Side By Side (Hiatus)

By Cherry_1706

29.8K 2.9K 349

We are standing side by side, as your shadow crosses mine. More

▪️1▪️
▪️2▪️
▪️4▪️
▪️5▪️
▪️6▪️
▪️7▪️

▪️3▪️

3K 392 39
By Cherry_1706

Zawgyi

'ေတာင္းပန္ပါတယ္ ခ်မ္းသာေပးပါ ကြ်န္ေတာ္မ်ိဳးမတို႔က သက္ႀကီးရြယ္အိုေတြပါ'

'ကေလးကိုေတာ့ လႊတ္ေပးပါ ေတာင္းပန္ပါတယ္ မလုပ္ပါနဲ႔'

'မလုပ္ပါနဲ႔!!!'

'နင္တို႔ လူ႔တိရစာၧန္ေတြ နင္တို႔ကိုမိုးနတ္မင္းႀကီးက အျပစ္ေပးလိမ့္မယ္'

'သူတပါးရဲ႕ စည္းစိမ္ေတြနဲ႔ ေကာင္းစားေနတဲ့နင္တို႔ေတြ အေသဆိုးနဲ႔ေသလိမ့္မယ္'

'မဟုတ္ဖူး'

အလန္႔တၾကားထထိုင္လိုက္မိခ်ိန္မွာ တကိုယ္လံုးေခြ်းေတြကိုရႊဲလို႔......။
အိပ္မက္ပဲ အိပ္မက္မက္ေနတာပဲ

အေမွာင္အတိဖံုးေနတဲ့ တဲရဲ႕အတြင္းပိုင္းဟာ ရံဖန္ရံခါတိုးဝင္လာတဲ့ သန္းေခါင္ယံေလနဲ႔အတူ ေအးစက္လို႔ေနတယ္။
မီးလင္းဖိုက မီးၿငိမ္းသြားတာ အေတာ္ကိုၾကာၿပီထင္ရဲ႕...

ေခြ်းစိုေနတဲ့ ညအိပ္ဝတ္႐ုံက အေအးဓာတ္ကိုပိုကဲေစေနတာမလို႔ ခပ္သြက္သြက္ေလး ခြ်တ္ခ်လိုက္ရင္း အဝတ္သန္႔တစ္စံုကိုထုတ္ကာ အျမန္ဝတ္ဆင္လိုက္ရသည္။
အေပၚျခံဳအေမႊးပြ ဝတ္႐ုံရွည္ကို လႊားတင္လိုက္ရင္း ေျခလွမ္းတို႔က သူ႔ရဲ႕ေျခေလးေခ်ာင္းမိတ္ေဆြႀကီးရွိရာကို ဦးတည္လိုက္သည္။

အိပ္မက္ဆိုးေတြေျခာက္လွန္႔တိုင္းမွာ သူ႔ကိုစိတ္တည္ၿငိမ္မႈရေစတာဆိုလို႔ ဖင္းေကာ္ပဲရွိတာမလို႔ ညဘက္ႀကီးလည္း ဖင္းေကာ္ဆီကိုသြားလို႔ နားပူရဦးမည္။

ဖင္းေကာ္ဟာ ဒီေျမကမ႓ာေလာကႀကီးမွာ မယ္မယ္ၿပီးလွ်င္သူ႔ကို နားအလည္ေပးႏိုင္ဆံုး သက္ရွိပဲ ျဖစ္ပါလိမ့္မည္။
ဖင္းေကာ္ကိုယ္တိုင္ သူ႔ကိုေရြးခ်ယ္ခဲ့တာမလို႔ သူတို႔ႏွစ္ဦးအၾကားမွာ ထူးျခားတဲ့ ဆက္ႏြယ္မႈလည္းရွိသည္ဟု ေရွာင္းက်န္႔က မုခ် ယံုၾကည္ထားေလသည္။

ခပ္မွိန္မွိန္လေရာင္က ေျမျပင္အႏွံ့ကို ျဖာက်လို႔ အလင္းေပးေနသည့္တိုင္ မီးတိုင္တစ္တိုင္ကိုမီးၫွိလို႔ ကိုင္လာခဲ့သည္။

ညသန္းေခါင္မလို႔ ေႁမြပါး ကင္းပါး အႏၲရာယ္ကရွိေသးသည္ေလ။

ျမင္းေဇာင္းက စခန္းရဲ႕ ေတာင္ဘက္အစြန္မွာရွိတာျဖစ္ၿပီး အမိုးအကာရွိတဲ့ ေဇာင္းအတြင္းမွာ ေနခြင့္ရွိတာက ဖင္းေကာ္ရယ္၊ က်ိဳးခ်န္ရဲ႕ျမင္းရယ္၊ တပ္ခြဲမႉးအခ်ိဳ႕ရဲ႕ ျမင္းမ်ားသာျဖစ္တယ္။

မီးတုတ္ကို ေဒါင့္မွာတင္လိုက္ရင္း ခါးပိုက္ထဲထည့္လာတဲ့ ပန္းသီးကိုထုတ္လိုက္တယ္။

'ဖင္းေကာ္'

ပံုမွန္ဆို သူ႔အသံၾကားတာနဲ႔ ထလာတတ္တဲ့ ဖင္းေကာ္ဟာ ယေန႔ေတာ့မဟုတ္၊ ေခြၿမဲအတိုင္းေခြလ်က္ရွိတာမလို႔ မီးတုတ္ကိုျပန္ယူ၍ အေသအခ်ာ ၾကည့္လိုက္ေတာ့ ျမင္လိုက္ရတဲ့ ျမင္ကြင္းေၾကာင့္ တုတ္ပင္လြတ္က်မတတ္အံ့ၾသသြားရတယ္။

မိုးနတ္မင္းႀကီးေရ.....
ဒါဟာ ဘယ္လိုေတာင္ထူးဆန္းအံ့ၾသဖြယ္ေကာင္းတဲ့ ျမင္ကြင္းႀကီးလဲ။

အပံုလိုက္ႀကီးေခြလို႔အိပ္ေနတဲ့ ဖင္းေကာ္ရဲ႕ လည္ဆံေမႊးေတြၾကားမွာ ဖင္းေကာ္ရဲ႕ ကိုယ္ႀကီးကိုမွီလို႔ လည္တိုင္ရွည္ကိုဖက္လ်က္သားနဲ႔ အိပ္ေပ်ာ္ေနတာ ဒီအဆင္း ဒီအသားအရည္ ဒီဆံႏြယ္ရွည္ေတြဟာ ဝမ္ရိေပၚဆိုတဲ့ ေကာင္ေလးကလြဲလို႔ ဘယ္သူျဖစ္ဦးမွာတဲ့လဲ။

မ်က္လံုးေပကလပ္ ေပကလပ္လုပ္လာတဲ့ ဖင္းေကာ္ဟာ သူ႔ေခၚသံေၾကာင့္ႏိုးလာဟန္ရွိေပမယ့္ ထမယ့္အရိပ္အေယာင္မျပ ေခြၿမဲတိုင္းေခြလို႔ေနတယ္။ ေကာင္ေလး အိပ္ေနတာကို အေႏွာင့္အယွက္ျဖစ္မွာ စိုးသည့္အလား.....

