Side By Side (Hiatus)

By Cherry_1706

30.1K 2.9K 350

We are standing side by side, as your shadow crosses mine. More

▪️1▪️
▪️2▪️
▪️3▪️
▪️4▪️
▪️6▪️
▪️7▪️

▪️5▪️

3.1K 403 38
By Cherry_1706

Zawgyi

အရွင့္သားတစ္ေယာက္တည္းရဲ႕ အေစခံျဖစ္ရသည္ဆိုတာနဲ႔ သက္သာသြားတယ္မ်ားမထင္လိုက္ပါေလနဲ႔။
ယခင္က ရဲမက္အငယ္မ်ား ေပါင္းလုပ္ရတဲ့ တာဝန္အသီးသီးဟာ သူ႔အေပၚကိုပံုက်လာတယ္။

နံနက္ႏိုးတာနဲ႔ မနက္စာ ဆန္ျပဳတ္နဲ႔ အသားေျခာက္ကို တဲထဲပို႔ေပးရတယ္၊
အရွင့္သားက သူမနက္ခင္း စခန္းတစ္ပတ္ ကင္းလွည့္ၿပီးတဲ့အခ်ိန္ မနက္စာမေရာက္ေသးပါက ဆူတတ္ပါေသးတယ္။
ညေနခင္း ကိုယ္လက္သန္႔စင္ဖို႔ ေရကိုလည္း သူကပဲ သယ္ပို႔ရတယ္။

အရွင့္သားရဲ႕ အိပ္ယာသိမ္းတာက အစ၊ ေန႔လည္စာ ညစာပို႔တာအျပင္ကို သန္႔ရွင္းေရး၊ သံခ်ပ္ကာ ဝတ္႐ုံသန္႔ရွင္းေရး အပါအဝင္၊ တဲထဲက မီးလင္းဖိုမွာ ထင္းမျပတ္ေရးအထိ ရိေပၚတစ္ေယာက္တည္းပဲလုပ္ရတယ္။

အမွန္ေတာ့ ဒါေတြအကုန္လံုးကို ရိေပၚတစ္ေယာက္တည္းလုပ္ရမွာ မႏိုင္မနင္းျဖစ္မွန္း သိသာေနေသာ္လည္း စခန္းအတြင္းရွိတဲ့ ရဲမက္ငယ္၊ အေစခံငယ္ အကုန္လံုးက ဘယ္သူမွ သူ႔အားကူညီခ်င္ပံုမရ.....
အရွင့္သားက ႐ုတ္တရတ္ႀကီး အေလးေပးပါတယ္ဆိုကာ မ်က္မုန္းက်ိဳးေနၾကပံုပါပဲ။

မခြဲစဖူး ထင္းေတြခြဲရလို႔ ေပါက္ၿပဲေနတဲ့ လက္ေတြကို အဝတ္သန္႔နဲ႔ပတ္ရင္း ဖင္းေကာ္ဆီကိုသာ ေလးလံတဲ့ ေျခလွမ္းတို႔နဲ႔ ေလွ်ာက္လာမိတယ္။

ဖင္းေကာ္ အင္း ဖင္းေကာ္ေလးကသာ သူ႔အတြက္ မွီခိုစရာေလး။
သူ႔ အခက္အခဲေတြကို နားေထာင္လို႔ သူ႔ကို ေႏြးေထြးမႈေပးသူေလး။

အစကေတာ့ ဒီတိုင္းစကားေျပာစရာလူမရွိလို႔ ျမင္းေတြဆီမွာ တိုင္တည္တယ္ဆိုေပမယ့္ အခုေတာ့ ဖင္းေကာ္ဟာ သူေျပာသမွ်ကို တကယ္ႀကီးကိုပဲ နားလည္ေနတယ္လို႔ သူေသခ်ာေပါက္ကို ယံုၾကည္ေနမိၿပီ။
နားလည္လို႔ပဲ ဟိုတစ္ညက စိတ္ပူၿပီး ေသာင္းက်န္းေနခဲ့တာမဟုတ္လား.....။

'ဒီေန႔ေလ ငါထင္းေတြခြဲရတယ္ သိလား'

'အရင္က တိမ္လႊာၿမိဳင္မွာ သူမ်ားေတြ ခြဲတာ ငါျမင္ဖူးပါတယ္ အဲ့ဒီေလာက္ခက္မွန္း တကယ္မသိခဲ့တာ'

'ကိုယ္တိုင္လုပ္ၾကည့္မွပဲ တကယ္လက္ေတြနာလိုက္တာဆိုတာ ဖင္းေကာ္ရယ္ ပခံုးေတြလည္းကိုက္တယ္'

'ဒါေပမယ့္ လုပ္ရင္း လုပ္ရင္းနဲ႔ေတာ့ မနာေတာ့ေလာက္ဖူးထင္တာပဲ တျဖည္းျဖည္းနဲ႔ ငါ့လက္ေတြလည္းၾကမ္းလာတဲ့တစ္ေန႔ေပါ့'

ကႏၲာရရဲ႕ညေတြဟာ ေအးစက္လို႔ေနေပမယ့္ ဖင္းေကာ္ရဲ႕ကိုယ္ႀကီးကေတာ့ ေႏြးပါတယ္။
အားရပါးရတိုးေဝွ႕လို႔ ေမွးခနဲ အိပ္ေပ်ာ္စရွိတဲ့ အခိုက္မွာပဲ ခပ္ၾကမ္းၾကမ္းလႈပ္ႏွိုးျခင္းကိုခံရတယ္။

