အပိုင်း (က)
ချိန်းထားတဲ့ အခန်းထဲ Injun နဲ့ Jeno ဝင်လာတာနဲ့ ဆံပင်ပန်းရောင် ဆိုးထားတဲ့ Renjun ကို မြင်ပြီး ကြောင်ကြည့်နေမိသည်။ Jaemin မတ်တပ်ရပ် နှုတ်ဆက်တာတောင် သတိမထားမိသည်အထိ နှစ်ယောက်သား Renjun ကိုသာ ငေးကြည့်နေမိသည်။
"ရား မင်းတို့နှစ်ယောက် ဘာကြောင်ကြည့်နေတာလဲ မထိုင်ဘဲ အဲ့မှာပဲ ရပ်နေတော့မှာလား"
"ဝှါး ဘယ်လိုဖြစ်သွားတာလဲ ဆံပင်က"
Injun မေးရင်း သူ့အစ်ကိုဘေး ဝင်ထိုင်လိုက်သည်။ Jaemin နဲ့ Jeno ကတော့ ကိုယ်စီ ခေါင်းလေးငုံ့လို့ နှုတ်ဆက်နေလေရဲ့။
"ငါ့နဲ့ ဆံပင်အရောင် လိုက်ရဲ့လား အငယ် မလိုက်မှာ စိုးရိမ်နေတာ"
"လိုက်တယ် ချစ်စရာလေး။ ငါတောင် ဆိုးချင်လာပြီ"
"လွန်ခဲ့တဲ့ နှစ်ပတ်ကျော်လောက်မှ ခုဆံပင်အရောင် ပြောင်းထားမလား။ နောက်တစ်လကျော်လောက်မှ ပြောင်းပါလား ခုတော့ ထပ်မပြောင်းပါနဲ့ဦး"
"ဟွန့် အင်းပါ။ ဒါနဲ့ Jaemin ပါ ဆံပင် အရောင် ပြောင်းထားတာလား"
"ဟုတ်ကဲ့ hyung"
"တကယ်က သူ ဆံပင် ဆိုးလာတာ သဘောကျလို့ ငါလည်း လိုက်ဆိုးဖြစ်သွားတာ"
"အင်း"
"ဒါနဲ့ Jeno ကို အငယ် ခေါ်လာတာလား"
"အင်း ဟုတ်တယ်။ ကျွန်တော့်ကား ပြင်ထားလို့"
"အော်"
Renjun ခေါင်းညိတ်ရင်းသာ ဖြေလိုက်သည်။
"ဒါနဲ့ ပြီးကျရင် ကားလျှောက်မောင်းကြမလား"
Injun က Renjun ကို ကြည့်ရင်း မေးလာသည်။
"ကောင်းသားပဲ သွာားရအောင်လေ"
Renjun လည်း Injun အပြောကို ထောက်ခံလိုက်သည်။
"ဒါဆို Jaemin မင်းက Jeno နဲ့ တူတူ စီးလို့ရမလား အသွားကိုပဲလေ ငါ Ge နဲ့ တူတူ စီးချင်လို့ Jenoရော အဆင်ပြေတယ်မလား"
"ဟုတ် ကျွန်တော်က အဆင်ပြေပါတယ် hyung"
Jaemin က Injun ကို အဆင်ပြေကြောင်း ပြောလိုက်သလို Jeno အဆင်ပြေကြောင်း ပြောလာသည်။
"ငါလည်း အဆင်ပြေပါတယ်"
"အင်း ကျေးဇူးတင်ပါတယ်"
စားပြီးသောက်ပြီးတဲ့ နောက်မှာ Jaemin ကားကို Renjun ယူပြီး Renjun နဲ့ Injun အတူတူ စီးလိုက်သည်။ Jeno ကားပေါ်မှာတော့ Jaemin နဲ့ Jeno အတူတူ Renjun တို့ မောင်းတဲ့နောက် လိုက်ခဲ့လိုက်သည်။
"Ge Jeno ငါ့ကို သဘောကျနေတာ Ge တို့ကို ပြောပြထားတယ်မလား"
"အင်း အငယ့်ကို ထပ်ပြောလာလို့လား"
"ဟုတ်တယ်"
"အဲ့တော့ အငယ်က ဘယ်လိုဖြစ်ချင်လဲ"
"သေချာမသိဘူး"
