ထာဝရသူငယ်ချင်း (B.F.F) (Z+U){...

KhinwaddyKhaing által

57.2K 4.5K 276

* အနီးဆုံးမှာရှိနေလျက်နဲ့ ငါတို့ဝေးနေတာ ဘာကြောင့်လဲဆိုတော့ သူငယ်ချင်းတွေဖြစ်နေလို့... * တစ်ယောက်ရဲ့ ခံစားချက... Több

Introduction
1:lovely friend
2:စတင်ခြင်း
3:ချည်
4: မင်းမှမင်း
5: မင်းအတွက်ဆိုရင်
6:လူရှုပ်ကလေး
7: အတူတူဆိုရင်
8: သုံးယောက်
9: အသစ်
10:Love and Friend
11: Love story
12: Missing boy
13: Silence
14: ဥပေက္ခာ
15: Near and far
16: Trip (1)
17: Trip (2)
18: နိဂုံး၏အစ
19: Love💘
20: No!!
22:Love is Life👨‍❤️‍💋‍👨
23:အချစ်မီး🔥
24:Forwards (OR) Backwards??
25:Love-target🎎(ဇာတ်သိမ်းပိုင်း)

21:Venus(The god of the love❣)

1.3K 144 9
KhinwaddyKhaing által

(Unicode)

ပျော်ရွှင်မှု၊ကြည်နှုးမှု ဟူသည် လင်းအံ့ အတွက်တော့ မြူတစ်မှုန်မျှပင် မကျန်တော့ချေ။ အရာရာဟာ အဆုံးသတ်သွားပြီ ဟုသူသိလိုက်သည့် အချိန်ကစ၍ ပျော်ရွှင်မှုတို့သည်လည်း သူ့ဆီမှ ပျောက်ကွယ်သွားကြပြီ။ ရင်ထဲမှ ခံစားရသော ဝေဒနာကို ဖွင့်ပြရန်လည်းမလိုတော့ပြီမို့ သော့ခတ်၍သာ သိမ်းထားလိုက်တော့သည်။

"မောင်လင်းအံ့မင်း နှင့် မချစ်ရိပ်ချို တို့၏ စေ့စပ်ကြောင်းလမ်းပြီးစီးခြင်း.."

သတင်းစာတွင်ပါလာသော စေ့စပ်ကြောင်းလမ်းပြီးစီးခြင်း ကြော်ငြာလေးကို မင်းပြည့်တစ်ယောက် စိတ်ဝင်စားစွာ ဖတ်ကြည့်ပြီးတော့မှ
"သွက်လှချည်လား..ကိုယ့်လူ..ငါ့တောင်အသိမပေးဘူး...စေ့စပ်တာမြန်လိုက်တာ..ဘယ်တော့စားရမှာလဲ..သတ်မှတ်ပြီးပြီလား....."
"နောက်လထဲလို့ပြောတာပဲ....."
စိတ်မပါလက်မပါ ဝတ္တရားကျေဖြေလိုက်သော သူ့ကို မင်းပြည့်က နားမလည်စွာ
"မင်းဟာကလည်း.. မသေမချာနဲ့..ပြီးတော့..ခုချိန်ကမင်းပျော်နေရမယ့်..အချိန်လေ..ဘယ်လိုဖြစ်လို့...မှိုင်တွေငေးငိုင်နေတာလဲ..သတို့သားလောင်းကြီးရ......"

"ပျော်ရမယ်!...ဘာအတွက်ပျော်ရမှာလဲ?..."
"မင်္ဂလာဆောင်ကာနီး..သတို့သားတစ်ယောက်က..ပျော်ရွှင်တက်ကြွနေရမှာပေါ့ကွ...ခုဟာက..အတင်းပေးစားလို့ပဲ..အားနာပါးနာယူရမယ့်..လူကျနေတာပဲ...."
"အဲ့လောက်တောင်..ငါ့ပုံစံက..သိသာနေလား?.."

လင်းအံ့ပြန်မေးလိုက်သော အမေးကြောင့် မင်းပြည့်အတော်လေးပင် စိတ်ပျက်သွားပုံ
"မင်း..ငါ့ကိုအမှန်အတိုင်းပြော..လင်းအံ့... ဒီကိစ္စက မင်းဆန္ဒမပါပဲ...အတင်းစီစဥ်ထားတာလား?..."

မင်းပြည့်သိတော့လည်း သူ့အတွက်မထူးတော့ပြီလေ။ တစ်ဖက်သား မိန်းကလေးလည်း သိက္ခာကျမည့်အဖြစ်မျိုး သူ မဖြစ်စေလို၍ မင်းပြည့်အမေးကို မဖြေတော့ပဲ နေရာမှ ထကာထွက်လာလိုက်တော့သည်။

ဖြစ်နိုင်လျှင် စေ့စပ်ပြီးသည့်နေ့မှစလို့ သူမည်သူတစ်ဦးတစ်ယောက်နှင့်မျှ မျက်နှာချင်းမဆိုင်ချင်​တော့။ ထိုနေ့ကလည်း လူကြီးများကစီစဥ်စရာရှိတာ စီစဥ်ကာ၊ လုပ်သင့်သည့်အလုပ်များကိုလုပ်ပြီး သူကတော့ နေရာတစ်ခုတွင်ပင် မလှုပ်မယှက် မျက်လွှာချကာ ထိုင်နေခဲ့သည်။အားလုံးကို အရှုံးပေးထားသည် မဟုတ်လား။သူ့ဘဝကြီးတစ်ခုလုံးကို သူ မပိုင်တော့ပြီလေ။ပိုင်ချင်စိတ်လည်း မရှိတော့ပေ။

"မေမေ..သားပြန်ရောက်ပြီ..."
ခေါင်းငိုက်စိုက်ချကာ အိမ်ထဲဝင်လာသော သူ့ကို ဧည့်ခန်းတွင် စာဖတ်နေသော ကြယ်စင်က အသံကြား၍ မော့ကြည့်သည်။
"ကိုကို..နေမကောင်းဘူးလား.?..."
"ကောင်းပါတယ်...."ဟုသာပြောပြီး အခန်းသို့ခြေလှမ်း ခဲ့သည်။

မေမေက သူတို့မောင်နှမအသံကြား၍ ထွက်လာကာ
"သား...ချစ်ရိပ်လေး..မနက်က..ဖုန်းဆက်တယ်..ဒီညနေ..designerနဲ့..ဝတ်စုံအပ်ဖို့အတွက်..သွားရမယ်..သား..တစ်ခါတည်းကိုယ်တိုင်းရမှာတဲ့..."
"မေမေတို့ပဲ..ကောင်းသလိုလုပ်ပါ..."

သူ့အပြောကို မေမေက သဘောမတွေ့စွာဖြင့်
"ဘယ်လိုပြောလိုက်တာလဲ.. သား..မင်္ဂလာဝတ်စုံဆိုတာ..သတို့သား၊သတို့သမီး..ကိုယ်တိုင်..ကြည်ကြည်နူးနူး..အတူတူ..ဝယ်ရမယ်လေ..မေမေတို့က..ဘယ်လိုစီစဥ်ပေးလို့ရမှာလဲ...သားတို့နှစ်ယောက်..သဘောပဲလေ..pre-wedding ရိုက်ဖို့အတွက်ရောဆိုရင်..အခုကတည်းက..အပ်ထားရမှာပေါ့...အာရုံနည်းနည်းစိုက်ပါဦး..သားရယ်..."

သူဘာတစ်ခွန်းမျှ မတုံ့ပြန်ပဲ အိပ်ခန်းဆီသို့သာ ခပ်သွက်သွက်လှမ်းလာလိုက်တော့သည်။မေမေကတော့ အားမလိုအားမရဖြင့် ပွစိပွစိပြောကာ
"ဘယ်လိုပါလိမ့်...ဒီကလေးကြည့်ရတာ...စိတ်နဲ့လူနဲ့ မကပ်သလိုပဲ.."
"စိတ်နဲ့လူနဲ့မကပ်တာ..မဟုတ်ဘူးမေမေ..ကိုကိုကစက်ရုပ်ဖြစ်သွားတာ...မေမေဘာခိုင်းခိုင်း..လုပ်မှာပါ..အဲ့အတွက်တော့..မေမေစိတ်ချ...."

"အဲ့လိုဖြစ်နေဖို့ပဲ..အရေးကြီးတာပါလေ..ကဲ..သမီး..နင့်အကိုကို..စိတ်ကြည်အောင်..သံပုရာရည်လေးဘာလေး..သွားပို့ပေးလိုက်...မေမေ..အပြင်ခဏသွားဦးမယ်...."
"ဟုတ်ကဲ့...."

မေမေမှာသွားသည့်အတိုင်း သူမ သံပုရာရည် တစ်ခွက်ဖျော်ကာ ကိုကို့အခန်းထဲသွားပို့တော့ အခန်းတံခါးက ယခင်လိုပင် ပိတ်မထားတော့ပဲ စေ့ရုံသာဖြစ်၍ ဝင်လာခဲ့လိုက်တော့ အိပ်ယာထက်တွင် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသည်ကို တွေ့ရသည်။

အင်းလေ..အိပ်မှာပေါ့..ကိုကိုညဘက်တွေ..ကောင်း
ကောင်းမှ မအိပ်ပဲ...ကြယ်စင်တရေးနိုးတဲ့..အချိန်အထိ..ကိုကို့အခန်းမီး..မပိတ်သေးပဲ..တစ်ခါတစ်လေ ဆို..စာရေးစားပွဲပေါ်မှာ..ညလုံးပေါက်အောင်..ကိုကိုထိုင်နေတယ်..မဟုတ်လား...ကိုကို့ပုံစံက..အားလုံးရဲ့ပြောစကားတွေကို..တစ်ခုမျှ..မဆန့်ကျင်ပဲ...အလိုက်သင့်ခေါင်းညိမ့်ပြီး..လိုက်လုပ်ပေးနေရတဲ့..သံပတ်ပေးစက်ရုပ်တစ်ရုပ်လိုပဲ....ကြယ်စင်..ဘာလုပ်ရမှာလဲ...ကြယ်စင့်ကြောင့်..ခုလိုတွေ..ဆုံးဖြတ်ခဲ့တာကို..ကြယ်စင်မကြည့်ရက်တော့ဘူး..ကိုကိုရယ်.........

&&&&&&&&&&&&&

ဒီနေ့တော့ သူ့ရဲ့မအားတဲ့အလုပ်ကိစ္စတွေကို ပစ်ကာ ရောက်လာခဲ့မိသည်က ညီသွေးဆီသို့။ဖေဖေညကဖုန်းဆက်သည်က အခုတလော သွေးသစ်တစ်ယောက် ကျောင်းလည်းမသွားပဲ အိမ်မှာသာ ငြိမ်နေကြောင်း၊ အခန်းတံခါးပိတ်ကာ တစ်နေကုန် ထွက်မလာကြောင်း၊ တစ်ခါတလေကျတော့လည်း ဖခင်မကြိုက်သော ပန်းချီဆွဲခြင်းကို တစ်ညလုံးထိုင်ဆွဲနေတတ်ကြောင်း၊ ဘာဖြစ်နေတာလဲမေးလဲ ဘယ်လိုမျှ မေးမရသည့်အဆုံး သူ့ဆီဖုန်းဆက်၍သာ အိမ်သို့လာပေးရန်ပြောသောကြောင့် သူလာခဲ့ခြင်းပင်။

ညီသွေးက ထိလွယ်ရှလွယ် sensitive ဖြစ်လွန်းသည်။ တစ်ခုခုစိတ်မကြည်လျှင်ပဲဖြစ်ဖြစ်၊အထီးကျန်လျှင်ပဲဖြစ်ဖြစ် ပန်းချီ ဆွဲရန် သူကိုယ်တိုင်ပင် ညီသွေးကို ငယ်စဥ်ကအကြံပေးခဲ့ရသည်။ ဖေဖေကတော့ အနုပညာဆန်ဆန် ခံစားငြိမ်သက်နေရသည်ကို မကြိုက်သည်ဟု ယခင်ကတားသော်လည်း ခုတော့ မတားဖြစ်တော့ချေ။ လွန်ခဲ့သော သုံးနှစ်လောက်ကစပြီး ညီသွေးဆီမှာ ထိုသို့အထီးကျန်ခြင်းတွေမရှိတော့ပြီ ဟုသူထင်ခဲ့သည်။ ဒါကြောင့််လည်း သူကိုယ်တိုင် လျစ်လျူရှုမိခဲ့သည်။ ယခုတော့ ဘယ်လိုဖြစ်ပြန်တာလဲ။ငယ်စဥ်ကတည်းက အရွယ်နှင့်မမျှအောင် ခံစားတတ်ခဲ့သော ညီသွေးကို သူအလွန်ပျော်ရွှင်စေချင်သည်။

အိမ်ထဲရောက်တော့ ညီသွေးကို အရိပ်အယောင်ပင် မမြင်ရချေ။ အန်တီကြီးကိုမေးကြည့််တော့လည်း မနက်ဖေဖေအလုပ်သွား ကတည်းက အခန်းထဲမှ ယခုထိထွက်မလာကြောင်းပြော၍ ပို၍စိတ်ပူသွားသည်။ညီသွေး အခန်းသော့အပိုကိုပါ လိုလိုမယ်မယ် သူယူလာ၍ အခန်းဆီတက်လာခဲ့လိုက်သည်။

ထင်သည့်အတိုင်းပင် အခန်းကအတွင်းမှ လော့ခ်ချထား၍ သော့ဖြင့်ဖွင့်ကာ ဝင်လိုက်တော့ တစ်ခန်းလုံးတွင် ညီသွေးကို မတွေ့ရ။ရေချိုးခန်းဘက်မှ ရေသံကြားရ၍ လော့ခ်မချထားသောကြောင့် ဖွင့်လိုက်တော့ ညီသွေးတစ်ယောက် ရေစိမ်ကန်ထဲတွင် အဝတ်အစားအပြည့်ဖြင့် ငူငူကြီးထိုင်နေကာ အပေါ်မှလည်းရှိသမျှ ရေပန်းမှရေများကို ဖွင့်ထားသေးသည်။ စိတ်ကတစ်ခြားရောက်နေပုံပင်။

သူအမြန်ပင် ရေများကို ပိတ်ပြီး တွေတွေကြီးငေးကာထိုင်နေသော ညီသွေးကို ပခုံးမှအသာအယာလှုပ်ကာ သတိဝင်စေရန်
"ညီသွေး...ညီသွေး....ညီသွေး...ဘာလုပ်နေတာလဲ.."

