ပြင်းပြတဲ့အပူဆုံးနေရောင်အောက်မှာ
လွန်းတစ်ယောက် လမ်းအမြန်ရှောက်နေရပြီး..အရေးထဲ မနေ့ညကပြန်လာတာ အိမ်ကိုရောက်မှ ကားဘီးကပေါက်သွားပြန်တယ်။
'ခုမနက်တော့ စောစောစီးစီး ကိုယ့်အားကိုယ်ကိုးနေရပြီလေ အမြဲတမ်း လွဲလွဲဖြစ်တဲ့ ကျွန်တော်ပါ..ဟူး...'
'သူငယ်ချင်းနှစ်ယောက်ကလည်း ခုတလော သြစီမှာ ကျောင်းတတ်ဖို့အတွက်နဲ့ စာရွက်စာတမ်းတွေ လုပ်နေရတာကြောင့် လောလောဆယ် မတွေ့ဖြစ်ဘူး။'
'ဒါလဲတစ်မျိုးကောင်းပါတယ်..ဆုံမိရင် ကျွန်တော် အိမ်ပြန်ရမှာမဟုတ်ဘူး။
ခုတော့ ဖုန်းမေ့ကျန်ခဲ့တဲ့ စားသောက်ဆိုင်လေးကို ကျွန်တော် သွားရမှာ ကျွန်တော်
ဘယ်လိုလူမျိုးနဲ့ဆုံရပါဦးမလဲ မသိနိုင်ပါ။'
စစ်မဟာ မနေ့ညက ကားပြိုင်ပွဲကို သူမသွားဖြစ်ခဲ့..နေမကောင်းဖြစ်ပြီး အိပ်ယာထဲ
လဲနေရပြီမို့..ကုမဏ္ဏီကိုလည်းသူမသွားနိုင်။
ဖိုင်တွဲတွေမှာ.. အဓိက program ပိုင်းဆိုင်ရာ အချက်အလက်တချို့ကျန်ရှိနေပြန်တဲ့အတွက်..စစ်မဟာ တွဲဖက်ရုံးကို
ဖုန်းဆက်မှာထားရလေတယ်။
ပိုင်မှူးဆက်... စားသောက်ဆိုင်လေးထဲ
မနက် ၁၀ နာရီ တည်းကရောက်နှင့်နေခဲ့ပြီး
လွန်းကသာ နောက်ကျနေရတာ။
အငှားကားလေးနဲ့ အလောတကြီးရောက်လာတဲ့ လွန်းဟာ..မျက်နှာလေးကိုနီမြန်းနေပြီး ချွေးလေးများစို့နေရှာတဲ့နဖူးပြင်ပြန်သည်။
''ဖြူဖြူလေးနဲ့ ဟိုအရယ်သန်တဲ့ကောင်လေးပါလား။''
ဆိုင်ထဲဝင်လာပြီး...စားပွဲဝိုင်းတွေရှိရာဆီကို မျက်စေ့ ဝှေ့ကြည့်နေတဲ့ လွန်း..
''ဟိုလူကြီးက..ဘယ်ဝိုင်းမှာပါလိမ့်..''
သီးသန့် ခန်းလေးထဲကနေ လွန်းကိုကြည့်နေတဲ့ ပိုင်မှူးဆက်.. ''ဟိုကောင်လေးတောင် ရောက်လာပြီပဲ။''
ဝိတ်တာလေးတစ်ယောက်ကိုခေါ်ပြီး လွန်းကို သူရှိတဲ့အခန်းဆီ လာပို့ခိုင်းလိုက်တယ်။
ဝိတ်တာလေးရဲ့ ခေါ်တဲ့အသံကြောင့် လွန်း
လန့်သွားတော့တယ်..''ညီလေး
ညီလေးက..ဧည့်သည်နဲ့တွေ့ဖို့ချိန်းထားတာထင်တယ် အကို့နောက်ကလိုက်ခဲ့နော်
ဧည့်သည်က ရောက်နှင့်နေပြီ သီးသန့်ခန်းထဲမှာစောင့်နေပါတယ်။''
''ဟုတ်ကဲ့.. ''လွန်းလိုက်သွားတော့တယ်..
