လိုင်လိုင်းတစ်ညလုံး မီးဖိုခန်းထဲက ထွက်မလာသေးပါ။
ဘာလို့လဲဆိုရင် သူကိုယ်တိုင် သမီးလေးနဲ့စားဖို့ မနက်စာပြင်နေသည်ကြောင့်...
ဒါက တစ်ညလုံးပြင်ဆင်နေဖို့ထိ လိုအပ်လို့လား?
မနက် ၇နာရီ....သမီးလေးကိုနိုးရမည်ကြောင့်
လက်ထဲက အခွံခွာနေသည့် သစ်တော်သီး
လေးကိုချထားတာ...
အပေါ်ထပ်က ပန်းရောင်အိပ်ခန်းငယ်သို့
စောင်ပုံကြားက ဖြူစင်စွာအိပ်နေသည့်
သမီးလေးယူရီကိုတစိမ့်စိမ့်ကြည့်ရင်း
တချက်ပြုံးလိုက်ပြန်သည်။
ဘာကြောင့်မှန်းရယ်မသိနိုင်ပါ။
"ယူရီ...သမီးလေး"
တိုးလျလျအသံ အညှင်သာဆုံးလှုပ်နိုးပြီး
ပါးနုနုထက် အနမ်းတချက် ထိကပ်ပေးပြီး
"ထတော့...မျက်နှာသစ်ရအောင်လေ"
"..အွန့်...ပါပါးးဒီနေ့ကျောင်းပိတ်တယ်လေ"
သမီးလေးကအိပ်ချင်မူးတူးပြောပြီး
မထသေးသည်မို့
ကောက်ချီလိုက်ပြီး ရေချိုးခန်းတွင်
လိုင်လိုင်းကိုယ်တိုင် မျက်နှာသစ်ပေးလိုက်
သည်။
ယူရီလေးကိုလက်ကဆွဲ ပြီးသားဖနှစ်ယောက်အောက်ထပ်ဆင်းလာသည့်အခါ
တိတ်ဆိပ်နေသည့်အိပ်ကြီးထဲ ခြေသံတစ်စုံအသံသည်သာ ကျယ်လောင်စွာထွက်ပေါ်နေသည်။
"ပါပါး..ဒယ်ဒီ မရှိဘူးလား"
"အွန်းးးးဒယ်ဒီမရှိတော့ဘူး"
ဖြူဖျော့ဖျော့ လိုင်လိုင်းနှုတ်ခမ်းပါးက
ခြောက်ကပ် အေးစက်စွာ ယူရီအမေးကို
ပြန်ဖြေလာသည်။
ထမင်းစားဝိုင်းက စားစဖွယ်တို့ကလည်း
အစုံအလင်ဖြင့်....
"ဝါး...ဟင်းတွေအစုံပဲ...ပါပါးစားကြမယ်လေ"
သမီးလေးက ပျော်ရွှင်စွာပြောလာသည်။
"ပါပါးစားပြီးပြီ.....ယူရီစားနော်"
အေးစက်စက်ပြန်ဖြေသည့် လိုင်လိုင်းက
တဖက်ကိုကျောခိုင်းကာ သစ်တော်သီးဆက်ခွာနေသည်။
"အ..ပါ..ပါးး..ပါပါး........အသက်ရူ..မရတော့..ဘူးး....ပါ..ပါးးးး"
ချလွမ်(ဇွန်းကျ)..ခလွမ်း(ပန်းကန်ကွဲ)
အသံတွေ ကြားနေရပါသည်။
ပါပါးဆိုတဲ့ အကူညီတောင်းသံလေး
က သိမ်ငယ်စွာ
"အ...ပါးးးး"
နောက်ဆုံး ကြားလိုက်ရသည့် လိုင်လိုင်း
နာမ်စားလေးကို ထပ်ကြားချင်နေမိပါသည်။
"..အ..."
