ချင်းရန်ဟွေထုံ တတိယဝမ်မျိုးဆက်.. ။ တိုင်းပြည်မှာ စည်ကားပြီးသာယာအေးချမ်းနေတယ် ။ မကြာခင်ကမှ နန်းတက်ပွဲကျင်းပထားသည့်တိုင် လူတွေဟာ ထိုအရှိန်နဲ့ ဆက်လက်ပျော်မြူးနေကြတုန်း ၊ ခမ်းနားကြီးကျယ်စွာကျင်းပခဲ့တဲ့ နန်းတက်ပွဲအကြောင်းကို နေရာအနှံ့အပြားမှာပြောဆိုနေကြကာ ကျေနပ်အားရနေတုန်းပဲ ။
နိုင်ငံရဲ့ထိပ်ခေါင်အရှင်သခင် မင်းကြီးဝမ်က သနားညှာတာမှုအပြည့်နဲ့ ကြင်နာတာကြောင့် အိမ်ရှေ့စံဘဝမှာတင် လူထုအပေါ် လွှမ်းမိုးမှုရှိတယ် ။ တရားမျှတတဲ့စီမံအုပ်ချုပ်ရေးအပြင် ငယ်ရွယ်သူဖြစ်ကာ ရုပ်ရည်ရူပကာလည်း ပြည့်စုံလွန်းတာမို့ လေးစားအားကျသူ ပေါများတယ် ။
ဒါ့ကြောင့် အလွှာအသီးသီးက အမျိုးသမီးတွေရဲ့ အိပ်မက်မင်းသားလေးပဲ ။ နေ့တိုင်းမရိုးအီနိုင်အောင် သူမတို့ကြားရေပန်းစားတဲ့အကြောင်းအရာက အဲ့လိုမိုးကျရွှေကိုယ်ဘုရင်လေးရဲ့ ပထမဆုံးတင်မြှောက်မယ့်မိဘုရားက ဘယ်သူဖြစ်လိမ့်မလဲဆိုတာပဲ ။
" ဤသည်မှာဘုရင်မင်းမြတ်အမိန့်တော်~ ရိုသေစွာနာခံစေ "
အမိန့်စာအရှည်ကြီးကိုဖတ်ပြသွားတဲ့ သဝဏ်လွှာကိုင်ထားသူရဲ့ အသံအဆုံး အမတ်ချုပ်ကြီးမျက်နှာက ပျက်ယွင်းမှုကိုအနိုင်နိုင်ထိန်းလို့ အမိန့်စာလက်ခံရရှိကြောင်းဆိုလိုက်ကာ ဒူးထောက်ရင်း လက်နှစ်ဖက်ပေါ်တင်လို့ခံယူလိုက်တယ် ။
နန်းတော်ကလာတဲ့လူတွေ ပြန်ထွက်သွားကြသည့်တိုင် ကြမ်းပြင်မှာဝပ်တွားနေကြတဲ့ ထမင်းချက်အစေခံပါမကျန်တစ်အိမ်သားလုံး အသံမထွက်ရဲကာ တိတ်ဆိတ်နေတယ် ။
' ချောင်အိမ်တော် '
လှပသပ်ရပ်စွာ အမည်ရေးထိုးထားတဲ့ဝင်ပေါက်ရဲ့ တံခါးမကြီးဟာ ဝုန်းခနဲစေ့ပိတ်သွားတဲ့နောက် ချောင်အမတ်ချုပ်ကြီးထရပ်လိုက်ကာ တင်းမာနေတဲ့မျက်နှာထားနဲ့ လူအုပ်ရဲ့နောက်ဆုံးနားက သူ့သမီးကို လှမ်းကြည့်လိုက်တော့တယ် ။
• • • • •
" ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ "
" မဖြစ်နိုင်ဘူး "
အခန်းထဲမယ် ဇနီးသည်ရဲ့အသံကျယ်ကျယ်ဟာ ပေါ်ထွက်လာတယ် ။ ချောင်အမတ်ချုပ်ကြီး သမီးဖြစ်သူချောင်ဖေးမီကို စိတ်ပျက်စွာကြည့်လိုက်တယ် ။ သူတို့ကြား ခြေတံရှည်စားပွဲဝိုင်းလေးပေါ်မှာတော့ အမိန့်စာဟာ ငြိမ်သက်စွာရှိနေတယ် ။ ထိုသက်မဲ့ပစ္စည်းကပဲ ဒီအခန်းထဲကလေထုကို အလွန်ဖိအားပေးနေတယ် ။
" ဘာလို့ ဘုရင်က ရှောင်းကျန့်ကိုတောင်းရတာလဲ "
" အဖေ.. သမီး ရှောင်းကျန့်နဲ့မခွဲချင်ဘူးနော် "
ချောင်ဖေးမီရဲ့ စကားကြောင့် အမတ်ချုပ်ကြီးရဲ့အကြည့်ဟာ အခန်းထောင့်မှာရပ်နေတဲ့လူဆီ ဒိုင်းခနဲပြေးကပ်သွားတယ် ။
ထိုသူကတော့ ကြမ်းပြင်ကိုပဲ ပေါက်ထွက်မတတ်ကြည့်နေကာ ရှေ့မှာယှက်ထားတဲ့လက်နှစ်ဖက်ကို အသာပွတ်သပ်နေတယ် ။ မျက်နှာသေးသေးလေးရဲ့ဘေး ဝဲကျနေတဲ့ဆံစတွေကြား ချွေးစို့နေပြီး အကြည့်စူးစူးတွေအောက် လေထဲပျောက်ကွယ်တော့မတတ် ကိုယ်ကို ကျုံ့ထားတယ် ။
" ယောကျ်ားရယ်.. ဒီကိစ္စကို ဘယ်လိုလုပ်ကြမလဲ "
ချောင်အမတ်ချုပ်ကြီးက အကြည့်ပြန်လွှဲလိုက်ကာ ခဏကြာအောင် စဥ်းစားပြီး ဆုံးဖြတ်ချက်တစ်ခုကိုချလိုက်တယ် ။ ပြီးတာနဲ့ အခန်းထဲကလူတွေအကုန်ကြားနိုင်မယ့်အသံနဲ့ ပြောလာတယ် ။
" မတတ်နိုင်ဘူး ၊ ဘုရင်ကို လွန်ဆန်လို့မရဘူး "
" အမိန့်အတိုင်းပဲ.. ရှောင်းကျန့်ကို ဘုရင်ဆီဆက်သရမယ် "
• • • • •
" ဖေးဖေး! ခဏ.. ဖိနပ် ဖိနပ်စီးပါဦး "
" ခြေထောက်နာလိမ့်မယ် ဖေးဖေး "
ရှောင်းကျန့် ပါးစပ်ကအဆက်မပြတ်အော်ကာ ဖိနပ်မပါဘဲပြေးနေတဲ့ချောင်ဖေးမီနောက် ပြေးလိုက်တယ် ။ အမတ်ချုပ်ကြီးက သူ့ကိုဘုရင်ဆီဆက်သမယ်ပြောလိုက်တာနဲ့ သူမက အခန်းထဲကနေပြေးထွက်သွားတော့တာပဲ ။ ထုံးစံအတိုင်းပဲ ခြံထောင့်ကမက်မွန်ပင်အောက်မှာ သွားငိုနေပြန်ဦးမယ် ။
အပင်အောက်ရောက်တော့ မြေကြီးပေါ်ထိုင်ချကာ တသိမ့်သိမ့်ရှိုက်နေတဲ့ကျောပြင်ကို တွေ့လိုက်ရတယ် ။ ပန်းရောင်ဇာကြိုးတွေနဲ့ကျစ်ထားတဲ့ကျစ်ဆံမြီးနှစ်ဖက်က ပုခုံးပေါ်ပြေကျနေတယ် ။ ဒီအရွယ်ထိ ကလေးဆန်နေဆဲသူမကိုကြည့်လို့ သက်ပြင်းတစ်ချက်ချလိုက်ပြီး သူမရှေ့သွားလို့ ထိုင်ချလိုက်တယ် ။
" ဖေးဖေး.. "
" ရှောင်းကျန့်.. နင် တကယ်သွားမှာလား "
မျက်ရည်တွေနဲ့ပြောလာတဲ့သူမက အကြိုက်ဆုံးအရုပ်လေး လုယူခံရတော့မယ့် ခံစားချက်တွေနဲ့ပြည့်နေတယ် ။ သူမနဲ့ရှောင်းကျန့်က အကြာကြီးအတူတူရှိလာခဲ့တာ ။ ငယ်ငယ်လေးတည်းက မိဘမရှိတော့တဲ့ရှောင်းကျန့်ကို ဆွေမျိုးနီးစပ်တော်တဲ့သူတို့အိမ်က ခေါ်မွေးစားခဲ့တာ ။ ကလေးဘဝတည်းက ခုထိ သူမအတွက်တော့ ရှောင်းကျန့်က သဘောအကျဆုံးကစားစရာလေးပဲ ။ သူများကိုပေးပစ်ရမှာ နှမျောဖို့ကောင်းလွန်းတယ် ။
" ငါမေးနေတယ်လေ "
ရှောင်းကျန့်ကတော့ ဘာမှပြန်မဖြေဘဲ သူမဝတ်ရုံအောက်က ခြေထောက်ကိုထုတ်ကာပဲ ဖိနပ်စီးပေးလိုက်တယ် ။
" နောက်ဆို ဖိနပ်မပါဘဲမပြေးနဲ့ "
" ခြေထောက်လည်းနာမယ် ၊ ပြီးတော့..