အခန်းတံခါးဖွင့်ပေးပြီး လွန်းကိုပို့ပေးကါ
လှည့်ပြန်သွားတဲ့ ဝိတ်တာလေး။
ကျေားပေးထိုင်လျှက် ရှိနေတဲ့ ပိုင်မှူးဆက်ကတော့
''ကောင်လေး..ရောက်လာပြီလား။''
လွန်း...ရင်တုန်နေမိတယ် 'ဒီလူရဲ့အသံက
အသက်မကြီးလောက်သေးပါဘူး ဘာလို့ငါ့ကို ကောင်လေးလို့ ခေါ်နေရပါလိမ့်။'
လွန်းလည်း ပိုင်မှူးဆက် အရှေ့ကခုံလေးဆီ ဝင်ထိုင်လိုက်ရင်း ''ကျွန်တော့်ရဲ့ဖုန်းပေးတော့..သွားစရာရှိသေးတယ် အချိန်မရဘူးဗျ။''
စကားကို.လူကြီးဆန်ဆန်ပြောနေတော့လည်း..ပိုင်မှူးဆက် မျက်ခုံးတဖက်ပင့်တင်ရင်း..''နေပါဦး အရင်ရောက်နှင့်နေတဲ့ ကိုကတောင် ဘာမှမစားရသေးဘူး
တစ်ခုခုစားရအောင်လေ ကိုယ်ကျွေးမှာပါ
ကဲ ဘာစားချင်လဲမှာပေးမယ်။''
လွန်းက ဒီဆိုင်က ကော်ဖီနဲ့ ကိတ်ပဲ စားနေကျဆိုတာ ဟိုနေ့ကတည်းက ပိုင်မှူးဆက် သိပြီးပြီမို့ လွန်းကိုမြင်ကတည်းက
စားဖို့အတွက် မှာထားပြီးသား။
ခဏကြာတော့ စားစရာတွေ လာချပေးတဲ့
ဝိတ်တာလေးကို လွန်းစိုက်ကြည့်ရင်း..''ဒါနဲ့
မင်းကို ငါတွေ့ဖူးသလိုပဲ..''
ပိုင်မှူးဆက် ဆီမှ..''ကောင်လေးနဲ့က အသိတွေလား..''
ဝိတ်တာလေးထံမှ ''အကိုကလည်း..ကျွန်တော်က မနေ့ကမှအလုပ်စဝင်တာ..ဘယ်က တွေ့ဖူးရမှာလည်း။
အကို့ကိုလည်း ကျွန်တော် မမြင်ဖူးပါဘူး
လူမှားတာ ဖြစ်မယ်။''
''ငါသိတယ် ဒီအသံ...ဒီအသံကအစတူနေတာ..မင်း..မင်းက..သုတ မဟုတ်လား။''
ငြိမ်နေတဲ့ ဝိတ်တာလေးကြောင့် လွန်းသေချာ သွားအောင် ဝိတ်တာလေးရဲ့ လက်ကိုဆွဲကာ..''ညီလေး မင်းဘယ်တွေရှောက်သွားနေတာလဲ..''
အဲ့ဒီတော့မှ..မျက်ရည်တွေစီးဆင်းလာတဲ့
သုတ..''အဟင့်..အဟင့်..ကိုကိုလွန်း..''
''ညီဘာဖြစ်တာလဲ..ကို့ကိုကို ပြောပြနော်။''
ပိုင်မှူးဆက် ကတော့ အလွမ်းသယ်နေတဲ့
ကောင်လေးနှစ်ယောက်ကိုကြည့်ပြီး..
