မုန်းရဲ့အလင်းရောင်

By ShayyLinkar

479K 28.9K 1K

သူငယ်ချင်းဆိုတဲ့ အဖြူရောင်အလွှာလေးကိုငါအရောင်တွေစွန်းထင်စေမိပီအလင်း မုန်း(မုန်းမာန်) သူငယ်ချင်းဆိုတဲ့တံတိုင်း... More

Part 1 (U+Z)
Part 2 (U+Z)
Part 3 (U+Z)
Part 4 (U+Z)
Part 5 (U+Z)
Part 6 (U+Z)
Part 7 (U+Z)
Part 8 (U+Z)
Part 9 (U+Z)
Part 10 (U+Z)
Part 11 (U+Z)
Part 12(U+Z)
Part 13 (U+Z)
Apologize
Part 14 (U+Z)
Part 15 (U+Z)
Part 16 (U+Z)
Part 17 (U+Z)
Part 18 (U+Z)
Part 19 (U+Z)
Part 20 (U+Z)
Part 21 (U+Z)
Part 22 (U+Z)
Part 23 (U+Z)
Part 23 (Zawgyi)
Part 24 (U+Z)
Part 25 (U+Z)
Part 26 (U+Z)
Part 27 (U+Z)
Part 28 (U+Z)
Part 29 (U+Z)
Part 30 (U+Z)
Part 31 (U+Z)
Part 32 (U+Z)
Part 33 (U+Z)
Part 34 (U+Z)
Part 35 (U+Z) Waning
New Fic
Part 36 (U+Z)
Part 37 (U+Z) Waning
Part 39 (U+Z)
Part 40 (U+Z)
Part 41 (U+Z)
Part 42 (U+Z) The End
ကျေးဇူးတင်လွှာ & ရည်ရွယ်ချက်
Extra 1 (U+Z)

Part 38 (U+Z)

7.9K 461 20
By ShayyLinkar

#Unicode

“တီးတောင်”

မုန်းအခန်းရှေ့က Bell သံကြားတာကြောင့် အလင်းတံခါးထဖွင့်ပေးတော့ တွေ့လိုက်ရတာက ဟိုတစ်ခါ မုန်းနဲ့လှည်းတန်းစင်တာမှာ တွေ့ခဲ့တဲ့ ကလေးလေး။ သူက ကျွန်တော့်ကလေးပေါက်အိမ်ကို ဘာလာလုပ်ပါလိမ့်။

“ဪ ကိုကိုလည်း ရောက်နေတာလား”

အလင်းဘာမှပြန်မပြောဘဲ ခေါင်းပဲငြိမ့်ပြလိုက်တယ်။ စိတ်ထဲမှာ မကြည်တာကြောင့် စကားမပြောချင်ပေမယ့် ကိုယ်က အကြီးဆိုတော့ မရိုင်းချင်တာမို့ ခေါင်းတော့ ငြိမ့်ပြလိုက်တယ်။ ခေါ်ပုံကိုလည်းကြည့်လေ ကိုကိုတဲ့။ အချိုးတစ်စက်မှမပြေတဲ့ စောင်ကလေး။ ကိုကိုဆိုတာ ငါ့ကလေးပေါက်ပဲ ခေါ်တာကွ။

နွေတို့ရောက်လာတယ်ထင်ပြီး မော့ကြည့်တော့ တွေ့လိုက်ရတာက နွေယံပါ။ ဒီကလေးလေး အိမ်ထိ ဘာလာလုပ်ပါလိမ့်။

“ကိုမုန်းရဲ့ကိုကိုပါ ရောက်နေတာနော်”

“အေးလေ စာလာလုပ်တာ။ ခဏနေရင် ကျန်တဲ့သူငယ်ချင်းတွေပါ လာကြမှာ။ မင်းကရော ဘာလာလုပ်တာလဲ”

“ကျွန်တော်က ဒီနားခဏလာရင်း လမ်းကြုံလို့ ဝင်လာတာ။ ဒါနဲ့ ကျွန်တော် ကိုမုန်းကိုပြောထားတဲ့ကိစ္စလေ အဲ့ဒါ ကူညီမှာလား”

“မင်းက တကယ်သေချာတာလား။ သုတကပါ တကယ်ကြိုက်နေတာ သေချာရင်တော့ ကူညီမယ်လေ”

“သေချာပါတယ်ဗျာ။ ကျွန်တော်ထင်ရင် လွဲရိုးထုံးစံမရှိပါဘူး။ ကိုမုန်းသာကူညီမယ်ဆိုရင် အဆင်ပြေပြီ”

“အေးပါကွာ သေချာရင် ကူညီပါ့မယ်”

“ဒါဆို ဒီတစ်ပတ် တနင်္ဂနွေ ရုပ်ရှင်ရုံကို အပါခေါ်ခဲ့နော်။ ကျွန်တော်လည်း နေယံကိုခေါ်လာပြီး အတွဲခုံဖြတ်ထားလိုက်မယ်။ ကိုမုန်းက ကိုသုတကို အပါခေါ်လာခဲ့ပေးဖို့ပဲလိုတာ။ ကျန်တာ ကျွန်တော် အကုန်စီစဉ်ထားလိုက်မယ်”

စကားကြီးစကားကျယ်တွေ ပြောနေပါသော ဟိုစောင်ကလေးနဲ့ ကိုးတန်းကလေးရဲ့စကားကိုယုံပြီး ကူညီဖို့စဉ်းစားနေတဲ့ ကျွန်တော့်ရဲ့ကလေးပေါက်ပါ။ မသိရင် ကိစ္စကြီးကြီးကျယ်ကျယ်ကို တိုင်ပင်နေကြတဲ့အတိုင်းပဲ။ ခေါင်းချင်ဆိုင် ဆွေးနွေးနေကြလေရဲ့။ ဘေးကကြည့်ရတဲ့ကိုယ်က တဖြည်းဖြည်းနဲ့ အမြင်ကပ်လာတယ်။

ဟိုစောင်‌ခလေးက လူကြည့်တော့ကိုးတန်း ကြီးကြီးကျယ်ကျယ်နဲ့ ကျွန်တော့်မုန်းလေးကို ဆရာကြီးလုပ်နေပြီး ဆရာကြီးဒီဇိုင်းနဲ့ ကျွန်တော်စီစဉ်ထားလိုက်မယ်ဆိုပဲ။ လူကသာ ကိုးတန်း အောင်သွယ်တော်က လုပ်နေသေးတယ်။ အောင်သွယ်တဲ့သူကို ကြည့်လိုက်ဦး သူ့အမွှာအစ်ကိုကို ပြန်အောင်သွယ်နေတာ။ ကျွန်တော့်မုန်းပေါက်ကိုလည်း အံ့ဩတယ်။ ဒီခလေးစကားကို သူက ဘာတွေယုံကြည်ပြီး ကူညီပေးနေပါလိမ့်။ သူ့ကိုဆရာကြီးလုပ်နေတာကိုလည်း မသိဘဲ မသိရှာတာလား သိရဲ့သားနဲ့ ငြိမ်ခံနေတာလား မသဲကွဲဘူး။ အရေးကြီးကိစ္စတိုင်ပင်နေတဲ့ သူတို့နှစ်ယောက်ကို အသာကြည့်နေလိုက်တော့တယ်။ လုပ်ချင်ရာသာ လုပ်ပါတော့ခလေးတွေ။

“အဲ့ဒါဆိုကိုမုန်း ကျွန်တော်ပြန်တော့မယ်နော်”

“အေးအေး ဂရုစိုက်လည်းပြန်ဦး”

“ဟုတ်ကဲ့ ပြန်ပြီနော်။ ဒီတစ်ပတ် တနင်္ဂနွေနော်။ စိတ်ချမယ်နော် ကိုမုန်း”

“အေးပါကွာ စိတ်ချပါ”

“အင်းပြီးရော ကိုကို့ ကျွန်တော်ပြန်ပြီ တာတာ့။ ကိုမုန်း တာ့တာ”

စကားကြီးစကားကျယ်တွေ ပြောတဲ့ခလေးလေး ပြန်သွားတော့မှ မုန်းကိုမေးရတယ်။

“မုန်း တကယ်ကူညီမလို့လား”

“အင်းလေ ဘာလို့”

“အဲ့ကိုးတန်းခလေးလေးပြောတဲ့စကားကို မုန်းကယုံတယ်လား”

“အင်း သုတလည်း ကြိုက်နေတယ်လို့ မုန်းလည်းထင်နေတာမို့ ကူညီမှာ။ ဘာလို့လဲ”

“ဘာမှမဖြစ်ပါဘူး ဒီတိုင်းမေးကြည့်တာ”

“အင်း”

“ဒါနဲ့မုန်းအိမ်ကို သူကဘယ်လိုသိတာလဲ”

“မြောင်းမြမှာတုန်းက အိမ်လိုက်စာပေးထားတာ”

“ဪ”

“ဒါနဲ့ ကိုကို့ မုန်းတို့ အတူတူနေရအောင်လေ”

“ဟမ်”

ကောက်ခါငင်ခါထပြောလာတဲ့ မုန်းရဲ့စကားကြောင့် လူကအံ့ဩသွားရတယ်။ ဒီကလေး နေရင်းထိုင်ရင်း ဘာဖြစ်တာပါလိမ့်။

“မဟမ်နဲ့ ကိုကိုက အောက်မှာနေ”

ဘုရား ဘုရား ကျွန်တော့်ကို အောက်မှာနေတဲ့။ သူအပေါ်မှာနေတုန်းက ကိုယ့်မှာ နာကျင်မှုကအပြည့်။ ကိုယ့်ပထမဦးဆုံးလေးက မချောမွေ့ခဲ့ဘူး။ အမယ်လေး သူပြောလိုက်တာလေးကတော့ လွယ်လိုက်တာ ပေါ့ပေါ့ပါးပါးပဲ အောက်မှာနေတဲ့။ မသိရင်ဘဲ သူကဒီလိုနေရာမှာ ဆရာကြီးလိုလို ဘာလိုလိုနဲ့။ ကျွန်တော့်ရဲ့မုန်းလေးကို အစလုပ်မိတာ မှားပြီထင်ပါတယ်ဗျာ။ မျောက် ပုလွေပေးမိတာထက် ဆိုးတော့မယ်။

“ကဲ ခလေးပေါက်စာလုပ်။ ခဏနေရင် နွေတို့ရောက်လာတော့မှာ။ လိမ္မာတယ်နော်”

“ကိုကိုကလည်း”

“ခလေးပေါက်ကလည်း”

“ကိုကို့”

“ခလေးပေါက်”

“ကိုကို မှတ်ထားနော်”

“ဘာကိုမှတ်ထားရမှာ”

“ကိုကိုလိုချင်လည်း မုန်းမပေးဘူးကြည့်နေ”

“ဟားဟား အေးပါကွာ အသဲပေါက်ရာ။ အဲ့ဒါကို ကလေးမုန့်ပူဆာသလို ပူဆာနေရသလား အသဲပေါက်ရဲ့။ ခဏနေရင် နွေတို့ရှားတို့လည်း ရောက်လာတော့မှာလေ မုန်းလေးရဲ့။ လိမ္မာတယ်နော် ခုတော့ စာလုပ်လိုက်ဦး။ နောက်မှ အားတဲ့အခါ မုန်းဖြစ်ချင်တာကို လိုက်လျောပေးမယ် Ok”

“တကယ်နော်”

“တကယ်ပါဗျာ ကတိ”

လက်သန်းလေး‌ထောင်ပြီး ကွေးပေးလိုက်တော့ ဝမ်းသာအားရ လာချိတ်ပါတယ်။ ထိုနေ့က တစ်နေကုန်စာလုပ်ရင်း ကျွန်တော့်မုန်းလေး ထိုကိစ္စကို မေ့သွားအောင် အမျိုးမျိုး ကြိုးစားခဲ့ရတယ်။ တစ်ခါတလေကြတော့လည်း ညာတာပါတေး ပြောတတ်ရတာပေါ့။

***************

တနင်္ဂနွေနေ့မနက်ကိုရောက်တဲ့အခါ နွေယံ‌ပြောထားတဲ့ အစီအစဉ်အတိုင်း သုတကို ရုပ်ရှင်ရုံကို အပါခေါ်ဖို့ စတင်ပြီး ကြိုစားလိုက်တယ်။

“သုတ ငါတို့ရုပ်ရှင်သွားကြည့်ရအောင်”

“မကြည့်ချင်ပါဘူး”

“ငါကြည့်ချင်လို့ လိုက်ခဲ့ပေးပါကွာနော်”

“ဟေ့ကောင် မင်းကိုကိုနဲ့မင်း သွားပါလားကွာ”

“ငါ့ကိုကိုက စာမေးပွဲနားနီးလို့ စာကျက်နေတာကွ”

“ဟ ဟေ့ကောင်ရ ငါလည်း စာမေးပွဲနား နီးနေပြီလေကွာ။ ငါလည်း စာကျက်ရဦးမယ်ကွ။ စာတွေမရသေးဘူး။ မင်း တော်တော် မျက်နှာလိုက်တဲ့ကောင်။ မင်းကိုကိုပဲ ကျောင်းသားလား။ ငါကရော”

“ဟ ငါ့ကိုကိုက ဆေးကျောင်းသားကွ။ မင်းက နည်းပညာကျောင်းသား။ စာအနည်းအများ ကွာတယ်။ မင်းကကိုကို့ထက် စာနည်းနည်း‌လေး နည်းပြီး ကိုကိုက မင်းထက် စာနည်းနည်း ပိုများတယ်ကွ။ အဲ့ဒါကြောင့် မင်းလိုက်ခဲ့ပေးပါကွာနော်”

“ဟေ့ကောင် မင်းကိုကိုက ဉာဏ်ကောင်းပြီး ငါက မင်းကိုကိုလောက် ဉာဏ်မကောင်းတာလေးလည်း ထည့်ပြောဦးလေကွာ”

“မင်းကလည်း”

မုန်းငိုမဲ့မဲ့ဖြစ်တော့ မုန်းအကြံကိုသိတဲ့အလင်းက ကြားထဲက ဝင်ကူပြီး ပြောပေးလိုက်တယ်။

“လိုက်သွားပေးလိုက်ပါ သုတရာ။ ခဏလေးပဲဟာကို မင်းကလည်း”

“မင်းတို့ လင်လင်တွေ တော်တော်လွန်တယ်။ ငါ့ကိုဆို နှစ်ယောက်ပေါင်းပြီး အနိုင်ကျင့်ကြတယ်။ ငါလည်း ရည်းစားမြန်မြန်ရမှ ဖြစ်မယ်။ FAဖြစ်ရတာ အနိုင်ကျင့်ပဲ ခံနေရတယ်။ ဟဲ့မိရှား ငါတို့တွဲရအောင်”

