မုန်းရဲ့အလင်းရောင်

By ShayyLinkar

479K 28.9K 1K

သူငယ်ချင်းဆိုတဲ့ အဖြူရောင်အလွှာလေးကိုငါအရောင်တွေစွန်းထင်စေမိပီအလင်း မုန်း(မုန်းမာန်) သူငယ်ချင်းဆိုတဲ့တံတိုင်း... More

Part 1 (U+Z)
Part 2 (U+Z)
Part 3 (U+Z)
Part 4 (U+Z)
Part 5 (U+Z)
Part 6 (U+Z)
Part 7 (U+Z)
Part 8 (U+Z)
Part 9 (U+Z)
Part 10 (U+Z)
Part 11 (U+Z)
Part 12(U+Z)
Part 13 (U+Z)
Apologize
Part 14 (U+Z)
Part 15 (U+Z)
Part 16 (U+Z)
Part 17 (U+Z)
Part 18 (U+Z)
Part 19 (U+Z)
Part 20 (U+Z)
Part 21 (U+Z)
Part 22 (U+Z)
Part 23 (U+Z)
Part 23 (Zawgyi)
Part 24 (U+Z)
Part 25 (U+Z)
Part 26 (U+Z)
Part 27 (U+Z)
Part 28 (U+Z)
Part 29 (U+Z)
Part 30 (U+Z)
Part 31 (U+Z)
Part 32 (U+Z)
Part 34 (U+Z)
Part 35 (U+Z) Waning
New Fic
Part 36 (U+Z)
Part 37 (U+Z) Waning
Part 38 (U+Z)
Part 39 (U+Z)
Part 40 (U+Z)
Part 41 (U+Z)
Part 42 (U+Z) The End
ကျေးဇူးတင်လွှာ & ရည်ရွယ်ချက်
Extra 1 (U+Z)

Part 33 (U+Z)

8.4K 535 26
By ShayyLinkar

#Unicode

“မုန်း”

“ဗျာ”

“အိမ်ရောက်ရင် ကိုကို့ကို တစ်နေ့ဖုန်းသုံးခါ မှန်မှန်ဆက်နော်။ မနက်အိပ်ရာနိုးရင်တစ်ခါ၊ နေ့လည်တစ်ခါ၊ ညအိပ်ရာဝင်ခါနီးတစ်ခါ အချိန်မှန်ဆက်ပါ။ ကျန်တဲ့အချိန်တွေမှာလည်း သတိရရင် ရသလိုဆက်ပါ”

“ဟုတ်ကဲ့ပါ”

“မုန်းတစ်ခုခုလုပ်မယ်ဆို ကိုကို့ကိုအရင်ပြောပါ။ ကိုကိုမလုပ်စေချင်တဲ့ အရာမျိုးကို မုန်းလုပ်ချင်မိရင်တောင် ကိုကို့ကိုအရင်ခွင့်တောင်းပါ။ အပြင်သွားမယ်ဆိုလည်း ကိုကို့ကိုအရင်ပြောပါ။ ကိုကို့ကို ဘာမှမပြောဘဲ အပြင်သွားတဲ့အခါ ကိုကိုက မုန်းကိုဖုန်းခေါ်မိရင် အနှောက်အယှက်ပေးသလို ဖြစ်နေမှာဆိုးလို့ ကြိုပြောခိုင်းတာ”

“ဟုတ်”

“ပြီးတော့ ဘယ်သူနဲ့သွားမယ် ဘယ်ကိုသွားမယ် ဘာလုပ်မယ် ဆိုတာကအစ ကိုကို့ကိုပြောပြပါ။ ကိုကို့ကိုမပြောဘဲ မလုပ်ရဘူးနော်။ မုန်းဘယ်သွားသွား ဘာလုပ်လုပ် ကိုကို့ကိုအရင်ပြောပါ။ ကိုကိုဖုန်းခေါ်ရင် ချက်ချင်းကိုင်နိုင်အောင် ကြိုးစားပါ။ မုန်းဖုန်းကို ငါးခါထက်ခေါ်လို့ မုန်းကဖုန်းမကိုင်ရင် ကလေးပေါက် ဘာများဖြစ်နေပြီလဲ တစ်ခုခုများ ဖြစ်နေလားဆိုတဲ့အတွေးနဲ့ ကိုကိုအရမ်းစိတ်ပူပြီး စိုးရိမ်နေရမှာ။ စိတ်ဆိုးစရာ တစ်ခုခုဖြစ်လာခဲ့ရင် မုန်းက ကိုကို့ကို ဘာမှပြောမထားရင် ကိုကိုပိုပြီးစိတ်ဆိုးမိမှာဆိုးလို့ နားလည်လား”

“အင်းပါ ကိုကိုကလည်း”

“ရှိသေးတယ်။ အရက်၊ ဘီယာ၊ ဝိုင် မူးယစ်စေတတ်တဲ့ အရာမှန်သမျှ ကိုကိုမဟုတ်တဲ့ တခြားဘယ်သူနဲ့မှ မသောက်ရဘူး။ တကယ်လို့ သူငယ်ချင်းတွေနဲ့ လူစုံလို့သောက်ချင်ရင်တောင် ကိုကို့ကိုအရင်ပြောပါ။ မုန်းကပြောရင် ကိုကိုက ခွင့်ပြုပေးမှာမို့ ကိုကို့ကို မပြောဘဲ ဘာမှမလုပ်ပါနဲ့”

“ဟုတ်ကဲ့ပါ”

“ကိုကို ခုလိုအသေးစိတ် မှာထားရက်နဲ့ ကိုကို့ကို ဘာမှမပြောဘဲ လုပ်ခဲ့ရင် ကိုကိုတအားစိတ်ဆိုးမှာနော်။ အဲ့အချိန်ကြရင် အပြစ်လုပ်တဲ့ ကလေးပေါက်ပဲ အပြစ်ခံရမှာမဟုတ်ဘဲ ကိုကိုပါ မုန်းလုပ်တဲ့အပြစ်ကို အတူတူခံရမှာဆိုတာကို နားလည်ထားပါ”

“ဟုတ်ကဲ့ပါ”

“ဉာဉ့်နက်တဲ့အထိ လိုင်းမသုံးရဘူး။ ဂိမ်းမဆော့ရဘူး။ ဒူးရင်းသီး လုံးဝလုံးဝ မစားရဘူး။ အစပ်တွေ လုံးဝမစားရဘူး။ ကိုကို့ကိုမပြောဘဲ ဘာမှမလုပ်ရဘူးနော်။ ကိုကိုက မုန်းကိုချုပ်ချယ်မယ့်သူမဟုတ်ဘူး။ မုန်းက ကိုကို့ကိုပြောပြပြီး ခွင့်တောင်းရင် အားလုံးကို လိုက်လျောပေးမှာ။ ကြားလား ကလေးပေါက်”

“ဟုတ်ကဲ့ပါ မှတ်သားထားပါ့မယ်ခင်ဗျ”

“လိမ္မာတယ် မွစ်။ ကိုကိုတော့ ကိုကို့ကလေးလေးကို လွမ်းနေရတော့မှာပဲကွာ မွစ် မွစ် မွစ်”

လွမ်းရမယ့်နေ့ရက်တွေအတွက် အတိုးချပြီး ခုကတည်းက နမ်းထားရတယ်။ ပါးမို့မို့လေးနှစ်ဖက်ကို အရင်နမ်းတယ်။ ပြီးတော့မှ နဖူးလေး၊ နှာခေါင်းလေး၊ နောက်ဆုံးတော့ နှုတ်ခမ်းလေးကို နမ်းလိုက်တယ်။ ပူရှိန်းပြီးအေးမြတဲ့ ကျွန်တော့်ကလေးပေါက်ရဲ့ နှုတ်ခမ်းလေးတွေကို အရမ်းကြိုက်ပါတယ်။

“မုန်းရောပဲ ကိုကို့ကို လွမ်းနေရတော့မယ်။ မုန်းတတ်နိုင်သမျှ မြန်မြန်ပြန်လာခဲ့မယ်နော်ကိုကို”

“ဟုတ်ပါပြီကွာ။ ကိုကို့ကို အာဘွားလေးပေးပါဦး”

“အာဘွား ပြွစ်”

ကလေးပေါက်က နှုတ်ခမ်းလေးကိုလာနမ်းတော့ အနမ်းကို ကျွန်တော်ကပဲ ပြန်ဦးဆောင်လိုက်တယ်။ အပေါ်တစ်လှည့် အောက်တစ်လှည့် စုပ်ယူနမ်းရှိုက်ပြီး အတော်ကြာတော့ ခံတွင်းထဲကိုဝင်ဖို့ လျှာဖျားလေးနဲ့ထိုးပြီး ခွင့်တောင်းတဲ့အခါ မုန်း‌လေးက အလိုက်သိစွာနဲ့ နှုတ်ခမ်းလေးတွေ ဟပေးလာတယ်။ လျှာဖျားလေးကို စုပ်ယူလိုက်တော့ ကလေးပေါက်က အင့်ခနဲအသံလေး ထွက်လာပါတယ်။ အတော်ကြာနမ်းရှိုက်ပြီးတော့ လက်ကလေးနှစ်ဖက်က ရင်ဘတ်ကို တွန်းလာတာမို့ ကျွန်တော်သိလိုက်ပါပြီ။ ကျွန်တော့်ကလေးပေါက် အရမ်းမောနေပြီဆိုတာ။

ပါးစပ်လေးဟပြီး အသက်ကိုမနားတမ်းရှူနေတဲ့ မုန်းလေးကိုကြည့်ပြီး စိတ်က အမှောင်ဖုံးချင်လာတယ်။ အခန်းထဲမှာဆက်ထိုင်နေရင် ဘာတွေဖြစ်လာမလဲ မပြောနိုင်တာမို့ ကလေးပေါက်လက်ကိုဆွဲပြီး အပြင်ထွက်လာလိုက်တယ်။

“မင်းတို့နှစ်ကောင် အထဲမှာ ဘာလုပ်နေတာလဲဟေ။ ကြာလိုက်တာဆိုတာ။ ပြောပါဦး ဘာတွေလုပ်နေလို့ အဲ့လောက်ကြာနေလဲဆိုတာ။ ခွဲခါနီးဆိုပြီးးး”

“မဟုတ်တာတွေ လျှောက်ပြောမယ်မကြံနဲ့ငသု။ မှာစရာရှိတာ မှာနေတာကွ”

“ငါကဘာပြောမှာမို့လို့ မင်းက ဘာတွေထင်ပြီး အဲ့‌လောက်ရှင်းပြနေရတာလဲ”

“ကဲပါသုတရယ်။ နင်ဟာလေ သူများကို ချောက်တွန်းမယ်ဆိုတာချည်းပဲ။ မုန်း မုန်းမေမေက ထွက်လာနေပြီလား”

“အင်း ထွက်လာနေပြီလို့တော့ ပြောတယ်နွေ။ နွေက ငါနဲ့လိုက်မှာမို့လား”

“ဟုတ်တယ် နွေနဲ့မေသူက မုန်းနဲ့လိုက်မှာ။ သုတက အားသစ်တို့အိမ်ကကားနဲ့ လိုက်လိမ့်မယ်။ မေသူမက ရောက်တော့မယ်လို့တော့ပြောတယ်”

ပထမနှစ်ဝက်ဖြေပြီး ကျောင်းတစ်လပိတ်တာမို့ မုန်းရယ်၊ နွေရယ်၊ အားသစ်ရယ်၊ သုတရယ်၊ မေသူမရယ်က ပြန်ကြမှာပါ။ မေသူမကတော့ နောက်နှစ်ရက်လောက်နေမှ ပြန်မယ်ပြောပေမယ့် ခုတော့ အကုန်လုံးနဲ့ပြန်ချင်တာမို့ မုန်းတို့အိမ်ကကားနဲ့ ပြန်လိုက်မှာပါ။ အားလုံးက အလင်းတို့အိမ်ကနေ ပြန်ကြမှာမို့ အလင်းတို့အိမ်ကိုပဲ လာခေါ်ကြမှာပါ။ အလင်းကတော့ ပြန်စရာမရှိတော့ဘူးလေ။ ဖေဖေကလည်း မြောင်းမြမှာမှ မရှိတာ။ ပုသိမ်မှာဆိုတော့ သင်္ကြန်ပြန်လာမယ်ပြောတာကြောင့် မသွားဖြစ်တော့ဘူး။

တအောင့်လောက်ကြာတော့ လာခေါ်မယ့်ကားတွေက ရောက်လာတာမို့ အထုပ်တွေ ကားပေါ်တင်နေတုန်း မုန်းမေမေက အလင်းအနားကို ရောက်လာတယ်။

“သား အလင်းလေး အန်တီက အလင်းလေးကိုအိမ်လည်ခေါ်ခဲ့ဖို့ မုန်းကိုတောင်ပြောနေတာ။ အန်တီ့သားမာနခဲလေးက အိမ်ကိုတောင် အလည်မလာဘူး”

“ဟို အဲ့လိုမဟုတ်ပါဘူးအန်တီရဲ့။ သားက စာတွေများဝောာ့ စာမေးပွဲချိန်ကြီးမို့ မလာနိုင်တာပါ။ တစ်မျိုးမထင်ပါနဲ့နော်အန်တီ”

“ဟုတ်ပါပြီကွယ်။ ဒါနဲ့ သားဖြေနိုင်တယ်မို့လား”

“ဟုတ်ကဲ့အန်တီ ဖြေနိုင်ပါတယ်”

“သားက တော်ပြီးသားပဲဟာ ကြိုးစားနော်”

“ဟုတ်”

“ဒါနဲ့ သားမေမေနဲ့ဖေဖေကို အန်တီကသတိရပါတယ်လို့ ပြောပေးပါဦးနော်။ ပြီးတော့ မုန်းလေးကို စောင့်ရှောက်ပေးထားလို့လည်း ကျေးဇူးတင်ပါတယ်လို့ ပြောပေးနော် သား”

“ဟုတ်ကဲ့အန်တီ သားပြောပေးပါ့မယ်”

“အေး‌အေး ဒါဆို အန်တီတို့သွားပြီနော်”

“ဟုတ်ကဲ့ ဂရုစိုက်သွားပါအန်တီ။ မုန်း ၊ နွေ ၊ မေသူ တာတာ့။ အားသစ်နဲ့သုတရောပဲ တာတာ့”

