Unicode
အိမ်ကိုပြန်ရောက်တဲ့အထိ မောင့်စိတ်ထဲ
ဘာကိုအလိုမကျဖြစ်နေမှန်း တကယ်ပင်မသိ။
မျက်နှာကလည်း စူပုပ်လျက်သား ရှစ်ခေါက်
ချိုးဖြင့်။ကားပေါ်မှာကတည်းက ကိုကိုသတိ
ထားမိသည်။အအေးဆိုင်ရောက်တော့လည်း မျက်နှာမကောင်း။အခုအိမ်ပြန်ရောက်တဲ့
အထိမျက်နှာက စူပုပ်ပုပ်နှင့်ဖြစ်နေတုန်းပင်။
"မောင်..မင်း ဘာဖြစ်နေတာလဲ။
မျက်နှာကို မှန်ထဲမှာပြန်ကြည့်ဦး"
ဘာမျှပြန်ဖြေမလာဘဲ ကိုကို့ကို မျက်စောင်း
ထိုးကာပင် အပေါ်ထပ်သို့တက်သွားပြန်သည်။
ကိုကိုလှမ်းအော်ပြောတော့ လှေကားပေါ်တက်
နေရာမှရပ်ကာ ပြန်လှည့်ကြည့်လာသည်။
"ဟော ဟေ့ မောင်ရေ..ငါမေးတာကိုဖြေဦးလေကွာ"
"ကိုကိုပဲမျက်နှာကို မှန်ထဲမှာပြန်ကြည့်ဦးဆို"
"အေးလေ"
"အင်းလေ အဲ့တာအခန်းထဲမှာ မှန်သွားကြည့်
မလို့။အပြင်မှာရှိတဲ့မှန်တွေက ကြည့်ရင်
ရုပ်ဆိုးလို့"
ကိုကိုက သဘောရိုးနဲ့ဒီတိုင်းပြောလိုက်တာကို တကယ်လုပ်မဲ့ မောင့်ကြောင့် ကိုကို့မှာ
ဟန်မဆောင်နိုင် ရယ်မိတော့တာလည်း
ဖြစ်သည်။ကိုယ့်ကိုကြည့်လျက် ရယ်နေသည့်
ကိုကို့ကို မျက်နှာတည်ဖြင့်ပြန်မေးမိတော့
အရယ်တစ်ဝက်ဖြင့် ပြန်ဖြေရှာသည်။
"ဘာလို့ရယ်နေတာလဲ"
"မရယ် ဟားဟား မရယ်တော့ပါဘူးကွာ၊
ဟားဟား.."
ကိုကိုရယ်နေတာကို မောင့်မှာကြည့်ပြီး
စိတ်ထဲအလိုမကျမှုတို့က ချက်ချင်းပင်
ပပျောက်သည်။လှေကားပေါ်မှ ပြေးဆင်းကာ စိတ်လိုလက်ရ ရယ်နေသည့် ကိုကို့အနားသို့
သွားကာ ခါးသို့ ကလိထိုးပစ်သည်။
"ရယ်ချင်ဦး"
"ဟာ မောင်..မ ဟားဟား မလုပ်နဲ့၊
မလုပ်နဲ့ဆို ယား..ယားတယ်"
အိမ်ထဲမှာ ပတ်ပြေးနေတဲ့ကိုကိုရယ်၊
ကလိလိုက်ထိုးနေတဲ့ မောင်ရယ်နှင့်
ညနေခင်းဟာ ရယ်သံတွေပြည့်နှက်လို့
သာယာနေတာလည်း ဖြစ်တယ်။
ညစာစားဖို့ မောင်နဲ့ကိုကိုတို့ နှစ်ယောက်
ထမင်းစားခန်းထဲ၌ ထိုင်နေဖြစ်ကြသည်။
မဖြူက ထမင်းနှင့်ဟင်းပန်းကန်တို့ကို ချပေး
