Side By Side (Hiatus)

By Cherry_1706

29.8K 2.9K 349

We are standing side by side, as your shadow crosses mine. More

▪️1▪️
▪️3▪️
▪️4▪️
▪️5▪️
▪️6▪️
▪️7▪️

▪️2▪️

3.2K 429 37
By Cherry_1706

Zawgyi

မနက္ခင္း မိုးေသာက္လို႔ သူႏိုးထလာသည္အထိ ေဘးကေကာင္ေလးကမႏိုးေသး။

ေနပါဦး....
ဒီေကာင္ေလးက ဘယ္လိုကြ်န္လဲ ႏိုးႏိုးၾကားၾကားလည္းမရွိပါလား။

'ဟိတ္ ဟိတ္ေကာင္ေလး ဝမ္ရိေပၚ ထေတာ့'

အသားကိုထိလို႔ လႈပ္ႏွိုးလိုက္သည္ႏွင့္ တၿပိဳင္နက္ ဆတ္ခနဲ ထထိုင္သလို အေနာက္ကိုတြန္႔ဆုတ္သြားတဲ့ အမူအယာေၾကာင့္ လက္ေတြကိုပင္ အလိုလို႐ုတ္လိုက္မိသည္။

'ထြက္ေတာ့ မင္းတို႔လွည္းေတြလည္း သိပ္မၾကာခင္သြားေတာ့မွာမလား'

စကားျပန္မလာပဲ သူ႔ကို မ်က္လံုးျပဴး မ်က္ဆံျပဴးနဲ႔ စိုက္ၾကည့္ေနတာေၾကာင့္ မ်က္ေမွာင္ကအလိုလိုၾကံဳ႕လာမိသည္။

'ဘာၾကည့္ေနတာလဲ သြားေတာ့ေလ'

ခ်က္ခ်င္းဆိုသလို သားေရေစာင္ကို ပတ္ထားရက္နဲ႔ အိပ္ယာေပၚကဆင္းလို႔ ဒူးေထာက္ခ်တဲ့ေကာင္ေလးေၾကာင့္ အေယာင္ေယာင္အမွားမွား ေနာက္ဆုတ္လိုက္မိတယ္။

'အရွင့္သား ကြ်န္ေတာ္မ်ိဳး အရွင့္ရဲ႕စခန္းမွာပဲေနပါရေစ ကြ်န္ေတာ္မ်ိဳးကို ေနခြင့္ျပဳပါ'

ရာရာစစ သူကမ်ား ဘာလို႔ဒီလိုေတာင္းဆိုရဲရတာတဲ့လဲ။
ဒီမွာေနရင္ သူက သက္သက္သာသာေနရမယ္မ်ား ထင္ေနတာလား....။

'မင္းက ဘာလုပ္တတ္လို႔လဲ ငါ့စခန္းမွာေနရေအာင္'

'ကြ်န္ေတာ္ျမင္းေတြကိုအစာေကြ်းပါ့မယ္ အရွင့္သားတို႔ရဲ႕ သံခ်ပ္ကာဝတ္စံုေတြကို တိုက္ခြ်တ္ပါ့မယ္ တျခား တျခား ဘာပဲျဖစ္ျဖစ္ခိုင္းပါ ကြ်န္ေတာ္လုပ္ႏိုင္ပါတယ္'

လူေကာင္ေသးသေလာက္ တယ္လဲအေျပာႀကီးပါလား။

'မင္းလက္ေတြကိုျပစမ္း'

'အရွင္-'

'ျပလို႔ေျပာေနတယ္'

ကတုန္ကယင္နဲ႔ သူ႔ဆီကမ္းလာတဲ့ လက္တစ္စံုကို ဆြဲကိုင္ရင္း အေသအခ်ာျဖန္႔ၾကည့္မိသည္။
ပံုမွန္ထက္ကို ရွည္သြယ္လွတဲ့ လက္ေခ်ာင္းေတြဟာ ေကာင္ေလးရဲ႕ တစ္ကိုယ္လံုးအတိုင္းကိုပဲ ျဖဴဥလို႔ ႏုဖတ္လို႔ေနတယ္။
မယ္မယ္သာျမင္ရင္ ဆိုဦးမည္ 'အႏုပညာရွင္ရဲ႕လက္ေခ်ာင္းေလးေတြ' ဟူ၍။

'မင္းရဲ႕လက္ေတြက ဟိုးေဆာင္ၾကာၿမိဳင္က မိန္းမေတြရဲ႕လက္ေတြထက္ေတာင္ ႏူးညံ့ေသးတယ္ မင္းကိုယ္မင္းလည္းျပန္ၾကည့္ပါဦး မင္းပံုစံနဲ႔ ဒီစစ္စခန္းက အလုပ္ေတြကိုဘယ္လိုလုပ္ႏိုင္မွာလဲ ေျပာစမ္း'

'အရွင့္သား ကြ်န္ေတာ္မ်ိဳးလုပ္ႏိုင္-'

'တိတ္စမ္း ငါတို႔စခန္းမွာ လူအပို အလိုမရွိဘူး ငါမလိုဘူးဆို မလိုဘူးပဲ ထြက္သြားေတာ့ အခု'

ေမာ့ၾကည့္ေနတဲ့ မ်က္ဝန္းတစ္စံုက လက္ခနဲ တစ္ခ်က္ျဖစ္သြားၿပီးေနာက္ ေခါင္းကိုတဖန္ငံု႔ခ်သြားတယ္။
ေနာက္မွ ခက္ခက္ခဲခဲ ဆံုးျဖတ္ခ်က္ခ်လိုက္ဟန္ ေခါင္းတစ္ခ်က္ဆတ္လို႔ အသံထြက္လာျပန္တယ္။

'အရွင့္သားရဲ႕ ေသြးသားဆႏၵကို အခ်ိန္မေရြးျဖည့္ဆီးေပးဖို႔ လူတစ္ေယာက္လိုမွာပဲ မဟုတ္လား ကြ်န္ေတာ္မ်ိဳးအဲ့ဒီလိုလူတစ္ေယာက္လုပ္ေပးႏိုင္ပါတယ္ ေက်းဇူးျပဳၿပီး ကြ်န္ေတာ္မ်ိဳးကို ဒီမွာပဲေနခြင့္ေပးပါ'

ဟုန္း ခနဲ တက္လာတဲ့ ေဒါသနဲ႔အတူ လက္တစ္ဖက္က အလိုလိုရြယ္ၿပီးသား။
႐ိုက္မယ္ျပင္ၿပီးကာမွ စိတ္ကိုေလွ်ာ့လိုက္ရင္း လက္ကိုျပန္ခ်လိုက္မိတယ္....
တတ္ႏိုင္မယ္ဆိုရင္ သူ႔ထက္အားနည္းတဲ့သူေတြကို အင္အားသံုးလို႔အႏိုင္မက်င့္ခ်င္ခဲ့တာ
မယ္မယ္သင္ထားေပးခဲ့တဲ့ စာေပေတြ ခံယူခ်က္ေတြဟာ သူ႔ကိုယ္ထဲကေန တျဖည္းျဖည္းေပ်ာက္ဆံုးေနခဲ့ၿပီလား။
သူဟာလည္း စစ္ပြဲေပါင္းမ်ားစြာကို ၾကံဳေတြ႕ခဲ့ၿပီးေနာက္မွာ သူသိပ္မုန္းတဲ့ ရြံရွာစရာလူသားတစ္ဦးအျဖစ္ကို ေျပာင္းလဲခဲ့ၿပီလား...။

ရယ္ေတာ့ရယ္ရတယ္မလား။
ေရွာင္းက်န္႔ဆိုတဲ့သူက ဒီလိုအေတြးေတြ ခံယူခ်က္ေတြ တပံုတပင္ထားရွိခဲ့ေပမယ့္ တကယ္တမ္းေတာ့ အားနည္းတဲ့ႏိုင္ငံငယ္ေတြအားလံုးကို သူကပဲ ဦးေဆာင္လို႔ အႏိုင္က်င့္သိမ္းပိုက္ခဲ့တာ။

'မင္း ငါနဲ႔တစ္ညအိပ္လိုက္တာနဲ႔ မင္းကိုယ္မင္း ငါ့အိပ္ယာေပၚမွာ အၿမဲေနရာယူလို႔ရၿပီလို႔ေတြးေနတာလား စိတ္ကူးယဥ္မေနစမ္းနဲ႔ ငါေကာင္းေကာင္းေျပာေနတုန္း ထြက္သြားလိုက္'

'ဒါေပမယ့္ အရွင့္သား-'

'ထြက္သြား!!!!!'