'ဝမ္ရိေပၚ ဝမ္ရိေပၚ ထစမ္း'

'အရွင့္သား ဘာခိုင္းစရာရွိလို႔လဲ'

'ငါ့ေနာက္လိုက္ခဲ့'

ခပ္သုတ္သုတ္ထြက္သြားၿပီျဖစ္ေသာ အရွင့္သား၏ေနာက္ကို အေျပးအလႊားကိုလိုက္ရပါသည္။
မဟုတ္ပါက တံု႔ေႏွး တံု႔ေႏွးနဲ႔ဟု အေျပာအဆိုက ခံရဦးမည္မဟုတ္ပါလား။

'အဝတ္ေတြခြ်တ္ၿပီး အိပ္ယာေပၚတက္'

တစ္ခုခုခိုင္းစရာရွိလို႔ ေခၚသည္မွတ္ကာ အေျပးလာၿပီးခါမွ အခုလိုကိစၥမွန္း သိရသည့္အခါ ေအးခ်မ္းလွသည့္ ရာသီဥတုမွာ တစ္ကိုယ္လံုး ပူထူသြားသည္အထိ ရွက္သြားမိတယ္။

'ဘာလုပ္ေနတာလဲ ခြ်တ္ေလ'

ပံုမွန္ထက္ကိုပိုလို႔ တင္းမာေနတဲ့ အရွင့္သားရဲ႕ အသံေၾကာင့္ ကိုယ္ကိုပိုလို႔ ၾကံဳ႕ထားမိတယ္။

'အ-အရွင္'

အရွင့္သားကစိတ္မရွည္ေတာ့ဟန္ သူ႔ထံေျခလွမ္းႀကဲမ်ားႏွင့္ လွမ္းလာကာ အေစခံဝတ္႐ုံလႊာတို႔ကို တစ္လႊာစီ ဆြဲခြ်တ္ေလေတာ့ အေၾကာက္ေၾကာက္ အလန္႔လန္႔နဲ႔ ႐ုန္းကန္မိေတာ့တယ္။
သူက အေစခံပဲ လုပ္ရမွာ မဟုတ္ဖူးလား။
ေဝယ်ာဝစၥေတြ လုပ္႐ုံနဲ႔ မလုပ္ေလာက္ေသးဘူးလား။

'ဘာျဖစ္ေနတာလဲ မင္းပဲငါလိုအပ္တဲ့အခ်ိန္ ျဖည့္ဆီးေပးႏိုင္ပါတယ္ဆို အခုဘာျဖစ္ေနတာလဲ'

သူ အဲ့သည္လိုေျပာခဲ့တာမွန္ေပမယ့္.....
အရွင့္သားက ဒီၾကားကာလမွာ သူ႔အားတခါမွ သည္လိုဆက္ဆံခဲ့မႈမ်ိဳးမွမရွိခဲ့တာမလို႔ သည္တာဝန္မရွိေတာ့ဘူးလို႔ပဲ ေတြးမိခဲ့တာကိုး။
အခုက ႐ုတ္ခ်ည္းကို ေကာက္ခါငင္ခါဆိုေတာ့ကား....။

ပထမဆံုးညက ဘာေဆးမွန္းမသိ ေဆးတစ္မ်ိဳးကိုေသာက္ထားခဲ့ရသလို မ်က္လံုးပိတ္အစည္းခံထားခဲ့ရတာေၾကာင့္ ဘာေတြ ဘယ္လိုျဖစ္သြားမွန္းမသိခဲ့ေပမယ့္ အခုအခါက တူမွမတူေလပဲ။

မီးလင္းဖိုရဲ႕အလင္းေရာင္ပ်ပ်ေအာက္မွာ အရာအားလံုးကို ထင္းထင္းရွင္းရွင္းျမင္ေနရေသာအခါ ရွက္စိတ္ကပိုပါသည္။

အရွင့္ရဲ႕ မ်က္ႏွာေခ်ာေခ်ာကို ဗလာက်င္းတဲ့ ခႏၲာကိုယ္နဲ႔ တြဲေတြ႕ရတဲ့အခါ မ်က္ႏွာမေဖာ္ႏိုင္ေအာင္ပဲ ေခါင္းငံု႔ထားမိတယ္။

အဘယ္အရာကို စိတ္ဆိုးမွန္းမသိ စိတ္ဆိုးေနခဲ့တဲ့ အရွင့္သားဟာ ပထမဦးဆံုးညကထက္ပင္ ႏူးညံ့ျခင္းကင္းခဲ့ေလတယ္။
ဘယ္သူ႔ကိုတလို႔ တရမွန္းမသိတဲ့ကိစၥမလို႔ ပါးစပ္ကိုသာ တင္းတင္းပိတ္ရင္း မ်က္ရည္က်ခဲ့ရတယ္။
ညတာက ရွည္လိုက္ေလျခင္း......။
.
.
.
.
.
.
'မဟုတ္ဖူး မလုပ္ပါနဲ႔ မဟုတ္ဖူး မဟုတ္ဖူး'

အိပ္ေပ်ာ္သြားခဲ့တာလား သတိလစ္သြားခဲ့တာလား မေရရာခဲ့ေပမယ့္ သူႏိုးလာခ်ိန္မွာ သူဟာအရွင့္သားရဲ႕ အိပ္ယာထက္မွာ.....

