မုန်းရဲ့အလင်းရောင်

By ShayyLinkar

479K 28.9K 1K

သူငယ်ချင်းဆိုတဲ့ အဖြူရောင်အလွှာလေးကိုငါအရောင်တွေစွန်းထင်စေမိပီအလင်း မုန်း(မုန်းမာန်) သူငယ်ချင်းဆိုတဲ့တံတိုင်း... More

Part 1 (U+Z)
Part 2 (U+Z)
Part 3 (U+Z)
Part 4 (U+Z)
Part 5 (U+Z)
Part 6 (U+Z)
Part 7 (U+Z)
Part 8 (U+Z)
Part 9 (U+Z)
Part 10 (U+Z)
Part 11 (U+Z)
Part 12(U+Z)
Part 13 (U+Z)
Apologize
Part 14 (U+Z)
Part 15 (U+Z)
Part 16 (U+Z)
Part 17 (U+Z)
Part 18 (U+Z)
Part 19 (U+Z)
Part 20 (U+Z)
Part 21 (U+Z)
Part 22 (U+Z)
Part 23 (U+Z)
Part 23 (Zawgyi)
Part 24 (U+Z)
Part 25 (U+Z)
Part 26 (U+Z)
Part 27 (U+Z)
Part 28 (U+Z)
Part 29 (U+Z)
Part 30 (U+Z)
Part 31 (U+Z)
Part 32 (U+Z)
Part 33 (U+Z)
Part 34 (U+Z)
Part 35 (U+Z) Waning
New Fic
Part 36 (U+Z)
Part 37 (U+Z) Waning
Part 38 (U+Z)
Part 39 (U+Z)
Part 41 (U+Z)
Part 42 (U+Z) The End
ကျေးဇူးတင်လွှာ & ရည်ရွယ်ချက်
Extra 1 (U+Z)

Part 40 (U+Z)

7.3K 507 12
By ShayyLinkar

#Unicode

ဘဝကြီးက အမြဲတမ်း သာယာမနေဘူးဆိုတာ သိပ်မှန်တယ်။ လေပြေလေညှင်းလေးတွေလာပြီးရင် မုန်းတိုင်း ထန်တတ်သလိုပေါ့။ မုန်းနဲ့အလင်းရဲ့ဘဝထဲကိုလည်း သိပ်မကြာခင်မှာဘဲ မုန်းတိုင်းက ဝင်ရောက်ခဲ့ပါတော့တယ်။ မုန်းနောက်ဆုံးနှစ်မှာ ဖေဖေက မုန်းတို့အကြောင်းကို သိသွားခဲ့တာမို့ ထိုနေ့က မုန်းတို့ဝေးကွာခြင်းရဲ့ အစ ဖြစ်ခဲ့တယ်။

မုန်းကျောင်းက‌နေ ခါတိုင်းလိုပဲ အိမ်ပြန်လာခဲ့ပေမယ့် ဒီနေ့ကတော့ အရင်နေ့တွေနဲ့မတူဘဲ အိမ်မှာကိုယ့်ကို ကြိုဆိုနေတဲ့သူ ရောက်နေခဲ့ပါတယ်။

“ခွပ် ခွပ်”

“အ့ ဖေဖေ”

ဟုတ်ပါတယ်။ ကျွန်တော်မုန်းမာန်ရဲ့အဖေ ဦးမာန်ထက်ပါ။ အိမ်ထဲဝင်ရုံပဲ ရှိသေးတဲ့ ကျွန်‌တော့်ကို ဆီးကြိုကာ တစ်ချက်ပြီးတစ်ချက် လက်သီးနဲ့ ဆင့်ထိုးနေတဲ့ ဖေဖေပါ။

“ကိုမာန်ထက် ရှင်လွန်မယ်နော်။ ကျမသားကို ရှင်ဘယ်လိုဖြစ်လို့ ဒီလောက်‌တောင်ထိုးနေရတာလဲ။ ရှင့်မှာ လူစိတ်မရှိဘူးလား။ အမလေး မေ့သားလေး“

မေမေက ကျွန်တော့်ကို‌ပြေးဖက်ပြီး သွေးချင်းချင်းနီနေ‌တဲ့ ကျွန်တော့်မျက်နှာကိုကြည့်ကာ ယူကြုံးမရ အော်ငိုပါတော့တယ်။

“မင်း မသိရင် အသာနေ နုယဉ်။ မင်းသားဘာဖြစ်နေလဲ မင်းမသိဘဲနဲ့”

“ကျမသားက ဘာဖြစ်နေလို့လဲ”

“ဘာဖြစ်နေလို့လဲဟုတ်လား။ မင့်သားက ယောင်္ကျားချင်း ကြိုက်နေတာလေ”

“ရှင်”

“ရှင်မနေနဲ့။ မင့်သား ယောင်္ကျားချင်း အချခံနေတာလေ။ တုတ်တုတ်ချင်းရိုက်နေတာ။ ငါကွာ စိတ်ရှိလက်ရှိ လုပ်လိုက်ရရင် မင်းသေတော့မယ်”

“အို ဘာပဲဖြစ်ဖြစ် ရှင်လက်မပါဘာနဲ့။ ပါးစပ်နဲ့ပဲပြော”

“အေး မင်းအဲ့လိုတွေ ကာစီး ကာစီး လုပ်နေလို့ မင့်သား အခြောက်ဖြစ်နေတာ”

“ရှင်ဆက်မပြောနဲ့ မကြားချင်ဘူး။ ကျမသားကို ကျမမေးမယ်။ ရှင်ဝင်မပြောနဲ့”

ဖေဖေနဲ့မေမေရဲ့ အပြန်အလှန် အခြေအတင်ပြောနေတဲ့ စကားတွေကို မုန်းဘာတစ်ခုမှ ဝင်မပြောဘဲ နှုတ်ဆိတ်ပြီး နားထောင်နေလိုက်တယ်။

“သား သားအဖေပြောတာ ဟုတ်သလားသား”

“ဟုတ်တယ် မေမေ”

မုန်းမညာချင်တာမို့ မေမေ့ကို အမှန်အတိုင်းပဲ ပြောလိုက်တယ်။

“ဘယ် . . . ဘယ်သူနဲ့လဲသား”

ဒေါ်နုယဉ်စိတ်ထဲမှာ ထင်နေပေမယ့် သားပါးစပ်က ပြောလာတာကို ကြားချင်တာမို့ မေးမိခြင်းပါ။

“အလင်းနဲ့ပါမေမေ”

ကျွန်မ ထင်သလိုပါပဲ။ သားက အလင်းလေးနဲ့ ကြိုက်နေတာပဲ။ ဘာတတ်နိုင်မှာလဲ။ အချစ်ဆိုတာ ဟိုလူ့ကို ချစ်ပါ ဒီလူ့ကို ချစ်ပါလို့ ပြောလို့ရတဲ့ အရာမျိုးမှ မဟုတ်တာ။ ရင်ထဲက ဖြစ်ပေါ်လာတဲ့အချစ်နဲ့ သူချစ်ချင်တဲ့သူကို ချစ်သွားနိုင်တာပဲလေ။ ဒါကို ကျမတို့ တားဆီးလို့မှ မရတာ။ ဒါတွေကို ရှင့်လို တဇွတ်ထိုးသမားက‌တော့ မသိနိုင်ဘူး ကိုမာန်ထက်။

“ထ သား ရေချိုးလိုက်။ ပြီးရင် အနာကို မေမေဆေးထည့်ပေးမယ်”

မေမေ့ဆီက တုန့်ပြန်လာမယ်ထင်ခဲ့ပေမယ့် ဘာတုန့်ပြန်မှုကိုမှ မရလိုက်တာမို့ မုန်း နည်းနည်းတော့ အံ့အားသင့်သွားတယ်။

“မသွားနဲ့ဦး မုန်းမာန်။ မင်းကို ရွေးခွင့်ပေးမယ်။ ကျောင်းဆက်တက်မလား။ ကျောင်းထွက်ပြီး အိမ်ကအလုပ်တွေကို ပြန်ဦးစီးမလား မင်းရွေချယ်။ ကျောင်းတက်ရင်တော့ မင်းအကောင်ကို လုံးဝတွေ့ခွင့်မရှိသလို ဆက်သွယ်ခွင့်လည်း မရှိဘူး။ မင်းရွေးချယ်ပါ”

မုန်းကို ရွေးချယ်ခွင့်ပေးကာ ဖေဖေထွက်သွားပြီးတဲ့နောက် မုန်းရေချိုးလိုက်တယ်။ ရေချိုးပြီးတော့ မုန်းရဲ့မျက်နှာက ပေါက်ပြဲတဲ့နေရာတွေကို မေမေက ဆေးထည့်ပေးတယ်။

“မေမေ သားကို စိတ်မဆိုးဘူးလား။ ယောင်္ကျားလေးချင်း မဖြစ်သင့်ဘူးလို့ မတွေးမိဘူးလားမေမေ”

“သားရယ် အချစ်က သူချစ်ချင်တဲ့သူကို ချစ်မှာပေါ့။ ဘယ်သူ့ကို မချစ်နဲ့ ဘယ်သူ့ကို ချစ်ပါလို့ ပြောလို့မရသလို ယောင်္ကျားလေးမို့ ယောင်္ကျားလေးကို မချစ်ရဘူး၊ မိန်းကလေးကိုပဲ ချစ်ရမယ်လို့ ပညတ်ချက်တွေ မရှိဘူးသား။ အချစ်က တာဆီးပိတ်ပင်လို့ မရဘူးလေ။ မေမေချစ်ခဲ့ဖူးတော့ ကိုယ်ချင်းစာလို့ရတယ်”

