Silent Crying book(1) (Compl...

By Rockeain

265K 9.5K 345

ကျွန်တော့်ရဲ့ရှိုက်သံတွေကိုမုန်းတယ် အသံတိတ်နေခဲ့တဲ့ ရင်ခုန်သံကိုလည်းမုန်းတယ်..ခင်ဗျားကြီးကြောင့် ကျွန်တော့်ဘဝ... More

ep(1)💔
ep(3)💔
ep(4)💔
ep(5)💔
ep(6)💔
ep(7)💔
ep(8)💔
ep(9)💔
ep(10)💔
ep(11)💔
ep(12)💔
ep(13)💔
ep(14)💔🔞
ep(15)💔
ep(16)💔
ep(17)💔
ep(18)💔
ep(19)💔
ep(20)💔
ep(21)💔
ep(22)💔
ep(23)💔
ep(24)💔
ep(25)💔
ep(26)💔
ep(27)💔🔞
ep(28)💔
ep(29)💔
ep(30)💔
ep(31)🔞
ep(32)🔞
ep(33)💔
ep(34)💔
ep(35)💔
ep(36)💔
ep(37)🔞
ep(38)💔
ep(39)💔
ep(40)💔
ep(41)🔞
ep(42)💔
ep(43)💔
ep(44)💔
ep(45)💔
ep(46)💔
ep(47)💔
ep(48)final
extra 😁
book(2)par(1)
par(2)
par(3)
par(4)
par(5)
par(6)
par(7)

ep(2)💔

10.9K 423 1
By Rockeain

      ဘားမယ်နဲ့ ပျော်ပါးပြီး စစ်မဟာအိပ်စက်လိုက်တာ မနက်(10)နာရီ ပင်ထိုးခဲ့ပြီ...
      ရုတ်တရက်ဖုန်းမည်သံကြောင့် ဖုန်းကိုင်ကာ အဲ့တော့မှ ကုမဏ္ဏီမှာအစည်းအဝေးပွဲရှိတာ သတိရတော့တယ်။

   "ဟာကွာ..ငါအိပ်ရေးမဝသေးဘူး.."သူ့ဘေးက အိပ်စက်နေတဲ့ မိန်းကလေးကိုကြည့်ပြီး "baby ထတော့ ကိုယ်ပြန်ရတော့မယ်.."

  အိပ်ချင်မူးတူးနဲ့ သူမကလည်း "ကိုယ်ပြန်ရင်ပြန်နှင့်တော့ ချစ်အိပ်ရေးမဝသေးဘူး။
ညက သူအရမ်းဆိုးထားလို့ ကိုယ်လက်တွေအရမ်းနာနေတယ် လူဆိုးကြီးရဲ့။"
ငြူတူတူစကားသံကြောင့် စစ်မဟာ ခေါင်းရမ်းရင်း "ကိုယ်ပိုက်ဆံတင်ခဲ့တယ်နော်.."
   "Goodluck..baby.. goodbye မွ.."
သူမနဖူးပြင်ကိုအနမ်းဖွဖွပေးရင်း ကုမဏ္ဏီကို စစ်မဟာထွက်လာခဲ့တော့တယ်။

  နေပိုင်နဲ့ကျော်စွာရဲ့ ကြား အိပ်စက်နေရတဲ့ လွန်းတစ်ယောက်ကတော့ ခုထက်ထိမနိုးသေးပါ။ ညက အရက်နဲ့ဘီယာ ရောသောက်မိတဲ့အတွက် ခံနိုင်ရည်မရှိပဲ ချာချာလည်ခဲ့ရတဲ့ လွန်းအဖို့ သေချာတယ်
သူအိပ်ယာထက်ကထနိုင်မည်မဟုတ်။

  နေပိုင်နဲ့ကျော်စွာကတော့ အရင်နိုးနှင့်နေပြီး လွန်းကတော့ နေ့လယ်ထိမနိုးသေး။
ခေါင်းကြီးတစ်ခုလုံး မူးနောက်နေတဲ့အတွက် လွန်းနိုးနေပေမဲ့ ခေါင်းမထူနိုင်ရှာ။

   "လွန်းထတော့လေကွာ နေ့လယ်တောင်ကျော်နေပြီကွ..မင်းကို ပြောရအုံးမယ်။
ငါတို့နှစ်ယောက်ဒီနေ့ ပရောဂျက်ရှိလို့ ဆရာခေါ်ထားတယ်.၂နာရီ အရောက်ဆိုလို့
သွားတော့မယ် မင်းအဆင်ပြေရဲ့လား လွန်း။"

  "အင်း..ပြေတယ်..လူကတော့မပြေဘူး
ငါခေါင်းအရမ်းမူးပြီးမထူနိုင်ဘူး သူငယ်ချင်းရာ။"

  "စားပွဲပေါ်မှာ သံပုရာရည်တင်ထားခဲ့တယ်
လွန်းသောက်လိုက်အုံး ငါတို့သွားပြီနော်။"

"အင်း.."