ဟိန္းထြက္သြားတဲ့ သူ႔ေအာ္သံနဲ႔အတူ အေရွ႕က ဒူးေထာက္လ်က္ရွိတဲ့ ခႏၲာကိုယ္ငယ္ဟာ သိသိသာသာကို တုန္တက္လို႔သြားတယ္။

'ထြက္သြား'

ကတုန္ကယင္နဲ႔ မတ္တပ္ထတဲ့ေကာင္ေလးရဲ႕ ေျခေထာက္ေတြဟာ လမ္းေလွ်ာက္သင္ခါစ သမင္ငယ္လို ေပ်ာ့ေခြလို႔ေနတယ္။
အရွက္လံုေစရန္ အေမႊးပြ သားေရျခံဳေစာင္ကို လက္နဲ႔ထိန္းကိုင္လို႔ အျမန္ထြက္ရန္ျပင္ေပမယ့္ ေျခေထာက္ေတြက မပူးေပါင္းဘူးထင္ရဲ႕....တဲရဲ႕အဝင္စပ္နားမွာပဲ တစ္ခ်က္ေခြက်ျပန္တယ္။

ဒီလိုေပ်ာ့တီးေပ်ာ့ဖတ္ပံုနဲ႔မ်ား သူ႔ရဲ႕စစ္စခန္းမွာ အလုပ္ၾကမ္းလုပ္ခ်င္သတဲ့လား...။

▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️


မနက္ခင္း ကိုယ္လက္သန္႔စင္ၿပီးတာနဲ႔ လုပ္ေနက်အတိုင္း စခန္းအျပင္ပတ္ခ်ာလည္ကို ပတ္လို႔ကင္းလွည့္ရန္ ျမင္းေဇာင္းဆီကိုထြက္လာလိုက္သည္။

အခုဆိုရင္ နယ္စပ္ဟာ အေတာ္အသင့္ကို ၿငိမ္းခ်မ္းေနၿပီျဖစ္ေသာ္လည္း အရွင္မင္းႀကီးက သူ႔အားျပန္လာရန္ ဆင့္ေခၚျခင္းမျပဳေသး။ သူ႔ရဲ႕တပ္ခြဲဟာ နယ္ေစာင့္တပ္သာသာျဖစ္ေနၿပီမလို႔ သူဟာလည္း နယ္ေစာင့္တပ္မႉးေပါ့။

ေရေျမ႕သခင္ရဲ႕အလိုေတာ္အတိုင္း ဒီနယ္ေျမတဝိုက္ၿငိမ္းခ်မ္းေအာင္ ေစာင့္ေရွာက္ရမွာ သူ႔တာဝန္ပဲမဟုတ္လား။

'အကိုႀကီး ကြ်န္ေတာ္ေျပာစရာရွိလို႔'

ျမင္းေဇာင္းထဲဝင္ခါနီးစဲစဲမွာ ၾကားလိုက္ရတဲ့အသံေၾကာင့္ ဘာရယ္မဟုတ္ အသာရပ္ရင္းနားေထာင္မိသည္။

'ဟို ဝမ္မ်ိဳး႐ိုးေလးေလ အခုဆိုရင္ မင္းသားက်န္႔ ရဲ႕ အသံုးေတာ္ခံၿပီးၿပီဆိုေတာ့ သူ႔ကိုဥထားစရာမလိုေတာ့ဘူးမလား'

'မင္းက ဘာလုပ္ခ်င္လို႔လဲ'

'ဟဲဟဲ အကိုႀကီးသိပါတယ္'

'မင္း လည္း ေခါင္းထဲ ဒါပဲရွိတယ္'

'အကိုႀကီးကလည္း သိတဲ့အတိုင္း ခရီးကပန္း ဥတုကၾကမ္းဆိုေတာ့-'

'ေအးပါ ေအးပါ မင္းသေဘာပဲ အရမ္းေတာ့ မၾကမ္းနဲ႔ ခ်င္လင္ေရာက္ရင္ ေရာင္းရဦးမွာ က်ိဳးပဲ့ေနရင္ဝယ္မယ့္လူရွိမွာမဟုတ္ဖူး'

'စိတ္ခ်ပါ ကြ်န္ေတာ္ထိန္းႏိုင္ပါ- အရွင့္သား'

ဆက္လက္နားမေထာင္လိုေတာ့တာမလို႔ ျမင္းေဇာင္းထဲ ဝင္သြားလိုက္ေတာ့ ျပာျပာသလဲ ဒူးေထာက္လို႔ အ႐ိုအေသေပးတဲ့ ကြ်န္ကုန္သည္ႏွစ္ဦး။

မသိက်ိဳးကြ်န္ျပဳလို႔ စီးေတာ္ျမင္း ဖင္းေကာ္ ကိုဆြဲေခၚၿပီးထြက္လာခဲ့တယ္။

ဖင္းေကာ္ဟာ နက္ေမွာင္တဲ့ကိုယ္ထည္ တုတ္ခိုင္တဲ့ ေျခေခ်ာင္းေတြ တဖြားဖြားက်ေနတဲ့လည္ဆံေမႊးတို႔နဲ႔အတူ အင္မတန္မွ ခန္႔ညားလွတဲ့ ျမင္းေကာင္းႀကီးတစ္ေကာင္ျဖစ္တယ္။
ဖင္းေကာ္ကို သူကိုယ္တိုင္ပဲ သားသတ္သမားေတြလက္က လႊဲေျပာင္းယူခဲ့တာ.....
သိပ္ကိုခန္႔ညားေတာက္ေျပာင္တဲ့ ျမင္းေကာင္းႀကီးျဖစ္ရဲ႕နဲ႔ ဘယ္လိုမွ ထိန္းမရေအာင္ ဆိုးသြမ္းတာမလို႔ သားသတ္႐ုံကိုေရာက္လာရျခင္းပင္။

ေမ့ေဆးျမားနဲ႔ အပစ္ခံထားရေသာ္လည္း ေတာ္႐ုံနဲ႔ သတိမေမ့ပဲ တဟီဟီ ေအာ္လို႔ေသာင္းက်န္းေနတဲ့ ျမင္းနက္ႀကီးဟာ ေရွာင္းက်န္႔ရဲ႕ လက္ဖဝါးေအာက္မွာ ယုန္ငယ္ေလးအလား ဝပ္ဆင္းခဲ့တယ္။

ထိုေန႔ကစလို႔ မင္းသားေရွာင္းက်န္႔ဟာ တိရစာၧန္ေတြအထိ ၾသဇာသက္ေရာက္မႈရွိတာမလို႔ ဘုန္းတန္ခိုးအရွိန္အဝါ ႀကီးျမင့္လွပါတယ္လို႔ ျပည္သူမ်ားအၾကားေျပာစမွတ္တြင္ခဲ့တယ္။
ေျမာက္မ်ားလွတဲ့ နာမည္ထူး ဘြဲ႕ထူးေတြထဲ ေနာက္ထပ္နာမ တစ္ခုလည္း ထပ္ေဆာင္းလို႔ တြင္ခဲ့ျပန္တယ္။

