ချစ်ရပါသောမောင် (ခ်စ္ရပါေသာေမ...

By Lily_Han02

1.3M 110K 3.5K

❣︎𝐴𝑟𝑡 𝑏𝑦 𝑆𝑢𝑦𝑖❣︎ ❦{Own Creation}❦ Unicode&Zawgyi မောင်ပေးတဲ့ အနွေးဓာတ်တွေကို ဖမ်းဆုပ်ထားရင်း နွေးထွေ... More

Chapter-1
Chapter-2
Chapter-3
Chapter-4
Chapter-6
Chapter-7
Chapter-8
Chapter-9
Chapter-10
Chapter-11
Chapter-12
Chapter-13
Chapter-14
Chapter-15
Chapter-16
Chapter-17
Chapter-18
Chapter-19
Chapter-20
Chapter-21
Chapter-22
Chapter-23
Chapter-24
Chapter-25
Chapter-26
Chapter-27
Chapter-28
Chapter-29
Chapter-30
Chapter-31
Chapter-32
Chapter-33
Chapter-34
Chapter-35
Chapter-36
Chapter-37
Chapter-38
Chapter-39
Chapter-40
Chapter-41
Chapter-42
Chapter-43
Chapter-44
Chapter-45
Chapter-46
Chapter-47
Chapter-48
Chapter-49
Chapter-50
Chapter-51
Chapter-52
Chapter-53
Chapter-54
Chapter-55
Chapter-56
Chapter-57
Chapter-58(Finale)
Extra-1
Extra-2
Extra-3
Extra-4
Extra-5
Final Extra
Special Extra-1(Surprise!!)
Special Extra-2
Final Special Extra-3
Hello><

Chapter-5

26.6K 2.4K 33
By Lily_Han02

Unicode

တစ်နေ့လုံး စိတ်မကြည်သူမှာ သော်ယံမောင်
သာဖြစ်သည်။သက်ပြင်းတို့ကိုလည်း အထပ်
ထပ်ချရင်း စိတ်မှ ဘာကိုအလိုမကျဖြစ်နေ
လည်း မသိ။သော်ယံမောင်ကိုယ်တိုင်လည်း
အဖြေရှာမရခဲ့။လက်မှနာရီသို့တကြည့်ကြည့်နဲ့ စာသင်တဲ့ထဲကိုလည်း အာရုံမရောက်။
မောင့်သူငယ်ချင်းဖြစ်တဲ့ နေရှင်းဟန်မှာ
သတိလှမ်းပေးရှာသည်။

"ဟျောင့် သော်ယံ..နာရီပဲကြည့်မနေနဲ့
အရှေ့ကိုလည်းကြည့်ဦး။မနက်ထဲက ဂနာကို
မငြိမ်ဘူး"

"အေးပါကွာ။ဒီနေ့မှအချိန်တွေကလည်း
ကြာလိုက်တာ"

စိတ်မရှည်ဟန်နဲ့ပြောတော့ မောင့်ကို
နေရှင်းဟန် ခေါင်းတခါခါနှင့်ကျိတ်ပြီး
ရယ်သည်။'ဒီကောင် တစ်ခုခုတော့ထူးနေပြီ'
လို့သာ တစ်ယောက်ထဲပြောဖြစ်တော့
သော်ယံမောင်လည်း မသိနိုင်။အတန်းချိန်ပြီး
တာနှင့် ပြန်ဖို့ တာစူနေသည့် သော်ယံမောင်
ကို နေရှင်းဟန် ကြောင်ကြည့်နေမိတာလည်း
ဖြစ်သည်။

"သော်ယံ ဖြည်းဖြည်းလုပ်စမ်းပါကွာ၊
ဒီညclubသွားရအောင်.."

"ငါ မသွားတော့ဘူး.."

"ဟေ မင်း သော်ယံမောင်ရော ဟုတ်ရဲ့လား။
အရင်ကဆို ရှေ့ဆုံးကတက်ကြွနေတဲ့
ကောင်ကြီးက အခုဘယ်လိုဖြစ်တာတုန်း"

"သိချင်ရင် ငါ့အိမ်ကိုသာ လာခဲ့။
ငါသွားပြီ နေရှင်း"

​မပြေးရုံတမယ် ထွက်သွားတဲ့ မောင့်ကို
နေရှင်းလည်း တားချိန်တောင်မရလိုက်။
ခေါင်းခါကာရယ်လျက် နေရှင်းဟန်မှာ
စကားတပြောပြောနှင့် ကျန်ခဲ့တာလည်း
ဖြစ်မည်။

"အပ များမိနေလေသလား သော်ယံမောင်ရေ။
နေဦး ကျောင်းပိတ်တဲ့ရက်မှ မင်းအိမ်ကို
စစ်ဆေးရေးဝင်မယ်"