စစ်မဟာ ကုမဏ္ဏီရောက်တော့ အစည်းအဝေးပွဲက လူစုံနေပြီ သူမရောက်သေးလို့ စောင့်နေခြင်းပါ။

"လူကြီးမင်းအားလုံးပဲ ကျွန်တော်တောင်းပန်ပါတယ် နည်းနည်းနောက်ကျသွားလို့ စိတ်မရှိပါနဲ့။"

"အားလုံးက ရှယ်ယာရှင်တွေဆိုတော့ အခုလုပ်ငန်းနဲ့ပက်သက်တဲ့ ပရောဂျက်တွေကို
အတွင်းရေးမှူးကဆက်ပြီးရှင်းလင်းပေးပါလိမ့်မယ်။ လိုအပ်ချက်ရှိတဲ့နေရာကို ဝေဖန်ထောက်ပြပေးလို့ရပါတယ် ကဲအစည်းဝေးပွဲ စလို့ရပါပြီ။"

   အတွင်းရေးမှူးမလေးက လက်ထဲက စာရွက်တချို့ကို ရှယ်ယာရှင်တွေလက်ထဲ
တစ်ရွက်ချင်းထည့်ပေးပြီး သူမကတော့
ပရောဂျက်အကြောင်းရှင်းလင်းတင်ပြပါတယ်။
   ကုန်စည်တွေနဲ့ပက်သက်ပြီ ဆောင်းကာလအထိ နိုင်ငံခြားကုန်စည်တွေကို showroom ပွဲတွေအဆက်မပျက်
လုပ်ပေးရန်နှင့် စျေးနှုန်းကိုလည်း discount ပေးရန် ညှိနှိုင်းစျေးနှုန်းတွေကို
ကုန်စည်တွေရဲ့ တန်ဖိုးအလိုက် စတဲ့အကြောင်းအရာတွေကို ဆွေးနွေးအပြီး
အားလုံးက သဘောတူလက်ခံပေးခဲ့ကြတယ်။
  ကုန်စည်တွေကတော့ us နဲ့ ဂျပန်
လျှပ်စစ်ပစ္စည်းနဲ့ လူသုံးကုန်စည်တွေသာ။

စစ်မဟာ အစည်းဝေးပွဲ ပြီးတာနဲ့ ရုံးခန်းထဲ
က ဆိုဖာပေါ် ခြေပစ်လက်ပစ် မှီထိုင်ရင်း
လက်ထဲကစီကရက်ကို ရှိုက်ဖွာနေခဲ့တယ်။

ပရောဂျက်ရဲ့ နောက်ထပ်ဖိုင်တွဲကိုစောင့်ရင်း စစ်မဟာခဏမှေးအိပ်မိသွားတယ်။

လွန်းဖုန်းမြည်သံကြောင့် နိုးလာမိပြန်တယ်
ကြည့်လိုက်ပြန်တော့ ဒယ်ဒီဆိုတဲ့နာမ်စား
လေးနဲ့အဝင် call...

"လွန်းခေတ်...တွဲဖက်ကုမဏ္ဏီကို ဖိုင်တွဲတွေ
ပို့ပေးရမှာ ဘာလုပ်နေတာလဲ ခုထိမလာသေးတာ။"

"အာ..ဒယ်ဒီ.. သားခုပဲလာပြီနော်..
မေ့သွားလို့ပါ..ဒယ်ဒီရာ..လာပြီ..လာပြီ.."