'ျမင္း႐ိုင္းရွင္' တဲ့။

ဖင္းေကာ္ဟာ သူ႔လက္ေအာက္တြင္ ၿငိမ္သည့္တိုင္ေအာင္ ယခုထက္ထိ ရံဖန္ရံခါျပႆနာရွာဆဲျဖစ္တယ္။
သူစိမ္းအကပ္မခံသလို ေရွာင္းက်န္႔ကိုယ္တိုင္ မိတ္ဆက္ေပးထားတဲ့ ျမင္းထိန္းမွမဟုတ္လွ်င္ ကန္ထုတ္စၿမဲပင္.....။

စခန္းအျပင္ကို ျဖည္းျဖည္းစီးနင္းရင္း ဖင္းေကာ္ရဲ႕ လည္ဆံေမႊးေတြကို အသာပြတ္သပ္မိခ်ိန္မွာ ညက မိမိရရဆုပ္ကိုင္မိတဲ့ ဆံႏြယ္ တစ္ေထြးကို သတိရမိျပန္တယ္။

ခုနက ျမင္းေဇာင္းထဲမွာ သူၾကားလိုက္ရတဲ့ စကားဟာ ဧကန္မုခ်ကို ဝမ္ရိေပၚကို ရည္ၫႊန္းတာပဲျဖစ္ပါလိမ့္မယ္။

သူတို႔ေျပာတဲ့သေဘာအရဆို သူတို႔ဟာ မေန႔ညမတိုင္ခင္အထိ ေကာင္ေလးကို ဥထားတာဟာ သူ ဒါမွမဟုတ္ အရာရွိတစ္ဦးဦးကိုဆက္သဖို႔ မထိမကိုင္ပဲ ထားခဲ့တဲ့သေဘာ....။
အခုက သူနဲ႔ တစ္ညသိပ္လိုက္ၿပီးၿပီဆိုေတာ့ကား.....
ၿပီးေတာ့ ေရာင္းစားရင္ေကာ ဘယ္လိုေနရာကိုေရာင္းစားမွာတဲ့လဲ။

ေသခ်ာတာက ဒီေကာင္ေလးပံုစံနဲ႔ဆိုရင္ ဘယ္အလုပ္႐ုံ၊ ဘယ္ေလွဆိပ္ကမွ အသျပာေပးလို႔ဝယ္ယူမည္မဟုတ္။

ဘယ္လိုပဲေတြးေတြး ဒီေကာင္ေလးရဲ႕ ကံၾကမၼာဟာ ေမွာင္သထက္မိုက္ဖို႔ပဲရွိေတာ့တာပါလား။
ဒါေၾကာင့္ပဲ မနက္က သူ႔ကိုအသည္းအသန္ေတာင္းပန္လို႔ စခန္းမွာ ေနခြင့္ကိုေတာင္းဆိုေနခဲ့တာပဲ.....

က်စ္ ဒါေတြက သူနဲ႔ဘာဆိုင္လို႔လဲ။

ဒါေပမယ့္ ေတြးၾကည့္ရင္ သူနဲ႔ဆိုင္တယ္မဟုတ္လား။
သူဟာ ခမည္းေတာ္ဆီက အသိအမွတ္ အျပဳခံခ်င္ခဲ့ယံုေလးနဲ႔ နယ္ေျမေပါင္းမ်ားစြာ ကိုက်ဴးေက်ာ္သိမ္းပိုက္ခဲ့လို႔ မိသားစုေပါင္းမ်ားစြာ ၿပိဳပ်က္ၿပီး အခုလိုဘဝေရာက္ၾကရတာပဲ မဟုတ္လား။

သက္ျပင္းရွည္တစ္ခ်က္ခ်လို႔ ဇက္ႀကိဳးကိုဆြဲလွည့္ရင္း စခန္းဝင္ေပါက္ဖက္ကို လွည့္ျပန္လိုက္မိတယ္။

ခပ္သြက္သြက္ေလးသြားရင္ မွီေလာက္ပါရဲ႕.....။

▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️

'အရွင့္သား'

ကြ်န္ကုန္သည္ေတြ စခန္းခ်ရာဘက္ကို ေျခဦးလွည့္ၿပီးမွ အေနာက္ကေခၚသံေၾကာင့္ ေျခလွမ္းတို႔ကို အရွိန္သပ္ရတယ္။

'အရွင့္သား ဘယ္ကိုမ်ားသြားမလို႔လဲ'

လက္ေထာက္စစ္သူႀကီး ဝမ္က်ိဳးခ်န္က သူ႔ကိုတစ္ခ်က္ဦးၫြတ္လို႔အ႐ိုအေသျပဳရင္း သူ႔ရဲ႕မူလလားရာဘက္ကို လွမ္းၾကည့္တယ္။

'ငါ ကြ်န္ကုန္သည္ေတြဆီသြားမလို႔ သူတို႔မထြက္ၾကေသးဘူးမလား'

'သူတို႔ေတြသိပ္မၾကာခင္ သြားေတာ့မွာပါ အရွင့္သားက ဘာအေၾကာင္းေၾကာင့္သူတို႔ဆီသြားခ်င္ရတာပါလဲ'

အင္း
ဘယ္လိုေျဖရပါ့မလဲ

'အရွင္ ကိုယ္တိုင္သြားလို႔မသင့္ေလ်ာ္ပါဘူး အရွင္လိုအပ္တာရွိရင္ ကြ်န္ေတာ္မ်ိဳးကိုေျပာပါ'

'ဒါဆိုလည္း ဝမ္ရိေပၚကိုေခၚေပး'

'ဝမ္ ဘယ္သူ-'

'မေန႔က ငါ့အခန္းထဲထည့္ထားတဲ့ေကာင္ေလး ငါေခၚတယ္လို႔ေျပာလိုက္'

မ်က္ခံုးပင့္တက္သြားၿပီး မလႈပ္မယွက္လုပ္ေနတဲ့ က်ိဳးခ်န္ေၾကာင့္ စိတ္မရွည္စြာ စုပ္သက္လိုက္ရင္း နဂိုလားရာဆီကို ျပန္ဦးတည္လိုက္သည္။
ျမန္ျမန္သြားေခၚမွ ေတာ္ၾကာအခ်ိန္လင့္ရင္....

'အရွင့္သား ဒီမွာပဲခဏေစာင့္ေနပါ ကြ်န္ေတာ္မ်ိဳးသြားေခၚလိုက္ပါ့မယ္'

'သြား သြား ခပ္သြက္သြက္ေလး'

မေလာစဖူး ေလာေနတဲ့ အရွင့္သားေၾကာင့္ ဝမ္က်ိဳးခ်န္လည္း လမ္းေလွ်ာက္႐ုံမက ေျပးလို႔ ကြ်န္ကုန္သည္ေတြစခန္းခ်ရာကို အျမန္သြားရေတာ့သည္။

▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️

လေပါင္းမ်ားစြာထဲမွာ ပထမဦးဆံုးေသာအၾကိမ္ ဝဝလင္လင္ အိပ္ေပ်ာ္ခဲ့ရသည္မလို႔ အတန္ငယ္လန္းဆန္းေနေပမယ့္ စိုးရိမ္စိတ္က ဖိစီးတဲ့အခါ ေရေတာင္မ်ိဳမက်သည္အထိ တုန္လႈပ္ေနမိတယ္။

ေတာက္ေလွ်ာက္လံုးမွာ သူ႔ကို မထိရ မကိုင္ရ ျဖစ္တာမလို႔ အံတႀကိတ္ႀကိတ္နဲ႔ ၾကံဳးဝါးေနခဲ့တဲ့ အားဖန္ အတြက္ အခုအခ်ိန္ဟာ အခြင့္အေရးေကာင္းပဲ မဟုတ္လား။