နောက်ကနေဖိနပ်လိုက်စီးပေးမယ့် ငါမရှိတော့ရင်
နင့်ခြေအိတ်တွေ ဒီ့ထက်မဲပေကုန်လိမ့်မယ် "
" ... "
" ရှောင်းကျန့်! မသွားလို့မရဘူးလား ၊ နင်မရှိရင် ငါပျင်းနေမှာ "
" နင့်ရည်ရွယ်ချက်ကို ငါမသိဘူးထင်လို့လား ဖေးဖေး ၊
အိမ်အပြင် အတူတူခိုးထွက်မယ့်အဖော်မရှိတော့မှာစိုးလို့မလား "
သူပြောတဲ့အဓိပ္ပာယ်ကိုသဘောပေါက်လို့ သူခိုးလူမိဖြစ်သွားတဲ့အခါ သူမကအကြည့်လွှဲသွားတယ် ။ ရှောင်းကျန့် တစ်ချက်ရယ်လိုက်ကာ မျက်ရည်တွေသုတ်ဖို့ လက်ကိုင်ပုဝါတစ်ထည်ထုတ်ပေးလိုက်တယ် ။
" ငါ အဖေ့ကို ထပ်ပြောကြည့်မယ်လေ "
သူမက အခုထိ လက်မလျှော့သေးပုံ ။ ရှောင်းကျန့် သူမခေါင်းကို ခပ်ဖွဖွလေးထိလိုက်တယ် ။ ကျစ်ဆံမြီးအဆုံးမှာချည်ထားတဲ့ ပြေကျတော့မယ့်ဖဲကြိုးလေးကို ပြန်စည်းပေးလိုက်တယ် ။
" သခင်ကြီးကိုယ်တိုင်ပြောတာလေ ဖေးဖေး..
ဘုရင်ကို လွန်ဆန်လို့မရဘူးတဲ့ "
တကယ်တော့ အဲ့ဒါကိုသူမသိပါတယ် ။ ဘုရင်အမိန့်ကို မနာခံတာ ဘယ်လောက်အပြစ်ကြီးလဲဆိုတာ.. ။ ခေါင်းမာချင်လို့ နားမလည်ချင်ယောင်ဆောင်နေတာပဲရှိတယ် ။ သူမ မျက်နှာကိုမဲ့ချလိုက်တယ် ။
အဲ့နောက် ရှောင်းကျန့်မျက်နှာကိုကြည့်လို့ တစ်ခုခုတွေးမိသွားကာ..
" ရှောင်းကျန့်.. မဟုတ်မှ နင်..
နန်းတော်ထဲသွားချင်နေတာလား "
" ... "
" ဘာလဲ ..ဖြေလေ ဖြေလို့.. ၊ ဘာလို့နန်းတော်ထဲ ဝင်ချင်တာလဲ
အဲ့မှာ ဘာရှိလို့လဲ "
ဒါပေမဲ့ ဘာမှမဖြေလာတဲ့ရှောင်းကျန့်ကြောင့် နောက်ဆုံးတော့ သူမ စိတ်ဓာတ်ကျသွားတယ် ။ ခေါင်းမာလို့မရတော့ဘူးဆိုတာလည်း သိလိုက်တယ် ။ ဘယ်လိုနေနေ ပေးရမယ်ဆိုပေမဲ့ ဒီတိုင်းဆို သူမအရုပ်လေးကပါ အဲ့ဒီကိုတကယ်သွားချင်နေပုံပဲ မဟုတ်ဘူးလား ။
• • • • •
နဂါးပုံရွှေချည်ထိုးသွင်းထားတဲ့ဝတ်ရုံရှည်ဟာ ခြေတစ်လှမ်းတိုင်းမှာ ကြွကြွရွရွ ။ ဦးဆောင်းအဆင်တန်ဆာတွေဟာလည်း နေရောင်အောက် တလက်လက်တောက်ပလို့ ။
ခါးမှာဆွဲချိတ်ထားတဲ့ တော်ဝင်တံဆိပ်ပြားဟာလည်း ထင်ရှားပေါ်လွင်နေတယ် ။ အလျှံငြီးငြီးတောက်လောင်နေတဲ့ ကိုယ်ရောင်အပြည့်နဲ့ မာန်အပြည့်နဲ့မျက်နှာငယ်ဟာ တစ်ချိန်တည်းမှာ တည်တင်းကြည်လင်နေတယ် ။ ထိုမြင့်မြတ်လှတဲ့ပုဂ္ဂိုလ်မှာ တိုင်းပြည်ရဲ့သခင် တတိယဝမ်မင်းဆက်ပြည့်ရှင် ဝမ်ရိပေါ် ဖြစ်တယ် ။
' ရှောင်လျဲန် '
တစ်ဆောင်လုံး ကြာပန်းပုံသဏ္ဍာန် အနုစိတ်လက်ရာဆန်းကာ ဆောက်လုပ်ထားလေတဲ့ အဆောင်ရှေ့ရောက်တဲ့အခါ ဝမ်မင်းကြီးရဲ့ခြေလှမ်းတွေ ရပ်တန့်သွားတယ် ။
" ဖန်ရှင်း "
" အမိန့်ရှိပါ အရှင်မင်းကြီး.. အထဲမှာ ရောက်နေနှင့်ကြောင်းပါ "
လူယုံတော်ဖန်ရှင်းက ပါလာတဲ့လူတန်းရှည်ကြီးထဲကနေ လျှင်မြန်စွာထွက်လာတယ် ။ ထို့နောက် ဝမ်မင်းကြီးရဲ့ မျက်နှာတော်ဟာ စိုးစိမျှပြောင်းလဲသွားခဲ့ခြင်းမရှိပါဘဲ အသင့်ဖွင့်ပေးထားတဲ့ အဆောင်တော်ထဲ ဝင်သွားလေတယ် ။ အပြင်မှာတော့ ဖန်ရှင်းနဲ့ ဘုရင့်အစေခံလူတန်းရှည်ကြီးပဲ ကျန်ရစ်ခဲ့တယ် ။
သာမန်ဆန်တဲ့အပြာနုရောင်အထည်ကို ရိုးရိုးရှင်းရှင်းဝတ်ဆင်ထားတဲ့ရှောင်းကျန့်က အခန်းထဲက စားပွဲမှာ ငြိမ်ငြိမ်လေးထိုင်နေတယ် ။ စိတ်လှုပ်ရှားလွန်းလို့ ပေါင်ပေါ်တင်ထားတဲ့လက်နှစ်ဖက်ကို ပွတ်သပ်နေတာ လက်ဖဝါးမှာ ချွေးစေးတွေတောင်ထွက်နေပြီ ။
အဲ့နောက် အခန်းထဲ တစ်ယောက်ယောက်ဝင်လာတဲ့အသံ ကြားလိုက်တယ် ။ မသိလိုက်ဘဲ သူပါမတ်တပ်ထရပ်လိုက်မိကာ ဝင်လာတဲ့လူကို အထင်အရှားမြင်လိုက်ရတယ် ။
အရာအားလုံးရပ်တန့်သွားသလိုပဲ ။ ရှေ့ကလူဟာ ခပ်လှမ်းလှမ်းနေရာမှာတင် သူ့ကို အကြာကြီးစိုက်ကြည့်နေခဲ့တယ် ။ အခန်းထောင့်မှာထွန်းထားတဲ့ နံသာအိုးကစန္ဒကူးနံ့က ပိုအနံ့ပြင်းပြင်းဝေ့ဝဲလာတယ် ။
အကြည့်တွေကတဆင့် တဖြည်းဖြည်းသိပ်သည်းလာတယ် ။ ဒီ့ထက်သည်းခံနိုင်စွမ်းမရှိတော့သလိုခံစားရပြီး အချိန်အတော်ကြာ ပိနေခဲ့တဲ့အစိုင်အခဲကြီးက အခုမှ အပေါ်ကို ဆို့တက်လာတယ် ။