***********

​ကိုကို့ ကိုသွားကြိုဖို့လမ်းမှာ ကားတွေပိတ်
တော့လည်း တောက်တစ်ခေါက်ခေါက်။
ကိုကို့ ကိုတွေ့ချင်လာတဲ့စိတ်တို့က ထိန်းသိမ်း
မရ။အပြစ်မရှိတဲ့ ရာသီဥတုကို အပြစ်ပုံချမိတာ အခါခါ။

"ကားပိတ်ရတဲ့ကြားထဲ ရာသီဥတုကလည်း
ပူလိုက်တာ။မီးသွေးခဲ ဖင်ခုထိုင်ထားရသလိုပဲ"

ကိုကို့ဆီကိုရောက်တော့ ရပ်စောင့်နေတာလေး
ကိုလည်း မောင်တွေ့သည်။ပျော်မိသွားပေမဲ့
ဘေးမှ ခင်မူယာကိုလည်းမြင်ရော ချက်ချင်း
အလိုမကျတော့ဘဲ စူပုပ်ပုပ်ဖြစ်လာသည်။
ကိုကိုတို့အရှေ့၌ ကားရပ်ကာ ကားပေါ်မှဆင်း
တော့ ကိုကိုမှ ခေါ်လာသည့် အခေါ်ကြောင့်
ဒေါသတို့က ထောင်းခနဲ။

"သော်ယံ"

သူစိမ်းရှေ့မှာ မောင်လို့ခေါ်လိုက်ရင် မကြိုက်
မှာစိုးလို့ သော်ယံလို့သာခေါ်မိတော့ မောင်
ကလည်းမကြိုက်ပါ။

"ဘာကို သော်ယံလဲ၊ခေါ်နေကျအတိုင်း
မခေါ်ချင်တော့လို့လား"

မူယာကတော့ ဘာမှမပြောဘဲ မောင်နှင့်ကိုကို
တို့ကိုသာ တစ်လှည့်စီကြည့်ရှာသည်။

"အာ မဟုတ်ပါဘူး၊ဟို မောင်မကြိုက်မှာစိုးလို့"

မောင်ဆိုတဲ့စကားကြောင့် မူယာအံ့ဩကာ
ကိုကို့ ကိုကြည့်လိုက်မိပေမဲ့ ကိုကို့အကြည့်တို့
က မောင့်ဆီမှာသာ။ဒါက တစ်ဖက်သတ်နာကျင်
ရခြင်းမျိုးလည်း ဖြစ်တယ်။

"ဘာမကြိုက်စရာရှိလို့လဲ။ကိုကိုတစ်ယောက်
ပဲ မောင်လို့ခေါ်ခွင့်ရှိတာ။လူကြားထဲလည်း
ခေါ်လို့ရတယ်"

မောင့်အပြောကြောင့် ကိုကိုဝမ်းသာအားရပြုံး
ဖြစ်တော့ မောင့်ကိုရင်ခုန်စေသည့် အရာတွေ
ထဲ၌ ကိုကို့ ပါးချိုင့်နှစ်ဖက်နှင့်သွားတက်
လေးလည်း ပါမည်။ကိုကို့ရဲ့ စိတ်နေစိတ်ထား
နဲ့အမူအယာတွေကို အလိုက်သိတဲ့ မူယာ့မှာ
မောင့်အပေါ်ထားတဲ့ ကိုကို့စိတ်ကို အနည်းငယ်
တော့ အရိပ်အခြေသိသည်။

'နင်ပျော်နေရင် ငါကျေနပ်တယ် သုထက်ရယ်။
အဓိက,က ငါချစ်တဲ့ သုထက်ကိုကို အမြဲတမ်း
စိတ်ချမ်းသာနေဖို့ပါ။ဒါပေမဲ့လည်း လောဘကြီး
ချင်တာတော့ ခက်တယ်'

ကိုကို့အပေါ် မူယာရဲ့အကြည့်တို့ကို မောင်
သဘောမကျပါ။ထိုမိန်းကလေးနဲ့ကိုကို့ ကို
တစ်စက္ကန့်ကလေးတောင် အတူတူမရှိစေချင်
တာ မောင့်ရဲ့သဝန်တိုမှု တစ်မျိုးပင်ဖြစ်သည်။

"လာ ကိုကို..အိမ်ပြန်ကြမယ်"

ကိုကို့လွယ်အိတ်ကိုယူလိုက်ပြီး ကားပေါ်
တက်ဖို့ ပြင်တော့ မောင့်လက်ကို ပြန်ဆွဲထား
ရသည်။အိမ်ပြန်လို့မှ မဖြစ်သေးတာ။

"မောင်..မောင် ခဏလေးနေပါဦး"