'သခင္ေလး ဆန္ျပဳတ္ဝင္ေအာင္စားလိုက္ပါလား'

အစာကို စားရတလွည့္ မစားရတလွည့္ ျဖစ္ေနတဲ့အခ်ိန္မွာ အခုလို စစ္စခန္းက ေကြ်းခ်ိန္မွာ အဝအလင္ စားထားသင့္တယ္၊ အားရွိေအာင္ ေကြ်းတုန္းစားရမယ္ဆိုတာ သိေပမယ့္ ဘယ္လိုမွၿမိဳမက်တဲ့အေျခအေနျဖစ္ေနတာ ဘယ္လိုလုပ္ရပါ့မလဲ။

'ဖန္ရွင္း ငါ့ကိုသခင္ေလးလို႔မေခၚနဲ႔ေတာ့လို႔ ငါေျပာထားတယ္မလား'

ဖန္ရွင္းက သူ႔တပည့္ပီသစြာ ေခါင္းမာမာနဲ႔ပင္ သူေျပာတာကို မသိခ်င္ေယာင္ေဆာင္လို႔ ဆန္ျပဳတ္ပန္းကန္ကို သူ႔ေရွ႕အတင္းထိုးေပးတယ္။

'သခင္ေလးျမန္ျမန္စားလိုက္ ၿပီးရင္ သခင္ေလးအတြက္ပုန္းစရာေနရာေတြ႕ထားတယ္ လွည္းတန္းမထြက္ခင္အထိပုန္းေနမယ္ဆိုရင္ အားဖန္ရဲ႕လက္က ဒီမနက္ေတာ့လြတ္လိမ့္မယ္'

ဟိုအရင္အခ်ိန္ေတြကလိုပဲ ဖန္ရွင္းက ရိေပၚရဲ႕ မ်က္ႏွာကိုၾကည့္တာနဲ႔ သူဘာေတြးေနတယ္ဆိုတာကို တပ္အပ္သိႏိုင္တုန္းပါပဲလား။

အရည္က်ဲက်ဲဆန္ျပဳတ္ကို တစ္ႀကိဳက္နဲ႔ ျမန္ျမန္ကုန္ေအာင္ေမာ့ေသာက္လိုက္မိတယ္။

'ဒါဆိုသြားမယ္ လာ'

သူ႔အကၤ်ီစကိုဆြဲလို႔ ခပ္သုတ္သုတ္သြားေနတဲ့ဖန္ရွင္းေနာက္ကို အမွီလိုက္ေနစဥ္မွာပဲ ေနာက္လက္တစ္ဖက္ဟာ ခပ္ၾကမ္းၾကမ္းဆြဲကိုင္ထားျခင္းကို ခံလိုက္ရတယ္။

'ဒါကဘယ္သြားမလို႔လဲ သခင္ေလးရဲ႕'

သူ႔အား 'သခင္ေလး' ဆိုတဲ့ အသံုးအႏႈန္းကို မဲ့ကာရြဲ႕ကာ ေစာင္းခ်ိတ္ေခၚေဝၚတတ္သူက အားဖန္က လြဲလို႔ဘယ္သူျဖစ္မွာတဲ့လဲ။

'အားဖန္ မင္းလႊတ္ သခင္ေလးကိုမထိနဲ႔'

အားဖန္က ေမးဆတ္ျပလိုက္တာနဲ႔ သူ႔လက္အား အတင္းဆြဲျဖဳတ္ရန္ႀကိဳးစားေနတဲ့ ဖန္ရွင္းအား ေနာက္လိုက္ႏွစ္ေယာက္က သိုင္းခ်ဳပ္ကာေခၚသြားသည္မလို႔ အခုဆိုရင္ သူနဲ႔ အားဖန္ႏွစ္ေယာက္တည္း.....။

'ဘယ္လိုလဲ သခင္ေလး ညကခံလို႔မွေကာင္းရဲ႕လား ဟင္'

နားရြက္နားကပ္ကာ ေျပာလာတဲ့ ညစ္ညမ္းစကားေတြေၾကာင့္ တစ္ကိုယ္လံုးထူပူလာသလို နဂိုကမခိုင္ခ်င္တဲ့ ေျခေထာက္တို႔ကလည္း ေခြက်ခ်င္လာတယ္။

'မတ္တပ္ေတာင္မရပ္ႏိုင္ေတာ့ဘူးလား ညက မင္းသားက ဘယ္ေလာက္ေတာင္လုပ္လိုက္လို႔လဲ ေျပာပါဦး'

ညစ္ညမ္းစကားေတြနဲ႔အတူ ခပ္ယဲ့ယဲ့အဝတ္အစားတို႔ကို ဆြဲၿဖဲလာတဲ့လက္ၾကမ္းတို႔ေၾကာင့္ အေၾကာက္အကန္႐ုန္းကန္မိသည္။

တကယ္ဆို သူ႔အေျခအေနက ႐ုန္းလည္းမထူးေတာ့ဘူးဆိုတာသိေပမယ့္....
သူဟာ တခ်ိန္က ဝမ္အိမ္ေတာ္က သခင္ေလးတစ္ေယာက္ပါ။
ဉာဏ္ပညာထက္ျမက္သလို အနယ္နယ္အရပ္ရပ္က စာသင္သားေတြ တေလးတစားအားက်ရသည္အထိ စာေပမွာထူးခြ်န္တဲ့ ပညာရွိတစ္ေယာက္ပါ....ဘာေၾကာင့္မ်ားသူက ဒီအ႐ိုင္းအစိုင္းတိရစၧာန္ရဲ႕ လက္ေအာက္မွာျပဳတိုင္းႏုရမွာတဲ့လဲ။

'ၿငိမ္ၿငိမ္ေနစမ္းကြာ'

ဦးေခါင္းတစ္ခုလံုးပူထူသြားသည္အထိ ျပင္းထန္တဲ့႐ိုက္ခ်က္ေၾကာင့္ တခဏတာၿငိမ္သက္သြားေပမယ့္ တေအာင့္အၾကာမွာဆထက္တိုးလို႔ ႐ုန္းမိျပန္သည္။

'ဟာ ဒီေကာင္ ငါလုပ္လိုက္ရ-'

'ရပ္လိုက္စမ္း အဲ့တာဘာျဖစ္ေနၾကတာလဲ'

႐ုတ္တရတ္မလို႔ ဘာျဖစ္သြားမွန္းေရေရရာရာမသိလိုက္ေပမယ့္ အခုအခ်ိန္မွာ သူဟာ အရွင့္သားရဲ႕တဲ ထဲကိုေရာက္ရွိေနျပန္ၿပီ။

'မင္း'

ၾသဇာေညာင္းလွတဲ့ အသံေအာက္မွာ ကိုယ္ကိုပိုလို႔ဝပ္စင္းမိေတာ့ အရွင့္သားက အလိုက်ဟန္မတူ။

'ေခါင္းေမာ့စမ္း'

မဝံ့မရဲ ေခါင္းေမာ့လိုက္မိစဥ္မွာ အရွင့္ရဲ႕ အၾကည့္စူးစူးေတြဟာ သူ႔မ်က္ႏွာ၊ ဖရိဖရဲျဖစ္ေနတဲ့ အဝတ္အစားေတြအေပၚ ျဖတ္ေျပးသြားတာကို သတိထားမိလိုက္တယ္။

'မင္း'

'မင္း' တလံုးသာ ေျပာၿပီး စကားဆက္မလာတဲ့ အရွင့္သားဟာ ေျပာစရာ စကားလံုးေပ်ာက္ဆံုးေနဟန္....