'ဝမ္ရိေပၚ ေဟ့ ဝမ္ရိေပၚ ထစမ္း'

သူ႔အားဟန္႔တားသေယာင္ သိသိသာသာႏွာမႈတ္ေနတဲ့ ဖင္းေကာ္ကို မသိခ်င္ေယာင္ေဆာင္လို႔ ဝမ္ရိေပၚကို လွမ္းေခၚေနမိတယ္။
ဒီအေျခအေနကို ဘယ္လိုေရာက္လာသလဲ သူသိရမွ ျဖစ္ပါလိမ့္မည္။

'ဝမ္ရိေပၚ'

'ဟင္ ဘာလဲ ဖင္းေကာ္ ဘာျဖစ္လို႔လဲ'

အိပ္မႈံစုတ္ဖြား ေခါင္းေထာင္လာတဲ့ ဝမ္ရိေပၚဟာသူ႔ကိုအျမင္မွာ ျပာျပာသလဲ ဒူးေထာက္လို႔ ကိုယ္ကိုဝပ္ၿပီး အ႐ိုအေသေပးတယ္။

'အရွင့္သား'

'မင္း ဘယ္လိုျဖစ္လို႔ ဒီကိုေရာက္ေနရတာလဲ'

အင္း အခက္ေတာ့ ေတြ႕ၿပီ။

အမွန္ေတာ့ ရိေပၚဟာ အေမွာင္ကိုေၾကာက္တတ္သူ၊ ညဘက္ေတြမွာ တစ္ေယာက္တည္းမအိပ္တတ္တာေၾကာင့္ အရင္တုန္းက အၿမဲဖန္ရွင္းကို အခန္းထဲေခၚလို႔အိပ္ေနၾက၊ ကြ်န္အျဖစ္အဖမ္းခံရေတာ့လည္း တစ္ေယာက္တည္းညအိပ္ရတဲ့ အေျခအေနမ်ိဳးရွိမွမရွိပဲေလ။

အခုလည္းက်ေရာ သူ႔အတြက္ဆိုၿပီး ေပးထားတဲ့ေက်ာခ်စရာေနရာက ျမင္းေဇာင္းအနားက တဲငယ္စုတ္ေလးတစ္ခု။
ျမင္းေဇာင္းေနရာက ပံုမွန္ ရဲမက္အမ်ားရွိရာေနရာနဲ႔ အတန္ငယ္လွမ္းတဲ့အျပင္ကို အေမွာင္ဓာတ္က လြန္ကဲလြန္းလွသည္။
ဒါ့ေၾကာင့္ပဲ ရိေပၚက တစ္ညမွာ ဒီအမိုးအကာရွိတဲ့ ျမင္းေဇာင္းထဲဝင္လို႔အေၾကာက္ေျပလိုေျပညား ေရာက္တတ္ရာရာစကားေတြေျပာေနခဲ့တာ.....
ေဖေဖနဲ႔ ေမေမတို႔ကို သတိရတဲ့အေၾကာင္းေတြရယ္
ရိေပၚရဲ႕ စီးေနက်ျမင္းျဖဴေလး ဟြားဟြားရဲ႕အေၾကာင္းရယ္
အစံုအစံုပါပဲ

ဒီေနရာမွာ သူေျပာမယ့္စကားေတြကို နားေထာင္ေပးတာဆိုလို႔ ဒီစကားမေျပာႏိုင္တဲ့ ျမင္းႀကီးေတြပဲရွိတာကိုးေလ။

သူေျပာေနခ်ိန္မွာပဲ ဒီျမင္းအနက္ေရာင္ႀကီးက သူ႔ေခါင္းႀကီးကိုတိုးလို႔ ရိေပၚရဲ႕ပခံုးေပၚကိုလာတင္တယ္။
တကယ္ပဲ သူေျပာေနတာေတြကို နားလည္ၿပီး သူ႔အားႏွစ္သိမ့္ေပးသည့္အလား....
သူ႔ကိုစိုက္ၾကည့္ေနခဲ့တဲ့ မ်က္ဆံညိဳႀကီးေတြက တကယ္ပဲအသိဉာဏ္ရွိသည့္အလား ....
ရိေပၚဟာ သူငယ္ခ်င္း အသစ္ေလးတစ္ဦး ကံေကာင္းေထာက္မစြာ ရရွိခဲ့ေလရဲ႕။

ေနာက္ေန႔ေတြမွာ သူသိရတာက ဒီျမင္းနက္ႀကီးရဲ႕ နာမည္က ဖင္းေကာ္ ျဖစ္ၿပီး အရွင့္သားရဲ႕ စီးေတာ္ျမင္းႀကီးလဲျဖစ္တယ္။

ဖင္းေကာ္ဟာ ညဘက္တိုင္းမွာ သူဝင္လာတိုင္း နားရြက္ေလးေတြလႈပ္လို႔ ဆီးႀကိဳေလ့ရွိၿပီး သူ႔ကိုယ္ႀကီးကိုေခြကာ ရိေပၚကိုေထြးေပြ႕ေလ့ရွိတယ္။

ဖင္းေကာ္ကိုဖက္တြယ္လို႔ အိပ္စက္ရတဲ့အခါ ရိေပၚရဲ႕ အိပ္မေပ်ာ္တဲ့ ညခင္းေတြ ကုန္လြန္ခဲ့တယ္။

အခုေတာ့ အင္း အရွင့္သားရဲ႕ေမးခြန္းကို ဘယ္လိုမ်ားေျဖရပါ့မလဲ။

အရွင့္သားရဲ႕ မ်က္လံုးထဲမွာ ရိေပၚဟာအစကတည္းက ေပ်ာ့တီးေပ်ာ့ဖတ္ အသံုးမက်တဲ့လူတစ္ေယာက္....
အခုမ်ား သူဟာ တစ္ေယာက္တည္းမအိပ္ရဲလို႔ ဖင္းေကာ္နဲ႔လာအိပ္ေနတာမ်ားသိရင္ျဖင့္

'မင္း ဖင္းေကာ္ကိုဘာလုပ္ထားေသးလဲ'

ဒါ ဘယ္လိုေမးခြန္းႀကီးပါလိမ့္
ရိေပၚကဖင္းေကာ္ကိုဘာလုပ္ထားရမွာတဲ့လဲ။

'ဘာ-ဘာမွမလုပ္ထားပါဘူး အရွင့္သား'

