ထို့​ကြောင့်​...........(base...

By AYaungMae

267K 17K 981

လက်​​တွေ့ဘဝထဲက boys love အချစ်​ဆိုတာကို ရှာ​ဖွေကြည့်​ကြရ​အောင်​ #Romance,Bromance,BL,Angst More

intro
chapter 1
chapter 2
chapter 3
chapter 4
chapter 5
chapter 6
chapter 7
chapter 8
chapter 9
chapter 10
chapter 11
chapter 12
chapter 13
chapter 14
chapter 15
chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
နိဂုံး
ထို့​ကြောင့်​....(sequel) (episode 2) zawgyi
sequel-episode 3 zawgyi
sequel-episode 4 zawgyi
sequel-episode 5 zawgyi
sequel-episode 6 zawgyi
sequel-episode 7 zawgyi
sequel-episode 8 zawgyi
sequel-episode 9 zawgyi
sequel-episode 10 zawgyi
sequel-episode 11 zawgyi
sequel-episode 12 zawgyi
sequel-episode 13 zawgyi
sequel-episode 14 zawgyi
sequel- episode 15 zawgyi
sequel- episode 16 zawgyi
sequel-episode 17 zawgyi
sequel-episode 18 zawgyi
sequel-episode 19 zawgyi
sequel-episode 20 zawgyi
sequel-episode 21
ထို့ကြောင့် intro unicode
episode 1 unicode
episode 2 unicode
episode 3 unicode
episode 4 unicode
episode 5 unicode
episode 6 unicoed
episode 7 unicoed
episode 8 unicode
episode 9 unicode
episode 10 unicode
episode 11 unicode
episode 12 unicode
episode 13 unicode
episode 14 unicode
episode 15 unicode
episode 16 unicode
episode 17 unicode
episode 18 unicode
episode 19 unicode
episode 20 unicode
episode 21 end up unicode
attention
sequel episode 22 Zawgyi
sequel episode 1 unicode
sequel episode 23 zawgyi
sequel episode 2 unicode
sequel episode 24 zawgyi
sequel episode 3 unicode
sequel episode 4 unicode
sequel episode 5 unicode
sequel episode 6 unicode
sequel episode 7 unicode
sequel episode 8 unicode
sequel episode 9 unicode
sequel episode 10 unicode
sequel 25 final part 1 unicode
sequel final part 1 zawgyi
ထို့ကြောင့်....sequel ficbook
sequel episode 11 uni
sequel episode 12 uni
sequel episode 13 uni
sequel episode 15 uni
sequel episode 16 uni
sequel episode 17 uni
sequel episode 18 uni
sequel episode 19 uni
sequel episode 20 uni
sequel episode 21 uni
sequel episode 22 uni
sequel episode 23 uni
sequel episode 24 uni
final part 2 end up uni
final part 2 end up zawgyi
attention

sequel episode 14 uni

526 52 1
By AYaungMae

ထို့ကြောင့်...(sequel) (episode 14)
--------------------------------

"အစ်ကိုကျော် အရောင်းအဝယ်သွားပြန်လုပ်တော့မယ်...."

နားကြားများမှားသလားဟု နှစ်ခါပြန်မေးမိသွားသည်။ သူမရှိတော့လျှင်....။ အဲ့ဒီအတွေးနဲ့တင် တစ်ခုခုဟာသွားသလိုခံစားလိုက်ရသည်။ ပစ္စည်းနေရာထားမှာလျှင် ခံစားရသည့်ခံစားမှုမျိုးပါ။ အရေးတကြီး လိုနေတဲ့ပစ္စည်းကို ဘယ်နေရာမှာထားမိမှန်းမမှတ်မိပဲ ကျပာကရာ ရှာဖွေနေရသည့်ခံစားချက်မျိုးလေးလေ။ တနုံ့နုံ့နဲ့လစ်ဟာသြားတဲ့ လစ်ဟာမှုမျိုး။

"........"

အစ်ကိုကျော်က ကျွန်တော်မေးသည်ကိုမဖြေ။ စိတ်မပါလက်မပါဖြင့် ပန်းကန်ထဲက အခွံနွှာပြီးသားပုစွန်ကိုအားစိုက်ဖဲ့နေသည်။
သူဘာတွေဖြစ်နေတာလဲဟင်...။

ဒေါ်ဒေါ်က ကျွန်တော့်ပန်းကန်ထဲ ခပ်ကြီးကြီးပုစွန်တစ်ကောင်ကိုခပ်ထည့်ပေးရင်း...

"ဟုတ်တယ်....ရူပိုင့် ပိုက်ဆံတွေလည်း မြန်မြန်ကြေစေချင်ပြီတဲ့၊ တစ်နှစ်လောက် သွားပြန်လုပ်ဦးမယ်တဲ့၊ ဒီတစ်ခါ ငရုတ်သီးတို့ ပယင်းတို့ပါလုပ်မယ်ဆိုလား...."

"တစ်နှစ်တောင်...."

ခုထိ ကျွန်တော်ထမင်းမစားဖြစ်သေးပဲ ဒေါ်ဒေါ့်စကားတွေကို တအံ့တျသနားထောင်ရင်း နှစ်ခါဆီပြန်မေးနေမိသည်။