"ဘာဖြစ်လို့လဲ"

"မူယာ့ကို စားရှင်းပြခိုင်းစရာတွေရှိလို့
အဲ့တာ..ငါတို့သွားနေကျ အအေးဆိုင်
ကို လိုက်ပို့ပေးပါလား"

မူယာနှင့်အတူတူရှိမနေစေချင်သည့်
မောင့်ရဲ့ဆန္ဒကိုများ အမြင်ကပ်ကပ်နဲ့
ကံတရားက လက်စားချေလိုက်လေသလား။
ကိုကို့အတွက်ပါပဲလေဆိုပြီး စိတ်လျှော့လိုက်
ရတော့သည့်အဖြစ်။

"အင်း လိုက်ပို့ပေးမယ်။ဒီအစ်မကရော.."

မူယာကိုလက်ညိုးထိုးကာမေးတော့
ဒီကောင်လေးက သုထက်ရဲ့စိတ်ကို
အပိုင်ယူထားတဲ့သူ။မူယာကတော့ ကိုကို့
မျက်နှာကြောင့် ညင်ညင်သာသာပင် ပြန်ဖြေ
ရှာသည်။

"မူယာ့ ကားပျက်နေလို့ သုထက်တို့နဲ့လိုက်လို့
ရတယ်မလား.."

"ဟာ မူယာကလည်း..ငါ့ကိုစာရှင်းပြပေးမှာကို
အဲ့လိုမေးစရာမလိုပါဘူး"

'ပြုံးပြနေလိုက်တာများ သွားဖုံးတောင်
ပေါ်တော့မယ်'
တစ်ယောက်ထဲ ခပ်တိုးတိုး၊အံတကြိတ်ကြိတ်
ပြောဖြစ်တော့ ကိုကိုလည်း မကြားနိုင်။
မောင့်စိတ်ထဲ နေမရထိုင်မရနဲ့ မနေနိုင်တော့တဲ့
အဆုံး မျက်နှာကလည်း အလိုမကျ၍
ခပ်တင်းတင်း စူပုပ်လာသည်။

"မောင် သွားရအောင်လေ။မူယာနဲ့ပဲ
အနောက်ခန်းမှာ ထိုင်လိုက်မယ်နော်"

မောင့်ဘက်မှ ပြန်မဖြေရသေးခင် မူယာ့ကို
ကားတံခါးဖွင့်ပေးနေသည့် ကိုကို့ကြောင့်
မောင့်မှာ သဝန်တိုမှု ဒီဂရီတို့က မြင့်လာချေ
သည်။တစ်လမ်းလုံးလည်း မူယာနှင့်ရယ်မော
ကာ စကားပြောလာသည့် ကိုကို့ကြောင့်
မောင့်မှာ မျက်ခုံးတို့ကို ထိလုမတက်
မျက်မှောင်ကြုတ်ထားဖြစ်တာ အကြိမ်ကြိမ်။
ခေတ်စကားနဲ့ပြောရမယ်ဆိုရင် သော်ယံမောင် ဂျယ်လီ နင်နေတာပင်ဖြစ်မည်။

"မောင်ဘာသောက်မလဲ"

ကိုကိုက အရင်မေးလာတော့ ပြုံးမိတာ
ခပ်မြူးမြူးပင်။မျက်မှန်ကို ပင့်တင်ရင်း
​ကိုကိုက သော်ယံမောင့်ဆီမှ အဖြေကိုစောင့်
နေတော့ မောင့်မှာ ငေးစိုက်ကြည့်မိတာ
တငေးတမော။

"ကိုကိုသောက်တဲ့ဟာပဲ ကျွန်တော်လည်း
သောက်မယ်"

"ဪ အင်း.."

ခင်မူယာ့ကို မမေးဘဲ ပိုက်ဆံအိတ်ယူပြီး
သွားတော့မည့် ကိုကို့ကြောင့် မောင်က
ထပြောလာပြန်သည်။

"ကိုကို ဒီအစ်မမူယာသောက်ဖို့ မမေးရ
သေးဘူးလေ"

"မူယာ့အကြိုက်ကို ငါသိလို့ မမေးတော့တာ"

မူယာ့ဘက်ကိုကြည့်တော့ ကိုကို့စကားကို
ထောက်ခံသလိုမျိုး ပြုံးပြရှာသည်။
မူယာပြုံးလိုက်တိုင်း လှတာလည်း မှန်သည်။
သို့သော်ငြား မောင့်မှာတော့ လှသည်ဟုလည်း
မမြင်နိုင်။သူ့ကိုအရင်မေးလို့ ပျော်နေတဲ့အပျော်တောင် ဘယ်ချောင်ထဲ ရောက်သွား
မှန်းပင်မသိတော့။
ကိုကိုကတော့ ကောင်တာဘက်ကိုထွက်သွား
ပြီ။မူယာ့ကိုစကားမပြောချင်တာနဲ့
ဖုန်းကိုသာ သုံးနေဖြစ်တော့ မောင်တို့ဝိုင်းက
အသံတိတ်သည်။မျက်လုံးကသာ ဖုန်းကို
ကြည့်တော့၊အတွေးတွေထဲလည်း နွံနစ်သည့်အဖြစ်။