မုန်းနဲ့အလင်းကို မကျေမနပ်ပြောလိုက်ရင်း မိရှားကို လှည့်ပြောလိုက်တော့ ပြန်ရလိုက်တာက မိရှားရဲ့ကျိန်စာ။

“သေလိုက်”

“စေတနာနဲ့ ငါက အနစ်နာခံပေးမလို့ကို။ ဒီထဲမှာ နင်နဲ့ငါပဲ လူလွတ်နော်။ ငါမှနင့်ကို အနစ်နာခံပြီး တွဲမပေးရင် နင်တစ်ယောက်တည်း FAမကြီး ဖြစ်ကျန်ခဲ့မှာစိုးလို့။ ငါကနင့်ကိုသနားလို့ ကူညီပေးမလို့နော်”

“ထပ်ပြီး အရှမခံနိုင်ဘူးဟေ့။ မုန်းတစ်ယောက်နဲ့တင် ရှရာဗလပွနဲ့။ ငါ့ကိုတကယ်သနားရင် ဒဏ်ရာတွေထပ်ပေးဖို့ မစဉ်းစားနဲ့ငသု”

ငသုအကြောင်းကို မုန်းပြောပြထားလို့ ရှားကသိထားတာကြောင့် ဒဲ့စော်လိုက်ပါတော့တယ်။

“မသာမ ကူညီလို့ကို မရဘူး”

ငသုတစ်ယောက် အနာပေါ်ဒုတ်ကျပြီး ရှားကိုဆဲပါလေရော။

“ကဲ အမုန်းရောင် သွားမယ်ဆိုလည်းထ။ အင်္ကျီလေးဘာလေး လဲဝတ်။ ပြီးရင်သွားမယ်။ မင်းတို့အားလုံး ဒီကမ္ဘာမှာ ငါ့ကိုနှိပ်စက်ဖို့များ မွေးဖွားလာကြသလား မှတ်ရတယ်”

“နာမည်ခေါ်တာကြီးကလည်း ဘာလဲအမုန်းရောင်။ မှားခေါ်တာလား”

သုတက အမုန်းရောင်လို့‌ခေါ်လို့ မှားခေါ်တယ်ထင်ပြီး မုန်းက မေးလိုက်တာပါ။ ဒါပေမဲ့ ငသုပြန်ဖြေတဲ့ အဖြေက . . .

“မမှားဘူးဟေ့ ရွဲ့ခေါ်တာ။ မင်းတို့နှစ်ယောက်ပေါင်းပြီး ငါ့ကို ဒုက္ခပေးကြလွန်းလို့ မင်တို့လင်လင်နှစ်ယောက်ကို ပေါင်းခေါ်တာ။ ရှင်းပြီလား”

“မသိပါဘူး မှားများခေါ်သလားလို့”

“မမှားဘူး။ ထမြန်မြန်လုပ်။ သွားမယ်”

အားလုံးပြင်ဆင်ပြင်ပြီးတော့ လှည်းတန်းစင်တာကို ချီတက်ခဲ့ကြတယ်။ လှည်းတန်းစင်တာရောက်တော့ အမွှာနှစ်ကောင်က အဆင်သင့် စောင့်နေလေရဲ့။

“ကိုမုန်း ကျွန်တော်တို့ဒီမှာ”

နွေယံက မုန်းတို့ကို လက်လှမ်းပြတော့ သုတက မုန်းကိုမေးပါလေရော။

“ငါတို့နှစ်ယောက်တည်း ကြည့်မှာမဟုတ်ဘူးလားမုန်း။ သူတို့နှစ်ယောက်က ဘယ်ကရောက်လာတာလဲ”

သုတစိတ်ထဲမှာ သိပ်မသင်္ကာလို့ မေးကြည့်လိုက်တာပါ။ မုန်း တစ်ခုခုကို ကြံစည်နေတယ်လို့ စိတ်ထဲက သိနေတယ်။

“ဟို. . .‌သူတို့နှစ်ယောက်ကပါ ကြည့်ချင်တယ်ဆိုတာနဲ့ အတူတူကြည့်လို့ရအောင် ခေါ်လိုက်တာ”

“ဪ”

“နွေယံ လက်မှတ်ဖြတ်ပြီးပြီလား”

“ဟုတ် ကိုမုန်း ကျွန်တော်ဖြတ်ခဲ့ပြီးပြီ။ ရော့နေယံ ဒါကမင်းလက်မှတ်။ ရော့ ဒါက ကိုသုတလက်မှတ်။ ကျွန်တော်နဲ့ကိုမုန်းက အကုန်လုံးစားဖို့ မုန့်သွားဝယ်လိုက်ဦးမယ်နော်”

မုန့်ဝယ်ထွက်သွားတဲ့ နွေယံနဲ့မုန်းက ရုပ်ရှင်ပြခါနီးအထိ ပေါ်မလာတာကြောင့် ရုပ်ရှင်ရုံထဲကို အရင်ဝင်နှင့်ပြီး သူတို့အလာကိုစောင့်ဖို့ ဆုံးဖြတ်လိုက်တယ်။

ရုပ်ရှင်ရုံထဲကိုရောက်တော့မှ သိလိုက်ရတာက ကျွန်တော်နဲ့နေယံအတွက် နွေယံပေးခဲ့တဲ့ လက်မှတ်က စုံတွဲခုံဖြစ်နေတာပါပဲ။

ထိုအခါမှ နွေယံနဲ့မုန်းရဲ့အကြံကို သတိထားလိုက်မိတယ်။ ကျွန်တော်သတိထားမိတဲ့အချိန်မှာမှ နေယံလည်း နွေယံ့ရဲ့အကြံကို ရိပ်မိသွားပုံရတယ်။ သူ့အမွှာညီအစား ကျွန်တော့်ကို တောင်းပန်ပါတော့တယ်။

“sorry နော်အစ်ကို။ နွေယံ့အစား ကျွန်တော်ကပဲ အစ်ကို့ကို တောင်းပန်ပါတယ်။ အားလည်းနာတယ်အစ်ကို”

“ရပါတယ်ကွာ။ ဒါနဲ့သူက ဘာလို့ဒီလိုလုပ်တာလဲ”

“သူက ကျွန်တော် အစ်ကို့ကို ကြိုက်နေတယ်ထင်နေတာ။ အစ်ကိုကလည်း ကျွန်တော့်ကို ကြိုက်နေတယ်ထင်ပြီး ဖွင့်မပြောရဲ ဖြစ်နေတယ်လို့ သူကထင်ပြီး ခုလို လုပ်ပေးတာနေမှာပေါ့”

“သူက ဘာလို့ အဲ့လိုထင်ရတာလဲ”

“အစ်ကိုသူ့ကိုကြိုက်နေတာကို သူမသိလို့နေမှာပေါ့”

“ဟင်”

ကျွန်တော့် အံ့ဩတကြီး နေယံ့ကိုကြည့်လိုက်မိတော့ နေယံက ကျွန်တော့်ကိုရယ်ပြီးတော့ ကြည့်လာတယ်။

“မအံ့သြပါနဲ့အစ်ကိုရာ။ ကျွန်တော်သိပါတယ်ဗျာ။ မြောင်းမြမှာထဲက ရိပ်မိနေတာ”

“ဟမ်! ဘယ်လိုသိတာလဲ”

“ဒီလိုပဲ သိတာပေါ့ဗျ။ အစ်ကို သူ့ကိုကြည့်တဲ့ အကြည့်တွေက မရိုးသားဘူးလေ။ နွေယံအရက်မူးတဲ့ညက အစ်ကိုနဲ့သူ အတူတူ အိပ်တယ်မို့လား။ အစ်ကိုသူ့နှုတ်ခမ်းလေးတွေကို ကိုင်ကြည့်ပြီး ပြုံးနေတာကို ကျွန်တော်တွေ့တယ်”

“ဟာကွာ”

ရှက်လိုက်တာဗျာ။ ကျွန်တော့်မှာတော့ ဘယ်သူမှမသိဘူးထင်ပြီး ကိုယ့်ကိုယ်ကို ဟုတ်လှပြီ ထင်နေခဲ့တာ။ နေယံက သိနေတယ်တဲ့လား။ မျက်နှာကြီး ဘယ်နားသွားထားရမှန်းတောင် မသိတော့ဘူး။

“ရှက်မနေပါနဲ့တော့ဗျာ”

“အေးပါကွာ ရှက်တာကတော့ ရှက်တာပဲကွ။ ဒါနဲ့ နေပါဦး နွေယံက မင်းငါ့ကို ကြိုက်နေတယ်လို့ ဘာလို့ထင်တာလဲ”

“အစ်ကို သူ့ကိုခိုးကြည့်တဲ့အချိန်တိုင်း ကျွန်တော်က သူ့ဘေးမှာလေ။ အစ်ကို သူ့ကိုကြည့်တာကို ကျွန်တော့်ကိုကြည့်နေတယ်လို့ ထင်လို့ နေမှာပေါ့။ ကျွန်တော့်မှာ ကောင်မလေးရှိတာလည်း သူမသိဘူး။ သူ့ကိုလည်း ပြောပြမထားဘူး။ သူသိရင် မေမေတို့သိမှာဆိုးလို့ မပြောပြတာ။ အဲ့ဒါကြောင့် ကျွန်တော်အစ်ကို့ကို ကြိုက်နေတယ်ထင်ပြီး သူက တလွဲတွေတွေးပြီး ခုလိုတွေ လျှောက်လုပ်နေတာ”

“ဪ”

“အစ်ကိုလည်းကြိုက်နေရင် ဖွင့်ပြောလိုက်ပါဗျာ။ အစ်ကိုကသာ ကျွန်တော်တို့ကို ကလေးထင်နေတာ။ ကလေးမို့ ငယ်သေးတယ် ဖွင့်ပြောလို့ မသင့်သေးဘူးလို့ တွေးနေတာ။ ကျွန်တော်ဆို ရည်းစားတောင်ရနေပြီ။ နွေယံဆို ကျွန်တော်နဲ့ အစ်ကို့ကိုတောင် အောင်သွယ်ပေးနေတာကို။ အချစ်မှာ ငယ်တယ်ကြီးတယ် မရှိပါဘူးဗျာ။ ချစ်ရင်ချစ်တယ်လို့ ပွင့်ပွင့်လင်းလင်း ပြောလိုက်ပါဗျာ”

“အေးပါကွာ မင်းတို့ခေတ်ပဲ လုပ်ကြပေါ့။ ငါ့မှာတော့ နွေယံက ငယ်‌လွန်းသေးတယ်။ ဆယ်တန်းအောင်မှ ဖွင့်ပြောမယ်လို့ စိတ်ကူးထားတာ။ ခုသူကတော့ ငါ့ကို သူ့အမွှာနဲ့တောင် ပြန်အောင်သွယ်ပေးနေရတယ်လို့။ မင်းတို့ ခုခေတ်ခလေးတွေ တကယ်မလွယ်ဘူး”

“ဒါနဲ့ အစ်ကို့ကိုမေးဦးမယ်။ ကျွန်တော်နဲ့နွေယံကိုတော်တော်များများက မခွဲတတ်ကြဘူး။ အိမ်မှာ ဖေဖေနဲ့ကိုကိုနဲ့ဆို ကျွန်တော်တို့နှစ်ယောက်ကို အမြဲမှားခေါ်တာ။ မေမေတစ်ယောက်ပဲ ကျွန်တော်တို့ကို လူမမှားဘဲ သေချာခွဲတတ်တာ။ အစ်ကိုကကြ ကြည့်လိုက်တာနဲ့ တန်းသိတယ်နော်။ ကျွန်တော်တို့ကို ဘယ်လိုခွဲသိတာလဲ”

“နှလုံးသားက အလိုလိုသိ‌နေတာ။ မင်းတို့ လူချင်း တူချင်‌တူမယ်။ ဒါပေမဲ့ ငါ့နှလုံးသားကို ရင်ခုန်အောင်လုပ်နိုင်တာက နွေယံပဲ။ မင်းနဲ့တွေ့ရင် ငါ့ရင်ခုန်သံက ပုံမှန်ပဲ။ ဒါပေမဲ့ နွေယံနဲ့တွေ့ရင် ငါ့ရင်ခုန်သံတွေ ဝုန်းဒိုင်းကြဲလာတယ်။ အဲ့တော့ မင်းတို့နှစ်ယောက်ကို ရင်ခုန်သံကို နားထောင်ပြီး ရင်ခုန်သံနဲ့ ခွဲလိုက်တယ်ကွာ”

“အေးပါဗျာ ခင်ဗျားကလည်း က‌‌ဗျာဆန်လိုက်တာ။ တော်ကီကလည်း ကြွယ်ပါ့”

“အချစ်က တော်ကီကြွယ်အောင် သင်ပေးလိုက်တာ။ ဒါနဲ့ မင်းကောင်မလေးကရော မင်းတို့ကို ခွဲတတ်လား”

“သူလည်း သိပ်မခွဲတတ်ဘူး။ သူ့ကို ဘယ်လိုခွဲလဲမေးတော့ အေးတာနဲ့ သွက်တာကိုကြည့်ပြီး ခွဲတာတဲ့။ ပြီးတော့ နားနောက်က မှည့်လေးကိုကြည့်ပြီး ခွဲတယ်လို့ပြောတာပဲ။ ကျွန်တော့်နားနောက်မှာ မှည့်ပါတယ်လေ။ ဒီမှာ”

နေယံက နားရွက်လေးကို ဆွဲပြီးလှန်ပြတော့ သုတလည်း ကြည့်လိုက်ပါတယ်။ အဟုတ်ပဲ နေယံ့မှာ မှည့်လေးပါနေတာပဲ။ ကျွန်တော် သတိမထားမိခဲ့ဘူး။

“အေးကွ။ မင်းမှာ မှည့်ပါတာကို ငါသတိမထားမိဘူး။ မင်တို့နှစ်ယောက်ကိုတွေ့ရင် နွေယံ့ကို ကြည့်မဝဖြစ်နေရတာနဲ့တင် မင်းကို သေချာမကြည့်မိဘူး။ မင်းကောင်မလေးကမင်းကို ငါနွေယံ့ကို ချစ်သလောက် မချစ်ဘူးထင်တယ်။ သူက မင်းတို့ကို အမူအရာနဲ့မှည့်နဲ့မှ ခွဲတတ်တာ။ ငါဆို အဲ့ဒါတွေမလိုဘူး။ နှလုံးသားကကို အလိုလိုသိတာ”

“အေးပါဗျာ ခင်ဗျား အဲ့လောက် တော်ကီကြွယ်တာ‌ကိုတောင် အခုထိ ရည်းစားမရသေးဘူးနော်”