'ဒါဆို ဘယ္လိုျဖစ္လို႔-'

ေျပာလက္စ စကားကိုျဖတ္လို႔ သူ႔ကိုတလွည့္ ဖင္းေကာ္ကိုတလွည့္ ၾကည့္ေနတဲ့ အရွင့္သားဟာ တစ္စံုတစ္ခုကို နက္နက္နဲနဲ စဥ္းစားေနဟန္။
ဘာေတြကမ်ား အရွင့္သားကို ဒီေလာက္ေတာင္ အေတြးမ်ားေစတာပါလိမ့္။

'ဖင္းေကာ္ကေကာ မင္းကိုဘာလုပ္ေသးလဲ'

အို ဖင္းေကာ္လို ယဥ္ေက်းသိမ္ေမြ႕လွတဲ့ ျမင္းႀကီးက သူ႔ကိုဘာလုပ္မွာတဲ့လဲ။

'ဘာမွမလုပ္ပါဘူး အရွင့္သား'

'မင္းကို ျမင္းထိန္းက ဘာမွမေျပာဘူးလား'

ရိေပၚက ဟင္းခ်က္တဲ့ေနရာ နဲ႔ သန္႔ရွင္းေရးလုပ္တဲ့ေနရာ ေတြမွာပဲ တာဝန္ေပးထားျခင္းခံရတာမလို႔ ျမင္းထိန္းနဲ႔ မယ္မယ္ရရစကားေျပာစရာလည္းရွိမွမရွိခဲ့တာ။
အရွင့္သားက သူ ဒီျမင္းေဇာင္းထဲဝင္တာကို မႀကိဳက္တာမ်ားလား။

'မင္းက ေမးခြန္းေမးရင္ တန္းမေျဖတတ္တာလား နားလဲေလးတဲ့ပံုေတာ့မေပၚပါဘူး'

'မ-မဟုတ္ပါဘူး အရွင့္သား ဘာမွမေျပာထားပါဘူး ကြ်န္ေတာ္မ်ိဳးကို'

သက္ျပင္းခပ္သာသာခ်လို႔ လွည့္ထြက္သြားတဲ့ အရွင့္သားရဲ႕ပံုက စိတ္ဆိုးသြားဟန္ေတာ့မတူ။

သူ႔ကို ဒီျမင္းေဇာင္းထဲမေနရဘူးလို႔မွ တိုက္႐ိုက္မေျပာသြားပဲ။
သူဆက္ေနလို႔ရတယ္လို႔ပဲ ယူဆရမွာ မဟုတ္လား.....။

ရႉး ခနဲ ေလေအးက လည္ဂုတ္ေပၚကို ေရာက္လာေတာ့မွ အလန္႔တၾကားလွည့္ၾကည့္မိေတာ့ တရားခံက ဖင္းေကာ္ပါ။
သူ႔လည္ပင္းနဲ႔ ေခါင္းၾကားကို ႏွာေခါင္းႀကီးအတင္းတိုးေနဟန္က ျပန္လာအိပ္ေတာ့လို႔ ေျပာေနသေယာင္.....။

ဘာကိစၥကို ဘယ္လိုေကာက္ယူရမယ္မွန္းမသိေပမယ့္ အနည္းဆံုးေတာ့ ဒီတစ္ညေတာ့ ဖင္းေကာ္ရဲ႕ အေႏြးဓာတ္နဲ႔ပဲ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ အိပ္လိုက္ပါဦးမည္။

▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️

အေနာက္ေတာင္ပိုင္း ယြင္နန္ နယ္ေျမဘက္မွာ သူပုန္ေတြ ျပန္ေသာင္းက်န္းလာျပန္ၿပီမလို႔ စစ္ကူပို႔ေပးရန္ စစ္သူႀကီးလီထံမွ အကူအညီေတာင္းခံသည့္ စာခြ်န္လႊာ ဟာ သည္ညေနမွာပဲ သူ႔ဆီေရာက္လာတယ္။

ဝမ္က်ိဳးခ်န္ရယ္၊ တပ္မွဴးဖူရယ္ကို ေခၚလို႔ စာခြ်န္လႊာအေၾကာင္း တိုင္ပင္ေနစဥ္မွာပဲ အျပင္က အသံက႐ုတ္႐ုတ္သဲသဲ.....

'က်ိဳးခ်န္ သြားၾကည့္စမ္း ဘာျဖစ္တာလဲဆိုတာ'

ထြက္သြားၿပီး သိပ္မၾကာခင္မွာပဲ အထဲဝင္ရန္ ခြင့္ေတာင္းသံနဲ႔အတူ ဝမ္က်ိဳးခ်န္နဲ႔အပါအဝင္ တပ္ခြဲမႉး စစ္မာရိရယ္ ဝမ္ရိေပၚရယ္က အလွ်ိဳလွ်ိဳဝင္လာၾကတယ္။

'ဘာေတြျဖစ္ေနၾကတာလဲ တ႐ုန္း႐ုန္းနဲ႔ ဒီမွာ အေရးႀကီးကိစၥတိုင္ပင္ေနၾကတာ မသိဘူးလား'

စစ္မာရိဟာ သူ႔ကို ဦးၫြတ္လို႔ အ႐ိုအေသျပဳရင္းက ေဘးမွာ ဒူးေထာက္ေနတဲ့ ဝမ္ရိေပၚကို လက္ၫွိုးၫႊန္လို႔ တိုင္ၾကားေတာ့တယ္။

'အရွင့္သားကိုေလွ်ာက္တင္ပါတယ္။ ဒီကြ်န္မ်ိဳး႐ိုးဟာ ကြ်န္ေတာ္မ်ိဳးခိုင္းတဲ့အလုပ္ကို မလုပ္တဲ့အျပင္ သူ႔ကိုအလုပ္ခိုင္းတဲ့ ကြ်န္ေတာ္မ်ိဳးကိုပါ ထိခိုက္ဒဏ္ရာျဖစ္ေအာင္လုပ္ပါတယ္။ အရွင့္သား လံုေလာက္တဲ့ အျပစ္ဒဏ္ခ်မွတ္ေပးပါ'

ေစ့ေစ့ၾကည့္လိုက္ေတာ့မွ စစ္မာရိ ရဲ႕မ်က္ႏွာမွာ ျခစ္ရာတစ္ခုနဲ႔အတူ ဆံပင္နဲ႔ဖံုးေနတဲ့ နဖူးထက္မွာလည္း ေသြးစို႔ေနတဲ့ဒဏ္ရာေနာက္တစ္ခု။

'ဝမ္ရိေပၚ တပ္ခြဲမႉးေျပာတာဟုတ္သလား'

'အရွင့္သား ကြ်န္ေတာ္မ်ိဳးရွင္းျပ-'