"Jenoက လူကောင်းပါ။ အငယ့်ပေါ် နားလည်ပေးနိုင်မယ့်သူ တစ်ယောက်ပါ"
"ကျွန်တော် တွဲကြည့်ရမလား"
"အင်း အငယ် လုပ်ချင်သလိုလုပ်။ ငါသဘောတူတယ်"
"ဒါပေမယ့်"
"ပါပါးတို့ကတော့ စိတ်ပိုဆိုးမှာပေါ့"
"အင်း"
"အဓိကက အငယ် လုပ်ချင်သလိုသာလုပ်။ ဘာတွေဖြစ်ဖြစ် အငယ့်ဘေးမှာ အကြီးရှိနေပေးမှာမို့ ဘာမှမကြောက်နဲ့ ငါ အတတ်နိုင်ဆုံး ကာကွယ်ပေးမယ်"
"အား ချစ်ဖို့ကောင်းလိုက်တာ မိနစ်ပိုင်းပဲ ကွာတဲ့ ငါ့ရဲ့ ရုပ်ပွားလေးက"
"ဟေ့ အငယ် ကားမောင်းနေတာကို အတင်း လာဖက်ရလားလို့"
"ချစ်လို့ဟာကို"
"ချစ်တာက ချစ်ပါ လောလောဆယ်တော့ လမ်းမကြီးမှာ မသေချင်ပါနဲ့"
"ဒါနဲ့ ခု အလုပ်ရော အဆင်ပြေရဲ့လား"
"ပြေပါတယ် ဒါနဲ့ ပါးနဲ့မား နေကောင်းတယ်မလား"
"ကောင်းပါတယ်"
"အင်း အငယ် မကြာ မကြာတော့ ဖုန်းဆက်နော်"
"အင်း ဆက်ပါတယ်"
"လိမ်မာလိုက်တာ"
"လိမ်မာတယ်ဆို မုန့်ဖိုးပေးလေ"
"ဟား အင်း နောက်နေ့ ကတ်ထဲ လွှဲပေးထားမယ်"
"ရပါတယ် မလွှဲပါနဲ့"
အပိုင်း (ခ)
"ဆယ့်တစ်နာရီတောင် ခွဲသွားပြီ"
Injun လက်က နာရီကို ကြည့်ရင်း ရေရွတ်လိုက်သည်။
"မနက်ကျ သင်တန်း သွားရမယ်မလား အငယ်"
"အင်း သွားရမယ်"
"ဒါဆို ပြန်တော့လေ Jeno ကိုလည်း အားနာစရာကြီး"
Renjun, Injun ခေါင်းကိုပုတ်ရင်း Jeno ကို ကြည့်ကာ ပြောလိုက်သည်။
"ရတယ် Renjun ငါက ကိစ္စမရှိပါဘူး"
"အဟမ်း Jeno ahh ခုတည်းက သိပ်အလိုမလိုက်ရင် ကောင်းမယ်နော်"
Jeno က အလျော့ပေးမည့်ပုံ ဖြစ်တော့ Renjun စချင်စိတ်က များလာသဖြင့် စလိုက်သည်။
"အာ အဲ့လိုလား"
"အေး"
"Ge မင်း"
သူစလိုက်လို့ စိတိဆိုးသွားတဲ့ Injun ကို ကြည့်ရင်း Renjun ပြုံးမိသည် *သူ့ရဲ့ ကိုယ်ပွားလေးက အရမ်းချစ်ဖို့ကောင်းတာပဲ*
Renjun ဆက်စမနေတော့ဘဲ အိမ်ကို ပြန်ခိုင်းလိုက်သည်။ မဟုတ်ရင် Jenoလည်း အိမ်ပြန်နောက်ကျနေမည်။
"ကဲပါ ဂရုစိုက်ပြန်ကြဦး။ အငယ် အိမ်ပြန်ရောက်ရင် အိပ်တော့ ဂိမ်းတွေ ဆော့မနေနဲ့"
"အင်းပါ"
"Jeno မင်း Injun ကို သေချာ ဂရုစိုက်ပေးပါဦး"
"ငါ သိပါတယ်"
"အင်း"
"ဒါဆို Ge ပြန်တော့မယ်"
"အင်း"
"Jaemin ငါတို့ပြန်တော့မယ်"
"ဟူတ်ကဲ့ hyungတို့ နှစ်ယောက်လုံး ဂရုစိုက်သွားကြပါ"
"အင်း"