'မင္း အဆင္ေျပလား'

ဘယ္လို
အရွင့္သားက သူအဆင္ေျပလားလို႔ေမးလိုက္တာလား။

'အရွင့္သားေမးေနတာကို ေျဖလိုက္ေလ'

ေဘးမွ စစ္သူႀကီးက ဝင္ဟန္႔ေတာ့မွ ျပန္ေျဖရန္ သတိဝင္ေတာ့သည္။

'ကြ်န္-ကြ်န္ေတာ္မ်ိဳး အဆင္ေျပပါတယ္ အရွင့္သား'

သူ႔အေျဖကို ေခါင္းတစ္ခ်က္သာ ဆတ္ျပတဲ့ အရွင့္သားဟာ သူ႔အားေျပာစရာစကားကုန္ၿပီထင္ပါရဲ႕။

'က်ိဳးခ်န္ ကြ်န္ကုန္သည္ေတြကိုေျပာလိုက္ ဒီတစ္ေယာက္ကို ငါယူထားမယ္ လံုေလာက္တဲ့အခေၾကးေငြေပးလိုက္'

▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️
Note - ေန႔တိုင္း update ပါ့မယ္လို႔ မေျပာခဲ့ဘူးလား 😜

Unicode

မနက်ခင်း မိုးသောက်လို့ သူနိုးထလာသည်အထိ ဘေးကကောင်လေးကမနိုးသေး။

နေပါဦး....
ဒီကောင်လေးက ဘယ်လိုကျွန်လဲ နိုးနိုးကြားကြားလည်းမရှိပါလား။

'ဟိတ် ဟိတ်ကောင်လေး ဝမ်ရိပေါ် ထတော့'

အသားကိုထိလို့ လှုပ်နှိုးလိုက်သည်နှင့် တပြိုင်နက် ဆတ်ခနဲ ထထိုင်သလို အနောက်ကိုတွန့်ဆုတ်သွားတဲ့ အမူအယာကြောင့် လက်တွေကိုပင် အလိုလိုရုတ်လိုက်မိသည်။

'ထွက်တော့ မင်းတို့လှည်းတွေလည်း သိပ်မကြာခင်သွားတော့မှာမလား'

စကားပြန်မလာပဲ သူ့ကို မျက်လုံးပြူး မျက်ဆံပြူးနဲ့ စိုက်ကြည့်နေတာကြောင့် မျက်မှောင်ကအလိုလိုကြုံ့လာမိသည်။

'ဘာကြည့်နေတာလဲ သွားတော့လေ'

ချက်ချင်းဆိုသလို သားရေစောင်ကို ပတ်ထားရက်နဲ့ အိပ်ယာပေါ်ကဆင်းလို့ ဒူးထောက်ချတဲ့ကောင်လေးကြောင့် အယောင်ယောင်အမှားမှား နောက်ဆုတ်လိုက်မိတယ်။

'အရှင့်သား ကျွန်တော်မျိုး အရှင့်ရဲ့စခန်းမှာပဲနေပါရစေ ကျွန်တော်မျိုးကို နေခွင့်ပြုပါ'

ရာရာစစ သူကများ ဘာလို့ဒီလိုတောင်းဆိုရဲရတာတဲ့လဲ။
ဒီမှာနေရင် သူက သက်သက်သာသာနေရမယ်များ ထင်နေတာလား....။

'မင်းက ဘာလုပ်တတ်လို့လဲ ငါ့စခန်းမှာနေရအောင်'

'ကျွန်တော်မြင်းတွေကိုအစာကျွေးပါ့မယ် အရှင့်သားတို့ရဲ့ သံချပ်ကာဝတ်စုံတွေကို တိုက်ချွတ်ပါ့မယ် တခြား တခြား ဘာပဲဖြစ်ဖြစ်ခိုင်းပါ ကျွန်တော်လုပ်နိုင်ပါတယ်'

လူကောင်သေးသလောက် တယ်လဲအပြောကြီးပါလား။

'မင်းလက်တွေကိုပြစမ်း'

'အရှင်-'

'ပြလို့ပြောနေတယ်'

ကတုန်ကယင်နဲ့ သူ့ဆီကမ်းလာတဲ့ လက်တစ်စုံကို ဆွဲကိုင်ရင်း အသေအချာဖြန့်ကြည့်မိသည်။
ပုံမှန်ထက်ကို ရှည်သွယ်လှတဲ့ လက်ချောင်းတွေဟာ ကောင်လေးရဲ့ တစ်ကိုယ်လုံးအတိုင်းကိုပဲ ဖြူဥလို့ နုဖတ်လို့နေတယ်။
မယ်မယ်သာမြင်ရင် ဆိုဦးမည် 'အနုပညာရှင်ရဲ့လက်ချောင်းလေးတွေ' ဟူ၍။

'မင်းရဲ့လက်တွေက ဟိုးဆောင်ကြာမြိုင်က မိန်းမတွေရဲ့လက်တွေထက်တောင် နူးညံ့သေးတယ် မင်းကိုယ်မင်းလည်းပြန်ကြည့်ပါဦး မင်းပုံစံနဲ့ ဒီစစ်စခန်းက အလုပ်တွေကိုဘယ်လိုလုပ်နိုင်မှာလဲ ပြောစမ်း'

'အရှင့်သား ကျွန်တော်မျိုးလုပ်နိုင်-'

'တိတ်စမ်း ငါတို့စခန်းမှာ လူအပို အလိုမရှိဘူး ငါမလိုဘူးဆို မလိုဘူးပဲ ထွက်သွားတော့ အခု'

မော့ကြည့်နေတဲ့ မျက်ဝန်းတစ်စုံက လက်ခနဲ တစ်ချက်ဖြစ်သွားပြီးနောက် ခေါင်းကိုတဖန်ငုံ့ချသွားတယ်။
နောက်မှ ခက်ခက်ခဲခဲ ဆုံးဖြတ်ချက်ချလိုက်ဟန် ခေါင်းတစ်ချက်ဆတ်လို့ အသံထွက်လာပြန်တယ်။

'အရှင့်သားရဲ့ သွေးသားဆန္ဒကို အချိန်မရွေးဖြည့်ဆီးပေးဖို့ လူတစ်ယောက်လိုမှာပဲ မဟုတ်လား ကျွန်တော်မျိုးအဲ့ဒီလိုလူတစ်ယောက်လုပ်ပေးနိုင်ပါတယ် ကျေးဇူးပြုပြီး ကျွန်တော်မျိုးကို ဒီမှာပဲနေခွင့်ပေးပါ'

ဟုန်း ခနဲ တက်လာတဲ့ ဒေါသနဲ့အတူ လက်တစ်ဖက်က အလိုလိုရွယ်ပြီးသား။
ရိုက်မယ်ပြင်ပြီးကာမှ စိတ်ကိုလျှော့လိုက်ရင်း လက်ကိုပြန်ချလိုက်မိတယ်....
တတ်နိုင်မယ်ဆိုရင် သူ့ထက်အားနည်းတဲ့သူတွေကို အင်အားသုံးလို့အနိုင်မကျင့်ချင်ခဲ့တာ
မယ်မယ်သင်ထားပေးခဲ့တဲ့ စာပေတွေ ခံယူချက်တွေဟာ သူ့ကိုယ်ထဲကနေ တဖြည်းဖြည်းပျောက်ဆုံးနေခဲ့ပြီလား။
သူဟာလည်း စစ်ပွဲပေါင်းများစွာကို ကြုံတွေ့ခဲ့ပြီးနောက်မှာ သူသိပ်မုန်းတဲ့ ရွံရှာစရာလူသားတစ်ဦးအဖြစ်ကို ပြောင်းလဲခဲ့ပြီလား...။

ရယ်တော့ရယ်ရတယ်မလား။
ရှောင်းကျန့်ဆိုတဲ့သူက ဒီလိုအတွေးတွေ ခံယူချက်တွေ တပုံတပင်ထားရှိခဲ့ပေမယ့် တကယ်တမ်းတော့ အားနည်းတဲ့နိုင်ငံငယ်တွေအားလုံးကို သူကပဲ ဦးဆောင်လို့ အနိုင်ကျင့်သိမ်းပိုက်ခဲ့တာ။

'မင်း ငါနဲ့တစ်ညအိပ်လိုက်တာနဲ့ မင်းကိုယ်မင်း ငါ့အိပ်ယာပေါ်မှာ အမြဲနေရာယူလို့ရပြီလို့တွေးနေတာလား စိတ်ကူးယဉ်မနေစမ်းနဲ့ ငါကောင်းကောင်းပြောနေတုန်း ထွက်သွားလိုက်'

'ဒါပေမယ့် အရှင့်သား-'

'ထွက်သွား!!!!!'