“တာ့တာ”

အားလုံးက လက်ပြနှုတ်ဆက်ပြီး ပြန်သွားကြတော့ ရင်ထဲမှာ ဟာတာတာနဲ့ ကျန်ခဲ့ပါတယ်။ ထားခဲ့တဲ့သူထက် ကျန်ခဲ့ရတဲ့သူက ပိုလွမ်းရတယ်မုန်း။ ခွဲခွာခြင်းဆိုတဲ့အရာကို လုံးဝခံနိုင်ရည်မရှိတာမို့ မင်းကို လက်လွှတ်ဆုံးရှုံးခံဖို့ဆိုတာ လုံးဝ မဖြစ်နိုင်တော့မယ့်အရာပဲမုန်း။ ကိုယ်မင်းလက်ကို ဘယ်တော့မှ လက်တွဲဖြုတ်မှာမဟုတ်ဘူးမုန်း။

အလင်းနဲ့ တစ်လ‌‌လောက်ခွဲရမှာကို တွေးမိတော့ လူကငိုချင်လာတယ်။ ထားခဲ့တဲ့သူနဲ့ ကျန်ခဲ့ရတဲ့သူဆိုရင် လူတွေက ကျန်ခဲ့ရတဲ့သူက ပိုခံစားရတယ်လို့ ထင်နေကြတယ်။ တကယ်တော့ ထားခဲ့တဲ့သူက ပိုခံစားရပြီး ပိုနာကျင်ရတာပါ။ သူ့ကိုထားခဲ့ပြီး လှည့်ထွက်ဖို့ ခြေလှမ်းတွေအတွက် အတော်ကို ကြိုးစားရတာလေ။ ထားခဲ့တဲ့သူနဲ့ ကျန်ခဲ့ရတဲ့သူဆိုရင် ကျန်ခဲ့ရတဲ့သူက ကိုယ်ပဲဖြစ်ပါရစေ။

**************

ကျွန်တော့်ရဲ့မုန်းပေါက် ပြန်သွားတာ ဒီနေ့နဲ့ဆို ဆယ်ရက်မြောက်နေ့ပါ။ ခါတိုင်းရက်တွေက အချိန်မှန်ဖုန်းခေါ်တတ်ပေမယ့် ဒီနေ့တော့ မနက်ကခေါ်ပေမယ့် နေ့လည်မခေါ်တာကြောင့် ဘာလို့လဲလို့တွေးပြီး စိတ်ပူနေရတယ်။ နေ့လည်ထမင်းစားပြီးတော့မှ မုန်းပေါက်ကို ဖုန်းခေါ်ရတယ်။ ဖုန်းအကြာကြီးခေါ်နေပေမယ့် မကိုင်ပါဘူး။ ဘာလို့ပါလိမ့်။ သုတနဲ့များ အတူတူရှိမလားမသိဘူး။ သုတကိုပဲ ဖုန်းခေါ်ကြည့်ရတော့မှာပဲ။

မုန်းဒီနေ့ သုတတို့နဲ့ပုသိမ်ကို လိုက်သွားတာပါ။ ဖေနဲ့လည်းတွေ့ချင်တာကြောင့်ရယ် ပုသိမ်မှာ ဝယ်စရာလေးတွေ ရှိတာကြောင့်ရယ် လိုက်သွားရင်းနဲ့ ရုပ်ရှင်ပါကြည့်တာမို့ အိမ်ပြန်ရောက်တော့ အတော်လေးကို နောက်ကျနေပါပြီ။

ဘုရားရေ ငါအလင်းကိုနေ့ခင်းက ဖုန်းမဆက်လိုက်မိပါ့လား။ ဖုန်းခေါ်ဖို့အတွက် လွယ်အိတ်ထဲကဖုန်းကို အခုမှ မနည်းရှာနေရတယ်။ ဖုန်းကိုကြည့်မိတော့ အားလားလား Missed Calls က 57ခုတောင်။ Oh My God! သွားပြီ သွားပြီ မုန်းရေ။ မင်းဘဝတော့ သွားပါပြီ။ ဖုန်းပြန်ခေါ်တော့ အလင်းက ချက်ချင်းတန်းကိုင်တယ်။ ဟူးးးးး တော်သေးတာပေါ့။

“ပြော”

ဟဲလိုတောင်မထူးတော့ဘူး ပြောတဲ့။ အရင်ကဆို အဲ့လောက်အများကြီး ခေါ်ထားလို့ မကိုင်တဲ့အခါမျိုးဆို မုန်းဖုန်းပြန်ခေါ်ရင် “မုန်းလေး ကိုကို့ကို ဘာလို့ဖုန်းမခေါ်တာလဲ။ ကိုကိုက မုန်းတစ်ခုခုများ ဖြစ်နေလားလို့ တွေးပြီး စိုးရိမ်နေတာ” ဆိုတဲ့စကားကို ပြာပြာသလဲ မေးနေကြ။ ခုတော့ တုံးတိကြီး ပြောတဲ့။

“ဟို ကိုကိုမုန်းကို စိတ်ဆိုးနေတာလားဟင်”

“မဆိုးပါဘူး ဘာလို့ဆိုးရမှာ”

အခြေအနေ မကောင်းဘူးမုန်း။

“ဟိုလေ မနက်က သုတတို့က ပုသိမ်သွားမယ်ဆိုပြီး အိမ်လာခေါ်လို့ ဖေနဲ့လည်း တွေ့ရအောင် လိုက်သွားလိုက်တာ”

“အင်း အဲ့ဒါပြောမလို့လား။ အဲ့ဒါဆိုရင်ရပြီ ပြောဖို့မလိုတော့ဘူး။ ငါသုတကိုဖုန်းဆက်လိုက်လို့ သုတပြောပြသွားတယ်။ ဒါပဲမို့လား”

“နေ . . နေပါဦး ကိုကိုကလည်း”

ဪ . . . ဒါကြောင့်ကိုး။ ဟဲလိုမထူးဘဲ ပြောလို့ပြောတာ‌ ဒါကြောင့်ကိုး။ ဒါဆို သုတဆီက သိထားပြီးပြီမို့ စိတ်မပူတော့ဘဲ စိတ်ဆိုးနေတာပေါ့။ ချော့ပေဦးတော့ မောင်မုန်းရေ။

“ဘာပြောမှာလဲမုန်း ငါမအားဘူး။ ပြောစရာရှိတာ မြန်မြန်ပြော။ ပြောစရာမရှိရင် ဖုန်းချလိုက်တော့မယ်”

“ကိုကို့ မုန်းတောင်းပန်ပါတယ်နော်။ ကိုကို့ကိုပြောမလို့ပါပဲ။ ကားပေါ်ရောက်မှ ဖုန်းခေါ်မယ်လို့ တွေးထားတာ။ ဒါပေမဲ့ သူတို့က ဗြုန်းကနဲလာခေါ်တော့ အမြန်လုပ်လိုက်ရတာကြောင့် ကားပေါ်ရောက်တော့ စကားတွေပြောပြီး မေ့သွားတာကြောင့်လည်းပါတယ်။ နေ့လယ်လောက် ပြန်လာမယ်တွေးပေမယ့် သူတို့က ရုပ်ရှင်ကြည့်မယ်ဆိုတာနဲ့ ရုပ်ရှင်ပါကြည့်လိုက်လို့ နောက်ကျသွားတာပါ။ စိတ်မဆိုးပါနဲ့နော် တောင်းပန်ပါတယ်နော် ကိုကို့”

“အင်း ဒါပဲမို့လား။ ငါဖုန်းချလိုက်တော့မယ်”

“ကိုကို့ အင့်. . ဟင့် . .ဟင့် . . အီး . .ဟီး . .ဟီး”

မုန်းဝမ်းနည်းလွန်းလို့ အော်ငိုလိုက်မိတဲ့ အထိပါပဲ။ တောင်းပန်တာတောင် အလင်းက စိတ်ဆိုးမပြေပေးဘူး။

“မငိုနဲ့တော့ကွာ မုန်းငိုရင် ကိုကိုဘယ်လောက်စိတ်မကောင်းဖြစ်ရလဲ သိတယ်မို့လား”

“အင်း”

“အဲ့ဒါဆို သိရင်မငိုနဲ့တော့နော်။ လိမ္မာတယ် မုန်းပေါက်လေးက။ ကိုကို မုန်းကို ဒီကပြန်ကတည်းက ဘာမှာလိုက်လဲ။ ဘယ်သွားသွား ဘာလုပ်လုပ် . . .”

အလင်းကပြောလက်စ စကားကို တစ်ဝက်နဲ့ရပ်လိုက်ပြီး ကျန်တဲ့စကားကို မုန်းကိုဆက်ပြောဆိုတဲ့ သဘောနဲ့ တိခနဲ ဖြတ်လိုက်တယ်။

“ကိုကို့ကို အရင်ပြောရမယ်”

အလင်းအထာကို နားလည်နေတဲ့မုန်းက အလင်းမှာထားတဲ့စကားကို မမေ့ဘူးဆိုတာ သက်သေပြ‌လို့ရအောင် ဆက်ပြောရတယ်။

“အင်း အဲ့ဒါကိုမှတ်မိနေရဲ့သားနဲ့ ဘာလို့ဖုန်းမဆက်တာလဲ။ မုန်းဖုန်းကို ကိုကိုအကြိမ်အများကြီးခေါ်နေတာ မရလို့ ကိုကိုဘယ်လောက်စိုးရိမ်ပြီး စိတ်ပူနေရလဲ မုန်းသိလား။ အနားမှာမရှိတာမို့ ပြေးလာလို့ကလည်း မရဘူး။ ကိုကို့မှာ ထိုင်မရ ထမရနဲ့ အရူးလိုပဲ။ သုတကို ဖုန်းဆက်ကြည့်လို့ သုတနဲ့ အတူတူရှိနေတယ်ဆိုတော့မှ ကိုကိုစိတ်အေးရတယ်။ ကလေးပေါက်ရယ် ကိုကိုသေချာမှာလိုက်ရက်နဲ့ ကိုကို့စကားကို နားမထောင်ဘူး။ ကိုကို့ကို မချစ်ဘူးလားပြော”

“အဲ့လိုမဟုတ်မဟုတ်ပါဘူး ကိုကိုကလည်း။ ကိုကို့စကားကို နားမထောင်တာလည်း မဟုတ်ဘူး။ မချစ်လို့လည်း မဟုတ်ပါဘူး။ ဧည့်သည်တွေလည်းပါတော့ စကားတွေပြောရင်း မေ့သွားလို့ပါ အင့်“

“တော်ပြီ မငိုနဲ့တော့။ ကိုကိုစိတ်မဆိုးတော့ဘူးနော်။ သူကလည်း အပြစ်လုပ်သေးတယ် သူကပဲ ဦးအောင်ငိုတယ်။ ကလေးဆိုးလေး။ ပြောပါဦး ဘယ်ကဧည့်သည်တွေပါလို့ ကိုကို့ကိုမေ့သွားရတာလဲ”

“ဟို. . .သုတသူငယ်ချင်းတွေ သုတတို့အိမ်ကို အလည်လိုက်လာကြတာ။ သုတသူငယ်ချင်း ဝသုန်ရဲ့ ညီလေးတွေရောပါတယ်။ နေယံနဲ့နွေယံတဲ့။ အမွှာလေးတွေ ချစ်စရာလေးတွေကိုကို။ ခုမှ ရှစ်တန်းဖြေထားကြရုံပဲ ရှိသေးတာ”

“မုန်းပြောတဲ့လူတွေကို ကိုကိုတစ်ယောက်မှ မသိဘူး။ ဘယ်လိုလူတွေလဲဆိုတာ ကိုကိုမသိတာမို့ အရမ်းရင်းရင်းနှီးနှီး မနေရဘူးနော်။ ကြားလား ကလေးပေါက်လေး”

“ဟုတ်ကဲ့ပါ ကိုကို။ သူတို့က လူကောင်းတွေပါ။ ခင်ဖို့လည်း ကောင်းကြတယ်။ သုတစာမေးပွဲနားနီးတုန်းက အကြာကြီး စာသွားလုပ်တဲ့အိမ်က တစ်ယောက်လေ”

“ဟုတ်ကဲ့ပါဗျာ ခင်ဖို့ကောင်းတယ်ဆိုလည်း ခင်ပါ။ ဒါပေမဲ့ ရင်းရင်းနှီးနှီးတော့ မနေနဲ့။ ဒီကကောင်က သဝန်တိုတယ်”

“ဟုတ်ကဲ့ပါ ခင်ဗျ”

“ခုမှ ပြန်ရောက်တာမို့လား။ ညနေတောင် စောင်းနေပြီ ရေချိုးတော့။ ညစာစားပြီးမှ ကိုကိုတို့ video call ပြောကြမယ်နော်”

“ဟုတ်။ အဲ့ဒါဆို ဒါပဲနော် ကိုကို။ အာဘွား အကြီးကြီးနော် မွစ်”

“အင်း ကိုကိုကလည်း အာဘွား အကြီးကြီးပါဗျာ မွစ်”

ကျွန်တော်သိပ်ချစ်ရတဲ့ လူလည်လေး။ သူလည်း အပြစ်လုပ်ထားသေးတယ်။ သူကအရင် ဦးအောင်ငိုတယ်။ ဒီကကောင်က သူမျက်ရည်ကျရင် ရင်နာရပါတယ်ဆိုတာကို မသိတာလည်းမဟုတ်။ သိသိကြီးနဲ့ အားနည်းချက်ကို အခွင့်ကောင်းယူပြီး သူ့ကိုစိတ်ဆိုးပြေအောင်လုပ်တာ။ သူမျက်ရည်ကျရင် ဒီကကောင်ကြီးက ကြာကြာစိတ်မဆိုးနိုင်ဘူး။ ကျွန်တော့်ရဲ့ ကလေးပေါက်က လူလည်ပန်ကာလေး၊ ပေသီးလေး၊ အဆိုးအဆာလေး၊ အသည်းတုံး အချစ်ရဆုံးလေး။

**************

“ကိုကို့ သုတတို့နဲ့ ကြိုးတံတားမှာ သီချင်းသွားဆိုမလို့”

“အင်း သွားလေ။ အပြင်မှာ အရမ်းဉာဉ့်နက်အောင် မနေနဲ့နော်။ ပြန်ရောက်ရင် ကိုကို့ကိုဖုန်းခေါ်ဦး။ ကိုကိုပြောတာကြားလားမုန်း”

