မုန်းရဲ့အလင်းရောင်
By ShayyLinkar
479K 28.9K 1K
သူငယ်ချင်းဆိုတဲ့ အဖြူရောင်အလွှာလေးကိုငါအရောင်တွေစွန်းထင်စေမိပီအလင်း မုန်း(မုန်းမာန်) သူငယ်ချင်းဆိုတဲ့တံတိုင်း... More
Part 1 (U+Z)
Part 2 (U+Z)
Part 3 (U+Z)
Part 4 (U+Z)
Part 5 (U+Z)
Part 6 (U+Z)
Part 7 (U+Z)
Part 8 (U+Z)
Part 9 (U+Z)
Part 10 (U+Z)
Part 11 (U+Z)
Part 12(U+Z)
Part 13 (U+Z)
Apologize
Part 14 (U+Z)
Part 15 (U+Z)
Part 16 (U+Z)
Part 17 (U+Z)
Part 18 (U+Z)
Part 19 (U+Z)
Part 20 (U+Z)
Part 21 (U+Z)
Part 22 (U+Z)
Part 23 (U+Z)
Part 23 (Zawgyi)
Part 24 (U+Z)
Part 25 (U+Z)
Part 26 (U+Z)
Part 27 (U+Z)
Part 28 (U+Z)
Part 29 (U+Z)
Part 30 (U+Z)
Part 32 (U+Z)
Part 33 (U+Z)
Part 34 (U+Z)
Part 35 (U+Z) Waning
New Fic
Part 36 (U+Z)
Part 37 (U+Z) Waning
Part 38 (U+Z)
Part 39 (U+Z)
Part 40 (U+Z)
Part 41 (U+Z)
Part 42 (U+Z) The End
ကျေးဇူးတင်လွှာ & ရည်ရွယ်ချက်
Extra 1 (U+Z)
Part 31 (U+Z)
8.3K 576 16
By ShayyLinkar
#Unicode
မုန်းအိမ်ကိုပြန်ရောက်ပြီး‌ နောက်‌တစ်‌နေ့မှာပဲ မေမေရောက်လာတာမို့ အလင်းနဲ့မတွေ့ရတာ တော်တော်ကြာနေပါပြီ။ ဖုန်းပြောရတယ်ဆိုပေမယ့် လူချင်းမတွေရတာမို့ လွမ်းတာက လွမ်းတာပါပဲ။ မေမေက မုန်းစားမေးပွဲပြီးမှ ပြန်မယ်တဲ့။ စာမေးပွဲပြီးရင်လည်း အိမ်ကိုပြန်လိုက်ရဦးမယ်။ အူဝါးးး အလင်းနဲ့ ဘယ်နှစ်ရက်တောင် ခွဲရမှာပါလိမ့်။ ရှားနဲ့မေသူမကလည်း အိမ်ကိုစာလာလုပ်တာမို့ အလင်းတို့အိမ်ကိုလည်း မသွားဖြစ်ဘူး။ ခုညနေတော့ အလင်းနဲ့မုန့်သွားစားရမယ်။
“မေမေ”
“ရှင့်”
“သားခုညနေ အပြင်ခဏသွားဦးမယ်”
“သွားလေသား ဘယ်သူနဲ့သွားမှာလဲ”
“အလင်းနဲ့မေမေ”
“မေမေ ဒီကိုရောက်ကတည်းက အလင်းလေးနဲ့ မတွေ့ဖြစ်သေးဘူး။ အိမ်လည်ခေါ်ခဲ့ပါ့လားသား”
“မေမေကလည်း အလင်းအကြောင်းသိသားနဲ့။ ဘယ်တုန်းက အိမ်ကို ခေါ်လို့ရဘူးလို့လဲ”
“ဟုတ်သားပဲ အလင်းလေးက မာနခဲလေး။ သားစာမေးပွဲပြီးလို့ မေမေတို့ပြန်ခါနီးမှ အလင်းတို့အိမ်ကို အိမ်လည်သွားကြတာပေါ့”
“ဟုတ်မေမေ”
ညနေတွေ့ဖို့ အလင်းကိုဖုန်းဆက်တော့ ကိုယ်တော်ချောက ဖုန်းမကိုင်ဘူး။ ဘာလုပ်နေပါလိမ့်။ နည်းနည်းလောက်ကြာမှ ဖုန်းပြန်ခေါ်တော့လည်း မအားသေးပါရှင်တဲ့။ မဟုတ်သေးပါဘူး ဘယ်သူနဲ့များပြောနေလို့ မအားသေးပါရှင်တာလဲ။ ဆယ်မိနစ်လောက်ကြာတော့လည်း မအားသေး၊ နာရီဝက်လည်း မအားသေး၊ တစ်နာရီလည်း မအားသေးချည်း ပြောနေတာမို့ သည်းခံခွင့်လွှတ်မှုက မိုင်ကုန်သွားပါပြီ။ စိတ်လည်းတိုသလို စိတ်ပူမူကလည်း ဒီဂရီမြင့်တက်နေပါပြီ။
. . . လိုနေတာအနွေးဓာတ် အကြင်နာတွေအေးစက် တစ်စုံတရာကို တို့နှစ်ယောက်လိုက်လို့ရှာ . . အမှောင်ယံကိုထွေးဖက် Memories တွေမေ့ဖျက် အရာရာကို ဆုံးဖြတ်ထားပြီးသား . . အလွမ်းနဲ့ထပ်တူကျတဲ့ ငါ့ရဲ့နေ့များ . . မင်းရောကိုယ့်လို့လွမ်းနေသေးလား . .  ငါ့ရဲ့အနားမှာ မင်းမရှိတဲ့တဒင်္ဂ ဝမ်းနည်းမိတာ . . .