'အရွင့္သားကမင္းကိုဟုတ္လားမဟုတ္လားပဲ ေမးေနတာေလ'

'ဟုတ္ပါတယ္'

ခက္ေခ်ေရာ့မယ္။
ဒီေကာင္ေလးက တကယ္ကိုပဲ ျပႆနာနဲ႔ကို ကင္းကင္းရွင္းရွင္းမေနႏိုင္တာလား။
စစ္မာရိဆိုတာ တကယ္ကို အစဥ္အလာႀကီးမားတဲ့ စစ္မာ မိသားစုက ဆင္းသက္လာတဲ့ သူတစ္ေယာက္၊ ေရွာင္းက်န္႔အေပၚယံုၾကည္ သစၥာရွိလြန္းလို႔ တျခားတပ္ကိုေျပာင္းဖို႔မေတာင္းဆိုပဲ သူ႔အေနာက္သစၥာခံလို႔လိုက္ခဲ့တဲ့သူ။

ကြ်န္တစ္ေယာက္က ဒီလိုလူကို သြားလို႔ထိခိုက္တယ္ဆိုရင္ ဘယ္လိုအေၾကာင္းေၾကာင့္ပဲျဖစ္ျဖစ္ အျပစ္မေပးလို႔မရတဲ့အေနအထားမဟုတ္လား။

'ကြ်န္ တစ္ေယာက္က ကြ်န္ေတာ္မ်ိဳးကို အခုလို ကိုယ္ထိလက္ေရာက္ေစာ္ကားျခင္းကိုခံရတာ အလြန္ကိုခံျပင္းမိပါတယ္ အရွင့္သားမွ်မွ်တတ ဆံုးျဖတ္ေပးပါ'

အိပ္ေရးမဝ၍ ေခါင္းအံုရတဲ့အထဲမွာ ဒီလို က်ဥ္းထဲၾကပ္ထဲ ဆံုးျဖတ္ရတဲ့ကိစၥကို သူအမုန္းဆံုးပင္။

'ႀကိမ္ဒဏ္အခ်က္၃၀ ေလာက္ဆို သင့္ေတာ္မယ္ထင္ပါတယ္ အရွင့္သား'

သူဆံုးျဖတ္ရခက္ေနသည္ကို ရိပ္မိဟန္ အၾကံဝင္ေပးတဲ့ ဝမ္က်ိဳးခ်န္ကို ခပ္စူးစူးတစ္ခ်က္ၾကည့္လိုက္မိတယ္။
ပံုမွန္ဆို သည္အေရအတြက္ေလာက္က သင့္ေလ်ာ္ေသာ္လည္း သည္ေကာင္ေလးကေတာ့ျဖင့္ ခံႏိုင္ရည္ရွိမယ္မထင္.....
သူဘယ္ေလာက္ႏုသလဲ ေရွာင္းက်န္႔သာလွ်င္ အသိဆံုးကိုး။

'ႀကိမ္ဒဏ္အခ်က္၂၀'

'အရွင္-'

အထြန္႔တက္ရန္ျပင္ေနတဲ့ စစ္မာရိကို လက္ကာျပလိုက္သည္။

'ႀကိမ္ဒဏ္အခ်က္၂၀နဲ႔ သံုးရက္ ညစာမေကြ်းနဲ႔ သည္ေလာက္ဆိုမင္းေက်နပ္ၿပီမဟုတ္လား'

အျပည့္အဝေက်နပ္ပံုမေပၚသည့္တိုင္ သူ႔စကားကိုထပ္မံမလြန္ဆန္ရဲတာမလို႔ ေခါင္းၿငိမ့္လိုက္ရသည့္အလား စစ္မာရိက အ႐ိုအေသျပဳလို႔နာခံသည္။

'ေက်နပ္ပါတယ္ အရွင့္သား မွ်တစြာေဆာင္ရြက္ေပးလို႔ ေက်းဇူးႀကီးလွပါတယ္ အရွင့္သား'

ေခါင္းကိုတစ္ခ်က္မွေဖာ္မလာပဲ ဝပ္ဆင္းလို႔ အ႐ိုအေသျပဳေနတဲ့ ခႏၲာကိုယ္ငယ္ကေတာ့ လက္သီးကိုသာ ခပ္တင္းတင္းဆုပ္လို႔....။

▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️

အျပစ္ဒဏ္ကို ခ်မွတ္ၿပီးသည့္အခါ ေလးလံေနတဲ့ စိတ္ႏွလံုးတို႔က စစ္ေရးစစ္ရာကိုဆက္လို႔တိုင္ပင္ရန္ အဘယ္နည္းနဲ႔မွ မသင့္ေလ်ာ္ေတာ့ေပ။

'အရွင့္သား ဘယ္သြားမလို႔ပါလဲ'

တဲရဲ႕တံခါးရြက္ကိုလွပ္လို႔ ခပ္သြက္သြက္ေလွ်ာက္လွမ္းလာတဲ့ သူ႔ေျခလွမ္းေတြအေနာက္အေျပးလိုက္လာတာက ဝမ္က်ိဳးခ်န္။

'အရွင့္သား အျပစ္ေပးတာကို သြားတားမယ္ဆိုရင္ မသင့္ေလ်ာ္ပါဘူး'

'ဖယ္စမ္း ငါ့ေရွ႕ကေန'

အေရွ႕မွာပိတ္ရပ္လို႔ ကာဆီးေနတဲ့ဝမ္က်ိဳးခ်န္ကို ဆြဲဖယ္ရင္း ရဲမက္ေတြ စစ္ေရးေလ့က်င့္ရာေနရာဆီ ေလွ်ာက္လာမိတယ္။

'အရွင့္သား ကြ်န္တစ္ေယာက္ကို အေရးတယူလုပ္တာဟာ မသင့္ေလ်ာ္ပါဘူး ရဲမက္ေတြၾကား ေျပာစရာျဖစ္လာၿပီး အရွင့္အေပၚကို အထင္လြဲႏိုင္ပါတယ္'

ေျခလွမ္းတို႔ရပ္တန္႔သြားတဲ့ေနရာဟာ ေလ့က်င့္ကြင္းနဲ႔ မလွမ္းမကမ္း။
မျမင္ရသည့္တိုင္ ၾကားေနရတဲ့ ေကာင္ေလးရဲ႕ ငိုသံစြက္တဲ့ေအာ္သံေတြဟာ သူ႔စိတ္ကို တမ်ိဳးတမည္ျဖစ္ေစတယ္။
ဘာေၾကာင့္မ်ား ရင္ဘတ္ထဲ စူးစူးေအာင့္ေအာင့္နာက်င္ေနရတာပါလိမ့္....။

'ကြ်န္ေတာ္မ်ိဳး ၿပီးရင္ လိမ္းေဆးကို အေစခံတစ္ေယာက္နဲ႔ ေပးခိုင္းလိုက္ပါ့မယ္ အရွင့္သား စိတ္မပူပါနဲ႔'

မပူပါဘူး။
သူစိတ္မပူပါဘူး။
သူကဘာလို႔စိတ္ပူရမွာလဲ.....။

▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️
Note - တကယ္ေတာ့ဇာတ္လိုက္က ဖင္းေကာ္ပါ 😜
၃ပိုင္းနဲ႔ ၿပီးမယ္လို႔ေျပာခဲ့တယ္ေနာ္။ မၿပီးပါဘူးရွင္ 😅

Unicode

'တောင်းပန်ပါတယ် ချမ်းသာပေးပါ ကျွန်တော်မျိုးမတို့က သက်ကြီးရွယ်အိုတွေပါ'

'ကလေးကိုတော့ လွှတ်ပေးပါ တောင်းပန်ပါတယ် မလုပ်ပါနဲ့'

'မလုပ်ပါနဲ့!!!'