'မဟုတ္ပါဘူး မလုပ္ပါနဲ႔'

ပူးကပ္ေနတဲ့ ခႏၲာကိုယ္က လူးလိမ့္ေနတဲ့အခါ သူပါအေယာင္ေယာင္အမွားမွားထရင္း ခါယမ္းေနတဲ့လက္တစ္ဖက္ကို ဆုပ္ကိုင္ထားမိတယ္။

'မလုပ္နဲ႔ ေတာင္းပန္ပါတယ္'

'အရွင့္သား အရွင့္သား အရွင္အိပ္မက္မက္ေနတာပါ အိပ္မက္မက္ေနတာပါ'

စိတ္သက္သာေစလိုျငား နဖူးကို ခပ္ဖြဖြသပ္ေပးၿပီးကာမွ သတိဝင္ၿပီးလက္ကို႐ုတ္လိုက္မိေတာ့ ေနာက္လက္တစ္ဖက္ကအလ်င္အျမန္ကို ဆုပ္ကိုင္လာတာမလို႔ အခုဆိုသူ႔လက္ႏွစ္ဖက္လံုးက အရွင့္သားရဲ႕လက္ေတြထဲမွာ။

'မယ္မယ္'

ခပ္ဖြဖြေခၚရင္း ျငိမ္က်သြားျပန္တဲ့ ခႏၲာကိုယ္က ဝင္ေလထြက္ေလ ျပန္မွန္သြားျပန္ၿပီမလို႔ အိပ္မက္ဆိုးကၿပီးသြားၿပီထင္ရဲ႕။
လက္ႏွစ္ဖက္ကို ဆုပ္ကိုင္ထားတာမလို႔ လွဲခ်ရန္ အဆင္မေျပတာေၾကာင့္ အသာ႐ုန္းေသာ္လည္း ပိုလို႔တင္းၾကပ္လာသည့္အတြက္ သက္ျပင္းကိုခ်မိတယ္။

တကိုယ္လံုးဟာလည္း ေညာင္းကိုက္နာက်င္ေနသည္မလို႔ အင္မတန္မွကို အိပ္ခ်င္ေနေသးသည္။
မထူးပါဘူးလို႔သာေတြးရင္း အရွင့္ရဲ႕ရင္ဘတ္ေပၚကိုသာ ေခါင္းအပ္လို႔ ေမွာက္ရက္သားအိပ္ခ်လိုက္မိေတာ့တယ္....။
ျဖစ္ခ်င္ရာသာ ျဖစ္ေပေရာ့။

▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️

အျပည့္အဝအနားယူလိုက္ရသည့္ ခံစားခ်က္နဲ႔ ႏိုးထလာၿပီးေနာက္ ရင္ဘတ္ေပၚမွာ ေလးေလးပင္ပင္တစ္ခုဖိေနတာကိုပါခံစားလိုက္ရတယ္။

႐ုတ္တရတ္ျမင္လိုက္ရတဲ့ မ်က္ႏွာဟာ ႏူးညံ့လြန္းတာမလို႔ အသာထိေတြ႕ရန္လက္ကိုေျမႇာက္ေတာ့ လက္ႏွစ္ဖက္လံုးက ေကာင္ေလးရဲ႕လက္ေတြကို ဆုပ္ကိုင္လ်က္မိသား....။

ဘယ္လိုေတြျဖစ္လို႔ ဒီလိုပံုစံေတြဆီေရာက္ခဲ့ရသလဲဆိုတာ လံုးဝမမွတ္မိတာ အမွန္ပင္။

မေန႔က သူ႔လုပ္ရပ္ေတြက အခုလို ႏူးႏူးညံ့ညံ့အေျခအေနကို ေရာက္စရာ အေၾကာင္းမွမရွိပဲကိုး....။
ခမည္းေတာ္ရဲ႕ အမိန္႔စာေၾကာင့္ ေလာင္ၿမိဳက္ေနတဲ့ ေဒါသမီးတို႔ကို ဒီေကာင္ေလးထံပံုခ်ခဲ့မိတယ္။

ေဝ့ဝဲၾကည့္လိုက္ေတာ့ အိပ္ယာခင္းမွာေပေနတဲ့ ေသြးတစြန္းတစကို ျမင္တဲ့အခါ အျပစ္မကင္းသလို ခံစားမိျပန္တယ္။

ေက်ာက အ႐ွိဳးရာေတြေတာင္ အရွင္းမေပ်ာက္ေသးတဲ့ဒီေကာင္ေလးကို သူကထပ္ၿပီးနာက်င္ေအာင္ လုပ္မိျပန္ၿပီ။

ထပ္ရက္သားအိပ္ေပ်ာ္ေနတဲ့ ခႏၲာကိုယ္ငယ္ကို ေဘးသို႔အသာတြန္းခ်ရင္း အဝတ္အစားကို အျမန္ဝတ္ဆင္လိုက္တယ္။

'အရွင့္သား'