ဟိန်းထွက်သွားတဲ့ သူ့အော်သံနဲ့အတူ အရှေ့က ဒူးထောက်လျက်ရှိတဲ့ ခန္တာကိုယ်ငယ်ဟာ သိသိသာသာကို တုန်တက်လို့သွားတယ်။

'ထွက်သွား'

ကတုန်ကယင်နဲ့ မတ်တပ်ထတဲ့ကောင်လေးရဲ့ ခြေထောက်တွေဟာ လမ်းလျှောက်သင်ခါစ သမင်ငယ်လို ပျော့ခွေလို့နေတယ်။
အရှက်လုံစေရန် အမွှေးပွ သားရေခြုံစောင်ကို လက်နဲ့ထိန်းကိုင်လို့ အမြန်ထွက်ရန်ပြင်ပေမယ့် ခြေထောက်တွေက မပူးပေါင်းဘူးထင်ရဲ့....တဲရဲ့အဝင်စပ်နားမှာပဲ တစ်ချက်ခွေကျပြန်တယ်။

ဒီလိုပျော့တီးပျော့ဖတ်ပုံနဲ့များ သူ့ရဲ့စစ်စခန်းမှာ အလုပ်ကြမ်းလုပ်ချင်သတဲ့လား...။

▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️


မနက်ခင်း ကိုယ်လက်သန့်စင်ပြီးတာနဲ့ လုပ်နေကျအတိုင်း စခန်းအပြင်ပတ်ချာလည်ကို ပတ်လို့ကင်းလှည့်ရန် မြင်းဇောင်းဆီကိုထွက်လာလိုက်သည်။

အခုဆိုရင် နယ်စပ်ဟာ အတော်အသင့်ကို ငြိမ်းချမ်းနေပြီဖြစ်သော်လည်း အရှင်မင်းကြီးက သူ့အားပြန်လာရန် ဆင့်ခေါ်ခြင်းမပြုသေး။ သူ့ရဲ့တပ်ခွဲဟာ နယ်စောင့်တပ်သာသာဖြစ်နေပြီမလို့ သူဟာလည်း နယ်စောင့်တပ်မှူးပေါ့။

ရေမြေ့သခင်ရဲ့အလိုတော်အတိုင်း ဒီနယ်မြေတဝိုက်ငြိမ်းချမ်းအောင် စောင့်ရှောက်ရမှာ သူ့တာဝန်ပဲမဟုတ်လား။

'အကိုကြီး ကျွန်တော်ပြောစရာရှိလို့'

မြင်းဇောင်းထဲဝင်ခါနီးစဲစဲမှာ ကြားလိုက်ရတဲ့အသံကြောင့် ဘာရယ်မဟုတ် အသာရပ်ရင်းနားထောင်မိသည်။

'ဟို ဝမ်မျိုးရိုးလေးလေ အခုဆိုရင် မင်းသားကျန့် ရဲ့ အသုံးတော်ခံပြီးပြီဆိုတော့ သူ့ကိုဥထားစရာမလိုတော့ဘူးမလား'

'မင်းက ဘာလုပ်ချင်လို့လဲ'

'ဟဲဟဲ အကိုကြီးသိပါတယ်'

'မင်း လည်း ခေါင်းထဲ ဒါပဲရှိတယ်'

'အကိုကြီးကလည်း သိတဲ့အတိုင်း ခရီးကပန်း ဥတုကကြမ်းဆိုတော့-'

'အေးပါ အေးပါ မင်းသဘောပဲ အရမ်းတော့ မကြမ်းနဲ့ ချင်လင်ရောက်ရင် ရောင်းရဦးမှာ ကျိုးပဲ့နေရင်ဝယ်မယ့်လူရှိမှာမဟုတ်ဖူး'

'စိတ်ချပါ ကျွန်တော့်ထိန်းနိုင်ပါ- အရှင့်သား'

ဆက်လက်နားမထောင်လိုတော့တာမလို့ မြင်းဇောင်းထဲ ဝင်သွားလိုက်တော့ ပြာပြာသလဲ ဒူးထောက်လို့ အရိုအသေပေးတဲ့ ကျွန်ကုန်သည်နှစ်ဦး။

မသိကျိုးကျွန်ပြုလို့ စီးတော်မြင်း ဖင်းကော် ကိုဆွဲခေါ်ပြီးထွက်လာခဲ့တယ်။

ဖင်းကော်ဟာ နက်မှောင်တဲ့ကိုယ်ထည် တုတ်ခိုင်တဲ့ ခြေချောင်းတွေ တဖွားဖွားကျနေတဲ့လည်ဆံမွှေးတို့နဲ့အတူ အင်မတန်မှ ခန့်ညားလှတဲ့ မြင်းကောင်းကြီးတစ်ကောင်ဖြစ်တယ်။
ဖင်းကော်ကို သူကိုယ်တိုင်ပဲ သားသတ်သမားတွေလက်က လွှဲပြောင်းယူခဲ့တာ.....
သိပ်ကိုခန့်ညားတောက်ပြောင်တဲ့ မြင်းကောင်းကြီးဖြစ်ရဲ့နဲ့ ဘယ်လိုမှ ထိန်းမရအောင် ဆိုးသွမ်းတာမလို့ သားသတ်ရုံကိုရောက်လာရခြင်းပင်။

မေ့ဆေးမြားနဲ့ အပစ်ခံထားရသော်လည်း တော်ရုံနဲ့ သတိမမေ့ပဲ တဟီဟီ အော်လို့သောင်းကျန်းနေတဲ့ မြင်းနက်ကြီးဟာ ရှောင်းကျန့်ရဲ့ လက်ဖဝါးအောက်မှာ ယုန်ငယ်လေးအလား ဝပ်ဆင်းခဲ့တယ်။

ထိုနေ့ကစလို့ မင်းသားရှောင်းကျန့်ဟာ တိရစ္ဆာန်တွေအထိ သြဇာသက်ရောက်မှုရှိတာမလို့ ဘုန်းတန်ခိုးအရှိန်အဝါ ကြီးမြင့်လှပါတယ်လို့ ပြည်သူများအကြားပြောစမှတ်တွင်ခဲ့တယ်။
မြောက်များလှတဲ့ နာမည်ထူး ဘွဲ့ထူးတွေထဲ နောက်ထပ်နာမ တစ်ခုလည်း ထပ်ဆောင်းလို့ တွင်ခဲ့ပြန်တယ်။

'မြင်းရိုင်းရှင်' တဲ့။

ဖင်းကော်ဟာ သူ့လက်အောက်တွင် ငြိမ်သည့်တိုင်အောင် ယခုထက်ထိ ရံဖန်ရံခါပြဿနာရှာဆဲဖြစ်တယ်။
သူစိမ်းအကပ်မခံသလို ရှောင်းကျန့်ကိုယ်တိုင် မိတ်ဆက်ပေးထားတဲ့ မြင်းထိန်းမှမဟုတ်လျှင် ကန်ထုတ်စမြဲပင်.....။