ညီသွေး ခဏမျှ သူ့ကိုသေချာစိုက်ကြည့်ပြီးတော့မှ
"ဟင်..ကိုကိုကြီး...ဘယ်တုန်းကရောက်တာလဲ..."

ညီသွေးပုံစံက ပုံမှန်မဟုတ်ပေ။ သူဝင်လာကာရေများပိတ်သည်ကိုတောင် သတိမထားမိပဲ အခုမှ ဘယ်တုန်းကရောက်သလဲ ဆိုတော့ သူဘာဆက်ပြောရမည်လဲ?
"ညီသွေး...ဘာလုပ်နေတာလဲ...ဘာတွေဖြစ်နေတာလဲ..ကိုကိုကြီးကိုပြော...ပြောနော်..."
ညီသွေးခေါင်းကလေးကို လက်ဖြင့်အသာအယာသပ်ကာမေးလိုက်တော့

"ရေချိုးနေတာလေ..ကိုကိုကြီးရဲ့..ဘာဖြစ်လို့လဲ..."
"ရေချိုးတာ.??...အဝတ်အစားတွေမချွတ်ပဲနဲ့လား...ဘယ်လောက်ကြာပြီလဲ..ရေချိုးနေတာ..."
"မနက်က..ပန်းချီဆွဲပြီးမှ..ချိုးတာပါ..သိပ်မကြာသေးပါဘူး..ကိုကိုကြီးရဲ့.... "

မကြာသေးဘူး ဟုပြောနေသော်လည်း ညီသွေးတစ်ကိုယ်လုံး ရေခဲတုံးပမာ အေးစက်နေပြီ။နှုတ်ခမ်းလေးများပင် ပြာပုံထောက်လျှင် အနည်းဆုံးတော့ နှစ်နာရီလောက်ကြာပြီ။မျက်တွင်းများ ချိုင့်ကာ မျက်ကွင်းများညိုနေပုံကြောင့် ညညမအိပ်ဖြစ်မှန်း သူသိပြီ။
"ထနော်...ညီသွေး..ထတော့...."

သူရေချိုးကန်ထဲတွင် ထိုင်နေသော ညီသွေးကိုချော့မော့ကာ အပြင်ကိုတွဲ၍ထွက်လာစေသော်လည်း အပြင်ရောက်ရောက်ချင်းပင် ညီသွေးခန္ဓာကိုယ်လေးက သူ့ဘက် ယိမ်းယိုင်လာကာ လဲကျသွားသည်။
"ညီသွေး..ညီသွေး....... သတိထားပါဦး.. ညီသွေးရေ...ညီသွေး.....အန်တီကြီး..လာပါဦး.!!!!!..."

သူချက်ချင်းပင် သွေးသစ်ကို ဆေးရုံပို့လိုက်ရပြီး မေမေ့ကိုရော ဖေဖေ့ကိုပါ အကြောင်းကြားလိုက်သည်။

ညီသွေးရယ်...ဘယ်လိုဖြစ်ရတာလဲ... ဘာတွေများဒီလောက်ထိကြေကွဲနေရတာလဲ...ကိုကိုကြီးကိုခွင့်လွှတ်ပါကွာ...ညီသွေးကိုမစောင့်ရှောက်နိုင်တဲ့...တာဝန်မကျေတဲ့..အကိုကို.........

&&&&&&&&&&&&&

"ကြယ်စင်ရေ..သမီးကိုကို့..အခန်းကို..သွားရှင်းပေးပါဦး..သမီးရေ..မရှင်းဖြစ်တာ နှစ်ပတ်လောက်တောင်ရှိနေပြီ....မေမေဒီနေ့..ပစ္စည်း ဝယ်မယ့်သူတစ်ယောက်နဲ..ချိန်းထားလို့..."
"ဟုတ်..မေမေ..ကြယ်စင်ရှင်းလိုက်ပါ့မယ်..စိတ်ချလက်ချသာသွား...."
".............."

ကြယ်စင်က ယခုနောက်ပိုင်း စာမေးပွဲနီးနေ၍ ကျူရှင်နှင့်အိမ်မှာသာ စာကျက်ရန် အမြဲရှိနေတတ်သည်။ အမောဖြေသည့် သဘောဖြင့် ကိုကို့အခန်းကိုသွားရှင်းပေးလိုက်ဦးမည်။မေမေပြောတာတော့ မနက်ကတည်းက ကိုကို့ကို မမချစ်ရိပ်က wedding အတွက်ငှားရမည့် ဟိုတယ်နှင့် အစားအသောက်ကိစ္စများစီစဥ်ရနိ ခေါ်သွားသည်တဲ့။ ကြယ်စင် တထစ်ချပြောနိုင်သည်က ကိုကိုကတော့ အသာတကြည်လိုက်ချင်မှာ မဟုတ်၊ မေမေအတင်းထည့်လိုက်တာပဲဖြစ်မည်။

အခန်းထဲရောက်တော့ မြင်ရသည့် မြင်ကွင်းများကြောင့် ကြယ်စင်နှာခေါင်းတစ်ချက်ရှုံ့မိသည်။ အမှိုက်ပုံထဲများ ဖြဲအိပ်နေတာလား...ကိုကိုရယ်..ကြွက်တွင်းတို့..မြွေတွင်းတို့ရှိနေရင်တော့လား...ဟူး.....

ဘယ်ကစရှင်းရမလဲ စဥ်းစားရင်း ကြမ်းပြင်တွင် ပြန့်ကျဲနေသော အဝတ်အစားများကို လျှော်ရန်အဝတ်ခြင်းထဲထည့်ကာ ဟိုနေရာဒီနေရာမှာ တွဲလောင်းဖြစ်နေသော အဝတ်အစားအချို့နှင့် တင်ချင်ရာနေရာအနှံ့တင်ထားသော ပစ္စည်း သေးသေးလေးများမှ စ၍ ဖရိုဖရဲဖြစ်နေသော အိပ်ယာအဆုံး တစ်ခုပြီးတစ်ခု မိန်းကလေးပီသစွာ ရှင်းလိုက်တော့ တစ်ခဏချင်းပင် အခန်းလေးက ပြောင်းလဲသွားလေသည်။

အိပ်ယာခင်းများလည်း လဲလှယ်ပေးရမည်မဟုတ်လား။ ထို့ကြောင့် ကိုကို့ခေါင်းအုံးလေးကို မလိုက်တော့ diary စာအုပ်လေးတစ်အုပ်ထွက်လာသည်။ သေချာသည်က ဤစာအုပ်လေးထဲတွင် ကိုကိုကသူ၏ခံစားချက်များကို ချရေးထားမည်ပင်။လူ့ကျင့်ဝတ်အရ မဖတ်သင့်မှန်းသိသော်လည်း တစ်ခုခုများသိလျှင် ကိုကို့ကို ကူညီနိုင်မလား ဟူသည့်အတွေးဖြင့် ဦးဆုံးစာမျက်နှာလေးမှ စ၍ ဖွင့်ဖတ်လိုက်မိသည်။

လင်းအံ့ စိတ်အတော်ပင်ရှုပ်နေရသည်။ချစ်ရိပ် မနက်ကလာခေါ်၍ ကျောင်းပင်မသွားပဲ သူမနှင့်လိုက်ခဲ့ရသည်။ တစ်နေရာဝင်တစ်နေရာထွက်နှင့် သူမ အတော်လေးအလုပ်ရှုပ်နေသည်။အင်းလေ...မိန်းကလေးဆိုတာ..ဘဝမှာ..တစ်မင်္ဂလာပဲရှိတာ..ဆိုတော့...။ သို့ပေမယ့် ယခင်ကတည်းက လင်းအံ့ဟူသည် စိတ်မပါလျှင် ရေပင်ထမသောက်သည့်လူမျိုးဖြစ်၍ သူမ သွားသည့် နေရာတိုင်းကို လိုက်ချင်မှလည်းလိုက်သည်။ မလွှဲသာ၍ လိုက်ပါသွားရသည်က များသည်။ ယခုမှပင် သက်ပြင်းချနိုင်တော့သည်။ သူမ ကိုအိမ်အရင် ပြန်ပို့ခဲ့လေသည်။ဒီကြားထဲ သူမက ဆိုင်တစ်ဆိုင်တွင်ထိုင်ရန် ပြောနေ၍ မသွားချင်ဘူး ဟု မနည်းငြင်းခဲ့ရသေးသည်။

အိမ်တွင် မည်သူမျှ ရှိပုံမပေါ်။ ဘယ်သူမှမရှိတော့လည်း ကောင်းတာပဲ...သူ၏ခံစားချက်များကို..လွတ်လွတ်လပ်လပ်.. ဖွင့်ထုတ်ကာ..စိတ်ရှိလက်ရှိ..အော်ဟစ်ပစ်ရန်အခွင့်ကောင်းပေါ့...မည်သူမျှမသိအောင်..မြိုသိပ်ခံစားနေရသည်မှာ..အတော်ကြာပြီလေ...။

"ကြယ်စင်...နင်ဘာလုပ်နေတာလဲ!!..."
အခန်းထဲရှိ ကုတင်ပေါ်တွင် ထိုင်ကာ ကျွန်တော့် diary ကိုဖတ်နေသော ကြယ်စင်ကြောင့် ရုတ်တရက်ဆိုသလို အခန်းပေါက်မှ သူမ အနားသို့ မည့်သို့မည်ပုံ ရောက်သွားသည် မသိပဲ စာအုပ်ကိုလုယူလိုက်မိသည်အထိ။

"ဒါဘာလုပ်တာလဲ..ကြယ်စင်..နင်..လူ့ကျင့်ဝတ်ကိုနားမလည်ဘူးလား?.."
သူက ဒေါသတကြီးဖြင့် အပြစ်တင်ကာ ပြောဆိုနေသော်လည်း ကြယ်စင်ကတော့ သူ့မျက်နှာကို သေချာစူးစိုက်ကာ ချက်ချင်းဆိုသလို မျက်ဝန်းတွင် မျက်ရည်များဝဲလာသည် အထိ။သူမ ဆီမှ ဖြေရှင်းချက် တစ်စုံတစ်ရာကိုကြားရန် မျှော်လင့်မိသော်လည်း

"ကိုကိုရယ်......ကြယ်စင်..တကယ်မသိခဲ့တာပါ..ကိုကို့ရင်ထဲမှာ..ဒီလောက်ထိ..လူတစ်ယောက်ကို..နက်နက်ရှိုင်းရှိုင်း..ချစ်မိနေလိမ့်မယ်လို့...လုံးဝမထင်ခဲ့တာပါ..ခဏတစ်ဖြုတ်..သာယာမိပြီး..အချိန်တန်ရင်..ပြီးသွားမှာပဲလို့..ပေါ့ပေါ့ဆဆထင်ခဲ့မိတဲ့အတွက်လည်း ...ကြယ်စင့်ကို..ခွင့်လွှတ်ပါ.. ကိုကိုရယ်... "

ကြယ်စင် ဆီမှ မထင်မှတ်ထားသော စကားများကိုကြားရ၍ အနည်းငယ်မျှ မှိုင်တွေသွားမိသည်။သူမ ပြောသော စကားများကကျွန်တော့်ကို အလွန်ပင် အံ့အားသင့်သွားစေသည်။ ကြယ်စင်က ကျွန်တော့်ဘက်က ခံစားပြီး ပြောနေတာလား?..ကျွန်တော့် diary တွင် သွေးသစ်ကိုရင်ခုန်တဲ့အကြောင်း၊ ဘယ်လိုချစ်မိသွားမှန်းမသိပဲ ချစ်မိခဲ့ကြောင်း၊ သူကလေးရဲ့အချစ်ကို ငြင်းလိုက်မိ၍ နေ့စဥ်ရက်ဆက် အလွမ်းတွေနဲ့ ပြည့်နှက်နေကာ ကိုယ့်ကိုကိုယ် ယူကြုံးမရဖြစ်နေကြောင်း တွေကို စာစီရေးထားသည်ဖြစ်၍ ကြယ်စင်ဖတ်မိလျှင် သွေးသစ်ကိုချစ်နေရသော သူတစ်ယောက်ပီပီ ယခုအချိန်ထိမစွန့်လွှတ်နိုင်သေးသော ကျွန်တော်၏ အချစ်တစ်ခုအတွက် ဒေါသထွက်ရမည်လေ။ အခုတော့...

"ကြယ်စင်..ကိုကို့ကို..နားလည်လိုက်ပါပြီ...အချစ်တစ်ခုတကယ်စစ်မှန်ရင်...ဘယ်လိုပဲတားထားတားထား..ခံစားချက်ရှိတဲ့နှလုံးသားတစ်စုံကိုတော့..ဘယ်အရာကမျှပိတ်ပင်လို့မရမှန်း..ကြယ်စင်သိလိုက်ပါပြီ..."
"ကြယ်စင်..နင်..ဘာတွေပြောနေတာလဲ?..."

ကြယ်စင်ပြောနေသော စကားများက တကယ်ပင် ကျွန်တော်နားမလည်နိုင်အောင်ဖြစ်ရသည်။ တားဆီးတယ်၊ပိတ်ပင်တယ်၊ဘာတွေလဲ?...သူ ဘာတွေပြောနေတာလဲ?...