နေသည်။မဖြူလာတင်ပေးသည့် ဟင်းတွေထဲ
မှ တစ်မျိုးကြောင့် မောင့်မှာ မျက်နှာထား
တည်တင်းလာပြီး မျက်ခုံးကိုထိစပ်လုမတက် တွန့်ချိုးထားသည်။
"မဖြူ"
"ရှင် အစ်ကိုလေး"
"ဘာလို့ ငါးဟင်းကိုချက်တာလဲ၊ကျွန်တော်
ငါးမစားတာသိရက်နဲ့"
"ငါချက်ခိုင်းထားတာပါ"
ကိုကိုဝင်ပြောသည့်အခါမှသာ မောင့်မျက်နှာ
ထား ပြောင်းသွားတာလည်းဖြစ်သည်။
"ဪ ကိုကိုချက်ခိုင်းထားတာလား။
ရပြီ မဖြူ..လုပ်စရာရှိတာတာသာ သွားလုပ်တော့"
"ဟုတ်ကဲ့အစ်ကိုလေး"
**
"အစားအစာကို မျှတအောင်စားရတယ်
မောင်ရဲ့။ငါးကိုဘာလို့မစားတာလဲ"
"အရိုးကြောက်လို့၊ငယ်ငယ်တုန်းက
ငါးရိုးဆူးပြီးကတည်းက အဲ့ငါးကိုမစားတော့တာ"
မောင့်စကားကို ခေါင်းတညိတ်ညိတ်နဲ့နားထောင်
နေပြီး၊ထိုင်နေရာမှထကာ ဘေစင်တွင်လက်ကို
ဆပ်ပြာနှင့်ဆေးသည်။ပြီးနောက် ပန်းကန်ပြား
အလွတ်တစ်ချပ်ကိုယူကာ ပြန်လာထိုင်သည်က
ကိုကို။ကိုကို့ လှုပ်ရှားမှုအစအဆုံးကို မောင်
ထိုင်ကြည့်နေမိတာလည်းဖြစ်သည်။
"ကိုကို ဘာလုပ်မလို့လဲဟင်"
"ငါးအရိုးနွှင်ပေးမလို့လေ။မောင်က
အရိုးဆူးမှာကြောက်တာမလား။စိတ်ချ
ငါကအရိုးမပါအောင်နွှင်ပေးမယ်နော်"
တကယ်တော့မြင်တာနှင့်တင် စားချင်စရာ
ဒီငါးဟင်းကို သော်ယံမောင်စားချင်နေတာ
ဖြစ်ပေမဲ့ အရိုးနွှင်ပေးမဲ့ သူမရှိခဲ့တာကြောင့်
ငါးဟင်းမစားဖြစ်တော့ခြင်းပင်။
ကိုကိုက သေချာဂရုတစိုက်နှင့်ငါးကိုအရိုးနွှင်
ပေးရှာသည်။အာရုံစိုက်ထားသည့် ကိုကို ပုံစံကို
မောင်ငေးကြည့်ဖြစ်တာ မမှိတ်မသုန်။
"မောင်"
ကိုကို့အသံကို မောင်ကြားမှ သူ့ကိုယ်သူ
မလုံမလဲဖြစ်နေမိတာလည်း ဖြစ်၏။
"မောင်..ဟေ့ သော်ယံမောင်၊
အမလေးငုတ်တုတ်ကြီးများ အိပ်ပျော်နေ
သလား"
"မဟုတ်ပါဘူး ကိုကိုရဲ့၊ကျွန်တော်အတွေးထဲ
မျောသွားလို့"
မသိဘူး..ပါးစပ်ထဲရှိရာ မောင်ပြောချလိုက်တာ
ဖြစ်သည်။