စခန်းအပြင်ကို ဖြည်းဖြည်းစီးနင်းရင်း ဖင်းကော်ရဲ့ လည်ဆံမွှေးတွေကို အသာပွတ်သပ်မိချိန်မှာ ညက မိမိရရဆုပ်ကိုင်မိတဲ့ ဆံနွယ် တစ်ထွေးကို သတိရမိပြန်တယ်။

ခုနက မြင်းဇောင်းထဲမှာ သူကြားလိုက်ရတဲ့ စကားဟာ ဧကန်မုချကို ဝမ်ရိပေါ်ကို ရည်ညွှန်းတာပဲဖြစ်ပါလိမ့်မယ်။

သူတို့ပြောတဲ့သဘောအရဆို သူတို့ဟာ မနေ့ညမတိုင်ခင်အထိ ကောင်လေးကို ဥထားတာဟာ သူ ဒါမှမဟုတ် အရာရှိတစ်ဦးဦးကိုဆက်သဖို့ မထိမကိုင်ပဲ ထားခဲ့တဲ့သဘော....။
အခုက သူနဲ့ တစ်ညသိပ်လိုက်ပြီးပြီဆိုတော့ကား.....
ပြီးတော့ ရောင်းစားရင်ကော ဘယ်လိုနေရာကိုရောင်းစားမှာတဲ့လဲ။

သေချာတာက ဒီကောင်လေးပုံစံနဲ့ဆိုရင် ဘယ်အလုပ်ရုံ၊ ဘယ်လှေဆိပ်ကမှ အသပြာပေးလို့ဝယ်ယူမည်မဟုတ်။

ဘယ်လိုပဲတွေးတွေး ဒီကောင်လေးရဲ့ ကံကြမ္မာဟာ မှောင်သထက်မိုက်ဖို့ပဲရှိတော့တာပါလား။
ဒါကြောင့်ပဲ မနက်က သူ့ကိုအသည်းအသန်တောင်းပန်လို့ စခန်းမှာ နေခွင့်ကိုတောင်းဆိုနေခဲ့တာပဲ.....

ကျစ် ဒါတွေက သူနဲ့ဘာဆိုင်လို့လဲ။

ဒါပေမယ့် တွေးကြည့်ရင် သူနဲ့ဆိုင်တယ်မဟုတ်လား။
သူဟာ ခမည်းတော်ဆီက အသိအမှတ် အပြုခံချင်ခဲ့ယုံလေးနဲ့ နယ်မြေပေါင်းများစွာ ကိုကျူးကျော်သိမ်းပိုက်ခဲ့လို့ မိသားစုပေါင်းများစွာ ပြိုပျက်ပြီး အခုလိုဘဝရောက်ကြရတာပဲ မဟုတ်လား။

သက်ပြင်းရှည်တစ်ချက်ချလို့ ဇက်ကြိုးကိုဆွဲလှည့်ရင်း စခန်းဝင်ပေါက်ဖက်ကို လှည့်ပြန်လိုက်မိတယ်။

ခပ်သွက်သွက်လေးသွားရင် မှီလောက်ပါရဲ့.....။

▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️

'အရှင့်သား'

ကျွန်ကုန်သည်တွေ စခန်းချရာဘက်ကို ခြေဦးလှည့်ပြီးမှ အနောက်ကခေါ်သံကြောင့် ခြေလှမ်းတို့ကို အရှိန်သပ်ရတယ်။

'အရှင့်သား ဘယ်ကိုများသွားမလို့လဲ'

လက်ထောက်စစ်သူကြီး ဝမ်ကျိုးချန်က သူ့ကိုတစ်ချက်ဦးညွတ်လို့အရိုအသေပြုရင်း သူ့ရဲ့မူလလားရာဘက်ကို လှမ်းကြည့်တယ်။

'ငါ ကျွန်ကုန်သည်တွေဆီသွားမလို့ သူတို့မထွက်ကြသေးဘူးမလား'

'သူတို့တွေသိပ်မကြာခင် သွားတော့မှာပါ အရှင့်သားက ဘာအကြောင်းကြောင့်သူတို့ဆီသွားချင်ရတာပါလဲ'

အင်း
ဘယ်လိုဖြေရပါ့မလဲ

'အရှင် ကိုယ်တိုင်သွားလို့မသင့်လျော်ပါဘူး အရှင်လိုအပ်တာရှိရင် ကျွန်တော်မျိုးကိုပြောပါ'

'ဒါဆိုလည်း ဝမ်ရိပေါ်ကိုခေါ်ပေး'

'ဝမ် ဘယ်သူ-'

'မနေ့က ငါ့အခန်းထဲထည့်ထားတဲ့ကောင်လေး ငါခေါ်တယ်လို့ပြောလိုက်'

မျက်ခုံးပင့်တက်သွားပြီး မလှုပ်မယှက်လုပ်နေတဲ့ ကျိုးချန်ကြောင့် စိတ်မရှည်စွာ စုပ်သက်လိုက်ရင်း နဂိုလားရာဆီကို ပြန်ဦးတည်လိုက်သည်။
မြန်မြန်သွားခေါ်မှ တော်ကြာအချိန်လင့်ရင်....

'အရှင့်သား ဒီမှာပဲခဏစောင့်နေပါ ကျွန်တော်မျိုးသွားခေါ်လိုက်ပါ့မယ်'

'သွား သွား ခပ်သွက်သွက်လေး'

မလောစဖူး လောနေတဲ့ အရှင့်သားကြောင့် ဝမ်ကျိုးချန်လည်း လမ်းလျှောက်ရုံမက ပြေးလို့ ကျွန်ကုန်သည်တွေစခန်းချရာကို အမြန်သွားရတော့သည်။

▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️

လပေါင်းများစွာထဲမှာ ပထမဦးဆုံးသောအကြိမ် ဝဝလင်လင် အိပ်ပျော်ခဲ့ရသည်မလို့ အတန်ငယ်လန်းဆန်းနေပေမယ့် စိုးရိမ်စိတ်က ဖိစီးတဲ့အခါ ရေတောင်မျိုမကျသည်အထိ တုန်လှုပ်နေမိတယ်။

တောက်လျှောက်လုံးမှာ သူ့ကို မထိရ မကိုင်ရ ဖြစ်တာမလို့ အံတကြိတ်ကြိတ်နဲ့ ကြုံးဝါးနေခဲ့တဲ့ အားဖန် အတွက် အခုအချိန်ဟာ အခွင့်အရေးကောင်းပဲ မဟုတ်လား။

'သခင်လေး ဆန်ပြုတ်ဝင်အောင်စားလိုက်ပါလား'

အစာကို စားရတလှည့် မစားရတလှည့် ဖြစ်နေတဲ့အချိန်မှာ အခုလို စစ်စခန်းက ကျွေးချိန်မှာ အဝအလင် စားထားသင့်တယ်၊ အားရှိအောင် ကျွေးတုန်းစားရမယ်ဆိုတာ သိပေမယ့် ဘယ်လိုမှမြိုမကျတဲ့အခြေအနေဖြစ်နေတာ ဘယ်လိုလုပ်ရပါ့မလဲ။

'ဖန်ရှင်း ငါ့ကိုသခင်လေးလို့မခေါ်နဲ့တော့လို့ ငါပြောထားတယ်မလား'

ဖန်ရှင်းက သူ့တပည့်ပီသစွာ ခေါင်းမာမာနဲ့ပင် သူပြောတာကို မသိချင်ယောင်ဆောင်လို့ ဆန်ပြုတ်ပန်းကန်ကို သူ့ရှေ့အတင်းထိုးပေးတယ်။