တဲအျပင္မွာ ကင္းေစာင့္ေနတဲ့ ရဲမက္ကိုေခါင္းတစ္ခ်က္ၿငိမ့္ျပရင္း ျမင္းေဇာင္းရွိရာကို ဦးတည္လိုက္တယ္။

'မနက္စာ၂ဦးစာ ငါ့တဲထဲပို႔ထားလိုက္'

▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️

မနက္ခင္း အလင္းေရာင္က မ်က္ခြံတို႔ကို ထိုးေဖာက္လာတဲ့အခါ မႏိုးခ်င္ပဲ ႏိုးလာရျပန္တယ္။

ဖန္ရွင္းက ဒီမနက္ သူ႔ကိုလာမႏွိုးပါလား။
သည္ေန႔အတြက္ တိမ္လႊာၿမိဳင္ကို ဧည့္သည္ လာစရာမရွိဘူးထင္ရဲ႕-

ဟင္ ေနပါဦး။
သူက တိမ္လႊာၿမိဳင္မွာမွ မဟုတ္ေတာ့တာပဲ.....
အရွင့္သားရဲ႕ မနက္စာ!!

အလန္႔တၾကားျပဴးက်ယ္လာရတဲ့ မ်က္ဝန္းအစံုတို႔နဲ႔အတူ ကမန္းကတန္းလူးလဲထမိေတာ့ ခါး႐ိုးေအာက္ေနရာက ဆစ္ခနဲ။

'ျဖည္းျဖည္းထေလ ဘာလို႔ျပာယာခတ္ေနတာလဲ အိပ္ယာႏိုးကတည္းက'

'အရွင့္သား ေတာင္းပန္ပါတယ္ ကြ်န္ေတာ္မ်ိဳးအခုပဲ မနက္စာ-'

ႏွာေခါင္းထဲ တိုးဝင္လာတဲ့ ရနံ့နဲ႔အတူ အရွင့္သားရဲ႕ စားပြဲေပၚက အေငြ႕တေထာင္းေထာင္းထေနတဲ့ ဆန္ျပဳတ္ႏွစ္ပြဲ...။

ႏွစ္ပြဲ!?!!

'မနက္စာ စားလိုက္ ၿပီးရင္ လုပ္စရာရွိတာ သြားလုပ္ေတာ့'

အရွင့္သားက သူ႔အတြက္ပါ မနက္စာယူေပးထားတယ္လား....။

'ၿပီးရင္ အိပ္ယာေပၚက မင္းကိစၥ မင္းရွင္းဦး'

▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️

'မင္းကိစၥ မင္းရွင္းဦးတဲ့ ဒါငါ့ကိစၥလား ဒါသူလုပ္လို႔ျဖစ္တာမဟုတ္ဖူးလား'

ေဆာင့္ေဆာင့္ေအာင့္ေအာင့္နဲ႔ အိပ္ယာခင္းကို ဆြဲခြ်တ္ရင္း ေရရြတ္ေနမိသည္။
ဒါဘယ္ေလာက္ေတာင္ရွက္ဖို႔ေကာင္းတဲ့ ကိစၥလည္းေလ....

အိပ္ယာခင္းေပၚမွာ သူ႔ေသြးေတြေကာ ၿပီးေတာ့....ၿပီးေတာ့ တျခားဟာေတြေကာ။

'မင္း အခုထိေသြးထြက္ေနတုန္းလား'

'အမေလး'

အဝတ္ေလွ်ာ္တဲ့ေနရာမွာ အိပ္ယာခင္းကိုႏွစ္ရင္း စိတ္ထဲဆဲဆိုေရရြတ္ေနမိတာ အေနာက္မွာ လူေရာက္ေနတာမသိလိုက္။

'က်င္ေရြး မင္း-မင္း ဘယ္လိုေရာက္ေနတာလဲ'

'ဘယ္လိုေရာက္ရမွာလဲ ငါလည္းအဝတ္ေလွ်ာ္မလို႔ေလ'

က်င္ေရြးက နဂိုကတည္းက တပ္နဲ႔အတူကူေဖာ္ေလာင္ဖက္ ပါလာတဲ့ အေစခံငယ္တစ္ဦး။
ရိေပၚဘက္က အစပိုင္း စကားလိုက္ေျပာေပမယ့္ သူ႔ကိုသိပ္ၿပီးေပါင္းသင္းခ်င္ပံုမရတာေၾကာင့္ သူလည္းအလိုက္သိၿပီး ဘာသိဘာသာသာေနခဲ့ရတာ။

'မင္းနဲ႔ အရွင့္သားက ဒီေလာက္ၾကာေနၿပီ အခုထိဒီေလာက္ေတာင္ေသြးထြက္ေနတုန္းလား'

'အာ မ-မဟုတ္ဖူး ငါတို႔ မဟုတ္-မဟုတ္ဖူး'

သူနဲ႔အရွင့္သားက ေတာက္ေလွ်ာက္ႀကီး အဲ့သည္လို မဟုတ္ဖူးဆိုတာကို ေျပာခ်င္ေပမယ့္ ဘယ္လိုေျပာရမယ္မွန္းမသိ။
အထစ္ထစ္အေငါ့ေငါ့နဲ႔ မ်က္ႏွာႀကီးနီလာတဲ့ သူ႔ကိုၾကည့္ရင္း က်င္ေရြးက စုတ္တစ္ခ်က္သပ္တယ္။