“ဟ အချစ်စစ်ကိုတွေ့မှ ထားမယ်လို့ ဆုံးဖြတ်ထားလို့ ရည်းစားမထားတာကွ။ အချစ်စစ်ကိုတွေ့တော့လည်း အချစ်က ငယ်လွန်းသေးတယ်ဆိုပြီး စောင့်နေတာ။ ခုတော့ မစောင့်တော့ဘူးဟေ့ကောင်ရေ ငါအမြန်သွားပြီး ဖွင့်ပြောမှ ဖြစ်တော့မယ်”

“သွားပါဗျာ။ မြန်မြန်လေးလည်းသွား။ ရုပ်ရှင်က စ’တော့မှာ။ ခင်ဗျားသူ့ကို အမြန်ဖွင့်ပြောပြီး အမြန်ခေါ်လာခဲ့။ ကျွန်တော် သူလာတာနဲ့ လူချင်းလဲပေးမယ် Ok”

“Ok ကျေးဇူးပါကွာ”

သုတ ရုပ်ရှင်ရုံထဲက အမြန်ပြန်ထွက်လာပြီး နွေယံ့ကို ရှာရ‌တော့တယ်။ စင်တာအနှံ့ ရှာပြီးတဲ့အချိန်မှာတော့ တွေ့ပါပြီ ကျွန်တော့်ရဲ့အူကြူးလေးကို။ မုန့်ဆိုင်ရဲ့ ဘေးထောင့်စွန်းလေးမှာ နံရံကိုကပ်မှီရင်း မုန်းနဲ့လေတွေပေါပြီး မုန့်ထိုင်စားနေလေရဲ့။ ကျွန်တော်သူတို့အနားကို သွားလိုက်ပြီး နွေယံ့ဘေးကို ဝင်ထိုင်လိုက်တယ်။ ကျွန်တော်ဝင်ထိုင်လိုက်တော့ နှစ်ယောက်သား ကျွန်တော့်ကို မျက်လုံးလေးအပြူးသားနဲ့ ကြည့်နေလေရဲ့။

“သုတ မင်းရုပ်ရှင်မကြည့်ဘူးလား”

“ငါအတူကြည့်ချင်တဲ့သူက ငါနဲ့အတူမကြည့်ဘဲ တစ်ခြားတစ်ယောက်ကို ထည့်ပေးလိုက်တယ်လေ။ အဲ့ဒါကြောင့် ငါအတူမကြည့်ချင်တဲ့သူကို ရုပ်ရှင်ရုံထဲမှာ ထားခဲ့လိုက်တယ်”

သုတစကားကိုကြားတော့ နွေယံတစ်ယောက် ငြိမ်ကုတ်နေလေရဲ့။

သုတက နွေယံကိုကြည့်ပြီး ပြောနေတာမို့ မုန်းကြောင်အမ်းအမ်းလေး ဖြစ်သွားတယ်။ သုတ ဘာတွေပြောနေတာပါလိမ့်။

“သုတ မင်းပြောတာ ငါနားမလည်ဘူး။ ဘာတွေလည်း သေချာပြော”

“မုန်း မင်းဟာလေ ဒီအသက်အရွယ် ရောက်နေပြီ ဉာဏ်ကတိမ်တုန်း။ ကိုးတန်းခလေးပြောတဲ့ စကားကိုလည်း အကုန်ယုံပြီး လိုက်လုပ်ပေးနေရတယ်လို့”

“ဟမ် ဒါဆို မင်းကနေယံ့ကို ကြိုက်နေတာ မဟုတ်ဘူးလား”

“မဟုတ်ဘူး။ ငါနေယံ့ကို ကြိုက်နေပါတယ်လို့ မင်းကိုဘယ်သူပြောလဲ”

“သူပြောတာ”

မုန်းက နွေယံ့ကို လက်ညှိုးထိုးပြလိုက်တော့ နွေယံက ခေါင်းလေးငုံ့နေရှာတယ်။

“မင်းကလည်း သူပြောတာနဲ့ ယုံတာပဲလား”

“အင်း ငါလည်း မင်းနေယံ့ကို ကြိုက်နေတာထင်တာ”

“ကြိုက်တော့ ကြိုက်တယ်။ နေယံတော့မဟုတ်ဘူး နွေယံ။ တလွဲတွေထင်ပြီး တလွဲတွေလျှောက်လုပ်နေတဲ့ ဒီ‌ခလေးပေါက်ကို ကြိုက်တာ။ အူကြူး ကိုယ့်ကိုကြည့်စမ်း”

သုတအမိန့်ပေးလိုက်တော့ နွေယံက မျက်လုံးလေးပြူးပြီး သူ့ကိုယ်သူ လက်ညှိုးလေး ပြန်ထိုးပြကာ . . .

“ကျွန်တော့်ကို ပြောတာလား” . . .လို့မေးရှာပါတယ်။

“ဟုတ်တယ် မင်းကိုပြောတာ။ အူကြူးဆိုတာ မင်းကိုခေါ်တာ”

ကိုသုတက အူကြူးဆိုတာ ကျွန်တော့်ကိုခေါ်တာတဲ့။ ဒါဆို အစ်ကိုချစ်နေတာ ကျွန်တော်ပေါ့။ ‌ပျော်လိုက်တာဆိုတာ။ အစ်ကို့ နေယံ့ကို ကြိုက်နေတယ်ထင်ပြီး ဘယ်လောက်တောင် စိတ်မကောင်း ဖြစ်ခဲ့ရလဲ အစ်ကိုသိလား။ အစ်ကိုကနေယံ့ကို ချစ်နေတယ်ထင်လို့ အစ်ကိုစိတ်ချမ်းသာပါစေဆိုပြီး နေယံနဲ့နီးစပ်ဖို့အတွက် ကျွန်တော်ကြိုးစားပေးခဲ့တာ။ ကျွန်တော်အစ်ကို့ကို ရင်နာနာနဲ့ နေယံ့လက်ထဲ ထည့်ပေးခဲ့တာ။ နေယံ့လက်ထဲထည့်ပေးဖို့ ကျွန်တော် ဘယ်လောက်တောင် ကြိုးစားခဲ့ရလဲ။ ကျွန်တော်ဘယ်လောက်တောင် ရင်တွေနာပြီး အသဲကွဲခဲ့ရလဲ သိလားအစ်ကို။ အစ်ကိုပျော်ဖို့အတွက် ကျွန်တော်အသဲကွဲခံခဲ့တာ။ ကျွန်‌တော်ချစ်တဲ့အစ်ကို့ကို အမြဲပျော်ရွှင်ပြီး အမြဲပြုံးနေတာလေးပဲ မြင်ချင်ခဲ့တာ။

“ကဲ ကိုနွေယံ ပြောပါဦး။ ကျွန်တော်ထင်ရင် လွဲရိုးထုံးစံမရှိပါဘူးဆို။ မလွဲဘူးဘဲ။ အေးပေါ့ အမွှာတွေဆိုတော့ လွဲတော့မလွဲဘူးပြောရမှာပေါ့”

မုန်းအမြင်ကပ်ကပ်နဲ့ ရွဲ့ပြောလိုက်တော့ . . .

“ကိုမုန်းကလည်း” ဆိုပြီး ခေါင်းလေးငုံ့သွားတာ ပြန်ကိုဖော်မလာတော့ပေ။ လူကြည့်လိုက်တော့ အပျော်လုံး ဆို့နေတဲ့ရုပ်နဲ့။

အဲ့ဒါနဲ့ မုန်းလည်း အမြင်ကပ်ကပ်နဲ့ ဆက်ပြောလိုက်တယ်။

“လွဲမယ့်လွဲတော့လည်း မင်းနဲ့မှ တည့်တည့်ကြီးလွဲတာနော် အံ့ပါရဲ့။ သူ့ကိုယ်သူ ဆရာကြီးလိုလို ဘာလိုလိုနဲ့ ငါကဘာမသိညာမသိ ကူညီခဲ့ရသေးတယ်။ နွေယံတို့များ အံ့ဩပါ့”

“ငါလည်း မင်းကိုအံ့ဩတယ်။ မင်းထက် လေးနှစ်လောက်ငယ်တဲ့ ကလေးရဲ့စကားကို ယုံရတယ်လို့။ မင်းကမှ ပိုအံ့ဩဖို့ကောင်းတာ”

“ဟ . . သူကအတည်ကြီး ပြောနေတာကိုးကွ။ မင်းကလည်း ကြိုက်ရင် အစကတည်းက ပြောပါ့လား။ ဘာလို့ ခုလိုတွေလွဲအောင်လုပ်လဲ”

“သူ့ကို ကိုးတန်းမို့လို့ ငယ်သေးလို့ ဖွင့်မပြောတာလေ။ ဆယ်တန်းအောင်မှ ဖွင့်ပြောမလို့ဘဲ။ ငါကသာ ကလေးထင်နေတာ သူက ကလေးမဟုတ်တော့ဘူး။ အောင်သွယ်တော်တောင် လုပ်နေပြီဆိုတော့ ရည်းစားစကားပြောလို့ရနေပြီ။ ဟုတ်လားအူကြူး”

“ဟုတ်. . .ဟမ် မဟုတ်ပါဘူး”

“ခုမှ ဟုတ်တွေ မဟုတ်တွေလုပ်ပြီး မူမနေနဲ့”

မုန်းပြောလိုက်တော့ မုန်းကိုမျက်စောင်းထိုးလာသူက သုတပါ။ ကြိုက်တောင် မကြိုက်ရသေးဘူး။ ခုကတည်းက သူ့ကလေးဘက်ကနေ ငါ့ကိုမျက်စောင်းထိုးနေပြီ ကောင်စုတ်။ မုန်းလည်း အရှေ့က အလွဲကိုယ်တော်လေး ဘာဆက်ဖြစ်မလဲဆိုတာကို ထိုင်ပဲ ကြည့်နေလိုက်တော့တယ်။

“အူကြူး နောက်ဆို ထင်ရာတွေ လျှောက်မလုပ်နဲ့။ ကိုယ်ချစ်တာ နေယံမဟုတ်ဘူး မင်း။ အဲ့ဒါကို မင်းကိုယ်တိုင်ပဲ မသိတာ။ နေယံတောင်သိတယ်။ လူကြည့်တော့ လည်မလို ဝယ်မလိုနဲ့။ ဘာလုပ်လုပ် တလွဲကြီးပဲ။ ကိုယ်က မင်းကို ကလေးလေးမို့ ဖွင့်ပြောချိန် မတန်သေးလို့ ဖွင့်မပြောတာ။ ခုတော့ ဖွင့်မပြောလို့ မရတော့ဘူး။ မင်းရှေ့ဆက်လွဲနေမှာဆိုးလို့။ ‌ပြီးတော့ မင်းကိုကိုယ်ကသာ ကလေးထင်နေတာ မင်းက အောင်သွယ်တောင် လုပ်နေပြီဆိုတော့ ကလေးလေး မဟုတ်တော့ဘူးပဲ။ အဲ့ဒါကြောင့် အခု ကိုယ်ဖွင့်ပြောရတော့မှာပေါ့ ကိုယ်မင်းကိုချစ်တယ်။ မင်းရော ကိုယ့်ကိုချစ်လား”

“ဟို. . .ခုမှ ဖွင့်ပြောရုံပဲ ရှိသေးတာကို ကျွန်တော်က ဘယ်လိုပြန်ဖြေရမှာလဲ။ ခုနကအထိ အစ်ကို နေယံ့ကိုပဲ ကြိုက်နေတယ်လို့ သိထားတာ။ အဲ့ဒါကို အခု ကျွန်တော့်ကို ချစ်ပါတယ် ပြောလာတော့ ကျွန်တော်က ချက်ချင်းကြီး ဘယ်လို‌ပြန်ဖြေရမလဲ”

ဟုတ်တယ်လေ ကိုယ့်ကိုချစ်တယ်လို့ပြောလို့ ဘယ်လောက်ပဲ ပျော်နေပါစေ ချက်ချင်းကြီး အဖြေပေးစရာလား။ မဟုတ်ရင် ခုနကထိ ကိုယ်ကသူများနဲ့အောင်သွယ်နေပြီး သူ့ကိုမျှော်လင့်နေတယ်လို့ ထင်သွားမှာပေါ့။

“ဒါဆို မင်းက စဉ်းစားချင်သေးတာလား”

“ဟုတ်”

“ကိုယ်က မင်းစဉ်းစားတာကို မစောင့်နိုင်ဘူးဆိုရင်ရော”

“ဟို”

တဟိုဟို တဟုတ်ဟုတ်နဲ့ ဖြစ်နေတဲ့ နွေယံ့ကိုကြည့်ပြီး မုန်းစိတ်မရှည်တော့ပါဘူး။ သူလည်း မကြိုက်တာလည်း မဟုတ်ဘဲနဲ့။ သုတ သူ့ကို ဖွင့်ပြောတုန်းက ရုပ်က အပျော်ပန်းတွေပွင့်နေတာ ငါမမြင်တာကြနေတာပဲ။ အဲ့ဒါကို လာမူနေတယ်။ ကလေးစုတ်လေး။

“ဘာမှ တဟိုဟို လုပ်မနေနဲ့။ အဖြေပေးလိုက်တော့ ငါစိတ်မရှည်တော့ဘူး။ ခုနက သုတမင်းကိုဖွင့်ပြောတုန်းက ပျော်နေတဲ့ မင်းမျက်လုံးတွေကို ငါမြင်တယ်။ မင်းလည်း ကြိုက်နေတယ်မို့လား။ မျက်လုံးတွေက လင်းလက်ပြီး အရောင်တွေကို တောက်နေတာပဲ။ ကြိုက်နေရဲ့သားနဲ့ မူမနေနဲ့။ ကိုယ်ကြိုက်တာပဲ ကိုယ့်ဘာသာကိုယ် ဖွင့်ပြောပါ့လား။ ကိုယ်ချစ်တာကို ရအောင်ယူမယ်မရှိဘူး။ သူများလက်ထဲ အလွယ်တကူ ထိုးပေးနေသေးတယ်။ သုတစိတ်ရှည်ပေမယ့် ငါစိတ်မရှည်ဘူး။ စာကျက်ရအောင် ပြန်ရဦးမှာ။ မြန်မြန်အဖြေပေးလိုက်ကွာ ကြာတယ်။ ကိုယ်လည်း ကြိုက်နေရဲ့သားနဲ့ ကိုယ့်အမွှာနဲ့ အောင်သွယ်ပေးရတယ်လို့။ အံ့ဩတယ် ခုခေတ်ကလေးတွေ ဇွဲကိုမရှိဘူး”

ဟုတ်တယ်လေ မုန်းတုန်းကဆို ချစ်ရဲ့သားနဲ့ထွက်ပြေးနေလို့ မရ ရအောင်လိုက်ပြီး အမိဖမ်းခဲ့ရတာ။ အခု သုတက အလင်းလို ထွက်ပြေးနေတာတောင် မဟုတ်ဘူး။ တည့်တည့်ကြီး ဝင်လာနေတာကို သူကမူနေတယ်။