သူပြန်သွားလျှင် ရှေ့ဆက်ပြီး ကျွန်တော်ဘာတွေဖြစ်သွားနိုင်သနည်း။ ဖေးမမဲ့သူတစ်ယောက်လျော့သွားမည်။ ကျွန်တော့်ကို အားပေးမည့်သူမရှိတော့ပါ။ အူကြောင်ကြောင်စကားတွေနဲ့ ကျွန်တော့်ကိုပျော်အောင်တတ်နိုင်မည့်သူမရှိတော့ပါ။ ချစ်ပါတယ် တသွင်သွင်ပြောတတ်တဲ့ ကျွန်တော့်ကိုချစ်တဲ့သူလည်းရှိနိုင်မည်မဟုတ်တော့ပါ။ ဖေးမမဲ့သူမရှိလျှင် ကျွန်တော့်စိတ်မ်ား အထိန်းအကွပ်မဲ့သွားနိုင်သည်။ အားပေးမည့်သူမရှိသည့်အတွက် အားငယ်သွားနိုင်မည်။ ပျော်ရွှင်စေမည့်သူမရှိသည့်အတွက် ကျွန်တော်သိမ်ငယ်နေနိုင်သည်။ ကျွန်တော့်ကိုချစ်တဲ့သူ မရှိတော့သည့်အတွက် ကိုယ့်ကိုယ်ကို ယုံကြည်မှုများပျက်ပြားသွားစေနိုင်သည်။
ယုံကြည်မှုပျက်ပြားလျှင် ကျွန်တော့်ဘဝရှေ့ရေးသည် ဒီထပ်ပို လမ်းဘေးရောက်ဖို့သာရှိသည်။ ကျွန်တော်ဘယ်လို ရှေ့ဆက်ရမလဲ ပြောပြခဲ့ပါဦးအစ်ကိုကျော်ရေ...။

ကျွန်တော့်ခင်မ်ာ ငါးရံ့နှစ်ကောင်ဖမ်းနေသည့် သူလိုပင်။ နှလုံးသားကလည်း အသာကိုအလွတ်မပေးနိုင်သကဲ့သို့ ဦးနှောက်ကလည်း အစ်ကိုကျော်ကို အလွတ်မပေးနိုင်ပေ။

ဟုတ်မဟုတ် အစ်ကိုကျော့်ဆီက အတည်ပြုချက်လေးကိုလိုချင်သည်။ သို့သော်သူက စိတ်နှင့်လူမကပ်သလိုပင်။

"သားငယ်လည်း လိုက်သွားမယ်ပြောတယ်...."

သူဘာကြောင့်လိုက်သွားမည်ဆိုသည်ကို ကျွန်တော်သိသည်။ ဒါကြောင့် ဒေါ်ဒေါ်ကို ထပ်ဆင့်မေးခြင်းမျိုးမပြုခဲ့။
ကျွန်တော်တို့ထမင်းစားဝိုင်းတွင် အသာရှိမနေပါ။ သူကနေ့လည်စာပြန်စားခြင်း ပုံသေမရှိ၍ လူစုံရန်စောင့်မနေဖြစ်ပါ။

"ကျွန်တော်လည်းလိုက်ချင်လိုက်တာ...."

ကျွန်တော်က အသာညီးလိုက်သော်လည်း အစ်ကိုကျော်က မျက်ခုံးပင့်ရင်း ကြည့်သည်။ ကျွန်တော့်စကားကြောင့် သူတစ်မျိုးထင်သွားနိုင်သည်ကို ဘာကြောင့်အစထဲကမတွေးမိသနည်း။ အသာကြောင့် လိုက်ချင်သည်မှန်းသူမြင်သွားမည်။ အမှန်က ကျွန်တော့်ဖာသာလိုက်ချင်ခြင်းြဖစ်၏။ အသာနှင့်မဆိုင်။ အလုပ်မရှိပဲဒီမှာယောင်ပေယောင်ပေ နေရခြင်းထက် အစ်ကိုကျော်တို့နှင့်အတူ အရဲစွန့်သင့်သည်မဟုတ်လား။ သမာအာဇီဝကျကျဘာလုပ်ရမှန်းမသိခင် ခုလိုဖြတ်လမ်းနည်းမျိုးစမ်းကြည့်ချင်သည်။

"ညီကဘာလိုက်လုပ်မွာလဲ....မရင့်ကျက်သေးဘူးလား"

အစ်ကိုကျော်ပြောချင်သည့်အဓိပ္ပါယ်ကိုသိသည်။ ကျွန်တော်ဘာပြန်ပြောလိုက်ရမလဲ။ အစ်ကိုကျော့်အသံတွေတိမ်ဝင်နေတာ မင်းမကြားဘူးလား။ ပြောလိုက်လေ။ ဘယ်လိုစကားက အစ်ကိုကျော့်စိတ်ကိုဖြေသာနိုင်မလဲဆိုတာ မင်းသိနေသားနဲ့။

"ဟို....အဲ့လိုလည်းမဟုတ်ပါဘူး..."

ဒီလောက်နှင့်လုံလောက်ပြီထင်သည်။ အစ်ကိုကျော် လူအကဲခတ်မညံ့ပါဘူး ကျွန်တော်ပြောသည့်အဓိပ္ပါယ်ကိုနားလည်မွာပါ။ ကကြီးကအအထိ ကိုယ်ပိုင်ခံစားချက်တွေကို လိုက်ရှင်းပြနေရအောင် သူနဲ့မင်းက ဘာမှမဟုတ်တာ။ ထိန်းစမ်း ရူပိုင်။

ကျွန်တော်တွေဝေစွာနှင့် ထမင်းစားရန်ဟန်ပြုလိုက်စဉ်မှာပင် အနောက်ကနေ ကျွန်တော့်ခေါင်းကို အားပြင်းပြင်းနှင့်ဆောင့်ရိုက်လိုက်သည်ကိုခံရ၍ ရှေ့သို့ ယိုင်ကာ ကိုင်ထားသောဇွန်းပင်လွတ်ကျသွားမတတ်။

"မင်းကိုငါ မနေ့ကကိစ္စမကျေသေးဘူးနော်ဟေ့ယောင်..."

အသာ....။ ကျွန်တော်တစ်ရိပ်ရိပ်ဒေါသများထွက်လာကာ ဇွန်းခပ်ရင်းကိုတင်းတင်ဖမ်းဆုပ်လိုက်သည်။ သူ့နေရာမှာ တစ်ခြားသူဆို ခပ်ရင်းနှင့်ထိုးပစ်လိုက်မည်မွာသေချာ၏။

"သာကျော် မင်းဘယ်လိုလုပ်လိုက်တာလဲ၊ ထမင်းစားနေတာမတွေ့ဘူးလား...၊ တွေ့လားမေမေ၊ မေမေ့သားရိုင်းနေတာ..."