'သော်ယံမောင် မင်းဘာဖြစ်နေတာလဲ။
မသိဘူး၊မသိတော့ဘူးကွာ ကိုကိုနဲ့
ဒီမိန်းကလေးကို အတူတူ မရှိစေချင်တာပဲ
သိတယ်။စိတ်ထဲမှာလည်း ဘာကိုဖြစ်ချင်လို့
ဖြစ်ချင်နေမှန်းကိုမသိဘူး။ရူးပဲ ရူးနေတာလား။
တစ်ချို့အချိန်တွေဆို ရင်တွေတုန် နေတာ
နှလုံးရောဂါများဖြစ်နေပြီလား။ဆေးရုံသွားပြဦးမှပဲ'

"မောင်"

"မောင် အိမ်ပြန်ချင်လည်းပြန်နော်၊
မူယာ့ကိုပြန်ပို့ပေးပြီး ငါ့ဘာသာပြန်လာလို့ရတယ်"

"ရတယ် ကျွန်တော်စောင့်နေမယ်၊
အေးဆေးသာ စာလုပ်ကြ"

'နှစ်ယောက်ထဲထားခဲ့ရအောင် ကျွန်တော်က
ရူးနေလို့လား။နေပါဦး ငါကရော ဘာလို့
မထားနိုင်ခဲ့တာလဲ။တွေးလေရူးလေ
ဘာဖြစ်ချင်နေမှန်းကိုမသိတော့ဘူး။နေရှင်းကိုပြောပြပြီး ဘာရောဂါဖြစ်နေလည်းဆိုတာမေး
ရမယ်'

သူ့အတွေးနဲ့သူတော့ဟုတ်နေသေးတာပဲ။
ဒါ ရန်ခုန်မိတာလို့လည်း မောင် မတွေးမိပါ။
တစ်ယောက်ယောက်ကသာ ကိုကို့အပေါ်
ရင်ခုန်နေမိပါတယ်ဆိုတာကိုများ ထောက်ပြမဲ့
သူသာ ရှိလာခဲ့ရင် လက်ခံနိုင်ပါဦးမလား။
မောင့်ကို ကြည့်မိတော့ မောင့်မျက်နှာမကောင်း
တာလည်း ကိုကိုသိသည်။

"မောင် နေကောင်းရဲ့လား"

"ကောင်းပါတယ် ကိုကိုရဲ့ နေပူလို့ပါ"

"အင်းပါ ဖျားမှာစိုးလို့"

မူယာကတော့ ဘေးလူလိုပင် အသံတိတ်သည်။
မောင့်မှာ အအေးတောင်မသောက်မိဘဲ ကိုကို့
မျက်နှာကိုထိုင်ကြည့်ဖြစ်တာ ငေးမောစွာပင်။
စာထဲ အာရုံစူးစိုက်ထားတော့ ကိုကိုလည်း
သတိမထားမိခဲ့။မူယာကတော့ သတိထား
မိတာလည်း ဖြစ်သည်။

ချစ်နေတာလားလို့မေးရင် ဖြေစရာအဖြေဟာ
အဆင်သင့်မရှိ။ကိုယ့်စိတ်ကိုယ် ပြန်ပြီးလည်း
မစမ်းစစ်မိ။ကိုကို့ ကိုရောချစ်လို့ရရဲ့လား။
ဟင့်အင်း ကျွန်တော် ဒါတွေကိုလည်း
နားမလည်ဘူး ကိုကို....။

(16.7.2020)Lily_Han🍀

Zawgyi

တစ္ေန႔လုံး စိတ္မၾကည္သူမွာ ေသာ္ယံေမာင္
သာျဖစ္သည္။သက္ျပင္းတို႔ကိုလည္း အထပ္
ထပ္ခ်ရင္း စိတ္မွ ဘာကိုအလိုမက်ျဖစ္ေန
လည္း မသိ။ေသာ္ယံေမာင္ကိုယ္တိုင္လည္း
အေျဖရွာမရခဲ့။လက္မွနာရီသို႔တၾကည့္ၾကည့္နဲ႔ စာသင္တဲ့ထဲကိုလည္း အာ႐ုံမေရာက္။
ေမာင့္သူငယ္ခ်င္းျဖစ္တဲ့ ေနရွင္းဟန္မွာ
သတိလွမ္းေပးရွာသည္။