'ဒီနေ့ ..ညီကိုနှစ်ယောက်ကို တွေ့ဆုံစေခဲ့တဲ့ ကံကောင်းမှုကြီးပဲ..ကောင်းသား။'
''ကိုကိုနဲ့ပြန်လိုက်ခဲ့ သုတ..''
''ကိုကို..မာမီကသားကို ရိုက်မှာပေါ့.ပြီးတော့
အဲ့ဒီတုန်းက သားအဲ့ဒီပစ္စည်းကို မယူချင်ပဲ
ယူခဲ့မိတာ..အဟင့်..ညီပြန်မလိုက်ရဲဘူး။''
''ခဏနေအုံး..မားဆီ ကိုကိုဖုန်းဆက်ပြောပေးမယ်..မငိုနဲ့တော့ တိတ်တ်ိတ်..''
လွန်း..ပိုင်မှူးဆက်ဆီ လက်ဖြန့်ကာ ''လူကြီး..ကျွန်တော့်ရဲ့ ဖုန်းလေး..''
အလိုက်သိတဲ့.. ပိုင်မှူးဆက်ကလည်းဖုန်းကို လွန်းရဲ့လက်ထဲ ထည့်ပေးလိုက်ပါတယ်။
မှာထားတဲ့ စားစရာတွေကို လက်တဖက်ကစားရင်း..ကျန်လက်တဖက်က ဖုန်းနံပါတ်လေးနှိပ်ရှာနေတဲ့လွန်း.. ''ဒါနဲ့လူကြီးက
နာမည်ဘယ်လိုခေါ်လဲဟင်..''
ပလုတ်ပလောင်းစားပြီးမေးနေတဲ့ လွန်းကိုကြည့်ရင်း ..
''ကိုယ့် နာမည်က ပိုင်မှူးဆက် လို့ခေါ်ပါတယ်''
''အာ..သိပြီ..ချမ်းသာတဲ့ လူကြီးပဲ အကိုက
ရှယ်ယာအများဆုံးရှိပြီး..ကုမဏ္ဏီတိုင်းက
အကိုရဲ့ ရှယ်ယာတွေနဲ့မကင်းဘူး။
ပြီးတော့ သူဌေးလေးတစ်ဦးပါ မြန်မာနိုင်ငံက အကို့ရဲ့လုပ်ငန်းတိုင်းက အောင်မြင်နေတာချည်းပဲ ဒီလောက်ဆိုရင် စီးပွားရေးမေဂျာယူထားတဲ့ ကျွန်တော် သိတာများနေတယ်လို့ ထင်နေမှာပဲ။''
''မထင်ပါဘူး.. ကောင်လေးနာမည်အပြည့်အစုံကရော ကိုယ်သိခွင့်ရှိမလား။''
''လွန်းခေတ်လို့ ခေါ်န်ိုင်ပါတယ် ဒီကလွန်းရဲ့
ညီလေး သုတပါ။''
''အော်..ဟုတ်..ကောင်းပြီလေ ကိုယ်လွန်းနဲ့ ခင်မင်ခွင့်ရှိနိုင်မလား။
ဒါ..ကိုယ်ရဲ့ လိပ်စာ အချိန်မရွေးလာလို့ရတယ် ကိုယ့်ဆီကို။
ကိုယ် အလုပ်ကိစ္စတွေရှိသေးလို့ ပြန်လိုက်ပါအုံးမယ်။''
''ဟုတ်ကိုပိုင်..လွန်းလည်းပြန်တော့မယ် ညီလေးကို မာမီဆီပို့ပေးရအုံးမယ် ပြီးမှ သင်တန်းသွားမှာ။''
''လွန်းက..ဘာသင်တန်းတတ်နေတာလဲ.''
''စားရင်းကိုင် သင်တန်းပါ.. ကိုပိုင်''
''ကဲဟုတ်ပါပြီဗျာ..ကိုယ် ပြန်ပြီနော်..
ပြန်ရင်ဂရုစိုက်ပြန်နော်..လွန်းနဲ့ညီလေး။''
''ဟုတ်..''သုတဆီမှ အသံထွက်လာလေရဲ့..