"ကြယ်စင်..ကိုကိုမသိသေးတဲ့..အမှန်တရားတစ်ခုကို..ထုတ်ပြောပြပါ့မယ်...အဲ့လိုပြောပြတာကလည်း..တစ်ခြားလူတစ်ယောက်ကို..ထိခိုက်စေလိုလို့..မဟုတ်ဘူးနော်..ကိုကိုနဲ့ကိုသွေးကို..ကြယ်စင်သနားလို့..မဖုံးကွယ်ထားရက်တော့လို့....."
<

<<<<<<<<<<<<<<<<<<<<<<<<<<<<<<

*(8.9.2016) သွေးသစ်နေကောင်းပြီးပြန်မလာခင်နှစ်ရက်အလို*

"မမချစ်ရိပ်...စောင့်နေတာကြာပြီလား..ကြယ်စင်ကမေမေ့ကိုခွင့်တောင်းရသေးတယ်..."

နီးနီးနားနား coffee shop တစ်ခုတွင် အရေးကြီးတိုင်ပင်စရာရှိသည်၊ ဘယ်သူမျှမသိအောင်တစ်ယောက်တည်း လာခဲ့ပါဟုဆို၍ မိမိကိုစာသင်ပေးနေသော၊ပြီးတော့ ကိုကိုနှင့်ကိုသွေးတို့၏ သူငယ်ချင်းလည်းဖြစ်သည့် မမချစ်ရိပ်ဖြစ်နေသောကြောင့် မေမေက ဘာမျှမမေးမြန်းပဲ လာခွင့်ပြုလိုက်တာဖြစ်သည်။

"သိပ်မကြာသေးပါဘူး... ကြယ်စင်ရဲ့..အန်တီကရော..ဘာမေးသေးလဲ..လွယ်လွယ်ကူကူခွင့်ပြုလိုက်ရဲ့လား...."
"မေမေကတော့..ဘယ်စိတ်ချပါ့မလဲ...ဒါပေမယ့်..မမချစ်ရိပ်နှင့်..ခဏစာဆွေးနွေးချင်လို့ပါ..ဆိုပြီး..​ပြောလာတာပေါ့...."
"ကြယ်စင်..ဘာ coffee သောက်မလဲ...မမမှာပေးမယ်လေ...."
"ကြယ်စင်က...coffeeမကြိုက်ဘူး..မမ..အိမ်မှာ..ဖေဖေနဲ့ကိုကိုပဲ..coffeeသောက်တာ..."
"ကိုလင်းက..coffeeကြိုက်တယ်ပေါ့...ဟုတ်လားကြယ်စင်...မမနဲ့တူတာပေါ့..."

မမချစ်ရိပ်က ဘာသဘောနှင့်ပြောမှန်းမသိပေမယ့် ကြယ်စင်ကတော့
"ကိုကိုကလေ..coffeeမှာတောင်..ခါးတူးနေတာမှကြိုက်တာ..မမချစ်ရိပ်သောက်နိုင်မှာ..မဟုတ်ဘူး..."

ကြယ်စင့် အပြောကို မမချစ်ရိပ်က တစ်ချက်ပြုံးလိုက်ကာ
"နောက်တော့လည်း..အတူတူလိုက်သောက်နိုင်အောင်..ကြိုးစားရမှာပေါ့....."
"ရှင်..!!.."

ကြယ်စင်က ရှစ်တန်းကျောင်းသူဆိုပေမယ့် ကလေးမက၊လူကြီးမကျအရွယ်ဖြစ်နေ၍ လူတစ်ယောက်၏စကားကဘာကို ဆိုလိုလည်းဆိုတာတော့ သိနေသည်။
"ဘာမှမဟုတ်ပါဘူး..ကြယ်စင်ရဲ့...coffeeမသောက်ချင်လည်း..teaသောက်လေ..lipton tea မမမှာလိုက်မယ်နော်...."
"ဟုတ်ကဲ့......"

Tea တစ်ခွက် လာချသည့် အချိန်အထိ မမချစ်ရိပ်က ဘာမျှမပြောပဲရှိနေ၍ ကြယ်စင် တစ်ငုံသောက်လိုက်ပြီးမှ မမချစ်ရိပ်က
"ကြယ်စင့်အကို..ကိုလင်း..ကို..ကြယ်စင်အရမ်းချစ်တာပဲလား.??.."
"ချစ်တာပေါ့..မမရဲ့..ကြယ်စင်က..ကိုကို့ကို..ချစ်တယ်ဆိုတာထက်..အားကိုးတာ...ကြယ်စင့်ရဲ့တစ်ဦးတည်းသော..အကိုတစ်ယောက်ဆိုတော့..အရမ်းအားကိုးတယ်လေ..ဘာဖြစ်လို့လဲ..မမ.."

ကြယ်စင်တို့မောင်နှမကြားမှ မေတ္တာအတိမ်အနက်ကို မမချစ်ရိပ်က ဘာလို့သိချင်ရတာလဲပေါ့ ဆိုသည့်မျက်နှာပေးဖြင့် ကြည့်လိုက်မိတော့
"မမလေ..ကြယ်စင့်ကို..သိပ်သနားတာပဲ..." ဟူ၍ သနားစရာသတ္တဝါတစ်ကောင်လို ပြောနေသည်ကို ကြယ်စင်တကယ်ပင် ခံရခက်သည်။

"ကြယ်စင့်က..ဘာလို့သနားစရာကောင်းရမှာလဲ..မမရဲ့.."
"သနားစရာကောင်းတာပေါ့..ကြယ်စင်ရယ်..အကိုတစ်ယောက်ရှိတဲ့..ညီမတစ်ယောက်ဆိုတော့..ယောင်းမချောချောလေးတစ်ယောက်လောက်..လိုချင်မှာပေါ့နော်...ကိုယ့်အပေါ်ညီအမလိုချစ်ပေးနိုင် ​မယ့်လူမျိုးပေါ့...."
"လိုချင်တာပေါ့...မမရဲ့...ကိုကိုကကြယ်စင်အဖော်ရဖို့..ယောင်းမတစ်ယောက်တော့..ရှာပေးမှာပေါ့...."

မမချစ်ရိပ်က ကြယ်စင့်မျက်နှာကို သေချာစွာကြည့်ပြီး တစ်လုံးချင်းပြောလိုက်သည်က
"ကြယ်စင်ယောင်းမတစ်ယောက်ရမှာ..မဟုတ်ဘူး.."

အတိအကျကြီး သေသေချာချာ ပြောနေသော မမချစ်ရိပ်ကြောင့် ကြယ်စင်အံ့အားသင့်ကာ ကြည့်မိတော့
"ယောင်းမအစား..ခဲအိုတစ်ယောက်ပဲ..ရလိမ့်မယ်..."

ခဲအို...ခဲအိုဆိုတာ..ကိုယ့်အမဖြစ်သူ..ယောကျ်ားယူလျှင်...ထိုယောကျ်ားကိုခဲအိုလို့ခေါ်သည်..မဟုတ်လား..အခုကြယ်စင်က..ခဲအိုတစ်ယောက်ရမယ်ဆိုတော့...ဆိုလိုတာ...ကိုကိုက..........
"မမ..ရှင်းရှင်းပြောပါ..ကွေ့ဝိုက်မနေပါနဲ့...."
ကြယ်စင် သိချင်ဇောဖြင့် ပြတ်ပြတ်သာ မေးလိုက်သည်။

မမချစ်ရိပ်ကလည်း ပွင့်ပွင့်လင်းလင်းပင် ပြောလာတော့သည်။
"ဟုတ်တယ်..ကြယ်စင်...ကိုလင်းက..ယောကျာ်းလေးတစ်ယောက်ကို..အသည်းအသန်စိတ်ဝင်စားနေတယ်...မဖြစ်သင့်တာမဖြစ်ရအောင်...မမက..ကြယ်စင့်ကိုခေါ်ပြောတာ..."

စကားလုံးများပင် ပျောက်ရှသွားရပြီ။ ကိုကိုက..ယောကျ်ားလေးတစ်ယောက်ကို..စိတ်ဝင်စားနေတယ်ဆိုတော့...ကြယ်စင့်ကိုကိုက...g a y...တစ်ယောက်ဖြစ်နေတာပေါ့....မဖြစ်နိုင်တာ..ကိုကိုကဘာလို့gay ဖြစ်ရမှာလဲ.. သူများတွေလိုနွဲ့နေတာလည်းမဟုတ်တော့...ဘယ်လိုမှမဖြစ်နိုင်ဘူး...မမချစ်ရိပ်ဘာတွေပြောနေတာလဲ....

"ကြယ်စင်..မမပြောတာကို..မယုံဘူးလား?...ကိုလင်း..ဘယ်သူ့ကိုစိတ်ဝင်စားနေသလဲ..ပြောလိုက်ရင်..ကြယ်စင်ယုံသွားမှာပါ..."
"ဘယ်သူလဲ...."
"သွေးသစ်......."

ပါးစပ်အဟောင်းသားပင် ဖြစ်သွားရသည်။ကိုသွေးနှင့် ကိုကိုက..ဒါဆို..မရိုးသားဘူးပေါ့....ဖြစ်နိုင်သည်..ဟုထင်မိသည်။ဘာကြောင့်လည်းဆိုတော့..ကိုသွေးရှေ့မှာဆို..အမြဲတမ်းပြုံးနေတတ်သောကိုကို..ကိုသွေးကိုတစ်ရက်မတွေ့ရသည်နှင့်..သိသိသာသာစိတ်မရှည်ပဲဒေါသထွက်နေသောကိုကို..ဟိုတစ်ခါ ကလောကအနွေးထည်လက်ဆောင်ဝယ်လာတာကလည်း..မိုးပြာရောင်မကြိုက်ပဲနှင့်..မိုးပြာရောင်ကိုပဲဆင်တူဝယ်လာခဲ့သည်..မဟုတ်လား...အခုကိုသွေးတစ်ယောက်နေမကောင်းဖြစ်နေတော့လည်း..ကိုကိုမှာ ကယောင်ချောက်ချားနဲ့...စိတ်ကလူနဲ့ကပ်မနေတာ...အရမ်းသိသာနေတယ်လေ...ပြီးတော့အခု..အနေနီးတဲ့..မမချစ်ရိပ်ကပါ..ပြောလာရသည်အထိဆိုတော့......

"ကြယ်စင်..ဘာဆက်လုပ်ရမှာလဲ...ဟင်..ကိုကို့ကို..အခုလိုမဖြစ်စေချင်ဘူး...ဖြစ်လည်းမဖြစ်ရဘူး..ဖြစ်လည်းမဖြစ်သင့်ဘူး...."
ကြယ်စင် ဘယ်လိုမျှ လက်မခံနိုင်ပေ။ အိပ်မက်ထဲမှာ ဆိုရင်တောင် ခုလိုအိပ်မက်မျိုးတော့ မမက်ချင်။

"မမ..အကြံပေးရမှာလားကြယ်စင်..မမပြောတာကိုရော...ကြယ်စင်လိုက်လုပ်နိုင်ပါ့မလား....."

ဘယ်လိုဖြစ်ဖြစ် ကိုကိုနဲ့ကိုသွေး နီးစပ်ဖို့တော့ မည်သို့မျှမဖြစ်သင့်။ ဖေဖေနဲမေမေ သိရင်ရော... မဖြစ်ဘူး၊သိဖို့မပြောနဲ့ တွေးကြည့်ရင်တောင် မဖြစ်နိုင်ဘူး။ အသိုင်းအဝိုင်းပတ်ဝန်းကျင်...ဆွေမျိုးတွေအလယ်မှာ..ဖေဖေရော..မေမေပါ..ခေါင်းဖော်ဝင့်မှာမဟုတ်ဘူး...ငါ့သူငယ်ချင်းတွေရော...နင့်အကိုကgay ကြီးလို့..ဝိုင်းကဲ့ရဲ့မှာ..မေးငေါ့ကြမှာပင်...စိတိကူးကြည့်လိုက်ရုံဖြင့်ပင်....ကြယ်စင်ရင်မောလာရသည်။

"ကိုကိုတို့နှစ်ယောက်...မဖြစ်ဖို့အတွက်ဆို..ကြယ်စင်လုပ်မယ်..မမချစ်ရိပ်....ဘာလုပ်ရမှာလဲ...."

ဒီကောင်မလေးက..သဘောပေါက်လွယ်သားပဲ..အင်းလေ..ဘယ်သူကမျှတော့..ကိုယ့်အကိုတစ်ယောက်ကို..gay ဖြစ်စေချင်ပါ့မလဲ...ဒါပေမယ့် ကြယ်စင့်ရဲ့..အဲ့လိုမဖြစ်စေချင်တဲ့စိတ်ကပဲ...မမကိုကူညီမှာ..သွေးသစ်ကို..ကိုလင်းအနားမှာ..ဘယ်တော့မှမမြင်ချင်ဘူး...ကိုလင်းအနားမှာ..ထာဝရနေရမယ့်သူက..ချစ်ရိပ်ချိုပဲဖြစ်ရမယ်....အတ္တကြီးမိတဲ့..ချစ်ရိပ်ကို..ဘယ်သူမျှ နားလည်နိုင်မှာမဟုတ်ပါဘူး...

"ဒီလိုလုပ်ကြယ်စင်...သွေးသစ်ကိုကြယ်စင့်ဘက်က..အရူးအမူးစွဲလမ်းနေသလို..ဟန်ဆောင်ရမယ်...ကြယ်စင်အဲ့လိုစွဲလမ်းနေတာကိုလည်း..ကိုလင်းသိအောင်လုပ်ရမယ်...ဒါမှသူ့ခံစားချက်တွေကို..ညီမတစ်ယောက်အတွက်..ခေါက်သိမ်းသွားမှာ..."
"ဟန်ဆောင်တာတော့..ဟုတ်ပါပြီ..ကိုကိုကယုံပါ့မလား..မမ..ပြီးတော့..ကိုသွေးကိုလည်း..ကြယ်စင်မျက်နှာပူတယ်....မဖြစ်နိုင်ဘူးထင်တယ်..မမ??"
"မဖြစ်နိုင်တာမရှိဘူးကြယ်စင်...မဖြစ်သေးတာပဲရှိတယ်...ကိုလင်းဘက်က..ယုံအောင်အရင်လုပ်ရမယ်.."