“ကြားပါတယ်ခင်ဗျ”

“အင်း ပြီးရော။ ကိုကိုဖုန်းချလိုက်တော့မယ်”

“ဟုတ်ကဲ့ပါခင်ဗျာ”

အလင်းနဲ့ဖုန်းပြောပြီး ခဏအကြာမှာ သုတတို့လာခေါ်တာမို့ မေမေ့ကိုပြောပြီး အပြင်ထွက်လာလိုက်တယ်။ မြောင်းမြမှာ အလင်းရှိတုန်းကတော့ ခုလို ည၆နာရီကျော် ၇နာရီလောက်ဆို ကြိုးတံတားပေါ်မှာ သူငယ်ချင်းတွေစုပြီး သီချင်းဆိုနေကြ။ အလင်းပါတုန်းကတော့ အလင်းကဂစ်တာတီးတယ်။ အလင်းမပါဝောာ့ သုတသူငယ်ချင်း ဝသုန်က တီးပေးမယ်လို့ ပြောပါတယ်။

အစီအစဉ်ကတော့ သီချင်းဆိုဖို့ပေါ့။ ကြိုးတံတားပေါ်ရောက်ဝောာ့ အမောင်သုတက ဘီယာလေးဘာလေး သောက်ရအောင်ဆိုပြီး ပြောလိုက်ရုံရှိသေးတယ် ကျန်တဲ့သူငယ်ချင်းတွေက ဆိုင်ကယ်ကောက်ဆွဲပြီး ဘီယာဝယ်ရအောင် ထွက်သွားပါပြီ။ သောက်ဖို့စားဖို့ဆို အဲ့လိုလူညီကြတာပါ။ ကျန်တာ ညီ မညီတော့ မသိဘူး ဒါမျိုးကြ တက်ညီလက်ညီ ရှိကြတယ်။

ဝယ်တဲ့သူက တာဝန်ကျေပွန်စွာ ဝယ်လာပြီဆိုတော့လည်း သောက်တဲ့သူက သောက်ပေးရတော့မှာပေါ့။ အမြည်းကတော့ ပူစရာမလိုဘူး။ မြောင်းမြ ကြိုးတံတားဆိုတာ ကြိုးတံတားက မြစ်အလယ်ခေါင်မှာ ကျိုးကျပြီး ဟိုဘက်ကမ်း ဒီဘက်ကမ်း ဘေးတစ်ဘက်တစ်ချက်မှာ တံတားတစ်ဝက်ဆီ ကျန်ခဲ့သေးတယ်လေ။ မြို့ထဲဘက်မှာကျန်တဲ့ ကြိုးတံတားအပျက်ပေါ်မှာ ကလေးကစားကွင်း နဲ့ လေ့ကျင်းခန်းလုပ်လို့ရတဲ့ အရာလေးတွေရှိတယ်။ ပြီးတော့ လူတွေလာရင် အပန်းဖြေအနားယူလို့ရတဲ့ ခုံတန်းလေးတွေရှိတယ်။ အကင်၊ တုတ်ထိုး၊ အသုတ်စုံ၊ အအေး အစရှိတဲ့ ရောင်းတဲ့ဆိုင် မျိုးစုံရှိတယ်။ ဒါကြောင့် ညနေခင်းဆိုရင် လူတွေက ကြိုးတံတားကိုလာပြီး အပန်းဖြေ အနားယူကြတယ်။ မုန့်လာစားကြတယ်။ ခလေးတွေကို ကစားရအောင် လိုက်ပို့ကြတယ်။ မြောင်းမြကြိုးတံတားက ညနေနဲ့ညဘက်ဆို လူအရမ်းစည်းကားတဲ့ နေရာတစ်ခုပေါ့။

“မုန်းရော့ မင်းလည်းသောက်”

သူငယ်ချင်းထဲကတစ်ယောက်က မုန်းကိုဘီယာကမ်းပေးရင်း သောက်ဖို့ပြောလာတာမို့ ငြင်းလိုက်ရတယ်။

“အာ ငါမသောက်တော့ဘူး။ မင်းတို့ပဲ သောက်ကြတော့”

“ဟေ့ကောင်တွေ မုန်းကိုမတိုက်နဲ့နော်။ မင်းတို့ ထိန်းနိုင်တယ်ဆိုမှတိုက်။ သူကနည်းနည်းသောက်ပြီး များများမူးတဲ့ကောင်။ နည်းနည်းပဲတိုက်”

“သူငယ်ချင်းတွေ ဆုံတုန်းလေး သောက်စမ်းပါကွာ မင်းကလည်း။ ငါကတစ်ယောက်သုံးလုံးဆိုပြီး ကွက်တိဝယ်လာတာ။ အမွှာနှစ်ကောင်အတွက်တောင် Full Moon တစ်ယောက်တစ်လုံးဆိုပြီး နှစ်လုံးဝယ်လာတယ်”

“ဟာ‌ဟေ့ကောင် ကလေးတွေကို မတိုက်ပါနဲ့ကွာ”

သူငယ်ချင်းက ကလေးတွေဖို့ဝယ်လာတယ်ဆိုတော့ သုတကမတိုက်ဖို့ တားပါတယ်။ အမွှာတွေရဲ့အစ်ကိုအရင်း ဝသုန်ကတောင် ဘာမှမပြောဘူး။ သူက ပျာပျာသလဲကို တားနေတာ။ ဘာလဲကွ ဒီကောင်ငသုက။

“ရပါတယ် ကိုကြီးရဲ့။ သောက်ပါ့မယ်”

အငယ်ကောင်နွေယံက သောက်ဖို့ပြောပေမယ့် နေယံကတော့ ခပ်အေးအေးပဲ ထိုင်နေပါတယ်။ အမွှာပေမယ့် အကြီးကောင်နေယံက အေးသလောက် နွေယံကတော့ အသွက်ကလေးပါ။ သောက်မယ်လည်း မပြောဘူး မသောက်ဘူးလည်း မပြောတာကြောင့် အဖွဲ့ထဲကတစ်ယောက်က နေယံကိုမေးပါတော့တယ်။

“နေယံ မင်းရောသောက်မှာလား”

နေယံက သူသောက်သင့်မသောက်သင့်ကို ဝသုန့်ကို ခွင်တောင်းတဲ့အကြည့်နဲ့ ကြည့်တော့ ဝသုန်ကခေါင်းငြိမ့်ပြတယ်။ အဲ့တော့မှ တည်ငြိမ်သူကိုနေယံက သောက်မယ်လို့ပြောပါတယ်။

“ဟုတ်ကိုကြီး သောက်မယ်လေ”

ကလေးတွေကိုလည်းတိုက် ကိုယ်တွေလည်းသောက်ရင်း သီချင်းတွေဆိုလိုက် သောက်လိုက်နဲ့ မသောက်ပါဘူးဆိုတဲ့မုန်းလည်း သုံးလုံးမြောက်ခဲ့ပြီ။ အဲ့အချိန်မှာ အလင်းဆိုတာကိုလည်း သတိမရနိုင်တော့ဘူး။ လူကလည်း ရွဲပလဲနေပါပြီ။

အရက်မူးတာကို မုန်းအရမ်းသဘောကျပါတယ်။ ဘာလို့လဲဆိုတော့ ဘာကိစ္စကိုမှ တွေးပူနေစရာမလိုဘဲ ခံစားချက်က လေဟာနယ်ထဲ ရောက်နေသလိုပဲ လွတ်လပ်ပေါ့ပါးတယ်။ ရင်ထဲမှာ ရှိသမျှ‌စကားတွေကို ပြောချင်သလို လွတ်လွတ်လပ်လပ် ပြောလိုက်လို့ရတယ်။ ငိုချင်စရာရှိတာအားလုံးကို ဖွင့်ဟအော်ငိုပစ်လို့ရလို့ အရက်မူးတာကို ကျွန်တော်အရမ်းကြိုက်ပါတယ်။

ခုလည်း တစ်ဦးတည်းသောသားဖြစ်ရတဲ့ဘဝကို အရမ်းဝမ်းနည်းလွန်းလို့ အော်ငိုပစ်လိုက်တယ်။

“သုတရာ ငါ့မှာ အစ်ကိုတစ်ယောက်လောက်ဖြစ်ဖြစ် အစ်မတစ်ယောက်လောက်ဖြစ်ဖြစ်ရှိရင် သိပ်ကောင်းမှာပဲ။ အဲ့ဒါဆို ငါ့ရင်ထဲခံစားရသမျှတွေကို ဖွင့်ဟတိုင်ပင်လို့ရတယ်။ ခုတော့ တစ်ဦးတည်းသောသားဖြစ်ရတာ မကောင်းလိုက်တာကွာ အားးးးအီးဟီးဟီး”

“အေးပါကွာမုန်းရာ မငို‌နဲ့တော့နော်။ တောင်းပန်ပါတယ်ကွာ။ အဲ့ဒါကြောင့် ငါမင်းတို့ကိုပြောပါတယ်။ ဒီအရစ်တုံးကို အရမ်းမတိုက်ပါနဲ့လို့”

“အေးပါကွာ အဲ့လောက်ဆိုးမှန်းမသိလို့ တိုက်မိတာပါ။ တကယ်ပါကွာ ကလေးဆိုးကြီးလိုပဲ”

မုန်းမူးနေတဲ့အချိန် အိပ်ကပ်ထဲကဖုန်းက လာနေတာမို့ ဖုန်း Ringtone သံကြောင့် အလင်းမှန်းသိလိုက်ပါပြီ။

“ဟေ့ကောင်သုတ ငါ့ကိုလွှတ်စမ်း။ ငါ့ကိုကို ငါ့ကိုဖုန်းခေါ်နေပြီကွ။ ကိုင်လိုက်ဦးမယ်”

“မူးသာမူးတာ အမူးပါး။ သူ့လင်ဖုန်းခေါ်တာကြ တန်းသိတယ်။ မူးနေတဲ့သူက Ringtoneသံ ကြားရုံနဲ့ ဘယ်သူခေါ်မှန်းသိတယ် အံ့သြရော”

သုတက မူးနေတဲ့မုန်းကို လွှတ်မပေးဘဲ အိပ်ကပ်ထဲကဖုန်းကိုကိုင်ပြီး စပီကာဖွင့်ပြီးတာနဲ့ မုန်းပါးစပ်ရှေ့ကိုထားပြီး သူ့လက်နဲ့ပဲ ကိုင်ထားပေးလိုက်တယ်။

“ဟဲလို ကိုကို ပြော”

“မုန်းပေါက် အိမ်ပြန်ရောက်ပြီလား”

“အိမ်ပြန်ရောက်ရအောင် ဘယ်အချိန်ရှိသေးလို့လဲ။ အစောကြီးရှိသေးတာကို ကိုကိုကလည်း”

“ဟမ်”

နေပါဦး မုန်းအသံက အာလေးလျှာလေးနဲ့။ ညဆယ်နှစ်နာရီတောင်ကျော်နေပြီကို အစောကြီးတဲ့လား။ ဒီကလေး မူးများမူးနေတာလား။

“မုန်း မူးနေတာလား။ ကိုကို့ကို အမှန်အတိုင်းပြောစမ်း။ ခုထိ ကြိုးတံတားမှာပဲလား။ အိမ်မပြန်ရသေးဘူးလား။ ဘယ်အချိန်ရှိနေပြီလဲမုန်း”

“အီးးဟီးးဟီးး အဲ့လိုလေသံမာမာကြီးနဲ့မပြောပါနဲ့ ဟီးးးးဟီးးး”

“မငိုနဲ့လေကွာမုန်းရာ။ ဝသုန် နွေယံ့ကို နေယံနဲ့ခဏထားခဲ့ပြီး မုန်းကိုလာထိန်းပေးစမ်းပါ။ ငါဒီမှာ ဖုန်းပြောလိုက်ဦးမယ်”

“အေးအေး လာပြီ”

မုန်းကို ဝသုန့်လက်ထဲထည့်ခဲ့ပြီး အလင်းနဲ့ဖုန်းပြောလိုက်တယ်။

“အလင်း သူငယ်ချင်းတွေဆုံလို့ သောက်ကြရင်းနဲ့ ဟိုကောင်တွေက မုန်းကိုအတင်းတိုက်လို့ သူမသောက်ချင်ဘဲ သောက်လိုက်ရတာ။ အဲ့ဒါကြောင့် နည်းနည်းမူးနေတာ။ မင်းလည်း စိတ်ဆိုးမနေပါနဲ့ကွာ။ ငါသူ့အိမ်ကို သေချာလိုက်ပို့လိုက်ပါ့မယ် နော်ဟေ့ကောင်”

“အေး‌ ငသု ငါစိတ်ချမယ်နော်။ မင်းသေချာဂရုစိုက်ပြီး အိမ်ကို လိုက်ပို့ပေးလိုက်ပါကွာနော်”

“စိတ်ချပါကွာ။ ဟေ့ကောင် ဒါဆို ငါဖုန်းချပြီနော်”

“အေးအေး ဒါပဲ”

အလင်းနဲ့စကားပြောပြီးတာနဲ့ ဖုန်းချလိုက်ပြီး မုန်းအိမ်ကို လိုက်ပို့ဖို့ ပြင်ရတယ်။ မုန်းအိမ်ကိုရောက်တော့ အခန်းထဲထိ လိုက်ပို့ပေးခဲ့ပြီးမှ အန်တီ့နုကို‌ နှုတ်ဆက်ပြီး ပြန်လာခဲ့ကြတယ်။

ကျွန်တော်သုတရဲ့ အိမ်အပြန်လမ်းကတော့ နွေယံ့ကိုဂုန်းပိုးပြီး ပြန်ခဲ့ရတယ်ပေါ့ဗျာ။ အစ်ကိုအရင်းဝသုန်က အ‌တော်ချစ်ဖို့ကောင်းပါတယ်။ မင်းခေါ်လာတာ မင်းထိန်းတဲ့လေ။ ကျွန်‌တော်ဘယ်လိုစိတ်နဲ့များ ဒီအမွှာကိုလိုက်ခဲ့ပါလို့ ခေါ်မိတာပါလိမ့်။ စဉ်းစားလို့ကို မရဘူး။ ခေါ်တဲ့အချိန်တုန်းက ကျွန်တော် အပမှီနေတာများလားဗျာ။ သောက်တဲ့သူချင်းအတူတူ သောက်တဲ့အရေအတွက်ချင်းအတူတူ အကြီးကောင်နေယံက ဘယ်လိုမှမနေဘူး။ အငယ်ကောင်က အသွက်ပေမဲ့ အရက်တော့ မသောက်နိုင်ဘူးပဲ။ တစ်ပုလင်းထဲနဲ့ ခေါင်းကျိုးနေတယ်လေ။ ဒါတောင် Spyမို့လို့‌ တော်သေးတယ်။