“ကျေးဇူးတင်ပါတယ်မေမေ”

“မလိုပါဘူးသားရယ်။ ဒါနဲ့ သား အခုဘာဆက်လုပ်မှာလဲ”

“ကျောင်းဆက်တက်မှာမေမေ။ အလင်းနဲ့ တစ်သက်လုံးပေါင်းနိုင်ဖို့ ခဏလေးတော့ ဝေးရမှာပေါ့။ သားခြေထောက်ပေါ် သားရပ်တည်နိုင်အောင်လို့ ပညာတွေသင်ယူမယ်။ သားကြိုးစားမယ်။ ခုချိန်မှာ မတွေ့ရလည်း မတွေ့ဘူးမေမေ။ ခုချိန်မှာ အောင့်အီး သည်းခံလိုက်ပါ့မယ်။ သား အလင်းနဲ့အတူ ဘဝတစ်ခုကို ထူထောင်နိုင်လောက်တဲ့ အရည်အချင်းရှိလာရင် အဲ့အချိန် ဖေဖေတားလည်း ဂရုစိုက်စရာ မလိုတော့ဘူးလေ။ ဖေဖေက သားတို့ကို လူချင်းပဲ ခွဲထားလို့မှာ။ သားတို့အချစ်တွေကိုတော့ ခွဲထားလို့ မရပါဘူး။ လူချင်းခွဲတာတောင် အချိန်အတိုင်းအတာတစ်ခုထိပဲ ခွဲနိုင်မှာပါမေမေ။ ဘယ်ချိန်ထိ ခွဲနိုင်မှာမို့လို့လဲ”

“အင်း သားဆုံးဖြတ်ချက်တိုင်းကို မေမေအလေးထားပါတယ်။ သားအကောင်းဆုံးကို လုပ်နိုင်မယ်လို့ မေမေယုံကြည်တယ်”

“ကျေးဇူးတင်ပါတယ် မေမေ”

တစ်ဘဝလုံးပေါင်းရဖို့ ခဏတာတော့ ခွဲရဦးမယ်အလင်းရေ။ ငါမင်းကို သိပ်ချစ်ပါတယ်။ ငါ့ကိုစောင့်နေပေးပါ။ ဘယ်တော့မှ ထွက်မသွားဘဲ မင်းဆီကို အပြီးလာနိုင်ဖို့ ငါကြိုးစားလိုက်ပါဦးမယ်။

မနက်ကျောင်းသွားခါနီး မနက်စာစားဖို့ စားပွဲဝိုင်းမှာထိုင်တော့ ဖေဖေနဲ့ မျက်နှာချင်းဆိုင် ဆုံတယ်။

“ကဲ မုန်းမာန် မင်းဘာလုပ်မှာလဲ”

“ကျောင်းဆက်တက်မယ်ဖေဖေ”

“ကျောင်းဆက်တက်မယ်ဆိုရင် မင်းကောင်ကိုဖြတ်ရမယ်။ ဘယ်တော့မှ မတွေ့ရဘူး။ မင်းကောင်နဲ့ တွေ့တယ်ဆိုတဲ့နေ့က ကျောင်းထွက်ပြီး မင်းအိမ်ပြန်ရမယ့်နေ့ပဲ။ ငါက ရုပ်ရှင်တွေထဲကလိုတော့ သူများသားသမီးကို သွားမပြောဘူး။ ကိုယ့်သားသမီးကိုယ်ပဲ နိုင်အောင်ထိန်းမှာ”

“ဖေဖေမတွေ့စေချင်ရင် မတွေ့ပါဘူးဖေဖေ။ စိတ်ချပါ”

“အေးလေ တွေ့ပြီဆိုတာသိရတာနဲ့ ကျောင်းထွက်ရမယ်ဆိုတာ သိထားပါ။ ကျောင်းသွားရင် မင်းဖုန်းကို အိမ်မှာထားခဲ့။ အိမ်ကDriverက မင်းကိုလိုက်ပို့ပေးလိမ့်မယ်။ ကျောင်းရှေ့မှာ တစ်နေကုန်စောင့်နေမှာမို့ ခိုးတွေ့ရမယ်လို့တော့ မထင်နဲ့။ မင်းကောင်ကို ဆက်သွယ်ဖို့လည်း မကြိုးစားပါနဲ့။ ဆက်သွယ်တာကို ငါသိရတဲ့နေ့ မင်းမြောင်းမြကို ပြန်လာရမဲ့နေ့ပဲ”

“သူများရဲ့ အဖိုးတန်သားသမီးကို ကောင်လို့ မသုံးပါနဲ့ဖေဖေ။ ရိုင်းပါတယ်”

“ဘာ. . .မင်း. . .မင်း”

ဖေဖေ့ကိုပြောပြီးတာနဲ့ မုန်းဖုန်းကို စားပွဲပေါ် တင်ထားခဲ့ပြီး ထွက်လာလိုက်တယ်။ ဖေဖေကတော့ ဒေါသတကြီးနဲ့ မင်းကနေ ဆက်မတက်နိုင်ဘဲ ကျန်ခဲ့လေရဲ့။

မုန်းကျောင်းကိုရောက်တော့ ကန်တင်းမှာထိုင်စောင့်နေတဲ့ ရှားနဲ့မေသူက မုန်းကို တအံ့တဩ ကြည့်နေရှာတယ်။ ဘာကြောင့်ကြည့်ရပါသလဲဆိုရင် မနေ့က ဖေဖေ့လက်ချက်နဲ့ မျက်နှာတစ်ခုလုံး ဖူးယောင်နေခဲ့ရတယ်မို့လား။ ခုထိ အယောင်မကျနိုင်ဘဲ ဖြူဖွေးတဲ့မျက်နှာမှာ ညိုမဲရာအကွက်လိုက် ပေါက်ပြဲရာဗလပွနဲ့ သွေးပုတ်ရောင်လွှမ်းနေတာမို့ မြင်ရသူအပေါင်း ရင်သပ်ရှုမောနေမှာ အမှန်ပါပဲ။

“ဟယ် မုန်း ဘာဖြစ်လာတာလဲဟယ်”

“ငါနဲ့အလင်းကိစ္စကို ဖေဖေသိသွားပြီ”

“ဟယ် အဲ့တော့ ဒါ. .ဒါတွေက. . နင့်ဖေဖေထိုးလိုက်တာလား”

“အေး မေးကြည့်နေစရာကို မလိုဘူး။ တွေးကြည့်တာနဲ့ သိသင့်တယ်”

“ဟယ်မုန်းရယ် ငါသနားလိုက်တာ”

မေသူနဲ့ရှားကိုကြည့်တော့ မုန်းကို တကယ်သနားနေကြတဲ့ ရုပ်လေးတွေနဲ့ ငိုမဲ့မဲ့လေးတွေဖြစ်လို့။

“သနားတယ်ဆိုလည်း ငါ့ကိုကူညီကြဟာ။ ငါဖုန်းကို ဖေဖေသိမ်းထားလို့ နင်တို့ဖုန်းခဏငှားပေး”

“အေးအေး ယူလေ ရော့”

ဖုန်းနှစ်လုံးကို နှစ်ယောက်ပြိုင်တူ ထိုးပေးလာတဲ့ သူငယ်ချင်းမလေး နှစ်ယောက်ပါ။ သိပ်ချစ်ဖို့ကောင်းကြပါတယ်။

ရှားဖုန်းကိုယူပြီး အလင်းကိုဖုန်းခေါ်လိုက်တော့ ချက်ချင်းကိုင်ရှာတယ်။

“ဟဲလိုရှား ကျောင်းရောက်နေပြီလား။ ငါမုန်းကို မနေ့ကတည်းက ဖုန်းခေါ်နေတာ ဖုန်းခေါ်လို့မရလို့ စိတ်ပူနေလို့”

ဟဲလိုဆိုတဲ့ စကားနဲ့အတူ စကားကို တရစပ်ပြောလာပါသော အလင်းရယ်ပါ။ ဘယ်လောက်‌တောင် စိတ်ပူနေခဲ့တာပါလဲ။

“အလင်း ငါမုန်း”

“ဟင် မုန်း မင်းဖုန်းကဘာဖြစ်လို့ ရှားဖုန်းနဲ့ခေါ်တာလဲ”

“မင်းနဲ့ငါ့အကြောင်း‌ ဖေဖေသိသွားပြီ”

“ဟင်”

“ဟုတ်တယ် မနေ့ကပဲ ဖေဖေသိသွားတယ်”

“ဒါဆို . . .ကိုယ်တို့ဝေးရတော့မှာလားမုန်း”

“ခဏတော့ဝေးရမှာပေါ့။ ဖေဖေက မင်းနဲ့ မပတ်သက်မှ ကျောင်းပြန်ထားမယ်ပြောလို့ ဖေဖေ့ကို ကတိပေးထားတယ်။ ဖုန်းလည်းပေးထားရတာမို့ ကျောင်းရောက်မှ ရှားတို့ဖုန်းနဲ့ ဖုန်းဆက်လို့ရမှာ။ ငါတို့ အခြေအနေတစ်ခုထိတော့ မတွေ့ဖြစ်လောက်ဘူးထင်တယ်အလင်း။ ငါမင်းနဲ့ နှစ်ယောက်တစ်ဘဝ ရပ်တည်နိုင်ဖို့ အရင်ဆုံးကျောင်းပြီးဖို့ လိုတယ်လေ။ အဲ့ဒါကြောင့် ငါတို့ ခုလောလောဆယ်တို့ တွေ့လို့မရသေးဘူး။ ဒါပေမဲ့ လစ်ရင် လစ်သလိုတော့ ခိုးတွေ့ကြ‌တာပေါ့။ ငါ့ကိုအချိန်တစ်ခုထိ စောင့်နေပေးပါ။ ငါမင်းအနားက ထွက်သွားစရာ မလိုတော့တဲ့ အခြေအနေကိုရောက်ရင် ပြန်လာခဲ့ပါ့မယ်။ စောင့်နေပေးမယ်မို့လားအလင်း”