တစ်ဖက်လူရဲ့မျက်နှာကို မျက်လုံးထဲထင်ထင်ရှားရှားမမြင်ရတော့ဘဲ မှုန်ဝါးလာပြီး နှာရိုးတွေထုံကျဥ်လာတယ် ။ ရှောင်းကျန့် သူ့ကိုယ်သူ ထိန်းချုပ်နိုင်မှုမရှိတော့မှန်း သိလိုက်တယ် ။ ချက်ချင်း မျက်နှာပေါ် ထိန်းမရတော့တဲ့မျက်ရည်ပေါက်တွေ ကျဆင်းကုန်ကာ ရှေ့ကလူရဲ့ ရင်ခွင်ကျယ်ကြီးထဲ အင့်ခနဲပစ်ဝင်လိုက်တော့တယ် ။
" အရှင်~ "
" ကိုယ်တော့်ရဲ့ ကျန့် "
တင်းကြပ်စွာဖက်တွယ်ထားတဲ့နှစ်ယောက်သားရဲ့ နှုတ်က ကိုယ်စီ နာမ်စားတွေထွက်လာတယ် ။ ရှောင်းကျန့်မျက်ရည်တွေက နဂါးဝတ်ရုံပေါ်ကို စီးကျနေပြီး ထိုဝတ်ရုံရဲ့ပိုင်ရှင်ကတော့ ရင်ခွင်ထဲက ကျောပြင်လေးကိုပုတ်ကာ နှစ်သိမ့်ပေးနေတယ် ။
" ကျွန်တော်ဘယ်လောက်လွမ်းနေခဲ့လဲ သိရဲ့လား "
ကျောက်ဆစ်ရုပ်တစ်ခုလို အမြဲတစေတည်တင်းနေတဲ့ ဝမ်မင်းကြီးရဲ့မျက်နှာမှာ နူးညံ့လှတဲ့အပြုံးလေးတစ်ခု ဖြစ်လာတယ် ။ ဒီချွဲတဲ့တဲ့အသံလေးကို ဒီလိုအခြေအနေနဲ့ကြားနိုင်ဖို့ သူကြိုးစားခဲ့သမျှဟာ အရာထင်ခဲ့တယ် ။ ဝမ်မင်းကြီးဟာ ထိုကိုယ်လုံးလေးကို နောက်ထပ်တစ်ရစ်တိုးဖက်လိုက်တယ် ။
" ကိုယ်တော်လည်း သိပ်ကိုလွမ်းနေခဲ့ပါတယ် ကျန့်ရယ် "
သြဇာခညောင်းမှုအပြည့်နဲ့အသံက ရင်ခွင်ထဲကနားထောင်ရတဲ့အခါ ရှတတဖြစ်ကာ ညင်သာနေတယ် ။ နှလုံးသားပေါ်ကနေ တိုက်ရိုက်ကြားနေရသလို အရမ်းနီးကပ်လွန်းတယ် ။ အမြဲတမ်း သူသဘောကျခဲ့တဲ့ အခြေအနေလေးပဲ ။ သဘောကျလွန်းလို့ ရင်ခွင်ကြီးထဲ ပိုတိုးဝင်လိုက်တယ် ။
သူ လွမ်းနေခဲ့ရတဲ့ရင်ငွေ့ကို ခံစားနေရင်း တစ်ခုခုကို ပြန်ကြားယောင်မိတဲ့အခါ နှုတ်ခမ်းတွေကိုကွေးတက်နေအောင် ပြုံးလိုက်မိတယ် ။
" ဘာလို့ နန်းတော်ထဲဝင်ချင်တာလဲ " "အဲ့မှာ ဘာရှိလို့လဲ "
အဖြေကတော့ ရှင်းရှင်းလေး ။
နန်းတော်ထဲမှာ သူ အသက်တမျှချစ်ရတဲ့ ချစ်သူရှိနေလို့.. ။
ပြီးတော့ သူ့ချစ်သူက တိုင်းပြည်ရဲ့သခင် မင်းကြီးဝမ်ဖြစ်နေလို့ပဲ ။
• • • • •
ဝမ်ရိပေါ် အိမ်ရှေ့စံမင်းသားဘဝမှာတင် ရှောင်းကျန့်နဲ့ ချစ်ကြိုးသွယ်ခဲ့တယ် ။
သူတို့နှစ်ယောက် နှစ်ကူးပွဲတော်ရဲ့ညစျေးမှာ စတွေ့ ခဲ့ကြတာဖြစ်ပြီး နောက်ဆုံးကျန်နေတဲ့ အလှမီးပုံးတစ်ခုကို နှစ်ယောက်အတူတူကိုင်ကြည့်ခဲ့မိရာက စခဲ့တာ ။
သေးသွယ်ပြီးဖြူဖွေးနေတဲ့လက်ချောင်းတွေ သူ့လက်ဖဝါးကြီးထဲ မြုပ်ဝင်သွားတဲ့အခါ လက်ပိုင်ရှင်က သူ့ကို အံ့သြစွာကြည့်လာတယ် ။ သူကလည်းပြန်ကြည့်မိလိုက်တယ် ။
တစ်ဖက်လူက အမျိုးသားတစ်ယောက်ဖြစ်သည့်တိုင် မြင်လိုက်တာနဲ့ ဆီးနှင်းပွင့်လေးလိုနုနယ်မှန်း သိပ်သိသာတယ် ။ နူးညံ့တဲ့အထိလေးကိုလည်း သူ့လက်မှာခံစားနေရတယ် ။ မီးပုံးလက်ကိုင်လေးပေါ် လက်နှစ်ဖက်ဟာ မတော်တဆ ထပ်လျက်သားရှိနေကြတုန်း ။
နောက်တော့ သူ ထိုလူရဲ့မျက်လုံးတွေကို သေချာကြည့်မိတယ် ။
အဲ့ဒီအချိန်ခဏလေးမှာပါပဲ ။ မီးပုံးရဲ့အလင်းရောင်ထပ်ဟပ်နေတဲ့ တစ်ဖက်လူရဲ့မျက်လုံးထဲက ကြယ်တွေနောက် သူ့နှလုံးသားတစ်ခုလုံးလွင့်ပါသွားတယ် ။
သူ့စိတ်ဝိဉာဥ်တစ်ခုလုံးက လှုပ်ခါနေပြီး သေချာကြောင်းအသိပေးနေတယ် ။ သူ့လက်ဖဝါးအောက်က ထိုလက်လေး ရုန်းထွက်သွားတဲ့ထိ ငေးကျန်ခဲ့တယ် ။
ဝမ်ရိပေါ်ဟာ ရှောင်းကျန့်ကို မြင်မြင်ချင်းမှာတင် ချစ်ခဲ့တယ်..။
အဲ့နောက် သူတို့ကံမကုန်ခဲ့ကာ နောက်ပိုင်းမှာတော့ တစ်ယောက်နဲ့တစ်ယောက်ခံစားချက်တွေထပ်တူကျလို့ ချစ်သူဖြစ်ခဲ့တယ် ။
ရှောင်းကျန့်က လူလစ်တာနဲ့ အိမ်တော်ကခိုးထွက်ပြီး ဝမ်ရိပေါ် နဲ့ တွေ့တယ် ။ ချစ်သူက အိမ်ရှေ့စံမင်းသားဖြစ်တော့ကာ အချစ်ရေးကို လူသိမခံဝံ့ဘဲ လျှို့ဝှက်ထားရတယ် ။ သူနဲ့ အရင်းနှီးဆုံးဖေးမီကိုတောင်မပြောပဲ ထိမ်ချန်ထားတယ် ။