Injun နဲ့ Jeno တို့ ပြန်သွားတဲ့အခါ Jaemin, Renjun လက်ကို ကိုင်လိုက်တော့ မော့ကြည့်လာသည်။
"အိမ်ပြန်တော့မလား"
"ဟင့်အင်း ငါးအူချောင်းနဲ့ တော့ပိုကီ သွားစားကြမလား"
"စားချင်တယ်မလား သွားကြမယ်လေ"
"အင်း"
ကားပေါ်ရောက်တော့ Jaemin ဘက်လှည့်ကာ ထိုင်ပြီး စကား တစ်တွတ်တွတ် ပြောလေသည်။
Jaemin ကတော့ ခေါင်းလေး တညိတ်ညိတ်နှင့် ပြုံးကာ Renjun ပြောသမျှကို မငြီးငြူဘဲ နားထောင်ပေးလေသည်။
"ဒါနဲ့ မောင် သိလား အငယ်ကလည်း Jeno ကို သဘောကျနေပြီထင်တယ်"
"ဟုတ်လား အူကြူးကို ပြောပြလို့လား"
"ခုနက အငယ် ပြောပြတာ သူတို့နှစ်ယောက် အဆင်ပြေရင် ကောင်းမယ်"
"Jeno hyung က Injun hyung ကို အရမ်း ချစ်မယ့်ပုံပါပဲ"
"အင်း အငယ့်ကို ချစ်ရုံတင်မကဘူး စိတ်ချမ်းသာအောင်လည်း ထားပေးစေချင်တယ်"
"သိပ်စိတ်မပူပါနဲ့ အူကြူးရယ် သူတို့နှစ်ယောက် အဆင်ပြေမှာပါ"
"အင်း"
"ဒါနဲ့ မောင်တို့ စားနေကြ အန်တီကြီး ဆိုင်ပဲ သွားမလား"
"သွားလို့က ရပါတယ် ဝေးတော့ အပြန် အရမ်းနောက်ကျနေမှာပေါ့ မနက်ကျရင် အလုပ် သွားရဦးမယ်မလား"
"အလုပ်က နေ့လည်လောက်မှပါ မနက်ပိုင်းက သိပ်တော့ ကိစ္စမရှိပါဘူး"
"မောင် အဆင်ပြေသလိုလုပ်လေ"
"ဟုတ်ကဲ့ပါခင်ဗျ"
ဒီလိုနဲ့ ကားလေးပေါ်မှာ ကားမောင်းနေတဲ့ ကောင်လေးကို ကြည့်ရင်း စကားတွေ တစ်တွတ်တွတ် ပြောနေတဲ့ ကောင်လေး တစ်ယောက်နဲ့ ကားမောင်းနေရင်း ပြောသမျှကို ခေါင်းလေးညိတ်ရင်း တပြုံးပြုံးနဲ့ နားထောင်ပေးနေတဲ့ ကောင်လေးတစ်ယောက်ကို ကြည်နူးစွာနဲ့ တွေ့မြင်နိုင်သည်ပေါ့။
အပိုင်း (ဂ)
တစ်ဖက်က အိမ်ပြန်လမ်းဆီသို့ ဦးတည်ရင်း မောင်းနှင်နေတဲ့ ကားလေးတစ်စီးပေါ်က ကောင်နှေစ်ယောက်ကတော့ စကားစိုးစဥ်းမျှ မပြောဖြစ်ဘဲ တိတ်ဆိတ်နေဆဲ။
Injun ကား ကက်ဆက်ကို ဖွင့်ရင်း ရေဒီယိုက သီချင်းတွေကို နားထောင်နေလိုက်သည်။ တချို့ သီချင်းတွေကျတော့ ကိုယ်နားထောင်ဖြစ်တဲ့ သီချင်းတွေဆိုတော့ လိုက်ပြီး ဆိုနိုင်သည်ပေါ့။
"Jeno ahh ငါတို့ တွဲကြည့်ကြမလား"
Injun ကားပြတင်းပေါက်က တစ်ဆင့် အပြင်ဘက်ကို ငေးရင်း Jeno ကြားနိုင်လောက်တဲ့ အသံနဲ့ ပြောလိုက်သည်။
တစ်လမ်းလုံးနီးပါး စကားတစ်ခွန်းမှ မပြောဖြစိဘဲ သီချင်းဖွင့် လိုက်ဆိုနေရင်း ရုတ်တရက် *တွဲကြည့်ကြမလား* ဆိုတဲ့ စကား စပြောလာတဲ့ Injun ကြောင့် Jeno အံသြမိသည်။