Ringtone သံကြားပေမယ့် မုန်းတမင်မကိုင်ဘဲ နေလိုက်တယ်။ တစ်နာရီခွဲအလင်း ငါမင်းကိုဖုန်းခေါ်နေတာ တစ်နာရီခွဲ။ ဘယ်သူနဲ့မို့ အဲ့လောက်အချိန်အကြာကြီး ဖုန်းပြောနေရတာလဲ။ ခေါ်လေ မင်းဘယ်လောက်ထိ ငါ့ကိုခေါ်နိုင်မလဲလို့။ ခုနစ်ခါ၊ ရှစ်ခါ၊ ကိုးခါ၊ ဆယ်ခါ ဟုတ်ပြီခေါ်စမ်းပါ။ ခေါ်လိုက် လုံးဝမကိုင်ဘူးဆိုတာယုံ။
‘ကလောင်’ message သံကြားလိုက်ရတာမို့ ဖုန်းကိုကြည့်လိုက်တော့ အလင်းဆီကပို့လာတာပါ။ ဆယ်ခါလေးပဲခေါ်ရသေးတယ် ဆက်မခေါ်ဘဲ message ပို့တယ်တဲ့လား။ လုံးဝပဲ လုံးဝ လုံးဝကို မကိုင်ဘူး။ ပို့လာတဲ့ message ကိုတော့ ဖွင့်ဖတ်လိုက်ပါတယ်။ ဒါတောင် သနားလွန်းလို့ ဖတ်တာနော်။
“မုန်း ဖုန်းကိုင်နော်။ လိမ္မာတယ် ကိုကို့ မုန်းလေးက။ ကိုကို့ကို စိတ်ဆိုးသွားတာလား။ ကိုကို့ကို သူငယ်ချင်းတစ်ယောက်က စာလှမ်းမေးနေတာမို့ စာရှင်းပြနေတာပါ။ မုန်းဖုန်းခေါ်တာကို ကိုင်ချင်ပေမယ့် စာရှင်းနေတဲ့ လက်စကြီးမို့ အားနာလို့ပါ စိတ်မဆိုးနဲ့နော်။ မုန်း ကိုကို့ကို ဖုန်းခေါ်တာ ဘာပြောမလို့လဲဟင်။ လိမ္မာတယ်နော် ကိုကို့ကလေးလေးက စိတ်မဆိုးနဲ့နော် နော်လို့။ ကိုကို ခုဖုန်းခေါ်မယ်နော် ကိုင်ပေးနော်ကလေးလေး”
မုန်းကို အဲ့လောက်လေးနဲ့ ‌ချော့လိုရပြီလို့ထင်နေရင် မှားသွားမှာပေါ့ မောင်အလင်းရောင်ရဲ့။ ခေါ်လိုက်လေ လုံးဝမကိုင်ဘူး။
အလင်းဘယ်လောက်ပဲ ဖုန်းခေါ်ဖုန်းခေါ် message ပို့ပို့ ကျွန်တော့်‌ကောင်လေးက ဖုန်းမကိုင်တော့ပါဘူး။ ဒါဆို သူတော်တော်လေး စိတ်ဆိုးသွားလို့ဆိုတာကို ကျွန်တော်သိလိုက်ပါပြီ။ ကျွန်တော့်မုန်းလေးက ဖုန်းဆက်ရင် တစ်ဖက်လူကို အားနာသလို လေးစားသမှုနဲ့ ဖုန်းကိုင်တတ်တဲ့ကလေးပါ။ ဘယ်သူပဲခေါ်ခေါ် ဘယ်သောအခါမှ ဖုန်းမကိုင်ဘဲ မနေခဲ့ဘူးတဲ့ကောင်လေးက ခုလုံးဝမကိုင်ဘူးဆိုတော့ စိတ်ဆိုးတဲ့ဒီဂရီက လယ်ဗယ်စိုးဟိုက် နေပြီဆိုတာ သိလိုက်ပါပြီ။
မတတ်နိုင်ဘူးလေ ကိုယ့်ဘက်ကအမှားဆိုတော့ အိမ်ကိုလိုက်ပြီး ချော့ရတော့မှာပေါ့။ သူဖုန်းခေါ်တာ အခါနှစ်ဆယ်မှမကတာ။ တစ်နာရီခွဲနီးပါ ဖုန်းပြောနေခဲ့တဲ့ ကိုယ်သာအမှားမို့ သူ့ဆီကို သွားရတော့မှာပေါ့။ ကိုယ်တော်လေးစိတ်ဆိုးပြေဖို့ ကျွန်တော်မျိုး မုန့်လိုက်ကျွေးရမယ်။ စိတ်ဆိုးပြေအောင်ချော့ဖို့ထက် ကျွန်တော်လည်းလွမ်းနေပြီမို့ တွေ့ချင်တာလည်းပါတာပေါ့ အဟက်။