“အင်း ငါကမင်းကို အမြဲစောင့်နေပေးမှာမို့ ငါ့ဆီကို ပြန်လာဖြစ်အောင်လာပေးပါ”

“အင်း သေချာပေါက်ပြန်လာမှာမို့ စောင့်နေပေးပါ။ ဒီကြားထဲမှာလည်း လစ်ရင်လစ်သလို ဆက်သွယ်မှာမို့ မင်းက ငါဆက်သွယ်တဲ့အချိန် အဆင်သင့်ရှိ‌နိုင်အောင် ကြိုးစားပေးပါ”

“စိတ်ချ။ မင်းအဆင်ပြေတဲ့အချိန်တိုင်း ငါအဆင်သင့်ရှိနေမယ်။ ခုတော့ အရမ်းလွမ်းတာမို့ မျက်နှာလေးမြင်ချင်တယ်။ Video Call လေးခေါ်ပါရစေ”

အလင်းကို Video Call ခေါ်လိုက်တော့ မုန်းရဲ့မျက်နှာကိုတွေ့ပြီး အလင်းက ငိုပါတော့တယ်။ အလင်းမျက်ရည်ကျတာ ဒီနေ့ဒီချိန်ထိ မုန်းတစ်ခါမှ မမြင်ဖူးခဲ့ဘူး။ ခု မုန်းနာကျင်နေရလို့ သူပါ မျက်ရည်ကျနေတယ်တဲ့လား။ ငါ့ကိုအဲ့လောက်ချစ်ပေးတာ သိရုံနဲ့တင် ငါ့ကမ္ဘာတစ်ခုလုံးကို မင်းကိုသိမ်းပိုက်ခွင့်ပေးဖို့ တန်နေပါပြီ။

“ကလေးပေါက်ကို ဖေဖေထိုးထားတာလား”

“အင်း”

“အရမ်းနာနေမှာပေါ့။ မုန်းလေးတစ်ယောက်တည်း နာကျင်နေရတာကို ကိုကိုမကြည့်ရက်ဘူး။ ကိုကိုပါ မျှဝေခံစားပေးလို့ရရင် ခံစားပေးချင်တယ်။ အနားမှာနေပေးပြီး ပြုစုလို့ရရင် ပြုစုပေးချင်တယ်။ ကိုကို့ကြောင့် မုန်းနာကျင်နေရပြီ”

မျက်ရည်တွေစီးကျပြီး အငိုလုံးဝမတိတ်သလို အသံလည်း လုံးဝမထွက်ဘဲ ငိုနေတဲ့ အလင်းကိုကြည့်ပြီး မုန်းရင်ထဲမှာ ဝမ်းနည်းလာတယ်။

“မငိုပါနဲ့။ ကိုကိုငိုတော့ မုန်းပါငိုချင်တယ်။ မုန်းလည်း သိပ်မနာတော့ပါဘူး။ မငိုနဲ့တော့နော်”

“အင်း မုန်းလေး အဆင်ပြေအောင်နေပေးပါ။ ကိုကိုလည်း ကြိုးစားမှာမို့ “

“အင်း ဒါပဲနော်ကိုကို”

ထိုနေ့ကစ၍ အလင်းနဲ့ တွေ့ခွင့်မရတော့သလို ဆက်သွယ်ခွင့်လည်း မရခဲ့ကြပါ။ သို့ပေသည့် ကျောင်းတက်ခဲ့ရတဲ့ရက်များမှာတော့ ရှားနဲ့မေသူရဲ့ဖုန်းနဲ့ အဆက်အသွယ်လုပ်လို့ရလို့ အဆင်ပြေမယ့် Private Study ကျောင်းပိတ်ရက်တွေမှာတော့ အဆင်မပြေခဲ့ပါ။ အနားမှာ အချိန်ပြည့် ဖေဖေရှိနေခဲ့ပြီး မြောင်းမြကိုမပြန်ဘဲ အလုပ်တွေကို ဦးလေးဝမ်းကွဲနဲ့ အပ်ခဲ့ကာ မုန်းကို စောင့်ကြည့်နေခဲ့ပါတယ်။ မေမေလည်း ကူညီမပေးနိုင်သလို ကျွန်တော်လည်း ကြံရာမရ ဖြစ်ခဲ့ရတယ်။ ငါလေး တစ်ခုခုတော့ ကြံဦးမှပါ။

“ဖေဖေ ကျွန်တော် Project လုပ်ရမှာမို့ ကျွန်တော့်ဖုန်းနဲ့Laptop ခဏလောက်ပြန်ပေးပါ”

“Laptop ယူလေ ဖုန်းက ဘာလုပ်ဖို့လဲ”

“စာရှာဖို့ WiFi လွှင့်သုံးမှရမှာ”

“အဲ့တာဆိုလည်း WiFi လွှင့်ပြီး ဖုန်းပြန်ပေး”

“ဟုတ်ကဲ့ပါဗျာ”

ဟင်းဟင်း ဖေဖေက 20 ရာစုမှာကျန်ခဲ့တဲ့ အဖိုးကြီးပါဗျာ။ ကျွန်တော်က 21ရာစုက မုန်းမာန်ပါ။ ဖေဖေ့ဆီက Wifi လွှင့်ဖို့ ဖုန်းကို ယူပြီး ရှားမဆီကို Message တစ်စောင် အမြန်ရိုက်လိုက်တယ်။

“အလင်းကိုပြောပေး လိုင်း‌ပေါ်မှာ စောင့်နေပေးပါလို့။ အကောင့်အသစ်နဲ့ လာadd မယ်လို့ပြောပေး”

Message ပို့ပြီးတာနဲ့ ရှားကိုပို့ထားတဲ့စာကို ပြန်ဖျက်လိုက်တယ်။ TVအရှေ့မှာ ထိုင်ကြည့်နေတဲ့ ဖေဖေ့ကိုဖုန်းပေးပြီးတော့ ဧည့်ခန်းကစားပွဲမှာ စာပြန်ထိုင်လုပ်နေလိုက်တယ်။ ဖေဖေက မုန်းရှေ့တည့်တည့်မှာ TV ကြည့်ရင်း မုန်းကို အနီးကပ် စောင့်ကြည့်နေပါတယ်။ မေမေကတော့ မုန်းတို့သားအဖရဲ့ အခြေအနေကို အကဲခတ်စောင့်ကြည့်ပေးတယ်။

မုန်း Laptopကိုဖွင့်ပြီး Chromeရယ် Firefox ရယ်ကို နှစ်ခုပြိုင်ဖွင့်လိုက်တယ်။ ပြီးတော့ Project လုပ်လက်စ Power Point တစ်ခုကိုဖွင့်လိုက်တယ်။ Chrome မှာ Project အတွက် လိုအပ်တဲ့စာတွေကိုရှာပြီး ဒီတိုင်းထားလိုက်တယ်။ Firefox ကိုဖွင့်ပြီး Facebook အကောင့်အသစ်တစ်ခု ဖွင့်ဖို့ ကြိုးစားလိုက်တယ်။ အရင်သုံးနေကြအကောင့်က ဖေဖေလက်ထဲက ဖုန်းထဲမှာ။ ပြီးတော့ ဖေဖေနဲ့လည်း Friendတွေပါ။ အဲ့တော့ အရင်အကောင့်ကို ဆက်သုံးပြီး messenger ကနေ အလင်းနဲ့စာပို့မယ်ဆိုရင် မီးလည်းစိမ်းနေမှာဖြစ်ပြီး ဖုန်းကလည်း လိုင်းဖွင့်ထားတာမို့ စာတွေက‌ တတောင်တောင်နဲ့ ဝင်နေမယ်။ ဒါဆိုရင်မဖြစ်ဘူးလေ ဖေဖေသိသွားမှာ။

ဒါ့ကြောင့် ကွန်ပျူတာကျောင်းသား ပီပီသသ အကောင့်အသစ် ဖွင့်လိုက်တယ်။ အကောင့်အသစ်ဖွင့်ပြီးတာနဲ့ အလင်းကို သွားAddလိုက်တယ်။ အလင်းက ချက်ချင်းကို လက်ခံပေးတယ်။ ဒါဆိုရင် ရှား message ပို့ပေးထားလို့ ကျွန်တော့်ကို အဆင်သင့် စောင့်နေပေးတာပေါ့။ ကျွန်တော့်သူငယ်ချင်းမလေး မိရှားက သိပ်ကိုချစ်ဖို့ကောင်းပါတယ် အားကိုးရတယ်။

ကျွန်တော့်အကောင့်ကို အလင်းဘာကြောင့်လက်ခံလဲမေး။ အကောင့်ကိုမြင်တာနဲ့ ကျွန်တော်မှန်းသိနိုင်မယ့် နာမည်ကိုပေးထားတာလေ အလင်းရဲ့ခလေးပေါက်ဆိုပြီး ဟဲဟဲ။ ကျွန်တော်ပါ မုန်းပါ မပိုင်ရင် ခြင်တောင်မရိုက်ပါဘူး။ ဆောရီးပါဖေဖေ။ ဖေဖေဘယ်လောက်ပဲခွဲခွဲ ဘယ်လောက်ပဲ ဆက်သွယ်လို့မရအောင် လုပ်ပါစေ ဒါက 21 ရာစု IT ခေတ်ကြီးပါဖေဖေ။ ဖေဖေကြီးပြင်းခဲ့ရတဲ့ 20ရာစုတုန်းကလို မိဘက ဘေးမှာထိုင်နေတာနဲ့ အဆက်အသွယ်ပြတ်သွားတဲ့ ခေတ်မဟုတ်တော့ဘူးဆိုတာကို ဖေဖေသိသင့်တယ်။ ဖေဖေကျွန်တော်တို့ကို ခွဲနိုင်လည်း တွေ့လို့မရအောင်ဘဲ ခွဲနိုင်မှာ။ ဒါတောင် အ‌ချိန်တစ်ခုအထိပဲ ခွဲနိုင်မှာ။