"ေဟ်ာင့္ ေသာ္ယံ..နာရီပဲၾကည့္မေနနဲ႔
အေရွ႕ကိုလည္းၾကည့္ဦး။မနက္ထဲက ဂနာကို
မၿငိမ္ဘူး"

"ေအးပါကြာ။ဒီေန႔မွအခ်ိန္ေတြကလည္း
ၾကာလိုက္တာ"

စိတ္မရွည္ဟန္နဲ႔ေျပာေတာ့ ေမာင့္ကို
ေနရွင္းဟန္ ေခါင္းတခါခါႏွင့္က်ိတ္ၿပီး
ရယ္သည္။'ဒီေကာင္ တစ္ခုခုေတာ့ထူးေနၿပီ'
လို႔သာ တစ္ေယာက္ထဲေျပာျဖစ္ေတာ့
ေသာ္ယံေမာင္လည္း မသိနိုင္။
အတန္းခ်ိန္ၿပီးတာႏွင့္ ျပန္ဖို႔ တာစူေန
သည့္ ေသာ္ယံေမာင္ကို ေနရွင္းဟန္ ေၾကာင္ၾကည့္ေနမိတာလည္း
ျဖစ္သည္။

"ေသာ္ယံ ျဖည္းျဖည္းလုပ္စမ္းပါကြာ၊
ဒီညclubသြားရေအာင္.."

"ငါ မသြားေတာ့ဘူး.."

"ေဟ မင္း ေသာ္ယံေမာင္ေရာ ဟုတ္ရဲ့လား။
အရင္ကဆို ေရွ႕ဆုံးကတက္ႂကြေနတဲ့
ေကာင္ႀကီးက အခုဘယ္လိုျဖစ္တာတုန္း"

"သိခ်င္ရင္ ငါ့အိမ္ကိုသာ လာခဲ့။
ငါသြားၿပီ ေနရွင္း"

​မေျပး႐ုံတမယ္ ထြက္သြားတဲ့ ေမာင့္ကို
ေနရွင္းလည္း တားခ်ိန္ေတာင္မရလိုက္။
ေခါင္းခါကာရယ္လ်က္ ေနရွင္းဟန္မွာ
စကားတေျပာေျပာႏွင့္ က်န္ခဲ့တာလည္း
ျဖစ္မည္။

"အပ မ်ားမိေနေလသလား ေသာ္ယံေမာင္
​ေရ။​ေနဦး ေက်ာင္းပိတ္တဲ့ရက္မွ မင္းအိမ္ကို
စစ္ေဆးေရးဝင္မယ္"

***********

​ကိုကို႔ ကိုသြားႀကိဳဖို႔လမ္းမွာ ကားေတြ
ပိတ္​ေတာ့လည္း ေတာက္တစ္ေခါက္ေခါက္။
ကိုကို႔ ကိုေတြ႕ခ်င္လာတဲ့စိတ္တို႔က ထိန္းသိမ္း
မရ။အျပစ္မရွိတဲ့ ရာသီဥတုကို အျပစ္ပုံခ်မိတာ အခါခါ။

"ကားပိတ္ရတဲ့ၾကားထဲ ရာသီဥတုကလည္း
ပူလိုက္တာ။မီးေသြးခဲ ဖင္ခုထိုင္ထားရသလိုပဲ"

ကိုကို႔ဆီကိုေရာက္ေတာ့ ရပ္ေစာင့္ေနတာေလးကိုလည္း ေမာင္ေတြ႕သည္။
​ေပ်ာ္မိသြားေပမဲ့ ​ေဘးမွ ခင္မူယာကို
လည္းျမင္ေရာ ခ်က္ခ်င္းအလိုမက်ေတာ့ဘဲ
စူပုပ္ပုပ္ျဖစ္လာသည္။ကိုကိုတို႔အေရွ႕၌
ကားရပ္ကာ ကားေပၚမွဆင္း​ေတာ့
ကိုကိုမွ ေခၚလာသည့္ အေခၚေၾကာင့္
ေဒါသတို႔က ေထာင္းခနဲ။

"ေသာ္ယံ"

သူစိမ္းေရွ႕မွာ ေမာင္လို႔ေခၚလိုက္ရင္
မႀကိဳက္မွာစိုးလို႔ ေသာ္ယံလို႔သာေခၚ
မိေတာ့ ေမာင္ကလည္းမႀကိဳက္ပါ။

"ဘာကို ေသာ္ယံလဲ၊ေခၚေနက်အတိုင္း
မေခၚခ်င္ေတာ့လို႔လား"