ဘဝမှာမရဖူးတဲ့ချစ်ခြင်းမေတ္တာတွေကို ပထမဆုံးအကြိမ်နစ်ဝင်မိပြီး သူ့ရဲ့အထီးကျန်ဘဝမှာ ဝမ်ရိပေါ်ကသာ အနွေးထွေးဆုံးသောနေရောင်ခြည်လေးဖြစ်ခဲ့တယ် ။ သူတို့အချစ်ခရီးက အပူအပင်မရှိဖြောင့်ဖြူးနေခဲ့ပြီး နှစ်ယောက်လုံးပျော်ခဲ့ရတယ် ။
ဒါပေမဲ့ အချစ်ကိုစတင်ခံစားမိချိန်မှာ အရာရာသိမ်ငယ်လာတယ် ။
အချိန်ကြာလေ ခံစားချက်တွေနက်ရှိုင်းလေဖြစ်ကာ ရှောင်းကျန့်ကပဲ ဒါကို စတင်ကြောက်ရွံ့လာတယ် ။ အိမ်ရှေ့စံမင်းသားဖြစ်တဲ့ဝမ်ရိပေါ် ရဲ့ ဖြစ်တည်မှုနဲ့ မိဘမဲ့တစ်ကောင်ကြွက်ဖြစ်ပြီး သူများအိမ်မှာနေရတဲ့သူ့ရဲ့ မိုးနဲ့မြေလို ကွာခြားချက်ကို စိုးရိမ်လာတယ် ။
သူတို့အချစ်ခရီးလမ်းက တစ်ယောက်တည်းအတွက် တစ်ဖက်သတ်ပင်ပန်းကြပ်တည်းလာတယ် ။ နှလုံးသားထဲမှာ ဝမ်ရိပေါ်ဆီကရတဲ့အချစ်တွေထက် စိတ်မလုံခြုံမှုတွေက အစားထိုးလာတယ် ။
အဲဒီကြားထဲ ချောင်အမတ်ချုပ်ကြီးက သူ့ကို ဝေးလံတဲ့တခြားနေရာတစ်ခုကိုပို့ဖို့စီစဥ်နေတာ မတော်တဆကြားလိုက်ရတယ် ။ စိုးရိမ်မှုက ငယ်ထိပ်အထိထိုးတက်လာပြီး မြေကြီးနှစ်ခြမ်းကွဲသွားသလိုပဲ ။ ဝမ်ရိပေါ် နဲ့သာခွဲရရင် သူတကယ် ရှင်သန်ဖို့ခက်လိမ့်မယ် ။
ထိုနေ့က ရှောင်းကျန့် အဲ့ဒီအကြောင်းကိုပြောလို့ ဝမ်ရိပေါ်ကိုတင်းတင်းကြပ်ကြပ်ဖက်တွယ်ကာ စိတ်ထဲရှိသမျှဖွင့်ချပြီး ငိုခဲ့တယ် ။
အဖြစ်အပျက်တွေက ဆက်တိုက်ဆိုသလိုဖြစ်လာတယ် ။ မကြာခင်ပဲ နာမကျန်းဖြစ်နေတဲ့ခမည်းတော် ဆုံးပါးသွားတယ် ။ အိမ်ရှေ့စံအတွက် ရွေးချယ်ရဖို့ ဖြစ်လာတယ် ။
တိုင်းပြည်ရဲ့ခေါင်းဆောင်ဆိုတဲ့နေရာကို သူ သေချာသိတယ် ။
အဲ့ဒီနေရာကို စလိုက်ပြီဆိုတာနဲ့ ဘယ်လောက်ထိနစ်မြုပ်သွားမလဲ ၊ ဘာတွေပေးဆပ်ရမလဲ ၊ ဘာတွေအနစ်နာခံရမလဲ ၊ ဘယ်လိုသည်းခံမှုတွေရှိရမလဲ.. ဒါတွေက ထီးနန်းဆက်ခံဖို့ သူအမြဲတွေဝေနေခဲ့ရတဲ့ အကြောင်းအရင်းတွေပဲ ။
စည်းမျဥ်း ၊ တာဝန်တွေကြား လေတောင်ကောင်းကောင်းမရှူနိုင် ၊ ပိတ်မိနေခဲ့တဲ့ ဖခင်ကိုမြင်ယောင်လာတိုင်း နောက်တစ်လှမ်းဆုတ်ဖို့ပဲတွေးမိတယ် ။ ခမည်းတော်ကိုယ်တိုင်က သူ့သဘောထားကို သေချာသိတာမို့ ကိုယ်တိုင်ရွေးချယ်ခွင့်ပေးပြီး ဒါ့ကြောင့် သေတမ်းစာတောင်ချန်မသွားခဲ့တာ ။
ဒါပေမဲ့ ကံကြမ္မာက သူ့ကိုပဲအလိုရှိတာထင်ပါတယ် ။ လွတ်လပ်တဲ့ဘဝမှာ ချစ်ရသူနဲ့အတူတူပျော်ရွှင်နိုင်ဖို့က သူ့ဆန္ဒပေမဲ့ နောက်ဆုံး ခက်ခဲမယ့်လမ်းကိုပဲ ချစ်ရသူကိုခေါ်ထားနိုင်ဖို့ လုပ်ရတယ် ။
အကြောင်းအရင်းအများကြီးက ဒီလမ်းပေါ်ကိုပဲ တွန်းပို့နေတယ် ။
အိမ်ရှေ့စံဝမ်ရိပေါ်က သူ့ရင်ခွင်ထဲမှာ ရှောင်းကျန့်ကိုပွေ့ဖက်လို့
ပြောခဲ့တယ် ။
" ကိုယ်တို့နှစ်ယောက်ကို ဘယ်အရာကမှ ဝေးအောင်မလုပ်နိုင်ဘူး "
" ကျန့်ကို သေချာပေါက် ကိုယ့်နားရောက်လာအောင် ခေါ်မှာ "
" ကိုယ့်ကို ယုံတယ်မလား.. "
" ဒါ့ကြောင့် သည်းခံပြီးခဏပဲ.. ခဏပဲစောင့်နေပေး "
_____________________
ခ်င္းရန္ေဟြထံု တတိယဝမ္မ်ိဳးဆက္.. ။ တိုင္းျပည္မွာ စည္ကားၿပီးသာယာေအးခ်မ္းေနတယ္ ။ မၾကာခင္ကမွ နန္းတက္ပြဲက်င္းပထားသည့္တိုင္ လူေတြဟာ ထိုအရိွန္နဲ႔ ဆက္လက္ေပ်ာ္ျမဴးေနၾကတုန္း ၊ ခမ္းနားႀကီးက်ယ္စြာက်င္းပခဲ့တဲ့ နန္းတက္ပြဲအေၾကာင္းကို ေနရာအႏွံ႔အျပားမွာေျပာဆိုေနၾကကာ ေက်နပ္အားရေနတုန္းပဲ ။
ႏိုင္ငံရဲ့ထိပ္ေခါင္အရွင္သခင္ မင္းႀကီးဝမ္က သနားၫွာတာမႈအျပည့္နဲ႔ ၾကင္နာတာေၾကာင့္ အိမ္ေရ႔ွစံဘဝမွာတင္ လူထုအေပၚ လႊမ္းမိုးမႈရိွတယ္ ။ တရားမ်ွတတဲ့စီမံအုပ္ခ်ဳပ္ေရးအျပင္ ငယ္ရြယ္သူျဖစ္ကာ ရုပ္ရည္ရူပကာလည္း ျပည့္စံုလြန္းတာမို႔ ေလးစားအားက်သူ ေပါမ်ားတယ္ ။
ဒါ့ေၾကာင့္ အလႊာအသီးသီးက အမ်ိဳးသမီးေတြရဲ့ အိပ္မက္မင္းသားေလးပဲ ။ ေန့တိုင္းမရိုးအီႏိုင္ေအာင္ သူမတို႔ၾကားေရပန္းစားတဲ့အေၾကာင္းအရာက အဲ့လိုမိုးက်ေရႊကိုယ္ဘုရင္ေလးရဲ့ ပထမဆံုးတင္ေျမႇာက္မယ့္မိဘုရားက ဘယ္သူျဖစ္လိမ့္မလဲဆိုတာပဲ ။