'နင်တို့ လူ့တိရစ္ဆာန်တွေ နင်တို့ကိုမိုးနတ်မင်းကြီးက အပြစ်ပေးလိမ့်မယ်'

'သူတပါးရဲ့ စည်းစိမ်တွေနဲ့ ကောင်းစားနေတဲ့နင်တို့တွေ အသေဆိုးနဲ့သေလိမ့်မယ်'

'မဟုတ်ဖူး'

အလန့်တကြားထထိုင်လိုက်မိချိန်မှာ တကိုယ်လုံးချွေးတွေကိုရွှဲလို့......။
အိပ်မက်ပဲ အိပ်မက်မက်နေတာပဲ

အမှောင်အတိဖုံးနေတဲ့ တဲရဲ့အတွင်းပိုင်းဟာ ရံဖန်ရံခါတိုးဝင်လာတဲ့ သန်းခေါင်ယံလေနဲ့အတူ အေးစက်လို့နေတယ်။
မီးလင်းဖိုက မီးငြိမ်းသွားတာ အတော်ကိုကြာပြီထင်ရဲ့...

ချွေးစိုနေတဲ့ ညအိပ်ဝတ်ရုံက အအေးဓာတ်ကိုပိုကဲစေနေတာမလို့ ခပ်သွက်သွက်လေး ချွတ်ချလိုက်ရင်း အဝတ်သန့်တစ်စုံကိုထုတ်ကာ အမြန်ဝတ်ဆင်လိုက်ရသည်။
အပေါ်ခြုံအမွှေးပွ ဝတ်ရုံရှည်ကို လွှားတင်လိုက်ရင်း ခြေလှမ်းတို့က သူ့ရဲ့ခြေလေးချောင်းမိတ်ဆွေကြီးရှိရာကို ဦးတည်လိုက်သည်။

အိပ်မက်ဆိုးတွေခြောက်လှန့်တိုင်းမှာ သူ့ကိုစိတ်တည်ငြိမ်မှုရစေတာဆိုလို့ ဖင်းကော်ပဲရှိတာမလို့ ညဘက်ကြီးလည်း ဖင်းကော်ဆီကိုသွားလို့ နားပူရဦးမည်။

ဖင်းကော်ဟာ ဒီမြေကမ႓ာလောကကြီးမှာ မယ်မယ်ပြီးလျှင်သူ့ကို နားအလည်ပေးနိုင်ဆုံး သက်ရှိပဲ ဖြစ်ပါလိမ့်မည်။
ဖင်းကော်ကိုယ်တိုင် သူ့ကိုရွေးချယ်ခဲ့တာမလို့ သူတို့နှစ်ဦးအကြားမှာ ထူးခြားတဲ့ ဆက်နွယ်မှုလည်းရှိသည်ဟု ရှောင်းကျန့်က မုချ ယုံကြည်ထားလေသည်။

ခပ်မှိန်မှိန်လရောင်က မြေပြင်အနှံ့ကို ဖြာကျလို့ အလင်းပေးနေသည့်တိုင် မီးတိုင်တစ်တိုင်ကိုမီးညှိလို့ ကိုင်လာခဲ့သည်။

ညသန်းခေါင်မလို့ မြွေပါး ကင်းပါး အန္တရာယ်ကရှိသေးသည်လေ။

မြင်းဇောင်းက စခန်းရဲ့ တောင်ဘက်အစွန်မှာရှိတာဖြစ်ပြီး အမိုးအကာရှိတဲ့ ဇောင်းအတွင်းမှာ နေခွင့်ရှိတာက ဖင်းကော်ရယ်၊ ကျိုးချန်ရဲ့မြင်းရယ်၊ တပ်ခွဲမှူးအချို့ရဲ့ မြင်းများသာဖြစ်တယ်။

မီးတုတ်ကို ဒေါင့်မှာတင်လိုက်ရင်း ခါးပိုက်ထဲထည့်လာတဲ့ ပန်းသီးကိုထုတ်လိုက်တယ်။

'ဖင်းကော်'

ပုံမှန်ဆို သူ့အသံကြားတာနဲ့ ထလာတတ်တဲ့ ဖင်းကော်ဟာ ယနေ့တော့မဟုတ်၊ ခွေမြဲအတိုင်းခွေလျက်ရှိတာမလို့ မီးတုတ်ကိုပြန်ယူ၍ အသေအချာ ကြည့်လိုက်တော့ မြင်လိုက်ရတဲ့ မြင်ကွင်းကြောင့် တုတ်ပင်လွတ်ကျမတတ်အံ့သြသွားရတယ်။

မိုးနတ်မင်းကြီးရေ.....
ဒါဟာ ဘယ်လိုတောင်ထူးဆန်းအံ့သြဖွယ်ကောင်းတဲ့ မြင်ကွင်းကြီးလဲ။

အပုံလိုက်ကြီးခွေလို့အိပ်နေတဲ့ ဖင်းကော်ရဲ့ လည်ဆံမွှေးတွေကြားမှာ ဖင်းကော်ရဲ့ ကိုယ်ကြီးကိုမှီလို့ လည်တိုင်ရှည်ကိုဖက်လျက်သားနဲ့ အိပ်ပျော်နေတာ ဒီအဆင်း ဒီအသားအရည် ဒီဆံနွယ်ရှည်တွေဟာ ဝမ်ရိပေါ်ဆိုတဲ့ ကောင်လေးကလွဲလို့ ဘယ်သူဖြစ်ဦးမှာတဲ့လဲ။

မျက်လုံးပေကလပ် ပေကလပ်လုပ်လာတဲ့ ဖင်းကော်ဟာ သူ့ခေါ်သံကြောင့်နိုးလာဟန်ရှိပေမယ့် ထမယ့်အရိပ်အယောင်မပြ ခွေမြဲတိုင်းခွေလို့နေတယ်။ ကောင်လေး အိပ်နေတာကို အနှောင့်အယှက်ဖြစ်မှာ စိုးသည့်အလား.....