Jeno ကားကို လမ်းဘေးကပ်ရပ်လိုက်တော့ Injun က သူ့ဘက်ကို လှည့်ပြီး ငေးကြည့်လာသည်။
"Injun ahh ငါ ကြားတာ မမှားပါဘူးနော်"
"အင်း မမှားပါဘူး ငါတို့ တွဲကြည့်ကြမလားလို့"
"တကယ်လား"
"အင်း တကယ် တွဲကြည့်ကြမလား"
"အင်း ကျေးဇူးတင်ပါတယ် Injun"
သူ့ကို ကြည့်ရင်း ပြောလာတဲ့ Jeno မျက်ဝန်းတွေထဲမှာ မျက်ရည်တွေ ရစ်ဝဲနေသလိုပင်။ Injun အမြင်မှားသည်တော့ မဖြစ်နိုင် ပြီးတော့ ကျွန်တော်က ချစ်သည် ပြောတာ မဟုတ်ဘဲ တွဲကြရအောင်ပဲ ပြောရသေးတာကို သူက အရမ်းတွေ ပျော်နေသည်ဆိုတော့ ကျွန်တော်သာ ချစ်တယ် ပြောမိရင် မျက်ရည်တွေကျပြီး ငိုတောင် ငိုနေမလား မသိ။ ကျွန်တော့်ကို သူ ဒီလောက်ထိ ချစ်နေတာလား။
"Jeno ahh လောလောဆယ်တော့ ငါ ချစ်တယ် လို့ မပြောနိုင်သေးဘူး ငါ"
"ရတယ် ငါ အဆင်ပြေတာမို့ စောင့်နေမှာပါ"
"ငါလည်း ကျေးဇူးတငိပါတယ် Jeno"
"ဘာအတွက်လဲ"
"အရာရာတိုင်းအတွက်ပဲ"
"အင်း ချစ်တယ်"
Jeno Injun မျက်နှာနား ကပ်ရင်း ပြောလိုက်တော့ တစ်ဖက်ကို မျက်နှာလွှဲရင်း အိမ်ပြန်ဖို့ ပြောလာလေသည်။
"ဒါ ဒါဆို ပြန်ကြရအောင်လေ"
"အင်း ပြန်မှာပေါ့ အေးဆေးပေါ့ ဘယ်လိုဖြစ်တာတုန်း"
"ဘာမှမဖြစ်ပါဘူး"
"ဒါနဲ့ ငါတို့က အခု စတွဲကြပြီလား"
"အင်း"
"ဒါဆို ငါ မင်းပါးကို နမ်းလို့ရမလား"
"ဟမ်"
"သိပ်မလန့်သွားပါနဲ့ ငါက စတာပါကွ ကဲ ပြန်ကြရအောင်လေ"
"အင်း"
အိမ်ပြန်ရောက်တော့ Injun ကားပေါ်က ဆင်းတော့ Jeno ပါ ဆင်းလာသည်။
"Jeno ahh ဒီနေ့ညနေအတွက် ကျေးဇူးတင်ပါတယ်"
"ရပါတယ် မလိုပါဘူး ဒါနဲ့ ကားပြင်ထားတာက ဘယ်တော့ ရမှာလဲ"
"သန်ဘက်ခါလောက်မှ"
"သင်တန်းကို ဘယ်လိုသွားမလဲ"
"ဘတ်စ်ကားနဲ့ပေါ့"
"ကိုယ်လာကြိုပေးမယ်လေ"
"ရပါတယ်"
"ကိုယ် အားပါတယ် မနက် ဆယ်နာရီ သင်တန်းဆိုတော့ ကိုယ်ကိုးနာရီလောက် လာခဲ့မယ်"
"အင်း မအားရင် မလာနဲ့နော်"
"အားပါတယ်ဆို"
Jeno ပြောရင်း Injun ခေါင်းကို ပုတ်လိုက်တော့ ငြိမ်ခံနေသည်။
"ဒါဆို ပြန်တော့မယ်နော် အိမ်ရောက်မှ စာပို့လိုက်မယ်နော်"
"ဂရုစိုက်မောင်းဦး ပြီးတော့ ဒါလေး"
Injun အကျီအိတ်ကပ်ထဲမှ လက်ကောက်လေးတစ်ခု ထုတ်ပေးလိုက်သည်။
"လက်ဆောင်"
"ကိုယ့်ကိုပေးတာ ?"