"အေးလေ သားငယ်ရယ်၊ ရူပိုင်ကိုဆိုမင်းတော်တော်အနိုင်ကျင့်တာပဲ...."

အစ်ကိုကျော်က သာကျော်ကိုအပြစ်ဖွဲ့သလို ဒေါ်ဒေါ်ကလည်းဝင်ကာဟန့်သည်။ ထမင်းဝိုင်းဖြစ်နေ၍ အချင်းမများချင်သောကြောင့် ဒေါသနှင့်မာနများကိုပြန်မိျုချလိုက်သည်။

"ဒီကောင်ဘာတွေလုပ်ထားမှန်း မေမေတို့မှမသိပဲ၊ ဒီကောင့်ကိုလွှတ်ထားပေးတာများပြီ၊ မဖြစ်ဘူး သူအိမ်ပေါ်ကဆင်းသွားမှဖြစ်မွာ..."

"ဘာရယ်......"

တိုးထွက်လာသော ဒေါသမ်ားကို အံတင်းတင်းကြိတ်ရင်းပြန်မိျုချနေရသည်။ ရင်ဘက်ထဲ လက်ပစ်ဗုံးတစ်လုံးမြိုချထားရသလိုပင်။ ဖြူးစ်လည်းတပ်ပြီးပြီ၊ စနက်တံလည်းဖြုတ်ပြီးပြီ၊ နောက်ထပ် လေးစက္ကန့်အလိုတွင် ပေါက်ကြဲတော့မည်ကိုသိနေလျက်နှင့် မပေါက်ကြဲပါစေနှင့်ဟု ဆုတောင်းနေရသူလိုပါ။ ကိုယ့်ပေါက်ကွဲမှုက ကိုယ့်ကိုပြန်နာကျင်စေမှာ သိနေတဲ့ခံစားချက််မျိုးလေ။

"မင်းငါတို့အိမ်မှာဆက်မနေပါနဲ့တော့လား...၊ အသုံးမကျလို့အိမ်ပေါ်ကဆင်းလာရင်လည်း မင်းဆွေမျိုးတွေရှိတဲ့နေရာသွားနေလေ၊ ဘာလို့ ငါတို့အိမ်လာနေနေတာလဲ၊ ဟမ်...၊ ရှက်ရမှန်းမသိ၊ အားနာရမှန်းမသိ၊ အိမ်ပေါ်တက်ပြီး ဘုရင်လိုအခန့်သားလာနေနေတယ်...."

ကျွန်တော့်မျက်နှာနွေးခနဲ ပူသြား၏။ အောက်နှုတ်ခမ်းကိုဖိကိုက်ရင်း ရှက်ရွံ့ဝမ်းနည်းစိတ်များကိုကြိတ်မှိတ်ေနလိုက်သည်။ ထိန်းထား ရူပိုင်။ မင်းဘာမှပြန်မပြောနဲ့။ မင်းပြောတာတွေထပ် ပိုတဲ့နာကျင်မှုတွေပဲမင်းပြန်ရလိမ့်မယ်။

"သားငယ်...မင်းဘယ်လိုတွေပြောနေတာလဲ...၊ ဘာကြောင့် ငါ့ရှေ့မှာ ဒီလောက်လာရိုင်းပြနေရတာလဲဟမ်၊ မင်းစကားတွေကိုရပ်လိုက်တော့၊ ငါဒေါသမထွက်ချင်ဘူးနော် သားငယ်၊ မင်းလွန်လာပြီ"

"ကျွန်တော်ပြောတာ ဘာလွန်လို့လဲ၊ သူ့ဟာသူ အသုံးမကျရင်လမ်းဘေးရောက်ပါစေပေါ့...၊ ဘာလို့မေမေကသနားနေသေးတာလဲ၊ သူ့မိဘတွေတောင်မသနားလို့ အိမ်ကနှင်ခ်ထားတာကို.."

"မင်းကိုတော်တော့လို့ မေမေပြောနေတာတောင်မတော်နိုင်သေးဘူးလား"

အစ်ကိုကျော်သည် နေရာမှထကာ သာကျော်၏ အကျႌရင်စကိုဆွဲရင်း နံရံနှင့်ပြေးဆောင့်လိုက်သည်။

"မင်းလွန်လာပြီသာကျော်၊ ငါသည်းမခံနိုင်တော့ဘူး၊ မင်းကြောင့်သူဒီလိုဖြစ်နေတာရောမင်းသိရဲ့လား...ဟမ်၊ ငါတို့ဒီလိုနေနိုင်ဖို့ ရူပိုင်ကလမ်းဘေးအရောက်ခံခဲ့ရတာရောသိရဲ့လား၊ ခွေးသူတောင်းစား၊ စောက်ကျေးဇူးကန်းတဲ့ကောင်"

အစ်ကိုကျော်၏ အသံသည် ဒေါသများပြည့်လ်ွံနေသော်လည်း အက်ကြဲ၍နေသည်။ ပြီးနောက် အစ်ကိုကျော်သည် သူ့ဒေါသကိုအရှိန်မထိန်းနိုင်တော့ပဲ သာကျော်၏ဘေးရှိ နံရံသို့လက်သီးဖြင့်ထိုးချလိုက်တေ့ာသည်။ အားတော်တော်ပြင်းသည်။ ပြန်ရုတ်လိုက်သော အစ်ကိုကျော်၏လက်ဆစ်များတွင် သွေးများစို့နေလေရဲ့။

"ထိုးလိုက်လေ....၊ ဘာလို့ငါ့ကိုမထိုးလိုက်တာလဲကိုကို ဟမ်၊ သူစိမ်းနဲ့ယှဉ်ပြီး မင်းက ကိုယ့်ညီကိုတောင် အပြစ်တင်နေပါပေါ့လား၊ သူကမင်းကို ဘာတွေကောင်းပြနေလို့လဲ..."