'ဝမ်ရိပေါ် ဟေ့ ဝမ်ရိပေါ် ထစမ်း'

သူ့အားဟန့်တားသယောင် သိသိသာသာနှာမှုတ်နေတဲ့ ဖင်းကော်ကို မသိချင်ယောင်ဆောင်လို့ ဝမ်ရိပေါ်ကို လှမ်းခေါ်နေမိတယ်။
ဒီအခြေအနေကို ဘယ်လိုရောက်လာသလဲ သူသိရမှ ဖြစ်ပါလိမ့်မည်။

'ဝမ်ရိပေါ်'

'ဟင် ဘာလဲ ဖင်းကော် ဘာဖြစ်လို့လဲ'

အိပ်မှုံစုတ်ဖွား ခေါင်းထောင်လာတဲ့ ဝမ်ရိပေါ်ဟာသူ့ကိုအမြင်မှာ ပြာပြာသလဲ ဒူးထောက်လို့ ကိုယ်ကိုဝပ်ပြီး အရိုအသေပေးတယ်။

'အရှင့်သား'

'မင်း ဘယ်လိုဖြစ်လို့ ဒီကိုရောက်နေရတာလဲ'

အင်း အခက်တော့ တွေ့ပြီ။

အမှန်တော့ ရိပေါ်ဟာ အမှောင်ကိုကြောက်တတ်သူ၊ ညဘက်တွေမှာ တစ်ယောက်တည်းမအိပ်တတ်တာကြောင့် အရင်တုန်းက အမြဲဖန်ရှင်းကို အခန်းထဲခေါ်လို့အိပ်နေကြ၊ ကျွန်အဖြစ်အဖမ်းခံရတော့လည်း တစ်ယောက်တည်းညအိပ်ရတဲ့ အခြေအနေမျိုးရှိမှမရှိပဲလေ။

အခုလည်းကျရော သူ့အတွက်ဆိုပြီး ပေးထားတဲ့ကျောချစရာနေရာက မြင်းဇောင်းအနားက တဲငယ်စုတ်လေးတစ်ခု။
မြင်းဇောင်းနေရာက ပုံမှန် ရဲမက်အများရှိရာနေရာနဲ့ အတန်ငယ်လှမ်းတဲ့အပြင်ကို အမှောင်ဓာတ်က လွန်ကဲလွန်းလှသည်။
ဒါ့ကြောင့်ပဲ ရိပေါ်က တစ်ညမှာ ဒီအမိုးအကာရှိတဲ့ မြင်းဇောင်းထဲဝင်လို့အကြောက်ပြေလိုပြေညား ရောက်တတ်ရာရာစကားတွေပြောနေခဲ့တာ.....
ဖေဖေနဲ့ မေမေတို့ကို သတိရတဲ့အကြောင်းတွေရယ်
ရိပေါ်ရဲ့ စီးနေကျမြင်းဖြူလေး ဟွားဟွားရဲ့အကြောင်းရယ်
အစုံအစုံပါပဲ

ဒီနေရာမှာ သူပြောမယ့်စကားတွေကို နားထောင်ပေးတာဆိုလို့ ဒီစကားမပြောနိုင်တဲ့ မြင်းကြီးတွေပဲရှိတာကိုးလေ။

သူပြောနေချိန်မှာပဲ ဒီမြင်းအနက်ရောင်ကြီးက သူ့ခေါင်းကြီးကိုတိုးလို့ ရိပေါ်ရဲ့ပခုံးပေါ်ကိုလာတင်တယ်။
တကယ်ပဲ သူပြောနေတာတွေကို နားလည်ပြီး သူ့အားနှစ်သိမ့်ပေးသည့်အလား....
သူ့ကိုစိုက်ကြည့်နေခဲ့တဲ့ မျက်ဆံညိုကြီးတွေက တကယ်ပဲအသိဉာဏ်ရှိသည့်အလား ....
ရိပေါ်ဟာ သူငယ်ချင်း အသစ်လေးတစ်ဦး ကံကောင်းထောက်မစွာ ရရှိခဲ့လေရဲ့။

နောက်နေ့တွေမှာ သူသိရတာက ဒီမြင်းနက်ကြီးရဲ့ နာမည်က ဖင်းကော် ဖြစ်ပြီး အရှင့်သားရဲ့ စီးတော်မြင်းကြီးလဲဖြစ်တယ်။

ဖင်းကော်ဟာ ညဘက်တိုင်းမှာ သူဝင်လာတိုင်း နားရွက်လေးတွေလှုပ်လို့ ဆီးကြိုလေ့ရှိပြီး သူ့ကိုယ်ကြီးကိုခွေကာ ရိပေါ်ကိုထွေးပွေ့လေ့ရှိတယ်။

ဖင်းကော်ကိုဖက်တွယ်လို့ အိပ်စက်ရတဲ့အခါ ရိပေါ်ရဲ့ အိပ်မပျော်တဲ့ ညခင်းတွေ ကုန်လွန်ခဲ့တယ်။

အခုတော့ အင်း အရှင့်သားရဲ့မေးခွန်းကို ဘယ်လိုများဖြေရပါ့မလဲ။

အရှင့်သားရဲ့ မျက်လုံးထဲမှာ ရိပေါ်ဟာအစကတည်းက ပျော့တီးပျော့ဖတ် အသုံးမကျတဲ့လူတစ်ယောက်....
အခုများ သူဟာ တစ်ယောက်တည်းမအိပ်ရဲလို့ ဖင်းကော်နဲ့လာအိပ်နေတာများသိရင်ဖြင့်

'မင်း ဖင်းကော်ကိုဘာလုပ်ထားသေးလဲ'

ဒါ ဘယ်လိုမေးခွန်းကြီးပါလိမ့်
ရိပေါ်ကဖင်းကော်ကိုဘာလုပ်ထားရမှာတဲ့လဲ။

'ဘာ-ဘာမှမလုပ်ထားပါဘူး အရှင့်သား'

'ဒါဆို ဘယ်လိုဖြစ်လို့-'

ပြောလက်စ စကားကိုဖြတ်လို့ သူ့ကိုတလှည့် ဖင်းကော်ကိုတလှည့် ကြည့်နေတဲ့ အရှင့်သားဟာ တစ်စုံတစ်ခုကို နက်နက်နဲနဲ စဉ်းစားနေဟန်။
ဘာတွေကများ အရှင့်သားကို ဒီလောက်တောင် အတွေးများစေတာပါလိမ့်။

'ဖင်းကော်ကကော မင်းကိုဘာလုပ်သေးလဲ'