တုံရီစွာ အခွံခွာနေသည့် လိုင်လိုင်းလက်တွေက ဓားကိုမထိန်းနိုင်စွာ လက်ညိုးက သွေးတို့ကိုစီးကျစေသည်။
လက်ထဲ ဓားကိုပစ်ချလိုက်ပြီး မရဲမဝံစွာဖြင့်
နောက်ကိုလှည့်ကြည့်လိုက်သည်။
မြင်ရသည်က ကြမ်းပြင်ထက်လဲနေသည့်
ယူရီ့ ပါးစပ်က အမြုပ်တွေစီးကျနေပြီး
လိုင်လိုင်းဆီ လာကမ်းကာ အကူညီတောင်းရင်း သေဆုံးနေပြီဖြစ်တဲ့ ကလေးငယ်
သွေးမယုတ်သေးသည့် နီဥဥ ကိုယ်ခန္ဓာလေးကို ပွေ့ဖက်ရင်း ကြမ်ပြင်ထက်ထိုင်ချကာ ငို
နေမိသည်။
"သမီးလေး...အားးးးပါပါးကိုခွင့်လွှတ်ပါ
ပါပါးတောင်ပန်ပါတယ်...နောင်ဘဝသာရှိခဲ့ရင် သမီးလေးအခုလိုအဖြစ်ဆိုးနဲ့ မကြုံရပါစေနဲ့.....ပါပါးးသမီးလေး...ဟင့်....ပါပါးကိုခွင့်လွှတ်ပါနော် ပါပါးက ဖခင်ဆိုးပါ....ဟင့်"
သမီးလေးရဲ့ရုပ်အလောင်းက တဖြည်းဖြည်းအေးစက်လို့ ဖြူရော်လာပြီ။
နွေးထွေးနေသေးသည့် ပါးပြင်ဖောင်ဖောင်း
လေးကိုထိကိုင်ကြည့်ရင်း..
နောက်ဆုံးဟူသော အနမ်းလေးတပွင့်ကို
ဖိကပ် ခွှေလိုကျပွီး
အသက်မဲ့နေတဲ့ သမီးလေးခန္ဓာကိုယ်ကို
အပေါ်ထပ်က အိပ်စက်ခဲ့သော အိပ်ရာလေးထက်သို့ ချပေးကာ စောင်ခြုံပေးလိုက်သည်။
"သမီးလေး....ပါပါးကချစ်ပါတယ်
ပါပါးကို မစောင့်နေပဲသွားနှင့်နော်"
ပြောပြီးသည်နှင့် သမီးလေးအိပ်ခန်းကော
ဧည့်သည်အိပ်ခန်းကော စတိုခန်းကောကိုပါ
သော့ခတ်ပြီး အနွေးထည်ခပ်ပါးပါးကိုဝတ်ကာ အပြင်ဘက်တနေရာသို့....
..................................................................
တိတ်တဆိပ် ပတ်ဝန်းကျင်ကြား
ရေတံခွန်ကရေကျသံတို့က တလဝေါ
ကြားနေရသည်။
စောနေသေးသည်ကြောင့် လာလည်သူလဲမရှိသေးပေ....
ဝတ်လာသည့် အနွေးထည် ခပ်ပါးပါးကို
ဆွဲချွတ်လိုက်ပြီး အောက်ခံ အဖြူရောင်
အကျီလေးကိုသာ ဝတ်ဆင်ထားသည်။
ထိုကောင်လေးလက်ထဲက ဓာတ်ပုံစာအုပ်
လေးက ကျစ်ကျစ်ပါအောင်ဆုတ်ကိုင်ထား
ခြင်းခံရသည်။
ပထမ စာမျက်နှာရဲ့ ပထမဆုံးဓာတ်ပုံလေးတွင် စက်ဘီးပေါ်က အပြုံးပန်းတို့ဝေဆာနေသည့် လူသားနှစ်ယောက်
အနောက်က ကောင်လေးက အရှေ့ကစက်ဘီးနင်းနေသည့် ကောင်လေးရဲ့ခါးကို
ကျစ်နေအောင်ဖက်ထားသည်။
တစ်ယောက်က လိုင်လိုင်းကိုယ်တိုင်ပင်ဖြစ်ပြီး...
ကျန်တယောက်က ကျွန်တော်ချစ်ရပါသော
မောင်...