အလင်းရေမိုးချိုး ဖီးလိမ်းပြင်ဆင်ပြီးတော့ မုန်းတို့အိမ်ကို ထွက်လာခဲ့လိုက်တယ်။ မုန်းတို့တိုက်ခန်းအောက်ကိုရောက်တော့ ကျွန်တော့်ရဲ့မုန်းကို ဖုန်း‌ဆက်ခေါ်ရတယ်။ ပထမတစ်ခါခေါ်တယ် မကိုင်ပါဘူးခဗျာ။ ဒုတိယတစ်ခါထပ်ခေါ်တယ် မကိုင်ဘူး။ ဟုတ်ပါတယ် ကျွန်တော့်ကလေးလေး စိတ်ဆိုးနေတုန်းပါပဲ။ အိမ်အောက်ကို ရောက်နေတယ်ဆိုတဲ့အကြောင်း Message ပဲပို့ရတော့မှာပေါ့။
‘ကလောင်’ message ဝင်လာသံကြားတာမို့ မုန်းကြည့်လိုက်တော့ အသဲပုံလေးနှစ်ခုကြားက ကိုကိုဆိုတဲ့ nickname လေး။
“မုန်းလေး ကိုကို မုန်းတို့တိုက်ခန်းအောက်မှာ စောင့်နေတယ်နော်။ စိတ်ဆိုးမပြေသေးရင်တောင် ကိုကို့ကိုသနားရင် ခဏလေးဖြစ်ဖြစ် ဆင်းလာခဲ့ပေးနော်”
သနားရင်ဆင်းလာခဲ့ပါဆိုတော့ မသနားလို့ မဆင်းဘဲနေလိုက်ရ မကောင်းရှိတော့မယ်။ မုန်းလည်းရေချိုးပြီးသားမို့ အင်္ကျီလေးလဲပြီး အောက်ကို ဆင်းလာခဲ့လိုက်တယ်။ အိမ်အောက်ကိုရောက်တော့ သွားသုံးဆယ့်နှစ်ချောင်း မိုင်ကုန်ဖြဲပြီး စောင့်နေတဲ့အလင်းကို တွေ့ရပါတယ်။
“ပြော ဘာလာလုပ်တာလဲ”
“ဘာလာလုပ်ရမှာလဲ။ ကိုကို့မုန်းလေးကို လွမ်းလို့လာတာပေါ့”
ပါးကိုဖျစ်ညှစ်ပြီးပြောတာမို့ မုန်းပါလေးတွေ ရဲတွတ်လာပြီး နာလွန်းလို့ မျက်ရည်လေးတွေပါ ဝိုင်းလာတယ်။
“အလင်း နာတယ်ကွ။ အသားချင်း ကိုယ်ချင်းမစာမနာ”
“စိတ်ဆိုးပြေမှာလားပြော”
“ပြေရအောင် မင်းက အခုငါ့ကိုချော့နေတာလား သတ်နေတာလားပြော”
“ဟုတ်ပါပြီကွာ စိတ်မဆိုးနဲ့တော့နော် လိမ္မာတယ်။ ကိုကိုကမုန်းကို မုန့်လိုက်ဝယ်ကျွေးမလို့ လာတာ။ မုန်းကြိုက်တာစား Ok”
“မုန့်ကျွေးပြီးချော့လို့ရအောင် မင်းလုပ်တဲ့အပြစ်က သေးသေးလေးလားအလင်း။ မင်းကိုငါဖုန်းခေါ်တဲ့ အကြိမ်ရေကို ပြန်ကြည့်ဦး။ မင်းဖုန်းပြောနေတဲ့နာရီကို ပြန်ကြည့်လေ။ တကယ်ဆို မင်းဖုန်းပြောနေရင်း စာရှင်းနေတယ်ဆိုတဲ့အကြောင်းကို message ပို့လို့ရတာပဲကို။ Message မပို့နိုင်လောက်အောင်ကို အားနာနေရအောင် မင်းစာရှင်းပြနေတဲ့သူက ဘယ်သူမို့လို့လဲပြော။ Message ပို့ဖို့ အချိန်ခဏလေး မပေးနိုင်ရအောင် သူကအရေးကြီးလား။ ငါ့ထက် ပိုအရေးကြီးလားပြော။ ခုမင်းငါ့ကို တောင်းပန်တာ ကလေးကို မုန့်ကျွေးပြီး ချော့လိုက်ရင် ရတဲ့အထာနဲ့ ပေါ့ပျက်ပျက် လာချော့နေတာ။ ငါကအဲ့လောက်‌တောင် အပေါစားဆန်နေလားအလင်း။ ငါကအရင် မင်းကိုဖွင့်ပြောခဲ့တဲ့သူဆိုပြီး အထင်သေးနေတာလား။ ငါဘာလုပ်လုပ်ရတယ်။ ငါဘယ်လိုချော့ချော့ရတယ်လို့ မင်းထင်နေတာလား ဟုတ်လားအလင်း”