" ဤသည္မွာဘုရင္မင္းျမတ္အမိန္႔ေတာ္~ ရိုေသစြာနာခံေစ "
အမိန္႔စာအရွည္ႀကီးကိုဖတ္ျပသြားတဲ့ သဝဏ္လႊာကိုင္ထားသူရဲ့ အသံအဆံုး အမတ္ခ်ဳပ္ႀကီးမ်က္ႏွာက ပ်က္ယြင္းမႈကိုအႏိုင္ႏိုင္ထိန္းလို႔ အမိန္႔စာလက္ခံရရိွေၾကာင္းဆိုလိုက္ကာ ဒူးေထာက္ရင္း လက္ႏွစ္ဖက္ေပၚတင္လို႔ခံယူလိုက္တယ္ ။
နန္းေတာ္ကလာတဲ့လူေတြ ျပန္ထြက္သြားၾကသည့္တိုင္ ၾကမ္းျပင္မွာဝပ္တြားေနၾကတဲ့ ထမင္းခ်က္အေစခံပါမက်န္တစ္အိမ္သားလံုး အသံမထြက္ရဲကာ တိတ္ဆိတ္ေနတယ္ ။
' ေခ်ာင္အိမ္ေတာ္ '
လွပသပ္ရပ္စြာ အမည္ေရးထိုးထားတဲ့ဝင္ေပါက္ရဲ့ တံခါးမႀကီးဟာ ဝုန္းခနဲေစ့ပိတ္သြားတဲ့ေနာက္ ေခ်ာင္အမတ္ခ်ဳပ္ႀကီးထရပ္လိုက္ကာ တင္းမာေနတဲ့မ်က္ႏွာထားနဲ႔ လူအုပ္ရဲ့ေနာက္ဆံုးနားက သူ႔သမီးကို လွမ္းၾကၫ့္လိုက္ေတာ့တယ္ ။
• • • • •
" ဘယ္လိုလုပ္ျဖစ္ႏိုင္မွာလဲ "
" မျဖစ္ႏိုင္ဘူး "
အခန္းထဲမယ္ ဇနီးသည္ရဲ့အသံက်ယ္က်ယ္ဟာ ေပၚထြက္လာတယ္ ။ ေခ်ာင္အမတ္ခ်ဳပ္ႀကီး သမီးျဖစ္သူေခ်ာင္ေဖးမီကို စိတ္ပ်က္စြာၾကည့္လိုက္တယ္ ။ သူတို႔ၾကား ေျခတံရွည္စားပြဲဝိုင္းေလးေပၚမွာေတာ့ အမိန္႔စာဟာ ၿငိမ္သက္စြာရိွေနတယ္ ။ ထိုသက္မဲ့ပစၥည္းကပဲ ဒီအခန္းထဲကေလထုကို အလြန္ဖိအားေပးေနတယ္ ။
" ဘာလို႔ ဘုရင္က ေရွာင္းက်န္႔ကိုေတာင္းရတာလဲ "
" အေဖ.. သမီး ေရွာင္းက်န္႔နဲ႔မခြဲခ်င္ဘူးေနာ္ "
ေခ်ာင္ေဖးမီရဲ့ စကားေၾကာင့္ အမတ္ခ်ဳပ္ႀကီးရဲ့အၾကည့္ဟာ အခန္းေထာင့္မွာရပ္ေနတဲ့လူဆီ ဒိုင္းခနဲေျပးကပ္သြားတယ္ ။
ထိုသူကေတာ့ ၾကမ္းျပင္ကိုပဲ ေပါက္ထြက္မတတ္ၾကည့္ေနကာ ေရ႔ွမွာယွက္ထားတဲ့လက္ႏွစ္ဖက္ကို အသာပြတ္သပ္ေနတယ္ ။ မ်က္ႏွာေသးေသးေလးရဲ့ေဘး ဝဲက်ေနတဲ့ဆံစေတြၾကား ေခြၽးစို႔ေနၿပီး အၾကည့္စူးစူးေတြေအာက္ ေလထဲေပ်ာက္ကြယ္ေတာ့မတတ္ ကိုယ္ကို က်ံဳ႔ထားတယ္ ။
" ေယာက်္ားရယ္.. ဒီကိစၥကို ဘယ္လိုလုပ္ၾကမလဲ "
ေခ်ာင္အမတ္ခ်ဳပ္ႀကီးက အၾကည့္ျပန္လႊဲလိုက္ကာ ခဏၾကာေအာင္ စဥ္းစားၿပီး ဆံုးျဖတ္ခ်က္တစ္ခုကိုခ်လိုက္တယ္ ။ ၿပီးတာနဲ႔ အခန္းထဲကလူေတြအကုန္ၾကားႏိုင္မယ့္အသံနဲ႔ ေျပာလာတယ္ ။
" မတတ္ႏိုင္ဘူး ၊ ဘုရင္ကို လြန္ဆန္လို႔မရဘူး "
" အမိန္႔အတိုင္းပဲ.. ေရွာင္းက်န္႔ကို ဘုရင္ဆီဆက္သရမယ္ "
• • • • •
" ေဖးေဖး! ခဏ.. ဖိနပ္ ဖိနပ္စီးပါၪီး "
" ေျခေထာက္နာလိမ့္မယ္ ေဖးေဖး "
ေရွာင္းက်န္႔ ပါးစပ္ကအဆက္မျပတ္ေအာ္ကာ ဖိနပ္မပါဘဲေျပးေနတဲ့ေခ်ာင္ေဖးမီေနာက္ ေျပးလိုက္တယ္ ။ အမတ္ခ်ဳပ္ႀကီးက သူ႔ကိုဘုရင္ဆီဆက္သမယ္ေျပာလိုက္တာနဲ႔ သူမက အခန္းထဲကေနေျပးထြက္သြားေတာ့တာပဲ ။ ထံုးစံအတိုင္းပဲ ၿခံေထာင့္ကမက္မြန္ပင္ေအာက္မွာ သြားငိုေနျပန္ၪီးမယ္ ။
အပင္ေအာက္ေရာက္ေတာ့ ေျမၾကီးေပၚထိုင္ခ်ကာ တသိမ့္သိမ့္ရိႈက္ေနတဲ့ေက်ာျပင္ကို ေတြ့လိုက္ရတယ္ ။ ပန္းေရာင္ဇာႀကိဳးေတြနဲ႔က်စ္ထားတဲ့က်စ္ဆံၿမီးႏွစ္ဖက္က ပုခံုးေပၚေျပက်ေနတယ္ ။ ဒီအရြယ္ထိ ကေလးဆန္ေနဆဲသူမကိုၾကည့္လို႔ သက္ျပင္းတစ္ခ်က္ခ်လိုက္ၿပီး သူမေရ႔ွသြားလို႔ ထိုင္ခ်လိုက္တယ္ ။
" ေဖးေဖး.. "
" ေရွာင္းက်န္႔.. နင္ တကယ္သြားမွာလား "
မ်က္ရည္ေတြနဲ႔ေျပာလာတဲ့သူမက အႀကိဳက္ဆံုးအရုပ္ေလး လုယူခံရေတာ့မယ့္ ခံစားခ်က္ေတြနဲ႔ျပည့္ေနတယ္ ။ သူမနဲ႔ေရွာင္းက်န္႔က အၾကာႀကီးအတူတူရိွလာခဲ့တာ ။ ငယ္ငယ္ေလးတည္းက မိဘမရိွေတာ့တဲ့ေရွာင္းက်န္႔ကို ေဆြမ်ိဳးနီးစပ္ေတာ္တဲ့သူတို႔အိမ္က ေခၚေမြးစားခဲ့တာ ။ ကေလးဘဝတည္းက ခုထိ သူမအတြက္ေတာ့ ေရွာင္းက်န္႔က သေဘာအက်ဆံုးကစားစရာေလးပဲ ။ သူမ်ားကိုေပးပစ္ရမွာ ႏွေမ်ာဖို႔ေကာင္းလြန္းတယ္ ။
" ငါေမးေနတယ္ေလ "
ေရွာင္းက်န္႔ကေတာ့ ဘာမျွပန္မေျဖဘဲ သူမဝတ္ရံုေအာက္က ေျခေထာက္ကိုထုတ္ကာပဲ ဖိနပ္စီးေပးလိုက္တယ္ ။
" ေနာက္ဆို ဖိနပ္မပါဘဲမေျပးနဲ႔ "
" ေျခေထာက္လည္းနာမယ္ ၊ ၿပီးေတာ့..