"ဒီကလေး အလုပ်ကို သေချာမလုပ်ဘူး
အမြဲ တလွဲတချော်နဲ့ချည်းပဲ ခုခေတ်ခလေးတွေ တကယ်ပြောရဆိုရ မကောင်းဘူး။"

"ကဲ..ကိုကျော်နိုင်..အမြဲသားကိုဆိုရင် အကောင်းမပြောဘူး ရှင်နော်..ဒီသားလေးတစ်ယောက်တည်းရှိတာကို အပြစ်ပဲမြင်နေတယ်။"

"အော်..မိန်းမရယ် သားကိုမင်းအလိုလိုက်ခဲ့လို့ စည်းကမ်းတွေတောင် လိုက်မနာတာ
ကဲကြည့် ညက အိမ်ပြန်မအိပ်ပြန်ဘူးလေ။"

"ဒါကိုကျ မင်းက ဖုံးကွယ်ထားပေးသေး။"

"ထားကတော့ သားနဲ့ပက်သက်ရင် အဲ့လိုမျိုးလုပ်တာ ဘာဖြစ်လို့လဲရှင်။"

လွန်းတစ်ယောက် အိပ်ယာအမြန်ထကာ
အမြန်ဆုံးနည်းနဲ့ ပန်းကန်လုံးစီးနေရပြီ
မဟုတ်ရင် ဒယ်ဒီရဲ့ဒေါသတွေ သူ့ပေါ်ပုံကျလာမှာစိုးတဲ့အတွက် အိမ်ကိုအမြန်ပြန်လာခဲ့တော့သည်။

  ရောက်ရောက်ခြင်း မီးတောက်နေတဲ့မျက်လုံးတွေနဲ့ လွန်းကို ကြည့်နေတဲ့
ဉီးကျော်နိုင်။
  "နာရီပြန်ကြည့်အုံး..လွန်းခေတ်."

"ဒယ်..ဒယ်ဒီ သား.. သား..လေ"

"စကားပလ္လင်ခံမနေနဲ့..သွားပို့စရာရှိတာသွားပို့..ငါဖုန်းဆက်အကြောင်းကြားထားလိုက်မယ် တွဲဖက်ရုံးကို။"

"ဟုတ်..ဒယ်ဒီ."
စားပွဲခုံပေါ်က ဖိုင်တွဲကို ယူပြီး ဘာလမ်းကရုံးခွဲကို ထွက်လာတော့တယ်။

ကားပေါ်ရောက်တာနဲ့ သက်ပျင်းချရင်း
'ဟူးးး..တော်ပါသေးရဲ့. ဒယ်ဒီ ငါ့ကိုအရေမဆုတ်တာ။'

စစ်မဟာ..စောင့်ရင်း အိပ်မောကျနေသည်မှာ တစ်နာရီမကတော့ပေ..အတွင်းရေးမှူး
မလေး လွန်းကိုလာပို့ပေးသည်အထိ မနိုးသေး။

  "ဆရာ..ဆရာ..ဧည့်သည်ရောက်နေတယ်
ဆရာ။"
  စစ်မဟာကိုနှိုးပေးပြီး အတွင်းရေးမှူးမလေးလည်း အခန်းပြင်ပြန်ထွက်လာတော့တယ်။

ရုံးခန်းထဲ စစ်မဟာနဲ့ လွန်းတို့ နှစ်ယောက်တည်းရှိတော့တယ်။

စစ်မဟာဘက်မှ.."ကဲ ဘယ်လိုဖြစ်ရတာလဲ
တွဲဖက်ကြီးရေ..စောင့်ရင်းတောင်အိပ်ပျော်ရတဲ့အထိပဲ။"

လွန်းကိုသေချာကြည့်မိတော့မှ 'ဟိုနေ့ညက
တိုက်မိခဲ့တဲ့ ကောင်လေးပါလား။'
စစ်မဟာ သေချာကြည့်မိမှ သတိရသွားတာမို့..

"လွန်းတောင်းပန်ပါတယ်.. ကားလမ်းတွေပိတ်နေလို့ နည်းနည်းနောက်ကျသွားတာပါ။"
အပြုံးလေးနဲ့ တောင်းပန်နေတဲ့ လွန်းကိုကြည့်ရင်း စစ်မဟာ ရင်ထဲငလျင်တစ်ခုအစပျိုးသွားတော့တယ်။
  'ဒီမျက်နှာလေး..အဲညကသေချာမမြင်လိုက်ရဘူး..ဒါပေမဲ့ လွန်းဆိုတဲ့နာမ်စားလေးကြောင့် သူမှတ်မိသွားရခြင်းပါ။'

နှုတ်ခမ်းသားလေးများရဲတွတ်နေပြီး ရယ်လိုက်ရင် သွားတတ်လေးနဲ့မို့ ဒီကောင်လေးကို သူရင်ခုန်နေမိပြီလေ။
'ဟာမဟုတ်သေးပါဘူး..သူကယောကျာ်းလေးတစ်ယောက် ငါကဘာလို့ ရင်ခုန်နေရပါလိမ့်။
မဖြစ်သေးပါဘူး ငါတော့..'