ဖေဖေ့မျက်နှာရိပ် မျက်နှာကဲကိုကြည့်ပြီး အလင်းကို စာပို့လိုက်တယ်။

“ကိုကို့ မုန်း Video Call ခေါ်လိုက်မယ်။ မျက်နှာလေးကို တွေ့ချင်လို့။ မုန်းဘက်က စကားပြောလို့တော့ မရဘူးနော်”

“အင်း ကလေးပေါက် အဆင်ပြေရင်ခေါ်လိုက်လေ”

နားကြပ်ကို Laptop နဲ့ Join လိုက်ပြီး မုန်းနားထဲကို နားကြပ် ထည့်လိုက်တယ်။ ပြီးတော့ သီချင်းနားထောင်သလိုလို ဘာလိုလိုနဲ့ သီချင်းတစ်ပုဒ် ညည်းလိုက်တယ်။ ဖေဖေ့အမြင်မှာတော့ မုန်းသီချင်းနားထောင်ပြီး စာလုပ်တယ်ပေါ့။ ဟဲဟဲ ဒီလိုလည်း လည်ရသေးတယ်ဗျ။

ကိုကို့ကို video call ခေါ်လိုက်တော့ တွေ့ရပါပြီ ကျွန်တော့်ရဲ့ ချစ်သူကြီးကို။ မ‌တွေ့ရတာကြာလို့ထင်တယ် အရင်ကထက် ပိုချောနေတယ်။ လွမ်းလိုက်တာဆိုတာ အနားမှာရှိရင် အာဘွားတွေအများကြီး ဆွဲပေးပစ်တယ်။

ကျွန်တော့်ချစ်သူ ကိုယ်တော်ချောက ဘယ်ကကတည်းက ပြောချင်တာတွေကို စုထားတယ်မသိ ပြောလိုက်တာများ တရစပ်။

“ခလေးပေါက်လေးကို ကိုကိုအရမ်းလွမ်းနေတာ။ မမြင်ရတာ ကြာလို့လားမသိဘူး ခလေးပေါက်က ပိုချောလာတယ်။ ဆံပင်တွေလည်း တော်တော်ရှည်နေပြီ။ မညှပ်ပစ်နဲ့နော်။ ခလေးပေါက်က ဆံပင်အရှည်နဲ့ပိုကြည့်ကောင်းပြီး ပိုချောတယ်။ ဆံပင်အရှည်ပဲထား။ ချစ်ဖို့ကောင်းလိုက်တာ အနားမှာရှိရင် အာဘွားတွေ အများကြီးပေးပစ်တယ်”

“အကြံတွေတယ်။ မုန်းလည်းအရမ်းလွမ်းတယ် ကိုကို့ကို။ ကိုကို ဉာဉ့်နက်တဲ့ထိ စာမလုပ်နဲ့နော် မျက်နှာလေး ချောင်ကျနေတယ်။ ချောတာကတော့ အရင်ကထက် ပိုချောလာတယ်။ ကိုကို့ကို မုန်းစိတ်တောင်မ‌ချဘူး”

မုန်းဘက်က စကားပြောလို့ အဆင်မပြေတာမို့ စာပဲပို့လိုက်ပါတယ်။ ပြီးတော့ ရဲရင့်အောင်ရဲ့ လွမ်းလွန်းလို့ သီချင်းကို ညည်းလိုက်တယ်။ အလင်းကိုပြောချင်တဲ့ စကားတွေနဲ့တူတဲ့ နေရာလေးတွေကိုဘဲ ရွေးပြီး‌ဆိုလိုက်တယ်။

. . . နင်မရှိဘဲ မနေတတ်တဲ့ ငါ့အားနည်းချက် . . . ဘာလုပ်လုပ် တစ်ယောက်တည်းမွန်းလို့ ပင်ပန်းနေတယ် . . . နင်ငါ့နားရှိချိန်တွေ ပြန်လည်သတိရနေတယ် . . နင့်ရဲ့အငွေ့အသက်များကို ငါတမ်းတဆဲ . . . နင်မသိဘူး လွမ်းလွန်းလို့ သေနိုင်တယ်. . . နင်မသိဘူး လွမ်းလွန်းလို့သေနိုင်တယ် . . . နင်မသိဘူး လွမ်းလွန်းလို့ . . .

“ကိုကိုလည်း လွမ်းတာပေါ့ အသဲပေါက်ရယ်။ ကိုကိုတို့ မြန်မြန်နီးနိုင်ဖို့ စာလည်းကြိုးစားကြမယ်။ အလုပ်လည်း ကြိုးစားကြမယ်နော်”

အလင်းဘက်က စကားပြောလာတဲ့အခါ မုန်းဘက်က အလင်းကို စကားပြောချင်ရင် message ပြန်ပို့ပေမယ့် တစ်ချို့စကားတွေကို ရင်ဘတ်ကြီးထဲက နှစ်နှစ်ကာကာ ခံစားပြီး စကားအဖြစ် နှုတ်ကပြောချင်လာတဲ့အခါ သီချင်းထဆိုလိုက်တယ်။ ဖေဖေ့အမြင်မှာတော့ မုန်းက စာလုပ်ရင်း သီချင်းနားထောင်ပြီး သီချင်းတွေ အော်ဆိုနေတယ်ပေါ့။ တကယ်တော့ ဖေဖေ့အထင်နဲ့ တက်တက်စင် လွဲပါတယ်။ မုန်းစာမလုပ်ဘဲ အလင်းနဲ့စကားပြောရင်းက အလင်းကိုပြောချင်တဲ့ စကားလုံးတွေကို သီချင်းအဖြစ် ထထဆိုလိုက်တာပါ။ ဖေဖေသာသိရင် သွေးတက်သေမှာ အသေအချာပါပဲ။

. . . ဘယ်လောက်ထိ မိဘတွေ အဆက်အသွယ်တွေဖြတ် . . တကယ် ဒီလိုနှစ်ယောက်မရှိတဲ့ ရှိတဲ့အချစ်များ . . . ယုံနေတယ်မခွဲဘူး . . . ယုံကြည်တယ်မဝေးဘူး. . .

လွှမ်းပိုင်ရဲ့ မဝေးဘူးသီချင်းကို ဖေဖေ့ကိုကြည့်ပြီး ဆိုချင်တဲ့နေရာကနေ ကောက်ဆို‌လိုက်တော့ ဖေဖေကမုန်းကို ထသတ်တော့မယ့်ရုပ်နဲ့ ဒေါသချောင်းချောင်းထွက်ပြီး ကြည့်နေပါတယ်။ စိတ်ချဖေဖေ ကျွန်တော်အလင်းနဲ့ မရရအောင် နီးစပ်ဖို့ကြိုးစားမှာ။

“ကိုကိုတို့ လုံးဝမခွဲဘူးနော်မုန်း။ အရမ်းချစ်တယ်။ အာဘွား မွစ် အသဲပေါက်လေး”

“မုန်းလည်း အရမ်းချစ်တယ် ကိုကို။ ဘယ်လောက်ပဲကြာကြာ မုန်းကိုစောင့်နေပေးပါ။ မုန်းသေချာပေါက် ကိုကို့အနားကို ပြန်လာခဲ့မှာ”

အလင်းနဲ့စကားတွေ တဝကြီး ပြောပြီး ဖုန်းချလိုက်တယ်။ သိပ်မကြာပါဘူး မုန်းစာလုပ်နေတာကို မယုံတဲ့ဖေဖေက မုန်းLaptopကို လာကြည့်တယ်။ ဖေဖေနောက်ကျသွားပြီ ဖေဖေ။ စောလာလည်း ဖေဖေမမိနိုင်ပါဘူး။ ဘာကြောင့်ဆို ဖေဖေ့သား မုန်းက ကွန်ပျူတာကျောင်းသားဆိုတာ ဖေဖေမေ့နေတယ်ထင်တယ်။

******************************

#Zawgyi

ဘဝႀကီးက အျမဲတမ္း သာယာမေနဘူးဆိုတာ သိပ္မွန္တယ္။ ေလေျပေလညႇင္းေလးေတြလာၿပီးရင္ မုန္းတိုင္း ထန္တတ္သလိုေပါ့။ မုန္းနဲ႔အလင္းရဲ့ဘဝထဲကိုလည္း သိပ္မၾကာခင္မွာဘဲ မုန္းတိုင္းက ဝင္ေရာက္ခဲ့ပါေတာ့တယ္။ မုန္းေနာက္ဆုံးႏွစ္မွာ ေဖေဖက မုန္းတို႔အေၾကာင္းကို သိသြားခဲ့တာမို႔ ထိုေန႔က မုန္းတို႔ေဝးကြာျခင္းရဲ့ အစ ျဖစ္ခဲ့တယ္။

မုန္းေက်ာင္းက‌ေန ခါတိုင္းလိုပဲ အိမ္ျပန္လာခဲ့ေပမယ့္ ဒီေန႔ကေတာ့ အရင္ေန႔ေတြနဲ႔မတူဘဲ အိမ္မွာကိုယ့္ကို ႀကိဳဆိုေနတဲ့သူ ေရာက္ေနခဲ့ပါတယ္။