'ေနဦး မင္းကိုငါ စာအုပ္တစ္အုပ္ေပးမယ္'

'ဘာ-ဘာ စာအုပ္လဲ'

က်င္ေရြးက သူ႔ကို စိတ္မရွည္သလိုတစ္ခ်က္ၾကည့္ရင္း ခ်ာခနဲ လွည့္ထြက္သြားတယ္။
ေကာက္ခါငင္ခါနဲ႔ ဘာစာအုပ္အေၾကာင္းေျပာေနတာပါလိမ့္.....။

▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️

Note - ဘာစာအုပ္လဲ သိၾကလား 😅

Unicode

အရှင့်သားတစ်ယောက်တည်းရဲ့ အစေခံဖြစ်ရသည်ဆိုတာနဲ့ သက်သာသွားတယ်များမထင်လိုက်ပါလေနဲ့။
ယခင်က ရဲမက်အငယ်များ ပေါင်းလုပ်ရတဲ့ တာဝန်အသီးသီးဟာ သူ့အပေါ်ကိုပုံကျလာတယ်။

နံနက်နိုးတာနဲ့ မနက်စာ ဆန်ပြုတ်နဲ့ အသားခြောက်ကို တဲထဲပို့ပေးရတယ်၊
အရှင့်သားက သူမနက်ခင်း စခန်းတစ်ပတ် ကင်းလှည့်ပြီးတဲ့အချိန် မနက်စာမရောက်သေးပါက ဆူတတ်ပါသေးတယ်။
ညနေခင်း ကိုယ်လက်သန့်စင်ဖို့ ရေကိုလည်း သူကပဲ သယ်ပို့ရတယ်။

အရှင့်သားရဲ့ အိပ်ယာသိမ်းတာက အစ၊ နေ့လည်စာ ညစာပို့တာအပြင်ကို သန့်ရှင်းရေး၊ သံချပ်ကာ ဝတ်ရုံသန့်ရှင်းရေး အပါအဝင်၊ တဲထဲက မီးလင်းဖိုမှာ ထင်းမပြတ်ရေးအထိ ရိပေါ်တစ်ယောက်တည်းပဲလုပ်ရတယ်။

အမှန်တော့ ဒါတွေအကုန်လုံးကို ရိပေါ်တစ်ယောက်တည်းလုပ်ရမှာ မနိုင်မနင်းဖြစ်မှန်း သိသာနေသော်လည်း စခန်းအတွင်းရှိတဲ့ ရဲမက်ငယ်၊ အစေခံငယ် အကုန်လုံးက ဘယ်သူမှ သူ့အားကူညီချင်ပုံမရ.....
အရှင့်သားက ရုတ်တရတ်ကြီး အလေးပေးပါတယ်ဆိုကာ မျက်မုန်းကျိုးနေကြပုံပါပဲ။

မခွဲစဖူး ထင်းတွေခွဲရလို့ ပေါက်ပြဲနေတဲ့ လက်တွေကို အဝတ်သန့်နဲ့ပတ်ရင်း ဖင်းကော်ဆီကိုသာ လေးလံတဲ့ ခြေလှမ်းတို့နဲ့ လျှောက်လာမိတယ်။

ဖင်းကော် အင်း ဖင်းကော်လေးကသာ သူ့အတွက် မှီခိုစရာလေး။
သူ့ အခက်အခဲတွေကို နားထောင်လို့ သူ့ကို နွေးထွေးမှုပေးသူလေး။

အစကတော့ ဒီတိုင်းစကားပြောစရာလူမရှိလို့ မြင်းတွေဆီမှာ တိုင်တည်တယ်ဆိုပေမယ့် အခုတော့ ဖင်းကော်ဟာ သူပြောသမျှကို တကယ်ကြီးကိုပဲ နားလည်နေတယ်လို့ သူသေချာပေါက်ကို ယုံကြည်နေမိပြီ။
နားလည်လို့ပဲ ဟိုတစ်ညက စိတ်ပူပြီး သောင်းကျန်းနေခဲ့တာမဟုတ်လား.....။

'ဒီနေ့လေ ငါထင်းတွေခွဲရတယ် သိလား'

'အရင်က တိမ်လွှာမြိုင်မှာ သူများတွေ ခွဲတာ ငါမြင်ဖူးပါတယ် အဲ့ဒီလောက်ခက်မှန်း တကယ်မသိခဲ့တာ'

'ကိုယ်တိုင်လုပ်ကြည့်မှပဲ တကယ်လက်တွေနာလိုက်တာဆိုတာ ဖင်းကော်ရယ် ပခုံးတွေလည်းကိုက်တယ်'

'ဒါပေမယ့် လုပ်ရင်း လုပ်ရင်းနဲ့တော့ မနာတော့လောက်ဖူးထင်တာပဲ တဖြည်းဖြည်းနဲ့ ငါ့လက်တွေလည်းကြမ်းလာတဲ့တစ်နေ့ပေါ့'

ကန္တာရရဲ့ညတွေဟာ အေးစက်လို့နေပေမယ့် ဖင်းကော်ရဲ့ကိုယ်ကြီးကတော့ နွေးပါတယ်။
အားရပါးရတိုးဝှေ့လို့ မှေးခနဲ အိပ်ပျော်စရှိတဲ့ အခိုက်မှာပဲ ခပ်ကြမ်းကြမ်းလှုပ်နှိုးခြင်းကိုခံရတယ်။