"နောက်တစ်ခါ ဒီလိုမျိုးထပ်မဖြစ်စေနဲ့။"

"ကျေးဇူးတင်ပါတယ် လူကြီးမင်း။"

"ဘယ်လို..ဘယ်လို..
လူကြီးမင်းဟုတ်လား.."

"အော်မှားလို့ ဆရာ.."

"ပြန်ခွင့်ပြုပါအုံးဆရာ သိချင်တဲ့အချက်တွေတော့ ဒယ်ဒီဆီသာ ဆက်သွယ်မေးမြန်းနိုင်ပါတယ်။"

"ဟာ ဒီငနဲလေး..ငါ့ကို မျက်နှာပြောင်သွားပြန်ပြီ။"

ပြောင်ချော်ချော် စနောက်လာပြီး ပြုံးစိပြုံးစိနဲ့ အခန်းပြင်ထွက်လာတဲ့ လွန်းကို အတွင်းရေးမှူးမလေးမှာတော့ ကြည့်ပြီး
ရယ်နေမိတယ်။
'ဘာတွေ သဘောကျလာပါလိမ့် ရယ်နေပုံက ပြုံးစိစိနဲ့ ဒီကောင်လေးတော့။'

🍁mp🍁Rockeain 🍁

.🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿

Zaygyi

ဘားမယ္နဲ႕ ေပ်ာ္ပါးၿပီး စစ္မဟာအိပ္စက္လိုက္တာ မနက္(10)နာရီ ပင္ထိုးခဲ့ၿပီ...
   ႐ုတ္တရက္ဖုန္းမည္သံေၾကာင့္ ဖုန္းကိုင္ကာ အဲ့ေတာ့မွ ကုမဏၰီမွာအစည္းအေဝးပြဲရွိတာ သတိရေတာ့တယ္။

"ဟာကြာ..ငါအိပ္ေရးမဝေသးဘူး.."သူ႕ေဘးက အိပ္စက္ေနတဲ့ မိန္းကေလးကိုၾကည့္ၿပီး "baby ထေတာ့ ကိုယ္ျပန္ရေတာ့မယ္.."

အိပ္ခ်င္မူးတူးနဲ႕ သူမကလည္း "ကိုယ္ျပန္ရင္ျပန္ႏွင့္ေတာ့ ခ်စ္အိပ္ေရးမဝေသးဘူး။
ညက သူအရမ္းဆိုးထားလို႔ ကိုယ္လက္ေတြအရမ္းနာေနတယ္ လူဆိုးႀကီးရဲ႕။"
ျငဴတူတူစကားသံေၾကာင့္ စစ္မဟာ ေခါင္းရမ္းရင္း "ကိုယ္ပိုက္ဆံတင္ခဲ့တယ္ေနာ္.."
"Goodluck..baby.. goodbye မြ.."
သူမနဖူးျပင္ကိုအနမ္းဖြဖြေပးရင္း ကုမဏၰီကို စစ္မဟာထြက္လာခဲ့ေတာ့တယ္။

ေနပိုင္နဲ႕ေက်ာ္စြာရဲ႕ ၾကား အိပ္စက္ေနရတဲ့ လြန္းတစ္ေယာက္ကေတာ့ ခုထက္ထိမနိုးေသးပါ။ ညက အရက္နဲ႕ဘီယာ ေရာေသာက္မိတဲ့အတြက္ ခံနိုင္ရည္မရွိပဲ ခ်ာခ်ာလည္ခဲ့ရတဲ့ လြန္းအဖို႔ ေသခ်ာတယ္
သူအိပ္ယာထက္ကထနိုင္မည္မဟုတ္။

ေနပိုင္နဲ႕ေက်ာ္စြာကေတာ့ အရင္နိုးႏွင့္ေနၿပီး လြန္းကေတာ့ ေန႕လယ္ထိမနိုးေသး။
ေခါင္းႀကီးတစ္ခုလုံး မူးေနာက္ေနတဲ့အတြက္ လြန္းနိုးေနေပမဲ့ ေခါင္းမထူနိုင္ရွာ။