***********

ညကဘီယာသုံးပုလင်းသောက်လိုက်မိတာ မနက်ကြတော့ မုန်းခေါင်းကိုက်နေရပြီလေ။ ကိုယ့်ကိုယ်ကိုတောင် မုန်းတယ်။ သုံးပုလင်းလေးနဲ့ မူးရတယ်လို့။ နာရီကိုကြည့်လိုက်မိတော့ ဆယ်နာရီဆယ့်ငါး။ တော်တော်တောင် နောက်ကျနေပြီ။

ဟင်! ငါ့ကိုညက အလင်းဖုန်းဆက်သေးလား မသိဘူး။ စောစောပြန်ဖို့ပြောပြီး ဖုန်းဆက်ခိုင်းတာကို မေ့နေတယ်။ Call Log တွေကို ပြန်ကြည့်တော့ အလင်းက ညဆယ်နှစ်နာရီကျော်လောက်က ဖုန်းဆက်ထားပါတယ်။

မဖြစ်မဖြစ် ဖုန်းပြန်ဆက်ဦးမှ။ ညက မူးမူးနဲ့ ဘာတွေပြောထားမိလဲ မသိဘူး။ အားးး မုန်း မင်းအပြစ်တွေ အများကြီး ကျူးလွန်မိနေတာပဲ။ သူ မကြိုက်တာတွေဘဲ ရွေးလုပ်နေရတယ်လို့။

“ဟဲလို ကိုကို့”

“အင်း”

“ညက မုန်းတောင်းပန်ပါတယ်နော်။ သူငယ်ချင်းတွေ အတင်းတိုက်လို့ သောက်လိုက်မိတာ”

“ဘယ်လောက်သောက်လဲ”

“သုံးလုံး”

“Ok ငါ့ကို ဖုန်းသုံးရက်မခေါ်ပါနဲ့”

“ဟမ် ကိုကိုကလည်း မုန်းတောင်းပန်ပါတယ်။ နောက်မဖြစ်စေရပါဘူးလို့လည်း ကတိပေးတယ်။ တစ်ယောက်နဲ့တစ်ယောက် ဝေးနေရတာ ဖုန်းသုံးရက်တောင် မဆက်ရဘူးဆိုတော့ ကိုကိုကရော နေနိုင်လို့လား”

“မနေနိုင်ဘူး။ ဒါပေမဲ့ ငါမင်းကိုဘာပြောခဲ့လဲ။ မင်းအပြစ်လုပ်ရင် အပြစ်လုပ်တဲ့ မင်းတစ်ယောက်တည်း ခံရမှာမဟုတ်ဘူး ငါပါအပြစ်ခံရမှာလို့ မပြောခဲ့ဘူးလား။ အရက်၊ ဘီယာကို ငါမဟုတ်တဲ့တခြားသူနဲ့  မသောက်ပါနဲ့လို့ သေချာမှာလိုက်တယ်။ တကယ်လို့ သူငယ်ချင်းတွေစုံလို့ သောက်ချင်တယ်ဆိုရင်တောင် ငါ့ကိုအရင်ပြောပါ ငါ့ကိုအရင်ခွင့်တောင်းပါလို့မပြောခဲ့ဘူးလား။ မင်းငါ့စကားတွေကို အလေးအနက် မထားတာလား။ ဒါမှမဟုတ် ငါ့ကိုဂရုစိုက်စရာမလိုဘူးလို့ တွေးထားတာလား”

“အဲ့လိုမဟုတ်ပါဘူး ကိုကိုကလည်း”

“Ok ငါ့စကားကို မင်းအလေးထားတယ်ဆိုရင် ငါ့ကို ဖုန်းသုံးရက် လုံးဝမဆက်ပါနဲ့။ ငါ့စကားကို နားမထောင်ဘဲ သုံးရက်မပြည့်ခင် ဒီကြားထဲမှာ ဖုန်းခေါ်ခဲ့ရင် နောက်ထပ် ရက်ထပ်တိုးသွားလိမ့်မယ်ဆိုတာကို သိထားပါ”

အလင်းက သူပြောချင်ရာမှန်သမျှကို ပြောပြီးတာနဲ့ ဖုန်းချသွားပါတော့တယ်။ အလင်းပြတ်သားရင် ကြောက်ဖို့ကောင်းတယ် ဆိုတာကို သိသိရက်နဲ့။ သူသေချာမှာလိုက်တာကို နားမထောင်ဘဲ တလွဲတွေချည်းပဲ လုပ်မိနေတယ်။ သေသာ သေလိုက်ချင်‌တော့တာပဲ။ တစ်ရက်လေးဖုန်းမပြောရရင်တောင် အရမ်းလွမ်းနေရတာကို။ ခွဲလည်းခွဲနေရသေးတယ် ဖုန်းလည်းမပြောရဘူးဆိုတော့ ငါတော့သေမှာပဲ။

နေ့လယ်လောက်ကြတော့ နွေတို့အိမ်ကို ထွက်လာခဲ့လိုက်တယ်။ သုတကိုလည်း နွေတို့အိမ်ကိုလာခဲ့ဖို့ ဖုန်းဆက် အကြောင်းကြားလိုက်ပါတယ်။ နွေတို့အိမ်ကိုရောက်တော့ သုတရော အားသစ်ရောပါ ရောက်လို့တောင်နေပါပြီ။

“သုတ မင်းသူငယ်ချင်းနဲ့ အမွှာနှစ်ကောင်ကို ဘယ်မှာထားခဲ့တာလဲ”

“၀သုန့်ကို ဟိုကောင်တွေနဲ့ ခဏထားခဲ့တယ်။ သူတို့က ခင်နေကြပြီ။ ငါ့ကိုတောင် မလိုတော့ဘူး။ အမွှာတွေကတော့ ငါနဲ့ပါလာတယ်။ မေချစ်နဲ့ ဆိုင်လိုက်သွားတယ်။ မေချစ်ကို နွေယံတစ်ယောက် ဘာတွေမွှေနေလဲတော့ မသိဘူး”

“နွေယံကတော့ တကယ်အသွက်။ ခဏလေးနဲ့ အားလုံးက သူ့ကိုချစ်လာအောင် နေတတ်တယ်”

“ဒါနဲ့မင်းက ငါ့ကိုနွေတို့အိမ်လာခိုင်းတာ ဘာလုပ်ဖို့လဲ”

မုန်းက သူ့ကိုနွေတို့အိမ်လာခိုင်းတာမို့ မေးလိုက်တာပါ။

“အလင်းလေ ညက ငါအရက်သောက်ပြီးမူးနေလို့ စိတ်တအားဆိုးနေတယ်။ ငါ့ကိုလည်း သူ့ကို သုံးရက်တိတိ မဆက်သွယ်ပါနဲ့တဲ့”

“သုံးရက်တောင်”

နွေကတအံ့တဩကို မျက်လုံးလေးဝိုင်းနေအောင် ပြူးကြည့်ပြီးကို မေးတာပါ။

“အေး။ ဘီယာသုံးလုံးသောက်လို့ သုံးရက်မဆက်သွယ်ပါနဲ့တဲ့ဟာ”

“အလင်း တော်တော်ကို စိတ်ဆိုးသွားတာဖြစ်မယ်မုန်း။ သူ့လောက် နင့်ကိုချစ်ပြီး တစ်ရက်လေးတောင် နင်နဲ့စကားမပြောဘဲ မနေနိုင်တဲ့သူက သုံးရက်မဆက်သွယ်နဲ့ဆိုတော့ တော်ရုံစိတ်ဆိုးတာ မဟုတ်ဘူးပဲ။ ငါတို့ကို အကူအညီမတောင်းနဲ့နော်။ ငါတို့ ဒီကိစ္စကို လက်ရှောင်တယ်။ နင်တို့လည်း ဘာမှ ဝင်ပြီးလျှာမရှည်နဲ့နော်။ အလင်းအကြောင်း နင်တို့သိတယ်မို့လား။ သူဆုံးဖြတ်ချက်ချထားရင် မပြင်သလို စိတ်ဆိုးလို့မခေါ်ဘဲနေရင်လည်း ကြားလူဝင်ပြောရင် ကြားလူကိုပါ မခေါ်တော့ဘူးဆိုတာ”

“အေး ဒါတော့ဟုတ်တယ်။ မောင်ပြတ်သားကို ငါတို့လည်း ကြောက်တယ် ဟေ့ကောင်”

အားသစ်ဆိုတဲ့ကောင်က နွေပြောသမျှကို အကုန်ထောက်ခံမယ့်ကောင်။

“သုံးရက်လေးပဲကိုကွာ ခဏလေးနဲ့ကုန်သွားမှာပဲကို။ မင်းက ဘာဖြစ်နေတာလဲ”

“စောင်FAကောင်”

“နှိမ်ပြန်ပြီ။ ငါက မင်းတို့ အခုလိုဘဲပူ၊ ဆော်ပူမိပြီး စိတ်ညစ်တာတွေကို မခံစားနိုင်လို့ FAဘဝကို ရွေးချယ်ထားတာ သဘောပေါက်”

“အရူး”

အားလုံးက တစ်ညီတစ်ညာတည်း ဝိုင်းပြီးထောပနာပြုလိုက်ကြတယ်။

“နွေ နင်ဖုန်းခေါ်ပြီး ပြောကြည့်ပေးဟာ။ နင်ပြောရင် ရလောက်မှာပါ . . နော်။ ငါ့ကိုချစ်ရင်”

“ကဲပါ ဟုတ်ပါပြီ။ ဖုန်းခေါ်ကြည့်ပေးမယ်”

နွေဖုန်းခေါ်လိုက်တော့ အလင်းက ချက်ချင်းကိုင်ပါတယ်။

“ဟဲလို”

“အလင်း”

“အင်း”

“ဟိုဟာလေ”

“မုန်းအကြောင်းပြောမယ်ဆို ဆက်မပြောနဲ့တော့။ တခြားအကြောင်းဆိုရင်ပြော”

“ဟင် နင်တို့ ဘာတွေဖြစ်ထားကြပြန်ပြီလဲ”

“သိရဲ့သားနဲ့ မေးမနေနဲ့နွေ။ အဲ့ကိစ္စပြောဖို့ ဖုန်းဆက်တာမို့လား။ ဒါပဲ ဖုန်းချလိုက်တော့မယ်။ နောက်တစ်ခါ အဲ့ကိစ္စကြောင့်ဖုန်းခေါ်ရင် နင်တို့ပါ ငါ့ကို သုံးရက်မဆက်သွယ်နဲ့ ကြားလား ဒါပဲ”

အလင်းက ပြောချင်ရာပြောပြီး ဖုန်းချသွားပြန်ပါပြီ။

“အလင်း တကယ်စိတ်ဆိုးရင် ကြောက်စရာကြီး”

“အဟင့် ဟင့်”

ဟောငိုပါပြီ မုန်းလေးသနားပါတယ်။

“မငိုပါနဲ့မုန်းရာ။ ဘာစားချင်လဲ။ ငါတို့လိုက်ဝယ်ကျွေးမယ်လေ”

အစားပုတ်လေးကို အစားနဲ့ဖြားယောင်းလိုက်တဲ့ အားသစ်ရဲ့အကြံက အောင်မြင်တယ်ပြောရမယ်။ တရှုံ့ရှုံ့နဲ့ငိုနေတဲ့မုန်းက မျက်လုံးဝိုင်းလေးနဲ့ ကြည့်လာတယ်။ အစားဆိုတဲ့အသံကြားတာနဲ့ ငိုတာတောင် ရပ်သွားသလိုပဲ။ ထိုနေ့က အားသစ်က မုန်းမငိုအောင် မုန့်လိုက်ကျွေးတာမို့ အငိုတိတ်ခဲ့ရပါတယ်။

******************************

#Zawgyi

"မုန္း""မုန္း"

"ဗ်ာ"

"အိမ္ေရာက္ရင္ ကိုကို႔ကို တစ္ေန႔ဖုန္းသုံးခါ မွန္မွန္ဆက္ေနာ္။ မနက္အိပ္ရာနိုးရင္တစ္ခါ၊ ေန႔လည္တစ္ခါ၊ ညအိပ္ရာဝင္ခါနီးတစ္ခါ အခ်ိန္မွန္ဆက္ပါ။ က်န္တဲ့အခ်ိန္ေတြမွာလည္း သတိရရင္ ရသလိုဆက္ပါ"

"ဟုတ္ကဲ့ပါ"

"မုန္းတစ္ခုခုလုပ္မယ္ဆို ကိုကို႔ကိုအရင္ေျပာပါ။ ကိုကိုမလုပ္ေစခ်င္တဲ့ အရာမ်ိဳးကို မုန္းလုပ္ခ်င္မိရင္ေတာင္ ကိုကို႔ကိုအရင္ခြင့္ေတာင္းပါ။ အျပင္သြားမယ္ဆိုလည္း ကိုကို႔ကိုအရင္ေျပာပါ။ ကိုကို႔ကို ဘာမွမေျပာဘဲ အျပင္သြားတဲ့အခါ ကိုကိုက မုန္းကိုဖုန္းေခၚမိရင္ အေႏွာက္အယွက္ေပးသလို ျဖစ္ေနမွာဆိုးလို႔ ႀကိဳေျပာခိုင္းတာ"

"ဟုတ္"