မျက်လုံးလေးတွေပိတ်သည်အထိ
ရီပြနေသည့်မောင်က ဓာတ်ပုံထဲမှာတောင်ချောမောလျက်..ကြည့်ကောင်းသည်။
လိုင်လိုင်းတန်ဖိုးထားရသည့်အပြုံးလှလှ
ကို နောက်ထပ်မတွေ့နိုင်တော့ပါ။
ထိုစက်ဘီးလေးအနောက်ကထိုင်ခုံနေရာက
အရင်က ကိုယ့်အတွက်ဖြစ်ခဲ့ပေမဲ့ အခုတော့
ကိုယ်မဟုတ်တဲ့ တခြားမိန်းမတစ်ယောက်
ကလုယူသွားခဲ့ပြီ။
ထိုမိန်းမကိုသတိရသွားတော့ လက်ထဲက
ဓာတ်ပုံလေးကို မီးခြစ်မီးရို့လိုက်ပြီး
တဖြည်းဖြည်း လောင်ကျွမ်းပြာကျသွားသည်
ကိုကြည့်နေမိသည်။
ဓာတ်ပုံစာအုပ်လေးရဲ့ အနောက်ဆုံးတနေရာက ချစ်စဖွယ်ရီပြနေသည့် သမီးလေးဓာတ်ပုံလေးကိုထုတ်လိုက်ပြီး
ထိုဓာတ်ပုံစာအုပ်ကြီး တစ်ခုလုံးကို မီးရို့လိုက်
သည်။
လက်ထဲတွင်နောက်ဆုံးကျန်ခဲ့သည့်
အဖြူရောင်နတ်သမီးလေးယူရီ ပုံလေးကို
ရင်ခွင်ထဲထည့်ကာ ထပ်မံငိုကျွေးမိပြန်သည်။
"ယူရီ......ပါပါးတောင်းပန်ပါတယ်"
လိုင်လိုင်းအတွက်တောင်းပန်စကားတစ်ခုကလွဲလို့ဘာမှပြောစရာစကားမရှိ။
ငိုလို ဝ သွားတော့မှ ထိုပုံလေးကို မီးရို့လိုက်ပြီး
"အေးချမ်းပါစေသမီးလေး"
ထို့စကားတို့ကိုပြောပြီး တသွင်သွင်စီးကျနေသည့်ရေတံခွန်ထိပ်ကိုတက်သွားလိုက်သည်။
အပေါ်ရောက်တာနဲ့ လက်သီဿးိုကျစ်ကျစ်ပါအောင်ဆုတ်ပြီး မျက်လုံးစုံပိတ်ကာ
ခန္ဓကိုယ်က မြောက်ခနဲဖြင့် လေထဲဝဲပျံသွားပြီး တလဟောအရှိန်ဖြင့်ကျနေသည့် ရေတံခွန်ထဲအေးစက်စွာ ကျသွားပြီး
ရေတံခွန်ရဲ့ အခြေထိရောက်အောင်နစ်မြုတ်သွားသည်။
အသက်ရူလို့မရတော့ပါ....လေရူချင်သည်
သို့သော် ရူလိုက်တိုင်း ဝင်လာတဲ့ ရေတွေက
နစ်မွန်းစွာ...
ရေမွန်းနေသည့်တခဏ သက်သေခြင်းဟူ
သည့်ခေါင်းစဉ်ကို နောင်တရမိသည်။
သေချာသည်တခုက သက်သေသွားသည့်လူတိုင်း
နောင်တရကြသည်မှာမလွဲမသွေ..
နောင်တရပြီး လေရူလို့ ရူရငှား လက်တို့ ခြေတို့ကို ရုန်းကန်စွာ ကူးခတ်နေပေမဲ့ ရေနကျပိုငျး တော်တော်ရောက်နေပြီမို့ ဘာမှမထူး...
နောက်ဆုံး လက်လျော့ကာ မရုန်းကန်တော့ပဲ
ငြိမ်သက်လိုက်မိသည်။
အဆုတ်ထဲဝင်နေပြီဖြစ်တဲ့ ရေတွေကလည်းအပြည့်မို့ နောက်ဆုံးထွက်သက်က ကြိုဆိုနေပြီ...အဝေးကသမီးလေးကိုလဲတွေ့နေရသည်။
အဝေးကြီးမို့ သမီးလေးရှိရာအမှီ ပြေးသွားလိုက်သည်။
သမီးလေးကိုဖက်လိုက်သည့် အချိန်တွင်
ချက်ခြင်းဆိုသလို အရာရာကပျောက်ကွယ်ပြီး လေဟာနယ်ထဲကျသွားရသည်။
"ကယ်ပါ..အားးးဟင့်အင်း"
# # # ## # # # # # # # # # # # # # #
By xia (August 2)