"ဘာတွေများတွေးနေလို့ အတွေးထဲနစ်မျော
နေရတာတုန်းကွ"
"ဪ အဲ့ဒါလား၊ဟို..ဟို ငါးရိုးနွှင်ပေးတဲ့
စက်ကို တီထွင်ပေးရင်ကောင်းမှာပဲဆိုပြီး
တွေးနေလို့ပါ ဟဲဟဲ"
ဒီအတွေး ဟုတ်သည်၊ဒါ သော်ယံမောင်
ငယ်ငယ်လေးကတည်းက တွေးမိလာတာ
လည်းဖြစ်သည်။
"ဟမ် တွေးလည်းတွေးတတ်ပါ့"
ကိုကိုကပြောရင်း မောင့်ပန်းကန်ထဲသို့
အရိုးနွှင်ထားသည့် ငါးအသားတို့ကိုထည့်
ပေးလာသည်။
"စားလို့ရပြီ မောင်။ငါတော့လက်နဲ့ပဲစားတော့မယ်"
"ခွံ့ကျွေး"
"ဟမ် ဘာရယ်"
"ကျွန်တော့်ကိုထမင်းခွံ့ကျွေးလို့"
မောင်မှချက်ချင်း ကိုကို့ဘေးခုံသို့ ပြောင်းထိုင်
လာပြီးနောက် ပါးစပ်ကို အဆင်သင့်ဟပေး
ထားသည်။ဒါ အတည်ပေါက်နဲ့ နောက်နေတာ
မျိုးလည်း မဟုတ်။
မောင့်ထမင်းပန်ကန်ကို လှမ်းယူပြီးနောက်
ဟင်းအဆီနှင့်သေချာနယ်ကာ မောင့်ကို ခွံ့ကျွေး
ဖြစ်တော့ မျက်လုံးမှိတ်လို့ အရသာခံကာစားသည်။
'မောင်ရေ မင်းလုပ်ပုံနဲ့တော့ ဟုတ်နေပြီ'
စိတ်ထဲရေရွတ်မိတော့ မောင်..မင်းလည်း
မသိဘူး။
ကိုကိုခွံ့ကျွေးတဲ့ထမင်းက ကျွန်တော့်ဘာသာ
စားတာထက် အများကြီး ပိုအရသာရှိလို့
နောက်နေ့တွေလည်း ဒီလိုပဲကိုကိုက ခွံ့ကျွေး
ပါဦးတဲ့လေ။ကလေးလေးနဲ့တူနေတဲ့ မောင့်ကို
အသည်းယားလွန်းလို့ ငါးဟင်းထဲမှာပါသည့်
ငရုတ်သီးစိမ်းအတောင့်ကို ထည့်ကျွေးပစ်လိုက်
တော့ စပ်ရှာသည်။
"အား စပ်..စပ်တယ်ကိုကို။ရေ..ရေပေးပါ"
တကယ်စပ်လို့ထင်ပါ့ ချွေးတွေရော၊
မျက်ရည်တွေပါကျလာတော့ ဒီလူမှာ မနေနိုင်
တော့ပါ။
"ရလားမောင် စပ်နေသေးလားဟင်၊
ထမင်းဖြူလေးစားလိုက်နော်။sorryပါမောင်ရယ်"
"ရ...ရပါတယ် ကိုကိုရယ်။ကျွန်တော်က
အစပ်မစားနိုင်လို့ပါ"
အို..မောင်က အစပ်မစားနိုင်တာလား။
ငါမသိလို့ပါမောင်ရယ်။အင်း နောက်ဆို
အသည်းယားလို့ ငရုတ်သီးစိမ်းထည့်ကျွေးမဲ့
အစား ဖက်သာနမ်းပစ်လိုက်တော့မယ်။
(30.7.2020)Lily_Han🍀