"ၿပီးေတာ့ ဘယ္သူနဲ႔သြားမယ္ ဘယ္ကိုသြားမယ္ ဘာလုပ္မယ္ ဆိုတာကအစ ကိုကို႔ကိုေျပာျပပါ။ ကိုကို႔ကိုမေျပာဘဲ မလုပ္ရဘူးေနာ္။ မုန္းဘယ္သြားသြား ဘာလုပ္လုပ္ ကိုကို႔ကိုအရင္ေျပာပါ။ ကိုကိုဖုန္းေခၚရင္ ခ်က္ခ်င္းကိုင္နိုင္ေအာင္ ႀကိဳးစားပါ။ မုန္းဖုန္းကို ငါးခါထက္ေခၚလို႔ မုန္းကဖုန္းမကိုင္ရင္ ကေလးေပါက္ ဘာမ်ားျဖစ္ေနၿပီလဲ တစ္ခုခုမ်ား ျဖစ္ေနလားဆိုတဲ့အေတြးနဲ႔ ကိုကိုအရမ္းစိတ္ပူၿပီး စိုးရိမ္ေနရမွာ။ စိတ္ဆိုးစရာ တစ္ခုခုျဖစ္လာခဲ့ရင္ မုန္းက ကိုကို႔ကို ဘာမွေျပာမထားရင္ ကိုကိုပိုၿပီးစိတ္ဆိုးမိမွာဆိုးလို႔ နားလည္လား"

"အင္းပါ ကိုကိုကလည္း"

"ရွိေသးတယ္။ အရက္၊ ဘီယာ၊ ဝိုင္ မူးယစ္ေစတတ္တဲ့ အရာမွန္သမၽွ ကိုကိုမဟုတ္တဲ့ တျခားဘယ္သူနဲ႔မွ မေသာက္ရဘူး။ တကယ္လို႔ သူငယ္ခ်င္းေတြနဲ႔ လူစုံလို႔ေသာက္ခ်င္ရင္ေတာင္ ကိုကို႔ကိုအရင္ေျပာပါ။ မုန္းကေျပာရင္ ကိုကိုက ခြင့္ျပဳေပးမွာမို႔ ကိုကို႔ကို မေျပာဘဲ ဘာမွမလုပ္ပါနဲ႔"

"ဟုတ္ကဲ့ပါ"

"ကိုကို ခုလိုအေသးစိတ္ မွာထားရက္နဲ႔ ကိုကို႔ကို ဘာမွမေျပာဘဲ လုပ္ခဲ့ရင္ ကိုကိုတအားစိတ္ဆိုးမွာေနာ္။ အဲ့အခ်ိန္ၾကရင္ အျပစ္လုပ္တဲ့ ကေလးေပါက္ပဲ အျပစ္ခံရမွာမဟုတ္ဘဲ ကိုကိုပါ မုန္းလုပ္တဲ့အျပစ္ကို အတူတူခံရမွာဆိုတာကို နားလည္ထားပါ"

"ဟုတ္ကဲ့ပါ"

"ဉာဉ့္နက္တဲ့အထိ လိုင္းမသုံးရဘူး။ ဂိမ္းမေဆာ့ရဘူး။ ဒူးရင္းသီး လုံးဝလုံးဝ မစားရဘူး။ အစပ္ေတြ လုံးဝမစားရဘူး။ ကိုကို႔ကိုမေျပာဘဲ ဘာမွမလုပ္ရဘူးေနာ္။ ကိုကိုက မုန္းကိုခ်ဳပ္ခ်ယ္မယ့္သူမဟုတ္ဘူး။ မုန္းက ကိုကို႔ကိုေျပာျပၿပီး ခြင့္ေတာင္းရင္ အားလုံးကို လိုက္ေလ်ာေပးမွာ။ ၾကားလား ကေလးေပါက္"

"ဟုတ္ကဲ့ပါ မွတ္သားထားပါ့မယ္ခင္ဗ်"

"လိမၼာတယ္ မြစ္။ ကိုကိုေတာ့ ကိုကို႔ကေလးေလးကို လြမ္းေနရေတာ့မွာပဲကြာ မြစ္ မြစ္ မြစ္"

လြမ္းရမယ့္ေန႔ရက္ေတြအတြက္ အတိုးခ်ၿပီး ခုကတည္းက နမ္းထားရတယ္။ ပါးမို႔မို႔ေလးႏွစ္ဖက္ကို အရင္နမ္းတယ္။ ၿပီးေတာ့မွ နဖူးေလး၊ ႏွာေခါင္းေလး၊ ေနာက္ဆုံးေတာ့ ႏႈတ္ခမ္းေလးကို နမ္းလိုက္တယ္။ ပူရွိန္းၿပီးေအးျမတဲ့ ကၽြန္ေတာ့္ကေလးေပါက္ရဲ့ ႏႈတ္ခမ္းေလးေတြကို အရမ္းႀကိဳက္ပါတယ္။

"မုန္းေရာပဲ ကိုကို႔ကို လြမ္းေနရေတာ့မယ္။ မုန္းတတ္နိုင္သမၽွ ျမန္ျမန္ျပန္လာခဲ့မယ္ေနာ္ကိုကို"

"ဟုတ္ပါၿပီကြာ။ ကိုကို႔ကို အာဘြားေလးေပးပါဦး"

"အာဘြား ႁပြစ္"

ကေလးေပါက္က ႏႈတ္ခမ္းေလးကိုလာနမ္းေတာ့ အနမ္းကို ကၽြန္ေတာ္ကပဲ ျပန္ဦးေဆာင္လိုက္တယ္။ အေပၚတစ္လွည့္ ေအာက္တစ္လွည့္ စုပ္ယူနမ္းရွိုက္ၿပီး အေတာ္ၾကာေတာ့ ခံတြင္းထဲကိုဝင္ဖို႔ လၽွာဖ်ားေလးနဲ႔ထိုးၿပီး ခြင့္ေတာင္းတဲ့အခါ မုန္း‌ေလးက အလိုက္သိစြာနဲ႔ ႏႈတ္ခမ္းေလးေတြ ဟေပးလာတယ္။ လၽွာဖ်ားေလးကို စုပ္ယူလိုက္ေတာ့ ကေလးေပါက္က အင့္ခနဲအသံေလး ထြက္လာပါတယ္။ အေတာ္ၾကာနမ္းရွိုက္ၿပီးေတာ့ လက္ကေလးႏွစ္ဖက္က ရင္ဘတ္ကို တြန္းလာတာမို႔ ကၽြန္ေတာ္သိလိုက္ပါၿပီ။ ကၽြန္ေတာ့္ကေလးေပါက္ အရမ္းေမာေနၿပီဆိုတာ။

ပါးစပ္ေလးဟၿပီး အသက္ကိုမနားတမ္းရႉေနတဲ့ မုန္းေလးကိုၾကည့္ၿပီး စိတ္က အေမွာင္ဖုံးခ်င္လာတယ္။ အခန္းထဲမွာဆက္ထိုင္ေနရင္ ဘာေတြျဖစ္လာမလဲ မေျပာနိုင္တာမို႔ ကေလးေပါက္လက္ကိုဆြဲၿပီး အျပင္ထြက္လာလိုက္တယ္။

"မင္းတို႔ႏွစ္ေကာင္ အထဲမွာ ဘာလုပ္ေနတာလဲေဟ။ ၾကာလိုက္တာဆိုတာ။ ေျပာပါဦး ဘာေတြလုပ္ေနလို႔ အဲ့ေလာက္ၾကာေနလဲဆိုတာ။ ခြဲခါနီးဆိုၿပီးးး"

"မဟုတ္တာေတြ ေလၽွာက္ေျပာမယ္မႀကံနဲ႔ငသု။ မွာစရာရွိတာ မွာေနတာကြ"

"ငါကဘာေျပာမွာမို႔လို႔ မင္းက ဘာေတြထင္ၿပီး အဲ့‌ေလာက္ရွင္းျပေနရတာလဲ"

"ကဲပါသုတရယ္။ နင္ဟာေလ သူမ်ားကို ေခ်ာက္တြန္းမယ္ဆိုတာခ်ည္းပဲ။ မုန္း မုန္းေမေမက ထြက္လာေနၿပီလား"

"အင္း ထြက္လာေနၿပီလို႔ေတာ့ ေျပာတယ္ေႏြ။ ေႏြက ငါနဲ႔လိုက္မွာမို႔လား"

"ဟုတ္တယ္ ေႏြနဲ႔ေမသူက မုန္းနဲ႔လိုက္မွာ။ သုတက အားသစ္တို႔အိမ္ကကားနဲ႔ လိုက္လိမ့္မယ္။ ေမသူမက ေရာက္ေတာ့မယ္လို႔ေတာ့ေျပာတယ္"

ပထမႏွစ္ဝက္ေျဖၿပီး ေက်ာင္းတစ္လပိတ္တာမို႔ မုန္းရယ္၊ ေႏြရယ္၊ အားသစ္ရယ္၊ သုတရယ္၊ ေမသူမရယ္က ျပန္ၾကမွာပါ။ ေမသူမကေတာ့ ေနာက္ႏွစ္ရက္ေလာက္ေနမွ ျပန္မယ္ေျပာေပမယ့္ ခုေတာ့ အကုန္လုံးနဲ႔ျပန္ခ်င္တာမို႔ မုန္းတို႔အိမ္ကကားနဲ႔ ျပန္လိုက္မွာပါ။ အားလုံးက အလင္းတို႔အိမ္ကေန ျပန္ၾကမွာမို႔ အလင္းတို႔အိမ္ကိုပဲ လာေခၚၾကမွာပါ။ အလင္းကေတာ့ ျပန္စရာမရွိေတာ့ဘူးေလ။ ေဖေဖကလည္း ေျမာင္းျမမွာမွ မရွိတာ။ ပုသိမ္မွာဆိုေတာ့ သၾကၤန္ျပန္လာမယ္ေျပာတာေၾကာင့္ မသြားျဖစ္ေတာ့ဘူး။

တေအာင့္ေလာက္ၾကာေတာ့ လာေခၚမယ့္ကားေတြက ေရာက္လာတာမို႔ အထုပ္ေတြ ကားေပၚတင္ေနတုန္း မုန္းေမေမက အလင္းအနားကို ေရာက္လာတယ္။

"သား အလင္းေလး အန္တီက အလင္းေလးကိုအိမ္လည္ေခၚခဲ့ဖို႔ မုန္းကိုေတာင္ေျပာေနတာ။ အန္တီ့သားမာနခဲေလးက အိမ္ကိုေတာင္ အလည္မလာဘူး"

"ဟို အဲ့လိုမဟုတ္ပါဘူးအန္တီရဲ့။ သားက စာေတြမ်ားေဝာာ့ စာေမးပြဲခ်ိန္ႀကီးမို႔ မလာနိုင္တာပါ။ တစ္မ်ိဳးမထင္ပါနဲ႔ေနာ္အန္တီ"

"ဟုတ္ပါၿပီကြယ္။ ဒါနဲ႔ သားေျဖနိုင္တယ္မို႔လား"

"ဟုတ္ကဲ့အန္တီ ေျဖနိုင္ပါတယ္"

"သားက ေတာ္ၿပီးသားပဲဟာ ႀကိဳးစားေနာ္"

"ဟုတ္"

"ဒါနဲ႔ သားေမေမနဲ႔ေဖေဖကို အန္တီကသတိရပါတယ္လို႔ ေျပာေပးပါဦးေနာ္။ ၿပီးေတာ့ မုန္းေလးကို ေစာင့္ေရွာက္ေပးထားလို႔လည္း ေက်းဇူးတင္ပါတယ္လို႔ ေျပာေပးေနာ္ သား"

"ဟုတ္ကဲ့အန္တီ သားေျပာေပးပါ့မယ္"

"ေအး‌ေအး ဒါဆို အန္တီတို႔သြားၿပီေနာ္"

"ဟုတ္ကဲ့ ဂ႐ုစိုက္သြားပါအန္တီ။ မုန္း ၊ ေႏြ ၊ ေမသူ တာတာ့။ အားသစ္နဲ႔သုတေရာပဲ တာတာ့"

"တာ့တာ"

အားလုံးက လက္ျပႏႈတ္ဆက္ၿပီး ျပန္သြားၾကေတာ့ ရင္ထဲမွာ ဟာတာတာနဲ႔ က်န္ခဲ့ပါတယ္။ ထားခဲ့တဲ့သူထက္ က်န္ခဲ့ရတဲ့သူက ပိုလြမ္းရတယ္မုန္း။ ခြဲခြာျခင္းဆိုတဲ့အရာကို လုံးဝခံနိုင္ရည္မရွိတာမို႔ မင္းကို လက္လႊတ္ဆုံးရႈံးခံဖို႔ဆိုတာ လုံးဝ မျဖစ္နိုင္ေတာ့မယ့္အရာပဲမုန္း။ ကိုယ္မင္းလက္ကို ဘယ္ေတာ့မွ လက္တြဲျဖဳတ္မွာမဟုတ္ဘူးမုန္း။

အလင္းနဲ႔ တစ္လ‌‌ေလာက္ခြဲရမွာကို ေတြးမိေတာ့ လူကငိုခ်င္လာတယ္။ ထားခဲ့တဲ့သူနဲ႔ က်န္ခဲ့ရတဲ့သူဆိုရင္ လူေတြက က်န္ခဲ့ရတဲ့သူက ပိုခံစားရတယ္လို႔ ထင္ေနၾကတယ္။ တကယ္ေတာ့ ထားခဲ့တဲ့သူက ပိုခံစားရၿပီး ပိုနာက်င္ရတာပါ။ သူ႔ကိုထားခဲ့ၿပီး လွည့္ထြက္ဖို႔ ေျခလွမ္းေတြအတြက္ အေတာ္ကို ႀကိဳးစားရတာေလ။ ထားခဲ့တဲ့သူနဲ႔ က်န္ခဲ့ရတဲ့သူဆိုရင္ က်န္ခဲ့ရတဲ့သူက ကိုယ္ပဲျဖစ္ပါရေစ။

**************

ကၽြန္ေတာ့္ရဲ့မုန္းေပါက္ ျပန္သြားတာ ဒီေန႔နဲ႔ဆို ဆယ္ရက္ေျမာက္ေန႔ပါ။ ခါတိုင္းရက္ေတြက အခ်ိန္မွန္ဖုန္းေခၚတတ္ေပမယ့္ ဒီေန႔ေတာ့ မနက္ကေခၚေပမယ့္ ေန႔လည္မေခၚတာေၾကာင့္ ဘာလို႔လဲလို႔ေတြးၿပီး စိတ္ပူေနရတယ္။ ေန႔လည္ထမင္းစားၿပီးေတာ့မွ မုန္းေပါက္ကို ဖုန္းေခၚရတယ္။ ဖုန္းအၾကာႀကီးေခၚေနေပမယ့္ မကိုင္ပါဘူး။ ဘာလို႔ပါလိမ့္။ သုတနဲ႔မ်ား အတူတူရွိမလားမသိဘူး။ သုတကိုပဲ ဖုန္းေခၚၾကည့္ရေတာ့မွာပဲ။