ချစ်ရိပ်ချို ခဏတာမျှ စဥ်းစားလိုက်ပြီးတော့မှ
"ကြယ်စင့်ဆီမှာ..သွေးသစ်ပုံလေးဘာလေး..မရှိဘူးလား...."
"မရှိလောက်ဘူး...အင်...ခဏလေးနော်.."

ကြယ်စင်တစ်ခုခုကို သတိရသွားမိသည်။ကိုသွေးအိမ် ကို စစရောက်ချင်းတုန်းက ကိုသွေးအရမ်းချောကြောင်းကို သူငယ်ချင်းတစ်စုကိုပြရန် ခိုးပြီးရိုက်ထားတဲ့ ပုံနှစ်ပုံသုံးပုံလောက်ရှိသည်။

"Okay!..ဒီပုံတွေကို..home screenနဲ့..lock screen မှာထားလိုက်..."
"ဒါဆိုကိုကိုက..ယုံပြီး..နောက်ဆုတ်သွားမှာလား..."
"ဒီလောက်နဲ့တော့..ဘယ်ယုံပါ့မလဲ..ဒီ့ထက်ပိုလေးလေးနက်နက်..လုပ်ရမှာပေါ့..."

ကြယ်စင် တကယ်ပင်လိုက်မမှီတော့ချေ။ မမချစ်ရိပ် ဥွီးနှောက်က ဘာလို့ဒီလောက်ကောင်းရတာလဲ? ကိုကိုနဲ့ကိုသွေးကို မနီးစပ်စေချင်တာ ငါ့ထက်သူက ပိုဆိုးနေသလားလို့..
"ကြယ်စင်...သေကြောင်းကြံရမယ်..."
"ရှင်.....ဘယ်လို!!!.."

ကြယ်စင် မျက်လုံးများပြူးကျယ်ကာ နားကြောများပင် စိမ့်သွားသည်။
"တကယ်တော့မဟုတ်ဘူးလေကြယ်စင်ရဲ့....လက်ကောက်ဝတ်နေရာလေးကို..ဓားလေးနဲ့ပါးပါးလေးရှရင်ရပြီ....အရေပြားက ခုနစ်လွှာတောင်ရှိတာလေ..တစ်လွှာလောက်လေး..ခပ်ပါးပါးလေးဆိုရပြီ....."

ကြယ်စင် ဒူးများပင်တုန်လာမိတော့သည်။ အခုလို အကြံမျိုးပေးသော မမချစ်ရိပ်ကို ပို၍ပင် ကြောက်မိသည်။ ဘယ်ကတည်းကများ အကွက်ကျကျစဥ်းစားထားပါလိမ့်.....
"ကြယ်စင်..လုပ်ကြည့်မယ်လေ...."
"ခပ်ပါးပါးပဲနော်..ကြယ်စင်..ဓားရှသလို..မမကစိတ်ပူလို့ပါ..."
"ဟုတ်ကဲ့ပါ...ဘယ်နေ့စလုပ်ရမှာလဲ..မမ"
"သွေးသစ်နေကောင်းပြီးပြန်လာရင်..သူတို့အခြေအနေကိုစောင့်ကြည့်ပြီး...အခြေအနေသိပ်မကောင်းဘူးဆိုမှ..စလိုက်တာပေါ့...."

ကြယ်စင်ရယ်... ညီမလေးကို..ဓားစားခံအဖြစ်ထားရတာ..စိတ်မကောင်းပါဘူး..ဒါပေမယ့်လည်း..မတတ်နိုင်ဘူးလေ..ကိုလင်းကသူ့ညီမအရင်းဖြစ်တဲ့..ကြယ်စင့်ကိုမှပဲ...အလျှော့ပေးမှာပေါ့...ဒါမှကိုလင်းနဲ့သွေးသစ်နဲ့လည်း..ထာဝရဝေးသွားမယ်...သွေးသစ်နဲ့မမ မနီးစပ်ဖို့အတွက်လည်း...ကိုလင်းကမမအနားအလိုလိုရောက်လာမယ်...တစ်ချက်ခုတ်သုံးချက်ပြတ်တဲ့..အကြံမို့..အကောင်အထည်ဖော်လိုက်ရတာပါ..ညီမလေးနစ်နာသွားတဲ့အတွက်တော့..စိတ်မကောင်းပါဘူး..ကြယ်စင်....

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ကြယ်စင့် စကားသံအဆုံးမှာတော့ တစ်ခန်းလုံးတိတ်ဆိတ်သွားတော့သည်။ကိုကို့ကိုကြည့်မိတော့ အနီးရှိ ကုလားထိုင်ကို ဆုပ်ကိုင်ထားသည်မှာ ထိုခုံအရည်ပျော်သွားမတတ်။မျက်လုံးအကြည့်တို့သည်လည်း ပို၍ခက်ထန်လာကာ နဂါးတစ်ကောင်သာဆိုလျှင် ကြယ်စင်ပြာဖြစ်လောက်ပြီ။စကားတစ်ခွန်းမျှ ပြန်မပြောသော ကိုကိုက ကြယ်စင့်အတွက်ပို၍ ကြောက်စရာကောင်းသည်။ ကိုကိုကြယ်စင့်ကို ဘာလုပ်မှာလဲ? ဒေါသထွက်ပြီး စကားမပြောတော့ဘူးလား?ဒါမှမဟုတ် ကြယ်စင် အခုလိုတွေလုပ်ခဲ့တာကို လူကြီးတွေသိအောင်ပြန်ပြောမည်လား?သို့သော်..

ကိုကိုက ကုတင်ပေါ်တွင် ကြောက်ကြောက်လန့်လန့်ထိုင်နေသော ကြယ်စင့်ရှေ့တွင် ဒူးထောက်ထိုင်လိုက်ကာ မျက်ရည်တွေနှင့်တောင်းပန်နေသော ကြယ်စင့်ကို မျက်ရည်တွေသုတ်ပေးရင်းမှ
"ငါ့ညီမလေး..ဒီနှစ်တွေထဲမှာ..အရမ်းကိုမြိုသိပ်ပြီး..ခံစားခဲ့ရမှာပဲနော်...ပင်ပန်းသွားပြီ..ညီမလေး.."

ကြယ်စင့်ကို နှစ်သိမ့်ပေးနေသော ကိုကို့ကြောင့် ပို၍ စိတ်မကောင်းဖြစ်ရသည်။ကြယ်စင်ကိုကို့အတွက် မဖြစ်စေချင်လို့ မြိုသိပ်ခံစားခဲ့ရတာက...အချစ်တစ်ခုကိုလူမသိအောင်..နှစ်နဲ့ချီမြိုသိပ်ပြီး..တစ်ယောက်
တည်းကြိတ်ခံစားခဲ့ရတဲ့..ကိုကို့လောက်တော့မဆိုးပါဘူး..ကိုကိုရယ်...

"အခု..ကိုကိုဘာဆက်လုပ်ရမှာလဲ...ကြယ်စင်ပဲပြော...ညီမလေး မဖြစ်စေချင်တဲ့အရာကို..ပွင့်ပွင့်လင်းလင်း ပြော...ကိုကိုမဖြစ်အောင်နေမယ်...ညီမလေးဖြစ်စေချင်တဲ့..ဆန္ဒကိုပဲ..ကိုကိုဖြစ်အောင်လုပ်မယ်...."
"ကိုကို့နှလုံးသားကို...ဆက်မညာစေချင်တော့ဘူး...ကိုကိုခံစားနေရတာကို..ကြယ်စင်မကြည့်ရက်တော့ဘူး...."
"ဒါဆို...ညီမလေးက..ခဲအိုတစ်ယောက်ရပြီး..လူတွေဝိုင်းကဲ့ရဲ့မှာကိုရော..."

ကြယ်စင် အဖြေကတော့ ဆုံးဖြတ်ပြီးပြီမို့ တစ်မျိုးတည်းပင် ထွက်သည်။
"ခဲအိုပဲလိုချင်တော့တယ်..ကိုကို..ချီးမွမ်းခုနစ်ရက်..ကဲ့ရဲ့ခုနစ်ရက်..မဟုတ်လား..ကိုယ်တွေကတော့..တစ်ဘဝလုံးစာ အရေးလေ..ခုနစ်ရက်စာလောက်ကို...ကြယ်စင်..စိတ်မပူတော့ဘူး..ကိုကို.."

အရွယ်နှင့် မလိုက်အောင် စဥ်းစားဆင်ခြင်ဥာဏ်ရှိသော ညီမတစ်ယောက်ပိုင်ဆိုင်ထား ရသည်ကိုပင် လင်းအံ့ ဂုဏ်ယူရတော့မလို။ညီမလေးက သွေးသစ်နဲ့ကိစ္စကို သဘောတူလိုက်ပြီတဲ့...ညီမလေးအတွက်ဆိုပြီး..ကျွန်တော်စွန့်လွှတ်စရာ မလိုတော့ပြီလေ။သို့သော် ဒီအကြောင်းကို ဖေဖေနှင့်မေမေကတော့ ဘယ်လိုနည်းနဲ့မှ ကြယ်စင့်လို နားလည်ပေးနိုင်မည်မဟုတ်မှန်း သိသည်။

ကာယကံရှင်တွေက သာ အရေးအကြီးဆုံးမဟုတ်လား။ သူ့ကိုကျွန်တော်တကယ်ချစ်ပြီး ကျွန်တော့်ကို သူတကယ်ချစ်လျှင် ဘဝမှာကြုံလာမည့် အခက်အခဲများကို အတူတူရင်ဆိုင်နိုင်ရမည်လေ။ ကျွန်တော်အရာရာကို ရင်ဆိုင်ဖို့ဆုံးဖြတ်ပြီးပြီ။

"ကိုကို..ကိုသွေးဆီသွားလေ..သူလည်းတော်တော်လေးခံစားနေရမှာ....မြန်မြန်သွားလိုက်လေ..ကိုကို..မြန်မြန်ရှင်းပြလိုက်...."

ကြယ်စင့်စကားအတိုင်းပင် ကျွန်တော့်ခြေလှမ်းများက သွေးသစ်အိမ်သို့ ဦးတည်ကာ ရွေ့လျားနေပြီ။ ဒီတစ်ခါတော့ ပျော်ရွှင်ဖွယ်ရာ အိပ်မက်လေးတစ်ခုအတွက် သူကလေးဆီ လာခဲ့လေပြီ။

ကျေးဇူးတင်ပါတယ်..ကြယ်စင်ရေ...ညီမလေးက..ကိုကိုတို့နှစ်ယောက်အတွက်တော့..အချစ်နတ်ဘုရားမလေးပါပဲ..'သွေး' ရေ..ကို..မင်းဆီလာပြီ.......

&&&&&&&&&&&&&&&&&&&&&&&&
Thank you everyone😘😘
Please wait for the next part!!🙏🙏

&&&&&&&&&&&&&&&&&&&&&&&&

(Zawgyi)

ေပ်ာ္႐ႊင္မႈ၊ၾကည္ႏႈးမႈ ဟူသည္ လင္းအံ့ အတြက္ေတာ့ ျမဴတစ္မႈန္မွ်ပင္ မက်န္ေတာ့ေခ်။ အရာရာဟာ အဆုံးသတ္သြားၿပီ ဟုသူသိလိုက္သည့္ အခ်ိန္ကစ၍ ေပ်ာ္႐ႊင္မႈတို႔သည္လည္း သူ႕ဆီမွ ေပ်ာက္ကြယ္သြားၾကၿပီ။ ရင္ထဲမွ ခံစားရေသာ ေဝဒနာကို ဖြင့္ျပရန္လည္းမလိုေတာ့ၿပီမို႔ ေသာ့ခတ္၍သာ သိမ္းထားလိုက္ေတာ့သည္။

"ေမာင္လင္းအံ့မင္း ႏွင့္ မခ်စ္ရိပ္ခ်ိဳ တို႔၏ ေစ့စပ္ေၾကာင္းလမ္းၿပီးစီးျခင္း.."

သတင္းစာတြင္ပါလာေသာ ေစ့စပ္ေၾကာင္းလမ္းၿပီးစီးျခင္း ေၾကာ္ျငာေလးကို မင္းျပည့္တစ္ေယာက္ စိတ္ဝင္စားစြာ ဖတ္ၾကည့္ၿပီးေတာ့မွ
"သြက္လွခ်ည္လား..ကိုယ့္လူ..ငါ့ေတာင္အသိမေပးဘူး...ေစ့စပ္တာျမန္လိုက္တာ..ဘယ္ေတာ့စားရမွာလဲ..သတ္မွတ္ၿပီးၿပီလား....."
"ေနာက္လထဲလို႔ေျပာတာပဲ....."
စိတ္မပါလက္မပါ ဝတၱရားေက်ေျဖလိုက္ေသာ သူ႕ကို မင္းျပည့္က နားမလည္စြာ
"မင္းဟာကလည္း.. မေသမခ်ာနဲ႕..ၿပီးေတာ့..ခုခ်ိန္ကမင္းေပ်ာ္ေနရမယ့္..အခ်ိန္ေလ..ဘယ္လိုျဖစ္လို႔...မွိုင္ေတြေငးငိုင္ေနတာလဲ..သတို႔သားေလာင္းႀကီးရ......"

"ေပ်ာ္ရမယ္!...ဘာအတြက္ေပ်ာ္ရမွာလဲ?..."
"မဂၤလာေဆာင္ကာနီး..သတို႔သားတစ္ေယာက္က..ေပ်ာ္႐ႊင္တက္ႂကြေနရမွာေပါ့ကြ...ခုဟာက..အတင္းေပးစားလို႔ပဲ..အားနာပါးနာယူရမယ့္..လူက်ေနတာပဲ...."
"အဲ့ေလာက္ေတာင္..ငါ့ပုံစံက..သိသာေနလား?.."