“ခြပ္ ခြပ္”

“အ့ ေဖေဖ”

ဟုတ္ပါတယ္။ ကၽြန္ေတာ္မုန္းမာန္ရဲ့အေဖ ဦးမာန္ထက္ပါ။ အိမ္ထဲဝင္႐ုံပဲ ရွိေသးတဲ့ ကၽြန္‌ေတာ့္ကို ဆီးႀကိဳကာ တစ္ခ်က္ၿပီးတစ္ခ်က္ လက္သီးနဲ႔ ဆင့္ထိုးေနတဲ့ ေဖေဖပါ။

“ကိုမာန္ထက္ ရွင္လြန္မယ္ေနာ္။ က်မသားကို ရွင္ဘယ္လိုျဖစ္လို႔ ဒီေလာက္‌ေတာင္ထိုးေနရတာလဲ။ ရွင့္မွာ လူစိတ္မရွိဘူးလား။ အမေလး ေမ့သားေလး“

ေမေမက ကၽြန္ေတာ့္ကို‌ေျပးဖက္ၿပီး ေသြးခ်င္းခ်င္းနီေန‌တဲ့ ကၽြန္ေတာ့္မ်က္ႏွာကိုၾကည့္ကာ ယူၾကဳံးမရ ေအာ္ငိုပါေတာ့တယ္။

“မင္း မသိရင္ အသာေန ႏုယဥ္။ မင္းသားဘာျဖစ္ေနလဲ မင္းမသိဘဲနဲ႔”

“က်မသားက ဘာျဖစ္ေနလို႔လဲ”

“ဘာျဖစ္ေနလို႔လဲဟုတ္လား။ မင့္သားက ေယာကၤ်ားခ်င္း ႀကိဳက္ေနတာေလ”

“ရွင္”

“ရွင္မေနနဲ႔။ မင့္သား ေယာကၤ်ားခ်င္း အခ်ခံေနတာေလ။ တုတ္တုတ္ခ်င္းရိုက္ေနတာ။ ငါကြာ စိတ္ရွိလက္ရွိ လုပ္လိုက္ရရင္ မင္းေသေတာ့မယ္”

“အို ဘာပဲျဖစ္ျဖစ္ ရွင္လက္မပါဘာနဲ႔။ ပါးစပ္နဲ႔ပဲေျပာ”

“ေအး မင္းအဲ့လိုေတြ ကာစီး ကာစီး လုပ္ေနလို႔ မင့္သား အေျခာက္ျဖစ္ေနတာ”

“ရွင္ဆက္မေျပာနဲ႔ မၾကားခ်င္ဘူး။ က်မသားကို က်မေမးမယ္။ ရွင္ဝင္မေျပာနဲ႔”

ေဖေဖနဲ႔ေမေမရဲ့ အျပန္အလွန္ အေျခအတင္ေျပာေနတဲ့ စကားေတြကို မုန္းဘာတစ္ခုမွ ဝင္မေျပာဘဲ ႏႈတ္ဆိတ္ၿပီး နားေထာင္ေနလိုက္တယ္။

“သား သားအေဖေျပာတာ ဟုတ္သလားသား”

“ဟုတ္တယ္ ေမေမ”

မုန္းမညာခ်င္တာမို႔ ေမေမ့ကို အမွန္အတိုင္းပဲ ေျပာလိုက္တယ္။

“ဘယ္ . . . ဘယ္သူနဲ႔လဲသား”

ေဒၚႏုယဥ္စိတ္ထဲမွာ ထင္ေနေပမယ့္ သားပါးစပ္က ေျပာလာတာကို ၾကားခ်င္တာမို႔ ေမးမိျခင္းပါ။

“အလင္းနဲ႔ပါေမေမ”

ကၽြန္မ ထင္သလိုပါပဲ။ သားက အလင္းေလးနဲ႔ ႀကိဳက္ေနတာပဲ။ ဘာတတ္နိုင္မွာလဲ။ အခ်စ္ဆိုတာ ဟိုလူ႔ကို ခ်စ္ပါ ဒီလူ႔ကို ခ်စ္ပါလို႔ ေျပာလို႔ရတဲ့ အရာမ်ိဳးမွ မဟုတ္တာ။ ရင္ထဲက ျဖစ္ေပၚလာတဲ့အခ်စ္နဲ႔ သူခ်စ္ခ်င္တဲ့သူကို ခ်စ္သြားနိုင္တာပဲေလ။ ဒါကို က်မတို႔ တားဆီးလို႔မွ မရတာ။ ဒါေတြကို ရွင့္လို တဇြတ္ထိုးသမားက‌ေတာ့ မသိနိုင္ဘူး ကိုမာန္ထက္။

“ထ သား ေရခ်ိဳးလိုက္။ ၿပီးရင္ အနာကို ေမေမေဆးထည့္ေပးမယ္”

ေမေမ့ဆီက တုန႔္ျပန္လာမယ္ထင္ခဲ့ေပမယ့္ ဘာတုန႔္ျပန္မႈကိုမွ မရလိုက္တာမို႔ မုန္း နည္းနည္းေတာ့ အံ့အားသင့္သြားတယ္။

“မသြားနဲ႔ဦး မုန္းမာန္။ မင္းကို ေရြးခြင့္ေပးမယ္။ ေက်ာင္းဆက္တက္မလား။ ေက်ာင္းထြက္ၿပီး အိမ္ကအလုပ္ေတြကို ျပန္ဦးစီးမလား မင္းေရြခ်ယ္။ ေက်ာင္းတက္ရင္ေတာ့ မင္းအေကာင္ကို လုံးဝေတြ႕ခြင့္မရွိသလို ဆက္သြယ္ခြင့္လည္း မရွိဘူး။ မင္းေရြးခ်ယ္ပါ”

မုန္းကို ေရြးခ်ယ္ခြင့္ေပးကာ ေဖေဖထြက္သြားၿပီးတဲ့ေနာက္ မုန္းေရခ်ိဳးလိုက္တယ္။ ေရခ်ိဳးၿပီးေတာ့ မုန္းရဲ့မ်က္ႏွာက ေပါက္ျပဲတဲ့ေနရာေတြကို ေမေမက ေဆးထည့္ေပးတယ္။

“ေမေမ သားကို စိတ္မဆိုးဘူးလား။ ေယာကၤ်ားေလးခ်င္း မျဖစ္သင့္ဘူးလို႔ မေတြးမိဘူးလားေမေမ”

“သားရယ္ အခ်စ္က သူခ်စ္ခ်င္တဲ့သူကို ခ်စ္မွာေပါ့။ ဘယ္သူ႔ကို မခ်စ္နဲ႔ ဘယ္သူ႔ကို ခ်စ္ပါလို႔ ေျပာလို႔မရသလို ေယာကၤ်ားေလးမို႔ ေယာကၤ်ားေလးကို မခ်စ္ရဘူး၊ မိန္းကေလးကိုပဲ ခ်စ္ရမယ္လို႔ ပညတ္ခ်က္ေတြ မရွိဘူးသား။ အခ်စ္က တာဆီးပိတ္ပင္လို႔ မရဘူးေလ။ ေမေမခ်စ္ခဲ့ဖူးေတာ့ ကိုယ္ခ်င္းစာလို႔ရတယ္”

“ေက်းဇူးတင္ပါတယ္ေမေမ”

“မလိုပါဘူးသားရယ္။ ဒါနဲ႔ သား အခုဘာဆက္လုပ္မွာလဲ”

“ေက်ာင္းဆက္တက္မွာေမေမ။ အလင္းနဲ႔ တစ္သက္လုံးေပါင္းနိုင္ဖို႔ ခဏေလးေတာ့ ေဝးရမွာေပါ့။ သားေျခေထာက္ေပၚ သားရပ္တည္နိုင္ေအာင္လို႔ ပညာေတြသင္ယူမယ္။ သားႀကိဳးစားမယ္။ ခုခ်ိန္မွာ မေတြ႕ရလည္း မေတြ႕ဘူးေမေမ။ ခုခ်ိန္မွာ ေအာင့္အီး သည္းခံလိုက္ပါ့မယ္။ သား အလင္းနဲ႔အတူ ဘဝတစ္ခုကို ထူေထာင္နိုင္ေလာက္တဲ့ အရည္အခ်င္းရွိလာရင္ အဲ့အခ်ိန္ ေဖေဖတားလည္း ဂ႐ုစိုက္စရာ မလိုေတာ့ဘူးေလ။ ေဖေဖက သားတို႔ကို လူခ်င္းပဲ ခြဲထားလို႔မွာ။ သားတို႔အခ်စ္ေတြကိုေတာ့ ခြဲထားလို႔ မရပါဘူး။ လူခ်င္းခြဲတာေတာင္ အခ်ိန္အတိုင္းအတာတစ္ခုထိပဲ ခြဲနိုင္မွာပါေမေမ။ ဘယ္ခ်ိန္ထိ ခြဲနိုင္မွာမို႔လို႔လဲ”

“အင္း သားဆုံးျဖတ္ခ်က္တိုင္းကို ေမေမအေလးထားပါတယ္။ သားအေကာင္းဆုံးကို လုပ္နိုင္မယ္လို႔ ေမေမယုံၾကည္တယ္”

“ေက်းဇူးတင္ပါတယ္ ေမေမ”