ဒါ‌တောင်မူနေပြီး ခေါင်းငုံ့နေတာ ပြန်ဖော်မလာတော့ပေ။ စိတ်က သိပ်မရှည်တော့ဘူး။ လွဲသွားတယ်ဆိုကတည်းက ကိုယ့်ဘာသာကိုယ် ရှက်နေရတာ။ ဒီက ရုပ်တည်ကြီးနဲ့ သေချာကိုစီစဉ်ခဲ့တာ။ အိမ်ကြရင်လည်း အကုန်ဝိုင်းပြီးလှောင်တာကို ခံရဦးမယ်။ မင်းကို ယုံစားမိလို့လေ။ သေနာလေး အမြန်အဖြေပေးလိုက်တော့။

“ဟ ဟေ့ကောင်လေး မူမနေနဲ့။ အမြန်လုပ်။ ကြာတယ်။ စာမေးပွဲနီးနေပြီ။ မင်းဘိုးတော်ရော ငါရော စာပြန်ကျက်ရဦးမှာ။ မင်ခုလိုတွေ အချိန်ဆွဲနေလို့ စာကျက်နောက်ကျပြီး မင်းဘိုးတော် စာမေးပွဲကျရင် မင်းအပြစ်မကင်းဘူးနော်။ အမြန်ပေးလိုက် မူမနေနဲ့။ မင်းကြိုက်နေတာ ငါသိတယ်။ ဒီတစ်ခါတော့ ငါထင်တာမလွဲဘူး သေချာတယ်။ မင်းမျက်နှာမှာပေါ်နေတာ အသိအသာကြီး”

“ကဲ အူကြူး ကိုကိုစာပြန်ကျက်ရဦးမယ်ကွာ အမြန်လုပ်။ ကိုယ့်ကို စာမေးပွဲကျစေချင်တာလား”

“ဟင့်အင်”

“ဒါဆို ကိုယ့်ကိုချစ်လား”

“အင်း”

မထူးတော့ဘူးလေ အဖြေပေးရတော့တာပေါ့။ ကိုမုန်းရှေ့မှာ မူနေရတာ အဆင်မပြေဘူး။ ကိုမုန်းနဲ့ မူလို့ကို မရဘူး။ နည်းနည်းပါပါး မူခွင့်ပေးပါဦးလား။ ဘယ်လိုလူကြီးမှန်းကို မသိဘူး။ နည်းနည်းတောင် မူလို့မရဘူး။

“အဲ့ဒါလေးပြောဖို့ကို အဲ့လောက်ကြာရလား။ အင်းချင်တာကြာနေပြီကို မူနေသေးတယ်။ ငါမသိတာကြ”

အဖြေပေးပြီးတော့လည်း အပြောခံ မလွတ်သေးပါဘူး။ ကိုမုန်းက ဘယ်ကတည်းက လူကိုမကျေနပ်နေမှန်းကို မသိဘူး။

“ကိုမုန်း ကျွန်တော့်ကို ဘယ်ကတည်းကများ ပြောချင်နေတာလဲဟင်”

“နေယံနဲ့မင်း လွဲသွားကတည်းကပဲ”

ထိုအချိန်မှာပဲ အနားကို နေယံက ရောက်လာပါတယ်။

“ရှာလိုက်ရတာဗျာ။ အစ်ကိုတို့နှစ်ယောက် ပြန်လာမယ်ထင်ပြီး ကျွန်တော့်မှာ စောင့်နေလိုက်ရတာ။ ရုပ်ရှင်တောင် တစ်ဝက်ပြီးနေပြီ အစ်ကိုတို့က ပြန်မလာဘူး။ ကျွန်တော်လည်း စိတ်မရှည်တာနဲ့ ထွက်လာလိုက်တာ”

“အေးကွာ အားနာလိုက်တာ။ မင်းညီဆီက အခုမှ အဖြေရတာလေ”

“အစ်ကိုကလည်း ကြာလိုက်တာ။ ခုနက ပြောသွားတုန်းကတော့ ဆရာကြီးအထာနဲ့။ ခုကြတော့ အဖြေလေးတစ်ခုရဖို့ အဲ့လောက်ကြာရလား”

“မင်းညီက မူနေလို့လေ။ ဒါတောင် ငါစိတ်မရှည်လို့ ကြားထဲကနေ ဝင်ပြောလိုက်လို့ ခုလေးမှ အဖြေရတာ။ ငါသာဝင်မပြောရင် ဘယ်ချိန်ထိ မူနေမလဲ မသိဘူး။ သုတအဖြေရဖို့ တစ်ပတ်လောက်ကြာနိုင်တယ်”

“ဟားဟား အေးပါဗျာ ကိုမုန်းရာ။ နွေယံမူတာကို မမြင်လိုက်ရတာ နာတယ်ဗျာ။ အဲ့လိုမှန်းသိရင် ကျွန်တော်စောစောထွက်ခဲ့ပါတယ်”

“အေး မင်းစောစောထွက်လာခဲ့သင့်တယ်။ မျက်နှာကြီး မဖုံးနိုင်မဖိနိုင် ပျော်နေပြီး မူရာပိုနေတဲ့ရုပ်ကို မင်းမြင်သင့်တယ်။ တကယ်ဆို မင်းတို့ ခဏလောက်ပဲဖြစ်ဖြစ် ချစ်သူလုပ်လိုက်ရမှာ။ ဒါမှ နွေယံ အသဲကွဲတဲ့ရုပ်ကို မြင်ဖူးမှာ”

“ဟုတ်သားပဲ။ ကျွန်တော် မတွေးမိလိုက်ဘူး ကိုမုန်းရ။ ဒီလိုမှန်းသိ သူစီစဉ်ပေးသလို ဇာတ်လမ်းရိုက်လိုက်ပါတယ်”

“နေယံနော် ကိုမုန်းပြောတိုင်း ငါ့ကို မတရားလိုက်ပြောမနေနဲ့။ ကိုမုန်းကလည်း တစ်ခါလေးမှားမိတာကို ပြောလို့ကို မပြီးတော့ဘူး”

“ဟုတ်ပါ့ကွာ။ မင်းတို့တွေ ငါ့အူကြူးလေးကိုပဲ ဝိုင်းပြောနေကြတယ်”

“ဘယ်လိုခေါ်လိုက်တာ အူကြူးတဲ့လား။ အသဲတွေ ယားလိုက်တာဗျာ။ ခင်ဗျား အဲ့တော်ကီတွေနဲ့တော့ ကျွန်တော့်ညီလေးကို မလှည့်စားနဲ့နော်”

“နေစမ်းပါ ချစ်လို့တောင်မဝတာကို လှည့်စားစရာလား”

“ဝေါ့. . .ဝေါ့”

“ဘာလဲမုန်း။ ကိုယ်ဝန်လား။ ဘယ်နှစ်လလဲ”

“ငါးလဟေ့”

“ထင်ပါတယ်။ အိမ်ရောက်မှ အလင်းကိုပြောရမယ်။ သိပ်မကြမ်းဖို့”

“မသာ သေလိုက်”

“ဒါနဲ့နွေယံ ငါနဲ့ကိုကိုနဲ့ကြိုက်သွားတာကို ကိုကို့ကိုပြန်မပြောနဲ့နော်”

“အမလေးကွာ ကိုကိုတဲ့။ ငါ့ရှေ့မှာ အဲ့လိုတွေ မခေါ်စမ်းပါနဲ့ကွာ။ အူတွေ အသဲတွေယားလို့”

“ခေါ်တော့ဘာဖြစ်လဲ နော်ကိုကို”

မခေါ်ပါနဲ့ဆိုမှ ပိုရွဲ့ပြီး ခေါ်ပြနေတဲ့ နွေယံပါ။ အမြင်ကို ကပ်ဖို့ကောင်းတယ်။ အဲ့လိုမှန်းသိ သူဆင်ပေးတဲ့ဇာတ်လမ်းကို မသိမသာ ကလိုက်ပါတယ်။ ငါကတော့ သူအသဲကွဲမှာဆိုးလို့ သူ့ဘဲကြီးကို အမြန်ဖွင့်ပြောဖို့ ပြောပေးခဲ့ရတာ။ ကျေးဇူးမတင် ဖင်လှန်ပြတဲ့ နွေယံ။

“ခေါ်လေ အိမ်ရောက်ရင် ကိုကို့ကိုပြောလိုက်မယ်။ ကိုသုတနဲ့ နွေယံနဲ့ ကြိုက်နေပါတယ်လို့”

“မင်းကလည်း မပြောနဲ့နော်။ မင်းဘာစားမလဲပြော”

“တကယ်နော်။ အဲ့ဒါဆို မင်းရတဲ့မုန့်ဖိုးကို နေ့တိုင်းငါ့ကိုတစ်ဝက်ပေး”

“ဘာ သေလိုက် မလွန်လွန်းဘူးလား နေယံ”

“အဲ့ဒါဆိုလည်း ကိုကို့ကိုပြောလိုက်မယ်လေ”

“ပြောချင်လည်း ပြောလိုက်တော့ကွာ။ နောက်လည်းသိမယ့်အတူတူ ခုသိလည်း မထူးဘူး”

“အဲ့ဒါဆို သနားသောအားဖြင့် သုံးရက်တစ်ခါ မင်းရဲ့မုန့်ဖိုးတစ်ဝက်ကို ပေးမလား”

“သုံးရက်မှ တစ်ခါပဲနော်။ တစ်နေ့ရတဲ့ မုန့်ဖိုးပဲ ခွဲပေးရမှာမို့လား”

“Yes”

“Ok သဘောတူတယ်။ မင်းကတိကို မင်းတည်”

“Ok ယောင်္ကျားကတိ”

“ကဲမင်းတို့ ‌ညီအစ်ကို အဆင်ပြေသွားပြီဆိုရင်လည်း ငါတို့ပြန်ဦးမယ်။ စာကျက်ရဦးမှာမို့လို့။ သုတပြန်မယ်”

“အူကြူး ကိုကိုပြန်တော့မယ်နော်။ နောက်မှ အေးဆေးတွေ့မယ်။ ညကြစာကျက်ပြီးရင် ကိုကိုဖုန်းခေါ်လိုက်မယ်”

“ဟုတ်ကိုကို တာ့တာ”

“ကိုကိုသွားပြီနော်။ နေယံ အစ်ကိုသွားပြီ”

“ဟုတ်အစ်ကို”

ထိုနေ့က သုတနဲ့နွေယံ ချစ်သူတွေဖြစ်သွားခဲ့ကြသလို ကျွန်တော်လည်း အိမ်ပြန်ရောက်တော့ ရှားတို့မေသူတို့ရဲ့ အလှောင်ကို ခံလိုက်ရပါတော့တယ်။ ကလေးရဲ့စကားကိုယုံပြီး လိုက်လုပ်ပေးလို့ လွဲခဲ့ရတာတဲ့လေ။ တော်သေးတယ် ညီအစ်ကိုချင်းလွဲ့လို့တဲ့ တခြားသူနဲ့လွဲရင် သုတတို့တော့ မုန်းလုပ်ပေးမှ မချစ်တဲ့သူကို ကြိုက်လိုက်ရမယ့်ကိန်းတဲ့။ ရုပ်တည်ကြီးနဲ့ ဟုတ်တိပတ်တိ အောင်သွယ်ပေးနေရှာတဲ့ မုန်းရုပ်ကို ပြန်စဉ်းစားကြည့်တိုင်း ရယ်ချင်တယ်ဆိုပြီး အားရပါရ ရယ်နေပါသော မေသူနဲ့ရှားရယ်ပါ။ မုန်းလိုက်တာဆိုတာ။ နောက်ဆို ဘယ်ကြားမှ မဝင်ဘူး။ မုန်းနာမည်ပျက်တယ်။

[A/N] => စောင့်နေရတာ ကြာသွားလား အသဲတို့ရေ။ အားလည်းနာ တောင်းလည်းတောင်းပန်ပါတယ်နော်။ နောက်ဆို ချစ်၍မုန်းခဲ့သည်နဲ့ မုန်းရဲ့အလင်းရောင်ကို တစ်ရက်စီ Upပေးပါ့မယ်ရှင့်။

****************************

#Zawgyi

ာင္”

မုန္းအခန္းေရွ႕က Bell သံၾကားတာေၾကာင့္ အလင္းတံခါးထဖြင့္ေပးေတာ့ ေတြ႕လိုက္ရတာက ဟိုတစ္ခါ မုန္းနဲ႔လွည္းတန္းစင္တာမွာ ေတြ႕ခဲ့တဲ့ ကေလးေလး။ သူက ကၽြန္ေတာ့္ကေလးေပါက္အိမ္ကို ဘာလာလုပ္ပါလိမ့္။

“ဪ ကိုကိုလည္း ေရာက္ေနတာလား”

အလင္းဘာမွျပန္မေျပာဘဲ ေခါင္းပဲၿငိမ့္ျပလိုက္တယ္။ စိတ္ထဲမွာ မၾကည္တာေၾကာင့္ စကားမေျပာခ်င္ေပမယ့္ ကိုယ္က အႀကီးဆိုေတာ့ မရိုင္းခ်င္တာမို႔ ေခါင္းေတာ့ ၿငိမ့္ျပလိုက္တယ္။ ေခၚပုံကိုလည္းၾကည့္ေလ ကိုကိုတဲ့။ အခ်ိဳးတစ္စက္မွမေျပတဲ့ ေစာင္ကေလး။ ကိုကိုဆိုတာ ငါ့ကေလးေပါက္ပဲ ေခၚတာကြ။

ေႏြတို႔ေရာက္လာတယ္ထင္ၿပီး ေမာ့ၾကည့္ေတာ့ ေတြ႕လိုက္ရတာက ေႏြယံပါ။ ဒီကေလးေလး အိမ္ထိ ဘာလာလုပ္ပါလိမ့္။

“ကိုမုန္းရဲ့ကိုကိုပါ ေရာက္ေနတာေနာ္”

“ေအးေလ စာလာလုပ္တာ။ ခဏေနရင္ က်န္တဲ့သူငယ္ခ်င္းေတြပါ လာၾကမွာ။ မင္းကေရာ ဘာလာလုပ္တာလဲ”

“ကၽြန္ေတာ္က ဒီနားခဏလာရင္း လမ္းၾကဳံလို႔ ဝင္လာတာ။ ဒါနဲ႔ ကၽြန္ေတာ္ ကိုမုန္းကိုေျပာထားတဲ့ကိစၥေလ အဲ့ဒါ ကူညီမွာလား”

“မင္းက တကယ္ေသခ်ာတာလား။ သုတကပါ တကယ္ႀကိဳက္ေနတာ ေသခ်ာရင္ေတာ့ ကူညီမယ္ေလ”

