episode 20 unicode

1.5K 100 0
                                    

ထို့​ကြောင်​့............(episode 20)
-----------------------------

နူးညံ့သိမ်​​မွေ့​သော အချစ်​ဝတ္တုများကို ဖတ်​ဖြစ်​သည်​့အချိန်​ဆို ပထမဆုံးကျွန်​​တော်သတိရမိသည်​က အသာဖြစ်​​လေ၏။ ကျွန်​​တော်​တို့နှစ်​​ယောက်​လုံး စိတ်​ကူးယဉ်​ဆန်​ဆန်​ကြည်​နူးဆွတ်​ပျံ့​သော အချိန်​များကို ဖြတ်​​ကျော်​ဖူး​လေစွဟု တမ်​းတရင်​း ရင်​ထဲခပ်​သိမ်​့သိမ်​့​လေးကြည်​နူးမိပြန်​သည်​။ အလွမ်​းအ​ဆွေးဝတ္တု​တွေဖတ်​ပြီးချိန်​ဆို ဇာတ်​လမ်​းထဲက ကွဲကွာခဲ့​သော ဇာတ်​​ကောင်​​နေရာတွင်​ ကျွန်​​တော်​တို့မဖြစ်​ပါ​စေနှင်​့ဟု မျက်​ရည်​များပင်​ စို့တက်​လျက်​ ဝမ်​းနည်​းမိပြန်​ပါသည်​။ ဆရာမ ဂျူး၏ 'အမှတ်​တရ´ ဆို ကျွန်​​တော်​့၏ အသည်​းကို စူးစူးနစ်​နစ်​ဆိုက်​ဝင်​​နေသည်​့ အဆိပ်​ဆူး​လေးတစ်​​ချောင်​း​နှင်​့ပင်​ တူ​နေပြန်​သည်​။ ထိုဇာတ်​လမ်​းကို ပြန်​​သတိရမိတိုင်​း တစ်​ချိန်​ချိန်​ အသာ လက်​ထပ်​သွားလျှင်​ဟူ​သော အ​တွေးကို မ​တွေးတရဲ ရှိလှသည်​။ ​နောက်​ဆုံးကျ ဒါ​တွေက ဝတ္တုထဲမှာပါဟု ကိုယ်​့စိတ်​ကို ပြန်​နှစ်​သိမ်​့ရင်​း ​ဖြေ​လျော့ရသည်​က အခါခါ။ ဒါ​တွေကို အသာ သိနိုင်​လိမ်​့မည်​မထင်​။

အ​ဝေး​ပြေးကားဝင်​းသို့ ကားဆိုက်​သည်​နှင်​့ ဆင်​းလိုက်​သည်​့အခါ ပူစပ်​ပူ​လောင်​ ​လေအ​ငွေ့အသက်​ကို ဦးစွာခံစားရသည်​။ ပထမဦးစွာသန်​့စင်​ခန်​းသို့ဝင်​၍ မျက်​နှာသစ်​သွားတိုက်​ပြီးသည်​နှင်​့ အသာဆီဖုန်​းဆက်​ရသည်​။

"​ရောက်​ပြီလား ပိုင်​"

"အင်​း...ငါည​ကိုးနာရီကားနဲ့ထွက်​လာမယ်​၊ ​နေ့လည်​အလုပ်​ပြီးတဲ့အချိန်​ခနနားချင်​လို့"

"မင်​းသ​ဘောပဲ​လေ..."

ကျွန်​​တော်​ပြန်​လာမည်​ဆိုတိုင်​း အမြဲတက်​ကြွ​နေတတ်​​သော၊ ထွက်​လာစဉ်​ကပင်​တက်​တက်​ကြွကြွရှိ​နေ​သော အသာ၏အသံသည်​ ခု​တော့ ငြိုးငယ်​၍သွားသည်​ကိုကျွန်​​တော်​သတိထားမိလိုက်​သည်​။ သူတစ်​ခုခုကို တွန်​့ဆုတ်​သွားခြင်​းဖြစ်​မှာပါ။ ဘာ​ကြောင်​့များပါလိမ်​့။

ထို့​ကြောင့်​...........(based on true story)Where stories live. Discover now