တစ္ဘဝလုံးေပါင္းရဖို႔ ခဏတာေတာ့ ခြဲရဦးမယ္အလင္းေရ။ ငါမင္းကို သိပ္ခ်စ္ပါတယ္။ ငါ့ကိုေစာင့္ေနေပးပါ။ ဘယ္ေတာ့မွ ထြက္မသြားဘဲ မင္းဆီကို အၿပီးလာနိုင္ဖို႔ ငါႀကိဳးစားလိုက္ပါဦးမယ္။

မနက္ေက်ာင္းသြားခါနီး မနက္စာစားဖို႔ စားပြဲဝိုင္းမွာထိုင္ေတာ့ ေဖေဖနဲ႔ မ်က္ႏွာခ်င္းဆိုင္ ဆုံတယ္။

“ကဲ မုန္းမာန္ မင္းဘာလုပ္မွာလဲ”

“ေက်ာင္းဆက္တက္မယ္ေဖေဖ”

“ေက်ာင္းဆက္တက္မယ္ဆိုရင္ မင္းေကာင္ကိုျဖတ္ရမယ္။ ဘယ္ေတာ့မွ မေတြ႕ရဘူး။ မင္းေကာင္နဲ႔ ေတြ႕တယ္ဆိုတဲ့ေန႔က ေက်ာင္းထြက္ၿပီး မင္းအိမ္ျပန္ရမယ့္ေန႔ပဲ။ ငါက ႐ုပ္ရွင္ေတြထဲကလိုေတာ့ သူမ်ားသားသမီးကို သြားမေျပာဘူး။ ကိုယ့္သားသမီးကိုယ္ပဲ နိုင္ေအာင္ထိန္းမွာ”

“ေဖေဖမေတြ႕ေစခ်င္ရင္ မေတြ႕ပါဘူးေဖေဖ။ စိတ္ခ်ပါ”

“ေအးေလ ေတြ႕ၿပီဆိုတာသိရတာနဲ႔ ေက်ာင္းထြက္ရမယ္ဆိုတာ သိထားပါ။ ေက်ာင္းသြားရင္ မင္းဖုန္းကို အိမ္မွာထားခဲ့။ အိမ္ကDriverက မင္းကိုလိုက္ပို႔ေပးလိမ့္မယ္။ ေက်ာင္းေရွ႕မွာ တစ္ေနကုန္ေစာင့္ေနမွာမို႔ ခိုးေတြ႕ရမယ္လို႔ေတာ့ မထင္နဲ႔။ မင္းေကာင္ကို ဆက္သြယ္ဖို႔လည္း မႀကိဳးစားပါနဲ႔။ ဆက္သြယ္တာကို ငါသိရတဲ့ေန႔ မင္းေျမာင္းျမကို ျပန္လာရမဲ့ေန႔ပဲ”

“သူမ်ားရဲ့ အဖိုးတန္သားသမီးကို ေကာင္လို႔ မသုံးပါနဲ႔ေဖေဖ။ ရိုင္းပါတယ္”

“ဘာ. . .မင္း. . .မင္း”

ေဖေဖ့ကိုေျပာၿပီးတာနဲ႔ မုန္းဖုန္းကို စားပြဲေပၚ တင္ထားခဲ့ၿပီး ထြက္လာလိုက္တယ္။ ေဖေဖကေတာ့ ေဒါသတႀကီးနဲ႔ မင္းကေန ဆက္မတက္နိုင္ဘဲ က်န္ခဲ့ေလရဲ့။

မုန္းေက်ာင္းကိုေရာက္ေတာ့ ကန္တင္းမွာထိုင္ေစာင့္ေနတဲ့ ရွားနဲ႔ေမသူက မုန္းကို တအံ့တဩ ၾကည့္ေနရွာတယ္။ ဘာေၾကာင့္ၾကည့္ရပါသလဲဆိုရင္ မေန႔က ေဖေဖ့လက္ခ်က္နဲ႔ မ်က္ႏွာတစ္ခုလုံး ဖူးေယာင္ေနခဲ့ရတယ္မို႔လား။ ခုထိ အေယာင္မက်နိုင္ဘဲ ျဖဴေဖြးတဲ့မ်က္ႏွာမွာ ညိဳမဲရာအကြက္လိုက္ ေပါက္ျပဲရာဗလပြနဲ႔ ေသြးပုတ္ေရာင္လႊမ္းေနတာမို႔ ျမင္ရသူအေပါင္း ရင္သပ္ရႈေမာေနမွာ အမွန္ပါပဲ။

“ဟယ္ မုန္း ဘာျဖစ္လာတာလဲဟယ္”

“ငါနဲ႔အလင္းကိစၥကို ေဖေဖသိသြားၿပီ”

“ဟယ္ အဲ့ေတာ့ ဒါ. .ဒါေတြက. . နင့္ေဖေဖထိုးလိုက္တာလား”

“ေအး ေမးၾကည့္ေနစရာကို မလိုဘူး။ ေတြးၾကည့္တာနဲ႔ သိသင့္တယ္”

“ဟယ္မုန္းရယ္ ငါသနားလိုက္တာ”

ေမသူနဲ႔ရွားကိုၾကည့္ေတာ့ မုန္းကို တကယ္သနားေနၾကတဲ့ ႐ုပ္ေလးေတြနဲ႔ ငိုမဲ့မဲ့ေလးေတြျဖစ္လို႔။

“သနားတယ္ဆိုလည္း ငါ့ကိုကူညီၾကဟာ။ ငါဖုန္းကို ေဖေဖသိမ္းထားလို႔ နင္တို႔ဖုန္းခဏငွားေပး”

“ေအးေအး ယူေလ ေရာ့”

ဖုန္းႏွစ္လုံးကို ႏွစ္ေယာက္ၿပိဳင္တူ ထိုးေပးလာတဲ့ သူငယ္ခ်င္းမေလး ႏွစ္ေယာက္ပါ။ သိပ္ခ်စ္ဖို႔ေကာင္းၾကပါတယ္။

ရွားဖုန္းကိုယူၿပီး အလင္းကိုဖုန္းေခၚလိုက္ေတာ့ ခ်က္ခ်င္းကိုင္ရွာတယ္။

“ဟဲလိုရွား ေက်ာင္းေရာက္ေနၿပီလား။ ငါမုန္းကို မေန႔ကတည္းက ဖုန္းေခၚေနတာ ဖုန္းေခၚလို႔မရလို႔ စိတ္ပူေနလို႔”

ဟဲလိုဆိုတဲ့ စကားနဲ႔အတူ စကားကို တရစပ္ေျပာလာပါေသာ အလင္းရယ္ပါ။ ဘယ္ေလာက္‌ေတာင္ စိတ္ပူေနခဲ့တာပါလဲ။

“အလင္း ငါမုန္း”

“ဟင္ မုန္း မင္းဖုန္းကဘာျဖစ္လို႔ ရွားဖုန္းနဲ႔ေခၚတာလဲ”

“မင္းနဲ႔ငါ့အေၾကာင္း‌ ေဖေဖသိသြားၿပီ”

“ဟင္”

“ဟုတ္တယ္ မေန႔ကပဲ ေဖေဖသိသြားတယ္”

“ဒါဆို . . .ကိုယ္တို႔ေဝးရေတာ့မွာလားမုန္း”

“ခဏေတာ့ေဝးရမွာေပါ့။ ေဖေဖက မင္းနဲ႔ မပတ္သက္မွ ေက်ာင္းျပန္ထားမယ္ေျပာလို႔ ေဖေဖ့ကို ကတိေပးထားတယ္။ ဖုန္းလည္းေပးထားရတာမို႔ ေက်ာင္းေရာက္မွ ရွားတို႔ဖုန္းနဲ႔ ဖုန္းဆက္လို႔ရမွာ။ ငါတို႔ အေျခအေနတစ္ခုထိေတာ့ မေတြ႕ျဖစ္ေလာက္ဘူးထင္တယ္အလင္း။ ငါမင္းနဲ႔ ႏွစ္ေယာက္တစ္ဘဝ ရပ္တည္နိုင္ဖို႔ အရင္ဆုံးေက်ာင္းၿပီးဖို႔ လိုတယ္ေလ။ အဲ့ဒါေၾကာင့္ ငါတို႔ ခုေလာေလာဆယ္တို႔ ေတြ႕လို႔မရေသးဘူး။ ဒါေပမဲ့ လစ္ရင္ လစ္သလိုေတာ့ ခိုးေတြ႕ၾက‌တာေပါ့။ ငါ့ကိုအခ်ိန္တစ္ခုထိ ေစာင့္ေနေပးပါ။ ငါမင္းအနားက ထြက္သြားစရာ မလိုေတာ့တဲ့ အေျခအေနကိုေရာက္ရင္ ျပန္လာခဲ့ပါ့မယ္။ ေစာင့္ေနေပးမယ္မို႔လားအလင္း”

“အင္း ငါကမင္းကို အျမဲေစာင့္ေနေပးမွာမို႔ ငါ့ဆီကို ျပန္လာျဖစ္ေအာင္လာေပးပါ”

“အင္း ေသခ်ာေပါက္ျပန္လာမွာမို႔ ေစာင့္ေနေပးပါ။ ဒီၾကားထဲမွာလည္း လစ္ရင္လစ္သလို ဆက္သြယ္မွာမို႔ မင္းက ငါဆက္သြယ္တဲ့အခ်ိန္ အဆင္သင့္ရွိ‌နိုင္ေအာင္ ႀကိဳးစားေပးပါ”

“စိတ္ခ်။ မင္းအဆင္ေျပတဲ့အခ်ိန္တိုင္း ငါအဆင္သင့္ရွိေနမယ္။ ခုေတာ့ အရမ္းလြမ္းတာမို႔ မ်က္ႏွာေလးျမင္ခ်င္တယ္။ Video Call ေလးေခၚပါရေစ”

