင် ငိုချလိုက်လေ ..."

"ဟင့်အင်း ..."

မျက်နှာလေးလွှဲပြီး ခေါင်းလေးငုံ့နေတဲ့ ဆန်းရဲ့ မေးဖျားကို သူ့ဘက် ဆွဲယူလှည့်စေလိုက်ပြီး ...

"မင်းဝမ်းနည်းနေတာ ငါသိတယ် ...ငိုချလိုက် ..."

"ငါငိုလို့မရဘူး ဒီထဲမှာ တင်းကြပ်နေတယ် ..."

ရင်ဘတ်ကို လက်နဲ့ဖိပြပြီး မျက်နှာငြှိုးငယ်စွာနဲ့ ပြောနေသော သဏ္ဍာန်ဆန်း။

"အဲ့လိုလုပ်လို့ မဖြစ်ဘူး ...မင်းငိုချလိုက်မှ ရမယ် ..."

ဆန်းကို သူ့ရင်ခွင်ထဲကို ဆွဲသွင်း၍ ပွေ့ပိုက်ထားလိုက်ပါသည်။ ပြီးတော့ ကျောပြင်လေးကို ခပ်ဖွဖွလေး ပွတ်ပေးရင်း နှစ်သိမ့်ပေးနေမိပါ၏။

"ကျေးဇူးပြုပြီး မင်းငိုချလိုက်ပါ ...ငါရှိနေပေးပါ့မယ် မင်းအနားမှာ ...နာကျင်နေရတာတွေကို လွှတ်ချလိုက်ပါ ဆန်းလေးရယ် ..."

ငါ့ကောင်လေးရယ် ကျေးဇူးပြုပြီး မင်းမျက်ရည်တွေကို ငါ့ရင်ခွင်မှာ စိုစွတ်လိုက်ပါတော့ ...။
နာကျင်မှုတွေကို ထမ်းပိုးမထားပါနဲ့ ...။
အဲ့ဒီ့လိုမျိုး မင်းကို မြင်နေရတာက ငါ့ကို ပိုပြီး ဝမ်းနည်းစေတယ်လေ ...။

"... ... ... ... ..."

ငိုကြွေးသံဟာ တီးတိုးလေး စတင်လာခဲ့ပြီး တစထက်တစ ပို၍ ကျယ်လာခဲ့ပါတော့သည်။ ကလေးလေးတစ်ယောက်လို လွတ်လွတ်လပ်လပ် အော်ငိုနေရင်းနဲ့ မိုင်းရဲ့ကျောပြင်ကျယ်ကိုပါ တင်းတင်းကြပ်ကြပ် ဖက်ထားပါသေး၏။
တခါတရံ မိုင်းရဲ့ အင်္ကျီရင်ဘတ်စကိုပါ ဆွဲဆုပ်ကိုင်ထားပုံက အားကိုးရာ တစ်ခုကို အားကိုးတကြီး ဖမ်းဆွဲထားသလိုမျိုး။

အင်း ...မင်း အားပါးတရ ငိုလိုက်ပါ။
မျက်ရည်တွေနဲ့အတူ နာကျင်ခြင်းတွေကိုပါ မျှောချလိုက်ပါ။
ပြီးရင် မင်းအိမ်မက်တွေကနေ နိုးထလာခဲ့ပါ။
အနာဂတ်မှာ မင်းဘယ်တော့မှ အိမ်မက်ဆိုးတွေ မမက်ပါစေနဲ့တော့ ...။

**** ***** ***** ***** *****

Continue Reading

You'll Also Like

350K 11.8K 45
ဖီးနစ်ငှက်တစ်ကောင်ရဲ့ ရင်ကွဲမတတ်အော်ဟစ်သံဟာ လောင်ကျွမ်းအံ့ဆဲဆဲ အတောင်ပံတွေနဲ့အတူ ပျောက်ကွယ်ပျက်စီးသွားတော့မယ့်အချိန်မှာ ငါဟာ မင်းနဲ့နောက်တစ်ကြိမ်...
426K 16.1K 44
ကိုယ်ဟာ ကြိုးဝိုင်းထဲမှာ ကိုယ့်ကိုစိန်ခေါ်လာသမျှကောင်တွေအကုန် ထိုးရဲတယ် သတ်ရဲတယ် ကိုယ်နိုင်မယ်ဆိုတဲ့ယုံကြည်မှုရှိတယ် ကိုယ်မလုပ်ရဲတာဘာမှမရှိဘူးလို့ထင...
1.7M 177K 42
My second story💜 (Chapter-1) တကယ်ဆို မင်းကိုကိုယ် လေပြည်မရှိသောအရပ်မှာ ထာဝရ ထားချင်ခဲ့တာမျိုး (Own Creation)
297K 38.7K 29
Time based 1910s Burma ကို့ ကို ရူးတယ် လို့ပြောလည်း ကို ခံရမှာ ဘဲ သက်ဝေ မင်း မျက်တောင်ဖျားမှာ ငြိနေတဲ့ ကို့ အလွမ်းထုထည် ကိုမှ မင်းမမြင်တာ အိမ်မက်ထဲ...