'သခင်လေးမြန်မြန်စားလိုက် ပြီးရင် သခင်လေးအတွက်ပုန်းစရာနေရာတွေ့ထားတယ် လှည်းတန်းမထွက်ခင်အထိပုန်းနေမယ်ဆိုရင် အားဖန်ရဲ့လက်က ဒီမနက်တော့လွတ်လိမ့်မယ်'

ဟိုအရင်အချိန်တွေကလိုပဲ ဖန်ရှင်းက ရိပေါ်ရဲ့ မျက်နှာကိုကြည့်တာနဲ့ သူဘာတွေးနေတယ်ဆိုတာကို တပ်အပ်သိနိုင်တုန်းပါပဲလား။

အရည်ကျဲကျဲဆန်ပြုတ်ကို တစ်ကြိုက်နဲ့ မြန်မြန်ကုန်အောင်မော့သောက်လိုက်မိတယ်။

'ဒါဆိုသွားမယ် လာ'

သူ့အင်္ကျီစကိုဆွဲလို့ ခပ်သုတ်သုတ်သွားနေတဲ့ဖန်ရှင်းနောက်ကို အမှီလိုက်နေစဉ်မှာပဲ နောက်လက်တစ်ဖက်ဟာ ခပ်ကြမ်းကြမ်းဆွဲကိုင်ထားခြင်းကို ခံလိုက်ရတယ်။

'ဒါကဘယ်သွားမလို့လဲ သခင်လေးရဲ့'

သူ့အား 'သခင်လေး' ဆိုတဲ့ အသုံးအနှုန်းကို မဲ့ကာရွဲ့ကာ စောင်းချိတ်ခေါ်ဝေါ်တတ်သူက အားဖန်က လွဲလို့ဘယ်သူဖြစ်မှာတဲ့လဲ။

'အားဖန် မင်းလွှတ် သခင်လေးကိုမထိနဲ့'

အားဖန်က မေးဆတ်ပြလိုက်တာနဲ့ သူ့လက်အား အတင်းဆွဲဖြုတ်ရန်ကြိုးစားနေတဲ့ ဖန်ရှင်းအား နောက်လိုက်နှစ်ယောက်က သိုင်းချုပ်ကာခေါ်သွားသည်မလို့ အခုဆိုရင် သူနဲ့ အားဖန်နှစ်ယောက်တည်း.....။

'ဘယ်လိုလဲ သခင်လေး ညကခံလို့မှကောင်းရဲ့လား ဟင်'

နားရွက်နားကပ်ကာ ပြောလာတဲ့ ညစ်ညမ်းစကားတွေကြောင့် တစ်ကိုယ်လုံးထူပူလာသလို နဂိုကမခိုင်ချင်တဲ့ ခြေထောက်တို့ကလည်း ခွေကျချင်လာတယ်။

'မတ်တပ်တောင်မရပ်နိုင်တော့ဘူးလား ညက မင်းသားက ဘယ်လောက်တောင်လုပ်လိုက်လို့လဲ ပြောပါဦး'

ညစ်ညမ်းစကားတွေနဲ့အတူ ခပ်ယဲ့ယဲ့အဝတ်အစားတို့ကို ဆွဲဖြဲလာတဲ့လက်ကြမ်းတို့ကြောင့် အကြောက်အကန်ရုန်းကန်မိသည်။

တကယ်ဆို သူ့အခြေအနေက ရုန်းလည်းမထူးတော့ဘူးဆိုတာသိပေမယ့်....
သူဟာ တချိန်က ဝမ်အိမ်တော်က သခင်လေးတစ်ယောက်ပါ။
ဉာဏ်ပညာထက်မြက်သလို အနယ်နယ်အရပ်ရပ်က စာသင်သားတွေ တလေးတစားအားကျရသည်အထိ စာပေမှာထူးချွန်တဲ့ ပညာရှိတစ်ယောက်ပါ....ဘာကြောင့်များသူက ဒီအရိုင်းအစိုင်းတိရစ္ဆာန်ရဲ့ လက်အောက်မှာပြုတိုင်းနုရမှာတဲ့လဲ။

'ငြိမ်ငြိမ်နေစမ်းကွာ'

ဦးခေါင်းတစ်ခုလုံးပူထူသွားသည်အထိ ပြင်းထန်တဲ့ရိုက်ချက်ကြောင့် တခဏတာငြိမ်သက်သွားပေမယ့် တအောင့်အကြာမှာဆထက်တိုးလို့ ရုန်းမိပြန်သည်။

'ဟာ ဒီကောင် ငါလုပ်လိုက်ရ-'

'ရပ်လိုက်စမ်း အဲ့တာဘာဖြစ်နေကြတာလဲ'

ရုတ်တရတ်မလို့ ဘာဖြစ်သွားမှန်းရေရေရာရာမသိလိုက်ပေမယ့် အခုအချိန်မှာ သူဟာ အရှင့်သားရဲ့တဲ ထဲကိုရောက်ရှိနေပြန်ပြီ။

'မင်း'

သြဇာညောင်းလှတဲ့ အသံအောက်မှာ ကိုယ်ကိုပိုလို့ဝပ်စင်းမိတော့ အရှင့်သားက အလိုကျဟန်မတူ။

'ခေါင်းမော့စမ်း'

မဝံ့မရဲ ခေါင်းမော့လိုက်မိစဉ်မှာ အရှင့်ရဲ့ အကြည့်စူးစူးတွေဟာ သူ့မျက်နှာ၊ ဖရိဖရဲဖြစ်နေတဲ့ အဝတ်အစားတွေအပေါ် ဖြတ်ပြေးသွားတာကို သတိထားမိလိုက်တယ်။

'မင်း'

'မင်း' တလုံးသာ ပြောပြီး စကားဆက်မလာတဲ့ အရှင့်သားဟာ ပြောစရာ စကားလုံးပျောက်ဆုံးနေဟန်....

'မင်း အဆင်ပြေလား'

ဘယ်လို
အရှင့်သားက သူအဆင်ပြေလားလို့မေးလိုက်တာလား။

'အရှင့်သားမေးနေတာကို ဖြေလိုက်လေ'

ဘေးမှ စစ်သူကြီးက ဝင်ဟန့်တော့မှ ပြန်ဖြေရန် သတိဝင်တော့သည်။

'ကျွန်-ကျွန်တော်မျိုး အဆင်ပြေပါတယ် အရှင့်သား'

သူ့အဖြေကို ခေါင်းတစ်ချက်သာ ဆတ်ပြတဲ့ အရှင့်သားဟာ သူ့အားပြောစရာစကားကုန်ပြီထင်ပါရဲ့။

'ကျိုးချန် ကျွန်ကုန်သည်တွေကိုပြောလိုက် ဒီတစ်ယောက်ကို ငါယူထားမယ် လုံလောက်တဲ့အခကြေးငွေပေးလိုက်'

▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️
Note - နေ့တိုင်း update ပါ့မယ်လို့ မပြောခဲ့ဘူးလား 😜

Continue Reading

You'll Also Like

509K 7.7K 83
A text story set place in the golden trio era! You are the it girl of Slytherin, the glue holding your deranged friend group together, the girl no...
444K 30.2K 45
♮Idol au ♮"I don't think I can do it." "Of course you can, I believe in you. Don't worry, okay? I'll be right here backstage fo...
188K 6.7K 95
Ahsoka Velaryon. Unlike her brothers Jacaerys, Lucaerys, and Joffery. Ahsoka was born with stark white hair that was incredibly thick and coarse, eye...
694K 25.4K 100
The story is about the little girl who has 7 older brothers, honestly, 7 overprotective brothers!! It's a series by the way!!! 😂💜 my first fanfic...