"တော်တော့...သာကျော်..."

"မတော်နိုင်ဘူး...၊ ဒီလိုစောက်ခြောက်ကို မင်းမို့သံယောဇဉ်တွယ်နေတယ်"

အလျင်က ကျွန်တော့်ကို အခြောက်ဟု ပတ်ဝန်းကျင်ကကဲ့ရဲ့မည်ကိုစိုးခဲ့သောအသာသည် သူကိုယ်တိုင်အဲ့ဒီနင့်နင့်သီးသီးစကားတွေနှင့် ကျွန်တော့်ကိုတိုက်ခိုက်လာချေပြီ။

"ဟာ...တော်တော့လို့ငါပြောနေတယ်လေ..."

အစ်ကိုကျော်သည် နံရံကိုနောက်တစ်ချက် ထပ်ကာထိုးလိုက်ပြန်၏။

"ပြောပါစေ အစ်ကိုကျော်ရယ်၊ ပြောပါစေ၊ သူ့စိတ်ထဲရှိတာပြောပါစေ...."

ကျွန်တော်သည် နေရာမှထကာ သူတို့နှစ်ယောက်ရှိရာသို့လျှောက်လာပြီး အသာကိုစေ့စေ့ကြည့်လိုက်သည်။ အသာသည်လည်း မီးဝင်းဝင်းတောက်နေသော မျက်လုံးများဖြင့် အံကြီးကြိတ်ကာ ကျွန်တော့်ကို စူးစူးရဲရဲကြည့်နေပေသည်။ သူ့ရဲ့အမုန်းအာဃာတတွေအောက်မွာ ဒီတစ်ကြိမ်တော့ကျွန်တော်မျက်ရည်မက်မိပါ။ မျက်ရည်တွေခမ်းခြောက်သွားခြင်းလဲဖြစ်ကောင်းဖြစ်နိုင်ပါသည်။

"ဒီမွာ သာကျော်ဖုန်း၊ ဟုတ်တယ် မင်းပြောသလို ငါဟာအခြောက်၊ လူတစ်ယောက်အတွက်နဲ့ ငါ့ဘဝကိုအပျက်စီးခံခဲ့ရတယ်၊ အဲ့ဒီလူဟာ မင်းလို့ ခုချိန်ထိ ငါမစွတ်စွဲရက်တာဘာကြောင့်လို့ထင်လဲ၊ အေး...မင်းကိုငါချစ်လွန်းလို့ပဲ၊ တစ်နေ့ မင်း ငါ့မေတ္တာတွေမဆူးပါစေနဲ့လို့ဆုတောင်းပေးခဲ့တယ်"

ကျွန်တော်သည် သာကျော်အား ဒေါသရိပ်မဖုံးသော လေအေးနှင့်ပင် စကားဆိုခဲ့သည်။ သို့သော် ကျွန်တော့်လေအေးသည် မနုပါ။ ကြမ်းတမ်းမည်မွာ ဧကန်ပင်။

ပြောပြီးသည်နှင့် ခ်ာကနဲ လှည့်ကာ အိမ်အပြင်သို့ထွက်လာခဲ့လိုက်သည်။ ဆိုင်ကယ်ကိုထုတ်ကာ ခြံပြင်ဘက်လှည့်လိုက်စဉ်မှာပင်

"ရူပိုင် စိတ်လျော့ပါဦး ဘယ်သွားမလို့လဲ......"

ကျွန်တော့်နောက်သို့ အပြေးလေးလိုက်လာသော ဒေါ်ဒေါ်က စိုးရိမ်တကြီးမေးလာသည်။

"ဒီလိုပါပဲဒေါ်ဒေါ်ရယ်...၊ စိတ်မပူပါနဲ့ ကျွန်တော်ညနေပြန်လာခဲ့မွာပါ...."

ဆိုင်ကယ်လီဗာသံသည် ကျယ်ကျယ်လောင်လောင်ကို ထွက်ပေါ်၍လာ၏။ ကျွန်တော်တစ်ခါမွ ဒီလောက်ထိလီဗာကိုအကုန်မဆြဲဖူးပေ။ ကိုယ့်စိတ်ကိုထိန်းချုပ်မရ၍မ်ားလား....။ ကျွန်တော့်လက်ဖဝါးနှစ်ဖက်လုံးက တစ်ဖျတ်ဖျတ်တုန်ခါနေကြသည်။ အို...ဘာတွေဖြစ်နေပါလိမ့်။ ဂီယာထိုးလိုက်သည်နှင့် အရှိန်ဖြင့်ဆိုင်ကယ်ထွက်သွားနိုင်သည်ကိုသိ၍ မထိုးဖြစ်သေး။ ခြံအပြင်ကိုဆိတ်ဆိတ်လေးေငးနေရင်း စိတ်ငြိမ်သည်အထိ လီဗာကိုပုတ်ကာကစားနေမိသည်။

ရုတ်ချည်းဆိုသလို ဂျောက်ခနဲမြည်သံနှင့်အတူ ဆိုင်ကယ်စက်သေသွားသည်။ ဟင်....ဆီကုန်သြား၍မ်ားလား။ မဟုတ်နိုင်ပါ။ ဘေးနားတွင်အစ်ကိုကျော်က သော့ကိုဆွဲဖြုတ်၍ လီဗာလက်ကိုင်ပေါ်က ကျွန်တော့်လက်ကိုအုပ်ကာကိုင်ရင်း ဝေမှုန်မှုန်လေးစိုက်ကြည့်နေပေသည်။ ပြီးနောက် အပေါ်နှုတ်ခမ်းကိုလျှာဖျားဖြင့်တစ်ချက်သပ်ရင်း မပွင့်တပွင့်လေးပြောလာသည်။

"ညီ...ဘယ်သွားချင်နေတာလဲ...ကိုယ်လိုက်ပို့ပေးမယ်လေ..."