ေနာက္ကေနဖိနပ္လိုက္စီးေပးမယ့္ ငါမရိွေတာ့ရင္
နင့္ေျခအိတ္ေတြ ဒီ့ထက္မဲေပကုန္လိမ့္မယ္ "
" ... "
" ေရွာင္းက်န္႔! မသြားလို႔မရဘူးလား ၊ နင္မရိွရင္ ငါပ်င္းေနမွာ "
" နင့္ရည္ရြယ္ခ်က္ကို ငါမသိဘူးထင္လို႔လား ေဖးေဖး ၊
အိမ္အျပင္ အတူတူခိုးထြက္မယ့္အေဖာ္မရိွေတာ့မွာစိုးလို႔မလား "
သူေျပာတဲ့အဓိပၸာယ္ကိုသေဘာေပါက္လို႔ သူခိုးလူမိျဖစ္သြားတဲ့အခါ သူမကအၾကည့္လႊဲသြားတယ္ ။ ေရွာင္းက်န္႔ တစ္ခ်က္ရယ္လိုက္ကာ မ်က္ရည္ေတြသုတ္ဖို႔ လက္ကိုင္ပုဝါတစ္ထည္ထုတ္ေပးလိုက္တယ္ ။
" ငါ အေဖ့ကို ထပ္ေျပာၾကည့္မယ္ေလ "
သူမက အခုထိ လက္မေလ်ွာ့ေသးပံု ။ ေရွာင္းက်န္႔ သူမေခါင္းကို ခပ္ဖြဖြေလးထိလိုက္တယ္ ။ က်စ္ဆံၿမီးအဆံုးမွာခ်ည္ထားတဲ့ ေျပက်ေတာ့မယ့္ဖဲႀကိဳးေလးကို ျပန္စည္းေပးလိုက္တယ္ ။
" သခင္ႀကီးကိုယ္တိုင္ေျပာတာေလ ေဖးေဖး..
ဘုရင္ကို လြန္ဆန္လို႔မရဘူးတဲ့ "
တကယ္ေတာ့ အဲ့ဒါကိုသူမသိပါတယ္ ။ ဘုရင္အမိန္႔ကို မနာခံတာ ဘယ္ေလာက္အျပစ္ႀကီးလဲဆိုတာ.. ။ ေခါင္းမာခ်င္လို႔ နားမလည္ခ်င္ေယာင္ေဆာင္ေနတာပဲရိွတယ္ ။ သူမ မ်က္ႏွာကိုမဲ့ခ်လိုက္တယ္ ။
အဲ့ေနာက္ ေရွာင္းက်န္႔မ်က္ႏွာကိုၾကည့္လို႔ တစ္ခုခုေတြးမိသြားကာ..
" ေရွာင္းက်န္႔.. မဟုတ္မွ နင္..
နန္းေတာ္ထဲသြားခ်င္ေနတာလား "
" ... "
" ဘာလဲ ..ေျဖေလ ေျဖလို႔.. ၊ ဘာလို႔နန္းေတာ္ထဲ ဝင္ခ်င္တာလဲ အဲ့မွာ ဘာရိွလို႔လဲ "
ဒါေပမဲ့ ဘာမွမေျဖလာတဲ့ေရွာင္းက်န္႔ေၾကာင့္ ေနာက္ဆံုးေတာ့ သူမ စိတ္ဓာတ္က်သြားတယ္ ။ ေခါင္းမာလို႔မရေတာ့ဘူးဆိုတာလည္း သိလိုက္တယ္ ။ ဘယ္လိုေနေန ေပးရမယ္ဆိုေပမဲ့ ဒီတိုင္းဆို သူမအရုပ္ေလးကပါ အဲ့ဒီကိုတကယ္သြားခ်င္ေနပံုပဲ မဟုတ္ဘူးလား ။
• • • • •
နဂါးပံုေရႊခ်ည္ထိုးသြင္းထားတဲ့ဝတ္ရံုရွည္ဟာ ေျခတစ္လွမ္းတိုင္းမွာ ႂကြၾကြရြရြ ။ ၪီးေဆာင္းအဆင္တန္ဆာေတြဟာလည္း ေနေရာင္ေအာက္ တလက္လက္ေတာက္ပလို႔ ။
ခါးမွာဆြဲခ်ိတ္ထားတဲ့ ေတာ္ဝင္တံဆိပ္ျပားဟာလည္း ထင္ရွားေပၚလြင္ေနတယ္ ။ အလ်ွံၿငီးၿငီးေတာက္ေလာင္ေနတဲ့ ကိုယ္ေရာင္အျပည့္နဲ႔ မာန္အျပည့္နဲ႔မ်က္ႏွာငယ္ဟာ တစ္ခ်ိန္တည္းမွာ တည္တင္းၾကည္လင္ေနတယ္ ။ ထိုျမင့္ျမတ္လွတဲ့ပုဂၢိုလ္မွာ တိုင္းျပည္ရဲ့သခင္ တတိယဝမ္မင္းဆက္ျပည့္ရွင္ ဝမ္ရိေပၚ ျဖစ္တယ္ ။
' ေရွာင္လ်ဲန္ '
တစ္ေဆာင္လံုး ၾကာပန္းပံုသ႑ာန္ အႏုစိတ္လက္ရာဆန္းကာ ေဆာက္လုပ္ထားေလတဲ့ အေဆာင္ေရ႔ွေရာက္တဲ့အခါ ဝမ္မင္းႀကီးရဲ့ေျခလွမ္းေတြ ရပ္တန္႔သြားတယ္ ။
" ဖန္ရွင္း "
" အမိန္႔ရိွပါ အရွင္မင္းႀကီး.. အထဲမွာ ေရာက္ေနႏွင့္ေၾကာင္းပါ "
လူယံုေတာ္ဖန္ရွင္းက ပါလာတဲ့လူတန္းရွည္ႀကီးထဲကေန လ်ွင္ျမန္စြာထြက္လာတယ္ ။ ထို႔ေနာက္ ဝမ္မင္းႀကီးရဲ့ မ်က္ႏွာေတာ္ဟာ စိုးစိမ်ွေျပာင္းလဲသြားခဲ့ျခင္းမရိွပါဘဲ အသင့္ဖြင့္ေပးထားတဲ့ အေဆာင္ေတာ္ထဲ ဝင္သြားေလတယ္ ။ အျပင္မွာေတာ့ ဖန္ရွင္းနဲ႔ ဘုရင့္အေစခံလူတန္းရွည္ႀကီးပဲ က်န္ရစ္ခဲ့တယ္ ။
သာမန္ဆန္တဲ့အျပာႏုေရာင္အထည္ကို ရိုးရိုးရွင္းရွင္းဝတ္ဆင္ထားတဲ့ေရွာင္းက်န္႔က အခန္းထဲက စားပြဲမွာ ၿငိမ္ၿငိမ္ေလးထိုင္ေနတယ္ ။ စိတ္လႈပ္ရွားလြန္းလို႔ ေပါင္ေပၚတင္ထားတဲ့လက္ႏွစ္ဖက္ကို ပြတ္သပ္ေနတာ လက္ဖဝါးမွာ ေခြၽးေစးေတြေတာင္ထြက္ေနၿပီ ။
အဲ့ေနာက္ အခန္းထဲ တစ္ေယာက္ေယာက္ဝင္လာတဲ့အသံ ၾကားလိုက္တယ္ ။ မသိလိုက္ဘဲ သူပါမတ္တပ္ထရပ္လိုက္မိကာ ဝင္လာတဲ့လူကို အထင္အရွားျမင္လိုက္ရတယ္ ။