မုန္းဒီေန႔ သုတတို႔နဲ႔ပုသိမ္ကို လိုက္သြားတာပါ။ ေဖနဲ႔လည္းေတြ႕ခ်င္တာေၾကာင့္ရယ္ ပုသိမ္မွာ ဝယ္စရာေလးေတြ ရွိတာေၾကာင့္ရယ္ လိုက္သြားရင္းနဲ႔ ႐ုပ္ရွင္ပါၾကည့္တာမို႔ အိမ္ျပန္ေရာက္ေတာ့ အေတာ္ေလးကို ေနာက္က်ေနပါၿပီ။

ဘုရားေရ ငါအလင္းကိုေန႔ခင္းက ဖုန္းမဆက္လိုက္မိပါ့လား။ ဖုန္းေခၚဖို႔အတြက္ လြယ္အိတ္ထဲကဖုန္းကို အခုမွ မနည္းရွာေနရတယ္။ ဖုန္းကိုၾကည့္မိေတာ့ အားလားလား Missed Calls က 57ခုေတာင္။ Oh My God! သြားၿပီ သြားၿပီ မုန္းေရ။ မင္းဘဝေတာ့ သြားပါၿပီ။ ဖုန္းျပန္ေခၚေတာ့ အလင္းက ခ်က္ခ်င္းတန္းကိုင္တယ္။ ဟူးးးးး ေတာ္ေသးတာေပါ့။

"ေျပာ"

ဟဲလိုေတာင္မထူးေတာ့ဘူး ေျပာတဲ့။ အရင္ကဆို အဲ့ေလာက္အမ်ားႀကီး ေခၚထားလို႔ မကိုင္တဲ့အခါမ်ိဳးဆို မုန္းဖုန္းျပန္ေခၚရင္ "မုန္းေလး ကိုကို႔ကို ဘာလို႔ဖုန္းမေခၚတာလဲ။ ကိုကိုက မုန္းတစ္ခုခုမ်ား ျဖစ္ေနလားလို႔ ေတြးၿပီး စိုးရိမ္ေနတာ" ဆိုတဲ့စကားကို ျပာျပာသလဲ ေမးေနၾက။ ခုေတာ့ တုံးတိႀကီး ေျပာတဲ့။

"ဟို ကိုကိုမုန္းကို စိတ္ဆိုးေနတာလားဟင္"

"မဆိုးပါဘူး ဘာလို႔ဆိုးရမွာ"

အေျခအေန မေကာင္းဘူးမုန္း။

"ဟိုေလ မနက္က သုတတို႔က ပုသိမ္သြားမယ္ဆိုၿပီး အိမ္လာေခၚလို႔ ေဖနဲ႔လည္း ေတြ႕ရေအာင္ လိုက္သြားလိုက္တာ"

"အင္း အဲ့ဒါေျပာမလို႔လား။ အဲ့ဒါဆိုရင္ရၿပီ ေျပာဖို႔မလိုေတာ့ဘူး။ ငါသုတကိုဖုန္းဆက္လိုက္လို႔ သုတေျပာျပသြားတယ္။ ဒါပဲမို႔လား"

"ေန . . ေနပါဦး ကိုကိုကလည္း"

ဪ . . . ဒါေၾကာင့္ကိုး။ ဟဲလိုမထူးဘဲ ေျပာလို႔ေျပာတာ‌ ဒါေၾကာင့္ကိုး။ ဒါဆို သုတဆီက သိထားၿပီးၿပီမို႔ စိတ္မပူေတာ့ဘဲ စိတ္ဆိုးေနတာေပါ့။ ေခ်ာ့ေပဦးေတာ့ ေမာင္မုန္းေရ။

"ဘာေျပာမွာလဲမုန္း ငါမအားဘူး။ ေျပာစရာရွိတာ ျမန္ျမန္ေျပာ။ ေျပာစရာမရွိရင္ ဖုန္းခ်လိုက္ေတာ့မယ္"

"ကိုကို႔ မုန္းေတာင္းပန္ပါတယ္ေနာ္။ ကိုကို႔ကိုေျပာမလို႔ပါပဲ။ ကားေပၚေရာက္မွ ဖုန္းေခၚမယ္လို႔ ေတြးထားတာ။ ဒါေပမဲ့ သူတို႔က ျဗဳန္းကနဲလာေခၚေတာ့ အျမန္လုပ္လိုက္ရတာေၾကာင့္ ကားေပၚေရာက္ေတာ့ စကားေတြေျပာၿပီး ေမ့သြားတာေၾကာင့္လည္းပါတယ္။ ေန႔လယ္ေလာက္ ျပန္လာမယ္ေတြးေပမယ့္ သူတို႔က ႐ုပ္ရွင္ၾကည့္မယ္ဆိုတာနဲ႔ ႐ုပ္ရွင္ပါၾကည့္လိုက္လို႔ ေနာက္က်သြားတာပါ။ စိတ္မဆိုးပါနဲ႔ေနာ္ ေတာင္းပန္ပါတယ္ေနာ္ ကိုကို႔"

"အင္း ဒါပဲမို႔လား။ ငါဖုန္းခ်လိုက္ေတာ့မယ္"

"ကိုကို႔ အင့္. . ဟင့္ . .ဟင့္ . . အီး . .ဟီး . .ဟီး"

မုန္းဝမ္းနည္းလြန္းလို႔ ေအာ္ငိုလိုက္မိတဲ့ အထိပါပဲ။ ေတာင္းပန္တာေတာင္ အလင္းက စိတ္ဆိုးမေျပေပးဘူး။

"မငိုနဲ႔ေတာ့ကြာ မုန္းငိုရင္ ကိုကိုဘယ္ေလာက္စိတ္မေကာင္းျဖစ္ရလဲ သိတယ္မို႔လား"

"အင္း"

"အဲ့ဒါဆို သိရင္မငိုနဲ႔ေတာ့ေနာ္။ လိမၼာတယ္ မုန္းေပါက္ေလးက။ ကိုကို မုန္းကို ဒီကျပန္ကတည္းက ဘာမွာလိုက္လဲ။ ဘယ္သြားသြား ဘာလုပ္လုပ္ . . ."

အလင္းကေျပာလက္စ စကားကို တစ္ဝက္နဲ႔ရပ္လိုက္ၿပီး က်န္တဲ့စကားကို မုန္းကိုဆက္ေျပာဆိုတဲ့ သေဘာနဲ႔ တိခနဲ ျဖတ္လိုက္တယ္။

"ကိုကို႔ကို အရင္ေျပာရမယ္"

အလင္းအထာကို နားလည္ေနတဲ့မုန္းက အလင္းမွာထားတဲ့စကားကို မေမ့ဘူးဆိုတာ သက္ေသျပ‌လို႔ရေအာင္ ဆက္ေျပာရတယ္။

"အင္း အဲ့ဒါကိုမွတ္မိေနရဲ့သားနဲ႔ ဘာလို႔ဖုန္းမဆက္တာလဲ။ မုန္းဖုန္းကို ကိုကိုအႀကိမ္အမ်ားႀကီးေခၚေနတာ မရလို႔ ကိုကိုဘယ္ေလာက္စိုးရိမ္ၿပီး စိတ္ပူေနရလဲ မုန္းသိလား။ အနားမွာမရွိတာမို႔ ေျပးလာလို႔ကလည္း မရဘူး။ ကိုကို႔မွာ ထိုင္မရ ထမရနဲ႔ အ႐ူးလိုပဲ။ သုတကို ဖုန္းဆက္ၾကည့္လို႔ သုတနဲ႔ အတူတူရွိေနတယ္ဆိုေတာ့မွ ကိုကိုစိတ္ေအးရတယ္။ ကေလးေပါက္ရယ္ ကိုကိုေသခ်ာမွာလိုက္ရက္နဲ႔ ကိုကို႔စကားကို နားမေထာင္ဘူး။ ကိုကို႔ကို မခ်စ္ဘူးလားေျပာ"

"အဲ့လိုမဟုတ္မဟုတ္ပါဘူး ကိုကိုကလည္း။ ကိုကို႔စကားကို နားမေထာင္တာလည္း မဟုတ္ဘူး။ မခ်စ္လို႔လည္း မဟုတ္ပါဘူး။ ဧည့္သည္ေတြလည္းပါေတာ့ စကားေတြေျပာရင္း ေမ့သြားလို႔ပါ အင့္"

"ေတာ္ၿပီ မငိုနဲ႔ေတာ့။ ကိုကိုစိတ္မဆိုးေတာ့ဘူးေနာ္။ သူကလည္း အျပစ္လုပ္ေသးတယ္ သူကပဲ ဦးေအာင္ငိုတယ္။ ကေလးဆိုးေလး။ ေျပာပါဦး ဘယ္ကဧည့္သည္ေတြပါလို႔ ကိုကို႔ကိုေမ့သြားရတာလဲ"

"ဟို. . .သုတသူငယ္ခ်င္းေတြ သုတတို႔အိမ္ကို အလည္လိုက္လာၾကတာ။ သုတသူငယ္ခ်င္း ဝသုန္ရဲ့ ညီေလးေတြေရာပါတယ္။ ေနယံနဲ႔ေႏြယံတဲ့။ အမႊာေလးေတြ ခ်စ္စရာေလးေတြကိုကို။ ခုမွ ရွစ္တန္းေျဖထားၾက႐ုံပဲ ရွိေသးတာ"

"မုန္းေျပာတဲ့လူေတြကို ကိုကိုတစ္ေယာက္မွ မသိဘူး။ ဘယ္လိုလူေတြလဲဆိုတာ ကိုကိုမသိတာမို႔ အရမ္းရင္းရင္းႏွီးႏွီး မေနရဘူးေနာ္။ ၾကားလား ကေလးေပါက္ေလး"

"ဟုတ္ကဲ့ပါ ကိုကို။ သူတို႔က လူေကာင္းေတြပါ။ ခင္ဖို႔လည္း ေကာင္းၾကတယ္။ သုတစာေမးပြဲနားနီးတုန္းက အၾကာႀကီး စာသြားလုပ္တဲ့အိမ္က တစ္ေယာက္ေလ"

"ဟုတ္ကဲ့ပါဗ်ာ ခင္ဖို႔ေကာင္းတယ္ဆိုလည္း ခင္ပါ။ ဒါေပမဲ့ ရင္းရင္းႏွီးႏွီးေတာ့ မေနနဲ႔။ ဒီကေကာင္က သဝန္တိုတယ္"

"ဟုတ္ကဲ့ပါ ခင္ဗ်"

"ခုမွ ျပန္ေရာက္တာမို႔လား။ ညေနေတာင္ ေစာင္းေနၿပီ ေရခ်ိဳးေတာ့။ ညစာစားၿပီးမွ ကိုကိုတို႔ video call ေျပာၾကမယ္ေနာ္"

"ဟုတ္။ အဲ့ဒါဆို ဒါပဲေနာ္ ကိုကို။ အာဘြား အႀကီးႀကီးေနာ္ မြစ္"

"အင္း ကိုကိုကလည္း အာဘြား အႀကီးႀကီးပါဗ်ာ မြစ္"

ကၽြန္ေတာ္သိပ္ခ်စ္ရတဲ့ လူလည္ေလး။ သူလည္း အျပစ္လုပ္ထားေသးတယ္။ သူကအရင္ ဦးေအာင္ငိုတယ္။ ဒီကေကာင္က သူမ်က္ရည္က်ရင္ ရင္နာရပါတယ္ဆိုတာကို မသိတာလည္းမဟုတ္။ သိသိႀကီးနဲ႔ အားနည္းခ်က္ကို အခြင့္ေကာင္းယူၿပီး သူ႔ကိုစိတ္ဆိုးေျပေအာင္လုပ္တာ။ သူမ်က္ရည္က်ရင္ ဒီကေကာင္ႀကီးက ၾကာၾကာစိတ္မဆိုးနိုင္ဘူး။ ကၽြန္ေတာ့္ရဲ့ ကေလးေပါက္က လူလည္ပန္ကာေလး၊ ေပသီးေလး၊ အဆိုးအဆာေလး၊ အသည္းတုံး အခ်စ္ရဆုံးေလး။

**************

"ကိုကို႔ သုတတို႔နဲ႔ ႀကိဳးတံတားမွာ သီခ်င္းသြားဆိုမလို႔"

"အင္း သြားေလ။ အျပင္မွာ အရမ္းဉာဉ့္နက္ေအာင္ မေနနဲ႔ေနာ္။ ျပန္ေရာက္ရင္ ကိုကို႔ကိုဖုန္းေခၚဦး။ ကိုကိုေျပာတာၾကားလားမုန္း"

"ၾကားပါတယ္ခင္ဗ်"

"အင္း ၿပီးေရာ။ ကိုကိုဖုန္းခ်လိုက္ေတာ့မယ္"

"ဟုတ္ကဲ့ပါခင္ဗ်ာ"

အလင္းနဲ႔ဖုန္းေျပာၿပီး ခဏအၾကာမွာ သုတတို႔လာေခၚတာမို႔ ေမေမ့ကိုေျပာၿပီး အျပင္ထြက္လာလိုက္တယ္။ ေျမာင္းျမမွာ အလင္းရွိတုန္းကေတာ့ ခုလို ည၆နာရီေက်ာ္ ၇နာရီေလာက္ဆို ႀကိဳးတံတားေပၚမွာ သူငယ္ခ်င္းေတြစုၿပီး သီခ်င္းဆိုေနၾက။ အလင္းပါတုန္းကေတာ့ အလင္းကဂစ္တာတီးတယ္။ အလင္းမပါေဝာာ့ သုတသူငယ္ခ်င္း ဝသုန္က တီးေပးမယ္လို႔ ေျပာပါတယ္။