"လြန္းထေတာ့ေလကြာ ေန႕လယ္ေတာင္ေက်ာ္ေနၿပီကြ..မင္းကို ေျပာရအုံးမယ္။
ငါတို႔ႏွစ္ေယာက္ဒီေန႕ ပေရာဂ်က္ရွိလို႔ ဆရာေခၚထားတယ္.၂နာရီ အေရာက္ဆိုလို႔
သြားေတာ့မယ္ မင္းအဆင္ေျပရဲ႕လား လြန္း။"

"အင္း..ေျပတယ္..လူကေတာ့မေျပဘူး
ငါေခါင္းအရမ္းမူးၿပီးမထူနိုင္ဘူး သူငယ္ခ်င္းရာ။"

"စားပြဲေပၚမွာ သံပုရာရည္တင္ထားခဲ့တယ္
လြန္းေသာက္လိုက္အုံး ငါတို႔သြားၿပီေနာ္။"

"အင္း.."

စစ္မဟာ ကုမဏၰီေရာက္ေတာ့ အစည္းအေဝးပြဲက လူစုံေနၿပီ သူမေရာက္ေသးလို႔ ေစာင့္ေနျခင္းပါ။

"လူႀကီးမင္းအားလုံးပဲ ကြၽန္ေတာ္ေတာင္းပန္ပါတယ္ နည္းနည္းေနာက္က်သြားလို႔ စိတ္မရွိပါနဲ႕။"

"အားလုံးက ရွယ္ယာရွင္ေတြဆိုေတာ့ အခုလုပ္ငန္းနဲ႕ပက္သက္တဲ့ ပေရာဂ်က္ေတြကို
အတြင္းေရးမႉးကဆက္ၿပီးရွင္းလင္းေပးပါလိမ့္မယ္။ လိုအပ္ခ်က္ရွိတဲ့ေနရာကို ေဝဖန္ေထာက္ျပေပးလို႔ရပါတယ္ ကဲအစည္းေဝးပြဲ စလို႔ရပါၿပီ။"

အတြင္းေရးမႉးမေလးက လက္ထဲက စာ႐ြက္တခ်ိဳ႕ကို ရွယ္ယာရွင္ေတြလက္ထဲ
တစ္႐ြက္ခ်င္းထည့္ေပးၿပီး သူမကေတာ့
ပေရာဂ်က္အေၾကာင္းရွင္းလင္းတင္ျပပါတယ္။
ကုန္စည္ေတြနဲ႕ပက္သက္ၿပီ ေဆာင္းကာလအထိ နိုင္ငံျခားကုန္စည္ေတြကို showroom ပြဲေတြအဆက္မပ်က္
လုပ္ေပးရန္ႏွင့္ ေစ်းႏႈန္းကိုလည္း discount ေပးရန္ ညွိႏွိုင္းေစ်းႏႈန္းေတြကို
ကုန္စည္ေတြရဲ႕ တန္ဖိုးအလိုက္ စတဲ့အေၾကာင္းအရာေတြကို ေဆြးႏြေးအၿပီး
အားလုံးက သေဘာတူလက္ခံေပးခဲ့ၾကတယ္။
ကုန္စည္ေတြကေတာ့ us နဲ႕ ဂ်ပန္
လွ်ပ္စစ္ပစၥည္းနဲ႕ လူသုံးကုန္စည္ေတြသာ။

စစ္မဟာ အစည္းေဝးပြဲ ၿပီးတာနဲ႕ ႐ုံးခန္းထဲ
က ဆိုဖာေပၚ ေျခပစ္လက္ပစ္ မွီထိုင္ရင္း
လက္ထဲကစီကရက္ကို ရွိုက္ဖြာေနခဲ့တယ္။

ပေရာဂ်က္ရဲ႕ ေနာက္ထပ္ဖိုင္တြဲကိုေစာင့္ရင္း စစ္မဟာခဏေမွးအိပ္မိသြားတယ္။

လြန္းဖုန္းျမည္သံေၾကာင့္ နိုးလာမိျပန္တယ္
ၾကည့္လိုက္ျပန္ေတာ့ ဒယ္ဒီဆိုတဲ့နာမ္စား
ေလးနဲ႕အဝင္ call...