“ေသခ်ာပါတယ္ဗ်ာ။ ကၽြန္ေတာ္ထင္ရင္ လြဲရိုးထုံးစံမရွိပါဘူး။ ကိုမုန္းသာကူညီမယ္ဆိုရင္ အဆင္ေျပၿပီ”

“ေအးပါကြာ ေသခ်ာရင္ ကူညီပါ့မယ္”

“ဒါဆို ဒီတစ္ပတ္ တနဂၤေႏြ ႐ုပ္ရွင္႐ုံကို အပါေခၚခဲ့ေနာ္။ ကၽြန္ေတာ္လည္း ေနယံကိုေခၚလာၿပီး အတြဲခုံျဖတ္ထားလိုက္မယ္။ ကိုမုန္းက ကိုသုတကို အပါေခၚလာခဲ့ေပးဖို႔ပဲလိုတာ။ က်န္တာ ကၽြန္ေတာ္ အကုန္စီစဥ္ထားလိုက္မယ္”

စကားႀကီးစကားက်ယ္ေတြ ေျပာေနပါေသာ ဟိုေစာင္ကေလးနဲ႔ ကိုးတန္းကေလးရဲ့စကားကိုယုံၿပီး ကူညီဖို႔စဥ္းစားေနတဲ့ ကၽြန္ေတာ့္ရဲ့ကေလးေပါက္ပါ။ မသိရင္ ကိစၥႀကီးႀကီးက်ယ္က်ယ္ကို တိုင္ပင္ေနၾကတဲ့အတိုင္းပဲ။ ေခါင္းခ်င္ဆိုင္ ေဆြးေႏြးေနၾကေလရဲ့။ ေဘးကၾကည့္ရတဲ့ကိုယ္က တျဖည္းျဖည္းနဲ႔ အျမင္ကပ္လာတယ္။

ဟိုေစာင္‌ခေလးက လူၾကည့္ေတာ့ကိုးတန္း ႀကီးႀကီးက်ယ္က်ယ္နဲ႔ ကၽြန္ေတာ့္မုန္းေလးကို ဆရာႀကီးလုပ္ေနၿပီး ဆရာႀကီးဒီဇိုင္းနဲ႔ ကၽြန္ေတာ္စီစဥ္ထားလိုက္မယ္ဆိုပဲ။ လူကသာ ကိုးတန္း ေအာင္သြယ္ေတာ္က လုပ္ေနေသးတယ္။ ေအာင္သြယ္တဲ့သူကို ၾကည့္လိုက္ဦး သူ႔အမႊာအစ္ကိုကို ျပန္ေအာင္သြယ္ေနတာ။ ကၽြန္ေတာ့္မုန္းေပါက္ကိုလည္း အံ့ဩတယ္။ ဒီခေလးစကားကို သူက ဘာေတြယုံၾကည္ၿပီး ကူညီေပးေနပါလိမ့္။ သူ႔ကိုဆရာႀကီးလုပ္ေနတာကိုလည္း မသိဘဲ မသိရွာတာလား သိရဲ့သားနဲ႔ ၿငိမ္ခံေနတာလား မသဲကြဲဘူး။ အေရးႀကီးကိစၥတိုင္ပင္ေနတဲ့ သူတို႔ႏွစ္ေယာက္ကို အသာၾကည့္ေနလိုက္ေတာ့တယ္။ လုပ္ခ်င္ရာသာ လုပ္ပါေတာ့ခေလးေတြ။

“အဲ့ဒါဆိုကိုမုန္း ကၽြန္ေတာ္ျပန္ေတာ့မယ္ေနာ္”

“ေအးေအး ဂ႐ုစိုက္လည္းျပန္ဦး”

“ဟုတ္ကဲ့ ျပန္ၿပီေနာ္။ ဒီတစ္ပတ္ တနဂၤေႏြေနာ္။ စိတ္ခ်မယ္ေနာ္ ကိုမုန္း”

“ေအးပါကြာ စိတ္ခ်ပါ”

“အင္းၿပီးေရာ ကိုကို႔ ကၽြန္ေတာ္ျပန္ၿပီ တာတာ့။ ကိုမုန္း တာ့တာ”

စကားႀကီးစကားက်ယ္ေတြ ေျပာတဲ့ခေလးေလး ျပန္သြားေတာ့မွ မုန္းကိုေမးရတယ္။

“မုန္း တကယ္ကူညီမလို႔လား”

“အင္းေလ ဘာလို႔”

“အဲ့ကိုးတန္းခေလးေလးေျပာတဲ့စကားကို မုန္းကယုံတယ္လား”

“အင္း သုတလည္း ႀကိဳက္ေနတယ္လို႔ မုန္းလည္းထင္ေနတာမို႔ ကူညီမွာ။ ဘာလို႔လဲ”

“ဘာမွမျဖစ္ပါဘူး ဒီတိုင္းေမးၾကည့္တာ”

“အင္း”

“ဒါနဲ႔မုန္းအိမ္ကို သူကဘယ္လိုသိတာလဲ”

“ေျမာင္းျမမွာတုန္းက အိမ္လိုက္စာေပးထားတာ”

“ဪ”

“ဒါနဲ႔ ကိုကို႔ မုန္းတို႔ အတူတူေနရေအာင္ေလ”

“ဟမ္”

ေကာက္ခါငင္ခါထေျပာလာတဲ့ မုန္းရဲ့စကားေၾကာင့္ လူကအံ့ဩသြားရတယ္။ ဒီကေလး ေနရင္းထိုင္ရင္း ဘာျဖစ္တာပါလိမ့္။

“မဟမ္နဲ႔ ကိုကိုက ေအာက္မွာေန”

ဘုရား ဘုရား ကၽြန္ေတာ့္ကို ေအာက္မွာေနတဲ့။ သူအေပၚမွာေနတုန္းက ကိုယ့္မွာ နာက်င္မႈကအျပည့္။ ကိုယ့္ပထမဦးဆုံးေလးက မေခ်ာေမြ႕ခဲ့ဘူး။ အမယ္ေလး သူေျပာလိုက္တာေလးကေတာ့ လြယ္လိုက္တာ ေပါ့ေပါ့ပါးပါးပဲ ေအာက္မွာေနတဲ့။ မသိရင္ဘဲ သူကဒီလိုေနရာမွာ ဆရာႀကီးလိုလို ဘာလိုလိုနဲ႔။ ကၽြန္ေတာ့္ရဲ့မုန္းေလးကို အစလုပ္မိတာ မွားၿပီထင္ပါတယ္ဗ်ာ။ ေမ်ာက္ ပုေလြေပးမိတာထက္ ဆိုးေတာ့မယ္။

“ကဲ ခေလးေပါက္စာလုပ္။ ခဏေနရင္ ေႏြတို႔ေရာက္လာေတာ့မွာ။ လိမၼာတယ္ေနာ္”

“ကိုကိုကလည္း”

“ခေလးေပါက္ကလည္း”

“ကိုကို႔”

“ခေလးေပါက္”

“ကိုကို မွတ္ထားေနာ္”

“ဘာကိုမွတ္ထားရမွာ”

“ကိုကိုလိုခ်င္လည္း မုန္းမေပးဘူးၾကည့္ေန”

“ဟားဟား ေအးပါကြာ အသဲေပါက္ရာ။ အဲ့ဒါကို ကေလးမုန႔္ပူဆာသလို ပူဆာေနရသလား အသဲေပါက္ရဲ့။ ခဏေနရင္ ေႏြတို႔ရွားတို႔လည္း ေရာက္လာေတာ့မွာေလ မုန္းေလးရဲ့။ လိမၼာတယ္ေနာ္ ခုေတာ့ စာလုပ္လိုက္ဦး။ ေနာက္မွ အားတဲ့အခါ မုန္းျဖစ္ခ်င္တာကို လိုက္ေလ်ာေပးမယ္ Ok”

“တကယ္ေနာ္”

“တကယ္ပါဗ်ာ ကတိ”

လက္သန္းေလး‌ေထာင္ၿပီး ေကြးေပးလိုက္ေတာ့ ဝမ္းသာအားရ လာခ်ိတ္ပါတယ္။ ထိုေန႔က တစ္ေနကုန္စာလုပ္ရင္း ကၽြန္ေတာ့္မုန္းေလး ထိုကိစၥကို ေမ့သြားေအာင္ အမ်ိဳးမ်ိဳး ႀကိဳးစားခဲ့ရတယ္။ တစ္ခါတေလၾကေတာ့လည္း ညာတာပါေတး ေျပာတတ္ရတာေပါ့။

***************

တနဂၤေႏြေန႔မနက္ကိုေရာက္တဲ့အခါ ေႏြယံ‌ေျပာထားတဲ့ အစီအစဥ္အတိုင္း သုတကို ႐ုပ္ရွင္႐ုံကို အပါေခၚဖို႔ စတင္ၿပီး ႀကိဳစားလိုက္တယ္။

“သုတ ငါတို႔႐ုပ္ရွင္သြားၾကည့္ရေအာင္”

“မၾကည့္ခ်င္ပါဘူး”

“ငါၾကည့္ခ်င္လို႔ လိုက္ခဲ့ေပးပါကြာေနာ္”

“ေဟ့ေကာင္ မင္းကိုကိုနဲ႔မင္း သြားပါလားကြာ”

“ငါ့ကိုကိုက စာေမးပြဲနားနီးလို႔ စာက်က္ေနတာကြ”

“ဟ ေဟ့ေကာင္ရ ငါလည္း စာေမးပြဲနား နီးေနၿပီေလကြာ။ ငါလည္း စာက်က္ရဦးမယ္ကြ။ စာေတြမရေသးဘူး။ မင္း ေတာ္ေတာ္ မ်က္ႏွာလိုက္တဲ့ေကာင္။ မင္းကိုကိုပဲ ေက်ာင္းသားလား။ ငါကေရာ”

“ဟ ငါ့ကိုကိုက ေဆးေက်ာင္းသားကြ။ မင္းက နည္းပညာေက်ာင္းသား။ စာအနည္းအမ်ား ကြာတယ္။ မင္းကကိုကို႔ထက္ စာနည္းနည္း‌ေလး နည္းၿပီး ကိုကိုက မင္းထက္ စာနည္းနည္း ပိုမ်ားတယ္ကြ။ အဲ့ဒါေၾကာင့္ မင္းလိုက္ခဲ့ေပးပါကြာေနာ္”

“ေဟ့ေကာင္ မင္းကိုကိုက ဉာဏ္ေကာင္းၿပီး ငါက မင္းကိုကိုေလာက္ ဉာဏ္မေကာင္းတာေလးလည္း ထည့္ေျပာဦးေလကြာ”

“မင္းကလည္း”

မုန္းငိုမဲ့မဲ့ျဖစ္ေတာ့ မုန္းအႀကံကိုသိတဲ့အလင္းက ၾကားထဲက ဝင္ကူၿပီး ေျပာေပးလိုက္တယ္။

“လိုက္သြားေပးလိုက္ပါ သုတရာ။ ခဏေလးပဲဟာကို မင္းကလည္း”

“မင္းတို႔ လင္လင္ေတြ ေတာ္ေတာ္လြန္တယ္။ ငါ့ကိုဆို ႏွစ္ေယာက္ေပါင္းၿပီး အနိုင္က်င့္ၾကတယ္။ ငါလည္း ရည္းစားျမန္ျမန္ရမွ ျဖစ္မယ္။ FAျဖစ္ရတာ အနိုင္က်င့္ပဲ ခံေနရတယ္။ ဟဲ့မိရွား ငါတို႔တြဲရေအာင္”

မုန္းနဲ႔အလင္းကို မေက်မနပ္ေျပာလိုက္ရင္း မိရွားကို လွည့္ေျပာလိုက္ေတာ့ ျပန္ရလိုက္တာက မိရွားရဲ့က်ိန္စာ။

“ေသလိုက္”

“ေစတနာနဲ႔ ငါက အနစ္နာခံေပးမလို႔ကို။ ဒီထဲမွာ နင္နဲ႔ငါပဲ လူလြတ္ေနာ္။ ငါမွနင့္ကို အနစ္နာခံၿပီး တြဲမေပးရင္ နင္တစ္ေယာက္တည္း FAမႀကီး ျဖစ္က်န္ခဲ့မွာစိုးလို႔။ ငါကနင့္ကိုသနားလို႔ ကူညီေပးမလို႔ေနာ္”

“ထပ္ၿပီး အရွမခံနိုင္ဘူးေဟ့။ မုန္းတစ္ေယာက္နဲ႔တင္ ရွရာဗလပြနဲ႔။ ငါ့ကိုတကယ္သနားရင္ ဒဏ္ရာေတြထပ္ေပးဖို႔ မစဥ္းစားနဲ႔ငသု”

ငသုအေၾကာင္းကို မုန္းေျပာျပထားလို႔ ရွားကသိထားတာေၾကာင့္ ဒဲ့ေစာ္လိုက္ပါေတာ့တယ္။

“မသာမ ကူညီလို႔ကို မရဘူး”

ငသုတစ္ေယာက္ အနာေပၚဒုတ္က်ၿပီး ရွားကိုဆဲပါေလေရာ။

“ကဲ အမုန္းေရာင္ သြားမယ္ဆိုလည္းထ။ အကၤ်ီေလးဘာေလး လဲဝတ္။ ၿပီးရင္သြားမယ္။ မင္းတို႔အားလုံး ဒီကမၻာမွာ ငါ့ကိုႏွိပ္စက္ဖို႔မ်ား ေမြးဖြားလာၾကသလား မွတ္ရတယ္”

“နာမည္ေခၚတာႀကီးကလည္း ဘာလဲအမုန္းေရာင္။ မွားေခၚတာလား”

သုတက အမုန္းေရာင္လို႔‌ေခၚလို႔ မွားေခၚတယ္ထင္ၿပီး မုန္းက ေမးလိုက္တာပါ။ ဒါေပမဲ့ ငသုျပန္ေျဖတဲ့ အေျဖက . . .