''ကဲညီ..ကိုကိုနဲ့အိမ်ပြန်ကြမယ်..မကြောက်နဲ့ မာမီနဲ့ဒယ်ဒီကို ကိုကိုသေချာရှင်းပြပေးမယ်
ညီ ဒီ ၃လလုံး ဘယ်တွေသွားနေတာလဲ ကိုကိုမေးတာဖြေအုံး။''
''အဟင့်...ညီက ညီကဆင်းရဲသားရပ်ကွက်မှာ ကိုနိုင်ကျော်နဲ့ အတူနေ..''
''ဘာ....သုတ ညီဘာတွေရှောက်လုပ်နေတာ..အဲ့ဒီကောင်နဲ့ ဆက်ပြီးပက်သက်နေတုန်းလား။
ညီရာ..သူက ညီ့ကို ဒုက္ခတွေပဲအမြဲပေးနေတာ ဘာလို့လည်း ကိုကိုရင်နာတယ် သုတရာ။''
''အဲ့ဒီကောင်..ခုလည်း ညီ့ကို ဒီဆိုင်မှာ အလုပ်လုပ်ခိုင်းပြန်တာ မဟုတ်လား။''
''သူကဘာအလုပ်မှ မလုပ်ပဲ လောင်းကစားဝိုင်းပဲ သွားနေတာသိတယ်။ ကိုကိုအတန်တန် တားခဲ့တယ် ညီက... အိမ်ကထွက်သွားခဲ့တာကိုး အဲ့ဒီမကောင်းတဲ့ကောင်အတွက်နဲ့။''
''ခု..ကြည့်စမ်း ညီအရင်လို ပြည့်ပြည့်ဖြိုးဖြိုး
မရှိပဲ ပိန်နေတာ အိပ်ရေးမဝပဲ ညဘက်အလုပ်တွေ လုပ်နေရတာမဟုတ်လား။''
''အဲ့ကောင်နှိပ်စက်သမျှ ဘာလို့ခံနေရတာလည်း..အိမ်ပြန်လာတာမဟုတ်ဘူး။
ညီက မွေးစားသားဆိုပေမဲ့ ကိုကိုအတွက်တော့ ညီအရင်းတစ်ယောက်ပဲ သုတညီအရင်လို မမိုက်ပါနဲ့တော့။''
''သူနဲ့အဆက်ဖြတ်ပြီး ဘဝသစ်ပြန်စတော့
ကျောင်းပြန်တတ်ဖို့ ကိုကိုစီစဥ်ပေးမယ်။''
''အဟင့်...အဟင့်..ကိုကိုလွန်း ညီမှားပါတယ်
ပြီးတော့ မာမီနဲ့ဒယ်ဒီကို သားတောင်းပန်ပါ့မယ်။အရင်လို ပျော်ရွှင်တဲ့နေ့ရက်တွေ ပြန်ပိုင်ဆိုင်ချင်တယ်။''
ငိုရင်းပြောပြနေတဲ့ ညီဖြစ်သူကို လွန်းကြည့်ရင်း ''တိတ်တော့ညီ..
မငိုနဲ့တော့ ကိုကိုညီ့ကို ကာကွယ်ပေးမယ်
ပြန်ကြရအောင်။ ''
mp Rockeain
🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿
Zaygyi
ျပင္းျပတဲ့အပူဆုံးေနေရာင္ေအာက္မွာ
လြန္းတစ္ေယာက္ လမ္းအျမန္ေရွာက္ေနရၿပီး..အေရးထဲ မေန႕ညကျပန္လာတာ အိမ္ကိုေရာက္မွ ကားဘီးကေပါက္သြားျပန္တယ္။
'ခုမနက္ေတာ့ ေစာေစာစီးစီး ကိုယ့္အားကိုယ္ကိုးေနရၿပီေလ အၿမဲတမ္း လြဲလြဲျဖစ္တဲ့ ကြၽန္ေတာ္ပါ..ဟူး...'