Zawgyi
အိမ္ကိုျပန္ေရာက္တဲ့အထိ ေမာင့္စိတ္ထဲ
ဘာကိုအလိုမက်ျဖစ္ေနမွန္း တကယ္ပင္မသိ။
မ်က္ႏွာကလည္း စူပုပ္လ်က္သား ရွစ္ေခါက္
ခ်ိဳးျဖင့္။ကားေပၚမွာကတည္းက ကိုကိုသတိ
ထားမိသည္။အေအးဆိုင္ေရာက္ေတာ့လည္း မ်က္ႏွာမေကာင္း။အခုအိမ္ျပန္ေရာက္တဲ့
အထိမ်က္ႏွာက စူပုပ္ပုပ္ႏွင့္ျဖစ္ေနတုန္း
ပင္။
"ေမာင္..မင္း ဘာျဖစ္ေနတာလဲ။
မ်က္ႏွာကို မွန္ထဲမွာျပန္ၾကည့္ဦး"
ဘာမၽွျပန္ေျဖမလာဘဲ ကိုကို႔ကို
မ်က္ေစာင္းထိုးကာပင္ အေပၚထပ္သို႔
တက္သြားျပန္သည္။ကိုကိုလွမ္းေအာ္ေျပာ
ေတာ့ ေလွကားေပၚတက္ေနရာမွ
ရပ္ကာ ျပန္လွည့္ၾကည့္လာသည္။
"ေဟာ ေဟ့ ေမာင္ေရ..ငါေမးတာကိုေျဖဦးေလကြာ"
"ကိုကိုပဲမ်က္ႏွာကို မွန္ထဲမွာျပန္ၾကည့္ဦးဆို"
"ေအးေလ"
"အင္းေလ အဲ့တာအခန္းထဲမွာ
မွန္သြားၾကည့္မလို႔။အျပင္မွာရွိတဲ့မွန္ေတြက ၾကည့္ရင္႐ုပ္ဆိုးလို႔"
ကိုကိုက သေဘာရိုးနဲ႔ဒီတိုင္းေျပာလိုက္တာ
ကို တကယ္လုပ္မဲ့ ေမာင့္ေၾကာင့္ ကိုကို႔မွာ
ဟန္မေဆာင္နိုင္ ရယ္မိေတာ့တာလည္း
ျဖစ္သည္။ကိုယ့္ကိုၾကည့္လ်က္ ရယ္ေန
သည့္ ကိုကို႔ကို မ်က္ႏွာတည္ျဖင့္ျပန္
ေမးမိေတာ့ အရယ္တစ္ဝက္ျဖင့္ ျပန္ေျဖ
ရွာသည္။
"ဘာလို႔ရယ္ေနတာလဲ"
"မရယ္ ဟားဟား မရယ္ေတာ့ပါဘူးကြာ၊
ဟားဟား.."
ကိုကိုရယ္ေနတာကို ေမာင့္မွာၾကည့္ၿပီး
စိတ္ထဲအလိုမက်မွုတို႔က ခ်က္ခ်င္းပင္
ပေပ်ာက္သည္။ေလွကားေပၚမွ ေျပးဆင္းကာ စိတ္လိုလက္ရ ရယ္ေနသည့္ ကိုကို႔အနားသို႔
သြားကာ ခါးသို႔ ကလိထိုးပစ္သည္။
"ရယ္ခ်င္ဦး"
"ဟာ ေမာင္..မ ဟားဟား မလုပ္နဲ႔၊
မလုပ္နဲ႔ဆို ယား..ယားတယ္"
အိမ္ထဲမွာ ပတ္ေျပးေနတဲ့ကိုကိုရယ္၊
ကလိလိုက္ထိုးေနတဲ့ ေမာင္ရယ္ႏွင့္
ညေနခင္းဟာ ရယ္သံေတြျပည့္ႏွက္လို႔
သာယာေနတာလည္း ျဖစ္တယ္။
ညစာစားဖို႔ ေမာင္နဲ႔ကိုကိုတို႔ ႏွစ္ေယာက္
ထမင္းစားခန္းထဲ၌ ထိုင္ေနျဖစ္ၾကသည္။
မျဖဴက ထမင္းႏွင့္ဟင္းပန္းကန္တို႔ကို ခ်ေပး