လင္းအံ့ျပန္ေမးလိုက္ေသာ အေမးေၾကာင့္ မင္းျပည့္အေတာ္ေလးပင္ စိတ္ပ်က္သြားပုံ
"မင္း..ငါ့ကိုအမွန္အတိုင္းေျပာ..လင္းအံ့... ဒီကိစၥက မင္းဆႏၵမပါပဲ...အတင္းစီစဥ္ထားတာလား?..."

မင္းျပည့္သိေတာ့လည္း သူ႕အတြက္မထူးေတာ့ၿပီေလ။ တစ္ဖက္သား မိန္းကေလးလည္း သိကၡာက်မည့္အျဖစ္မ်ိဳး သူ မျဖစ္ေစလို၍ မင္းျပည့္အေမးကို မေျဖေတာ့ပဲ ေနရာမွ ထကာထြက္လာလိုက္ေတာ့သည္။

ျဖစ္နိုင္လွ်င္ ေစ့စပ္ၿပီးသည့္ေန႕မွစလို႔ သူမည္သူတစ္ဦးတစ္ေယာက္ႏွင့္မွ် မ်က္ႏွာခ်င္းမဆိုင္ခ်င္​ေတာ့။ ထိုေန႕ကလည္း လူႀကီးမ်ားကစီစဥ္စရာရွိတာ စီစဥ္ကာ၊ လုပ္သင့္သည့္အလုပ္မ်ားကိုလုပ္ၿပီး သူကေတာ့ ေနရာတစ္ခုတြင္ပင္ မလႈပ္မယွက္ မ်က္လႊာခ်ကာ ထိုင္ေနခဲ့သည္။အားလုံးကို အရႈံးေပးထားသည္ မဟုတ္လား။သူ႕ဘဝႀကီးတစ္ခုလုံးကို သူ မပိုင္ေတာ့ၿပီေလ။ပိုင္ခ်င္စိတ္လည္း မရွိေတာ့ေပ။

"ေမေမ..သားျပန္ေရာက္ၿပီ..."
ေခါင္းငိုက္စိုက္ခ်ကာ အိမ္ထဲဝင္လာေသာ သူ႕ကို ဧည့္ခန္းတြင္ စာဖတ္ေနေသာ ၾကယ္စင္က အသံၾကား၍ ေမာ့ၾကည့္သည္။
"ကိုကို..ေနမေကာင္းဘူးလား.?..."
"ေကာင္းပါတယ္...."ဟုသာေျပာၿပီး အခန္းသို႔ေျခလွမ္း ခဲ့သည္။

ေမေမက သူတို႔ေမာင္ႏွမအသံၾကား၍ ထြက္လာကာ
"သား...ခ်စ္ရိပ္ေလး..မနက္က..ဖုန္းဆက္တယ္..ဒီညေန..designerနဲ႕..ဝတ္စုံအပ္ဖို႔အတြက္..သြားရမယ္..သား..တစ္ခါတည္းကိုယ္တိုင္းရမွာတဲ့..."
"ေမေမတို႔ပဲ..ေကာင္းသလိုလုပ္ပါ..."

သူ႕အေျပာကို ေမေမက သေဘာမေတြ႕စြာျဖင့္
"ဘယ္လိုေျပာလိုက္တာလဲ.. သား..မဂၤလာဝတ္စုံဆိုတာ..သတို႔သား၊သတို႔သမီး..ကိုယ္တိုင္..ၾကည္ၾကည္ႏူးႏူး..အတူတူ..ဝယ္ရမယ္ေလ..ေမေမတို႔က..ဘယ္လိုစီစဥ္ေပးလို႔ရမွာလဲ...သားတို႔ႏွစ္ေယာက္..သေဘာပဲေလ..pre-wedding ရိုက္ဖို႔အတြက္ေရာဆိုရင္..အခုကတည္းက..အပ္ထားရမွာေပါ့...အာ႐ုံနည္းနည္းစိုက္ပါဦး..သားရယ္..."

သူဘာတစ္ခြန္းမွ် မတုံ႕ျပန္ပဲ အိပ္ခန္းဆီသို႔သာ ခပ္သြက္သြက္လွမ္းလာလိုက္ေတာ့သည္။ေမေမကေတာ့ အားမလိုအားမရျဖင့္ ပြစိပြစိေျပာကာ
"ဘယ္လိုပါလိမ့္...ဒီကေလးၾကည့္ရတာ...စိတ္နဲ႕လူနဲ႕ မကပ္သလိုပဲ.."
"စိတ္နဲ႕လူနဲ႕မကပ္တာ..မဟုတ္ဘူးေမေမ..ကိုကိုကစက္႐ုပ္ျဖစ္သြားတာ...ေမေမဘာခိုင္းခိုင္း..လုပ္မွာပါ..အဲ့အတြက္ေတာ့..ေမေမစိတ္ခ်...."

"အဲ့လိုျဖစ္ေနဖို႔ပဲ..အေရးႀကီးတာပါေလ..ကဲ..သမီး..နင့္အကိုကို..စိတ္ၾကည္ေအာင္..သံပုရာရည္ေလးဘာေလး..သြားပို႔ေပးလိုက္...ေမေမ..အျပင္ခဏသြားဦးမယ္...."
"ဟုတ္ကဲ့...."

ေမေမမွာသြားသည့္အတိုင္း သူမ သံပုရာရည္ တစ္ခြက္ေဖ်ာ္ကာ ကိုကို႔အခန္းထဲသြားပို႔ေတာ့ အခန္းတံခါးက ယခင္လိုပင္ ပိတ္မထားေတာ့ပဲ ေစ့႐ုံသာျဖစ္၍ ဝင္လာခဲ့လိုက္ေတာ့ အိပ္ယာထက္တြင္ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ အိပ္ေပ်ာ္ေနသည္ကို ေတြ႕ရသည္။

အင္းေလ..အိပ္မွာေပါ့..ကိုကိုညဘက္ေတြ..ေကာင္း
ေကာင္းမွ မအိပ္ပဲ...ၾကယ္စင္တေရးနိုးတဲ့..အခ်ိန္အထိ..ကိုကို႔အခန္းမီး..မပိတ္ေသးပဲ..တစ္ခါတစ္ေလ ဆို..စာေရးစားပြဲေပၚမွာ..ညလုံးေပါက္ေအာင္..ကိုကိုထိုင္ေနတယ္..မဟုတ္လား...ကိုကို႔ပုံစံက..အားလုံးရဲ႕ေျပာစကားေတြကို..တစ္ခုမွ်..မဆန့္က်င္ပဲ...အလိုက္သင့္ေခါင္းညိမ့္ၿပီး..လိုက္လုပ္ေပးေနရတဲ့..သံပတ္ေပးစက္႐ုပ္တစ္႐ုပ္လိုပဲ....ၾကယ္စင္..ဘာလုပ္ရမွာလဲ...ၾကယ္စင့္ေၾကာင့္..ခုလိုေတြ..ဆုံးျဖတ္ခဲ့တာကို..ၾကယ္စင္မၾကည့္ရက္ေတာ့ဘူး..ကိုကိုရယ္.........

&&&&&&&&&&&&&

ဒီေန႕ေတာ့ သူ႕ရဲ႕မအားတဲ့အလုပ္ကိစၥေတြကို ပစ္ကာ ေရာက္လာခဲ့မိသည္က ညီေသြးဆီသို႔။ေဖေဖညကဖုန္းဆက္သည္က အခုတေလာ ေသြးသစ္တစ္ေယာက္ ေက်ာင္းလည္းမသြားပဲ အိမ္မွာသာ ၿငိမ္ေနေၾကာင္း၊ အခန္းတံခါးပိတ္ကာ တစ္ေနကုန္ ထြက္မလာေၾကာင္း၊ တစ္ခါတေလက်ေတာ့လည္း ဖခင္မႀကိဳက္ေသာ ပန္းခ်ီဆြဲျခင္းကို တစ္ညလုံးထိုင္ဆြဲေနတတ္ေၾကာင္း၊ ဘာျဖစ္ေနတာလဲေမးလဲ ဘယ္လိုမွ် ေမးမရသည့္အဆုံး သူ႕ဆီဖုန္းဆက္၍သာ အိမ္သို႔လာေပးရန္ေျပာေသာေၾကာင့္ သူလာခဲ့ျခင္းပင္။

ညီေသြးက ထိလြယ္ရွလြယ္ sensitive ျဖစ္လြန္းသည္။ တစ္ခုခုစိတ္မၾကည္လွ်င္ပဲျဖစ္ျဖစ္၊အထီးက်န္လွ်င္ပဲျဖစ္ျဖစ္ ပန္းခ်ီ ဆြဲရန္ သူကိုယ္တိုင္ပင္ ညီေသြးကို ငယ္စဥ္ကအႀကံေပးခဲ့ရသည္။ ေဖေဖကေတာ့ အႏုပညာဆန္ဆန္ ခံစားၿငိမ္သက္ေနရသည္ကို မႀကိဳက္သည္ဟု ယခင္ကတားေသာ္လည္း ခုေတာ့ မတားျဖစ္ေတာ့ေခ်။ လြန္ခဲ့ေသာ သုံးႏွစ္ေလာက္ကစၿပီး ညီေသြးဆီမွာ ထိုသို႔အထီးက်န္ျခင္းေတြမရွိေတာ့ၿပီ ဟုသူထင္ခဲ့သည္။ ဒါေၾကာင့္္လည္း သူကိုယ္တိုင္ လ်စ္လ်ဴရႈမိခဲ့သည္။ ယခုေတာ့ ဘယ္လိုျဖစ္ျပန္တာလဲ။ငယ္စဥ္ကတည္းက အ႐ြယ္ႏွင့္မမွ်ေအာင္ ခံစားတတ္ခဲ့ေသာ ညီေသြးကို သူအလြန္ေပ်ာ္႐ႊင္ေစခ်င္သည္။

အိမ္ထဲေရာက္ေတာ့ ညီေသြးကို အရိပ္အေယာင္ပင္ မျမင္ရေခ်။ အန္တီႀကီးကိုေမးၾကည့္္ေတာ့လည္း မနက္ေဖေဖအလုပ္သြား ကတည္းက အခန္းထဲမွ ယခုထိထြက္မလာေၾကာင္းေျပာ၍ ပို၍စိတ္ပူသြားသည္။ညီေသြး အခန္းေသာ့အပိုကိုပါ လိုလိုမယ္မယ္ သူယူလာ၍ အခန္းဆီတက္လာခဲ့လိုက္သည္။

ထင္သည့္အတိုင္းပင္ အခန္းကအတြင္းမွ ေလာ့ခ္ခ်ထား၍ ေသာ့ျဖင့္ဖြင့္ကာ ဝင္လိုက္ေတာ့ တစ္ခန္းလုံးတြင္ ညီေသြးကို မေတြ႕ရ။ေရခ်ိဳးခန္းဘက္မွ ေရသံၾကားရ၍ ေလာ့ခ္မခ်ထားေသာေၾကာင့္ ဖြင့္လိုက္ေတာ့ ညီေသြးတစ္ေယာက္ ေရစိမ္ကန္ထဲတြင္ အဝတ္အစားအျပည့္ျဖင့္ ငူငူႀကီးထိုင္ေနကာ အေပၚမွလည္းရွိသမွ် ေရပန္းမွေရမ်ားကို ဖြင့္ထားေသးသည္။ စိတ္ကတစ္ျခားေရာက္ေနပုံပင္။

သူအျမန္ပင္ ေရမ်ားကို ပိတ္ၿပီး ေတြေတြႀကီးေငးကာထိုင္ေနေသာ ညီေသြးကို ပခုံးမွအသာအယာလႈပ္ကာ သတိဝင္ေစရန္
"ညီေသြး...ညီေသြး....ညီေသြး...ဘာလုပ္ေနတာလဲ.."

ညီေသြး ခဏမွ် သူ႕ကိုေသခ်ာစိုက္ၾကည့္ၿပီးေတာ့မွ
"ဟင္..ကိုကိုႀကီး...ဘယ္တုန္းကေရာက္တာလဲ..."

ညီေသြးပုံစံက ပုံမွန္မဟုတ္ေပ။ သူဝင္လာကာေရမ်ားပိတ္သည္ကိုေတာင္ သတိမထားမိပဲ အခုမွ ဘယ္တုန္းကေရာက္သလဲ ဆိုေတာ့ သူဘာဆက္ေျပာရမည္လဲ?
"ညီေသြး...ဘာလုပ္ေနတာလဲ...ဘာေတြျဖစ္ေနတာလဲ..ကိုကိုႀကီးကိုေျပာ...ေျပာေနာ္..."
ညီေသြးေခါင္းကေလးကို လက္ျဖင့္အသာအယာသပ္ကာေမးလိုက္ေတာ့

"ေရခ်ိဳးေနတာေလ..ကိုကိုႀကီးရဲ႕..ဘာျဖစ္လို႔လဲ..."
"ေရခ်ိဳးတာ.??...အဝတ္အစားေတြမခြၽတ္ပဲနဲ႕လား...ဘယ္ေလာက္ၾကာၿပီလဲ..ေရခ်ိဳးေနတာ..."
"မနက္က..ပန္းခ်ီဆြဲၿပီးမွ..ခ်ိဳးတာပါ..သိပ္မၾကာေသးပါဘူး..ကိုကိုႀကီးရဲ႕.... "

မၾကာေသးဘူး ဟုေျပာေနေသာ္လည္း ညီေသြးတစ္ကိုယ္လုံး ေရခဲတုံးပမာ ေအးစက္ေနၿပီ။ႏႈတ္ခမ္းေလးမ်ားပင္ ျပာပုံေထာက္လွ်င္ အနည္းဆုံးေတာ့ ႏွစ္နာရီေလာက္ၾကာၿပီ။မ်က္တြင္းမ်ား ခ်ိဳင့္ကာ မ်က္ကြင္းမ်ားညိုေနပုံေၾကာင့္ ညညမအိပ္ျဖစ္မွန္း သူသိၿပီ။
"ထေနာ္...ညီေသြး..ထေတာ့...."