'သူငယ္ခ်င္းႏွစ္ေယာက္ကလည္း ခုတေလာ ၾသစီမွာ ေက်ာင္းတတ္ဖို႔အတြက္နဲ႕ စာ႐ြက္စာတမ္းေတြ လုပ္ေနရတာေၾကာင့္ ေလာေလာဆယ္ မေတြ႕ျဖစ္ဘူး။'
'ဒါလဲတစ္မ်ိဳးေကာင္းပါတယ္..ဆုံမိရင္ ကြၽန္ေတာ္ အိမ္ျပန္ရမွာမဟုတ္ဘူး။
ခုေတာ့ ဖုန္းေမ့က်န္ခဲ့တဲ့ စားေသာက္ဆိုင္ေလးကို ကြၽန္ေတာ္ သြားရမွာ ကြၽန္ေတာ္
ဘယ္လိုလူမ်ိဳးနဲ႕ဆုံရပါဦးမလဲ မသိနိုင္ပါ။'
စစ္မဟာ မေန႕ညက ကားၿပိဳင္ပြဲကို သူမသြားျဖစ္ခဲ့..ေနမေကာင္းျဖစ္ၿပီး အိပ္ယာထဲ
လဲေနရၿပီမို႔..ကုမဏၰီကိုလည္းသူမသြားနိုင္။
ဖိုင္တြဲေတြမွာ.. အဓိက program ပိုင္းဆိုင္ရာ အခ်က္အလက္တခ်ိဳ႕က်န္ရွိေနျပန္တဲ့အတြက္..စစ္မဟာ တြဲဖက္႐ုံးကို
ဖုန္းဆက္မွာထားရေလတယ္။
ပိုင္မႉးဆက္... စားေသာက္ဆိုင္ေလးထဲ
မနက္ ၁၀ နာရီ တည္းကေရာက္ႏွင့္ေနခဲ့ၿပီး
လြန္းကသာ ေနာက္က်ေနရတာ။
အငွားကားေလးနဲ႕ အေလာတႀကီးေရာက္လာတဲ့ လြန္းဟာ..မ်က္ႏွာေလးကိုနီျမန္းေနၿပီး ေခြၽးေလးမ်ားစို႔ေနရွာတဲ့နဖူးျပင္ျပန္သည္။
''ျဖဴျဖဴေလးနဲ႕ ဟိုအရယ္သန္တဲ့ေကာင္ေလးပါလား။''
ဆိုင္ထဲဝင္လာၿပီး...စားပြဲဝိုင္းေတြရွိရာဆီကို မ်က္ေစ့ ေဝွ႕ၾကည့္ေနတဲ့ လြန္း..
''ဟိုလူႀကီးက..ဘယ္ဝိုင္းမွာပါလိမ့္..''
သီးသန့္ ခန္းေလးထဲကေန လြန္းကိုၾကည့္ေနတဲ့ ပိုင္မႉးဆက္.. ''ဟိုေကာင္ေလးေတာင္ ေရာက္လာၿပီပဲ။''
ဝိတ္တာေလးတစ္ေယာက္ကိုေခၚၿပီး လြန္းကို သူရွိတဲ့အခန္းဆီ လာပို႔ခိုင္းလိုက္တယ္။
ဝိတ္တာေလးရဲ႕ ေခၚတဲ့အသံေၾကာင့္ လြန္း
လန့္သြားေတာ့တယ္..''ညီေလး
ညီေလးက..ဧည့္သည္နဲ႕ေတြ႕ဖို႔ခ်ိန္းထားတာထင္တယ္ အကို႔ေနာက္ကလိုက္ခဲ့ေနာ္
ဧည့္သည္က ေရာက္ႏွင့္ေနၿပီ သီးသန့္ခန္းထဲမွာေစာင့္ေနပါတယ္။''
''ဟုတ္ကဲ့.. ''လြန္းလိုက္သြားေတာ့တယ္..