"လြန္းေခတ္...တြဲဖက္ကုမဏၰီကို ဖိုင္တြဲေတြ
ပို႔ေပးရမွာ ဘာလုပ္ေနတာလဲ ခုထိမလာေသးတာ။"

"အာ..ဒယ္ဒီ.. သားခုပဲလာၿပီေနာ္..
ေမ့သြားလို႔ပါ..ဒယ္ဒီရာ..လာၿပီ..လာၿပီ.."

"ဒီကေလး အလုပ္ကို ေသခ်ာမလုပ္ဘူး
အၿမဲ တလြဲတေခ်ာ္နဲ႕ခ်ည္းပဲ ခုေခတ္ခေလးေတြ တကယ္ေျပာရဆိုရ မေကာင္းဘူး။"

"ကဲ..ကိုေက်ာ္နိုင္..အၿမဲသားကိုဆိုရင္ အေကာင္းမေျပာဘူး ရွင္ေနာ္..ဒီသားေလးတစ္ေယာက္တည္းရွိတာကို အျပစ္ပဲျမင္ေနတယ္။"

"ေအာ္..မိန္းမရယ္ သားကိုမင္းအလိုလိုက္ခဲ့လို႔ စည္းကမ္းေတြေတာင္ လိုက္မနာတာ
ကဲၾကည့္ ညက အိမ္ျပန္မအိပ္ျပန္ဘူးေလ။"

"ဒါကိုက် မင္းက ဖုံးကြယ္ထားေပးေသး။"

"ထားကေတာ့ သားနဲ႕ပက္သက္ရင္ အဲ့လိုမ်ိဳးလုပ္တာ ဘာျဖစ္လို႔လဲရွင္။"

လြန္းတစ္ေယာက္ အိပ္ယာအျမန္ထကာ
အျမန္ဆုံးနည္းနဲ႕ ပန္းကန္လုံးစီးေနရၿပီ
မဟုတ္ရင္ ဒယ္ဒီရဲ႕ေဒါသေတြ သူ႕ေပၚပုံက်လာမွာစိုးတဲ့အတြက္ အိမ္ကိုအျမန္ျပန္လာခဲ့ေတာ့သည္။

ေရာက္ေရာက္ျခင္း မီးေတာက္ေနတဲ့မ်က္လုံးေတြနဲ႕ လြန္းကို ၾကည့္ေနတဲ့
ဉီးေက်ာ္နိုင္။
"နာရီျပန္ၾကည့္အုံး..လြန္းေခတ္."

"ဒယ္..ဒယ္ဒီ သား.. သား..ေလ"

"စကားပလႅင္ခံမေနနဲ႕..သြားပို႔စရာရွိတာသြားပို႔..ငါဖုန္းဆက္အေၾကာင္းၾကားထားလိုက္မယ္ တြဲဖက္႐ုံးကို။"

"ဟုတ္..ဒယ္ဒီ."
စားပြဲခုံေပၚက ဖိုင္တြဲကို ယူၿပီး ဘာလမ္းက႐ုံးခြဲကို ထြက္လာေတာ့တယ္။

ကားေပၚေရာက္တာနဲ႕ သက္ပ်င္းခ်ရင္း
'ဟူးးး..ေတာ္ပါေသးရဲ႕. ဒယ္ဒီ ငါ့ကိုအေရမဆုတ္တာ။'

စစ္မဟာ..ေစာင့္ရင္း အိပ္ေမာက်ေနသည္မွာ တစ္နာရီမကေတာ့ေပ..အတြင္းေရးမႉး
မေလး လြန္းကိုလာပို႔ေပးသည္အထိ မနိုးေသး။

"ဆရာ..ဆရာ..ဧည့္သည္ေရာက္ေနတယ္
ဆရာ။"
စစ္မဟာကိုႏွိုးေပးၿပီး အတြင္းေရးမႉးမေလးလည္း အခန္းျပင္ျပန္ထြက္လာေတာ့တယ္။

႐ုံးခန္းထဲ စစ္မဟာနဲ႕ လြန္းတို႔ ႏွစ္ေယာက္တည္းရွိေတာ့တယ္။

စစ္မဟာဘက္မွ.."ကဲ ဘယ္လိုျဖစ္ရတာလဲ
တြဲဖက္ႀကီးေရ..ေစာင့္ရင္းေတာင္အိပ္ေပ်ာ္ရတဲ့အထိပဲ။"

လြန္းကိုေသခ်ာၾကည့္မိေတာ့မွ 'ဟိုေန႕ညက
တိုက္မိခဲ့တဲ့ ေကာင္ေလးပါလား။'
စစ္မဟာ ေသခ်ာၾကည့္မိမွ သတိရသြားတာမို႔..