“မဟုတ်ပါဘူးကွာ။ မုန်းကလည်း ကိုယ်အားနာတတ်တာကို သိရဲ့သားနဲ့။ ပြီးတော့ မုန်းပြောသလို မုန်းကိုအထင်သေးတာလည်း မဟုတ်သလို ပေါ့ပျက်ပျက်ဆက်ဆံတာလည်း မဟုတ်ဘူးလေကွာ။ နောက်မဖြစ်စေရပါဘူးလို့ ကိုယ်ကတိပေးတယ်ကွာနော်။ မုန်းကအရင်ဖွင့်ပြောခဲ့ရပေမယ့် ကိုယ်ကပိုချစ်ရတဲ့သူပါမုန်းရယ်။ ကိုယ်တောင်းပန်တယ်နော်။ ခွင့်လွှတ်ပေးမယ်မို့လားဟင်”
မျက်နှာငယ်လေးနဲ့ ခွင့်လွှတ်ပေးဖို့‌တောင်းဆိုရင်း လက်ညှိုးပေါ်ကို လက်ခလယ်လေးထပ်ပြီး ဂွင်းပုံလေး ကွင်းပေးလိုက်တော့ ဆူပုတ်ပုတ်‌လေးနဲ့မုန်းက လက်ကလေးကို ဖိချပေးလာတယ်။
“စိတ်ဆိုးက ပြေချင်သေးတာ မဟုတ်ဘူးနော်။ စာမေးပွဲဖြေခါနီးလို့ စိတ်လျှော့ပေးလိုက်တာ။ ဘယ်သူ့ကို စာရှင်းပြနေတာလဲပြော”
“ရွက်ဝါကို ရှင်းပြနေတာ”
“ဟမ် ရွက်ဝါကိုဘာလို့ မင်းကရှင်းပြတာလဲ။ နွေရှင်းပြလည်း ရနေတာကို”
“ရွက်ဝါမေးတဲ့စာက နွေလည်းမရသေးဘူး။ အဲ့ဒါကြောင့် ကိုယ့်ကိုရှင်းပြခိုင်းလို့ ရှင်းပြပေးတာ”
“ဒါပထမဆုံးနဲ့နောက်ဆုံး ဖြစ်ပါစေနော်အလင်း။ တခြားသူကြောင့် ငါ့ကိုပလစ်တာကို အမုန်းဆုံးပဲနော် သိလား။ နောက်တစ်ခါဆို စိတ်ဆိုးပြေပေးမှာမဟုတ်ဘူး”
“ဟုတ်ပါပြီ ကိုကို့ကလေးလေးရယ်။ နောက်မဖြစ်စေရပါဘူး။ ဒီတစ်ခါ ပထမဆုံးနဲ့နောက်ဆုံးအကြိမ်လို့ သဘောထားပြီး ခွင့်လွှတ်ပေးနော်”
“ပြီးရော”
“မုန့်သွားစာမယ်။ မုန်းကြိုက်တာစား ကိုကိုဝယ်ကျွေးမယ်”
“သေချာတယ်နော် အလင်း”
“အင်း Sure”
“Ok ဒါဆို ကမ်းနားလမ်းကိုသွားမယ်”
“ဟမ် နီးနီးနားနားလှည်းတန်းမှာပဲ စားလိုက်ပါ့လားမုန်းလေးရ နော်”
“မရဘူး ကမ်းနားလမ်းကိုပဲသွားမှာ”
“အင်းပါ မုန်းသဘော။ ဒါနဲ့ မနက်က ကိုကို့ကို ဖုန်းဆက်တုန်းက ဘာပြောမလို့လဲ”
“ဘာမှမပြောဘူး။ ညနေကြတွေ့ရအောင်လို့ ပြောမလို့ ဖုန်းဆက်တာ။ အရမ်းလွမ်းနေပြီမို့လို့ ရွှေမျက်နှာတော်ကို ဖူးချင်လို့ ဖုန်းဆက်တာ။ ခင်ဗျားကြီးက အရမ်းတွေအလုပ်ရှုပ်နေလို့ မပြောလိုက်ရဘူးလေ”
“ဒါဆို ကိုကိုချော့ရအောင်လာတာ မှန်သွားတာပေါ့”
“ဆိုပါတော့”
မျက်ခုံလေးပင့်ပြီးပြောလာတဲ့ ကျွန်တော့်ရဲ့မုန်းလေးက သိပ်ကို ချစ်ဖို့ကောင်းလွန်ပါတယ်။