အခန္းတံခါးဖြင့္ေပးၿပီး လြန္းကိုပို႔ေပးကါ
လွည့္ျပန္သြားတဲ့ ဝိတ္တာေလး။
ေက်ားေပးထိုင္လွ်က္ ရွိေနတဲ့ ပိုင္မႉးဆက္ကေတာ့
''ေကာင္ေလး..ေရာက္လာၿပီလား။''
လြန္း...ရင္တုန္ေနမိတယ္ 'ဒီလူရဲ႕အသံက
အသက္မႀကီးေလာက္ေသးပါဘူး ဘာလို႔ငါ့ကို ေကာင္ေလးလို႔ ေခၚေနရပါလိမ့္။'
လြန္းလည္း ပိုင္မႉးဆက္ အေရွ႕ကခုံေလးဆီ ဝင္ထိုင္လိုက္ရင္း ''ကြၽန္ေတာ့္ရဲ႕ဖုန္းေပးေတာ့..သြားစရာရွိေသးတယ္ အခ်ိန္မရဘူးဗ်။''
စကားကို.လူႀကီးဆန္ဆန္ေျပာေနေတာ့လည္း..ပိုင္မႉးဆက္ မ်က္ခုံးတဖက္ပင့္တင္ရင္း..''ေနပါဦး အရင္ေရာက္ႏွင့္ေနတဲ့ ကိုကေတာင္ ဘာမွမစားရေသးဘူး
တစ္ခုခုစားရေအာင္ေလ ကိုယ္ေကြၽးမွာပါ
ကဲ ဘာစားခ်င္လဲမွာေပးမယ္။''
လြန္းက ဒီဆိုင္က ေကာ္ဖီနဲ႕ ကိတ္ပဲ စားေနက်ဆိဳတာ ဟိုေန႕ကတည္းက ပိုင္မႉးဆက္ သိၿပီးၿပီမို႔ လြန္းကိုျမင္ကတည္းက
စားဖို႔အတြက္ မွာထားၿပီးသား။
ခဏၾကာေတာ့ စားစရာေတြ လာခ်ေပးတဲ့
ဝိတ္တာေလးကို လြန္းစိုက္ၾကည့္ရင္း..''ဒါနဲ႕
မင္းကို ငါေတြ႕ဖူးသလိုပဲ..''
ပိုင္မႉးဆက္ ဆီမွ..''ေကာင္ေလးနဲ႕က အသိေတြလား..''
ဝိတ္တာေလးထံမွ ''အကိုကလည္း..ကြၽန္ေတာ္က မေန႕ကမွအလုပ္စဝင္တာ..ဘယ္က ေတြ႕ဖူးရမွာလည္း။
အကို႔ကိုလည္း ကြၽန္ေတာ္ မျမင္ဖူးပါဘူး
လူမွားတာ ျဖစ္မယ္။''
''ငါသိတယ္ ဒီအသံ...ဒီအသံကအစတူေနတာ..မင္း..မင္းက..သုတ မဟုတ္လား။''
ၿငိမ္ေနတဲ့ ဝိတ္တာေလးေၾကာင့္ လြန္းေသခ်ာ သြားေအာင္ ဝိတ္တာေလးရဲ႕ လက္ကိုဆြဲကာ..''ညီေလး မင္းဘယ္ေတြေရွာက္သြားေနတာလဲ..''
အဲ့ဒီေတာ့မွ..မ်က္ရည္ေတြစီးဆင္းလာတဲ့
သုတ..''အဟင့္..အဟင့္..ကိုကိုလြန္း..''
''ညီဘာျဖစ္တာလဲ..ကို႔ကိုကို ေျပာျပေနာ္။''
ပိုင္မႉးဆက္ ကေတာ့ အလြမ္းသယ္ေနတဲ့
ေကာင္ေလးႏွစ္ေယာက္ကိုၾကည့္ၿပီး..