မူယာကေတာ့ ဘာမွမေျပာဘဲ ေမာင္ႏွင့္
ကိုကို တို႔ကိုသာ တစ္လွည့္စီၾကည့္ရွာသည္။

"အာ မဟုတ္ပါဘူး၊ဟို ေမာင္မႀကိဳက္မွာစိုးလို႔"

ေမာင္ဆိုတဲ့စကားေၾကာင့္ မူယာအံ့ဩကာ
ကိုကို႔ ကိုၾကည့္လိုက္မိေပမဲ့ ကိုကို႔အၾကည့္တို႔က ေမာင့္ဆီမွာသာ။
ဒါက တစ္ဖက္သတ္နာက်င္ရျခင္းမ်ိဳးလည္း ျဖစ္တယ္။

"ဘာမႀကိဳက္စရာရွိလို႔လဲ။ကိုကိုတစ္ေယာက္
ပဲ ေမာင္လို႔ေခၚခြင့္ရွိတာ။လူၾကားထဲလည္း
ေခၚလို႔ရတယ္"

ေမာင့္အေျပာေၾကာင့္ ကိုကိုဝမ္းသာအားရျပဳံး
ျဖစ္ေတာ့ ေမာင့္ကိုရင္ခုန္ေစသည့္
အရာေတြထဲ၌ ကိုကို႔ ပါးခ်ိဳင့္ႏွစ္ဖက္ႏွင့္သြားတက္ ​ေလးလည္း ပါမည္။
ကိုကို႔ရဲ့ စိတ္ေနစိတ္ထားနဲ႔အမူအယာ
​​ေတြကို အလိုက္သိတဲ့ မူယာ့မွာ ​ေမာင့္အေပၚ
ထားတဲ့ ကိုကို႔စိတ္ကို အနည္းငယ္
ေတာ့ အရိပ္အေျခသိသည္။

'နင္ေပ်ာ္ေနရင္ ငါေက်နပ္တယ္ သုထက္ရယ္။
အဓိက,က ငါခ်စ္တဲ့ သုထက္ကိုကို အျမဲတမ္း
စိတ္ခ်မ္းသာေနဖို႔ပါ။ဒါေပမဲ့လည္း ေလာဘႀကီးခ်င္တာေတာ့ ခက္တယ္'

ကိုကို႔အေပၚ မူယာရဲ့အၾကည့္တို႔ကို
​ေမာင္သေဘာမက်ပါ။ထိုမိန္းကေလးနဲ႔ကိုကို႔
ကို တစ္စကၠန႔္ကေလးေတာင္ အတူတူမရွိေစခ်င္
တာ ေမာင့္ရဲ့သဝန္တိုမွု တစ္မ်ိဳးပင္ျဖစ္သည္။

"လာ ကိုကို..အိမ္ျပန္ၾကမယ္"

ကိုကို႔လြယ္အိတ္ကိုယူလိုက္ၿပီး ကားေပၚ
တက္ဖို႔ ျပင္ေတာ့ ေမာင့္လက္ကို ျပန္ဆြဲထား
ရသည္။အိမ္ျပန္လို႔မွ မျဖစ္ေသးတာ။

"ေမာင္..ေမာင္ ခဏေလးေနပါဦး"

"ဘာျဖစ္လို႔လဲ"

"မူယာ့ကို စားရွင္းျပခိုင္းစရာေတြရွိလို႔
အဲ့တာ..ငါတို႔သြားေနက် အေအးဆိုင္
ကို လိုက္ပို႔ေပးပါလား"

မူယာႏွင့္အတူတူရွိမေနေစခ်င္သည့္
ေမာင့္ရဲ့ဆႏၵကိုမ်ား အျမင္ကပ္ကပ္နဲ႔
ကံတရားက လက္စားေခ်လိုက္ေလသလား။
ကိုကို႔အတြက္ပါပဲေလဆိုၿပီး စိတ္ေလၽွာ့လိုက္ရေတာ့သည့္အျဖစ္။

"အင္း လိုက္ပို႔ေပးမယ္။ဒီအစ္မကေရာ.."

မူယာကိုလက္ညိဳးထိုးကာေမးေတာ့
ဒီေကာင္ေလးက သုထက္ရဲ့စိတ္ကို
အပိုင္ယူထားတဲ့သူ။မူယာကေတာ့ ကိုကို႔
မ်က္ႏွာေၾကာင့္ ညင္ညင္သာသာပင္ ျပန္ေျဖ
ရွာသည္။

"မူယာ့ ကားပ်က္ေနလို႔ သုထက္တို႔နဲ႔လိုက္လို႔
ရတယ္မလား.."