"အင်း ငါ့မှာလည်း တစ်ခုရှိတယ်"
"ဆင်တူပေါ့"
"အင်း အရောင်တော့ ကွဲတယ် ငါက အဝါရောင်"
"သေချာ ဂရုစိုက်ပြီး ပတ်ပါ့မယ်"
"အင်း"
အပိုင်း (ဃ)
Jaemin လက်ထဲက ဖုန်းကို ပြန်မဖြေချင်၍ ဒီတိုင်းထားလိုက်သည် သို့သော် ဆက်တိုက် ခေါ်နေသည်မို့ ကိုင်လိုက်သည်။
"ဖုန်းခေါ်နေတာကြာပြီ ဘာလို့ မကိုင်တာလဲ"
"မကိုင်ချင်လို့"
"ဒါဆို အခုကရော"
"Ringtone သံ နားမခံနိုင်တော့လို့ ဘာကိစ္စရှိလို့လဲ"
"သန်ဘက်ခါ မင်းအမေ မွေးနေ့"
"ကျွန်တော့် အမေ"
"Jaemin"
"ကျွန်တော့် အမေက ကျွန်တော် ရှစ်နှစ်လောက်တည်းက ဆုံးသွားတာ ကြာပြီလေ"
"Jaemin အဲ့နေ့ မင်းလာခဲ့ပါ"
"ကျွန်တော် လာရမယ် အဟက် ကျွန်တော် မပါလည်း ဖြစ်နေတဲ့ ပွဲပဲကို"
"မင်း မခနဲ့ နဲ့"
"အမှန်ပြောတာလေ အိမ်ဦးနတ် အဖေရယ် အိမ်ထောင်ရှင်မ အဒေါ်ကြီးရယ် သူတ်ို့ရဲ့ ရင်သွေး သမီး တစ်ယောက် နဲ့ သားတစ်ယောက် နဲ့ ပြည့်စုံနေပြီကို ကျွန်တော်လို ကြားလူက ဘာကိစ္စတုန်း မလာမှာမို့လို့ အဲ့လိုပဲ သိထားပေးပါ ဖုန်းချလိုက်တော့မယ်"
Jaemin ဖုန်းချပြီးတော့ စားပွဲပေါ်က ဖန်ခွက်ထဲက ရေကို တစ်ကျိုက်တည်း မော့သောက်လိုက်သည်။
"Jaemin ahh"
"အူကြူးပါလား ကိုယ့်ဆီလာတာလား"
"အင်း ဝယ်စရာလေး နည်းနည်းရှိတာနဲ့ ဝယ်ဖို့ ထွက်လာရင်း မင်းဆီ ဝင်လာတာ"
"အင်း ဒါနဲ့ တစ်ခုခု သောက်မလား"
"ဟင့်အင်း မသောက်တော့ဘူး ဒါနဲ့ အလုပ်ရှုပ်နေတာလား"
"အလုပ်က မနက်ကတော့ ပြီးသွားပြီ ဘာလို့လဲ"
"မေးကြည့်တာပါ နေ့လည်စာရော စားဖြစ်လား"
"ဟီး မစားရသေးဘူး"
"ငါထင်တယ် အခု အားတယ်ဆို သွားစားကြရအောင်လေ"
"အာ မစားတော့ဘူး နောက်ဆယ်မိနစ်လောက်မှာ စကားပြောဖို့ တစ်ယောက်နဲ့ ချိန်းထားလို့"
"ဘယ်ချိန်ပြီးမလဲ သူနဲ့"