သူေရခ်ိဳးကန္ထဲတြင္ ထိုင္ေနေသာ ညီေသြးကိုေခ်ာ့ေမာ့ကာ အျပင္ကိုတြဲ၍ထြက္လာေစေသာ္လည္း အျပင္ေရာက္ေရာက္ခ်င္းပင္ ညီေသြးခႏၶာကိုယ္ေလးက သူ႕ဘက္ ယိမ္းယိုင္လာကာ လဲက်သြားသည္။
"ညီေသြး..ညီေသြး....... သတိထားပါဦး.. ညီေသြးေရ...ညီေသြး.....အန္တီႀကီး..လာပါဦး.!!!!!..."

သူခ်က္ခ်င္းပင္ ေသြးသစ္ကို ေဆး႐ုံပို႔လိုက္ရၿပီး ေမေမ့ကိုေရာ ေဖေဖ့ကိုပါ အေၾကာင္းၾကားလိုက္သည္။

ညီေသြးရယ္...ဘယ္လိုျဖစ္ရတာလဲ... ဘာေတြမ်ားဒီေလာက္ထိေၾကကြဲေနရတာလဲ...ကိုကိုႀကီးကိုခြင့္လႊတ္ပါကြာ...ညီေသြးကိုမေစာင့္ေရွာက္နိုင္တဲ့...တာဝန္မေက်တဲ့..အကိုကို.........

&&&&&&&&&&&&&

"ၾကယ္စင္ေရ..သမီးကိုကို႔..အခန္းကို..သြားရွင္းေပးပါဦး..သမီးေရ..မရွင္းျဖစ္တာ ႏွစ္ပတ္ေလာက္ေတာင္ရွိေနၿပီ....ေမေမဒီေန႕..ပစၥည္း ဝယ္မယ့္သူတစ္ေယာက္နဲ..ခ်ိန္းထားလို႔..."
"ဟုတ္..ေမေမ..ၾကယ္စင္ရွင္းလိုက္ပါ့မယ္..စိတ္ခ်လက္ခ်သာသြား...."
".............."

ၾကယ္စင္က ယခုေနာက္ပိုင္း စာေမးပြဲနီးေန၍ က်ဴရွင္ႏွင့္အိမ္မွာသာ စာက်က္ရန္ အၿမဲရွိေနတတ္သည္။ အေမာေျဖသည့္ သေဘာျဖင့္ ကိုကို႔အခန္းကိုသြားရွင္းေပးလိုက္ဦးမည္။ေမေမေျပာတာေတာ့ မနက္ကတည္းက ကိုကို႔ကို မမခ်စ္ရိပ္က wedding အတြက္ငွားရမည့္ ဟိုတယ္ႏွင့္ အစားအေသာက္ကိစၥမ်ားစီစဥ္ရနိ ေခၚသြားသည္တဲ့။ ၾကယ္စင္ တထစ္ခ်ေျပာနိုင္သည္က ကိုကိုကေတာ့ အသာတၾကည္လိုက္ခ်င္မွာ မဟုတ္၊ ေမေမအတင္းထည့္လိုက္တာပဲျဖစ္မည္။

အခန္းထဲေရာက္ေတာ့ ျမင္ရသည့္ ျမင္ကြင္းမ်ားေၾကာင့္ ၾကယ္စင္ႏွာေခါင္းတစ္ခ်က္ရႈံ႕မိသည္။ အမွိုက္ပုံထဲမ်ား ၿဖဲအိပ္ေနတာလား...ကိုကိုရယ္..ႂကြက္တြင္းတို႔..ေႁမြတြင္းတို႔ရွိေနရင္ေတာ့လား...ဟူး.....

ဘယ္ကစရွင္းရမလဲ စဥ္းစားရင္း ၾကမ္းျပင္တြင္ ျပန့္က်ဲေနေသာ အဝတ္အစားမ်ားကို ေလွ်ာ္ရန္အဝတ္ျခင္းထဲထည့္ကာ ဟိုေနရာဒီေနရာမွာ တြဲေလာင္းျဖစ္ေနေသာ အဝတ္အစားအခ်ိဳ႕ႏွင့္ တင္ခ်င္ရာေနရာအႏွံ႕တင္ထားေသာ ပစၥည္း ေသးေသးေလးမ်ားမွ စ၍ ဖရိုဖရဲျဖစ္ေနေသာ အိပ္ယာအဆုံး တစ္ခုၿပီးတစ္ခု မိန္းကေလးပီသစြာ ရွင္းလိုက္ေတာ့ တစ္ခဏခ်င္းပင္ အခန္းေလးက ေျပာင္းလဲသြားေလသည္။

အိပ္ယာခင္းမ်ားလည္း လဲလွယ္ေပးရမည္မဟုတ္လား။ ထို႔ေၾကာင့္ ကိုကို႔ေခါင္းအုံးေလးကို မလိုက္ေတာ့ diary စာအုပ္ေလးတစ္အုပ္ထြက္လာသည္။ ေသခ်ာသည္က ဤစာအုပ္ေလးထဲတြင္ ကိုကိုကသူ၏ခံစားခ်က္မ်ားကို ခ်ေရးထားမည္ပင္။လူ႕က်င့္ဝတ္အရ မဖတ္သင့္မွန္းသိေသာ္လည္း တစ္ခုခုမ်ားသိလွ်င္ ကိုကို႔ကို ကူညီနိုင္မလား ဟူသည့္အေတြးျဖင့္ ဦးဆုံးစာမ်က္ႏွာေလးမွ စ၍ ဖြင့္ဖတ္လိုက္မိသည္။

လင္းအံ့ စိတ္အေတာ္ပင္ရႈပ္ေနရသည္။ခ်စ္ရိပ္ မနက္ကလာေခၚ၍ ေက်ာင္းပင္မသြားပဲ သူမႏွင့္လိုက္ခဲ့ရသည္။ တစ္ေနရာဝင္တစ္ေနရာထြက္ႏွင့္ သူမ အေတာ္ေလးအလုပ္ရႈပ္ေနသည္။အင္းေလ...မိန္းကေလးဆိုတာ..ဘဝမွာ..တစ္မဂၤလာပဲရွိတာ..ဆိုေတာ့...။ သို႔ေပမယ့္ ယခင္ကတည္းက လင္းအံ့ဟူသည္ စိတ္မပါလွ်င္ ေရပင္ထမေသာက္သည့္လူမ်ိဳးျဖစ္၍ သူမ သြားသည့္ ေနရာတိုင္းကို လိုက္ခ်င္မွလည္းလိုက္သည္။ မလႊဲသာ၍ လိုက္ပါသြားရသည္က မ်ားသည္။ ယခုမွပင္ သက္ျပင္းခ်နိဳင္ေတာ့သည္။ သူမ ကိုအိမ္အရင္ ျပန္ပို႔ခဲ့ေလသည္။ဒီၾကားထဲ သူမက ဆိုင္တစ္ဆိုင္တြင္ထိုင္ရန္ ေျပာေန၍ မသြားခ်င္ဘူး ဟု မနည္းျငင္းခဲ့ရေသးသည္။

အိမ္တြင္ မည္သူမွ် ရွိပုံမေပၚ။ ဘယ္သူမွမရွိေတာ့လည္း ေကာင္းတာပဲ...သူ၏ခံစားခ်က္မ်ားကို..လြတ္လြတ္လပ္လပ္.. ဖြင့္ထုတ္ကာ..စိတ္ရွိလက္ရွိ..ေအာ္ဟစ္ပစ္ရန္အခြင့္ေကာင္းေပါ့...မည္သူမွ်မသိေအာင္..ၿမိဳသိပ္ခံစားေနရသည္မွာ..အေတာ္ၾကာၿပီေလ...။

"ၾကယ္စင္...နင္ဘာလုပ္ေနတာလဲ!!..."
အခန္းထဲရွိ ကုတင္ေပၚတြင္ ထိုင္ကာ ကြၽန္ေတာ့္ diary ကိုဖတ္ေနေသာ ၾကယ္စင္ေၾကာင့္ ႐ုတ္တရက္ဆိုသလို အခန္းေပါက္မွ သူမ အနားသို႔ မည့္သို႔မည္ပုံ ေရာက္သြားသည္ မသိပဲ စာအုပ္ကိုလုယူလိုက္မိသည္အထိ။

"ဒါဘာလုပ္တာလဲ..ၾကယ္စင္..နင္..လူ႕က်င့္ဝတ္ကိုနားမလည္ဘူးလား?.."
သူက ေဒါသတႀကီးျဖင့္ အျပစ္တင္ကာ ေျပာဆိုေနေသာ္လည္း ၾကယ္စင္ကေတာ့ သူ႕မ်က္ႏွာကို ေသခ်ာစူးစိုက္ကာ ခ်က္ခ်င္းဆိုသလို မ်က္ဝန္းတြင္ မ်က္ရည္မ်ားဝဲလာသည္ အထိ။သူမ ဆီမွ ေျဖရွင္းခ်က္ တစ္စုံတစ္ရာကိုၾကားရန္ ေမွ်ာ္လင့္မိေသာ္လည္း

"ကိုကိုရယ္......ၾကယ္စင္..တကယ္မသိခဲ့တာပါ..ကိုကို႔ရင္ထဲမွာ..ဒီေလာက္ထိ..လူတစ္ေယာက္ကို..နက္နက္ရွိုင္းရွိုင္း..ခ်စ္မိေနလိမ့္မယ္လို႔...လုံးဝမထင္ခဲ့တာပါ..ခဏတစ္ျဖဳတ္..သာယာမိၿပီး..အခ်ိန္တန္ရင္..ၿပီးသြားမွာပဲလို႔..ေပါ့ေပါ့ဆဆထင္ခဲ့မိတဲ့အတြက္လည္း ...ၾကယ္စင့္ကို..ခြင့္လႊတ္ပါ.. ကိုကိုရယ္... "

ၾကယ္စင္ ဆီမွ မထင္မွတ္ထားေသာ စကားမ်ားကိုၾကားရ၍ အနည္းငယ္မွ် မွိုင္ေတြသြားမိသည္။သူမ ေျပာေသာ စကားမ်ားကကြၽန္ေတာ့္ကို အလြန္ပင္ အံ့အားသင့္သြားေစသည္။ ၾကယ္စင္က ကြၽန္ေတာ့္ဘက္က ခံစားၿပီး ေျပာေနတာလား?..ကြၽန္ေတာ့္ diary တြင္ ေသြးသစ္ကိုရင္ခုန္တဲ့အေၾကာင္း၊ ဘယ္လိုခ်စ္မိသြားမွန္းမသိပဲ ခ်စ္မိခဲ့ေၾကာင္း၊ သူကေလးရဲ႕အခ်စ္ကို ျငင္းလိုက္မိ၍ ေန႕စဥ္ရက္ဆက္ အလြမ္းေတြနဲ႕ ျပည့္ႏွက္ေနကာ ကိုယ့္ကိုကိုယ္ ယူႀကဳံးမရျဖစ္ေနေၾကာင္း ေတြကို စာစီေရးထားသည္ျဖစ္၍ ၾကယ္စင္ဖတ္မိလွ်င္ ေသြးသစ္ကိုခ်စ္ေနရေသာ သူတစ္ေယာက္ပီပီ ယခုအခ်ိန္ထိမစြန့္လႊတ္နိုင္ေသးေသာ ကြၽန္ေတာ္၏ အခ်စ္တစ္ခုအတြက္ ေဒါသထြက္ရမည္ေလ။ အခုေတာ့...

"ၾကယ္စင္..ကိုကို႔ကို..နားလည္လိုက္ပါၿပီ...အခ်စ္တစ္ခုတကယ္စစ္မွန္ရင္...ဘယ္လိုပဲတားထားတားထား..ခံစားခ်က္ရွိတဲ့ႏွလုံးသားတစ္စုံကိုေတာ့..ဘယ္အရာကမွ်ပိတ္ပင္လို႔မရမွန္း..ၾကယ္စင္သိလိုက္ပါၿပီ..."
"ၾကယ္စင္..နင္..ဘာေတြေျပာေနတာလဲ?..."

ၾကယ္စင္ေျပာေနေသာ စကားမ်ားက တကယ္ပင္ ကြၽန္ေတာ္နားမလည္နိုင္ေအာင္ျဖစ္ရသည္။ တားဆီးတယ္၊ပိတ္ပင္တယ္၊ဘာေတြလဲ?...သူ ဘာေတြေျပာေနတာလဲ?...
"ၾကယ္စင္..ကိုကိုမသိေသးတဲ့..အမွန္တရားတစ္ခုကို..ထုတ္ေျပာျပပါ့မယ္...အဲ့လိုေျပာျပတာကလည္း..တစ္ျခားလူတစ္ေယာက္ကို..ထိခိုက္ေစလိုလို႔..မဟုတ္ဘူးေနာ္..ကိုကိုနဲ႕ကိုေသြးကို..ၾကယ္စင္သနားလို႔..မဖုံးကြယ္ထားရက္ေတာ့လို႔....."
<<<<<<<<<<<<<<<<<<<<<<<<<<<<<<<

*(8.9.2016) ေသြးသစ္ေနေကာင္းၿပီးျပန္မလာခင္ႏွစ္ရက္အလို*

"မမခ်စ္ရိပ္...ေစာင့္ေနတာၾကာၿပီလား..ၾကယ္စင္ကေမေမ့ကိုခြင့္ေတာင္းရေသးတယ္..."