ေနသည္။မျဖဴလာတင္ေပးသည့္ ဟင္းေတြထဲမွ တစ္မ်ိဳးေၾကာင့္ ေမာင့္မွာ မ်က္ႏွာထား
တည္တင္းလာၿပီး မ်က္ခုံးကိုထိစပ္လုမတက္ တြန႔္ခ်ိဳးထားသည္။
"မျဖဴ"
"ရွင္ အစ္ကိုေလး"
"ဘာလို႔ ငါးဟင္းကိုခ်က္တာလဲ၊ကၽြန္ေတာ္
ငါးမစားတာသိရက္နဲ႔"
"ငါခ်က္ခိုင္းထားတာပါ"
ကိုကိုဝင္ေျပာသည့္အခါမွသာ ေမာင့္မ်က္ႏွာထား ေျပာင္းသြားတာလည္းျဖစ္သည္။
"ဪ ကိုကိုခ်က္ခိုင္းထားတာလား။
ရၿပီ မျဖဴ..လုပ္စရာရွိတာတာသာ သြားလုပ္ေတာ့"
"ဟုတ္ကဲ့အစ္ကိုေလး"
**
"အစားအစာကို မၽွတေအာင္စားရတယ္
ေမာင္ရဲ့။ငါးကိုဘာလို႔မစားတာလဲ"
"အရိုးေၾကာက္လို႔၊ငယ္ငယ္တုန္းက
ငါးရိုးဆူးၿပီးကတည္းက အဲ့ငါးကိုမစားေတာ့တာ"
ေမာင့္စကားကို ေခါင္းတညိတ္ညိတ္နဲ႔
နားေထာင္ေနၿပီး၊ထိုင္ေနရာမွထကာ
ေဘစင္တြင္လက္ကိုဆပ္ျပာႏွင့္ေဆးသည္။
ၿပီးေနာက္ ပန္းကန္ျပားအလြတ္တစ္ခ်ပ္ကိုယူကာ ျပန္လာထိုင္သည္က ကိုကို။ကိုကို႔ လွုပ္ရွားမွုအစအဆုံးကို ေမာင္ထိုင္ၾကည့္ေနမိတာလည္းျဖစ္သည္။
"ကိုကို ဘာလုပ္မလို႔လဲဟင္"
"ငါးအရိုးႏႊင္ေပးမလို႔ေလ။ေမာင္က
အရိုးဆူးမွာေၾကာက္တာမလား။စိတ္ခ်
ငါကအရိုးမပါေအာင္ႏႊင္ေပးမယ္ေနာ္"
တကယ္ေတာ့ျမင္တာႏွင့္တင္ စားခ်င္စရာ
ဒီငါးဟင္းကို ေသာ္ယံေမာင္စားခ်င္ေနတာ
ျဖစ္ေပမဲ့ အရိုးႏႊင္ေပးမဲ့ သူမရွိခဲ့တာေၾကာင့္ ငါးဟင္းမစားျဖစ္ေတာ့ျခင္းပင္။
ကိုကိုက ေသခ်ာဂ႐ုတစိုက္ႏွင့္ငါးကိုအရိုးႏႊင္
ေပးရွာသည္။အာ႐ုံစိုက္ထားသည့္ ကိုကို ပုံစံကို
ေမာင္ေငးၾကည့္ျဖစ္တာ မမွိတ္မသုန္။
"ေမာင္"
ကိုကို႔အသံကို ေမာင္ၾကားမွ သူ႔ကိုယ္သူ
မလုံမလဲျဖစ္ေနမိတာလည္း ျဖစ္၏။
"ေမာင္..ေဟ့ ေသာ္ယံေမာင္၊
အမေလးငုတ္တုတ္ႀကီးမ်ား အိပ္ေပ်ာ္ေန
သလား"
"မဟုတ္ပါဘူး ကိုကိုရဲ့၊ကၽြန္ေတာ္အေတြးထဲ
ေမ်ာသြားလို႔"
မသိဘူး..ပါးစပ္ထဲရွိရာ ေမာင္ေျပာခ်လိုက္တာ
ျဖစ္သည္။