အလင္းကို Video Call ေခၚလိုက္ေတာ့ မုန္းရဲ့မ်က္ႏွာကိုေတြ႕ၿပီး အလင္းက ငိုပါေတာ့တယ္။ အလင္းမ်က္ရည္က်တာ ဒီေန႔ဒီခ်ိန္ထိ မုန္းတစ္ခါမွ မျမင္ဖူးခဲ့ဘူး။ ခု မုန္းနာက်င္ေနရလို႔ သူပါ မ်က္ရည္က်ေနတယ္တဲ့လား။ ငါ့ကိုအဲ့ေလာက္ခ်စ္ေပးတာ သိ႐ုံနဲ႔တင္ ငါ့ကမၻာတစ္ခုလုံးကို မင္းကိုသိမ္းပိုက္ခြင့္ေပးဖို႔ တန္ေနပါၿပီ။

“ကေလးေပါက္ကို ေဖေဖထိုးထားတာလား”

“အင္း”

“အရမ္းနာေနမွာေပါ့။ မုန္းေလးတစ္ေယာက္တည္း နာက်င္ေနရတာကို ကိုကိုမၾကည့္ရက္ဘူး။ ကိုကိုပါ မၽွေဝခံစားေပးလို႔ရရင္ ခံစားေပးခ်င္တယ္။ အနားမွာေနေပးၿပီး ျပဳစုလို႔ရရင္ ျပဳစုေပးခ်င္တယ္။ ကိုကို႔ေၾကာင့္ မုန္းနာက်င္ေနရၿပီ”

မ်က္ရည္ေတြစီးက်ၿပီး အငိုလုံးဝမတိတ္သလို အသံလည္း လုံးဝမထြက္ဘဲ ငိုေနတဲ့ အလင္းကိုၾကည့္ၿပီး မုန္းရင္ထဲမွာ ဝမ္းနည္းလာတယ္။

“မငိုပါနဲ႔။ ကိုကိုငိုေတာ့ မုန္းပါငိုခ်င္တယ္။ မုန္းလည္း သိပ္မနာေတာ့ပါဘူး။ မငိုနဲ႔ေတာ့ေနာ္”

“အင္း မုန္းေလး အဆင္ေျပေအာင္ေနေပးပါ။ ကိုကိုလည္း ႀကိဳးစားမွာမို႔ “

“အင္း ဒါပဲေနာ္ကိုကို”

ထိုေန႔ကစ၍ အလင္းနဲ႔ ေတြ႕ခြင့္မရေတာ့သလို ဆက္သြယ္ခြင့္လည္း မရခဲ့ၾကပါ။ သို႔ေပသည့္ ေက်ာင္းတက္ခဲ့ရတဲ့ရက္မ်ားမွာေတာ့ ရွားနဲ႔ေမသူရဲ့ဖုန္းနဲ႔ အဆက္အသြယ္လုပ္လို႔ရလို႔ အဆင္ေျပမယ့္ Private Study ေက်ာင္းပိတ္ရက္ေတြမွာေတာ့ အဆင္မေျပခဲ့ပါ။ အနားမွာ အခ်ိန္ျပည့္ ေဖေဖရွိေနခဲ့ၿပီး ေျမာင္းျမကိုမျပန္ဘဲ အလုပ္ေတြကို ဦးေလးဝမ္းကြဲနဲ႔ အပ္ခဲ့ကာ မုန္းကို ေစာင့္ၾကည့္ေနခဲ့ပါတယ္။ ေမေမလည္း ကူညီမေပးနိုင္သလို ကၽြန္ေတာ္လည္း ႀကံရာမရ ျဖစ္ခဲ့ရတယ္။ ငါေလး တစ္ခုခုေတာ့ ႀကံဦးမွပါ။

“ေဖေဖ ကၽြန္ေတာ္ Project လုပ္ရမွာမို႔ ကၽြန္ေတာ့္ဖုန္းနဲ႔Laptop ခဏေလာက္ျပန္ေပးပါ”

“Laptop ယူေလ ဖုန္းက ဘာလုပ္ဖို႔လဲ”

“စာရွာဖို႔ WiFi လႊင့္သုံးမွရမွာ”

“အဲ့တာဆိုလည္း WiFi လႊင့္ၿပီး ဖုန္းျပန္ေပး”

“ဟုတ္ကဲ့ပါဗ်ာ”

ဟင္းဟင္း ေဖေဖက 20 ရာစုမွာက်န္ခဲ့တဲ့ အဖိုးႀကီးပါဗ်ာ။ ကၽြန္ေတာ္က 21ရာစုက မုန္းမာန္ပါ။ ေဖေဖ့ဆီက Wifi လႊင့္ဖို႔ ဖုန္းကို ယူၿပီး ရွားမဆီကို Message တစ္ေစာင္ အျမန္ရိုက္လိုက္တယ္။

“အလင္းကိုေျပာေပး လိုင္း‌ေပၚမွာ ေစာင့္ေနေပးပါလို႔။ အေကာင့္အသစ္နဲ႔ လာadd မယ္လို႔ေျပာေပး”

Message ပို႔ၿပီးတာနဲ႔ ရွားကိုပို႔ထားတဲ့စာကို ျပန္ဖ်က္လိုက္တယ္။ TVအေရွ႕မွာ ထိုင္ၾကည့္ေနတဲ့ ေဖေဖ့ကိုဖုန္းေပးၿပီးေတာ့ ဧည့္ခန္းကစားပြဲမွာ စာျပန္ထိုင္လုပ္ေနလိုက္တယ္။ ေဖေဖက မုန္းေရွ႕တည့္တည့္မွာ TV ၾကည့္ရင္း မုန္းကို အနီးကပ္ ေစာင့္ၾကည့္ေနပါတယ္။ ေမေမကေတာ့ မုန္းတို႔သားအဖရဲ့ အေျခအေနကို အကဲခတ္ေစာင့္ၾကည့္ေပးတယ္။

မုန္း Laptopကိုဖြင့္ၿပီး Chromeရယ္ Firefox ရယ္ကို ႏွစ္ခုၿပိဳင္ဖြင့္လိုက္တယ္။ ၿပီးေတာ့ Project လုပ္လက္စ Power Point တစ္ခုကိုဖြင့္လိုက္တယ္။ Chrome မွာ Project အတြက္ လိုအပ္တဲ့စာေတြကိုရွာၿပီး ဒီတိုင္းထားလိုက္တယ္။ Firefox ကိုဖြင့္ၿပီး Facebook အေကာင့္အသစ္တစ္ခု ဖြင့္ဖို႔ ႀကိဳးစားလိုက္တယ္။ အရင္သုံးေနၾကအေကာင့္က ေဖေဖလက္ထဲက ဖုန္းထဲမွာ။ ၿပီးေတာ့ ေဖေဖနဲ႔လည္း Friendေတြပါ။ အဲ့ေတာ့ အရင္အေကာင့္ကို ဆက္သုံးၿပီး messenger ကေန အလင္းနဲ႔စာပို႔မယ္ဆိုရင္ မီးလည္းစိမ္းေနမွာျဖစ္ၿပီး ဖုန္းကလည္း လိုင္းဖြင့္ထားတာမို႔ စာေတြက‌ တေတာင္ေတာင္နဲ႔ ဝင္ေနမယ္။ ဒါဆိုရင္မျဖစ္ဘူးေလ ေဖေဖသိသြားမွာ။

ဒါ့ေၾကာင့္ ကြန္ပ်ဴတာေက်ာင္းသား ပီပီသသ အေကာင့္အသစ္ ဖြင့္လိုက္တယ္။ အေကာင့္အသစ္ဖြင့္ၿပီးတာနဲ႔ အလင္းကို သြားAddလိုက္တယ္။ အလင္းက ခ်က္ခ်င္းကို လက္ခံေပးတယ္။ ဒါဆိုရင္ ရွား message ပို႔ေပးထားလို႔ ကၽြန္ေတာ့္ကို အဆင္သင့္ ေစာင့္ေနေပးတာေပါ့။ ကၽြန္ေတာ့္သူငယ္ခ်င္းမေလး မိရွားက သိပ္ကိုခ်စ္ဖို႔ေကာင္းပါတယ္ အားကိုးရတယ္။

ကၽြန္ေတာ့္အေကာင့္ကို အလင္းဘာေၾကာင့္လက္ခံလဲေမး။ အေကာင့္ကိုျမင္တာနဲ႔ ကၽြန္ေတာ္မွန္းသိနိုင္မယ့္ နာမည္ကိုေပးထားတာေလ အလင္းရဲ့ခေလးေပါက္ဆိုၿပီး ဟဲဟဲ။ ကၽြန္ေတာ္ပါ မုန္းပါ မပိုင္ရင္ ျခင္ေတာင္မရိုက္ပါဘူး။ ေဆာရီးပါေဖေဖ။ ေဖေဖဘယ္ေလာက္ပဲခြဲခြဲ ဘယ္ေလာက္ပဲ ဆက္သြယ္လို႔မရေအာင္ လုပ္ပါေစ ဒါက 21 ရာစု IT ေခတ္ႀကီးပါေဖေဖ။ ေဖေဖႀကီးျပင္းခဲ့ရတဲ့ 20ရာစုတုန္းကလို မိဘက ေဘးမွာထိုင္ေနတာနဲ႔ အဆက္အသြယ္ျပတ္သြားတဲ့ ေခတ္မဟုတ္ေတာ့ဘူးဆိုတာကို ေဖေဖသိသင့္တယ္။ ေဖေဖကၽြန္ေတာ္တို႔ကို ခြဲနိုင္လည္း ေတြ႕လို႔မရေအာင္ဘဲ ခြဲနိုင္မွာ။ ဒါေတာင္ အ‌ခ်ိန္တစ္ခုအထိပဲ ခြဲနိုင္မွာ။