နီးနီးနားနား coffee shop တစ္ခုတြင္ အေရးႀကီးတိုင္ပင္စရာရွိသည္၊ ဘယ္သူမွ်မသိေအာင္တစ္ေယာက္တည္း လာခဲ့ပါဟုဆို၍ မိမိကိုစာသင္ေပးေနေသာ၊ၿပီးေတာ့ ကိုကိုႏွင့္ကိုေသြးတို႔၏ သူငယ္ခ်င္းလည္းျဖစ္သည့္ မမခ်စ္ရိပ္ျဖစ္ေနေသာေၾကာင့္ ေမေမက ဘာမွ်မေမးျမန္းပဲ လာခြင့္ျပဳလိုက္တာျဖစ္သည္။

"သိပ္မၾကာေသးပါဘူး... ၾကယ္စင္ရဲ႕..အန္တီကေရာ..ဘာေမးေသးလဲ..လြယ္လြယ္ကူကူခြင့္ျပဳလိုက္ရဲ႕လား...."
"ေမေမကေတာ့..ဘယ္စိတ္ခ်ပါ့မလဲ...ဒါေပမယ့္..မမခ်စ္ရိပ္ႏွင့္..ခဏစာေဆြးႏြေးခ်င္လို႔ပါ..ဆိုၿပီး..​ေျပာလာတာေပါ့...."
"ၾကယ္စင္..ဘာ coffee ေသာက္မလဲ...မမမွာေပးမယ္ေလ...."
"ၾကယ္စင္က...coffeeမႀကိဳက္ဘူး..မမ..အိမ္မွာ..ေဖေဖနဲ႕ကိုကိုပဲ..coffeeေသာက္တာ..."
"ကိုလင္းက..coffeeႀကိဳက္တယ္ေပါ့...ဟုတ္လားၾကယ္စင္...မမနဲ႕တူတာေပါ့..."

မမခ်စ္ရိပ္က ဘာသေဘာႏွင့္ေျပာမွန္းမသိေပမယ့္ ၾကယ္စင္ကေတာ့
"ကိုကိုကေလ..coffeeမွာေတာင္..ခါးတူးေနတာမွႀကိဳက္တာ..မမခ်စ္ရိပ္ေသာက္နိုင္မွာ..မဟုတ္ဘူး..."

ၾကယ္စင့္ အေျပာကို မမခ်စ္ရိပ္က တစ္ခ်က္ၿပဳံးလိုက္ကာ
"ေနာက္ေတာ့လည္း..အတူတူလိုက္ေသာက္နိုင္ေအာင္..ႀကိဳးစားရမွာေပါ့....."
"ရွင္..!!.."

ၾကယ္စင္က ရွစ္တန္းေက်ာင္းသူဆိုေပမယ့္ ကေလးမက၊လူႀကီးမက်အ႐ြယ္ျဖစ္ေန၍ လူတစ္ေယာက္၏စကားကဘာကို ဆိုလိုလည္းဆိုတာေတာ့ သိေနသည္။
"ဘာမွမဟုတ္ပါဘူး..ၾကယ္စင္ရဲ႕...coffeeမေသာက္ခ်င္လည္း..teaေသာက္ေလ..lipton tea မမမွာလိုက္မယ္ေနာ္...."
"ဟုတ္ကဲ့......"

Tea တစ္ခြက္ လာခ်သည့္ အခ်ိန္အထိ မမခ်စ္ရိပ္က ဘာမွ်မေျပာပဲရွိေန၍ ၾကယ္စင္ တစ္ငုံေသာက္လိုက္ၿပီးမွ မမခ်စ္ရိပ္က
"ၾကယ္စင့္အကို..ကိုလင္း..ကို..ၾကယ္စင္အရမ္းခ်စ္တာပဲလား.??.."
"ခ်စ္တာေပါ့..မမရဲ႕..ၾကယ္စင္က..ကိုကို႔ကို..ခ်စ္တယ္ဆိုတာထက္..အားကိုးတာ...ၾကယ္စင့္ရဲ႕တစ္ဦးတည္းေသာ..အကိုတစ္ေယာက္ဆိုေတာ့..အရမ္းအားကိုးတယ္ေလ..ဘာျဖစ္လို႔လဲ..မမ.."

ၾကယ္စင္တို႔ေမာင္ႏွမၾကားမွ ေမတၱာအတိမ္အနက္ကို မမခ်စ္ရိပ္က ဘာလို႔သိခ်င္ရတာလဲေပါ့ ဆိုသည့္မ်က္ႏွာေပးျဖင့္ ၾကည့္လိုက္မိေတာ့
"မမေလ..ၾကယ္စင့္ကို..သိပ္သနားတာပဲ..." ဟူ၍ သနားစရာသတၱဝါတစ္ေကာင္လို ေျပာေနသည္ကို ၾကယ္စင္တကယ္ပင္ ခံရခက္သည္။

"ၾကယ္စင့္က..ဘာလို႔သနားစရာေကာင္းရမွာလဲ..မမရဲ႕.."
"သနားစရာေကာင္းတာေပါ့..ၾကယ္စင္ရယ္..အကိုတစ္ေယာက္ရွိတဲ့..ညီမတစ္ေယာက္ဆိုေတာ့..ေယာင္းမေခ်ာေခ်ာေလးတစ္ေယာက္ေလာက္..လိုခ်င္မွာေပါ့ေနာ္...ကိုယ့္အေပၚညီအမလိုခ်စ္ေပးနိုင္ ​မယ့္လူမ်ိဳးေပါ့...."
"လိုခ်င္တာေပါ့...မမရဲ႕...ကိုကိုကၾကယ္စင္အေဖာ္ရဖို႔..ေယာင္းမတစ္ေယာက္ေတာ့..ရွာေပးမွာေပါ့...."

မမခ်စ္ရိပ္က ၾကယ္စင့္မ်က္ႏွာကို ေသခ်ာစြာၾကည့္ၿပီး တစ္လုံးခ်င္းေျပာလိုက္သည္က
"ၾကယ္စင္ေယာင္းမတစ္ေယာက္ရမွာ..မဟုတ္ဘူး.."

အတိအက်ႀကီး ေသေသခ်ာခ်ာ ေျပာေနေသာ မမခ်စ္ရိပ္ေၾကာင့္ ၾကယ္စင္အံ့အားသင့္ကာ ၾကည့္မိေတာ့
"ေယာင္းမအစား..ခဲအိုတစ္ေယာက္ပဲ..ရလိမ့္မယ္..."

ခဲအို...ခဲအိုဆိုတာ..ကိုယ့္အမျဖစ္သူ..ေယာက်္ားယူလွ်င္...ထိုေယာက်္ားကိုခဲအိုလို႔ေခၚသည္..မဟုတ္လား..အခုၾကယ္စင္က..ခဲအိုတစ္ေယာက္ရမယ္ဆိုေတာ့...ဆိုလိုတာ...ကိုကိုက..........
"မမ..ရွင္းရွင္းေျပာပါ..ေကြ႕ဝိုက္မေနပါနဲ႕...."
ၾကယ္စင္ သိခ်င္ေဇာျဖင့္ ျပတ္ျပတ္သာ ေမးလိုက္သည္။

မမခ်စ္ရိပ္ကလည္း ပြင့္ပြင့္လင္းလင္းပင္ ေျပာလာေတာ့သည္။
"ဟုတ္တယ္..ၾကယ္စင္...ကိုလင္းက..ေယာက်ာ္းေလးတစ္ေယာက္ကို..အသည္းအသန္စိတ္ဝင္စားေနတယ္...မျဖစ္သင့္တာမျဖစ္ရေအာင္...မမက..ၾကယ္စင့္ကိုေခၚေျပာတာ..."

စကားလုံးမ်ားပင္ ေပ်ာက္ရွသြားရၿပီ။ ကိုကိုက..ေယာက်္ားေလးတစ္ေယာက္ကို..စိတ္ဝင္စားေနတယ္ဆိုေတာ့...ၾကယ္စင့္ကိုကိုက...g a y...တစ္ေယာက္ျဖစ္ေနတာေပါ့....မျဖစ္နိုင္တာ..ကိုကိုကဘာလို႔gay ျဖစ္ရမွာလဲ.. သူမ်ားေတြလိုႏြဲ႕ေနတာလည္းမဟုတ္ေတာ့...ဘယ္လိုမွမျဖစ္နိုင္ဘူး...မမခ်စ္ရိပ္ဘာေတြေျပာေနတာလဲ....

"ၾကယ္စင္..မမေျပာတာကို..မယုံဘူးလား?...ကိုလင္း..ဘယ္သူ႕ကိုစိတ္ဝင္စားေနသလဲ..ေျပာလိုက္ရင္..ၾကယ္စင္ယုံသြားမွာပါ..."
"ဘယ္သူလဲ...."
"ေသြးသစ္......."

ပါးစပ္အေဟာင္းသားပင္ ျဖစ္သြားရသည္။ကိုေသြးႏွင့္ ကိုကိုက..ဒါဆို..မရိုးသားဘူးေပါ့....ျဖစ္နိုင္သည္..ဟုထင္မိသည္။ဘာေၾကာင့္လည္းဆိုေတာ့..ကိုေသြးေရွ႕မွာဆို..အၿမဲတမ္းၿပဳံးေနတတ္ေသာကိုကို..ကိုေသြးကိုတစ္ရက္မေတြ႕ရသည္ႏွင့္..သိသိသာသာစိတ္မရွည္ပဲေဒါသထြက္ေနေသာကိုကို..ဟိုတစ္ခါ ကေလာကအႏြေးထည္လက္ေဆာင္ဝယ္လာတာကလည္း..မိုးျပာေရာင္မႀကိဳက္ပဲႏွင့္..မိုးျပာေရာင္ကိုပဲဆင္တူဝယ္လာခဲ့သည္..မဟုတ္လား...အခုကိုေသြးတစ္ေယာက္ေနမေကာင္းျဖစ္ေနေတာ့လည္း..ကိုကိုမွာ ကေယာင္ေခ်ာက္ခ်ားနဲ႕...စိတ္ကလူနဲ႕ကပ္မေနတာ...အရမ္းသိသာေနတယ္ေလ...ၿပီးေတာ့အခု..အေနနီးတဲ့..မမခ်စ္ရိပ္ကပါ..ေျပာလာရသည္အထိဆိုေတာ့......

"ၾကယ္စင္..ဘာဆက္လုပ္ရမွာလဲ...ဟင္..ကိုကို႔ကို..အခုလိုမျဖစ္ေစခ်င္ဘူး...ျဖစ္လည္းမျဖစ္ရဘူး..ျဖစ္လည္းမျဖစ္သင့္ဘူး...."
ၾကယ္စင္ ဘယ္လိုမွ် လက္မခံနိုင္ေပ။ အိပ္မက္ထဲမွာ ဆိုရင္ေတာင္ ခုလိုအိပ္မက္မ်ိဳးေတာ့ မမက္ခ်င္။

"မမ..အႀကံေပးရမွာလားၾကယ္စင္..မမေျပာတာကိုေရာ...ၾကယ္စင္လိုက္လုပ္နိုင္ပါ့မလား....."

ဘယ္လိုျဖစ္ျဖစ္ ကိုကိုနဲ႕ကိုေသြး နီးစပ္ဖို႔ေတာ့ မည္သို႔မွ်မျဖစ္သင့္။ ေဖေဖနဲေမေမ သိရင္ေရာ... မျဖစ္ဘူး၊သိဖို႔မေျပာနဲ႕ ေတြးၾကည့္ရင္ေတာင္ မျဖစ္နိုင္ဘူး။ အသိုင္းအဝိုင္းပတ္ဝန္းက်င္...ေဆြမ်ိဳးေတြအလယ္မွာ..ေဖေဖေရာ..ေမေမပါ..ေခါင္းေဖာ္ဝင့္မွာမဟုတ္ဘူး...ငါ့သူငယ္ခ်င္းေတြေရာ...နင့္အကိုကgay ႀကီးလို႔..ဝိုင္းကဲ့ရဲ႕မွာ..ေမးေငါ့ၾကမွာပင္...စိတိကူးၾကည့္လိုက္႐ုံျဖင့္ပင္....ၾကယ္စင္ရင္ေမာလာရသည္။

"ကိုကိုတို႔ႏွစ္ေယာက္...မျဖစ္ဖို႔အတြက္ဆို..ၾကယ္စင္လုပ္မယ္..မမခ်စ္ရိပ္....ဘာလုပ္ရမွာလဲ...."

ဒီေကာင္မေလးက..သေဘာေပါက္လြယ္သားပဲ..အင္းေလ..ဘယ္သူကမွ်ေတာ့..ကိုယ့္အကိုတစ္ေယာက္ကို..gay ျဖစ္ေစခ်င္ပါ့မလဲ...ဒါေပမယ့္ ၾကယ္စင့္ရဲ႕..အဲ့လိုမျဖစ္ေစခ်င္တဲ့စိတ္ကပဲ...မမကိုကူညီမွာ..ေသြးသစ္ကို..ကိုလင္းအနားမွာ..ဘယ္ေတာ့မွမျမင္ခ်င္ဘူး...ကိုလင္းအနားမွာ..ထာဝရေနရမယ့္သူက..ခ်စ္ရိပ္ခ်ိဳပဲျဖစ္ရမယ္....အတၱႀကီးမိတဲ့..ခ်စ္ရိပ္ကို..ဘယ္သူမွ် နားလည္နိုင္မွာမဟုတ္ပါဘူး...

"ဒီလိုလုပ္ၾကယ္စင္...ေသြးသစ္ကိုၾကယ္စင့္ဘက္က..အ႐ူးအမူးစြဲလမ္းေနသလို..ဟန္ေဆာင္ရမယ္...ၾကယ္စင္အဲ့လိုစြဲလမ္းေနတာကိုလည္း..ကိုလင္းသိေအာင္လုပ္ရမယ္...ဒါမွသူ႕ခံစားခ်က္ေတြကို..ညီမတစ္ေယာက္အတြက္..ေခါက္သိမ္းသြားမွာ..."
"ဟန္ေဆာင္တာေတာ့..ဟုတ္ပါၿပီ..ကိုကိုကယုံပါ့မလား..မမ..ၿပီးေတာ့..ကိုေသြးကိုလည္း..ၾကယ္စင္မ်က္ႏွာပူတယ္....မျဖစ္နိုင္ဘူးထင္တယ္..မမ??"
"မျဖစ္နိုင္တာမရွိဘူးၾကယ္စင္...မျဖစ္ေသးတာပဲရွိတယ္...ကိုလင္းဘက္က..ယုံေအာင္အရင္လုပ္ရမယ္.."