"အင်း သိပ်တော့ မကြာလောက်ပါဘူး အရင်နေ့တွေကလည်း ရွေးတာ ဘာညာနဲ့ လုပ်ပြီးပြီလေ ဒီနေ့က ငွေချေရင်း နည်းနည်းပါးပါးပဲ ပြောရမှာ အလွန်ဆုံးကြာ တစ်နာရီပေါ့"
"တစ်နာရီတောင် ဗိုက်အောင့်နေမှာပေါ့ နေဦး ငါ့ဆီမှာ မုန့်ပါလာတယ် အဆာပြေ စားနှင့်"
"အင်း ကျေးဇူးပါတယ်ခင်ဗျာ"
Renjun အိတ်ထဲက ကိတ်မုန့်ကို ထုတ်လိုက်ရင်း Jaemin ကို လှမ်းပေးလိုက်သည်။
"Jaemin ahh အလုပ်များလည်း ထမင်းတော့ သေချာစားပါ ဗိုက်ဆာ ခဏ ခဏ ခံရင်းနဲ့ ကြာရင် ဗိုက်အောင့်ပြီး အစာအိမ် ထိလိမ့်မယ်"
"ဟုတ်ပါပြီခင်ဗျာ"
"ပြောတာပဲ ပြီးကျရင် နားမထောင်ဘူး ရော့ ရေလည်းသောက် ဖြေးဖြေးစား"
"အင်း"
"Jaemin shii ချိန်းထားတဲ့ ဧည့်သည် ရောက်လာပါပြီခင်ဗျ"
"အာ ဟုတ်ကဲ့ ကျွန်တော် ခု လာခဲ့ပါမယ် အအေး ဖြစ်ဖြစ် အပူဖြစ်ဖြစ်နဲ့ ဧည့်ခံထားနှင့်ပါ"
"ဟုတ်ကဲ့ခင်ဗျ"
Jaemin ဝန်ထမ်းကို စကားပြောပြီးတဲ့နောက် Renjun ကို ကြည့်ရင်း
"ဒါဆို မောင် client နဲ့ စကားသွားပြောလိုက်ဦးမယ် ဒီကပဲ စောင့်နေနော် တစ်ခုခု သောက်ချင်ရင် ခုနက hyung ကို လှမ်းပြောလိုက်နော်"
"အင်းပါ သိပါတယ် ငါ့ကို ထားပြီး Client နဲ့ အေးဆေး စကားသွားပြောပါ"
"အင်း"
အပိုင်း (င)
"အား Injun ahh နာတယ်လို့"
"နာအောင်လုပ်တာပဲ နာမှာပေါ့"
"ကိုယ်က"
"တော်တော့"
"ဟို"
"ရား"
"သိပါပြီ မပြောတော့ပါဘူးနော်"
"ဘာကိစ္စ ငါလုပ်နေတာကို ဝင်ဝင်ရှုပ်နေတာလဲ"
"ကိုယ်က ကူညီပေးချင်လို့ပါ"
"အခုတော့ အကူညီကောင်းလို့ တစ်ခုမှ စားလို့ မရတော့ဘူးမလား"
"ဟီး ကူညီ ပေးတာ လွန်သွားတာပါ"
"တော်တော့ ဖုန်းဆက်ပြီးသာ တစ်ခုခု မှာလိုက်တော့"
"ကြက်ကြော် စားမလား"
"နိုး"
"မာလာရှမ်းကော"
"ဟင့်အင်း မစားချင်ဘူး"
"တော့ပိုကီ နဲ့ ငါးအူချောင်း"
"No"
"အမဲစွပ်ပြုတ်"
"ပယ်တယ်"
"BBQ"
"မစားချင်ဘူး"
"ဟော့ပေါ့ ?"