အရာအားလံုးရပ္တန္႔သြားသလိုပဲ ။ ေရ႔ွကလူဟာ ခပ္လွမ္းလွမ္းေနရာမွာတင္ သူ႔ကို အၾကာႀကီးစိုက္ၾကည့္ေနခဲ့တယ္ ။ အခန္းေထာင့္မွာထြန္းထားတဲ့ နံသာအိုးကစႏၵကူးနံ႔က ပိုအနံ႔ျပင္းျပင္းေဝ့ဝဲလာတယ္ ။
အၾကည့္ေတြကတဆင့္ တျဖည္းျဖည္းသိပ္သည္းလာတယ္ ။ ဒီ့ထက္သည္းခံႏိုင္စြမ္းမရိွေတာ့သလိုခံစားရၿပီး အခ်ိန္အေတာ္ၾကာ ပိေနခဲ့တဲ့အစိုင္အခဲႀကီးက အခုမွ အေပၚကို ဆို႔တက္လာတယ္ ။
တစ္ဖက္လူရဲ့မ်က္ႏွာကို မ်က္လံုးထဲထင္ထင္ရွားရွားမျမင္ရေတာ့ဘဲ မႈန္ဝါးလာၿပီး ႏွာရိုးေတြထံုက်ဥ္လာတယ္ ။ ေရွာင္းက်န္႔ သူ႔ကိုယ္သူ ထိန္းခ်ဳပ္ႏိုင္မႈမရိွေတာ့မွန္း သိလိုက္တယ္ ။ ခ်က္ခ်င္း မ်က္ႏွာေပၚ ထိန္းမရေတာ့တဲ့မ်က္ရည္ေပါက္ေတြ က်ဆင္းကုန္ကာ ေရ႔ွကလူရဲ့ ရင္ခြင္က်ယ္ႀကီးထဲ အင့္ခနဲပစ္ဝင္လိုက္ေတာ့တယ္ ။
" အရွင္~ "
" ကိုယ္ေတာ့္ရဲ့ က်န္႔ "
တင္းၾကပ္စြာဖက္တြယ္ထားတဲ့ႏွစ္ေယာက္သားရဲ့ ႏႈတ္က ကိုယ္စီ နာမ္စားေတြထြက္လာတယ္ ။ ေရွာင္းက်န္႔မ်က္ရည္ေတြက နဂါးဝတ္ရံုေပၚကို စီးက်ေနၿပီး ထိုဝတ္ရံုရဲ့ပိုင္ရွင္ကေတာ့ ရင္ခြင္ထဲက ေက်ာျပင္ေလးကိုပုတ္ကာ ႏွစ္သိမ့္ေပးေနတယ္ ။
" ကြၽန္ေတာ္ဘယ္ေလာက္လြမ္းေနခဲ့လဲ သိရဲ့လား "
ေက်ာက္ဆစ္ရုပ္တစ္ခုလို အၿမဲတေစတည္တင္းေနတဲ့ ဝမ္မင္းႀကီးရဲ့မ်က္ႏွာမွာ ႏူးညံ့လွတဲ့အၿပံဳးေလးတစ္ခု ျဖစ္လာတယ္ ။ ဒီခြၽဲတဲ့တဲ့အသံေလးကို ဒီလိုအေျခအေနနဲ႔ၾကားႏိုင္ဖို႔ သူႀကိဳးစားခဲ့သမ်ွဟာ အရာထင္ခဲ့တယ္ ။ ဝမ္မင္းႀကီးဟာ ထိုကိုယ္လံုးေလးကို ေနာက္ထပ္တစ္ရစ္တိုးဖက္လိုက္တယ္ ။
" ကိုယ္ေတာ္လည္း သိပ္ကိုလြမ္းေနခဲ့ပါတယ္ က်န္႔ရယ္ "
ၾသဇာခေညာင္းမႈအျပည့္နဲ႔အသံက ရင္ခြင္ထဲကနားေထာင္ရတဲ့အခါ ရွတတျဖစ္ကာ ညင္သာေနတယ္ ။ ႏွလံုးသားေပၚကေန တိုက္ရိုက္ၾကားေနရသလို အရမ္းနီးကပ္လြန္းတယ္ ။ အၿမဲတမ္း သူသေဘာက်ခဲ့တဲ့ အေျခအေနေလးပဲ ။ သေဘာက်လြန္းလို႔ ရင္ခြင္ႀကီးထဲ ပိုတိုးဝင္လိုက္တယ္ ။
သူ လြမ္းေနခဲ့ရတဲ့ရင္ေငြ့ကို ခံစားေနရင္း တစ္ခုခုကို ျပန္ၾကားေယာင္မိတဲ့အခါ ႏႈတ္ခမ္းေတြကိုေကြးတက္ေနေအာင္ ၿပံဳးလိုက္မိတယ္ ။
" ဘာလို႔ နန္းေတာ္ထဲဝင္ခ်င္တာလဲ " "အဲ့မွာ ဘာရိွလို႔လဲ "
အေျဖကေတာ့ ရွင္းရွင္းေလး ။
နန္းေတာ္ထဲမွာ သူ အသက္တမ်ွခ်စ္ရတဲ့ ခ်စ္သူရိွေနလို႔.. ။
ၿပီးေတာ့ သူ႔ခ်စ္သူက တိုင္းျပည္ရဲ့သခင္ မင္းႀကီးဝမ္ျဖစ္ေနလို႔ပဲ ။
• • • • •
ဝမ္ရိေပၚ အိမ္ေရ႔ွစံမင္းသားဘဝမွာတင္ ေရွာင္းက်န္႔နဲ႔ ခ်စ္ႀကိဳးသြယ္ခဲ့တယ္ ။
သူတို႔ႏွစ္ေယာက္ ႏွစ္ကူးပြဲေတာ္ရဲ့ညေစ်းမွာ စေတြ့ ခဲ့ၾကတာျဖစ္ၿပီး ေနာက္ဆံုးက်န္ေနတဲ့ အလွမီးပံုးတစ္ခုကို ႏွစ္ေယာက္အတူတူကိုင္ၾကည့္ခဲ့မိရာက စခဲ့တာ ။
ေသးသြယ္ၿပီးျဖဴေဖြးေနတဲ့လက္ေခ်ာင္းေတြ သူ႔လက္ဖဝါးႀကီးထဲ ျမဳပ္ဝင္သြားတဲ့အခါ လက္ပိုင္ရွင္က သူ႔ကို အံ့ၾသစြာၾကည့္လာတယ္ ။ သူကလည္းျပန္ၾကည့္မိလိုက္တယ္ ။
တစ္ဖက္လူက အမ်ိဳးသားတစ္ေယာက္ျဖစ္သည့္တိုင္ ျမင္လိုက္တာနဲ႔ ဆီးႏွင္းပြင့္ေလးလိုႏုနယ္မွန္း သိပ္သိသာတယ္ ။ ႏူးညံ့တဲ့အထိေလးကိုလည္း သူ႔လက္မွာခံစားေနရတယ္ ။ မီးပံုးလက္ကိုင္ေလးေပၚ လက္ႏွစ္ဖက္ဟာ မေတာ္တဆ ထပ္လ်က္သားရိွေနၾကတုန္း ။
ေနာက္ေတာ့ သူ ထိုလူရဲ့မ်က္လံုးေတြကို ေသခ်ာၾကည့္မိတယ္ ။
အဲ့ဒီအခ်ိန္ခဏေလးမွာပါပဲ ။ မီးပံုးရဲ့အလင္းေရာင္ထပ္ဟပ္ေနတဲ့ တစ္ဖက္လူရဲ့မ်က္လံုးထဲက ၾကယ္ေတြေနာက္ သူ႔ႏွလံုးသားတစ္ခုလံုးလြင့္ပါသြားတယ္ ။