"ဘာေတြမ်ားေတြးေနလို႔ အေတြးထဲ
နစ္ေမ်ာေနရတာတုန္းကြ"
"ဪ အဲ့ဒါလား၊ဟို..ဟို ငါးရိုးႏႊင္ေပးတဲ့
စက္ကို တီထြင္ေပးရင္ေကာင္းမွာပဲဆိုၿပီး
ေတြးေနလို႔ပါ ဟဲဟဲ"
ဒီအေတြး ဟုတ္သည္၊ဒါ ေသာ္ယံေမာင္
ငယ္ငယ္ေလးကတည္းက ေတြးမိလာတာ
လည္းျဖစ္သည္။
"ဟမ္ ေတြးလည္းေတြးတတ္ပါ့"
ကိုကိုကေျပာရင္း ေမာင့္ပန္းကန္ထဲသို႔
အရိုးႏႊင္ထားသည့္ ငါးအသားတို႔ကိုထည့္
ေပးလာသည္။
"စားလို႔ရၿပီ ေမာင္။ငါေတာ့လက္နဲ႔ပဲစားေတာ့မယ္"
"ခြံ႕ေကၽြး"
"ဟမ္ ဘာရယ္"
"ကၽြန္ေတာ့္ကိုထမင္းခြံ႕ေကၽြးလို႔"
ေမာင္မွခ်က္ခ်င္း ကိုကို႔ေဘးခုံသို႔ ေျပာင္း
ထိုင္လာၿပီးေနာက္ ပါးစပ္ကို အဆင္သင့္ဟေပး
ထားသည္။ဒါ အတည္ေပါက္နဲ႔ ေနာက္ေနတာ
မ်ိဳးလည္း မဟုတ္။
ေမာင့္ထမင္းပန္ကန္ကို လွမ္းယူၿပီးေနာက္
ဟင္းအဆီႏွင့္ေသခ်ာနယ္ကာ ေမာင့္ကို ခြံ႕ေကၽြး
ျဖစ္ေတာ့ မ်က္လုံးမွိတ္လို႔ အရသာခံကာစားသည္။
'ေမာင္ေရ မင္းလုပ္ပုံနဲ႔ေတာ့ ဟုတ္ေနၿပီ'
စိတ္ထဲေရရြတ္မိေတာ့ ေမာင္..မင္းလည္း
မသိဘူး။
ကိုကိုခြံ႕ေကၽြးတဲ့ထမင္းက ကၽြန္ေတာ့္ဘာသာစားတာထက္ အမ်ားႀကီး
ပိုအရသာရွိလို႔ ေနာက္ေန႔ေတြလည္း
ဒီလိုပဲကိုကိုက ခြံ႕ေကၽြးပါဦးတဲ့ေလ။ကေလးေလးနဲ႔တူေနတဲ့ ေမာင့္ကို
အသည္းယားလြန္းလို႔ ငါးဟင္းထဲမွာ
ပါသည့္င႐ုတ္သီးစိမ္းအေတာင့္ကို
ထည့္ေကၽြးပစ္လိုက္ေတာ့ စပ္ရွာသည္။
"အား စပ္..စပ္တယ္ကိုကို။ေရ..ေရေပးပါ"
တကယ္စပ္လို႔ထင္ပါ့ ေခၽြးေတြေရာ၊
မ်က္ရည္ေတြပါက်လာေတာ့ ဒီလူမွာ မေနနိုင္
ေတာ့ပါ။
"ရလားေမာင္ စပ္ေနေသးလားဟင္၊
ထမင္းျဖဴေလးစားလိုက္ေနာ္။
sorryပါေမာင္ရယ္"
"ရ...ရပါတယ္ ကိုကိုရယ္။ကၽြန္ေတာ္က
အစပ္မစားနိုင္လို႔ပါ"
အို..ေမာင္က အစပ္မစားနိုင္တာလား။
ငါမသိလို႔ပါေမာင္ရယ္။အင္း ေနာက္ဆို
အသည္းယားလို႔ င႐ုတ္သီးစိမ္းထည့္ေကၽြးမဲ့အစား ဖက္သာနမ္းပစ္လိုက္ေတာ့မယ္။
(30.7.2020)Lily_Han🍀