အစီအစဥ္ကေတာ့ သီခ်င္းဆိုဖို႔ေပါ့။ ႀကိဳးတံတားေပၚေရာက္ေဝာာ့ အေမာင္သုတက ဘီယာေလးဘာေလး ေသာက္ရေအာင္ဆိုၿပီး ေျပာလိုက္႐ုံရွိေသးတယ္ က်န္တဲ့သူငယ္ခ်င္းေတြက ဆိုင္ကယ္ေကာက္ဆြဲၿပီး ဘီယာဝယ္ရေအာင္ ထြက္သြားပါၿပီ။ ေသာက္ဖို႔စားဖို႔ဆို အဲ့လိုလူညီၾကတာပါ။ က်န္တာ ညီ မညီေတာ့ မသိဘူး ဒါမ်ိဳးၾက တက္ညီလက္ညီ ရွိၾကတယ္။

ဝယ္တဲ့သူက တာဝန္ေက်ပြန္စြာ ဝယ္လာၿပီဆိုေတာ့လည္း ေသာက္တဲ့သူက ေသာက္ေပးရေတာ့မွာေပါ့။ အျမည္းကေတာ့ ပူစရာမလိုဘူး။ ေျမာင္းၿမ ႀကိဳးတံတားဆိုတာ ႀကိဳးတံတားက ျမစ္အလယ္ေခါင္မွာ က်ိဳးက်ၿပီး ဟိုဘက္ကမ္း ဒီဘက္ကမ္း ေဘးတစ္ဘက္တစ္ခ်က္မွာ တံတားတစ္ဝက္ဆီ က်န္ခဲ့ေသးတယ္ေလ။ ၿမိဳ႕ထဲဘက္မွာက်န္တဲ့ ႀကိဳးတံတားအပ်က္ေပၚမွာ ကေလးကစားကြင္း နဲ႔ ေလ့က်င္းခန္းလုပ္လို႔ရတဲ့ အရာေလးေတြရွိတယ္။ ၿပီးေတာ့ လူေတြလာရင္ အပန္းေျဖအနားယူလို႔ရတဲ့ ခုံတန္းေလးေတြရွိတယ္။ အကင္၊ တုတ္ထိုး၊ အသုတ္စုံ၊ အေအး အစရွိတဲ့ ေရာင္းတဲ့ဆိုင္ မ်ိဳးစုံရွိတယ္။ ဒါေၾကာင့္ ညေနခင္းဆိုရင္ လူေတြက ႀကိဳးတံတားကိုလာၿပီး အပန္းေၿဖ အနားယူၾကတယ္။ မုန႔္လာစားၾကတယ္။ ခေလးေတြကို ကစားရေအာင္ လိုက္ပို႔ၾကတယ္။ ေျမာင္းျမႀကိဳးတံတားက ညေနနဲ႔ညဘက္ဆို လူအရမ္းစည္းကားတဲ့ ေနရာတစ္ခုေပါ့။

"မုန္းေရာ့ မင္းလည္းေသာက္"

သူငယ္ခ်င္းထဲကတစ္ေယာက္က မုန္းကိုဘီယာကမ္းေပးရင္း ေသာက္ဖို႔ေျပာလာတာမို႔ ျငင္းလိုက္ရတယ္။

"အာ ငါမေသာက္ေတာ့ဘူး။ မင္းတို႔ပဲ ေသာက္ၾကေတာ့"

"ေဟ့ေကာင္ေတြ မုန္းကိုမတိုက္နဲ႔ေနာ္။ မင္းတို႔ ထိန္းနိုင္တယ္ဆိုမွတိုက္။ သူကနည္းနည္းေသာက္ၿပီး မ်ားမ်ားမူးတဲ့ေကာင္။ နည္းနည္းပဲတိုက္"

"သူငယ္ခ်င္းေတြ ဆုံတုန္းေလး ေသာက္စမ္းပါကြာ မင္းကလည္း။ ငါကတစ္ေယာက္သုံးလုံးဆိုၿပီး ကြက္တိဝယ္လာတာ။ အမႊာႏွစ္ေကာင္အတြက္ေတာင္ Full Moon တစ္ေယာက္တစ္လုံးဆိုၿပီး ႏွစ္လုံးဝယ္လာတယ္"

"ဟာ‌ေဟ့ေကာင္ ကေလးေတြကို မတိုက္ပါနဲ႔ကြာ"

သူငယ္ခ်င္းက ကေလးေတြဖို႔ဝယ္လာတယ္ဆိုေတာ့ သုတကမတိုက္ဖို႔ တားပါတယ္။ အမႊာေတြရဲ့အစ္ကိုအရင္း ဝသုန္ကေတာင္ ဘာမွမေျပာဘူး။ သူက ပ်ာပ်ာသလဲကို တားေနတာ။ ဘာလဲကြ ဒီေကာင္ငသုက။

"ရပါတယ္ ကိုႀကီးရဲ့။ ေသာက္ပါ့မယ္"

အငယ္ေကာင္ေႏြယံက ေသာက္ဖို႔ေျပာေပမယ့္ ေနယံကေတာ့ ခပ္ေအးေအးပဲ ထိုင္ေနပါတယ္။ အမႊာေပမယ့္ အႀကီးေကာင္ေနယံက ေအးသေလာက္ ေႏြယံကေတာ့ အသြက္ကေလးပါ။ ေသာက္မယ္လည္း မေျပာဘူး မေသာက္ဘူးလည္း မေျပာတာေၾကာင့္ အဖြဲ႕ထဲကတစ္ေယာက္က ေနယံကိုေမးပါေတာ့တယ္။

"ေနယံ မင္းေရာေသာက္မွာလား"

ေနယံက သူေသာက္သင့္မေသာက္သင့္ကို ဝသုန႔္ကို ခြင္ေတာင္းတဲ့အၾကည့္နဲ႔ ၾကည့္ေတာ့ ဝသုန္ကေခါင္းၿငိမ့္ျပတယ္။ အဲ့ေတာ့မွ တည္ၿငိမ္သူကိုေနယံက ေသာက္မယ္လို႔ေျပာပါတယ္။

"ဟုတ္ကိုႀကီး ေသာက္မယ္ေလ"

ကေလးေတြကိုလည္းတိုက္ ကိုယ္ေတြလည္းေသာက္ရင္း သီခ်င္းေတြဆိုလိုက္ ေသာက္လိုက္နဲ႔ မေသာက္ပါဘူးဆိုတဲ့မုန္းလည္း သုံးလုံးေျမာက္ခဲ့ၿပီ။ အဲ့အခ်ိန္မွာ အလင္းဆိုတာကိုလည္း သတိမရနိုင္ေတာ့ဘူး။ လူကလည္း ရြဲပလဲေနပါၿပီ။

အရက္မူးတာကို မုန္းအရမ္းသေဘာက်ပါတယ္။ ဘာလို႔လဲဆိုေတာ့ ဘာကိစၥကိုမွ ေတြးပူေနစရာမလိုဘဲ ခံစားခ်က္က ေလဟာနယ္ထဲ ေရာက္ေနသလိုပဲ လြတ္လပ္ေပါ့ပါးတယ္။ ရင္ထဲမွာ ရွိသမၽွ‌စကားေတြကို ေျပာခ်င္သလို လြတ္လြတ္လပ္လပ္ ေျပာလိုက္လို႔ရတယ္။ ငိုခ်င္စရာရွိတာအားလုံးကို ဖြင့္ဟေအာ္ငိုပစ္လို႔ရလို႔ အရက္မူးတာကို ကၽြန္ေတာ္အရမ္းႀကိဳက္ပါတယ္။

ခုလည္း တစ္ဦးတည္းေသာသားျဖစ္ရတဲ့ဘဝကို အရမ္းဝမ္းနည္းလြန္းလို႔ ေအာ္ငိုပစ္လိုက္တယ္။

"သုတရာ ငါ့မွာ အစ္ကိုတစ္ေယာက္ေလာက္ျဖစ္ျဖစ္ အစ္မတစ္ေယာက္ေလာက္ျဖစ္ျဖစ္ရွိရင္ သိပ္ေကာင္းမွာပဲ။ အဲ့ဒါဆို ငါ့ရင္ထဲခံစားရသမၽွေတြကို ဖြင့္ဟတိုင္ပင္လို႔ရတယ္။ ခုေတာ့ တစ္ဦးတည္းေသာသားျဖစ္ရတာ မေကာင္းလိုက္တာကြာ အားးးးအီးဟီးဟီး"

"ေအးပါကြာမုန္းရာ မငို‌နဲ႔ေတာ့ေနာ္။ ေတာင္းပန္ပါတယ္ကြာ။ အဲ့ဒါေၾကာင့္ ငါမင္းတို႔ကိုေျပာပါတယ္။ ဒီအရစ္တုံးကို အရမ္းမတိုက္ပါနဲ႔လို႔"

"ေအးပါကြာ အဲ့ေလာက္ဆိုးမွန္းမသိလို႔ တိုက္မိတာပါ။ တကယ္ပါကြာ ကေလးဆိုးႀကီးလိုပဲ"

မုန္းမူးေနတဲ့အခ်ိန္ အိပ္ကပ္ထဲကဖုန္းက လာေနတာမို႔ ဖုန္း Ringtone သံေၾကာင့္ အလင္းမွန္းသိလိုက္ပါၿပီ။

"ေဟ့ေကာင္သုတ ငါ့ကိုလႊတ္စမ္း။ ငါ့ကိုကို ငါ့ကိုဖုန္းေခၚေနၿပီကြ။ ကိုင္လိုက္ဦးမယ္"

"မူးသာမူးတာ အမူးပါး။ သူ႔လင္ဖုန္းေခၚတာၾက တန္းသိတယ္။ မူးေနတဲ့သူက Ringtoneသံ ၾကား႐ုံနဲ႔ ဘယ္သူေခၚမွန္းသိတယ္ အံ့ၾသေရာ"

သုတက မူးေနတဲ့မုန္းကို လႊတ္မေပးဘဲ အိပ္ကပ္ထဲကဖုန္းကိုကိုင္ၿပီး စပီကာဖြင့္ၿပီးတာနဲ႔ မုန္းပါးစပ္ေရွ႕ကိုထားၿပီး သူ႔လက္နဲ႔ပဲ ကိုင္ထားေပးလိုက္တယ္။

"ဟဲလို ကိုကို ေျပာ"

"မုန္းေပါက္ အိမ္ျပန္ေရာက္ၿပီလား"

"အိမ္ျပန္ေရာက္ရေအာင္ ဘယ္အခ်ိန္ရွိေသးလို႔လဲ။ အေစာႀကီးရွိေသးတာကို ကိုကိုကလည္း"

"ဟမ္"

ေနပါဦး မုန္းအသံက အာေလးလၽွာေလးနဲ႔။ ညဆယ္ႏွစ္နာရီေတာင္ေက်ာ္ေနၿပီကို အေစာႀကီးတဲ့လား။ ဒီကေလး မူးမ်ားမူးေနတာလား။

"မုန္း မူးေနတာလား။ ကိုကို႔ကို အမွန္အတိုင္းေျပာစမ္း။ ခုထိ ႀကိဳးတံတားမွာပဲလား။ အိမ္မျပန္ရေသးဘူးလား။ ဘယ္အခ်ိန္ရွိေနၿပီလဲမုန္း"

"အီးးဟီးးဟီးး အဲ့လိုေလသံမာမာႀကီးနဲ႔မေျပာပါနဲ႔ ဟီးးးးဟီးးး"

"မငိုနဲ႔ေလကြာမုန္းရာ။ ဝသုန္ ေႏြယံ့ကို ေနယံနဲ႔ခဏထားခဲ့ၿပီး မုန္းကိုလာထိန္းေပးစမ္းပါ။ ငါဒီမွာ ဖုန္းေျပာလိုက္ဦးမယ္"

"ေအးေအး လာၿပီ"

မုန္းကို ဝသုန႔္လက္ထဲထည့္ခဲ့ၿပီး အလင္းနဲ႔ဖုန္းေျပာလိုက္တယ္။

"အလင္း သူငယ္ခ်င္းေတြဆုံလို႔ ေသာက္ၾကရင္းနဲ႔ ဟိုေကာင္ေတြက မုန္းကိုအတင္းတိုက္လို႔ သူမေသာက္ခ်င္ဘဲ ေသာက္လိုက္ရတာ။ အဲ့ဒါေၾကာင့္ နည္းနည္းမူးေနတာ။ မင္းလည္း စိတ္ဆိုးမေနပါနဲ႔ကြာ။ ငါသူ႔အိမ္ကို ေသခ်ာလိုက္ပို႔လိုက္ပါ့မယ္ ေနာ္ေဟ့ေကာင္"

"ေအး‌ ငသု ငါစိတ္ခ်မယ္ေနာ္။ မင္းေသခ်ာဂ႐ုစိုက္ၿပီး အိမ္ကို လိုက္ပို႔ေပးလိုက္ပါကြာေနာ္"

"စိတ္ခ်ပါကြာ။ ေဟ့ေကာင္ ဒါဆို ငါဖုန္းခ်ၿပီေနာ္"

"ေအးေအး ဒါပဲ"

အလင္းနဲ႔စကားေျပာၿပီးတာနဲ႔ ဖုန္းခ်လိုက္ၿပီး မုန္းအိမ္ကို လိုက္ပို႔ဖို႔ ျပင္ရတယ္။ မုန္းအိမ္ကိုေရာက္ေတာ့ အခန္းထဲထိ လိုက္ပို႔ေပးခဲ့ၿပီးမွ အန္တီ့ႏုကို‌ ႏႈတ္ဆက္ၿပီး ျပန္လာခဲ့ၾကတယ္။

ကၽြန္ေတာ္သုတရဲ့ အိမ္အျပန္လမ္းကေတာ့ ေႏြယံ့ကိုဂုန္းပိုးၿပီး ျပန္ခဲ့ရတယ္ေပါ့ဗ်ာ။ အစ္ကိုအရင္းဝသုန္က အ‌ေတာ္ခ်စ္ဖို႔ေကာင္းပါတယ္။ မင္းေခၚလာတာ မင္းထိန္းတဲ့ေလ။ ကၽြန္‌ေတာ္ဘယ္လိုစိတ္နဲ႔မ်ား ဒီအမႊာကိုလိုက္ခဲ့ပါလို႔ ေခၚမိတာပါလိမ့္။ စဥ္းစားလို႔ကို မရဘူး။ ေခၚတဲ့အခ်ိန္တုန္းက ကၽြန္ေတာ္ အပမွီေနတာမ်ားလားဗ်ာ။ ေသာက္တဲ့သူခ်င္းအတူတူ ေသာက္တဲ့အေရအတြက္ခ်င္းအတူတူ အႀကီးေကာင္ေနယံက ဘယ္လိုမွမေနဘူး။ အငယ္ေကာင္က အသြက္ေပမဲ့ အရက္ေတာ့ မေသာက္နိုင္ဘူးပဲ။ တစ္ပုလင္းထဲနဲ႔ ေခါင္းက်ိဳးေနတယ္ေလ။ ဒါေတာင္ Spyမို႔လို႔‌ ေတာ္ေသးတယ္။