“ဒါနဲ့ မုန်း YBSလား Taxi လား”
“YBS စီးမယ်”
“Ok”
YBS စီးရင်း တစ်လမ်းလုံးပေါက်ပေါက်ဖောက်လာသော အမုန်း။ နေ့ခင်းက ဖုန်းမကိုင်တာကို မကျေနပ်သေးတဲ့အကြောင်း။ သူ့ထက်သူများကို ဦးစားပေးတာကို လုံးဝမကြိုက်ကြောင်း။ အဓိကပြောသွားတာကတော့ ရွက်ဝါနဲ့ ခပ်ဝေးဝေးနေပေးပါတဲ့။ ရွက်ဝါနဲ့ဆို သူအရမ်းသဝန်တိုလွန်းလို့ပါတဲ့။ ကျွန်တော်မေးလိုက်ချင်ပါတယ် ကျွန်တော့်ရဲ့မုန်းက ရွက်ဝါနဲ့ပဲ သဝန်တိုတာ ဟုတ်လို့လားလို့။ ဒါပေမဲ့ မမေးဖြစ်ခဲ့ပါဘူး။ ထပ်ပြီး စိတ်ဆိုးသွားရင် ချော့ရခက်သွားမှာဆိုးလို့ပါ အဟက်။
ကမ်းနားလမ်းကိုရောက်တော့ မုန်းအရင်ဆုံးစားချင်တယ် ပြောလာတာက ဒူးရင်းသီးပါ။
“ကိုကို့ မုန်း ဒူးရင်းသီးစားချင်တယ်”
ဗုဒ္ဓေါ ဘုရားရေ တစ်ချိန်လုံးအလင်းကို ပါးစပ်ကမချခဲ့တဲ့ ကျွန်တော့်ရဲ့မုန်းကလေ ခုကျွန်တော့်ကို ကိုကိုတဲ့။ ဒူရင်းသီးအစွမ်း အံ့မခမ်းပါ့တကား။ သူစားချင်တာလေးရှိတော့ ကိုကိုတဲ့။ ဒီလူကလည်း ကိုကိုလို့ခေါ်လိုက်တာနဲ့ အရာအားလုံးကို ဖြည့်ဆည်းပေးချင်နေတဲ့သူ။ ကိုကိုရေဆိုတာနဲ့ ရေကို ချက်ချင်းခပ်‌လာပေးမယ့် သူမျိုးမဟုတ်ရှာဘူး ဆို‌ဝောာ့လေ။ ကိုကိုဆိုတဲ့ အခေါ်အဝေါ်လေးနဲ့တင် ဒူးထောက် လက်မြှောက် အရှုံးပေးချင်နေပြီးသားပါ။ ဒါပေမဲ့ ဒူးရင်းသီးကတော့ မုန်းနဲ့မတည့်တာမို့ မကျွေးချင်ဘူးရယ်။
“မုန်းနဲ့ဒူးရင်းသီးက မတည့်ဘူးလေကွာ။ ဒူးရင်းသီးစားပြီးတာနဲ့ အိပ်တဲ့ဟာကို စားလို့မဖြစ်ဘူး။ စာမေးပွဲနားလည်း နီးနေပြီလေ။ ပြီးတော့ အိမ်မှာလည်းမဟုတ်ဘူး လမ်းမှာ။ မစားနဲ့နော် လိမ္မာတယ် ကိုကို့ကလေးလေးက။ တခြားဟာပြော ဘာစားချင်လဲ အကုန်ဝယ်ကျွေးမယ်”
“ပြီးရော ငါးသံပုရာပေါင်းစားမယ်။ ပြီးတော့ ကီးမားနဲ့ကိုရီးယားကင် စားမယ်”
“Ok လာ စားကြမယ်”
မုန်းစားချင်တဲ့ ငါးသံပုရာပေါင်းရယ် ကီးမားရယ် ကိုရီးယားကင်ရယ်ကို ဝယ်ကျွေးတော့ အားရပါးရ စားပါသော ကျွန်တော်ရဲ့အစားပုတ်လေး။ စားနိုင်လွန်းသောလေးပါပဲ။
စားပြီးသောက်ပြီး လမ်းလျှောက်တော့ တစ်ယောက်လက်ကို တစ်ယောက်ဆုပ်ကိုင်ရင်း လမ်းလျှောက်ခဲ့ကြတယ်။ ကိုယ်တွေကို လိုက်ကြည့်နေတဲ့သူတွေကိုတော့ ဂရုမစိုက် အရေးမလုပ်ဘဲ လျှောက်မြဲအတိုင်း လျှောက်လာခဲ့လိုက်တယ်။ သူ့လက်ဖဝါးလေးကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်လိုက်တဲ့အချိန်တိုင်း ကျွန်တော့်ရင်တွေ အတိုင်းအဆမရှိ ခုန်နေဆဲပါ။