'ဝမ်ရိပေါ် ဝမ်ရိပေါ် ထစမ်း'

'အရှင့်သား ဘာခိုင်းစရာရှိလို့လဲ'

'ငါ့နောက်လိုက်ခဲ့'

ခပ်သုတ်သုတ်ထွက်သွားပြီဖြစ်သော အရှင့်သား၏နောက်ကို အပြေးအလွှားကိုလိုက်ရပါသည်။
မဟုတ်ပါက တုံ့နှေး တုံ့နှေးနဲ့ဟု အပြောအဆိုက ခံရဦးမည်မဟုတ်ပါလား။

'အဝတ်တွေချွတ်ပြီး အိပ်ယာပေါ်တက်'

တစ်ခုခုခိုင်းစရာရှိလို့ ခေါ်သည်မှတ်ကာ အပြေးလာပြီးခါမှ အခုလိုကိစ္စမှန်း သိရသည့်အခါ အေးချမ်းလှသည့် ရာသီဥတုမှာ တစ်ကိုယ်လုံး ပူထူသွားသည်အထိ ရှက်သွားမိတယ်။

'ဘာလုပ်နေတာလဲ ချွတ်လေ'

ပုံမှန်ထက်ကိုပိုလို့ တင်းမာနေတဲ့ အရှင့်သားရဲ့ အသံကြောင့် ကိုယ်ကိုပိုလို့ ကြုံ့ထားမိတယ်။

'အ-အရှင်'

အရှင့်သားကစိတ်မရှည်တော့ဟန် သူ့ထံခြေလှမ်းကြဲများနှင့် လှမ်းလာကာ အစေခံဝတ်ရုံလွှာတို့ကို တစ်လွှာစီ ဆွဲချွတ်လေတော့ အကြောက်ကြောက် အလန့်လန့်နဲ့ ရုန်းကန်မိတော့တယ်။
သူက အစေခံပဲ လုပ်ရမှာ မဟုတ်ဖူးလား။
ဝေယျာဝစ္စတွေ လုပ်ရုံနဲ့ မလုပ်လောက်သေးဘူးလား။

'ဘာဖြစ်နေတာလဲ မင်းပဲငါလိုအပ်တဲ့အချိန် ဖြည့်ဆီးပေးနိုင်ပါတယ်ဆို အခုဘာဖြစ်နေတာလဲ'

သူ အဲ့သည်လိုပြောခဲ့တာမှန်ပေမယ့်.....
အရှင့်သားက ဒီကြားကာလမှာ သူ့အားတခါမှ သည်လိုဆက်ဆံခဲ့မှုမျိုးမှမရှိခဲ့တာမလို့ သည်တာဝန်မရှိတော့ဘူးလို့ပဲ တွေးမိခဲ့တာကိုး။
အခုက ရုတ်ချည်းကို ကောက်ခါငင်ခါဆိုတော့ကား....။

ပထမဆုံးညက ဘာဆေးမှန်းမသိ ဆေးတစ်မျိုးကိုသောက်ထားခဲ့ရသလို မျက်လုံးပိတ်အစည်းခံထားခဲ့ရတာကြောင့် ဘာတွေ ဘယ်လိုဖြစ်သွားမှန်းမသိခဲ့ပေမယ့် အခုအခါက တူမှမတူလေပဲ။

မီးလင်းဖိုရဲ့အလင်းရောင်ပျပျအောက်မှာ အရာအားလုံးကို ထင်းထင်းရှင်းရှင်းမြင်နေရသောအခါ ရှက်စိတ်ကပိုပါသည်။

အရှင့်ရဲ့ မျက်နှာချောချောကို ဗလာကျင်းတဲ့ ခန္တာကိုယ်နဲ့ တွဲတွေ့ရတဲ့အခါ မျက်နှာမဖော်နိုင်အောင်ပဲ ခေါင်းငုံ့ထားမိတယ်။

အဘယ်အရာကို စိတ်ဆိုးမှန်းမသိ စိတ်ဆိုးနေခဲ့တဲ့ အရှင့်သားဟာ ပထမဦးဆုံးညကထက်ပင် နူးညံ့ခြင်းကင်းခဲ့လေတယ်။
ဘယ်သူ့ကိုတလို့ တရမှန်းမသိတဲ့ကိစ္စမလို့ ပါးစပ်ကိုသာ တင်းတင်းပိတ်ရင်း မျက်ရည်ကျခဲ့ရတယ်။
ညတာက ရှည်လိုက်လေခြင်း......။
.
.
.
.
.
.
'မဟုတ်ဖူး မလုပ်ပါနဲ့ မဟုတ်ဖူး မဟုတ်ဖူး'

အိပ်ပျော်သွားခဲ့တာလား သတိလစ်သွားခဲ့တာလား မရေရာခဲ့ပေမယ့် သူနိုးလာချိန်မှာ သူဟာအရှင့်သားရဲ့ အိပ်ယာထက်မှာ.....