"စားမယ် ပြီးတော့ ကိတ်မုန့်နဲ့ အအေးလည်း စားချင်သေးတယ်"
"အိုကေ အိုကေ မှာပေးမယ်နော်"
"အင်း ဒါဆို ဧည့်ခန်းမှာ သွားထိုင်ပြီး မှာထားလိုက် ငါ ဒီမှာ ရှင်းလိုက်မယ်"
Injun မီးဖိုခန်းကို လက်ညွှန်ပြရင်း Jeno ကို ပြောလိုက်သည်။
"ကိုယ် ဝိုင်းကူ"
"အမလေး မကူပါနဲ့တော့ Lee Jeno ရယ် ငါ့ဘာသာပဲ လုပ်ပါ့မယ် မင်းသာ ထပ်ကူရင် ဒီမှာ ရှိနေတဲ့ ပစ္စည်းတွေ အကုန် ကွဲလို့ ပစ်လိုက်ရမယ် သွား သွား"
"Injun ကလည်း အဲ့လို မပြောတာပါနဲ့"
"ငါ ပြောတာ မှားလို့လား"
"ဟီး မမှားဘူး အရှေ့သွားပြီနော်"
"သွား သွား"
Injun မီးဖိုခန်း ရှင်းပြီး ထွက်လာတော့ Jeno တစ်ယောက် ဆိုဖာပေါ် လဲအိပ်နေသည်။ Injun ကို တွေ့တော့ လဲအိပ်နေရာက ထထိုင်လိုက်သည်။
"ပြီးသွားပြီလား"
"အင်း"
"မုန့်က နောက်ငါးမိနစ်လောက်ဆို ရောက်တော့မယ်"
Jeno သူ့ဘေး ဝင်ထိုင်ဖို့ ပြင်နေတဲ့ Injun အတွက် နေရာရွှေ့ပေးလိုက်ရင်း ပြောလိုက်သည်။
"ရတယ် ငါ ရေချိုးလိုက်ဦးမယ် ဗိုက်ဆာရင် စားနှင့်နော်"
Injun စားပွဲပေါ်က ရေဘူးကို မော့သောက်ပြီး ပြန် ပြောလိုက်လိုက်သည်။
"ရတယ် စောင့်နေမယ် ဒါနဲ့ ချွေးတွေ ထွက်နေသေးတယ်လေ ချွေးတိတ်မှ ချိုးပါလား"
"အင်း အိပ်ချင်လိုက်တာ ဝှါး"
Injun, Jeno ပုခုံးပေါ် မှီရင်း ပြောလိုက်သည်။
"မုန့်စားပြီး အိပ်လေ"
Jeno, Injun နဖူးလေးကို ခပ်ဖွဖွ နမ်းရင်း ပြောလိုက်သည်။
"အင်း ရေချိုးလိုက်ဦးမယ်"
"အင်းအင်း မြန်မြန်ချိုးနော်"
"အင်း"
Injun ရေချိုးပြီးတဲ့အခါမှာတော့ Jeno လည်း ရောက်လာတဲ့ မုန့်တွေကို မီးဖိုခန်းထဲက စားပွဲမှာ အသင့်စားဖို့အတွက် ပြင်ထားလိုက်သည်။
"ရေချိုးပြီးပြီလား မုန့်တွေလည်း ခုနလေးတင် ရောက်လာတာ စားကြရအောင်လေ"
"အင်း"
စားနေရင်းနဲ့ ..
"ဒီဆိုင်က စားကောင်းလိုက်တာနော် ကိုရီးယားရောက်တည်းက စားလာခဲ့သမျှ ဆိုင်ထဲမှာ ဒီဆိုင် အကောင်းဆုံးပဲ"
"ကြိုက်တယ်မလား နောက်စားချင်ရင် သွားထပ်စားကြမယ်လေ"
"အင်း Renjun တို့ပါ ခေါ်ပြီး သွားစားကြမယ်လေ"
"အင်း ဒါနဲ့ ကိတ်မုန့် နဲ့ အအေး အတွက် ဗိုက်ဆံ့သေးရဲ့လား"
"ဆံ့သေးတယ် ဟော့ပေါ့အတွက်က တစ်နေရာ ကိတ်မုန့်နဲ့ အအေး အတွက်က တစ်နေရာ"
"ဟုတ်ပြီ ဖြေးဖြေးစား"
"အဲ Nono ahh ထည့်စားဦးလေ"
"အသည်းပဲ ဝအောင်စားပါ"
"ဟင့်အင်း မင်းလည်း စား ဒါမှ ငါတို့ ဝရင် တူတူဝလို့ ရမှာပေါ့"
"အော် အင်းပါ ဟုတ်ပါပြီခင်ဗျ"
Happy NoRen Day ပါရှင် ❤️
Nono ahh Junjun ကို ချစ်ပေး ဂရုစိုက်ပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ် ဆက်ပြီးတော့လည်း ဂရုစိုက်ပြီး ချစ်ပေးပါလို့ 🥰