"ဟာ မူယာကလည္း..ငါ့ကိုစာရွင္းျပေပး
မွာကို အဲ့လိုေမးစရာမလိုပါဘူး"

'ျပဳံးျပေနလိုက္တာမ်ား သြားဖုံးေတာင္
ေပၚေတာ့မယ္'
တစ္ေယာက္ထဲ ခပ္တိုးတိုး၊အံတႀကိတ္ႀကိတ္
ေျပာျဖစ္ေတာ့ ကိုကိုလည္း မၾကားနိုင္။
ေမာင့္စိတ္ထဲ ေနမရထိုင္မရနဲ႔ မေနနိုင္ေတာ့တဲ့
အဆုံး မ်က္ႏွာကလည္း အလိုမက်၍
ခပ္တင္းတင္း စူပုပ္လာသည္။

"ေမာင္ သြားရေအာင္ေလ။မူယာနဲ႔ပဲ
အေနာက္ခန္းမွာ ထိုင္လိုက္မယ္ေနာ္"

ေမာင့္ဘက္မွ ျပန္မေျဖရေသးခင္ မူယာ့ကို
ကားတံခါးဖြင့္ေပးေနသည့္ ကိုကို႔ေၾကာင့္ ​ေမာင့္မွာ သဝန္တိုမွု ဒီဂရီတို႔က ျမင့္လာေခ်သည္။
တစ္လမ္းလုံးလည္း မူယာႏွင့္ရယ္ေမာ
ကာ စကားေျပာလာသည့္ ကိုကို႔ေၾကာင့္
ေမာင့္မွာ မ်က္ခုံးတို႔ကို ထိလုမတက္
မ်က္ေမွာင္ၾကဳတ္ထားျဖစ္တာ အႀကိမ္ႀကိမ္။
ေခတ္စကားနဲ႔ေျပာရမယ္ဆိုရင္
​ေသာ္ယံေမာင္ ဂ်ယ္လီ နင္ေနတာပင္ျဖစ္မည္။

"ေမာင္ဘာေသာက္မလဲ"

ကိုကိုက အရင္ေမးလာေတာ့ ျပဳံးမိတာ
ခပ္ျမဴးျမဴးပင္။မ်က္မွန္ကို ပင့္တင္ရင္း
​ကိုကိုက ေသာ္ယံေမာင့္ဆီမွ
အေျဖကိုေစာင့္​ေနေတာ့ ေမာင့္မွာ
ေငးစိုက္ၾကည့္မိတာ တေငးတေမာ။

"ကိုကိုေသာက္တဲ့ဟာပဲ ကၽြန္ေတာ္လည္း
ေသာက္မယ္"

"ဪ အင္း.."

ခင္မူယာ့ကို မေမးဘဲ ပိုက္ဆံအိတ္ယူၿပီး
သြားေတာ့မည့္ ကိုကို႔ေၾကာင့္ ေမာင္က
ထေျပာလာျပန္သည္။

"ကိုကို ဒီအစ္မမူယာေသာက္ဖို႔ မေမးရ
ေသးဘူးေလ"

"မူယာ့အႀကိဳက္ကို ငါသိလို႔ မေမးေတာ့တာ"

မူယာ့ဘက္ကိုၾကည့္ေတာ့ ကိုကို႔စကားကို
ေထာက္ခံသလိုမ်ိဳး ျပဳံးျပရွာသည္။
မူယာျပဳံးလိုက္တိုင္း လွတာလည္း မွန္သည္။
သို႔ေသာ္ျငား ေမာင့္မွာေတာ့ လွသည္ဟု
လည္း မျမင္နိုင္။သူ႔ကိုအရင္ေမးလို႔ ေပ်ာ္ေနတဲ့အေပ်ာ္ေတာင္ ဘယ္ေခ်ာင္ထဲ ေရာက္သြားမွန္းပင္မသိေတာ့။
ကိုကိုကေတာ့ ေကာင္တာဘက္ကိုထြက္သြား
ၿပီ။မူယာ့ကိုစကားမေျပာခ်င္တာနဲ႔
ဖုန္းကိုသာ သုံးေနျဖစ္ေတာ့ ေမာင္တို႔ဝိုင္း
က အသံတိတ္သည္။မ်က္လုံးကသာ ဖုန္းကို
ၾကည့္ေတာ့၊အေတြးေတြထဲလည္း ႏြံနစ္သည့္အျဖစ္။

'ေသာ္ယံေမာင္ မင္းဘာျဖစ္ေနတာလဲ။
မသိဘူး၊မသိေတာ့ဘူးကြာ ကိုကိုနဲ႔
ဒီမိန္းကေလးကို အတူတူ မရွိေစခ်င္တာပဲ
သိတယ္။စိတ္ထဲမွာလည္း ဘာကိုျဖစ္ခ်င္လို႔
ျဖစ္ခ်င္ေနမွန္းကိုမသိဘူး။႐ူးပဲ ႐ူးေနတာလား။
တစ္ခ်ိဳ႕အခ်ိန္ေတြဆို ရင္ေတြတုန္ ေနတာ
ႏွလုံးေရာဂါမ်ားျဖစ္ေနၿပီလား။ေဆး႐ုံသြားျပဦးမွပဲ'

