Zawgyi
အရှင်က ရိပေါ်ကို နမ်းတယ်။
အနမ်းပေးတယ်ဆိုတာ ချစ်တဲ့သူအချင်းချင်းပဲလုပ်ကြတာမဟုတ်ဘူးလား။
ဒါဆို ဒါဆို အရှင်က သူ့ကို ချစ်-မဟုတ်ပါဘူး။
ဒါမဖြစ်နိုင်တဲ့ ကိစ္စကြီးပဲ။နေဝင်လုနီးနီးဖြစ်နေပြီမလို့ ခပ်သွက်သွက်ခရီးနှင်နေတဲ့ ဖင်းကော်ရဲ့ ကိုယ်ပေါ်မှာ ပူးကပ်စွာထိုင်ရင်း စခန်းဆီကိုပြန်ခဲ့ကြတယ်။
သူပဲထင်လို့ပဲလား။
အနောက်ကနေ ခပ်စီးစီး ပွေ့ဖက်ထားတဲ့ အရှင့်ရဲ့အထိအတွေ့ဟာ ပုံမှန်ထက်ပိုလို့ နူးညံ့နွေးထွေးနေခဲ့သလိုပဲ။တဲထဲကိုပြန်ရောက်တာနဲ့ မီးလင်းဖိုဆီအပြေးသွားလို့ ထင်းထည့်ရတယ်။
သူကတော့ အတန်အသင့်နွေးနေပေမယ့် တလျှောက်လုံး သူ့ကိုကာလို့စီးနှင်လာခဲ့တဲ့ အရှင့်သားကတော့ ချမ်းနေလောက်ပြီထင်ရဲ့။'ကျွန်တော်မျိုးအရှင့်အတွက် ညစာသွားယူလိုက်ပါဦးမယ်'
မီးလင်းဖိုအနား လက်တွေကိုဖြန့်လို့ အနွေးဓာတ်ခံယူနေရင်းက အရှင်က ခေါင်းတစ်ချက်ငြိမ့်တယ်။
တစောင်းအနေအထားမှာ မြင်နေရတဲ့ အရှင့်ရဲ့ ကြည်ကြည်လင်လင်မျက်နှာသွယ်ဟာ ပြုံးယောင်သမ်းနေသလို....
စိတ်ကြည်နေပုံရတာကြောင့် ရိပေါ်ပါ ယောင်ယောင်လေး လိုက်ပြုံးမိတယ်။
စဉ်းစားကြည့်မယ်ဆိုရင် အရှင်ပြုံးတာကို တစ်ခါမှမမြင်ဖူးဘူးပဲ။'ညစာကို မင်းအတွက်ပါပိုယူလာခဲ့'
'ကျွန်-ကျွန်တော်မျိုး အတွက်လား'
'အင်း'
အမဲသားစွပ်ပြုတ်အိုးကိုမွှေလို့ ငုတ်တုတ်ထိုင်နေတဲ့ ကျင်ရွေးကိုတွေ့သည့်အခါ နောက်ပြန်ပြေးချင်စိတ်ကို ချိုးနှိမ်လို့ မီးဖိုဆောင်ထဲဝင်ရသည်။
'အရှင့်သားအတွက် ညစာ'
အေးတိအေးစက်မျက်နှာထားနဲ့ ကျင်ရွေးက ခေါင်းသာတစ်ချက်ဆတ်ပြရင်း အိုးထဲက အသားဖတ်အများကြီးကိုရွေးလို့ ခပ်ထည့်နေသည်။
အရှင့်သားအပါအဝင် အားလုံးက တစ်အိုးတည်းမှ စားရသည်ဆိုသော်လည်း အရှင့်သားမစားခင် မည်သူမျှမထိကြ။
အရှင့်သားအတွက် ဦးဦးဖျားဖျားခပ်ယူပြီးမှ ရာထူးအလိုက် တဆင့်ဆီယူကြရသည်။
အမြဲတမ်းနောက်ဆုံးမှ စားရတဲ့ ရိပေါ်တို့လိုအစေခံတို့အတွက်ကတော့ အများအားဖြင့် ဟင်းရည်သောက်ရုံသာ ကျန်လေ့ရှိသည်။