“မမွားဘူးေဟ့ ရြဲ႕ေခၚတာ။ မင္းတို႔ႏွစ္ေယာက္ေပါင္းၿပီး ငါ့ကို ဒုကၡေပးၾကလြန္းလို႔ မင္တို႔လင္လင္ႏွစ္ေယာက္ကို ေပါင္းေခၚတာ။ ရွင္းၿပီလား”

“မသိပါဘူး မွားမ်ားေခၚသလားလို႔”

“မမွားဘူး။ ထျမန္ျမန္လုပ္။ သြားမယ္”

အားလုံးျပင္ဆင္ျပင္ၿပီးေတာ့ လွည္းတန္းစင္တာကို ခ်ီတက္ခဲ့ၾကတယ္။ လွည္းတန္းစင္တာေရာက္ေတာ့ အမႊာႏွစ္ေကာင္က အဆင္သင့္ ေစာင့္ေနေလရဲ့။

“ကိုမုန္း ကၽြန္ေတာ္တို႔ဒီမွာ”

ေႏြယံက မုန္းတို႔ကို လက္လွမ္းျပေတာ့ သုတက မုန္းကိုေမးပါေလေရာ။

“ငါတို႔ႏွစ္ေယာက္တည္း ၾကည့္မွာမဟုတ္ဘူးလားမုန္း။ သူတို႔ႏွစ္ေယာက္က ဘယ္ကေရာက္လာတာလဲ”

သုတစိတ္ထဲမွာ သိပ္မသကၤာလို႔ ေမးၾကည့္လိုက္တာပါ။ မုန္း တစ္ခုခုကို ႀကံစည္ေနတယ္လို႔ စိတ္ထဲက သိေနတယ္။

“ဟို. . .‌သူတို႔ႏွစ္ေယာက္ကပါ ၾကည့္ခ်င္တယ္ဆိုတာနဲ႔ အတူတူၾကည့္လို႔ရေအာင္ ေခၚလိုက္တာ”

“ဪ”

“ေႏြယံ လက္မွတ္ျဖတ္ၿပီးၿပီလား”

“ဟုတ္ ကိုမုန္း ကၽြန္ေတာ္ျဖတ္ခဲ့ၿပီးၿပီ။ ေရာ့ေနယံ ဒါကမင္းလက္မွတ္။ ေရာ့ ဒါက ကိုသုတလက္မွတ္။ ကၽြန္ေတာ္နဲ႔ကိုမုန္းက အကုန္လုံးစားဖို႔ မုန႔္သြားဝယ္လိုက္ဦးမယ္ေနာ္”

မုန႔္ဝယ္ထြက္သြားတဲ့ ေႏြယံနဲ႔မုန္းက ႐ုပ္ရွင္ျပခါနီးအထိ ေပၚမလာတာေၾကာင့္ ႐ုပ္ရွင္႐ုံထဲကို အရင္ဝင္ႏွင့္ၿပီး သူတို႔အလာကိုေစာင့္ဖို႔ ဆုံးျဖတ္လိုက္တယ္။

႐ုပ္ရွင္႐ုံထဲကိုေရာက္ေတာ့မွ သိလိုက္ရတာက ကၽြန္ေတာ္နဲ႔ေနယံအတြက္ ေႏြယံေပးခဲ့တဲ့ လက္မွတ္က စုံတြဲခုံျဖစ္ေနတာပါပဲ။

ထိုအခါမွ ေႏြယံနဲ႔မုန္းရဲ့အႀကံကို သတိထားလိုက္မိတယ္။ ကၽြန္ေတာ္သတိထားမိတဲ့အခ်ိန္မွာမွ ေနယံလည္း ေႏြယံ့ရဲ့အႀကံကို ရိပ္မိသြားပုံရတယ္။ သူ႔အမႊာညီအစား ကၽြန္ေတာ့္ကို ေတာင္းပန္ပါေတာ့တယ္။

“sorry ေနာ္အစ္ကို။ ေႏြယံ့အစား ကၽြန္ေတာ္ကပဲ အစ္ကို႔ကို ေတာင္းပန္ပါတယ္။ အားလည္းနာတယ္အစ္ကို”

“ရပါတယ္ကြာ။ ဒါနဲ႔သူက ဘာလို႔ဒီလိုလုပ္တာလဲ”

“သူက ကၽြန္ေတာ္ အစ္ကို႔ကို ႀကိဳက္ေနတယ္ထင္ေနတာ။ အစ္ကိုကလည္း ကၽြန္ေတာ့္ကို ႀကိဳက္ေနတယ္ထင္ၿပီး ဖြင့္မေျပာရဲ ျဖစ္ေနတယ္လို႔ သူကထင္ၿပီး ခုလို လုပ္ေပးတာေနမွာေပါ့”

“သူက ဘာလို႔ အဲ့လိုထင္ရတာလဲ”

“အစ္ကိုသူ႔ကိုႀကိဳက္ေနတာကို သူမသိလို႔ေနမွာေပါ့”

“ဟင္”

ကၽြန္ေတာ့္ အံ့ဩတႀကီး ေနယံ့ကိုၾကည့္လိုက္မိေတာ့ ေနယံက ကၽြန္ေတာ့္ကိုရယ္ၿပီးေတာ့ ၾကည့္လာတယ္။

“မအံ့ၾသပါနဲ႔အစ္ကိုရာ။ ကၽြန္ေတာ္သိပါတယ္ဗ်ာ။ ေျမာင္းျမမွာထဲက ရိပ္မိေနတာ”

“ဟမ္! ဘယ္လိုသိတာလဲ”

“ဒီလိုပဲ သိတာေပါ့ဗ်။ အစ္ကို သူ႔ကိုၾကည့္တဲ့ အၾကည့္ေတြက မရိုးသားဘူးေလ။ ေႏြယံအရက္မူးတဲ့ညက အစ္ကိုနဲ႔သူ အတူတူ အိပ္တယ္မို႔လား။ အစ္ကိုသူ႔ႏႈတ္ခမ္းေလးေတြကို ကိုင္ၾကည့္ၿပီး ျပဳံးေနတာကို ကၽြန္ေတာ္ေတြ႕တယ္”

“ဟာကြာ”

ရွက္လိုက္တာဗ်ာ။ ကၽြန္ေတာ့္မွာေတာ့ ဘယ္သူမွမသိဘူးထင္ၿပီး ကိုယ့္ကိုယ္ကို ဟုတ္လွၿပီ ထင္ေနခဲ့တာ။ ေနယံက သိေနတယ္တဲ့လား။ မ်က္ႏွာႀကီး ဘယ္နားသြားထားရမွန္းေတာင္ မသိေတာ့ဘူး။

“ရွက္မေနပါနဲ႔ေတာ့ဗ်ာ”

“ေအးပါကြာ ရွက္တာကေတာ့ ရွက္တာပဲကြ။ ဒါနဲ႔ ေနပါဦး ေႏြယံက မင္းငါ့ကို ႀကိဳက္ေနတယ္လို႔ ဘာလို႔ထင္တာလဲ”

“အစ္ကို သူ႔ကိုခိုးၾကည့္တဲ့အခ်ိန္တိုင္း ကၽြန္ေတာ္က သူ႔ေဘးမွာေလ။ အစ္ကို သူ႔ကိုၾကည့္တာကို ကၽြန္ေတာ့္ကိုၾကည့္ေနတယ္လို႔ ထင္လို႔ ေနမွာေပါ့။ ကၽြန္ေတာ့္မွာ ေကာင္မေလးရွိတာလည္း သူမသိဘူး။ သူ႔ကိုလည္း ေျပာျပမထားဘူး။ သူသိရင္ ေမေမတို႔သိမွာဆိုးလို႔ မေျပာျပတာ။ အဲ့ဒါေၾကာင့္ ကၽြန္ေတာ္အစ္ကို႔ကို ႀကိဳက္ေနတယ္ထင္ၿပီး သူက တလြဲေတြေတြးၿပီး ခုလိုေတြ ေလၽွာက္လုပ္ေနတာ”

“ဪ”

“အစ္ကိုလည္းႀကိဳက္ေနရင္ ဖြင့္ေျပာလိုက္ပါဗ်ာ။ အစ္ကိုကသာ ကၽြန္ေတာ္တို႔ကို ကေလးထင္ေနတာ။ ကေလးမို႔ ငယ္ေသးတယ္ ဖြင့္ေျပာလို႔ မသင့္ေသးဘူးလို႔ ေတြးေနတာ။ ကၽြန္ေတာ္ဆို ရည္းစားေတာင္ရေနၿပီ။ ေႏြယံဆို ကၽြန္ေတာ္နဲ႔ အစ္ကို႔ကိုေတာင္ ေအာင္သြယ္ေပးေနတာကို။ အခ်စ္မွာ ငယ္တယ္ႀကီးတယ္ မရွိပါဘူးဗ်ာ။ ခ်စ္ရင္ခ်စ္တယ္လို႔ ပြင့္ပြင့္လင္းလင္း ေျပာလိုက္ပါဗ်ာ”

“ေအးပါကြာ မင္းတို႔ေခတ္ပဲ လုပ္ၾကေပါ့။ ငါ့မွာေတာ့ ေႏြယံက ငယ္‌လြန္းေသးတယ္။ ဆယ္တန္းေအာင္မွ ဖြင့္ေျပာမယ္လို႔ စိတ္ကူးထားတာ။ ခုသူကေတာ့ ငါ့ကို သူ႔အမႊာနဲ႔ေတာင္ ျပန္ေအာင္သြယ္ေပးေနရတယ္လို႔။ မင္းတို႔ ခုေခတ္ခေလးေတြ တကယ္မလြယ္ဘူး”

“ဒါနဲ႔ အစ္ကို႔ကိုေမးဦးမယ္။ ကၽြန္ေတာ္နဲ႔ေႏြယံကိုေတာ္ေတာ္မ်ားမ်ားက မခြဲတတ္ၾကဘူး။ အိမ္မွာ ေဖေဖနဲ႔ကိုကိုနဲ႔ဆို ကၽြန္ေတာ္တို႔ႏွစ္ေယာက္ကို အျမဲမွားေခၚတာ။ ေမေမတစ္ေယာက္ပဲ ကၽြန္ေတာ္တို႔ကို လူမမွားဘဲ ေသခ်ာခြဲတတ္တာ။ အစ္ကိုကၾက ၾကည့္လိုက္တာနဲ႔ တန္းသိတယ္ေနာ္။ ကၽြန္ေတာ္တို႔ကို ဘယ္လိုခြဲသိတာလဲ”

“ႏွလုံးသားက အလိုလိုသိ‌ေနတာ။ မင္းတို႔ လူခ်င္း တူခ်င္‌တူမယ္။ ဒါေပမဲ့ ငါ့ႏွလုံးသားကို ရင္ခုန္ေအာင္လုပ္နိုင္တာက ေႏြယံပဲ။ မင္းနဲ႔ေတြ႕ရင္ ငါ့ရင္ခုန္သံက ပုံမွန္ပဲ။ ဒါေပမဲ့ ေႏြယံနဲ႔ေတြ႕ရင္ ငါ့ရင္ခုန္သံေတြ ဝုန္းဒိုင္းၾကဲလာတယ္။ အဲ့ေတာ့ မင္းတို႔ႏွစ္ေယာက္ကို ရင္ခုန္သံကို နားေထာင္ၿပီး ရင္ခုန္သံနဲ႔ ခြဲလိုက္တယ္ကြာ”

“ေအးပါဗ်ာ ခင္ဗ်ားကလည္း က‌‌ဗ်ာဆန္လိုက္တာ။ ေတာ္ကီကလည္း ႂကြယ္ပါ့”

“အခ်စ္က ေတာ္ကီႂကြယ္ေအာင္ သင္ေပးလိုက္တာ။ ဒါနဲ႔ မင္းေကာင္မေလးကေရာ မင္းတို႔ကို ခြဲတတ္လား”

“သူလည္း သိပ္မခြဲတတ္ဘူး။ သူ႔ကို ဘယ္လိုခြဲလဲေမးေတာ့ ေအးတာနဲ႔ သြက္တာကိုၾကည့္ၿပီး ခြဲတာတဲ့။ ၿပီးေတာ့ နားေနာက္က မွည့္ေလးကိုၾကည့္ၿပီး ခြဲတယ္လို႔ေျပာတာပဲ။ ကၽြန္ေတာ့္နားေနာက္မွာ မွည့္ပါတယ္ေလ။ ဒီမွာ”

ေနယံက နားရြက္ေလးကို ဆြဲၿပီးလွန္ျပေတာ့ သုတလည္း ၾကည့္လိုက္ပါတယ္။ အဟုတ္ပဲ ေနယံ့မွာ မွည့္ေလးပါေနတာပဲ။ ကၽြန္ေတာ္ သတိမထားမိခဲ့ဘူး။

“ေအးကြ။ မင္းမွာ မွည့္ပါတာကို ငါသတိမထားမိဘူး။ မင္တို႔ႏွစ္ေယာက္ကိုေတြ႕ရင္ ေႏြယံ့ကို ၾကည့္မဝျဖစ္ေနရတာနဲ႔တင္ မင္းကို ေသခ်ာမၾကည့္မိဘူး။ မင္းေကာင္မေလးကမင္းကို ငါေႏြယံ့ကို ခ်စ္သေလာက္ မခ်စ္ဘူးထင္တယ္။ သူက မင္းတို႔ကို အမူအရာနဲ႔မွည့္နဲ႔မွ ခြဲတတ္တာ။ ငါဆို အဲ့ဒါေတြမလိုဘူး။ ႏွလုံးသားကကို အလိုလိုသိတာ”

“ေအးပါဗ်ာ ခင္ဗ်ား အဲ့ေလာက္ ေတာ္ကီႂကြယ္တာ‌ကိုေတာင္ အခုထိ ရည္းစားမရေသးဘူးေနာ္”

“ဟ အခ်စ္စစ္ကိုေတြ႕မွ ထားမယ္လို႔ ဆုံးျဖတ္ထားလို႔ ရည္းစားမထားတာကြ။ အခ်စ္စစ္ကိုေတြ႕ေတာ့လည္း အခ်စ္က ငယ္လြန္းေသးတယ္ဆိုၿပီး ေစာင့္ေနတာ။ ခုေတာ့ မေစာင့္ေတာ့ဘူးေဟ့ေကာင္ေရ ငါအျမန္သြားၿပီး ဖြင့္ေျပာမွ ျဖစ္ေတာ့မယ္”

“သြားပါဗ်ာ။ ျမန္ျမန္ေလးလည္းသြား။ ႐ုပ္ရွင္က စ’ေတာ့မွာ။ ခင္ဗ်ားသူ႔ကို အျမန္ဖြင့္ေျပာၿပီး အျမန္ေခၚလာခဲ့။ ကၽြန္ေတာ္ သူလာတာနဲ႔ လူခ်င္းလဲေပးမယ္ Ok”

“Ok ေက်းဇူးပါကြာ”

သုတ ႐ုပ္ရွင္႐ုံထဲက အျမန္ျပန္ထြက္လာၿပီး ေႏြယံ့ကို ရွာရ‌ေတာ့တယ္။ စင္တာအႏွံ့ ရွာၿပီးတဲ့အခ်ိန္မွာေတာ့ ေတြ႕ပါၿပီ ကၽြန္ေတာ့္ရဲ့အူၾကဴးေလးကို။ မုန႔္ဆိုင္ရဲ့ ေဘးေထာင့္စြန္းေလးမွာ နံရံကိုကပ္မွီရင္း မုန္းနဲ႔ေလေတြေပါၿပီး မုန႔္ထိုင္စားေနေလရဲ့။ ကၽြန္ေတာ္သူတို႔အနားကို သြားလိုက္ၿပီး ေႏြယံ့ေဘးကို ဝင္ထိုင္လိုက္တယ္။ ကၽြန္ေတာ္ဝင္ထိုင္လိုက္ေတာ့ ႏွစ္ေယာက္သား ကၽြန္ေတာ့္ကို မ်က္လုံးေလးအျပဴးသားနဲ႔ ၾကည့္ေနေလရဲ့။