"ေမာင္"

"ေမာင္ အိမ္ျပန္ခ်င္လည္းျပန္ေနာ္၊
မူယာ့ကိုျပန္ပို႔ေပးၿပီး ငါ့ဘာသာျပန္လာလို႔ရတယ္"

"ရတယ္ ကၽြန္ေတာ္ေစာင့္ေနမယ္၊
ေအးေဆးသာ စာလုပ္ၾက"

'ႏွစ္ေယာက္ထဲထားခဲ့ရေအာင္ ကၽြန္ေတာ္က
႐ူးေနလို႔လား။ေနပါဦး ငါကေရာ ဘာလို႔
မထားနိုင္ခဲ့တာလဲ။ေတြးေလ႐ူးေလ
ဘာျဖစ္ခ်င္ေနမွန္းကိုမသိေတာ့ဘူး။ေနရွင္းကိုေျပာျပၿပီး ဘာေရာဂါျဖစ္ေနလည္းဆိုတာေမးရမယ္'

သူ႔အေတြးနဲ႔သူေတာ့ဟုတ္ေနေသးတာပဲ။
ဒါ ရန္ခုန္မိတာလို႔လည္း ေမာင္ မေတြးမိပါ။
တစ္ေယာက္ေယာက္ကသာ ကိုကို႔အေပၚ
ရင္ခုန္ေနမိပါတယ္ဆိုတာကိုမ်ား ေထာက္ျပမဲ့
သူသာ ရွိလာခဲ့ရင္ လက္ခံနိုင္ပါဦးမလား။
ေမာင့္ကို ၾကည့္မိေတာ့ ေမာင့္မ်က္ႏွာမေကာင္းတာလည္း ကိုကိုသိသည္။

"ေမာင္ ေနေကာင္းရဲ့လား"

"ေကာင္းပါတယ္ ကိုကိုရဲ့ ေနပူလို႔ပါ"

"အင္းပါ ဖ်ားမွာစိုးလို႔"

မူယာကေတာ့ ေဘးလူလိုပင္ အသံတိတ္သည္။
ေမာင့္မွာ အေအးေတာင္မေသာက္မိဘဲ ကိုကို႔
မ်က္ႏွာကိုထိုင္ၾကည့္ျဖစ္တာ ေငးေမာစြာပင္။
စာထဲ အာ႐ုံစူးစိုက္ထားေတာ့ ကိုကိုလည္း
သတိမထားမိခဲ့။မူယာကေတာ့ သတိထား
မိတာလည္း ျဖစ္သည္။

ခ်စ္ေနတာလားလို႔ေမးရင္ ေျဖစရာအေျဖဟာအဆင္သင့္မရွိ။ကိုယ့္စိတ္ကိုယ္ ျပန္ၿပီးလည္း
မစမ္းစစ္မိ။ကိုကို႔ ကိုေရာခ်စ္လို႔ရရဲ့လား။
ဟင့္အင္း ကၽြန္ေတာ္ ဒါေတြကိုလည္း
နားမလည္ဘူး ကိုကို....။

(16.7.2020)Lily_Han🍀

Continue Reading

You'll Also Like

144K 19K 31
ရိုးရိုးအချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ
622K 59.8K 88
ရုန်းမထွက်ချင်မိတဲ့ မျက်ဝန်းသေတွေ၊ လှုပ်ရုံမျှပြောသည့် နီဆွေးဆွေးနှုတ်ခမ်းလေးနှင့်အတူ ထွက်ပေါ်လာသော နွေးထွေးနူးညံ့သံ။ မမလွမ်းကို တွယ်တာမိတဲ့ခဏတာမှာ ဖ...
446K 23.3K 51
အခြေအနေတစ်ခုကြောင့် လက်ထပ်ဖြစ်ခဲ့ကြတယ် အန်တီက ရိုးရဲ့ ဇနီးမယားပါပဲ... အေျခအေနတစ္ခုေၾကာင့္ လက္ထပ္ျဖစ္ခဲ့ၾကတယ္ အန္တီက ရိုးရဲ႕ ဇနီးမယားပါပဲ...
36.7K 1.6K 17
(Zawgyi Code ) #ဘုန္​းသခင္​ ​ေတာင္​းပန္​ပါတယ္​ မင္​းအတြက္​မဟုတ္​တဲ့ ကုိယ္​့ရဲ႕အခ်စ္​​ေတြအတြက္​ ...... #ျမဴရိပ္​သြင္​ ဦးအတြက္​ကြၽန္​​ေတာ္​့အခ်စ...