အစ်ကိုကျော့်အသံသည် တည်ငြိမ်အောင်အားယူရင်းပြောနေသည့်အသံမျိုးပါ။ မတုန်ခါနေသော်လည်း တိုးလိုက်ကျယ်လိုက်ဖြစ်နေသည်။

"အေးအေးဆေးဆေး ထိုင်လို့ရတဲ့ဆိုင်တစ်ဆိုင်ဆိုင်ပေါ့"

ကျွန်တော်မငြင်းမိပါ...။ အမြန်ဆုံးဒီနေရာကထွက်သွားချင်နေပြီ။ အထူးသဖြင့် အသာနှင့်ဝေးရာဆီကိုသာ...။ တစ်ငွေ့ငွေ့လောင်ကျွမ်းနေတဲ့ စိတ်သောကတွေကို မထိန်းနိုင်သေး၍ ကိုယ်တိုင်ဆိုင်ကယ်မောင်းဖို့ကလည်းမဖြစ်နိုင်။ ပြီးတော့ အစ်ကိုကျော်က ကျွန်တော့်ကို စိတ်ချမ်းသာမှုတစ်ခုမဟုတ်တစ်ခုပေးနိုင်လိမ့်မည်ဖြစ်ကြောင်း ယုံကြည်နေသောကြောင့် မငြင်းမိခြင်းဖြစ်သည်။

------------------------

ချစ်သူ ကဖီး....တဲ့။
စိတ်ဆင်းရဲဖို့ကောင်းလိုက်တာ။ ဆိုင်ကတော့ ဆိတ်ဆိတ်ငြိမ်ငြိမ်လေးပါပဲ။ သို့ရာတွင် ဆိုင်နာမည်ကြည့်ပြီး ပူလှပ်လှပ်ဖြစ်လာသည်။ ပြီးတော့ ဒီဆိုင်က တောင်ဝိုင်းမှာရှိပြီး မိန်းနှင့်အနီးလေးပါ။ ဘယ်လိုလုပ် တိတ်ဆိတ်ငြိမ်သက်တဲ့နေရာဖြစ်လိမ့်မတုန်း။ တိတ်ဆိတ်ငြိမ်သက်သည်ကို အစ်ကိုကျော်ဘယ်လိုမ်ားအတွေးပေါက်သွားပါလိမ့်။

ဆိုင်ဝင်းကကျယ်ပြီး ငြိမ့်ငြိမ့်ညောင်းညောင်းရှိသည်။ ဆိုင်အပြင်တွင်လည်း စားပွဲဝိုင်းများခင်းထားပြီး ဗံဒါရိပ်မ်ားကြောင့် နေအပူမကျပါ။ ဆိုင်အတွင်းက သပ်သပ်ယက်ယက်ရှိသော်လည်း အေးချမ်းဆိတ်ငြိမ်သည့် အပြင်တွင်သာထိုင်ရန်စိတ်ကူးမိ၏။

"ညီဘာသောက်မလဲမွာလေ၊ ဒီဆိုင်ကအအေးတွေကောင်းတယ်..."

အစ်ကိုကျော်ကမ်းပေးလာသော မီနူးကိုစိတ်မပါလက်မပါယူရင်း လှန်လှောကြည့်မိရာ မျက်လုံးပြူးသွားသည်။ ဘုရားရေ...ပြီးနောက် ဆိုင်နာမည်ကို တစ်လှည့် မီနူးက အစားအစာနာမည်တွေကိုတစ်လှည့်ကြည့်နေမိသည်။ ဒီဆိုင်တော်တော်ကြောင်တာပဲ....အစားအစာတော်ေတာ်များများရဲ့နာမည်ရှေ့မှာ 'ချစ်သူဆိုတဲ့ဝေါဟာရကိုဖြည့်ထည့်ထားတာ အူတိအူကြောင်မနိုင်လွန်းနေဘူးလား။ ချစ်သူသီးဖျော်ရည်က ထားပါတော့။ ချစ်သူဝိုင်ဟင်းချို၊ ချစ်သူထမင်းကြော်။ ဘာတွေတုန်းကွယ်။ ဒီလိုဆိုင်ကို အစ်ကိုကျော်ခေါ်လာသည်က သိပ်မထူးဆန်းဘူးထင်ပါရဲ့နော်။

"ဘာကြီးတွေမှန်းမသိဘူး...၊ အစ်ကိုကျော်အဆင်ပြေတဲ့အအေးသာမှာပါတော့...."

အစ်ကိုကျော်သည် ကျွန်တော့်ကို သဘောကျစွာပြုံးတုံ့တုံ့လေးပြုံးရင်း တစ်ရှူးတစ်ရွက်ကိုနှိုက်ကာ သွေးစို့နေသော သူ့လက်ဆစ်မ်ားကို သုတ်ငင်နေသည်။

"ပန်းသီးဖျော်ရည်နှစ်ခွက်ပေး...."

အစ်ကိုကျော်သည် တိုးတိုးလေးညီးရင်း သွေးစများကိုဖယ်နေသည်။

"တော်တော်နာနေလားဟင်...၊ ပြပါဦး"

သူ့လက်ကိုဆွဲယူပြီး သေချာကြည့်မိသည်။ အရိုးတွေများထိသွားသေးလား။ လက်ခလယ်ကအဆစ်များနှင့် လက်သန်းနားတွင်သာ ပွန်းရာပဲ့ရာမ်ားကိုတွေ့ရသည်။ ဒါပေမဲ့ တစ်ခြားလက်ချောင်းတွေက အနည်းငယ်ယောင်နေသလိုပင်။

"အရိုးကျိုးသွားရင် ဘယ်လိုလုပ်မလဲ၊ ထိုးမယ့်ထိုး အဲ့ကောင်ကိုထိုးလိုက်ပါလား....."