***********

ညကဘီယာသုံးပုလင္းေသာက္လိုက္မိတာ မနက္ၾကေတာ့ မုန္းေခါင္းကိုက္ေနရၿပီေလ။ ကိုယ့္ကိုယ္ကိုေတာင္ မုန္းတယ္။ သုံးပုလင္းေလးနဲ႔ မူးရတယ္လို႔။ နာရီကိုၾကည့္လိုက္မိေတာ့ ဆယ္နာရီဆယ့္ငါး။ ေတာ္ေတာ္ေတာင္ ေနာက္က်ေနၿပီ။

ဟင္! ငါ့ကိုညက အလင္းဖုန္းဆက္ေသးလား မသိဘူး။ ေစာေစာျပန္ဖို႔ေျပာၿပီး ဖုန္းဆက္ခိုင္းတာကို ေမ့ေနတယ္။ Call Log ေတြကို ျပန္ၾကည့္ေတာ့ အလင္းက ညဆယ္ႏွစ္နာရီေက်ာ္ေလာက္က ဖုန္းဆက္ထားပါတယ္။

မျဖစ္မျဖစ္ ဖုန္းျပန္ဆက္ဦးမွ။ ညက မူးမူးနဲ႔ ဘာေတြေျပာထားမိလဲ မသိဘူး။ အားးး မုန္း မင္းအျပစ္ေတြ အမ်ားႀကီး က်ဴးလြန္မိေနတာပဲ။ သူ မႀကိဳက္တာေတြဘဲ ေရြးလုပ္ေနရတယ္လို႔။

"ဟဲလို ကိုကို႔"

"အင္း"

"ညက မုန္းေတာင္းပန္ပါတယ္ေနာ္။ သူငယ္ခ်င္းေတြ အတင္းတိုက္လို႔ ေသာက္လိုက္မိတာ"

"ဘယ္ေလာက္ေသာက္လဲ"

"သုံးလုံး"

"Ok ငါ့ကို ဖုန္းသုံးရက္မေခၚပါနဲ႔"

"ဟမ္ ကိုကိုကလည္း မုန္းေတာင္းပန္ပါတယ္။ ေနာက္မျဖစ္ေစရပါဘူးလို႔လည္း ကတိေပးတယ္။ တစ္ေယာက္နဲ႔တစ္ေယာက္ ေဝးေနရတာ ဖုန္းသုံးရက္ေတာင္ မဆက္ရဘူးဆိုေတာ့ ကိုကိုကေရာ ေနနိုင္လို႔လား"

"မေနနိုင္ဘူး။ ဒါေပမဲ့ ငါမင္းကိုဘာေျပာခဲ့လဲ။ မင္းအျပစ္လုပ္ရင္ အျပစ္လုပ္တဲ့ မင္းတစ္ေယာက္တည္း ခံရမွာမဟုတ္ဘူး ငါပါအျပစ္ခံရမွာလို႔ မေျပာခဲ့ဘူးလား။ အရက္၊ ဘီယာကို ငါမဟုတ္တဲ့တျခားသူနဲ႔ မေသာက္ပါနဲ႔လို႔ ေသခ်ာမွာလိုက္တယ္။ တကယ္လို႔ သူငယ္ခ်င္းေတြစုံလို႔ ေသာက္ခ်င္တယ္ဆိုရင္ေတာင္ ငါ့ကိုအရင္ေျပာပါ ငါ့ကိုအရင္ခြင့္ေတာင္းပါလို႔မေျပာခဲ့ဘူးလား။ မင္းငါ့စကားေတြကို အေလးအနက္ မထားတာလား။ ဒါမွမဟုတ္ ငါ့ကိုဂ႐ုစိုက္စရာမလိုဘူးလို႔ ေတြးထားတာလား"

"အဲ့လိုမဟုတ္ပါဘူး ကိုကိုကလည္း"

"Ok ငါ့စကားကို မင္းအေလးထားတယ္ဆိုရင္ ငါ့ကို ဖုန္းသုံးရက္ လုံးဝမဆက္ပါနဲ႔။ ငါ့စကားကို နားမေထာင္ဘဲ သုံးရက္မျပည့္ခင္ ဒီၾကားထဲမွာ ဖုန္းေခၚခဲ့ရင္ ေနာက္ထပ္ ရက္ထပ္တိုးသြားလိမ့္မယ္ဆိုတာကို သိထားပါ"

အလင္းက သူေျပာခ်င္ရာမွန္သမၽွကို ေျပာၿပီးတာနဲ႔ ဖုန္းခ်သြားပါေတာ့တယ္။ အလင္းျပတ္သားရင္ ေၾကာက္ဖို႔ေကာင္းတယ္ ဆိုတာကို သိသိရက္နဲ႔။ သူေသခ်ာမွာလိုက္တာကို နားမေထာင္ဘဲ တလြဲေတြခ်ည္းပဲ လုပ္မိေနတယ္။ ေသသာ ေသလိုက္ခ်င္‌ေတာ့တာပဲ။ တစ္ရက္ေလးဖုန္းမေျပာရရင္ေတာင္ အရမ္းလြမ္းေနရတာကို။ ခြဲလည္းခြဲေနရေသးတယ္ ဖုန္းလည္းမေျပာရဘူးဆိုေတာ့ ငါေတာ့ေသမွာပဲ။

ေန႔လယ္ေလာက္ၾကေတာ့ ေႏြတို႔အိမ္ကို ထြက္လာခဲ့လိုက္တယ္။ သုတကိုလည္း ေႏြတို႔အိမ္ကိုလာခဲ့ဖို႔ ဖုန္းဆက္ အေၾကာင္းၾကားလိုက္ပါတယ္။ ေႏြတို႔အိမ္ကိုေရာက္ေတာ့ သုတေရာ အားသစ္ေရာပါ ေရာက္လို႔ေတာင္ေနပါၿပီ။

"သုတ မင္းသူငယ္ခ်င္းနဲ႔ အမႊာႏွစ္ေကာင္ကို ဘယ္မွာထားခဲ့တာလဲ"

"၀သုန႔္ကို ဟိုေကာင္ေတြနဲ႔ ခဏထားခဲ့တယ္။ သူတို႔က ခင္ေနၾကၿပီ။ ငါ့ကိုေတာင္ မလိုေတာ့ဘူး။ အမႊာေတြကေတာ့ ငါနဲ႔ပါလာတယ္။ ေမခ်စ္နဲ႔ ဆိုင္လိုက္သြားတယ္။ ေမခ်စ္ကို ေႏြယံတစ္ေယာက္ ဘာေတြေမႊေနလဲေတာ့ မသိဘူး"

"ေႏြယံကေတာ့ တကယ္အသြက္။ ခဏေလးနဲ႔ အားလုံးက သူ႔ကိုခ်စ္လာေအာင္ ေနတတ္တယ္"

"ဒါနဲ႔မင္းက ငါ့ကိုေႏြတို႔အိမ္လာခိုင္းတာ ဘာလုပ္ဖို႔လဲ"

မုန္းက သူ႔ကိုေႏြတို႔အိမ္လာခိုင္းတာမို႔ ေမးလိုက္တာပါ။

"အလင္းေလ ညက ငါအရက္ေသာက္ၿပီးမူးေနလို႔ စိတ္တအားဆိုးေနတယ္။ ငါ့ကိုလည္း သူ႔ကို သုံးရက္တိတိ မဆက္သြယ္ပါနဲ႔တဲ့"

"သုံးရက္ေတာင္"

ေႏြကတအံ့တဩကို မ်က္လုံးေလးဝိုင္းေနေအာင္ ျပဴးၾကည့္ၿပီးကို ေမးတာပါ။

"ေအး။ ဘီယာသုံးလုံးေသာက္လို႔ သုံးရက္မဆက္သြယ္ပါနဲ႔တဲ့ဟာ"

"အလင္း ေတာ္ေတာ္ကို စိတ္ဆိုးသြားတာျဖစ္မယ္မုန္း။ သူ႔ေလာက္ နင့္ကိုခ်စ္ၿပီး တစ္ရက္ေလးေတာင္ နင္နဲ႔စကားမေျပာဘဲ မေနနိုင္တဲ့သူက သုံးရက္မဆက္သြယ္နဲ႔ဆိုေတာ့ ေတာ္႐ုံစိတ္ဆိုးတာ မဟုတ္ဘူးပဲ။ ငါတို႔ကို အကူအညီမေတာင္းနဲ႔ေနာ္။ ငါတို႔ ဒီကိစၥကို လက္ေရွာင္တယ္။ နင္တို႔လည္း ဘာမွ ဝင္ၿပီးလၽွာမရွည္နဲ႔ေနာ္။ အလင္းအေၾကာင္း နင္တို႔သိတယ္မို႔လား။ သူဆုံးျဖတ္ခ်က္ခ်ထားရင္ မျပင္သလို စိတ္ဆိုးလို႔မေခၚဘဲေနရင္လည္း ၾကားလူဝင္ေျပာရင္ ၾကားလူကိုပါ မေခၚေတာ့ဘူးဆိုတာ"

"ေအး ဒါေတာ့ဟုတ္တယ္။ ေမာင္ျပတ္သားကို ငါတို႔လည္း ေၾကာက္တယ္ ေဟ့ေကာင္"

အားသစ္ဆိုတဲ့ေကာင္က ေႏြေျပာသမၽွကို အကုန္ေထာက္ခံမယ့္ေကာင္။

"သုံးရက္ေလးပဲကိုကြာ ခဏေလးနဲ႔ကုန္သြားမွာပဲကို။ မင္းက ဘာျဖစ္ေနတာလဲ"

"ေစာင္FAေကာင္"

"ႏွိမ္ျပန္ၿပီ။ ငါက မင္းတို႔ အခုလိုဘဲပူ၊ ေဆာ္ပူမိၿပီး စိတ္ညစ္တာေတြကို မခံစားနိုင္လို႔ FAဘဝကို ေရြးခ်ယ္ထားတာ သေဘာေပါက္"

"အ႐ူး"

အားလုံးက တစ္ညီတစ္ညာတည္း ဝိုင္းၿပီးေထာပနာျပဳလိုက္ၾကတယ္။

"ေႏြ နင္ဖုန္းေခၚၿပီး ေျပာၾကည့္ေပးဟာ။ နင္ေျပာရင္ ရေလာက္မွာပါ . . ေနာ္။ ငါ့ကိုခ်စ္ရင္"

"ကဲပါ ဟုတ္ပါၿပီ။ ဖုန္းေခၚၾကည့္ေပးမယ္"

ေႏြဖုန္းေခၚလိုက္ေတာ့ အလင္းက ခ်က္ခ်င္းကိုင္ပါတယ္။

"ဟဲလို"

"အလင္း"

"အင္း"

"ဟိုဟာေလ"

"မုန္းအေၾကာင္းေျပာမယ္ဆို ဆက္မေျပာနဲ႔ေတာ့။ တျခားအေၾကာင္းဆိုရင္ေျပာ"

"ဟင္ နင္တို႔ ဘာေတြျဖစ္ထားၾကျပန္ၿပီလဲ"

"သိရဲ့သားနဲ႔ ေမးမေနနဲ႔ေႏြ။ အဲ့ကိစၥေျပာဖို႔ ဖုန္းဆက္တာမို႔လား။ ဒါပဲ ဖုန္းခ်လိုက္ေတာ့မယ္။ ေနာက္တစ္ခါ အဲ့ကိစၥေၾကာင့္ဖုန္းေခၚရင္ နင္တို႔ပါ ငါ့ကို သုံးရက္မဆက္သြယ္နဲ႔ ၾကားလား ဒါပဲ"

အလင္းက ေျပာခ်င္ရာေျပာၿပီး ဖုန္းခ်သြားျပန္ပါၿပီ။

"အလင္း တကယ္စိတ္ဆိုးရင္ ေၾကာက္စရာႀကီး"

"အဟင့္ ဟင့္"

ေဟာငိုပါၿပီ မုန္းေလးသနားပါတယ္။

"မငိုပါနဲ႔မုန္းရာ။ ဘာစားခ်င္လဲ။ ငါတို႔လိုက္ဝယ္ေကၽြးမယ္ေလ"

အစားပုတ္ေလးကို အစားနဲ႔ျဖားေယာင္းလိုက္တဲ့ အားသစ္ရဲ့အႀကံက ေအာင္ျမင္တယ္ေျပာရမယ္။ တရႈံ႔ရႈံ႔နဲ႔ငိုေနတဲ့မုန္းက မ်က္လုံးဝိုင္းေလးနဲ႔ ၾကည့္လာတယ္။ အစားဆိုတဲ့အသံၾကားတာနဲ႔ ငိုတာေတာင္ ရပ္သြားသလိုပဲ။ ထိုေန႔က အားသစ္က မုန္းမငိုေအာင္ မုန႔္လိုက္ေကၽြးတာမို႔ အငိုတိတ္ခဲ့ရပါတယ္။

Continue Reading

You'll Also Like

1.5M 90.5K 38
"You all must have heard that a ray of light is definitely visible in the darkness which takes us towards light. But what if instead of light the dev...
61.4K 3.8K 36
Uni အတိတ်ကို အတိတ်မှာပဲ ထားခဲ့လို့ရရင်တောင် စိတ်ကိုအတိတ်မှာ ထားခဲ့လို့မဖြစ်ဘူး.... ပျော်ပြီးသေသွားတဲ့ နာရေးကြော်ငြာမျိုး မောင် ဖတ်ဖူးခဲ့လား...။ ဝမ်းန...
25.4K 53 11
normal 18+ တွေကိုပဲတင်မှာပါ #credit to all the right owners of webtoons from here. #credit to all the scan teams.
96.4K 2.2K 21
Title ~ ထာဝရ မင်း Author ~ Hnin~Yhine All episode ~ 16.( Both Unicode and Zawgyi) # fifth 26.7.2021>>>> 15.8.2021( 21 days) pic f...