“မုန်း”
“ဟင်”
“စာမေးပွဲဖြေပြီးရင် ရန်ကုန်မှာပဲ သင်တန်းတက်မှာလား”
“ဟင့်အင် မေမေက ပြန်လိုက်ခဲ့ဦးလို့ပြောလို့ ပြန်လိုက်သွားရမှာ။ ဒါပေမဲ့ ဆယ်ရက် ဆယ်ငါးရက်လောက်ပဲ နေမှာပါ။ အကြောင်းတစ်ခုခုပြပြီး ပြန်လာခဲ့မယ်လေနော်”
“အဲ့ဒါဆိုရင် စာမေးပွဲမဖြေခင် နှစ်ရက်အလိုညနဲ့ စာမေးပွဲဖြေပြီးည အိမ်မှာ လာအိပ်ပါ့လား။ ကိုကို မုန်းကိုအရမ်းလွမ်းနေလို့လေ နော်မုန်း”
“အင်းပါ မေမေ့ကိုပြောပြီး ငါလာအိပ်မယ်နော်”
“တကယ်နော်မုန်း”
“တကယ်ပါဗျာ။ ခုလောလောဆယ်တော့ မုန်းကို ဒူးရင်းသီးဝယ်ကျွေးပါ့လားဟင် နော်ကိုကို”
“မုန်းနဲ့မတည့်လို့ မစားခိုင်းတာလေကွာ။ တကယ်လို့စားချင်ရင် အိမ်ကြမှ နည်းနည်းစီစားမလား ကိုယ်ဝယ်ပေးလိုက်မယ်လေနော်”
“ဟင့်အင် ငါက အခုစားချင်နေတာ”
“မုန်းအိပ်ပျော်သွားမှာဆိုးလို့ ကိုယ်ကမကျွေးတာ။ တစ်လုံးလုံးမစားနဲ့ အဲ့ဒါဆို ကိုယ်ဝယ်ကျွေးမယ်”
“ငါက အရသာရှိရှိ တစ်လုံးလုံးစားချင်တာ”
“တစ်လုံးလုံးစားလို့ မုန်းနှစ်ရက်လောက်အိပ်ပျော်သွားရင် စာမေးပွဲဖြေခါနီးနေတာကို စာကျက်ပျက်မှာပေါ့။ တစ်အိမ်ပဲစားမယ်ဆို ဝယ်ကျွေးမယ်။ ဘယ်လိုလဲ စားမှာလား”
“ဟင့်အင် တစ်လုံးလုံးစားချင်ဝာာ”
“အဲ့ဒါဆို စာမေးပွဲပြီးမှစား‌။ စားမေးပွဲပြီးတဲ့ညကြ ကိုယ်ဝယ်ကျွေးမယ်လေ‌ နော်”
“ဟင့်အင်း ခုပဲစားချင်တာ။ ကိုကို ဝယ်ကျွေးမှာလား မကျွေးဘူးလား။ မကျွေးရင် မုန်းဒီနေရာကနေ ခြေတစ်လှမ်းမှ မရွေ့နိုင်ဘူး”
ပြောပြောဆိုဆိုနဲ့ ငုတ်တုတ်ထိုင်ချလိုက်တဲ့ ကလေးပေါက်‌။ လမ်းဘေးက ပလက်ဖောင်းတုံးလေးပေါ်မှာ ထိုင်နေတဲ့ရုပ်က ဘယ်လိုခေါ်ခေါ် မလိုက်ဘူးဆိုတဲ့ရုပ်နဲ့ ပေကပ်‌ကပ်လေး။ အသဲယားလွန်း‌လို့ ပါးလေးကို ဆွဲဖျစ်လိုက်တော့ မျက်စောင်းကဒိုင်းခနဲ‌ပဲ။ မျက်စောင်းနဲ့သာသတ်လို့ရရင် ကျွန်တော်အခု အရိုးတခြား အသားတခြားဖြစ်နေလောက်ပြီ။ ဘယ်လိုခေါ်ခေါ် ထမယ့်ပုံလည်းမပေါ်တာမို့ ဝယ်ကျွေးရတော့မှာပဲ။
“အဆိုးအဆာလေးပါ့လားကွာ။ ကဲ ထ ကိုကိုဝယ်ကျွေးမယ်။ အာဝါးတော့ပေး Ok”