ပြောမယ့်သာပြောရသည်။ သူတို့ညီအစ်ကို ကျွန်တော့်ကြောင့်ရန်ဖြစ်ရမည်ကို ဘယ်လိုမှစိတ်မကောင်းနိုင်ပါ။

"ဟဟ...မင်းကဟာသတွေလာပြောနေပြန်ပြီ..."

နားမလည်၍ သူ့ကိုမော့ကြည့်တော့ အားရပါးရပင် မျက်လုံးကြီးနှစ်ဖက်ပိတ်သည်အထိ ရယ်နေလေ၏။

"ဘာလို့ဒီလောက်ရယ်နေရတာလဲ....."

" ရယ်ရလို့လေ....၊ ကိုယ်က အစ်ကိုပဲ.... သူ့ထက်ကိုယ် အကောင်လည်းကြီးတယ် ကိုယ်ထိုးရင် သူခံရမွာပေါ့၊ ပြီးရင်မင်းပဲခံစားရမွာမဟုတ္လား"

အစ်ကိုကျော်က စကားရပ်ကာ ကျွန်တော့်ကို မပွင့်တပွင့်အကဲခတ်ကြည့်သည်။

"အင်းလေ အာ့နဲ့ကျွန်တော်ခံစားရတာဘာဆိုင်လို့လဲ..."

"ဟ...ဟဟ....ဟားဟားဟား...."

အစ်ကိုကျော်က ရယ်ပြန်သည်။ ကျွန်တော့်စကားထဲ ရယ်စရာမပါပဲ ရယ်သည်ဆိုခြင်းက လှောင်ရယ်သည့်သဘောပင်။ အသက်မပါလွ။

"သာကျော်ဒဏ်ရာရရင် မင်းပဲနာကျင်ရမွာလေ၊ မဟုတ်ဘူးလား"

ကျွန်တော်နားမလည်ပါ။ အစ်ကိုကျော့်စကားက အဆင့်ကျော်တွက်ထားသည့် သချၤာပုစၦာတစ်ပုဒ်လိုပင်။ အဖြေကိုတော့သိနေပါရဲ့ ဒါပေမဲ့ နားမလည်ပါ။

"နားမလည်ဘူး....."

"ရော်ခက်ပြီ နားမလည်ချင်ယောင်ဆောင်နေတာတော့မဟုတ်ပါဘူးနော်....၊ သူ့ကိုထိုးလိုက်ရင် ညီနာကျင်မှာမဟုတ်ဘူးလို့ ငြင်းမွာလား"

ဟင့်အင်း....ကျွန်တော်မသိပါ။ အစ်ကိုကျော်မှသူ့ကိုမထိုးခဲ့ပဲ။ ထိုးခဲ့လျှင်တော့ ကျွန်ေတာ်နာကျင်လားမနာကျင်လားသိရမွာပေါ့။

"ကျွန်တော်မသိဘူး....."

"ကလေးမသိပေမဲ့ ကိုယ်သိနေတယ်လေ၊ သူ့ကိုထိုးလိုက်ရင် ညီနာကျင်မွာ၊ ညီနာကျင်မှာစိုးလို့....သူ့ကိုမထိုးပဲ ကိုယ့်ဘာသာဒဏ်ရာရခံလိုက်တာ၊ ဟော ကိုယ်ဒဏ်ရာရတော့ ဘယ်သူမှမနာကျင်ရတော့ဘူးလေ၊ ကိုယ်ပဲဒဏ်ရာရ ကိုယ်ပဲနာကျင်ရတယ် ဟဟ"

အစ်ကိုကျော်က ပြုံးပြုံးရွှင်ရွှင်ပြောနေသော်လည်း ဒီဟာသကမရယ်ရတာ အမှန်ပါ။
အစ်ကိုကျော် ပြောသလိုကျွန်တော်မတွေးမိခဲ့ဘူးနော်။ ကျွန်တော်တကယ်ပဲ အသာဒဏ်ရာရလျှင် နာကျင်သြားလေမလား။ အို....ကျွန်တော်နာကျင်မှာစိုးပြီး အစ်ကိုကျော်က သူ့ကိုယ်သူဒဏ်ရာအရခံသတဲ့လား။ ဖြစ်မှဖြစ်ရလေ အစ်ကိုကျော်ရယ်။ ဒီတစ်ခါတော့ အစ်ကိုကျော့်အတွေးကို အူကြောင်ကြောင်အတွေးလို့ မတွေးရက်ခဲ့ပါဘူးနော်။

ဘာကြောင့်ရယ်မသိ အစ်ကိုကျော့်လက်ကဒဏ်တွေကို လေလေးမှုတ်ပေးရင်း ကျွန်တော်ငိုင်သွားသည်။ အတွေးတွေရောက်ယက်ခက်ပြီး ငိုင်ကျသွားခြင်းမျိုးလည်းမဟုတ်ပါ။ ဝေခွဲရခက်လှစွာဖြင့် သူ့လက်ကဒဏ်ရာကိုသာအာရုံစိုက်မိနေခြင်းဖြစ်သည်။ ကျွန်တော်နာကျင်မွစိုး၍ အစားထိုးယူခဲ့ရသော ဒဏ်ရာလေးပါ။

"ကိုယ်ပြောတာကြားလား...."

"ဟင်....." အစ်ကိုကျော်ဘာမ်ားပြောလိုက်လို့လဲ။

"မင်းနဲ့ကိုယ် လက်ထပ်ထားကြတယ်"

ဘုရားရေ...သူဘာတွေပြောနေတာလဲ...။ ရူးများသွားသလားကွယ်။ မဟုတ်သေးပါဘူး။ သူ့မျက်ဝန်းတွေ ဂယောင်ခြောက်ခြားဖြစ်၍မနေပါ။

"ဘာရယ်......"