'မဟုတ်ပါဘူး မလုပ်ပါနဲ့'

ပူးကပ်နေတဲ့ ခန္တာကိုယ်က လူးလိမ့်နေတဲ့အခါ သူပါအယောင်ယောင်အမှားမှားထရင်း ခါယမ်းနေတဲ့လက်တစ်ဖက်ကို ဆုပ်ကိုင်ထားမိတယ်။

'မလုပ်နဲ့ တောင်းပန်ပါတယ်'

'အရှင့်သား အရှင့်သား အရှင်အိပ်မက်မက်နေတာပါ အိပ်မက်မက်နေတာပါ'

စိတ်သက်သာစေလိုငြား နဖူးကို ခပ်ဖွဖွသပ်ပေးပြီးကာမှ သတိဝင်ပြီးလက်ကိုရုတ်လိုက်မိတော့ နောက်လက်တစ်ဖက်ကအလျင်အမြန်ကို ဆုပ်ကိုင်လာတာမလို့ အခုဆိုသူ့လက်နှစ်ဖက်လုံးက အရှင့်သားရဲ့လက်တွေထဲမှာ။

'မယ်မယ်'

ခပ်ဖွဖွခေါ်ရင်း ငြိမ်ကျသွားပြန်တဲ့ ခန္တာကိုယ်က ဝင်လေထွက်လေ ပြန်မှန်သွားပြန်ပြီမလို့ အိပ်မက်ဆိုးကပြီးသွားပြီထင်ရဲ့။
လက်နှစ်ဖက်ကို ဆုပ်ကိုင်ထားတာမလို့ လှဲချရန် အဆင်မပြေတာကြောင့် အသာရုန်းသော်လည်း ပိုလို့တင်းကြပ်လာသည့်အတွက် သက်ပြင်းကိုချမိတယ်။

တကိုယ်လုံးဟာလည်း ညောင်းကိုက်နာကျင်နေသည်မလို့ အင်မတန်မှကို အိပ်ချင်နေသေးသည်။
မထူးပါဘူးလို့သာတွေးရင်း အရှင့်ရဲ့ရင်ဘတ်ပေါ်ကိုသာ ခေါင်းအပ်လို့ မှောက်ရက်သားအိပ်ချလိုက်မိတော့တယ်....။
ဖြစ်ချင်ရာသာ ဖြစ်ပေရော့။

▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️

အပြည့်အဝအနားယူလိုက်ရသည့် ခံစားချက်နဲ့ နိုးထလာပြီးနောက် ရင်ဘတ်ပေါ်မှာ လေးလေးပင်ပင်တစ်ခုဖိနေတာကိုပါခံစားလိုက်ရတယ်။

ရုတ်တရတ်မြင်လိုက်ရတဲ့ မျက်နှာဟာ နူးညံ့လွန်းတာမလို့ အသာထိတွေ့ရန်လက်ကိုမြှောက်တော့ လက်နှစ်ဖက်လုံးက ကောင်လေးရဲ့လက်တွေကို ဆုပ်ကိုင်လျက်မိသား....။

ဘယ်လိုတွေဖြစ်လို့ ဒီလိုပုံစံတွေဆီရောက်ခဲ့ရသလဲဆိုတာ လုံးဝမမှတ်မိတာ အမှန်ပင်။

မနေ့က သူ့လုပ်ရပ်တွေက အခုလို နူးနူးညံ့ညံ့အခြေအနေကို ရောက်စရာ အကြောင်းမှမရှိပဲကိုး....။
ခမည်းတော်ရဲ့ အမိန့်စာကြောင့် လောင်မြိုက်နေတဲ့ ဒေါသမီးတို့ကို ဒီကောင်လေးထံပုံချခဲ့မိတယ်။

ဝေ့ဝဲကြည့်လိုက်တော့ အိပ်ယာခင်းမှာပေနေတဲ့ သွေးတစွန်းတစကို မြင်တဲ့အခါ အပြစ်မကင်းသလို ခံစားမိပြန်တယ်။

ကျောက အရှိုးရာတွေတောင် အရှင်းမပျောက်သေးတဲ့ဒီကောင်လေးကို သူကထပ်ပြီးနာကျင်အောင် လုပ်မိပြန်ပြီ။

ထပ်ရက်သားအိပ်ပျော်နေတဲ့ ခန္တာကိုယ်ငယ်ကို ဘေးသို့အသာတွန်းချရင်း အဝတ်အစားကို အမြန်ဝတ်ဆင်လိုက်တယ်။

'အရှင့်သား'

တဲအပြင်မှာ ကင်းစောင့်နေတဲ့ ရဲမက်ကိုခေါင်းတစ်ချက်ငြိမ့်ပြရင်း မြင်းဇောင်းရှိရာကို ဦးတည်လိုက်တယ်။

'မနက်စာ၂ဦးစာ ငါ့တဲထဲပို့ထားလိုက်'

▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️

မနက်ခင်း အလင်းရောင်က မျက်ခွံတို့ကို ထိုးဖောက်လာတဲ့အခါ မနိုးချင်ပဲ နိုးလာရပြန်တယ်။

ဖန်ရှင်းက ဒီမနက် သူ့ကိုလာမနှိုးပါလား။
သည်နေ့အတွက် တိမ်လွှာမြိုင်ကို ဧည့်သည် လာစရာမရှိဘူးထင်ရဲ့-

ဟင် နေပါဦး။
သူက တိမ်လွှာမြိုင်မှာမှ မဟုတ်တော့တာပဲ.....
အရှင့်သားရဲ့ မနက်စာ!!