“သုတ မင္း႐ုပ္ရွင္မၾကည့္ဘူးလား”

“ငါအတူၾကည့္ခ်င္တဲ့သူက ငါနဲ႔အတူမၾကည့္ဘဲ တစ္ျခားတစ္ေယာက္ကို ထည့္ေပးလိုက္တယ္ေလ။ အဲ့ဒါေၾကာင့္ ငါအတူမၾကည့္ခ်င္တဲ့သူကို ႐ုပ္ရွင္႐ုံထဲမွာ ထားခဲ့လိုက္တယ္”

သုတစကားကိုၾကားေတာ့ ေႏြယံတစ္ေယာက္ ၿငိမ္ကုတ္ေနေလရဲ့။

သုတက ေႏြယံကိုၾကည့္ၿပီး ေျပာေနတာမို႔ မုန္းေၾကာင္အမ္းအမ္းေလး ျဖစ္သြားတယ္။ သုတ ဘာေတြေျပာေနတာပါလိမ့္။

“သုတ မင္းေျပာတာ ငါနားမလည္ဘူး။ ဘာေတြလည္း ေသခ်ာေျပာ”

“မုန္း မင္းဟာေလ ဒီအသက္အရြယ္ ေရာက္ေနၿပီ ဉာဏ္ကတိမ္တုန္း။ ကိုးတန္းခေလးေျပာတဲ့ စကားကိုလည္း အကုန္ယုံၿပီး လိုက္လုပ္ေပးေနရတယ္လို႔”

“ဟမ္ ဒါဆို မင္းကေနယံ့ကို ႀကိဳက္ေနတာ မဟုတ္ဘူးလား”

“မဟုတ္ဘူး။ ငါေနယံ့ကို ႀကိဳက္ေနပါတယ္လို႔ မင္းကိုဘယ္သူေျပာလဲ”

“သူေျပာတာ”

မုန္းက ေႏြယံ့ကို လက္ညႇိုးထိုးျပလိုက္ေတာ့ ေႏြယံက ေခါင္းေလးငုံ႔ေနရွာတယ္။

“မင္းကလည္း သူေျပာတာနဲ႔ ယုံတာပဲလား”

“အင္း ငါလည္း မင္းေနယံ့ကို ႀကိဳက္ေနတာထင္တာ”

“ႀကိဳက္ေတာ့ ႀကိဳက္တယ္။ ေနယံေတာ့မဟုတ္ဘူး ေႏြယံ။ တလြဲေတြထင္ၿပီး တလြဲေတြေလၽွာက္လုပ္ေနတဲ့ ဒီ‌ခေလးေပါက္ကို ႀကိဳက္တာ။ အူၾကဴး ကိုယ့္ကိုၾကည့္စမ္း”

သုတအမိန႔္ေပးလိုက္ေတာ့ ေႏြယံက မ်က္လုံးေလးျပဴးၿပီး သူ႔ကိုယ္သူ လက္ညႇိုးေလး ျပန္ထိုးျပကာ . . .

“ကၽြန္ေတာ့္ကို ေျပာတာလား” . . .လို႔ေမးရွာပါတယ္။

“ဟုတ္တယ္ မင္းကိုေျပာတာ။ အူၾကဴးဆိုတာ မင္းကိုေခၚတာ”

ကိုသုတက အူၾကဴးဆိုတာ ကၽြန္ေတာ့္ကိုေခၚတာတဲ့။ ဒါဆို အစ္ကိုခ်စ္ေနတာ ကၽြန္ေတာ္ေပါ့။ ‌ေပ်ာ္လိုက္တာဆိုတာ။ အစ္ကို႔ ေနယံ့ကို ႀကိဳက္ေနတယ္ထင္ၿပီး ဘယ္ေလာက္ေတာင္ စိတ္မေကာင္း ျဖစ္ခဲ့ရလဲ အစ္ကိုသိလား။ အစ္ကိုကေနယံ့ကို ခ်စ္ေနတယ္ထင္လို႔ အစ္ကိုစိတ္ခ်မ္းသာပါေစဆိုၿပီး ေနယံနဲ႔နီးစပ္ဖို႔အတြက္ ကၽြန္ေတာ္ႀကိဳးစားေပးခဲ့တာ။ ကၽြန္ေတာ္အစ္ကို႔ကို ရင္နာနာနဲ႔ ေနယံ့လက္ထဲ ထည့္ေပးခဲ့တာ။ ေနယံ့လက္ထဲထည့္ေပးဖို႔ ကၽြန္ေတာ္ ဘယ္ေလာက္ေတာင္ ႀကိဳးစားခဲ့ရလဲ။ ကၽြန္ေတာ္ဘယ္ေလာက္ေတာင္ ရင္ေတြနာၿပီး အသဲကြဲခဲ့ရလဲ သိလားအစ္ကို။ အစ္ကိုေပ်ာ္ဖို႔အတြက္ ကၽြန္ေတာ္အသဲကြဲခံခဲ့တာ။ ကၽြန္‌ေတာ္ခ်စ္တဲ့အစ္ကို႔ကို အျမဲေပ်ာ္ရႊင္ၿပီး အျမဲျပဳံးေနတာေလးပဲ ျမင္ခ်င္ခဲ့တာ။

“ကဲ ကိုေႏြယံ ေျပာပါဦး။ ကၽြန္ေတာ္ထင္ရင္ လြဲရိုးထုံးစံမရွိပါဘူးဆို။ မလြဲဘူးဘဲ။ ေအးေပါ့ အမႊာေတြဆိုေတာ့ လြဲေတာ့မလြဲဘူးေျပာရမွာေပါ့”

မုန္းအျမင္ကပ္ကပ္နဲ႔ ရြဲ႕ေျပာလိုက္ေတာ့ . . .

“ကိုမုန္းကလည္း” ဆိုၿပီး ေခါင္းေလးငုံ႔သြားတာ ျပန္ကိုေဖာ္မလာေတာ့ေပ။ လူၾကည့္လိုက္ေတာ့ အေပ်ာ္လုံး ဆို႔ေနတဲ့႐ုပ္နဲ႔။

အဲ့ဒါနဲ႔ မုန္းလည္း အျမင္ကပ္ကပ္နဲ႔ ဆက္ေျပာလိုက္တယ္။

“လြဲမယ့္လြဲေတာ့လည္း မင္းနဲ႔မွ တည့္တည့္ႀကီးလြဲတာေနာ္ အံ့ပါရဲ့။ သူ႔ကိုယ္သူ ဆရာႀကီးလိုလို ဘာလိုလိုနဲ႔ ငါကဘာမသိညာမသိ ကူညီခဲ့ရေသးတယ္။ ေႏြယံတို႔မ်ား အံ့ဩပါ့”

“ငါလည္း မင္းကိုအံ့ဩတယ္။ မင္းထက္ ေလးႏွစ္ေလာက္ငယ္တဲ့ ကေလးရဲ့စကားကို ယုံရတယ္လို႔။ မင္းကမွ ပိုအံ့ဩဖို႔ေကာင္းတာ”

“ဟ . . သူကအတည္ႀကီး ေျပာေနတာကိုးကြ။ မင္းကလည္း ႀကိဳက္ရင္ အစကတည္းက ေျပာပါ့လား။ ဘာလို႔ ခုလိုေတြလြဲေအာင္လုပ္လဲ”

“သူ႔ကို ကိုးတန္းမို႔လို႔ ငယ္ေသးလို႔ ဖြင့္မေျပာတာေလ။ ဆယ္တန္းေအာင္မွ ဖြင့္ေျပာမလို႔ဘဲ။ ငါကသာ ကေလးထင္ေနတာ သူက ကေလးမဟုတ္ေတာ့ဘူး။ ေအာင္သြယ္ေတာ္ေတာင္ လုပ္ေနၿပီဆိုေတာ့ ရည္းစားစကားေျပာလို႔ရေနၿပီ။ ဟုတ္လားအူၾကဴး”

“ဟုတ္. . .ဟမ္ မဟုတ္ပါဘူး”

“ခုမွ ဟုတ္ေတြ မဟုတ္ေတြလုပ္ၿပီး မူမေနနဲ႔”

မုန္းေျပာလိုက္ေတာ့ မုန္းကိုမ်က္ေစာင္းထိုးလာသူက သုတပါ။ ႀကိဳက္ေတာင္ မႀကိဳက္ရေသးဘူး။ ခုကတည္းက သူ႔ကေလးဘက္ကေန ငါ့ကိုမ်က္ေစာင္းထိုးေနၿပီ ေကာင္စုတ္။ မုန္းလည္း အေရွ႕က အလြဲကိုယ္ေတာ္ေလး ဘာဆက္ျဖစ္မလဲဆိုတာကို ထိုင္ပဲ ၾကည့္ေနလိုက္ေတာ့တယ္။

“အူၾကဴး ေနာက္ဆို ထင္ရာေတြ ေလၽွာက္မလုပ္နဲ႔။ ကိုယ္ခ်စ္တာ ေနယံမဟုတ္ဘူး မင္း။ အဲ့ဒါကို မင္းကိုယ္တိုင္ပဲ မသိတာ။ ေနယံေတာင္သိတယ္။ လူၾကည့္ေတာ့ လည္မလို ဝယ္မလိုနဲ႔။ ဘာလုပ္လုပ္ တလြဲႀကီးပဲ။ ကိုယ္က မင္းကို ကေလးေလးမို႔ ဖြင့္ေျပာခ်ိန္ မတန္ေသးလို႔ ဖြင့္မေျပာတာ။ ခုေတာ့ ဖြင့္မေျပာလို႔ မရေတာ့ဘူး။ မင္းေရွ႕ဆက္လြဲေနမွာဆိုးလို႔။ ‌ၿပီးေတာ့ မင္းကိုကိုယ္ကသာ ကေလးထင္ေနတာ မင္းက ေအာင္သြယ္ေတာင္ လုပ္ေနၿပီဆိုေတာ့ ကေလးေလး မဟုတ္ေတာ့ဘူးပဲ။ အဲ့ဒါေၾကာင့္ အခု ကိုယ္ဖြင့္ေျပာရေတာ့မွာေပါ့ ကိုယ္မင္းကိုခ်စ္တယ္။ မင္းေရာ ကိုယ့္ကိုခ်စ္လား”

“ဟို. . .ခုမွ ဖြင့္ေျပာ႐ုံပဲ ရွိေသးတာကို ကၽြန္ေတာ္က ဘယ္လိုျပန္ေျဖရမွာလဲ။ ခုနကအထိ အစ္ကို ေနယံ့ကိုပဲ ႀကိဳက္ေနတယ္လို႔ သိထားတာ။ အဲ့ဒါကို အခု ကၽြန္ေတာ့္ကို ခ်စ္ပါတယ္ ေျပာလာေတာ့ ကၽြန္ေတာ္က ခ်က္ခ်င္းႀကီး ဘယ္လို‌ျပန္ေျဖရမလဲ”

ဟုတ္တယ္ေလ ကိုယ့္ကိုခ်စ္တယ္လို႔ေျပာလို႔ ဘယ္ေလာက္ပဲ ေပ်ာ္ေနပါေစ ခ်က္ခ်င္းႀကီး အေျဖေပးစရာလား။ မဟုတ္ရင္ ခုနကထိ ကိုယ္ကသူမ်ားနဲ႔ေအာင္သြယ္ေနၿပီး သူ႔ကိုေမၽွာ္လင့္ေနတယ္လို႔ ထင္သြားမွာေပါ့။

“ဒါဆို မင္းက စဥ္းစားခ်င္ေသးတာလား”

“ဟုတ္”

“ကိုယ္က မင္းစဥ္းစားတာကို မေစာင့္နိုင္ဘူးဆိုရင္ေရာ”

“ဟို”

တဟိုဟို တဟုတ္ဟုတ္နဲ႔ ျဖစ္ေနတဲ့ ေႏြယံ့ကိုၾကည့္ၿပီး မုန္းစိတ္မရွည္ေတာ့ပါဘူး။ သူလည္း မႀကိဳက္တာလည္း မဟုတ္ဘဲနဲ႔။ သုတ သူ႔ကို ဖြင့္ေျပာတုန္းက ႐ုပ္က အေပ်ာ္ပန္းေတြပြင့္ေနတာ ငါမျမင္တာၾကေနတာပဲ။ အဲ့ဒါကို လာမူေနတယ္။ ကေလးစုတ္ေလး။

“ဘာမွ တဟိုဟို လုပ္မေနနဲ႔။ အေျဖေပးလိုက္ေတာ့ ငါစိတ္မရွည္ေတာ့ဘူး။ ခုနက သုတမင္းကိုဖြင့္ေျပာတုန္းက ေပ်ာ္ေနတဲ့ မင္းမ်က္လုံးေတြကို ငါျမင္တယ္။ မင္းလည္း ႀကိဳက္ေနတယ္မို႔လား။ မ်က္လုံးေတြက လင္းလက္ၿပီး အေရာင္ေတြကို ေတာက္ေနတာပဲ။ ႀကိဳက္ေနရဲ့သားနဲ႔ မူမေနနဲ႔။ ကိုယ္ႀကိဳက္တာပဲ ကိုယ့္ဘာသာကိုယ္ ဖြင့္ေျပာပါ့လား။ ကိုယ္ခ်စ္တာကို ရေအာင္ယူမယ္မရွိဘူး။ သူမ်ားလက္ထဲ အလြယ္တကူ ထိုးေပးေနေသးတယ္။ သုတစိတ္ရွည္ေပမယ့္ ငါစိတ္မရွည္ဘူး။ စာက်က္ရေအာင္ ျပန္ရဦးမွာ။ ျမန္ျမန္အေျဖေပးလိုက္ကြာ ၾကာတယ္။ ကိုယ္လည္း ႀကိဳက္ေနရဲ့သားနဲ႔ ကိုယ့္အမႊာနဲ႔ ေအာင္သြယ္ေပးရတယ္လို႔။ အံ့ဩတယ္ ခုေခတ္ကေလးေတြ ဇြဲကိုမရွိဘူး”