အို ဖင်းကော်လို ယဉ်ကျေးသိမ်မွေ့လှတဲ့ မြင်းကြီးက သူ့ကိုဘာလုပ်မှာတဲ့လဲ။

'ဘာမှမလုပ်ပါဘူး အရှင့်သား'

'မင်းကို မြင်းထိန်းက ဘာမှမပြောဘူးလား'

ရိပေါ်က ဟင်းချက်တဲ့နေရာ နဲ့ သန့်ရှင်းရေးလုပ်တဲ့နေရာ တွေမှာပဲ တာဝန်ပေးထားခြင်းခံရတာမလို့ မြင်းထိန်းနဲ့ မယ်မယ်ရရစကားပြောစရာလည်းရှိမှမရှိခဲ့တာ။
အရှင့်သားက သူ ဒီမြင်းဇောင်းထဲဝင်တာကို မကြိုက်တာများလား။

'မင်းက မေးခွန်းမေးရင် တန်းမဖြေတတ်တာလား နားလဲလေးတဲ့ပုံတော့မပေါ်ပါဘူး'

'မ-မဟုတ်ပါဘူး အရှင့်သား ဘာမှမပြောထားပါဘူး ကျွန်တော်မျိုးကို'

သက်ပြင်းခပ်သာသာချလို့ လှည့်ထွက်သွားတဲ့ အရှင့်သားရဲ့ပုံက စိတ်ဆိုးသွားဟန်တော့မတူ။

သူ့ကို ဒီမြင်းဇောင်းထဲမနေရဘူးလို့မှ တိုက်ရိုက်မပြောသွားပဲ။
သူဆက်နေလို့ရတယ်လို့ပဲ ယူဆရမှာ မဟုတ်လား.....။

ရှူး ခနဲ လေအေးက လည်ဂုတ်ပေါ်ကို ရောက်လာတော့မှ အလန့်တကြားလှည့်ကြည့်မိတော့ တရားခံက ဖင်းကော်ပါ။
သူ့လည်ပင်းနဲ့ ခေါင်းကြားကို နှာခေါင်းကြီးအတင်းတိုးနေဟန်က ပြန်လာအိပ်တော့လို့ ပြောနေသယောင်.....။

ဘာကိစ္စကို ဘယ်လိုကောက်ယူရမယ်မှန်းမသိပေမယ့် အနည်းဆုံးတော့ ဒီတစ်ညတော့ ဖင်းကော်ရဲ့ အနွေးဓာတ်နဲ့ပဲ နှစ်နှစ်ခြိုက်ခြိုက် အိပ်လိုက်ပါဦးမည်။

▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️

အနောက်တောင်ပိုင်း ယွင်နန် နယ်မြေဘက်မှာ သူပုန်တွေ ပြန်သောင်းကျန်းလာပြန်ပြီမလို့ စစ်ကူပို့ပေးရန် စစ်သူကြီးလီထံမှ အကူအညီတောင်းခံသည့် စာချွန်လွှာ ဟာ သည်ညနေမှာပဲ သူ့ဆီရောက်လာတယ်။

ဝမ်ကျိုးချန်ရယ်၊ တပ်မှူးဖူရယ်ကို ခေါ်လို့ စာချွန်လွှာအကြောင်း တိုင်ပင်နေစဉ်မှာပဲ အပြင်က အသံကရုတ်ရုတ်သဲသဲ.....

'ကျိုးချန် သွားကြည့်စမ်း ဘာဖြစ်တာလဲဆိုတာ'

ထွက်သွားပြီး သိပ်မကြာခင်မှာပဲ အထဲဝင်ရန် ခွင့်တောင်းသံနဲ့အတူ ဝမ်ကျိုးချန်နဲ့အပါအဝင် တပ်ခွဲမှူး စစ်မာရိရယ် ဝမ်ရိပေါ်ရယ်က အလျှိုလျှိုဝင်လာကြတယ်။

'ဘာတွေဖြစ်နေကြတာလဲ တရုန်းရုန်းနဲ့ ဒီမှာ အရေးကြီးကိစ္စတိုင်ပင်နေကြတာ မသိဘူးလား'

စစ်မာရိဟာ သူ့ကို ဦးညွတ်လို့ အရိုအသေပြုရင်းက ဘေးမှာ ဒူးထောက်နေတဲ့ ဝမ်ရိပေါ်ကို လက်ညှိုးညွှန်လို့ တိုင်ကြားတော့တယ်။

'အရှင့်သားကိုလျှောက်တင်ပါတယ်။ ဒီကျွန်မျိုးရိုးဟာ ကျွန်တော်မျိုးခိုင်းတဲ့အလုပ်ကို မလုပ်တဲ့အပြင် သူ့ကိုအလုပ်ခိုင်းတဲ့ ကျွန်တော်မျိုးကိုပါ ထိခိုက်ဒဏ်ရာဖြစ်အောင်လုပ်ပါတယ်။ အရှင့်သား လုံလောက်တဲ့ အပြစ်ဒဏ်ချမှတ်ပေးပါ'

စေ့စေ့ကြည့်လိုက်တော့မှ စစ်မာရိ ရဲ့မျက်နှာမှာ ခြစ်ရာတစ်ခုနဲ့အတူ ဆံပင်နဲ့ဖုံးနေတဲ့ နဖူးထက်မှာလည်း သွေးစို့နေတဲ့ဒဏ်ရာနောက်တစ်ခု။

'ဝမ်ရိပေါ် တပ်ခွဲမှူးပြောတာဟုတ်သလား'

'အရှင့်သား ကျွန်တော်မျိုးရှင်းပြ-'

'အရှင့်သားကမင်းကိုဟုတ်လားမဟုတ်လားပဲ မေးနေတာလေ'

'ဟုတ်ပါတယ်'

ခက်ချေရော့မယ်။
ဒီကောင်လေးက တကယ်ကိုပဲ ပြဿနာနဲ့ကို ကင်းကင်းရှင်းရှင်းမနေနိုင်တာလား။
စစ်မာရိဆိုတာ တကယ်ကို အစဉ်အလာကြီးမားတဲ့ စစ်မာ မိသားစုက ဆင်းသက်လာတဲ့ သူတစ်ယောက်၊ ရှောင်းကျန့်အပေါ်ယုံကြည် သစ္စာရှိလွန်းလို့ တခြားတပ်ကိုပြောင်းဖို့မတောင်းဆိုပဲ သူ့အနောက်သစ္စာခံလို့လိုက်ခဲ့တဲ့သူ။

ကျွန်တစ်ယောက်က ဒီလိုလူကို သွားလို့ထိခိုက်တယ်ဆိုရင် ဘယ်လိုအကြောင်းကြောင့်ပဲဖြစ်ဖြစ် အပြစ်မပေးလို့မရတဲ့အနေအထားမဟုတ်လား။