ပါးတစ်ဖက်ကိုဖောင်းပြီး နမ်းစေဖို့ လက်ညှိုးလေးနဲ့ထိုးပြတော့ အလိုက်တသိနမ်းလာတဲ့ ကလေးပေါက်။ သိပ်ကို စားချင်နေရှာတာပါ။ နောက်တစ်ကြိမ် ထပ်နမ်းဖို့ပြောတော့လည်း အနားလေးတိုးကာ နမ်းလာတာမို့ ပါးနားမရောက်ခင် ခေါင်းကိုအမြန်လှည့်လိုက်တော့ နှုတ်ခမ်းလွှာလေးနှစ်စုံက နှုတ်ခွန်းဆက်သွားတယ်။ နှုတ်ခမ်းချင်းမိတ်ဆက်မှုကို ရှည်ကြာစေဖို့ လွှတ်မပေးဘဲ ငုံထွေးထားလိုက်တယ်။ လွမ်းနေတာပါ ဒီနှုတ်ခမ်းလေးတွေကို။ ကျွန်တော့်ရဲ့ ပူရှိန်းပီကေလေးကို ကျွန်တော်သိပ်ကိုလွမ်းနေခဲ့တာ။ အချိန်အတော်ကြာ အနမ်းပေးလိုက်တော့ ကျွန်တော့်ရဲ့ကလေးပေါက်က အရှက်ကြီးရှက်ပြီး နားရွက်ဖျားလေးတွေ နီရဲတွတ်လာတယ်။
“ကိုကို့ ဘယ်လိုဖြစ်လို့ လမ်းမကြီးမှာ နမ်းရတာတုန်း။ တော်သေးတယ် ဖြတ်သွားဖြတ်လာ လူမရှိလို့။ အကျင့်ပုတ်ကြီး နှာဘူးကြီး လူကိုလမ်းမကြီးမှာ နမ်းရလား။ ခင်ဗျား သေမယ်သာမှတ်”
ကြိမ်းဝါးရင်း လက်မောင်းကို လက်သီးနဲ့လိုက်ထိုးနေတဲ့ ကလေးပေါက်ရဲ့ လက်ကလေးတွေကို အလျင်အမြန်ချုပ်လိုက်ရင်း မျက်လုံးချင်းဆုံပြီး စကားတစ်ခွန်းပြောလိုက်တယ်။
“ခင်ဗျားလေးကို အရမ်းလွမ်းနေခဲ့တာ သိရဲ့လား မွစ်”
အနမ်းလေးပေးရင်ပြောလိုက်‌တော့ ကလေးပေါက်က ပြန်လည်ကာ အနမ်းပေးလာတယ်။
“မုန်းရောပဲ ကိုကို”
ကလေးပေါက် ပြန်ပြောလာတဲ့ စကားလေးတစ်ခွန်းတည်းက လူကို အကြိမ်ကြိမ် ခြွေပါတယ်။
ချစ်ဖို့ကောင်းလွန်းတဲ့ ကျွန်တော့်ရဲ့ကလေးလေးပါပဲ။ အနမ်းလေးတွေပေးလိုက်လို့ထင်တယ် ကလေးပေါက်က ဒီတစ်ခါတော့ ကိုကို့စကားကိုနားထောင်းပြီး မစားတော့ဘူးနော်တဲ့။ ကျွန်တော်အဲ့အချိန်မှာပဲ ဆုံးဖြတ်ချက်တစ်ခုကို ခိုင်ခိုင်မာမာ ချလိုက်တယ်။ နောက်ဆို ကျွန်တော့်ကလေးပေါက်ကို မစားစေချင်တဲ့အရာ မလုပ်စေချင်တဲ့အရာတွေကို တားချင်ရင် အနမ်းလေးပေးပြီး တားရမယ်လို့လေ။
ထိုနေ့ကမုန်းကို အိမ်ပြန်လိုက်‌ပို့ပေးတော့ တစ်ခါတည်းခိုးပြေးချင်စိတ်ပါ ပေါက်လာတယ်။ တွေ့ရတဲ့အချိန်က ခဏလေးလိုပဲ အချိန်ကုန်မြန်လွန်းတယ်။ ဒီကလေးပေါက်လေးကို အိမ်ပြန်ပို့မပေးနိုင်တော့လောက်အောင်ကို မခွဲချင်တော့တာပါ။ အချိန်အများကြီး ခွဲခဲ့ရတဲ့အတွက်ရယ် ထပ်ပြီးလည်း အချိန်အများကြီး လွမ်းနေရဦးမှာမို့ အတိုးရယ် အရင်းရယ် ကျွေးသစ်ချခဲ့ရမှာရယ်ကြောင့် တိုးရင်းပေါင်းပြီး အနမ်းတွေအများကြီး ပေးခဲ့လိုက်တယ်။ ဘယ်အစားအစာမဆို ကုန်ခါနီးလေ စားလို့ကောင်းလေမို့ ခွဲခါနီးပေးတဲ့အနမ်းတွေကလည်း အချိန်ကုန်မြန်လို့ထင်တယ် ပိုပြီးရှိန်းမြနေတာကြောင့် လွှတ်မပေးချင်တော့လောက်အောင်ပါပဲဗျာ။