ဟုတ္တယ္ေလ မုန္းတုန္းကဆို ခ်စ္ရဲ့သားနဲ႔ထြက္ေျပးေနလို႔ မရ ရေအာင္လိုက္ၿပီး အမိဖမ္းခဲ့ရတာ။ အခု သုတက အလင္းလို ထြက္ေျပးေနတာေတာင္ မဟုတ္ဘူး။ တည့္တည့္ႀကီး ဝင္လာေနတာကို သူကမူေနတယ္။

ဒါ‌ေတာင္မူေနၿပီး ေခါင္းငုံ႔ေနတာ ျပန္ေဖာ္မလာေတာ့ေပ။ စိတ္က သိပ္မရွည္ေတာ့ဘူး။ လြဲသြားတယ္ဆိုကတည္းက ကိုယ့္ဘာသာကိုယ္ ရွက္ေနရတာ။ ဒီက ႐ုပ္တည္ႀကီးနဲ႔ ေသခ်ာကိုစီစဥ္ခဲ့တာ။ အိမ္ၾကရင္လည္း အကုန္ဝိုင္းၿပီးေလွာင္တာကို ခံရဦးမယ္။ မင္းကို ယုံစားမိလို႔ေလ။ ေသနာေလး အျမန္အေျဖေပးလိုက္ေတာ့။

“ဟ ေဟ့ေကာင္ေလး မူမေနနဲ႔။ အျမန္လုပ္။ ၾကာတယ္။ စာေမးပြဲနီးေနၿပီ။ မင္းဘိုးေတာ္ေရာ ငါေရာ စာျပန္က်က္ရဦးမွာ။ မင္ခုလိုေတြ အခ်ိန္ဆြဲေနလို႔ စာက်က္ေနာက္က်ၿပီး မင္းဘိုးေတာ္ စာေမးပြဲက်ရင္ မင္းအျပစ္မကင္းဘူးေနာ္။ အျမန္ေပးလိုက္ မူမေနနဲ႔။ မင္းႀကိဳက္ေနတာ ငါသိတယ္။ ဒီတစ္ခါေတာ့ ငါထင္တာမလြဲဘူး ေသခ်ာတယ္။ မင္းမ်က္ႏွာမွာေပၚေနတာ အသိအသာႀကီး”

“ကဲ အူၾကဴး ကိုကိုစာျပန္က်က္ရဦးမယ္ကြာ အျမန္လုပ္။ ကိုယ့္ကို စာေမးပြဲက်ေစခ်င္တာလား”

“ဟင့္အင္”

“ဒါဆို ကိုယ့္ကိုခ်စ္လား”

“အင္း”

မထူးေတာ့ဘူးေလ အေျဖေပးရေတာ့တာေပါ့။ ကိုမုန္းေရွ႕မွာ မူေနရတာ အဆင္မေျပဘူး။ ကိုမုန္းနဲ႔ မူလို႔ကို မရဘူး။ နည္းနည္းပါပါး မူခြင့္ေပးပါဦးလား။ ဘယ္လိုလူႀကီးမွန္းကို မသိဘူး။ နည္းနည္းေတာင္ မူလို႔မရဘူး။

“အဲ့ဒါေလးေျပာဖို႔ကို အဲ့ေလာက္ၾကာရလား။ အင္းခ်င္တာၾကာေနၿပီကို မူေနေသးတယ္။ ငါမသိတာၾက”

အေျဖေပးၿပီးေတာ့လည္း အေျပာခံ မလြတ္ေသးပါဘူး။ ကိုမုန္းက ဘယ္ကတည္းက လူကိုမေက်နပ္ေနမွန္းကို မသိဘူး။

“ကိုမုန္း ကၽြန္ေတာ့္ကို ဘယ္ကတည္းကမ်ား ေျပာခ်င္ေနတာလဲဟင္”

“ေနယံနဲ႔မင္း လြဲသြားကတည္းကပဲ”

ထိုအခ်ိန္မွာပဲ အနားကို ေနယံက ေရာက္လာပါတယ္။

“ရွာလိုက္ရတာဗ်ာ။ အစ္ကိုတို႔ႏွစ္ေယာက္ ျပန္လာမယ္ထင္ၿပီး ကၽြန္ေတာ့္မွာ ေစာင့္ေနလိုက္ရတာ။ ႐ုပ္ရွင္ေတာင္ တစ္ဝက္ၿပီးေနၿပီ အစ္ကိုတို႔က ျပန္မလာဘူး။ ကၽြန္ေတာ္လည္း စိတ္မရွည္တာနဲ႔ ထြက္လာလိုက္တာ”

“ေအးကြာ အားနာလိုက္တာ။ မင္းညီဆီက အခုမွ အေျဖရတာေလ”

“အစ္ကိုကလည္း ၾကာလိုက္တာ။ ခုနက ေျပာသြားတုန္းကေတာ့ ဆရာႀကီးအထာနဲ႔။ ခုၾကေတာ့ အေျဖေလးတစ္ခုရဖို႔ အဲ့ေလာက္ၾကာရလား”

“မင္းညီက မူေနလို႔ေလ။ ဒါေတာင္ ငါစိတ္မရွည္လို႔ ၾကားထဲကေန ဝင္ေျပာလိုက္လို႔ ခုေလးမွ အေျဖရတာ။ ငါသာဝင္မေျပာရင္ ဘယ္ခ်ိန္ထိ မူေနမလဲ မသိဘူး။ သုတအေျဖရဖို႔ တစ္ပတ္ေလာက္ၾကာနိုင္တယ္”

“ဟားဟား ေအးပါဗ်ာ ကိုမုန္းရာ။ ေႏြယံမူတာကို မျမင္လိုက္ရတာ နာတယ္ဗ်ာ။ အဲ့လိုမွန္းသိရင္ ကၽြန္ေတာ္ေစာေစာထြက္ခဲ့ပါတယ္”

“ေအး မင္းေစာေစာထြက္လာခဲ့သင့္တယ္။ မ်က္ႏွာႀကီး မဖုံးနိုင္မဖိနိုင္ ေပ်ာ္ေနၿပီး မူရာပိုေနတဲ့႐ုပ္ကို မင္းျမင္သင့္တယ္။ တကယ္ဆို မင္းတို႔ ခဏေလာက္ပဲျဖစ္ျဖစ္ ခ်စ္သူလုပ္လိုက္ရမွာ။ ဒါမွ ေႏြယံ အသဲကြဲတဲ့႐ုပ္ကို ျမင္ဖူးမွာ”

“ဟုတ္သားပဲ။ ကၽြန္ေတာ္ မေတြးမိလိုက္ဘူး ကိုမုန္းရ။ ဒီလိုမွန္းသိ သူစီစဥ္ေပးသလို ဇာတ္လမ္းရိုက္လိုက္ပါတယ္”

“ေနယံေနာ္ ကိုမုန္းေျပာတိုင္း ငါ့ကို မတရားလိုက္ေျပာမေနနဲ႔။ ကိုမုန္းကလည္း တစ္ခါေလးမွားမိတာကို ေျပာလို႔ကို မၿပီးေတာ့ဘူး”

“ဟုတ္ပါ့ကြာ။ မင္းတို႔ေတြ ငါ့အူၾကဴးေလးကိုပဲ ဝိုင္းေျပာေနၾကတယ္”

“ဘယ္လိုေခၚလိုက္တာ အူၾကဴးတဲ့လား။ အသဲေတြ ယားလိုက္တာဗ်ာ။ ခင္ဗ်ား အဲ့ေတာ္ကီေတြနဲ႔ေတာ့ ကၽြန္ေတာ့္ညီေလးကို မလွည့္စားနဲ႔ေနာ္”

“ေနစမ္းပါ ခ်စ္လို႔ေတာင္မဝတာကို လွည့္စားစရာလား”

“ေဝါ့. . .ေဝါ့”

“ဘာလဲမုန္း။ ကိုယ္ဝန္လား။ ဘယ္ႏွစ္လလဲ”

“ငါးလေဟ့”

“ထင္ပါတယ္။ အိမ္ေရာက္မွ အလင္းကိုေျပာရမယ္။ သိပ္မၾကမ္းဖို႔”

“မသာ ေသလိုက္”

“ဒါနဲ႔ေႏြယံ ငါနဲ႔ကိုကိုနဲ႔ႀကိဳက္သြားတာကို ကိုကို႔ကိုျပန္မေျပာနဲ႔ေနာ္”

“အမေလးကြာ ကိုကိုတဲ့။ ငါ့ေရွ႕မွာ အဲ့လိုေတြ မေခၚစမ္းပါနဲ႔ကြာ။ အူေတြ အသဲေတြယားလို႔”

“ေခၚေတာ့ဘာျဖစ္လဲ ေနာ္ကိုကို”

မေခၚပါနဲ႔ဆိုမွ ပိုရြဲ႕ၿပီး ေခၚျပေနတဲ့ ေႏြယံပါ။ အျမင္ကို ကပ္ဖို႔ေကာင္းတယ္။ အဲ့လိုမွန္းသိ သူဆင္ေပးတဲ့ဇာတ္လမ္းကို မသိမသာ ကလိုက္ပါတယ္။ ငါကေတာ့ သူအသဲကြဲမွာဆိုးလို႔ သူ႔ဘဲႀကီးကို အျမန္ဖြင့္ေျပာဖို႔ ေျပာေပးခဲ့ရတာ။ ေက်းဇူးမတင္ ဖင္လွန္ျပတဲ့ ေႏြယံ။

“ေခၚေလ အိမ္ေရာက္ရင္ ကိုကို႔ကိုေျပာလိုက္မယ္။ ကိုသုတနဲ႔ ေႏြယံနဲ႔ ႀကိဳက္ေနပါတယ္လို႔”

“မင္းကလည္း မေျပာနဲ႔ေနာ္။ မင္းဘာစားမလဲေျပာ”

“တကယ္ေနာ္။ အဲ့ဒါဆို မင္းရတဲ့မုန႔္ဖိုးကို ေန႔တိုင္းငါ့ကိုတစ္ဝက္ေပး”

“ဘာ ေသလိုက္ မလြန္လြန္းဘူးလား ေနယံ”

“အဲ့ဒါဆိုလည္း ကိုကို႔ကိုေျပာလိုက္မယ္ေလ”

“ေျပာခ်င္လည္း ေျပာလိုက္ေတာ့ကြာ။ ေနာက္လည္းသိမယ့္အတူတူ ခုသိလည္း မထူးဘူး”

“အဲ့ဒါဆို သနားေသာအားျဖင့္ သုံးရက္တစ္ခါ မင္းရဲ့မုန႔္ဖိုးတစ္ဝက္ကို ေပးမလား”

“သုံးရက္မွ တစ္ခါပဲေနာ္။ တစ္ေန႔ရတဲ့ မုန႔္ဖိုးပဲ ခြဲေပးရမွာမို႔လား”

“Yes”

“Ok သေဘာတူတယ္။ မင္းကတိကို မင္းတည္”

“Ok ေယာကၤ်ားကတိ”

“ကဲမင္းတို႔ ‌ညီအစ္ကို အဆင္ေျပသြားၿပီဆိုရင္လည္း ငါတို႔ျပန္ဦးမယ္။ စာက်က္ရဦးမွာမို႔လို႔။ သုတျပန္မယ္”

“အူၾကဴး ကိုကိုျပန္ေတာ့မယ္ေနာ္။ ေနာက္မွ ေအးေဆးေတြ႕မယ္။ ညၾကစာက်က္ၿပီးရင္ ကိုကိုဖုန္းေခၚလိုက္မယ္”

“ဟုတ္ကိုကို တာ့တာ”

“ကိုကိုသြားၿပီေနာ္။ ေနယံ အစ္ကိုသြားၿပီ”

“ဟုတ္အစ္ကို”

ထိုေန႔က သုတနဲ႔ေႏြယံ ခ်စ္သူေတြျဖစ္သြားခဲ့ၾကသလို ကၽြန္ေတာ္လည္း အိမ္ျပန္ေရာက္ေတာ့ ရွားတို႔ေမသူတို႔ရဲ့ အေလွာင္ကို ခံလိုက္ရပါေတာ့တယ္။ ကေလးရဲ့စကားကိုယုံၿပီး လိုက္လုပ္ေပးလို႔ လြဲခဲ့ရတာတဲ့ေလ။ ေတာ္ေသးတယ္ ညီအစ္ကိုခ်င္းလြဲ႕လို႔တဲ့ တျခားသူနဲ႔လြဲရင္ သုတတို႔ေတာ့ မုန္းလုပ္ေပးမွ မခ်စ္တဲ့သူကို ႀကိဳက္လိုက္ရမယ့္ကိန္းတဲ့။ ႐ုပ္တည္ႀကီးနဲ႔ ဟုတ္တိပတ္တိ ေအာင္သြယ္ေပးေနရွာတဲ့ မုန္း႐ုပ္ကို ျပန္စဥ္းစားၾကည့္တိုင္း ရယ္ခ်င္တယ္ဆိုၿပီး အားရပါရ ရယ္ေနပါေသာ ေမသူနဲ႔ရွားရယ္ပါ။ မုန္းလိုက္တာဆိုတာ။ ေနာက္ဆို ဘယ္ၾကားမွ မဝင္ဘူး။ မုန္းနာမည္ပ်က္တယ္။

[A/N] => ေစာင့္ေနရတာ ၾကာသြားလား အသဲတို႔ေရ။ အားလည္းနာ ေတာင္းလည္းေတာင္းပန္ပါတယ္ေနာ္။ ေနာက္ဆို ခ်စ္၍မုန္းခဲ့သည္နဲ႔ မုန္းရဲ့အလင္းေရာင္ကို တစ္ရက္စီ Upေပးပါ့မယ္ရွင့္။

Continue Reading

You'll Also Like

2.7K 89 5
╰⋯➤ 𝐌𝐚𝐥𝐞 𝐎𝐜 𝐱 𝐓𝐰𝐢𝐬𝐭𝐞𝐝 𝐖𝐨𝐧𝐝𝐞𝐫𝐥𝐚𝐧𝐝 𝐈𝐍 𝐖𝐇𝐈𝐂𝐇- The middle child of the shroud family charms many's hearts with his bright...
1.6M 93.4K 87
Daksh singh chauhan - the crowned prince and future king of Jodhpur is a multi billionaire and the CEO of Ratore group. He is highly honored and resp...
96.4K 2.2K 21
Title ~ ထာဝရ မင်း Author ~ Hnin~Yhine All episode ~ 16.( Both Unicode and Zawgyi) # fifth 26.7.2021>>>> 15.8.2021( 21 days) pic f...
61.4K 3.8K 36
Uni အတိတ်ကို အတိတ်မှာပဲ ထားခဲ့လို့ရရင်တောင် စိတ်ကိုအတိတ်မှာ ထားခဲ့လို့မဖြစ်ဘူး.... ပျော်ပြီးသေသွားတဲ့ နာရေးကြော်ငြာမျိုး မောင် ဖတ်ဖူးခဲ့လား...။ ဝမ်းန...