'ကျွန် တစ်ယောက်က ကျွန်တော်မျိုးကို အခုလို ကိုယ်ထိလက်ရောက်စော်ကားခြင်းကိုခံရတာ အလွန်ကိုခံပြင်းမိပါတယ် အရှင့်သားမျှမျှတတ ဆုံးဖြတ်ပေးပါ'

အိပ်ရေးမဝ၍ ခေါင်းအုံရတဲ့အထဲမှာ ဒီလို ကျဉ်းထဲကြပ်ထဲ ဆုံးဖြတ်ရတဲ့ကိစ္စကို သူအမုန်းဆုံးပင်။

'ကြိမ်ဒဏ်အချက်၃၀ လောက်ဆို သင့်တော်မယ်ထင်ပါတယ် အရှင့်သား'

သူဆုံးဖြတ်ရခက်နေသည်ကို ရိပ်မိဟန် အကြံဝင်ပေးတဲ့ ဝမ်ကျိုးချန်ကို ခပ်စူးစူးတစ်ချက်ကြည့်လိုက်မိတယ်။
ပုံမှန်ဆို သည်အရေအတွက်လောက်က သင့်လျော်သော်လည်း သည်ကောင်လေးကတော့ဖြင့် ခံနိုင်ရည်ရှိမယ်မထင်.....
သူဘယ်လောက်နုသလဲ ရှောင်းကျန့်သာလျှင် အသိဆုံးကိုး။

'ကြိမ်ဒဏ်အချက်၂၀'

'အရှင်-'

အထွန့်တက်ရန်ပြင်နေတဲ့ စစ်မာရိကို လက်ကာပြလိုက်သည်။

'ကြိမ်ဒဏ်အချက်၂၀နဲ့ သုံးရက် ညစာမကျွေးနဲ့ သည်လောက်ဆိုမင်းကျေနပ်ပြီမဟုတ်လား'

အပြည့်အဝကျေနပ်ပုံမပေါ်သည့်တိုင် သူ့စကားကိုထပ်မံမလွန်ဆန်ရဲတာမလို့ ခေါင်းငြိမ့်လိုက်ရသည့်အလား စစ်မာရိက အရိုအသေပြုလို့နာခံသည်။

'ကျေနပ်ပါတယ် အရှင့်သား မျှတစွာဆောင်ရွက်ပေးလို့ ကျေးဇူးကြီးလှပါတယ် အရှင့်သား'

ခေါင်းကိုတစ်ချက်မှဖော်မလာပဲ ဝပ်ဆင်းလို့ အရိုအသေပြုနေတဲ့ ခန္တာကိုယ်ငယ်ကတော့ လက်သီးကိုသာ ခပ်တင်းတင်းဆုပ်လို့....။

▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️

အပြစ်ဒဏ်ကို ချမှတ်ပြီးသည့်အခါ လေးလံနေတဲ့ စိတ်နှလုံးတို့က စစ်ရေးစစ်ရာကိုဆက်လို့တိုင်ပင်ရန် အဘယ်နည်းနဲ့မှ မသင့်လျော်တော့ပေ။

'အရှင့်သား ဘယ်သွားမလို့ပါလဲ'

တဲရဲ့တံခါးရွက်ကိုလှပ်လို့ ခပ်သွက်သွက်လျှောက်လှမ်းလာတဲ့ သူ့ခြေလှမ်းတွေအနောက်အပြေးလိုက်လာတာက ဝမ်ကျိုးချန်။

'အရှင့်သား အပြစ်ပေးတာကို သွားတားမယ်ဆိုရင် မသင့်လျော်ပါဘူး'

'ဖယ်စမ်း ငါ့ရှေ့ကနေ'

အရှေ့မှာပိတ်ရပ်လို့ ကာဆီးနေတဲ့ဝမ်ကျိုးချန်ကို ဆွဲဖယ်ရင်း ရဲမက်တွေ စစ်ရေးလေ့ကျင့်ရာနေရာဆီ လျှောက်လာမိတယ်။

'အရှင့်သား ကျွန်တစ်ယောက်ကို အရေးတယူလုပ်တာဟာ မသင့်လျော်ပါဘူး ရဲမက်တွေကြား ပြောစရာဖြစ်လာပြီး အရှင့်အပေါ်ကို အထင်လွဲနိုင်ပါတယ်'

ခြေလှမ်းတို့ရပ်တန့်သွားတဲ့နေရာဟာ လေ့ကျင့်ကွင်းနဲ့ မလှမ်းမကမ်း။
မမြင်ရသည့်တိုင် ကြားနေရတဲ့ ကောင်လေးရဲ့ ငိုသံစွက်တဲ့အော်သံတွေဟာ သူ့စိတ်ကို တမျိုးတမည်ဖြစ်စေတယ်။
ဘာကြောင့်များ ရင်ဘတ်ထဲ စူးစူးအောင့်အောင့်နာကျင်နေရတာပါလိမ့်....။

'ကျွန်တော်မျိုး ပြီးရင် လိမ်းဆေးကို အစေခံတစ်ယောက်နဲ့ ပေးခိုင်းလိုက်ပါ့မယ် အရှင့်သား စိတ်မပူပါနဲ့'

မပူပါဘူး။
သူစိတ်မပူပါဘူး။
သူကဘာလို့စိတ်ပူရမှာလဲ.....။

▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️
Note - တကယ်တော့ဇာတ်လိုက်က ဖင်းကော်ပါ 😜
၃ပိုင်းနဲ့ ပြီးမယ်လို့ပြောခဲ့တယ်နော်။ မပြီးပါဘူးရှင် 😅

Continue Reading

You'll Also Like

413K 19.7K 81
Kang y/n was always been the black sheep of the family. Overshadow by her extremely talented, gorgeous sister Roseanne . Who has the world revolve a...
216K 7.6K 98
Ahsoka Velaryon. Unlike her brothers Jacaerys, Lucaerys, and Joffery. Ahsoka was born with stark white hair that was incredibly thick and coarse, eye...
476K 14.5K 98
Theresa Murphy, singer-songwriter and rising film star, best friends with Conan Gray and Olivia Rodrigo. Charles Leclerc, Formula 1 driver for Ferrar...
122K 5.1K 52
❥❥❥ [BNHA x Fem!Reader] ❛❛𝔸𝕝𝕝 𝕥𝕙𝕖 𝕣𝕚𝕔𝕙𝕖𝕤 𝕓𝕒𝕓𝕪, 𝕎𝕠𝕟'𝕥 𝕞𝕖𝕒𝕟 𝕒𝕟𝕪𝕥𝕙𝕚𝕟𝕘, 𝔸𝕝𝕝 𝕥𝕙𝕖 𝕣𝕚𝕔𝕙𝕖𝕤 𝕓𝕒𝕓𝕪...