'ဒီေန႕ ..ညီကိုႏွစ္ေယာက္ကို ေတြ႕ဆုံေစခဲ့တဲ့ ကံေကာင္းမႈႀကီးပဲ..ေကာင္းသား။'
''ကိုကိုနဲ႕ျပန္လိုက္ခဲ့ သုတ..''
''ကိုကို..မာမီကသားကို ရိုက္မွာေပါ့.ၿပီးေတာ့
အဲ့ဒီတုန္းက သားအဲ့ဒီပစၥည္းကို မယူခ်င္ပဲ
ယူခဲ့မိတာ..အဟင့္..ညီျပန္မလိုက္ရဲဘူး။''
''ခဏေနအုံး..မားဆီ ကိုကိုဖုန္းဆက္ေျပာေပးမယ္..မငိုနဲ႕ေတာ့ တိတ်တ်ိတ်..''
လြန္း..ပိုင္မႉးဆက္ဆီ လက္ျဖန့္ကာ ''လူႀကီး..ကြၽန္ေတာ့္ရဲ႕ ဖုန္းေလး..''
အလိုက္သိတဲ့.. ပိုင္မႉးဆက္ကလည္းဖုန္းကို လြန္းရဲ႕လက္ထဲ ထည့္ေပးလိုက္ပါတယ္။
မွာထားတဲ့ စားစရာေတြကို လက္တဖက္ကစားရင္း..က်န္လက္တဖက္က ဖုန္းနံပါတ္ေလးႏွိပ္ရွာေနတဲ့လြန္း.. ''ဒါနဲ႕လူႀကီးက
နာမည္ဘယ္လိုေခၚလဲဟင္..''
ပလုတ္ပေလာင္းစားၿပီးေမးေနတဲ့ လြန္းကိုၾကည့္ရင္း ..
''ကိုယ့္ နာမည္က ပိုင္မႉးဆက္ လို႔ေခၚပါတယ္''
''အာ..သိၿပီ..ခ်မ္းသာတဲ့ လူႀကီးပဲ အကိုက
ရွယ္ယာအမ်ားဆုံးရွိၿပီး..ကုမဏၰီတိုင္းက
အကိုရဲ႕ ရွယ္ယာေတြနဲ႕မကင္းဘူး။
ၿပီးေတာ့ သူေဌးေလးတစ္ဦးပါ ျမန္မာနိုင္ငံက အကို႔ရဲ႕လုပ္ငန္းတိုင္းက ေအာင္ျမင္ေနတာခ်ည္းပဲ ဒီေလာက္ဆိုရင္ စီးပြားေရးေမဂ်ာယူထားတဲ့ ကြၽန္ေတာ္ သိတာမ်ားေနတယ္လို႔ ထင္ေနမွာပဲ။''
''မထင္ပါဘူး.. ေကာင္ေလးနာမည္အျပည့္အစုံကေရာ ကိုယ္သိခြင့္ရွိမလား။''
''လြန္းေခတ္လို႔ ခေါ်န်ိုင်ပါတယ် ဒီကလြန္းရဲ႕
ညီေလး သုတပါ။''
''ေအာ္..ဟုတ္..ေကာင္းၿပီေလ ကိုယ္လြန္းနဲ႕ ခင္မင္ခြင့္ရွိနိုင္မလား။
ဒါ..ကိုယ္ရဲ႕ လိပ္စာ အခ်ိန္မေ႐ြးလာလို႔ရတယ္ ကိုယ့္ဆီကို။
ကိုယ္ အလုပ္ကိစၥေတြရွိေသးလို႔ ျပန္လိုက္ပါအုံးမယ္။''
''ဟုတ္ကိုပိုင္..လြန္းလည္းျပန္ေတာ့မယ္ ညီေလးကို မာမီဆီပို႔ေပးရအုံးမယ္ ၿပီးမွ သင္တန္းသြားမွာ။''
''လြန္းက..ဘာသင္တန္းတတ္ေနတာလဲ.''