"ကိုယ့်စိတ်ကူးထဲမွာတော့ မင်းနဲ့ကိုယ်ဟာလက်ထပ်ထားကြတယ်တဲ့"

ခုမှကျွန်တော် ပြုံးရယ်နိုင်တော့သည်။ သို့သော်လည်း လှောင်ပြုံးတော့ဖြစ်၍မသြားစေလို။

"ဟာ မယုံလို့လား တကယ်ပြောနေတာ၊ ဘယ်ကရောက်လာမှန်းမသိတဲ့ ကလေးဘုစိလေးတွေတောင်ပါသေး၊ တစ်နေ့တစ်နေ့ညီက ကုန်ဈေးနှုန်းအကြောင်း၊ ကလေးတွေဆိုးကြောင်း၊ အိမ်ပြန်နောက်မကျဖို့အကြောင်း၊ ရသမျှပိုက်ဆံအကုန်အပ်ဖို့အကြောင်း....၊ နောက်ဘာရှိသေးလဲ..."

အစ်ကိုကျော်သည် အပေါ်ကိုမျက်ခွံပင့်၍ တစ်ချက်စဉ်းစားလိုက်ပြီးနောက်....

"အော်...အရက်မသောက်ဖို့၊ အပြင်မွာမပွေမရှုပ်ဖို့ အဲ့ဒါတွေကိုအပြန်ပြန်အလှန်လှန်ပြောပြီး နေ့တိုင်း ဆူငေါက်နေတာပဲတဲ့..."

သူ့ပြောပုံဆိုပုံကိုကြည့်ရင်း ကျွန်တော်မထိန်းနိုင်တော့ပဲ အူလှိုက်သည်းလှိုက်ရယ်မိသြားလေသည်။

"အစ်ကိုကျော်ဟာလေ...တအားစိတ်ကူးယဉ်ဆန်တာပဲနော်...."

"စိတ်ကူးဆိုတာ လူတွေရဲ့ရည်မှန်းချက်ကို တစ်ထောင့်တစ်နေရာကဖြည့်ဆည်းပေးနေတဲ့ သုခဘုံလေးပဲလေ၊ ဘာဖြစ်တုန်း ဟုတ်တယ် ကိုယ်စိတ်ကူးယဉ်တယ်၊ မင်းနဲ့ပတ်သက်ပြီးပဲ ကိုယ်ကစိတ်ကူးယဉ်တာလေ၊ အပြင်မွာ ဖြစ်ဖို့ရာခိုင်နှုန်းနည်းနေတာပဲ၊ စိတ်ကူးထဲမွာ တအားချစ်ပြစ်လိုက်တာပေါ့..."

ရယ်မိသည့် ကိုယ့်ကိုယ်ကိုပင် ပါးပိတ်ရိုက်ပစ်လိုက်ချင်သည်။ အစ်ကိုကျော့်ခံစားချက်ကိုလှောင်ရယ်သလိုမျိုးဖြစ်သွားပြီပေါ့။

"ညီက ကိုယ့်ကိုအူကြောင်ကြောင်နိုင်တဲ့သူလို့ထင်မွာပဲနော်...."

အို...စိတ်ထဲကထင်မိတာတွေကို တစ်ခါမွမပြောဖြစ်ခဲ့ဖူးဘူးထင်တာပဲနော်။ ကျွန်တော့်ရင်ထဲမွာ သူ့အတွက်သူလျိုလေးများရှိနေပြီလား။

"ဟို.....ဟိုလေ...."

ကျွန်တော်ဘာပြန်ဖြေရမှန်းမသိပါ။ ဟင့်အင်း မဟုတ်ပါဘူး။ မင်းသိပါတယ်။ အစ်ကိုကျော်က ကျွန်တော့်ကိုပျော်အောင်ထားချင်သူပဲ အူကြောင်ကြောင်နိုင်တယ်မမြင်ပါဘူးလို့ ပြောလိုက်လေ။ အစ်ကိုကျော်ကအဲ့ဒီစကားကြားချင်နေတာ မင်းလည်းသိတာပဲ။

ကျွန်တော် ခေါင်းမာစွာနှင့်မပြောဖြစ်ပါ။

"ပန်းသီးဖျော်ရည် နှစ်ခွက်ရပါပြီ"

ကျွန်တော်တို့နှစ်ယောက်၏ စကားသံများသည် ရုတ်ချည်းရပ်တန့်သွားလေသည်။ ဝိတ်တာလေးပြန်ထွက်သြားတော့လည်း တော်တော်နှင့် စကားမစမိပါ။ ကျွန်တော်လည်း ဘယ်ကပြန်စရမှန်းမသိပဲ အစ်ကိုကျော်ကိုအားတုံ့အားနာဖြစ်နေ၏။

"သောက်ကြည့်ညီလေး...ကောင်းတယ်..."

တော်ပါသေးရဲ့။ ကျွန်တော်ဘာလုပ်ရမှန်း ခြေမကိုင်မိလက်မကိုင်မိဖြစ်နေချိန်မွာ စကားစပေးလို့ အစ်ကိုကျော်ကိုသိပ်ကျေးဇူးတင်ပါသည်။

အိုး...အစ်ကိုကျော်ပြောသလိုပင် တစ်ကြိုက်စုတ်လိုက်သည်နှင့် ချိုပြင်းပြင်းအရသာလေးက လည်ချောင်းထဲအထိ စွဲနစ်ကျန်ခဲ့သည်။

"အစ်ကိုကျော်..."

"ဝေး....."

အစ်ကိုကျော်က ခွက်လိုက်မော့သောက်နေရင်းနဲ့မှ ကျွန်တော့်ခေါ်သံကြောင့် ကမန်းကတန်းပြန်ချရင်းထူးလိုက်သည်။ ကြည့်ဦး...အပေါ်နှုတ်ခမ်းပေါ်မှာ ဖျော်ရည်က အမြှုပ်တွေကပ်နေလေရဲ့။
တကယ်ပါပဲ....။

ကျွန်တော်က တစ်ရှူးတစ်စကိုထုတ်ကာ သူ့နှုတ်ခမ်းထက်ကိုသုတ်ပေးမို့ဟန်ပြင်လိုက်စဉ် သူက ခေါင်းကိုနောက်သို့အနည်းငယ်ဆုတ်ကာ ကျွန်ေတာ့်လက်ထဲမှတစ်ရှူးကိုယူရန်ကြိုးစားသည်။

"ဟင့်အင်း....မယူရဘူး.."