"လြန္းေတာင္းပန္ပါတယ္.. ကားလမ္းေတြပိတ္ေနလို႔ နည္းနည္းေနာက္က်သြားတာပါ။"
အၿပဳံးေလးနဲ႕ ေတာင္းပန္ေနတဲ့ လြန္းကိုၾကည့္ရင္း စစ္မဟာ ရင္ထဲငလ်င္တစ္ခုအစပ်ိဳးသြားေတာ့တယ္။
'ဒီမ်က္ႏွာေလး..အဲညကေသခ်ာမျမင္လိုက္ရဘူး..ဒါေပမဲ့ လြန္းဆိုတဲ့နာမ္စားေလးေၾကာင့္ သူမွတ္မိသြားရျခင္းပါ။'

ႏႈတ္ခမ္းသားေလးမ်ားရဲတြတ္ေနၿပီး ရယ္လိုက္ရင္ သြားတတ္ေလးနဲ႕မို႔ ဒီေကာင္ေလးကို သူရင္ခုန္ေနမိၿပီေလ။
'ဟာမဟုတ္ေသးပါဘူး..သူကေယာက်ာ္းေလးတစ္ေယာက္ ငါကဘာလို႔ ရင္ခုန္ေနရပါလိမ့္။
မျဖစ္ေသးပါဘူး ငါေတာ့..'

"ေနာက္တစ္ခါ ဒီလိုမ်ိဳးထပ္မျဖစ္ေစနဲ႕။"

"ေက်းဇူးတင္ပါတယ္ လူႀကီးမင္း။"

"ဘယ္လို..ဘယ္လို..
လူႀကီးမင္းဟုတ္လား.."

"ေအာ္မွားလို႔ ဆရာ.."

"ျပန္ခြင့္ျပဳပါအုံးဆရာ သိခ်င္တဲ့အခ်က္ေတြေတာ့ ဒယ္ဒီဆီသာ ဆက္သြယ္ေမးျမန္းနိုင္ပါတယ္။"

"ဟာ ဒီငနဲေလး..ငါ့ကို မ်က္ႏွာေျပာင္သြားျပန္ၿပီ။"

ေျပာင္ေခ်ာ္ေခ်ာ္ စေနာက္လာၿပီး ၿပဳံးစိၿပဳံးစိနဲ႕ အခန္းျပင္ထြက္လာတဲ့ လြန္းကို အတြင္းေရးမႉးမေလးမွာေတာ့ ၾကည့္ၿပီး
ရယ္ေနမိတယ္။
'ဘာေတြ သေဘာက်လာပါလိမ့္ ရယ္ေနပုံက ၿပဳံးစိစိနဲ႕ ဒီေကာင္ေလးေတာ့။'

🍁mp🍁Rockeain 🍁

Continue Reading

You'll Also Like

590K 57.9K 86
ရုန်းမထွက်ချင်မိတဲ့ မျက်ဝန်းသေတွေ၊ လှုပ်ရုံမျှပြောသည့် နီဆွေးဆွေးနှုတ်ခမ်းလေးနှင့်အတူ ထွက်ပေါ်လာသော နွေးထွေးနူးညံ့သံ။ မမလွမ်းကို တွယ်တာမိတဲ့ခဏတာမှာ ဖ...
247K 9K 39
ဖီးနစ်ငှက်တစ်ကောင်ရဲ့ ရင်ကွဲမတတ်အော်ဟစ်သံဟာ လောင်ကျွမ်းအံ့ဆဲဆဲ အတောင်ပံတွေနဲ့အတူ ပျောက်ကွယ်ပျက်စီးသွားတော့မယ့်အချိန်မှာ ငါဟာ မင်းနဲ့နောက်တစ်ကြိမ်...
115K 16.9K 30
ရိုးရိုးအချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ
1.7M 17.3K 3
*Wattys 2018 Winner / Hidden Gems* CREATE YOUR OWN MR. RIGHT Weeks before Valentine's, seventeen-year-old Kate Lapuz goes through her first ever br...