**********
[A/N] => အရှေးက ဒူရင်းသီးကို အနံ့ရော အရသာရော အရမ်းကြိုက်ပါတယ်။ ဒါပေမဲ့ ဒူးရင်းသီးနဲ့ လုံးဝမတည့်ပါဘူး။ ဒူးရင်းသီးစားပြီးတာနဲ့ အိပ်ပျော်သွားပါတယ်။ တစ်အိမ်လောက်ပဲစားရင် လေးနာရီလောက်ပဲအိပ်တတ်ပေမယ့် တစ်လုံးလုံးစားရင် နှစ်ရက်လောက်အိပ်ပျော်သွားတတ်ပါတယ်။
နောက်တစ်ခုက အရှေးက အမွှေးနဲ့လုံးဝဓာတ်မတည့်ပါဘူး။ ခရေပန်းကို တစ်ကုံးထက်ပိုပန်ရင် ခေါင်မူးပါတယ်။ စံပယ်ပန်း ငွေပန်းဆို သုံးပွင့်ဆိုရင် ခေါင်းမူးပြီး အန်တတ်ပါတယ်။ ဒီထဲက မုန်းလေးရဲ့ တချို့အရာတွေက အရှေးနဲ့မတည့်တဲ့ တချို့အချက်လေးတွေကို Reference ယူပြီး ရေးထားတာမို့ ရှင်းပြတာပါ‌နော်။
ခရီးသွားနေလို့ Update နောက်ကျသွားတဲ့အတွက် တောင်းပန်ပါတယ်နော်။ ဖတ်ရတဲ့စာ နည်းနည်း နည်းသွားရင်လည်းတောင်းပန်ပါတယ်။ ‌ကားမူးပြီးခေါင်းကိုက်နေလို့ စာနည်းနည်းတိုပြီး Update နောက်ကျသွားတာကို အသဲလေးတို့ကပဲ ဒီကအဆိုးအဆာလေးကို နားလည်သည်းခံပေးပါလို့ ဆားရားငဲ😘😘😘
******************************
#Zawgyi
“မေမေ”
“ရှင့်”
“အလင်းနဲ့မေမေ”
“ဟုတ်မေမေ”
“ပြော ဘာလာလုပ်တာလဲ”
“ပြီးရော”
“သေချာတယ်နော် အလင်း”
“အင်း Sure”
“ဆိုပါတော့”
“YBS စီးမယ်”
“Ok”
“Ok လာ စားကြမယ်”
“မုန်း”
“ဟင်”
“တကယ်နော်မုန်း”
“မုန်းရောပဲ ကိုကို”
**********
Continue Reading
You'll Also Like
1.1M 27K 45
When young Diovanna is framed for something she didn't do and is sent off to a "boarding school" she feels abandoned and betrayed. But one thing was...
25.5K 53 11
normal 18+ တွေကိုပဲတင်မှာပါ #credit to all the right owners of webtoons from here. #credit to all the scan teams.
1.7M 112K 200
**Story is gonna be slow paced. Read only if you have patience. 🔥** Isha Sharma married a driver whom she had just met. She was taking a huge risk...
2.7M 179K 87
What will happen when an innocent girl gets trapped in the clutches of a devil mafia? This is the story of Rishabh and Anokhi. Anokhi's life is as...