ေဖေဖ့မ်က္ႏွာရိပ္ မ်က္ႏွာကဲကိုၾကည့္ၿပီး အလင္းကို စာပို႔လိုက္တယ္။

“ကိုကို႔ မုန္း Video Call ေခၚလိုက္မယ္။ မ်က္ႏွာေလးကို ေတြ႕ခ်င္လို႔။ မုန္းဘက္က စကားေျပာလို႔ေတာ့ မရဘူးေနာ္”

“အင္း ကေလးေပါက္ အဆင္ေျပရင္ေခၚလိုက္ေလ”

နားၾကပ္ကို Laptop နဲ႔ Join လိုက္ၿပီး မုန္းနားထဲကို နားၾကပ္ ထည့္လိုက္တယ္။ ၿပီးေတာ့ သီခ်င္းနားေထာင္သလိုလို ဘာလိုလိုနဲ႔ သီခ်င္းတစ္ပုဒ္ ညည္းလိုက္တယ္။ ေဖေဖ့အျမင္မွာေတာ့ မုန္းသီခ်င္းနားေထာင္ၿပီး စာလုပ္တယ္ေပါ့။ ဟဲဟဲ ဒီလိုလည္း လည္ရေသးတယ္ဗ်။

ကိုကို႔ကို video call ေခၚလိုက္ေတာ့ ေတြ႕ရပါၿပီ ကၽြန္ေတာ့္ရဲ့ ခ်စ္သူႀကီးကို။ မ‌ေတြ႕ရတာၾကာလို႔ထင္တယ္ အရင္ကထက္ ပိုေခ်ာေနတယ္။ လြမ္းလိုက္တာဆိုတာ အနားမွာရွိရင္ အာဘြားေတြအမ်ားႀကီး ဆြဲေပးပစ္တယ္။

ကၽြန္ေတာ့္ခ်စ္သူ ကိုယ္ေတာ္ေခ်ာက ဘယ္ကကတည္းက ေျပာခ်င္တာေတြကို စုထားတယ္မသိ ေျပာလိုက္တာမ်ား တရစပ္။

“ခေလးေပါက္ေလးကို ကိုကိုအရမ္းလြမ္းေနတာ။ မျမင္ရတာ ၾကာလို႔လားမသိဘူး ခေလးေပါက္က ပိုေခ်ာလာတယ္။ ဆံပင္ေတြလည္း ေတာ္ေတာ္ရွည္ေနၿပီ။ မညႇပ္ပစ္နဲ႔ေနာ္။ ခေလးေပါက္က ဆံပင္အရွည္နဲ႔ပိုၾကည့္ေကာင္းၿပီး ပိုေခ်ာတယ္။ ဆံပင္အရွည္ပဲထား။ ခ်စ္ဖို႔ေကာင္းလိုက္တာ အနားမွာရွိရင္ အာဘြားေတြ အမ်ားႀကီးေပးပစ္တယ္”

“အႀကံေတြတယ္။ မုန္းလည္းအရမ္းလြမ္းတယ္ ကိုကို႔ကို။ ကိုကို ဉာဉ့္နက္တဲ့ထိ စာမလုပ္နဲ႔ေနာ္ မ်က္ႏွာေလး ေခ်ာင္က်ေနတယ္။ ေခ်ာတာကေတာ့ အရင္ကထက္ ပိုေခ်ာလာတယ္။ ကိုကို႔ကို မုန္းစိတ္ေတာင္မ‌ခ်ဘူး”

မုန္းဘက္က စကားေျပာလို႔ အဆင္မေျပတာမို႔ စာပဲပို႔လိုက္ပါတယ္။ ၿပီးေတာ့ ရဲရင့္ေအာင္ရဲ့ လြမ္းလြန္းလို႔ သီခ်င္းကို ညည္းလိုက္တယ္။ အလင္းကိုေျပာခ်င္တဲ့ စကားေတြနဲ႔တူတဲ့ ေနရာေလးေတြကိုဘဲ ေရြးၿပီး‌ဆိုလိုက္တယ္။

. . . နင္မရွိဘဲ မေနတတ္တဲ့ ငါ့အားနည္းခ်က္ . . . ဘာလုပ္လုပ္ တစ္ေယာက္တည္းမြန္းလို႔ ပင္ပန္းေနတယ္ . . . နင္ငါ့နားရွိခ်ိန္ေတြ ျပန္လည္သတိရေနတယ္ . . နင့္ရဲ့အေငြ႕အသက္မ်ားကို ငါတမ္းတဆဲ . . . နင္မသိဘူး လြမ္းလြန္းလို႔ ေသနိုင္တယ္. . . နင္မသိဘူး လြမ္းလြန္းလို႔ေသနိုင္တယ္ . . . နင္မသိဘူး လြမ္းလြန္းလို႔ . . .

“ကိုကိုလည္း လြမ္းတာေပါ့ အသဲေပါက္ရယ္။ ကိုကိုတို႔ ျမန္ျမန္နီးနိုင္ဖို႔ စာလည္းႀကိဳးစားၾကမယ္။ အလုပ္လည္း ႀကိဳးစားၾကမယ္ေနာ္”

အလင္းဘက္က စကားေျပာလာတဲ့အခါ မုန္းဘက္က အလင္းကို စကားေျပာခ်င္ရင္ message ျပန္ပို႔ေပမယ့္ တစ္ခ်ိဳ႕စကားေတြကို ရင္ဘတ္ႀကီးထဲက ႏွစ္ႏွစ္ကာကာ ခံစားၿပီး စကားအျဖစ္ ႏႈတ္ကေျပာခ်င္လာတဲ့အခါ သီခ်င္းထဆိုလိုက္တယ္။ ေဖေဖ့အျမင္မွာေတာ့ မုန္းက စာလုပ္ရင္း သီခ်င္းနားေထာင္ၿပီး သီခ်င္းေတြ ေအာ္ဆိုေနတယ္ေပါ့။ တကယ္ေတာ့ ေဖေဖ့အထင္နဲ႔ တက္တက္စင္ လြဲပါတယ္။ မုန္းစာမလုပ္ဘဲ အလင္းနဲ႔စကားေျပာရင္းက အလင္းကိုေျပာခ်င္တဲ့ စကားလုံးေတြကို သီခ်င္းအျဖစ္ ထထဆိုလိုက္တာပါ။ ေဖေဖသာသိရင္ ေသြးတက္ေသမွာ အေသအခ်ာပါပဲ။

. . . ဘယ္ေလာက္ထိ မိဘေတြ အဆက္အသြယ္ေတြျဖတ္ . . တကယ္ ဒီလိုႏွစ္ေယာက္မရွိတဲ့ ရွိတဲ့အခ်စ္မ်ား . . . ယုံေနတယ္မခြဲဘူး . . . ယုံၾကည္တယ္မေဝးဘူး. . .

လႊမ္းပိုင္ရဲ့ မေဝးဘူးသီခ်င္းကို ေဖေဖ့ကိုၾကည့္ၿပီး ဆိုခ်င္တဲ့ေနရာကေန ေကာက္ဆို‌လိုက္ေတာ့ ေဖေဖကမုန္းကို ထသတ္ေတာ့မယ့္႐ုပ္နဲ႔ ေဒါသေခ်ာင္းေခ်ာင္းထြက္ၿပီး ၾကည့္ေနပါတယ္။ စိတ္ခ်ေဖေဖ ကၽြန္ေတာ္အလင္းနဲ႔ မရရေအာင္ နီးစပ္ဖို႔ႀကိဳးစားမွာ။

“ကိုကိုတို႔ လုံးဝမခြဲဘူးေနာ္မုန္း။ အရမ္းခ်စ္တယ္။ အာဘြား မြစ္ အသဲေပါက္ေလး”

“မုန္းလည္း အရမ္းခ်စ္တယ္ ကိုကို။ ဘယ္ေလာက္ပဲၾကာၾကာ မုန္းကိုေစာင့္ေနေပးပါ။ မုန္းေသခ်ာေပါက္ ကိုကို႔အနားကို ျပန္လာခဲ့မွာ”

အလင္းနဲ႔စကားေတြ တဝႀကီး ေျပာၿပီး ဖုန္းခ်လိုက္တယ္။ သိပ္မၾကာပါဘူး မုန္းစာလုပ္ေနတာကို မယုံတဲ့ေဖေဖက မုန္းLaptopကို လာၾကည့္တယ္။ ေဖေဖေနာက္က်သြားၿပီ ေဖေဖ။ ေစာလာလည္း ေဖေဖမမိနိုင္ပါဘူး။ ဘာေၾကာင့္ဆို ေဖေဖ့သား မုန္းက ကြန္ပ်ဴတာေက်ာင္းသားဆိုတာ ေဖေဖေမ့ေနတယ္ထင္တယ္။

Continue Reading

You'll Also Like

3.1M 182K 77
Nobody ever loved him; she was the first who loved him. He did not have a family and then one day she entered into his life and became a world for h...
3.4M 142K 60
The story of Abeer Singh Rathore and Chandni Sharma continue.............. when Destiny bond two strangers in holy bond accidentally ❣️ Cover credit...
33.4K 755 16
Kim Y/n daughter of a gang leader. A kind hearted girl. Everyone likes her. She is Cute, beautiful, hot etc And Jeon Jungkook. The cold hearted mafia...
1.5M 90.7K 38
"You all must have heard that a ray of light is definitely visible in the darkness which takes us towards light. But what if instead of light the dev...