အလန့်တကြားပြူးကျယ်လာရတဲ့ မျက်ဝန်းအစုံတို့နဲ့အတူ ကမန်းကတန်းလူးလဲထမိတော့ ခါးရိုးအောက်နေရာက ဆစ်ခနဲ။

'ဖြည်းဖြည်းထလေ ဘာလို့ပြာယာခတ်နေတာလဲ အိပ်ယာနိုးကတည်းက'

'အရှင့်သား တောင်းပန်ပါတယ် ကျွန်တော်မျိုးအခုပဲ မနက်စာ-'

နှာခေါင်းထဲ တိုးဝင်လာတဲ့ ရနံ့နဲ့အတူ အရှင့်သားရဲ့ စားပွဲပေါ်က အငွေ့တထောင်းထောင်းထနေတဲ့ ဆန်ပြုတ်နှစ်ပွဲ...။

နှစ်ပွဲ!?!!

'မနက်စာ စားလိုက် ပြီးရင် လုပ်စရာရှိတာ သွားလုပ်တော့'

အရှင့်သားက သူ့အတွက်ပါ မနက်စာယူပေးထားတယ်လား....။

'ပြီးရင် အိပ်ယာပေါ်က မင်းကိစ္စ မင်းရှင်းဦး'

▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️

'မင်းကိစ္စ မင်းရှင်းဦးတဲ့ ဒါငါ့ကိစ္စလား ဒါသူလုပ်လို့ဖြစ်တာမဟုတ်ဖူးလား'

ဆောင့်ဆောင့်အောင့်အောင့်နဲ့ အိပ်ယာခင်းကို ဆွဲချွတ်ရင်း ရေရွတ်နေမိသည်။
ဒါဘယ်လောက်တောင်ရှက်ဖို့ကောင်းတဲ့ ကိစ္စလည်းလေ....

အိပ်ယာခင်းပေါ်မှာ သူ့သွေးတွေကော ပြီးတော့....ပြီးတော့ တခြားဟာတွေကော။

'မင်း အခုထိသွေးထွက်နေတုန်းလား'

'အမလေး'

အဝတ်လျှော်တဲ့နေရာမှာ အိပ်ယာခင်းကိုနှစ်ရင်း စိတ်ထဲဆဲဆိုရေရွတ်နေမိတာ အနောက်မှာ လူရောက်နေတာမသိလိုက်။

'ကျင်ရွေး မင်း-မင်း ဘယ်လိုရောက်နေတာလဲ'

'ဘယ်လိုရောက်ရမှာလဲ ငါလည်းအဝတ်လျှော်မလို့လေ'

ကျင်ရွေးက နဂိုကတည်းက တပ်နဲ့အတူကူဖော်လောင်ဖက် ပါလာတဲ့ အစေခံငယ်တစ်ဦး။
ရိပေါ်ဘက်က အစပိုင်း စကားလိုက်ပြောပေမယ့် သူ့ကိုသိပ်ပြီးပေါင်းသင်းချင်ပုံမရတာကြောင့် သူလည်းအလိုက်သိပြီး ဘာသိဘာသာသာနေခဲ့ရတာ။

'မင်းနဲ့ အရှင့်သားက ဒီလောက်ကြာနေပြီ အခုထိဒီလောက်တောင်သွေးထွက်နေတုန်းလား'

'အာ မ-မဟုတ်ဖူး ငါတို့ မဟုတ်-မဟုတ်ဖူး'

သူနဲ့အရှင့်သားက တောက်လျှောက်ကြီး အဲ့သည်လို မဟုတ်ဖူးဆိုတာကို ပြောချင်ပေမယ့် ဘယ်လိုပြောရမယ်မှန်းမသိ။
အထစ်ထစ်အငေါ့ငေါ့နဲ့ မျက်နှာကြီးနီလာတဲ့ သူ့ကိုကြည့်ရင်း ကျင်ရွေးက စုတ်တစ်ချက်သပ်တယ်။

'နေဦး မင်းကိုငါ စာအုပ်တစ်အုပ်ပေးမယ်'

'ဘာ-ဘာ စာအုပ်လဲ'

ကျင်ရွေးက သူ့ကို စိတ်မရှည်သလိုတစ်ချက်ကြည့်ရင်း ချာခနဲ လှည့်ထွက်သွားတယ်။
ကောက်ခါငင်ခါနဲ့ ဘာစာအုပ်အကြောင်းပြောနေတာပါလိမ့်.....။

▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️

Note - ဘာစာအုပ်လဲ သိကြလား 😅

Continue Reading

You'll Also Like

2M 57.4K 95
On the twelfth hour of October 1st, 1989, 43 women gave birth. It was unusual as none of them had been pregnant since the first day they started. Sir...
364K 31.9K 90
Sequel to my MHA fanfiction: •.°NORMAL°.• (So go read that one first)
664K 21.7K 80
Follow the story of Cathy Potter as she and the entire school of Hogwarts sees what their future has in store for them... Best Rankings: #3 - Lily Ev...
124K 7.3K 90
"Great news! Wei WuXian has died!" "Wait- WHAT?!" "But I'm still here." The juniors (Lan Sizhui, Lan Jingyi, Jin Ling, and Ouyang Zizhen) accidentall...