ကျွန်တော်ကိုယ်တိုင်ပင် သူ့နှုတ်ခမ်းတစ်ဝိုက်က အမြှုပ်များကိုသုတ်ပေးလိုက်၏။ အချိန်တိုင်းကျွန်တော့်ကို ပျော်အောင်လုပ်ပေးနေသူအတွက် ဒီလောက်တော့ ကြင်နာမှုပြန်ပေးသင့်တယ်မဟုတ်လား။ သူကျေနပ်မယ်ထင်ပါသည်။

"ဘာပြောမလို့လဲ...."

"ဟို...အစ်ကိုကျော် ကယားဘက်ပြန်ရင်လိုက်ချင်လို့...."

အစ်ကိုကျော်သည် ကျွန်တော့်ကို မျက်မှောင်တွန့်လျက်တစ်ချက်ကြည့်ရင်း အအေးကိုမော့သောက်လိုက်ပြန်သည်။ ဒီတစ်ခါတော့အမြှုပ်မ်ားပေကျန်မနေတော့ပါ။

"ဘယ်သူ့ကြောင့်လဲ...."

သူမေးသင့်သည့်မေးခွန်းပင်။

"ဘယ်သူ့ကြောင့်မွ မဟုတ်ပါဘူး၊ ဒီအတိုင်းနေရတာထပ်စာရင် အလုပ်လေးဘာလေးရှိတော့အဆင်ပြေတာပေါ့၊ အစ်ကိုကျော်လဲ ပါနေတာပဲ အားကိုးလို့ရတာပေါ့....၊ ကျွန်တော်မေမေ့ကို တင့်တောင်းတင့်တယ်ထားမို့ရယ်၊ တစ်နှစ်လောက်လုပ်ပြီး ပြန်လာမယ်လေ ဒီမွာကောင်းရာမွန်ရာပဲလုပ်စားတော့မယ်...."

"ကိုယ့်အလုပ်ကြောင်း ညီသိလို့လား....၊ အလုပ်ကြမ်းတယ်နော်"

"သိတာပေါ့..ကျွန်တော်က အစကကယားမှာတာဝန်က်တာလေ၊ နွားမှောင်ခိုမို့လား၊ ဒေါ်ဒေါ့်ကိုတော့မပြောထားပါဘူးနော်..."

အစ်ကိုကျော်သည် မျက်ခုံးနှစ်ဖက်အပေါ်သို့အနည်းငယ် တွန့်တက်သွားယုံမှလွဲ၍ အံ့သြမှုကို သိသာထင်ရှားစွာမပြပါ။

"အော်...."

"အစ်ကိုကျော်တို့က ဘယ်ဘက်ကပို့တာလည်း..၊ ရွာသစ်ဘက်လား ရှားတောဘက်ကလား...၊ ရှားတောဘက်ကလည်းခုဆိုအဆင်ပြေနေပြီ ဘီပီ(boundary point)၉ မွာ ရွာကြီးတွေများဟီးလို့....."

အစ်ကိုကျော် သဘောကျစေရန်ရည်ရွယ်၍ စိတ်လိုလက်ရသိသလောက်ပြောပြသော်လည်း အစ်ကိုကျော်သည် တည်ငြိမ်လျက်ပါတကား။

"စမ်းလိုက်ကြည့်ခဲ့ပေါ့...."

အစ်ကိုကျော်က ကျွန်တော်လိုက်မည်ဆိုခြင်းကို သိပ်သဘောမကျသလိုပင်။ ကျွန်တော်လည်းမတတ်နိုင်ပါ။ ကျွန်တော့်ဘဝအတွက်ကျွန်တော်ရုန်းကန်ရဦးမည်။ တစ်ယောက်တည်း စမ်းတစ်ဝါးဝါး လုပ်ရသည်ထက် ခုလိုအရဲစွန့်ပြစ်လိုက်တာကောင်းမည်ထင်သည်။ ဘာပဲဖြစ်ဖြစ် မကြာခင်တော့ ဘဝအတွက် စိန်ခေါ်မှုကြီးတစ်ခုနှင့် ထိပ်တိုက်ရင်ဆိုင်ရပါတော့မည်။

ဆက်ရန်
အရောင်မဲ့

Continue Reading

You'll Also Like

1.9M 122K 73
# Scribe _ Aster_Rain # Start Date [ 5.1.2021] # End Date [ 26.5.2021] # Total Chapters _ [52 ]- Extra [15 ] Complete # Cv photo credit to orginal...
21K 1K 57
ကျွန်​​တော်​တို့အားလုံးရဲ့ဘဝမှာ ကိုယ့်အပေါ်ကိုချစ်ခင်နားလည်ပေးမယ့်တစ်စုံတစ်ယောက်​လောက်တော့ လိုအပ်​ကြပါတယ်​....။ (June 19,2020) ကျွန်တော်တို့အားလုံးရဲ...
78.8K 3.3K 35
ဘယ်လောက်ပဲ ချစ်ချစ် ယုံကြည်မှု မရှိတော့ရင် အချစ်တွေက မှေးမှိုန်သွားတယ်။ မယုံကြည်ရင် အစထဲက မချစ်နဲ့၊ သံယောဇဉ်တွေ မထားနဲ့၊ ထပ်ပြောရရင် ဖြတ်လို့မရနိုင်တ...
380K 9.3K 83
"ပူတင်းလေးကဘာလဲ" "ကိုကို့အပိုင်" "ကိုကိုတို့ကရောဘာလဲ " "မောင်နှမ" "ဟာ..."