ခ်စ္ရိပ္ခ်ိဳ ခဏတာမွ် စဥ္းစားလိုက္ၿပီးေတာ့မွ
"ၾကယ္စင့္ဆီမွာ..ေသြးသစ္ပုံေလးဘာေလး..မရွိဘူးလား...."
"မရွိေလာက္ဘူး...အင္...ခဏေလးေနာ္.."

ၾကယ္စင္တစ္ခုခုကို သတိရသြားမိသည္။ကိုေသြးအိမ္ ကို စစေရာက္ခ်င္းတုန္းက ကိုေသြးအရမ္းေခ်ာေၾကာင္းကို သူငယ္ခ်င္းတစ္စုကိုျပရန္ ခိုးၿပီးရိုက္ထားတဲ့ ပုံႏွစ္ပုံသုံးပုံေလာက္ရွိသည္။

"Okay!..ဒီပုံေတြကို..home screenနဲ႕..lock screen မွာထားလိုက္..."
"ဒါဆိုကိုကိုက..ယုံၿပီး..ေနာက္ဆုတ္သြားမွာလား..."
"ဒီေလာက္နဲ႕ေတာ့..ဘယ္ယုံပါ့မလဲ..ဒီ့ထက္ပိုေလးေလးနက္နက္..လုပ္ရမွာေပါ့..."

ၾကယ္စင္ တကယ္ပင္လိုက္မမွီေတာ့ေခ်။ မမခ်စ္ရိပ္ ဥြီးႏွောက္က ဘာလို႔ဒီေလာက္ေကာင္းရတာလဲ? ကိုကိုနဲ႕ကိုေသြးကို မနီးစပ္ေစခ်င္တာ ငါ့ထက္သူက ပိုဆိုးေနသလားလို႔..
"ၾကယ္စင္...ေသေၾကာင္းႀကံရမယ္..."
"ရွင္.....ဘယ္လို!!!.."

ၾကယ္စင္ မ်က္လုံးမ်ားျပဴးက်ယ္ကာ နားေၾကာမ်ားပင္ စိမ့္သြားသည္။
"တကယ္ေတာ့မဟုတ္ဘူးေလၾကယ္စင္ရဲ႕....လက္ေကာက္ဝတ္ေနရာေလးကို..ဓားေလးနဲ႕ပါးပါးေလးရွရင္ရၿပီ....အေရျပားက ခုနစ္လႊာေတာင္ရွိတာေလ..တစ္လႊာေလာက္ေလး..ခပ္ပါးပါးေလးဆိုရၿပီ....."

ၾကယ္စင္ ဒူးမ်ားပင္တုန္လာမိေတာ့သည္။ အခုလို အႀကံမ်ိဳးေပးေသာ မမခ်စ္ရိပ္ကို ပို၍ပင္ ေၾကာက္မိသည္။ ဘယ္ကတည္းကမ်ား အကြက္က်က်စဥ္းစားထားပါလိမ့္.....
"ၾကယ္စင္..လုပ္ၾကည့္မယ္ေလ...."
"ခပ္ပါးပါးပဲေနာ္..ၾကယ္စင္..ဓားရွသလို..မမကစိတ္ပူလို႔ပါ..."
"ဟုတ္ကဲ့ပါ...ဘယ္ေန႕စလုပ္ရမွာလဲ..မမ"
"ေသြးသစ္ေနေကာင္းၿပီးျပန္လာရင္..သူတို႔အေျခအေနကိုေစာင့္ၾကည့္ၿပီး...အေျခအေနသိပ္မေကာင္းဘူးဆိုမွ..စလိုက္တာေပါ့...."

ၾကယ္စင္ရယ္... ညီမေလးကို..ဓားစားခံအျဖစ္ထားရတာ..စိတ္မေကာင္းပါဘူး..ဒါေပမယ့္လည္း..မတတ္နိုင္ဘူးေလ..ကိုလင္းကသူ႕ညီမအရင္းျဖစ္တဲ့..ၾကယ္စင့္ကိုမွပဲ...အေလွ်ာ့ေပးမွာေပါ့...ဒါမွကိုလင္းနဲ႕ေသြးသစ္နဲ႕လည္း..ထာဝရေဝးသြားမယ္...ေသြးသစ္နဲ႕မမ မနီးစပ္ဖို႔အတြက္လည္း...ကိုလင္းကမမအနားအလိုလိုေရာက္လာမယ္...တစ္ခ်က္ခုတ္သုံးခ်က္ျပတ္တဲ့..အႀကံမို႔..အေကာင္အထည္ေဖာ္လိုက္ရတာပါ..ညီမေလးနစ္နာသြားတဲ့အတြက္ေတာ့..စိတ္မေကာင္းပါဘူး..ၾကယ္စင္....

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ၾကယ္စင့္ စကားသံအဆုံးမွာေတာ့ တစ္ခန္းလုံးတိတ္ဆိတ္သြားေတာ့သည္။ကိုကို႔ကိုၾကည့္မိေတာ့ အနီးရွိ ကုလားထိုင္ကို ဆုပ္ကိုင္ထားသည္မွာ ထိုခုံအရည္ေပ်ာ္သြားမတတ္။မ်က္လုံးအၾကည့္တို႔သည္လည္း ပို၍ခက္ထန္လာကာ နဂါးတစ္ေကာင္သာဆိုလွ်င္ ၾကယ္စင္ျပာျဖစ္ေလာက္ၿပီ။စကားတစ္ခြန္းမွ် ျပန္မေျပာေသာ ကိုကိုက ၾကယ္စင့္အတြက္ပို၍ ေၾကာက္စရာေကာင္းသည္။ ကိုကိုၾကယ္စင့္ကို ဘာလုပ္မွာလဲ? ေဒါသထြက္ၿပီး စကားမေျပာေတာ့ဘူးလား?ဒါမွမဟုတ္ ၾကယ္စင္ အခုလိုေတြလုပ္ခဲ့တာကို လူႀကီးေတြသိေအာင္ျပန္ေျပာမည္လား?သို႔ေသာ္..

ကိုကိုက ကုတင္ေပၚတြင္ ေၾကာက္ေၾကာက္လန့္လန့္ထိုင္ေနေသာ ၾကယ္စင့္ေရွ႕တြင္ ဒူးေထာက္ထိုင္လိုက္ကာ မ်က္ရည္ေတြႏွင့္ေတာင္းပန္ေနေသာ ၾကယ္စင့္ကို မ်က္ရည္ေတြသုတ္ေပးရင္းမွ
"ငါ့ညီမေလး..ဒီႏွစ္ေတြထဲမွာ..အရမ္းကိုၿမိဳသိပ္ၿပီး..ခံစားခဲ့ရမွာပဲေနာ္...ပင္ပန္းသြားၿပီ..ညီမေလး.."

ၾကယ္စင့္ကို ႏွစ္သိမ့္ေပးေနေသာ ကိုကို႔ေၾကာင့္ ပို၍ စိတ္မေကာင္းျဖစ္ရသည္။ၾကယ္စင္ကိုကို႔အတြက္ မျဖစ္ေစခ်င္လို႔ ၿမိဳသိပ္ခံစားခဲ့ရတာက...အခ်စ္တစ္ခုကိုလူမသိေအာင္..ႏွစ္နဲ႕ခ်ီၿမိဳသိပ္ၿပီး..တစ္ေယာက္
တည္းႀကိတ္ခံစားခဲ့ရတဲ့..ကိုကို႔ေလာက္ေတာ့မဆိုးပါဘူး..ကိုကိုရယ္...

"အခု..ကိုကိုဘာဆက္လုပ္ရမွာလဲ...ၾကယ္စင္ပဲေျပာ...ညီမေလး မျဖစ္ေစခ်င္တဲ့အရာကို..ပြင့္ပြင့္လင္းလင္း ေျပာ...ကိုကိုမျဖစ္ေအာင္ေနမယ္...ညီမေလးျဖစ္ေစခ်င္တဲ့..ဆႏၵကိုပဲ..ကိုကိုျဖစ္ေအာင္လုပ္မယ္...."
"ကိုကို႔ႏွလုံးသားကို...ဆက္မညာေစခ်င္ေတာ့ဘူး...ကိုကိုခံစားေနရတာကို..ၾကယ္စင္မၾကည့္ရက္ေတာ့ဘူး...."
"ဒါဆို...ညီမေလးက..ခဲအိုတစ္ေယာက္ရမွာရၿပီး..လူေတြဝိုင္းကဲ့ရဲ႕မွာကိုေရာ..."

ၾကယ္စင္ အေျဖကေတာ့ ဆုံးျဖတ္ၿပီးၿပီမို႔ တစ္မ်ိဳးတည္းပင္ ထြက္သည္။
"ခဲအိုပဲလိုခ်င္ေတာ့တယ္..ကိုကို..ခ်ီးမြမ္းခုနစ္ရက္..ကဲ့ရဲ႕ခုနစ္ရက္..မဟုတ္လား..ကိုယ္ေတြကေတာ့..တစ္ဘဝလုံးစာ အေရးေလ..ခုနစ္ရက္စာေလာက္ကို...ၾကယ္စင္..စိတ္မပူေတာ့ဘူး..ကိုကို.."

အ႐ြယ္ႏွင့္ မလိုက္ေအာင္ စဥ္းစားဆင္ျခင္ဥာဏ္ရွိေသာ ညီမတစ္ေယာက္ပိုင္ဆိုင္ထား ရသည္ကိုပင္ လင္းအံ့ ဂုဏ္ယူရေတာ့မလို။ညီမေလးက ေသြးသစ္နဲ႕ကိစၥကို သေဘာတူလိုက္ၿပီတဲ့...ညီမေလးအတြက္ဆိုၿပီး..ကြၽန္ေတာ္စြန့္လႊတ္စရာ မလိုေတာ့ၿပီေလ။သို႔ေသာ္ ဒီအေၾကာင္းကို ေဖေဖႏွင့္ေမေမကေတာ့ ဘယ္လိုနည္းနဲ႕မွ ၾကယ္စင့္လို နားလည္ေပးနိုင္မည္မဟုတ္မွန္း သိသည္။

ကာယကံရွင္ေတြက သာ အေရးအႀကီးဆုံးမဟုတ္လား။ သူ႕ကိုကြၽန္ေတာ္တကယ္ခ်စ္ၿပီး ကြၽန္ေတာ့္ကို သူတကယ္ခ်စ္လွ်င္ ဘဝမွာႀကဳံလာမည့္ အခက္အခဲမ်ားကို အတူတူရင္ဆိုင္နိုင္ရမည္ေလ။ ကြၽန္ေတာ္အရာရာကို ရင္ဆိုင္ဖို႔ဆုံးျဖတ္ၿပီးၿပီ။

"ကိုကို..ကိုေသြးဆီသြားေလ..သူလည္းေတာ္ေတာ္ေလးခံစားေနရမွာ....ျမန္ျမန္သြားလိုက္ေလ..ကိုကို..ျမန္ျမန္ရွင္းျပလိုက္...."

ၾကယ္စင့္စကားအတိုင္းပင္ ကြၽန္ေတာ့္ေျခလွမ္းမ်ားက ေသြးသစ္အိမ္သို႔ ဦးတည္ကာ ေ႐ြ႕လ်ားေနၿပီ။ ဒီတစ္ခါေတာ့ ေပ်ာ္႐ႊင္ဖြယ္ရာ အိပ္မက္ေလးတစ္ခုအတြက္ သူကေလးဆီ လာခဲ့ေလၿပီ။

ေက်းဇူးတင္ပါတယ္..ၾကယ္စင္ေရ...ညီမေလးက..ကိုကိုတို႔ႏွစ္ေယာက္အတြက္ေတာ့..အခ်စ္နတ္ဘုရားမေလးပါပဲ..'ေသြး' ေရ..ကို..မင္းဆီလာၿပီ.......

&&&&&&&&&&&&&&&&&&&&&&&&
Thank you everyone😘😘
Please wait for the next part!!🙏🙏

&&&&&&&&&&&&&&&&&&&&&&&&

Olvasás folytatása

You'll Also Like

144K 11.5K 94
အစ်ကိုထွင်းက ဇာတ်စင်ပေါ်မယ် အချိုးအချိတ်ကျကျ လှလှကလေး ကကြိုးဆင်ပါလေ....သည်မောင်ကတော့ ဇာတ်စင်အောက် တစ်နေရာကနေ လက်ခုပ်တီးနေပါ့မယ်...
178K 26.3K 32
#Both available with unicode & zawgyi မယုံနိုင်လောက်အောင်ပဲ ဒီလက်စွပ်ကလေးက~~~
135K 9.5K 35
အကို့ကို ဘာလို့ချစ်​ရသလဲ​မေးကြတဲ့အခါ ကျွန်​တော့်​မှာ​ဖြေစရာ အ​ဖြေမရှိ။ အကိုက ကျွန်​တော့်​အတွက်​အ​ဖြေမရှိတဲ့ ​မေးခွန်းပဲ..... ...
49.9K 1.5K 64
[Unicode] ကျူးလစ်ပန်းအဝါရောင်လေးတွေရဲ့အဓိပ္ပါယ်က နေရောင်ခြည်လိုတောက်ပပြီးနွေးထွေးတဲ့အပြုံးလေးကိုရည်ညွှန်းသတဲ့။ [Zawgyi] ကျူးလစ်ပန်းအဝါရောင်လေးတွေရဲ့အ...