သူ႔စိတ္ဝိဉာဥ္တစ္ခုလံုးက လႈပ္ခါေနၿပီး ေသခ်ာေၾကာင္းအသိေပးေနတယ္ ။ သူ႔လက္ဖဝါးေအာက္က ထိုလက္ေလး ရုန္းထြက္သြားတဲ့ထိ ေငးက်န္ခဲ့တယ္ ။
ဝမ္ရိေပၚဟာ ေရွာင္းက်န္႔ကို ျမင္ျမင္ခ်င္းမွာတင္ ခ်စ္ခဲ့တယ္..။
အဲ့ေနာက္ သူတို႔ကံမကုန္ခဲ့ကာ ေနာက္ပိုင္းမွာေတာ့ တစ္ေယာက္နဲ႔တစ္ေယာက္ခံစားခ်က္ေတြထပ္တူက်လို႔ ခ်စ္သူျဖစ္ခဲ့တယ္ ။
ေရွာင္းက်န္႔က လူလစ္တာနဲ႔ အိမ္ေတာ္ကခိုးထြက္ၿပီး ဝမ္ရိေပၚ နဲ႔ ေတြ့တယ္ ။ ခ်စ္သူက အိမ္ေရ႔ွစံမင္းသားျဖစ္ေတာ့ကာ အခ်စ္ေရးကို လူသိမခံဝံ့ဘဲ လ်ိႈ႔ဝွက္ထားရတယ္ ။ သူနဲ႔ အရင္းႏွီးဆံုးေဖးမီကိုေတာင္မေျပာပဲ ထိမ္ခ်န္ထားတယ္ ။
ဘဝမွာမရဖူးတဲ့ခ်စ္ျခင္းေမတၲာေတြကို ပထမဆံုးအႀကိမ္နစ္ဝင္မိၿပီး သူ႔ရဲ့အထီးက်န္ဘဝမွာ ဝမ္ရိေပၚကသာ အေနြးေထြးဆံုးေသာေနေရာင္ျခည္ေလးျဖစ္ခဲ့တယ္ ။ သူတို႔အခ်စ္ခရီးက အပူအပင္မရိွေျဖာင့္ျဖဴးေနခဲ့ၿပီး ႏွစ္ေယာက္လံုးေပ်ာ္ခဲ့ရတယ္ ။
ဒါေပမဲ့ အခ်စ္ကိုစတင္ခံစားမိခ်ိန္မွာ အရာရာသိမ္ငယ္လာတယ္ ။
အခ်ိန္ၾကာေလ ခံစားခ်က္ေတြနက္ရိႈင္းေလျဖစ္ကာ ေရွာင္းက်န္႔ကပဲ ဒါကို စတင္ေၾကာက္ရြံ႔လာတယ္ ။ အိမ္ေရ႔ွစံမင္းသားျဖစ္တဲ့ဝမ္ရိေပၚ ရဲ့ ျဖစ္တည္မႈနဲ႔ မိဘမဲ့တစ္ေကာင္ႂကြက္ျဖစ္ၿပီး သူမ်ားအိမ္မွာေနရတဲ့သူ႔ရဲ့ မိုးနဲ႔ေျမလို ကြာျခားခ်က္ကို စိုးရိမ္လာတယ္ ။
သူတို႔အခ်စ္ခရီးလမ္းက တစ္ေယာက္တည္းအတြက္ တစ္ဖက္သတ္ပင္ပန္းၾကပ္တည္းလာတယ္ ။ ႏွလံုးသားထဲမွာ ဝမ္ရိေပၚဆီကရတဲ့အခ်စ္ေတြထက္ စိတ္မလံုၿခံဳမႈေတြက အစားထိုးလာတယ္ ။
အဲဒီၾကားထဲ ေခ်ာင္အမတ္ခ်ဳပ္ႀကီးက သူ႔ကို ေဝးလံတဲ့တျခားေနရာတစ္ခုကိုပို႔ဖို႔စီစဥ္ေနတာ မေတာ္တဆၾကားလိုက္ရတယ္ ။ စိုးရိမ္မႈက ငယ္ထိပ္အထိထိုးတက္လာၿပီး ေျမၾကီးႏွစ္ျခမ္းကြဲသြားသလိုပဲ ။ ဝမ္ရိေပၚ နဲ႔သာခြဲရရင္ သူတကယ္ ရွင္သန္ဖို႔ခက္လိမ့္မယ္ ။
ထိုေန့က ေရွာင္းက်န္႔ အဲ့ဒီအေၾကာင္းကိုေျပာလို႔ ဝမ္ရိေပၚကိုတင္းတင္းၾကပ္ၾကပ္ဖက္တြယ္ကာ စိတ္ထဲရိွသမ်ွဖြင့္ခ်ၿပီး ငိုခဲ့တယ္ ။
အျဖစ္အပ်က္ေတြက ဆက္တိုက္ဆိုသလိုျဖစ္လာတယ္ ။ မၾကာခင္ပဲ နာမက်န္းျဖစ္ေနတဲ့ခမည္းေတာ္ ဆံုးပါးသြားတယ္ ။ အိမ္ေရ႔ွစံအတြက္ ေရြးခ်ယ္ရဖို႔ ျဖစ္လာတယ္ ။
တိုင္းျပည္ရဲ့ေခါင္းေဆာင္ဆိုတဲ့ေနရာကို သူ ေသခ်ာသိတယ္ ။
အဲ့ဒီေနရာကို စလိုက္ၿပီဆိုတာနဲ႔ ဘယ္ေလာက္ထိနစ္ျမဳပ္သြားမလဲ ၊ ဘာေတြေပးဆပ္ရမလဲ ၊ ဘာေတြအနစ္နာခံရမလဲ ၊ ဘယ္လိုသည္းခံမႈေတြရိွရမလဲ.. ဒါေတြက ထီးနန္းဆက္ခံဖို႔ သူအၿမဲေတြေဝေနခဲ့ရတဲ့ အေၾကာင္းအရင္းေတြပဲ ။
စည္းမ်ဥ္း ၊ တာဝန္ေတြၾကား ေလေတာင္ေကာင္းေကာင္းမရႉႏိုင္ ၊ ပိတ္မိေနခဲ့တဲ့ ဖခင္ကိုျမင္ေယာင္လာတိုင္း ေနာက္တစ္လွမ္းဆုတ္ဖို႔ပဲေတြးမိတယ္ ။ ခမည္းေတာ္ကိုယ္တိုင္က သူ႔သေဘာထားကို ေသခ်ာသိတာမို႔ ကိုယ္တိုင္ေရြးခ်ယ္ခြင့္ေပးၿပီး ဒါ့ေၾကာင့္ ေသတမ္းစာေတာင္ခ်န္မသြားခဲ့တာ ။
ဒါေပမဲ့ ကံၾကမၼာက သူ႔ကိုပဲအလိုရိွတာထင္ပါတယ္ ။ လြတ္လပ္တဲ့ဘဝမွာ ခ်စ္ရသူနဲ႔အတူတူေပ်ာ္ရႊင္ႏိုင္ဖို႔က သူ႔ဆႏၵေပမဲ့ ေနာက္ဆံုး ခက္ခဲမယ့္လမ္းကိုပဲ ခ်စ္ရသူကိုေခၚထားႏိုင္ဖို႔ လုပ္ရတယ္ ။
အေၾကာင္းအရင္းအမ်ားႀကီးက ဒီလမ္းေပၚကိုပဲ တြန္းပို႔ေနတယ္ ။
အိမ္ေရ႔ွစံဝမ္ရိေပၚက သူ႔ရင္ခြင္ထဲမွာ ေရွာင္းက်န္႔ကိုေပြ့ဖက္လို႔ ေျပာခဲ့တယ္ ။
" ကိုယ္တို႔ႏွစ္ေယာက္ကို ဘယ္အရာကမွ ေဝးေအာင္မလုပ္ႏိုင္ဘူး "
" က်န္႔ကို ေသခ်ာေပါက္ ကိုယ့္နားေရာက္လာေအာင္ ေခၚမွာ "
" ကိုယ့္ကို ယံုတယ္မလား.. "
" ဒါ့ေၾကာင့္ သည္းခံၿပီးခဏပဲ.. ခဏပဲေစာင့္ေနေပး "