''စားရင္းကိုင္ သင္တန္းပါ.. ကိုပိုင္''
''ကဲဟုတ္ပါၿပီဗ်ာ..ကိုယ္ ျပန္ၿပီေနာ္..
ျပန္ရင္ဂ႐ုစိုက္ျပန္ေနာ္..လြန္းနဲ႕ညီေလး။''
''ဟုတ္..''သုတဆီမွ အသံထြက္လာေလရဲ႕..
''ကဲညီ..ကိုကိုနဲ႕အိမ္ျပန္ၾကမယ္..မေၾကာက္နဲ႕ မာမီနဲ႕ဒယ္ဒီကို ကိုကိုေသခ်ာရွင္းျပေပးမယ္
ညီ ဒီ ၃လလုံး ဘယ္ေတြသြားေနတာလဲ ကိုကိုေမးတာေျဖအုံး။''
''အဟင့္...ညီက ညီကဆင္းရဲသားရပ္ကြက္မွာ ကိုနိုင္ေက်ာ္နဲ႕ အတူေန..''
''ဘာ....သုတ ညီဘာေတြေရွာက္လုပ္ေနတာ..အဲ့ဒီေကာင္နဲ႕ ဆက္ၿပီးပက္သက္ေနတုန္းလား။
ညီရာ..သူက ညီ့ကို ဒုကၡေတြပဲအၿမဲေပးေနတာ ဘာလို႔လည္း ကိုကိုရင္နာတယ္ သုတရာ။''
''အဲ့ဒီေကာင္..ခုလည္း ညီ့ကို ဒီဆိုင္မွာ အလုပ္လုပ္ခိုင္းျပန္တာ မဟုတ္လား။''
''သူကဘာအလုပ္မွ မလုပ္ပဲ ေလာင္းကစားဝိုင္းပဲ သြားေနတာသိတယ္။ ကိုကိုအတန္တန္ တားခဲ့တယ္ ညီက... အိမ္ကထြက္သြားခဲ့တာကိုး အဲ့ဒီမေကာင္းတဲ့ေကာင္အတြက္နဲ႕။''
''ခု..ၾကည့္စမ္း ညီအရင္လို ျပည့္ျပည့္ၿဖိဳးၿဖိဳး
မရွိပဲ ပိန္ေနတာ အိပ္ေရးမဝပဲ ညဘက္အလုပ္ေတြ လုပ္ေနရတာမဟုတ္လား။''
''အဲ့ေကာင္ႏွိပ္စက္သမွ် ဘာလို႔ခံေနရတာလည္း..အိမ္ျပန္လာတာမဟုတ္ဘူး။
ညီက ေမြးစားသားဆိုေပမဲ့ ကိုကိုအတြက္ေတာ့ ညီအရင္းတစ္ေယာက္ပဲ သုတညီအရင္လို မမိုက္ပါနဲ႕ေတာ့။''
''သူနဲ႕အဆက္ျဖတ္ၿပီး ဘဝသစ္ျပန္စေတာ့
ေက်ာင္းျပန္တတ္ဖို႔ ကိုကိုစီစဥ္ေပးမယ္။''
''အဟင့္...အဟင့္..ကိုကိုလြန္း ညီမွားပါတယ္
ၿပီးေတာ့ မာမီနဲ႕ဒယ္ဒီကို သားေတာင္းပန္ပါ့မယ္။အရင္လို ေပ်ာ္႐ႊင္တဲ့ေန႕ရက္ေတြ ျပန္ပိုင္ဆိုင္ခ်င္တယ္။''
ငိုရင္းေျပာျပေနတဲ့ ညီျဖစ္သူကို လြန္းၾကည့္ရင္း ''တိတ္ေတာ့ညီ..
မငိုနဲ႕ေတာ့ ကိုကိုညီ့ကို ကာကြယ္ေပးမယ္
ျပန္ၾကရေအာင္။ ''
mp Rockeain